𝙸𝚏 𝙾𝚞𝚛 𝙻𝚘𝚟𝚎 𝙸𝚜 𝚃�...

By KhinMyatOo851005

44K 1.7K 48

ငယ်.....ဟုတ်တယ်....ဒီနာမ်စားလေးကမင်းတစ်ယောက်ထဲအတွက်ရယ်ပါYiboရယ် #xiaozhan ခင်ဗျားကဘာလို့ကျွန်တော့်ကိုကူညီရတာလ... More

Intro
Part 1
Part 2
Part 3
Part 4
Part 5
Part 6
Part 7
Part 8
Part 9🔞🌚
Part 10
Part 11
Part 12
Part 13
Part 14
Part 15
Part 16
Part 18
Part 19
Part 20
Part 21
Part 22
Part 23
💛 6ᵗʰ anni
Part 24
Part 25
Part 26 final
𝓯𝓪𝓻𝓮𝔀𝓮𝓵𝓵❤️💚

Part 17

1K 56 0
By KhinMyatOo851005

Unicode

ရှောင်းကျန့်ပျော်တာမြင်ရရင် ရိပေါ်လဲပျော်ရတယ်..စိတ်ချမ်းသာရတယ်
ရှောင်းကျန့်ပျော်ရွှင်နေတာကိုပဲ ရိပေါ်အမြဲမြင်ချင်တယ်
အမြဲတမ်းပြုံးနေပါကိုကို...ကိုကို့ကိုပျော်ရွှင်အောင်လုပ်ပေးနိုင်လို့ ကျွန်တော်ကပိုပျော်ရပါတယ်

"ငယ်ရယ်...ကိုကိုသိပ်ပျော်တာပဲသိလား...ပါးကလေအဲ့လောက်မြန်မြန်ပြောင်းလဲသွားမယ်လို့မထင်ဘူး...မသိရင်လေနတ်ရေကန်ထဲကျသွားတဲ့အတိုင်းပဲ...."

တစ်လမ်းလုံးပါးကသူ့ကိုစကားပြောတဲ့အကြောင်းပဲပြောလာတဲ့ရှောင်းကျန့်ကို ရိပေါ်ပီတိဖြစ်မိတယ်
အိမ်ရောက်တဲ့ထိကို သူ့ခမျာပြောလို့မဆုံးနိုင်
ပါးကသူတို့ကိုလက်ခံသွားတာကိုသိပ်ပျော်နေတယ်လေ
သူပါးတို့ဆီခိုးသွားတာကိုသိရင်တော့ ကိုကိုကမှာတမ်းတွေခြွေအုံးမှာအသေအချာပင်

ရှောင်းပါးတို့ဆီကိုသူ့တစ်ယောက်တည်းသွားခိုင်းမှာမဟုတ်လို့ ရိပေါ်တမင်ရှောင်းကျန့်ကိုကုမ္ပဏီသွားခိုင်းရတာဖြစ်တယ်
ရိပေါ်သူရှောင်းပါးတို့ဆီလာသွားတာကို ရှောင်းကျန့်ကိုမသိစေဖို့ရှောင်းပါးနဲ့မားကို သူတောင်းဆိုထားရတာပေါ့

"အဲ့တာမကောင်းဘူးလားကိုကိုရဲ့..."

"အင်း သိပ်ကောင်းတာပေါ့....ငယ်ပါးတို့ဆီကို ကိုကိုမသိအောင် သွားလိုက်တာတော့မဟုတ်ပါဘူးနော်...."

"မဟုတ်ရပါဘူးကိုကိုရာ...ကျွန်တော်တို့အတူတူဖြေရှင်းမယ်လို့ပြောထားတယ်လေ...ကြည့်ရတာပါးကကျွန်တော့်ကိုမြင်တာနဲ့စိတ်ဆိုးပြေသွားတယ်ထင်ပါရဲ့....ဘယ်လိုလဲ ကျွန်တော်ကကိုကို့အတွက်လာဘ်ရုပ်လေးမို့လား ဟီး.."

သူ့ရဲ့ပါးနှစ်ဖက်ကိုကိုင်ပြီး မျက်ပေတုံးလေးနဲ့ ချစ်စရာကောင်းအောင်ပြောနေတဲ့ကောင်လေးကို ရှောင်းကျန့်မှာအူတယားယားနဲ့
ဒီတိုင်းနေရင်းကို ချစ်စရာကောင်းနေတာ ဘယ်နှယ့်လုပ်ရမလဲဗျာ..

