" ငါတို့အခုဘယ်ကစပြီး ဘယ်လိုလုပ်ကြမလဲ"
3ယောက် ကော်ဖီဆိုင်မှာခေါင်းချင်းဆိုင်ပြီး ဆွေးနွေးနေတာအတန်ကြာသည်ထိ ဘာအကြံမှထွက်မလာသေးတာကြောင့် Jungkookမှ မေးလိုက်ခြင်း။
"ဘာလုပ်ရမယ်ဆိုတာထက် အကိုသိချင်တာက Hanလေးကဘာလို့ အလောင်းမရှိဘူးဆိုတာ တပ်အပ်ပြောနိုင်ရတာလဲ"
"Kamက အသက်ရှိစဥ်ထဲက မျက်ကြည်လွှာလှူထားခဲ့တယ်။သေပြီဆိုတဲ့သတင်းကြားတော့ တာဝန်ရှိသူတွေက ထုံးစံအတိုင်းလာခဲ့ကြတယ်။ဒါပေမဲ့ Binnတို့က ဘယ်လိုလုပ်လိုက်လဲမသိဘူး။အဲ့လှူတဲ့ကိစ္စက ဖုံးသွားတယ်။နောက်တော့ အသုဘအခမ်းနားစီစဥ်ပေးတဲ့ထဲက ခင်နေတဲ့အသိတစ်ယောက်ကို မသိမသာလေးစကားနှိုက်ကြည့်တာ အလောင်းပါမလာဘူးဆိုတာပဲသိလိုက်ရတယ်"
"ဒါဆိုတကယ်မသေတာမျိုးရောဖြစ်နေမလား"
"မဖြစ်နိုင်ဘူး..Kamနဲ့နောက်ဆုံးအချိန်ရှိခဲ့တာကျွန် တော်ပါ။Kam ကိုယ်ခန္ဓာတစ်ခုလုံးအေးစက်တောင့်တင်းနေတာ တကယ်သေသွားခဲ့ပြီ။ကျွန်တော်ကိုယ်တိုင်သူ့ကို.."
"ရပြီ။အကိုသိပြီ.."
စိတ်လှုပ်ရှားကာပြောလာသော Jungkookကြောင့်
Jungkookလက်လေးတွေကိုJimin ဆုပ်ကိုင်ကာ အားပေးအပြုံးလေးပြုံးပြလိုက်တော့ Hanလေးဟာ တစ်ဖက်ကိုမျက်နှာလွှဲသွားသည်။
"မသင်္ကာတဲ့အရိပ်ယောင်မျိုးရော သတိထားမိကြလား"
"အကိုတော့အခုထိသတိမထားမိဘူး။Jeonရော.."
"ကျွန်တော်လဲ.."
ငြင်းဖို့စကားမဆုံးမီ သတိရသွားသော အကြောင်းအရာကြောင့် Hanလေးရော Jiminရော မျက်နှာတွေ သူ့ဆီအနည်းငယ်တိုးလာကြသည်။
"တစ်ခုခုမသင်္ကာတာရှိလို့လား"
"မသေချာပေမဲ့ အကိုပျောက်သွားတုန်းက Binnတို့အိမ်ကို ငါတို့သွားတော့ Binnအမေက တော်တော်ကြောက်လန့်နေသလိုပဲ။မဟုတ်တာလုပ်ထားတာကို သိသွားမှာဆိုးတဲ့ပုံမျိုး"
Jungkookစကားကြောင့် Hanလေးဟာ တွေးတွေးဆဆဖြစ်သွားခဲ့ပေမဲ့ Jiminကတော့မျက်နှာမကောင်းတော့ပေ။မေမေကဘာလို့များ ကြောက်လန့်နေရတာလဲ။
"ဒါဆို ဒီလိုလုပ်ကြမလား။JeonကBinnကို အိမ်ဘက်ပြန်မလာနိုင် အောင်အချိန်ဆွဲထားပေးပါလား။Jimin hyungက Binnတို့အိမ်သွားလို့ရတယ်မလား။Jimin hyungကကျ သားဆိုတော့နည်းနည်းသွားရလွယ်တယ်လေ။ကျွန်တော်က အရိုးပြာအိုးကိစ္စမှာ အဲ့ကပိုင်ရှင်မသိဘူးဆိုတာမဖြစ်နိုင်တာမို့သွားစုံစမ်းထားလိုက်မယ်။အဆင်ပြေလား"
"အင်းပြေတယ်"
"ဒါဆိုအခုပဲသွားကြမယ်"
Jungkookလဲသွားမယ်ပြင်ပေမဲ့ JiminကJungkookလက်ကိုဆွဲထားတာကြောင့် Jungkookမှာပြန်ထိုင်နေလိုက်ရသည်။
"Jung အကိုကြောက်တယ်။မေမေသာ ဒီကိစ္စကြီးမှာပါနေရင်..."
"အပြစ်ဒဏ်ခံရမှာပေါ့။အကို့အပေါ်ကိုရော ကောင်းပေးခဲ့လို့လား။အခုလိုတွေပျော့ညံ့နေလို့မရဘူးPark Jimin..စိတ်ကိုထိန်းထားစမ်းပါ"
ပြောလဲပြော ရင်ခွင်ထဲကိုဆွဲထည့်လိုက်သော Jungkookကို ဆိုင်အပြင်ဘက်ကHanလေးက သက်ပြင်းသာတစ်ချချ။
× × × × × ×
Jiminအမေ့အိမ်ကို Jiminလာခဲ့ပေမဲ့ Bellတီးခဲ့တဲ့လက်တွေသည် တုန်ရီနေခဲ့သည်။သိပ်မကြာသောအချိန်တွင် မေမေ့အမျိုးသားဟာ တံခါးဖွင့်ပေးလာခဲ့သည်။
"လာလေJimin..မင်းအမေကတော့ စျေးသွားတယ်။စောင့်အုံးမလား။အန်ကယ်လ် ကော်ဖီသွားဖျော်ပေးမယ်"
"မသောက်တော့ဘူးအန်ကယ်လ်..အဲ့အစားသိချင်တာတွေကို မေးမှာမို့ မေးတာသာဖြေပေးပါ"
"ဘာများလဲ။ထိုင်ပြီး ပြောလေ"
"မေမေနဲ့Binn ဘာတွေလုပ်ထားလဲ အန်ကယ်လ်သိတယ်မလား"
နေမကောင်း၍ဖြူဖတ်နေသောလူသားသည် ထိုမေးခွန်းတစ်ခုတည်းကြောင့် မျက်နှာသည် သွေးပါမရှိတော့သည့်နှယ်။
"အန်ကယ်လ်နားမလည်ဘူးJimin"
"အန်ကယ်လ်နားမလည်လို့မရဘူး..!!အန်ကယ်လ် အမြဲတမ်းရေငုံနှုတ်ပိတ်နေခဲ့တာတွေက တစ်ခါတစ်လေတော့ကောင်းပေမဲ့ အမြဲတမ်းအတွက်တော့မကောင်းနိုင်ဘူး။အချိန်မလွန်ခင် ပြင်သင့်တာပြင်ရအောင် အန်ကယ်လ်သိထားသမျှပြောပြမှဖြစ်မယ်။ပြောပြပါ"
"ဒီလူအိုကြီးကဘာသိမှာလဲJiminရယ်"
"အန်ကယ်လ်..!!!!!!"
