ချစ်မိပြန်ပြီ မမမြိုင် ( Comp...

By morA_nyein

258K 22.7K 1.5K

‼️Bisexual Fiction‼️ ဒီနှစ် ၁၂ လပိုင်းမှာ စာအုပ်လေး ဖြစ်လာပါတော့မယ်ရှင် morA_nyein Complete 2.6.2022 14.3.20... More

အခန်း ၁
အခန်း ၂
အခန်း ၃
အခန်း ၄
အခန်း ၅
အခန်း ၆
အခန်း ၇
..
အခန်း ၈
အခန်း ၉
အခန်း ၁၀
အခန်း ၁၁
အခန်း ၁၂
အခန်း ၁၃
အခန်း ၁၄
အခန္း ၁၅
အခန္း ၁၆
အခန္း ၁၇
အခန္း ၁၈
အခန္း ၁၉
အခန္း ၂၀
မမၿမိဳင္ဆီသို႔
အခန္း ၂၁
အခန္း ၂၂
အခန္း ၂၃
အခန္း ၂၄
အခန္း ၂၅
အခန္း ၂၆
အခန္း ၂၇
အခန္း ၂၈
အခန္း ၂၉
အခန္း ၃၀
အခန္း ၃၁
အခန္း ၃၂
အခန္း ၃၃
အခန္း ၃၄
အခန္း ၃၅
အခန္း ၃၆
အခန္း ၃၇
အခန္း ၃၈
အခန္း ၃၉
အခန္း ၄၀
အခန္း ၄၁
အခန္း ၄၂
အခန္း ၄၃
အခန္း ၄၄
အခန္း ၄၆
အခန္း ၄၇ ( ဇာတ္သိမ္းခန္း )
.. 100K ..
မမမြိုင် character
ညိုလေး character
Attention plz‼️

အခန္း ၄၅

3.6K 394 14
By morA_nyein

ျမန္မာသကၠရာဇ္ ၁၃၁၇ ခု ၊ တပို႔တြဲ လဆုတ္ ၁၂ ရက္ ။

ခရစ္နွစ္ ၁၉၅၆ ခုနွစ္ ၊ မတ္လ ၉ ရက္ေန႔ ။

ၿမိဳင့္ရဲ႕ အခ်ိန္စက္ဝိုင္းဟာ ထားရက္ခဲ့တဲ့သူကို လြမ္းဆြတ္ေနဖို႔ပါပဲ ။ အလြမ္းေတြ အေဆြးေတြနဲ႔ ၿမိဳင္ဟာ တိတ္ဆိတ္ၿငိမ္သက္လွသည္ ။ ထိုမိန္းကေလးအေပၚ စြဲလမ္းေနမႈဟာ အစြန္းေရာက္ေနခဲ့ၿပီ ။ ပိုင္ဆိုင္ခ်င္တာေတာင္ ပိုင္ဆိုင္ခြင့္ မရတဲ့အျဖစ္ပါေလ ။

ကိုျမင့္ေမာင္သည္လည္း စစ္ဦးစီးမွဴးျဖစ္ေနပါေသာ သူ၏အာဏာ ၊ ေယာက္်ားတစ္ေယာက္ရဲ႕ အာဏာမ်ိဴးစံုနွင့္ သူ႔အနားက ထြက္မသြားေအာင္ ဟန္႔တားထားသည္ ။

ၿမိဳင့္ဘက္က ကြာရွင္းဖို႔အေၾကာင္း ။ စည္းစိမ္မ်ားကို ခြဲေဝေပးမည္ဆိုေသာ အေၾကာင္းကို ခဏခဏေျပာေပမယ့္ ကိုျမင့္ေမာင္ ေျပာသည့္စကားမွာ

" ၿမိဳင့္ကို အစ္ကို ဘယ္ေသာအခါမွ လက္မလႊတ္ေပးနိုင္ဘူး ။ အစ္ကို႔ကို မခ်စ္ေတာ့ရင္ေတာင္ အစ္ကို႔အနားမွာ ရိွေနေပး ။

မျဖစ္မေန ကြာရွင္းရမယ္ဆိုရင္ မမခင္ကို သတ္ခဲ့တရားက ဘယ္သူလဲဆိုတာ အစ္ကိုေၾကညာရလိမ့္မယ္ ။ "

" တစ္ကိုယ္ေကာင္းဆန္တဲ့ ေယာက္်ား ။ အတၱႀကီးတဲ့ ေယာက္်ား ။ ရွင့္ကို သိပ္မုန္းတယ္ ။ "

ၿမိဳင္ ေပ်ာ္႐ႊင္ဖို႔အတြက္ ကိုျမင့္ေမာင္သည္ အေၾကာင္းအမ်ိဳးမ်ိဳးျပဳၿပီး ေပ်ာ္႐ႊင္ေစေသာလည္း ၿမိဳင့္ရဲ႕အၿပံဳးလွလွေလးကို ျမင္ေတြ႕ခြင့္ မရ ။ အရင္လို ေဖာက္ျပန္မႈမ်ိဳး မလုပ္ေတာ့ဘဲ ၿမိဳင့္အနားမွာသာ အရိပ္ကေလးလို ကပ္လိုက္ေလသည္ ။ တစ္ခ်ိန္က ၿမိဳင့္ကို ျပန္လိုခ်င္ေနရွာသည္ ။ သို႔ေပတည္း ၿမိဳင္ဟာ သူအတြက္ေတာ့ တစ္ခ်ိန္က ၿမိဳင္ ဟုတ္မေနေတာ့ပါ ။

ၿမိဳင့္အတြက္ ရွင္သန္ရျခင္းဟာ အဓိပၸါယ္မဲ့ေနခဲ့ပါၿပီ ။ အဓိကအားျဖင့္ ေျပာရလ်ွင္ ခ်စ္တဲ့သူေလးမရိွ ၿမိဳင့္အတြက္ ေအာက္ဆီဂ်င္မရိွသလိုပါပဲ ။

ေတာင္ေလွကားၿမိဳ႕ေလး ။ ေမၿမိဳ႕ရဲ႕ ေႏြဦးဟာ ပူျပင္းအိုက္ေလွာင္သည္မ်ိဳး မရိွ ။ ေဆာင္းဦးရဲ႕ေလႏုႏုကဲ့သို႔ ေအးေအးခ်မ္းခ်မ္း ရိွလွသည္ ။

ေလယူရာယိမ္းေနေသာ သစ္ပင္သစ္ခက္ကေလးေတြကို ေငးငိုင္ေနသည့္ ၿမိဳင္ ။ စံအိမ္ေတာ္အေပၚထပ္ ျပတင္းေပါက္ဝ၌ ရိွေနၿပီး လက္ေခ်ာင္းမ်ားကို အခ်င္းခ်င္း ထိတို႔ေနျပန္သည္ ။

" ၿမိဳင္ ။ "

ထိုသူမွာ ကိုျမင့္ေမာင္ ျဖစ္သည္ဆိုတာကို ၿမိဳင္ သိသည္ ။ ထို႔အတြက္ေၾကာင့္ မိမိနာမည္ကို ရုတ္တရက္ အေခၚျပဳလိုက္လို႔ ထိတ္လန္႔မိျခင္းမ်ိဳးမရိွ ။ လွည့္၍လည္း မၾကည့္ ။ မိမိ ေနၿမဲအတိုင္းသာပဲ ေနသည္ ။

" ၿမိဳင့္ရဲ႕ စိတ္ဒုကၡေတြကို အစ္ကို မၾကည့္ရက္နိုင္ေတာ့ဘူးကြာ ။ "

" ..... ..... "

" ၿမိဳင္ စိတ္ေျပလက္ေပ်ာက္ျဖစ္ေအာင္ ခရီထြက္ခ်င္မလား ။ "

