~From the eyes to the heart ~

By soethin206

5K 540 47

sometimes ; love is not enough More

✨ intro ✨
အပိုင်း ၁
အပိုင်း ၂
အပိုင်း ၄
အပိုင်း ၅
အပိုင်း ၆
အပိုင်း ၇
အပိုင်း ၈
အပိုင်း ၉
အပိုင်း ၁၀
အပိုင်း ၁၁
အပိုင်း ၁၂
အပိုင်း ၁၃

အပိုင်း ၃

327 46 3
By soethin206

"မေမေ ရောက်ပြီ ဟိုနားကအိမ် "

ဆရာမအိမ်ကကျောင်းအကျော်နားလေးမှာဆိုတော့  သူတို့အိမ်နဲ့သိပ်မဝေးပါဘူး ၁၀မိနစ်ကျော်လောက်ကားမောင်းလိုက်ရင် ရောက်တယ်

သမီးညွှန်ပြရာအိမ်ကိုကြည့်လိုက်တော့ အုတ်နံရံနဲ့အိမ်ကိုသေချာခပ်ထားသည်မို့လို့ သမီးလေးကိုစိတ်ချရတာပေါ့ အိမ်ထဲဝင်လိုက်ရင်ပဲ...

ထိုင်ခုံပေါ်မှာ ခြေထောက်နှစ်‌ေချာင်းချိတ်ထားရင်း ကျောင်းသားတွေရဲ့စာအုပ်ကို အမှန်ခြစ်နေတဲ့ ဆရာမ သမီးလေးကိုမြင်လို့ပြုံးပြလိုက်ပြီးနောက်မှ သူရောပါလာသည်ကိုသိပြီး စာအုပ်တွေဘေးချထားပြီး ထိုင်နေရာမှထပြီးနှုတ်ဆက်လိုက်သည်

"သမီးဟေသူ လာပြီလား ... အို.... အန်တီလည်းပါလာတာကို ထိုင်ပါဦး"

"ရပါတယ် ရပါတယ် ဆရာမ သမီးလေးကိုထားခဲ့ပြီး ပြန်မှာပါ ဆင်းရင်သူ့ကြီးမေလာကြိုလိမ့်မယ်နော် "

"စိတ်ချပါရှင်...."

ဟေသူလေးကိုထိုင်ခိုင်းပြီး ‌အန်တီ့ကိုတော့ အိမ်ရှေ့ထိရောက်အောင်လိုက်ပို့လိုက်သည် ဘေးချင်းကပ်လျှောက်ရင်းအန်တီ့မျက်နှာသေချာကြည့်လိုက်တော့ ဘယ်ဘက် မျက်ခုံးအစွန်မှာ မဲ့နက်နက်လေးတခု တစုံတခုကိုအမှတ်ရသွားသည်ထင်....

" အန်တီ ကျွန်မတို့ တနေရာများတွေ့ ဖူးလားဟင် "

ဟေသူ့မေမေ့ကို ဆရာမမေးလိုက်သည် ဆုထက်ကလူတ‌ယောက်ကိုမြင်ဖူးရင်အတော်လေးမှတ်မိနေတတ်ပါသည် အရမ်းမစိမ်းတဲ့မျက်နှာကြောင့် တနေရာရာမှာတွေ့ဖူးတဲ့မျက်နှာလိုလိုဖြစ်တာကြောင့် မေးလိုက်ခြင်းဖြစ်သည်

"အဲ...... အန်တီတော့ဆရာမနဲ့ အခုမှပထမဆုံးတွေ့ဖူးတာပါ ..."

"ဟုတ်လား.. အဲ့လိုပဲ ကျွန်မက ဒီတိုင်းမြင်ဖူးလို့မေးလိုက်တာပါ ဂရုစိုက်ပြန်ပါ‌နော် အန်တီ "

ခေါင်းလေးတငြိမ့်ငြိမ့်နဲ့  နှုတ်ဆက်စကားပြောနေတဲ့ ဆရာမကို လေးစားမိသည် ငါပညာတတ်တယ်ဆိုပြီးမာနမထားပါဘဲ လူအချင်းချင်းလေးလေးစားစားဆက်ဆံတတ်တယ်

........

ဟေသူလေးကို စာသင်လို့ပြီးတော့ ၇နာရီခွဲဖို့ ၁၅မိနစ်လောက်လိုသေးသည် စာသင်ရမဲ့အပိုင်းပြီးတာမို့လို့ စာကျက်စရာရှိတာကျက် မကျက်ချင်လည်းငြိမ်ငြိမ်လေးဆော့လို့ပြောခဲ့ပြီး ဘုရားရှိခိုးနေသည်

ဘုရားရှိခိုးပြီးလှည့်ကြည့်လိုက်တော့ ဟေသူမရှိတော့ ထိုင်နေတဲ့မေမေကိုမေးလိုက်တော့...

