Hope

By Future1004

11.1K 1.1K 198

အစွန်းတဖက်ဆီမှာ ရှိနေတဲ့ မင်း နဲ့ ငါ ကို ဘယ်အရာကဟန်ချက်ညီစေမှာလဲ ? ဒါကတော့ Biblebuild ရဲ့ fic ‌နောက်တပုဒ်ပါ၊... More

Ep-1
Ep-2
Ep-3
Ep-4
Ep-5
Ep-6
Ep-7
Ep-8🥳🥳
Ep-9🥳🥳
ep-10
ep-11
ep-12🥳🥳
Attention
ep-13
ep-14
ep-15
Ep-16
ep-17
ep-18
Time to say goodbye
ep-19
Ep-20
ep-21
ep-22
ep-23
ep-24💙🥳
ep-25
ep-26
ep-27
ep-28
ep-29
ep-30
message 💙
Thanks 🖤💙

ep-31(final)

510 31 14
By Future1004

Build Pov

ရှေ့ကdinner date‌ေတွအကုန်ပျက်စီးသွားလို့ အစားထိုးပေးချင်တယ်တဲ့‌ေလ၊ ထပ်ပြီးအစားထိုးပေးတယ်ဆိုပင်မယ့် ဒီတခါကော ပျက်စီးသွားရင် dinner date နဲ့ပတ်သတ်ပြီး ငါ trauma ရသွားနိုင်သလို၊ နောက်တခါထပ်ခေါ်ရင် ကြောက်နေမိမှာသေချာတယ်....

ဆုံးဖြတ်ချက်တွေမချနိုင်ဘူး... ဒါမယ့်bible အပေါ်ဘာသံသယမှမထားချင်တာမို့ ကျန်တာ‌တွေမစဉ်းစားချင်တော့ဘူး

ငါ့မျက်စိရှေ့မှာတည်ရှိနေတဲ့ bible နဲ့ငါ့အ‌ေပါ်ဆက်ဆံ‌ေပးတဲ့သူအပြုအမူတွေဘဲ ကြည့်ကာ နေလိုက်တော့မယ်။
သူနဲ့ညစာအတူစားဖို့ သဘောတူလိုက်မိတယ်။

ညစာဆိုဘယ်တော့မှအတူမစားဖြစ်ဘူး၊ လက်ထပ်ကတည်းက သူပြန်လာရင်အပြင်ကနေစားပြီးသား၊ အလုပ်တဖက်နဲ့မို့ ညစာပြင်ဆင်ဖို့ကလဲ ငါ့ဘက်ကမဖြစ်နိုင်တော့ ညစာဆို ဖြစ်သလိုဘဲ ကိုယ့်ဘာသာကြည့်စားကြတာဆိုတော့ ခုလို dinner dateမျိုးကို ရင်ခုန်မိတာမဆန်းဘူး။ ဒါမယ့် တတိယတခေါက်မို့ ရင်ခုန်တာအပြင် စိုးရိမ်စိတ်ပါဝင်နေမိတယ်။

"Bui..မစိုးရိမ်ပါနဲ့၊ အရင်ကလိုလုံးဝမဖြစ်စေရဘူး၊ အဲ့အတွက်လဲထပ်တောင်းပန်တယ်နော်၊ buiကိုမျှော်လင့်ချက်ပေးသလိုဖြစ်မိလို့၊ ဒီတခါတော့ လုံးဝအဲ့လိုမဖြစ်‌စေရဘူး၊ ကိုယ်ကို ယုံကြည်ပေးနော် "

ငါ့မျက်နှာကိုသေချာကြည့်ကာ အလေးအနက်ပြောနေတာမို့ ယုံကြည်မိတယ်၊ မဟုတ်ဘူး လုံးဝကိုယုံကြည်တယ် Bible ကငါ့ကိုထပ်ပြီး စိတ်ပျက်အောင်လုပ်မှာမဟုတ်ဘူး။ ငါ့လက်နှစ်ဖက်ကိုကိုင်ကာ

"ဆိုင်ထဲမဝင် buiကိုတခုတောင်းဆိုလို့ရမလား " ဆိုပြီးပြောလာလို့ နဲနဲလန့်သွားခဲ့တယ်၊ ဘာတောင်းဆိုချင်တာလဲဆိုတာ မသိပင်မယ့် လိုက်လျောမိလိုက်တယ်။

"အွန်းး "

"အဲ့ဆိုမျက်စိကိုဒါ‌ေလးနဲ့ခနမှိတ်ထားမယ်နော် " ဆိုပြီး ငါ့မျက်လုံးကို အပြာရောင်ပုဝါလေးနဲ့လာစည်းပေးတာမို့ နှလုံးခုန်နှုန်းကပုံမှန်ထက် ပိုခုန်လာတယ်၊ ဘာမှမမြင်ရတာမို့ နဲနဲကြောက်မိတယ်

"‌buiမကြောက်နဲ့ ကိုယ်ကbuiလက်ကိုမလွှတ်ဘဲကိုင်ထားမှာမို့ လဲကျမှာမပူနဲ့ "

"အွန်း bible မလွှတ်နဲ့နော် " ဆိုပြီး သူ့လက်ကိုတင်းအောင်ဆုပ်ကိုင်ကာ ပြောလိုက်တော့ buiနဖူးလေးကို အနမ်းတပွင့်ချွေကာ

"စိတ်မပူနဲ့ ကိုယ် buiဘေးနားမှာအမြဲရှိတယ်နော် " ဆိုပြီး သူခေါ်ရာနောက်ကို တလှမ်းချင်း‌လိုက်ပါသွားတယ်။

သွားနေတဲ့ခြေလှမ်းတွေရပ်တန့်လိုက်တော့

"ပုဝါကိုဖယ်ပေးတော့မယ်နော် Bui ready 3..2..1.."
ဆိုတဲ့သူ့အသံလေးနဲ့အတူ အမှောင်ကနေ လင်းထိန်နေတဲ့အရာမဟုတ်ဘဲ romantic ဆန်ဆန်ခပ်မှိန်မှိန် မီးအရောင်လေးတွေနဲ့ပြည့်နှက်နေတာမို့ မျက်စိတော့အရမ်းမစူးသွားဘူး။

စားသောက်ဆိုင်တခုလုံးမှာ စားပွဲတလုံးဘဲရှိတယ်၊ တခြားသူတွေလဲမရှိဘဲ တဆိုင်လုံးငါတို့နှစ်ယောက်တည်းဘဲရှိတာမို့ အတော်အံ့ဩမိတယ်၊ ဆိုင်ရဲ့အပြင်အဆင်ကလဲ ငါအရမ်းကြိုက်တဲ့အပြာရောင်ပူ‌ေဖာင်လေးတွေဖဲပြား‌‌ေလး‌ေတွနဲ့ အလှဆင်ထားတာမို့ အရမ်းလှနေတယ်။ မျက်စိထဲထပ်မြင်လိုက်ရတဲ့အရာကြောင့် ပိုအံ့အားသင့်သွားတယ်

"Bible...ဒါ တွေ က ..."

"ဘယ်လိုလဲ ကြိုက်ရဲ့လား Bui "

Buiရဲ့ပုံတွေအများကြီးကို ချိတ်ဆွဲပေးထားတယ်၊ ငယ်ငယ်လေးကတည်းကပုံတွေအစ နှစ်အလိုက်အစဉ်တိုင်း ချိတ်ဆွဲပြထားသလို ပုံလေးတွေအောက်မှာ noteစာရွက်‌ေလးနဲ့ စာလေးတွေပါရေးထားတာမို့ တခုချင်းစီဖြေးဖြေးချင်းလိုက်ဖတ်ကြည့်နေမိတယ်။

တပုံချင်းစီလိုက်ကြည့်နေရင်း နောက်ဆုံးပုံရောက်မှ ထိန်းထားတဲ့မျက်ရည်တွေက စီးကျလာတော့တယ်။

Bible Pov

Buiအတွက် အံ့ဩစရာကောင်းတဲ့အခိုက်အတန့်လေးဖန်တီးပေးချင်တာမို့ ငါနဲနဲအားစိုက်ထုတ်ထားတယ်။ သူ့ကြိုက်ပါ့မလားဆိုတဲ့အတွေးဝင်မိပင်မယ့် ငါရဲ့ကြိုးစားအားထုတ်မှုကိုတော့ buiကအသိအမှတ်ပြုမယ်ဆိုတာ အကျွင်းမဲ့ယုံကြည်တယ်ဆိုတဲ့စိတ်နဲ့ surprise ပြင်ဆင်ထားတဲ့ဆိုင်လေးကိုခေါ်လာခဲ့တယ်။