"ဟုတ်ပါပြီ...ကိုကို့ကလေးလေးအစွမ်းက အံ့မခန်းပါပဲဗျာ...ချစ်လွန်းလို့သေတော့မှာပဲ သိလား မွ...."

ရိပေါ်ရဲ့မျက်နှာကိုကိုင်ပြီး နှုတ်ခမ်းလေးကိုနမ်းလိုက်တယ် ထုံးစံအတိုင်း ကောင်လေးငယ်ကတော့ မျက်နှာနီလာပြီး ရှက်သွေးဖြာပါတော့တယ်
ပထမဆုံးလဲမဟုတ်တော့ပဲနဲ့ကို သူ့ခမျာရှက်လိုက်တာလဲလွန်ပါရော

"ကိုကိုကပဲ ချစ်တာလား...ကျွန်တော်ကလဲ...ချစ်ပါတယ်နော် "
လို့ပြောပြီး ရှောင်းကျန့်ရဲ့အင်္ကျီကိုဆွဲကာ ခြေဖျားထောက်ပြီး ရှောင်းကျန့်ရဲ့နှုတ်ခမ်းများကိုနမ်းလိုက်လေသည်

ရှောင်းကျန့်မှာ အံ့သြသွားရတယ်
သူကပဲအရင်စနမ်းနေကျဆိုပေမယ့် အရှက်သည်းခြေကြီးလှတဲ့ ကောင်လေးဆီကအနမ်းကိုပြန်မရဖူးသေးဘူး
ဒီနေ့ဘာလဲ!!ရှောင်းကျန့်အတွက်ရက်ရာဇာများလား..
ဘယ်လိုတောင်ကံထူးရတာလဲ...

ရိပေါ်ရှောင်းကျန့်ကိုကြည့်ပြီး ရယ်ချင်စိတ်ကတဖွားဖွား...မျက်လုံးပြူးလေးနဲ့သူ့ကိုငေးကြည့်နေပုံ တစ်ကယ်ရယ်ချင်စရာ
စိတ်ချပါကိုကိုရေ...ကိုကို့ကိုဒီထက်မကပိုချစ်ပေးတော့မှာမို့လို့...

"ဟို...အဟမ်း...ကိုကိုအလုပ်ရှိသေးတာမေ့နေလိုက်တာ...ငယ်တစ်ခုခုလိုတာရှိရင် ကိုကိုစာဖတ်ခန်းထဲမှာရှိနေမယ်နော် ဟုတ်ပြီလား...."

ဒါကဒီလူကြီးရှက်ပြီးပြေးထွက်သွားတဲ့ပုံပေါ့လေ...ဟား...
ရှောင်းကျန့်ကရှက်တတ်သေးတယ်ပေါ့
ရှောင်းကျန့်ကလေ သူများရှက်ရင်သာ ပြုံးပြုံးကြီးနဲ့ကြည့်နေတာ သူရှက်တော့ကျတော့လဲ ပြေးထွက်သွားတာများ လိမ့်လိမ့်ကိုပါလို့

"ညနက်တဲ့ထိမလုပ်နဲ့နော်..."
ရိပေါ်မှာ ပြေးထွက်သွားတဲ့ရှောင်းကျန့်ကိုကြည့်ပြီး ခေါင်းတစ်ရမ်းရမ်းနဲ့သာ အိပ်ရာထဲဝင်ခဲ့တော့တယ်

စာဖတ်ခန်းထဲမှာ laptopထဲအာရုံမရပဲ အပျော်လုံးစို့နေတဲ့သူနဲ့
အခန်းပေါက်ဝကနေ ချောင်းကြည့်ပြီးပီတိတွေဖြာနေတဲ့သူနဲ့
အင်းးဘယ်ချိန်မှအခန်းထဲဝင်လာပြီးလာအိပ်မှာပါလိမ့်



ရှောင်းကျန့်နာရီကြည့်မိတော့မှ ၁၀နာရီတောင်ထိုးနေပြီ
အပျော်လုံးစို့နေတာနဲ့ဒီချိန်ရောက်သွားမှန်းတောင်မသိလိုက်ဘူး
ရိပေါ်ကမအိပ်သေးပဲစောင့်နေမှဖြင့်ဒုက္ခ

ရိပေါ်ဆီကဘာသံမှမကြားတော့တာမို့ရှောင်းကျန့်တံခါးကိုအသာဖွင့်ကြည့်လိုက်တယ်
ကုတင်ပေါ်မှာကွေးကွေးလေးအိပ်နေလေရဲ့

"ကောင်းသောညပါ ကိုကို့ကလေးငယ်..."