"မေမေ ဟေသူပြန်သွားပြီလား"

"ခုနကလေးတင်ပဲ သမီး ဘုရားရှိခိုးနေလို့ ကလေးက မပြောပါနဲ့ဆိုပြီးတိတ်တိတ်လေးပြန်သွားလေရဲ့....ပြီတော့ ဒါလေး.... "

ဆုထက် လက်ထဲရောက်လာတဲ့ စာအိတ်လေးတခု ပုံမှန်ထက် ပိုဖောင်းနေတာကြောင့် ဖောက်ကြည့်လိုက်သည်..

စာအိတ်ထဲမှ ပိုက်ဆံထုတ်ပြီးရေကြည့်လိုက်တော့ ၁သောင်းတန်အရွက်၃၀ ၃သိန်းပေါ့

"အို ....    ဒီလောက်အများကြီး....."

မဖြစ်ဘူး နောက်နေ့ကျ ဟေသူလေးကိုပြန်ပေးရမယ်လို့ပြောပြီး စာအိတ်ထဲကို ၂သိန်းခွဲပြန်ထည့်ထားလိုက်သည် ဒီလောက်ပိုက်ဆံအများကြီးမယူချင်ပါ

ဆုထက် ကျူရှင်သင်တယ်ဆိုတာကလည်း အခကြေးငွေအများကြီးလိုချင်လို့မဟုတ် ကျူရှင်မသင်လည်း သူတို့သားမိနေထိုင်စားသောက်နိုင်သည် ကျောင်းမှာသင်တဲ့စာမလိုက်နိုင်တဲ့ကလေးတွေကို အချိန်ပိုခေါ်ရင်း ဟိုကြားဒီကြားနဲ့ သူ့ဆီမှာကျူရှင်လာထားကြခြင်းဖြစ်သည်

ကျူရှင်ကို စီးပွားရေးတခုလိုမျိုး ဆုထက်မလုပ်

....... 

"အန်တီ ဒီနေ့ညနေ K ကုမ္ပဏီက ဦးကောင်းကြွယ်နဲ့ ညစာစားဖို့ရှိပါတယ် ပြီးတော့ နှစ်ချုပ်စာရင်းတွေလည်းလက်မှတ်ထိုးပေးဖို့ရှိပါတယ် ပြီးတော့..  "

"နေပါဦးကွယ် တခုပြီးမှတခု တင်ပြပါ မြမှူးရှိနေတာပဲ ဟုတ်ပြီလား အခုအရင်လုပ်ရမဲ့ကိစ္စကိုပြောနော် "

ဒေါ်စိုးယုမေ တယောက် အမှန်တကယ်ပင် ပင်ပန်းနေပြီ အိမ်အလုပ် ကုမ္ပဏီအလုပ် သမီး‌လေးအလုပ် လူမှုရေး သာရေးနာရေး ကိစ္စတွေအကုန်တာဝန်ယူထားရသည်မလား

"အန်တီ ကော်ဖီသောက်မလား..."

"အန်တီကော်ဖီမကြိုက်တာသိရဲ့သားနဲ့...."

နှစ်ချုပ်စာရင်းများကိုလက်မှတ်ထိုးနေပြီး မျက်မှန်‌တပ်ထားတာကြောင့် မျက်မှန်ပေါ်ကနေ ကျော်ကြည့်ပြီး မြမှူးကိုပြောလိုက်သည်

"ကော်ဖီသောက်ရင်ခေါင်းကြည်တယ်လေ အန်တီရဲ့...."

"တော်ပါပြီကွယ် တသက်လုံး စွဲလန်းမဲ့ဟာတွေမလုပ်တာကောင်းပါတယ် ဒီတိုင်းလေးပဲအဆင်ပြေပါတယ် "

နှစ်ချုပ်စာရင်းများကိုလက်မှတ်ထိုးပြီးတာကြောင့် မျက်မှန်ချွတ်ကာ မျက်လုံးလေးမှိတ်ထားရင်းပြောလိုက်သည်

မြမှူးကလည်းအလိုက်တသိ အန်တီ့အနောက်ဘက်သို့သွားပြီး ဇက်ကြော‌နှိပ်ပေးလိုက်သည်

"အင်း...  အန်တီ့အကြိုက်ကိုသိတာ မြမှူးတယောက်ပဲရှိမယ် ထင်တယ် ကျေးဇူးတင်ပါတယ် "

"ကျေးဇူးတင်စရာမလိုပါဘူးအန်တီရယ်. မြမှူးးအလုပ် မြမှူးလုပ်တာပဲ ...."