မညာတမ္းဝန္ခံရပါလ်ွင္ ၿမိဳင့္မ်က္ဝန္းေတြ အေရာင္လဲ့သြားခဲ့သည္ ။ ထာဝရမျဖစ္နိုင္ရင္ေတာင္မွ ဒီေယာက္်ားနဲ႔ အေဝးဆံုးကို ခဏေလာက္ ထြက္သြားခ်င္မိတဲ့ စိတ္မ်ိဳး ရိွေနခဲ့သည္ ။ ထိုအခြင့္အေရးကို လက္လႊတ္ဆံုးရႈံးဖို႔ မျဖစ္သင့္မွန္း ၿမိဳင္ဟာ နားလည္သည္ ။

" ၿမိဳင္ ဘယ္သြားခ်င္လဲ ။ အစ္ကို ရထားလက္မွတ္ကို နွစ္ေယာက္စာ ။ "

" နွစ္ေယာက္စာ ။ "

" ဟုတ္တယ္ေလ ။ ၿမိဳင္ နဲ႔ အစ္ကို႔ရဲ႕ ခရီးစဥ္ေလးေပါ့ ။ အင္း တစ္နည္းအားျဖင့္ ဟန္နီးမြန္းလို႔ ေျပာရမလား ။ "

" အို ။ ရွင္ လိုက္မယ္ဆို ကြၽန္မ သြားမေနေတာ့ဘူး ကိုျမင့္ေမာင္ ။ "

" ဘာ ဘာျပဳလို႔လဲ ၿမိဳင္ရယ္ ။ အစ္ကိုနဲ႔ သြားရမွာ ၿမိဳင္ မနွစ္သက္ေတာ့ဘူးလား ။ "

" ဟုတ္တယ္ ။ ကြၽန္မ မနွစ္သက္ေတာ့ဘူး ။ ျဖစ္နိုင္ရင္ ရွင့္ရဲ႕ အေဝးဆံုးကို ထြက္ေျပးခ်င္တယ္ ။ ဒါေပမယ့္ ။ ကြၽန္မမွာ သည္လို လုပ္ပိုင္ခြင့္ ရိွမေနဘူး ကိုျမင့္ေမာင္ ။ "

ကိုျမင့္ေမာင္ဟာ ရုတ္တရက္ကိုပင္ စိတ္ဓာတ္က်သြားခဲ့သည္ ။ ၿမိဳင္ ေပ်ာ္႐ႊင္ေအာင္ နည္းလမ္းအမ်ိဳးမ်ိဳးနဲ႔ ႀကိဳးစားခဲ့ေသာ္လည္း ေအာင္ျမင္ျခင္း မရိွခဲ့ပါဘူး ။ သည္တစ္ခုဟာ က်ိန္းေသေပါက္ ၿမိဳင္ ေပ်ာ္႐ႊင္ရမည့္ အစီအစဥ္ဟု ထင္ခဲ့ေပမယ့္ အထင္နဲ႔အျမင္ဟာ တက္တက္ဆင္ေအာင္ လြဲမွားေနပါသည္ ။

စိတ္အေနွာက္ယွက္ျဖစ္သြားသည္ေၾကာင့္ ထိုေနရာမွ ၿမိဳင္ ထြက္သြားခဲ့သည္ ။ စံအိမ္ေတာ္ထဲရိွ ဝရံတာကို လက္ေခ်ာင္းမ်ားနွင့္ ထိေတြ႕ျခင္းမရိွေတာ့ဘဲ ေျခလွမ္းခပ္သြက္သြက္ျဖင့္ ေလ်ွာက္လွမ္းသည္ ။

သီရိၿမိဳင္စံအိမ္ေတာ္၏ အထင္ရွားဆံုးျဖစ္ေသာ နွစ္ဘက္ခြဲေလွကားမွ အလ်ွင္အျမန္ဆင္းလာခဲ့သည္ ။ ၿမိဳင့္အေနာက္မွလည္း ကိုျမင့္ေမာင္ လိုက္ပါလာသည္ ။ ဒါကို သိေနသည့္ေၾကာင့္ ခပ္သြက္သြက္ေလ်ွာက္ၿပီး ၿခံဝန္းထဲသို႔ ဆင္းဖို႔ဟန္ျပင္သည္ ။

" ၿမိဳင္ ။ "

စံအိမ္ေတာင္ စင္ဝင္ေအာက္က အေျပးထြက္သည္နွင့္ ၿမိဳင့္၏အခ်စ္ကေလး ပ်ိဳးခဲ့ေသာ စံပယ္ရံုႀကီးရိွရာဆီသို႔ ေျခလွမ္းလွမ္းမိသည္ ။

ၿမိဳင္ဟာ မိမိ၏ အသက္မက ဘဝတစ္ခုနဲ႔ပါ ေပးဆပ္စြာ ျမတ္နိုးရသည္ ထိုစံပယ္ရံုကို ကိုျမင့္ေမာင္ေတာ့ျဖင့္ ဖ်က္ဆီးခ်င္ခဲ့မိသည္ကား အမွန္ပင္ ။ ဒီစံပယ္ရံုေၾကာင့္ ညိဳေလးကို ၿမိဳင္ဟာ မေမ့နိုင္ဘဲ တမ္းတမ္းစြဲျဖစ္ေနရျခင္းဟု ထင္ေနသည္ ။ ဒီစံပယ္ရံုသာ မရိွရင္ ၿမိဳင္ဟာ ဟိုးတစ္ခ်ိန္က မိမိကိုယ္သာၾကည့္ၿပီး အသက္ရွင္ေနေသာ မိန္းမတစ္ေယာက္ျဖစ္လာမည္ဟု ကိုျမင့္ေမာင္ ထင္ေနသည္ ။

ထိုေယာက္်ား၏ အေတြးမ်ားဟာ ေပါက္တနက်သည္ ဆိုတာထက္ကို ပိုသည္ ။ မိမိ၏ ေဖာက္ျပန္ခဲ့စဥ္ဟာ ၿမိဳင့္ရဲ႕သည္းခံမႈေတြကို ဂုဏ္ယူခဲ့ၿပီး အခ်စ္ခံရသည္ကိုလည္း ေပ်ာ္႐ႊင္ေနခဲ့သည္ ။

မိမိ၏ ဇနီးမယားနွစ္ေယာက္ မိမိအေပၚ ေဖာက္ျပန္သည့္အခ်ိန္ေရာက္မွ ေဖာက္ျပန္မႈဟာ မေကာင္းပါလား ။ ဂုဏ္သိကၡာမရိွပါလား ဆိုတာကို နားလည္ခဲ့ေပမယ့္ အခ်ိန္ဟာ လြန္သြားခဲ့ၿပီ ။

ယခုအခ်ိန္၌ ေဖာက္ျပန္မႈ မလုပ္ေတာ့သည္ေတာင္ ၿမိဳင့္ရဲ႕ အခ်စ္ႀကီးမႈ ။ ၿမိဳင့္ရဲ႕ နွလံုးသားဟာ ေယာက္်ားတစ္ေယာက္အတြက္ ဟုတ္မေနဘဲ မိန္းမတစ္ေယာက္အတြက္ ျဖစ္တည္ေနခဲ့ၿပီ ။

" ၿမိဳင္ ။ အစ္ကို မလိုက္မွ ၿမိဳင္ ေပ်ာ္ရမယ္ဆို အစ္ကို မလိုက္ေတာ့ပါဘူး ။ ဒါေပမယ့္ ၿမိဳင့္အတြက္ေတာ့ ေဒၚေဒၚႏုကို ထည့္ေပးလိုက္မယ္ ။

အစကေတာ့ အလုပ္ကိစၥနဲ႔ မႏၲေလးကို အတူတူဆင္းမလို႔ပဲ ။ မႏၲေလးမွာလည္း ၿမိဳင့္ သူငယ္ခ်င္းေတြ ရိွတယ္မဟုတ္လား ။ ၿမိဳင္လည္း သူငယ္ခ်င္းေတြနဲ႔ ေတြ႕ရေအာင္လို႔ေလ ။

