ခ်စ္စံအိမ္

By Crescent737

138K 5.7K 45

..... More

1
2
3
4
5
6
7
8
9
၁၀
10
၁၁
11
၁၂
12
၁၃
13
၁၄
14
၁၅
၁၆
16
၁၇
17
၁၈
18
၁၉
19
၂၀
20
၂၁
21
၂၂
22
၂၃
23
၂၄
24
၂၅
25
၂၆
26
၂၇
27
၂၈
28
၂၉
29
၃၀
30
၃၁
31
၃၂
32
၃၃
33
၃၄
34
၃၅
35
၃၆
36
၃၇
37
၃၈
38
၃၉
39
၄၀
40
၄၁
41
၄၂
42
၄၃
43
၄၄
44
၄၅
45
၄၆
46
၄၇
47
၄၈
48
၄၉
49
၅၀
50
၅၁
51
၅၂
52
၅၃
53
၅၄
54
၅၅
55
၅၆
56
၅၇(ending)
57(ending)
Hello attention
Thingyan Festival
Thingyan Festival(uni)
Book details

15

1.8K 99 0
By Crescent737

မိုးမခမောင်နဲ့ပြည့်ဖြိုးလျှံတို့ပြန်လည်မသင့်မြတ်ကြ
သေးပေ။မိုးမခမောင်မှာပြည့်ဖြိုးလျှံရဲ့ပြန်ကာလှန်
ကာပြောခဲ့ပုံများကိုစိတ်ဆိုးနေဆဲဖြစ်ပြီးပြည့်ဖြိုးလျှံ
ကတော့အလိုလိုက်ခံရလို့ဆိုးသွမ်းလို့ရသောသူ့ပုံရိပ်
ကိုထိန်းထားနေဆဲဖြစ်သည်။ဘယ်သူကအရင်အရှုံး
ပေးရမလဲဆိုတာမသိနိုင်ပေမယ့်လတ်တလောအ
ခြေအနေမှာတော့ချစ်စံအိမ်၌ရယ်သံတွေပျောက်ရှ
နေနေဆဲ။

တစ်အိမ်ထဲ၊တစ်အိပ်ယာထဲနေပြီးစကားမပြော
ဘဲသူရှောင်ကိုယ်ရှောင်ဖြစ်နေသည်ကနှစ်ဦးစလုံး
အတွက်နေရခက်ပေသည်။အိမ်တော်ရှိဝန်ထမ်း
တွေတောင်ဟီးဟီးဟားဟားမလုပ်ရဲကြပေ။

မိုးမခမောင်ကတော့ရှောင်ထွက်စရာအကြောင်းပြ
ချက်ရှိလေ၏။မင်္ဂလာပွဲကြောင့်နှောင့်နှေးခဲ့သောအ
လုပ်များကိုအတိုးချကာအကြွေးဆပ်နေသည်။တ
နေ့တနေ့လုပ်စရာမရှိသောပြည့်ဖြိုးလျှံကသာ
ဈေးရောင်းမကောင်းတဲ့ဆပ်ပြာသည်လိုတမှိုင်မှိုင်
တထွေထွေနှင့်

အလုပ်ကအမြဲသွားစရာမလိုပါဘူးလို့ပြောဖူးတဲ့မောင်
ကအခုဆိုနေ့စဉ်သွားနေပြီး၁၀ရက်တောင်မကတော့
ပေ။မနက်၈နာရီဆိုထွက်သွားပြီးည၈နာရီလောက်မှ
ပြန်လာတတ်လေ၏။အိမ်မှာတစ်ရက်နှစ်ရက်ကုန်ဆုံး
သွားတာမသိသာပေမယ့်တစ်ပတ်ကျော်ဖြစ်လာတော့ လျှံပျင်းရိခြောက်သွေ့လာတော့သည်။

"မောင်ရေ~လျှံ ပျင်းလာပြီ"

မနက်ကတည်းကအောက်ထပ်ဆင်းမလာသေးတဲ့
လျှံကိုဦးစိုင်းကဘာစားမလဲ၊ဘာလုပ်ပေးရမလဲနဲ့
တက်တက်ပြီးမေးနေရှာတာမို့လျှံအိမ်နောက်ကပန်းခြံ
ထဲဟိုတူးဒီဆွနဲ့အချိန်ဖြုန်းနေရလေ၏။

