Apocalypse

By shanemann622

709 64 16

လူသားတွေရဲ့လောဘကြောင့်ဖြစ်တည်လာတဲ့ ဘေးကပ်ဆိုး​ကြီးတစ်ခုဟာ ကမ္ဘာကြီးတစ်ခုလုံးပျက်သုန်း ရလောက်တဲ့အထိဖြစ်လာချိန်... More

intro
part 1(z+u)
part 2(z+u)

part 3(z+u)

89 10 4
By shanemann622

သုံးရက်အကြာ ,

ဒီနေ့ ဓာတ်ခွဲခန်းကထုတ်‌ပေးတဲ့အဖြေကိုသိရမှာကြောင့် 

ယောင်းဂျွန်းအပြေးသွားကာ SeungMin မှာလည်း စီနီယာနောက်ကပ်ပါလျှက်။

“ဘယ်လိုလဲ ဒေါက်တာ”

ဓာတ်ခွဲခန်းက ဆရာဝန်ကို အရင်ဆုံးအဖြေသိလိုဇောနဲ့မေးလိုက်ပြီး ထိုဆရာဝန်မှာလည်း မျက်နှာသိပ်မကောင်းလှ။

“စစ်ဆေးလို့တော့ပြီးပါပြီ .. အဖြေအတွက်သိပ်အားမရဘူးဖြစ်နေတယ် နောက်ပြီး ..”

ထိုဆရာဝန်မှာ ပြောရခက်နေပုံဖြစ်တာကြောင့်

“ပွင့်ပွင့်လင်းလင်းသာပြောပါဒေါက်တာ ဒါမှကျွန်တော်တို့

ကုသရေးပိုင်းကနေ ဘာဆက်လုပ်ရမယ်ဆိုတာ သေချာသိနိုင်မှာ”

SeungMin မှာလည်းမျက်နှာငယ်လေးဖြင့် ‌သူရှေ့ကဒေါက်တာတွေရဲ့စကားကို အာရုံစိုက်ထားလျှက်။

“လူနာ‌တွေရဲ့သွေးထဲမှာ Virus တစ်မျိုးပေါက်ဖွားနေတယ် ကျွန်တော်တို့က အဲ့ Virus ကို Xozai(ဇိုဇိုင်း) လို့နာမည်တပ်ထားတယ်”

“Xozai ..?”

“အင်း အဲ့လို Virus မျိုးက ကျွန်တော်တို့နယ်ပယ်မှာ

ပထမဦးဆုံးရှာတွေ့ဖူးခြင်းဘဲ တော်တော်တော့ထူးဆန်းတယ်ဗျ”

“ဘာကြောင့်များလဲဒေါက်တာ”

ဒေါက်တာယောင်းဂျွန်း စိတ်အာရုံစူးစိုက်ကာ virus အကြောင်းကို သိချင်စိတ်ကပိုပြီးပြင်းထန်လာလျှက်။

“သူရဲ့ဖြစ်စဥ်က ဆိုးဆိုးရွားရွားအခြေအနေမှာရှိတဲ့အသားဓာတ်တစ်ခုကနေပေါက်ဖွားလာတာ ကြီးထွားမှုနှုန်းကလည်းတော်တော်လေးမြန်သလို လူ့ခန္ဓာကိုယ်အတွင်း ပြန့်ပွားမှုနှုန်းကလည်း တအားမြန်ဆန်တာကိုတွေ့ရတယ်”

“ဒီ Virus က လေထဲကပြန့်နှံ့တတ်တဲ့ပိုးမျိုးမဟုတ်လို့ စိုးရိမ်စရာတစ်ခုတော့လျော့သွားပေမယ့် ဆေးစစ်ချက်မှာတွေ့လာတဲ့ ကျွန်တော်တို့ထိတ်လန့်သွားတဲ့အချက်က .. သူ့ရဲ့ကူးစက်မှုကပိုပိုပြင်းထန်လာလေ လူတွေရဲ့စိတ်ပိုင်းဆိုင်ရာပေါ်မူတည်ပြီး ချက်ချင်းပြောင်းလဲသွားနိုင်တယ်”

ဆရာဝန်မှ အရိပ်အကဲကြည့်ရင်း ယောင်းဂျွန်းနားသို့ကပ်ကာ အသံကိုနှိမ့်လိုက်ပြီး

“သူရဲ့ဓာတ်ခံက ဦးနှောက်ဆဲလ်တွေကို တဖြေးဖြေးဖျက်ဆီးတတ်တဲ့ virus တစ်ခုဖြစ်နေတယ် နောက်တစ်ချက်က လူတွေကိုမခံမရပ်နိုင်‌အောင် ဆာလောင်မွတ်သိပ်စေနိုင်ပြီး သက်ရှိရဲ့အသွေးအသားနဲ့မှသာ သူတို့ကိုယ်သူတို့ထိန်းချုပ်ထားနိုင်လိမ့်မယ်”

“ဘယ်လို ..!”