Jiminဘယ်သူ့ကိုမှ ထိုလောက်အော်ဟစ်ပြောဆိုခြင်းမရှိခဲ့ဖူးပါ။သို့သော် ကိုယ်ကမေးနေတာကို အတင်းကာရောကြီး ဘူးခံနေသည်ကလူကို ရွဲ့နေသလိုပင်ဖြစ်နေတာကြောင့် ဒေါသထွက်လာမိသည်။
"ကိုယ့်သားသမီး မှားတာမှန်တာကို သူများထက်ပိုသိတာက မိဘပဲအန်ကယ်လ်။အကိုဖြစ်တဲ့ကျွန်တော်တောင် မသိနိုင်ဘူး။မိဘပီသချင်ရင် ကျွန်တော့်ကိုပြောပြပါ။Kamအလောင်းဘယ်မှာလဲအန်ကယ်လ်.."
တခြားစကားတွေကို အတွေးလွင့်နေသူတစ်ယောက်လို နားထောင်နေရင်းမှ နောက်ဆုံးမေးခွန်းတွင် မျက်လုံးပြူးသွားသူကြောင့် Jiminစိတ်အိုက်လာရသည်။
"အန်ကယ်လ်...မိဘဆိုတာလမ်းကြောင်းအမှန်ကိုကြောင်းပေးရပါတယ်။ပြောပြပါ"
"အချိန်တွေတော်တော်လွန်မှ သိရတော့မှာပါလား"
ထိုစကားကိုJiminနားမလည်ပေမဲ့ သူ့အားအခန်းထဲခေါ်သွားပြီးနောက် စာအုပ်စင်နောက်တွင်ပါ အခန်းတစ်ခန်းရှိမှန်းသိလိုက်ရတော့သည်။
"Jiminဝင်သွားလိုက်ပါ။အန်ကယ်လ်က အအေးဒဏ်မခံနိုင်လို့။မြေအောက်ခန်းဆိုတော့ နည်းနည်းအေးတယ်"
Jiminလဲခေါင်းငြိမ့်ပြကာဝင်လာပေမဲ့ တစ်လမ်းလုံးအမှောင်အတိမို့ Phone flashမီးကိုသာအသုံးပြုပြီး ဝင်လာရသည်။ ကြောက်စိတ်နှင့်အတူ ဝင်လာသောအခါ မီးအလင်းရောင်လိုနေရာကိုတွေ့တာမို့ သူခပ်သုတ်သုတ်သွားလိုက်သည်။
"ဟင်..ဒါတွေကဘာတွေလဲ။ဒါကြီးကရောဘာကြီးလဲ..အမေ့. !"
လူတစ်ယောက်၏ပုံကို သေချာပီပြင်စွာထုဆစ်ထားသောလှဲအိပ်နေသောကျောက်ရုပ်ထုနှင့်အတူ ထမင်းပန်းကန်အချို့ကြောင့် ကြွက်အနည်းငယ်ကအော်ဖြတ်ပြေးသွားတာမို့ လန့်ဖြန့်ကာ အော်မိသည်။
"ဒီနေရာမှာ ဒီအရုပ်ကြီးနဲ့ထမင်းလာစားနေတာလား။ဒါနဲ့ဒါကKamများလား"
Jiminသည်Kamကိုတစ်ခါမှသေသေချာချာမမြင်ဖူးပါ။သူ့ကိုအရိပ်အယောင်ပြသောအခါများတွင်လည်း ဝိုးတဝါးတွေသာမို့ Jiminသိမနေခဲ့ပါ။Jiminထူးထူးဆန်းဆန်း ဒီအရုပ်ကိုတို့ထိကြည့်လိုက်တော့ ကျက်သီးတွေကဖြန်းခနဲ။Kamက သည်လိုအချိန်ကျ ဘာလို့သူ့ရှေ့ပေါ်မလာတာလဲ။
"ဖေဖေဘာလို့ Binnကိုဆွဲထားတာလဲ"
"ထမင်းစားရအောင်လေ။ဒီနေ့တော့ ဖေဖေဟင်းချက်ထားတယ်"
"မစားချင်ဘူး..!!ဒီနေ့Jeon Jungkookဆိုတဲ့အရူးက သမီးဆီလာတယ်။တော်ရုံဆို သတ်ပစ်ချင်နေတဲ့သူက သမီးဆီဘာလို့လာမလဲ။အကို့အကြောင်းသိသွားလို့လား။ဟင့်အင်း။သမီး အကို့ကိုသွားကြည့်ရမယ်"
"Binn..!!!"
အနောက်ကတားဆီးသံကိုလျစ်လျူရှူကာ မြန်မြန်ဝင်လာတော့ Jimin ထိုအရုပ်အောက်ကခုံအောက်ထဲသို့ အလျင်အမြန်ဝင်လိုက်သည်။ကံကောင်းသွားသည်က ထိုရုပ်ထုအောက်တွင် အဖြူစခင်းပေးထားခြင်းကြောင့် အောက်ခြေတိုင်တွေပါဖုံးနေသည်။
"ဟူး..တော်သေးတယ်။အကို..အကို Binnအနားကထွက်သွားလို့မရဘူးနော်။အကိုကBinnအနားမှာပဲနေရမှာ။Binn အကိုနဲ့မခွဲနိုင်ဘူး"
Jiminခုံအောက်ထဲမှာ အတွေးပေါင်းမြောက်များစွာဖြစ်နေမိသည်။သည်အခန်းထဲမှာ သူရယ်၊ကိုယ်ရယ် ရုပ်ထုရယ်ကလွဲ ဘယ်သူကများထပ်ရှိနေအုံးမှာလဲ။မဟုတ်မှလွဲရော ရုပ်ထုကြီးကိုစကားပြောနေတာလား။
"Binn အကို့ကိုသိပ်ချစ်တယ်။Binnထွက်သွားခွင့်မပြုနိုင်ဘူး။Binnသေမှပဲ ထွက်သွားရမယ်..!!"