"ဦးစိုင်း မောင်ကအခုဘယ်အလုပ်မှာလဲ"

" သခင်လေးကအခုMK လေကြောင်းလိုင်းက
ရုံးခန်းမှာအစည်းအဝေးလုပ်နေတာပါ"

"လျှံ လိုက်သွားလို့ရလားဟင်"

"လိုက်သွားမယ်ဆိုသခင်လေးဆီဖုန်းဆက်မေးပေး
မယ်လေ"

"တော်ပါပြီ သူ့အလုပ်နဲ့သူရှုပ်နေမှာ။လျှံလိုက်သွားရင်
လည်းမောင်ကစကားပြောမှာမဟုတ်ဘူး"

အပြင်သွားမယ်ဆိုလည်း နောက်ကလိုက်ပို့တဲ့အ
စောင့်တွေနဲ့မသွားချင်။မေမေတို့ဆီသွားပြန်ရင်လည်း ၁နာရီလောက်နေပြီးတာနဲ့ ပြန်ချင်။အသွားအပြန်နဲ့
တင်ပင်ပန်း။ဘာကိုအလိုမကျမှန်းမသိပေမယ့်စိတ်
ကကောက်ကွေးချင်လာတော့သည်။

ကြိုက်လွန်းလို့အခါ၂၀လောက်အပြန်ပြန်အလှန်လှန်
ကြည့်ထားတဲ့Harry Potterကားတောင်ဘယ်အ
ခန်းရောက်နေသည်မသိ ကြည့်နေရင်းနဲ့မမြင်တဲ့သူ
လိုပင်။တနေကုန်ဇတ်ကားတွေထိုင်ကြည့်ရင်းနာရီကို
တမော့မော့ဖြစ်နေခဲ့သည်။ည ၈နာရီကျော်ပြီ။
မောင်ပြန်လာတော့မည်။

အိမ်ရှေ့ကကားရပ်သံကြားပြီးအရင်လိုခုန်ပေါက်
ပြေးမကြိုမိပေမယ့်လျှံစိတ်ဝိဉာဏ်လေးကတော့ 
အူယားဖားယားအိမ်ရှေ့ရောက်နှင့်နေပြီ။ကားတံ
ခါးဖွင့်သံ၊ပိတ်သံ၊ခြေသံ။တိတ်တဆိတ်လေးနား
ထောင်နေရင်းလျှံရေ၊ဘေဘီရေမောင်ပြန်ရောက်
ပြီဆိုတဲ့စကားလေးကိုလည်းတိတ်တခိုးမျှော်လင့်
မိနေလေရဲ့။

"လျှံရော ဦးစိုင်း"

"အောက်ထပ်ဧည့်ခန်းမှာTVကြည့်နေပါတယ်
သခင်လေး"

"အော။ကျွန်တော်ပင်ပန်းနေလို့ခဏနေမှ
ဆင်းလာတော့မယ်။လျှံကထမင်းရောစားရဲ့လား"

"ဒီရက်ပိုင်းအစားနည်းတယ်သခင်လေး"

လျှံက TVအသံကိုလျှော့ထားလိုက်တာကြောင့်
မိုးမခမောင်၏စကားပြောနေသံကိုကြားနေရ
သည်။မျှော်လင့်နေသလိုလျှံရှိရာအခန်းဖက်လှည့်
ဝင်မလာဘဲလှေကားပေါ်တက်သွားတဲ့ခြေသံတို့
သာကျန်ရစ်နေနေခဲ့လေ၏။ချက်ချင်းကြီး
တော့လျှံမလျှော့နိုင်သေးပေ။ဆင်းလာမယ်လို့
ပြောသွားတဲ့စကားကြောင့်သူဆက်စောင့်နေ
ရန်သာရှိသည်။တီဗွီဖန်သားပြင်ပေါ်အာရုံလုံးလုံး
မစိုက်နိုင်တော့တဲ့လျှံအတွက်မိနစ်တစ်ခုဆီ
တိုင်းကရှည်ကြာလွန်းလှသည်။

