~From the eyes to the heart ~

By soethin206

5K 540 47

sometimes ; love is not enough More

✨ intro ✨
အပိုင်း ၁
အပိုင်း ၂
အပိုင်း ၃
အပိုင်း ၄
အပိုင်း ၅
အပိုင်း ၇
အပိုင်း ၈
အပိုင်း ၉
အပိုင်း ၁၀
အပိုင်း ၁၁
အပိုင်း ၁၂
အပိုင်း ၁၃

အပိုင်း ၆

288 44 2
By soethin206

ဒီလိုနဲ့ လတွေတလပြီးတလကုန်ဆုံးသွားပြီ ဆုထက်လည်းစာသင်ရင်း အန်တီလည်း ရုံးအလုပ်တွေအလုပ်ရှုပ်ရင်းမတွေ့ဖြစ်ကြ

ဟေသူလေးတောင် ၄တန်းပြီးလို့ နွေရာသီကျောင်းပိတ်ရက်မှာလည်း မနားချင်ဘူးဆရာမနဲ့စာသင်မယ်ပြောတာကြောင့် စာသင်ရန်ဟေသူလေးတဝိုင်းသာအချိန်ရှိသည်

"ဆရာမ မီးမီးရောက်ပြီ  ...."

"ဟင် ညီမ...."

ဟေသူကိုလိုက်ပို့တဲ့ ဦးဦးက ဆရာမကိုနှုတ်ဆက်လိုက်သည်

"ဦးဦး ဦးဦးက ဆရာမကိုသိလို့လား "

"သိတာပေါ့ ဟိုတခါ စာအုပ်တွေဝယ်ပေးတုန်းကလေ အဲ့စာအုပ်ဆိုင်မှာ ဒီကညီမ အဲ မီးမီးရဲ့ဆရာမရဲ့တွေ့ဖူးတာ ဟုတ်တယ်နော် ဆရာမ..."

"‌အဲ.. ဟုတ်တယ်သမီးလေး.. "

"ဧည့်သည်ကိုအိမ်ထဲမခေါ်တော့ဘူးလား..."

"ခေါ်ပါတယ်ရှင် ထိုင်ပါဦး...."

တကယ်ဆိုတစိမ်းယောကျာ်းလေးနဲ့စကားတောင်မပြောချင်ပါ သို့ပေမဲ့ ဟေသူ့ရဲ့ဦးလေးဖြစ်တာကြောင့် မကောင်းတတ်လို့ ဝင်ခိုင်းလိုက်သည်

"ဦးဦးပြောတော့ သွားစရာရှ်ိတယ်ဆို တော်ကြာအချိန်မမှီဘဲနေဦးမယ်..."

"မီးမီးကလည်း ရပါတယ် ဟဲဟဲ ဆရာမနဲ့စကားပြောဦးမယ်လေ .."

"အခုတမျိုးတော်ကြာတမျိုး..."

ပြောပြီး ဟေသူလေးက စားပွဲဝိုင်းမှာထိုင်ပြီး စာဖတ်နေသည်

ဆုထက်လည်းဘယ်ကစပြောဖို့စကားရှာမရ တကယ်လည်းပြောစရာစကားမရှိ

"ဆရာမ တယောက်ထဲနေတာလား "

"မေမေနဲ့နေတာပါ မေမေက ခေါင်းရင်းအိမ်ခနသွားလို့..."

"ဟေသူလေးက အိမ်မှာဆရာမအကြောင်းအမြဲပြောတာဗျ စာသင်လည်းကောင်းတယ် ချောလည်းချောတယ်ဆိုတဲ့အကြောင်းလေ..."

"ချီးကျူးပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်ရှင် ကျွန်မဟေသူလေးကိုစာသင်လိုက်ဦးမယ်နော်..."

"ဟုတ်သားပဲ ကျွန်တော်က အလိုက်မသိဘူး ဒီလောက်နဲ့ပြန်လိုက်ပါဦးမယ် ဟေသူပြန်ပြီနော် ဦးဦးလာကြိုမယ်နော်..."

ဟေသူလေးကိုတာ့တာပြပြီးပြန်သွားသည်

. ... 

"ဟဲ့...ဘာတွေများဒီလောက်တောင်ဖီးလိမ်းနေတာလဲ တကိုယ်လုံးလည်းမွှန်ထူနေတာပဲ "

ဧည့်ခန်းထဲက မှန်ရှေ့မှာ ခန္တာကိုယ်တခုလုံးပေါ်အောင်တမျိုး ဆံပင်ကိုတမျိုး အကျီကော်လံကိုတမျိုး အမျိုးမျိုးလုပ်နေတဲ့ ဝဏ္ဏကို ဒေါ်စိုးယုမေ လှမ်းပြောလိုက်သည်

"ဟေသူ့ကိုသွားကြိုမလို့လေ...."

"အမလေးတော်... နေဆယ်စင်းအပြိုင်ထွက်လာတော့မှာပဲ မနက်ကသွားပို့ခိုင်းတာတောင် ဆူဆောင့်နေတဲ့သူက.   "

"ဒါကတော့ဗျာ.. ဒီလိုပဲပေါ့..."

