အပိုင်း ၁
"မပြေးနဲ့....''
ရှင်မဟာနောက်ပြေးလိုက်ကြသော အဖွဲ့ထံမှလှမ်းအော်လိုက်ခြင်းပင်။သူမပြေးပဲရပ်လိုက်လျှင် သူအဖမ်းခံရပြီး နှိပ်စက်ခံရမည်မှာ အမှန်ဧကန်စင်စစ်ပင် ဒါကြောင့်သူမရပ်မနားပြေးရပေအုံးမည်။
ထိုသူတိူ့အားမျက်ခြေဖြတ်ရန်ကလည်းမလွယ်။ညကြီးမိုးချုပ်ပြေးနေရပေမဲ့လည်း သူ့အတွက်တော့ကျင့်သားရနေပါပြီ။
တစ်နေရာအရောက် လမ်းတစ်ဖက်ကူးချိန်
"ကျွီ.......''
"ဒုန်း''
"အ့..''
ကားနဲ့တိုက်မိလိုက်ပေမဲ့ ထိုသူတွေလက်မှ လွတ်မြောက်ရန်သာအတွေးပဲရှိ၏။
သို့သော် သူလုံးဝထမရတော့ချေ
သူ့အတွေးနယ်ပယ်တစ်ခုလုံးလည်း ဗလာကျင်းသွားရ၏။
"BOSS လူတစ်ယောက်ကို တိုက်မိပြီ''
"ထားလိုက် လုပ်ကြံသူမဟုတ်ရင် အကြံအဖန်ဖြစ်မယ် ကားကိုသာဆက်မောင်းပါ''
"ဟာ....Boss သူလုံးဝထမလာဘူး အချိန်တောင်၅မိနစ်လောက်ကြာတော့မယ် ကျွန်တော်လူသတ်မိပြီထင်တယ်''
"စိုင်းမာန်......''
ဒီကောင်လူမသတ်ဖူးတာလည်းမဟုတ်ပဲခုမှလာပြီးကြောက်ပြနေသောကြောင့် သူအော်လိုက်ခြင်းပင်။
"ကျွန်တော်ဆင်းကြည့်လိုက်တော့မယ် Bossသာကားပေါ်ကမဆင်းခဲ့နဲ့''
"အင်း''
သူ့Bossထံမှ တန်ပြန်ဖြေကြားချက်ရပြီးသည်နှင့် ကားပေါ်မှဆင်းလာလိုက်သည်။
သူဆင်းသွားချိန် ကုန်ကားကြီးအကွယ်တစ်နေရာမှ ဒေါသသံဖြင့်ပြောနေကြသော လူတစ်စု၏အသံကိုကြားလိုက်ရသည်။သူနဲ့ဆိုင်သည့်အရာမဟုတ်တော့ ထိုလူစုထံအာရုံမရောက်နိုင် သူတိုက်မိထားသောသူထံသို့သာ အာရုံထားလိုက်သည်။
အသက်ရှူမရှူစစ်ဆေးကြည့်တော့ ထိုသူခန္ဓာကိုယ်မှ အပူချိန်တစ်ခုကိုခံစားမိလိုက်သည်။
အဖျားကြီးပြီး သတိလစ်သွားတယ်ထင်တယ်။
ပွေ့ချီရန်ပြင်လိုက်ချိန်
"စိုင်းမာန် ...မင်းအရမ်းကြာနေလို့ငါဆင်းလာတာ ဖယ် ဖယ် သူ့ကိုငါပွေ့ခဲ့မယ် ဆေးရုံကိုသာ ဖုန်းဆက်လိုက်တော့ မင်းလုပ်ပုံကတော့ သေရမဲ့သူဆိုသေပြီးသာကြာပြီ ''
"ဖြစ်ပါ့မလား Boss "
"ဖြစ်လို့ပဲငါပွေ့ထားပြီ သွားတော့မြန်မြန်ဆေးရုံကိုမောင်းတော့''
သတိလစ်နေသောသူအားပွေ့ချီကာ မိမိအားအမိန့်ပေးလာသောBoss။နောက်ထပ်အအော်မခံရအောင် အလျှင်အမြန် ကားပေါ်သို့တက်ကာ ကားစက်နိုးလိုက်သည်။
ညကြီးအချိန်မတော်မှ ဆေးရုံသို့ရောက်ရှိလာသော ဦးခေတ်တံတိုင်း
လက်ထဲမှာလည်းပွေ့ချီလာသောကောင်လေးတစ်ယောက်ကြောင့် ဆေးရုံရှိလူများက အံ့သြစွာကြောင်ကြည့်နေကြသည်။
"ဘာတွေရပ်ကြည့်နေကြတာလည်း လုပ်စရာရှိတာလုပ်ပြီး နင်တို့ဆေးရုံအုပ်ကိုသာဖုန်းဆက်ခေါ်ကြ အရေးကြီးလူနာပါလာတယ်လို့ပြောလိုက်''
"ဟုတ်ကဲ့....''