ရိပေါ်ရဲ့နဖူးလေးကိုအနမ်းတစ်ပွင့်ခြွေကာ ရှောင်းကျန့်အိပ်ယာဝင်ဖို့ပြင်ချေပြီ
ရှောင်းကျန့် ရိပေါ်နိုးသွားမှာစိုးလို့ အသာလှဲလိုက်ပေမယ့် သူလှဲပြီးတာနဲ့ ရိပေါ်ကသူ့ရင်ခွင်ထဲကိုအတင်းတိုးဝင်လာတယ်
ရှောင်းကျန့်သူ့ကလေးငယ်ကိုဖက်ပေးထားရင်း

"တောင်းပန်ပါတယ် ကိုကိုနောက်ကျသွားတယ်....ကိုကို့ကြောင့်နိုးသွားတာလားဟင်..."

"ဟင့်အင်း ကိုကိုဝင်လာထဲကသိတာ...ဘာလို့ဒီလောက်နောက်ကျရတာလဲ ကိုယ့်ယောကျ်ားကနမ်းလိုက်တာပဲဟာကို အဲ့လောက်ထိရှက်ပြီး စာဖတ်ခန်းထဲမှာ အကြာကြီးနေစရာလိုလို့လားလို့..."

ဟော....ရင်ခွင်ထဲကနေမျက်စိမှိတ်ပြီး ရန်လုပ်နေလေရဲ့
ဒီကရှောင်းကျန့်ရဲ့အသည်းတွေကိုတဖြုတ်ဖြုတ်ကြွေအောင်လုပ်နေတာလားကွာ

"မဟုတ်ရပါဘူးငယ်ရယ်...ကိုကိုကရှက်သွားတယ်လို့ဘယ်သူပြောလဲ...."

"ဟွန့် အသိသာကြီးပါနော်..."

"အယ် ဟုတ်လို့လား.... ကိုကိုကငယ့်နားမှာဆက်နေရင် ကိုကို့ရဲ့သမာဓိအားတွေထိန်းမရမှာကို စိုးရိမ်လို့ရှောင်ပြေးသွားတာကို...ငယ်ကသိတယ်ဆိုတော့ ကိုကိုကမှားသွားတာပေါ့...ဒီလိုမှန်းသိရင်မပြေးပါဘူး...."

"ဟာဟား..ရှက်တယ်ဆိုရှက်တယ်ပေါ့...ဘာသမာဓိအားတွေထိန်းမရမှာလဲ....ပလီပလာတွေ ဝွန်း..."

ရှောင်းကျန့်ကိုမော့ကြည့်ပြီး စပ်ဖြီးဖြီးနဲ့ပြောနေတဲ့ရိပေါ်ကို ရှောင်းကျန့်ကလဲ evil smileနဲ့ပြန်ကြည့်ကာ

"ဒါဆိုအခုသက်သေပြရမှာပေါ့...လာ..လာ..ကိုကို့ကိုပြန်နမ်းလိုက်စမ်းပါ...ပြီးမှမငိုကြေးနော်..."ဟုဆိုကာ
ရိပေါ်ရဲ့အင်္ကျီထဲကိုရှောင်းကျန့်ရဲ့လက်ကရောက်နှင့်နေပြီ

"အား...ကိုကို ယားတယ် မလုပ်နဲ့..ဟား...မလုပ်နဲ့လို့..."

ရိပေါ်ရဲ့ရင်ဘတ်ကိုလက်နဲ့ပွတ်သပ်နေတဲ့အပြင် ကလိယားပါလိုက်ထိုးနေတာမို့ ရိပေါ်မှာထွန့်ထွန့်လူးရပါတယ်

"ကိုကို မလုပ်နဲ့တော့...ကျွန်တော်ဒီနေ့ပင်ပန်းနေလို့ပါ
အရမ်းလဲအိပ်ချင်နေပြီ နော်...နော်..."

ရိပေါ်ကအသံငယ်လေးနဲ့ ချွဲနွဲ့ပြောလာတာမို့ ရှောင်းကျန့်မှာမလိုက်လျောပဲမနေနိုင်
ပြီးတော့ ကလေးငယ်ကပင်ပန်းနေတဲ့ပုံတစ်ကယ်ပေါက်နေတာမို့ ရှောင်းကျန့်ရိပေါ်ကိုထပ်မစချင်တော့ပေ
ရှောင်းကျန့် ရိပေါ်ကိုရင်ခွင်ထဲပြန်ထည့်လိုက်ပြီး

"အဲ့ဒါဆိုပြော...ကိုကို့ကိုချစ်လား...."