သူ့အတွက်ပြင်ဆင်ထားတဲ့ အရာလေးတွေဓာတ်ပုံလေးကိုတခုချင်း လိုက်ကြည့်နေတဲ့ buiကိုအသာလေးရပ်ကြည့်နေလိုက်တယ်။ ပုံလေးတွေမှာ ငါသူ့ကိပြောချင်တဲ့ဟာလေ‌ေးတွရေးထားတာမို့ တခုဖတ်တိုင်း ငါမျက်နှာကိုတခါပြန်လှည့်‌ကြည့်နေတဲ့ buiကြောင့် တခါတရံ အကြည့်ချင်းဆုံသွားရင် ငါရှက်သွားသေးတယ်၊ အဲ့လိုခါမျိုးဆို buiက ပြုံးပြီး အလိုက်တသိပြန်လှည့်သွားပေးသေးတယ်။ လုပ်ယူစရာမလိုဘဲ အလိုလိုဖြစ်ပေါ်လာတဲ့ အမူအရာလေးတွေက အူယားစရာကောင်းနေတာမို့ အသဲယားနေမိတယ်။

နောက်ဆုံးပုံလေးမှာ ပြုံးနေတာရပ်ပြီး အတော်အကြာရပ်ကြည့်နေတဲ့ buiကြောင့် ငါနဲနဲကြောင်သွားမိတယ်။

"ဘာလို့ပါလိမ့် " ဆိုပြီးအတွေးဝင်နေတုန်း ရုတ်တရတ်ငိုချလိုက်တဲ့ buiကြောင့် စိုးရိမ်လာကာ သူဆီအပြေးလေးသွားကာ ရင်ခွင်ထဲထွေးပွေ့ထားလိုက်တော့တယ်။

"Bui....Buiဘာလို့လဲ၊ ဘာဖြစ်လို့ငိုတာလဲကွာ " ငါမေးလဲမဖြေဘဲ ပိုရှိုက်ကာငိုနေတော့တာမို့ စိုးရိမ်စိတ်ကအတော်လေးမြင့်တတ်နေမိပြီ

"ကိုယ် buiမကြိုက်တာတခုခုလုပ်မိလို့လားဟင်၊ ‌တခုခုဖြေပါဦးနော် " ဆိုပြီး ရင်ခွင်ထဲကအကောင်လေးအငိုတိတ်တဲ့အထိ‌သူ့ဆံပင်‌ေလးကိုသပ်လျက်ချော့ပေးလိုက်တော့တယ်။ ငါတို့နှစ်ယောက်သား အဲ့အတိုင်းရပ်နေတာ အချိန်တခုအထိဘဲ...

"တော်ပြီနော် မငိုနဲ့တော့ ၊ buiကိုအံ့ဩအောင်လုပ်ချင်လို့ခေါ်လာတာပါဆို၊ buiကခုလိုငိုလိုက်တော့ ကိုယ်ကပြန်အံ့ဩနေရပြီ၊ တိတ်တော့နော် " ဆိုပြီး သ့မျက်နှာလေးကို ငါ့လက်နှစ်ဖက်ထဲထည့်ကာ ပြောလိုက်တော့တယ်။

"အွန်း ငိုတော့ဘူး " ဆိုပြီး ပြောနေပင်မယ့် ငိုထားတဲ့အရှိန်ကြောင့် မျက်လေးကောနှာခေါင်းလေးကနီရဲနေတာဘဲ၊ ပါးပေါ်က မျက်ရည်လေးတွေကို ငါလက်လေးနဲ့သုတ်ပေးနေရင်း

"ကြည့်ဦး buiတရားလွန်တယ်လို့မထင်ဘူးလားဟမ် " ဆိုပြီးပြောလိုက်တော့ ခနကအငိုတိတ်သွားတဲ့ကောင်လေးက မျက်လုံးအပြူးသားလေးနဲ့ ပြန်ကြည့်ကာ

"အမ်? Buiဘာလုပ်လို့လဲ၊ buiငိုလိုက်လို့စိတ်ဆိုးသွားလား " ဆိုပြီး စိုးရိမ်တဲ့လေသံလေးနဲ့ပြောနေပြန်ရော

"ဟုတ်တယ်၊ ဘာလို့..? ဘာလို့ငိုနေတာတောင်လှနေ‌ေသးတာလဲ? " ဆိုပြီး ပြောလိုက်တော့ ထရယ်ပါလေရော...

"မနာလိုနေတာလားဟင် Bible " ဆိုပြီးစောနက ငိုထားတာ သူမဟုတ်သလိုဘဲ ငါ့ကိုပြန်စနောက်နေသေးတယ်။

"အင်းးး မနာလိုတယ်၊ ဟောဒီလှလှပပမျက်နှာလေးကို သူများတွေမြင်မှာ ကြည့်မှာကို မနာလိုတယ် " ဆိုပြီးပြောတော့ ရယ်နေရကာနေ ရပ်သွားကာ ရုပ်တည်သွားပြန်ရော

"ဘယ်သူကြည့်ကြည့်လေ Bible မှာအဲ့လိုပြောပိုင်ခွင့်မရှိဘူး " တဲ့လေ ငါနှလုံးသားကို မြှားတစ်စင်းစိုက်သွားသလိုဘဲ အသံစူးစူးလေးနဲ့ ပြောလိုက်တဲ့စကားက ချစ်ဖို့ကောင်းတဲ့အမူအရာနဲ့‌ေပြာလိုက်ပင်မယ့် နားထောင်လို့မကောင်းဘူး ရင်ထဲစူးအောင့်သွားဝာာဘဲ။

"မရဘူးကွာ၊ buiအစိတ်အပိုင်းအားလုံး ကိုယ်တယောက်ဘဲပိုင်ရမယ်၊ bui jakapan က တယောက်မကလို့ နောက်ထပ်ငါးယောက်ဘဲရှိရှိ အကုန်လုံးက ကိုယ့်အပိုင်ဘဲ "

"အဲ့လိုမရဘူးလေ၊ မေမေကိုပြုစုပေးဖို့လိုသေးတယ်
Bibleအကုန်အပိုင်‌သိမ်းလို့မရဘူးလေ "

"အဲ့ဆို ယောက္ခမကြီးအတွက် တယောက်တော့ပေးမယ် ကျန်တာကိုယ့်ဟာဘဲ " ဆိုပြီးပြောလိုက်တော့ သဘောကျသွားသလို ပါးချိုင့်လေးထင်းအောင်ပြုံးပြပါလေရော...

"ဒါနဲ့ buiပုံတွေဘယ်ကရတာလဲ၊ တချို့ပုံတွေဆို buiတောင်မသိဘူး ဘယ်တုန်းကဟာမှန်း "

"ကိုယ်ရဲ့ဝှက်ဖဲဆီကရတာလေ ဟဲဟဲ "

"ဘယ်သူလဲဝှက်ဖဲက "

"ကိုယ်ရဲ့honeyလေးကို မွေးထုတ်ပေးတဲ့သူပေါ့ " ဆိုပြီး သူပါးလေးကို ဆွဲကာပြောလိုက်တော့တယ်။

"မေမေဆီကနေ ...အဲ့ဆိုဒါတွေကမေမေအကြံတွေ‌ပေါ့လေ "

"မဟုတ်ပါဘူး buiပုံလေးတွေလိုချင်တယ်လို့တောင်းလို့ ပေးလိုက်တာ၊ နောက်မှ ဒါမျိုးလုပ်ဖို့ ကိုယ် အကြံရလာတာ၊ buiကြိုက်တတ်တဲ့အရာလေးကတော့ Ptongဆီကနေကြားလာတာ ဘယ်လိုလဲ ကိုယ်တော်တယ်မလား "

"ဘာတော်တာလဲ၊ သူများဆီကပြောမှသိလာတာတွေများ အထင်မကြီးပါဘူး၊ buiဆို ဘယ်သူ့မှမပြောဘဲ Bible ဘာကြိုက်တတ်လဲ မကြိက်တဲ့အရာကဘာဆိုတာအကုန်သိ...အဲ ဘာမှမဟုတ်တော့ဘူး " ဆိုပြီး ပွစိပွစိပြောသွားတာများ သူ့စကားရဲ့ဆိုလိုရင်းတောင်မသိ၊ နောက်သတိထားမိတဲ့အချိန်မှ သူ့ပါးစပ်လေးကိုလှမ်းပိတ်ကာ စကားလမ်းကြောင်းကလွဲသေးတယ်။

"ဘယ်လိုလုပ်မလဲ ကိုယ်အကုန်လုံးကြားပြီးသွားပြီ၊ မကြားချင်ယောင်ဆောင်ပေးရမလား " ဆိုပြီး သူ့ကိုစလိုက်တော့ နားလေးတွေပါရဲတတ်လာတာမို့ အသဲယားကာ ရင်ခွင်ထဲပြန်ထွေးပွေ့လိုက်တော့ အလိုက်သင့်လေးဝင်လာပင်မယ့် ရင်ဘတ်ကိုလက်သီးဆုပ်လေးနဲ့လာထုတတ်သေးတယ်။

"I'm know Why? I'm know Why? " ဆိုပြီး ရင်ခွင်ထဲကအကောင်ပေါက်လေးလို့စလိုက်တော့ ဘာသိတာလဲဆိုပြီး ပြန်မော့ကြည့်ကာ မျက်စောင်းတွေဘဲထိုးပြနေသေးတယ်။