ဒီမွာ ရထားလက္မွတ္ ၿမိဳင္ ။ "

စံပယ္ရံုအနားမွာ မတ္တပ္ရပ္ေနေသာ ၿမိဳင့္ဆီသို႔ အနီးဆံုးေျခလွမ္းလွမ္းၿပီး ရထားလက္မွတ္ ၂ ေစာင္ကို ေပးသည္ ။ ၿမိဳင့္ရဲ႕ တုန္႔ျပန္မႈမ်ားဟာ လက္မွတ္ကို လွမ္းယူလိုက္မွလြဲ၍ မရိွခဲ့ ။

အခ်ိန္အေတာ္ၾကာသည္အထိ တုန္႔ျပန္မႈ မရိွသည္ေၾကာင့္ ကိုျမင့္ေမာင္သည္လည္း နႈတ္ဆက္လို႔ ထြက္သြားေတာ့သည္ ။ အနားမွ ထြက္သြားသည္ကို ခံစားရသည္ေၾကာင့္ စံပယ္ရံုကို ေမာ့ၾကည့္မိသည္ ။

စံပယ္ရာသီေရာက္လာၿပီ ျဖစ္ေသာေၾကာင့္ စံပယ္ရံုတစ္ခုလံုးဟာ အျဖဴေရာင္ေတြ ဖံုးလႊမ္းနိုင္ေတာ့ၿပီ ။

စံပယ္ရနံ႔ေတြ ပိုၿပီး လႈိင္လာသည္ေၾကာင့္ ၿမိဳင့္ရင္ထဲကို အလြမ္းေတြ ပိုၿပီးတိုးဝင္လာေတာ့သည္ေလ ။ စံပယ္တစ္ခက္ကို ခူးယူကာျဖင့္ ဆံႏြယ္ထက္မွာ ဆင္ျမန္းလိုက္ေတာ့ၿပီ ။

" တို႔ကမာၻဟာ ဘယ္လိုပံုစံနဲ႔မ်ား ရွင္သန္ေနတာမ်ားလဲ ။ ေပးဆပ္ျခင္းေတြနဲ႔လား ။ ေပးသေလာက္ ျပန္ရရင္ သိပ္ေပ်ာ္မိမွာပဲ ။ "

လက္ထဲမွာ ရထားလက္မွတ္ ၂ ေစာင္အား ေငးၾကည့္ေနခဲ့မိပါေတာ့သည္ ။

၂ ရက္မ်ွ ၾကာသည့္အခါ၌ ၿမိဳင္ နဲ႔ ေဒၚေဒၚႏုတို႔ဟာ မႏၲေလးသို႔ ရထားနဲ႔ဆင္းခဲ့ၾကသည္ ။ ဘူတာရံုအထိသို႔ ကိုျမင့္ေမာင္ဟာ အလိုက္ပို႔ခဲ့ပါသည္ ။ ရထားလံုးေပၚမွာ ၿမိဳင့္ကို ဂရုစိုက္ဖို႔ မွေပမယ့္လို႔ ၿမိဳင့္ဘက္ကေတာ့ျဖင့္ တုန္႔ျပန္မႈ ေသးေသးေလးေတာင္ မရိွခဲ့ပါဘူး ။ ဒီအေျခအေနမ်ိဳးေတြေၾကာင့္လည္း ကိုျမင့္ေမာင္မွာ စိတ္မေကာင္းျဖစ္ခဲ့ရျပန္သည္ ။

" ေဒၚေဒၚႏု ။ ၿမိဳင့္ကို ေသခ်ာအပ္ပါတယ္ ေနာ္ ။ မႏၲေလးေရာက္ရင္လည္း တယ္လီဖုန္းဆက္ဖို႔ မေမ့နဲ႔ဦး ။ ေနာက္ၿပီး ေမၿမိဳ႕ကို ျပန္လာခါနီး တယ္လီဖုန္းဆက္ဖို႔လည္း မေမ့ပါနဲ႔ခင္ဗ်ာ ။ "

" ၿမိဳင့္ကို ေသခ်ာဂရုစိုက္မွာပါ ။ စိတ္မပူပါနဲ႔ကြယ္ ။

ကဲ ။ ၿမိဳင္ ။ ေဒၚႏု အထုတ္ပိုးေတြ ရထားေပၚတင္ဖို႔ သြားေပးလိုက္ဦးမယ္ ကြယ္ ။ "

ၿမိဳင္ဟာ ေခါင္းတစ္ခ်က္သာ ၿငိမ့္လိုက္သည္ ။ တိတ္ဆိတ္လြန္းတဲ့ ၿမိဳင့္၏ အျပဳအမူေတြကို ေစ့ေစ့ၾကည့္ေနသူမွာ ကိုျမင့္ေမာင္သာ ။

ၿမိဳင္ဟာ ရန္ကုန္သူေလးတစ္ေယာက္ကဲ့သို႔ လွပေနသည္ ။ လက္ျပတ္ရင္ဖုံးအက်ႌမွာ ရင္လႊာမ်ား၏ ေကာက္ေၾကာင္းအတိုင္း ေသသပ္လွပေနသည္ ။

ဝင္းဝါၿဖိဳးအိလွေသာ လက္ေမာင္းလံုးမ်ားအေပၚ၌ အနီေရာင္ပုဝါပါးတစ္ထည္အား ယွက္တင္လို႔ ထားသည္ ။ ပိုက္ဆံအိတ္ကိုလည္း ညာဘက္လက္မွာ ခ်ိတ္ထားေသးသည္ ။

Sun Glass လို႔ေခၚေသာ ေနကာမ်က္မွန္အဝိုင္းေလးကိုလည္း တပ္ထားေသးသည္ ။ ၿမိဳင္ဟာ တကယ့္ကိုမွပင္ ရန္ကုန္သူအပ်ိဳေလးလို ေက်ာ့ရွင္းလွပသည္ ။ ၿပီးေတာ့ ခမ္းနားမႈရိွသည္ ။ တင့္တယ္သည္ ။ အနီေရာင္နႈတ္ခမ္းနီဟာ ၿမိဳင့္ရဲ႕ ခမ္းနားမႈ ၾသဇာအာဏာကို ထင္ရွားေစခဲ့ပါသည္ ။

" ၿမိဳင္ရယ္ ေမၿမိဳ႕ေႏြက ေအးရေအးနဲ႔ ။ ခ်မ္းေနေတာ့မွာပဲ ။ "

အမွန္တိုင္းေျပာရပါလ်ွင္ ၿမိဳင့္ လက္ေမာင္းသားမ်ား ေပါဟိုက္ေနသည္ကို သဝန္တိုမိသည့္အတြက္ေၾကာင့္ ေလ်ာက်ေနေသာ အနီေရာင္ပုဝါပါးကို ဆြဲတင္ေပးဖို႔ ဟန္ ျပင္ေသာ္လည္း ခႏၶာကိုယ္အား ခ်က္ခ်င္းေနာက္ဆုတ္လိုက္သည့္ ၿမိဳင္ ။

" မႏၲေလးနဲ႔ ေမၿမိဳ႕က ဘယ္ေလာက္မွ ေဝးတာ မဟုတ္ဘူး ။ ဟိုေရာက္ရင္ ပူသြားလိမ့္မယ္ ။ "

ထိုအခ်ိန္ မီးရထားေခါင္းေလာင္းသံကို ၾကားလိုက္ရသည္ေၾကာင့္ လူအမ်ားဟာ ရထားလမ္းေဘး၌ ခ်က္ခ်င္းဆိုသလို ျပည့္လ်ွံသြားေတာ့သည္ ။ ဆူဆူညံ့ညံ့အသံမ်ားဟာလည္း နားစည္ကြဲမတက္ က်ယ္ေလာင္လာသည္ ။