မြမှူးက အန်တီ့ရဲ့လူယုံ သက်တော်စောင့်ဆိုလည်းဟုတ်သည် ခန္တာကိုယ်ကထွားကြိုင်းသည်မို့လို့ အန်တီ့တကိုယ်စာကိုတော့ မြမှူးစောင့်ရှောက်နိုင်သည် ...

  ...    ...  

ဦးကောင်းကြွယ်နဲ့ ညစာစား စီးပွားရေးကိစ္စတွေပြောပြီးလို့ အိမ်ပြန်ရောက်တော့ ည ၁၀ နာရီပင်ထိုးနေပြီ

မြမှူးကိုအိမ်ပြန်လိုက်ပို့ခိုင်းပြီး သူ့ကားယူသွား မနက်မှလာကြိုဖို့ပြောလိုက်သည်

"သမီး ညစာစားပြီးပြီလား ....."

တံခါးလာဖွင့်ပေးတဲ့ကြီးမေကမေးလိုက်သည် တအိမ်လုံးရဲ့ရှိသမျှသော့က သူနဲ့ကြီးမေသာကိုင်ခွင့်ရှိသည်

"စားပြီးခဲ့ပြီ ကြီးမေ အိမ်မှာ ဘာကိစ္စရှိသေးလဲဟင် "

"ဘာမှမရှိပါဘူး သမီး အားလုံးအဆင်ပြေပါတယ် "

".....  "

ပြောပြီးသည့်တိုင် ကြီးမေတယောက် အနားကထွက်မသွားသေးပါ လုပ်ငန်းရှင်တယောက်ပီပီ တဖက်လူစိတ်ကိုမမေးဘဲနဲ့ သိနိုင်သည်

"သမီးကိုပြောစရာရှိလို့လားကြီးမေ .. "

"သမီး တယောက်ထဲနေတော့မှာလား .. "

"အိမ်ထောင်ထပ်ပြုဖို့ စကားဆို တော်ပါတော့ ကြီးမေ သမီးဘဝက သမီးလေးရှိရုံနဲ့အဆင်ပြေပါတယ် ပြီးတော့ ဒီအသက်အရွယ်ကျမှနောက်အိမ်ထောင်လည်းမပြုချင်ပါဘူး ပြီးတော့ ဒီခေတ်ကြီးမှာ အစစ်အမှန်ဆိုတာရှားသွားပြီ ကြီးမေ "

သူ့တူမ ဘာကိုပြောချင်တာလဲဆိုတာ ကြီးမေသဘောပေါက်ပါသည် ဒေါ်စိုးယုမေ
လို အစစအရာရာပြည့်စုံတဲ့ အမျိုးသမီးကို မလိုချင်တဲ့သူမရှိ ပစ္စည်းဥစ္စာဆိုလည်းမက်မောစရာပင် တသက်မပြောနဲ့ ၁၀ သက်စားမကုန်ပါ

သို့ပေတည်း ကလေးတယောက်နဲ့မုဆိုးမကို အစစ်အမှန်နဲ့ချစ်နိုင်မဲ့သူဆိုတာမရှ်ိဘူးလို့ မှတ်ယူထားသည်

"ဒါပေမဲ့အရွယ်လေးရှ်ိတုန်း.     ..     "

"အော် ....ကြီးမေရယ် တော်ပါတော့ အလုပ်ကနေပင်ပန်းလာတဲ့သူကို တကယ်ပါပဲ သမီးနားတော့မယ်....."

ကြီးမေကို နှုတ်ဆက်စကားဆိုပြီး လှေကားလက်ရန်းကိုအားပြုကာ အပေါ်ထပ်သို့တတ်သွားသည်

အလုပ်ကဘယ်လောက်နောက်ကျကျ သမီးလေးအခန်းကိုတော့ နေ့တိုင်းဝင်ဖြစ်သည် အိပ်မောကျနေတဲ့သမီးလေးကို စောင်ခြုံပေးလိုက်ပြီး အနမ်းတခုပေးလိုက်သည် ...

........

"ငါ ဒီ အန်တီကိုမြင်ဖူးပါတယ် ဘယ်မှာမြင်ဖူးပါလိမ့်..."