"Bui ကိုယ့်အပေါ်ဘယ်လောက်ဂရုစိုက်တတ်လဲဆိုတာ ကိုယ်သိပါတယ်၊ အဲ့မို့ အခုကိုယ့်ဘက်ကပြန်ဂရုစိုက်ရမယ့်အလှည့်ဖို့ ခွင့်ပြုပေးနော် " ဆိုပြီးပြောလိုက်တော့ ရင်ခွင်ထဲက ကောင်လေးကဖက်ထားရာကနေ ဖယ်ခိုင်းကာ

"နောက်ဆုံးပုံမှာပြောထားတဲ့စကားက အတည်လား " တဲ့

သူ့မျက်နှာလေးကို နူးနူးညံ့ညံ့ကိုင်ကာ

"အင်းအတည်ပေါ့၊ ကိုယ်ကြိုးစားမှာမို့ ခနလောက်စောင့်ပေးနော် bui ကော သဘောတူလားဟင် "

"အွန်း " ဆိုပြိး ပြုံးပြကာ ပြန်ဖြေလာတယ်။

"နောက်ထပ်တခုခွင့်ပြုပေးဦးနော် ကိုယ်buiကိုနမ်းလို့ရမလား " ဆိုပြီးမေးလိုက်တော့ ရှက်သွေးပိုနေတဲ့မျက်နှာလေးဖြစ်နေပင်မယ့် ငါ့ထက်မြန်ဆန်လွန်းတဲ့သူ့လက်က ငါ့မျက်နှာကိုဆွဲပြီး လာနမ်းတော့တယ်။

အပြန်အလှန် အနမ်းပန်းတွေပွင့်လန်းပြီးနောက် တယောက်မျက်နှာတယောက် ကြင်ကြင်နာနာကြည့်ရင်း နဖူးချင်းထိစပ်ကာ သဘောကျပြုံးလိုက်မိတယ်။ ချစ်သောသူနဲ့အတူရှိတဲ့အခိုက်အတန့်လေးက တကယ်မြတ်နိုးမိတယ်။ သူ့ဆီက တိတိတာတာစကားသံလေးတွေကို တဝကြီးနားထောင်ရင်း ငါတို့ရဲ့ first dinner date မဟုတ်တဲ့ Third dinner date လေးကို ပျော်ရွှင်စွာ စားသောက်ရင်းဖြတ်သန်းလိုက်ကြတယ်။ ငါရဲ့ဝှက်ဖဲတွေဆီက သိရတဲ့ သတင်းအချက်အလက်တွေအရ သူကြိုက်တတ်တဲ့အစားအစာလေးတွေကိုကြိုတင်ပြင်ဆင်ရကျိုးနပ်ပါတယ်၊ ဘာလို့ဆို အစားပုပ်လေးက အားရပါးရစားပြနေတာမို့လေ။

ကိုယ်ရဲ့ကြိုးစားအားထုတ်မှုကို အသိအမှတ်ပြုတဲ့အတွက်ကျေးဇူးဘဲနော် ကိုယ်ရဲ့တဦးဆိုင်နာမ်လေးBui Jakapan Putta

ကိုယ်ရဲ့ကမ်းလှမ်းချက်ကိုသဘောတူတဲ့အတွက်ကော ကျေးဇူးဘဲနော် My Future husband လေး

ကံတရားက သိပ်ကိုဆန်းကြယ်တယ်ဆိုတာ ကျွန်တော်လက်ခံသွားပြီ...အရာရာကို တဖက်သတ်အမြင်နဲ့ဘဲဆုံးဖြတ်တတ်တဲ့ကျွန်တော်၊ ကိုယ်မှန်တယ်ထင်ရင် တခြားသူအမြင်ကို ဂရုမစိုက်တတ်တဲ့ကျွန်တော်လိုလူက buiလိုလူမျိုးကိုမှအသက်‌ေလာက်ချစ်မိသွားလို့လေ၊

တကယ်တော့ ကျွန်တော်တို့နှစ်ယောက်က ဆန့်ကျင်ဘက်အရပ်မှာရပ်နေတဲ့လူနှစ်ယောက်လိုဘဲ အတွေးတွေ၊ခံယူချက်တွေမတူကြဘူး

အဲ့လိုအစွန်းနှစ်ဖက်မှာရပ်နေတဲ့လူနှစ်ယောက်ကို ဒယ်ဒီတို့ရဲ့ arrange marriage ကြောင့်ဆုံစည်းစေပြီး loveဆိုတဲ့အရာက ဟန်ချက်ညီသွားစေတာက သိပ်ကိုအံ့ဩစရာကောင်းတယ် တချိန်က မုန်းတယ်လို့ထင်ထားခဲ့ပြီး ကျွန်တော်ကိုယ်တိုင် နာကျင်အောင်လုပ်ခဲ့တဲ့ကောင်လေးကို အခုကျွန်တော်အသက်ထက်ပိုပြီးတောင် ချစ်မိသွားတာကလေ အံ့ဩစရာဘဲ...

ဒီထက်အံ့ဩစရာကောင်းတာက အဲ့ကောင်လေးကလဲ ကျွန်တော်ကို မြင်မြင်ချင်းချစ်မိသွားတယ်ဆိုတဲ့အရာဘဲ...အသိနောက်ကျခဲ့လို့နောင်တရပင်မယ့် ဒီထက်နောင်တမရအောင် ဒီကောင်လေးရဲ့လက်ကို မြဲနေအောင်တွဲထားမယ်ဆိုပြီး ဆုံးဖြတ်လိုက်တယ်။

ကျွန်တော်ချစ်သူလေးက သိပ်ကိုဟန်ဆောင်ကောင်းတယ် သူ့ရဲ့အကြောင်းတွေကို ကျွန်တော်ကိုပြောပြတာရှားသလို၊အမြဲဖုန်းကွယ်တတ်တယ် ဒါမယ့်ကိစ္စမရှိပါဘူး ကျွန်တော်ဝှက်ဖဲတွေဆီကနေ သူ့နဲ့ပတ်သတ်တဲ့အတိတ်ကအကြောင်းအရာတွေကို သိခွင့်ရနေလို့ဘဲလေ...ဒါမယ့် အခုကစ သူကိုသင်ပေးရဦးမယ် ခံစားချက်ကိုဘယ်လိုဖော်ပြရမှန်း ချစ်တာကိုချစ်တယ်လို့ ပြောရဲအောင် ကျွန်တော်ကိုယ်တိုင် ကိုယ်ဖိရင်ဖိသင်ပေးရဦးမယ် ဟဲဟဲ


(The last photo)

*****

Bui Pov

လက်ထပ်ခွင့်တောင်းခံလိုက်ရလို့ပျော်ရွှင်ရတာမဟုတ်ဘူး..ဒီတခါလက်ထပ်ပွဲက Bibleရဲ့အချစ်တွေနဲ့ စီစဉ်ထားတဲ့လက်ထပ်ပွဲမို့ အပျော်လွန်နေမိတယ်

ငါရဲ့တခုတည်းသော မျှော်လင့်ချက်လေးက ဖြစ်မြောက်လာမယ်လို့မထင်ခဲ့ဘူး...အမြဲစိတ်ကူးနဲ့ဘဲရူးခဲ့ရတဲ့ငါ့ရဲ့မျှော်လင့်ချက်လေးကို ငါ့ချစ်တဲ့လူသားလေးက ပြန်ဖြည့်ဆည်းပေးခဲ့တဲ့ ဒီအခိုက်အတန့်ကို ဘယ်လောက်ကြည်နူးမိလဲဆိုတာ ပြောမပြတတ်လောက်အောင်ဘဲ...

ချစ်တယ်၊အရမ်းချစ်တယ်နော် buiချစ်တဲ့လူသားလေးကလဲ buiကိုပြန်ချစ်တယ်လို့ပြောတဲ့အခိုက်အတန့်ကိုလဲချစ်တယ်

သူ့ဘက်ကလိုလိုလားလား ဂရုစိုက်ပေးတဲ့ အခိုက်အတန့်ကိုလဲချစ်တယ်

အချစ်တွေပြည့်နှက်နေမယ့် လက်ထပ်ပွဲလေးဖြစ်အောင် ကြိုးစားမယ်လို့ပြောတဲ့အခိုက်အတန့်ကိုလဲချစ်တယ်

Buiရဲ့ဖြစ်တည်မှုကို Bibleသိသွားတဲ့အခိုက်အတန့်တွေကိုလဲ မြတ်မြတ်နိုးနိုးချစ်တယ်

Buiလက်ကိုတွဲထားတဲ့သူ့လက်ကို အမြဲမဖြုတ်တမ်းတွဲသွားမှာမို့ အချစ်ခရီးလမ်းကိုအတူတူလျှောက်လမ်းရင်း ရှေ့ဆက်လဲ ချစ်နေမှာမို့

"Buiလက်ကို မြဲမြဲတွဲထားပေးပါနော် Ble " ဆိုပြီး သူ့ပုံခုံးလေးကိုမှီကာ ပြောလိုက်တော့တယ်