ယောင်းဂျွန်း အနည်းငယ်ထိတ်ပျာသွားပြီး

SeungMin လည်း ရုတ်တရက်တုန်လှုပ်သွားတယ်။

“ကျွန်တော်တို့သေချာစစ်ဆေးခဲ့တာပါ ထပ်ပြီးလည်းစစ်ဆေးသွားဦးမှာကြောင့် ဒေါက်တာတို့ဘက်က ကာကွယ်လို့ရသမျှကိုကာကွယ်ပေးထားပါ အချိန်တစ်ခုတော့ပေးရမယ်ဆိုပေမယ့် ကျွန်တော်တို့ဘက်ကလည်း ဒီ Virus နဲ့ပတ်သက်ပြီး တိတိကျကျ analysis လုပ်ပါ့မယ်”

“ဟုတ်ကဲ့ပါဒေါက်တာ ကြိုးစားပေးလို့ကျေးဇူးတင်ပါတယ်ဗျ ဒီစမ်းသပ်ချက်ရလဒ်ကို ပါ‌မောက္ခကြီးဆီတင်ပြဖို့ ကျွန်တော်ဘဲယူသွားလိုက်ပါ့မယ် ခွင့်ပြုပါဦး”

ယောင်းဂျွန်းတစ်ခါတည်း ပါမောက္ခကြီးဆီဝင်ကာ စစ်ဆေးချက်ကို‌ ပေးရင်း Virus အကြောင်းပြန်တင်ပြလိုက်တော့ ပါမောက္ခကြီးကနေ ယောင်းဂျွန်းအပါအဝင် ကုသရေး၊ကာကွယ်ရေးနဲ့ ဓာတ်ခွဲစမ်းသပ်‌ရေးအပိုင်းမှာ တာဝန်ရှိတဲ့ဆရာဝန်တွေကို အစည်းအဝေးခေါ်ဆွေးနွေးဖို့ ချက်ချင်းပြင်ဆင်တော့တယ်။

အစည်းအဝေးခန်းထဲ ခေါ်ထားတဲ့ဆရာဝန်များ ရောက်လာပြီးချိန်မှာ ဒီ Virus အကြောင်းကို ယောင်းဂျွန်းအား အသေးစိတ်ပြန်တင်ပြပေးဖို့ ပါမောက္ခကြီးမှပြောလာတယ်။

သူတို့အဖွဲ့ရဲ့ခေါင်းဆောင်မှာလည်း မျက်နှာအလိုလိုပျက်သွားကာ မကျေမနပ်ဖြင့် ထိုင်ကြည့်နေလျှက်။

Virus ရဲ့ဆေးစစ်မှုရလဒ်အကြောင်းကို ပြောပြပြီးတဲ့အခါဆရာဝန်အများစုမှာလည်း ပြောစရာစကားမဲ့သွားပြီး လှုပ်လှုပ်ရှားရှားဖြစ်လာကြတယ်။

“လူနာတွေရဲ့လက်ရှိအခြေအနေကိုလည်း သေချာပြောပြပေးပါ ဒေါက်တာယောင်းဂျွန်း”

ပါ‌မောက္ခကြီးမှ ထပ်ပြောလာတယ်။

“ဟုတ်ကဲ့ .. အခုတစ်ပတ်အတွင်း ကျွန်တော်တို့ဆေးရုံမှာ ဒီ virus ရှိနေတဲ့လူနာ နှစ်ဆယ့်သုံးယောက်ထိရှိလာပါတယ်တခြားလူနာတွေနဲ့မရောထွေးအောင် လက်ရှိသီးသန့်အဆောင်မှာဘဲထားရှိ‌ပါတယ် လူနာတွေစရောက်တဲ့နေ့ကတည်းက ဒီနေ့အထိ သူတို့ဆီမှာပြသလာတဲ့လက္ခဏာတွေကိုလည်း ကျွန်တော်တို့‌မဆက်အပြတ်‌လေ့လာထားပါတယ် လက္ခဏာပြသလာပုံကို ကျွန်တော်တစ်ဆင့်ချင်းတင်ပြပေးပါ့မယ်”