"ရိုးတော့မရိုးတော့ဘူးဟေ့ ဒီမှာလာထိုင်စမ်းပါ ဟိုနေ့‌ကကောင်မလေးကိုပြန်တွေ့လို့လား "

"ဟုတ်တယ်ဗျာ မမ ကံကြမ္မာဆိုတာတကယ်ယုံသွားပြီ..အဲ့ကောင်မလေးကလေ ဟေသူ့ရဲ့ဆရာမဗျ ဆရာမ .. "

"ဟေ...."

"မမလည်းအံ့ဩသွားတယ်မလား ... ကျွန်တော်ဆိုဝမ်းသာနေတာ ပါးစပ်တောင်စေ့မရဘူးဗျာ "

"အော်..."

"မမပုံစံကြီးကလည်းဗျာ မပျော်တဲ့ပုံနဲ့..."

"ပျော်ပါတယ် ငါ့မောင်ရယ်.."

"ဒီလိုပဲဖြစ်ရမှာပေါ့ဗျာ...ဟဲဟဲ သွားလိုက်ဦးမယ်နော် ဆရာမကိုယောင်းမတော်ဖို့သာပြင်ထား..."

......

"သမီးဟေသူ ဦးဦးလာကြိုပြီလေ စာအုပ်တွေသိမ်းတော့နော်..."

အိမ်ရှေ့မှကားသံကြားတာကြောင့် ဆုထက်လှမ်းကြည့်လိုက်တော့ ကားနောက်မှန်ကိုကြည့်ကာ ဆံပင်သပ်တာမပြီးနိုင်တဲ့ မျက်နှာရူး

အိမ်ထဲဝင်လာမည်ဆိုးတာကြောင့် ဟေသူ့ကို ခပ်မြန်မြန်သိမ်းခိုင်းလိုက်ပြီး အိမ်ရှေ့လိုက်ပို့လိုက်သည်

"ဆရာမ ..... ဟေသူ့ကိုမုန့်လိုက်ကျွေးမလို့ ဆရာမပါလိုက်ခဲ့ပါလား မိတ်ဖြစ်ဆွေဖြစ်ပေါ့ဗျာ...."

"ဦးဦး သမီးဗိုက်တင်းနေ....."

အလိုက်ကန်းဆိုးမသိတဲ့ဟေသူ့ကိုပါးစပ်ပြေးပိတ်ရသည်

"အော်..ရပါတယ် လုပ်စရာအလုပ်လေးတွေရှိသေးလို့ပါ နောက်မှပေါ့ သမီးဟေသူ တာ့တာနော် "

ဟေသူ့ကိုနှုတ်ဆက်ပြီး အိမ်ထဲဝင်သွားတဲ့ ဆရာမကို ကိုဝဏ္ဏတဆုံးလိုက်ကြည့်နေမိသည်

"ဦးဦး မျက်လုံးလည်းကျွတ်ထွက်သွားဦးမယ် "

"သမီးလေး မီးမီး ဟေသူလေး..  ဘာမုန့်စားမလဲ"

"တော်ပါပြီ ကိုယ့်ဟကိုစားတာများပြီးရင်ပြည့်နေရတဲ့ဟာကို...."

ပြောပြီး ကားပေါ်တတ်လိုက်သည်

ဝဏ္ဏလည်းကားပေါ်တတ်ပြီး

"မီးမီး မီးမီးဆရာမက မီးမီးအဒေါ်ဖြစ်လာမယ်ဆိုရင်သဘောကျလား .."

"အဒေါ် ဟုတ်လား ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ.."

"ဖြစ်လာမယ်ဆိုရင်လို့ပြောတာကွာ..  "

"မီးမီးကဆရာမကိုသဘောကျပြီးသားလေ အဲ့တော့ ဘယ်လိုပုံဖြစ်ဖြစ်သဘောကျတယ်.... "

"ဒါပဲလေ ဒီလိုပဲဖြစ်ရမှာပေါ့.."

လက်သီးလက်မောင်းတန်းပြီးပြောဆိုနေတဲ့ ဦးဦးကိုကြည့်ပြီး ဟေသူနားမလည်နိုင်တော့ပါ..

... 

"အန်တီ အန်တီ့နာမည်နဲ့စာတခုရောက်လာပါတယ် "

မြမှူးက ပေးလိုက်ရင်း ဒေါ်စိုးယုမေ ဖောက်ဖတ်ကြည့်လိုက်သည် တရားရုံးကဆင့်ခေါ်တဲ့စာ တရားလိုက ‌ဒေါ်မြတ်ခင်တဲ့

"အော် ဒီအဖွားကြီးနှယ့် အိမ်မှာအလုပ်မရှိဘူးထင်တယ် မြမှူးရေ ဒီစာရွက်လေးဖတ်ပြီး အချိန်ဇယားထဲထည့်လိုက်ပါကွယ်.. "

....

"မေမေ သမီး မဂ်လာဆောင်သွားဦးမယ် "

ဒီနေ့မဂ်လာဆောင်‌ရှ်ိတာကြောင့် ‌ဆုထက် အလှပြင်ရင်း မေမေ့ကိုလှမ်းပြောလိုက်သည်

"ဘယ်သူဆောင်တာလဲသမီး..."

