Unicode
Series ရဲ့ နောက်ဆုံးသော ဇာတ်လမ်းဖြစ်တဲ့ friENDကတော့ ဒီနေ့ပဲ ပြီးဆုံးသွားပါပြီ။
ကတမ် ခုရက်ပိုင်း အိပ်ရေးပျက်တာတွေများတာရယ်၊ ဖိအားတွေ အလုပ်တွေများနေတာရယ်ကြောင့် ပျက်ကွက်ခဲ့တာတွေများပေမဲ့ ခုလိုမျိုး ဆုံးခန်းတိုင်အောင်ရေးနိုင်ဖို့အတွက် အားပေးခဲ့ကြတဲ့ စာဖတ်သူတစ်ယောက်ချင်းစီကို ကျေးဇူးတင်တဲ့အကြောင်း အရင်ပြောချင်ပါတယ်။
ဒီဇာတ်လမ်းလေးက လူငယ်ဇာတ်လမ်းလေးဖြစ်တဲ့အပြင် နေ့စဉ်လူမှုဘဝမှာ ကြုံတွေ့နေရတဲ့ အခက်ခဲလေးတွေကို တတ်နိုင်သမျှ အဖြစ်နိုင်ဆုံးထောင့်ကနေ ကြည့်ပြီး ရေးထားတာကြောင့် စိတ်ကူးယဉ်ဆန်ပြီး ပျော်ရွှင်စရာတွေများမနေရင်တောင် ရင်ထဲမှာနွေးထွေးသွားတယ်လို့ ခံစားရရင်ပဲ ကတမ်က တကယ်ရေးရကျိုးနပ်တာပါပဲ။
နောက်တစ်ခု ဒီဇာတ်လမ်းရေးရင်း ကတမ်ဆီမှာပြောင်းလဲသွားတာက ကိုယ်ရေးနေတဲ့ဇာတ်လမ်းကို ဘယ်လိုပဲဖြစ်ဖြစ် ကိုယ်ဆုံးဖြတ်ထားတဲ့တိုင်း ရေးမယ်ဆိုတဲ့ သတ္တိတွေများလာတာပါ။ ဘယ်လိုသိမ်းပေးပါ၊ ဘယ်လိုလုပ်ပေးပါဆိုတဲ့ စာရေးသူတွေဆီက စာတွေကို ကောင်းကောင်းကြီး လက်ခံရရှိခဲ့သလို အဲ့ဒီတစ်ခုချင်းစီအတွက် ကျေးဇူးတင်တဲ့အကြောင်းကိုတော့ ဒီမှာ အရင်ပြောပါရစေ။ သို့သော် စာရေးတဲ့အခါ စာရေးသူတစ်ယောက် ရင်ဆိုင်ရအခက်ဆုံး အခက်ခဲဟာ စာဖတ်သူ စိတ်တိုင်းကျရေးရင်း ကိုယ်လုပ်ထားတဲ့ ၊ ဖန်တီးထားတဲ့ စာအပေါ်နှာ ပျော်တယ်လို့ မခံစားရတော့တာပါ။ ဒါက နှစ်ဦးနှစ်ဖက် ဘယ်သူမှ မှားတယ်တော့ မရှိဘူးပေါ့။
အမှန်တော့ ကတမ် ဒီဇာတ်လမ်းလေးကို ကိုယ့် Flowလေးနဲ့ကိုယ် ရေးခွင့်ရလို့ တော်တော်လေးကျေနပ်ပြီး ယုံကြည်ချက်လေးပိုရလာတဲ့အကြောင်း ကြွားချင်လို့ပါ။
မတိုင်ခင်ကတည်းက အချစ်ခံနေရတဲ့ နေချို၊ ကလေးဘဝရဲ့ မရောင့်ရဲမှုတွေကြားက ခွန်းနစ်၊ မှားယွင်းတဲ့ သွန်သင်ဆုံးမမှုတွေ၊ ယဉ်ကျေးမှုတွေကြားက မိဘတွေရဲ့ ပင်ပန်းမှုတွေ၊ မောင်နှမတွေကြားက သေးမလိုလိုနဲ့ စိတ်ဒဏ်ရာဖြစ်သွားနိုင်တဲ့ ဆက်ဆံရေး...ဒီဇာတ်လမ်းက အရင်ဇာတ်လမ်းတွေလို နေရာ၊ဒေသ၊ ဇာတ်အိမ် အကြီးကြီးတွေအစား Society မှာဖြစ်ပျက်နေတဲ့ အကြောင်းအရာ တစ်ခုချင်းစီကို ဇာတ်ကောင်တွေတဲ့ တစ်ဖက်သတ်အမြင်တွေနဲ့ ရေးထားတဲ့အတွက် ဒီဟာက လုံးဝအမှန်လို့တော့ ပြောလို့မရပါ ဘူး။ ဘာကြောင့်ဆိုတော့ ဇာတ်ကောင်ရဲ့ ရှုထောင့်ကနေရေးထားတဲ့အခါ အတ္တဆိုတာပါလာတတ်လို့ပါပဲ။