“ရောဂါလက္ခဏာပထမအဆင့်က ခေါင်းခဏခဏကိုက်ပြီး ဒီ virus ကူးစက်ခါစလူရဲ့အစာအိမ်မှာ အစာ‌ခြေဖြတ်မှုနှုန်းက သာမန်လူထက် သုံးဆလောက်မြန်ဆန်တာကြောင့် ဗိုက်ကအဆက်မပြတ်ဆာလောင်တတ်ပါတယ်”

“ဒုတိယအဆင့်မှာတော့ ခေါင်းအလွန်အမင်းထိုးကိုက်နေတတ်ပြီး အန်ထွက်တဲ့တိုင်အောင် အစားအသောက်ကို စားပစ်တာမျိုးပါ အဲ့နောက်ပိုင်းမှာ ခန္ဓာကိုယ်ကနေလည်း အနီစက်တချို့စတင်ဖြစ်ပေါ်လာပြီး အရေပြားပေါ်ပျံ့နှံ့မှုကမြန်ဆန်ပါတယ်”

“တတိယအဆင့်ကိုတော့ ကျွန်တော်တို့စောင့်ကြည့်နေတဲ့နောက်ဆုံးရလဒ်အထိ အဆိုးဆုံးအဆင့်မှာသတ်မှတ်ထားပြီး ဒီအဆင့်ရောက်လာတဲ့လူနာက အမြင်အာရုံတွေဝေဝါးလာတယ် ဦးခေါင်းပေါက်မတတ် ခေါင်းကိုက်မှုရဲ့ဝေဒနာကြောင့် စိတ်ပိုင်းဆိုင်ရာကိုပါ မထိန်းချုပ်နိုင်‌တော့ဘဲ တွေ့ရာမြင်ရာကိုခေါင်းနဲ့ဝင်စောင့်တဲ့အထိ သူ့တို့ကိုယ်သူတို့ နာကျင်မှုပေးတတ်တာကို ကျွန်တော်တို့တွေ့လာရပြီး မနည်း control လုပ်ထားရပါတယ် သူတို့ခန္ဓာကိုယ်ကအနီစက်များကတစ်ဆင့်လည်း မီးလောင်ဒဏ်ရာလို အနာမျိုးတွေဖြစ်လာပါတယ် ဒီအဆင့်ကိုရောက်နေတဲ့လူနာက သုံးယောက်တောင်ရှိနေပါပြီ”

“ဒီလူနာတွေအားလုံးကိုသူ့အဆင့်အလိုက် ပြန်ခွဲထားပြီး လက်ရှိကျွန်တော်တို့အားလုံးရဲ့ အထူးကုသရမယ့်အဆင့်မှာ သူတို့ရောက်ရှိနေပါတယ် .. ကျွန်တော့်ရဲ့တင်ပြချက်ကတော့

ဒီလောက်ပါဘဲ”

ယောင်းဂျွန်းအရိုအသေပေးကာ မိမိနေရာသို့ပြန်လာလိုက်ပြီးပါမောက္ခကြီးမှ ဆက်ပြောရန်ပြင်ဆင်တယ်

“ကျွန်တော်တို့အာလုံး အခုသိလိုက်ရတဲ့အတိုင်း ဒီရောဂါဟာပေါ့ဆလို့မဖြစ်တော့ဘူးဆိုတာ အားလုံးလည်းနားလည်မယ်ထင်ပါတယ်”

“ဒါကြောင့် ရောဂါကူးစက်ခံရတဲ့လူနာတွေအတွက် စနစ်တကျကုသမှုနည်းစနစ်ကိုလုပ်ဆောင်ဖို့ ဆေးရုံအုပ်ဆီအဆိုပြုချင်ပါတယ် ဆေးရုံမှာရှိတဲ့ တခြားလူနာတွေရဲ့ဘေးကင်းမှုအတွက်လည်း လုပ်ဆောင်ရမှာဖြစ်ပြီး အချိန်ဆွဲလေ ပိုပြီးအန္တာရာယ်ရှိလာနိုင်တဲ့ virus တစ်မျိုးဖြစ်နေတဲ့အတွက်

ဒီထပ်ပိုပြီးကူးစက်သူမများလာခင်မှာ ထိန်းချုပ်သွားနိုင်ဖို့က ကျွန်တော်တို့အားလုံးရဲ့အဓိကတာဝန်ဖြစ်‌လာပါပြီ”