"ငယ်ထွေးလေ.."

"သူများပွဲတွေချည်းတတ်မနေနဲ့ သမီးရေ "

"မေမေရေ မျှော်လင့်မနေနဲ့ ဆုထက်အတွက်ကယောကျာ်းဆိုတာကြည့်ရတဲ့အစားထဲမှာမပါဘူး"

"ထမင်းကိုကုန်အောင်စား စကားကိုအကုန်မပြောနဲ့သမီး...."

မီးဖိုချောင်ထဲမှာ ဟင်းချက်နေရင်း ဆုထက်မေမေလှမ်းပြောလိုက်သည်

ဆုထက်လည်း အကုန်ပြင်ဆင်ပြီးတာကြောင့် အကျီဟိုဆွဲချဒီဆွဲချလုပ်ကာ ထွက်ခဲ့လိုက်သည်

"ဒီဝမ်းဆက်လေးနဲ့တကယ်လှတယ် သမီးတခါမှအဝါရောင်မဝတ်ဖူးဘူးနော်..."

"ဟုတ်တယ်မေမေ ဟေသူ့မေမေပေးတာလေ လက်ဆောင်တဲ့..."

"ရွေးလိုက်တာကွယ် အသားအရည်လေး‌နဲ့ဟပ်နေတာပဲ"

ဟုတ်ပါသည် ဆုထက်ကအသား‌ဖြူဖွေးပြီးကြည့်ကောင်းတဲ့ခန္တာကိုယ်လည်းရှိတော့ ဘာဝတ်ဝတ်လှနေသည်

.......

မဂ်လာဆောင်ရောက်တော့ သူငယ်ချင်းတွေကလှမ်းခေါ်တာကြောင့် သွားထိုင်လိုက်သည်

ဆုထက်ကသူငယ်ချင်းများများစားစားမရှိ ဆရာအတတ်သင်သင်တန်းမှာခင်တဲ့သူငယ်ချင်းနည်းနည်းသာရှိသည်

သူငယ်ချင်းများနဲ့စကားပြောနေရင်း ဘေးဝိုင်းတွေကို မျက်လုံးဝေ့ကြည့်လိုက်တော့

ဝိုင်အနီရောင်ဝမ်းဆက်ကို လည်ပင်းပြဲပြဲလက်လျောအကျီလေးနဲ့လှချင်တိုင်းလှနေတဲ့အန်တီ

ပေါ်နေတဲ့ ဖြူဖြူဖွေးဖွေးဂုတ်သားလေး လည်ပင်းလေးနဲ့‌ထောက်ထွက်နေတဲ့အရိုးသေးသေးလေးနှစ်ခုဟာ ဆွဲမက်စရာအတိ

ဆံပင်ကိုလည်းပြေလျော့‌လျော့လေးထုံးထားပြီး ရှေ့ဆံပင်လေးတွေဟိုချဒီချလုပ်ထားသေးသည်

ဝတ်ဆင်ထားတဲ့အဆင်တန်ဆာကိုလည်းကြည့်ပါဦး ပတ္တမြားတဆက်စာ ဘယက် လက်ကောက် လက်စွပ် နားကပ်ကအစ

ဝတ်ထားတဲ့ဝိုင်ရောင်ဝမ်းဆက်လေးနဲ့လိုက်ဖက်လွန်းသည် မထိရက်မကိုင်ရက်စရာအောင်ကိုချစ်စရာကောင်းသည်

စကားပြောနေရင်း ဆံပင်လေးတွေသပ်လိုက်ပြီး နှုတ်ခမ်းလေးကိုလက်လေးနဲ့ကွယ်ကာရယ်လိုက်သေးသည်

ထိုအမျိုးသမီးကို တကယ်စွဲလန်းမိသည်

"ဟိတ်.... ဟိုကလေးမ မင်းကိုကြည့်နေတာ စ  ထိုင်ထဲကအခုထိပဲ..."

ဘေးကတယောက်‌ပြောတာကြောင့် ‌စိုးယုမေ လည်း မျက်လုံးကစားကြည့်မိသည်

တွေ့ပါပြီ စိုက်ကြည့်နေတဲ့သူကို

သူလက်ဆောင်ဝယ်ပေးထားတဲ့ အဝါရောင်ဝမ်းဆက်ကိုရိုးရိုးလေးချုပ်ထားပြီး ဆံပင်မြောက်မြောက်လေးစီးကာ မျက်လုံးရွဲတွေနဲ့ကြည့်နေနဲ့ ဆုထက်သွင်

နှစ်ယောက်သားအကြည့်ချင်းဆုံသွားတာကြောင့် ဆုထက် ခေါင်းထဲရှိန်းခနဲဖြစ်ကာ ဘာလုပ်ရမှန်းမသိပြာယာခပ်သွားသည်

ထသွားပြီးနှုတ်ဆက်လို့ကလည်းမရ မဂ်လာအစီအစဉ်ကစနေပြီဖြစ်သည်

နှစ်ယောက်သား အပြန်အလှန်ပြုံးပြလိုက်ရင်း ခေါင်းလေးငြိမ့်လိုက်ကြသည် ..