"Sure, buiလက်ကို ကိုယ်ဘယ်တော့မှမဖြုတ်သလို ကိုယ့်ရင်ခွင်ထဲကလဲ ဘယ်တော့မှထွက်သွားခွင့်မပြုဘူး, အဲ့ဒါမို့ ကိုယ် buiကိုအရမ်းချစ်တယ်ဆိုတာယုံကြည်ပေးနော် " ဆိုပြီး သူ့ပုခုံးပေါ်မှီနေတဲ့ငါ့ကို သူ့ရင်ခွင်ထဲဆွဲသွင်းကာဖက်ထားတဲ့ Bibleကို ယုံကြည်တယ်ဆိုတဲ့စကားလုံးထက်တောင် ပိုယုံကြည်တာမို့

"ယုံကြည်တာမို့ နောက်ဒီလိုကတိတွေပေးဖို့မလိုတော့ပါဘူး "

"အင်းကတိတွေမပေးတော့ဘူး အလုပ်နဲ့ဘဲသက်သေပြပေးမယ်နော် honey " ဆိုပြီး နူးညံ့တဲ့အပြော၊ နူးညံ့တဲ့အကြည့်နဲ့ကြည့်လာပြီး နူးနူးညံ့ညံ့လေးနမ်းရှိုက်လာတဲ့ Bible အပေါ် ယုံကြည်မှုဆိုတဲ့စကားလုံးနဲ့အတူ ပြန်ပြီး နမ်းရှိုက်လိုက်တယ်။

အချစ်ဆိုတဲ့အရာက ငါတို့နှစ်ယောက်ကြားမှာ သက်ရောက်လာမယ်လို့ မထင်ထားခဲ့ပင်မယ့် သက်ရောက်လာတဲ့အခါ မထင်ထားတဲ့အရှိန်လုံးနဲ့ဝင်ရောက်လာတာမို့ အနည်းငယ်ရိုက်ခတ်မှုတွေရှိပင်မယ့် အရှိန်ပြေသွားတဲ့အခါ လေပြေတွေဘဲကျန်ရစ်ခဲ့တာမို့ ငါ့အတွက်အချစ်ကိုအဓိပ္ပာယ်ဖွင့်ဆိုရရင် မုန်တိုင်းခဏတိုက်ခတ်သွားတဲ့ ကမ်းရိုးတန်းလိုဘဲ၊ ငါ့အချစ်ရေးမှာလဲ အနှောင့်အယှက်ဆိုတဲ့အရာတွေကြားဝင်လာပင်မယ့် အဆုံးသတ်မှာတော့ ငါ့ချစ်တဲ့bibleရဲ့အချစ်ကို ရရှိလာတာဘဲမို့ မုန်တိုင်းအစမှာ တိုက်ခတ်ခံရတဲ့လေပြင်းတွေကြောင့် အပျက်အစီးတွေရှိသလို အချစ်ကြောင့်နာကျင်ရတာတွေလဲ တခါတရံတော့ရှိမှာဘဲလေ

"Buiဘဝမှာလေ ဒီလိုBibleဆီက အချစ်ကို ပြန်ရလိမ့်မယ်လို့ မထင်ခဲ့မိဘူး အခုလိုပြန်ရလိုက်တော့ ဒါကအိမ်မက်တခုလိုဘဲလို့ခံစားရတယ် " bibleရဲ့မျက်နှာလေးကို buiရဲ့လက်ဖဝါးလေးနဲ့ကိုင်ကာ ပြောလိုက်တော့

"အိပ်မက်မဟုတ်ပါဘူး ကိုယ်က buiရဲ့အချစ်ကိုအသိနောက်ကျခဲ့ပင်မယ့် ခုချိန်ကစ အိမ်မက်လိုမထင်ရအောင် အပြည့်ဝချစ်ပေးမှာမို့ စိတ်မပူနဲ့နော် " ဆိုပြီး တည်ကြည်လေးနက်တဲ့မျက်နှာလေးနဲ့ပြောနေတဲ့သူ့ကြောင့် အရင်ကနာကျင်မှုတွေကတောင်အငွေ့ပျံသွားသလို ရင်ထဲမှာဘာအစိုင်အခဲအနေနဲ့မှ မကျန်တဲ့အထိ သူ့အပေါ်ယုံကြည်အောင်လုပ်နိုင်တဲ့ bibleကြောင့် အရင်ကထက်ပိုပြီး ချစ်မြတ်နိုးနေမိတယ်။

"I Luve U So Much Ble... " ဆိုပြီး ပြောကာ ချစ်ရသူလေးကိုနမ်းလိုက်မိတယ်။ buiရဲ့အနမ်းကိုတုံ့ပြန်လာတဲ့ bible ကလဲ အနမ်းတွေကြားကနေ

"I Love u too, Bui " ဆိုပြီးbuiကြားလောက်တဲ့အသံနှုန်းနဲ့ပြောလာလို့ အသဲယားမိပင်မယ့် သူဘာလုပ်လုပ်သ‌ေဘာကျမိတာမို့ အချစ်ခရီးလမ်းမှာဒီလိုအကြင်နာအနမ်းတွေနဲ့ သာယာဖြောင့်ဖြူးနေမယ်ဆိုတာအသေအချာပါဘဲ။

ဘဝဆိုတာကလဲ လှိုင်းပုတ်နေတဲ့ပင်လင်ပြင်မှာလက်ပစ်ကူးနေသလိုဘဲ ရေကူးဘယ်လောက်ကျွမ်းနေပါစေ ပင်လယ်နဲ့လှိုင်းရဲ့အထာကိုမသိရင် ရေနစ်သွားမှာဘဲ၊ အဲ့လိုဘဲ ဘဝမှာကြုံတွေ့ရတဲ့အခက်အခဲတွေကို ဘယ်လိုရင်ဆိုင်ရမယ်၊ဘယ်လိုတောင့်ခံရမယ်ဆိုတာမသိရင် အလွယ်တကူလက်လျော့မိမှာဘဲ...အဲ့လိုစိတ်ဆင်းရဲမှုကနေ ရုန်းမထွက်နိုင်ရင် အဲ့ထဲမှာဘဲပိုနစ်မြှုပ်သွားမှာမို့...လက်မ‌ေလျာ့ဘဲကြိုးစားရုန်းကြည့်ပါ

မျှော်လင့်ချက်ဆိုတာမရှိတဲ့ buiဘဝမှာလဲ အခက်အခဲအတားအဆီးတွေ ဘယ်လောက်ဘဲရှိရှိ ရင်ဆိုင်ကျော်ဖြတ်ခဲ့သလို အဆုံးသတ်မှာ buiရဲ့တခုတည်းသောမျှော်လင့်ချက်လေးကို ပိုင်ဆိုင်လိုက်ရတာဘဲမဟုတ်လား။

ထုခွန်တို့လဲ ဘဝမှာအခက်အခဲတွေဘယ်လောက်ရှိရှိ လက်မလျော့ဘဲ ကိုယ်ရဲ့မျှော်လင့်ချက်ကို ဆုပ်ကိုင်ထားပြီး ကျော်ဖြတ်ကြပါနော်...အဆုံးသတ်မှာသင့်ရဲ့‌hopeကလဲသင့်ကိုစောင့်ကြိုနေမှာမို့ လက်မလျော့ဘဲအားတင်းထားကြပါလို့ ပြောရင်း ဒီဇာတ်လမ်းလေးကို နိဂုံးချုပ်လိုက်ပါတယ်နော်။

THE END

************************************
(15.4.2023)

future husband လို့သုံးထားတာကလေ သူတို့ရဲ့လက်ထပ်ပွဲအသစ်ကမလုပ်ရသေးတာမို့ရယ်၊ arrange marriage ကို နှစ်ယောက်လုံးကတရားဝင်အနေနဲ့အသိအမှတ်မပြုတာမို့ ထည့်သုံးလိုက်တာပါနော်။

haloocean က 2nd round ပြန်စနေတာမို့ vote ခဲ့ဦးနော်

Ps, buiကို the most handsome bl actorsမှာ voteပေးဖို့မမေ့ပါနဲ့ဦးနော်၊ biblebuild အတွက်ကောဘဲ the most favorite bl couple မှာ vote ပေးဦးနော်

Zawgyi

Build Pov

ေရွ႕ကdinner dateေတွအကုန်ပျက်စီးသွားလို့ အစားထိုးေပးခ်င္တယ္တဲ့လား၊ ထပ္ၿပီးအစားထိုးေပးတယ္ဆိုပင္မယ့္ ဒီတခါေကာ ပ်က္စီးသြားရင္ dinner date နဲ႕ပတ္သတ္ၿပီး ငါ trauma ရသြားနိုင္သလို၊ ေနာက္တခါထပ္ေခၚရင္ ေၾကာက္ေနမိမွာေသခ်ာတယ္....

