ကျုပ်အပိုင်{ Complete✓ }

By DayMaharMyat

229K 8.3K 614

ဒီ ficလေးကိုကြိုတောင်းပန်ချင်တာက စိတ်လွတ်ကိုယ်လွတ်ရေးသားထားတာမို့တောင်းပန်ပါတယ် အဆင်မပြေဘူးလို့ထင်ရင် လုံးဝမဖ... More

Intro
1❗
2.
3❗
Hey! Hi My Readers
5❗
6.
7
8.❗
9.❗
10.
11.
12.
13.❗
14.
15.
16.{ final }
Extra.1
Extra - 2❗
Extra-3 End
Present For My Panda ♡.

4.

9.3K 423 29
By DayMaharMyat

Uni

" ကျုပ်ခွင့်မယ် ငြိမ်ငြိမ်နေ "

" ရတယ် ငါ့ဘာသာစားနိုင်တယ် "

" ကျစ်! ခင်ဗျားထိုင်ထလုပ်နေတာ ကျုပ်ကောင်ကိုပွတ်မိနေတယ် ကျုပ်စိတ်မထိန်းနိုင်ရင် ထမင်းစားခန်းလည်း ရှောင်မှာမဟုတ်ဘူးနော် "

ထမင်းစားလှမ်းစားမည်ပြင်သော်လည်း ခွင့်မယ်ဟူသည့် ရှောင်းကျန့်ကြောင့် အငြင်းဆောင်ကာ အနည်းငယ်ကြွကာယူ၍ ပြန်ထိုင်သည်အား ရှောင်းကျန့်ပြောလာသည့်စကားကြောင့် လှုပ်ဖို့ပင်မရဲတော့ချေ။

" လိမ်လိမ်မာမာနေစမ်းပါ ခင်ဗျားကျုပ်ကိုလူဆိုးဖြစ်မလုပ်စမ်းနဲ့ "

"ဟမ့်! အစကတည်းကလူဆိုးပဲကို ငါကပဲလုပ်ရတယ်ရှိသေးတယ် "

" ဘာ "

" ဟင် ဘာမှမဟုတ်ပါဘူး "

တိုးတိုးလေးပြောလိုက်သော်လည်း ပေါင်ပေါ်ထိုင်နေသူ၏စကားသံအား အနီးကပ်သူက အတိုင်းသားကြားနေရသည်ကို မသိလေလျော့သလား~~~

ခင်ဗျားကိုယ်ရံတော်ဘယ်လိုဖြစ်ခဲ့တာလဲ ဝမ်ရိပေါ်...

" ရှောင်းကျန့် "

" ပြော "

" ဘာမှမဟုတ်တော့ဘူး "

" ဘာမှမဟုတ်ပဲ ခင်ဗျားဘာလို့ခေါ်တာလဲ "

" ခေါ်လို့ကောင်းလို့ "

" ဘာ! "

" မဟုတ် မဟုတ်ဘူး ငါcompanyတကယ်လိုက်ရမှာလားမေးမို့ "

" ကျုပ်ကတကယ်မဟုတ်ပဲ လေကုန်ခံပြီးခင်ဗျားကိုပြောရမှာလား "

" အဲ့ဆို တကယ်လိုက်ရမှာပေါ့ "

" ကျစ်! ဟုတ်တယ် ခင်ဗျားပါးစပ်ပိတ်တော့ ခနနေသွားမယ် "

" အွန်း "

ရိပေါ်ရှောင်းကျန့်ပေါင်ပေါ်မှထရန်ပြင်သည်နှင့် ပြန်ဆွဲချသည့်ရှောင်းကျန့်ကြောင့် ရိပေါ်ရှောင်းကျန့်ပုခုံးအားလက်ထောက်မိပြီး ရှောင်းကျန့်နှင့်မျက်နှာချင်းဆိုအနေအထားဖြစ်သွားရသည်။စူးစိုက်ကြည့်နေသည့် ရှောင်းကျန့်၏အကြည့်များသည် နှုတ်ခမ်းလေးတွင်အဆုံးသတ်သွားသည်နှင့်တစ်ပြိုင်နက် ရိပေါ်အနွေးဓာတ်အားခံစားလိုက်ရသည်။

" အွန့် "