"......"

"ချစ်လားလို့ သဲငယ်...."

"သိရဲ့သားနဲ့ဗျာ..."

"ဟင့်အင်း မရပါဘူး ငယ့်ဆီကဖြေသံကြားချင်တာကို...ဖြေပါ နော်..."

ကောင်လေးက ရင်ခွင်ထဲကိုမျက်နှာလေးဖွက်ပြီး အတင်းအိပ်ချင်ယောင်ဆောင်နေလေတယ်

"မဖြေဘူးပေါ့လေ...ကိုယ့်ကိုမချစ်တော့ဘူးလားဟင်....
ကိုယ့်ကိုငြီးငွေ့သွားပြီလားငယ်က..."

ရှောင်းကျန့်စိတ်မကောင်းဟန်နဲ့မေးလိုက်တော့
ရင်ခွင်ထဲကကောင်လေး နည်းနည်းလှုပ်လှုပ်ရှားရှားဖြစ်သွားတာ ရှောင်းကျန့်သတိထားမိတယ်
ပြီးမှ အသံတိုးတိုးလေးထွက်ကာ

"ချစ်တယ်...အရမ်းချစ်တယ်ကိုကိုရဲ့...ကိုကို့ရဲ့အချစ်ကိုတော့မမှီပေမယ့် ကိုကို့ထက်မလျော့တဲ့အချစ်တွေနဲ့ချစ်ပါတယ်ဗျာ...ငြီးငွေ့ဖို့နေနေသာသာ ကိုကို့ကိုချစ်တဲ့အချစ်တွေကပိုပိုတိုးလာတာမို့လို့စိတ်မပူပါနဲ့...."တဲ့

ရှောင်းကျန့်သိတာပေါ့ ဒီကလေးငယ်သူ့ကိုသိပ်ချစ်မှန်း
တမင်တကာကလေးငယ်ဆီကအသံကိုကြားချင်လို့ဟာကိုး

ရင်ခွင်ထဲကကောင်လေးကအတင်းအိပ်ချင်နေတယ်ထင်ပါရဲ့
ရှောင်းကျန့်ဆီကစကားပြန်တောင်မကြားရသေးဘူး အသက်ရှူသံတိုးတိုးလေးသာကြားရတော့သည်
ရှောင်းကျန့် ​နိ်မ့်ခြည်မြင့်ချည်ဖြစ်နေတဲ့ရိပေါ်ရဲ့ခန္ဓာကိုယ်ကို မနှိုးတော့ပဲ ရင်ခွင်ထဲထည့်ရင်းနဲ့သာအိပ်စက်လိုက်တော့တယ်

ရိပေါ်နဲ့လက်ထပ်ပြီးမှ ရှောင်းကျန့်မှာအကျင့်တစ်ခုထပ်တိုးလာရတယ်
အရင်ကတော့သူ့အိပ်ယာပေါ်မှာ တစ်ခြားသူလာအိပ်ရင်မကြိုက်ပေမယ့် ဒီကလေးငယ်ကိုတော့ သူ့ရင်ခွင်ထဲကိုသာထားအိပ်စေချင်သည်
သူနဲ့နီးရာကိုပဲရှိစေချင်တယ်
အထူးသဖြင့် သူ့နှလုံးသားနဲ့နီးရာရင်ခွင်ထဲကိုပေါ့....

^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^

စာလုံးရေ1600​ေကျာ်ပဲဖြစ်သွားတယ်ကွယ်🤧
ရေးသာရေးရတာ ဒီတစ်ပိုင်းသိပ်မအားရဘူးရယ်
အဆင်ပြေကြရဲ့လားဗျာ🥺❤

7.3.23

#ʟᴜɴᴀʷᵃⁿᵍ85🦁












ေရွာင္းက်န့္ေပ်ာ္တာျမင္ရရင္ ရိေပၚလဲေပ်ာ္ရတယ္..စိတ္ခ်မ္းသာရတယ္
ေရွာင္းက်န့္ေပ်ာ္႐ႊင္ေနတာကိုပဲ ရိေပၚအၿမဲျမင္ခ်င္တယ္
အၿမဲတမ္းၿပဳံးေနပါကိုကို...ကိုကို႔ကိုေပ်ာ္႐ႊင္ေအာင္လုပ္ေပးနိုင္လို႔ ကြၽန္ေတာ္ကပိုေပ်ာ္ရပါတယ္

"ငယ္ရယ္...ကိုကိုသိပ္ေပ်ာ္တာပဲသိလား...ပါးကေလအဲ့ေလာက္ျမန္ျမန္ေျပာင္းလဲသြားမယ္လို႔မထင္ဘူး...မသိရင္ေလနတ္ေရကန္ထဲက်သြားတဲ့အတိုင္းပဲ...."

