"ဆုလာဘ်!!"
ကျွန်တော့် နာမည်ကို အကျယ်ကြီးပင်
အော်ခေါ်ပြီးအခန်းထဲပြေးဝင်လာတဲ့ အငယ်လေး။
တကိုယ်လုံးလေးလံနေတာမို့လို့ အိပ်
နေရာကနေမထနိုင်ဖြစ်နေတာ ကျောပိုး
အိတ်လွယ်ထားတဲ့ အငယ်လေးကိုမြင်
တော့ချက်ချင်းထထိုင်မိသွားရသည်။
ကျွန်တော့်ဆီ အငယ်လေးကပြေးလာပြီး
ကုတင်ပေါ်ပြေးတက်လာတော့
ညီအကိုနှစ်ယောက် အလွမ်းသယ်ရရင်း
အငယ်လေးကို ဖက်ထားလိုက်မိသည်။
" ဘယ်လိုရောက်လာတာလဲ"
" ကိုကြီးစစ်ကြောင်းဖုန်းဆက်ပြီး
လာခေါ်ပေးတာဆုလာဘ်"
" နေကောင်းတယ်မလား"
" သားကနေကောင်းတယ်လေ
ဆုလာဘ်ပဲနေမကောင်းတာ။သားကို
လည်းဘာမှမပြောသွားဘဲနဲ့ အိမ်ကနေ
ထွက်သွားတယ်ဖုန်းလည်းမဆက်ဘူး ဆုလာဘ်မကောင်းဘူး"
အငယ်လေးကိုဘာမှပြန်မပြောနိုင်ပဲ
ဖက်ထားပြီး အလွမ်းသယ်နေတုန်း အနောက်ကနေလိုက်ဝင်လာတဲ့ သူ။
မနက်စာသွားဝယ်ပေးမယ်ဆိုပြီး
ထွက်သွားတာ အငယ်လေးကိုပါ
သွားခေါ်ပေးမယ်မှန်းမသိခဲ့ဘူး။
"ကိုယ် အလုပ်သွားရတော့မယ်
ညီလေးနဲ့မနက်စာအတူတူစားလိုက်
ဆန်ပြုတ်ဝယ်လာခဲ့ပေးတယ်"
ဆန်ပြုတ်ဆိုတဲ့အသံကြားတာနဲ့
ကျွန်တော် နှာခေါင်းရှုပ်လိုက်မိသည်။
" အောက်ထပ်ကို ဆင်းပြီးစားမလား
အပေါ်ယူလာခဲ့ပေးရမလား"
"အမ် ရတယ် နောက်မှကျွန်တော့်ဘာသာဆင်းပြီးစားလိုက်မယ်"
ကျွန်တော့် အကြံအစည်တွေကို သူ
ကကြိုသိနေသည့်အလား နာရီပတ်နေ
ရင်း ကျွန်တော့်ကို ပြန်လှည့်ကြည့်
လာသည်။
" အဲဒီဆန်ပြုတ်ရဖို့ သားနဲ့ကိုကြီးစစ်ကြောင်း အဲ့ဆိုင်မှာအကြာကြီးထိုင်
စောင့်ခဲ့ရတာဆုလာဘ်"
"ပြောလိုက် အငယ်လေး မင်းအစ်ကို
ကိုရအောင်တိုက်"
အဲ့အချိန်မှာပဲ ခြံရှေ့မှာ ဟွန်းတီးသံကိုကြားလိုက်ရသည်။
" ဘယ်သူလာတာလဲ အစ်မမြတ်တို့ပဲလား"
ကိုစစ်ကြောင်းက ပြတင်းပေါက်ကို
သွားကြည့်
ပြီး ကျွန်တော် မေးတာကိုမဖြေပဲ
အငယ်လေးကိုကျွန်တော်နဲ့နေဖို့မှာ
သွားကာ အောက်ထပ်ကိုဆင်းသွားသည်။
ကိုစစ်ကြောင်းထွက်သွားတာနဲ့
အငယ်လေးဘက်အမြန်လှည့်ရပြီး
" ဘယ်လိုရောက်လာတာပဲ။ မင်း
အမေ ကိုစစ်ကြောင်းကို ဘာပြော
လိုက်သေးလဲ"
"ဘာမှမပြောဘူး။ ကိုကြီးစစ်ကြောင်း
ဖုန်းဆက်တော့အမေ့ကို ဆုလာဘ်ဆီ
သွားမယ်လို့ပဲပြောလိုက်တယ်။အဲ့တာ
သားကအိမ်ရှေ့မှာထွက်စောင့်နေတာ
ကိုကြီးစစ်ကြောင်းရောက်လာတော့
အမေက သားကိုကားပေါ်တောင်
တင်ပေးပြီး ကိုကြီးစစ်ကြောင်းကိုပြုံးပြလိုက်သေးတယ်"
အန်တီဆွေကကျွန်တော့်ဆို မျိုးစုံပြောပြီး
သူ့ကိုဆိုတွေ့တာနဲ့ မျက်နှာချိုသွေး
တတ်တာကပဲ တော်ပါသေးတယ်။
တစ်ကယ်တော်ပါသေးတယ်လို့သာ
တွေးရင်းအငယ်လေးကိုကြည့်ရင်း
ကျွန်တော့် ညီလေးကိုသွားခေါ်လာ
ပေးတဲ့ သူ့ကိုကျေးဇူးတင်နေမိရ
သည်။
အငယ်လေးကိုကျွန်တော် လွမ်းနေတာလည်းသူသိတာပဲ။
" ဘာစားပြီးသွားပြီလဲ"
" အိမ်ကနေတော့ ထမင်းကြော်စား
ခဲ့တယ်။ ကိုကြီးစစ်ကြောင်းက
ဆုလာဘ်အတွက်ဆန်ပြုတ်ဝယ်ပေးရင်း သားအတွက်ပါရှမ်းခေါက်ဆွဲဝယ်ပေး
တယ်။အောက်ကိုဆင်းပြီး သွားစားရ
အောင်လေဆုလာဘ်"
" ခဏနေအုံး အောက်မှာဧည့်သည်
ရောက်နေတယ်"
ဘယ်သူလာတာများလဲ။ သူအခုချိန်ထိ
အပေါ်ပြန်မတက်လာသေးဘူး။
" အငယ်လေး သွား အောက်ထပ်မှာ
ဘယ်သူရောက်နေတာလဲ။သွားကြည့်
ကြည့် တိတ်တိတ်လေးသွားနော် ဘယ်
သူမှမမြင်စေနဲ့ ပြီးရင်လာ ပြန်ပြောပြ"
"ဟုတ်"
ကျွန်တော့်စကားဆို ဘာဖြစ်ဖြစ်
နားထောင်တဲ့အငယ်လေးက
အခန်းထဲကနေ ပြေးထွက်သွားသည်။
ကျွန်တော်လည်း ဘယ်သူလာတာ
လည်း သိချင်စိတ်က ထိန်းမရတာမို့
အငယ်လေးကိုမစောင့်နိုင်တော့ပဲ
ကုတင်ပေါ်ကဆင်းကာ အခန်း
အပြန်ထွက်ခဲ့လိုက်သည်။
အောက်မဆင်းသွားပဲလှေကားထိပ်မှာ
ခဏအကြာရပ်နေတော့ အငယ်လေးက
ခပ်မြန်မြန်အပေါ် ပြေးတက်လာပြီး
မောနေတဲ့ပုံစံနဲ့။
" ဆုလာဘ် ကိုကြီးစစ်ကြောင်းက
ပြောတယ် အောက်ထပ်ကို ခဏဆင်း
လာပါတဲ့"
" မင်းကိုတိတ်တိတ်လေးသွားလို့
ပြောလိုက်တယ်မလား ဘာလို့မင်း
အစ်ကိုဆီသွားတာလဲ"
" သားမသွားဘူး ကိုကြီးစစ်ကြောင်းက သားကိုတွေ့သွားလို့ လှမ်းခေါ်လိုက်တာ
ဆုလာဘ်ကို အခုဆင်းလာခဲ့ခိုင်းတဲ့"
" ဘယ်သူရောက်နေလို့လဲ"
" ကိုကြီးစစ်ကြောင်းရဲ့အမေ"
"ဘာ"
ပြဿနာတော့ အကြီးအကျယ်တတ်ပြီ။
သွားပြီ။
အန်တီကဘာလို့ ဒီအချိန်ကြီးလာရ
တာလဲ။ သူ့သားဆီလာတာထင်တယ်။
ကျွန်တော် ဒီမှာရှိနေတာ လည်းသိသွားလောက်ပြီ။အငယ်လေးနဲ့လာခေါ်ခိုင်း
တော့ မဆင်းသွားလို့လည်းမရဘူး။
ဒုက္ခပါပဲ။ဘယ်လိုလုပ်ရမလဲ။
--------
ကိုစစ်ကြောင်းနဲ့ သူ့အမေ
ဘာတွေပြောနေကြလဲတော့မသိပါ။
အငယ်လေးလက်ကိုဆွဲရင်းဆင်း
လာခဲ့တာ အောက်ထပ်ရောက်တော့ လှေကားရင်းမှာရပ်ရင်းဧည့်ခန်းက
ဆိုဖာပေါ်မှာထိုင်နေကြတဲ့ သူတွေ
အနားမသွားရဲ။
"ဝန်း"
သူ့မေမေနဲ့စကားပြောနေရင်း သူက
ကျနော့်ကို တွေ့သွားလေပြီ။
အန်တီကတော့ကျွန်တော့်ကိုလှည့်မကြည့်။
"ဒီကိုလာလေ"
အငယ်လေးကို ထမင်းစားခန်းမှာ
သွားစောင့်နေဖို့ မှာပြီး သွားခိုင်းလိုက်ရသည်။
ခြေလှမ်းတွေက လေးပင်စွာနဲ့ပဲ
ဧည့်ခန်းဆီကို သွားရပြီး အနားရောက်
လေ ဘယ်လိုမှမရဲတာမို့ ကိုကို့ကို
အသံတိတ်အချက်ပြပြီးခေါင်းခါ
ပြလိုက်မိသည်။
ကိုစစ်ကြောင်း ကမမြင်လိုက်သလိုနှင့်။
"မြန်မြန်လာ ဒီမှာအမေစောင့်နေတယ်"
သွားပါပြီ ကျွန်တော်တော့။ အခုချိန်မှ ဘယ်လိုမှ ထွက်ပြေးလို့လဲမရတော့ဘူး။
ဧည့်ခန်းထဲသွားပြီး သူ့ဘေးနားက
ဆိုဖာမှာ မရဲတရဲနဲ့ဝင်ထိုင်ရင်း
မေမေ့မျက်နှာကို မကြည့်ရဲ။
" နှုတ်ဆက်လိုက်အုံးလေ အမေ့ကို
တွေ့ချင်တယ်လို့ ခဏခဏပြောနေ
တယ်မလား"
သူကတော့ သူ့အမေအရှေ့မှာမှ။
" မင်္ဂလာပါ အန်တီ တွေ့ရတာဝမ်းသာ
ပါတယ် "
တုန်တုန်ရီရီနဲ့ အသံကိုထိန်းပြီးကျွန်တော် နှုတ်ဆက်လိုက်ပေမဲ့ ကို စစ်ကြောင်း
အမေက ကျနော့်ကို ကြည့်လာရင်း
သာ ဘာမှမပြော။
တကယ်ကြောက်နေပါပြီ။
"ကျွန်တော် အငယ်လေးကိုခေါ်ပြီး
အခုပြန် ပြန်လိုက်တော့မယ်"
သူ့အနားကပ်ပြီး နှစ်ကိုယ်ထဲကြားရုံ
အသံဖြင့်ပြောရသည်။
" ဘယ်ကိုပြန်မှာလဲ နေမကောင်း
သေးပဲနဲ့။ အမေနဲ့စကားတောင်
မပြောရသေးဘူးလေ "
သူက ကျွန်တော့် ပခုံးကိုလှမ်းဖက်
လိုက်တဲ့အချိန် ကျွန်တော့် မျက်လုံးတွေအဆမတန် ပြူးကျယ်သွားရလျက်။
" အမေကျွန်တော့်ကို တယောက်တည်း
မွေးထားတယ်မလား။ အဲဒါညီလေး
လိုချင်လို့ကျွန်တော့်ဘာသာ ရှာခဲ့လိုက်
ပြီ။ဒါကျွန်တော့်ညီလေး အမေ့အတွက်
သားငယ်"
သူကဂရုမစိုက်သည့်အပြင်
သူ့အမေရှေ့မှာမှ ကျွန်တော့် ပုခုံးကိုဖက်ထားပြီး ပြောချင်သလိုပြောနေတာမို့
ကျွန်တော် ရူးချင်သွားရသည်။
သူ့အမေကို ဒီနေရာမှာပဲ သွေးတက်
အောင်လုပ်နေတာလား။
ကျွန်တော့်ပုခုံးပေါ်က
သူ့ လက်ကိုမသိမသာဖယ်လိုက်တော့မှ သူက သူ့ အမေဘက်လှည့်ပြီး။
"အမေနဲ့ တွေ့ချင်တယ်လို့အမြဲပြော
နေတာ အခုတွေ့ရတော့လည်း စကား
မပြောရဲဘူးဖြစ်နေတယ်။ အမေကပဲ
အမေ့သားကို အရင်စကား ပြောပေး
လိုက်ပါဦး "
ကိုစစ်ကြောင်း အမေက
မျက်နှာတည်နေလျက်ပင်။
"ဒီမှာလာ နေနေတာ ဘယ်နှစ်ရက်ရှိ
နေပြီလဲ"
ကျွန်တော် ချက်ချင်းပြန်မဖြေရဲ။
" အမေမေးနေတယ်လေ ဝန်း"
" သုံးရက်လောက်ရှိပါပြီ နေသိပ်
မကောင်းလို့ပါ ကျကျွန်တော်
ဒီညနေလောက်ပြန်မှာပါ"
" အမေကအဲဒီလိုသဘောနဲ့ မေးတာ
မဟုတ်ဘူးလေ"
ကိုစစ်ကြောင်းက ဝင်ပြောသည်။
သူ့အမေ ဘယ်လိုမျက်နှာဖြစ်နေလဲ
ဆိုတာ ဂရုမစိုက် ။
အန်တီကကျွန်တော့်ကိုလူရှေ့ထုတ်
နေတဲ့သူ့သားကိုကြည့်နေရင်းနဲ့ပဲ။
" ဒီလိုမျိုးဝင်ထွက်နေပြီး သားက
မင်းကို သူဘယ်သွားသွားခေါ်သွားပြီး
တွဲသွားတွဲလာလုပ်နေ မှတော့
ပတ်ဝန်းကျင်က အနှေးနဲ့အမြန်သိ
သွားမှာပဲ။ အဲ့ဒီတော့သားနဲ့ လူသိ
ရှင်ကြားတွဲဖို့ မင်းဘက်ကသေသေ
ချာချာ စိတ်ဆုံးဖြတ်ပြီး ပြီလား"
"အမေ"
အန်တီက အသံခပ်ပြတ်ပြတ်နဲ့ပင်။
" အမေ့ကိုဒီမှာ ဆက်ရှိစေချင်ရင်
မင်း ဘာမှဝင်မပြောနဲ့သား"
သူ့အမေနဲ့ကျွန်တော့်ကြားမှာ ကျွန်တော့်
ကို စိတ်ပူနေသည့်သူကြောင့်
ကျွန်တော် အားတင်းလိုက်ရ
သည်။
"ဟုတ်ကဲ့ အန်တီ "
တိုတိုနဲ့လိုရင်းပင်ကျွန်တော် ပြန်ဖြေ
လိုက်သည်။
အများကြီးမပြောရဲတာလည်း ပါတာပေါ့။
" အန်တီတို့ဘက်က မင်းကို ဘယ်လိုမှ သဘောမကျ ဘူးဆိုရင်ရော"
"အားနာပေမဲ့ ကျွန်တော် သူ့ဘေးမှာပဲ
ရှိနေမှာပါ"
" မိဘတွေက သဘောတူတူမတူတူ
သားကမင်းဘက်မှာရှိနေတော့
မင်းက လူကြီးတွေကို ဂရုမစိုက်တဲ့
သဘောပေါ့"
အန်တီကလည်း အသံခပ်အေးအေးနဲ့ လိုရင်းကိုပဲပြောတာပင်။
ကျွန်တော် ကိုယ့်စိတ်ကိုယ်ငြိမ်အောင်ကြိုးစားလိုက်ရသည်။
တချိန်ချိန်တော့ ကြုံရမှာပဲလေ။
ကျွန်တော့်ကို မျက်နှာမလွှဲတမ်း ကြည့်
နေသည့် ဘေးကသူကြောင့်ပဲ ကျွန်တော် သတ္တိတွေပိုထည့်လိုက်သည်။
" ကျွန်တော့် အခြေအနေနဲ့
ကိုစစ်ကြောင်းဘက်က လူကြီးတွေသဘောတူလက်ခံဖို့အထိ မမျှော်မှန်း
ထားပါဘူး။ ဒါပေမယ့် အန်တီတို့ကိုတောင်းပန်ပါတယ်လို့ပဲကျွန်တော်
ပြောပါရစေ။သူကျွန်တော့်ကို လိုအပ်
နေသ၍သူ့ဘေးနားမှာကျွန်တော်
ရှိနေမှာပါ"
ခပ်တိုးတိုးနှင့်ပင် အားတင်းပြီးပြောရသည်။
သူကတော့သူ့အမေနဲ့ကျွန်တော့်
ကြားမှာ ကျွန်တော့်ကို စိတ်ပူနေတယ်
ဆိုတာ မျက်နှာမှာအထင်းသား။
အန်တီ့ဘက်ကကြည့်ရင်လည်း သူ့ရဲ့
တစ်ဦးတည်းသောသားလေးကို ဘယ်လိုလုပ်ပြီး ဒီလိုဖြစ်စေချင်ပါ့မလဲ။
မိဘမဲ့ဖြစ်နေသည့်အပြင် အရေးကြီး
ဆုံးက ယောက်ကျားလေးတယောက်။
ဒါပေမယ့်။ တကယ်အားနာပါတယ်
အန်တီ။
ဘယ်သူပဲလာတားတားကျွန်တော်
တို့ကိုခွဲလို့ရမှာမဟုတ်ဘူး။
အန်တီ့သားကို ကျွန်တော်ရအောင်ယူမှာ။
"အမေ ဒါတွေပြောဖို့လာတာဆိုရင်"
" မျက်နှာကိုပြင်လိုက် မင်းစစ်ကြောင်း"
သူ့အမေက သူ့ကို အသံနည်းနည်း
ကျယ်ပြီး အော်လိုက်သည်။
" မင်းသဘောနဲ့မင်းလုပ်ချင်သလို
လုပ်နေပြီပဲ ဒါကမင်းကိစ္စမို့လို့
အမေလည်းဘာမှ များများစားစား
ဝင်မပြောချင်ဘူး။တစ်ခုပဲ"
အန်တီကပြောနေရင်းနဲ့ ကျွန်တော့်ကို
စိုက်ကြည့်လာသည်။
" မင်းလည်းအရွယ်တစ်ခုရောက်နေပြီ။
မင်းတို့ကရေရှည်လက်တွဲကြဖို့
သားဘေးမှာနေဖို့စိတ် ဆုံးဖြတ်ထား
ပြီးပြီဆိုရင်ဘာတွေနဲ့ပဲယှဥ်လာ
သားကမင်းအတွက် ပထမဦးစားပေး
ပဲ ဖြစ်ပါစေ။ အဲ့ဒါကိုပဲ ပြတ်ပြတ်
သားသား အန်တီလိုချင်တယ်"
ကျွန်တော့်ကိုစိုက်ကြည့်နေသည့်
အန်တီ၊။
"ကျန်တာကတော့ မင်းရဲ့အခြေအနေကို စောင့်ကြည့်ပြီးမှ လက်ခံသင့်မခံသင့် စဉ်းစားပေးမယ်"
"အမေ"
ကိုစစ်ကြောင်း မျက်နှာမှာအပြုံးတွေ ဖြတ်
ပြေးသွားသည်။
" အလုပ်နောက်ကျနေပြီမလား
သွားတော့ အမေသူနဲ့စကားဆက်
ပြောလိုက်ဦးမယ်"
" အဲဒါတွေကြောင့်အမေ့ကို ချစ်ရတာ"
ကိုစစ်ကြောင်းကထရပ်လိုက်ပြီးတော့
သူ့ အမေပါးကိုငုံ့ နမ်းလိုက်သည်။
အန်တီကမျက်နှာ တည်နေဆဲဖြစ်ပေ
မယ့် သူ့သားနမ်းတာ ခံလိုက်ရတဲ့အချိန်
သူသဘောမကျတဲ့ကျွန်တော့်ကိုတောင် လက်ခံဖို့စဉ်းစားပေးမယ့်အထိ
ကိုစစ်ကြောင်းကို သူ့မေမေ ဘယ်လောက်ချစ်လဲဆိုတာ မြင်လိုက်ရပါတယ်။
" အမေနဲ့စကားပြောလိုက်ဦး
ကိုယ်ရုံးသွားတော့မယ် "
" သွားတော့မလို့လား"
" အမေ့ကိုသေချာဧည့်ခံထားလိုက်နော် ကိုယ်စိတ်ချမယ်"
သူ့ကိုမသွားနဲ့အုံးလို့ တားချင်ပါ
သော်လည်း
ကျွန်တော့် ခေါင်းကိုတချက်ကိုင်
လိုက်ပြီး ကိုစစ်ကြောင်းက သူ့အမေကို
နှုတ်ဆက်လိုက်သည်။
"ကျွန်တော် သွားပြီအမေ။အမေ့
သားငယ်နဲ့ အေးအေးဆေးဆေး
စကားပြောပြီးမှပြန်နော် အမေ့လက်ထဲ
အပ်ခဲ့လိုက်ပြီ "
သူ့အမေ့ကို နှုတ်ဆက်ပြီးတော့
ကျွန်တော်နဲ့ နှစ်ယောက်ထဲထား
သွားကာကိုစစ်ကြောင်းက ဧည့်ခန်းထဲကနေ
ထွက်သွားသည်။
ကားသံကိုကြားလိုက်ရတဲ့အချိန်
အန်တီနဲ့နှစ်ယောက်ထဲကျန်ခဲ့တဲ့
အခြေအနေမှာ။
" နေမကောင်းဖြစ်နေတယ်ဆို"
အန်တီကကျွန်တော့် ကိုကြည့်နေလျက်
အရင်စကားစပြီးမေးတော့ ကြောက်
နေရတဲ့စိတ်ကို ထိန်းနေရရင်း။
" ကျ ကျွန်တော်သက်သာနေပါပြီအန်တီ"
" ဒီနားကိုလာ'"
"ဗျာ"
" ဒီနားကိုလာထိုင်လို့"
အန်တီ့မျက်နှာကတည်နေတာမျိုးလည်းမဟုတ်ပဲ။ ပုံမှန်ပင်
ကျွန်တော့်ကို စိတ်မရှည်တော့ဘူး
ထင်ပါတယ်။
အန်တီကသူ့အနားကို လာဖို့ခေါ်နေတော့
ထရပ်လိုက်ရပြီး ကိုစစ်ကြောင်းထိုင်သွား
သည့်အန်တီ့အနားကခုံမှာ သွားဝင်ထိုင်
လိုက်ရသည်။
"အဖျားရှိသေးလား ဘာစားထားပြီးပြီလဲ "
" ဆန်ပြုတ်သောက်မလို့လုပ်ထားပါတယ်"
"ဘယ်နှရက်ရှိပြီလဲဖျားနေတာ
ယောက်ျားလေးဖြစ်ပြီး ကိုယ်ခံအားက
ဒီလောက် ပဲရှိလား"
ကျွန်တော့်ကို ဆူတဲ့သဘောမျိုးပဲ
ထင်ပါတယ်။
အန်တီနဲ့နှစ်ယောက်ထဲ အတူတူရှိပြီး
စကားပြောနေရတာဒီလိုအခြေအနေ
မျိုးက ထပ်တူထပ်မျှကြုံဖူးခဲ့ပေမဲ့
လည်း စိတ်ငြိမ်ငြိမ်မထားနိုင်ဖြစ်နေရဆဲ။
" ခုနတုန်းကတွေ့လိုက်တာကညီလေးလား"
"ဟုတ် ဟုတ်ကဲ့"
" အသက်ဘယ်လောက်ရှိသွားပြီလဲ"
"ရှစ်နှစ်ပါ"
အန်တီကကျွန်တော့်ကို ကြည့်နေ
လျက်ပင်။
"ညီလေးကလာလည်ချင်တယ်ဆိုလို့
ခဏလာနေတာ ကျွန်တော်တို့ ဒီညနေလောက် ပြန်မလို့ပါပဲ"
" ဘယ်လိုဖြစ်လို့ ပြန်မဲ့စကားပဲပြော
နေတာလဲ မင်းတို့ကိုဘယ်သူက
နှင်နေလို့လဲ"
အန်တီက တခဏတိတ်ဆိတ်သွားသည်။
အေးစက်နေသည့်လေထုမှာကျွန်တော့်
ဘက်ကလည်း စကားမစရဲ။
