
By sususandi15

91.9K 8.6K 197

မြို့အုပ်လေးနဲ့သူနာပြုလေးပေါ့ More

Part 1
Part 2
Part 3
Part 4
Part 5
Part 6
Part 7
Part 8
Part 10
Part 11
Part 12
Part 13
Part 14
Part 15
Part 16
Part 17
Part 18
Part 19
Part 20
Part 21
Part 22
Part 23
Edit
Part 24 (edit)
Part 25
final part - (26)
Extra

Part 9

2.9K 309 1
By sususandi15

Part 9
---------
လုပ်နေတာလေ။



"ဟုတ်ကဲ့"


"တကယ်နော်"

"အင်း "



"ဟုတ်ကဲ့"

နေကြခြင်းပင် မြို့အုပ်ဝမ်ရဲ့သေးသွားတဲ့အင်္ကျီလေးကိုဝတ်ကာကျောင်းသွား





"အင်းပါ ပြောပြမယ် "

"အေး ငါဘာပြန်ပေးရမလဲ"


မသိဘူးလား"


"သူ့နာမည်က..ဝမ်ရိပေါ်"





"ကိုယ်လာခေါ်ရမလား"




"အင်း"


"ပြောလေ"



"..."





"ဟုတ်လား ဘယ်သူတွေပါလဲ"

"နှစ်ယောက်ထဲ"

"အော်...အင်း သွားလေ"

"ဟုတ်ကဲ့"

"မသွားရဘူး"


လည်ချင်မှာပဲလေ"



"..."


"ဟုတ်ကဲ့"

***
"စာမေးပွဲပြီးပြီ "



"အင်းအင်း"




"ဟုတ်..."

"ရှောင်ကျန့်!"

နေအော်ခေါ်နေတာ။

"လာခဲ့ ဒီကို"

"ချန်လျိုးက..."


"ဟုတ်ကဲ့"

နားစီရောက်လာသည်။





"...."






"အင်း"


"ရွှတ်! အင့်!"


"ဟင့်! ရွှတ်! အင့်"




"..."



နဲ့"

တတ်တယ်"



"ဘာပြောတယ်"



"..."

"ရောက်ပါပြီဗျ"




"..."



"..."


"မြို့အုပ်ဝမ်ရေ....."

"..."



"ဘာများလဲဟင်"



"လိမ်ရင်စာမေးပွဲကျ"


"အမှန်အတိုင်းပြော"




"မမောင်းသေးပါဘူးကွယ်"


ပြန်မယ်"



အချောဆုံးပါ"


"လာ...သွားဝယ်မယ်"


".."

"ချစ်တယ်...ဟီး"
--------------
(12.3.2023)
#Su🐼


မြို့အုပ်ဝမ် နှင့် သူနာပြုရှောင်း
Part 9
---------
စာမေးပွဲကမနက်ဖြန်ဆိုတာကြောင့်ရှောင်ကျန့်မှာစာတွေကျက်နေရတာ
မြို့အုပ်ဝမ်နဲ့စကားဖက်ပြောဖို့တောင်အချိန်မရှိပါ မြို့အုပ်ဝမ်ကလည်းကိုယ်ချင်းစာတဲ့အနေနဲ့မခိုင်းရပါဘူး ရှောင်ကျန့်ကစာ
လုပ်နေတာလေ။

စာလုပ်ပြီဆိုလည်းညနက်သန်းခေါင်အထိရှောင်ကျန့်စာကျက်တာကိုကြား
နေရပါသေးတယ် အခန်းထဲမှာနေရင်မြို့အုပ်ဝမ်အိပ်တာအနှောင့်အယှက်
ဖြစ်မှာကြောက်လို့ဧည့်ခန်းမှာထွက်ကျက်ရတယ် စာရသွားမှပဲဝင်လာကာ
အိပ်ယာလေးခင်းပြီး မိခင်ကိုတပြီးကန်တော့ကာအိပ်လိုက်တော့သည်။

"ကျန့်ကျန့်လေး ရအောင်ဖြေနော် စိတ်မလူပ်ရှားနဲ့"

"ဟုတ်ကဲ့"

"ကျန့်ကျန့်လေး စာမေးပွဲအောင်ရင်အဒေါ်ကြီးမုန့်ဝယ်ကျွေးမယ်"

"တကယ်နော်"

"အင်း "

"သွားတော့မယ်နော် စာမေးပွဲသွားဖြေတော့မယ်"

"ကျန့်ကျန့်လေးကြိုးစားထားနော်"