အရူးတစ်ယောက်လိုကျယ်လောင်စွာ အော်ဟစ်ပြောနေသူကြောင့် Jiminနားတွေပိတ်လိုက်ရသည်။မြေအောက်ခန်းမို့ ပဲ့တင်သံတွေလိုပိုကျယ်လောင်နေသည်။ခြေသံကြားသည်မို့ ထွက်သွားပြီဟုထင်လိုက်သော်လည်း အခင်းစသည် လှုပ်လာတာမို့ သူဟိုဘက်ကိုတိုးလိုက်မိသည်။
"Binn..!!ဖေဖေဒီနေ့ Kamကြိုက်တဲ့ပုစွန်ဟင်းလေးချက်ထားပေးတယ်။Kamကိုခွံ့မကျွေးတော့ဘူးလားသမီးလေး"
"ဟင်..ပုစွန်ဟင်းလား"
"အင်းသမီးလေး"
"လာပြီဖေဖေ"
ထိုအခါမှJiminလဲသက်ပြင်းတိုးတိုးချကာ ထွက်လာလိုက်သည်။
"တကယ်ပဲ ဒါကKamလား။ဒါပေမဲ့ ဒါကရုပ်ထုကြီးလေ"
Jiminလဲပြန်တက်ဖို့ပြင်လိုက်ပေမဲ့ မျက်လုံးထောင့်တွင် ရုပ်ထု၏ခြေသလုံးနားသို့ရောက်သွားခဲ့သည်။
"ဟင်..ဘာလို့ကွဲနေတာလဲ"
ကွဲနေတဲ့နေရာကိုနှိုက်ကြည့်တော့ မာသောအရာတစ်ခုကိုစမ်းမိသည်။Jiminလန့်ဖြန့်သွားကာပိုသိချင်တာကြောင့် လိုရမယ်ရ တုတ်တစ်ခုရှာတော့ ကံကောင်းစွာတုတ်တစ်ချောင်းသည်ရှိနေခဲ့သည်။ယောကျာ်းအားနှင့် ထုရိုက်သည့် ကျောက်ရုပ်ထုသည် ကွဲလက်စ အက်ကြောင်းကို လိုက်၍ တဖြည်းဖြည်းအက်ကြောင်းရာများထင်လာကာ ကွဲသွားတော့ Jiminပါးစပ်ကိုသာ အုပ်ပြီး ခြေတွေတောင်ယိုင်လဲကျသွားသည်။
Kamအလောင်းသည် အရိုးစုအဖြစ်သာကျန်ခဲ့သည်ထိ ဆွေးမြေ့နေပြီဖြစ်သည်။ခြောက်နှစ်လုံးလုံး သည်လိုပဲထားထားတာလား။
"ခွမ်း..ချလွင်..!"
အသံကြားရာကိုလှည့်ကြည့်လိုက်တော့ Binnသည် ပန်းကန်တွေတောင်လွတ်ကျကာ သူ့ကိုပြူးတူးစွာကြည့်လာသည်။
"ကိုကို..အခုဘာလုပ်လိုက်တာလဲဟင်"
"Han Binnရူးနေလို့ အခုလိုထားထားတာလားဟင်..!!"
"ကိုကိုသာရူးနေတာ..!!!Jeon Jungkookကလဲအကို့ကိုသတ်တယ်။အခုကိုကိုကလဲ အကို့ကိုထပ်သတ်တယ်။ကိုကိုကသာရူးနေတာ..!!ရူးသွားတာ..!!!"
"Binn..!!!"
မေမေပါရောက်လာသည့်ပုံတွင် Jiminသည် စိတ်ဓါတ်တွေပါအလွန်ကျသွားခဲ့သည်။
"မေမေပါဖုံးထားပေးခဲ့တာလား"
"Jimin..ငါရှင်းပြမယ်"
"မလိုပါဘူး..!!!ဒါနဲ့ Kamကလေ ကျွန်တော်ရော HanလေးရောJungkookကိုရော လာလာပုံရိပ်ပြပေမဲ့ သည်အိမ်ကျဘာလို့မပြတာလဲသိချင်လိုက်တာ။ဧကန္တ မေမေများ မလာနိုင်အောင်လုပ်ထားတာလား"
"Park Jimin နင့်ပါးစပ်ကိုပိတ်ထားလိုက်တော့နော်!!"
"ဟုတ်နေတာပဲ။ယုတ်မာလိုက်ကြတာ။ခင်ဗျားတို့တွေက သေသွားတဲ့လူအပေါ်ကိုတောင်ယုတ်မာရက်လိုက်ကြတာ..!!"
"ဘာဖြစ်လဲ..!!ငါ့သမီးအတွက်ငါလုပ်တာဘာဖြစ်လဲ..!!နင့်ပါးစပ်ကိုပိတ်ထားလိုက်ပြီး နင်အခုမြင်ကွင်းကိုမမြင်ခဲ့ဘူးလို့သဘော.."
"ခင်ဗျားသားကြိုက်နေတဲ့သူ ဒုက္ခရောက်နေတာကျတော့ ရောက်ပေါ့အဲ့လိုလား..!!!ကျွန်တော်လဲခင်ဗျားရဲ့သားပါ။ကျွန်တော်လဲ ခင်ဗျားသားပါလို့..!!!!"
ထိုင်ချကာရှိုက်ကြီးတငင်ငိုနေသူသည် တကယ့်ကို ဘာမှမသိတော့သည်ထိငိုနေမိသည်။Binnကတော့ အရူးတစ်ယောက်ကဲ့သို့ကြောင်အစွာ ရပ်နေမိတုံး။
"အကို..!!!!!!!!"
"ရဲမှူးကြီးတို့ဒီမှာပါ။သူတို့သားအမိကိုဖမ်းပါ"
ဘယ်ကနေရောက်လာမှန်းမသိတဲ့Jungkookနဲ့Hanလေးတို့သည် တစ်ခါထဲရဲတွေကိုပါခေါ်ထားပြီးသား။
"မဟုတ်ဘူး..မဟုတ်ဘူး"
"ကိုကိုတောင်းပန်ပါတယ်Jun..ကိုကိုခေါ်လိုက်တာပါ။အမြင်မှန်ရပါတော့Junရယ်.."
"ကိုကို..!!!အဟင်း..ဘာအမှုနဲ့ဖမ်းမှာလဲ။သတ်တာက တို့တွေမဟုတ်တော့လေ အဟက်.."