"ဒါနဲ့ဆို မင်းနဲ့ ဒုတိယအကြိမ် ပြန်
တွေ့တာပဲအန်တီမင်းကို ဘာလို့
သဘောမကျခဲ့လဲသိလား"
ကျွန်တော်ဘာမှ ပြန်မဖြေရဲ။
" အဲ့ဒီအချိန်တုန်းက မင်းကငယ်
သေးတာတွေ မစဉ်းစားတတ်သေး
တာတွေ လာမပြောနဲ့။မင်းကိုယ်ပိုင်
ဆုံးဖြတ်ချက်နဲ့သားနဲ့ပတ်သက်နေတာတောင်သားအပေါ်မှာ စိတ်ရင်းအမှန်မရှိ
လို့ပဲ"
အန်တီ့ကို မျက်နှာချင်းမဆိုင်ရဲတော့ပဲ
ဘာမှပြန်မပြောရဲပဲ ပို၍ပင် အသံ
တိတ်သွားရသည်။
" မ ပြောချင်ပေမယ့်လည်း ပြောရ
တော့မယ်။မင်းအခြေအနေကိုအန်တီ
စိတ်မဝင်စားဘူး။ အန်တီလိုချင်တာ
အန်တီ့သားအပေါ် စစ်မှန်တဲ့သူ"
"ကျွန်တော့်ကို ဒုတိယအကြိမ်အခွင့်ရေးလေးပေးပါ။ အဲ့ဒီချိန်တုန်းက အန်တီမေးတာကိုကျွန်တော် မဖြေခဲ့မိတာ
အခုကျွန်တော့်ကိုပြောခွင့်ပေးပါ"
ကိုယ့်ကိုယ်ကိုအားတင်းပြီး အလော
တကြီးနှင့်ပင်ပြောလိုက်.မိသည်။
" ငယ်သေးတယ်ဆိုပြီးကျွန်တော့်
ကိုယ်ကျွန်တော် မကာကွယ်ချင်ပါဘူး။
အန်တီပြောတာမှန်ပါတယ်။အဲ့ဒီ
အချိန်တုန်းကသူ့အပေါ် သံယောဇဉ်
ကလွဲပြီးဘာမှမရှိသေးဘူး။ ရှိနေရင်
လည်းကျွန်တော် မသိဘူး"
ဒါကျနော်အမှန်အတိုင်းပဲပြောတာပါ။
"ကျွန်တော့်ကိုပြင်ဆင်နိုင်မဲ့အခွင့်
ရေးလေးတော့ပေးပါ။ စကားနဲ့
မပြောချင်တာမို့လို့ကျွန်တော်
လက်တွေ့ပြပဲပါ့မယ်။ အန်တီပြော
သလိုပဲ ဘာတွေနဲ့ပဲယှဥ်လာ
ကိုစစ်ကြောင်းက ကျွန်တော့်
အတွက်ပထမဦးစားပေးပဲဖြစ်ရမယ်"
အန်တီကကျနော့်ကို ဒီအတိုင်းအကဲခတ်
နေရင်း တစ်ခဏတိတ်ဆိတ်နေသည်။
" သူ့ဘေးမှာမင်းရှိနေတာ သားက
အခုအရမ်းပျော်နေတယ်။ အမေ
ကိုတောင်မဖုံးမကွယ်နိုင်တဲ့အထိပဲ။
သားကမင်းကိုချစ်လို့ မင်းဘာလုပ်
လုပ် သူကတော့နားလည်ပေးမှာပဲ
ဒါပေမယ့်အန်တီကတော့မဟုတ်ဘူး"
အန်တီက မျက်နှာတည်နေလျက်ပင်။
" ပြောထားတဲ့အတိုင်းပဲ မင်းကို
စောင့်ကြည့်ရအုံးမယ်"
" ကျေးဇူးတင်ပါတယ် အန်တီ"
ခေါင်းငုံ့ကာပင် တစ်ကယ်ကိုရင်ထဲ
ကနေကျေးဇူးတင်မိရသည်။
ကိုစစ်ကြောင်းထွက်သွားတာတောင်
ကျွန်တော့်က်ု ဘာမှလွန်လွန်ကြူး
ကြူးမပြောပဲ စောင့်ကြည့်ပေးမယ်
လို့ပြောတာနဲ့တင် စိတ်ထဲကနေပျော်
နေရပါပြီ။
" ဝဏ္ဏမိန်းမ မင်းသူငယ်ချင်း ဆေးရုံတက်နေရတယ်ဆို"
"ဗျာ"
အန်တီ ဆက်ပြောသည့် စကားကို
ရုတ်တရက်ပြန်မဖြေနိုင်။
ရည်မွန်အကြောင်း အန်တီဘယ်လို
လုပ်ပြီး သိသွားတာလဲ။သူပြောပြ
လိုက်တာလား။
ကိုဝဏ္ဏက အန်တီနဲ့လည်း တော်တော်
ခင်တယ်လို့ပြောရမယ်။ကိုစစ်ကြောင်းသူငယ်ချင်းတွေကို အန်တီကသူ့သား
တွေလိုပဲဂရုစိုက်တယ်လေ။
ရည်မွန်နဲ့ ကိုဝဏ္ဏ တို့မင်္ဂလာဆောင်
တုန်းက ကိုစစ်ကြောင်းအမေ
မင်္ဂလာဆောင် လာတက်ခဲ့တယ်။
ကျွန်တော်ကတော့ အန်တီလာတုန်းက
ခန်းမထဲမှာမနေပဲ ရှောင်ပြီးတော့
ဟိုတယ်အပြင်ဘက်မှာသွားနေနေခဲ့တာ။
"ပြောနေတာကြားလား မင်းသူငယ်ချင်းဆေးရုံတက်နေရတာ ဘယ်နှစ်ရက်
ရှိနေပြီလဲ။ ဘယ်လိုဖြစ်လို့ တစ်ခေါက်
လေးတောင် သွားမကြည့်ရတာလဲ"
အန်တီ့အရှေ့မှာကျွန်တော် ပိုပြီးတော့
ငြိမ်သက်သွားမိရသည်။
"ကျ ကျွန်တော် ဒီရက်ပိုင်း အဖျားဝင်
နေလို့မသွားဖြစ်တာ နောက်တစ်နေ့
လောက်သွားကြည့်ဖို့ လုပ်ထားပါတယ်
အန်တီ"
" ဘာကိုနောက်တစ်နေ့လဲ အဲဒါနဲ့ပဲ
မင်း သူငယ်ချင်းက ဆေးရုံကဆင်း
ရတော့မယ် သွားကြည့်ဖြစ်လိုက်မှာ
တောင်မဟုတ်ဘူး"
"ကျ ကျွန်တော်အဖျားသေချာ
မပျောက်သေးလို့အန်တီ အဲဒါလူနာကို
ကူးသွားမှာစိုးလို့"
" ဝဏ္ဏ မိန်းမက မင်းမောင်းတဲ့ကား
ကိုလိုက်စီးရင်း အဲဒီလိုဖြစ်သွားရ
တာလို့ကြားထားတယ်။ အဲဒါကိုတစ်
ခေါက်လေးတောင် သွားမကြည့်ရဲရ
အောင်မင်းမှာအပြစ်လုပ်ထားတာ
ရှိလား"
"ကျ ကျွန်တော်"
ငြိမ်သက်နေသည့်ကျွန်တော့်ကို
အန်တီကအားမရသည့်ပုံနှင့်။
"အပြစ်လုပ်ထားတာမရှိဘူးဆိုရင်
မင်းသွားကိုသွားရဲရမယ်။သားက
မင်းကို အရမ်းအလိုလိုက်နေပြီ။
ဒီအတိုင်းဆို သူငယ်ချင်းတွေကြားမှာ မျက်နှာပျက်စရာတွေဖြစ်ကုန်တော့မယ်"
ကျွန်တော်အားလျော့စွာနှင့်ပင်
ခေါင်းငုံ့မိသွားရသည်။
"အန်တီကတော့ သားလိုမျိုး မင်းကို
ချောမော့နေမှာမဟုတ်ဘူး။
ယောကျာ်းလေးပဲမလား ဖြစ်ပြီးသွား
တာကိုရဲရဲဝံ့ဝံ့ရင်ဆိုင်လိုက်။ကိုယ့်
ကြောင့်ဖြစ်ရတာမဟုတ်တာကို ကိုယ့်အပြစ်ရှိတယ်လို့ပဲ ခံစားမနေနဲ့။
ဒီမှာလာပုန်းနေလို့ မင်းကိုဘယ်သူမှကျေးဇူးတင်နေမှာမဟုတ်ဘူး"
"ကျွန်တော် ပုန်းနေတာမဟုတ်ဘူး"
မခံချင်စိတ်ကြောင့် အန်တီ့ကို ချက်
ချင်းပင် ပြန်ပြောမိသွားသည်။
အန်တီက မျက်နှာတည်နေလျက်ပင်။
"အဲ့တာကိုမင်းသိလား သားကမင်း
လိုမျိုးကိုယ့် တာဝန်ကိုယ်မယူရဲပဲ
ရှောင်ပြေးတတ်တဲ့သူတွေကိုသဘော
မကျဘူး။အန်တီကလည်းထစ်ခနဲရှိ
စိတ်ဓါတ်ပျော့တတ်တဲ့သူတွေဆိုရင်
မကြိုက်ဘူး။ဒီအတိုင်းဆိုမင်းက
သားဘေးနားမှာနေဖို့ သားရဲ့လက်တွဲ
ဖော်ဖြစ်ဖို့အတွက် အများကြီး လိုသေးတယ်"
ကျွန်တော့် မျက်နှာမပြ ဝံ့တော့ပါ။
" ဒါရင်းနှီးနေတဲ့လူတွေဖြစ်နေလို့။
မင်းကမတွေ့ရဲလို့မလာပေမဲ့သူတို့
စိတ်ထဲမှာဘယ်လိုဖြစ်နေမလဲဆိုတာ
စဥ်းစား။ဘာမှမဟုတ်တာလေးနဲ့
အထစ်အငေါ့မဖြစ်စေနဲ့"
"ဟုတ် ဟုတ်ကဲ့"
" အလုပ်မှာပဲဖြစ်ဖြစ် လူမှုရေးပဲ
ဖြစ်ဖြစ်ကိုယ့်စိတ်ခံစားချက်ကိုပဲရှေ့
တန်းမတင်နဲ့။နောက်တစ်ခါဆိုရင်
မင်းကိုရော အလိုလိုက်နေတဲ့သားကို
ပါခေါ်ပြီးတော့ဆူမယ်"
"ဟုတ်ကဲ့။ကျွန်တော် နောက်တစ်ခါ
လုံးဝ မဖြစ်စေရပါဘူး "
ချက်ချင်းပင် ပြတ်ပြတ်သားသားနဲ့
ပြန်ဖြေလိုက်တော့ အန်တီကဘာမှ
ထပ်မပြောတော့ပဲကျွန်တော့်ကို
တစ်ခဏကြာသည်အထိကြည့်နေလျက်။
အန်တီကြည့်နေတော့ ကျွန်တော့်ကို
အကဲခတ်နေတာများလား ထပ်ဆူ
အုံးမလို့လားဆိုပြီးတောင့်တောင့်ကြီး
ဖြစ်နေရပြီး အသက်တောင်ရဲရဲ
မရှုရဲဖြစ်နေရချိန်။
" နေမကောင်းတာ မသက်သာသေးရင်လည်း သည်းခံပြီးတော့သွားလိုက် ယောကျာ်းလေးပဲ ဒီလောက်တော့ခံနိုင်ရည်ရှိရမယ် "
"ကျွန်တော် သက်သာနေပါပြီ"
"မင်းကိုတစ်ရက်အချိန်ပေးမယ်
ဒီနေ့တော့အနားယူပြီး မနက်ဖြန်
ဆေးရုံကိုသွားဖြစ်အောင်သွားလိုက်။
အန်တီ ပြောနေတာကြားလား"
"ဟုတ်ကဲ့"
" အဲဒါဆိုရင် မင်းမနက်ဖြန် ဝဏ္ဏမိန်းမ
ကို သွားကြည့်မယ်လို့ သိထားလိုက်မယ်။ အန်တီပြန်တော့မယ်"
"ဟုတ် ဟုတ်ကဲ့"
အန်တီဆိုဖာပေါ်က ထရပ်လိုက်တဲ့
အချိန် ကျွန်တော်လည်းလိုက်ရပ်ပြီး
တော့ ခေါင်းငုံ့ထားလိုက်မိတော့တယ်။
ဆူသွားတယ်ဆိုပေမဲ့လည်း အန်တီက
ကျွန်တော့်အတွက်ေပြာသွားတာပဲလေ။
အန်တီ့ကိုပြန်ပို့ဖို့ အိမ်ရှေ့လိုက် ထွက်
လာရသော်လည်း ကားဘေးမှာ
ခေါင်းငုံ့ရင်းရပ်နေရလျက်သာ
ကျွန်တော်ဘာမှမပြောရဲ။
ကားမောင်းသမားအစ်ကိုက အန်တီ့ကို
အနောက်ခန်းကကားတံခါး ဖွင့်ပေး
လိုက်ပေမယ့် အန်တီကမဝင်သေးပဲ
ကျွန်တော့်ဘက်ပြန်လှည့်လာသည်။
အန်တီကကားထဲမဝင်သေးပဲကျွန်တော့် အနားကိုပြန်လျှောက်လာသည်။
ကျွန်တော့်ကို ထပ်ပြီးဆူအုံးမည်ဟုထင်လိုက်သော်လည်း။
"လက်ခဏပေး အပူစမ်းကြည့်မယ်"
"ဗျာ"
ကြောင်အနေသည့်ကျွန်တော့်ကို
အန်တီက ပြန်ကြည့်လာတော့
ခပ်မြန်မြန်ပင်လက်ထုတ်ပေးလိုက်ရသည်၊။
ကျွန်တော့် လက်ဖဝါးကို ခပ်တင်း
တင်းကိုင်လာပြီး အန်တီကကိုယ်အပူ
စမ်းနေသည့်အခါမှာတော့ကျွန်တော့်
မနေတတ်တော့။
ကျွန်တော့်ကို သဘော
မကျဘူးလို့ ပြောထားတာလေ။
" ကိုယ်ကနွေးနေတုန်းပဲ ဆန်ပြုတ်စား
ပြီးရင်ဆေးသောက်လိုက်"
"ဟုတ် ဟုတ်ကဲ့"
" လူငယ်က တက်တက်ကြွကြွနဲ့နေမှ
ပေါ့။ဘာဖြစ်လို့ခေါင်းကငုံ့ထားတာလဲ။
အားကိုမရဘူး"
"ဗျာ"
"လူငယ်ဆိုတာကိုယ့်ကိုကိုယ် ယုံကြည်
မှုရှိရှိနဲ့နေရတယ်။ ကိုယ်အပြစ်လုပ်
ထားတာမရှိရင် ဘယ်သူ့ကိုမှကြောက်
စရာမလိုဘူး။ရဲရဲဝံ့ဝံ့နဲ့ခေါင်းမော့ပြီးနေ"
"ဟုတ် ဟုတ်ကဲ့"
ခေါင်းမော့လိုက်ရရင်း အန်တီကဆူနေ
သလိုပင်ပြောပေမဲ့ ဘာဖြစ်လို့လဲမသိ
စိတ်ထဲကနေ ဝမ်းနည်းလာရသည်။
" ဒီလိုပဲ လူရယ်လို့ဖြစ်လာမှတော့ လောကဓံဆိုတာက ပုံစံအမျိုးမျိုးနဲ့
ကိုယ့်ဆီကိုလာမှာပဲ။ဘဝဆိုတာ ကိုယ်
ဖြစ်ချင်တဲ့အတိုင်းပဲအမြဲတမ်းအဆင်
ပြေနေမှာမဟုတ်ဘူး။အဲဒါကိုကိုယ်က ယောကျာ်းလေးပီပီ ကြံ့ကြံ့ခံပြီး
ရင်ဆိုင်ရဲရတယ် "
ကျွန်တော့်ကို အန်တီကဘာလို့
အားပေးစကားတွေ ပြောနေတာလဲ။
"မင်းညီလေးရဲ့အမေနဲ့မင်း အဆင်
မပြေလို့ဒီမှာလာနေနေတာဆို။ ဒါက
မင်းတို့အိမ်ကိစ္စဆိုတော့ အန်တီဘာမှ
မပြောချင်ဘူး။အနားယူပြီးရင်
ကိုယ်လုပ်စရာရှိတာကိုဆက်လုပ်။
အေးဆေးပေါ့။ ယောက်ျားလေးပဲဟာ"
အန်တီကကျွန်တော့် မျက်နှာကိုကြည့်ပြီး အမှန်ပင်အသာပြုံးလိုက်သည်။
ခေါင်းညိတ်လိုက်ရပြီး
"ဟုတ်ကဲ့"နှစ်လုံးကိုသာ ထပ်ခါတ
လဲလဲ ပြန်ဖြေရင်း မနေတတ်ဖြစ်သွား
ရသည်။
အန်တီ အကုန်သိနေတာပဲ။
"မင်းညီလေးကို ဒီအရွယ်ထိရောက်
အောင် ကိုယ့်အားကိုယ်ကိုးပြီး စောင့်
ရှောက်ပေးထားတာနဲ့တင် မင်းက
တော်တဲ့ကောင်လေးဖြစ်နေပြီ"
ကျွန်တော်အခုနားကြားများမှားနေ
တာလား။
ကျွန်တော့်ကို သဘောမကျဘူးဆိုပြီး
အန်တီက အားပေးစကားတွေပြော
နေတယ်။
ကျွန်တော် ဘာမှပြန်မပြောမိတော့
ဒီအ တိုင်းသွားတော့မယ်ထင်သော်
လည်းအန်တီကသူ့လက်ဆွဲအိတ်ကို
ဖွင့်ပြီးအထဲကနေ ပိုက်ဆံတစ်ထုပ်ကို
ယူလိုက်သည်။
အဲ့ပိုက်ဆံထုပ်ထဲကနေအုပ်ရေရီပြီး
ကျွန်တော့်ကို တစ်သောင်းတန်ငါးအုပ်
ကမ်းပေးလာသည်။
" ညီလေးနဲ့ မုန့်ဝယ်စားလိုက် မုန့်ဖိုးပေးတာ"
ကျွန်တော့်ကို ကမ်းပေးလာတဲ့ပိုက်ဆံ
တွေကိုကြည့်ပြီးကျွန်တော် မျက်လုံးပြူးသွားရသည်။
"ဗျာ ကျ ကျွန်တော် အဲ့ဒီလောက်
မလိုပါဘူး အန်တီ"
" မုန့်ဖိုးပေးတာ လူကြီးကပေးနေရင်
ယူလိုက်"
ကျွန်တော်ငြင်းလိုက်တဲ့အချိန် မေမေကမျက်နှာတည်သွားပြီး ထပ်ပြောတာမို့
မရဲတရဲနဲ့ပဲ။
အန်တီ့ဆီက မုန့်ဖိုးကိုယူလိုက်ရတဲ့
အချိန်ကျွန်တော့်ရင်ထဲမှာ ခံစားချက်
တချို့ ပြည့်နှက်သွားရသည်။
"ကျေး ကျေးဇူးတင်ပါတယ်အန်တီ"
" ကိုယ့်ကိုကိုယ်ဂရုစိုက် သားကိုလည်းဂရုစိုက်ပေး။သားကမိဘအိမ်မှာပဲ
ပြန်နေဖို့ဆုံးဖြတ်ထားတာ မင်းကြောင့်
ဒီအိမ်မှာ တစ်ယောက်ထဲလာပြန်နေ
တယ်ဆိုတာကိုမမေ့နဲ့"
"ဟုတ် ဟုတ်ကဲ့"
အန်တီကားပေါ်တက်သွားပြီး ကားက
ခြံထဲကနေထွက်သွားတဲ့အချိန်ထိ
ကျွန်တော် ရပ်နေရာကနေမလှုပ်မိသေး။
ခြံတံခါးတောင်သွားမပိတ်နိုင် အသိ
စိတ်ဝင်လာတော့ ဘောင်းဘီအိတ်ကပ်
ထဲကနေဖုန်းကိုထုတ်ပြီးကိုစစ်ကြောင်းဆီ
ချက်ချင်းပင်ဖုန်းဆက်လိုက်မိသည်။
ဖုန်းခေါ်နေတဲ့အချိန် ရင်တွေကခုန်လို့။
သူအားရဲ့လား။
တစ်ဖက်ကဖုန်းကိုင်လိုက်တာနဲ့ကျွန်တော် ချက်ချင်းပင်။
"ကိုကို မေမေပြန်သွားပြီ။ အခု
ပဲပြန်သွားတာ "
"ဟုတ်လား"
"မေမေကရုတ်တရက်ကြီးဘာလို့
အိမ်ကိုလာတာလဲ။ ကိုကို့ကို လာတွေ့တာလား"
"အင်း အပြင်ထွက်ရင်း ကိုယ့်ဆီ
တစ်ချက် ဝင်လာတာဖြစ်မှာပေါ့။
အမေဘာတွေပြောသွားသေးလဲ။
ဆူသွားသေးလား "
" မေမေဆူတာပဲဟာ ကျွန်တော်ဘာမှ
မဖြစ်ဘူး။ မေမေက မပြန်ခင်
ကျွန်တော့်ကို မုန့်ဖိုးပေးသွားတယ်
ငါးသိန်းတောင် ပေးသွားတယ် သိလား"
အလောတကြီးပြောပြချင်နေတဲ့
ကျွန်တော့် အသံတွေကတုန်ရီလို့။
ဘယ်လောက်ပဲမုန့်ဖိုးပေးတယ်ဆို
ပေမယ့် ဒါကြီးက မများလွန်းဘူးလား။
သူဌေးတွေက မုန့်ဖိုးတစ်ခါပေးရင်
ဒီလိုပဲလား။
" တစ်ကယ်လား ။အဲ့တာဆိုကိုယ့်ကို
မုန့်ပြန်ဝယ်ကျွေး"
" မကျွေးပါဘူး ကျွန်တော့်ကို
ပေးတာ မေမေက။ကျွန်တော့်အတွက်
မုန့်ဖိုးတဲ့"
" အဲဒီလောက်တောင်ပျော်လား"
" ပျော်တာပေါ့ မုန့်ဖိုးရလို့မဟုတ်ဘူး။
မေမေ့ဆီကရလို့ ပိုပြီးတော့ပျော်တာ"
ကျွန်တော့် မျက်နှာမှာအပြုံးတွေ မရပ်
တန့်နိုင်တော့ပဲ မေမေပေးသွားတဲ့
မုန့်ဖိုးကို ကျစ်ကျစ်ပါအောင်ဆုပ်ကိုင်
ထားမိသည်။
" အမေကကိုယ့်ကိုတောင် မုန့်ဖိုးပေး
တာမဟုတ်ဘူး သိလား။ကိုယ်တော့
အားကျသွားပြီ"
" ကိုကိုကပိုက်ဆံ ရှိပြီးသားလေ
မေမေကဘာလို့ မုန့်ဖိုးပေးမှာလဲ။
ကျွန်တော့်ကိုကျ အိမ်ပေါ်ကဆင်း
လာတယ်ဆိုလို့ သနားသွားလို့
ဖြစ်မယ် ။မေမေ့ကိုဘာတွေသွား
ပြောလိုက်တာလဲ"
သူက တစ်ခဏတိတ်ဆိတ်သွားသည်။
"ဝန်း"
"ဗျာ"
" အမေကမင်းကို သနားလို့မုန့်ဖိုး
ပေးတာမဟုတ်ဘူး"
"အဲ့ဒါဆို ဘာလို့လဲ"
"သူ့သားငယ်လိုမျိုး ဂရုစိုက်လို့ပေါ့"
ကျွန်တော် ချက်ချင်း ငြိမ်ကျသွားရသည်။
" အမေက အခုချက်ချင်းတော့
လက်မခံနိုင်သေးပေမယ့် ကိုယ်တို့
အတူတူကြိုးစားကြမယ်လေ။အမေက
ဝန်းကိုမုန့်ဖိုးတောင်ပေးသွားတယ်
ဆိုတော့ ကိုယ်တို့ဘက်ပါလာဖို့က
သေချာနေပြီ။ကိုယ့်ကောင်လေးက
လည်းချစ်ဖို့ကောင်းတာကို အမေ
ဘယ်တောင့်ခံနိုင်ပါ့မလဲ။ကိုယ့်အမေက ကလေးချစ်တတ်တယ် သိလား "
သူ့ စကားအဆုံးကျွန်တော် ပကတိ
ငြိမ်ကျသွားရပြီး ရင်ဘတ်ထဲကနေ
လှိုက်တက်လာရသည်။
"ကျ ကျွန်တော် နောက်မှဖုန်းပြန်ဆက်
လိုက်တော့မယ် ကိုကို ဒါပဲနော်"
သူနဲ့ဘယ်လိုမှ စကားဆက်မပြောနိုင်
တော့တာမို့ ဖုန်းချလိုက်ရပြီး
မေမေပေးသွားတဲ့ မုန့်ဖိုးကိုသာကြည့်ရင်း ။
မေမေက ကျွန်တော့်ကိုဆူသွားပေမယ့် အားပေးစကားတွေလည်း ပြောသွား
တယ်ခင်ဗျားရဲ့။ကျွန်တော် ငိုတောင်ငို
မိတော့မလို့ပဲ။
ကျွန်တော့်အမေ မရှိတော့တဲ့အချိန်ထဲကလစ်ဟာသွားတဲ့ မိဘဆီကနွေးထွေးမှု