"ဟုတ်ကဲ့"

အိမ်ကသူတွေအကုန်လုံးကရှောင်ကျန့်စာမေးပွဲသွားဖြေမှာကိုဝိုင်းဆုတောင်း
နေကြခြင်းပင် မြို့အုပ်ဝမ်ရဲ့သေးသွားတဲ့အကျႌလေးကိုဝတ်ကာကျောင်းသွား
တော့သည် မြို့အုပ်ဝမ်နဲ့ကလည်းဘာကိုကောက်လို့ကောက်မှန်းမသိဘူး
သူကပြောတယ်စဉ်းစားတဲ့ ကျန့်ကျန့်မှမသိတာကို ကောက်စိန်ကကျန့်ကျန့်
မဟုတ်ဘူး မြို့အုပ်ဝမ်။

"ကျန့်ကျန့် စာတွေရနေပြီပေါ့"

"ချန်လျိုး...အဲ့လောက်ကြီးလဲမဟုတ်ပါဘူး"

"ရှောင်ကျန့်ငါ့ကိုပြောပြကွာနော် ငါကမင်းအနောက်မှာ"

ကျိုးချန်ကပါလာကာသူ့ကိုလာကပ်ပြောသည်။

"အင်းပါ ပြောပြမယ် "

"အေး ငါဘာပြန်ပေးရမလဲ"

"အင်း....မြို့အုပ်ဝမ် နာမည်အရင်းကဘာလဲဟင်"

"မင်းလာနောက်နေတာလား အနီးကပ်ပြုစုနေပြီးတော့နာမည်တောင်
မသိဘူးလား"

"ဟင့်အင်း မြို့အုပ်ဝမ်လို့ပဲခေါ်ခေါ်နေလို့"

"သူ့နာမည်က..ဝမ်ရိပေါ်"

"ဝမ်ရိပေါ်လား ဝါး...နာမည်လေးကမိုက်တယ်"

"ဒါပေါ့ ဝမ်မျိုးရိုးတွေရဲ့နာမည်ကမိုက်မှရမှာပေါ့ ဟင်း...ဟင်း"

"ကျန့်ကျန့် စာမေးပွဲပြီးရင်ဘယ်သွားမလဲ"

"ဘယ်သွားရမှာလဲ ကျန့်ကျန့်ကမြို့တော်ရဲ့နေရာတွေတစ်ခါမှမသိဘူး
ရောက်လည်းမရောက်ဖူးဘူး"

"ကိုယ်လာခေါ်ရမလား"

"အင်း...သူငယ်ချင်းတွေနဲ့အပြင်သွားချင်တယ် ကျိုးချန်မင်းရော"

"တော်စမ်းပါကွာ မိသားစုနဲ့ခရီးထွက်စရာရှိတယ် "

"အော်...အဲ့တာဆိုလည်း ချန်လျိုးနဲ့ပဲနှစ်ယောက်အတူတူသွားလိုက်တော့မယ်နော်"

"အင်း"

"ရှောင်ကျန့် ငါတစ်ခုမေးစရာရှိတယ်"

"ပြောလေ"

"ဝမ်ရိပေါ်ကမင်းကိုလွှတ်မှာလား"

"သူမလွှတ်လဲငါကမရရအောင်ထွက်မှာပေါ့"

"..."

စာမေးပွဲဖြေတဲ့ရက်အတွင်းမှာရှောင်ကျန့်မှာစာတွေအော်အော်ကျက်နေရလို့
မြို့အုပ်ဝမ်နဲ့တောင်သိပ်မျက်နှာချင်းမဆိုင်ရပါ စာမေးပွဲဖြေတာနောက်ဆုံး
ရက်နေ့ကြတော့ပထမဆုံးမျက်နှာချင်းဆိုင်ထမင်းစားဝိုင်းမှာတွေ့ရတယ်။

"မြို့အုပ်ဟောင်း ကျန့်ကျန့်လေ ဒီနေ့အိမ်တော်ကိုညနေလောက်မှရောက်ဖြစ်မယ်ထင်တယ်"

"ဘာဖြစ်လို့လဲဘယ်သွားမလို့လဲ"

"ချန်လျိုးကမြို့တော်မှာရှိတဲ့အလှပဆုံးနေရာတွေကိုလိုက်ပြပေးမယ်တဲ့"

"ဟုတ်လား ဘယ်သူတွေပါလဲ"

"နှစ်ယောက်ထဲ"

"အော်...အင်း သွားလေ"