မမြင်ဖူးသူတစ်ယောက်လို ရပ်ကြည့်နေကြသောသူနာပြုလေးများကိုအော်ငေါက်လိုက်ရသည်။
စိုင်းမာန်နဲ့မထူးမခြားနားကြ အူကြောင်ကြောင်နဲ့
"ဦးတိုင်းဘာများဖြစ်လို့.....''
"ကျွန်တော်ကဘာမှမဖြစ်ဘူး လက်ထဲကလေးဖြစ်တာ ''
သူ့ပွေ့ချီထားကောင်လေးကိုပြလိုက်၏။
ထိုအခါမှကပြာကယာ ထိုကောင်လေးကိုဆေးကုသမှုပြုလုပ်ကြတော့သည်။
စမ်းသပ်မှုတွေရောအစုံအလင်.....
စစ်ဆေးစမ်းသပ်မှုပြီးစီးသွားသော် ထိုကောင်လေးအခြေအနေအားလာပြောပြသည်။
ဘာမှထွေထွေထူးထူးဖြစ်မသွားဘူးဆိုကာမှ သူသက်ပြင်းချနိုင်တော့သည်။
"Boss ပါတီကမသွားမဖြစ် သွားရမှာပါ...''
"ရှူး........''
စိုင်းမာန်၏အပြောကိုဆုံးအောင်ပင်ပြောခွင့်မပေးပဲပိတ်ပင်လိုက်သောbossကြောင့် သူ့မှာကြောင်သွားရသည်။
------------------------------------------------------
-------------------------
"ဘာ.....လွတ်သွားတယ်ဟုတ်လား မင်းတို့ကောင်တွေတော်အသုံးမကျပါလား ဒီလူလေးတစ်ယောက်ကိုဖတ်ခိုင်းလိုက်တာ မဖမ်းနိုင်ကျဘူး...ဟာကွာ...''
မာန်စိတ်တိုစွာဖြင့်မိမိရှေ့ကခုံကိုကန်လှလိုက်ပြီး သူ့တပည့်ဖြစ်သူများ လက်သီးဖြင့်ထိုးလေတော့သည်။
"သွားကြတော့...ငါလူမသတ်ချင်သေးဘူး အဲ့ကောင်လေးကိုသေချာစောင့်ကြည့်ထား ဒီတစ်ခါလွတ်သွားခဲ့ရင်တော့ မင်းတို့အသက်ကိုဖက်နဲ့သာထုပ်ထားလိုက်ကြတော့''
"Yes. ......boss''
"မင်းကငါ့လက်ထဲကထွက်ပြေးချင်နေတယ်ပေါ့လေ ဟက်....မရဘူးကောင်လေး မင်းမှာငါလြက်ထဲကလွတ်မြောက်ခွင့်မရှိသေးဘူး....ဟားဟား....''
စေတမာန်တစ်ယောက် ရှင်မဟာသူ့လက်ထဲကထွက်ပြေးသွားသောကြောင့် အရှူးမီးဝိုင်းတစ်ဖွယ်ပင်ဖြစ်နေတော့သည်။
------------
-----
"နိုးလာပြီလား ကလေး.....''