"အသိတွေလား.. "

"သမီးလေးရဲ့ဆရာမလေ.. စာအသင်အပြအရမ်းကောင်းတယ်..."

"ဆရာမအကြည့်တွေကလည်း တပည့်ဖြစ်သူအမေကို ဆွဲစားမတတ်ဘဲဟေ့..  အကြည့်တွေကမရိုးသားဘူး..."

"ကဲပါ.. အတင်းကပြီးမှပြော ဟိုမှာ မဂ်လာအစီအစဉ်လုပ်နေတယ် ရှူးး..."

ဘာတွေပြောနေမှန်းမသိပေမဲ့ လက်ဟန်ခြေဟန်နဲ့စကားပြောနေတဲ့အန်တီ့ကို ဆုထက် ငေးကြည့်မပြီးသေးပါ...

"ဟဲ့ ဆုထက်..."

"ဟေ..."

"အမ‌လေးဟယ် ငါခေါ်လိုက်ရတာ . အသက်ထွက်မတတ်ဘဲ..စင်ပေါ်ကမိုက်ငှားပြီးတောင်ခေါ်ရမယ်ထင်သွားတယ်။ "

"နင်ကလည်း ငါကြားပါတယ် အဲ့လောက်မဟုတ်ပါဘူး.  ဘာလဲပြော..."

"ဟိုမှာ ငယ်ထွေးက တို့သူငယ်ချင်းအုပ်စုကိုခေါ်နေတယ် ဓာတ်ပုံရိုက်ဖို့ လာ.."

ခေါ်တာကြောင့်စင်ပေါ်တတ်သွားလိုက်ပြီး ဓာတ်ပုံရိုက်ရန်နေရာယူလိုက်သည်

စင်ပေါ်ကနေအန်တီ့ကိုကြည့်တော့ မျက်လုံးတည့်တည့်မှာ မီးလုံးတွေရှိတာကြောင့်မမြင်ရပါ

...  

"ချပ်... ချပ်..."

"အမယ် ဓာတ်ပုံတွေဘာတွေရိုက်လို့ပါလား  "

စင်ပေါ်ကိုချိန်ရွယ်ပြီး ဓာတ်ပုံရိုက်နေတဲ့ စိုးယုမေကို ဘေးကတယောက်လှမ်းပြောလိုက်သည်

"အမှတ်တရသိမ်းထားတာပေါ့ .. "

"ပြစမ်းပါဦး ဓာတ်ပုံလေး...."

"နင်ဟယ် ဟိုမှာကြည့်ပါလား အတူတူပဲ ငါ့ဖုန်းထဲကကြည့်လည်းအတူတူပဲ..."

"နင်နော် ဖုန်းထဲမှာငါတို့မသိစေချင်တဲ့ဟာတွေများရှိလို့လား.."

"ဘာမှမရှိဘူး...."

...... 

ရက်အနည်းငယ်ကြာပြီးနောက်....

"ဘယ်သူ့တွေ့ချင်လို့လဲ ကောင်လေး.."

အိမ်ရှေ့မှ မေမေရဲ့တစုံတယောက်ကို‌တခုခုမေးနေသံကြားလိုက်သည်

"ဟို ဆရာမ ဆုထက်သွင် နဲ့တွေ့ချင်လို့ ကျွန်တော်က  ဟေသူ့ဦးလေးပါ..."

"သမီးရေ ဧည့်သည်ရောက်နေတယ်..."

မေမေ့ခေါ်သံကြောင့် အခန်းထဲမှာတံမြက်စည်းလှဲနေတဲ့ ဆုထက်အပြင်ကိုထွက်ခဲ့လိုက်တော့.

"အော် ကိုဝဏ္ဏဘာကိစ္စများရှိလို့လဲ..."

"ညနေကျ ဟေသူ‌နဲ့မုန့်သွားစားမလို့ အဲ့တာဆရာမလိုက်ခဲ့ပါလား "

"မလိုက်‌တော့ဘူးရှင့် မုန့်မစားတတ်လို့ပါ .."

ဆုထက်လည်းအပြတ်ငြင်းလိုက်ပြီး လုပ်စရာရှိသေးတာကြောင့် အပြင်သွားရဦးမယ်လို့ပြောပြီး ထွက်ခဲ့တာမို့လို့ မေမေနဲ့ပဲစကားပြောကျန်ခဲ့သည်

ဆုထက်လည်း ထွက်သာထွက်လာခဲ့တာ သွားစရာနေရာကမရှိ‌တာကြောင့် စိတ်ပြေလက်ပျောက် shopping ထွက်မယ်စိတ်ကူးမိတာကြောင့် အန်တီနဲ့သွားဖူးတဲ့ city mall သို့သာထွက်ခဲ့လိုက်သည်

ရောက်တော့လည်း ခြေထောက်ညောင်းအောင်လျှောက်ပြီးဝယ်စရာမရှ်ိတာကြောင့် seasons မှာ ကော်ဖီသောက်နေသည်

ကော်ဖီသောက်နေရင်းတောင် အန်တီ့ကိုသတိရမိသည် ကော်ဖီမကြိုက်တဲ့အန်တီ

"သမီး..."

