(Uni)
"ကိုကိုဘာလို့ လိုက်လာ...အင့်...."
စိုင်းမင်းခ ပြောတော့ နဖူးပေါ်ရောက်လာတဲ့
အနမ်းလေးတစ်ပွင့်။
"အတွဲတွေကတော့ ပိုကိုပိုတယ် သွားမယ်
မမခင်"
ခွန်းခက်ပိုင်ရောက်တော့ အကုန်လုံးကလှည့်
ကြည့်ပေမယ့် ဖြစ်သွားတဲ့အဖြစ်ပျက်ကြောင့်
ဒေလီယာကမကြည်သလိုပြောသည်။
လူအများရှေ့မှာအနမ်းခံလိုက်ရတဲ့ စိုင်းမင်းခကတော့ အခုထိကြောင်အမ်းအမ်းပင်။
"ကိုကို"
"ပိတောက်ပန်းတွေ ပွင့်တဲ့အချိန်ကျ
ကိုယ်လာခဲ့မယ်"
"ကျွန်တော်ကိုကို့ကို သိပ်ချစ်တာဘဲဗျာ"
"စိုင်း.....အင့်"
ခွန်းခက်ပိုင်စကားတွေကို စိုင်းမင်းခက အနမ်းတွေနဲ့ ပိတ်လိုက်တော့သည်။
"{မကြာခင် လေယာဥ်ထွက်ခွာတော့ပါမယ်}"
"အွန့်.....စိုင်း....အင့်....တော်တော့ "
လေယာဥ်မှအသိပေးသံအကြား ခွန်းခက်ပိုင်
ရုန်းကာပြောပေမယ့် အရှေ့ကကောင်လေးက ခြေထောက်ထောက်ပြီး အတင်းနမ်းနေဆဲမို့
ရင်ဘတ်ကို ဖြေးညှင်းစွာရိုက်လိုက်တော့သည်။
ထိုအချိန်မှလွှတ်ပေးကာ လေယာဥ်ပေါ်မတက်ခင်အထိ ပြောခဲ့တာက......
"ကျွန်တော် ကိုကို့ကို သိပ်ချစ်တာဘဲတဲ့လေ"
ထွက်သွားတဲ့အရိပ်လေးကိုကြည့်ကာ ခွန်းခက်ပိုင်ပြုံးမိပါသည်။
"ကိုယ်ကတော့ စိတ်ယိုင်မိနေပြီနဲ့တူတယ် စိုင်း"
************************
8:00 P.M In Yangon Airport.....
"ဒီညတော့ ရန်ကုန်မှာဘဲနေလိုက်ကြမလား"
လေယာဥ်ကွင်းထဲကနေအပြင်ထွက်တာနဲ့
သျှားထက်ကမေးလိုက်တော့သည်။
"ကျွန်တော့်မှာ ကိုကိုပေးထားတဲ့ V Vilar Hotel ရဲ့ VIP ကဒ်ရှိတယ် မြို့ထဲတော့သွားရမယ်ထင်တယ် မနက်ကျရင်တော့ နယ်ကိုပြန်မယ် "
"အင်း မမလဲ မနက်ဖြန်မန္တလေးပြန်မယ်"
"ကျွန်တော်လဲမမနဲ့ မန္တလေးကိုတူတူသွားမယ်"
"ဟိုဟာလေ......"
သျှားထက်က စကားထောက်လောက်တော့ အကုန်လုံးက သျှားထက်ကိုဘာလဲဆိုတဲ့အကြည့်နဲ့ ကြည့်လာကြတော့သည်။
"ကျွန်တော်က ရန်ကုန်သားပါ လေဆိပ်ကနေလဲ
သိပ်မသွားကပါဘူး အိမ်ကနှစ်ထပ်အိမ်ပါ အိမ်မှာ ကိုကြီးနဲ့ကျွန်တော်နှစ်ယောက်တည်းနေတာပါ လိုက်နေလို့ရပါတယ်ဗျ ကျွန်တော်ရှိနေသေးတာကိုမေ့နေမှာစိုးလို့ပါ ကျွန်တော့်နာမည်
သျှားထက်ပါဗျ "
!ဟား...ဟား.....!