"အလောင်းဖျောက်မှုနဲ့တရားလိုဘက်က တရားစွဲလို့ရပါတယ်"
Han Sojunသည် သမီးဖြစ်သူနှင့်သားဖြစ်သူအား တစ်ချက်ကြည့်ပြီးနောက် မျက်နှာထားသည်ခပ်တင်းတင်းပါပဲ။
"ငါ့သမီးနဲ့ဘာမှမဆိုင်ဘူး။ဒီကိစ္စက မိခင်တစ်ယောက်က သားသမီးစိတ်ဆင်းရဲနေတာမြင်လို့ ကြံမိကြံရာလုပ်လိုက်တဲ့ကိစ္စပဲ။ငါ့သမီးစိတ်အခြေနေနဲ့လဲ နင်တို့စစ်မေးရုံလောက်ပဲတတ်နိုင်မှာပါ"
"ကောင်းပါပြီ။အခုတော့နှစ်ယောက်လုံး စခန်းကိုလိုက်ခဲ့ပေးပါ"
"မလိုက်ဘူး..!!မလိုက်ဘူး..!!ငါ့ယောကျာ်းကိုပြန်ခေါ်ပေး..!!ပြန်ခေါ်ပေး"
ရဲတွေသည် ရုန်းကန်နေသောHan Binnကို ဆွဲခေါ်သွားပြီးနောက် Jiminအမေသည် Jiminအား ပါးကိုရိုက်လိုက်သည်။
"တကယ့်ကိုအမျိုးတစ်ခြမ်းယုတ်။ငါကိုက လျှာရှည်ပြီးနင့်ကိုမွေးမိတာ..!!"
"မွေးမိလို့နောင်တရနေရင်လဲ သေလိုက်လေအန်တီ"
Hanလေးသည် ရိုင်းစိုင်းစွာပဲငေါတူးလိုက်မိသည်။Jungkookသည်လည်း Kamအရိုးစုကိုကြည့်ပြီး မျက်ရည်ကျရုံမှလွဲ ဘာမှထွက်မလာတော့ပေ။
"ဗိုက်အနာခံပြီး မွေးတိုင်းမအေမှမဟုတ်တာ။မွေးမိသွားလို့ နောင်တရခဲ့တယ်ဆိုလဲ သတ်သေလိုက်ပေါ့။ရှင်းနေတာပဲ"
"နင်ကများ...!!!"
Hanလေးကိုရိုက်ဖို့ပြင်နေတုံး ရဲတွေဆွဲခေါ်သွားတာကြောင့် HanSojunသည် တောက်တစ်ခေါက်ခေါက်နှင့်သာပါသွားရတော့သည်။
" အန်ကယ်လ့်အမျိုးသမီးနဲ့သမီးဖြစ်သူအစား အန်ကယ်လ်တောင်းပန်ပါတယ်"
ဒူးထောက်တောင်းပန်လာသော ဦးလေးHanသည်လည်း တကယ့်ကိုထိန်းချုပ်ခဲ့ရသည့်ပုံ။
"ရတယ်အန်ကယ်လ်ထပါ။Kamကိုသာတောင်းပန်လိုက်ပါ။ကျွန်တော်တို့သူ့ကို ကောင်းကောင်းသဂြိုလ်ပေးမှာ"
ဦးလေးHanသည် ခေါင်းပဲငြိမ့်နေတာမို့ Jiminတို့လဲထိုထဲကထွက်လာခဲ့သည်။ကျန်ခဲ့သောရဲတွေကတော့ ထိုအရိုးစုကို ဓါတ်ပုံရိုက်ကာ လုပ်စရာရှိတာသာလုပ်ကြသည်။
Jiminသည် ခြံထဲကိုရောက်တောမြက်ခင်း ယပေါ်တွင် ထိုင်ပင်ငိုချမိသည်။တကယ့်ကိုနောက်ဆုံးအချိန်ထိ မေမေဟာ သူ့အပေါ်လုပ်ရက်လိုက်လေခြင်းဆိုသည့် အတွေးတွေပဲခေါင်းထဲမှာရှိနေခဲ့သည်။Jungkookလဲ ထိုင်ငိုနေသူကို နောက်မှဖက်ထားကာ နားရွက်လေးတွေကိုစုပ်နမ်းကာ နားသပ်စပ်လေးတွေကို ချော့နမ်းကာ အငိုတိတ်ဖို့အစွမ်းကုန်ချော့ပေးနေခဲ့သည်။
"ချစ်တယ်အကို"
Jungkookစကားကြားတော့Jiminဟာ ငိုနေရာမှတိတ်သွားကာ Jungkookကိုဖက်ထားလိုက်မိသည်။
Hanလေးသည် Jiminအပေါ်အားကျကာ ရင်နာမိပေမဲ့ Kamအတွက်တရားမျှတမှုရသွားသည့်အပေါ်ရော Jeonစိတ်ဖြောင့်သွားပြီဆိုတာမျိုးရော ဖြစ်သွားပြီမို့ သူဝမ်းနည်းဝမ်းသာဖြစ်ရသည်။ကောင်းကင်ကို မော့ကြည့်ပြီးနောက် တစ်နေရာရာကိုအကြည့်အရောက် Kamသည် သည်နေ့တော့သွားတက်လေးတွေနှင့်ပြုံးနေခဲ့သည်။
"ရောက်ရအရပ်မှာအေးချမ်းပါစေKam။လှလှပပပြန်လည်မွေးဖွားလာပါစေKamရယ်။ငါတော့Jeonကိုမေ့နိုင်ဖို့ ကြိုးစားရအုံးမယ်"
●●●●●●●●●●●●●●●●●●●●
နောက်တစ်ပိုင်းဆိုဇာတ်သိမ်းတော့မှာပါ။Jkမှာ Traumaတစ်ခုကျန်ပါသေးတယ်။ဘာဖြစ်မလဲခန့်မှန်းခဲ့ပါအုံးနော်။ချစ်တယ်။
■■■■■■■■■■■■■■■■■■■■
Zawgyi
" ငါတို႔အခုဘယ္ကစၿပီး ဘယ္လိုလုပ္ၾကမလဲ"
3ေယာက္ ေကာ္ဖီဆိုင္မွာေခါင္းခ်င္းဆိုင္ၿပီး ေဆြးႏြေးေနတာအတန္ၾကာသည္ထိ ဘာအႀကံမွထြက္မလာေသးတာေၾကာင့္ Jungkookမွ ေမးလိုက္ျခင္း။
"ဘာလုပ္ရမယ္ဆိုတာထက္ အကိုသိခ်င္တာက Hanေလးကဘာလို႔ အေလာင္းမရွိဘူးဆိုတာ တပ္အပ္ေျပာနိုင္ရတာလဲ"
"Kamက အသက္ရွိစဥ္ထဲက မ်က္ၾကည္လႊာလႉထားခဲ့တယ္။ေသၿပီဆိုတဲ့သတင္းၾကားေတာ့ တာဝန္ရွိသူေတြက ထုံးစံအတိုင္းလာခဲ့ၾကတယ္။ဒါေပမဲ့ Binnတို႔က ဘယ္လိုလုပ္လိုက္လဲမသိဘူး။အဲ့လႉတဲ့ကိစၥက ဖုံးသြားတယ္။ေနာက္ေတာ့ အသုဘအခမ္းနားစီစဥ္ေပးတဲ့ထဲက ခင္ေနတဲ့အသိတစ္ေယာက္ကို မသိမသာေလးစကားႏွိုက္ၾကည့္တာ အေလာင္းပါမလာဘူးဆိုတာပဲသိလိုက္ရတယ္"
"ဒါဆိုတကယ္မေသတာမ်ိဳးေရာျဖစ္ေနမလား"
"မျဖစ္နိုင္ဘူး..Kamနဲ႕ေနာက္ဆုံးအခ်ိန္ရွိခဲ့တာကြၽန္ ေတာ္ပါ။Kam ကိုယ္ခႏၶာတစ္ခုလုံးေအးစက္ေတာင့္တင္းေနတာ တကယ္ေသသြားခဲ့ၿပီ။ကြၽန္ေတာ္ကိုယ္တိုင္သူ႕ကို.."