ကုတင်ပေါ်ကကောင်းလေးလှုပ်လှုပ်ရွရွလေးဖြစ်လာတော့ သူအိပ်နေရာမှခေါင်းထောင်ကြည့်ကာမေးလိုက်သည်။
"ကျွန်တော့ကို လွတ်ပေးပါ ကျွန်တော်တောင်းပန်ပါတယ် ဟင့်....''
ထိုကောင်လေးနိုးနိုးခြင်းပြောတဲ့စကားက လွတ်ပေးပါတဲ့လား ဘာတွေများအဲ့လောက်ထိဒုက္ခများခဲ့ရသလဲကလေးငယ်ရယ်။
သူ့အားလက်အုပ်ချီကာ လွတ်ပေးဖို့တောင်းပန်နေရှာသောကောင်ငယ်လေးအားကြည့်လျက် သူပင်မျက်ရည်ဝဲလာရသည်။
လူမိုက်ကြီးဖြစ်တဲ့ကျွန်တော်က သနားညာတာမှုကင်းမဲ့နေတဲ့ ခေတ်တံတိုင်းကဒီကောင်လေးရဲ့မျက်ရည်များကြောင့် သူမျက်ရည်ပင်ကျလုမတတ်ခံစားရသည်။
"ကိုယ်မင်းကိုဖမ်းလာတာမဟုတ်ဘူးကလေး မင်းကို ကယ်ခဲ့တာပါ ကိုယ့်ကိုမကြောက်ပါနဲ့နော်''
လက်အုပ်ချီထားသော လက်ကလေးကို သူ့လက်ဖြင့်အသာလေးကိုင်လျက် လေသံအေးလေးဖြင့် သူကယ်တင်လာတဲ့အကြောင်းလေးအား ပြောလိုက်တော့ မိမိအားမော့ကြည့်လာတဲ့ကလေးငယ်။
မျက်ဝန်းအိမ်က မျက်ရည်ဥလေးတွေက ထိုကောင်လေးရဲ့အညိုမျက်ဝန်းရှိကြောင်းကိုဖော်ပြနေသလိုပင်။
(မင်းဟာ မျက်ရည်လေးတွေနဲ့တောင်လှရက်လွန်းတယ်ကောင်လေး)
"ဟင့်..,. ..ကျွန်တော်က ဘယ်လိုယုံကြည်ရမှာလည်း ''
ထိုအချိန်တွင်
"Boss.......ကျွန်တော်''
"တံခါးမခေါက်တတ်ဘူးလား စိုင်းမာန်''
တံတိုင်းအော်လိုက်ချိန်တွင် ကောင်ငယ်လေးရဲ့ခန္ဓာကိုယ်လေးတုန်သွားသည်ကိုသတိထားမိလိုက်၍
"မကြောက်ပါနဲ့ ကိုယ့်ရဲ့လက်ထောက်ကိုစည်းကမ်းမရှိလို့နည်းနည်းဟောက်လိုက်တာပါ''
အခန်းအပြင်မထွက်သောစိုင်းမာန်ဟာ ဆိုရင်ဖြင့် အတွေးပေါင်းစုံဖြင့် သူ့bossနှင့်ထိုကောင်လေးအားကြောင်အလျက်ပင်ကြည့်နေတော့သည်။
ဆက်ရန်...............
(မယုရေးတဲ့ficတိုင်းcompleteမဖြစ်သေးဘူးကွယ် အနွေးဓာတ်လေးတွေလိုအပ်နေတယ်)
ခေတ်တံတိုင်းဆိုတဲ့နာမည်လေးကိုအကြံပြုပေးတဲ့ မားမမုန်းကိုအထူးကျေးဇူးတင်ရှိပါတယ်။
Z
အပိုင္း ၁
"မေျပးနဲ႕....''
ရွင္မဟာေနာက္ေျပးလိုက္ၾကေသာ အဖြဲ႕ထံမွလွမ္းေအာ္လိုက္ျခင္းပင္။သူမေျပးပဲရပ္လိုက္လွ်င္ သူအဖမ္းခံရၿပီး ႏွိပ္စက္ခံရမည္မွာ အမွန္ဧကန္စင္စစ္ပင္ ဒါေၾကာင့္သူမရပ္မနားေျပးရေပအုံးမည္။
ထိုသူတိူ႕အားမ်က္ေျချဖတ္ရန္ကလည္းမလြယ္။ညႀကီးမိုးခ်ဳပ္ေျပးေနရေပမဲ့လည္း သူ႕အတြက္ေတာ့က်င့္သားရေနပါၿပီ။
တစ္ေနရာအေရာက္ လမ္းတစ္ဖက္ကူးခ်ိန္
"ကြၽီ.......''