"ဟုတ်ကဲ့"

"မသွားရဘူး"

မြို့အုပ်ဝမ်စကားကြောင့်ရှောင်ကျန့်မျက်နှာလေးစူပုတ်သွားရသည် ဘာလဲ
သူများဘာသာဘယ်သွားသွားပေါ့ သူ့ကြတော့လဲလိုက်မပို့ဘူး။

"ဘာဖြစ်လို့လဲ သားရဲ့ ကျန့်ကျန့်လေးကလည်းသူ့သူငယ်ချင်းနဲ့လျှောက်
လည်ချင်မှာပဲလေ"

"စာမေးပွဲရက်အတွင်းမှာမခိုင်းရခဲ့တဲ့အလုပ်တွေရှိသေးတယ် အဲ့တာသူလုပ်ရမယ်"

"သားရယ်တစ်နေ့ထဲကို မင်းကဘာဖြစ်နေတာတုန်း သွားပါစေ"

"..."

"ကျန့်ကျန့်လေးသွားကျောင်းနောက်ကျတော့မယ်"

"ဟုတ်ကဲ့"

***
"စာမေးပွဲပြီးပြီ "

"ကျန့်ကျန့် လာသွားမယ်လေ"

"အွန်း...ကျိုးချန်ကျောင်းဖွင့်ရင်တွေ့မယ် လက်ဆောင်ဝယ်လာဖို့မမေ့နဲ့နော်"

"အင်းအင်း"

ချန်လျိုးကကားတံခါးကိုရှောင်ကျန့်အတွက်ဖွင့်ပေးတယ်။

"အားနာစရာကြီးနောက်တစ်ခါအဲ့လိုမလုပ်ပါနဲ့နော်"

"ဒါလေးလုပ်ပေးတာနဲ့ဘာမှအားနာစရာမရှိပါဘူး လာတက်"

"ဟုတ်..."

"ရှောင်ကျန့်!"

ရှောင်ကျန့်နောက်ကိုလှည့်ကြည့်လိုက်တော့မြို့အုပ်ဝမ်ပင်၊သူကကားပေါ်က
နေအော်ခေါ်နေတာ။

"လာခဲ့ ဒီကို"

"ချန်လျိုးက..."

"လာကျန့်ကျန့် ကိုယ်ကူပြောပေးမယ် လာ"

"ဟုတ်ကဲ့"

ချန်လျိုးကရှောင်ကျန့်လက်တံတောင်ဆစ်နားကနေဆွဲကာမြို့အုပ်ဝမ်ကား
နားစီရောက်လာသည်။

"မြို့အုပ်ဝမ် ဒီနေ့ကျန့်ကျန့်နဲ့ကျွန်တော်နဲ့ အပြင်အတူတူသွားမလို့အဲ့တာ.."

"ချန်လျိုးကိုကျောင်းပြီးသွားတာနဲ့ ပို့ဆောင်ဆက်သွယ်ရေးမှာနေရာချထား
ပေးမယ် အဲ့တာဆိုလာသမျှလူတိုင်းကိုလိုက်ပို့လို့ရပြီလေ"

"မြို့အုပ်ဝမ် ကျန့်ကျန့်လည်းအပြင်ထွက်ချင်လို့ပါ"

"ငါမင်းကိုခေါ်သွားစရာရှိတယ် လာခဲ့"

"...."

မလာပဲနဲ့ချန်လျိုးနားမှာပေကပ်ကပ်လုပ်နေသေးသည် မသိရင် အမေကမလိုက်ရဘူးအတင်းခေါ်လို့သူငယ်ချင်းနားမှာကပ်နေရတဲ့ပုံစံလေးနဲ့။

"ရှောင်ကျန့် ငါ့စိတ်ကိုမင်းသိတယ်နော်"

"မြို့အုပ်ဝမ် အခုက12နာရီထိုးဆိုတော့ညနေ6နာရီလောက်ကျရင်သေချာ
ပေါက်ဆတ်ဆတ်လာပို့ပေးပါ့မယ်"

"မင်းကိုပြောတာမဟုတ်ဘူး ရှောင်ကျန့်ကိုပြောနေတာ လာခဲ့!"