"ရၿပီ။အကိုသိၿပီ.."
စိတ္လႈပ္ရွားကာေျပာလာေသာ Jungkookေၾကာင့္
Jungkookလက္ေလးေတြကိုJimin ဆုပ္ကိုင္ကာ အားေပးအၿပဳံးေလးၿပဳံးျပလိုက္ေတာ့ Hanေလးဟာ တစ္ဖက္ကိုမ်က္ႏွာလႊဲသြားသည္။
"မသကၤာတဲ့အရိပ္ေယာင္မ်ိဳးေရာ သတိထားမိၾကလား"
"အကိုေတာ့အခုထိသတိမထားမိဘူး။Jeonေရာ.."
"ကြၽန္ေတာ္လဲ.."
ျငင္းဖို႔စကားမဆုံးမီ သတိရသြားေသာ အေၾကာင္းအရာေၾကာင့္ Hanေလးေရာ Jiminေရာ မ်က္ႏွာေတြ သူ႕ဆီအနည္းငယ္တိုးလာၾကသည္။
"တစ္ခုခုမသကၤာတာရွိလို႔လား"
"မေသခ်ာေပမဲ့ အကိုေပ်ာက္သြားတုန္းက Binnတို႔အိမ္ကို ငါတို႔သြားေတာ့ Binnအေမက ေတာ္ေတာ္ေၾကာက္လန့္ေနသလိုပဲ။မဟုတ္တာလုပ္ထားတာကို သိသြားမွာဆိုးတဲ့ပုံမ်ိဳး"
Jungkookစကားေၾကာင့္ Hanေလးဟာ ေတြးေတြးဆဆျဖစ္သြားခဲ့ေပမဲ့ Jiminကေတာ့မ်က္ႏွာမေကာင္းေတာ့ေပ။ေမေမကဘာလို႔မ်ား ေၾကာက္လန့္ေနရတာလဲ။
"ဒါဆို ဒီလိုလုပ္ၾကမလား။JeonကBinnကို အိမ္ဘက္ျပန္မလာနိုင္ ေအာင္အခ်ိန္ဆြဲထားေပးပါလား။Jimin hyungက Binnတို႔အိမ္သြားလို႔ရတယ္မလား။Jimin hyungကက် သားဆိုေတာ့နည္းနည္းသြားရလြယ္တယ္ေလ။ကြၽန္ေတာ္က အရိုးျပာအိုးကိစၥမွာ အဲ့ကပိုင္ရွင္မသိဘူးဆိုတာမျဖစ္နိုင္တာမို႔သြားစုံစမ္းထားလိုက္မယ္။အဆင္ေျပလား"
"အင္းေျပတယ္"
"ဒါဆိုအခုပဲသြားၾကမယ္"
Jungkookလဲသြားမယ္ျပင္ေပမဲ့ JiminကJungkookလက္ကိုဆြဲထားတာေၾကာင့္ Jungkookမွာျပန္ထိုင္ေနလိုက္ရသည္။
"Jung အကိုေၾကာက္တယ္။ေမေမသာ ဒီကိစၥႀကီးမွာပါေနရင္..."
"အျပစ္ဒဏ္ခံရမွာေပါ့။အကို႔အေပၚကိုေရာ ေကာင္းေပးခဲ့လို႔လား။အခုလိုေတြေပ်ာ့ညံ့ေနလို႔မရဘူးPark Jimin..စိတ္ကိုထိန္းထားစမ္းပါ"
ေျပာလဲေျပာ ရင္ခြင္ထဲကိုဆြဲထည့္လိုက္ေသာ Jungkookကို ဆိုင္အျပင္ဘက္ကHanေလးက သက္ျပင္းသာတစ္ခ်ခ်။
× × × × × ×
Jiminအေမ့အိမ္ကို Jiminလာခဲ့ေပမဲ့ Bellတီးခဲ့တဲ့လက္ေတြသည္ တုန္ရီေနခဲ့သည္။သိပ္မၾကာေသာအခ်ိန္တြင္ ေမေမ့အမ်ိဳးသားဟာ တံခါးဖြင့္ေပးလာခဲ့သည္။
"လာေလJimin..မင္းအေမကေတာ့ ေစ်းသြားတယ္။ေစာင့္အုံးမလား။အန္ကယ္လ္ ေကာ္ဖီသြားေဖ်ာ္ေပးမယ္"
"မေသာက္ေတာ့ဘူးအန္ကယ္လ္..အဲ့အစားသိခ်င္တာေတြကို ေမးမွာမို႔ ေမးတာသာေျဖေပးပါ"
"ဘာမ်ားလဲ။ထိုင္ၿပီး ေျပာေလ"
"ေမေမနဲ႕Binn ဘာေတြလုပ္ထားလဲ အန္ကယ္လ္သိတယ္မလား"
ေနမေကာင္း၍ျဖဴဖတ္ေနေသာလူသားသည္ ထိုေမးခြန္းတစ္ခုတည္းေၾကာင့္ မ်က္ႏွာသည္ ေသြးပါမရွိေတာ့သည့္ႏွယ္။
"အန္ကယ္လ္နားမလည္ဘူးJimin"
"အန္ကယ္လ္နားမလည္လို႔မရဘူး..!!အန္ကယ္လ္ အၿမဲတမ္းေရငုံႏႈတ္ပိတ္ေနခဲ့တာေတြက တစ္ခါတစ္ေလေတာ့ေကာင္းေပမဲ့ အၿမဲတမ္းအတြက္ေတာ့မေကာင္းနိုင္ဘူး။အခ်ိန္မလြန္ခင္ ျပင္သင့္တာျပင္ရေအာင္ အန္ကယ္လ္သိထားသမွ်ေျပာျပမွျဖစ္မယ္။ေျပာျပပါ"
"ဒီလူအိုႀကီးကဘာသိမွာလဲJiminရယ္"
"အန္ကယ္လ္..!!!!!!"