ည၁၀နာရီကျော်သည့်တိုင် ဆုထက် မအိပ်နိုင်သေးပါ ဟေသူ့မေမေကိုတနေရာရာမှာမြင်ဖူးတယ်လို့ထင်မိတာကြောင့် ပြန်တွေးရင်းအိပ်မပျော်ပါ

သို့သော် စဉ်းစားလို့လည်းမရ ဒီတိုင်းမြင်ဖူးနေကျမျက်နှာမို့လို့ ရင်းနှီးတဲ့ပုံဖြစ်မှာပါ ဆိုတွေးပြီး အိပ်မပျော်လည်း မျက်စိမှိတ်ထားလိုက်ရင်း အိပ်ပျော်သွားသည်...

.....

ဒီနေ့ကျောင်းစစ်ဆေးရေးရှ်ိတာကြောင့် ဆရာမတွေ ကျောင်းသို့စောစောလာပြီး သန့်ရှင်းရေး ဘာညာ လုပ်နေကြသည်

ကျောင်းသားများကိုလည်းအရမ်းမဆူဖို့ ငြိမ်ငြိမ်လေးနေကြဖို့ပြောနေသည် ကျောင်းက မူကြိုကနေ အထက်တန်းအထိရှိတာကြောင့် ဆရာအင်အားလည်းများသည် ကျောင်းသားအင်အားလည်းများသည်

"ဆုထက်ရေ မမကို ဆရာကြီးရုံးခန်းထဲသွားပြီး ဒီစာတန်းလေးသွားထားပေးပါလား ဒီမှာ လုပ်စရာတွေရှိသေးလို့ "

"ပေးလေ မမ သွားထားပေးမယ် "

ဆရာကြီးရုံးခန်းက ကျောင်းအပေါ်ထပ်ရဲ့အစွန်ဆုံးအခန်းမှာပါ

"ဟင့် ဟင့်... " လှေကားအကွေ့နားမှာထိုင်ငိုနေတဲ့ကလေးတ‌ယောက် သေချာကြည့်လိုက်တော့ ဟေသူ

"ဟင် သမီး ဘာဖြစ်လို့လဲ ဘယ်နားနေမကောင်းလို့လဲ ချော်ကျလို့လား ဆရာမကိုပြပါဦး "

"သမီးနေကောင်းပါတယ် သူငယ်ချင်းတွေကသမီးကိုအဖေမရှိဘူးဆိုပြီးစတယ် အခုလည်း သမီးကိုအတန်းထဲပေးမဝင်ကြဘူး "

"ဘယ်လို....  "

ဒီနေ့ ဆရာမတွေအချင်းချင်း ခြေရှုပ်နေတာကြောင့် ကိုယ့်အတန်းကို ဂရုမစိုက်ဖြစ်

တရှုံရှုံငိုနေတဲ့ ဟေသူ ကိုမျက်ရည်တွေသုတ်ပေးလိုက်ပြီး ဖက်ထားလိုက်သည်

"သမီးလေး ဆရာမနဲ့ ခနလိုက်ခဲ့ ပြီးရင် အတန်းထဲသွားကြမယ်နော် "

ရုံးခန်းထဲသို့တင်စရာစာရွက်များကိုတင်ခဲ့ပြီး အခန်း သို့ဝင်လာသည်

ဆရာမနဲ့အတူတူ ဆရာမလက်ကိုဆွဲလာတဲ့ ဟေသူကိုမြင်လိုက်ရတော့ ကျောင်းသူတချို့ ပြာယာခပ်သွားကြသည်

"ကဲ.... ဆရာမမပြောခင် အပြစ်ရှိတဲ့သူတွေအရှေ့ထွက်ခဲ့..."

ကျောင်းသူ၄ယောက် အရှေ့ထွက်လာပြီး ခေါင်းငုံ့လျက်

"ကိုယ့်သူငယ်ချင်းကို ဘာလို့အခုလိုပြောရတာလဲ သူငယ်ချင်းတွေပဲ ကူညီဖေးမရမှာပေါ့ "

"သမီးတို့မှားပါတယ် ဆရာမ "

"အပြစ်လုပ်ထားတဲ့သူကိုပဲတောင်းပန်လိုက်ပါ "

ဟေသူ့ကိုရှေ့တိုးခိုင်းလိုက်ပြီး

"ဟေသူ သူငယ်ချင်း တောင်းပန်ပါတယ်နော် နောက်မစတော့ပါဘူး "

ဟေသူကဘာမှပြန်မပြောဘဲ မျက်ရည်များသာကျလို့နေသည်

"သမီး သူငယ်ချင်းတွေက ခွင့်လွှတ်ဖို့တောင်းပန်ရင် ခွင့်လွှတ်ပေးရတယ်လေ "