"ချန်လျိုး နောက်တစ်ခါမှပေါ့နော် နောက်တစ်ခါမှအတူတူသွားကြမယ်လေနော်"

"အင်း"

အခြားသူတွေကလည်းကြည့်နေတာဆိုတော့ရှောင်ကျန့်ရှက်ကာ ဒါရိုက်ဘာ
ဘေးနားကခုံမှာပဲထိုင်လိုက်သည် မြို့အုပ်ဝမ်ဘေးနားမှာတောင်မထိုင်
ဒါရိုက်ဘာလဲကားမောင်းထွက်သွားတော့ရှောင်ကျန့်လေးကိုတစ်လှည့်မြို့အုပ်ဝမ်ကိုကားမှန်ကနေတစ်လှည့်ကြည့်ပြီးသက်ပြင်းချလိုက်ရတယ် မြို့အုပ်ဝမ်ရဲ့စိတ်ကိုသိလို့သူလည်းဘာမှဝင်မပြောရဲပါ။

"ရွှတ်! အင့်!"

"ဘာဖြစ်နေတာလဲအဲ့ငိုသံက"

"ဟင့်! ရွှတ်! အင့်"

"ဘာလဲအဲ့အကောင်နဲ့အတူမသွားရလို့လား ဟုတ်လား"

"သခင်လေးရယ် စိတ်လျှော့ပါ ကျန့်ကျန့်လေးကလည်းသူငယ်ချင်းတွေနဲ့
အပြင်သွားချင်မှာပဲကို သူလည်းအိမ်တော်ထဲမှာနေရတော့လည်းပျင်းတာပေါ့"

"ဦးလေးဝင်မပြောပါနဲ့ ကျုပ်ရှောင်ကျန့်ကိုဆူနေတာ"

"..."

"အဲ့အကောင်ကမင်းကိုရောင်းစားသွားရင်ရော သူကမင်းကိုမကြည့်နိုင်ပဲနဲ့
မင်းပျောက်သွားရင်ရော"

"သူကအဲ့လိုမလုပ်ပါဘူး သူကကျန့်ကျန့်သူငယ်ချင်းပါ"

"ငါမင်းပျောက်သွားမှာကြောက်လို့ငါပြောနေတာ သူငယ်ချင်းဆိုလဲသိပ်မယုံ
နဲ့"

"ကျန့်ကျန့်လည်းလူကြီးဖြစ်နေပါပြီ ကျန့်ကျန့်ကိုယ့်ဘာသာကိုယ်ထိန်းသိမ်း
တတ်တယ်"

"ဘာလဲအခုမှအသက်လေးက18နှစ်လေးပဲရှိသေးတာလား မင်းအသက်20ပြည့်မှသွား မင်းတို့လိုအသက်18နှစ်ဆိုရင်အချို့သူတွေက
ရောင်းစားတတ်ကြတယ် အူလည်လည်လေးဖြစ်နေလို့"

"မြို့အုပ်ဝမ်ကအကျင့်မကောင်းဘူး"

"ဘာပြောတယ်"

"မြို့အုပ်ဝမ်ကလည်းတစ်ခါမှဘယ်ကိုမှလည်းမလိုက်ပို့ပေးဘူး အမြဲအိမ်တော်ထဲမှာပဲနေရတာကိုများ"

"စိတ်ချငါခြေထောက်ကောင်းသွားရင်မင်းသွားချင်တဲ့နေရာသွား ငါမတားတော့ဘူး"

"..."

"ရောက်ပါပြီဗျ"

မြို့အုပ်အိမ်တော်လည်းမဟုတ်ပါဘူး ဒီအတိုင်းမုန့်ဆိုင်လေးတစ်ဆိုင်ပါ
ကားကလည်းဒီဆိုင်အရှေ့မှာရပ်လိုက်တာ။

"ဦးလေးကဘာဝယ်မလို့လဲဟင်"

"မြို့အုပ်ဝမ်ကပြောတယ် ကျန့်ကျန့်လေးစာမေးပွဲပြီးရင်မုန့်လိုက်ဝယ်ကျွေး
မယ်ဆိုလို့အဲ့တာဒီကိုမောင်းလာတာ"

"..."

"ဝယ်ကျွေးချင်စိတ်တောင်ပျောက်သွားပြီ ပြန်မယ်"

"ဟင့်အင်း ဟင့်အင်း...ကျန့်ကျန့်မုန့်စားချင်တယ် မြို့အုပ်ဝမ်..."

"..."

ရှောင်ကျန့်ကကားထဲကနေထွက်ကာအနောက်ခန်းဘက်ခန်းကိုပြောင်းထိုင်
လိုက်ပြီးမြို့အုပ်ဝမ်နားကိုကပ်တိုးသွားသည်။

"မြို့အုပ်ဝမ်ရေ....."

"..."