Jiminဘယ္သူ႕ကိုမွ ထိုေလာက္ေအာ္ဟစ္ေျပာဆိုျခင္းမရွိခဲ့ဖူးပါ။သို႔ေသာ္ ကိုယ္ကေမးေနတာကို အတင္းကာေရာႀကီး ဘူးခံေနသည္ကလူကို ႐ြဲ႕ေနသလိုပင္ျဖစ္ေနတာေၾကာင့္ ေဒါသထြက္လာမိသည္။
"ကိုယ့္သားသမီး မွားတာမွန္တာကို သူမ်ားထက္ပိုသိတာက မိဘပဲအန္ကယ္လ္။အကိုျဖစ္တဲ့ကြၽန္ေတာ္ေတာင္ မသိနိုင္ဘူး။မိဘပီသခ်င္ရင္ ကြၽန္ေတာ့္ကိုေျပာျပပါ။Kamအေလာင္းဘယ္မွာလဲအန္ကယ္လ္.."
တျခားစကားေတြကို အေတြးလြင့္ေနသူတစ္ေယာက္လို နားေထာင္ေနရင္းမွ ေနာက္ဆုံးေမးခြန္းတြင္ မ်က္လုံးျပဴးသြားသူေၾကာင့္ Jiminစိတ္အိုက္လာရသည္။
"အန္ကယ္လ္...မိဘဆိုတာလမ္းေၾကာင္းအမွန္ကိုေၾကာင္းေပးရပါတယ္။ေျပာျပပါ"
"အခ်ိန္ေတြေတာ္ေတာ္လြန္မွ သိရေတာ့မွာပါလား"
ထိုစကားကိုJiminနားမလည္ေပမဲ့ သူ႕အားအခန္းထဲေခၚသြားၿပီးေနာက္ စာအုပ္စင္ေနာက္တြင္ပါ အခန္းတစ္ခန္းရွိမွန္းသိလိုက္ရေတာ့သည္။
"Jiminဝင္သြားလိုက္ပါ။အန္ကယ္လ္က အေအးဒဏ္မခံနိုင္လို႔။ေျမေအာက္ခန္းဆိုေတာ့ နည္းနည္းေအးတယ္"
Jiminလဲေခါင္းၿငိမ့္ျပကာဝင္လာေပမဲ့ တစ္လမ္းလုံးအေမွာင္အတိမို႔ Phone flashမီးကိုသာအသုံးျပဳၿပီး ဝင္လာရသည္။ ေၾကာက္စိတ္ႏွင့္အတူ ဝင္လာေသာအခါ မီးအလင္းေရာင္လိုေနရာကိုေတြ႕တာမို႔ သူခပ္သုတ္သုတ္သြားလိုက္သည္။
"ဟင္..ဒါေတြကဘာေတြလဲ။ဒါႀကီးကေရာဘာႀကီးလဲ..အေမ့. !"
လူတစ္ေယာက္၏ပုံကို ေသခ်ာပီျပင္စြာထုဆစ္ထားေသာလွဲအိပ္ေနေသာေက်ာက္႐ုပ္ထုႏွင့္အတူ ထမင္းပန္းကန္အခ်ိဳ႕ေၾကာင့္ ႂကြက္အနည္းငယ္ကေအာ္ျဖတ္ေျပးသြားတာမို႔ လန့္ျဖန့္ကာ ေအာ္မိသည္။
"ဒီေနရာမွာ ဒီအ႐ုပ္ႀကီးနဲ႕ထမင္းလာစားေနတာလား။ဒါနဲ႕ဒါကKamမ်ားလား"
Jiminသည္Kamကိုတစ္ခါမွေသေသခ်ာခ်ာမျမင္ဖူးပါ။သူ႕ကိုအရိပ္အေယာင္ျပေသာအခါမ်ားတြင္လည္း ဝိုးတဝါးေတြသာမို႔ Jiminသိမေနခဲ့ပါ။Jiminထူးထူးဆန္းဆန္း ဒီအ႐ုပ္ကိုတို႔ထိၾကည့္လိုက္ေတာ့ က်က္သီးေတြကျဖန္းခနဲ။Kamက သည္လိုအခ်ိန္က် ဘာလို႔သူ႕ေရွ႕ေပၚမလာတာလဲ။
"ေဖေဖဘာလို႔ Binnကိုဆြဲထားတာလဲ"
"ထမင္းစားရေအာင္ေလ။ဒီေန႕ေတာ့ ေဖေဖဟင္းခ်က္ထားတယ္"
"မစားခ်င္ဘူး..!!ဒီေန႕Jeon Jungkookဆိုတဲ့အ႐ူးက သမီးဆီလာတယ္။ေတာ္႐ုံဆို သတ္ပစ္ခ်င္ေနတဲ့သူက သမီးဆီဘာလို႔လာမလဲ။အကို႔အေၾကာင္းသိသြားလို႔လား။ဟင့္အင္း။သမီး အကို႔ကိုသြားၾကည့္ရမယ္"
"Binn..!!!"
အေနာက္ကတားဆီးသံကိုလ်စ္လ်ဴရႉကာ ျမန္ျမန္ဝင္လာေတာ့ Jimin ထိုအ႐ုပ္ေအာက္ကခုံေအာက္ထဲသို႔ အလ်င္အျမန္ဝင္လိုက္သည္။ကံေကာင္းသြားသည္က ထို႐ုပ္ထုေအာက္တြင္ အျဖဴစခင္းေပးထားျခင္းေၾကာင့္ ေအာက္ေျခတိုင္ေတြပါဖုံးေနသည္။
"ဟူး..ေတာ္ေသးတယ္။အကို..အကို Binnအနားကထြက္သြားလို႔မရဘူးေနာ္။အကိုကBinnအနားမွာပဲေနရမွာ။Binn အကိုနဲ႕မခြဲနိုင္ဘူး"
Jiminခုံေအာက္ထဲမွာ အေတြးေပါင္းေျမာက္မ်ားစြာျဖစ္ေနမိသည္။သည္အခန္းထဲမွာ သူရယ္၊ကိုယ္ရယ္ ႐ုပ္ထုရယ္ကလြဲ ဘယ္သူကမ်ားထပ္ရွိေနအုံးမွာလဲ။မဟုတ္မွလြဲေရာ ႐ုပ္ထုႀကီးကိုစကားေျပာေနတာလား။
"Binn အကို႔ကိုသိပ္ခ်စ္တယ္။Binnထြက္သြားခြင့္မျပဳနိုင္ဘူး။Binnေသမွပဲ ထြက္သြားရမယ္..!!"