မိုးမခမောင်ကနာရီဝက်ကျော်သွားတဲ့အထိ
ပေါ်မလာခဲ့ပေ။ပြည့်ဖြိုးလျှံရဲ့မျှော်လင့်ချက်တွေ
တစတစချင်းပြိုကျသွားခဲ့ရတော့သည်။

"လျှံလေးအကြာကြီးကြည့်နေတာမျက်လုံးကိုက်လိမ့်
မယ်။အပေါ်တက်နားပါတော့လား"

လည်တဆန့်ဆန့်ဖြစ်နေပေမယ့်ပေပြီးထိုင်ကြည့်နေ
ဆဲလျှံအမူအယာကြောင့်ဦးစိုင်းလူမနေသာနိုင်တော့။
တိုက်တွန်းသူရှိလာတာကပဲပြည့်ဖြိုးလျှံအတွက်ထွက်
ပေါက်တစ်ခုဖြစ်နေသည်။ချော့မယ့်သူမရှိဘဲကောက်
ကွေးရသည်ကရင်နာစရာအတော်ကောင်းလွန်းသည်။

"ဟုတ်"

လျှံထွက်မကြိုတာတောင်ဘာဖြစ်နေတာလဲလို့
မေးခံရခြင်းမရှိတော့။စိ်တ်ကောက်နေတာတော်
လိုက်တော့လို့ဆူခံရခြင်းမရှိတော့။သူဥပေက္ခာ
ပြုခံနေရလေပြီ။

သူတို့နှစ်ယောက်ရဲ့အိပ်ခန်းတံခါးကိုသာသာလေး
တွန်းဖွင့်ပြီးဝင်လာချိန်မှာမိုးမခမောင်ကအိပ်ပျော်
နေပြီဖြစ်သည်။

လျှံကုတင်ပေါ်ငုတ်တုတ်ထိုင်ရင်းတွေးရပြီ။
တကယ်ပဲအလုပ်ပင်ပန်းလို့လား။လျှံကိုပဲအာရုံမရှိ
တော့တာလား။စကားများထားတဲ့ရက်ကဖြင့်
အတော်လေးကြာနေခဲ့ပြီ။အခုထိပုံမှန်ပြန်မဖြစ်သေး
တဲ့အခြေအနေကြီးမှာလျှံမနေတတ်တော့ပေ။
အမြဲတမ်းအလိုလိုက်နေကြကိုဒီတစ်ခါကျမှမောင်က
အင်မတန်တင်းခံနေလေ၏။

မိုးမခမောင်နောက်ကျောဖက်မှာအသာလေးဝင်
အိပ်ရင်းအားငယ်စိတ်နဲ့တိတ်တိတ်လေးငြိမ်
သက်နေမိတဲ့ပြည့်ဖြိုးလျှံ။လျှံဆိုသည်မှာဘယ်
သူ့ကိုမှကြာကြာစိတ်ဆိုး၊စိတ်ကောက်နိုင်သူမ
ဟုတ်ပေ။

မိုးမခမောင်များအလျှော့ပေးလာလေမလားလို့့ 
မျှော်တလင့်လင့်နဲ့တင်းထားမိတဲ့သူ့စိတ်တွေက
ဥပက္ခာပြုခံရမှုအောက်မှာအရည်ပျော်ကုန်တော့
မည်ထင်ပါရဲ့။

ပြည့်ဖြိုးလျှံမှာမိုးမခမောင်ကျောပြင်ကိုတွေတွေေ
လေးကြည့်နေမိရင်းဝမ်းနည်းစိတ်ကလှိုက်ကာ
လှိုက်တက်လာတော့သည်။သူငိုချင်နေပြီ။

သူတစ်လက္မချင်းတိုးတိုးသွားကာအဆုံးမှာတော့မိုး
မခမောင်၏ကျောပြင်နှင့်သူ့နဖူးလေးထိကပ်သွား
တော့သည်။မရဲတရဲနဲ့လက်ကလေးဆန့်ထုတ်ကာ
မိုးမခမောင်ရဲ့ခါးကိုထိတွေ့ထားလိုက်လေ၏။

"အရမ်းနေနိုင်တာပဲ။အင့်"