ခေါင်းလေးငြိမ့်ပြရင်း မျက်ရည်များကြားအပြုံးတခုနဲ့ သူငယ်ချင်းတွေပြေလည်လိုက်သည်

"ကလေးတွေ အကုန်မှတ်ထားနော် ဟေသူမှမဟုတ်ဘူး ဘယ်ကလေးဖြစ်ဖြစ် အခုလိုဘယ်တော့မှမလုပ်ပါနဲ့ ဒါနောက်ဆုံးဖြစ်ပါစေ "

"ဟုတ်ကဲ့ပါ ဆရာမ....."

ဆရာမဆုထက်သွင်က ဆုပေးဒဏ်ပေးစနစ်ကို ကျင့်သုံးတာကြောင့်လည်း ကျောင်းသားတွေကချစ်ကြောက်ရိုသေကြသည်

.......

"ကြီးမေ မေမေဘယ်အချိန်ပြန်လာမှာလဲဟင်...."

ကျောင်းဆင်းချိန် လာကြိုတဲ့ ကြီးမေကိုမေးလိုက်သည်

"ကြီးမေလည်းဘယ်လိုလုပ်သိမှာလဲ မြေးရဲ့ သိချင်ရင် အိမ်ကြမှဖုန်းဆက်မေးကြည့်လိုက်နော် "

"ဟုတ် သမီး ဟိုဟာစားချင်တယ်...."

ဟေသူလက်ညွှန်းညွှန်ရာကြည့်လိုက်တော့ လမ်းဘေးမှာရောင်းနေတဲ့ မြန်မာဒုတ်ထိုးအစုံ

"သမီး မေမေကဘာမှာထားလဲ "

ဟေသူကို ကျောင်းစတတ်တဲ့နှစ်ထဲက သူများကျွေးတဲ့ဟာ ကြုံရာအစားအစာမစားရဘူးလို့မှာထားတယ်

"‌ဒါပေမဲ့ သမီးစားချင်တာကို တခုနှစ်ခုပဲစားမယ်နော် ကြီးမေ နော် မေမေ့ကိုပြန်မပြောပါနဲ့နော် သမီးစားချင်လို့ပါ "

မွေးကထဲက အရိပ်တကြည့်ကြည့်နဲ့မွေးလာပြီး သူစီစဉ်ပေးတဲ့အစားအသောက်များကိုသာစားလာခဲ့တဲ့ ဟေသူ ဒီလိုလမ်းဘေးအစားအစာစားချင်သည်မှာမဆန်းပါ ကလေးကိုကြည့်ရင်းသနားသွားတယ်နဲ့တူသည်

"မြေး ဒီတခါနောက်ဆုံးနော် နောက်မပူဆာနဲ့."

ခွင့်ပြုချက်ရပြီဖြစ်တာကြောင့် ဒုတ်ထိုး စားချင်တာကိုရွေးပြီး ကြီးမေ လာရှင်းလေ ဟု လက်ယက်လှမ်းခေါ်လိုက်သည်

....

"အန်တီ ဒေါ်မြတ်ခင် ရောက်လာပြန်ပြီ "

ရုံးခန်းထဲမှာ ညနေ meeting အတွက် ဆွေးနွေးမဲ့ အကြောင်းအရာကို ဖတ်နေရင်း မြမှူး လှမ်းပြောလိုက်တာကြောင့်

"ပေးဝင်လိုက်ကွယ်....."

ပေးမဝင်လည်း lobby. မှာ အသံကျယ်ကြီးနဲ့ အရူးချီးပန်းလျှောက်အော်နေမှာစိုးတယ် ဘယ်လိုပဲဖြစ်ဖြစ် ဘယ်သူ့ကြောင့်နဲ့မှ ဒေါ်စိုးယုမေ သိက္ခာအကျမခံနိုင်ပါ

ရုံးခန်းတံခါးကို မြမှူးဖွင့်ပေးပြီး ဒေါ်မြတ်ခင် ထိုင်ခုံမှာပင်မထိုင်ရသေး ‌ဒေါ် စိုးယုမေ
က စာရင်းကြည့်နေသည့်နေရာမှာပင် မျက်မှန်ကိုခုံပေါ်ပစ်တင်လိုက်ရင်း နောက်ကျောမှီလျက် မေးလိုက်သည်

" ကျန်းမာရေးတွေအရမ်းကောင်းနေတယ်ထင်ပါ့..."