သျှားထက်ပြောအပြီးအကုန်လုံးက ရယ်လိုက်ကြတော့သည်။
"Sry ပါအကိုသျှားထက်ရာ ကျွန်တော်တို့က
နယ်က လူတွေမို့ပါ ဒါဆိုလဲ အကို့အိမ်ဘဲသွားကြတာပေါ့"
"ငါ့အကိုလာကြိုမှာ ခဏလေး
ဖုန်းဆက်လိုက်အုန်းမယ်"
"ဟုတ်"
သျှားထက်ဖုန်းဆက်ကာ ရောက်နေတဲ့နေရာနဲ့နံပါတ်ကိုသေချာပြောလိုက်တော့သည်။ခဏနေတော့ရောက်လာတဲ့အကို။
"ခင်"
"ဟင် ရတု"
"ကိုကြီးနဲ့ မမခင်က သိနေကြတာလား"
ရောက်လာတဲ့ အကိုက ညီဖြစ်သူကိုတွေ့တာထက် ပျော်ရွှင်တဲ့မျက်နှာထားနဲ့ ခင်မေမြင့်နားကို ကပ်ပါတော့သည်။
"ကိုယ်တို့မတွေ့တာကြာပြီနော်"
"အင်း ဟုတ်ပါ့နော်"
"ကိုကြီး တို့က သိနေကြတာလားလို့
ကျွန်တော်မေးနေတယ်လေ"
"အင်း ရည်းစားဟောင်း"
ခင်မေမြင့်ရဲ့စကားအဆုံး အကုန်လုံးက ကြောင်အစွာကြည့်ပေမယ့် ရတုမော်ကတော့ ပြုံးမိပါ၏။သျှားထက်အိတ်တွေကို ကူသယ်ရင်း
အကုန်လုံးရှေ့မှာပြောလိုက်တဲ့စကားလေးကာ....
"ခင်က နဂိုလို ဒဲ့ဒိုးသမားဘဲ"
"ဟုတ်လား
ကျွန်မက ကျွန်မပြောင်းလဲသွားပြီတောင်
ထင်နေတာ"
"ဟားဟား...."
ရတုမော် စကားလေးတွေပြောရင်း ကားဆီကို အရောက်အိတ်တွေကိုနေရာချကာ အိမ်သို့သာကားမောင်းလာလိုက်တော့၏။ဒေလီယာကတိတ်ဆိတ်သလို ခင်မေမြင့်ကလဲ အပြင်ကတိုက်ခတ်နေတဲ့လေလေးကိုသာ မျက်နှာမူပြီး တိတ်တဆိတ်လိုက်ပါလာတော့သည်။
ထိုအချိန်မှာ စိုင်းမင်းခကတော့ ဖုန်းကြည့်ကာ
တစ်ယောက်တည်းပြုံးနေတော့သည်။
.
.
.
.
.
.