တိုးတိုးလေးရေရွတ်မိချိန်မှာမျက်ဝန်းထောင့်မှာ
အသင့်စောင့်နေတဲ့မျက်ရည်ကပေါက်ခနဲကြွေကျလာတော့သည်။ရှိုက်သံထွက်လာတဲ့သူ့နှုတ်ခမ်း
ကိုသွားချွန်လေးတွေနဲ့ဖိကိုက်ထားလိုက်ရပြီးမျက်
ရည်တွေကိုတော့မတားဆီးနိုင်တော့ပေ။တလှုပ်
လှုပ်ဖြစ်လာတဲ့သူ့ခန္ဓာကိုယ်ကြောင့်မိုးမခမောင်
အနှောင့်အယှက်ဖြစ်ကာနိုးလာမှာစိုး၍ထိတွေ့
ဖက်တွယ်ထားမိသောသူ့လက်ကိုပြန်ရုတ်သိမ်း
လိုက်သည်။

ထင်မှတ်မထားစွာလျှံလက်ကလေးမှာပြန်ဆွဲယူခံ
လိုက်ရပြီးအစောကအတိုင်းပြန်ဖက်ထားစေရန်
ဖိအားပေးခံလိုက်ရသည်။

*နိုးသွားတာလား*

လျှံဖက်လှည့်ကာကြည့်လာတဲ့မိုးမခမောင့်မျက်ဝန်းတွေမှာလည်းစိုလဲ့နေသည်မို့တစ်ပေါက်
ချင်းကျနေတဲ့လျှံမျက်ရည်တွေမှာမိုးရေတွေအ
လားတလစပ်ကျဆင်းသွားရတော့သည်။

"babyဝမ်းနည်းနေတာလား။မငိုနဲ့။မငိုနဲ့တော့"

"ဟင့်~အီး ဟီး"

ပြည့်ဖြိုးလျှံလက်ကလေးကိုတင်းတင်းလေးဖိ
ဆုပ်ကာတလှိမ့်လှိမ့်ကျနေရှာမျက်ရည်ပေါက်
ကြီးငယ်များကိုစိတ်မကောင်းစွာကြည့်နေရ
သည်။

 "မောင်တောင်းပန်ပါတယ်။မောင်babyကိုစိတ်
မချဘူး။ငယ်လေးကိုလည်းစိတ်မချဘူး။baby
သာတစ်ခုခုဖြစ်ခဲ့ရင်ရင်ကျိုးရမှာကမောင်ပါ။
babyကိုတမင်သက်သက်မောင်စိတ်ညစ်
အောင်လုပ်တာမဟုတ်ပါဘူးကွာ"

"မလုပ်တော့ဘူး။မောင့်ကိုစိတ်ပူအောင်လျှံမလုပ်
တော့ဘူး။ဟင့်။အဲ့ဒါကြောင့်မောင်။ဟင့်။လျှံကို
ဒီလိုကြီးပစ်မထားပါနဲ့တော့နော်။ဟင့်"

"Baby"

"လျှံမလွတ်မလပ်နေရတာထက်မောင်စိတ်ဆိုးမှာ
ပိုကြောက်တယ်။ဒီလိုမျိုးကြီးသူစိမ်းတွေလိုမနေပါနဲ့။
လျှံမောင်နဲ့သူစိမ်းတွေလိုမနေနို်င်ဘူးလို့ ဟင့်"

"Baby"

တင်းတင်းဖက်လာကာရင်ခွင်ထဲအထိဆွဲခေါ်
လာတဲ့မောင့်ကိုလျှံလည်းပဲကျစ်ကျစ်ပါအောင်
ပြန်လည်ဖက်ထားမိလေ၏။ချော့သူရှိမှကျလို့
ပိုကောင်းပုံရတဲ့မျက်ရည်တွေကြောင့်မိုးမခမောင်
ရင်ခွင်တစ်ဝိုက်ခဏအတွင်းစိုစွတ်သွားတော့
သည်။

"မောင်သိပါပြီ။စိတ်မကောင်းမဖြစ်နဲ့တော့နော်။
Babyသွားချင်ရင်သွားပါ။မောင့်လူတွေကိုအဝေး
ကနေပဲ ကြည့်ခိုင်းပါ့မယ်နော်"