ရှောင်းကျန့်မနေနိုင်စွာ ရိပေါ်၏နှုတ်ခမ်းများအား မော့၍နမ်းရှိုက်လိုက်သည်။ထိုနှုတ်ခမ်းလေးအားသူကြည့်မိတိုင်း အကြည့်မလွှဲနိုင်စွာဖြစ်မိသည်။ဝမ်ရိပေါ်ဆိုသည့်သူမုန်းသည့်လူသားသည် သူအားစွဲမက်စေရန် ပြုစားနိုင်သည့် ခန္ဓာငယ်လေးအားပိုင်ဆိုင်ထားသည်။ဆံစမှခြေဖျားလေးထိ စွဲဆောင်မှုအားကောင်းလွန်းလှသည်။

ရိပေါ်တစ်ယောက် ရှောင်းကျန့်အားတွန်းကာဖယ်စေမိသည်။အိမ်ရှိအကူများအားလုံးဘေးတွင်ရပ်နေသည်မို့ ယခုပုံစံသည် အရမ်းကို့ယို့ကားယားနိုင်လွန်းလှသည်မို့ ရိပေါ်ရှက်နေမိသည်။ရှောင်းကျန့်၏ရင်ဘက်အား တွန်းဖယ်နေမိသည်။ရိပေါ်သည်လည်းအားပျော့သူမဟုတ်သည့်အပြင် အတင်းနမ်းရှိုက်လာသည့် ရှောင်းကျန့်ကြောင့် ရုန်းရင်းအခြေအနေမှ ထိုင်ခုံသည်နောက်သို့လဲကျသွားသည်။အိမ်အကူများပြာပြာသလဲဆွဲထူရန်ပြင်သော်လည်း အနမ်းဂဟေဆက်နေသည့်အလား ရှောင်းကျန့်သည်ဆက်၍နမ်းနေသည်မို့သူတို့မထူရဲပေ။အတန်ကြာမှလွှတ်ပေးလိုက်ပြီး သူတို့နှစ်ယောက်၏အနမ်းများထက်ပိုသည့်အဆက်များထိရောက်မည့်အခြေအနေမှ အနမ်းနှင့်တင်ပြီးသွားရသည်မို့ ရိပေါ်အားထမင်းစားခန်းအပြင်ထွက်စေ၍ ရှောင်းကျန့်စိတ်တိုစွာဖြင့် ခုံအားရိုက်ချိုးလိုက်သည်။

" တွန်းရုံနဲ့ လန်ကျအောင်ထိ သုံးစားမရတဲ့ခုံမဝယ်နဲ့ ထူပြီး မလဲနိုင်မယ့်ခုံတေလဲထားလိုက် ထမင်းစားပွဲကိုခိုင်မယ့်ဟာလဲလိုက် နောက်ဆိုထမင်းစားခန်းလည်းအိပ်ခန်းဖြစ်နိုင်တာမလို့ မင်းတို့အပြင်မှာပဲစောင့်နေ "

" ဟုတ် ဟုတ်ကဲ့ "

အိမ်အကူများသည် ဒေါသထွက်နေသည်အားသိသည်မို့ အသံများမထွက်ရဲဖြစ်နေရသည်။တစ်ညီတည်းဖြေကြသည့်နာခံသံအဆုံး ရှောင်းကျန့်သည် ရိပေါ်အားသွားပွေ့ကာ အခန်းတွင်းခေါ်သွားပြီး အဝတ်များလဲပေးသည်။ရိပေါ်သူပြောလည်း အမောပဲရှိမည်မို့ ရှောင်းကျန့်ဘာလုပ်လုပ်ငြိမ်ပေးလိုက်သည်။ရှောင်းကျန့်သူကိုယ်တိုင်ပါ လဲ၍ company သို့သွားရန်ပြင်တော့သည်။ကားပေါ်ရောက်သော်လည်း ကားနောက်ခန်းတွင်ထိုင်၍ ရိပေါ်အားသူ၏ပေါင်ပေါ်သို့ထိုင်စေသည်။

" ရ ရတယ် ငါ ဟိုဘက်မှာပဲ "

" ပါးစပ်ပိတ်ထား! ခင်ဗျားအသံမထွက်နဲ့ ကျုပ်မုန်းတဲ့ခင်ဗျားကို ကျုပ်ကားပေါ်ခေါ်တင်ပေမဲ့ ကျုပ်ကားတစ်နေရာမှ ခင်ဗျားနဲ့ထိတာမကြိုက်ဘူး နားလည်ရင် ငြိမ်ငြိမ်နေလိုက်တော့! "