"ဒုန္း''
"အ့..''
ကားနဲ႕တိုက္မိလိုက္ေပမဲ့ ထိုသူေတြလက္မွ လြတ္ေျမာက္ရန္သာအေတြးပဲရွိ၏။
သို႔ေသာ္ သူလုံးဝထမရေတာ့ေခ်
သူ႕အေတြးနယ္ပယ္တစ္ခုလုံးလည္း ဗလာက်င္းသြားရ၏။
"BOSS လူတစ္ေယာက္ကို တိုက္မိၿပီ''
"ထားလိုက္ လုပ္ႀကံသူမဟုတ္ရင္ အႀကံအဖန္ျဖစ္မယ္ ကားကိုသာဆက္ေမာင္းပါ''
"ဟာ....Boss သူလုံးဝထမလာဘူး အခ်ိန္ေတာင္၅မိနစ္ေလာက္ၾကာေတာ့မယ္ ကြၽန္ေတာ္လူသတ္မိၿပီထင္တယ္''
"စိုင္းမာန္......''
ဒီေကာင္လူမသတ္ဖူးတာလည္းမဟုတ္ပဲခုမွလာၿပီးေၾကာက္ျပေနေသာေၾကာင့္ သူေအာ္လိုက္ျခင္းပင္။
"ကြၽန္ေတာ္ဆင္းၾကည့္လိုက္ေတာ့မယ္ Bossသာကားေပၚကမဆင္းခဲ့နဲ႕''
"အင္း''
သူ႕Bossထံမွ တန္ျပန္ေျဖၾကားခ်က္ရၿပီးသည္ႏွင့္ ကားေပၚမွဆင္းလာလိုက္သည္။
သူဆင္းသြားခ်ိန္ ကုန္ကားႀကီးအကြယ္တစ္ေနရာမွ ေဒါသသံျဖင့္ေျပာေနၾကေသာ လူတစ္စု၏အသံကိုၾကားလိုက္ရသည္။သူနဲ႕ဆိုင္သည့္အရာမဟုတ္ေတာ့ ထိုလူစုထံအာ႐ုံမေရာက္နိုင္ သူတိုက္မိထားေသာသူထံသို႔သာ အာ႐ုံထားလိုက္သည္။
အသက္ရႉမရႉစစ္ေဆးၾကည့္ေတာ့ ထိုသူခႏၶာကိုယ္မွ အပူခ်ိန္တစ္ခုကိုခံစားမိလိုက္သည္။
အဖ်ားႀကီးၿပီး သတိလစ္သြားတယ္ထင္တယ္။
ေပြ႕ခ်ီရန္ျပင္လိုက္ခ်ိန္
"စိုင္းမာန္ ...မင္းအရမ္းၾကာေနလို႔ငါဆင္းလာတာ ဖယ္ ဖယ္ သူ႕ကိုငါေပြ႕ခဲ့မယ္ ေဆး႐ုံကိုသာ ဖုန္းဆက္လိုက္ေတာ့ မင္းလုပ္ပုံကေတာ့ ေသရမဲ့သူဆိုေသၿပီးသာၾကာၿပီ ''
"ျဖစ္ပါ့မလား Boss "
"ျဖစ္လို႔ပဲငါေပြ႕ထားၿပီ သြားေတာ့ျမန္ျမန္ေဆး႐ုံကိုေမာင္းေတာ့''
သတိလစ္ေနေသာသူအားေပြ႕ခ်ီကာ မိမိအားအမိန့္ေပးလာေသာBoss။ေနာက္ထပ္အေအာ္မခံရေအာင္ အလွ်င္အျမန္ ကားေပၚသို႔တက္ကာ ကားစက္နိုးလိုက္သည္။
ညႀကီးအခ်ိန္မေတာ္မွ ေဆး႐ုံသို႔ေရာက္ရွိလာေသာ ဦးေခတ္တံတိုင္း
လက္ထဲမွာလည္းေပြ႕ခ်ီလာေသာေကာင္ေလးတစ္ေယာက္ေၾကာင့္ ေဆး႐ုံရွိလူမ်ားက အံ့ၾသစြာေၾကာင္ၾကည့္ေနၾကသည္။
"ဘာေတြရပ္ၾကည့္ေနၾကတာလည္း လုပ္စရာရွိတာလုပ္ၿပီး နင္တို႔ေဆး႐ုံအုပ္ကိုသာဖုန္းဆက္ေခၚၾက အေရးႀကီးလူနာပါလာတယ္လို႔ေျပာလိုက္''
"ဟုတ္ကဲ့....''