"ကျန့်ကျန့်ကိုမုန့်လေးဝယ်ကျွေးပါနော် နော်...မဆိုးတော့ပါဘူးနော်
အအေးလေးလဲဝယ်တိုက်နော် မြို့အုပ်ဝမ်ကအရမ်းချောတာပဲ "

"ဟုတ်သားပဲအဲ့ကိစ္စမရှင်းရသေးဘူး"

"ဘာများလဲဟင်"

"မင်းငါ့ကိုမဲမထည့်ဘူးမှတ်လား"

"ထည့်ပါတယ်ဗျ နှစ်ယောက်လုံးကိုထည့်လိုက်ပါတယ်လို့"

"လိမ်ရင်စာမေးပွဲကျ"

"ဟင့်အင်း...စာမေးပွဲတော့မကျချင်ဘူး"

"အမှန်အတိုင်းပြော"

"ဟုတ်ကဲ့ ချန်လျိုးကိုပဲမဲထည့်လိုက်တာ"

"သူ့စီကပဲမုန့်သွားတောင်းချည် ငါ့စီလာမတောင်းနဲ့တော့ ဦးလေးပြန်မယ်"

"ဟင့်အင်း ဦးလေးမမောင်းနဲ့ဦးနော်"

"မမောင်းသေးပါဘူးကွယ်"

"မြို့အုပ်ဝမ် တောင်းပန်ပါတယ်နော် "

"မရဘူး မင်းသူ့ကိုမဲပေးတာပဲသူ့စီမှာသွားတောင်းပေါ့ ဦးလေးမောင်းတော့
ပြန်မယ်"

"ဟွန်း....မြို့အုပ်ဝမ်လုပ်ပါနော် ကျန့်ကျန့်ကိုမုန့်ဝယ်ကျွေးပါနော် ဖက်ထားပေးမယ်လေနော်"

ပြောရင်းနဲ့ပဲရှောင်ကျန့်ကမြို့အုပ်ဝမ်ကိုဖက်ထားတယ် ပါးစပ်ကလည်း
ဝယ်ကျွေးဝယ်ကျွေးနဲ့ပဲ။

"မြို့အုပ်ဝမ်ကအချောဆုံးပါ ကျန့်ကျန့်ရင်ထဲမှာရောဦးနှောက်ထဲမှာရော
အချောဆုံးပါ"

ရှောင်ကျန့်ကိုစိတ်ဆိုးချင်ပေမဲ့လည်း ချန်လျိုးနဲ့လိုက်မသွားတာနဲ့တင်ကျေးဇူးတင်နေပါပြီ မဖြစ်သေးပါဘူး
သူကကိုယ့်ကိုမဲမထည့်တာမှမဟုတ်တာ တစ်ခုလောက်လေးပဲဝယ်ကျွေးလိုက်ရမလား...။

"လာ...သွားဝယ်မယ်"

"ရေး!! ဒါမှကျန့်ကျန့်ရဲ့မြို့အုပ်ဝမ်ကွ... "

".."

"ချစ်တယ်...ဟီး"
--------------
(12.3.2023)
#Su🐼
























































Continue Reading

You'll Also Like

311K 6.9K 35
"That better not be a sticky fingers poster." "And if it is ." "I think I'm the luckiest bloke at Hartley." Heartbreak High season 1-2 Spider x oc
1.1M 49.3K 95
Maddison Sloan starts her residency at Seattle Grace Hospital and runs into old faces and new friends. "Ugh, men are idiots." OC x OC
240K 18.2K 37
- အတိတ်မှတ်ဉာဏ်တွေကို ပြန်တူးဖော်ကြည့်တဲ့အခါ.. မင်းက ငါ့ရဲ့အလှပဆုံးသော နာကျင်မှု့လေးအဖြစ် စွဲထင်ကျန်ရစ်ခဲ့တယ်။ - BJYX BURMESE FANFICTION Genre _ Dr...
124K 1.6K 23
| 𝗖𝗼𝗺𝗽𝗹𝗲𝘁𝗲𝗱 | [𝘿𝙞𝙛 • 𝙛𝙚𝙧 • 𝙚𝙣𝙘𝙚] The quality or state of being 𝗱𝗶𝘀𝘀𝗶𝗺𝗶𝗹𝗮𝗿 𝗼𝗿 𝗱𝗶𝗳𝗳𝗲𝗿𝗲𝗻𝘁 -♡︎- 𝗜𝗻 𝘄𝗵𝗶𝗰𝗵 a...