ရှောင်းကျန့် ကားနောက်ခန်းတွင်းဆိုဖာအားသူရိပေါ်အားပွေ့မတက်ခင်ကတည်းကစမ်းကြည့်မိသည် သိပ်မနူးညံ့ပဲကြမ်းတမ်းသည်မို့ ရိပေါ်နာမည်အားစိုးရိမ်မိသည်။ထို့ကြောင့်သူ့ပေါင်ပေါ်တွင်သာဆက်၍ထိုင်စေသည်။သူပိုင်သော ထိုလူသား၏တင်ပါးလေး car front seat အား ထိတွေ့ခံရမည့်အစား သူ့ပေါင်ပေါ်သားတင်ထားချင်မိသည့်စိတ်ကြောင့်လည်းပါမည်ထင်သည်။ရှောင်းကျန့်သည် သူပိုင်ဆိုင်သည့်အရာများအားထိုမျှထိ သဝန်တိုတတ်သည့်သူပင်ဖြစ်သည်လားဟုမေးလျှင် သူမဟုတ်ကြောင်းပြန်ဖြေမိမည်။သူပိုင်သည့်သူကား ထိုလူသားလေးပေမို့ ထိုမျှလောက်ထိသူသဝန်တိုမိနေခြင်းသာဖြစ်သည်~~~

" ရောက်ပါပြီ အကိုလေး "

" အင်း "

ရှောင်းကျန့်သည်ရိပေါ်အား ပွေ့ကာ သူ၏ရုံးခန်းအတွင်းသို့ခေါ်လာလိုက်သည်။ပြီးသည်နှင့် ရုံးခန်းအတွင်းရှိ သူအနားယူရန် ဖြည့်သွင်းဆောက်လုပ်ထားသော အိပ်ခန်းအတွင်းသို့သူသွားကာ ရိပေါ်အားမွေ့ယာပေါ်ချလိုက်သည်။ထိုအခန်းသည်တကယ်တမ်းသူအနားယူရန်ဆောက်လုပ်ထားခြင်းမဟုတ်ပေ။သူ၏ကိုယ်ရံတောင်တစ်ဖြစ်ဝမ်ရိပေါ်သည် ညမအိပ်ပဲသူ့အားစောင့်ရှောက်တတ်သည်မို့ Office နှင့်ကပ်ရပ်က meeting roomအား ရွေ့စေကာ ရုံးခန်းအားအကျယ်လုပ်လိုက်ပြီး တစ်ဖက်ကတော့သူနားရန်အခန်းအဖြစ် ဆောက်လုပ်စေခဲ့သည်။ထိုအချိန်ကတည်းကသူသည် ရိပေါ်အားသူကိုယ်တိုင်ပင်မသိစွာ ဂရုစိုက်ခဲ့လေသည်။

" Boss ကျွန်တော်ဝင်လာခဲ့လို့ရမလားဗျ "

" အင်း ဝင်ခဲ့ "

" Boss လက်မှတ်ထိုးစရာတေရှိပါတယ် ပြီးတော့ "

" Shu!!! "

ရှူးဆိုသည့်အသံနှင့်အတူ ကျယ်နေသည့် ကျန်းချန်၏အသံအား တိုးရန် ရှောင်းကျန့်သူ၏လက်ညှိုးအားနှုတ်ခမ်းအားတေ့ကာပြောဆိုမိသည်။ကြောင်တောင်တောင်ကြည့်နေသည့်ကျန်းချန်အား အိပ်ခန်းဘက်မျက်စပြစ်ပြလိုက်တော့ သဘောပေါက်သွားသည့်နှယ် ပါးစပ်အားလက်ဖြင့်အုပ်လိုက်သည်။

" မုန်းတဲ့ကောင်တဲ့ ငါမပြောတော့ဘူး "

" ဘာ "

" ဘာမှမဟုတ်ဘူး ဘော့စ်လက်မှတ်ထိုးပေးပြောတာ "

" မင်းနဲ့ငါနှစ်ယောက်တည်းရှိရင် ရင်းရင်းနှီးနှီးပြော "

" မပြောဘူး "

" ဟ ဒီကောင် "

ရှောင်းကျန့် ကျန်းချန်အား ဘေးရှိနီးရာနှင့်ကောက်ပေါက်မည်အပြု အိပ်ခန်းဘက်မေးငေါ့ပြသည့်သကောင့်သားကြောင့် စိတ်တိုတိုဖြင့် စားပွဲပေါ်နေရာတကျပြန်ချလိုက်သည်။မုန်းသည်မှန်သော်လည်း အိပ်နေသည့်သူအားမနိုးစေချင်ပါ။အိပ်နေသူနှိုးခြင်းသည်ငရဲကြီးနိုင်ပါသည်။