"စိုင်း မင်းကလဲကွာ မနေ့ကလဲညကြီးမှရောက်တာကိုတန်းကိုပြန်ဖို့ပြင်တော့တာဘဲ
အမခင်မေမြင့်တို့တောင် သုံးရက်လောက်ဆက်နေအုန်းမှာကို"
"အမခင်မေမြင့်တို့လို့မပြောနဲ့ သျှားထက်
ငါကမင်းအကိုအိမ်မှာ တစ်ခဏတောင်
မနေချင်ဘူး"
"ဒေလီယာ"
စိုင်းမင်းခက လက်မှတ်ဝယ်ဖို့အချိန်တွေကြည့်နေတုန်း သျှားထက်ကလှမ်းပြောတော့
စိုင်းမင်းခအစားဒေလီယာကဝင်ပြောသည်။
"မမ မန္တလေးကိုပြန်မယ်ဆို အခုပြန်မယ်လေ
စိုင်း ငါတို့ဖို့ပါ လက်မှတ်ကြည့်ပေး"
"ဒေလီယာ ကိုယ်ဒီမှာနေချင်သေးတယ်လို့ပြောနေတယ်လေ "
"မမ့"
"သုံးရက်ဘဲ ရောက်တုန်းလေးရွှေတိဂုံနဲ့တစ်ခြားဘုရားတွေဖူးချင်သေးတယ် မင်းအဆင်မပြေရင်
မင်းဘာမင်း တစ်ယောက်တည်းသွားမလား မန္တလေးကို"
ခင်မေမြင့်ပြောတော့ ဒေလီယာကငြိမ်သွားတော့သည်။
"ဟားဟား....ဒေလီယာက မမခင်မေမြင့်စကားတစ်ခွန်းဘဲ သနားပါတယ် "
"စိုင်းမင်းခ ငါ့ကိုလာမစနဲ့ မင်းသာ မင်းရဲ့ဟိုဟာလုပ်ထားတဲ့ သူကို စိတ်ပူ "
"ဘယ်ဟာလဲ"
"မင်းရဲ့ယောကျာ်းလေ ဘာလုပ်ထားတာလဲ
ငါမပြောတတ်ဘူး"
"စေ့စပ်ထားတဲ့သူ"
"မသိဘူး အဲ့လူ အဲ့လူ"
ဒေလီယာပြောတော့ စိုင်းမင်းခ ခေါင်းလေးစောင်းကာ စဥ်းစားမိပါ၏။ဘာကြောင့်သူက
ခွန်းခက်ပိုင်ကို စိတ်ပူရမှာလဲလို့ပေါ့။
"ငါက ကိုကို့ကိုဘာလို့စိတ်ပူရမှာ"
"မိုင် မိုင် အခုလိုအခြေနေမှာမင်းမရှိတော့
သူမင်းလူနားကိုတစ်နည်းမဟုတ်တစ်နည်းနဲ့ချဥ်းကပ်မှာ"
"ဟမ်"
"ငါတို့အတန်းကွဲသွားတော့ သူနဲ့ငါစကားပြောဖြစ်တယ် သူပြောတာ သူကမင်းရဲ့လူကိုတော်တော်စိတ်ဝင်စားနေတာဘဲ မင်းလူကလဲ ထုံထုံအအနဲ့
ပါသွားလိမ့်မယ်နော်"
"ဒေ လီ ယာ!"
"မမကလဲ ကျွန်တော်ကအမှန်ပြောတာကို"
စိုင်းမင်းခကတွေဝေနေတုန်း ခင်မေမြင့်က ဆက်မပြောရန်အတွက်တားလိုက်တော့သည်။
"ရပါတယ် မမ
ဒေလီယာပြောတာလဲ မှန်ပါတယ်
ဒါပေမယ့် ကျွန်တော်သူ့ကိုယုံလို့ရတယ်မလားဟင်"
"စိုင်း"
"ညနေ ၃ နာရီလက်မှတ်ဝယ်ပြီးသွားပြီမမ"
အမြဲတမ်းပျော်ရွှင်တတ်တဲ့ကောင်လေးက ထိုလူနဲ့ပတ်သက်တာ စိုးရိမ်စရာလေးတစ်ခုပြောလိုက်ရင် အမြဲတမ်းမျက်နှာညှိုးသွားတတ်သည်။
ဒေလီယာကတော့ မသိသလိုနေပေမယ့်
ခင်မေမြင့်နဲ့ သျှားထက်ကတော့ သက်ပြင်းချကာ ခေါင်းရမ်းမိပါသည်။
"သျှား"
"ဗျာ"
"ကိုယ်ဒီမှာမုန့်ဟင်းခါးဝယ်လာတာ ဧည့်သည်တွေကို ဧည့်ခံလိုက်အုန်း"
"ဟုတ်"
"ဒါနဲ့ခင်....."
"ကိုကြီး ကျွန်တော်ပင်ပန်းနေလို့ ဝိုင်းကူလုပ်ပေးလို့ရမလား"
"ဒါပေမယ့်...."