မျိုးပြန်ရလိုက်သလိုမျိုး။
တစ်ကယ်ကို အားနာမိပြီးတော့
ကျေးဇူးတင်ရပါတယ် အန်တီ။
"ဆုလာဘ်"
အငယ်လေးက အိမ်ထဲကနေပြေးထွက်
လာပြီးကျွန်တော့် အနားရောက်လာသည်။
" အန်တီကြီးကပြန်သွားပြီလား ဆုလာဘ်"
"အင်း ပြန်သွားပြီ။ အန်တီကြီးက
မုန့်ဖိုးပေးသွားတယ်"
"ဟုတ်လား ပျော်စရာကြီး ဆုလာဘ်
သားကိုမုန့်ဝယ်ကျွေး"
" ဝယ်ကျွေးမှာပေါ့ ဘာစားချင်လဲသာပြော"
"ရေးး"
ပျော်နေတဲ့အငယ်လေးကိုကြည့်ပြီး
ကျွန်တော် ဝမ်းနည်းဝမ်းသာနဲ့ပဲ
အငယ်လေးအရှေ့မှာထိုင်ချပြီး
အငယ်လေးကို ဖက်ထားမိတော့တယ်။
ညီလေးမမြင်အောင် ထွက်လာတဲ့
မျက်ရည်ဝဲချင်လာသည်ကိုသုတ်ပစ်ပြီး
ညီလေးကိုပို၍ဖက်ထားလိုက်ရ
တော့သည်။
-------
" သမီးဘယ်လိုနေလဲ ဝဏ္ဏ"
" အန်တီ့ချွေးမ သက်သာနေပြီ။
နောက်နှစ်ရက်လောက်ဆိုရင် ဆေးရုံက
ဆင်းလို့ရပြီခင်ဗျ"
ဘွားတော်က ကိုယ်တို့ကျောင်းတက်နေ
တုန်းထဲက သူ့သားအကြောင်းမေးချင်ရင်
ဖုန်းလှမ်းဆက်နေကြပဲ။
စစ်ကြောင်းအိမ်ကိုလာပြီး တခါတ
လေလာစစ်ဆေးရင် ကိုယ်တို့ကိုပွား
နေကြမို့ အေးဆေးပါပဲ။အန်တီက
သဘောတော့ကောင်းပါတယ်။
စစ်ကြောင်းသူငယ်ချင်းတွေ အကုန်လုံး
ကို သူ့သားတွေလိုပဲဆက်ဆံတတ်တယ်။
" တော်သေးတာပေါ့ ကိုယ့်မိန်းမကိုယ်ဂရုစိုက်ပေးလိုက်။ သူ့ခမျာအားငယ်
နေမှာ ဘာမှသွားပြောမနေနဲ့အုံး မင်း
ကလည်း အစသန်တာနဲ့"
"ကျွန်တော် ဘာမှမပြောရပါဘူးဗျာ"
"အေး အေး သမီးကသက်သာနေပြီ
ဆေးရုံကဆင်းရတော့မယ်ဆိုတော့
အန်တီလာမကြည့်တော့ဘူး။ အန်တီ
တို့အိမ်က အငယ်ဆုံးကိုပဲလွှတ်လိုက်
တယ် ။ဒီနေ့ဆေးရုံရောက်လာလိမ့်မယ်"
" အန်တီတို့အိမ်ကအငယ်ဆုံး
ဘယ်သူလဲ ခင်ဗျ"
ရုတ်တရက် အန်တီဘာပြောတာလဲ
ဆိုတာ စဥ်းစားမရ။
အန်တီမှာသားဆိုလို့ ကိုယ့်တို့ကောင်စစ်ကြောင်း တစ်ယောက်ပဲရှိတာလေ။
"မင်းသူငယ်ချင်းကတော့ သူ့ညီလေးလို့ပြောတာပဲ"
စိတ်ထဲကထွက်သွားတဲ့စကားလုံးကို
ပါးစပ်ထဲကမထွက်အောင်မနဲပြန်ဘရိတ်အုတ်လိုက်ရသည်။
ဝေါင်း။အမေးဇင်းပါပဲ။
" တကယ်ကြီးလား အန်တီခက်
သဘောတူလက်ခံလိုက်ပြီလား"
"သဘောမတူရသေးဘူး။မင်း
သူငယ်ချင်းကတချိန်လုံး ဖုန်းဆက်ပြီး
အန်တီ့ကို နားပူနားဆာလုပ်နေလို့"
" အန်တီခက်က နားပူနားဆာလုပ်တိုင်း
ပါသွားမဲ့အမျိုးသမီးလားဗျာ။ဘယ်လို
လဲခင်ဗျအန်တီ့သားအရွေးတော်တယ်
မလား။အဲဒါကျွန်တော်တို့အဖွဲ့က
မလည်ရှုပ်လေးနော်။အန်တီ အကြောင်း
သိသွားရင် မချစ်ပဲနေနိုင်မှာ မဟုတ်ဘူး"
"အန်တီဖြင့် မချစ်ပါဘူး စိတ်တိုင်းကို
မကျဘူး"
အန်တီ့လေသံ အသွားအလာကို
နားထောင်ရုံနဲ့သိလိုက်ပြီလေ။
"ကျွန်တော် သိပ်မယုံကြည်နေဘူးနော်
အန်တီ"
တစ်ဖက်ကအန်တီခက်ရဲ့ ရယ်သံကိုကြားလိုက်ရသည်။
" ထားပါတော့အဲ့ဒီမှာ သားညီလေးကို
အန်တီဆေးရုံလွှတ်ထားတယ်။နေသိပ်
မကောင်းတာတောင် မင်းမိန်းမဆေးရုံ
ကဆင်းသွားမှာစိုးလို့လွှတ်လိုက်တာ။
ကောင်လေးကသူ့အိမ်နဲ့လည်းအဆင်
မပြေဖြစ်နေလို့ စိတ်အားငယ်နေတယ်။
ဘာမှမစလိုက်နဲ့ ကြားလား"
စိတ်ထဲကနေပဲထပ်ပြီး double
အမေးဇင်းပါပဲ။
ဘွားတော်ဘာလို့ဖုန်းဆက်လာလဲ
သိလိုက်ပြီလေ။
"အခုထဲက တုန်နေပြီနော်အန်တီက"
တအံ့တသြပြောလိုက်ရသည်ကတော့
ဝဏ္ဏကိုယ်တိုင်။
ကိုယ်တို့မင်းသားကတော့ ကံတွေ
တက်နေပြီ။
အန်တီ့ကိုလည်း စချင်သေးတာမို့။
" အန်တီတို့အိမ်က အငယ်ဆုံးကို
ကျွန်တော် ငိုအောင်လုပ်ပြီးမှပြန်လွှတ်
လိုက်မယ်ဗျာ"
" အဲ့ဒါဆိုရင်တော့ သားကိုထပ်ပြီးလွှတ်လိုက်မယ်။ မင်းသူငယ်ချင်းနဲ့ပဲ
ကြည့်ရှင်းလိုက်"
ဒါတော့တော်ရုံတန်ရုံ အမေးဇင်း
မဟုတ်တော့ဘူး။
" အန်တီကျွန်တော့်ကို ခြိမ်းခြောက်နေ
သလို ခံစားရတယ်နော်"
"မဟုတ်တာကွယ်"
"ဟုတ်ကဲ့ အန်တီတို့အိမ်ကအငယ်ဆုံး
လေးလာရင်ကျွန်တော်သေချာဧည့်ခံ
လိုက်ပါ့မယ်။အန်တီကိုယ်တိုင်ဖုန်းဆက်
ပြီးပြောနေမှတော့ ကျွန်တော်ကြောက်ကြောက်နဲ့ပဲအရှုံးပေးလိုက်ပါပြီ။
ဘာမှစိတ်မပူနဲ့ အန်တီ"
"မင်းက စတတ်လို့လေ။ဘာရယ်မဟုတ်
ပါဘူး အန်တီကစိတ်ပူတာမဟုတ်ဘူး။
သားပြောတာတော့အဲ့ကောင်လေးက
မင်းကိုကြောက်လို့ ဆေးရုံမသွားရဲ
ဘူးတဲ့။မင်းဘာတွေစထားလဲမှမသိ
တာ ။အဲ့ကောင်လေးကို စိတ်တိုင်း
မကျပေမယ့်လည်း မင်းသူငယ်ချင်းက
သူမှသူဖြစ်နေတော့ အန်တီလည်း
မတတ်နိုင်တော့ဘူး။ အဲ့ဒါ သမီး
အခြေအနေလည်း သိချင်တာနဲ့
ဖုန်းဆက်လိုက်တာ"
သူ့ရဲ့သားငယ်လေးလို့ပြောဖို့ပဲ ကျန်
တော့တယ်။ ဒါတောင်စိတ်တိုင်းကမကျသေးဘူးတဲ့ ကိုယ်တို့အန်တီခက်က။
"အန်တီ ဒီနေ့ဖုန်းဆက်တာ မင်းနဲ့အန်တီ
နှစ်ယောက်ပဲသိတယ်နော် ဝဏ္ဏ ကြားလား"
"ဗျာ အန်တီက အဲ့ဒီလိုလားဗျ"
တစ်ဖက်ကအန်တီ့ရယ်သံနဲ့အတူကိုယ်
ပါရယ်လိုက်မိသည်။
"သမီးကိုလည်း အန်တီကမေးတယ်
လို့ပြောပေး ပါဦး၊။သမီးသက်သာလာ
တဲ့အခါကြရင် ခေါ်ပြီးတော့အိမ်ကို
နှစ်ယောက်လုံးတစ်ချက်ဝင်လာခဲ့ကြဦး
မင်းအိမ်ထောင်ကျသွားပြီးထဲက
အန်တီ့ကိုလာမကန်တော့ရသေးဘူးနော်
ဝဏ္ဏ"
"ကျွန်တော်တို့လာကန်တော့ရင် မုန့်ဖိုး
ပေးမလို့လားဗျ"
"ပေးရမှာပေါ့ကွယ် ကိုယ့်သားသမီးတွေပဲ"
"ကျွန်တော်အလုပ်အားတဲ့နေ့လာခဲ့
မယ်နော် အန်တီ။ဟုတ်ကဲ့ ဟုတ်ကဲ့ပါခင်ဗျ"
ဘွားတော်ဖုန်းချသွားတဲ့ အချိန် အံ့သြ
လို့မဆုံး။
စစ်ကြောင်း။ ဒီကောင်သစ္စာဖောက်။
အဲဒါကြောင့်ပြောတာ ကြားသုံးကြား
မဝင်ကောင်းတဲ့။
အမလေး။သားရော အမေရော
တုန်နေကြတာ။အန်တီ စိတ်တိုင်းမကျ
တာကလည်း တစ်မျိုးလေးနော်။
ကိုယ့်မိန်းမဖြစ်တဲ့ကိစ္စကို စနောက်ပြီး
တောင် ဆုလာဘ်ဝန်းကိုအပြစ်ပြောဖို့ စိတ်ကူးမရှိပါဘူးဗျာ။
ကိုယ့်ကောင်တစ်ယောက်ထဲ ပါသွားပြီ
ထင်နေတာ။
အခု ကိုယ်တို့ အန်တီပါပါသွားပြီပဲ။
မလည်ရှုပ်က ကြောက်ဖို့ကောင်းလိုက်တာ။
------------
မြေညီထပ်မှာ ကားရပ်ထားပြီးတော့
ကျွန်တော်ရယ် မေမီနဲ့ချမ်းမြေ့
သုံးယောက်သားအတူတူ ဆေးရုံထဲ
ဝင်လာခဲ့ကြသည်။
" ဆက်ပြောပါဦး ကိုစစ်ကြောင်း
အမေက သူ့သားနဲ့ နင့်ကို သဘောတူ
လိုက်ပြီလားဆုလာဘ် ။တစ်ခြား
ဘာတွေပြောသွားသေးလဲ"
" အဲဒီအကြောင်းတော့ ဘာမှသိပ်
မပြောဘူးစောင့်ကြည့်အုံးမယ်တဲ့။ငါ့ကို
ဆေးရုံကိုသွားဖို့ပဲအဓိကပြောတယ်။
ပြီးတော့ "
" ပြီတော့ဘာဖြစ်လဲ ဆက် ပြော "
ဘေးကနှစ်ယောက်က တော်တော်လေး
ကို သိချင်နေကြသည်။
ကိုစစ်ကြောင်းအမေ အိမ်လာသွားတယ်
လို့ပြောပြလ်ုက်မိတာကစတာပဲ။
ဆေးရုံလာတဲ့ တလမ်းလုံးလည်း
ကားပေါ်မှာမေးလာကြတာအသည်းအသန်။
" ပြီးတော့ငါ့ကို မုန့်ဖိုးပေးသွားတယ်"
"ဘာ"
ကြောင်အနေတဲ့နှစ်ယောက်ကို အသာ
ရယ်ပြလိုက်ရတော့တယ်။
ကျွန်တော်ကြွားသလိုများ ဖြစ်သွားလား။
" အဲ့တာဆို အခြေအနေက တော်တော်ကောင်းနေပြီပဲဆုလာဘ်။ နင့်ယောက္ခမ
ကြီးက မုန့်ဖိုးတောင်ပေးသွားတယ်
ဆိုတော့"
မေမီက ကျွန်တော့်ထက်ပင်ပျော်နေသေးသည်။
"ဟုတ်တယ် မင်းကိုလက်ခံပေးလိုက်တဲ့ သဘောပဲဟ"
သူငယ်ချင်းတွေပြောနေတာကို
နားထောင်နေရင်းနဲ့ အခုဖြစ်နေတာကို
မယုံနိုင်သေး။
ကျွန်တော့်ကို အန်တီသနားနေလို့
လည်း ဖြစ်ချင်ဖြစ်မှာပါ။ကိုစစ်ကြောင်း
ဘာတွေ
ပြောထားလဲမှ မသိတာ။
ရည်မွန်ရဲ့ ဆေးရုံအခန်းရှေ့ရောက်တော့ ကျွန်တော် ခြေလှမ်းတွေရပ်သွားရပြီး ချက်ချင်းမဝင်ရဲ။
" ဆုလာဘ် လာလေ"
မေမီက ကျွန်တော့်လက်ထဲကအထုပ်
ကိုယူပြီး အခန်းတံခါးကိုဖွင့်လိုက်သည်။
"ဆုလာဘ်"
ရည်မွန်ကကျွန်တော့်ကို မြင်မြင်ချင်း
ပင် လှဲနေရာက ထထိုင်လိုက်သည်။
ရည်မွန်လှမ်းခေါ်တော့ ကျွန်တော်
ရည်မွန်အနားအမြန်သွားရပြီး
ကုတင်ဘေးမှာဝင်ထိုင်လိုက်တော့
ရည်မွန်ကပြုံးလျက်ပင်။
" မထနဲ့လေ လှဲနေ"
"ရပါတယ်ဟ ထိုင်လို့ရနေပြီ"
"သက် သက်သာရဲ့လားရည်မွန်"
"အင်းသက်သာတယ် နင်ငါ့ကိုလာ
ကြည့်လို့ နင့်မျက်နာကိုတွေ့ရလို့ ပိုပြီး
တောင်သက်သာသွားပြီ"
ကုတင်ဘေးမှာ ဝင်ထိုင်လိုက်ရင်း
ရည်မွန်ကို ဘာဆက်ပြောရမည်မသိ။
ရည်မွန်က နှစ်နှစ်ခြိုက်ခြိုက်ပြုံးနေ
လျက်ပင်။
" အခုမှပဲရောက်လာတော့တယ်
ဆုလာဘ်ငါနင့်ကို စောင့်နေတာကြာ
လှပြီ။ ဘာတွေဝယ်လာတာလဲ ငါ့
အတွက်လား"
"အင်း နင့်အတွက်"
"အမလေး သူတို့ပဲ ချစ်နေကြတာ
ငါတို့ နှစ်ယောက်က အပိုလူတွေ
ထင်တယ်နော်ချမ်းမြေ့"
"ဟုတ်ပ ပြောမပြောချင်ဘူး"
မေမီနဲ့ချမ်းမြေ့က ပေါ့ပေါ့ပါးပါးဖြစ်
အောင် စနေကြပေမဲ့ ကျွန်တော်မပြုံးနိုင်။
ရည်မွန် မျက်နှာကို ရဲရဲမကြည့်ရဲပဲ
နေရခက်နေသည်။
"ကိုဝဏ္ဏရော ရည်မွန် ။ လူနာကို
အခန်းထဲမှာတစ်ယောက်ထားပြီး
ဘယ်သွားလဲ"
မေမီကမေးလိုက်သည်။
"အောက်ထပ် ခဏဆင်းသွားတယ်။
နင်တို့နဲ့ မဆုံလိုက်ဘူးလား"
"မဆုံဘူး"
" နေမကောင်းဘူးဆိုဆုလာဘ်
အဲ့တာဆိုခဏပဲနေပြီးရင် ပြန်လိုက်
တော့လေ။ ဒီမှာမေမီနဲ့ချမ်းမြေ့ရှိနေ
တယ်သူတို့ပဲစောင့်ခိုင်းလိုက်မယ် "
ရည်မွန်ကကျွန်တော့်ကိုအပြုံးလေးနဲ့ပြောသည်။
ရည်မွန်ကပြုံးနေပေမယ့် ကျွန်တော်
ကတော့ ရည်မွန်ကို မျက်နှာချင်းဆိုင်
မိတာနဲ့ အားနာနေမိသည့်စိတ်က။
"မပြန်ပါဘူး ညနေထိနေမှာ။ ငါ့အတွက်
မပူနဲ့ နင်သာအမြန်နေပြန်ကောင်းလာဖို့ပဲ ဂရုစိုက်"
"ငါအခုတောင် တော်တော်လေး
သက်သာနေပါပြီ နောက်တရက်နှစ်ရက်
ဆို ဆေးရုံကဆင်းရတော့မယ်"
ကျွန်တော် ဘာမှဆက်မပြောမိတော့။
သူငယ်ချင်းနှစ်ယောက် တစ်ယောက်
ကိုတစ်ယောက်ကြည့်ရင်း ကျွန်တော်
ဘယ်ကနေဘယ်လို စပြီးတောင်းပန်
ရမည်မသိ။
" ငါ့မိန်းမကို ဘာတွေကပ်ချွဲနေ
တာလဲဟျောင့်"
အဲ့ဒီချိန်အခန်းတံခါးပွင့်လာပြီး ကိုဝဏ္ဏ
ကဝင်လာသည်။
ကိုဝဏ္ဏကျွန်တော့်ကို ပြောတယ်ဆို
တာသိပေမယ့် ဘာမှပြန်မပြောမိဘူး။
ချမ်းမြေ့ကနေရာ ဖယ်ပေးလိုက်တော့
ကိုဝဏ္ဏက ကုတင်ပေါ်ကရည်မွန်ဘေး
မှာ ဝင်ထိုင်လိုက်သည်။
" လူနာစောင့်တွေက အခုမှပဲရောက်လာတော့တယ်"
" မေမီတို့ရောက်နေပြီဆိုတော့ ကိုဝဏ္ဏ
ပြန်ချင်ရင် ပြန်လိုက်တော့လေ လူလဲ
လိုက်တော့မယ်"
"အေး ပြန်မယ် အေးဆေးပေါ့"
ကိုဝဏ္ဏက မေမီကို ပြန်ပြောလိုက်သည်။
"ဟျောင့် မင်းရောအေးဆေးပဲလား"
"ဗျာ ကျွန်တော်"
သူ့မိန်းမအနားကပ်လျက် ကိုဝဏ္ဏက
ကျွန်တော့်ကို စကားစသည်။
" မနက်တုန်းက အန်တီငါ့ကိုဖုန်းဆက်
သေးတယ်။ အဆင်ပြေနေကြပြီလား
အန်တီခက်နဲ့"
"မဟုတ်ပါဘူး"
" ဘာကိုမဟုတ်ဘူးလဲ မင်းယောက္ခမ
ကြီးမနက်တုန်းကငါ့ကိုဖုန်းဆက်ပြီး
ဘာပြောလည်းသိလား"
"ဘာ ဘာပြောလဲ"
" ပြောပြလို့မရဘူး လျို့ဝှက်ချက်"
ကိုဝဏ္ဏ မျက်နှာကပြုံးစိစိနဲ့တမျိုးပင်။
အန်တီကကိုဝဏ္ဏကို ဖုန်းဆက်ပြီးတော့
ဘာပြောတာလဲ။
ကိုဝဏ္ဏကိုလည်းအန်တီကသူ့သားလို
ပဲသဘောထားတယ်ဆိုတော့
ရည်မွန်သတင်းကိုလှမ်းမေးတာထင်ပါတယ်။
"မျက်နှာကဘယ်လိုဖြစ်နေတာလဲ။
စစ်ကြောင်းတွေ့ရင် ငါကမင်းကို
အော်နေတယ်လို့ ထင်သွားအုံးမယ်။
ဘာမှမဖြစ်နေနဲ့ဟျောင့်"
" ရည်မွန်ကို ကျွန်တော်မောင်းတဲ့
ကားနဲ့ ခေါ်သွားခဲ့မိတာ နှစ်ယောက်လုံး
ကို ကျွန်တော် တောင်းပန်ပါတယ်"
ကုတင်ပေါ်မှာထိုင်နေတဲ့
ရည်မွန်နဲ့ကိုဝဏ္ဏကို မေမေပေးတဲ့
အားအင်တွေနဲ့ ကျွန်တော် တောင်းပန်
လိုက်တဲ့အချိန်မေမီက ကျွန်တော့်
အနားကပ်လာသည်။
ရည်မွန်ကချက်ချင်းပင်။
"မဟုတ်တာဟယ် ဆုလာဘ်နင်ကတော့
လုပ်ပြီ အဲ့ဒီလိုတွေမပြောပါနဲ့ဆို။
ဒီကိစ္စနင်နဲ့ ဘာမှမဆိုင်ဘူးလေ။
မဆိုင်တာတွေ လိုက်တွေးတော့မယ်
။ အဲ့တာကြောင့်ပေါ့ ဖုန်းဆက်လည်း
မကိုင်ဘူး။ ငါကတော့ နင်ဆေးရုံ
မလာလို့မျှော်နေပြီး ငါ့သူငယ်ချင်း
ငါ့ကို တစ်ခါလေးတောင်လာမကြည့်
လို့ စိတ်မကောင်းဖြစ်နေတာ"
" ငါ့မိန်းမ တစ်ထိုင်ထဲ စကားတွေ
အများကြီးပြောလိုက်လားဟ"
"အယ် ဟုတ်တယ်နော် ကိုဝဏ္ဏ အသံ
သွင်းထားမှရမယ် "
သူ့မိန်းမကိုတအံ့တသြ ပြန်ကြည့်နေ
တဲ့ ကိုဝဏ္ဏကို မေမီကထောက်ခံလိုက်သည်။
" ငါ့မိန်းမကိုစကားတွေအများကြီး
ပြောအောင်လုပ်နိုင်တာ ဆုလာဘ် မင်း
တစ်ယောက်ပဲရှိသေးတယ် "
ကိုဝဏ္ဏ ကျွန်တော့်ကို အေးအေးဆေး
ဆေးပဲ ပြောနေပေမဲ့ကျွန်တော်အားနာ
နေမိသည် ။
" ငါတော့ ခေါင်းကျိန်းရတော့မယ်။
သူ့ဟာလေးကို အနိုင်ကျင့်နေပါတယ်
ဆိုပြီး စစ်ကြောင်းငါ့ကို လာသတ်နေ
မှဖြင့်။အမွန် ကိုယ့်ကိုကယ်ပါအုံး"
"အခု ကိုစစ်ကြောင်းတစ်ယောက်
ထဲမဟုတ်တော့ဘူး ကိုစစ်ကြောင်း
မေမေပါ ပါလာပြီ။ အန်တီကအိမ်အထိ
လာပြီး ဆုလာဘ်ကိုမုန့်ဖိုး လာပေး
သွားတာနော် ။ကိုဝဏ္ဏ အသက်
မပျောက်ချင်ရင် စကားပြောဆင်ခြင်တော့"
မေမီကကျွန်တော့် ဘေးကနေပြီးတော့
ကိုဝဏ္ဏကို ရန်တွေ့နေသည်။
"အေး ဟုတ်တယ်ဟ ဆုလာဘ်ဝန်းက
ပါဝါကြီးလိုက်တာ အန်တီပါ ပါလာရင်
တော့တစ်ကယ်ကြောက်တယ် ။ ငါ
မင်းကိုဘာတစ်ခွန်းမှအပြစ်မပြောရ
ဘူးနော် ဟျောင့်"
မေမီ့စကားကို ကိုဝဏ္ဏက ကြောက်နေ
သလိုနဲ့ ပြန်ပြောပြီး ကျွန်တော့်ကိုစနေသည်။
" အဲ့လိုမဟုတ်ပါဘူး"
" ဘာမှဖြစ်မနေနဲ့ဟျောင့် အေးဆေး။
မင်းနဲ့ဘာမှမဆိုင်ဘူး စိတ်မကောင်း
ဖြစ်မနေနဲ့"
ကိုဝဏ္ဏက ခပ်တည်တည်နှင့်ပင်။
" အန်တီခက်က မင်းကိုမုန့်ဖိုးတွေ
ဘာတွေတောင်ပေးနေပြီပေါ့လေ။
ဒါဆိုအဆင်ပြေနေကြပြီပဲ။ မင်း
ပေါက်ကရတွေမလုပ်ပဲ လိမ္မာဖို့ပဲ
လိုတော့တယ်ဟျောင့်"
"ကိုဝဏ္ဏ!!"