ဆုံးျဖတ္ခ်က္ေတြမခ်နိဳင္ဘူး... ဒါမယ့္bible အေပၚဘာသံတရမွမထားခ်င္တာမို႔ က်န္တာေတြမစဥ္းစားခ်င္ေတာ့ဘူး

ငါ့မ်က္စိေရွ႕မွာတည္ရွိေနတဲ့ bible နဲ႕ငါ့အေပါ်ဆက်ဆံေပးတဲ့သူအပြုအမူတွေဘဲ ၾကည့္ကာ ေနလိုက္ေတာ့မယ္။
သူနဲ႕ညစာအတူစားဖို႔ သေဘာတူလိုက္မိတယ္။

ညစာဆိုဘယ္ေတာ့မွအတူမစားျဖစ္ဘူး၊ လက္ထပ္ကတည္းက သူျပန္လာရင္အျပင္ကေနစားၿပီးသား၊ အလုပ္တဖက္နဲ႕မို႔ ညစာျပင္ဆင္ဖို႔ကလဲ ငါ့ဘက္ကမျဖစ္နိုင္ေတာ့ ညစာဆို ျဖစ္သလိုဘဲ ကိုယ့္ဘာသာၾကည့္စားၾကတာဆိုေတာ့ ခုလို dinner dateမ်ိဳးကို ရင္ခုန္မိတာမဆန္းဘူး။ ဒါမယ့္ တတိယတေခါက္မို႔ ရင္ခုန္တာအျပင္ စိုးရိမ္စိတ္ပါဝင္ေနမိတယ္။

"Bui..မစိုးရိမ္ပါနဲ႕၊ အရင္ကလိုလုံးဝမျဖစ္ေစရဘူး၊ အဲ့အတြက္လဲထပ္ေတာင္းပန္တယ္ေနာ္၊ buiကိုေမွ်ာ္လင့္ခ်က္ေပးသလိုျဖစ္မိလို႔၊ ဒီတခါေတာ့ လုံးဝအဲ့လိုမျဖစ္ေစရဘူး၊ ကိုယ္ကို ယုံၾကည္ေပးေနာ္ "

ငါ့မ်က္ႏွာကိုေသခ်ာၾကည့္ကာ အေလးအနက္ေျပာေနတာမို႔ ယုံၾကည္မိတယ္၊ မဟုတ္ဘူး လုံးဝကိုယုံၾကည္တယ္ Bible ကငါ့ကိုထပ္ၿပီး စိတ္ပ်က္ေအာင္လုပ္မွာမဟုတ္ဘူး။ ငါ့လက္ႏွစ္ဖက္ကိုကိုင္ကာ

"ဆိုင္ထဲမဝင္ buiကိုတခုေတာင္းဆိုလို႔ရမလား " ဆိုၿပီးေျပာလာလို႔ နဲနဲလန႔္သြားခဲ့တယ္၊ ဘာေတာင္းဆိုခ်င္တာလဲဆိုတာ မသိပင္မယ့္ လိုက္ေလ်ာမိလိုက္တယ္။

"အြန္းး "

"အဲ့ဆိုမ်က္စိကိုဒါေလးနဲ့ခနမှိတ်ထားမယ်နော် " ဆိုၿပီး ငါ့မ်က္လုံးကို အျပာေရာင္ပုဝါေလးနဲ႕လာစည္းေပးတာမို႔ ႏွလုံးခုန္ႏႈန္းကပုံမွန္ထက္ ပိုခုန္လာတယ္၊ ဘာမွမျမင္ရတာမို႔ နဲနဲေၾကာက္မိတယ္

"buiမေၾကာက္နဲ႕ ကိုယ္ကbuiလက္ကိုမလႊတ္ဘဲကိုင္ထားမွာမို႔ လဲက်မွာမပူနဲ႕ "

"အြန္း bible မလႊတ္နဲ႕ေနာ္ " ဆိုၿပီး သူ႕လက္ကိုတင္းေအာင္ဆုပ္ကိုင္ကာ ေျပာလိုက္ေတာ့ buiနဖူးေလးကို အနမ္းတပြင့္ေခြၽကာ

"စိတ္မပူနဲ႕ ကိုယ္ buiေဘးနားမွာအၿမဲရွိတယ္ေနာ္ " ဆိုၿပီး သူေခၚရာေနာက္ကို တလွမ္းခ်င္းလိုက္ပါသြားတယ္။

သြားေနတဲ့ေျခလွမ္းေတြရပ္တန႔္လိုက္ေတာ့

"ပဝါကိုဖယ္ေပးေတာ့မယ္ေနာ္ Bui ready 3..2..1.."
ဆိုတဲ့သူ႕အသံေလးနဲ႕အတူ အေမွာင္ကေန လင္းထိန္ေနတဲ့အရာမဟုတ္ဘဲ romantic ဆန္ဆန္ခင္မွိန္မွိန္ မီးလင္းအေရာင္ေလးေတြနဲ႕ျပည့္ႏွက္ေနတာမို႔ မ်က္စိေတာ့အရမ္းမစူးသြားဘူး။

စားေသာက္ဆိုင္တခုလုံးမွာ စားပြဲတလုံးဘဲရွိတယ္၊ တျခားသူေတြလဲမရွိဘဲ တဆိုင္လုံးငါတို႔ႏွစ္ေယာက္တည္းဘဲရွိတာမို႔ အေတာ္အံ့ဩမိတယ္၊ ဆိုင္ရဲ႕အျပင္အဆင္ငါလဲ ငါအရမ္းႀကိဳက္တဲ့အျပာေရာင္ပူေဖာင်လေးတွေဖဲပြားေလးေတွနဲ့ အလွဆင္ထားတာမို႔ အရမ္းလွေနတယ္။ မ်က္စိထဲထပ္ျမင္လိုက္ရတဲ့အရာေၾကာင့္ ပိုအံ့အားသင့္သြားတယ္

"Bible...ဒါ ေတြ က ..."

"ဘယ္လိုလဲ ႀကိဳက္ရဲ႕လား Bui "

Buiရဲ႕ပုံေတြအမ်ားႀကီးကို ခ်ိတ္ဆြဲေပးထားတယ္၊ ငယ္ငယ္ေလးကတည္းကပုံေတြအစ ႏွစ္အလိုက္အစဥ္တိုင္း ခ်ိတ္ဆြဲျပထားသလို ပုံေလးေတြေအာက္မွာ စာတန္းေလးေတြပါေရးထားတာမို႔ တခုခ်င္းစီေျဖးေျဖးခ်င္းလိုက္ဖတ္ၾကည့္ေနမိတယ္။

တပုံခ်င္းစီလိုက္ၾကည့္ေနရင္း ေနာက္ဆုံးပုံေရာက္မွ ထိန္းထားတဲ့မ်က္ရည္ေတြက စီးက်လာေတာ့တယ္။

Bible Pov

Buiအတြက္ အံ့ဩစရာေကာင္းတဲ့အခိုက္အတန႔္ေလးဖန္တီးေပးခ်င္တာမို႔ ငါနဲနဲအားစိုက္ထုတ္ထားတယ္။ သူ႕ႀကိဳက္ပါ့မလားဆိုတဲ့အေတြးဝင္မိပင္မယ့္ ငါရဲ႕ႀကိဳးစားအားထုတ္မႈကိုေတာ့ buiကအသိအမွတ္ျပဳမယ္ဆိုတာ အကြၽင္းမဲ့ယုံၾကည္တယ္ဆိုတဲ့စိတ္နဲ႕ surprise ျပင္ဆင္ထားတဲ့ဆိုင္ေလးကိုေခၚလာခဲ့တယ္။

သူ႕အတြက္ျပင္ဆင္ထားတဲ့ အရာေလးေတြဓာတ္ပုံေလးကိုတခုခ်င္း လိုက္ၾကည့္ေနတဲ့ buiကိုအသာေလးရပ္ၾကည့္ေနလိုက္တယ္။ ပုံေလးေတြမွာ ငါသူ႕ကိေျပာခ်င္တဲ့ဟာေလေးတွရေးထားတာမို့ တခုဖတ္တိုင္း ငါမ်က္ႏွာကိုတခါျပန္လွည့္ၾကည့္ေနတဲ့ buiေၾကာင့္ တခါတရံ အၾကည့္ခ်င္းဆုံသြားရင္ ငါရွက္သြားေသးတယ္၊ အဲ့လိုခါမ်ိဳးဆို buiက ၿပဳံးၿပီး အလိုက္တသိျပန္လွည့္သြားေပးေသးတယ္။ လုပ္ယူစရာမလိုဘဲ အလိုလိုျဖစ္ေပၚလာတဲ့ အမူအရာေလးေတြက အူယားစရာေကာင္းေနတာမို႔ အသဲယားေနမိတယ္။

ေနာက္ဆုံးပုံေလးမွာ ၿပဳံးေနတာရပ္ၿပီး အေတာ္အၾကာရပ္ၾကည့္ေနတဲ့ buiေၾကာင့္ ငါနဲနဲေၾကာင္သြားမိတယ္။

"ဘာလို႔ပါလိမ့္ " ဆိုၿပီးအေတြးဝင္ေနတုနိး ႐ုတ္တရတ္ငိုခ်လိဳက္တဲ့ buiေၾကာင့္ စိုးရိမ္လာကာ သူဆီအေျပးေလးသြားကာ ရင္ခြင္ထဲေထြးေပြ႕ထားလိုက္ေတာ့တယ္။

"Bui....Buiဘာလို႔လဲ၊ ဘာျဖစ္လို႔ငိုတာလဲကြာ " ငါေမးလဲမေျဖဘဲ ပိုရွိုက္ကာငိုေနေတာ့တာမို႔ စိုးရိမ္စိတ္ကအေတာ္ေလးျမင့္တတ္ေနမိၿပီ

"ကိုယ္ buiမႀကိဳက္တာတခုခုလုပ္မိလို႔လားဟင္၊ တခုခုေျဖပါဦးေနာ္ " ဆိုၿပီး ရင္ခြင္ထဲကအေကာင္ေလးအငိုတိတ္တဲ့အထိသူ႕ဆံပင္ေလးကိုသပ်လျက်ချော့ပေးလိုက်တော့တယ်။ ငါတို႔ႏွစ္ေယာက္သား အဲ့အတိုင္းရပ္ေနတာ အခ်ိန္တခုအထိဘဲ...