"လာပါဗျာ"
ရတုမော် ခင်မေမြင့် အနားကပ်မယ် ကြံတော့ သျှားထက်ခေါ်တာကြောင့် မငြင်းနိုင်ကာ လိုက်သွားရတော့၏။
"သျှား"
"ဗျာ"
"မုန့်ဟင်းခါးထည့်တာ ဘယ်မှာပင်ပန်းလို့လဲ
မင်းကတော့လေ....."
"ဘာလို့ ကိုကြီးက အမခင်နားဘဲ ကပ်ချင်နေရတာလဲ ကိုကြီးတို့က လမ်းခွဲပြီးပြီမလား"
"အဲ့တာ ကိုယ်တို့ကိစ္စ သျှား"
"ကိုကြီး ကျွန်တော့်ကိုဘယ်လိုသဘောထားလဲ"
"ဘာကိုလဲ မင်းက ကိုယ့်ညီလေ ကိုယ့်ညီတစ်ယောက်ဘဲပေါ့"
"ဒါပေမယ့်......"
"တော်ပြီသျှားထက် ကိုယ်ခင်တို့အတွက်
မုန့်ဟင်းခါးရောက်ပြီးကြောင်းသွားပြောလိုက်မယ်"
ရတုမော် မုန့်ဟင်းရည်ကို စားပွဲအလယ်မှာတင်ကာ ခင်မေမြင့်ကိုခေါ်ဖို့ထွက်လာလိုက်တော့သည်။မီးဖိုချောင်ထဲမှာ သျှားထက်ပြောလိုက်တဲ့ ခပ်တိုးတိုးစကားတို့ကို သူ မကြားခဲ့ပါ။
.
.
.
.
.
"အမား သားပြန်ရောက်ပြီ"
"ရောက်ပြီလား "
"ဟုတ်ကဲ့ ပါပါး"
စိုင်းမင်းခ အထဲဝင်တော့ မြင်လိုက်ရတာက
ဦးစိုင်းနောင်။စိုင်းမင်းခ အိတ်ကိုဘေးချကာ
အဖေဖြစ်သူနားကို ပြေးသွားလိုက်ပြီး
ဖက်လိုက်တော့သည်။
"အဟင့်.....ပါပါး"
"စိုင်း ဘာလို့ငိုနေတာလဲ ယောကျာ်းမလား
ကိုယ်လုပ်တဲ့ပစ်ဒဏ်ကို ကိုယ်ခံကမှာဘဲ"
"ကျွန်တော်ပါပါးကို သတိရနေတာ
အဲ့ထဲရောက်သွားတုန်းက သူတို့ပါပါးကိုဘာလုပ်သေးလဲ ဟမ် ထိခိုက်မိတာတွေ
ဘာတွေရှိသေးလား"
စိုင်းမင်းခ ဖက်လဲဖက်ရင်း ဦးစိုင်းနောင်တစ်ကိုယ်လုံးကို အရှေ့နောက်ထားကာ ကြည့်လိုက်တော့သည်။
"သားငယ် မင်းအဖေကိုအဲ့လောက်ကြီး စိတ်မပူပါနဲ့ ဖြစ်ပျက်ပြီးတာဘဲ ကြာပြီ မောင်ခွန်းခက်ပိုင်ကိုလဲ ကျေးဇူးတင်ရမယ် သူ့အဖေနဲ့ သူက ပိုက်ဆံတွေအများကြီးလိုက်လိုက်ရတယ်
အမားကတော့ မောင်ခံန်းခက်ပိုင်ကိုတကယ်အားနာမိပါတယ်သားငယ်ရယ်"
"ကိုကိုက သူလုပ်သင့်လုပ်ထိုက်တာကိုလုပ်ယုံပါ"
ဒေါ်မေခ အပြောကို စိုင်းမင်းခက ပြုံးရင်းပြန်ပြောသည်။
"ကဲ သွားနားတော့ သားငယ်
မနက်မှမင်းအကိုနဲ့ တွေ့တော့"
"ဟုတ်အမား ကျွန်တော်အမားကိုရော ပါပါးကိုရော ချစ်တယ်နော် "
"အင်း သွားနားတော့ သားငယ်"
စိုင်းမင်းခ က ဒေါ်မေခကို အနမ်းတစ်ပွင့်ပေးပြီးတာနဲ့ အပေါ်ထပ်ကာ အခန်းထဲကိုတက်သွားလိုက်တော့သည်။
ဒေါ်မေခကတော့ ဦးစိုင်းနောင်နားသွားကာ သက်ပြင်းလေးသဲ့သဲ့ချကာ ပြောလိုက်တော့သည်။
"ကိုစိုင်းနောင် ဒီအတိုင်းဆို စေ့စပ်တာကို ဖျက်သိမ်းဖို့က ခက်မယ်မထင်ဘူးလားဟင်"
"စိုင်းက တွေးတတ်မှာပါမေရယ်"
"ဒါပေမယ့် မိဘတွေကြောင့် မေ့ရဲ့သားလေးကို
သူ့ချစ်ခြင်းနဲ့ဝေးရာကို မေ မတွန်းထုတ်ချင်ဘူး "
"ဒါပေမယ့်လဲမေရယ်......"