တစ္လမ္းလုံးပါးကသူ႕ကိုစကားေျပာတဲ့အေၾကာင္းပဲေျပာလာတဲ့ေရွာင္းက်န့္ကို ရိေပၚပီတိျဖစ္မိတယ္
အိမ္ေရာက္တဲ့ထိကို သူ႕ခမ်ာေျပာလို႔မဆုံးနိုင္
ပါးကသူတို႔ကိုလက္ခံသြားတာကိုသိပ္ေပ်ာ္ေနတယ္ေလ
သူပါးတို႔ဆီခိုးသြားတာကိုသိရင္ေတာ့ ကိုကိုကမွာတမ္းေတြေႁခြအုံးမွာအေသအခ်ာပင္

ေရွာင္းပါးတို႔ဆီကိုသူ႕တစ္ေယာက္တည္းသြားခိုင္းမွာမဟုတ္လို႔ ရိေပၚတမင္ေရွာင္းက်န့္ကိုကုမၸဏီသြားခိုင္းရတာျဖစ္တယ္
ရိေပၚသူေရွာင္းပါးတို႔ဆီလာသြားတာကို ေရွာင္းက်န့္ကိုမသိေစဖို႔ေရွာင္းပါးနဲ႕မားကို သူေတာင္းဆိုထားရတာေပါ့

"အဲ့တာမေကာင္းဘူးလားကိုကိုရဲ႕..."

"အင္း သိပ္ေကာင္းတာေပါ့....ငယ္ပါးတို႔ဆီကို ကိုကိုမသိေအာင္ သြားလိုက္တာေတာ့မဟုတ္ပါဘူးေနာ္...."

"မဟုတ္ရပါဘူးကိုကိုရာ...ကြၽန္ေတာ္တို႔အတူတူေျဖရွင္းမယ္လို႔ေျပာထားတယ္ေလ...ၾကည့္ရတာပါးကကြၽန္ေတာ့္ကိုျမင္တာနဲ႕စိတ္ဆိုးေျပသြားတယ္ထင္ပါရဲ႕....ဘယ္လိုလဲ ကြၽန္ေတာ္ကကိုကို႔အတြက္လာဘ္႐ုပ္ေလးမို႔လား ဟီး.."

သူ႕ရဲ႕ပါးႏွစ္ဖက္ကိုကိုင္ၿပီး မ်က္ေပတုံးေလးနဲ႕ ခ်စ္စရာေကာင္းေအာင္ေျပာေနတဲ့ေကာင္ေလးကို ေရွာင္းက်န့္မွာအူတယားယားနဲ႕
ဒီတိုင္းေနရင္းကို ခ်စ္စရာေကာင္းေနတာ ဘယ္ႏွယ့္လုပ္ရမလဲဗ်ာ..

"ဟုတ္ပါၿပီ...ကိုကို႔ကေလးေလးအစြမ္းက အံ့မခန္းပါပဲဗ်ာ...ခ်စ္လြန္းလို႔ေသေတာ့မွာပဲ သိလား မြ...."

ရိေပၚရဲ႕မ်က္ႏွာကိုကိုင္ၿပီး ႏႈတ္ခမ္းေလးကိုနမ္းလိုက္တယ္ ထုံးစံအတိုင္း ေကာင္ေလးငယ္ကေတာ့ မ်က္ႏွာနီလာၿပီး ရွက္ေသြးျဖာပါေတာ့တယ္
ပထမဆုံးလဲမဟုတ္ေတာ့ပဲနဲ႕ကို သူ႕ခမ်ာရွက္လိုက္တာလဲလြန္ပါေရာ

"ကိုကိုကပဲ ခ်စ္တာလား...ကြၽန္ေတာ္ကလဲ...ခ်စ္ပါတယ္ေနာ္ "
လို႔ေျပာၿပီး ေရွာင္းက်န့္ရဲ႕အကၤ်ီကိုဆြဲကာ ေျခဖ်ားေထာက္ၿပီး ေရွာင္းက်န့္ရဲ႕ႏႈတ္ခမ္းမ်ားကိုနမ္းလိုက္ေလသည္

ေရွာင္းက်န့္မွာ အံ့ၾသသြားရတယ္
သူကပဲအရင္စနမ္းေနက်ဆိဳေပမယ့္ အရွက္သည္းေျခႀကီးလွတဲ့ ေကာင္ေလးဆီကအနမ္းကိုျပန္မရဖူးေသးဘူး
ဒီေန႕ဘာလဲ!!ေရွာင္းက်န့္အတြက္ရက္ရာဇာမ်ားလား..
ဘယ္လိုေတာင္ကံထူးရတာလဲ...

