လမင်းနဲ့ပင်လယ်

By HwaXian

129 11 0

ပင်လယ်ရေကို ဆွဲငင်နိုင်တဲ့လမင်းရယ်... လပြည့်ညတွေဆို သိပ်လှတဲ့ ပင်လယ်ရယ်... ဘယ်သူက ဘယ်သူ့ကြောင့်ပိုလှပတာလဲ... ... More

အပိုင်း ၁
အပိုင်း ၂
အပိုင်း ၃
အပိုင်း ၄
အပိုင်း ၅
အခန်း ၇

အပိုင်း ၆

15 1 0
By HwaXian

အပိုင်း ၆

"ယိင်း ဘယ်ကိုလဲ...''

ရေနွေးဓာတ်ဘူးကိုကိုင်ကာ အပြင်ထွက်ရန်ပြင်နေသော ယိင်းသည် ဘသာခေါ်သံကြောင့် နောက်လှည့်ကြည့်ပြီး ပြုံးကာ...

"ရေနွေးသွားဝယ်မလို့လေ မောင်ရဲ့ မေမေတို့လာတဲ့အခါ ရေနွေးသောက်ရအောင်လို့''

"မြန်မြန် ပြန်လာခဲ့နော်''

ဘသာ၏ မျှော်လင့်တကြီးကြည့်နေသော မျက်ဝန်းများကို ကြည့်ရင်း ယိင်းအတွေးလွန်သွားသည်...

...ဒီပုံစံအတိုင်းဆက်သွားရင် မောင့်ကိုမျှော်လင့်ချက်ပေးသလိုများ ဖြစ်နေမလား ဒါပေမဲ့မောင်ရယ် ယိင်းစိတ်မကောင်းပါဘူး...

ထို့နောက် အလှဆုံးပြုံးကာ ခေါင်းငြိမ့်ပြလိုက်သည်။

ထိုဖြစ်စဥ်ကို ​ထွန်းအောင် သည် ပန်းသီးကိုက်ရင်း ကြည့်နေသည်။ အခြေနေက ပုံမှန်မဟုတ်တာကို သတိထားမိသော်လည်း ဘယ်အရာကမှားယွင်းနေမှန်း မသိ...

"မင်းကလဲကွာ အပြင်ခဏလေးထွက်တာကိုပဲ တော်တော်ဖြစ်နေတော့တာပဲ''

"မင်းမသိပါဘူးကွာ...''

ထွန်းအောင်သည် ပခုံးတွန့်ပြလိုက်ပြီး စားလက်စပန်းသီးကိုဆက်စားနေလေသည်။

"ထွန်းအောင်...မင်းအမြင်မှာ ယိင်း ငါ့ကိုချစ်တယ်လို့ထင်လား''

သူ့အမေးကြောင့် ထွန်းအောင်မျက်ခုံးတွန့်သွားပြီး...

"မင်းမေးခွန်းက အဆန်းပါလား ဘာလဲ အဆင်မပြေကြဘူးလား''

"ဒီလိုလဲ မဟုတ်ပါဘူးကွာ သူများအမြင်ကိုသိချင်လို့ပါ''

ထွန်းအောင်သည် ပန်းသီးကို ကုန်အောင်စားပြီးနောက် စကားဆက်လိုက်သည်။

"ပြောရမယ်ဆိုရင် မျက်စိနဲ့မြင်တဲ့အတိုင်းပြောလို့မရဘူးကွ တစ်နည်းပြောရရင်ကွာ ယိင်းက သူနာပြုတစ်ယောက်...မင်းကိုပြုစုပေးတဲ့နေရာမှာ တာဝန်အရလား နှလုံးသားဆန္ဒလားဆိုတာ တော်ရုံဆိုဘယ်သိနိုင်မှာလဲ ဒီလိုပြောလို့ ယိင်းကမင်းကိုမချစ်ဘူးလို့ဆိုလိုတာမဟုတ်ဘူးနော်...အချစ်ဆိုတာ ဆန်းကြယ်တယ် ဘသာရ ခဏတဖြုတ်အမြင်နဲ့ မသိနိုင်ဘူး နှလုံးသားချင်းပဲ သိနိုင်တာ မင်းမေးခွန်းရဲ့အဖြေကို မင်းတကယ်သိချင်ရင် သူ့နှလုံးသားထဲကိုမင်းကိုယ်တိုင်ဝင်ကြည့်ရမှာ...''