"မေ့သားငယ်လေး ဒီလောက်ပျော်ရွှင်နေတာကို
မေအခုမှမြင်ဖူးတာ မောင်ခွန်းခက်ပိုင် အကြောင်းပြောတော့ သူ့မျက်နှာလေးကပြုံးလို့ရွှင်လို့ မေတကယ် မေ့သားငယ်လေးကို စိတ်ဆင်းရဲအောင်မလုပ်ချင်ဘူး"
"ကိုယ်တို့ ကံကြမ္မာကိုဘဲ အပြစ်တင်ရမှာပေါ့
မေရာ ကိုယ်ဒီအလုပ်ကိုစွန့်လွှတ်ပြီး ဟိုထဲမှာခဏနေလိုက်မယ် အဲ့တာဆိုရင် သားငယ်လေးလဲ စိတ်ဆင်းမရဲရတော့ဘူး ပြီးတော့ အခုလိုမျိုး အခုလိုမျိုး ခြိမ်းခြောက်စာတွေလဲ မရတော့ဘူး"
"အဟင့်....မေတော့ တကယ်ရူးချင်တာဘဲ
ကိုစိုင်းနောင်ရယ်"
ဒေါ်မေခက ဦးစိုင်းနောင်ရင်ခွင်ထဲတိုးဝင်ကာ ငိုမိပါသည်။လှေကားထစ်တွေကနေ ဆင်းလာတဲ့ စိုင်းမင်းခကိုတော့ သူတို့မမြင်ခဲ့ပါ။
.
.
.
.
.
.
.
"သားငယ် အရက်တွေအများကြီးမသောက်နဲ့နော်"
ဘာလိုလိုနဲ့ စိုင်းမင်းခ ရှမ်းပြည်ရောက်တာ ၁ ပတ်ကျော်ပြီဖြစ်သည်။ဒီနေ့က မွေးနေ့လဲ ဖြစ်တာမို့ မနက်ခင်း မှာ ဘုရားသွားကာ အကုန်လှူတမ်းပြီး ညနေဘက်မှာတော့ သူငယ်ချင်းတွေနဲ့ ဘားမှာချိန်းထားကာ ပြန်လည်တွေ့ဆုံပွဲရော
မွေးနေ့ရော အကုန်ရောပြီးလုပ်ဖို့လုပ်လိုက်တော့သည်။
"စိုင်း ငါ့ဆောင်းလေးကိုမင်းဆီအပ်လိုက်မယ်နော်"
"ကိုယ့်ဘာသာလိုက်ထိန်း အကိုကြီးမိန်းကလေးကို လိုက်ထိန်းဖို့ထိ ကျွန်တော်အားမနေဘူး "
"မင်းကတော့လေ "
စိုင်းစစ်မင်းအပြောကို စိုင်းမင်းခက ရယ်ရယ်မောမောလေးပြောကာ ဆိုင်ကယ်စီးပြီးထွက်လာလိုက်တော့သည်။
ကိုယ်ပိုင် Bar မို့ VIP အခန်းသီးသန့်ငှားကာ
သူငယ်ချင်းတွေနဲ့ ချိန်းထားပြီးတာဖြစ်တာမို့
VIP အခန်းကိုသာတန်းဝင်သွားဖို့လုပ်လိုက်ပေ
မယ့် Bar ထဲဝင်ဝင်ချင်း တွေ့လိုက်ရတဲ့ သူမ။
"Hello မတွေ့တာကြာပြီနော် စိုင်း"
"မာ ယာ နွယ် "
"Happy Birthday နော် စိုင်း
ပျော်ရွှင်စရာမွေးနေ့လေးဖြစ်ပါစေ"