အထူးတန္းကို အရယူထားသည့္ ၿမိဳင္ဟာ ထိုလူအုပ္ႀကီးအား အထူးအဆန္းျဖစ္၍ သနားမိသည္ ။ သာမာန္လူတန္းစားမ်ားရိွသကဲ့သို႔ ဆင္းရဲသားလူတန္းစားမ်ားလည္း ရိွေနၾကသည္ ။ တစ္ခ်ိဳ႕ခရီးသည္မ်ားဟာ ရထားဘူတာမွာ ေဈးဗန္း႐ြတ္ေရာင္းေနေသာ အခ်ဥ္ေပါင္း ၊ ကြမ္းယာ ၊ ေဆးလိပ္ဗူးမ်ားကို အေရာင္းျပဳေနၾကေသာ ေဈးသည္မ်ားအား အဝယ္အားေပးေနၾကသည္ ။

ၿမိဳင္ဟာ ေလာကႀကီးနွင့္ အဆက္အသြယ္ ပ်က္ေနသည္မွာ တစ္နွစ္မ်ွသာ ရိွေနေပမယ့္လို႔ ေမၿမိဳ႕မွတစ္ပါး တျခားသို႔ အသြားအလာ မျပဳရသည္မွာ ကိုျမင့္ေမာင္နွင့္ လက္ထပ္ၿပီးကတည္းကပင္ ျဖစ္ေနသည္ ။

" ၿမိဳင္ ။ လာ ေဒၚႏုတို႔ အလွည့္ေရာက္ၿပီ ။ "

ေဒၚႏုဟာ ၿမိဳင့္အား အေခၚျပဳလိုက္ခ်ိန္ ကိုျမင့္ေမာင့္အား လွည့္ၾကည့္မိပါသည္ ။ မိမိဟာ မိမိ၏ေယာက္်ားျဖစ္သူနွင့္ တစ္ခါမွ အခြဲျပဳဖူးသည္မဟုတ္ ။ ထိုသို႔ ခြဲခြာရျခင္းမ်ိဳးမွာ အနည္းငယ္မ်ွ ဝမ္းနည္းမႈ ျဖစ္မိသည္ ။

လြန္ခဲ့ေသာ တစ္နွစ္ေက်ာ္ခန္႔က ကိုျမင့္ေမာင္ မႏၲေလးသို႔ ဆင္းသြားသည့္အခ်ိန္ကျဖင့္လည္း ျမင္ကြင္းအေရွ႕က ထိုရထားမေပ်ာ္မခ်င္းအထိ ထိုေနရာမွ မတ္တပ္ရပ္သို႔ လြမ္းစဆြတ္မိခဲ့ေသးသည္ ။

ဒါကို ထိုေယာက္်ားဟာ နားမလည္ဘဲ မယားငယ္တစ္ေယာက္ကို အိမ္ေပၚေခၚတင္လာသည္ေၾကာင့္ မျဖစ္သင့္ေသာကိစၥမ်ား ျဖစ္လာရသည္ ။ သည္ကိုလည္း ၿမိဳင္ဟာ အျပစ္တစ္ခုလို မသတ္မွတ္ခဲ့ပါဘူး ။ ေတြ႕ဆံုဖို႔ ကံပါလာခဲ့သည္ေၾကာင့္ ခ်စ္မိခဲ့ၾကတာပါပဲေလ ။ သို႔ေပမယ့္ ခြဲခြာျခင္ကိုေတာ့ ကံတရားရယ္လို႔ သတ္မွတ္ခဲ့ဖူးျခင္း မရိွေသးပါ ။

ကိုျမင့္ေမာင့္၏ မ်က္ဝန္းတိမ္အနက္ကို ၿမိဳင္ ေကာင္းေကာင္းႀကီး နားလည္သည္ ။ ယခုလို အေျခအေနမ်ိဳးမွာ သူ႔အနားက ထြက္ေျပးသြားမွာကိုလည္း ေၾကာက္ေနသည္အား ၿမိဳင္ဟာ သိေနသည္ ။

မိမိေယာက္်ား၏ မ်က္နွာကို ေနာက္တစ္ႀကိမ္ျပန္မၾကည့္ေတာ့ဘဲ ရထားေပၚရိွ အထူးတန္းသို႔ တက္ခဲ့ပါေတာ့သည္ ။ အခန္းငယ္ေလးထဲသို႔ တံခါးဖြင့္ကာ ဝင္လိုက္သည့္ ၿမိဳင္ ။ ျပတင္းေပါက္မွ ေယာက္်ားျဖစ္သူကို ၾကည့္ခ်င္ပါေသာ္လည္း လွည့္မၾကည့္ခဲ့ပါ ။ မိမိ၏ အမုန္းတရားေတြနဲ႔ သူဟာ ရွင္သန္ဖို႔ ထိုက္တန္ေနခဲ့သည္ ။

စိမ္းကားကားျဖစ္ေနေသာ ၿမိဳင့္၏ အျပဳအမူမ်ားအတြက္ ကိုျမင့္ေမာင္ မ်က္ရည္လည္မိသည္ ။ ရင္ထဲမွာလည္း နစ္ေနေအာင္ ခံစားေနရသည္ ။

မၾကာခင္အခ်ိန္မ်ားအတြင္း၌ မီးရထားအခ်က္ျပလို႔ ကိုျမင့္ေမာင္ အနားမွ ထြက္ခြာသြားပါေတာ့သည္ ။

" ၿမိဳင္ ေပ်ာ္ေပ်ာ္ေနခဲ့ေနာ္ ။ "

တီးတိုးေသာ ထိုစကားအား ၿမိဳင္ဟာ ၾကားနိုင္ခဲ့မည္ မဟုတ္ပါ ။

တေ႐ြ႕ေ႐ြ႕သြားေနၿပီျဖစ္တဲ့ မီးရထားသံလမ္းေပၚမွာ မီးရထား၏အသံမ်ားကိုသာ နားေထာင္လို႔ ခရီးဆက္ခဲ့ရပါေတာ့သည္ ။

ၿမိဳင္တို႔ အထူးတန္းကေတာ့ျဖင့္ တိတ္ဆိတ္စြာရိွေနၿပီး အထီးက်န္ေနေပမယ့္လို႔ သာမာန္လူတန္းသြားမ်ားနွင့္ ေအာက္ေျခလူတန္းစားမ်ား အတြဲမွာေတာ့ ဆူညံမႈေတြ ရိွေနပါေတာ့သည္ ။

X X X X X

" ၿမိဳင္ အခု ဘယ္သြားမွာလဲ ဟင္ ။ "

" ကြၽန္မ သူငယ္ခ်င္း ေ႐ႊမ်က္မွန္ႀကီးအိမ္ကို သြားမွာ ။ "

" သူ႔ကိုေရာ တယ္လီဖုန္းဆက္ထားၿပီးၿပီလား ၿမိဳင္ ။ "

" မလိုပါဘူး ။ အဆင္မေျပလည္း ဟိုတယ္လ္ ေျပာင္းတည္းရံုေပါ့ ။ "

မႏၲေလး ရထားဘူတာရံုမွ ထြက္လာသည့္ ၿမိဳင့္အား ေယာက္်ားလူပ်ိဳတိုင္းကို သမင္လည္ျပန္ခို႔ ၾကည့္ၾကသည္ ။ ရန္ကုန္သူ ၿမိဳ႕ႀကီးသူတစ္ေယာက္လို လွပေက်ာ့ရွင္းေနတဲ့ ၿမိဳင့္ရဲ႕ ခႏၶာကိုယ္ဟာ ေယာက္်ားသားမ်ား သေရက်စရာပါ ။

လမ္းေလ်ွာက္တိုင္း လႈပ္ခါသြားေသာ ေပါင္တံနွင့္ တင္ပါးတို႔ဟာ အင္မတန္လွပေသာ အခ်ိဳးအစပါပင္ ။