မျမင္ဖူးသူတစ္ေယာက္လို ရပ္ၾကည့္ေနၾကေသာသူနာျပဳေလးမ်ားကိုေအာ္ေငါက္လိုက္ရသည္။
စိုင္းမာန္နဲ႕မထူးမျခားနားၾက အူေၾကာင္ေၾကာင္နဲ႕
"ဦးတိုင္းဘာမ်ားျဖစ္လို႔.....''
"ကြၽန္ေတာ္ကဘာမွမျဖစ္ဘူး လက္ထဲကေလးျဖစ္တာ ''
သူ႕ေပြ႕ခ်ီထားေကာင္ေလးကိုျပလိုက္၏။
ထိုအခါမွကျပာကယာ ထိုေကာင္ေလးကိုေဆးကုသမႈျပဳလုပ္ၾကေတာ့သည္။
စမ္းသပ္မႈေတြေရာအစုံအလင္.....
စစ္ေဆးစမ္းသပ္မႈၿပီးစီးသြားေသာ္ ထိုေကာင္ေလးအေျခအေနအားလာေျပာျပသည္။
ဘာမွေထြေထြထူးထူးျဖစ္မသြားဘူးဆိုကာမွ သူသက္ျပင္းခ်နိဳင္ေတာ့သည္။
"Boss ပါတီကမသြားမျဖစ္ သြားရမွာပါ...''
"ရႉး........''
စိုင္းမာန္၏အေျပာကိုဆုံးေအာင္ပင္ေျပာခြင့္မေပးပဲပိတ္ပင္လိုက္ေသာbossေၾကာင့္ သူ႕မွာေၾကာင္သြားရသည္။
------------------------------------------------------
-------------------------
"ဘာ.....လြတ္သြားတယ္ဟုတ္လား မင္းတို႔ေကာင္ေတြေတာ္အသုံးမက်ပါလား ဒီလူေလးတစ္ေယာက္ကိုဖတ္ခိုင္းလိုက္တာ မဖမ္းနိုင္က်ဘဴး...ဟာကြာ...''
မာန္စိတ္တိုစြာျဖင့္မိမိေရွ႕ကခုံကိုကန္လွလိုက္ၿပီး သူ႕တပည့္ျဖစ္သူမ်ား လက္သီးျဖင့္ထိုးေလေတာ့သည္။
"သြားၾကေတာ့...ငါလူမသတ္ခ်င္ေသးဘူး အဲ့ေကာင္ေလးကိုေသခ်ာေစာင့္ၾကည့္ထား ဒီတစ္ခါလြတ္သြားခဲ့ရင္ေတာ့ မင္းတို႔အသက္ကိုဖက္နဲ႕သာထုပ္ထားလိုက္ၾကေတာ့''
"Yes. ......boss''
"မင္းကငါ့လက္ထဲကထြက္ေျပးခ်င္ေနတယ္ေပါ့ေလ ဟက္....မရဘူးေကာင္ေလး မင္းမွာငါၾလက္ထဲကလြတ္ေျမာက္ခြင့္မရွိေသးဘူး....ဟားဟား....''
ေစတမာန္တစ္ေယာက္ ရွင္မဟာသူ႕လက္ထဲကထြက္ေျပးသြားေသာေၾကာင့္ အရႉးမီးဝိုင္းတစ္ဖြယ္ပင္ျဖစ္ေနေတာ့သည္။
------------
-----
"နိုးလာၿပီလား ကေလး.....''