နောက်ပြီး ရှိန်းယာတို့ရော ချစ်နိုင်းတို့ရောဆိုတဲ့လူတွေအတွက် အဖြေတစ်ခု ဒီမှာပေးပါမယ်။ နေချိုတို့ မန္တလေးရောက်ပြီး မကြာခင်မှာပဲ ရှိန်းယာ အက်ဆီးဒင့်ဖြစ်မှာပါ။ ချစ်နိုင်ကတော့ ခွန်းနစ် အလုပ်မထွက်ခင် နောက်ဆုံးတက်ခဲ့တဲ့ ပွဲမှာ ရင်းနှီးသွားကြမှာပါ။
ကလေးတွေကို ထပ်ထည့်ရေးချင်ပေမဲ့ ဇာတ်လမ်းကို မလိုအပ်ပဲ ချဲ့ကားတာကလည်း အရသာဖျက်ခြင်းတစ်မျိုးမို့ နားလည်ပေးကြဖို့ မျှော်လင့်ပါတယ်။
အလုပ်တစ်ခု အပြီးသတ်လိုက်တော့ ပျော်ပေမဲ့ တအားကြီးတော့လည်း မပျော်ပြန်ပါဘူး။စာတွေ မရေးပဲမနေနိုင်တော့ အသစ်တစ်ပုဒ် မိတ်ဆက်လေး တင်ထားတာတော့ ရှိနေပါပြီ။ ခဏ အနားယူပြီးတဲ့အခါ ကတမ်ပြန်လာပါ့မယ်။
နောက်ဆုံးအနေနဲ့ကတော့ Feedbackနဲ့ Review ကို ပွင့်ပွင့်လင်းလင်းတောင်းဆိုချင်တာပါ။ ကတမ် တန်ဖိုးအထားဆုံးက ဒါလေတွေပဲမို့ တတ်နိုင်ရင် ပေးကြဖို့ မေတ္တာရပ်ခံပါတယ်။
ဒီတော့ ဒီမှာပဲ နှုတ်ဆက်ကြစို့နော်။
အားလုံး ကျန်းမာရေးဂရုစိုက်ပြီး အစစအရာရာ သတိလေးနဲ့ နေကြပါဦး။
Zawgyi
Series ရဲ႕ ေနာက္ဆုံးေသာ ဇာတ္လမ္းျဖစ္တဲ့ friENDကေတာ့ ဒီေန႕ပဲ ၿပီးဆုံးသြားပါၿပီ။
ကတမ္ ခုရက္ပိုင္း အိပ္ေရးပ်က္တာေတြမ်ားတာရယ္၊ ဖိအားေတြ အလုပ္ေတြမ်ားေနတာရယ္ေၾကာင့္ ပ်က္ကြက္ခဲ့တာေတြမ်ားေပမဲ့ ခုလိုမ်ိဳး ဆုံးခန္းတိုင္ေအာင္ေရးနိုင္ဖို႔အတြက္ အားေပးခဲ့ၾကတဲ့ စာဖတ္သူတစ္ေယာက္ခ်င္းစီကို ေက်းဇူးတင္တဲ့အေၾကာင္း အရင္ေျပာခ်င္ပါတယ္။
ဒီဇာတ္လမ္းေလးက လူငယ္ဇာတ္လမ္းေလးျဖစ္တဲ့အျပင္ ေန႕စဥ္လူမႈဘဝမွာ ႀကဳံေတြ႕ေနရတဲ့ အခက္ခဲေလးေတြကို တတ္နိုင္သမွ် အျဖစ္နိုင္ဆုံးေထာင့္ကေန ၾကည့္ၿပီး ေရးထားတာေၾကာင့္ စိတ္ကူးယဥ္ဆန္ၿပီး ေပ်ာ္႐ႊင္စရာေတြမ်ားမေနရင္ေတာင္ ရင္ထဲမွာေႏြးေထြးသြားတယ္လို႔ ခံစားရရင္ပဲ ကတမ္က တကယ္ေရးရက်ိဳးနပ္တာပါပဲ။
ေနာက္တစ္ခု ဒီဇာတ္လမ္းေရးရင္း ကတမ္ဆီမွာေျပာင္းလဲသြားတာက ကိုယ္ေရးေနတဲ့ဇာတ္လမ္းကို ဘယ္လိုပဲျဖစ္ျဖစ္ ကိုယ္ဆုံးျဖတ္ထားတဲ့တိုင္း ေရးမယ္ဆိုတဲ့ သတၱိေတြမ်ားလာတာပါ။ ဘယ္လိုသိမ္းေပးပါ၊ ဘယ္လိုလုပ္ေပးပါဆိုတဲ့ စာေရးသူေတြဆီက စာေတြကို ေကာင္းေကာင္းႀကီး လက္ခံရရွိခဲ့သလို