နဖူးပြင်ကိုဖိကပ်နမ်းရှိုက်ကာဆိုလာတဲ့မိုးမခမောင်
၏လေသံတို့ကလျှံအပေါ်အလိုလိုက်ကာကြင်နာမှုတို့ စွန်းထင်းလေသည်မို့လျှံမျက်ရည်တွေ၊ရှိုက်သံ
တွေအဆုံးသတ်အောင်ကြိုးစားလိုက်ရသည်။မိုး
မခမောင်ကိုကျစ်ကျစ်ပါအောင်ဖက်ထားမိ
တဲ့လက်တွေကပျောက်ရှသွားတဲ့ကိုယ်ငွေ့ကို
ရှာဖွေတွေ့ရှိသွားလေသည့်အလား။

"Baby"

"အွန်း"

"မောင်တော့လေမင်းလေးကိုချစ်နေမိပြီထင်ပါရဲ့"

"စတွေ့တဲ့နေ့ကတည်းကbabyနဲ့အကြာကြီး
ရင်းနှီးဖူးခဲ့သလိုခံစားရတယ်။ချောတာ၊လှတာ၊
တော်တာ၊ထက်တာ။အဲ့ဒီလိုမိန်းကလေးတွေအ
များကြီးတွေ့ဖူးတယ်။တွဲလည်းတွဲခဲ့ဖူးတယ်။
ဒါပေမယ့်မောင်မချစ်ခဲ့ဖူးဘူး။အဲ့ဒီမိန်းကလေးတွေကလည်းမောင့်ရဲ့သက်ဆိုင်သူမဟုတ်ဘူးဆိုတာအလိုလိုသိတယ်။Babyလေးနဲ့ကျတော့သူကငါရဲ့သက်ဆိုင်သူပဲဖြစ်နိုင်တယ်လို့တွေးမိခဲ့တယ်။Babyလေးရယ်နေတာ၊ပြုံးနေတာ၊ဂျစ်တိုက်တာလေးတွေမှမောင်သဘောကျမိရလွန်းလို့အ
သည်းကြွေလုမတတ်ပဲ။ဒီရက်တွေမှာမောင့်စိတ်တွေဘယ်လောက်တင်းထားရတယ်မှတ်သလဲ။
လုပ်ချင်တာလုပ်ပါစေတော့ကွာဆိုပြီးအလျှော့ပေးလိုက်ချင်မိတဲ့အထိပဲ။Babyလေး
တစ်ဇွတ်ထိုးလုပ်တတ်လာပြီးဆိုးလာမှာစိုးလို့
မောင်တင်းခံထားခဲ့ရတာ"

"မောင်"

"အင်း"

"လျှံမဆိုးတော့ဘူးနော်။မောင်နဲ့မခေါ်မပြောဘဲနဲ့
မနေနိုင်ဘူး။အရမ်းခံစားရတယ်။အရမ်းငိုချင်တယ်။
လျှံလွတ်လပ်တာလည်းမလိုချင်တော့ပါဘူး။
အဲ့ဒီနေ့ကမောင်ကလျှံကိုမင်းလို့လေသံမာမာနဲ့
ပြောလိုက်လို့အရွဲ့တိုက်မိတာပါ"

"အမှန်အတိုင်းပြောရရင်အဲ့ဒီနေ့ကမောင်သဝန်တိုမိ
တယ်။babyလေးဘေးမှာတခြားမိန်းကလေးတစ်
ယောက်ရှိနေတာကိုမောင်ဒေါသထွက်မိတာ"

"အဲ့ဒါမျိုးဇော်ညီမပါ။လျှံနဲ့မောင်နှမတွေလိုပဲနေတာပါ"

"မောင်နားလည်ပါပြီ။babyကိုနားလည်အောင်
မောင်ကြိုးစားပါ့မယ်"

"သူများကိုကျပြောတယ်။သူကျရည်းစားဟောင်း
ကြီးနဲ့ အဆက်သွယ်ရှိနေတာကျတော့ရော"

"သဝန်တိုနေခဲ့တာလား"

"မဟုတ်ပါဘူး"

"ဟုတ်ပါတယ်။ကောင်လေးတစ်ယောက်
သဝန်တွေတိုနေခဲ့တာမလား"