*ဟင် ဆုထက်နင်ရူးနေပြီ ကြည့်စမ်း အန်တီ့ခေါ်သံတောင် ကြားယောင်နေတာလား ဒီအရူးမ *

ခေါင်းကိုသုံးလေးချက်လောက်ခေါက်လိုက်သည်

"သမီး ခေါ်နေတာကိုပြန်မထူးဘဲ ဘယ်နှယ့်ခေါင်းခေါက်နေရတာတုန်း..."

ပြတ်ပြတ်သားသားခေါ်သံကြောင့် ဘေးသို့ကြည့်လိုက်မိသည် အန်တီပါ အစစ်အမှန်ကိုအန်တီပါ

"အန်တီ ဒီကိုဘယ်လိုလုပ်ပြီး...."

မျက်လုံးကျွတ်ကျမတတ် အံ့ဩနေတဲ့ဆုထက်ကို အန်တီစချင်သွားသည်

ထိုင်ခုံကိုဆွဲကာ ဘေးမှာကပ်ထိုင်လိုက်ရင်း.

"ဘာဖြစ်လို့လဲ အန်တီဒီကိုမလာရဘူးလို့ စာများထုတ်ထားလို့လား..."

"မဟုတ်ပါဘူး ရုတ်တရက်တွေ့လိုက်တော့ အံ့ဩသွားရုံပါ..."

"အံ့ဩရင် မုန့်ဝယ်ကျွေး...."

"ဟင်...."

"လာပြန်ပြီ ထပ်အံ့ဩပြန်တာလား ..."

"ကလေးမဟုတ်ဘဲ မုန့်ဝယ်ကျွေးခိုင်းနေလို့ "

"ကဲ လာပါ ဗိုက်ဆာနေပြီရှင့်...."

ဆုထက်လက်ကိုဆွဲသွားပြီး စားချင်သည်များကိုယူကာ ကောင်တာရှေ့မှာရပ်ပြီး ဆုထက်ကို ရှင်းလိုက် ဆိုပြီး မျက်စာပစ်ပြလိုက်သည်

အန်တီရဲ့ချစ်စရာအပြုအမူတွေကြောင့် နွေရာသီမှာ ဆုထက်အရည်ပျော်ကျတော့မည်

ကိုဝဏ္ဏအကြောင်းဆုထက်မေးရင်ကောင်းမလားမကောင်းဘူးလား အချိန်တော်တော်ကြာအောင်စဉ်းစားပြီးတော့...

"ဟိုလေ အန်တီ တခုလောက်မေးချင်လို့..."

သောက်လက်စ lemon tea ကို စားပွဲပေါ်တင်လိုက်ရင်း

"တခုမကဘူး ကြိုက်သလောက်မေး..."

"ကိုဝဏ္ဏဆိုတာ အန်တီ့မောင်လား "

"အရင်းတော့မဟုတ်ဘူး ဝမ်းကွဲတွေ ဘာလို့လဲ သမီးကိုအနှောက်အယှက်ပေးလို့လား "

"ပေးတော့မပေးသေးပါဘူး..."

"အဲ့တာဆို ပေးမဲ့အရိပ်အယောင်မြင်တယ်ဆိုတဲ့သဘောပဲ အန်တီဆုံးမလိုက်ပါ့မယ် "

ဆိုပြီး အပြုံးလေးတခု ဆုထက်မသိအောင်ပြုံးလိုက်သည်

တကယ်တော့ အန်တီလည်းအဲ့အကြောင်းကိုမေးချင်နေတာပါ ဆုထက်ကအရင်စမေးလိုက်တော့ ဆုထက်ရဲ့စကားအသွားအလာအရ သူ့မောင်ကို သဘောမကျမှန်းသိသာပါသည် ...

..... 

တနေ့ သမီးလေးဟေသူ့ကိုညဘက်ချော့သိပ်နေတုန်း သမီးလေးက...

"မေမေ.."

"ပြောလေ သမီးလေးအိပ်မပျော်သေးဘူးလား "

"မေးစရာရှ်ိလို့..."

"မေးပါရှင်...."

အိပ်မပျော်တဲ့သမီးလေးကို‌ေပွ့ချီကာပေါင်ပေါ်တင်ပြီးထွေးပွေ့ထားလိုက်သည်

"ဦးဦးကပြောတယ် ဆရာမကမီးမီးအန်တီဖြစ်လာရင်သဘောကျလားတဲ့..."

"ဟင်..."