"ေတာ္ၿပီေနာ္ မငိုနဲ႕ေတာ့ ၊ buiကိုအံ့ဩေအာင္လုပ္ခိင္လို႔ေခၚလာတာပါဆို၊ buiကခုလိုငိုလိုက္ေတာ့ ကိုယ္ကျပန္အံ့ဩေနရၿပီ၊ တိတ္ေတာ့ေနာ္ " ဆိုၿပီး သ့မ်က္ႏွာေလးကို ငါ့လက္ႏွစ္ဖက္ထဲထည့္ကာ ေျပာလိုက္ေတာ့တယ္။

"အြန္း ငိုေတာ့ဘူး " ဆိုၿပီး ေျပာေနပင္မယ့္ ငိုထားတဲ့အရွိန္ေၾကာင့္ မ်က္ေလးေကာႏွာေခါင္းေလးကနီရဲေနတာဘဲ၊ ပါးေပၚက မ်က္ရည္ေလးေတြကို ငါလက္ေလးနဲ႕သုတ္ေပးေနရင္း

"ၾကည့္ဦး buiတရားလြန္တယ္လို႔မထင္ဘူးလားဟမ္ " ဆိုၿပီးေျပာလိုက္ေတာ့ ခနကအငိုတိတ္သြားတဲ့ေကာင္ေလးက မ်က္လုံးအျပဴးသားေလးနဲ႕ ျပန္ၾကည့္ကာ

"အမ္? Buiဘာလုပ္လို႔လဲ၊ buiငိုလိုက္လို႔စိတ္ဆိုးသြားလား " ဆိုၿပီး စိုးရိမ္တဲ့ေလသံေလးနဲ႕ေျပာေနျပန္ေရာ

"ဟုတ္တယ္၊ ဘာလို႔..? ဘာလို႔ငိုေနတာေတာင္လွေနေသးတာလဲ? " ဆိုၿပီး ေျပာလိုက္ေတာ့ ထရာ္ပါေလေရာ...

"မနာလိုေနတာလားဟင္ Bible " ဆိုၿပီးေစာနက ငိုထားတာသူမဟုတ္သလိုဘဲ ငါ့ကိုျပန္စေနာက္ေနေသးတယ္။

"အင္းးး မနာလိုတယ္၊ ေဟာ္ဒီလွလွပပမ်က္ႏွာေလးကို သူမ်ားေတြျမင္မွာ ၾကည့္မွာကို မနာလိုတယ္ " ဆိုၿပီးေျပာေတာ့ ရယ္ေနရကာေန ရပ္သြားကာ ႐ုပ္တည္သြားျပန္ေရာ

"ဘယ္သူၾကည့္ၾကည့္ေလ Bible မွာအဲ့လိုေျပာပိုင္ခြင့္မရွိဘူး " တဲ့ေလ ငါႏွလုံးသားကို ျမႇားစိုက္သြားသလိုဘဲ အသံစူးစူးေလးနဲ႕ ေျပာလိုက္တဲ့စကားက ခ်စ္ဖို႔ေကာင္းတဲ့အမူအရာနဲ႕ေပြာလိုက်ပင်မယ့် နားေထာင္လို႔မေကာင္းဘူး ရင်ထဲစူးအောင့်သွားဝာာဘဲ။

"မရဘူးကြာ၊ မင္းအစိတ္အပိုင္းအားလုံး ကိုယ္တေယာက္ဘဲပိုင္ရမယ္၊ bui jakapan က တေယာက္မကလို႔ ေနာက္ထပ္ငါးေယာက္ဘဲရွိရွိ အကုန္လုံးက ကိုယ့္အပိုင္ဘဲ "

"အဲ့လိုမရဘူးေလ၊ ေမေမကိုျပဳစုေပးဖို႔လိုေသးတယ္
Bibleအကုန္အပိုင္သိမ္းလို႔မရဘူးေလ "

"အဲ့ဆို ေယာကၡမႀကီးအတြက္ တေယာက္ေတာ့ေပးမယ္ က်န္တာကိုယ့္ဟာဘဲ " ဆိုၿပီးေျပာလိုက္ေတာ့ သေဘာက်သြားသလို ပါးခ်ိဳင့္ေလးထင္းေအာင္ၿပဳံးျပပါေလေရာ...

"ဒါနဲ႕ buiပုံေတြဘယ္ကရတာလဲ၊ တခ်ိဳ႕ပုံေတြဆို buiေတာင္မသိဘူး ဘယ္တုန္းကဟာမွန္း "

"ကိုယ္ရဲ႕ဝွက္ဖဲဆီကရတာေလ ဟဲဟဲ "

"ဘယ္သူလဲဝွက္ဖဲက "

"ကိုယ္ရဲ႕honeyေလးကို ေမြးထုတ္ေပးတဲ့သူေပါ့ " ဆိုၿပီး သူပါးေလးကို ဆြဲကာေျပာလိုက္ေတာ့တယ္။

"ေမေမဆီကေန ...အဲ့ဆိုဒါေတြကေမေမအႀကံေတြေပါ့ေလ "

"မဟုတ္ပါဘူး buiပုံေလးေတြလိုခ်င္တယ္လို႔ေတာင္းလို႔ ေပးလိုက္တာ၊ ေနာက္မွ ဒါမ်ိဳးလုပ္ဖို႔ ကိုယ္ အႀကံရလာတာ၊ buiႀကိဳက္တတ္တဲ့အရာေလးကေတာ့ Ptongဆီကေနၾကားလာတာ ဘယ္လိုလဲ ကိုယ္ေတာ္တယ္မလား "

"ဘာေတာ္တာလဲ၊ သူမ်ားဆီကေျပာမွသိလာတာေတြမ်ား အထင္မႀကီးပါဘူး၊ buiဆို ဘယ္သူ႕မွမေျပာဘဲ Bible ဘာႀကိဳက္တတ္လဲ မႀကိက္တဲ့အရာကဘာဆိုတာအကုန္သိ...အဲ ဘာမွမဟုတ္ေတာ့ဘူး " ဆိုၿပီး ပြစိပြစိေျပာသြားတာမ်ား သူ႕စကားရဲ႕ဆိုလိုရင္းေတာင္မသိ၊ ေနာက္သတိထားမိတဲ့အခ်ိန္မွ သူ႕ပါးစပ္ေလးကိုလွမ္းပိတ္ကာ စကားလမ္းေၾကာင္းကလြဲေသးတယ္။
"ဘယ္လိုလုပ္မလဲ ကိုယ္အကုန္လုံးၾကားၿပီးသြားၿပီ၊ မၾကားခ်င္ေယာင္ေဆာင္ေပးရမလား " ဆိုၿပီး သူ႕ကိုစလိုက္ေတာ့ နားေလးေတြပါရဲတတ္လာတာမို႔ အသဲယားကာ ရင္ခြင္ထဲျပန္ေထြးေပြ႕လိုက္ေတာ့ အလိုက္သင့္ေလးဝင္လာပင္မယ့္ ရင္ဘတ္ကိုလက္သီးဆုပ္ေလးနဲ႕လာထုတတ္ေသးတယ္။

"I'm know Why? I'm know Why? " ဆိုၿပီး ရင္ခြင္ထဲကအေကာင္ေပါက္ေလးလို႔စလိုက္ေတာ့ ဘာသိတာလဲဆိုၿပီး ျပန္ေမာ့ၾကည့္ကာ မ်က္ေစာင္းေတြဘဲထိုးျပေနေသးတယ္။

"Bui ကိုယ့္အေပၚဘယ္ေလာက္ဂ႐ုစိုက္တတ္လဲဆိုတာ ကိုယ္သိပါတယ္၊ အဲ့မို႔ အခုကိုယ့္ဘက္ကျပန္ဂ႐ုစိုက္ရမယ့္အလွည့္ဖို႔ ခြင့္ျပဳေပးေနာ္ " ဆိုၿပီးေျပာလိုက္ေတာ့ ရင္ခြင္ထဲက ေကာင္ေလးကဖက္ထားရာကေန ဖယ္ခိုင္းကာ

"ေနာက္ဆုံးပုံမွာေျပာထားတဲ့စကားက အတည္လား " တဲ့

သူ႕မ်က္ႏွာေလးကို ႏူးႏူးညံ့ညံ့ကိုင္ကာ

"အင္းအတည္ေပါ့၊ ကိုယ္ႀကိဳးစားမွာမို႔ ခနေလာက္ေစာင့္ေပးေနာ္ bui ေကာ သေဘာတူလားဟင္ "