“ကာကွယ်နိုင်မယ့်ဆေးကို ရှာဖွေလို့မရသေးတဲ့အချိန်အတွင်းမှာ ‌ဓာတ်ခွဲစမ်းသပ်မှုအပိုင်းရဲ့ တာဝန်ရှိသူများကလည်း အားစိုက်လုပ်ဆောင်နေပေးဖို့နဲ့ ကျွန်တော်က‌စလို့ တာဝန်ရှိဆရာဝန်ကြီးတွေနဲ့အတူတိုင်ပင်ပြီး အတတ်နိုင်ဆုံးသက်သာစေမယ့်ဆေးဝါးတွေနဲ့ ကုသဖို့အတွက်လမ်းညွှန်ချက်တွေကို အရင်ဆုံးချမှတ်ပေးထားမှာဖြစ်လို့ ကျန်တဲ့ကုသရေးအပိုင်းကလည်း နည်းစနစ်တွေ‌ စနစ်တကျလုပ်ဆောင်ပေးပြီး တတ်နိုင်တာကိုအစွမ်းကုန်ကူညီပေးကြပါ”

ပါမောက္ခကြီးမှာကြားပြီးနောက် ဆေးရုံအုပ်မှလည်း ကောက်ချက်ချရန်တာဝန်ရှိလာပြီဖြစ်တယ်။

“ကျွန်တော့်အနေနဲ့ ဒီရောဂါနဲ့ပတ်သက်ပြီး လတ်တလောမှာ သီးသန့်ကိုင်တွယ်ရမယ့်ဌာနကိုယ်စီနဲ့ တာဝန်တွေကိုခွဲခြားပေးမှာဖြစ်ပါတယ် ကျွန်တော်ချမှတ်ပေးမယ့် အစီအစဉ်တွေကို အဖွဲ့တစ်ခုစီရဲ့ခေါင်းဆောင်တွေကို သေချာမှာကြားပါ့မယ်”

“ခေါင်းဆောင်တွေအနေနဲ့ကလည်း မိမိအဖွဲ့ကိုစနစ်တကျဦးဆောင်ပေးရမှာဖြစ်ပြီး ကုသရေးအပိုင်းကို သေချာကိုင်တွယ်ပေးဖို့မှာကြားချင်ပါတယ်”

“ဒီရောဂါအတွက် စမ်းသပ်စစ်ဆေးမှုတွေကို ထပ်ပြီးပြုလုပ်မှာဖြစ်ပြီး ဆက်လက်လုပ်ဆောင်နေရပါမယ် ထူးခြားလာတဲ့လက္ခဏာတွေကို ကျွန်တော်တို့ကိုင်တွယ်ထိန်းချုပ်နိုင်ဖို့နဲ့ရင်ဆိုင်နိုင်ဖို့ကို အကောင်းဆုံးပြင်ဆင်ထားပေးပါ ထပ်ပြီးလိုအပ်လာမယ့်အရာတွေကို ကျွန်တော်စီစဉ်ပေးနေပါ့မယ်”

“လူနာတွေရဲ့ဘေးကင်းလုံခြုံမှုက ကျွန်တော်တို့ဆရာဝန်တွေနဲ့ ဆေးဝန်ထမ်းတွေအပေါ် အများကြီးမူတည်နေတာကြောင့် ကိုယ်လုပ်ရမယ့်တာဝန်ကို ကိုယ်စီကျေပွန်ပေးကြဖို့ အားလုံးကိုတောင်းဆိုပါတယ်”

“ဒီနေ့အထိတော့ ဒီလောက်နဲ့ဘဲအဆုံးသတ်ပါတယ် အားလုံးလည်း ဂရုစိုက်ကြဖို့မှာကြားချင်ပြီး ကြိုးစားပေးကြမယ်လို့ ယုံကြည်ပါတယ်”


08-03-23

#Nik


Zawgyi




သုံးရက္အၾကာ ,

ဒီေန႕ ဓာတ္ခြဲခန္းကထုတ္ေပးတဲ့အေျဖကိုသိရမွာေၾကာင့္

ေယာင္းဂြၽန္းအေျပးသြားကာ SeungMin မွာလည္း စီနီယာေနာက္ကပ္ပါလွ်က္။

ဘယႅိုလဲ ေဒါက္တာ

ဓာတ္ခြဲခန္းက ဆရာဝႏၠို အရင္ဆုံးအေျဖသိလိုေဇာနဲ႕ေမးလိုက္ၿပီး ထိုဆရာဝန္မွာလည္း မ်က္ႏွာသိပ္မေကာင္းလွ။

စစ္ေဆးလို႔ေတာ့ၿပီးပါၿပီ .. အေျဖအတြက္သိပ္အားမရဘူးျဖစ္ေနတယ္ ေနာက္ၿပီး ..