ကုတင္ေပၚကေကာင္းေလးလႈပ္လႈပ္႐ြ႐ြေလးျဖစ္လာေတာ့ သူအိပ္ေနရာမွေခါင္းေထာင္ၾကည့္ကာေမးလိုက္သည္။
"ကြၽန္ေတာ့ကို လြတ္ေပးပါ ကြၽန္ေတာ္ေတာင္းပန္ပါတယ္ ဟင့္....''
ထိုေကာင္ေလးနိုးနိုးျခင္းေျပာတဲ့စကားက လြတ္ေပးပါတဲ့လား ဘာေတြမ်ားအဲ့ေလာက္ထိဒုကၡမ်ားခဲ့ရသလဲကေလးငယ္ရယ္။
သူ႕အားလက္အုပ္ခ်ီကာ လြတ္ေပးဖို႔ေတာင္းပန္ေနရွာေသာေကာင္ငယ္ေလးအားၾကည့္လ်က္ သူပင္မ်က္ရည္ဝဲလာရသည္။
လူမိုက္ႀကီးျဖစ္တဲ့ကြၽန္ေတာ္က သနားညာတာမႈကင္းမဲ့ေနတဲ့ ေခတ္တံတိုင္းကဒီေကာင္ေလးရဲ႕မ်က္ရည္မ်ားေၾကာင့္ သူမ်က္ရည္ပင္က်လဳမတတ္ခံစားရသည္။
"ကိုယ္မင္းကိုဖမ္းလာတာမဟုတ္ဘူးကေလး မင္းကို ကယ္ခဲ့တာပါ ကိုယ့္ကိုမေၾကာက္ပါနဲ႕ေနာ္''
လက္အုပ္ခ်ီထားေသာ လက္ကေလးကို သူ႕လက္ျဖင့္အသာေလးကိုင္လ်က္ ေလသံေအးေလးျဖင့္ သူကယ္တင္လာတဲ့အေၾကာင္းေလးအား ေျပာလိုက္ေတာ့ မိမိအားေမာ့ၾကည့္လာတဲ့ကေလးငယ္။
မ်က္ဝန္းအိမ္က မ်က္ရည္ဥေလးေတြက ထိုေကာင္ေလးရဲ႕အညိုမ်က္ဝန္းရွိေၾကာင္းကိုေဖာ္ျပေနသလိုပင္။
(မင္းဟာ မ်က္ရည္ေလးေတြနဲ႕ေတာင္လွရက္လြန္းတယ္ေကာင္ေလး)
"ဟင့္..,. ..ကြၽန္ေတာ္က ဘယ္လိုယုံၾကည္ရမွာလည္း ''
ထိုအခ်ိန္တြင္
"Boss.......ကြၽန္ေတာ္''
"တံခါးမေခါက္တတ္ဘူးလား စိုင္းမာန္''
တံတိုင္းေအာ္လိုက္ခ်ိန္တြင္ ေကာင္ငယ္ေလးရဲ႕ခႏၶာကိုယ္ေလးတုန္သြားသည္ကိုသတိထားမိလိုက္၍
"မေၾကာက္ပါနဲ႕ ကိုယ့္ရဲ႕လက္ေထာက္ကိုစည္းကမ္းမရွိလို႔နည္းနည္းေဟာက္လိုက္တာပါ''
အခန္းအျပင္မထြက္ေသာစိုင္းမာန္ဟာ ဆိုရင္ျဖင့္ အေတြးေပါင္းစုံျဖင့္ သူ႕bossႏွင့္ထိုေကာင္ေလးအားေၾကာင္အလ်က္ပင္ၾကည့္ေနေတာ့သည္။
ဆက္ရန္...............
(မယုေရးတဲ့ficတိုင္းcompleteမျဖစ္ေသးဘူးကြယ္ အႏြေးဓာတ္ေလးေတြလိုအပ္ေနတယ္)
ေခတ္တံတိုင္းဆိုတဲ့နာမည္ေလးကိုအႀကံျပဳေပးတဲ့ မားမမုန္းကိုအထူးေက်းဇူးတင္ရွိပါတယ္။