ရည်မွန်နဲ့ မေမီက ပြိုင်တူအော်လိုက်
ကြသည့်တိုင် ကိုဝဏ္ဏက အပြုံးမပျက်ဘဲ။
"ငါလေး ရှည်မိပြန်ပြီ"
ကိုဝဏ္ဏက ပြုံးစိစိနှင့်ပင်။
" မင်းတို့အဆင်ပြေဖို့ပဲလိုပါတယ်။
မဟုတ်ရင်မင်းကိုတွေ့ရမြင်ရတာ စိတ်ဆင်းရဲလွန်းလို့။ တကယ်ပဲ။
ပြတ်နိုင်တာလဲမဟုတ်ဘူး"
ကိုစစ်ကြောင်းမရှိတဲ့အချိန်တွေတုန်းက
ကိုဝဏ္ဏ
က ရည်မွန်နဲ့ချိန်းတွေ့ရင်ကျွန်တော်
တို့လည်းပါတတ်တာမို့ ကျွန်တော့်
အကြောင်းအကုန်သိသည်လေ။
"ဒီမှာကြည့်ဟျောင့် ငါပြောပြမယ်။ စစ်ကြောင်းကတက္ကသိုလ်တက် ထဲက
လွတ်လွတ်လပ်လပ်နေချင်လို့သူ့ဘာသာအိမ်ခွဲနေတာ။ သိတဲ့အတိုင်း
ဒီကောင်က သူ့မိဘတွေကိုလည်း
သိပ်မကပ်ဘူး။သူ့အမေကတော့
သားတစ်ယောက်တည်းမွေးထားတာ
ချစ်လိုက်တာမှတုန်လို့။အန်တီက သူ့
တူတွေတူမတွေကိုတောင်မှ သူ့သား
သမီးတွေလိုပဲ ချစ်တတ်တယ်။ သူ့
သားသာဆန္ဒရှိတယ်ဆိုရင် သဘော
ကတူပေးမှာပဲ။အဲဒီတော့ သူ့သားကို
သာချစ်ပြလိုက် ဘွားတော်ကမင်းကို
သေချာပေါက်လက်ခံပေးလိမ့်မယ်။
အန်တီ့ကို ကပ်ပြီးတော့သာချွဲမင်းကို
မချစ်စရာအကြောင်းကိုမရှိဘူး။မင်း
လိမ္မာရင်အကုန်လုံးကမင်းအတွက်ကြီးပဲ"
သေချာ အကျအနကိုထိုင်ပြီး အန်တီ့အကြောင်း ပြောပြနေတဲ့ ကိုဝဏ္ဏပါ။
" သားကလည်းချစ် အမေကလည်း
ချစ် ငါတော့မင်းကိုအားကျလိုက်တာ ဆုလာဘ်"
အနားကချမ်းမြေ့ရဲ့အသံ။
"ဟုတ်ပဟယ် ငါလည်းအားကျတယ်
ကိုကိုတောင် လိုချင်သွားပြီ "
မေမီကလည်းအတူတူပင်။
ရည်မွန် အကြောင်းပြောနေရာကနေ ဘယ်လိုလုပ်ပြီးကျွန်တော့် အကြောင်းရောက်သွားပါလိမ့်။
ကိုဝဏ္ဏကလည်းကျွန်တော့်ကို ခပ်တည်တည်နဲ့အကြံဥာဏ်တောင် လာပေးနေ
လိုက်သေးတယ်။
" နောက်တစ်နေ့တစ်ကယ်ပဲ ဆေးရုံက
ဆင်းလို့ရပြီလား ရည်မွန်"
"အင်းရပြီတဲ့"
ရည်မွန်ကို စကားပြန်စလိုက်ရသည်။
"တော်ပါသေးတယ် "
" မင်းအဲလိုမျက်နှာမကောင်းဖြစ်
နေရင် ငါ့မိန်းမကပိုပြီးဝမ်းနည်း နေမှာ
ပေါ့ဟျောင့်"
ကိုဝဏ္ဏပြောမှ ကျွန်တော် ကိုယ့်ကို
ကိုယ် သတိထားမိလိုက်ပြီး ရည်မွန်
အရှေ့မှာ မျက်နှာကိုပြင်လိုက်ရသည်။
အရိပ်အကဲကို မသိတဲ့ကျွန်တော်ကတော့လေ။
ကိုဝဏ္ဏက ရည်မွန်အနားကပ်ပြီး
ရည်မွန်ပုခုံးကိုလှမ်းဖက်လိုက်သည်။
"ကိုယ်ဝန်ကဒီအတိုင်းဆောင်လို့မရရင်လည်း ရတဲ့နည်းနဲ့ ယူမှာပေါ့။ဆရာဝန်နဲ့တိုင်ပင်ပြီးတစ်ခါတည်း အမွှာပူးသုံး
ယောက်လောက် တန်းထည့်လိုက်မယ်။
နော် မိန်းမ"
" ဘာတွေလျှောက်ပြောနေတာလဲ"
ရည်မွန်က မျက်နှာတွေရဲလာတဲ့အထိပင်။
"ဟုတ်တယ်လေ အမွန်ပဲ "
" သုံးယောက်လုံးကို တစ်ပြိုင်ထဲ
ဘယ်လိုလုပ်ပြီး ထိန်းနိုင်မှာလဲလို့"
" သူငယ်ချင်းတွေ ရှိတာအလကား
လား။ သူငယ်ချင်းတယောက်ကို ကလေးတစ်ယောက်ဆီပေးထားလိုက်မယ်
သူတို့ထိန်းပလေ့စေ။အမွန်နဲ့ ကိုယ်က
အပျို လူပျိုလုပ်မယ်"
"မဟုတ်တာတွေ"
"ကိုဝဏ္ဏနော် ကြိုတင်ပြီးပြောထားမယ်
ကိုယ်တွေကို ကလေးလာထိန်းခိုင်း
ဖို့တော့စိတ်မကူးနဲ့"
မေမီက ချမ်းမြေ့နဲ့ကျွန်တော့် အရှေ့မှာ
ရပ်ပြီး ကာကွယ်ထားသည်။
အခန်းထဲမှာရယ်သံတွေ ပြည့်နှက်
သွားပြီး ရည်မွန်ကတော့ ရှက်ရှက်နဲ့
ကိုဝဏ္ဏကို မကြည့်ရဲဖြစ်နေ
သည်။
ရည်မွန်ကအနေအေးပြီးအရှက်သည်းသလောက် ကိုဝဏ္ဏကစကားများပြီး
အစသန် တဲ့သူ။
ကျွန်တော်လည်း ရည်မွန်နဲ့ကိုဝဏ္ဏတို့
လင်မယားကိုကြည့်ရင်း အားနာသည့်
စိတ်နဲ့ပဲ အဆင်ပြေသွားပါစေလို့
ဆုတောင်းပေးမိသည်။
ရည်မွန်က အသက်ငယ်သေးပေမယ့်
လည်းဒီအတိုင်းဘယ်လိုမှ ကိုယ်ဝန်
မဆောင်နိုင်လို့ ရည်မွန်ကျန်းမာလာတဲ့
အခါ ဖန်ပြွန်လုပ်ကြဖို့သူတို့တိုင်ပင်
နေကြတယ်လေ။
ဘယ်လိုပဲဖြစ်ဖြစ် အဆင်ပြေသွားပါစေ။
----------
" ကဲ ဝယ်ကျွေးမယ့်လူရှိနေတော့
အားနာနာနဲ့ပဲစားပါပြီနော်"
" မှာချင်တာရှိရင် ထပ်မှာပါ
အစ်မမြတ် များများစားနော်"
" အမလေး ငါ့မောင်လေးဝယ်ကျွေးတာ အများကြီးစားမှာစိတ်ချ "
အစ်မမြတ်ကပြုံးနေရင်း ဆက်စား
နေသည်။ကျွန်တော်တို့hot pot&bbq
ဆိုင်တဆိုင်မှာလာထွက်စားတာ
အစ်မမြတ်တို့အတွဲကိုပါလှမ်းခေါ်
လိုက်တာပင်။
" ဒီနေ့ကဘာနေ့မို့လို့လဲ"
ကိုကျော်ထွန်းက စားနေရင်းနဲ့
ကျွန်တော့်ကိုမေးသည်။
" ဘာနေ့မှမဟုတ်ဘူး ဒီအတိုင်းပဲ
ကျနော်တို့မုန့်ထွက်စားတာ အဲ့တာ
မမြတ်ကိုဖုန်းဆက်တော့အပြင်ရောက်
နေတယ်ဆိုလို့ အတူတူဆုံရအောင်
လှမ်းခေါ်လိုက်တာ"
" စစ်ကြောင်းဆီက ငါကြားထားတာ
မင်းရှိနေတုန်း မင်းယောက္ခမကြီး
အိမ်လာသွားတယ်ဆို။အန်တီကို
တစ်ခါထဲဘယ်လိုချုပ်လိုက်လဲပြော"
" ဘယ်လိုမှချုပ်စရာမလိုဘူး မေမေက
ကျွန်တော့်ကိုအစထဲကချစ်ပြီးသား"
ကိုစစ်ကြောင်းကိုကြည့်လိုက်ပြီး ပြုံးကာပြောလိုက်တဲ့အချိန်ကိုကျော်ထွန်းက။
"မေမေ တွေဘာတွေတောင်ဖြစ်
ကုန်ပြီလားဟ မြန်လှချည်လား "
" အမေနဲ့စကားတွေပြောပြီးတော့
အမေ မုန့်ဖိုးပေးလိုက်တယ်လေ
အဲ့ဒါကြောင့်ငါတို့ကိုမုန့်ပြန်ဝယ်ကျွေးတာ "
ဘေးကသူက ဝင်ပြောပြတော့ ။
"အော် အဲ့တာကြောင့်မင်းကငါတို့ကို
ယောက္ခမကြီးဆီက မုန့်ဖိုးရလာတာ
ကြွားချင်လို့ ဝယ်ကျွေးတာကို"
" အဲ့ဒီလိုများဖြစ်သွားလား"
ကိုကျော်ထွန်းစကားကိုကျွန်တော်
ခပ်တည်တည်နဲ့ပဲ မငြင်းချင်တော့။
တစ်ကယ်လည်းပျော်လွန်းလို့
သူငယ်ချင်းတွေကို ကြွားချင်နေတာလေ။ ရည်မွန်အပြင်ထွက်လို့ရတဲ့အခါကျရင်
ကျွန်တော့်သူငယ်ချင်းတွေကိုလည်း မုန့်လိုက်ကျွေးအုံးမှာ။
" ဒါမျိုးဆိုအစ်မတို့က ကျေကျေနပ်
နပ်ကြီး အကြွားခံတယ်နော်ကလေး။
နောက်လည်းမေမေ့ဆီကမုန့်ဖိုးများများ
ရပြီး အစ်မတို့ကိုများများပြန်ဝယ်ကျွေး
နိုင်ပါစေ"
အစ်မမြတ်က ရယ်ပြီးပြောတော့
ကျွန်တော့် နှုတ်ခမ်းမှာလဲ အပြုံး
တွေရပ်မရတော့ပါ။
တော်တော်လေးပျော်နေသည်လေ။
" သားက ဘယ်နှစ်တန်းရောက်သွားပြီလဲ"
အစ်မမြတ်ကကျွန်တော့် ဘေးမှာ
ထိုင်နေတဲ့ အငယ်လေးပန်းကန်ထဲကို
အကင်တစ်ခု ထည့်ပေးပြီး
မေးလေသည်။
" အစ်မ မေးနေတာဖြေလိုက်လေ
အငယ်လေး"
"သုံးတန်းပါ ခင်ဗျ"
အငယ်လေးပန်းကန်ထဲထည့်ပေးရင်းနဲ့ အစ်မ မြတ်ကကျွန်တော့်ကိုပြန်ကြည့်ပြီး
" သူ့အကိုနဲ့တူတို့လားမသိဘူး
ချစ်စရာလေးပဲကလေးက"
" ကျွန်တော်က ကလေးမဟုတ်ဘူး။
အတန်းထဲမှာလည်း အတန်းခေါင်းဆောင်"
အမမြတ်က ခဏကြောင်သွားလျက်
" အော် အဲဒီလိုလား ဆောရီးပါရှင်
အစ်မကမသိလို့ပါ "
"ရပါတယ် ခင်ဗျ ကိစ္စမရှိပါဘူး "
အငယ်လေးကအစ်မမြတ်ကို ခပ်
တည်တည် ပြန်ပြောရင်း ဆက်စား
နေသည်။
လူကောင်သေးသေးလေးက
လူကြီးစကားတွေပြောပြန်ပြီ။
အမမြတ်က အငယ်လေးမမြင်အောင်
ကြိတ်ရယ်လျက် ကျွန်တော်ကမမြတ်ကို အားနာသည့် အမူအရာပြတော့ မမြတ်ကလည်း ရယ်လျက်သာကျွန်တော့်ကို
လက်ပြန်ပြသည်။
ဒီကောင်လေးကတော့ ကျွန်တော်နဲ့
မတူပဲနဲ့စကားတတ်တယ်လို့ပြောရမည်၊။
" သူ့အစ်ကိုကိုပဲချွဲတာ ကျန်တဲ့သူတွေ
နဲ့ဆိုရင် ဆရာကြီးပဲ။ ကလေးမဟုတ်ဘူး ပြောလိုက် အငယ်လေး"
ကိုစစ်ကြောင်းကရယ်လျက်ပင် အငယ်လေး
ကိုလှမ်းကာပြောတော့ အငယ်လေးက တက်တက်ကြွကြွနဲ့
" ဟုတ်တယ် ကိုကြီးစစ်ကြောင်း"
လူကြီးပုံစံဖမ်းနေသည့် အငယ်လေးကိုအကုန်လုံးက ရယ်နေကြသည်။
" ဒါမင်းရဲ့ ယောက်ဖလောင်းလေးပေါ့
စစ်ကြောင်း"
ကိုကျော်ထွန်းကအငယ် လေးကို
ကြည့်ပြီးပြောချိန်အစ်မမြတ်က
ကိုကျော်ထွန်းပုခုံးကို လှမ်းပုတ်
လိုက်သည်။
"ဘာလဲ မသိသေးဘူးလား။အော်
ဆောရီး"
အစ်မမြတ် အရိပ်အခြေပြမှ
ကိုကျော်ထွန်းက နားလည်သွားသည်။
"အသက် ဘယ်လောက်ကွာတာလဲ
ဆုလာဘ်ဝန်း မင်းနဲ့မင်းညီက"
"ဆယ့်သုံးနှစ်လောက်"
"အော် တော်တော်ကွာတာပဲ"
ကိုကျော်ထွန်းကကျွန်တော့်ဘေးက
အငယ်လေးကို ကြည့်လျက်ပင်။
အငယ်လေးကတော့ ကလေးပီပီ
သူ့ရှေ့စားစရာတွေများနေလို့ လူကြီး
တွေပြောနေတာကိုစိတ်မဝင်စားအား။
ရတယ်။အငယ်လေးကသူ့ဘာသာသူ
စားတတ်တယ်။
ကိုစစ်ကြောင်းလည်း စားနေပီမို့ ရေ
ဘူးကိုအဖုံးဖွင့်ပြီး ကိုကို့အတွက်ဖန်ခွက်ထဲ
ကို ရေတစ်ခွက် အရင်ထည့်ပေး
လိုက်ရတယ်။
သူကအစပ် သိပ်မကြိုက်ဘူးလေ။
ပန်းကန်လုံးထဲကို ဟင်းရည်နဲ့အစာ
ပလာတွေအကုန်ထည့်ပြီး သူ့ရှေ့ချ
ပေးလိုက်တယ်။အကင်တွေလည်း
စောင့်ရင်းပေါ့။
ကိုစစ်ကြောင်းပန်းကန်ထဲကို ကျက်သွားတဲ့အသားကင်တွေရွေးထည့်ပေးပြီး
ပုစွန်ပါအခွံခွာပေးရသည်။သူက
စိတ်မရှည်လို့မဟုတ်ရင်မစားဘူးလေ။
"ပူတယ်နော် ဟင်းရည်ကစပ်သွားလား"
"အင်း"
"အချိုပဲမှာလိုက်ရင်ကောင်းသား"
သူ့ပန်းကန်ထဲ ထပ်ထည့်ပေးဖို့
ဒီဘက်ပြန်လှည့်လိုက်တော့ အစ်
မမြတ်က တူကိုင်ရင်းတန်းလန်းနဲ့
လက်ကလေထဲမှာရပ်နေပြီးကျွန်
တော့်ကို ကြည့်နေသည်။
ကိုကျော်ထွန်းကလည်း ပါးစပ်ကြီး
ဟလို့။
"မြတ် ကိုယ့်ပန်းကန်ထဲလည်း
ထည့်ပေးပါလား။အကင်လေးကင်ကျွေး"
" ကိုယ့်ဘာသာကင်စားပါလား
လက်မပါဘူးလား"
မမြတ်နဲ့ ကိုကျော်ထွန်းကျွန်တော့်ကို
စနေပြီဆိုတာသိလိုက်တော့ မျက်နှာ
တွေပူမိသွားရသည်။
" ငါ့ညီလေးကမှ တစ်ကယ်မိုက်တာ။
ကျန် ဘယ်သူ့မှဂရုမစိုက်ဘူး သူ့
ဘာသာသူစားတယ်။ထည့်ပေးမဲ့သူလဲ
မလိုဘူး"
"မင်းပါးစပ်ပိတ်ထား"
အငယ်လေးကိုပြောသလိုနဲ့စောင်း
ပြောနေသည့်ကိုကျော်ထွန်းကို သူခပ်တည်တည်နှင့်ပင်ပြောလိုက်သည်။ကျွန်တော်ကလည်းမေ့သွားတာ။ဘာစား
စား သူ့ကိုပြင်ဆင်ပေးနေကြမို့
ကိုကျော်ထွန်းတို့ရှိနေတာမေ့သွားတာ"
" စစ်ကြောင်း မင်းကအဲ့ဒီလိုလားကွာ"
ကိုကျော်ထွန်းက ပြုံးစိစိနဲ့ပင်။
ကျွန်တော်လည်း မျက်နှာကပူလာ
တာမို့ကျွန်တော့်ရှေ့မှာ ရှိနေတာကို
သာစွတ်စားနေမိတော့တယ်။
အငယ်လေးက စားနေရင်းနဲ့ကျနော့်
နားကပ်လာပြီး နှစ်ယောက်ထဲကြားရုံ
အသံနဲ့။
"ဘာလဲ toiletသွားချင်တာလား"
"အင်း ဆုလာဘ်မလိုက်နဲ့ ဘယ်နားမှာလဲ သားဘာသာသွားမယ် "
အမမြတ်နဲ့ ကိုကျော်ထွန်းမကြားအောင်
တိုးတိုးလေးပြောနေသည့် အငယ်လေး
ကိုရယ်ချင်စိတ်ထိန်းထားရရင်း။
သူ့ကိုကလေးဆိုပြီးစမှာဆိုးလို့
တစ်ယောက်တည်းသွားချင်နေတာ။
"အစ်မ ဒီမှာ ကျွန်တော့် ညီလေးကိုtoiletတစ်ချက်လောက် လိုက်ပြ
ပေးလို့ရမလား"
"ရပါတယ် လာမောင်လေး"
" အဲ့တာကျွန်တော်တို့ရဲ့ လူကြီး
လူကောင်းလေးနော် သေချာလေး
ခေါ်သွားပေး"
ကိုကျော်ထွန်းက ဝန်ထမ်းအစ်မကို
မှာရင်းလှမ်းစတော့ အငယ်လေးက
တန်းပြီးပြေးသွားတော့သည်။
အမမြတ်ကလည်း ရယ်နေလျက်။
" အတတ်လေးနော် ညီလေးက"
"ဟုတ်တယ်အစ်မ စကားအရမ်းတတ်တယ်"
အငယ်လေးသွားလိုက်တော့ ကို
ကျော်ထွန်းကကျွန်တော်တို့ဘက်
ပြန်လှည့်လာသည်။
" မင်းတို့က အတူတူမနေကြသေး
တော့ ချစ်ကြည်နူးနေကြပြီး အေး
ဆေးပဲပေါ့။ငါမိန်းမကတော့ ငါ့
မျက်နှာနေ့တိုင်းမြင်နေရလို့လား
မသိဘူး အရင်ကလိုဂရုစိုက်မှုတွေ
မရှိတော့ဘူး"
"ဟယ် အမြင်ကတ်တာ"
အမမြတ်က အပိုတွေပြောနေသည့်
ပုံစံနဲ့ ဘေးကကိုကျော်ထွန်းကို
မျက်စောင်းအသာထိုးလိုက်သည်။
"အတူတူနေရင် ကိုကိုနဲ့ဒီထက်တောင်
ပိုပြီးတော့ချစ်ကြအုံးမှာ နော် ကလေး
ပြောလိုက်"
"အော် သူများအတွဲကျတော့ ဒီထက်
ပိုချစ်အုံးမှာ။ကိုယ့်ယောကျာ်းကျတော့
မျက်နှာမြင်တာနဲ့ စကားများဖို့ပဲ။
ကိုယ့်ယောကျာ်းလည်းကိုယ် နည်း
နည်းပါးပါး ဂရုစိုက်ပါအုံး"
"ဘယ်လိုဖြစ်နေတာလဲ အရှက်
မရှိဘူးလား"
"အစထဲက အမေပေးစားတဲ့သူကို
ယူခဲ့ရမှာကွာ"
"ယူလိုက်ပေါ့အဲ့လောက်ဂရုစိုက်ခံချင်
ရင် ရှင့်အမေပေးစားတဲ့ညီမလေး
နဲ့မယူပဲ ဘာလို့ မြတ်နဲ့လာယူလဲ"
ကိုကျော်ထွန်းက အစ်မမြတ်ကို
စရင်းနဲ့စကား လွန်ကုန်ပြီထင်တယ်။