"မဟုတ်ပါဘူးဆို မောင်နော်"

"မော့ပါဦး။ မောင်babyလေးကိုနမ်းပါရစေဦး"

ဆိုင်းမဆင့်ဗုံမဆင့်တုန်ခါသွားရတဲ့သူ့ရင်ခွင်အိမ်
ငယ်လေးကြောင့်လျှံမျက်နှာလေးရဲမှည့်လာတော့သည်။မော့ပါဦးဆိုသူကပြည်ဖြိုးလျှံလုံးဝမော့လာ
တဲ့အချိန်အထိမစောင့်တော့ပေ။

"လွမ်းနေတာ ဒီနှုတ်ခမ်းလေးကို"

"...."

လျှံမှာအနီးကပ်မြင်နေရတဲ့မိုးမခမောင်မျက်ဝန်းထဲ
ကထက်သန်မှုတချို့တလေကိုမကြည့်ရဲတော့စွာ
မျက်လွှာချလိုက်ရင်းခြွေချခံလိုက်ရတဲ့အနမ်းတွေ
အောက်မှာပြိုလဲနေလေ၏။တမ်းတလှိုက်မောခြင်း
တွေ၊နွေးထွေးကြင်နာခြင်းတွေပါတဲ့အနမ်း
တွေကိုလျှံကြည်ဖြူစွာခံယူနေမိသည်။

နှုတ်ခမ်းတစ်စုံလုံးကိုအပေါ်တစ်လှည့်၊အောက်တစ်
လှည့်ပူထူကာထုံကျဉ်လာသည်အထိနမ်းရှိုက်နေရ
တာတောင်အားမရတော့သလိုလျှံလျှာပါးလေးကို
မနာအောင်ဆွဲကိုက်လိုက်၊စုပ်ယူလိုက်၊လျှာအချင်း
ချင်းဖိပွတ်လိုက်နဲ့ရူးသွပ်ဖွယ်ရာညို့ငင်နေလေတဲ့
မောင်။အနမ်းတွေမရပ်တန့်နိုင်တော့သလိုဆက်နေ
ပြီးလျှံခါးလေးကိုဆွဲကာကိုယ်ချင်းနီးအောင်ကပ်လိုက်ခြင်းကြောင့်ထူးခြားနေတဲ့လျှံအခြေအနေကိုရိပ်မိ
သွားတော့သည်။

"baby"

ရှက်လွန်းလို့ပါးပြင်တွေရဲစွေးကုန်တဲ့မျက်နှာကို
လွှဲဖယ်ခွင့်မပေးဘဲထပ်တလဲလဲနမ်းနေရင်းမိုးမခ
မောင်လက်တွေကလျှံပေါက်စလေးဆီရောက်ရှိ
သွားလေ၏။

ကိုယ်တိုင်တောင်ရေချိုးတဲ့အချိန်မှတပါးမထိတွေ့
မိတဲ့ပစ္စည်းကိုတစ်ဖက်လူကတင်းတင်းဆုပ်ကိုင်
ကာလှုပ်ရှားပေးလာခြင်းကြောင့်ပြည့်ဖြိုးလျှံအသိ
စိတ်တွေလွှတ်ထွက်သွားတော့မတတ်ပင်။

"မောင် ဖယ်တော့"

တရိပ်ရိပ်တက်လာနေတဲ့ရင်ခုန်သံလှိုင်းတံပိုးတွေ
ကြောင့်တစ်ကိုယ်လုံးတွန့်လိမ်ကာ
ပူကျစ်လာပြီးတုန်ယင်နေတော့သည်။

မိုးမခမောင်ကသူ့ခါးမှာဝတ်ထားတဲ့ညဝတ်ဘောင်းဘီ
ကိုဆွဲချလိုက်ပြီးသူတို့နှစ်ယောက်ရဲ့အငယ်လေးတွေ
ချင်းတွေ့ဆုံခိုင်းလိုက်တော့သည်။

"မောင်ဖယ်တော့။လျှံ ပြီးတော့မှာ။"

"babyမောင်တော့ရူးတော့မလိုပဲကွာ"