" နေစမ်းပါအုံး မေးပါအုံးမယ် မင်းပြောတော့ ကိုယ်ရံတော်ဝမ် အယ် ရိပေါ်ကောကိုမုန်းတယ်ဆို မုန်းတဲ့ကောင်က အိပ်နေတာနိုးမှာကြောက်တယ်ဆိုတော့ မုန်းတာကောဟုတ်ရဲ့လား မင်းခုနလည်းသူ့ကိုပွေ့လာတာတစ်ရုံးလုံးမြင်တယ်နော် "

" မုန်းတယ် စောက်ရမ်းမုန်းလည်း အိပ်နေတယ့်သူကိုမနှိုးရဘူးလေ ငရဲကြီးတတ်တယ် အဲ့တာကြောင့် ပွေ့တာကလည်း သူ့ကို တစ်ရက်ခြားလုပ်ထားတော့ အရမ်းနာနေတယ်ဆိုလို့ ငါကပွေ့ "

" ဟိတ်ကောင် တော်စမ်း! "

ကျန်းချန်း ရှောင်းကျန့်အား အရန်သင့်စောင်တတ်သော တစ်ရှူးထုတ်ဖြင့်ပေါက်ချလိုက်သည်။လူပျိုကြီးသူ့အားပြောသည့်စကားတွေသည် နားရှက်ဖွယ်ကောင်းနေပါသည်။ဒီကောင်မွေးကတည်းကရှက်ကြောကောပါလာလားဟုပင်သူတွေးမိသည်။မနေ့ကအရေးကြီး meeting မှသူထွက်သွားတော့ကိစ္စတွေအားသူဒိုင်ခံဖြေရှင်းခဲ့ရသည်။သူ့လိုသူငယ်ချင်းရှိလို့ ဆုံးရှုံးရမည့်ငွေများအားထိန်းလိုက်နိုင်ခြင်းပင်။တကယ်ကိုမုန်းသည့်ကောင်လို့ပင်သူမထင်မိတော့ ရှောင်းကျန့်သိပ်ကိုချစ်တတ်နေသည်ဟုပင်ထင်မြင်မိပါသည်။ထိုထင်မြင်မှုအားရှောင်းကျန့်သိလျှင်သေချာပေါက် သူ့အားပေါက်ပေါက်ဖောက်လိမ့်မည်။

" ကျန်းချန် မင်းဘာတွေတွေးနေတာလဲ "

" အော် ရိပေါ်ကောအကြောင်းပါ "

" ဘာ "

" အယ်ငါပြောတာ ရိပေါ်ကောက အရက်သောက်ရတာအရမ်းသဘောကျတယ်ပြောမလို့ "

" ငါမကြိုက်လို့မသောက်ခိုင်းဘူး "

" မင်းကျသောက်တယ် "

" သူမသောက်ရဘူး "

မျက်လုံးထောင့်ကပ်ကာကြည့်၍ ပြောလာသည့်ရှောင်းကျန့်ကြောင့် ကျန်းချန်ပါးစပ်လေးသည် စိပတ်သွားခဲ့သည်။ဘယ်လောက်ပဲခင်ပါစေ ရှောင်းကျန့်ကို သူကျိန်းသေရှိန်ပါသည်။ သူတင်မဟုတ်လူတိုင်းရှိန်ပါသည်။စကားပြောပြတ်သည့်အပြင် သူ့စကားအားတစ်ခွန်းထက်ပိုပြောရခြင်းအားလုံးဝမနှစ်မြို့သူပင်ဖြစ်သည်မို့ သူအမိန့်ပေးတိုင်းနာခံသည့်သူသာရှိတတ်သည်။ရှောင်းကျန့်၏စကားအား complain တက်ခွင့်မည်သူမျှမရှိပေ။ဩဇာအာဏာဟူသည် ရှောင်းကျန့်ထံတွင်အပြည့်ရှိသည်။ရှောင်းကျန့်သည် သူမကြိုက်ဘူးဟုဆိုထားသည့်အရာအား သူ့ရှေ့တွင်လာလုပ်ခြင်းအားလုံးဝမကြိုက်ပေ။ရှောင်းကျန့်မကြိုက်လျှင်လုံးဝမလုပ်သင့်ပါ။ရှောင်းကျန့်တွင်အားနည်းချက်ဟူသည်မရှိပေ။ငယ်စဉ်ကတည်းကလိုလေသေးမရှိနေလာခဲ့သည့်အပြင် ရှောင်းကျန့်သည် ရုပ်ချောသည် တည်တံ့သည် သန်မာသည် ထက်မြက်သည် ဉာဏ်ကောင်းသည် ချမ်းသာသည် တကယ့်ကိုရွှေဘုံအားစံမြန်းသည့် မင်းသားတစ်ယောက်နယ်ဖြစ်နေသည်။ရှောင်းကျန့်နှင့်လက်ထက်ရသောရိပေါ်သည်သိပ်ကိုကံကောင်းလွန်းသည်မို့ လူတိုင်းအားကျခံနေရသည်။