"ကျန်းမာရေးကတော့ ဒီလိုပါပဲ ရစရာရှ်ိတာတော့ယူရမှာပဲ "

"သူများကြားရင် ကျွန်မကပဲ ရှင်တို့မိသားစုဆီက ပိုက်ဆံချေးထားတယ်ထင်နေပါဦးမယ် မောင်ကစ်ိတ်ဓာတ်ကောင်းသလောက် အမကျမှပဲ ဦးနှောက်ထဲပိုးဝင်သွားသလားမသိပါဘူး "

"ကဲပါ ရသင့်တဲ့ဟာဘယ်တော့ပေးမှာလဲ.. "

"ကျွန်မအပြတ်ပြောလိုက်မယ် မပေးနိုင်ဘူး အဲ့တော့ ကြိုက်တဲ့နေရာတိုင် တိုင်လည်းရှုံးမှာပဲ "

"စောင့်ကြည့်နေလိုက်ပါ စိုးယုမေ
ရယ် နင်ကအရမ်းမောက်မာတာပဲ တနေ့ အဲ့မာန်စွယ်တွေကျိုးစေရမယ် "

ပြောပြီး အခန်းထဲမှ ဝုန်းဒိုင်းကြဲထွက်သွားသည်

"မြမှူး မြမှူး... လာဦး "

"လာပါပြီ အန်တီ....."

" Lobby ကိုပြောထားလိုက်ပါ နောက်တခါ သူလာရင် အဝင်မခံဖို့နဲ့ လက်ခံစကားမပြောဖို့ အဝင်ခံတဲ့သူမှန်သမျှအလုပ်ဖြုတ်ပစ်မယ်လို့လည်း လုံခြုံရေးတွေကိုပြောထားလိုက်ပါ "

မြမှူးလည်း အန်တီပြောပြီးတာနဲ့ ချက်ချင်းထွက်သွားပြီး မှာစရာရှ်ိတာကို အောက်သို့ဆင်းမှာနေသည်

ဒေါ်စိုးယုမေ အိမ်ပြန်ရောက်တော့ သမီးလေးက ဆရာမကျူရှင်သွားနေပြီ

အခန်းထဲ ဝင်လှဲလိုက်ရင်း မျက်စိခနလေးမှိတ်ထားလိုက်သည်

"........."

ဆရာမဆီမှဖုန်းဆက်တာဖြစ်တာကြောင့် ရင်ထဲထိတ်ခနဲဖြစ်သွားပြီး..

"ဟယ်လို ဆရာမ "

"အန်တီ ဟေသူလေးက ဟေသူလေးက....."

"သမီးလေး သမီးလေးဘာဖြစ်လို့လဲဟင် ဆရာမ ဘာဖြစ်လို့လဲ "

"ဗိုက်တအားအောင့်တယ်ဆိုပြီးပြောနေလို့ အဲ့တာ...."

"အန်တီအခုထွက်လာပြီ။....."

ဖုန်းကိုချက်ချင်းချလိုက်ရင်း ကပိုကယိုဖြစ်နေတဲ့ဆံပင်ကိုတောင် ပြန်မစည်းနိုင်ဘဲ ကား‌ယူကာ ဆရာမအိမ်သို့ထွက်ခဲ့သည်

ဆရာမအိမ်ရောက်တော့ ဆရာမ ပေါင်ပေါ်မှာခွေခွေလေးနဲ့ဗိုက်ကိုဖိထားတဲ့သမီးလေး

"သမီးလေး သမီးလေး လာ‌ ဆေးရုံသွားရအောင်..."

သမီးလေးကိုပွေ့ချီမယ်လုပ်တော့..

"နေ နေ အန်တီ သမီးချီလာခဲ့မယ် သမီးလည်းလိုက်ခဲ့မယ်နော်.."

အန်တီက မျက်ရည်ဝဲကာ ခေါင်းလေးငြိမ့်ပြရင်း ဆေးရုံသို့မြန်မြန်လေးကားမောင်းသွားသည်

ဆေးရုံရောက်တော့ ဆရာဝန်တွေဆီသမီးလေးကိုအပ်ခဲ့ရပြီး လူနာရှင်က အခန်းအပြင်မှာသာစောင့်နေရသည်

သမီးလေးအတွက်ဇောကပ်ပြီး မျက်ရည်များစွာနဲ့ ထိုင်မရထမရဖြစ်နေတဲ့အန်တီ့ကို ဆုထက်တယောက် ဖက်ထားပေးလိုက်သည်

"အန်တီ ဟေသူလေးအဆင်ပြေမှာပါ အရမ်စိတ်မပူနဲ့နော် "