ထိုဆရာဝန္မွာ ေျပာရခက္ေနပုံျဖစ္တာေၾကာင့္

ပြင့္ပြင့္လင္းလင္းသာေျပာပါေဒါက္တာ ဒါမွကြၽန္ေတာ္တို႔

ကုသေရးပိုင္းကေန ဘာဆက္လုပ္ရမယ္ဆိုတာ ေသခ်ာသိနိုင္မွာ

SeungMin မွာလည္းမ်က္ႏွာငယ္ေလးျဖင့္ သူေရွ႕ကေဒါက္တာေတြရဲ႕စကားကို အာ႐ုံစိုက္ထားလွ်က္။

လူနာေတြရဲ႕ေသြးထဲမွာ Virus တစ္မ်ိဳးေပါက္ဖြားေနတယ္ ကြၽန္ေတာ္တို႔က အဲ့ Virus ကို Xozai(ဇိုဇိုင္း) လို႔နာမည္တပ္ထားတယ္

Xozai ..?

အင္း အဲ့လို Virus မ်ိဳးက ကြၽန္ေတာ္တို႔နယ္ပယ္မွာ

ပထမဦးဆုံးရွာေတြ႕ဖူးျခင္းဘဲ ေတာ္ေတာ္ေတာ့ထူးဆန္းတယ္ဗ်

ဘာေၾကာင့္မ်ားလဲေဒါက္တာ

ေဒါက္တာေယာင္းဂြၽန္း စိတ္အာ႐ုံစူးစိုက္ကာ virus အေၾကာင္းကို သိခ်င္စိတ္ကပိုၿပီးျပင္းထန္လာလွ်က္။

သူရဲ႕ျဖစ္စဥ္က ဆိုးဆိုး႐ြား႐ြားအေျခအေနမွာရွိတဲ့အသားဓာတ္တစ္ခုကေနေပါက္ဖြားလာတာ ႀကီးထြားမႈႏႈန္းကလည္းေတာ္ေတာ္ေလးျမန္သလို လူ႕ခႏၶာကိုယ္အတြင္း ျပန႔္ပြားမႈႏႈန္းကလည္း တအားျမန္ဆန္တာကိုေတြ႕ရတယ္

ဒီ Virus က ေလထဲကျပန႔္ႏွံ႕တတ္တဲ့ပိုးမ်ိဳးမဟုတ္လို႔ စိုးရိမ္စရာတစ္ခုေတာ့ေလ်ာ့သြားေပမယ့္ ေဆးစစ္ခ်က္မွာေတြ႕လာတဲ့ ကြၽန္ေတာ္တို႔ထိတ္လန႔္သြားတဲ့အခ်က္က .. သူ႕ရဲ႕ကူးစက္မႈကပိုပိုျပင္းထန္လာေလ လူေတြရဲ႕စိတ္ပိုင္းဆိုင္ရာေပၚမူတည္ၿပီး ခ်က္ခ်င္းေျပာင္းလဲသြားနိုင္တယ္

ဆရာဝန္မွ အရိပ္အကဲၾကည့္ရင္း ေယာင္းဂြၽန္းနားသို႔ကပ္ကာ အသံကိုႏွိမ့္လိုက္ၿပီး

သူရဲ႕ဓာတ္ခံက ဦးေႏွာက္ဆဲလ္ေတြကို တေျဖးေျဖးဖ်က္ဆီးတတ္တဲ့ virus တစ္ခုျဖစ္ေနတယ္ ေနာက္တစ္ခ်က္က လူေတြကိုမခံမရပ္နိုင္ေအာင္ ဆာေလာင္မြတ္သိပ္ေစနိုင္ၿပီး သက္ရွိရဲ႕အေသြးအသားနဲ႕မွသာ သူတို႔ကိုယ္သူတို႔ထိန္းခ်ဳပ္ထားနိုင္လိမ့္မယ္

ဘယႅို ..!