"အဲ့တာလေ အခုပြန်စဉ်းစားလိုက်တော့ ဆရာမကိုမီးမီး အန်တီမဖြစ်စေချင်ဘူး ဦးဦးနဲ့မတန်ဘူး မေမေ "

ကိုဝဏ္ဏက စီးပွားရေးရှာကောင်းသလို အသုံးလည်းကောင်းသည် တရက်စီးပွားရှာပြီးရင် ၁၀ရက်လောက်ထိုင်စားနေတဲ့လူစားမျိုး အဲ့တာကြောင့်လည်း ဒေါ်စိုးယုမေက သူနဲ့ပတ်သက်ပြီးအလုပ်မလုပ်

ပိုက်ဆံကိစ္စဆိုရင် သူစိမ်းကတောင်းလို့ကောင်းသည်မလား အမျိုးဆိုတော့ နှစ်ဖက်လုံးမျက်နှာပျက်စရာဖြစ်မည်

ဒီလိုကိစ္စကိုသမီးလေးကိုပြောသည်ကိုတော့ ဒေါ်စိုးယုမေ မကြိုက် ဘာမှမသိသေးတဲ့ကလေးကို မဟုတ်တာတွေလျှောက်ပြောတော့ အခုကလေးကအတွေးတွေများပြီးအိပ်လို့မပျော်ဖြစ်နေပြီ

ဒီညတော့ ဟေသူ့ကို အချိန်တော်တော်ကြာအောင်သိပ်ရသည် နာရီဝက်လောက်ကြာမှအိပ်ပျော်သွားတော့မှ ဝဏ္ဏအခန်းသို့ခြေလှမ်းလှမ်းခဲ့သည်

"ဒေါက်ဒေါက်...."

"ဘယ်သူလဲ...."

"မမပါ...."

"ဝင်ခဲ့လေ မမ .. ကိုယ့်အိမ်ပဲ တံခါးခေါက်နေရသေးတယ် .."

အခန်းထဲဝင်သွား‌တော့ ဆေးလိပ်နံ့များနဲ့မွှန်ထူနေသည်

"အဟွတ်.. ဆေးလိပ်သောက်ရင်တော့အခန်းအပြင်ထွက်သောက်ပါငါ့မောင်ရယ် အဟွတ်."

"နောက်ဆို ထွက်သောက်ပါ့မယ် မမရဲ့ အခုဘာကိစ္စရှိလို့လဲ ညဉ့်နက်နေပြီ..."

"သတိပေးစရာရှိလို့ကွယ် .. နောက်ဆို ‌မီးမီးကို မင်းကိစ္စတွေမပြောပါနဲ့ အခုကလေးက တော်ရုံတောင်အိပ်မပျော်ဘူး.."

"ကျွန်တော့်ကိစ္စ... အော် .. ဆရာမ.."

"ဟုတ်တယ် .. မင်းလည်းအရွယ်ရောက်လာပြီပဲ သဘောကျချင်တဲ့သူကိုကျပါ ဘေးလူတွေကိုတော့ ဒုက္ခမရောက်စေနဲ့ပေါ့ကွယ်... "

"မမကလည်း ဟေသူ့ကိုဒီတိုင်းပြောလိုက်တာ ကလေးကလည်းအဲ့လောက်တောင်တွေးရလား.."

"မမမကြိုက်ဘူး နောက်ဆိုဘာမှမပြောနဲ့ပေါ့ကွယ် ကဲကဲ အိပ်တော့ မမသွားတော့မယ်..."

အန်တီလည်း အိပ်လို့မရမှန်းသိတာကြောင့် အခန်းသို့မပြန်သေးဘဲ လသာဆောင်သို့ထွက်ပြီး စိတ်ပြေလက်ပျောက်လေညှင်းခံနေသည်

သေဆုံးသွားတဲ့အမျိုးသားနဲ့အတူတူ မြှုပ်နှံလိုက်တဲ့ နှလုံးသားလေးက ခုနောက်ပိုင်း ဆရာမနဲ့တွေ့တာနဲ့ ဘာလို့ တဒိတ်ဒိတ်ခုန်နေပါလိမ့်

အဖြေကိုရှာမရဘဲ နှလုံးသားရှိတဲ့နေရာကို လက်ကလေးနဲ့ကိုင်ထားလိုက်သည်

"အကို...ကျွန်မဘာတွေဖြစ်နေလဲဆိုတာ ကျွန်မကိုယ်တိုင်တောင်မသိတော့ဘူး..အကို့ ကိုတသက်လုံးချစ်သွားမယ်လို့ထင်ပေမဲ့ အခုချိန်မှာတခြားတယောက်ကိုနေရာပေးဖို့အသင့်ဖြစ်နေတာလား... အကိုရယ် မဖြစ်နိုင်ဘူးမလား သူက သမီးလေးရဲ့ဆရာမလေ ..."

ကြယ်များစုံနေတဲ့ ကောင်းကင်ကိုမော့ကြည့်ပြီး ဒေါ်စိုးယုမေ တိုးတိုးလေးရေရွတ်လိုက်သည်

.......

ဒီနေ့က ဒေါ်မြတ်ခင် တရားစွဲထားတဲ့နေ့ တရားရုံးတတ်ရမဲ့နေ့မို့လို့ ပုံမှန်ထက်အလှဆုံးပြင်သွားသည် ကိုယ့်ကြည့်မရတဲ့သူတွေရှေ့မှာ စုတ်စုတ်ပြတ်ပြတ်နေရင် သူတို့ဝမ်းသာမည်ဆိုးတာကြောင့်ပါ

"ဘယ်လိုလဲ ခုထဲကလက်လျှော့ချင်နေပြီလား..နောက်မကျသေးဘူးနော်.."