ဆုထက်ဖက်ထားသည့်တိုင်အောင် အန်တီ့ခန္တာကိုယ်လေး တသိမ့်သိမ့်တုန်‌ေနအောင် ရှိုက်ကြီးတငင်ငိုနေသေးသည်

"ဟင့် သမီးလေး ဘာမှမဖြစ်ပါစေနဲ့ အရှင်ဘုရား "

ရင်ခွင်ထဲကနေ မျက်လုံးမှိတ်ပြီး လက်အုပ်ချီကာဆုတောင်းနေတဲ့အန်တီ့ကို ပိုတင်းတင်းကျပ်ကျပ်ဖက်ထားမိသည် ထိုအခါမှအန်တီလည်း ဆုထက်လက်မောင်းကိုကိုင်ကာ ပုခုံးပေါ်သို့မှီထားလိုက်သည်

မကြာပါဘူး ဆရာဝန်တွေထွက်လာပြီး မစိုးရိမ်ရတော့ကြောင်း ပြောပြီးရိုးရိုးလူနာခန်းသို့ပြောင်းလိုက်သည်

အန်တီကတော့ သူ့သမီးဘေးမှာထိုင်ရင်း ဟေသူ့လက်က‌လေးကိုကိုင်ထားပြီးတဖွဖွနမ်းနေသည်

"သမီးလေးရယ်.. ဘယ်လိုဖြစ်တာလဲ "

"ပြောပြရင် မေမေဆူမှာလားဟင်..."

"မဆူပါဘူး သမီးလေးရယ် မေမေ့သမီးလေးကိုဒီလောက်ချစ်တာ မေမေကဆူစရာလား "

"ကျောင်းကအပြန် ကျောင်းထိပ်မှာ ဒုတ်ထိုးနဲ့အချဉ်ရည်စားခဲ့တယ် ပြီးတော့ သူငယ်ချင်းတွေရဲ့အချဉ်ထုတ်တွေလည်းစားတယ်"

"အဲ့တာတွေနဲ့ သမီးလေးနဲ့မတည့်ဘူးလေ ..."

"မီးမီးသိပါတယ် ဒါပေမဲ့ တခါတလေစားချင်လို့ပါ ပြီးတော့ ကြီးမေကို မဆူပါနဲ့နော် ကြီးမေကဝယ်မကျွေးဘူးငြင်းတာကို မီးမီးက အတင်းဝယ်ကျွေးခိုင်းလို့ပါ "

"ဘယ်သူ့မှမဆူပါဘူး သမီးလေးရယ် နောက်ဆို အဲ့တာတွေမစားရဘူးနော် သမီးလေးနဲ့မှမတည့်တာ "

"ဟုတ်ကဲ့ မေမေ "

"လိမ္မာတယ် တရေးအိပ်လိုက်ဦးနော် ဆရာမကိုပြန်ပို့လိုက်ဦးမယ် "

"အန်တီရပါတယ် ကိုယ့်ဟကိုပြန်လိုက်ပါ့မယ် အန်တီရောပြန်မှာလား "

ကားသော့ယူပြီး ဆုထက်ကိုလိုက်ပို့ရန်ပြင်နေတဲ့ အန်တီ့ကိုမေးလိုက်သည်

"အန်တီက သမီးလေးကိုစောင့်ရဦးမယ် "

"အဲ့တာဆို သမီးလည်းအတူတူစောင့်ပေးပါ့မယ် အန်တီ ...."

"မဟုတ်တာကွယ်...."

"ဟုတ်ပါတယ် အန်တီရဲ့ တယောက်ထဲကျပင်ပန်းပါတယ် "

ဆေးရုံမှာ ကလေးကိုစောင့်ပေးမယ်လို့ မေမေ့ကိုဖုန်းဆက်လှမ်းပြောလိုက်သည်

နှစ်ယောက်လုံး ညစာမစားရသေးတာကြောင့် ဆုထက်တယောက် ဆေးရုံအောက်ဆင်းကာ အစာပြေ ကိတ်နဲ့ကော်ဖီဝယ်လာသည်

"အန်တီ ဒါလေးစားလိုက်ပါဦး ဘာမှမစားရသေးဘူးမလား ..."

"နေပါစေကွယ် ရပါတယ်...."

"စားလိုက်ပါအန်တီရယ် တော်ကြာ ဟေသူနဲ့ အပြိုင် လဲနေပါဦးမယ်...."