ဘသာတစ်ယောက် ထွန်းအောင်၏ စကားကို အလေးအနက်စဥ်းစားနေမိသည်။ ထို့နောက် ထွန်းအောင်ကပင်...

"ငါ့အတွက်ကတော့ အချစ်ဆိုတာ ဒီပန်းသီးလေးလိုပဲ ကြည့်နေရတာရင်လဲ ကောင်းတယ် ချစ်မှာပဲ...အနံ့ခံရရင်လဲ မွှေးတာပဲ ချစ်တာပဲ...ဟောဒီလိုလေး ကိုက်စားလိုက်ရင်လဲ ချိုတာပဲ...ချစ်တာပဲ...''

ထွန်းအောင်၏ စကားကို ထောက်ခံကာ ေခါင်းတစ်ချက်ညိမ့်လိုက်သည်။ ခွဲစိတ်ပြီးတာမကြာသေးသဖြင့် တစ်ဆစ်ဆစ်ကိုက်နေတာ မှတ်ဉာဏ်တွေလဲ ဝေဝါးနေသေးသည်။ ထွန်းအောင်ကတော့ ပန်းသီးစားရင်းကျေနပ်နေလေသည်။

"ဟေ့ကောင် ဟေ့ကောင် ပန်းသီးနဲ့ဥပမာပေးတာ ​တော်လောက်ပြီ မင်းယူလာတဲ့ပန်းသီးတွေလဲ မင်းစားတာနဲ့တင်ကုန်နေပြီ''

ထွန်းအောင် ဇက်လေးပုသွားကာ...

"ဟဲဟဲ တစ်ခြမ်းကျန်ပါသေးတယ်ကွ ရော့ စားပါအုံး ''

"ဟမ့် မင်းကိုက်ပြီးသားကြီး စားစရာလား''

"မင်းကလဲကွာ အဆောင်မှာနေတုန်းကတောင် တစ်အိုးထဲစားလာတဲ့ကောင်တွေပဲကို ဘာအခုမှ ကြီးကျယ်နေတာလဲ''

"ဘာမှမဆိုင်ဘူး ထမင်းကထမင်းပဲ''

"တော်ပြီကွာ လစ်ပြီ''

"လစ် အောက်လဲ ကြည့်သွားအုံး သူနာပြုဆရာမလေးတွေငမ်းရတာနဲ့ ခလုတ်တိုက်နေမယ်''

"အေး မင်းလဲ မြန်မြန်နေကောင်းတော့ ငါတို့သီချင်းသစ်တွေအတွက် Rapperလိုနေပြီ''

...ငါတော့ နေပြန်မကောင်းချင်သေးဘူး သားကြီးရာ ငါနေပြန်ကောင်းတဲ့အခါ ယိင်းငါ့အနားမှာမရှိတော့မှာကို စိုးရိမ်တယ်...

ထွန်းအောင်တစ်ယောက် ဘသာ၏လူနာခန်းထဲမှထွက်လာပြီးနောက် ဆေးရုံစင်္ကြန်တစ်လျှောက် လျှောက်လာခဲ့သည် ဆိုင်ကယ်ရပ်ရာနေရာသို့ သွားနေစဥ်မှာပင် ရင်းနှီးသောအသံကြားလိုက်သဖြင့် အသံကြားရာဆီသို့ ကြည့်လိုက်မိသည်။

ဆေးရုံစင်္ကြန် တစ်နေရာတွင် ဖုန်းပြောနေပုံရသော ဘသာ၏ကောင်မလေး ယိင်း...