ဒေါ်စိုးယုမေ ကားပေါ်ကဆင်းဆင်းချင်း
လာပြောတဲ့ ဒေါ်မြတ်ခင်

"အဟင်း... ကြောက်တတ်ရင် စိုးယုမေ ဘယ်ဟုတ်တော့မလဲ.. ကောင်းပါတယ် တရားရုံးရောက်လာတော့ အသစ်အဆန်းလေးဖြစ်သားပဲ.."

"တရားရုံးတတ်တာ ရှေ့နေငှားရ ဟိုကိစ္စဒီကိစ္စတွေနဲ့ ပိုက်ဆံပိုကုန်တယ် ညည်းတခါထဲပေးလိုက်ရင်ပြီးရော..."

"ဒေါ်မြတ်ခင်ကုန်တာလေ ကျွန်မကုန်တာမှမဟုတ်တာ .. အသက်ကြီးပြီးဘာမှစဉ်းစားနိုင်စွမ်းမရှိတော့လည်းခက်သား..."

မဲ့ပြုံးလေးတခုပြုံးပြလိုက်ပြီး တရားရုံးထဲသို့မာန်ပါပါနဲ့ဝင်သွားလိုက်သည်

.....

"အန်တီ ဒီနေ့ သွားတာအဆင်ပြေရဲ့လား..."

"ပြေတာပေါ့ကွယ် ဘယ်နှယ့် ဥပဒေစာအုပ်ထဲမှာတောင်မရှိတဲ့အကြောင်းအရာကို ရေးကြီးခွင်ကျယ်လုပ်ပြီး အရေးတယူနဲ့တရားစွဲနေလိုက်တာ အန်တီ့ရှေ့နေကပြောတယ် မပူနဲ့ နောက်၃ရက်လောက်ဆို ပယ်ချခံရမှာတဲ့..."

"ဟီးးး ကောင်းတာပေါ့ အန်တီရယ် အန်တီ့အမျိုးသားကကောင်းသလောက် အဲ့အမျိုးတွေကလွန်ကိုလွန်ပါတယ်..."

"ကဲကဲ... မြမှူး ညနေကျ ဦးကောင်းကြွယ်နဲ့စာချုပ်ချုပ်ဖို့ရှိတယ်နော် .. "

"ပြင်ဆင်ထားလိုက်ပါ့မယ်အန်တီ..."

အန်တီသောက်ဖို့ lemon tea တခွက်ကို စားပွဲပေါ်တင်ထားခဲ့ပြီး မြမှူးပြန်ထွက်သွားသည်..

....

"........ "

စာသင်နေရင်း ဆုထက် ဖုန်းဝင်လာသည် အမည်မသိတဲ့ဖုန်းနံပါတ်တခု စာသင်နေရင်းကြောင့် ဖုန်းမကိုင်ဖြစ် သို့သော်လည်းမကိုင်မချင်းဆက်တိုက်ခေါ်နေသည်

လူမှုရေးနားမလည်တဲ ဖုန်းပိုင်ရှင်ကိုဆုထက်စိတ်ထဲကအထင်သေးမိသည် လူတယောက်ဖုန်းမကိုင်ရင် တခါနှစ်ခါထက်ပိုမခေါ်သင့်ဘူးမလား.

"ဟယ်လို "

"ဖုန်းတွေခေါ်လိုက်ရတာကွာ...."

ရင်းနှီးသလိုပြောနေတာကြောင့် ဖုန်းနံပါတ်ကိုပြန်ကြည့်မိသည်

"ဘယ်သူလဲ..."

"ကိုယ်ပါ ဝဏ္ဏ..."

"အော် ဘာကိစ္စရှိလို့လဲ..."

"ဆရာမနဲ့ခင်ချင်လို့ပါ..'

"ဒီမှာ ...ဟေသူ့ဦးလေးမို့လို့ ဒီလောက်အထိလိုက်လျောနေတာပါ ဒီထက်တော့လွန်မလာပါနဲ့ ပြီးတော့ ခင်စရာလည်းမလိုပါဘုး တစိမ်း‌ယောကျာ်းလေးနဲ့အဲ့လောက်ထိလည်းမခင်ချင်ဘူး အခုထဲကအပြတ်ပြောလိုက်မယ်ရှင် ကျွန်မကိုလမ်းတွေ့တောင်ပြုံးမပြပါနဲ့..."

"ဆရာမလေးရယ် ရက်စက်တော့မှာလား.."

"ကျွန်မစာသင်နေလို့ဒါပဲ..."

ဆုထက် ဖုန်းကို ခပ်ကြမ်းကြမ်းချပြီးတော့ ညနေကျ အန်တီ့ကိုဖုန်းဆက်မှဖြစ်မယ်ဆိုပြီးတွေးနေတော့သည်

..   
အန်တီ့ကိုပြောစရာရှိတယ် လို့ပြောတာကြောင့် ရုံးသို့သာလာခိုင်းလိုက်သည်

မနက်ဖြန်မှအန်တီဟေသူ့ကိုလာပို့ရင်းတွေ့မယ်လို့ပြောတာကို ခုချက်ချင်းတွေ့မှဖြစ်မယ်ဆိုတာကြောင့် အခုလိုရုံးကိုလာခိုင်းလိုက်ရတာပါ..