ဝမ္းနည္းေနေသာ ။ မေပ်ာ္႐ႊင္ေနနိုင္ေသာ မိမိ၏ မ်က္နွာကို ဖုံးထားဖို႔အတြက္ ေနကာမ်က္မွန္ကိုသာ တပ္ထားၿပီး ေခါင္းမွ ေမးစိေအာက္သို႔ ပုဝါနီပါးျဖင့္ ခ်ည္ေနွာင္ထားခဲ့ေတာ့သည္ ။

ထိုအခ်က္ဟာလည္း ၿမိဳ႕ႀကီးသူ ရန္ကုန္သူလို႔ အထင္ခံရေသာ အခ်က္မ်ိဳး ျဖစ္ေနသည္ ။

အနီးရိွ ကားတစ္စီးအား အငွားျပဳခဲ့ၿပီး ေဒၚေဒၚႏုနွင့္အတူတူ ေ႐ႊမ်က္မွန္ႀကီးအိမ္သို႔ အေရာက္သြားခဲ့ပါေတာ့သည္ ။

ကားဆရာကလည္း အေနာက္ၾကည့္မွန္မွ ၿမိဳင့္ကို ခိုးခိုးၾကည့္သည္ ။ ၿမိဳင္ဟာ သိပ္လွသည္ကိုး ။ အသက္နဲ႔မလိုက္သည့္ ႏုပ်ိဳမႈေၾကာင့္ တစ္ခါတစ္ရံေတာ့ ဝန္ေလးမိသည္ ။ စိတ္ရႈပ္မိသည္ ။

ေယာက္်ားေတြဟာ အတူတူပဲ ။
ဒီပုတ္ထဲက ဒီပဲေတြ ။
နွာဘူးေတြပဲ ။

မိမိမွာ ထိုေယာက္်ားမ်ား၏ ျမင္ကြင္းမွ ေရွာင္ရွားမႈ ျပဳေနရသည္ေၾကာင့္ ရင္ထဲက အလြမ္းေတြကိုေတာင္ ခံစားနိုင္ျခင္း မျပဳမိခဲ့ ။ သို႔ေပမယ့္ နွလံုးသားထဲမွာေတာ့ ၿမိဳင့္၏ အခ်စ္ကေလး ။ ၿမိဳင့္ရဲ႕ သိုးေပါက္ေလးဟာ ၿမိဳင္နဲ႔အတူတူ ရိွေနခဲ့ပါသည္ ။

X X X X X

10.3.2023
morA_nyein


















မြန်မာသက္ကရာဇ် ၁၃၁၇ ခု ၊ တပို့တွဲ လဆုတ် ၁၂ ရက် ။

ခရစ်နှစ် ၁၉၅၆ ခုနှစ် ၊ မတ်လ ၉ ရက်နေ့ ။

မြိုင့်ရဲ့ အချိန်စက်ဝိုင်းဟာ ထားရက်ခဲ့တဲ့သူကို လွမ်းဆွတ်နေဖို့ပါပဲ ။ အလွမ်းတွေ အဆွေးတွေနဲ့ မြိုင်ဟာ တိတ်ဆိတ်ငြိမ်သက်လှသည် ။ ထိုမိန်းကလေးအပေါ် စွဲလမ်းနေမှုဟာ အစွန်းရောက်နေခဲ့ပြီ ။ ပိုင်ဆိုင်ချင်တာတောင် ပိုင်ဆိုင်ခွင့် မရတဲ့အဖြစ်ပါလေ ။

ကိုမြင့်မောင်သည်လည်း စစ်ဦးစီးမှူးဖြစ်နေပါသော သူ၏အာဏာ ၊ ယောက်ျားတစ်ယောက်ရဲ့ အာဏာမျိူးစုံနှင့် သူ့အနားက ထွက်မသွားအောင် ဟန့်တားထားသည် ။

မြိုင့်ဘက်က ကွာရှင်းဖို့အကြောင်း ။ စည်းစိမ်များကို ခွဲဝေပေးမည်ဆိုသော အကြောင်းကို ခဏခဏပြောပေမယ့် ကိုမြင့်မောင် ပြောသည့်စကားမှာ

" မြိုင့်ကို အစ်ကို ဘယ်သောအခါမှ လက်မလွှတ်ပေးနိုင်ဘူး ။ အစ်ကို့ကို မချစ်တော့ရင်တောင် အစ်ကို့အနားမှာ ရှိနေပေး ။

မဖြစ်မနေ ကွာရှင်းရမယ်ဆိုရင် မမခင်ကို သတ်ခဲ့တရားက ဘယ်သူလဲဆိုတာ အစ်ကိုကြေညာရလိမ့်မယ် ။ "

" တစ်ကိုယ်ကောင်းဆန်တဲ့ ယောက်ျား ။ အတ္တကြီးတဲ့ ယောက်ျား ။ ရှင့်ကို သိပ်မုန်းတယ် ။ "

မြိုင် ပျော်ရွှင်ဖို့အတွက် ကိုမြင့်မောင်သည် အကြောင်းအမျိုးမျိုးပြုပြီး ပျော်ရွှင်စေသောလည်း မြိုင့်ရဲ့အပြုံးလှလှလေးကို မြင်တွေ့ခွင့် မရ ။ အရင်လို ဖောက်ပြန်မှုမျိုး မလုပ်တော့ဘဲ မြိုင့်အနားမှာသာ အရိပ်ကလေးလို ကပ်လိုက်လေသည် ။ တစ်ချိန်က မြိုင့်ကို ပြန်လိုချင်နေရှာသည် ။ သို့ပေတည်း မြိုင်ဟာ သူအတွက်တော့ တစ်ချိန်က မြိုင် ဟုတ်မနေတော့ပါ ။

မြိုင့်အတွက် ရှင်သန်ရခြင်းဟာ အဓိပ္ပါယ်မဲ့နေခဲ့ပါပြီ ။ အဓိကအားဖြင့် ပြောရလျှင် ချစ်တဲ့သူလေးမရှိ မြိုင့်အတွက် အောက်ဆီဂျင်မရှိသလိုပါပဲ ။

တောင်လှေကားမြို့လေး ။ မေမြို့ရဲ့ နွေဦးဟာ ပူပြင်းအိုက်လှောင်သည်မျိုး မရှိ ။ ဆောင်းဦးရဲ့လေနုနုကဲ့သို့ အေးအေးချမ်းချမ်း ရှိလှသည် ။

လေယူရာယိမ်းနေသော သစ်ပင်သစ်ခက်ကလေးတွေကို ငေးငိုင်နေသည့် မြိုင် ။ စံအိမ်တော်အပေါ်ထပ် ပြတင်းပေါက်ဝ၌ ရှိနေပြီး လက်ချောင်းများကို အချင်းချင်း ထိတို့နေပြန်သည် ။

" မြိုင် ။ "

ထိုသူမှာ ကိုမြင့်မောင် ဖြစ်သည်ဆိုတာကို မြိုင် သိသည် ။ ထို့အတွက်ကြောင့် မိမိနာမည်ကို ရုတ်တရက် အခေါ်ပြုလိုက်လို့ ထိတ်လန့်မိခြင်းမျိုးမရှိ ။ လှည့်၍လည်း မကြည့် ။ မိမိ နေမြဲအတိုင်းသာပဲ နေသည် ။

" မြိုင့်ရဲ့ စိတ်ဒုက္ခတွေကို အစ်ကို မကြည့်ရက်နိုင်တော့ဘူးကွာ ။ "

" ..... ..... "

" မြိုင် စိတ်ပြေလက်ပျောက်ဖြစ်အောင် ခရီထွက်ချင်မလား ။ "

မညာတမ်းဝန်ခံရပါလျှင် မြိုင့်မျက်ဝန်းတွေ အရောင်လဲ့သွားခဲ့သည် ။ ထာဝရမဖြစ်နိုင်ရင်တောင်မှ ဒီယောက်ျားနဲ့ အဝေးဆုံးကို ခဏလောက် ထွက်သွားချင်မိတဲ့ စိတ်မျိုး ရှိနေခဲ့သည် ။ ထိုအခွင့်အရေးကို လက်လွှတ်ဆုံးရှုံးဖို့ မဖြစ်သင့်မှန်း မြိုင်ဟာ နားလည်သည် ။