ရိေပၚေရွာင္းက်န့္ကိုၾကည့္ၿပီး ရယ္ခ်င္စိတ္ကတဖြားဖြား...မ်က္လုံးျပဴးေလးနဲ႕သူ႕ကိုေငးၾကည့္ေနပုံ တစ္ကယ္ရယ္ခ်င္စရာ
စိတ္ခ်ပါကိုကိုေရ...ကိုကို႔ကိုဒီထက္မကပိုခ်စ္ေပးေတာ့မွာမို႔လို႔...

"ဟို...အဟမ္း...ကိုကိုအလုပ္ရွိေသးတာေမ့ေနလိုက္တာ...ငယ္တစ္ခုခုလိုတာရွိရင္ ကိုကိုစာဖတ္ခန္းထဲမွာရွိေနမယ္ေနာ္ ဟုတ္ၿပီလား...."

ဒါကဒီလူႀကီးရွက္ၿပီးေျပးထြက္သြားတဲ့ပုံေပါ့ေလ...ဟား...
ေရွာင္းက်န့္ကရွက္တတ္ေသးတယ္ေပါ့
ေရွာင္းက်န့္ကေလ သူမ်ားရွက္ရင္သာ ၿပဳံးၿပဳံးႀကီးနဲ႕ၾကည့္ေနတာ သူရွက္ေတာ့က်ေတာ့လဲ ေျပးထြက္သြားတာမ်ား လိမ့္လိမ့္ကိုပါလို႔

"ညနက္တဲ့ထိမလုပ္နဲ႕ေနာ္..."
ရိေပၚမွာ ေျပးထြက္သြားတဲ့ေရွာင္းက်န့္ကိုၾကည့္ၿပီး ေခါင္းတစ္ရမ္းရမ္းနဲ႕သာ အိပ္ရာထဲဝင္ခဲ့ေတာ့တယ္

စာဖတ္ခန္းထဲမွာ laptopထဲအာ႐ုံမရပဲ အေပ်ာ္လုံးစို႔ေနတဲ့သူနဲ႕
အခန္းေပါက္ဝကေန ေခ်ာင္းၾကည့္ၿပီးပီတိေတြျဖာေနတဲ့သူနဲ႕
အင္းးဘယ္ခ်ိန္မွအခန္းထဲဝင္လာၿပီးလာအိပ္မွာပါလိမ့္



ေရွာင္းက်န့္နာရီၾကည့္မိေတာ့မွ ၁၀နာရီေတာင္ထိုးေနၿပီ
အေပ်ာ္လုံးစို႔ေနတာနဲ႕ဒီခ်ိန္ေရာက္သြားမွန္းေတာင္မသိလိုက္ဘူး
ရိေပၚကမအိပ္ေသးပဲေစာင့္ေနမွျဖင့္ဒုကၡ

ရိေပၚဆီကဘာသံမွမၾကားေတာ့တာမို႔ေရွာင္းက်န့္တံခါးကိုအသာဖြင့္ၾကည့္လိုက္တယ္
ကုတင္ေပၚမွာေကြးေကြးေလးအိပ္ေနေလရဲ႕

"ေကာင္းေသာညပါ ကိုကို႔ကေလးငယ္..."

ရိေပၚရဲ႕နဖူးေလးကိုအနမ္းတစ္ပြင့္ေႁခြကာ ေရွာင္းက်န့္အိပ္ယာဝင္ဖို႔ျပင္ေခ်ၿပီ
ေရွာင္းက်န့္ ရိေပၚနိုးသြားမွာစိုးလို႔ အသာလွဲလိုက္ေပမယ့္ သူလွဲၿပီးတာနဲ႕ ရိေပၚကသူ႕ရင္ခြင္ထဲကိုအတင္းတိုးဝင္လာတယ္
ေရွာင္းက်န့္သူ႕ကေလးငယ္ကိုဖက္ေပးထားရင္း

"ေတာင္းပန္ပါတယ္ ကိုကိုေနာက္က်သြားတယ္....ကိုကို႔ေၾကာင့္နိုးသြားတာလားဟင္..."