ေယာင္းဂြၽန္း အနည္းငယ္ထိတ္ပ်ာသြားၿပီး

SeungMin လည္း ႐ုတ္တရက္တုန္လႈပ္သြားတယ္။

ကြၽန္ေတာ္တို႔ေသခ်ာစစ္ေဆးခဲ့တာပါ ထပ္ၿပီးလည္းစစ္ေဆးသြားဦးမွာေၾကာင့္ ေဒါက္တာတို႔ဘက္က ကာကြယ္လို႔ရသမွ်ကိုကာကြယ္ေပးထားပါ အခ်ိန္တစ္ခုေတာ့ေပးရမယ္ဆိုေပမယ့္ကြၽန္ေတာ္တို႔ဘက္ကလည္း ဒီ Virus နဲ႕ပတ္သက္ၿပီး တိတိက္က္ analysis လုပ္ပါ့မယ္

ဟုတ္ကဲ့ပါေဒါက္တာ ႀကိဳးစားေပးလို႔ေက်းဇူးတင္ပါတယ္ဗ် ဒီစမ္းသပ္ခ်က္ရလဒ္ကို ပါေမာကၡႀကီးဆီတင္ျပဖို႔ ကြၽန္ေတာ္ဘဲယူသြားလိုက္ပါ့မယ္ ခြင့္ျပဳပါဦး

ေယာင္းဂြၽန္းတစ္ခါတည္း ပါေမာကၡႀကီးဆီဝင္ကာ စစ္ေဆးခ်က္ကို ေပးရင္း Virus အေၾကာင္းျပန္တင္ျပလိုက္ေတာ့ ပါေမာကၡႀကီးကေန ေယာင္းဂြၽန္းအပါအဝင္ ကုသေရး၊ကာကြယ္ေရးနဲ႕ ဓာတ္ခြဲစမ္းသပ္ေရးအပိုင္းမွာ တာဝန္ရွိတဲ့ဆရာဝန္ေတြကို အစည္းအေဝးေခၚေဆြးေႏြးဖို႔ ခ်က္ခ်င္းျပင္ဆင္ေတာ့တယ္။

အစည္းအေဝးခန္းထဲ ေခၚထားတဲ့ဆရာဝန္မ်ား ေရာက္လာၿပီးခ်ိန္မွာ ဒီ Virus အေၾကာင္းကို ေယာင္းဂြၽန္းအား အေသးစိတ္ျပန္တင္ျပေပးဖို႔ ပါေမာကၡႀကီးမွေျပာလာတယ္။

သူတို႔အဖြဲ႕ရဲ႕ေခါင္းေဆာင္မွာလည္း မ်က္ႏွာအလိုလိုပ်က္သြားကာ မေက်မနပ္ျဖင့္ ထိုင္ၾကည့္ေနလွ်က္။

Virus ရဲ႕ေဆးစစ္မႈရလဒ္အေၾကာင္းကို ေျပာျပၿပီးတဲ့အခါဆရာဝန္အမ်ားစုမွာလည္း ေျပာစရာစကားမဲ့သြားၿပီး လႈပ္လႈပ္ရွားရွားျဖစ္လာၾကတယ္။

လူနာေတြရဲ႕လက္ရွိအေျခအေနကိုလည္း ေသခ်ာေျပာျပေပးပါ ေဒါက္တာေယာင္းဂြၽန္း

ပါေမာကၡႀကီးမွ ထပ္ေျပာလာတယ္။

ဟုတ္ကဲ့ .. အခုတစ္ပတ္အတြင္း ကြၽန္ေတာ္တို႔ေဆး႐ုံမွာ ဒီ virus ရွိေနတဲ့လူနာ ႏွစ္ဆယ့္သုံးေယာက္ထိရွိလာပါတယ္တျခားလူနာေတြနဲ႕မေရာေထြးေအာင္ လက္ရွိသီးသန႔္အေဆာင္မွာဘဲထားရွိပါတယ္ လူနာေတြစေရာက္တဲ့ေန႕ကတည္းက ဒီေန႕အထိ သူတို႔ဆီမွာျပသလာတဲ့လကၡဏာေတြကိုလည္း ကြၽန္ေတာ္တို႔မဆက္အျပတ္ေလ့လာထားပါတယ္ လကၡဏာျပသလာပုံကို ကြၽန္ေတာ္တစ္ဆင့္ခ်င္းတင္ျပေပးပါ့မယ္

ေရာဂါလကၡဏာပထမအဆင့္က ေခါင္းခဏခဏကိုက္ၿပီး ဒီ virus ကူးစက္ခါစလူရဲ႕အစာအိမ္မွာ အစာေျချဖတ္မႈႏႈန္းက သာမန္လူထက္ သုံးဆေလာက္ျမန္ဆန္တာေၾကာင့္ ဗိုက္ကအဆက္မျပတ္ဆာေလာင္တတ္ပါတယ္