"အန်တီ.. အန်တီပြောထားတဲ့တယောက်ရောက်ပါပြီ "

"အခန်းထဲလွှတ်လိုက်လေ မြမှူး ဧည့်သည်အတွက် ကော်ဖီတခွက်ဖျော်ပေးနော် သူကကော်ဖီသိပ်ကြိုက်တာ"

"ပြောပါဦး သမီး ဘာတွေများအရေးတကြီးပြောစရာရှိနေတာလဲ။  "

"ကိုဝဏ္ဏအကြောင်းပါ အန်တီ .."

"သူကဘာဖြစ်လို့လဲ သမီး..."

မြမှူး ကော်ဖီလာချပေးတာကြောင့် စကားဆက်မပြောသေးဘဲရပ်လိုက်သည် မြမှူးပြန်ထွက်သွား‌တော့မှ....

"သူအရမ်းနှောက်ယှက်လွန်းတယ်အန်တီ သမီးမကြိုက်ဘူး သမီးက ဟေသူ့ဦးလေးအနေနဲ့ အန်တီ့မောင်အနေနဲ့ ကောင်းကောင်းဆက်ဆံပေးနေတာ နေ့ခင်းကလည်းစာသင်နေတုန်းဖုန်းတွေဆက်လိုက်ခေါ်တယ်..."

"အန်တီပြောလိုက်ပါ့မယ်ကွယ် .. ဟို...."

"အန်တီ ပြောစရာရှိလို့လားဟင်..."

"ဟို ဝဏ္ဏက သမီးကိုစိတ်ဝင်စား...."

"ဟိုးထားအန်တီ ဟိုးထား သမီးသိတယ် အဲ့တာကြောင့် အန်တီ့ကို လာပြောတာပါ..."

"အန်တီ့ကိုဘာလို့လာပြောတာလဲ ... ကာယကံရှင်ကိုပြောရမှာပေါ့ "

"ကာယကံရှင်လည်းပြောပြီးသားပါ အခုအန်တီသိအောင်လည်းလာပြောတာပါ...."

အန်တီ က ဆုထက်ကိုမျက်လုံးဝိုင်းဝိုင်းတွေနဲ့ မသိနားမလည်ဟန်ကြည့်လိုက်သည်

"ဟို.. သမီးပြန်လိုက်ဦးမယ်နော် အန်တီ ကော်ဖီအတွက်ကျေးဇူးနော် သောက်လို့ကောင်းတယ် "

လက်ကျန်ကော်ဖီကိုမော့ချပြီးပြန်မယ်အလုပ်...

"အတူတူပြန်ရအောင် အန်တီလိုက်ပို့ပေးမယ်လေ..."

"နေပါစေ အန်တီရယ် ဒုက္ခရှာလို့...."

"ဒုက္ခရှာတာမဟုတ်ပါဘူးကွယ် .. လာပါ..."

အန်တီဆက်တိုက်ခေါ်နေတာကြောင့် မငြင်းနိုင်ဘဲလိုက်ခဲ့လိုက်သည်

လမ်းတလျှောက်ဘာစကားမှမပြောဖြစ်ပါ နှစ်ယောက်လုံး တိတ်ဆိတ်လို့နေသည်

တနေရာရောက်တော့..

"သမီး ဘာမှမစားရသေးဘူးမလား အန်တီတို့တခုခုဝင်စားရအောင်..."

"အိမ်ရောက်မှစားလိုက်ပါ့မယ်အန်တီ ရပါတယ်..."

"အန်တီကမရလို့ပါ.. "

ဆိုပြီး စားသောက်ဆိုင်တခုမှာကားရပ်လိုက်သည်

စားစရာသောက်စရာများကိုမှာလိုက်ပြီး လာချပေးသည်ကိုနှစ်ယောက်သား စောင့်နေသည်

"သမီး ဝဏ္ဏကိုစိတ်ထဲမထားနဲ့နော် အန်တီအားလုံးကိုရှင်းပေးမယ် သမီးစိတ်မညစ်စေရဘူး အန်တီရှ်ိတယ်..."

*အန်တီရှိတယ်* ဆိုတဲ့ အဲ့စကားလေးကဘာရယ်မဟုတ်ဘူးပြောလိုက်ပေမဲ့ ဆုထက်ရင်ထဲကနေ နှလုံးသားထဲအထိနွေးထွေးသွားတယ်

Continue Reading

You'll Also Like

604K 49.7K 24
Indian Chronicles Book III My Husband, My Tyrant. When Peace Becomes Suffocation. Jahnvi Khanna has everything in her life, a supporting family, a hi...
4.8M 302K 108
What will happen when an innocent girl gets trapped in the clutches of a devil mafia? This is the story of Rishabh and Anokhi. Anokhi's life is as...
580K 20.2K 95
"Leave, you're free. Don't ever come back here again." She said, hoping he wouldn't return and she'll get to live Hael was shocked, "Are you abandon...
4.1M 170K 63
The story of Abeer Singh Rathore and Chandni Sharma continue.............. when Destiny bond two strangers in holy bond accidentally ❣️ Cover credit...