ထွန်းအောင် နှုတ်ဆက်ရနိုးနိုး ဖြင့် သွားနှုတ်ဆက်ရန် လုပ်လိုက်စဥ်မှာပဲ ယိင်း၏ မသဲမကွဲ စကားသံများကို ကြားလိုက်ရသည်...

"ပြန်လာတော့မှာပါ သူလဲ တော်တော်နေကောင်းနေပြီလေ...''

"...''

"အခုဖြတ်လို့မရသေးဘူးလေ နေမကောင်းသေးတော့ နောက်မှ အေးအေးဆေးဆေးလုပ်ပါမယ် ကိုရယ် စိတ်မပူပါနဲ့ ယိင်းက ကို့ကိုပဲချစ်တာပါ ဒါကြောင့်မလို့လဲ ကို့ကိုရွေးခဲ့တာပေါ့''

"...''

"အင်းပါ ကိုရယ် သဲ မကြာခင် ပြန်လာမယ်နော်''

ယိင်း ဖုန်းချလိုက်ပြီး လှည့်အထွက် သူမကို မျက်ထောင့်နီနှင့်စိုက်ကြည့်နေသော ထွန်းအောင်ကိုတွေ့လိုက်ရသည်။

...ငါပြောတာတွေ အကုန်ကြားသွားတာများလား...

ဆက်ရန်...
#flamingo

...........................

အပိုင္း ၆

"ယိင္း ဘယ္ကိုလဲ...''

ေရႏြေးဓာတ္ဘူးကိုကိုင္ကာ အျပင္ထြက္ရန္ျပင္ေနေသာ ယိင္းသည္ ဘသာေခၚသံေၾကာင့္ ေနာက္လွည့္ၾကည့္ၿပီး ၿပဳံးကာ...

"ေရႏြေးသြားဝယ္မလို႔ေလ ေမာင္ရဲ႕ ေမေမတို႔လာတဲ့အခါ ေရႏြေးေသာက္ရေအာင္လို႔''

"ျမန္ျမန္ ျပန္လာခဲ့ေနာ္''

ဘသာ၏ ေမွ်ာ္လင့္တႀကီးၾကည့္ေနေသာ မ်က္ဝန္းမ်ားကို ၾကည့္ရင္း ယိင္းအေတြးလြန္သြားသည္...

...ဒီပုံစံအတိုင္းဆက္သြားရင္ ေမာင့္ကိုေမွ်ာ္လင့္ခ်က္ေပးသလိုမ်ား ျဖစ္ေနမလား ဒါေပမဲ့ေမာင္ရယ္ ယိင္းစိတ္မေကာင္းပါဘူး...

ထို႔ေနာက္ အလွဆုံးၿပဳံးကာ ေခါင္းၿငိမ့္ျပလိုက္သည္။

ထိုျဖစ္စဥ္ကို ​ထြန္းေအာင္ သည္ ပန္းသီးကိုက္ရင္း ၾကည့္ေနသည္။ အေျခေနက ပုံမွန္မဟုတ္တာကို သတိထားမိေသာ္လည္း ဘယ္အရာကမွားယြင္းေနမွန္း မသိ...

"မင္းကလဲကြာ အျပင္ခဏေလးထြက္တာကိုပဲ ေတာ္ေတာ္ျဖစ္ေနေတာ့တာပဲ''

"မင္းမသိပါဘူးကြာ...''

ထြန္းေအာင္သည္ ပခုံးတြန့္ျပလိုက္ၿပီး စားလက္စပန္းသီးကိုဆက္စားေနေလသည္။

"ထြန္းေအာင္...မင္းအျမင္မွာ ယိင္း ငါ့ကိုခ်စ္တယ္လို႔ထင္လား''

သူ႕အေမးေၾကာင့္ ထြန္းေအာင္မ်က္ခုံးတြန့္သြားၿပီး...