ဒုတိယအဆင့္မွာေတာ့ ေခါင္းအလြန္အမင္းထိုးကိုက္ေနတတ္ၿပီး အန္ထြက္တဲ့တိုင္ေအာင္ အစားေအသာကၠို စားပစ္တာမ်ိဳးပါ အဲ့ေနာက္ပိုင္းမွာ ခႏၶာကိုယ္ကေနလည္း အနီစက္တခ်ိဳ႕စတင္ျဖစ္ေပၚလာၿပီး အေရျပားေပၚပ်ံ့ႏွံ႕မႈကျမန္ဆန္ပါတယ္

တတိယအဆင့္ကိုေတာ့ ကြၽန္ေတာ္တို႔ေစာင့္ၾကည့္ေနတဲ့ေနာက္ဆုံးရလဒ္အထိ အဆိုးဆုံးအဆင့္မွာသတ္မွတ္ထားၿပီး ဒီအဆင့္ေရာက္လာတဲ့လူနာက အျမင္အာ႐ုံေတြေဝဝါးလာတယ္ ဦးေခါင္းေပါက္မတတ္ ေခါင္းကိုက္မႈရဲ႕ေဝဒနာေၾကာင့္ စိတ္ပိုင္းဆိုင္ရာကိုပါ မထိန္းခ်ဳပ္နိုင္ေတာ့ဘဲ ေတြ႕ရာျမင္ရာကိုေခါင္းနဲ႕ဝင္ေစာင့္တဲ့အထိ သူ႕တို႔ကိုယ္သူတို႔ နာက်င္မႈေပးတတ္တာကို ကြၽန္ေတာ္တို႔ေတြ႕လာရၿပီး မနည္း control လုပ္ထားရပါတယ္ သူတို႔ခႏၶာကိုယ္ကအနီစက္မ်ားကတစ္ဆင့္လည္း မီးေလာင္ဒဏ္ရာလို အနာမ်ိဳးေတြျဖစ္လာပါတယ္ ဒီအဆင့္ကိုေရာက္ေနတဲ့လူနာက သုံးေယာက္ေတာင္ရွိေနပါၿပီ

ဒီလူနာေတြအားလုံးကိုသူ႕အဆင့္အလိုက္ ျပန္ခြဲထားၿပီး လက္ရွိကြၽန္ေတာ္တို႔အားလုံးရဲ႕ အထူးကုသရမယ့္အဆင့္မွာ သူတို႔ေရာက္ရွိေနပါတယ္ .. ကြၽန္ေတာ့္ရဲ႕တင္ျပခ်က္ကေတာ့

ဒီေလာက္ပါဘဲ

ေယာင္းဂြၽန္းအရိုအေသေပးကာ မိမိေနရာသို႔ျပန္လာလိုက္ၿပီးပါေမာကၡႀကီးမွ ဆက္ေျပာရန္ျပင္ဆင္တယ္

ကြၽန္ေတာ္တို႔အာလုံး အခုသိလိုက္ရတဲ့အတိုင္း ဒီေရာဂါဟာေပါ့ဆလို႔မျဖစ္ေတာ့ဘူးဆိုတာ အားလုံးလည္းနားလည္မယ္ထင္ပါတယ္

ဒါေၾကာင့္ ေရာဂါကူးစက္ခံရတဲ့လူနာေတြအတြက္ စနစ္တက်ကဳသမႈနည္းစနစ္ကိုလုပ္ေဆာင္ဖို႔ ေဆး႐ုံအုပ္ဆီအဆိုျပဳခ်င္ပါတယ္ ေဆး႐ုံမွာရွိတဲ့ တျခားလူနာေတြရဲ႕ေဘးကင္းမႈအတြက္လည္း လုပ္ေဆာင္ရမွာျဖစ္ၿပီး အခ်ိန္ဆြဲေလ ပိုၿပီးအႏၲာရာယ္ရွိလာနိုင္တဲ့ virus တစ္မ်ိဳးျဖစ္ေနတဲ့အတြက္

ဒီထပ္ပိုၿပီးကူးစက္သူမမ်ားလာခင္မွာ ထိန္းခ်ဳပ္သြားနိုင္ဖို႔က ကြၽန္ေတာ္တို႔အားလုံးရဲ႕အဓိကတာဝန္ျဖစ္လာပါၿပီ