"ဘယ်ကညီမလေးလဲမမြတ်"
" အစ်မနဲ့မတွေ့ခင်ထဲက သူ့အမေ
သဘောတူထားတဲ့ မိဘချင်းရင်းနှီးတဲ့ကောင်မလေးလေ။အဲ့ကောင်မလေး
ကိုသူ့အမေကချစ်နေရော။အစ်မကို
ပြောတာတော့ဒီအတိုင်း ခင်တဲ့
ညီမလေးတဲ့ ။ညီမလေးလား ရည်းစားဟောင်းလားဆိုတာ တော့သူပဲသိမှာပေါ့"
"မယုံနဲ့နော်အစ်မ။ကိုကျော်ထွန်းမှာ ရည်းစားဟောင်း ကောင်မလေးတွေ
ရှိတယ်ဆိုတာကျွန်တော်သတင်းရထားတယ်။ကိုကျော်ထွန်းက မလွယ်ဘူး"
ကိုကျော်ထွန်းကိုဒုက္ခရောက်စေချင်၍
မမြတ်ကို အလောတကြီးနှင့်ပင်
ပြောလိုက်သည်။
ကျွန်တော်ပဲ အစမခံနိုင်ပါဘူး။
"အမယ် မင်းကငါ့ကိုပြောရတယ်
ရှိသေး။ငါ့မှာပဲ ရည်းစားဟောင်းရှိ
တာလား။မင်းကိုကိုမှာရော ။မင်းကိုကို
ကငါ့ထက်တောင် ဆရာကျသေးတယ်။
ငါမလွယ်ဘူးဆိုတာ မင်းကိုကို
အိပ်နေသလောက်ပဲရှိတယ် သိလား"
ကိုကျော်ထွန်းစကားအဆုံး ကျွန်တော်
တို့ စကားဝိုင်းထဲလုံးဝဝင်မပါပဲတိတ်
ဆိတ်နေသည့်
ကိုစစ်ကြောင်းကသောက်လက်စ
အအေးသီးမလိုတောင် ဖြစ်သွားသည်။
ကိုကျော်ထွန်းကို သူခပ်တည်တည်
ကြည့်လိုက်ချိန်ကျွန်တော် စ်ိတ်ထဲမှာ
သိပ်မသကာ်တော့။
" မင်းကိုကိုကို မေးကြည့်လိုက်ပါအုံး
ရည်းစားဟောင်း ဘယ်နှစ်ယောက်
လောက်ရှိလဲလို့"
"မေးစရာလား စိတ်မဝင်စားဘူး "
"အယ် စိတ်မဝင်စားတာဟုတ်ရဲ့
လား။မင်းကိုကိုက ဆရာကြီးနော်။
ကျောင်းတက်တုန်းက မင်းလဲသိမှာ
ပါ ရုပ်ရှိရေလျှံဆိုတော့ စော်အလန်း
လေးတွေနဲ့ပဲတွဲခဲ့တာ။ပြီးတော့
မင်းကိုကိုက ချုပ်တတ်တယ်လေ"
" မင်းတော်တော် အားနေလား။
အားနေရင် ပါးစပ်ပိတ်ပြီးစား"
ကိုကျော်ထွန်းကို သူပိတ်ပြော
လိုက်ပြီး ကျွန်တော့်ကိုကြည့်လာတော့
မျက်နှာလွှဲပြီး အရှေ့မှာရှိနေတဲ့ရေခွက်
ကိုယူပြီးသောက်ချလိုက်ရသည်။
စိတ်ထဲမှာတော့ ဘယ်လိုမှနေလို့
မရတော့။
သူကောင်မလေးတွေရှိခဲ့တာ ကျွန်တော်
သိတော့သိပါတယ်။သူ့ရည်စားဟောင်း
က ဘယ်နှစ်ယောက်လောက်ရှိမလဲ။ တကယ်ချော့ပေ့လှပေ့ ကောင်မလေး
တွေကိုမှတွဲခဲ့မှာပဲ။
မနန်းမူယာကတော့ ကျွန်တော်နဲ့မ
တွေ့ခင် သူတွဲခဲ့တဲ့နောက်ဆုံးတစ်
ယောက်ပဲ။တက္ကသိုလ်မှာလည်းသူက
အရွေးမခံလို့သာ kingမဟုတ်
သာ နမယ်ကကြီးလွန်းလို့။အဲ့ဒီရုပ်သန့်
သန့်နဲ့ ကောင်မလေးတွေကိုချုပ်ခဲ့မှာပေါ့။
" ကလေးနဲ့မတွေ့ခင်တုန်းက ဘာမှ
မဟုတ်တဲ့ကိစ္စလေးတွေကို စိတ်မဆိုး
ရဘူးနော်"
ကျွန်တော်တို့ နှစ်ယောက်ကိုစားပွဲပေါ်မှာလက်ထောက်ပြီးပြုံးပြုံးကြီးနဲ့ အကျ
အနကြည့်နေတဲ့အမမြတ်ကသူ့အစား ရှေ့နေလိုက်ပေးနေသည်။
"သဘောကျလိုက်တာ။ကိုစစ်ကလေ
ကလေးနဲ့မှ တကယ်ကြီးအတည်ကြီး
ဖြစ်သွားတာပဲ။ ကောင်မလေး
တွေနဲ့ပဲတွဲခဲ့တဲ့သူက တစ်ကယ် ကလေး
နဲ့ကျမှမရုန်းနိုင်ဖြစ်သွားတာ။ဘေးက
နေ မြင်ရတဲ့သူတောင် အရမ်းသဘော
ကျတယ်။ဖူးစာလို့ပဲပြောရမှာပေါ့"
အစ်မမြတ်ကကျွန်တော် တို့ကို
ကြည့်ပြီး ပြုံးပြုံးကြီးနဲ့ပင်။
မမြတ်လည်း မေမီပြတဲ့ကားတွေ
ကြည့်ပြီး မေမီဆီကဓာတ်တွေကူးသွား
တာလားတော့မသိ။
"အယ် ငါ့မောင်လေး ရေတစ်ဘူးလုံးသောက်ချတော့မလို့လား"
ကျွန်တော် ရေထပ်သောက်နေတော့
မမြတ်က ပြုံးစိစိနဲ့ လှမ်းတားသည်။
" ငါတို့ကိုဝယ်ကျွေးမယ်ဆိုပြီး စိတ်ဆိုး
နေတာနဲ့ပဲ ဒီအတိုင်းတော့မထားသွား
နဲ့နော် ယောက္ခမကြီးဆီကမုန့်ဖိုးရထားတဲ့
သူဌေး။ဒီဝိုင်းကိုရှင်းသွားအုံး"
"မသွားပါဘူး"
ကျွန်တော့်ကို စနေသည့်
ကိုကျော်ထွန်းကိုပြန်ပြောလိုက်သည်။
"အေးလေ ဒါလေးနဲ့များစိတ်ဆိုး
စရာလားလို့ပြောလိုက် ကလေး။
အစ်မမောင်လေးက နားလည်မှု
ရှိပြီးသား"
ကိုစစ်ကြောင်းက ကျွန်တော့်မျက်နှာ
ကိုတစ်ကြည့်ကြည့်နဲ့ပင်။
ဆက်မစားတော့ပဲနဲ့ ဒီတစ်ခါ
တော့ကျွန်တော့်ပန်းကန်ထဲကို
ထည့်ပေးလာကသူ။သူ့ကိုမကျေမနပ်
နဲ့ပြန်ကြည့်လိုက်မိရင်း မျက်နှာ
အနည်းငယ်ဆူပုတ်လိုက်မိသည်။
ရင်တွေပြည့်နေလို့ မစား
ချင်တော့။
စိတ်တော့မဆိုးပါဘူး။ဒါပေမဲ့...။
------------
" ဆုလာဘ် သားအိပ်ငိုက်နေပြီ"
ကားနောက်ခန်းမှာထိုင်နေတဲ့ အငယ်
လေးကိုတောင် ပြန်မလှည့်ကြည့်မိ
တော့ပဲ။
"အင်း အနောက်မှာအိပ်ရင်းလိုက်လာခဲ့
အိမ်ရောက်ရင်နှိုးလိုက်မယ်"
ကားအပြင်ဘက်ကိုသာမျက်နှာလှည့်
ထားရင်း ဘေးကသူကိုလည်း ဆိုင်ထဲ
ကထွက်လာထဲက စကားမပြောမိ။
သူကကားမောင်းမထွက်သေးပဲ။
"ဒီဘက်လှည့်အုံးလေ"
ကျွန်တော့် လက်တစ်ဖက်ကို သူလာ
ဆွဲတော့အသာရုန်းလိုက်မိသည်။
သူကကားနောက်ခန်းကို တချက်ပြန်
ကြည့်ပြီးကျွန်တော့် မျက်နှာ အနားတိုး
ကပ်လာလျက်။
"ဝန်း"
" ကျွန်တော်လည်း အိပ်ငိုက်နေပြီ
အိမ်မြန်မြန်ပြန်ပို့ပေးတော့"
" အဲဒါဆို ဒီဘက်လှည့် ကိုယ့်ကို
ကြည့်အုံး "
"မကြည့်ဘူး"
" စိတ်ကောက်နေတာလား"
ကျွန်တော့် ပါးတစ်ဖက်ကို သူဖြစ်ညှစ်
နေတော့ မျက်နှာဆူပုတ်ကာကြည့်ပြီး
ဖယ်လိုက်မိသည်။။
"အိမ်မြန်မြန်ပြန်ပို့ပေးပါတော့ဆို
ကျွန်တော်နားချင်နေပြီ"
ကျွန်တော့်ဆံပင် တွေကိုဆွဲဖွသွားပြီးမှ
အနားကခွာသွားကာ သူကကားစက်နှိုး လိုက်သည်။
--------------
အိမ်ရှေ့ရောက်ရောက်ချင်းပင် ကား
နောက်ခန်းမှာအိပ်ပျော်နေတဲ့ အငယ်
လေးကို နှိုးပြီးတော့ကားပေါ်က
ဆင်းခိုင်းရသည်။
အငယ်လေးကိုအိမ်ထဲအရင်ဝင်ခိုင်း
လိုက်တော့ ကိုစစ်ကြောင်းကိုနှုတ်
ဆက်ပြီး အ ငယ်လေးကခြံတံခါး
ဖွင့်ကာ အထဲဝင်သွားသည်။
ကျွန်တော် အိမ်ပြန်လာတာ နှစ်ရက်
လောက်ရှိနေပြီလေ။ အန်တီဆွေက
ပြန်ရောက်ထဲကကျွန်တော့်ကို အိမ်
စရိတ်တွေတင်ပြပြီးတခြားဘာမှ
ထပ်မပြောတော့။ကျွန်တော် တကယ်
မဆင်းလောက်ဘူးလို့ သူထင်နေလို့
လည်းဖြစ်မယ်။
ဘယ်တတ်နိုင်ပါ့မလဲ။ကျွန်တော့်
ကိုပဲအားကိုပြီးတော့နေနေရတဲ့ကျွန်
တော့်ညီလေးကိုထားသွားဖို့ဆိုတာ။
" အိမ်မှာပြန်လာနေတာ အဆင်ပြေရဲ့လား"
" ဘာလို့မပြေရမှာလဲ ကျွန်တော့်အိမ်
ကျွန်တော် ပြန်လာတာပဲဟာ အေးဆေး"
"အင်း ကိုယ်လုပ်စရာရှိတာ တာဝန်ကျေအောင်လုပ်ပေးလိုက် မကောင်းတာတွေ
လာပြောရင်နားမထောင်နဲ့။ စိတ်ညစ်
စရာရှိတာနဲ့ ကိုယ့်ကိုပြော"
"အွန်း"
သူ့ကိုပြောနေပေမယ့် စိတ်ထဲကနေမပါ။
အိမ်ပြန်လာတာအဆင်ပြေတယ် သူနဲ့
ခွဲရမှာက လုံးဝအဆင်မပြေတာ။
" စိတ်ကောက်နေတုန်းပဲလား"
ကျွန်တော် မျက်နှာမကောင်းတာကို
သူဘယ်လိုထင်သွားလဲမသိ။
"မကောက်ပါဘူး ကျွန်တော်ကဘာလို့"
" အဲ့ဒါဆိုဘာလို့ မျက်နှာမကောင်းတာလဲ"
ကျွန်တော် တကယ်ထွက်ပြေးချင်
လာသည်။
ခြံရှေ့မှာတွေဘာတွေ ဂရုမစိုက်နိုင်
တော့ပဲ သူ့ရင်ခွင်ထဲတိုးဝင်လိုက်တော့
သူကကျနော့်ကို ပြန်ဖက်ထားပေးပြီး
ခေါင်းကိုငုံ့နမ်းလိုက်သည်။
" ခင်များမှာ ကောင်မလေးတွေရှိခဲ့တာ
ကျွန်တော် သိပြီးသားပဲဟာ။
ဒီဟာလေးနဲ့ ခင်များကိုဘယ်လိုလုပ်ပြီး ကျွန်တော်က စိတ်ကောက်နိုင်မှာလဲ။ စိတ်ကောက်တာမဟုတ်ဘူး
" အဲ့တာဆို ဘာဖြစ်တာလဲ"
မကျေမနပ်နှင့်ပင် အနည်းငယ်မျက်နှာ
ဆူပုတ်မိပြီး သူ့ရင်ခွင်ထဲကနေထွက်
လိုက်သည်။
"ခင်ဗျားက မိန်းကလေးတွေအပေါ်
မှာညှာတတ်တာ ကျွန်တော်သိတယ်
လေ ။မနန်းမူယာနဲ့တွဲတုန်းကလည်း
ဂရုစိုက်ပေးခဲ့တာပဲ ပြတ်သွားတော့
လည်းခင်ဗျားကို မကောင်းပြောတာ
တောင် ဘာမှပြန်မတုန့်ပြန်ခဲ့ဘူး။
အဲ့တာကြောင့် ကျွန်တော် တစ်ယောက်
ထဲမဟုတ်ဘဲနဲ့ ကိုကိုနဲ့တွဲခဲ့တဲ့
ကောင်မလေးတွေအပေါ်မှာလည်း
ဂရုစိုက်ပေးမှာပဲ ကောင်းပေးခဲ့မှာပဲ
ဆိုတာစဥ်းစားမိပြီးတော့"
" စဥ်းစားမိပြီးတော့ဘာဖြစ်လဲ"
သူကကျွန်တော့်ကိုရင်ခွင်ထဲမှာဖက်ထားလျက်ပင်။
သူ့ကို မော့ကြည့်ပြီးတော့ မျက်နှာငယ်
မိသွားရသည်။
" ကျွန်တော်မဟုတ်တဲ့တစ်ခြား
ကိုကို့ရည်းစားဟောင်း ကောင်မလေး
တွေကလည်းကိုကို ဂရုစိုက်ပေးတာ
ခံခဲ့ရမှာပဲ ဆိုတာတွေးမိပြီးတော့
စိတ်မကောင်းဖြစ်သွားတာ"
ကျွန်တော့်ကိုငုံ့မိုးနေလျက်ပင်
စူးစိုက်ကာကြည့်နေသည့်သူ့အကြည့်
တွေပြောင်းလဲသွားသည်။
ကလေးဆန်သလိုမျိုး ဖြစ်သွားလား
တော့မသိဘူး။
မတတ်နိုင်ဘူး။အရေးမပါပေမဲ့
တွေးကြည့်မိရင် တစ်ကယ် ဝမ်းနည်းတယ်။
"ကိုယ်တော့ ဒုက္ခပဲ"
"ဘာလို့..."
စကားမဆုံးခင်ပင်ကျွန်တော့်ကို
ဆွဲဖက်ပြီး တင်းကြပ်စွာဖက်လိုက်တဲ့
သူကြောင့် အသံတွေတိတ်သွားရသည်။
မှောင်နေပေမဲ့လည်းခြံရှေ့မှာ ဖြစ်နေ
တာမို့ရုန်းလိုက်သော်လည်း
အချိန်တစ်ခုကြာသည်အထိ သူက
မလွှတ်ပေး။
"ကိုကို ကျွန်တော် အသက်ရှုလို့မဝ"
အတော်ကြာသည်အထိ ကျွန်တော့်ကိုတင်းတင်းကြပ်ကြပ်ဖက်ထားပြီး
မှပင်သူက လွှတ်ပေးသည်။
" ကိုယ်ကောင်မလေးတွေရှိခဲ့တာ
မှန်တယ် တွဲခဲ့သမျှကိုလည်း
ဂရုစိုက်ပေးခဲ့တာလည်းမှန်တယ်။
ဒါပေမဲ့ကိုယ်ကအဲ့လောက်ထိ ကောင်းတဲ့ကောင်မဟုတ်ဘူး"
သူကကျွန်တော့်ကိုငုံ့မိုးနေလျက်ပင်။
" အမှန်အတိုင်းပဲပြောမယ် တွဲခဲ့မှတော့ရင်ခုန်ခဲ့တာတွေတော့ရှိခဲ့လိမ့်မယ်။
ဒါပေမဲ့ ဘယ်သူ့ကိုကိုယ်မချစ်ခဲ့ဖူးဘူး။
ဘယ်သူ့ကိုမှလည်း ကိုယ့်အချစ်တွေ
မပေးဖူးဘူး။အဲ့တာကြောင့် တွဲနေတုန်းဂရုစိုက်ပေးတာ"
သူ့ကိုမျက်နှာငယ်နဲ့ မော့ကြည့်နေတဲ့
ကျွန်တော့်ကို။
"ကိုယ်ဘက်ကနေစပြီး ချစ်တယ်လို့
ဖွင့်ပြောပြီးတွဲခဲ့တဲ့သူက တစ်ယောက်ပဲ
ရှိတယ်"
ကျွန်တော့်မှာ ခံနိုင်ရည်တွေမရှိတော့ပါ။
"ခင်ဗျားနဲ့ ခဏလေးတောင်မခွဲချင်
တော့ဘူး။မခွဲနိုင်ဘူး"
သူ့ရင်ခွင်ထဲကို တိုးဝင်ပြီးတင်းတင်း
ကြပ်ကြပ်ဖက်ထားလိုက်မိတော့သည်။
" ကျွန်တော့်ကိုအပြီးခေါ်သွား
လိုက်ပါလား"
ခပ်တိုးတိုးပင်ပြောလိုက်မိသည်။
ကျွန်တော့်ကို ပြောလိုက်ပါ။
သူသာကိုယ်နဲ့ လာနေပါလားလို့
တစ်ခွန်းပြောလိုက်ရင် ကျွန်တော်
ဘာကိုမှနောက်လှည့်မကြည့်ဘဲနဲ့
ထွက်လာခဲ့နိုင်မယ်ထင်တယ်။
" အိမ်ထဲဝင်တော့ ကိုယ်ပြန်တော့မယ်"
ကျွန်တော့် ဆံပင်တွေကိုသူက
ပွတ်သပ်နေသည်။
"မဝင်ချင်ဘူး"
"မဆိုးရဘူးလေ"
"မခွဲချင်ဘူး"
ကျွန်တော့်ပုခုံးနှစ်ဖက်ကို သူကိုင်
လာတော့သူ့ကိုမလွှတ်ပေးပဲပို၍
တင်းကြပ်စွာဖက်ပြီးဒီရင်ခွင်ထဲ
ခိုနားမိသည်။
" ခဏလေးခွဲရတာပဲလေ။ မနက်ဖြန်
ထပ်တွေ့မယ် မနက်ဖြန်အလုပ်သွားဖို့
မနက်စောစော ကိုယ်လာကြိုပေးမယ်"
ခပ်တိုးတိုးပြောလျက်ပင် ကျွန်တော့်
ဆံပင်တွေကို ပွတ်သပ်ပြီးချော့နေပါတော့သည်။
" ညီလေးမအိပ်ပဲစောင့်နေအုံးမယ်
အိမ်ထဲဝင်တော့"
" ခင်ဗျား အရင်သွား"
" ဝန်း အိမ်ထဲဝင်သွားတာကို ကိုယ်
ကြည့်ချင်တယ်"
သူ့ရင်ခွင်ထဲကနေ အားအင်တွေ
မဲ့လျက်ပင်ထွက်ခဲ့ရပြီး နှုတ်ဆက်ဖို့
ပြင်ရတော့သည်။
ခေါင်းငုံ့နေမိပြီး စိတ်ထဲမှာဘယ်လိုမှ
မနေခဲ့ချင်။သူနဲ့မခွဲချင်။
"အဲ့တာဆို ကားကိုဖြေးဖြေးမောင်း
နော် ကျွန်တော်ဝင်တော့မယ်။ အိမ်
ရောက်ရင်ဖုန်းဆက် "
"အင်း"
"ကျွန်တော် ဝင်တော့မယ်"
သူကဘာမှ ဆက်မပြောတော့ ကျွန်တော်
ကပဲ အတင့်ရဲရသည်။
"ခင်ဗျားကို အရမ်းချစ်တယ်"
သူ့အနားကပ်ပြီး ခြေဖျားထောက်
ကာသူ့ပါးတစ်ဖက်ကိုနမ်းလိုက်မိရင်း။
"ကျွန်တော် တစ်ကယ် သွားတော့မယ်"
ကျောခိုင်းကာ အမြန်ပင်လှည့်ထွက်ပြီး
ခြံထဲဝင်ခဲ့ရပါသည်။
မဟုတ်ရင်သူ့ကိုဆက်ပြီးတွယ်ကပ်နေ
မိမှာစိုးလို့။
အိမ်တံခါးပိတ်လိုက်တဲ့အချိန်
ရင်ဘတ်တစ်ခုလုံး လေးလံလို့။
တစ်ကယ် မခွဲချင်ဘူး မခွဲနိုင်တော့ဘူး။ခင်ဗျား နဲ့အတူတူနေချင်တယ်။
ကျွန်တော် ဘယ်လိုလုပ်ရမလဲ။
ခင်ဗျားနိုင်ပါတယ်။
ခင်ဗျားမရှိပဲ တစ်ခဏလေးတောင်
ကျွန်တော် မနေနိုင်တော့ဘူး။
••••••••••••••••••••••••••••••••••••••••~••~•••••••••••••••••••••••••••••••••••••••••
"ဆုလာဘ္!!"