" မြိုင် ဘယ်သွားချင်လဲ ။ အစ်ကို ရထားလက်မှတ်ကို နှစ်ယောက်စာ ။ "

" နှစ်ယောက်စာ ။ "

" ဟုတ်တယ်လေ ။ မြိုင် နဲ့ အစ်ကို့ရဲ့ ခရီးစဉ်လေးပေါ့ ။ အင်း တစ်နည်းအားဖြင့် ဟန်နီးမွန်းလို့ ပြောရမလား ။ "

" အို ။ ရှင် လိုက်မယ်ဆို ကျွန်မ သွားမနေတော့ဘူး ကိုမြင့်မောင် ။ "

" ဘာ ဘာပြုလို့လဲ မြိုင်ရယ် ။ အစ်ကိုနဲ့ သွားရမှာ မြိုင် မနှစ်သက်တော့ဘူးလား ။ "

" ဟုတ်တယ် ။ ကျွန်မ မနှစ်သက်တော့ဘူး ။ ဖြစ်နိုင်ရင် ရှင့်ရဲ့ အဝေးဆုံးကို ထွက်ပြေးချင်တယ် ။ ဒါပေမယ့် ။ ကျွန်မမှာ သည်လို လုပ်ပိုင်ခွင့် ရှိမနေဘူး ကိုမြင့်မောင် ။ "

ကိုမြင့်မောင်ဟာ ရုတ်တရက်ကိုပင် စိတ်ဓာတ်ကျသွားခဲ့သည် ။ မြိုင် ပျော်ရွှင်အောင် နည်းလမ်းအမျိုးမျိုးနဲ့ ကြိုးစားခဲ့သော်လည်း အောင်မြင်ခြင်း မရှိခဲ့ပါဘူး ။ သည်တစ်ခုဟာ ကျိန်းသေပေါက် မြိုင် ပျော်ရွှင်ရမည့် အစီအစဉ်ဟု ထင်ခဲ့ပေမယ့် အထင်နဲ့အမြင်ဟာ တက်တက်ဆင်အောင် လွဲမှားနေပါသည် ။

စိတ်အနှောက်ယှက်ဖြစ်သွားသည်ကြောင့် ထိုနေရာမှ မြိုင် ထွက်သွားခဲ့သည် ။ စံအိမ်တော်ထဲရှိ ဝရံတာကို လက်ချောင်းများနှင့် ထိတွေ့ခြင်းမရှိတော့ဘဲ ခြေလှမ်းခပ်သွက်သွက်ဖြင့် လျှောက်လှမ်းသည် ။

သီရိမြိုင်စံအိမ်တော်၏ အထင်ရှားဆုံးဖြစ်သော နှစ်ဘက်ခွဲလှေကားမှ အလျှင်အမြန်ဆင်းလာခဲ့သည် ။ မြိုင့်အနောက်မှလည်း ကိုမြင့်မောင် လိုက်ပါလာသည် ။ ဒါကို သိနေသည့်ကြောင့် ခပ်သွက်သွက်လျှောက်ပြီး ခြံဝန်းထဲသို့ ဆင်းဖို့ဟန်ပြင်သည် ။

" မြိုင် ။ "

စံအိမ်တောင် စင်ဝင်အောက်က အပြေးထွက်သည်နှင့် မြိုင့်၏အချစ်ကလေး ပျိုးခဲ့သော စံပယ်ရုံကြီးရှိရာဆီသို့ ခြေလှမ်းလှမ်းမိသည် ။

မြိုင်ဟာ မိမိ၏ အသက်မက ဘဝတစ်ခုနဲ့ပါ ပေးဆပ်စွာ မြတ်နိုးရသည် ထိုစံပယ်ရုံကို ကိုမြင့်မောင်တော့ဖြင့် ဖျက်ဆီးချင်ခဲ့မိသည်ကား အမှန်ပင် ။ ဒီစံပယ်ရုံကြောင့် ညိုလေးကို မြိုင်ဟာ မမေ့နိုင်ဘဲ တမ်းတမ်းစွဲဖြစ်နေရခြင်းဟု ထင်နေသည် ။ ဒီစံပယ်ရုံသာ မရှိရင် မြိုင်ဟာ ဟိုးတစ်ချိန်က မိမိကိုယ်သာကြည့်ပြီး အသက်ရှင်နေသော မိန်းမတစ်ယောက်ဖြစ်လာမည်ဟု ကိုမြင့်မောင် ထင်နေသည် ။

ထိုယောက်ျား၏ အတွေးများဟာ ပေါက်တနကျသည် ဆိုတာထက်ကို ပိုသည် ။ မိမိ၏ ဖောက်ပြန်ခဲ့စဉ်ဟာ မြိုင့်ရဲ့သည်းခံမှုတွေကို ဂုဏ်ယူခဲ့ပြီး အချစ်ခံရသည်ကိုလည်း ပျော်ရွှင်နေခဲ့သည် ။

မိမိ၏ ဇနီးမယားနှစ်ယောက် မိမိအပေါ် ဖောက်ပြန်သည့်အချိန်ရောက်မှ ဖောက်ပြန်မှုဟာ မကောင်းပါလား ။ ဂုဏ်သိက္ခာမရှိပါလား ဆိုတာကို နားလည်ခဲ့ပေမယ့် အချိန်ဟာ လွန်သွားခဲ့ပြီ ။

ယခုအချိန်၌ ဖောက်ပြန်မှု မလုပ်တော့သည်တောင် မြိုင့်ရဲ့ အချစ်ကြီးမှု ။ မြိုင့်ရဲ့ နှလုံးသားဟာ ယောက်ျားတစ်ယောက်အတွက် ဟုတ်မနေဘဲ မိန်းမတစ်ယောက်အတွက် ဖြစ်တည်နေခဲ့ပြီ ။

" မြိုင် ။ အစ်ကို မလိုက်မှ မြိုင် ပျော်ရမယ်ဆို အစ်ကို မလိုက်တော့ပါဘူး ။ ဒါပေမယ့် မြိုင့်အတွက်တော့ ဒေါ်ဒေါ်နုကို ထည့်ပေးလိုက်မယ် ။

အစကတော့ အလုပ်ကိစ္စနဲ့ မန္တလေးကို အတူတူဆင်းမလို့ပဲ ။ မန္တလေးမှာလည်း မြိုင့် သူငယ်ချင်းတွေ ရှိတယ်မဟုတ်လား ။ မြိုင်လည်း သူငယ်ချင်းတွေနဲ့ တွေ့ရအောင်လို့လေ ။

ဒီမှာ ရထားလက်မှတ် မြိုင် ။ "

စံပယ်ရုံအနားမှာ မတ်တပ်ရပ်နေသော မြိုင့်ဆီသို့ အနီးဆုံးခြေလှမ်းလှမ်းပြီး ရထားလက်မှတ် ၂ စောင်ကို ပေးသည် ။ မြိုင့်ရဲ့ တုန့်ပြန်မှုများဟာ လက်မှတ်ကို လှမ်းယူလိုက်မှလွဲ၍ မရှိခဲ့ ။

အချိန်အတော်ကြာသည်အထိ တုန့်ပြန်မှု မရှိသည်ကြောင့် ကိုမြင့်မောင်သည်လည်း နှုတ်ဆက်လို့ ထွက်သွားတော့သည် ။ အနားမှ ထွက်သွားသည်ကို ခံစားရသည်ကြောင့် စံပယ်ရုံကို မော့ကြည့်မိသည် ။

စံပယ်ရာသီရောက်လာပြီ ဖြစ်သောကြောင့် စံပယ်ရုံတစ်ခုလုံးဟာ အဖြူရောင်တွေ ဖုံးလွှမ်းနိုင်တော့ပြီ ။