ကာကြယ္နိုင္မယ့္ေဆးကို ရွာေဖြလို႔မရေသးတဲ့အခ်ိန္အတြင္းမွာ ဓာတ္ခြဲစမ္းသပ္မႈအပိုင္းရဲ႕ တာဝန္ရွိသူမ်ားကလည္း အားစိုက္လုပ္ေဆာင္ေနေပးဖို႔နဲ႕ ကြၽန္ေတာ္ကစလို႔ တာဝန္ရွိဆရာဝန္ႀကီးေတြနဲ႕အတူတိုင္ပင္ၿပီး အတတ္နိုင္ဆုံးသက္သာေစမယ့္ေဆးဝါးေတြနဲ႕ ကုသဖို႔အတြက္လမ္းၫႊန္ခ်က္ေတြကိုအရင္ဆုံးခ်မွတ္ေပးထားမွာျဖစ္လို႔က်န္တဲ့ကုသေရးအပိုင္းကလည္း နည္းစနစ္ေတြ စနစ္တက်လဳပ္ေဆာင္ေပးၿပီး တတ္နိုင္တာကိုအစြမ္းကုန္ကူညီေပးၾကပါ

ပါေမာကၡႀကီးမွာၾကားၿပီးေနာက္ ေဆး႐ုံအုပ္မွလည္း ေကာက္ခ်က္ခ်ရန္တာဝန္ရွိလာၿပီျဖစ္တယ္။

ကြၽန္ေတာ့္အေနနဲ႕ ဒီေရာဂါနဲ႕ပတ္သက္ၿပီး လေတၱလာမြာ သီးသန႔္ကိုင္တြယ္ရမယ့္ဌာနကိုယ္စီနဲ႕ တာဝန္ေတြကိုခြဲျခားေပးမွာျဖစ္ပါတယ္ ကြၽန္ေတာ္ခ်မွတ္ေပးမယ့္ အစီအစဥ္ေတြကို အဖြဲ႕တစ္ခုစီရဲ႕ေခါင္းေဆာင္ေတြကို ေသခ်ာမွာၾကားပါ့မယ္

ေခါင္းေဆာင္ေတြအေနနဲ႕ကလည္း မိမိအဖြဲ႕ကိုစနစ္တက်ဦးေဆာင္ေပးရမွာျဖစ္ၿပီး ကုသေရးအပိုင္းကို ေသခ်ာကိုင္တြယ္ေပးဖို႔မွာၾကားခ်င္ပါတယ္

ဒီေရာဂါအတြက္ စမ္းသပ္စစ္ေဆးမႈေတြကို ထပ္ၿပီးျပဳလုပ္မွာျဖစ္ၿပီး ဆက္လက္လုပ္ေဆာင္ေနရပါမယ္ ထူးျခားလာတဲ့လကၡဏာေတြကို ကြၽန္ေတာ္တို႔ကိုင္တြယ္ထိန္းခ်ဳပ္နိုင္ဖို႔နဲ႕ရင္ဆိုင္နိုင္ဖို႔ကို အေကာင္းဆုံးျပင္ဆင္ထားေပးပါ ထပ္ၿပီးလိုအပ္လာမယ့္အရာေတြကို ကြၽန္ေတာ္စီစဥ္ေပးေနပါ့မယ္

လူနာေတြရဲ႕ေဘးကင္းလုံၿခဳံမႈက ကြၽန္ေတာ္တို႔ဆရာဝန္ေတြနဲ႕ ေဆးဝန္ထမ္းေတြအေပၚ အမ်ားႀကီးမူတည္ေနတာေၾကာင့္ ကိုယ္လုပ္ရမယ့္တာဝန္ကို ကိုယ္စီေက်ပြန္ေပးၾကဖို႔ အားလုံးကိုေတာင္းဆိုပါတယ္

ဒီေန႕အထိေတာ့ ဒီေလာက္နဲ႕ဘဲအဆုံးသတ္ပါတယ္ အားလုံးလည္း ဂ႐ုစိုက္ၾကဖို႔မွာၾကားခ်င္ၿပီး ႀကိဳးစားေပးၾကမယ္လို႔ ယုံၾကည္ပါတယ္


08-03-23

#Nik





























































Continue Reading

You'll Also Like

155K 4.1K 79
Stray Kids is on tour! Ella wins a prize at the concert that ends up turning her entire life upside down. She uncovers the dark secrets to K-Pop and...
1.1M 62K 38
It's the 2nd season of " My Heaven's Flower " The most thrilling love triangle story in which Mohammad Abdullah ( Jeon Junghoon's ) daughter Mishel...
777K 17.5K 46
In wich a one night stand turns out to be a lot more than that.
332K 11.6K 52
𝐈𝐍 𝐖𝐇𝐈𝐂𝐇 Ellie Sloan reunites with her older brother when her hospital merges with his jackson avery x ellie sloan (oc) season six ━ season se...