"ခင်ဗျားမျက်နှာကိုမြင်ပြီးတည်းက ကျုပ် ပျော်ရွှင်မှုဆိုတာ ဘားမှမရှိတော့ဘူး"
"ဟားဟား.....စိုင်းက နွယ့်ကို အဲ့လောက်တောင်
မုန်းနေတာလား"
မာယာနွယ်က ခပ်သဲ့သဲ့ပြောတော့ စိုင်းမင်းခ က မာယာနွယ့်အနားကပ်ကာ တိုးတိုးလေးပြောလိုက်တော့သည်။
"ခင်ဗျားက ကျုပ်မုန်းဖို့တောင်မတန်ဘူး
အရမ်းအောက်တန်းကျလို့လေ"
"စိုင်း မင်း ခ "
"ခွင့်ပြုအုန်း ကျွန်တော်အားနေတာမဟုတ်....
အင့်"
"စိုင်း....."
*ကိုကို*
___________________________
26.03.2023(Sunday)(6:00 P.M& 8:30P.M)
အရင်ပတ်ကမအားလို့မတင်လိုက်ရတဲ့အတွက်
ခွင့်လွှတ်ကြပါ။ပြီးတော့ ဟိုစီက Single စစ်"ပါလို့။ရည်းစားရနေလို့ Update ကြာတာမဟုတ်ရပါဘူးဗျာ😭
#hosy
(Zaw Gyi)
အနမ်းလေးတစ်ပွင့်။
မမခင်"
"ကိုကို"
ကိုယ်လာခဲ့မယ်"
"စိုင်း.....အင့်"
************************
"ဟိုဟာလေ......"
သျှားထက်ပါဗျ "
!ဟား...ဟား.....!
"ဟုတ်"
"ခင်"
"ဟင် ရတု"
"အင်း ဟုတ်ပါ့နော်"
ကျွန်တော်မေးနေတယ်လေ"
"အင်း ရည်းစားဟောင်း"
"ဟုတ်လား
ထင်နေတာ"
"ဟားဟား...."
.
.
.
.
.
.
မနေချင်ဘူး"
"ဒေလီယာ"
"မမ့"
"ဘယ်ဟာလဲ"
ငါမပြောတတ်ဘူး"
"စေ့စပ်ထားတဲ့သူ"
"မသိဘူး အဲ့လူ အဲ့လူ"
"ဟမ်"
ပါသွားလိမ့်မယ်နော်"
"ဒေ လီ ယာ!"
"ရပါတယ် မမ
"စိုင်း"
"သျှား"
"ဗျာ"
"ဟုတ်"
"ဒါနဲ့ခင်....."
"ဒါပေမယ့်...."
"လာပါဗျာ"
"သျှား"
"ဗျာ"
မင်းကတော့လေ....."
"ဒါပေမယ့်......"
.
.
.
.
.
"အမား သားပြန်ရောက်ပြီ"
"ရောက်ပြီလား "
"ဟုတ်ကဲ့ ပါပါး"
ဖက်လိုက်တော့သည်။
"အဟင့်.....ပါပါး"
ဘာတွေရှိသေးလား"
"ကဲ သွားနားတော့ သားငယ်
"ဒါပေမယ့်လဲမေရယ်......"
ကိုစိုင်းနောင်ရယ်"
.
.
.
.
.
.
.
"မင်းကတော့လေ "
"မာ ယာ နွယ် "
မုန်းနေတာလား"
"စိုင်း မင်း ခ "
အင့်"
"စိုင်း....."
*ကိုကို*
___________________________
#hosy