စံပယ်ရနံ့တွေ ပိုပြီး လှိုင်လာသည်ကြောင့် မြိုင့်ရင်ထဲကို အလွမ်းတွေ ပိုပြီးတိုးဝင်လာတော့သည်လေ ။ စံပယ်တစ်ခက်ကို ခူးယူကာဖြင့် ဆံနွယ်ထက်မှာ ဆင်မြန်းလိုက်တော့ပြီ ။

" တို့ကမ္ဘာဟာ ဘယ်လိုပုံစံနဲ့များ ရှင်သန်နေတာများလဲ ။ ပေးဆပ်ခြင်းတွေနဲ့လား ။ ပေးသလောက် ပြန်ရရင် သိပ်ပျော်မိမှာပဲ ။ "

လက်ထဲမှာ ရထားလက်မှတ် ၂ စောင်အား ငေးကြည့်နေခဲ့မိပါတော့သည် ။

၂ ရက်မျှ ကြာသည့်အခါ၌ မြိုင် နဲ့ ဒေါ်ဒေါ်နုတို့ဟာ မန္တလေးသို့ ရထားနဲ့ဆင်းခဲ့ကြသည် ။ ဘူတာရုံအထိသို့ ကိုမြင့်မောင်ဟာ အလိုက်ပို့ခဲ့ပါသည် ။ ရထားလုံးပေါ်မှာ မြိုင့်ကို ဂရုစိုက်ဖို့ မှပေမယ့်လို့ မြိုင့်ဘက်ကတော့ဖြင့် တုန့်ပြန်မှု သေးသေးလေးတောင် မရှိခဲ့ပါဘူး ။ ဒီအခြေအနေမျိုးတွေကြောင့်လည်း ကိုမြင့်မောင်မှာ စိတ်မကောင်းဖြစ်ခဲ့ရပြန်သည် ။

" ဒေါ်ဒေါ်နု ။ မြိုင့်ကို သေချာအပ်ပါတယ် နော် ။ မန္တလေးရောက်ရင်လည်း တယ်လီဖုန်းဆက်ဖို့ မမေ့နဲ့ဦး ။ နောက်ပြီး မေမြို့ကို ပြန်လာခါနီး တယ်လီဖုန်းဆက်ဖို့လည်း မမေ့ပါနဲ့ခင်ဗျာ ။ "

" မြိုင့်ကို သေချာဂရုစိုက်မှာပါ ။ စိတ်မပူပါနဲ့ကွယ် ။

ကဲ ။ မြိုင် ။ ဒေါ်နု အထုတ်ပိုးတွေ ရထားပေါ်တင်ဖို့ သွားပေးလိုက်ဦးမယ် ကွယ် ။ "

မြိုင်ဟာ ခေါင်းတစ်ချက်သာ ငြိမ့်လိုက်သည် ။ တိတ်ဆိတ်လွန်းတဲ့ မြိုင့်၏ အပြုအမူတွေကို စေ့စေ့ကြည့်နေသူမှာ ကိုမြင့်မောင်သာ ။

မြိုင်ဟာ ရန်ကုန်သူလေးတစ်ယောက်ကဲ့သို့ လှပနေသည် ။ လက်ပြတ်ရင်ဖုံးအင်္ကျီမှာ ရင်လွှာများ၏ ကောက်ကြောင်းအတိုင်း သေသပ်လှပနေသည် ။

ဝင်းဝါဖြိုးအိလှသော လက်မောင်းလုံးများအပေါ်၌ အနီရောင်ပုဝါပါးတစ်ထည်အား ယှက်တင်လို့ ထားသည် ။ ပိုက်ဆံအိတ်ကိုလည်း ညာဘက်လက်မှာ ချိတ်ထားသေးသည် ။

Sun Glass လို့ခေါ်သော နေကာမျက်မှန်အဝိုင်းလေးကိုလည်း တပ်ထားသေးသည် ။ မြိုင်ဟာ တကယ့်ကိုမှပင် ရန်ကုန်သူအပျိုလေးလို ကျော့ရှင်းလှပသည် ။ ပြီးတော့ ခမ်းနားမှုရှိသည် ။ တင့်တယ်သည် ။ အနီရောင်နှုတ်ခမ်းနီဟာ မြိုင့်ရဲ့ ခမ်းနားမှု သြဇာအာဏာကို ထင်ရှားစေခဲ့ပါသည် ။

" မြိုင်ရယ် မေမြို့နွေက အေးရအေးနဲ့ ။ ချမ်းနေတော့မှာပဲ ။ "

အမှန်တိုင်းပြောရပါလျှင် မြိုင့် လက်မောင်းသားများ ပေါဟိုက်နေသည်ကို သဝန်တိုမိသည့်အတွက်ကြောင့် လျောကျနေသော အနီရောင်ပုဝါပါးကို ဆွဲတင်ပေးဖို့ ဟန် ပြင်သော်လည်း ခန္ဓာကိုယ်အား ချက်ချင်းနောက်ဆုတ်လိုက်သည့် မြိုင် ။

" မန္တလေးနဲ့ မေမြို့က ဘယ်လောက်မှ ဝေးတာ မဟုတ်ဘူး ။ ဟိုရောက်ရင် ပူသွားလိမ့်မယ် ။ "

ထိုအချိန် မီးရထားခေါင်းလောင်းသံကို ကြားလိုက်ရသည်ကြောင့် လူအများဟာ ရထားလမ်းဘေး၌ ချက်ချင်းဆိုသလို ပြည့်လျှံသွားတော့သည် ။ ဆူဆူညံ့ညံ့အသံများဟာလည်း နားစည်ကွဲမတက် ကျယ်လောင်လာသည် ။

အထူးတန်းကို အရယူထားသည့် မြိုင်ဟာ ထိုလူအုပ်ကြီးအား အထူးအဆန်းဖြစ်၍ သနားမိသည် ။ သာမာန်လူတန်းစားများရှိသကဲ့သို့ ဆင်းရဲသားလူတန်းစားများလည်း ရှိနေကြသည် ။ တစ်ချို့ခရီးသည်များဟာ ရထားဘူတာမှာ ဈေးဗန်းရွတ်ရောင်းနေသော အချဉ်ပေါင်း ၊ ကွမ်းယာ ၊ ဆေးလိပ်ဗူးများကို အရောင်းပြုနေကြသော ဈေးသည်များအား အဝယ်အားပေးနေကြသည် ။

မြိုင်ဟာ လောကကြီးနှင့် အဆက်အသွယ် ပျက်နေသည်မှာ တစ်နှစ်မျှသာ ရှိနေပေမယ့်လို့ မေမြို့မှတစ်ပါး တခြားသို့ အသွားအလာ မပြုရသည်မှာ ကိုမြင့်မောင်နှင့် လက်ထပ်ပြီးကတည်းကပင် ဖြစ်နေသည် ။

" မြိုင် ။ လာ ဒေါ်နုတို့ အလှည့်ရောက်ပြီ ။ "

ဒေါ်နုဟာ မြိုင့်အား အခေါ်ပြုလိုက်ချိန် ကိုမြင့်မောင့်အား လှည့်ကြည့်မိပါသည် ။ မိမိဟာ မိမိ၏ယောက်ျားဖြစ်သူနှင့် တစ်ခါမှ အခွဲပြုဖူးသည်မဟုတ် ။ ထိုသို့ ခွဲခွာရခြင်းမျိုးမှာ အနည်းငယ်မျှ ဝမ်းနည်းမှု ဖြစ်မိသည် ။

လွန်ခဲ့သော တစ်နှစ်ကျော်ခန့်က ကိုမြင့်မောင် မန္တလေးသို့ ဆင်းသွားသည့်အချိန်ကဖြင့်လည်း မြင်ကွင်းအရှေ့က ထိုရထားမပျော်မချင်းအထိ ထိုနေရာမှ မတ်တပ်ရပ်သို့ လွမ်းစဆွတ်မိခဲ့သေးသည် ။