အ႐ူးတစ္ေယာက္လိုက်ယ္ေလာင္စြာ ေအာ္ဟစ္ေျပာေနသူေၾကာင့္ Jiminနားေတြပိတ္လိုက္ရသည္။ေျမေအာက္ခန္းမို႔ ပဲ့တင္သံေတြလိုပိုက်ယ္ေလာင္ေနသည္။ေျခသံၾကားသည္မို႔ ထြက္သြားၿပီဟုထင္လိုက္ေသာ္လည္း အခင္းစသည္ လႈပ္လာတာမို႔ သူဟိုဘက္ကိုတိုးလိုက္မိသည္။
"Binn..!!ေဖေဖဒီေန႕ Kamႀကိဳက္တဲ့ပုစြန္ဟင္းေလးခ်က္ထားေပးတယ္။Kamကိုခြံ႕မေကြၽးေတာ့ဘူးလားသမီးေလး"
"ဟင္..ပုစြန္ဟင္းလား"
"အင္းသမီးေလး"
"လာၿပီေဖေဖ"
ထိုအခါမွJiminလဲသက္ျပင္းတိုးတိုးခ်ကာ ထြက္လာလိုက္သည္။
"တကယ္ပဲ ဒါကKamလား။ဒါေပမဲ့ ဒါက႐ုပ္ထုႀကီးေလ"
Jiminလဲျပန္တက္ဖို႔ျပင္လိုက္ေပမဲ့ မ်က္လုံးေထာင့္တြင္ ႐ုပ္ထု၏ေျခသလုံးနားသို႔ေရာက္သြားခဲ့သည္။
"ဟင္..ဘာလို႔ကြဲေနတာလဲ"
ကြဲေနတဲ့ေနရာကိုႏွိုက္ၾကည့္ေတာ့ မာေသာအရာတစ္ခုကိုစမ္းမိသည္။Jiminလန့္ျဖန့္သြားကာပိုသိခ်င္တာေၾကာင့္ လိုရမယ္ရ တုတ္တစ္ခုရွာေတာ့ ကံေကာင္းစြာတုတ္တစ္ေခ်ာင္းသည္ရွိေနခဲ့သည္။ေယာက်ာ္းအားႏွင့္ ထုရိုက္သည့္ ေက်ာက္႐ုပ္ထုသည္ ကြဲလက္စ အက္ေၾကာင္းကို လိုက္၍ တျဖည္းျဖည္းအက္ေၾကာင္းရာမ်ားထင္လာကာ ကြဲသြားေတာ့ Jiminပါးစပ္ကိုသာ အုပ္ၿပီး ေျခေတြေတာင္ယိုင္လဲက်သြားသည္။
Kamအေလာင္းသည္ အရိုးစုအျဖစ္သာက်န္ခဲ့သည္ထိ ေဆြးေျမ့ေနၿပီျဖစ္သည္။ေျခာက္ႏွစ္လုံးလုံး သည္လိုပဲထားထားတာလား။
"ခြမ္း..ခ်လြင္..!"
အသံၾကားရာကိုလွည့္ၾကည့္လိုက္ေတာ့ Binnသည္ ပန္းကန္ေတြေတာင္လြတ္က်ကာ သူ႕ကိုျပဴးတူးစြာၾကည့္လာသည္။
"ကိုကို..အခုဘာလုပ္လိုက္တာလဲဟင္"
"Han Binn႐ူးေနလို႔ အခုလိုထားထားတာလားဟင္..!!"
"ကိုကိုသာ႐ူးေနတာ..!!!Jeon Jungkookကလဲအကို႔ကိုသတ္တယ္။အခုကိုကိုကလဲ အကို႔ကိုထပ္သတ္တယ္။ကိုကိုကသာ႐ူးေနတာ..!!႐ူးသြားတာ..!!!"
"Binn..!!!"
ေမေမပါေရာက္လာသည့္ပုံတြင္ Jiminသည္ စိတ္ဓါတ္ေတြပါအလြန္က်သြားခဲ့သည္။
"ေမေမပါဖုံးထားေပးခဲ့တာလား"
"Jimin..ငါရွင္းျပမယ္"
"မလိုပါဘူး..!!!ဒါနဲ႕ Kamကေလ ကြၽန္ေတာ္ေရာ HanေလးေရာJungkookကိုေရာ လာလာပုံရိပ္ျပေပမဲ့ သည္အိမ္က်ဘာလို႔မျပတာလဲသိခ်င္လိုက္တာ။ဧကႏၱ ေမေမမ်ား မလာနိုင္ေအာင္လုပ္ထားတာလား"
"Park Jimin နင့္ပါးစပ္ကိုပိတ္ထားလိုက္ေတာ့ေနာ္!!"
"ဟုတ္ေနတာပဲ။ယုတ္မာလိုက္ၾကတာ။ခင္ဗ်ားတို႔ေတြက ေသသြားတဲ့လူအေပၚကိုေတာင္ယုတ္မာရက္လိုက္ၾကတာ..!!"
"ဘာျဖစ္လဲ..!!ငါ့သမီးအတြက္ငါလုပ္တာဘာျဖစ္လဲ..!!နင့္ပါးစပ္ကိုပိတ္ထားလိုက္ၿပီး နင္အခုျမင္ကြင္းကိုမျမင္ခဲ့ဘူးလို႔သေဘာ.."
"ခင္ဗ်ားသားႀကိဳက္ေနတဲ့သူ ဒုကၡေရာက္ေနတာက်ေတာ့ ေရာက္ေပါ့အဲ့လိုလား..!!!ကြၽန္ေတာ္လဲခင္ဗ်ားရဲ႕သားပါ။ကြၽန္ေတာ္လဲ ခင္ဗ်ားသားပါလို႔..!!!!"
ထိုင္ခ်ကာရွိုက္ႀကီးတငင္ငိုေနသူသည္ တကယ့္ကို ဘာမွမသိေတာ့သည္ထိငိုေနမိသည္။Binnကေတာ့ အ႐ူးတစ္ေယာက္ကဲ့သို႔ေၾကာင္အစြာ ရပ္ေနမိတုံး။
"အကို..!!!!!!!!"
"ရဲမႉးႀကီးတို႔ဒီမွာပါ။သူတို႔သားအမိကိုဖမ္းပါ"
ဘယ္ကေနေရာက္လာမွန္းမသိတဲ့Jungkookနဲ႕Hanေလးတို႔သည္ တစ္ခါထဲရဲေတြကိုပါေခၚထားၿပီးသား။
"မဟုတ္ဘူး..မဟုတ္ဘူး"
"ကိုကိုေတာင္းပန္ပါတယ္Jun..ကိုကိုေခၚလိုက္တာပါ။အျမင္မွန္ရပါေတာ့Junရယ္.."