" ကျန်းချန် "

" ဟုတ်ကဲ့ Boss "

" ငါကုတင်ခိုင်တာလိုချင်တယ် "

" အမ် "

" အိမ်ကကုတင်ခေါင်းရင်းကအမှီက ဝမ်ရိပေါ်ငါလုပ်တိုင်းအားပြုကိုင်လွန်းလို့ထင်တယ် နဲ့နေပြီ ကျိုးတော့မယ် မကျိုးခင်ကြိုဝယ်ခိုင်းတာ "

" ဟာ ဒီ မင်းဘာသာမင်းဝယ် သောက်ကောင် "

မျက်နှာကြီးရဲကာ ထွက်သွားသောကျန်းချန်အားကြည့်ကာ ရှောင်းကျန့်မျက်မှောင်ကျုံ့မိသည်။သူကုတင်လေးတစ်လုံးဝယ်ခိုင်းမိတာ အဲ့လောက်ဒေါသထွက်စရာလိုသည်လား။ပြီးတော့ကျန်းချန်ကဘာလို့ရှက်နေရတာလဲ။သဘာဝအလျောက်ဖြစ်ပျက်တတ်သည့်အရာကိုပဲသူပြောလေသည်မို့ ရှောင်းကျန့်သူ့အလုပ်သာဆက်လုပ်နေလိုက်သည်။သူ၏အတွင်းရေးမှုးကျန်းချန်သည်တော့အပြင်ဘက်တွင် ယက်များခတ်ကာ အေးသည့်ရာသီတွင် ရှက်စိတ်ကြောင့်ပူအိုက်နေလေသည်။

" လူပျိုကြီးကို အဲ့လိုပရမ်းပတာတေလာပြောတော့ ရှက်တာပေါ့လို့ "

#Day

တစ်နေ့တစ်ပိုင်းအပ်ပေးတော့ပျင်းနေပြီလား next part is warning ⚠️နော် ပန်ဒါပေါက်စတို့ 🗿မဆဲကြပါနဲ့ဗျာ Dayဆိုတဲ့ ကျွန်တော်ကအသည်းငယ်တယ်
11.3.2023

Zawgyi







" ဘာ "

" ဟင် ဘာမှမဟုတ်ပါဘူး "



" ရှောင်းကျန့် "

" ပြော "

" ဘာမှမဟုတ်တော့ဘူး "


" ခေါ်လို့ကောင်းလို့ "

" ဘာ! "





" အွန်း "


" အွန့် "




" ဟုတ် ဟုတ်ကဲ့ "


" ရ ရတယ် ငါ ဟိုဘက်မှာပဲ "



" ရောက်ပါပြီ အကိုလေး "

" အင်း "



" အင်း ဝင်ခဲ့ "


" Shu!!! "



" ဘာ "



" မပြောဘူး "

" ဟ ဒီကောင် "




" ဟိတ်ကောင် တော်စမ်း! "




" ဘာ "



" မင်းကျသောက်တယ် "

" သူမသောက်ရဘူး "


" ကျန်းချန် "

" ဟုတ်ကဲ့ Boss "


" အမ် "





#Day


Continue Reading

You'll Also Like

129K 1.6K 50
She's new to the house, moved in after a messy breakup with a fellow 'Tik-Tok StAr'. She isn't shy, and enjoys a good time, but easily irritated. She...
42.6K 1.9K 14
ယောင်္ကျားလေးတစ်ယောက်က အခြားယောက်ျားလေးကို ပုံမှန်ထက်ပိုပြီးသဘောကျတာဖြစ်နိုင်လို့လား?
20.6K 831 53
You can find here some of my oneshots i wrote, all of them containing sexual tendion or smut. It's getting hot...!
7.5K 76 9
𝐞𝐮𝐩𝐡𝐨𝐫𝐢𝐚 ,, : a feeling of intense excitement and happiness . mature content warning ! smuts&&fluffs . TW : drug abuse , alcohol , mature sce...