"မင္းေမးခြန္းက အဆန္းပါလား ဘာလဲ အဆင္မေျပၾကဘူးလား''

"ဒီလိုလဲ မဟုတ္ပါဘူးကြာ သူမ်ားအျမင္ကိုသိခ်င္လို႔ပါ''

ထြန္းေအာင္သည္ ပန္းသီးကို ကုန္ေအာင္စားၿပီးေနာက္ စကားဆက္လိုက္သည္။

"ေျပာရမယ္ဆိုရင္ မ်က္စိနဲ႕ျမင္တဲ့အတိုင္းေျပာလို႔မရဘူးကြ တစ္နည္းေျပာရရင္ကြာ ယိင္းက သူနာျပဳတစ္ေယာက္...မင္းကိုျပဳစုေပးတဲ့ေနရာမွာ တာဝန္အရလား ႏွလုံးသားဆႏၵလားဆိုတာ ေတာ္႐ုံဆိုဘယ္သိနိုင္မွာလဲ ဒီလိုေျပာလို႔ ယိင္းကမင္းကိုမခ်စ္ဘူးလို႔ဆိုလိုတာမဟုတ္ဘူးေနာ္...အခ်စ္ဆိုတာ ဆန္းၾကယ္တယ္ ဘသာရ ခဏတျဖဳတ္အျမင္နဲ႕ မသိနိုင္ဘူး ႏွလုံးသားခ်င္းပဲ သိနိုင္တာ မင္းေမးခြန္းရဲ႕အေျဖကို မင္းတကယ္သိခ်င္ရင္ သူ႕ႏွလုံးသားထဲကိုမင္းကိုယ္တိုင္ဝင္ၾကည့္ရမွာ...''

ဘသာတစ္ေယာက္ ထြန္းေအာင္၏ စကားကို အေလးအနက္စဥ္းစားေနမိသည္။ ထို႔ေနာက္ ထြန္းေအာင္ကပင္...

"ငါ့အတြက္ကေတာ့ အခ်စ္ဆိုတာ ဒီပန္းသီးေလးလိုပဲ ၾကည့္ေနရတာရင္လဲ ေကာင္းတယ္ ခ်စ္မွာပဲ...အနံ႕ခံရရင္လဲ ေမႊးတာပဲ ခ်စ္တာပဲ...ေဟာဒီလိုေလး ကိုက္စားလိုက္ရင္လဲ ခ်ိဳတာပဲ...ခ်စ္တာပဲ...''

ထြန္းေအာင္၏ စကားကို ေထာက္ခံကာ ေခါင္းတစ္ခ်က္ညိမ့္လိုက္သည္။ ခြဲစိတ္ၿပီးတာမၾကာေသးသျဖင့္ တစ္ဆစ္ဆစ္ကိုက္ေနတာ မွတ္ဉာဏ္ေတြလဲ ေဝဝါးေနေသးသည္။ ထြန္းေအာင္ကေတာ့ ပန္းသီးစားရင္းေက်နပ္ေနေလသည္။

"ေဟ့ေကာင္ ေဟ့ေကာင္ ပန္းသီးနဲ႕ဥပမာေပးတာ ​ေတာ္ေလာက္ၿပီ မင္းယူလာတဲ့ပန္းသီးေတြလဲ မင္းစားတာနဲ႕တင္ကုန္ေနၿပီ''

ထြန္းေအာင္ ဇက္ေလးပုသြားကာ...