အဲ့ဒီတစ္ခုခ်င္းစီအတြက္ ေက်းဇူးတင္တဲ့အေၾကာင္းကိုေတာ့ ဒီမွာ အရင္ေျပာပါရေစ။ သို႔ေသာ္ စာေရးတဲ့အခါ စာေရးသူတစ္ေယာက္ ရင္ဆိုင္ရအခက္ဆုံး အခက္ခဲဟာ စာဖတ္သူ စိတ္တိုင္းက်ေရးရင္း ကိုယ္လုပ္ထားတဲ့ ၊ ဖန္တီးထားတဲ့ စာအေပၚႏွာ ေပ်ာ္တယ္လို႔ မခံစားရေတာ့တာပါ။ ဒါက ႏွစ္ဦးႏွစ္ဖက္ ဘယ္သူမွ မွားတယ္ေတာ့ မရွိဘူးေပါ့။
အမွန္ေတာ့ ကတမ္ ဒီဇာတ္လမ္းေလးကို ကိုယ့္ Flowေလးနဲ႕ကိုယ္ ေရးခြင့္ရလို႔ ေတာ္ေတာ္ေလးေက်နပ္ၿပီး ယုံၾကည္ခ်က္ေလးပိုရလာတဲ့အေၾကာင္း ႂကြားခ်င္လို႔ပါ။
မတိုင္ခင္ကတည္းက အခ်စ္ခံေနရတဲ့ ေနခ်ိဳ၊ ကေလးဘဝရဲ႕ မေရာင့္ရဲမႈေတြၾကားက ခြန္းနစ္၊ မွားယြင္းတဲ့ သြန္သင္ဆုံးမမႈေတြ၊ ယဥ္ေက်းမႈေတြၾကားက မိဘေတြရဲ႕ ပင္ပန္းမႈေတြ၊ ေမာင္ႏွမေတြၾကားက ေသးမလိုလိုနဲ႕ စိတ္ဒဏ္ရာျဖစ္သြားနိုင္တဲ့ ဆက္ဆံေရး...ဒီဇာတ္လမ္းက အရင္ဇာတ္လမ္းေတြလို ေနရာ၊ေဒသ၊ ဇာတ္အိမ္ အႀကီးႀကီးေတြအစား Society မွာျဖစ္ပ်က္ေနတဲ့ အေၾကာင္းအရာ တစ္ခုခ်င္းစီကို ဇာတ္ေကာင္ေတြတဲ့ တစ္ဖက္သတ္အျမင္ေတြနဲ႕ ေရးထားတဲ့အတြက္ ဒီဟာက လုံးဝအမွန္လို႔ေတာ့ ေျပာလို႔မရပါ ဘူး။ ဘာေၾကာင့္ဆိုေတာ့ ဇာတ္ေကာင္ရဲ႕ ရႈေထာင့္ကေနေရးထားတဲ့အခါ အတၱဆိုတာပါလာတတ္လို႔ပါပဲ။
ေနာက္ၿပီး ရွိန္းယာတို႔ေရာ ခ်စ္နိုင္းတို႔ေရာဆိုတဲ့လူေတြအတြက္ အေျဖတစ္ခု ဒီမွာေပးပါမယ္။ ေနခ်ိဳတို႔ မႏၲေလးေရာက္ၿပီး မၾကာခင္မွာပဲ ရွိန္းယာ အက္ဆီးဒင့္ျဖစ္မွာပါ။ ခ်စ္နိုင္ကေတာ့ ခြန္းနစ္ အလုပ္မထြက္ခင္ ေနာက္ဆုံးတက္ခဲ့တဲ့ ပြဲမွာ ရင္းႏွီးသြားၾကမွာပါ။
ကေလးေတြကို ထပ္ထည့္ေရးခ်င္ေပမဲ့ ဇာတ္လမ္းကို မလိုအပ္ပဲ ခ်ဲ့ကားတာကလည္း အရသာဖ်က္ျခင္းတစ္မ်ိဳးမို႔ နားလည္ေပးၾကဖို႔ ေမွ်ာ္လင့္ပါတယ္။
အလုပ္တစ္ခု အၿပီးသတ္လိုက္ေတာ့ ေပ်ာ္ေပမဲ့ တအားႀကီးေတာ့လည္း မေပ်ာ္ျပန္ပါဘူး။စာေတြ မေရးပဲမေနနိုင္ေတာ့ အသစ္တစ္ပုဒ္ မိတ္ဆက္ေလး တင္ထားတာေတာ့ ရွိေနပါၿပီ။ ခဏ အနားယူၿပီးတဲ့အခါ ကတမ္ျပန္လာပါ့မယ္။
ေနာက္ဆုံးအေနနဲ႕ကေတာ့ Feedbackနဲ႕ Review ကို ပြင့္ပြင့္လင္းလင္းေတာင္းဆိုခ်င္တာပါ။ ကတမ္ တန္ဖိုးအထားဆုံးက ဒါေလေတြပဲမို႔ တတ္နိုင္ရင္ ေပးၾကဖို႔ ေမတၱာရပ္ခံပါတယ္။
ဒီေတာ့ ဒီမွာပဲ ႏႈတ္ဆက္ၾကစို႔ေနာ္။
အားလုံး က်န္းမာေရးဂ႐ုစိုက္ၿပီး အစစအရာရာ သတိေလးနဲ႕ ေနၾကပါဦး။