ကြၽန္ေတာ္႕ နာမည္ကို အက်ယ္ႀကီးပင္
ေအာ္ေခၚၿပီးအခန္းထဲေျပးဝင္လာတဲ့ အငယ္ေလး။
တကိုယ္လုံးေလးလံေနတာမို႔လို႔ အိပ္
ေနရာကေနမထႏိုင္ျဖစ္ေနတာ ေက်ာပိုး
အိတ္လြယ္ထားတဲ့ အငယ္ေလးကိုျမင္
ေတာ့ခ်က္ခ်င္းထထိုင္မိသြားရသည္။
ကြၽန္ေတာ္႕ဆီ အငယ္ေလးကေျပးလာၿပီး
ကုတင္ေပၚေျပးတက္လာေတာ့
ညီအကိုႏွစ္ေယာက္ အလြမ္းသယ္ရရင္း
အငယ္ေလးကို ဖက္ထားလိုက္မိသည္။
" ဘယ္လိုေရာက္လာတာလဲ"
" ကိုႀကီးစစ္ေၾကာင္းဖုန္းဆက္ၿပီး
လာေခၚေပးတာဆုလာဘ္"
" ေနေကာင္းတယ္မလား"
" သားကေနေကာင္းတယ္ေလ
ဆုလာဘ္ပဲေနမေကာင္းတာ။သားကို
လည္းဘာမွမေျပာသြားဘဲနဲ႔ အိမ္ကေန
ထြက္သြားတယ္ဖုန္းလည္းမဆက္ဘူး ဆုလာဘ္မေကာင္းဘူး"
အငယ္ေလးကိုဘာမွျပန္မေျပာႏိုင္ပဲ
ဖက္ထားၿပီး အလြမ္းသယ္ေနတုန္း အေနာက္ကေနလိုက္ဝင္လာတဲ့ ကိုကို
မနက္စာသြားဝယ္ေပးမယ္ဆိုၿပီး
ထြက္သြားတာ အငယ္ေလးကိုပါ
သြားေခၚေပးမယ္မွန္းမသိခဲ့ဘူး။
"ကိုယ္ အလုပ္သြားရေတာ့မယ္
ညီေလးနဲ႔မနက္စာအတူတူစားလိုက္
ဆန္ျပဳတ္ဝယ္လာခဲ့ေပးတယ္"
ဆန္ျပဳတ္ဆိုတဲ့အသံၾကားတာနဲ႔
ကြၽန္ေတာ္ ႏွာေခါင္း႐ႈပ္လိုက္မိသည္။
" ေအာက္ထပ္ကို ဆင္းၿပီးစားမလား
အေပၚယူလာခဲ့ေပးရမလား"
"အမ္ ရတယ္ ေနာက္မွကြၽန္ေတာ္႕ဘာသာဆင္းၿပီးစားလိုက္မယ္"
ကြၽန္ေတာ္႕ အၾကံအစည္ေတြကို ကိုကို
ကႀကိဳသိေနသည့္အလား နာရီပတ္ေန
ရင္း ကြၽန္ေတာ္႕ကို ျပန္လွည့္ၾကည့္
လာသည္။
" အဲဒီဆန္ျပဳတ္ရဖို႔ သားနဲ႔ကိုႀကီးစစ္ေၾကာင္း အဲ့ဆိုင္မွာအၾကာႀကီးထိုင္
ေစာင့္ခဲ့ရတာဆုလာဘ္"
"ေျပာလိုက္ အငယ္ေလး မင္းအစ္ကို
ကိုရေအာင္တိုက္"
အဲ့အခ်ိန္မွာပဲ ျခံေ႐ွ႕မွာ ဟြန္းတီးသံကိုၾကားလိုက္ရသည္။
" ဘယ္သူလာတာလဲ အစ္မျမတ္တို႔ပဲလား"
ကိုကိုက ျပတင္းေပါက္ကိုသြားၾကည့္
ၿပီး ကြၽန္ေတာ္ ေမးတာကိုမေျဖပဲ
အငယ္ေလးကိုကြၽန္ေတာ္နဲ႔ေနဖို႔မွာ
သြားကာ ေအာက္ထပ္ကိုဆင္းသြားသည္။
ကိုစစ္ေၾကာင္းထြက္သြားတာနဲ႔
အငယ္ေလးဘက္အျမန္လွည့္ရၿပီး
" ဘယ္လိုေရာက္လာတာပဲ။ မင္း
အေမ ကိုစစ္ေၾကာင္းကို ဘာေျပာ
လိုက္ေသးလဲ"
"ဘာမွမေျပာဘူး။ ကိုႀကီးစစ္ေၾကာင္း
ဖုန္းဆက္ေတာ့အေမ့ကို ဆုလာဘ္ဆီ
သြားမယ္လို႔ပဲေျပာလိုက္တယ္။အဲ့တာ
သားကအိမ္ေ႐ွ႕မွာထြက္ေစာင့္ေနတာ
ကိုႀကီးစစ္ေၾကာင္းေရာက္လာေတာ့
အေမက သားကိုကားေပၚေတာင္
တင္ေပးၿပီး ကိုႀကီးစစ္ေၾကာင္းကိုျပဳံးျပလိုက္ေသးတယ္"
အန္တီေဆြကကြၽန္ေတာ္႕ဆို မ်ိဳးစုံေျပာၿပီး ကိုကို႔ကိုဆိုေတြ႕တာနဲ႔ မ်က္ႏွာခ်ိဳေသြး
တတ္တာကပဲ ေတာ္ပါေသးတယ္။
တစ္ကယ္ေတာ္ပါေသးတယ္လို႔သာ
ေတြးရင္းအငယ္ေလးကိုၾကည့္ရင္း
ကြၽန္ေတာ္႕ ညီေလးကိုသြားေခၚလာ
ေပးတဲ့ ကိုကို႔ကိုေက်းဇူးတင္ေနမိရ
သည္။
အငယ္ေလးကိုကြၽန္ေတာ္ လြမ္းေနတာလည္းသူသိတာပဲ။
" ဘာစားၿပီးသြားၿပီလဲ"
" အိမ္ကေနေတာ့ ထမင္းေၾကာ္စား
ခဲ့တယ္။ ကိုႀကီးစစ္ေၾကာင္းက
ဆုလာဘ္အတြက္ဆန္ျပဳတ္ဝယ္ေပးရင္း သားအတြက္ပါ႐ွမ္းေခါက္ဆြဲဝယ္ေပး
တယ္။ေအာက္ကိုဆင္းၿပီး သြားစားရ
ေအာင္ေလဆုလာဘ္"
" ခဏေနအုံး ေအာက္မွာဧည့္သည္
ေရာက္ေနတယ္"
ဘယ္သူလာတာမ်ားလဲ။ ကိုကိုအခုခ်ိန္ထိ
အေပၚျပန္မတက္လာေသးဘူး။
" အငယ္ေလး သြား ေအာက္ထပ္မွာ
ဘယ္သူေရာက္ေနတာလဲ။သြားၾကည့္
ၾကည့္ တိတ္တိတ္ေလးသြားေနာ္ ဘယ္
သူမွမျမင္ေစနဲ႔ ၿပီးရင္လာ ျပန္ေျပာျပ"
"ဟုတ္"
ကြၽန္ေတာ္႕စကားဆို ဘာျဖစ္ျဖစ္
နားေထာင္တဲ့အငယ္ေလးက
အခန္းထဲကေန ေျပးထြက္သြားသည္။
ကြၽန္ေတာ္လည္း ဘယ္သူလာတာ
လည္း သိခ်င္စိတ္က ထိန္းမရတာမို႔
အငယ္ေလးကိုမေစာင့္ႏိုင္ေတာ့ပဲ
ကုတင္ေပၚကဆင္းကာ အခန္း
အျပန္ထြက္ခဲ့လိုက္သည္။
ေအာက္မဆင္းသြားပဲေလွကားထိပ္မွာ
ခဏအၾကာရပ္ေနေတာ့ အငယ္ေလးက
ခပ္ျမန္ျမန္အေပၚ ေျပးတက္လာၿပီး
ေမာေနတဲ့ပုံစံနဲ႔။
" ဆုလာဘ္ ကိုႀကီးစစ္ေၾကာင္းက
ေျပာတယ္ ေအာက္ထပ္ကို ခဏဆင္း
လာပါတဲ့"
" မင္းကိုတိတ္တိတ္ေလးသြားလို႔
ေျပာလိုက္တယ္မလား ဘာလို႔မင္း
အစ္ကိုဆီသြားတာလဲ"
" သားမသြားဘူး ကိုႀကီးစစ္ေၾကာင္းက သားကိုေတြ႕သြားလို႔ လွမ္းေခၚလိုက္တာ
ဆုလာဘ္ကို အခုဆင္းလာခဲ့ခိုင္းတဲ့"
" ဘယ္သူေရာက္ေနလို႔လဲ"
" ကိုႀကီးစစ္ေၾကာင္းရဲ႕အေမ"
"ဘာ"
ျပႆနာေတာ့ အႀကီးအက်ယ္တတ္ၿပီ။
သြားၿပီ။
အန္တီကဘာလို႔ ဒီအခ်ိန္ႀကီးလာရ
တာလဲ။ သူ႕သားဆီလာတာထင္တယ္။
ကြၽန္ေတာ္ ဒီမွာ႐ွိေနတာ လည္းသိသြားေလာက္ၿပီ။အငယ္ေလးနဲ႔လာေခၚခိုင္း
ေတာ့ မဆင္းသြားလို႔လည္းမရဘူး။
ဒုကၡပါပဲ။ဘယ္လိုလုပ္ရမလဲ။
--------
ကိုစစ္ေၾကာင္းနဲ႔ သူ႕အေမ
ဘာေတြေျပာေနၾကလဲေတာ့မသိပါ။
အငယ္ေလးလက္ကိုဆြဲရင္းဆင္း
လာခဲ့တာ ေအာက္ထပ္ေရာက္ေတာ့ ေလွကားရင္းမွာရပ္ရင္းဧည့္ခန္းက
ဆိုဖာေပၚမွာထိုင္ေနၾကတဲ့ သူေတြ
အနားမသြားရဲ။
"ဝန္း"
သူ႕ေမေမနဲ႔စကားေျပာေနရင္း ကိုကိုက
က်ေနာ္႕ကို ေတြ႕သြားေလၿပီ။
အန္တီကေတာ့ကြၽန္ေတာ္႕ကိုလွည့္မၾကည့္။
"ဒီကိုလာေလ"
အငယ္ေလးကို ထမင္းစားခန္းမွာ
သြားေစာင့္ေနဖို႔ မွာၿပီး သြားခိုင္းလိုက္ရသည္။
ေျခလွမ္းေတြက ေလးပင္စြာနဲ႔ပဲ
ဧည့္ခန္းဆီကို သြားရၿပီး အနားေရာက္
ေလ ဘယ္လိုမွမရဲတာမို႔ ကိုကို႔ကို
အသံတိတ္အခ်က္ျပၿပီးေခါင္းခါ
ျပလိုက္မိသည္။
ကိုကိုကမျမင္လိုက္သလိုႏွင့္။
"ျမန္ျမန္လာ ဒီမွာအေမေစာင့္ေနတယ္"
သြားပါၿပီ ကြၽန္ေတာ္ေတာ့။ အခုခ်ိန္မွ ဘယ္လိုမွ ထြက္ေျပးလို႔လဲမရေတာ့ဘူး။
ဧည့္ခန္းထဲသြားၿပီး ကိုကို႔ေဘးနားက
ဆိုဖာမွာ မရဲတရဲနဲ႔ဝင္ထိုင္ရင္း
ေမေမ့မ်က္ႏွာကို မၾကည့္ရဲ။
" ႏႈတ္ဆက္လိုက္အုံးေလ အေမ့ကို
ေတြ႕ခ်င္တယ္လို႔ ခဏခဏေျပာေန
တယ္မလား"
ကိုကိုကေတာ့ သူ႕အေမအေ႐ွ႕မွာမွ။
" မဂၤလာပါ အန္တီ ေတြ႕ရတာဝမ္းသာ
ပါတယ္ "
တုန္တုန္ရီရီနဲ႔ အသံကိုထိန္းၿပီးကြၽန္ေတာ္ ႏႈတ္ဆက္လိုက္ေပမဲ့ ကို စစ္ေၾကာင္း
အေမက က်ေနာ္႕ကို ၾကည့္လာရင္း
သာ ဘာမွမေျပာ။
တကယ္ေၾကာက္ေနပါၿပီ။
"ကြၽန္ေတာ္ အငယ္ေလးကိုေခၚၿပီး
အခုျပန္ ျပန္လိုက္ေတာ့မယ္"
ကိုကို႔အနားကပ္ၿပီး ႏွစ္ကိုယ္ထဲၾကား႐ုံ
အသံျဖင့္ေျပာရသည္။
" ဘယ္ကိုျပန္မွာလဲ ေနမေကာင္း
ေသးပဲနဲ႔။ အေမနဲ႔စကားေတာင္
မေျပာရေသးဘူးေလ "
သူက ကြၽန္ေတာ္႕ ပခုံးကိုလွမ္းဖက္
လိုက္တဲ့အခ်ိန္ ကြၽန္ေတာ္႕ မ်က္လုံးေတြအဆမတန္ ျပဴးက်ယ္သြားရလ်က္။
" အေမကြၽန္ေတာ္႕ကို တေယာက္တည္း
ေမြးထားတယ္မလား။ အဲဒါညီေလး
လိုခ်င္လို႔ကြၽန္ေတာ္႕ဘာသာ ႐ွာခဲ့လိုက္
ၿပီ။ဒါကြၽန္ေတာ္႕ညီေလး အေမ့အတြက္
သားငယ္"
သူကဂ႐ုမစိုက္သည့္အျပင္
သူ႕အေမေ႐ွ႕မွာမွ ကြၽန္ေတာ္႕ ပုခုံးကိုဖက္ထားၿပီး ေျပာခ်င္သလိုေျပာေနတာမို႔
ကြၽန္ေတာ္ ႐ူးခ်င္သြားရသည္။
သူ႕အေမကို ဒီေနရာမွာပဲ ေသြးတက္
ေအာင္လုပ္ေနတာလား။
ကြၽန္ေတာ္႕ပုခုံးေပၚက
သူ႕ လက္ကိုမသိမသာဖယ္လိုက္ေတာ့မွ သူက သူ႕ အေမဘက္လွည့္ၿပီး။
"အေမနဲ႔ ေတြ႕ခ်င္တယ္လို႔အၿမဲေျပာ
ေနတာ အခုေတြ႕ရေတာ့လည္း စကား
မေျပာရဲဘူးျဖစ္ေနတယ္။ အေမကပဲ
အေမ့သားကို အရင္စကား ေျပာေပး
လိုက္ပါဦး "
ကိုစစ္ေၾကာင္း အေမက
မ်က္ႏွာတည္ေနလ်က္ပင္။
"ဒီမွာလာ ေနေနတာ ဘယ္ႏွစ္ရက္႐ွိ
ေနၿပီလဲ"
ကြၽန္ေတာ္ ခ်က္ခ်င္းျပန္မေျဖရဲ။
" အေမေမးေနတယ္ေလ ဝန္း"
" သုံးရက္ေလာက္႐ွိပါၿပီ ေနသိပ္
မေကာင္းလို႔ပါ က်ကြၽန္ေတာ္
ဒီညေနေလာက္ျပန္မွာပါ"
" အေမကအဲဒီလိုသေဘာနဲ႔ ေမးတာ
မဟုတ္ဘူးေလ"
ကိုကိုက ဝင္ေျပာသည္။
သူ႕အေမ ဘယ္လိုမ်က္ႏွာျဖစ္ေနလဲ
ဆိုတာ ဂ႐ုမစိုက္ ။
အန္တီကကြၽန္ေတာ္႕ကိုလူေ႐ွ႕ထုတ္
ေနတဲ့သူ႕သားကိုၾကည့္ေနရင္းနဲ႔ပဲ။
" ဒီလိုမ်ိဳးဝင္ထြက္ေနၿပီး သားက
မင္းကို သူဘယ္သြားသြားေခၚသြားၿပီး
တြဲသြားတြဲလာလုပ္ေန မွေတာ့
ပတ္ဝန္းက်င္က အေႏွးနဲ႔အျမန္သိ
သြားမွာပဲ။ အဲ့ဒီေတာ့သားနဲ႔ လူသိ
႐ွင္ၾကားတြဲဖို႔ မင္းဘက္ကေသေသ
ခ်ာခ်ာ စိတ္ဆုံးျဖတ္ၿပီး ၿပီလား"
"အေမ"
အန္တီက အသံခပ္ျပတ္ျပတ္နဲ႔ပင္။
" အေမ့ကိုဒီမွာ ဆက္႐ွိေစခ်င္ရင္
မင္း ဘာမွဝင္မေျပာနဲ႔သား"
သူ႕အေမနဲ႔ကြၽန္ေတာ္႕ၾကားမွာ ကြၽန္ေတာ္႕
ကို စိတ္ပူေနသည့္ကိုကို႔ကို ေၾကာင့္
ကြၽန္ေတာ္ အားတင္းလိုက္ရ
သည္။
"ဟုတ္ကဲ့ အန္တီ "
တိုတိုနဲ႔လိုရင္းပင္ကြၽန္ေတာ္ ျပန္ေျဖ
လိုက္သည္။
အမ်ားႀကီးမေျပာရဲတာလည္း ပါတာေပါ့။
" အန္တီတို႔ဘက္က မင္းကို ဘယ္လိုမွ သေဘာမက် ဘူးဆိုရင္ေရာ"
"အားနာေပမဲ့ ကြၽန္ေတာ္ သူ႕ေဘးမွာပဲ
႐ွိေနမွာပါ"
" မိဘေတြက သေဘာတူတူမတူတူ
သားကမင္းဘက္မွာ႐ွိေနေတာ့
မင္းက လူႀကီးေတြကို ဂ႐ုမစိုက္တဲ့
သေဘာေပါ့"
အန္တီကလည္း အသံခပ္ေအးေအးနဲ႔ လိုရင္းကိုပဲေျပာတာပင္။
ကြၽန္ေတာ္ ကိုယ့္စိတ္ကိုယ္ၿငိမ္ေအာင္ႀကိဳးစားလိုက္ရသည္။
တခ်ိန္ခ်ိန္ေတာ့ ၾကဳံရမွာပဲေလ။
ကြၽန္ေတာ္႕ကို မ်က္ႏွာမလႊဲတမ္း ၾကည့္
ေနသည့္ ေဘးကသူေၾကာင့္ပဲ ကြၽန္ေတာ္ သတၱိေတြပိုထည့္လိုက္သည္။
" ကြၽန္ေတာ္႕ အေျခအေနနဲ႔
ကိုစစ္ေၾကာင္းဘက္က လူႀကီးေတြသေဘာတူလက္ခံဖို႔အထိ မေမွ်ာ္မွန္း
ထားပါဘူး။ ဒါေပမယ့္ အန္တီတို႔ကိုေတာင္းပန္ပါတယ္လို႔ပဲကြၽန္ေတာ္
ေျပာပါရေစ။သူကြၽန္ေတာ္႕ကို လိုအပ္
ေနသ၍သူ႕ေဘးနားမွာကြၽန္ေတာ္
႐ွိေနမွာပါ"
ခပ္တိုးတိုးႏွင့္ပင္ အားတင္းၿပီးေျပာရသည္။
ကိုကိုကေတာ့သူ႕အေမနဲ႔ကြၽန္ေတာ္႕
ၾကားမွာ ကြၽန္ေတာ္႕ကို စိတ္ပူေနတယ္
ဆိုတာ မ်က္ႏွာမွာအထင္းသား။
အန္တီ့ဘက္ကၾကည့္ရင္လည္း သူ႕ရဲ႕
တစ္ဦးတည္းေသာသားေလးကို ဘယ္လိုလုပ္ၿပီး ဒီလိုျဖစ္ေစခ်င္ပါ့မလဲ။
မိဘမဲ့ျဖစ္ေနသည့္အျပင္ အေရးႀကီး
ဆုံးက ေယာက္က်ားေလးတေယာက္။
ဒါေပမယ့္။ တကယ္အားနာပါတယ္
အန္တီ။
ဘယ္သူပဲလာတားတားကြၽန္ေတာ္
တို႔ကိုခြဲလို႔ရမွာမဟုတ္ဘူး။
အန္တီ့သားကို ကြၽန္ေတာ္ရေအာင္ယူမွာ။
"အေမ ဒါေတြေျပာဖို႔လာတာဆိုရင္"
" မ်က္ႏွာကိုျပင္လိုက္ မင္းစစ္ေၾကာင္း"
ကိုကို႔အေမက ကိုကို႔ကို အသံနည္းနည္းက်ယ္ၿပီး ေအာ္လိုက္သည္။
" မင္းသေဘာနဲ႔မင္းလုပ္ခ်င္သလို
လုပ္ေနၿပီပဲ ဒါကမင္းကိစၥမို႔လို႔
အေမလည္းဘာမွ မ်ားမ်ားစားစား
ဝင္မေျပာခ်င္ဘူး။တစ္ခုပဲ"
အန္တီကေျပာေနရင္းနဲ႔ ကြၽန္ေတာ္႕ကို
စိုက္ၾကည့္လာသည္။
" မင္းလည္းအ႐ြယ္တစ္ခုေရာက္ေနၿပီ။
မင္းတို႔ကေရ႐ွည္လက္တြဲၾကဖို႔
သားေဘးမွာေနဖို႔စိတ္ ဆုံးျဖတ္ထား
ၿပီးၿပီဆိုရင္ဘာေတြနဲ႔ပဲယွဥ္လာ
သားကမင္းအတြက္ ပထမဦးစားေပး
ပဲ ျဖစ္ပါေစ။ အဲ့ဒါကိုပဲ ျပတ္ျပတ္
သားသား အန္တီလိုခ်င္တယ္"
ကြၽန္ေတာ္႕ကိုစိုက္ၾကည့္ေနသည့္
ကိုကို႔ေမေမ ။
"က်န္တာကေတာ့ မင္းရဲ႕အေျခအေနကို ေစာင့္ၾကည့္ၿပီးမွ လက္ခံသင့္မခံသင့္ စဥ္းစားေပးမယ္"
"အေမ"
ကိုကို႔ မ်က္ႏွာမွာအျပဳံးေတြ ျဖတ္
ေျပးသြားသည္။
" အလုပ္ေနာက္က်ေနၿပီမလား
သြားေတာ့ အေမသူနဲ႔စကားဆက္
ေျပာလိုက္ဦးမယ္"
" အဲဒါေတြေၾကာင့္အေမ့ကို ခ်စ္ရတာ"
ကိုကိုကထရပ္လိုက္ၿပီးေတာ့သူ႕ အေမ
ပါးကိုငုံ႔ နမ္းလိုက္သည္။
အန္တီကမ်က္ႏွာ တည္ေနဆဲျဖစ္ေပ
မယ့္ သူ႕သားနမ္းတာ ခံလိုက္ရတဲ့အခ်ိန္
သူသေဘာမက်တဲ့ကြၽန္ေတာ္႕ကိုေတာင္ လက္ခံဖို႔စဥ္းစားေပးမယ့္အထိ
ကိုကို႔ကို သူ႕ေမေမ ဘယ္ေလာက္ခ်စ္
လဲဆိုတာ ျမင္လိုက္ရပါတယ္။
" အေမနဲ႔စကားေျပာလိုက္ဦး
ကိုယ္႐ုံးသြားေတာ့မယ္ "
" သြားေတာ့မလို႔လား"
" အေမ့ကိုေသခ်ာဧည့္ခံထားလိုက္ေနာ္ ကိုယ္စိတ္ခ်မယ္"
သူ႕ကိုမသြားနဲ႔အုံးလို႔ တားခ်င္ပါ
ေသာ္လည္း
ကြၽန္ေတာ္႕ ေခါင္းကိုတခ်က္ကိုင္
လိုက္ၿပီး ကိုကိုက သူ႕အေမကို
ႏႈတ္ဆက္လိုက္သည္။
"ကြၽန္ေတာ္ သြားၿပီအေမ။အေမ့
သားငယ္နဲ႔ ေအးေအးေဆးေဆး
စကားေျပာၿပီးမွျပန္ေနာ္ အေမ့လက္ထဲ
အပ္ခဲ့လိုက္ၿပီ "
သူ႕အေမ့ကို ႏႈတ္ဆက္ၿပီးေတာ့
ကြၽန္ေတာ္နဲ႔ ႏွစ္ေယာက္ထဲထား
သြားကာကိုကိုက ဧည့္ခန္းထဲကေန
ထြက္သြားသည္။