"ကိုကို..!!!အဟင္း..ဘာအမႈနဲ႕ဖမ္းမွာလဲ။သတ္တာက တို႔ေတြမဟုတ္ေတာ့ေလ အဟက္.."
"အေလာင္းေဖ်ာက္မႈနဲ႕တရားလိုဘက္က တရားစြဲလို႔ရပါတယ္"
Han Sojunသည္ သမီးျဖစ္သူႏွင့္သားျဖစ္သူအား တစ္ခ်က္ၾကည့္ၿပီးေနာက္ မ်က္ႏွာထားသည္ခပ္တင္းတင္းပါပဲ။
"ငါ့သမီးနဲ႕ဘာမွမဆိုင္ဘူး။ဒီကိစၥက မိခင္တစ္ေယာက္က သားသမီးစိတ္ဆင္းရဲေနတာျမင္လို႔ ႀကံမိႀကံရာလုပ္လိုက္တဲ့ကိစၥပဲ။ငါ့သမီးစိတ္အေျခေနနဲ႕လဲ နင္တို႔စစ္ေမး႐ုံေလာက္ပဲတတ္နိုင္မွာပါ"
"ေကာင္းပါၿပီ။အခုေတာ့ႏွစ္ေယာက္လုံး စခန္းကိုလိုက္ခဲ့ေပးပါ"
"မလိုက္ဘူး..!!မလိုက္ဘူး..!!ငါ့ေယာက်ာ္းကိုျပန္ေခၚေပး..!!ျပန္ေခၚေပး"
ရဲေတြသည္ ႐ုန္းကန္ေနေသာHan Binnကို ဆြဲေခၚသြားၿပီးေနာက္ Jiminအေမသည္ Jiminအား ပါးကိုရိုက္လိုက္သည္။
"တကယ့္ကိုအမ်ိဳးတစ္ျခမ္းယုတ္။ငါကိုက လွ်ာရွည္ၿပီးနင့္ကိုေမြးမိတာ..!!"
"ေမြးမိလို႔ေနာင္တရေနရင္လဲ ေသလိုက္ေလအန္တီ"
Hanေလးသည္ ရိုင္းစိုင္းစြာပဲေငါတူးလိုက္မိသည္။Jungkookသည္လည္း Kamအရိုးစုကိုၾကည့္ၿပီး မ်က္ရည္က်႐ုံမွလြဲ ဘာမွထြက္မလာေတာ့ေပ။
"ဗိုက္အနာခံၿပီး ေမြးတိုင္းမေအမွမဟုတ္တာ။ေမြးမိသြားလို႔ ေနာင္တရခဲ့တယ္ဆိုလဲ သတ္ေသလိုက္ေပါ့။ရွင္းေနတာပဲ"
"နင္ကမ်ား...!!!"
Hanေလးကိုရိုက္ဖို႔ျပင္ေနတုံး ရဲေတြဆြဲေခၚသြားတာေၾကာင့္ HanSojunသည္ ေတာက္တစ္ေခါက္ေခါက္ႏွင့္သာပါသြားရေတာ့သည္။
" အန္ကယ္လ့္အမ်ိဳးသမီးနဲ႕သမီးျဖစ္သူအစား အန္ကယ္လ္ေတာင္းပန္ပါတယ္"
ဒူးေထာက္ေတာင္းပန္လာေသာ ဦးေလးHanသည္လည္း တကယ့္ကိုထိန္းခ်ဳပ္ခဲ့ရသည့္ပုံ။
"ရတယ္အန္ကယ္လ္ထပါ။Kamကိုသာေတာင္းပန္လိုက္ပါ။ကြၽန္ေတာ္တို႔သူ႕ကို ေကာင္းေကာင္းသၿဂိဳလ္ေပးမွာ"
ဦးေလးHanသည္ ေခါင္းပဲၿငိမ့္ေနတာမို႔ Jiminတို႔လဲထိုထဲကထြက္လာခဲ့သည္။က်န္ခဲ့ေသာရဲေတြကေတာ့ ထိုအရိုးစုကို ဓါတ္ပုံရိုက္ကာ လုပ္စရာရွိတာသာလုပ္ၾကသည္။
Jiminသည္ ၿခံထဲကိုေရာက္ေတာျမက္ခင္း ယေပၚတြင္ ထိုင္ပင္ငိုခ်မိသည္။တကယ့္ကိုေနာက္ဆုံးအခ်ိန္ထိ ေမေမဟာ သူ႕အေပၚလုပ္ရက္လိုက္ေလျခင္းဆိုသည့္ အေတြးေတြပဲေခါင္းထဲမွာရွိေနခဲ့သည္။Jungkookလဲ ထိုင္ငိုေနသူကို ေနာက္မွဖက္ထားကာ နား႐ြက္ေလးေတြကိုစုပ္နမ္းကာ နားသပ္စပ္ေလးေတြကို ေခ်ာ့နမ္းကာ အငိုတိတ္ဖို႔အစြမ္းကုန္ေခ်ာ့ေပးေနခဲ့သည္။
"ခ်စ္တယ္အကို"
Jungkookစကားၾကားေတာ့Jiminဟာ ငိုေနရာမွတိတ္သြားကာ Jungkookကိုဖက္ထားလိုက္မိသည္။
Hanေလးသည္ Jiminအေပၚအားက်ကာ ရင္နာမိေပမဲ့ Kamအတြက္တရားမွ်တမႈရသြားသည့္အေပၚေရာ Jeonစိတ္ေျဖာင့္သြားၿပီဆိုတာမ်ိဳးေရာ ျဖစ္သြားၿပီမို႔ သူဝမ္းနည္းဝမ္းသာျဖစ္ရသည္။ေကာင္းကင္ကို ေမာ့ၾကည့္ၿပီးေနာက္ တစ္ေနရာရာကိုအၾကည့္အေရာက္ Kamသည္ သည္ေန႕ေတာ့သြားတက္ေလးေတြႏွင့္ၿပဳံးေနခဲ့သည္။
"ေရာက္ရအရပ္မွာေအးခ်မ္းပါေစKam။လွလွပပျပန္လည္ေမြးဖြားလာပါေစKamရယ္။ငါေတာ့Jeonကိုေမ့နိုင္ဖို႔ ႀကိဳးစားရအုံးမယ္"
●●●●●●●●●●●●●●●●●●●●
ေနာက္တစ္ပိုင္းဆိုဇာတ္သိမ္းေတာ့မွာပါ။Jkမွာ Traumaတစ္ခုက်န္ပါေသးတယ္။ဘာျဖစ္မလဲခန့္မွန္းခဲ့ပါအုံးေနာ္။ခ်စ္တယ္။
■■■■■■■■■■■■■■■■■■■■