"ဟဲဟဲ တစ္ျခမ္းက်န္ပါေသးတယ္ကြ ေရာ့ စားပါအုံး ''

"ဟမ့္ မင္းကိုက္ၿပီးသားႀကီး စားစရာလား''

"မင္းကလဲကြာ အေဆာင္မွာေနတုန္းကေတာင္ တစ္အိုးထဲစားလာတဲ့ေကာင္ေတြပဲကို ဘာအခုမွ ႀကီးက်ယ္ေနတာလဲ''

"ဘာမွမဆိုင္ဘူး ထမင္းကထမင္းပဲ''

"ေတာ္ၿပီကြာ လစ္ၿပီ''

"လစ္ ေအာက္လဲ ၾကည့္သြားအုံး သူနာျပဳဆရာမေလးေတြငမ္းရတာနဲ႕ ခလုတ္တိုက္ေနမယ္''

"ေအး မင္းလဲ ျမန္ျမန္ေနေကာင္းေတာ့ ငါတို႔သီခ်င္းသစ္ေတြအတြက္ Rapperလိုေနၿပီ''

...ငါေတာ့ ေနျပန္မေကာင္းခ်င္ေသးဘူး သားႀကီးရာ ငါေနျပန္ေကာင္းတဲ့အခါ ယိင္းငါ့အနားမွာမရွိေတာ့မွာကို စိုးရိမ္တယ္...

ထြန္းေအာင္တစ္ေယာက္ ဘသာ၏လူနာခန္းထဲမွထြက္လာၿပီးေနာက္ ေဆး႐ုံစၾကၤန္တစ္ေလွ်ာက္ ေလွ်ာက္လာခဲ့သည္ ဆိုင္ကယ္ရပ္ရာေနရာသို႔ သြားေနစဥ္မွာပင္ ရင္းႏွီးေသာအသံၾကားလိုက္သျဖင့္ အသံၾကားရာဆီသို႔ ၾကည့္လိုက္မိသည္။

ေဆး႐ုံစၾကၤန္ တစ္ေနရာတြင္ ဖုန္းေျပာေနပုံရေသာ ဘသာ၏ေကာင္မေလး ယိင္း...

ထြန္းေအာင္ ႏႈတ္ဆက္ရနိုးနိုး ျဖင့္ သြားႏႈတ္ဆက္ရန္ လုပ္လိုက္စဥ္မွာပဲ ယိင္း၏ မသဲမကြဲ စကားသံမ်ားကို ၾကားလိုက္ရသည္...

"ျပန္လာေတာ့မွာပါ သူလဲ ေတာ္ေတာ္ေနေကာင္းေနၿပီေလ...''

"...''

"အခုျဖတ္လို႔မရေသးဘူးေလ ေနမေကာင္းေသးေတာ့ ေနာက္မွ ေအးေအးေဆးေဆးလုပ္ပါမယ္ ကိုရယ္ စိတ္မပူပါနဲ႕ ယိင္းက ကို႔ကိုပဲခ်စ္တာပါ ဒါေၾကာင့္မလို႔လဲ ကို႔ကိုေ႐ြးခဲ့တာေပါ့''

"...''

"အင္းပါ ကိုရယ္ သဲ မၾကာခင္ ျပန္လာမယ္ေနာ္''

ယိင္း ဖုန္းခ်လိဳက္ၿပီး လွည့္အထြက္ သူမကို မ်က္ေထာင့္နီႏွင့္စိုက္ၾကည့္ေနေသာ ထြန္းေအာင္ကိုေတြ႕လိုက္ရသည္။

...ငါေျပာတာေတြ အကုန္ၾကားသြားတာမ်ားလား...

ဆက္ရန္...
#flamingo

Continue Reading

You'll Also Like

10K 921 25
Allah says in the Quran : ── "Women of purity are for men of purity, and men of purity are for women of purity" - This is the story of a girl named f...
352K 5.7K 39
🔹Headcanons for Bucciarati gang🔹 (including xreader) **Note** i will refer to their s/o as you (i will be rarely using s/o or y/n) ⏹️ Discontinued...
37.2K 5.5K 25
Story of a surgeon Dr. Zulaid Afandi and a medical student Dr. Inara Ibrahim. Age gap Enemies to lovers Grumpy×sunshine Arranged marriage "What did...
35.1M 887K 30
COMPLETED Two teenagers, a party and the unmistakeable mate pull, but what happens when it follows with a steamy night and a rejection the next day...