ကားသံကိုၾကားလိုက္ရတဲ့အခ်ိန္
အန္တီနဲ႔ႏွစ္ေယာက္ထဲက်န္ခဲ့တဲ့
အေျခအေနမွာ။
" ေနမေကာင္းျဖစ္ေနတယ္ဆို"
အန္တီကကြၽန္ေတာ္႕ ကိုၾကည့္ေနလ်က္
အရင္စကားစၿပီးေမးေတာ့ ေၾကာက္
ေနရတဲ့စိတ္ကို ထိန္းေနရရင္း။
" က် ကြၽန္ေတာ္သက္သာေနပါၿပီအန္တီ"
" ဒီနားကိုလာ'"
"ဗ်ာ"
" ဒီနားကိုလာထိုင္လို႔"
အန္တီ့မ်က္ႏွာကတည္ေနတာမ်ိဳးလည္းမဟုတ္ပဲ။ ပုံမွန္ပင္
ကြၽန္ေတာ္႕ကို စိတ္မ႐ွည္ေတာ့ဘူး
ထင္ပါတယ္။
အန္တီကသူ႕အနားကို လာဖို႔ေခၚေနေတာ့
ထရပ္လိုက္ရၿပီး ကိုကိုထိုင္သြားသည့္
အန္တီ့အနားကခုံမွာ သြားဝင္ထိုင္
လိုက္ရသည္။
"အဖ်ား႐ွိေသးလား ဘာစားထားၿပီးၿပီလဲ "
" ဆန္ျပဳတ္ေသာက္မလို႔လုပ္ထားပါတယ္"
"ဘယ္ႏွရက္႐ွိၿပီလဲဖ်ားေနတာ
ေယာက်္ားေလးျဖစ္ၿပီး ကိုယ္ခံအားက
ဒီေလာက္ ပဲ႐ွိလား"
ကြၽန္ေတာ္႕ကို ဆူတဲ့သေဘာမ်ိဳးပဲ
ထင္ပါတယ္။
အန္တီနဲ႔ႏွစ္ေယာက္ထဲ အတူတူ႐ွိၿပီး
စကားေျပာေနရတာဒီလိုအေျခအေန
မ်ိဳးက ထပ္တူထပ္မွ်ၾကဳံဖူးခဲ့ေပမဲ့
လည္း စိတ္ၿငိမ္ၿငိမ္မထားႏိုင္ျဖစ္ေနရဆဲ။
" ခုနတုန္းကေတြ႕လိုက္တာကညီေလးလား"
"ဟုတ္ ဟုတ္ကဲ့"
" အသက္ဘယ္ေလာက္႐ွိသြားၿပီလဲ"
"႐ွစ္ႏွစ္ပါ"
အန္တီကကြၽန္ေတာ္႕ကို ၾကည့္ေန
လ်က္ပင္။
"ညီေလးကလာလည္ခ်င္တယ္ဆိုလို႔
ခဏလာေနတာ ကြၽန္ေတာ္တို႔ ဒီညေနေလာက္ ျပန္မလို႔ပါပဲ"
" ဘယ္လိုျဖစ္လို႔ ျပန္မဲ့စကားပဲေျပာ
ေနတာလဲ မင္းတို႔ကိုဘယ္သူက
ႏွင္ေနလို႔လဲ"
အန္တီက တခဏတိတ္ဆိတ္သြားသည္။
ေအးစက္ေနသည့္ေလထုမွာကြၽန္ေတာ္႕
ဘက္ကလည္း စကားမစရဲ။
"ဒါနဲ႔ဆို မင္းနဲ႔ ဒုတိယအႀကိမ္ ျပန္
ေတြ႕တာပဲအန္တီမင္းကို ဘာလို႔
သေဘာမက်ခဲ့လဲသိလား"
ကြၽန္ေတာ္ဘာမွ ျပန္မေျဖရဲ။
" အဲ့ဒီအခ်ိန္တုန္းက မင္းကငယ္
ေသးတာေတြ မစဥ္းစားတတ္ေသး
တာေတြ လာမေျပာနဲ႔။မင္းကိုယ္ပိုင္
ဆုံးျဖတ္ခ်က္နဲ႔သားနဲ႔ပတ္သက္ေနတာေတာင္သားအေပၚမွာ စိတ္ရင္းအမွန္မ႐ွိ
လို႔ပဲ"
အန္တီ့ကို မ်က္ႏွာခ်င္းမဆိုင္ရဲေတာ့ပဲ
ဘာမွျပန္မေျပာရဲပဲ ပို၍ပင္ အသံ
တိတ္သြားရသည္။
" မ ေျပာခ်င္ေပမယ့္လည္း ေျပာရ
ေတာ့မယ္။မင္းအေျခအေနကိုအန္တီ
စိတ္မဝင္စားဘူး။ အန္တီလိုခ်င္တာ
အန္တီ့သားအေပၚ စစ္မွန္တဲ့သူ"
"ကြၽန္ေတာ္႕ကို ဒုတိယအႀကိမ္အခြင့္ေရးေလးေပးပါ။ အဲ့ဒီခ်ိန္တုန္းက အန္တီေမးတာကိုကြၽန္ေတာ္ မေျဖခဲ့မိတာ
အခုကြၽန္ေတာ္႕ကိုေျပာခြင့္ေပးပါ"
ကိုယ့္ကိုယ္ကိုအားတင္းၿပီး အေလာ
တႀကီးႏွင့္ပင္ေျပာလိုက္.မိသည္။
" ငယ္ေသးတယ္ဆိုၿပီးကြၽန္ေတာ္႕
ကိုယ္ကြၽန္ေတာ္ မကာကြယ္ခ်င္ပါဘူး။
အန္တီေျပာတာမွန္ပါတယ္။အဲ့ဒီ
အခ်ိန္တုန္းကသူ႕အေပၚ သံေယာဇဥ္
ကလြဲၿပီးဘာမွမ႐ွိေသးဘူး။ ႐ွိေနရင္
လည္းကြၽန္ေတာ္ မသိဘူး"
ဒါက်ေနာ္အမွန္အတိုင္းပဲေျပာတာပါ။
"ကြၽန္ေတာ္႕ကိုျပင္ဆင္ႏိုင္မဲ့အခြင့္
ေရးေလးေတာ့ေပးပါ။ စကားနဲ႔
မေျပာခ်င္တာမို႔လို႔ကြၽန္ေတာ္
လက္ေတြ႕ျပပဲပါ့မယ္။ အန္တီေျပာ
သလိုပဲ ဘာေတြနဲ႔ပဲယွဥ္လာ
ကိုစစ္ေၾကာင္းက ကြၽန္ေတာ္႕
အတြက္ပထမဦးစားေပးပဲျဖစ္ရမယ္"
အန္တီကက်ေနာ္႕ကို ဒီအတိုင္းအကဲခတ္
ေနရင္း တစ္ခဏတိတ္ဆိတ္ေနသည္။
" သူ႕ေဘးမွာမင္း႐ွိေနတာ သားက
အခုအရမ္းေပ်ာ္ေနတယ္။ အေမ
ကိုေတာင္မဖုံးမကြယ္ႏိုင္တဲ့အထိပဲ။
သားကမင္းကိုခ်စ္လို႔ မင္းဘာလုပ္
လုပ္ သူကေတာ့နားလည္ေပးမွာပဲ
ဒါေပမယ့္အန္တီကေတာ့မဟုတ္ဘူး"
ကိုကို႔ေမေမက မ်က္ႏွာတည္ေနလ်က္ပင္။
" ေျပာထားတဲ့အတိုင္းပဲ မင္းကို
ေစာင့္ၾကည့္ရအုံးမယ္"
" ေက်းဇူးတင္ပါတယ္ အန္တီ"
ေခါင္းငုံ႔ကာပင္ တစ္ကယ္ကိုရင္ထဲ
ကေနေက်းဇူးတင္မိရသည္။
ကိုကိုထြက္သြားတာေတာင္
ကြၽန္ေတာ္႕က္ု ဘာမွလြန္လြန္ၾကဴး
ၾကဴးမေျပာပဲ ေစာင့္ၾကည့္ေပးမယ္
လို႔ေျပာတာနဲ႔တင္ စိတ္ထဲကေနေပ်ာ္
ေနရပါၿပီ။
" ဝဏၰမိန္းမ မင္းသူငယ္ခ်င္း ေဆး႐ုံတက္ေနရတယ္ဆို"
"ဗ်ာ"
ကိုကို႔အေမ ဆက္ေျပာသည့္ စကားကို
႐ုတ္တရက္ျပန္မေျဖႏိုင္။
ရည္မြန္အေၾကာင္း အန္တီဘယ္လို
လုပ္ၿပီး သိသြားတာလဲ။ ကိုကိုေျပာျပ
လိုက္တာလား။
ကိုဝဏၰက အန္တီနဲ႔လည္း ေတာ္ေတာ္
ခင္တယ္လို႔ေျပာရမယ္။ကိုကို႔သူငယ္ခ်င္း
ေတြကို အန္တီကသူ႕သားေတြလိုပဲ
ဂ႐ုစိုက္တယ္ေလ။
ရည္မြန္နဲ႔ ကိုဝဏၰ တို႔မဂၤလာေဆာင္
တုန္းက ကိုစစ္ေၾကာင္းအေမ
မဂၤလာေဆာင္ လာတက္ခဲ့တယ္။
ကြၽန္ေတာ္ကေတာ့ အန္တီလာတုန္းက
ခန္းမထဲမွာမေနပဲ ေ႐ွာင္ၿပီးေတာ့
ဟိုတယ္အျပင္ဘက္မွာသြားေနေနခဲ့တာ။
"ေျပာေနတာၾကားလား မင္းသူငယ္ခ်င္းေဆး႐ုံတက္ေနရတာ ဘယ္ႏွစ္ရက္
႐ွိေနၿပီလဲ။ ဘယ္လိုျဖစ္လို႔ တစ္ေခါက္
ေလးေတာင္ သြားမၾကည့္ရတာလဲ"
အန္တီ့အေ႐ွ႕မွာကြၽန္ေတာ္ ပိုၿပီးေတာ့
ၿငိမ္သက္သြားမိရသည္။
"က် ကြၽန္ေတာ္ ဒီရက္ပိုင္း အဖ်ားဝင္
ေနလို႔မသြားျဖစ္တာ ေနာက္တစ္ေန႔
ေလာက္သြားၾကည့္ဖို႔ လုပ္ထားပါတယ္
အန္တီ"
" ဘာကိုေနာက္တစ္ေန႔လဲ အဲဒါနဲ႔ပဲ
မင္း သူငယ္ခ်င္းက ေဆး႐ုံကဆင္း
ရေတာ့မယ္ သြားၾကည့္ျဖစ္လိုက္မွာ
ေတာင္မဟုတ္ဘူး"
"က် ကြၽန္ေတာ္အဖ်ားေသခ်ာ
မေပ်ာက္ေသးလို႔အန္တီ အဲဒါလူနာကို
ကူးသြားမွာစိုးလို႔"
" ဝဏၰ မိန္းမက မင္းေမာင္းတဲ့ကား
ကိုလိုက္စီးရင္း အဲဒီလိုျဖစ္သြားရ
တာလို႔ၾကားထားတယ္။ အဲဒါကိုတစ္
ေခါက္ေလးေတာင္ သြားမၾကည့္ရဲရ
ေအာင္မင္းမွာအျပစ္လုပ္ထားတာ
႐ွိလား"
"က် ကြၽန္ေတာ္"
ၿငိမ္သက္ေနသည့္ကြၽန္ေတာ္႕ကို
အန္တီကအားမရသည့္ပုံႏွင့္။
"အျပစ္လုပ္ထားတာမ႐ွိဘူးဆိုရင္
မင္းသြားကိုသြားရဲရမယ္။သားက
မင္းကို အရမ္းအလိုလိုက္ေနၿပီ။
ဒီအတိုင္းဆို သူငယ္ခ်င္းေတြၾကားမွာ မ်က္ႏွာပ်က္စရာေတြျဖစ္ကုန္ေတာ့မယ္"
ကြၽန္ေတာ္အားေလ်ာ့စြာႏွင့္ပင္
ေခါင္းငုံ႔မိသြားရသည္။
"အန္တီကေတာ့ သားလိုမ်ိဳး မင္းကို
ေခ်ာေမာ့ေနမွာမဟုတ္ဘူး။
ေယာက်ာ္းေလးပဲမလား ျဖစ္ၿပီးသြား
တာကိုရဲရဲဝံ့ဝံ့ရင္ဆိုင္လိုက္။ကိုယ့္
ေၾကာင့္ျဖစ္ရတာမဟုတ္တာကို ကိုယ့္အျပစ္႐ွိတယ္လို႔ပဲ ခံစားမေနနဲ႔။
ဒီမွာလာပုန္းေနလို႔ မင္းကိုဘယ္သူမွေက်းဇူးတင္ေနမွာမဟုတ္ဘူး"
"ကြၽန္ေတာ္ ပုန္းေနတာမဟုတ္ဘူး"
မခံခ်င္စိတ္ေၾကာင့္ အန္တီ့ကို ခ်က္
ခ်င္းပင္ ျပန္ေျပာမိသြားသည္။
အန္တီက မ်က္ႏွာတည္ေနလ်က္ပင္။
"အဲ့တာကိုမင္းသိလား သားကမင္း
လိုမ်ိဳးကိုယ့္ တာဝန္ကိုယ္မယူရဲပဲ
ေ႐ွာင္ေျပးတတ္တဲ့သူေတြကိုသေဘာ
မက်ဘူး။အန္တီကလည္းထစ္ခနဲ႐ွိ
စိတ္ဓါတ္ေပ်ာ့တတ္တဲ့သူေတြဆိုရင္
မႀကိဳက္ဘူး။ဒီအတိုင္းဆိုမင္းက
သားေဘးနားမွာေနဖို႔ သားရဲ႕လက္တြဲ
ေဖာ္ျဖစ္ဖို႔အတြက္ အမ်ားႀကီး လိုေသးတယ္"
ကြၽန္ေတာ္႕ မ်က္ႏွာမျပ ဝံ့ေတာ့ပါ။
" ဒါရင္းႏွီးေနတဲ့လူေတြျဖစ္ေနလို႔။
မင္းကမေတြ႕ရဲလို႔မလာေပမဲ့သူတို႔
စိတ္ထဲမွာဘယ္လိုျဖစ္ေနမလဲဆိုတာ
စဥ္းစား။ဘာမွမဟုတ္တာေလးနဲ႔
အထစ္အေငါ့မျဖစ္ေစနဲ႔"
"ဟုတ္ ဟုတ္ကဲ့"
" အလုပ္မွာပဲျဖစ္ျဖစ္ လူမႈေရးပဲ
ျဖစ္ျဖစ္ကိုယ့္စိတ္ခံစားခ်က္ကိုပဲေ႐ွ႕
တန္းမတင္နဲ႔။ေနာက္တစ္ခါဆိုရင္
မင္းကိုေရာ အလိုလိုက္ေနတဲ့သားကို
ပါေခၚၿပီးေတာ့ဆူမယ္"
"ဟုတ္ကဲ့။ကြၽန္ေတာ္ ေနာက္တစ္ခါ
လုံးဝ မျဖစ္ေစရပါဘူး "
ခ်က္ခ်င္းပင္ ျပတ္ျပတ္သားသားနဲ႔
ျပန္ေျဖလိုက္ေတာ့ အန္တီကဘာမွ
ထပ္မေျပာေတာ့ပဲကြၽန္ေတာ္႕ကို
တစ္ခဏၾကာသည္အထိၾကည့္ေနလ်က္။
အန္တီၾကည့္ေနေတာ့ ကြၽန္ေတာ္႕ကို
အကဲခတ္ေနတာမ်ားလား ထပ္ဆူ
အုံးမလို႔လားဆိုၿပီးေတာင့္ေတာင့္ႀကီး
ျဖစ္ေနရၿပီး အသက္ေတာင္ရဲရဲ
မ႐ႈရဲျဖစ္ေနရခ်ိန္။
" ေနမေကာင္းတာ မသက္သာေသးရင္လည္း သည္းခံၿပီးေတာ့သြားလိုက္ ေယာက်ာ္းေလးပဲ ဒီေလာက္ေတာ့ခံႏိုင္ရည္႐ွိရမယ္ "
"ကြၽန္ေတာ္ သက္သာေနပါၿပီ"
"မင္းကိုတစ္ရက္အခ်ိန္ေပးမယ္
ဒီေန႔ေတာ့အနားယူၿပီး မနက္ျဖန္
ေဆး႐ုံကိုသြားျဖစ္ေအာင္သြားလိုက္။
အန္တီ ေျပာေနတာၾကားလား"
"ဟုတ္ကဲ့"
" အဲဒါဆိုရင္ မင္းမနက္ျဖန္ ဝဏၰမိန္းမ
ကို သြားၾကည့္မယ္လို႔ သိထားလိုက္မယ္။ အန္တီျပန္ေတာ့မယ္"
"ဟုတ္ ဟုတ္ကဲ့"
အန္တီဆိုဖာေပၚက ထရပ္လိုက္တဲ့
အခ်ိန္ ကြၽန္ေတာ္လည္းလိုက္ရပ္ၿပီး
ေတာ့ ေခါင္းငုံ႔ထားလိုက္မိေတာ့တယ္။
ဆူသြားတယ္ဆိုေပမဲ့လည္း အန္တီက
ကြၽန္ေတာ္႕အတြက္ေျပာသြားတာပဲေလ။
အန္တီ့ကိုျပန္ပို႔ဖို႔ အိမ္ေ႐ွ႕လိုက္ ထြက္
လာရေသာ္လည္း ကားေဘးမွာ
ေခါင္းငုံ႔ရင္းရပ္ေနရလ်က္သာ
ကြၽန္ေတာ္ဘာမွမေျပာရဲ။
ကားေမာင္းသမားအစ္ကိုက အန္တီ့ကို
အေနာက္ခန္းကကားတံခါး ဖြင့္ေပး
လိုက္ေပမယ့္ အန္တီကမဝင္ေသးပဲ
ကြၽန္ေတာ္႕ဘက္ျပန္လွည့္လာသည္။
အန္တီကကားထဲမဝင္ေသးပဲကြၽန္ေတာ္႕ အနားကိုျပန္ေလွ်ာက္လာသည္။
ကြၽန္ေတာ္႕ကို ထပ္ၿပီးဆူအုံးမည္ဟုထင္လိုက္ေသာ္လည္း။
"လက္ခဏေပး အပူစမ္းၾကည့္မယ္"
"ဗ်ာ"
ေၾကာင္အေနသည့္ကြၽန္ေတာ္႕ကို
အန္တီက ျပန္ၾကည့္လာေတာ့
ခပ္ျမန္ျမန္ပင္လက္ထုတ္ေပးလိုက္ရသည္၊။
ကြၽန္ေတာ္႕ လက္ဖဝါးကို ခပ္တင္း
တင္းကိုင္လာၿပီး အန္တီကကိုယ္အပူ
စမ္းေနသည့္အခါမွာေတာ့ကြၽန္ေတာ္႕
မေနတတ္ေတာ့။
ကြၽန္ေတာ္႕ကို သေဘာ
မက်ဘူးလို႔ ေျပာထားတာေလ။
" ကိုယ္ကေႏြးေနတုန္းပဲ ဆန္ျပဳတ္စား
ၿပီးရင္ေဆးေသာက္လိုက္"
"ဟုတ္ ဟုတ္ကဲ့"
" လူငယ္က တက္တက္ႂကြႂကြနဲ႔ေနမွ
ေပါ့။ဘာျဖစ္လို႔ေခါင္းကငုံ႔ထားတာလဲ။
အားကိုမရဘူး"
"ဗ်ာ"
"လူငယ္ဆိုတာကိုယ့္ကိုကိုယ္ ယုံၾကည္
မႈ႐ွိ႐ွိနဲ႔ေနရတယ္။ ကိုယ္အျပစ္လုပ္
ထားတာမ႐ွိရင္ ဘယ္သူ႕ကိုမွေၾကာက္
စရာမလိုဘူး။ရဲရဲဝံ့ဝံ့နဲ႔ေခါင္းေမာ့ၿပီးေန"
"ဟုတ္ ဟုတ္ကဲ့"
ေခါင္းေမာ့လိုက္ရရင္း အန္တီကဆူေန
သလိုပင္ေျပာေပမဲ့ ဘာျဖစ္လို႔လဲမသိ
စိတ္ထဲကေန ဝမ္းနည္းလာရသည္။
" ဒီလိုပဲ လူရယ္လို႔ျဖစ္လာမွေတာ့ ေလာကဓံဆိုတာက ပုံစံအမ်ိဳးမ်ိဳးနဲ႔
ကိုယ့္ဆီကိုလာမွာပဲ။ဘဝဆိုတာ ကိုယ္
ျဖစ္ခ်င္တဲ့အတိုင္းပဲအၿမဲတမ္းအဆင္
ေျပေနမွာမဟုတ္ဘူး။အဲဒါကိုကိုယ္က ေယာက်ာ္းေလးပီပီ ၾကံ့ၾကံ့ခံၿပီး
ရင္ဆိုင္ရဲရတယ္ "
ကြၽန္ေတာ္႕ကို အန္တီကဘာလို႔
အားေပးစကားေတြ ေျပာေနတာလဲ။
"မင္းညီေလးရဲ႕အေမနဲ႔မင္း အဆင္
မေျပလို႔ဒီမွာလာေနေနတာဆို။ ဒါက
မင္းတို႔အိမ္ကိစၥဆိုေတာ့ အန္တီဘာမွ
မေျပာခ်င္ဘူး။အနားယူၿပီးရင္
ကိုယ္လုပ္စရာ႐ွိတာကိုဆက္လုပ္။
ေအးေဆးေပါ့။ ေယာက်္ားေလးပဲဟာ"
အန္တီကကြၽန္ေတာ္႕ မ်က္ႏွာကိုၾကည့္ၿပီး အမွန္ပင္အသာျပဳံးလိုက္သည္။
ေခါင္းညိတ္လိုက္ရၿပီး
"ဟုတ္ကဲ့"ႏွစ္လုံးကိုသာ ထပ္ခါတ
လဲလဲ ျပန္ေျဖရင္း မေနတတ္ျဖစ္သြား
ရသည္။
အန္တီ အကုန္သိေနတာပဲ။
"မင္းညီေလးကို ဒီအ႐ြယ္ထိေရာက္
ေအာင္ ကိုယ့္အားကိုယ္ကိုးၿပီး ေစာင့္
ေ႐ွာက္ေပးထားတာနဲ႔တင္ မင္းက
ေတာ္တဲ့ေကာင္ေလးျဖစ္ေနၿပီ"
ကြၽန္ေတာ္အခုနားၾကားမ်ားမွားေန
တာလား။
ကြၽန္ေတာ္႕ကို သေဘာမက်ဘူးဆိုၿပီး
ေမေမက အားေပးစကားေတြေျပာ
ေနတယ္။
ကြၽန္ေတာ္ ဘာမွျပန္မေျပာမိေတာ့
ဒီအ တိုင္းသြားေတာ့မယ္ထင္ေသာ္
လည္းအန္တီကသူ႕လက္ဆြဲအိတ္ကို
ဖြင့္ၿပီးအထဲကေန ပိုက္ဆံတစ္ထုပ္ကို
ယူလိုက္သည္။
အဲ့ပိုက္ဆံထုပ္ထဲကေနအုပ္ေရရီၿပီး
ကြၽန္ေတာ္႕ကို တစ္ေသာင္းတန္ငါးအုပ္
ကမ္းေပးလာသည္။
" ညီေလးနဲ႔ မုန္႔ဝယ္စားလိုက္ မုန္႔ဖိုးေပးတာ"
ကြၽန္ေတာ္႕ကို ကမ္းေပးလာတဲ့ပိုက္ဆံ
ေတြကိုၾကည့္ၿပီးကြၽန္ေတာ္ မ်က္လုံးျပဴးသြားရသည္။
"ဗ်ာ က် ကြၽန္ေတာ္ အဲ့ဒီေလာက္
မလိုပါဘူး အန္တီ"
" မုန္႔ဖိုးေပးတာ လူႀကီးကေပးေနရင္
ယူလိုက္"
ကြၽန္ေတာ္ျငင္းလိုက္တဲ့အခ်ိန္ ေမေမကမ်က္ႏွာတည္သြားၿပီး ထပ္ေျပာတာမို႔
မရဲတရဲနဲ႔ပဲ။
အန္တီ့ဆီက မုန္႔ဖိုးကိုယူလိုက္ရတဲ့
အခ်ိန္ကြၽန္ေတာ္႕ရင္ထဲမွာ ခံစားခ်က္
တခ်ိဳ႕ ျပည့္ႏွက္သြားရသည္။
"ေက်း ေက်းဇူးတင္ပါတယ္အန္တီ"
" ကိုယ့္ကိုကိုယ္ဂ႐ုစိုက္ သားကိုလည္းဂ႐ုစိုက္ေပး။သားကမိဘအိမ္မွာပဲ