"ဟင့္အင္း ကိုကိုဝင္လာထဲကသိတာ...ဘာလို႔ဒီေလာက္ေနာက္က်ရတာလဲ ကိုယ့္ေယာက်္ားကနမ္းလိုက္တာပဲဟာကို အဲ့ေလာက္ထိရွက္ၿပီး စာဖတ္ခန္းထဲမွာ အၾကာႀကီးေနစရာလိုလို႔လားလို႔..."

ေဟာ....ရင္ခြင္ထဲကေနမ်က္စိမွိတ္ၿပီး ရန္လုပ္ေနေလရဲ႕
ဒီကေရွာင္းက်န့္ရဲ႕အသည္းေတြကိုတျဖဳတ္ျဖဳတ္ေႂကြေအာင္လုပ္ေနတာလားကြာ

"မဟုတ္ရပါဘူးငယ္ရယ္...ကိုကိုကရွက္သြားတယ္လို႔ဘယ္သူေျပာလဲ...."

"ဟြန့္ အသိသာႀကီးပါေနာ္..."

"အယ္ ဟုတ္လို႔လား.... ကိုကိုကငယ့္နားမွာဆက္ေနရင္ ကိုကို႔ရဲ႕သမာဓိအားေတြထိန္းမရမွာကို စိုးရိမ္လို႔ေရွာင္ေျပးသြားတာကို...ငယ္ကသိတယ္ဆိုေတာ့ ကိုကိုကမွားသြားတာေပါ့...ဒီလိုမွန္းသိရင္မေျပးပါဘူး...."

"ဟာဟား..ရွက္တယ္ဆိုရွက္တယ္ေပါ့...ဘာသမာဓိအားေတြထိန္းမရမွာလဲ....ပလီပလာေတြ ဝြန္း..."

ေရွာင္းက်န့္ကိုေမာ့ၾကည့္ၿပီး စပ္ၿဖီးၿဖီးနဲ႕ေျပာေနတဲ့ရိေပၚကို ေရွာင္းက်န့္ကလဲ evil smileနဲ႕ျပန္ၾကည့္ကာ

"ဒါဆိုအခုသက္ေသျပရမွာေပါ့...လာ..လာ..ကိုကို႔ကိုျပန္နမ္းလိုက္စမ္းပါ...ၿပီးမွမငိုေၾကးေနာ္..."ဟုဆိုကာ
ရိေပၚရဲ႕အကၤ်ီထဲကိုေရွာင္းက်န့္ရဲ႕လက္ကေရာက္ႏွင့္ေနၿပီ

"အား...ကိုကို ယားတယ္ မလုပ္နဲ႕..ဟား...မလုပ္နဲ႕လို႔..."

ရိေပၚရဲ႕ရင္ဘတ္ကိုလက္နဲ႕ပြတ္သပ္ေနတဲ့အျပင္ ကလိယားပါလိုက္ထိုးေနတာမို႔ ရိေပၚမွာထြန့္ထြန့္လူးရပါတယ္

"ကိုကို မလုပ္နဲ႕ေတာ့...ကြၽန္ေတာ္ဒီေန႕ပင္ပန္းေနလို႔ပါ
အရမ္းလဲအိပ္ခ်င္ေနၿပီ ေနာ္...ေနာ္..."

ရိေပၚကအသံငယ္ေလးနဲ႕ ခြၽဲႏြဲ႕ေျပာလာတာမို႔ ေရွာင္းက်န့္မွာမလိုက္ေလ်ာပဲမေနနိုင္
ၿပီးေတာ့ ကေလးငယ္ကပင္ပန္းေနတဲ့ပုံတစ္ကယ္ေပါက္ေနတာမို႔ ေရွာင္းက်န့္ရိေပၚကိုထပ္မစခ်င္ေတာ့ေပ
ေရွာင္းက်န့္ ရိေပၚကိုရင္ခြင္ထဲျပန္ထည့္လိုက္ၿပီး

"အဲ့ဒါဆိုေျပာ...ကိုကို႔ကိုခ်စ္လား...."

"......"

"ခ်စ္လားလို႔ သဲငယ္...."

"သိရဲ႕သားနဲ႕ဗ်ာ..."

"ဟင့္အင္း မရပါဘူး ငယ့္ဆီကေျဖသံၾကားခ်င္တာကို...ေျဖပါ ေနာ္..."

ေကာင္ေလးက ရင္ခြင္ထဲကိုမ်က္ႏွာေလးဖြက္ၿပီး အတင္းအိပ္ခ်င္ေယာင္ေဆာင္ေနေလတယ္

"မေျဖဘူးေပါ့ေလ...ကိုယ့္ကိုမခ်စ္ေတာ့ဘူးလားဟင္....
ကိုယ့္ကိုၿငီးေငြ႕သြားၿပီလားငယ္က..."