အန်တီ့လက်ကိုလှမ်းဆွဲလိုက်ပြီး ကိတ်မုန့်ပန်းကန်ထည့်ပေးလိုက်သည်

"ကိတ်ပဲစားမယ်ကွယ် ကော်ဖီမကြိုက်ဘူး..."

"ဟင်... ဒီလောက်ကောင်းတဲ့ကော်ဖီကိုမကြိုက်ဘူးလား..."

"ငယ်ငယ်လေးထဲကမသောက်တတ်လို့ပါ...."

"ကောင်းပါတယ် အန်တီရယ် စွဲလန်းမှုက ကိုယ့်အတွက်အဆိပ်အတောက်ဖြစ်စေမယ်ဆိုရင် အစမလုပ်တာအကောင်းဆုံးပဲ "

နှစ်ယောက်သား ကိတ်မုန့်စားရင်းစကားပြောရင်း နဲ့ည ၁၂နာရီ ကျော်နေပြီ

" အန်တီ ဒီမှာလာအိပ်ပါလား တော်ကြာ ဇက်နာသွားဦးမယ် "

နံရံကိုမှီရင်း မျက်လုံးလေးမှိတ်ထားတဲ့ အန်တီ့ကိုလှမ်း‌ပြောလိုက်သည်  အိပ်ဖို့နေရာက လည်းလူတယောက်စာသာရှိသည်

"ရပါတယ်ကွယ်  " လို့ပြောရင်း နံရံကိုသာမှီထားနေတဲ့ အန်တီ့ကို ဆုထက် ပုခုံးကနေကိုင်ခါ ဆွဲထူလိုက်သည်

"ရပါတယ်မလုပ်ပါနဲ့ လာ ‌ခေါင်းအုံးလည်းမရှိတော့ ပေါင်ပေါ်မှာသာအိပ်လိုက် "

"ဟို....."

"ဟိုမနေပါနဲ့အန်တီရယ် အဲ့တာနဲ့ပဲမနက်မိုးလင်းတော့မယ်."

ပြောလည်းမရတဲ့အတူတူ ဆုထက် ပေါင်ကိုခေါင်းအုံးပြီးသာအိပ်လိုက်ရသည်

သိပ်မကြာပါဘူး အိပ်ပျော်သွားတဲ့ အန်တီ့ကိုကြည့်ပြီး မျက်နှာပေါ်မှာ ကျနေတဲ့ဆံပင်တချို့ကိုလက်နဲ့ဖယ်ပေးလိုက်သည်

ဘယ်လောက်နှစ်ခြိုက်စွာ အိပ်လိုက်သည်မသိ မနက်မိုးလင်းလို့ မျက်နှာကိုနေထိုးတော့မှနိုးလာသည်

.......

ဟေသူ ဆေးရုံဆင်းပြီးတော့ နောက်နေ့နှစ်ရက်ကခွင့်စာသာတင်ပြီးကျောင်းမလာပါ

"သမီးဟေသူ နေကောင်းသွားပြီလား "

၃ရက်မြောက်နေ့မှ ကျောင်းထဲက ခရေပင်အောက်မှာ သူငယ်ချင်းတွေနဲ့ ခရေပန်းကောက်နေတဲ့ ဟေသူ့ကို ဆုထက်လှမ်းမေးလိုက်သည်

"ကောင်းပါပြီ ဆရာမ မေမေကလည်း‌ဆရာမကိုကျေးဇူးတင်ကြောင်းတဖွဖွပြောနေတာ အိမ်ကိုထမင်းဖိတ်ကျွေးမယ်လည်းပြောတယ်"

"မလိုပါဘူး သမီးရယ် သမီးနေကောင်းတယ်ဆိုပဲရပါပြီ မေမေ့ကိုပြန်ပြောလိုက်ဦးနော် ဝန်ထုတ်ဝန်ပိုးမဖစ်ပါနဲ့လို့ ..."

......

Continue Reading

You'll Also Like

3.7M 294K 96
RANKED #1 CUTE #1 COMEDY-ROMANCE #2 YOUNG ADULT #2 BOLLYWOOD #2 LOVE AT FIRST SIGHT #3 PASSION #7 COMEDY-DRAMA #9 LOVE P.S - Do let me know if you...
1.8M 127K 45
"Why the fuck you let him touch you!!!"he growled while punching the wall behind me 'I am so scared right now what if he hit me like my father did to...
542K 25.7K 31
He's a blind mafia man, the heir who lost his eyesight. She's a kindhearted girl whose job is to take care of him. Will the two of them find their wa...
10.1M 304K 53
Anna Krause is in her senior year and more than ready to leave high school behind and start a new, fresh life without homework. What she didn't expec...