"အြန္း " ဆိုၿပိး ၿပဳံးျပကာ ျပန္ေျဖလာတယ္။

"ေနာက္ထပ္တခုခြင့္ျပဳေပးဦးေနာ္ ကိုယ္buiကိုနမ္းလို႔ရမလား " ဆိုၿပီးေမးလိုက္ေတာ့ ရွက္ေသြးပိုေနတဲ့မ်က္ႏွာေလးျဖစ္ေနပင္မယ့္ ငါ့ထက္ျမန္ဆန္လြန္းတဲ့သူ႕လက္က ငါ့မ်က္ႏွာကိုဆြဲၿပီး လာနမ္းေတာ့တယ္။

အျပန္အလွန္ အနမ္းပန္းေတြပြင့္လန္းၿပီးေနာက္ တေယာက္မ်က္ႏွာတေယာက္ ၾကင္ၾကင္နာနာၾကည့္ရင္း နဖူးခ်င္းထိစပ္ကာ သေဘာက်ၿပဳံးလိုက္မိတယ္။ ခ်စ္ေသာသူနဲ႕အတူရွိတဲ့အခိုက္အတန႔္ေလးက တကယ္ျမတ္နိုးမိတယ္။ သူ႕ဆီက တိတိတာတာစကားသံေလးေတြကို အဝႀကီးနားေထာင္ရင္း ငါတို႔ရဲ႕ first dinner date ေလးကို ေပ်ာ္႐ႊင္စြာ စာေသာက္ရင္းျဖတ္သန္းလိုက္ၾကတယ္။ ငါရဲ႕ဝွက္ဖဲေတြဆီက သိရတဲ့ သတင္းအခ်က္အလက္ေတြအရ သူႀကိဳက္တတ္တဲ့အစားအစာေလးေတြကိုႀကိဳတင္ျပင္ဆင္ရက်ိဳးနပ္ပါတယ္၊ အစားပုပ္ေလးက အားရပါးရစားျပေနတာမို႔ေလ။

ကိုယ္ရဲ႕ႀကိဳးစားအားထုတ္မႈကို အသိအမွတ္ျပဳတဲ့အတြက္ေက်းဇူးဘဲေနာ္ ကိုယ္ရဲ႕တဉီးဆိုင္နာမ္ေလးBui Jakapan Putta

ကိုယ္ရဲ႕ကမ္းလွမ္းခ်က္ကိုသေဘာတူတဲ့အတြက္ေကာ ေက်းဇူးဘဲေနာ္ My Future husband ေလး

ကံတရားက သိပ္ကိုဆန္းၾကယ္တယ္ဆိုတာ ကြၽန္ေတာ္လက္ခံသြားၿပီ...အရာရာကို တဖက္သတ္အျမင္နဲ႕ဘဲဆုံးျဖတ္တတ္တဲ့ကြၽန္ေတာ္၊ ကိုယ္မွန္တယ္ထင္ရင္ တျခားသူ႕အျမင္ကို ဂ႐ုမစိုက္တတ္တဲ့ကြၽန္ေတာ္လိုလူက buiလိုလူမ်ိဳးကိုမွအသက္ေလာက်ချစ်မိသွားလို့လေ၊

တကယ္ေတာ့ ကြၽန္ေတာ္တို႔ႏွစ္ေယာက္က ဆန႔္က်င္ဘက္အရပ္မွာရပ္ေနတဲ့လူႏွစ္ေယာက္လိုဘဲ အေတြးေတြ၊ခံယူခ်က္ေတြမတူၾကဘူး

အဲ့လိုအစြန္းႏွစ္ဖက္မွာရပ္ေနတဲ့လူႏွစ္ေယာက္ကို ဒယ္ဒီတို႔ရဲ႕ arrange marriage ေၾကာင့္ဆုံစည္းေစၿပီး loveဆိုတဲ့အရာက ဟန္ခ်က္ညီသြားေစတာဘဲ၊ သိပ္ကိုအံ့ဩစရာေကာင္းတယ္ တခ်ိန္က မုန္းတယ္လို႔ထင္ထားခဲ့တဲ့ ကြၽန္ေတာ္ကိုယ္တိုင္ နာက်င္ေအာင္လုပ္ခဲ့တဲ့ေကာင္ေလးကို အခုကြၽန္ေတာ္အသက္ထက္ပိုၿပီးေတာင္ ခ်စ္မိသြားတာကေလ အံ့ဩစရာဘဲ...

ဒီထက္အံ့ဩစရာေကာင္းတာက အဲ့ေကာင္ေလးကလဲ ကြၽန္ေတာ္ကို ျမင္ျမင္ခ်င္းခ်စ္မိသြားတယ္ဆိုတဲ့အရာဘဲ...အသိေနာက္က်ခဲ့လို႔ေနာင္တရပင္မယ့္ ဒီထက္ေနာင္တမရေအာင္ ဒီေကာင္ေလးရဲ႕လက္ကို ၿမဲေနေအာင္တြဲထားမယ္ဆိုၿပီး ဆုံးျဖတ္လိုက္တယ္။

ကြၽန္ေတာ္ခ်စ္သူေလးက သိပ္ကိုဟန္ေဆာင္ေကာင္းတယ္ သူ႕ရဲ႕အေၾကာင္းေတြကို ကြၽန္ေတာ္ကိုေျပာျပတာရွားသလို၊အၿမဲဖုန္းကြယ္တတ္တယ္ ဒါမယ့္ကိစၥမရွိပါဘူး ကြၽန္ေတာ္ဝွက္ဖဲေတြဆီကေန သူ႕နဲ႕ပတ္သတ္တဲ့အတိတ္ကအေၾကာင္းအရာေတြကို သိခြင့္ရေနလို႔ဘဲေလ...ဒါမယ့္ အခုကစ သူကိုသင္ေပးရဦးမယ္ ခံစားခ်က္ကိုဘယ္လိုေဖာ္ျပရမွန္း ခ်စ္တာကိုခ်စ္တယ္လို႔ ေျပာရဲေအာင္ ကြၽန္ေတာ္ကိုယ္တိုင္ ကိုယ္ဖိရင္ဖိသင္ေပးရဦးမယ္ ဟဲဟဲ

(The last photo)

*****

Bui Pov

ထပ္ၿပီးလက္ထပ္ခြင့္ေတာင္းခံလိုက္ရလို႔ေပ်ာ္႐ႊင္ရတာမဟုတ္ဘူး..ဒီတခါလက္ထပ္ပြဲက Bibleရဲ႕အခ်စ္ေတြနဲ႕ စီစဥ္ထားတဲ့လက္ထပ္ပြဲမို႔ အေပ်ာ္လြန္ေနမိတယ္

ငါရဲ႕တခုတည္းေသာ ေမွ်ာ္လင္ခ်က္ေလးက ျဖစ္ေျမာက္လာမယ္လို႔မထင္ခဲ့ဘူး...အၿမဲစိတ္ကူးနဲ႕ဘဲ႐ူးခဲ့ရတဲ့ငါ့ရဲ႕ေမွ်ာ္လင့္ခ်က္ေလးကို ငါ့ခ်စ္တဲ့လူသားေလးက ျဖည့္ဆည္းေပးခဲ့တဲ့ ဒီအခိုက္အတန႔္ကို ဘယ္ေလာက္ၾကည္ႏူးမိလဲဆိုတာ ေျပာမျပတတ္ေလာက္ေအာင္ဘဲ...

ခ်စ္တယ္၊အရမ္းခ်စ္တယ္ေနာ္ buiခ်စ္တဲ့လူသားေလးကလဲ buiကိုျပန္ခ်စ္တယ္လို႔ေျပာတဲ့အခိုက္အတန႔္ကိုလဲခ်စ္တယ္

သူ႕ဘက္ကလိုလိုလားလား ဂ႐ုစိုက္ေပးတဲ့ အခိုက္အတန႔္ကိုလဲခ်စ္တယ္

အခ်စ္ေတြျပည့္ႏွက္ေနမယ့္ လက္ထပ္ပြဲေလးျဖစ္ေအာင္ ႀကိဳးစားမယ္လို႔ေျပာတဲ့အခိုက္အတန႔္ကိုလဲခ်စ္တယ္

Buiရဲ႕ျဖစ္တည္မႈကို Bibleသိသြားတဲ့အခိုက္အတန႔္ေတြကိုလဲ ျမတ္ျမတ္နိုးနိုးခ်စ္တယ္

Buiလက္ကိုတြဲထားတဲ့သူ႕လက္ကို အၿမဲမျဖတ္တမ္းတြဲသြားမွာမို႔ အခ်စ္ခရီးလမ္းကိုအတူတူေလွ်ာက္လမ္းရင္း ေရွ႕ဆက္လဲ ခ်စ္ေနမွာမို႔

"Buiလက္ကို ၿမဲၿမဲတြဲထားေပးပါေနာ္ Ble " ဆိုၿပီး သူ႕ပုံခုံးေလးကိုမွီကာ ေျပာလိုက္ေတာ့တယ္