ဒါကို ထိုယောက်ျားဟာ နားမလည်ဘဲ မယားငယ်တစ်ယောက်ကို အိမ်ပေါ်ခေါ်တင်လာသည်ကြောင့် မဖြစ်သင့်သောကိစ္စများ ဖြစ်လာရသည် ။ သည်ကိုလည်း မြိုင်ဟာ အပြစ်တစ်ခုလို မသတ်မှတ်ခဲ့ပါဘူး ။ တွေ့ဆုံဖို့ ကံပါလာခဲ့သည်ကြောင့် ချစ်မိခဲ့ကြတာပါပဲလေ ။ သို့ပေမယ့် ခွဲခွာခြင်ကိုတော့ ကံတရားရယ်လို့ သတ်မှတ်ခဲ့ဖူးခြင်း မရှိသေးပါ ။

ကိုမြင့်မောင့်၏ မျက်ဝန်းတိမ်အနက်ကို မြိုင် ကောင်းကောင်းကြီး နားလည်သည် ။ ယခုလို အခြေအနေမျိုးမှာ သူ့အနားက ထွက်ပြေးသွားမှာကိုလည်း ကြောက်နေသည်အား မြိုင်ဟာ သိနေသည် ။

မိမိယောက်ျား၏ မျက်နှာကို နောက်တစ်ကြိမ်ပြန်မကြည့်တော့ဘဲ ရထားပေါ်ရှိ အထူးတန်းသို့ တက်ခဲ့ပါတော့သည် ။ အခန်းငယ်လေးထဲသို့ တံခါးဖွင့်ကာ ဝင်လိုက်သည့် မြိုင် ။ ပြတင်းပေါက်မှ ယောက်ျားဖြစ်သူကို ကြည့်ချင်ပါသော်လည်း လှည့်မကြည့်ခဲ့ပါ ။ မိမိ၏ အမုန်းတရားတွေနဲ့ သူဟာ ရှင်သန်ဖို့ ထိုက်တန်နေခဲ့သည် ။

စိမ်းကားကားဖြစ်နေသော မြိုင့်၏ အပြုအမူများအတွက် ကိုမြင့်မောင် မျက်ရည်လည်မိသည် ။ ရင်ထဲမှာလည်း နစ်နေအောင် ခံစားနေရသည် ။

မကြာခင်အချိန်များအတွင်း၌ မီးရထားအချက်ပြလို့ ကိုမြင့်မောင် အနားမှ ထွက်ခွာသွားပါတော့သည် ။

" မြိုင် ပျော်ပျော်နေခဲ့နော် ။ "

တီးတိုးသော ထိုစကားအား မြိုင်ဟာ ကြားနိုင်ခဲ့မည် မဟုတ်ပါ ။

တရွေ့ရွေ့သွားနေပြီဖြစ်တဲ့ မီးရထားသံလမ်းပေါ်မှာ မီးရထား၏အသံများကိုသာ နားထောင်လို့ ခရီးဆက်ခဲ့ရပါတော့သည် ။

မြိုင်တို့ အထူးတန်းကတော့ဖြင့် တိတ်ဆိတ်စွာရှိနေပြီး အထီးကျန်နေပေမယ့်လို့ သာမာန်လူတန်းသွားများနှင့် အောက်ခြေလူတန်းစားများ အတွဲမှာတော့ ဆူညံမှုတွေ ရှိနေပါတော့သည် ။

X X X X X

" မြိုင် အခု ဘယ်သွားမှာလဲ ဟင် ။ "

" ကျွန်မ သူငယ်ချင်း ရွှေမျက်မှန်ကြီးအိမ်ကို သွားမှာ ။ "

" သူ့ကိုရော တယ်လီဖုန်းဆက်ထားပြီးပြီလား မြိုင် ။ "

" မလိုပါဘူး ။ အဆင်မပြေလည်း ဟိုတယ်လ် ပြောင်းတည်းရုံပေါ့ ။ "

မန္တလေး ရထားဘူတာရုံမှ ထွက်လာသည့် မြိုင့်အား ယောက်ျားလူပျိုတိုင်းကို သမင်လည်ပြန်ခို့ ကြည့်ကြသည် ။ ရန်ကုန်သူ မြို့ကြီးသူတစ်ယောက်လို လှပကျော့ရှင်းနေတဲ့ မြိုင့်ရဲ့ ခန္ဓာကိုယ်ဟာ ယောက်ျားသားများ သရေကျစရာပါ ။

လမ်းလျှောက်တိုင်း လှုပ်ခါသွားသော ပေါင်တံနှင့် တင်ပါးတို့ဟာ အင်မတန်လှပသော အချိုးအစပါပင် ။

ဝမ်းနည်းနေသော ။ မပျော်ရွှင်နေနိုင်သော မိမိ၏ မျက်နှာကို ဖုံးထားဖို့အတွက် နေကာမျက်မှန်ကိုသာ တပ်ထားပြီး ခေါင်းမှ မေးစိအောက်သို့ ပုဝါနီပါးဖြင့် ချည်နှောင်ထားခဲ့တော့သည် ။

ထိုအချက်ဟာလည်း မြို့ကြီးသူ ရန်ကုန်သူလို့ အထင်ခံရသော အချက်မျိုး ဖြစ်နေသည် ။

အနီးရှိ ကားတစ်စီးအား အငှားပြုခဲ့ပြီး ဒေါ်ဒေါ်နုနှင့်အတူတူ ရွှေမျက်မှန်ကြီးအိမ်သို့ အရောက်သွားခဲ့ပါတော့သည် ။

ကားဆရာကလည်း အနောက်ကြည့်မှန်မှ မြိုင့်ကို ခိုးခိုးကြည့်သည် ။ မြိုင်ဟာ သိပ်လှသည်ကိုး ။ အသက်နဲ့မလိုက်သည့် နုပျိုမှုကြောင့် တစ်ခါတစ်ရံတော့ ဝန်လေးမိသည် ။ စိတ်ရှုပ်မိသည် ။

ယောက်ျားတွေဟာ အတူတူပဲ ။
ဒီပုတ်ထဲက ဒီပဲတွေ ။
နှာဘူးတွေပဲ ။

မိမိမှာ ထိုယောက်ျားများ၏ မြင်ကွင်းမှ ရှောင်ရှားမှု ပြုနေရသည်ကြောင့် ရင်ထဲက အလွမ်းတွေကိုတောင် ခံစားနိုင်ခြင်း မပြုမိခဲ့ ။ သို့ပေမယ့် နှလုံးသားထဲမှာတော့ မြိုင့်၏ အချစ်ကလေး ။ မြိုင့်ရဲ့ သိုးပေါက်လေးဟာ မြိုင်နဲ့အတူတူ ရှိနေခဲ့ပါသည် ။

X X X X X

10.3.2023
morA_nyein

Continue Reading

You'll Also Like

6K 734 30
"ယောက်ယောက် နင်သာဆိုရင်ရော ကျွမ်းကျင် ဂိမ်းကစားသမားတစ်ယောက်နဲ့တွဲမလား?" ထုံယောက်က အလောတကြီးပြန်မဖြေခင်မှာ ခဏတာစဥ်းစားလိုက်တယ်... "တကယ်လို့ ငါသာဆိုရင...
597K 41.1K 41
မင်ရန်ရှင်း💓ဝမ်ယွမ် {ဝမ်ယင်}
5.2M 712K 199
Main Story ( Completed ) ~~~~~~~°°°°°~~~~~~~ Title - Transmigrated into the film empreor's death-seeking finance (穿成影帝作死未婚夫) Author - Lin Ang Si (林盎...
2.5M 248K 40
1920ခုနှစ်လောက်က လူနေမှုပုံစံတွေကို inspireယူပြီး ရေးဖွဲ့ထားတဲ့ Own Creation rebirth fictionလေးပါ။ _________# Starting date_26.6.2020 Ending date_6.1...