ေရွာင္းက်န့္စိတ္မေကာင္းဟန္နဲ႕ေမးလိုက္ေတာ့
ရင္ခြင္ထဲကေကာင္ေလး နည္းနည္းလႈပ္လႈပ္ရွားရွားျဖစ္သြားတာ ေရွာင္းက်န့္သတိထားမိတယ္
ၿပီးမွ အသံတိုးတိုးေလးထြက္ကာ

"ခ်စ္တယ္...အရမ္းခ်စ္တယ္ကိုကိုရဲ႕...ကိုကို႔ရဲ႕အခ်စ္ကိုေတာ့မမွီေပမယ့္ ကိုကို႔ထက္မေလ်ာ့တဲ့အခ်စ္ေတြနဲ႕ခ်စ္ပါတယ္ဗ်ာ...ၿငီးေငြ႕ဖို႔ေနေနသာသာ ကိုကို႔ကိုခ်စ္တဲ့အခ်စ္ေတြကပိုပိုတိုးလာတာမို႔လို႔စိတ္မပူပါနဲ႕...."တဲ့

ေရွာင္းက်န့္သိတာေပါ့ ဒီကေလးငယ္သူ႕ကိုသိပ္ခ်စ္မွန္း
တမင္တကာကေလးငယ္ဆီကအသံကိုၾကားခ်င္လို႔ဟာကိုး

ရင္ခြင္ထဲကေကာင္ေလးကအတင္းအိပ္ခ်င္ေနတယ္ထင္ပါရဲ႕
ေရွာင္းက်န့္ဆီကစကားျပန္ေတာင္မၾကားရေသးဘူး အသက္ရႉသံတိုးတိုးေလးသာၾကားရေတာ့သည္
ေရွာင္းက်န့္ နိ္မ့္ျခည္ျမင့္ခ်ည္ျဖစ္ေနတဲ့ရိေပၚရဲ႕ခႏၶာကိုယ္ကို မႏွိုးေတာ့ပဲ ရင္ခြင္ထဲထည့္ရင္းနဲ႕သာအိပ္စက္လိုက္ေတာ့တယ္

ရိေပၚနဲ႕လက္ထပ္ၿပီးမွ ေရွာင္းက်န့္မွာအက်င့္တစ္ခုထပ္တိုးလာရတယ္
အရင္ကေတာ့သူ႕အိပ္ယာေပၚမွာ တစ္ျခားသူလာအိပ္ရင္မႀကိဳက္ေပမယ့္ ဒီကေလးငယ္ကိုေတာ့ သူ႕ရင္ခြင္ထဲကိုသာထားအိပ္ေစခ်င္သည္
သူနဲ႕နီးရာကိုပဲရွိေစခ်င္တယ္
အထူးသျဖင့္ သူ႕ႏွလုံးသားနဲ႕နီးရာရင္ခြင္ထဲကိုေပါ့....

^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^

စာလုံးေရ1600ေကျာ်ပဲဖြစ်သွားတယ်ကွယ်
🤧
ေရးသာေရးရတာ ဒီတစ္ပိုင္းသိပ္မအားရဘူးရယ္
အဆင္ေျပၾကရဲ႕လားဗ်ာ🥺❤

7.3.23

#ʟᴜɴᴀʷᵃⁿᵍ85🦁

Continue Reading

You'll Also Like

4.1M 170K 63
The story of Abeer Singh Rathore and Chandni Sharma continue.............. when Destiny bond two strangers in holy bond accidentally ❣️ Cover credit...
5K 217 6
ငါစူးနင့်အောင်ချစ်ရတဲ့ ..........မောင် မြတ်နိုးလွန်းလို့ပါ ခင်များရယ်
1.6M 138K 46
✫ 𝐁𝐨𝐨𝐤 𝐎𝐧𝐞 𝐈𝐧 𝐑𝐚𝐭𝐡𝐨𝐫𝐞 𝐆𝐞𝐧'𝐬 𝐋𝐨𝐯𝐞 𝐒𝐚𝐠𝐚 𝐒𝐞𝐫𝐢𝐞𝐬 ⁎⁎⁎⁎⁎⁎⁎⁎⁎⁎⁎ She is shy He is outspoken She is clumsy He is graceful...
2.6K 363 4
Who's afraid of the big bad wolf? heejake🔞 Warning : strong language, explicit, forced, kidnapped, self-harm, violence