နှ၀်ယောက်စလုံးရဲ့ကိုယ်တွေမှာချွေးတွေစိမ့်ထွက်
နေပြီးအသက်ရှူသံတွေအဆမတန်မြန်ဆန်နေလေ
၏။ပထမဆုံးအတွေ့အကြုံကြောင့်သူတို့အချိန်ကြာ
ကြာမယူလိုက်ရပေ။

"ရေပြန်ချိုးမှရတော့မယ်baby"

"လျှံမလှုပ်နိုင်သေးဘူးလူညစ်ကြီးရဲ့"

"မောင်ပွေ့ခေါ်မှာပေါ့အချစ်တုံးကြီးရဲ့"

"အွန်း။Babyကိုချီ"

ငြိမ်းချမ်းရေးရရုံသာမျှော်လင့်ထားပေမယ့်ဘယ်လို
ကဘယ်လိုချစ်စခန်းရောက်သွားလေသည်မသိ။ပ
ထမဆုံးအကြိမ်ထိတွေ့မိခြင်းကနှစ်ယောက်လုံးအ
တွက်ရင်ခုန်သံအသစ်အဆန်းတစ်ခုဖြစ်ပေါ်လာစေ
ခဲ့သည်။

"မောင်"

"အင်း"

"လျှံကိုယ့်ကိုကိုယ်အဆင့်သင့်ဖြစ်အောင်ကြိုးစားပါ့
မယ်။အဲ့ဒါကြောင့်မောင်အရင်လူတွေနဲ့ ပြန်မပက်
သက်ရဘူးနော်"

"အာ အဲ့ဒါတော့"

"ဟမ် "

မိုးမခမောင်ရဲ့အင်တင်တင်လေသံကြောင့်ပြည့်ဖြိုးလျှံ
ခေါင်းထောင်သွားပြီးရန်တွေ့ရန်အရှိန်ယူလိုက်သည်။

"မပက်သက်ဘူးလို့ ပြောမလို့လေ"

"အဲ့ဒါဆိုအဲ့ဒါတော့ဆိုတာဘာကြီးလဲ။မောင်နော်"

"သဝန်တိုပါတယ်လို့ ရှင်းရှင်းလင်းလင်းဝန်ခံလေ"

"မတိုပါဘူး"

"ဟားဟားဟုတ်ပါပြီ။ဟုတ်ပါပြီ။babyသဝန်တိုတို
မတိုတိုမောင်ကဘယ်တော့မှမဟုတ်တာမလုပ်ဘူး။
လျှံမကြိုက်တာမလုပ်ဘူး။ဟုတ်ပြီလား"

"ကတိနော်"

"ကတိ။ကတိ"

ညဆယ့်တစ်နာရီအချိန်ကြီးမှာနှစ်ယောက်သားရေ
ချိုးဖို့ဖြစ်လာခဲ့သည်။

"အား။မောင်အကျႌတွေစိုကုန်ပြီလေ"

"စိုပါစေလေ။အသစ်ဝတ်မှာပဲကို။လာ မောင်ချွတ်
ပေးမယ်"

"မလုပ်နဲ့။ကိုယ်ဘာကိုယ်ချွတ်မှာ ဖယ်"

"မောင်ကြည့်။ကိုယ်ဘာကိုယ်ချွတ်ပါမယ်ဆို"

"ငြိမ်ငြိမ်နေ။ငြိမ်ငြိမ်မနေရင်နောက်တစ်ခေါက်
စလာလိမ့်မယ်"

"........"

"ဟားဟား ငကြောက်လေး"

"လူယုတ်မာကြီး"

Continue Reading

You'll Also Like

996K 44.8K 27
1950s. ***Story contains mature scenes and Hindi phrases which are not translated in english*** Abhigyan Singh, a Sarpanch of the village named 'Tara...
3.6M 152K 61
The story of Abeer Singh Rathore and Chandni Sharma continue.............. when Destiny bond two strangers in holy bond accidentally ❣️ Cover credit...
352K 1K 10
Fun wlw sex. Different kinks and stuff, all about trying things. May even include potential plot lines and will definitely include some form after ca...
2.7M 13K 5
"Stop trying to act like my fiancée because I don't give a damn about you!" His words echoed through the room breaking my remaining hopes - Alizeh (...