"Sure, buiလက္ကို ကိုယ္ဘယ္ေတာ့မွမျဖဳတ္သလို ကိုယ့္ရင္ခြင္ထဲကလဲ ဘယ္ေတာ့မွထြက္သြားခြင့္မျပဳဘူး, အဲ့ဒါမို႔ ကိုယ္ buiကိုအရမ္းခ်စ္တယ္ဆိုတာယုံၾကည္ေပးေနာ္ " ဆိုၿပီး သူ႕ပုခုံးေပၚမွီေနတဲ့ငါ့ကို သူ႕ရင္ခြင္ထဲဆြဲသြင္းကာဖက္ထားတဲ့ Bibleကို ယုံၾကည္တယ္ဆိုတဲ့စကားလုံးထက္ေတာင္ ပိုယုံၾကည္တာမို႔

"ယုံၾကည္တာမို႔ ေနာက္ဒီလိုကတိေတြေပးဖို႔မလိုေတာ့ပါဘူး "

"အင္းကတိေတြမေပးေတာ့ဘူး အလုပ္နဲ႕ဘဲသက္ေသျပေပးမယ္ေနာ္ My honey " ဆိုၿပီး ႏူးညံ့တဲ့အေျပာ၊ ႏူးညံ့တဲ့အၾကည့္နဲ႕ၾကည့္လာၿပီး ႏူးႏူးညံ့ညံ့ေလးနမ္းရွိုက္လာတဲ့ Bible အေပၚ ယုံၾကည္မႈဆိုတဲ့စကားလုံးနဲ႕အတူ ျပန္ၿပီး နမ္းရွိုက္မိလိုက္တယ္။

အခ်စ္ဆိုတဲ့အရာက ငါ့တို႔ႏွစ္ေယာက္ၾကားမွာ သက္ေရာက္လာမယ္လို႔ မထင္ထားခဲ့ပင္မယ့္ သက္ေရာက္လာတဲ့အခါ မထင္ထားတဲ့အရွိန္လုံးနဲ႕ဝင္ေရာက္လာတာမို႔ နဲနဲရိုက္ခတ္မႈေတြရွိပင္မယ့္ အရွိန္ေျပသြားတဲ့အခါ ေလေျပေတြဘဲက်န္ရစ္ခဲ့တာမို႔ ငါ့အတြက္အခ်စ္ကိုအဓိပၸာယ္ဖြင့္ဆိုရရင္ မုန္တိုင္းခနတိုက္ခတ္သြားတဲ့ ကမ္းရိုးတန္းလိုဘဲ၊မုန္တိုင္းေတြၿငိမ္သက္သြားရင္ေတာ့ ေလေျပေလညင္းေလးေတြက လာတိုက္ခတ္မွာဘဲေလ၊ ငါ့အခ်စ္ေရးမွာလဲ အႏွောင့္အယွက္ဆိုတဲ့အရာေတြၾကားဝင္လာပင္မယ့္ အဆုံးသတ္မွာေတာ့ ငါ့ခ်စ္တဲ့bibleရဲ႕အခ်စ္ကို ရရွိလာတာဘဲမို႔ မုန္တိုင္းအစမွာ တိုက္ခတ္ခံရတဲ့ေလျပင္းေတြေၾကာင့္ အပ်က္အစီးေတြရွိသလို အခ်စ္ေၾကာင့္နာက်င္ရတာေတြလဲ တခါတရံေတာ့ရွိမွာဘဲေလ

"Buiဘဝမွာေလ ဒီလိုBibleဆီက အခ်စ္ကို ျပန္ရလိမ့္မယ္လို႔ မထင္ခဲ့မိဘူး အခုလိုျပန္ရလိုက္ေတာ့ ဒါကအိမ္မက္တခုလိုဘဲလို႔ခံစားရတယ္ " bibleရဲ႕မ်က္ႏွာေလးကို buiရဲ႕လက္ဖဝါးေလးနဲ႕ကိုင္ကာ ေျပာလိုက္ေတာ့

"အိပ္မက္မဟုတ္ပါဘူး buiရဲ႕အခ်စ္ကိုအသိေနာက္က်ခဲ့ပင္မယ့္ ခုခ်ိန္ကစ အိမ္မက္လိုမထင္ရေအာင္ အျပည့္ဝခ်စ္ေပးမွာမို႔ စိတ္မပူနဲ႕ေနာ္ " ဆိုၿပီး တည္ၾကည္ေလးနက္တဲ့မ်က္ႏွာေလးနဲ႕ေျပာေနတဲ့သူ႕ေၾကာင့္ အရင္ကနာက်င္မႈေတြကေတာင္အေငြ႕ပ်ံသြားသလို ရင္ထဲမွာအစိုင္အခဲအေနနဲ႕ မက်န္တဲ့အထိ သူ႕အေပၚယုံၾကည္ေအာင္လုပ္နိုင္တဲ့ bibleေၾကာင့္ အရင္ကထက္ပိုၿပီး ခ်စ္ျမတ္နိုးေနမိတယ္။

"I Luve U So Much Ble... " ဆိုၿပီး ေျပာကာ ခ်စ္ရသူေလးကိုနမ္းလိုက္မိတယ္။ buiရဲ႕အနမ္းကိုတုံ႕ျပန္လာတဲ့ bible ကလဲ အနမ္းေတြၾကားကေန

"I Love u too, Bui " ဆိုၿပီးbuiၾကားေလာက္တဲ့အသံႏႈန္းနဲ႕ေျပာလာလို႔ အသဲယားမိပင္မယ့္ သူဘာလုပ္လုပ္သေဘာကျမိတာမို့ အခ်စ္ခရီးလမ္းကိုအၾကင္နာအနမ္းေတြနဲ႕ ေရွ႕ဆက္လိုက္ေတာ့တယ္။

ဘဝဆိုတာကလဲ လွိုင္းပုတ္ေနတဲ့ပင္လင္ျပင္မွာလက္ပစ္ကူးေနသလိုဘဲ ေရကူးဘယ္ေလာက္ကြၽမ္းေနပါေစ ပင္လယ္နဲ႕လွိုင္းရဲ႕အထာကိုမသိရင္ ေရနစ္သြားမွာဘဲ၊ အဲ့လိုဘဲ ဘဝမွာႀကဳံေတြ႕ရတဲ့အခက္အခဲေတြကို ဘယ္လိုရင္ဆိုင္ရမယ္၊ဘယ္လိုေတာင့္ခံရမယ္ဆိုတာမသိရင္ အလြယ္တကူလက္ေလ်ာ့မိမွာဘဲ...အဲ့လိုစိတ္ဆင္းရဲမႈကေန ႐ုန္းမထြက္နိုင္ရင္ အဲ့ထဲမွာဘဲပိုနစ္ျမႇုပ္သြားမွာဘဲ...လက္မေလျာ့ဘဲကြိုးစားရုန်းကြည့်ပါ

ေမွ်ာ္လင့္ခ်က္ဆိုတာမရွိတဲ့ buiဘဝမွာလဲ အခက္အခဲအတားအဆီးေတြ ဘယ္ေလာက္ဘဲရွိရွိ ရင္ဆိုင္ေက်ာ္ျဖတ္ခဲ့သလို အဆုံးသတ္မွာ buiရဲ႕တခုတည္းေသာေမွ်ာ္လင့္ခ်က္ေလးကို ပိုင္ဆိုင္လိုက္ရတာဘဲမဟုတ္လား။

ထုခြန္တို႔လဲ ဘဝမွာအခက္အခဲေတြဘယ္ေလာက္ရွိရွိ လက္မေလ်ာ့ဘဲ ကိုယ္ရဲ႕ေမွ်ာ္လင့္ခ်က္ကို ဆုပ်က်ုင်ထားပြီး ေက်ာ္ျဖတ္ၾကပါေနာ္...အဆုံးသတ္မွာသင့္ရဲ႕hopeကလဲေစာင့္ႀကိဳေနမွာမို႔ လက္မေလ်ာ့ဘဲအားတင္းထားၾကပါလို႔ ေျပာရင္း ဒီဇာတ္လမ္းေလးကို နိဂုံးခ်ဳပ္လိုက္ပါတယ္ေနာ္။

THE END

Ps, buiကို the most handsome bl actorsမွာ voteေပးဖို႔မေမ့ပါနဲ႕ဦးေနာ္၊ biblebuild အတြက္ေကာဘဲ the most favorite bl couple မွာ vote ေပးဦးေနာ္

Continue Reading

You'll Also Like

13.8K 703 29
🆄🅿🅳🅰🆃🅴🆂 🅴🆅🅴🆁🆈 🅼🅾🅽🅳🅰🆈 Jungkook was happy that his cousin brother was getting married. He came all the way from California for this o...
16.1K 1.6K 42
Love & Feelings between two guys
480K 5K 55
Akira, the brother of Issei hyoudou the biggest pervert in Kouh. Akira was abused and tricked by his brother but the lowest point in Akira's life was...
9.7K 1K 36
Short story about MileApo & Their Beautiful Dawn