ျပန္ေနဖို႔ဆုံးျဖတ္ထားတာ မင္းေၾကာင့္
ဒီအိမ္မွာ တစ္ေယာက္ထဲလာျပန္ေန
တယ္ဆိုတာကိုမေမ့နဲ႔"
"ဟုတ္ ဟုတ္ကဲ့"
ေမေမကားေပၚတက္သြားၿပီး ကားက
ျခံထဲကေနထြက္သြားတဲ့အခ်ိန္ထိ
ကြၽန္ေတာ္ ရပ္ေနရာကေနမလႈပ္မိေသး။
ျခံတံခါးေတာင္သြားမပိတ္ႏိုင္ အသိ
စိတ္ဝင္လာေတာ့ ေဘာင္းဘီအိတ္ကပ္
ထဲကေနဖုန္းကိုထုတ္ၿပီးကိုကို႔ဆီ
ခ်က္ခ်င္းပင္ဖုန္းဆက္လိုက္မိသည္။
ဖုန္းေခၚေနတဲ့အခ်ိန္ ရင္ေတြကခုန္လို႔။
ကိုကိုအားရဲ႕လား။
တစ္ဖက္ကဖုန္းကိုင္လိုက္တာနဲ႔ကြၽန္ေတာ္ ခ်က္ခ်င္းပင္။
"ကိုကို ေမေမျပန္သြားၿပီ။ အခု
ပဲျပန္သြားတာ "
"ဟုတ္လား"
"ေမေမက႐ုတ္တရက္ႀကီးဘာလို႔
အိမ္ကိုလာတာလဲ။ ကိုကို႔ကို လာေတြ႕တာလား"
"အင္း အျပင္ထြက္ရင္း ကိုယ့္ဆီ
တစ္ခ်က္ ဝင္လာတာျဖစ္မွာေပါ့။
အေမဘာေတြေျပာသြားေသးလဲ။
ဆူသြားေသးလား "
" ေမေမဆူတာပဲဟာ ကြၽန္ေတာ္ဘာမွ
မျဖစ္ဘူး။ကိုကို ေမေမက မျပန္ခင္
ကြၽန္ေတာ္႕ကို မုန္႔ဖိုးေပးသြားတယ္
ငါးသိန္းေတာင္ ေပးသြားတယ္ သိလား"
အေလာတႀကီးေျပာျပခ်င္ေနတဲ့
ကြၽန္ေတာ္႕ အသံေတြကတုန္ရီလို႔။
ဘယ္ေလာက္ပဲမုန္႔ဖိုးေပးတယ္ဆို
ေပမယ့္ ဒါႀကီးက မမ်ားလြန္းဘူးလား။
သူေဌးေတြက မုန္႔ဖိုးတစ္ခါေပးရင္
ဒီလိုပဲလား။
" တစ္ကယ္လား ။အဲ့တာဆိုကိုယ့္ကို
မုန္႔ျပန္ဝယ္ေကြၽး"
" မေကြၽးပါဘူး ကြၽန္ေတာ္႕ကို
ေပးတာ ေမေမက။ကြၽန္ေတာ္႕အတြက္
မုန္႔ဖိုးတဲ့"
" အဲဒီေလာက္ေတာင္ေပ်ာ္လား"
" ေပ်ာ္တာေပါ့ မုန္႔ဖိုးရလို႔မဟုတ္ဘူး။
ေမေမ့ဆီကရလို႔ ပိုၿပီးေတာ့ေပ်ာ္တာ"
ကြၽန္ေတာ္႕ မ်က္ႏွာမွာအျပဳံးေတြ မရပ္
တန္႔ႏိုင္ေတာ့ပဲ ေမေမေပးသြားတဲ့
မုန္႔ဖိုးကို က်စ္က်စ္ပါေအာင္ဆုပ္ကိုင္
ထားမိသည္။
" အေမကကိုယ့္ကိုေတာင္ မုန္႔ဖိုးေပး
တာမဟုတ္ဘူး သိလား။ကိုယ္ေတာ့
အားက်သြားၿပီ"
" ကိုကိုကပိုက္ဆံ ႐ွိၿပီးသားေလ
ေမေမကဘာလို႔ မုန္႔ဖိုးေပးမွာလဲ။
ကြၽန္ေတာ္႕ကိုက် အိမ္ေပၚကဆင္း
လာတယ္ဆိုလို႔ သနားသြားလို႔
ျဖစ္မယ္ ကိုကိုေမေမ့ကိုဘာေတြသြား
ေျပာလိုက္တာလဲ"
ကိုကိုက တစ္ခဏတိတ္ဆိတ္သြားသည္။
"ဝန္း"
"ဗ်ာ"
" အေမကမင္းကို သနားလို႔မုန္႔ဖိုး
ေပးတာမဟုတ္ဘူး"
"အဲ့ဒါဆို ဘာလို႔လဲ"
"သူ႕သားငယ္လိုမ်ိဳး ဂ႐ုစိုက္လို႔ေပါ့"
ကြၽန္ေတာ္ ခ်က္ခ်င္း ၿငိမ္က်သြားရသည္။
" အေမက အခုခ်က္ခ်င္းေတာ့
လက္မခံႏိုင္ေသးေပမယ့္ ကိုယ္တို႔
အတူတူႀကိဳးစားၾကမယ္ေလ။အေမက
ဝန္းကိုမုန္႔ဖိုးေတာင္ေပးသြားတယ္
ဆိုေတာ့ ကိုယ္တို႔ဘက္ပါလာဖို႔က
ေသခ်ာေနၿပီ။ကိုယ့္ေကာင္ေလးက
လည္းခ်စ္ဖို႔ေကာင္းတာကို အေမ
ဘယ္ေတာင့္ခံႏိုင္ပါ့မလဲ။ကိုယ့္အေမက ကေလးခ်စ္တတ္တယ္ သိလား "
ကိုကို႔ စကားအဆုံးကြၽန္ေတာ္ ပကတိ
ၿငိမ္က်သြားရၿပီး ရင္ဘတ္ထဲကေန
လိႈက္တက္လာရသည္။
"က် ကြၽန္ေတာ္ ေနာက္မွဖုန္းျပန္ဆက္
လိုက္ေတာ့မယ္ ကိုကို ဒါပဲေနာ္"
သူနဲ႔ဘယ္လိုမွ စကားဆက္မေျပာႏိုင္
ေတာ့တာမို႔ ဖုန္းခ်လိုက္ရၿပီး
ေမေမေပးသြားတဲ့ မုန္႔ဖိုးကိုသာၾကည့္ရင္း ။
ေမေမက ကြၽန္ေတာ္႕ကိုဆူသြားေပမယ့္ အားေပးစကားေတြလည္း ေျပာသြား
တယ္ကိုကိုရဲ႕။ကြၽန္ေတာ္ ငိုေတာင္ငို
မိေတာ့မလို႔ပဲ။
ကြၽန္ေတာ္႕အေမ မ႐ွိေတာ့တဲ့အခ်ိန္ထဲကလစ္ဟာသြားတဲ့ မိဘဆီကေႏြးေထြးမႈ
မ်ိဳးျပန္ရလိုက္သလိုမ်ိဳး။
တစ္ကယ္ကို အားနာမိၿပီးေတာ့
ေက်းဇူးတင္ရပါတယ္ အန္တီ။
"ဆုလာဘ္"
အငယ္ေလးက အိမ္ထဲကေနေျပးထြက္
လာၿပီးကြၽန္ေတာ္႕ အနားေရာက္လာသည္။
" အန္တီႀကီးကျပန္သြားၿပီလား ဆုလာဘ္"
"အင္း ျပန္သြားၿပီ။ အန္တီႀကီးက
မုန္႔ဖိုးေပးသြားတယ္"
"ဟုတ္လား ေပ်ာ္စရာႀကီး ဆုလာဘ္
သားကိုမုန္႔ဝယ္ေကြၽး"
" ဝယ္ေကြၽးမွာေပါ့ ဘာစားခ်င္လဲသာေျပာ"
"ေရးး"
ေပ်ာ္ေနတဲ့အငယ္ေလးကိုၾကည့္ၿပီး
ကြၽန္ေတာ္ ဝမ္းနည္းဝမ္းသာနဲ႔ပဲ
အငယ္ေလးအေ႐ွ႕မွာထိုင္ခ်ၿပီး
အငယ္ေလးကို ဖက္ထားမိေတာ့တယ္။
ညီေလးမျမင္ေအာင္ ထြက္လာတဲ့
မ်က္ရည္ဝဲခ်င္လာသည္ကိုသုတ္ပစ္ၿပီး
ညီေလးကိုပို၍ဖက္ထားလိုက္ရ
ေတာ့သည္။
-------
" သမီးဘယ္လိုေနလဲ ဝဏၰ"
" အန္တီ့ေခြၽးမ သက္သာေနၿပီ။
ေနာက္ႏွစ္ရက္ေလာက္ဆိုရင္ ေဆး႐ုံက
ဆင္းလို႔ရၿပီခင္ဗ်"
ဘြားေတာ္က ကိုယ္တို႔ေက်ာင္းတက္ေန
တုန္းထဲက သူ႕သားအေၾကာင္းေမးခ်င္ရင္
ဖုန္းလွမ္းဆက္ေနၾကပဲ။
စစ္ေၾကာင္းအိမ္ကိုလာၿပီး တခါတ
ေလလာစစ္ေဆးရင္ ကိုယ္တို႔ကိုပြား
ေနၾကမို႔ ေအးေဆးပါပဲ။အန္တီက
သေဘာေတာ့ေကာင္းပါတယ္။
စစ္ေၾကာင္းသူငယ္ခ်င္းေတြ အကုန္လုံး
ကို သူ႕သားေတြလိုပဲဆက္ဆံတတ္တယ္။
" ေတာ္ေသးတာေပါ့ ကိုယ့္မိန္းမကိုယ္ဂ႐ုစိုက္ေပးလိုက္။ သူ႕ခမ်ာအားငယ္
ေနမွာ ဘာမွသြားေျပာမေနနဲ႔အုံး မင္း
ကလည္း အစသန္တာနဲ႔"
"ကြၽန္ေတာ္ ဘာမွမေျပာရပါဘူးဗ်ာ"
"ေအး ေအး သမီးကသက္သာေနၿပီ
ေဆး႐ုံကဆင္းရေတာ့မယ္ဆိုေတာ့
အန္တီလာမၾကည့္ေတာ့ဘူး။ အန္တီ
တို႔အိမ္က အငယ္ဆုံးကိုပဲလႊတ္လိုက္
တယ္ ။ဒီေန႔ေဆး႐ုံေရာက္လာလိမ့္မယ္"
" အန္တီတို႔အိမ္ကအငယ္ဆုံး
ဘယ္သူလဲ ခင္ဗ်"
႐ုတ္တရက္ အန္တီဘာေျပာတာလဲ
ဆိုတာ စဥ္းစားမရ။
အန္တီမွာသားဆိုလို႔ ကိုယ့္တို႔ေကာင္စစ္ေၾကာင္း တစ္ေယာက္ပဲ႐ွိတာေလ။
"မင္းသူငယ္ခ်င္းကေတာ့ သူ႕ညီေလးလို႔ေျပာတာပဲ"
စိတ္ထဲကထြက္သြားတဲ့စကားလုံးကို
ပါးစပ္ထဲကမထြက္ေအာင္မနဲျပန္ဘရိတ္အုတ္လိုက္ရသည္။
ေဝါင္း။အေမးဇင္းပါပဲ။
" တကယ္ႀကီးလား အန္တီခက္
သေဘာတူလက္ခံလိုက္ၿပီလား"
"သေဘာမတူရေသးဘူး။မင္း
သူငယ္ခ်င္းကတခ်ိန္လုံး ဖုန္းဆက္ၿပီး
အန္တီ့ကို နားပူနားဆာလုပ္ေနလို႔"
" အန္တီခက္က နားပူနားဆာလုပ္တိုင္း
ပါသြားမဲ့အမ်ိဳးသမီးလားဗ်ာ။ဘယ္လို
လဲခင္ဗ်အန္တီ့သားအေ႐ြးေတာ္တယ္
မလား။အဲဒါကြၽန္ေတာ္တို႔အဖြဲ႕က
မလည္႐ႈပ္ေလးေနာ္။အန္တီ အေၾကာင္း
သိသြားရင္ မခ်စ္ပဲေနႏိုင္မွာ မဟုတ္ဘူး"
"အန္တီျဖင့္ မခ်စ္ပါဘူး စိတ္တိုင္းကို
မက်ဘူး"
အန္တီ့ေလသံ အသြားအလာကို
နားေထာင္႐ုံနဲ႔သိလိုက္ၿပီေလ။
"ကြၽန္ေတာ္ သိပ္မယုံၾကည္ေနဘူးေနာ္
အန္တီ"
တစ္ဖက္ကအန္တီခက္ရဲ႕ ရယ္သံကိုၾကားလိုက္ရသည္။
" ထားပါေတာ့အဲ့ဒီမွာ သားညီေလးကို
အန္တီေဆး႐ုံလႊတ္ထားတယ္။ေနသိပ္
မေကာင္းတာေတာင္ မင္းမိန္းမေဆး႐ုံ
ကဆင္းသြားမွာစိုးလို႔လႊတ္လိုက္တာ။
ေကာင္ေလးကသူ႕အိမ္နဲ႔လည္းအဆင္
မေျပျဖစ္ေနလို႔ စိတ္အားငယ္ေနတယ္။
ဘာမွမစလိုက္နဲ႔ ၾကားလား"
စိတ္ထဲကေနပဲထပ္ၿပီး double
အေမးဇင္းပါပဲ။
ဘြားေတာ္ဘာလို႔ဖုန္းဆက္လာလဲ
သိလိုက္ၿပီေလ။
"အခုထဲက တုန္ေနၿပီေနာ္အန္တီက"
တအံ့တၾသေျပာလိုက္ရသည္ကေတာ့
ဝဏၰကိုယ္တိုင္။
ကိုယ္တို႔မင္းသားကေတာ့ ကံေတြ
တက္ေနၿပီ။
အန္တီ့ကိုလည္း စခ်င္ေသးတာမို႔။
" အန္တီတို႔အိမ္က အငယ္ဆုံးကို
ကြၽန္ေတာ္ ငိုေအာင္လုပ္ၿပီးမွျပန္လႊတ္
လိုက္မယ္ဗ်ာ"
" အဲ့ဒါဆိုရင္ေတာ့ သားကိုထပ္ၿပီးလႊတ္လိုက္မယ္။ မင္းသူငယ္ခ်င္းနဲ႔ပဲ
ၾကည့္႐ွင္းလိုက္"
ဒါေတာ့ေတာ္႐ုံတန္႐ုံ အေမးဇင္း
မဟုတ္ေတာ့ဘူး။
" အန္တီကြၽန္ေတာ္႕ကို ၿခိမ္းေျခာက္ေန
သလို ခံစားရတယ္ေနာ္"
"မဟုတ္တာကြယ္"
"ဟုတ္ကဲ့ အန္တီတို႔အိမ္ကအငယ္ဆုံး
ေလးလာရင္ကြၽန္ေတာ္ေသခ်ာဧည့္ခံ
လိုက္ပါ့မယ္။အန္တီကိုယ္တိုင္ဖုန္းဆက္
ၿပီးေျပာေနမွေတာ့ ကြၽန္ေတာ္ေၾကာက္ေၾကာက္နဲ႔ပဲအ႐ႈံးေပးလိုက္ပါၿပီ။
ဘာမွစိတ္မပူနဲ႔ အန္တီ"
"မင္းက စတတ္လို႔ေလ။ဘာရယ္မဟုတ္
ပါဘူး အန္တီကစိတ္ပူတာမဟုတ္ဘူး။
သားေျပာတာေတာ့အဲ့ေကာင္ေလးက
မင္းကိုေၾကာက္လို႔ ေဆး႐ုံမသြားရဲ
ဘူးတဲ့။မင္းဘာေတြစထားလဲမွမသိ
တာ ။အဲ့ေကာင္ေလးကို စိတ္တိုင္း
မက်ေပမယ့္လည္း မင္းသူငယ္ခ်င္းက
သူမွသူျဖစ္ေနေတာ့ အန္တီလည္း
မတတ္ႏိုင္ေတာ့ဘူး။ အဲ့ဒါ သမီး
အေျခအေနလည္း သိခ်င္တာနဲ႔
ဖုန္းဆက္လိုက္တာ"
သူ႕ရဲ႕သားငယ္ေလးလို႔ေျပာဖို႔ပဲ က်န္
ေတာ့တယ္။ ဒါေတာင္စိတ္တိုင္းကမက်ေသးဘူးတဲ့ ကိုယ္တို႔အန္တီခက္က။
"အန္တီ ဒီေန႔ဖုန္းဆက္တာ မင္းနဲ႔အန္တီ
ႏွစ္ေယာက္ပဲသိတယ္ေနာ္ ဝဏၰ ၾကားလား"
"ဗ်ာ အန္တီက အဲ့ဒီလိုလားဗ်"
တစ္ဖက္ကအန္တီ့ရယ္သံနဲ႔အတူကိုယ္
ပါရယ္လိုက္မိသည္။
"သမီးကိုလည္း အန္တီကေမးတယ္
လို႔ေျပာေပး ပါဦး၊။သမီးသက္သာလာ
တဲ့အခါၾကရင္ ေခၚၿပီးေတာ့အိမ္ကို
ႏွစ္ေယာက္လုံးတစ္ခ်က္ဝင္လာခဲ့ၾကဦး
မင္းအိမ္ေထာင္က်သြားၿပီးထဲက
အန္တီ့ကိုလာမကန္ေတာ့ရေသးဘူးေနာ္
ဝဏၰ"
"ကြၽန္ေတာ္တို႔လာကန္ေတာ့ရင္ မုန္႔ဖိုး
ေပးမလို႔လားဗ်"
"ေပးရမွာေပါ့ကြယ္ ကိုယ့္သားသမီးေတြပဲ"
"ကြၽန္ေတာ္အလုပ္အားတဲ့ေန႔လာခဲ့
မယ္ေနာ္ အန္တီ။ဟုတ္ကဲ့ ဟုတ္ကဲ့ပါခင္ဗ်"
ဘြားေတာ္ဖုန္းခ်သြားတဲ့ အခ်ိန္ အံ့ၾသ
လို႔မဆုံး။
စစ္ေၾကာင္း။ ဒီေကာင္သစၥာေဖာက္။
အဲဒါေၾကာင့္ေျပာတာ ၾကားသုံးၾကား
မဝင္ေကာင္းတဲ့။
အမေလး။သားေရာ အေမေရာ
တုန္ေနၾကတာ။အန္တီ စိတ္တိုင္းမက်
တာကလည္း တစ္မ်ိဳးေလးေနာ္။
ကိုယ့္မိန္းမျဖစ္တဲ့ကိစၥကို စေနာက္ၿပီး
ေတာင္ ဆုလာဘ္ဝန္းကိုအျပစ္ေျပာဖို႔ စိတ္ကူးမ႐ွိပါဘူးဗ်ာ။
ကိုယ့္ေကာင္တစ္ေယာက္ထဲ ပါသြားၿပီ
ထင္ေနတာ။
အခု ကိုယ္တို႔ အန္တီပါပါသြားၿပီပဲ။
မလည္႐ႈပ္က ေၾကာက္ဖို႔ေကာင္းလိုက္တာ။
------------
ေျမညီထပ္မွာ ကားရပ္ထားၿပီးေတာ့
ကြၽန္ေတာ္ရယ္ ေမမီနဲ႔ခ်မ္းေျမ့
သုံးေယာက္သားအတူတူ ေဆး႐ုံထဲ
ဝင္လာခဲ့ၾကသည္။
" ဆက္ေျပာပါဦး ကိုစစ္ေၾကာင္း
အေမက သူ႕သားနဲ႔ နင့္ကို သေဘာတူ
လိုက္ၿပီလားဆုလာဘ္ ။တစ္ျခား
ဘာေတြေျပာသြားေသးလဲ"
" အဲဒီအေၾကာင္းေတာ့ ဘာမွသိပ္
မေျပာဘူးေစာင့္ၾကည့္အုံးမယ္တဲ့။ငါ့ကို
ေဆး႐ုံကိုသြားဖို႔ပဲအဓိကေျပာတယ္။
ၿပီးေတာ့ "
" ၿပီေတာ့ဘာျဖစ္လဲ ဆက္ ေျပာ "
ေဘးကႏွစ္ေယာက္က ေတာ္ေတာ္ေလး
ကို သိခ်င္ေနၾကသည္။
ကိုစစ္ေၾကာင္းအေမ အိမ္လာသြားတယ္
လို႔ေျပာျပလ္ုက္မိတာကစတာပဲ။
ေဆး႐ုံလာတဲ့ တလမ္းလုံးလည္း
ကားေပၚမွာေမးလာၾကတာအသည္းအသန္။
" ၿပီးေတာ့ငါ့ကို မုန္႔ဖိုးေပးသြားတယ္"
"ဘာ"
ေၾကာင္အေနတဲ့ႏွစ္ေယာက္ကို အသာ
ရယ္ျပလိုက္ရေတာ့တယ္။
ကြၽန္ေတာ္ႂကြားသလိုမ်ား ျဖစ္သြားလား။
" အဲ့တာဆို အေျခအေနက ေတာ္ေတာ္ေကာင္းေနၿပီပဲဆုလာဘ္။ နင့္ေယာကၡမ
ႀကီးက မုန္႔ဖိုးေတာင္ေပးသြားတယ္
ဆိုေတာ့"
ေမမီက ကြၽန္ေတာ္႕ထက္ပင္ေပ်ာ္ေနေသးသည္။
"ဟုတ္တယ္ မင္းကိုလက္ခံေပးလိုက္တဲ့ သေဘာပဲဟ"
သူငယ္ခ်င္းေတြေျပာေနတာကို
နားေထာင္ေနရင္းနဲ႔ အခုျဖစ္ေနတာကို
မယုံႏိုင္ေသး။
ကြၽန္ေတာ္႕ကို အန္တီသနားေနလို႔
လည္း ျဖစ္ခ်င္ျဖစ္မွာပါ။ကိုကိုဘာေတြ
ေျပာထားလဲမွ မသိတာ။
ရည္မြန္ရဲ႕ ေဆး႐ုံအခန္းေ႐ွ႕ေရာက္ေတာ့ ကြၽန္ေတာ္ ေျခလွမ္းေတြရပ္သြားရၿပီး ခ်က္ခ်င္းမဝင္ရဲ။
" ဆုလာဘ္ လာေလ"
ေမမီက ကြၽန္ေတာ္႕လက္ထဲကအထုပ္
ကိုယူၿပီး အခန္းတံခါးကိုဖြင့္လိုက္သည္။
"ဆုလာဘ္"
ရည္မြန္ကကြၽန္ေတာ္႕ကို ျမင္ျမင္ခ်င္း
ပင္ လွဲေနရာက ထထိုင္လိုက္သည္။
ရည္မြန္လွမ္းေခၚေတာ့ ကြၽန္ေတာ္
ရည္မြန္အနားအျမန္သြားရၿပီး
ကုတင္ေဘးမွာဝင္ထိုင္လိုက္ေတာ့
ရည္မြန္ကျပဳံးလ်က္ပင္။
" မထနဲ႔ေလ လွဲေန"
"ရပါတယ္ဟ ထိုင္လို႔ရေနၿပီ"
"သက္ သက္သာရဲ႕လားရည္မြန္"
"အင္းသက္သာတယ္ နင္ငါ့ကိုလာ
ၾကည့္လို႔ နင့္မ်က္နာကိုေတြ႕ရလို႔ ပိုၿပီး
ေတာင္သက္သာသြားၿပီ"
ကုတင္ေဘးမွာ ဝင္ထိုင္လိုက္ရင္း
ရည္မြန္ကို ဘာဆက္ေျပာရမည္မသိ။
ရည္မြန္က ႏွစ္ႏွစ္ၿခိဳက္ၿခိဳက္ျပဳံးေန
လ်က္ပင္။
" အခုမွပဲေရာက္လာေတာ့တယ္
ဆုလာဘ္ငါနင့္ကို ေစာင့္ေနတာၾကာ
လွၿပီ။ ဘာေတြဝယ္လာတာလဲ ငါ့
အတြက္လား"
"အင္း နင့္အတြက္"
"အမေလး သူတို႔ပဲ ခ်စ္ေနၾကတာ
ငါတို႔ ႏွစ္ေယာက္က အပိုလူေတြ
ထင္တယ္ေနာ္ခ်မ္းေျမ့"
"ဟုတ္ပ ေျပာမေျပာခ်င္ဘူး"
ေမမီနဲ႔ခ်မ္းေျမ့က ေပါ့ေပါ့ပါးပါးျဖစ္
ေအာင္ စေနၾကေပမဲ့ ကြၽန္ေတာ္မျပဳံးႏိုင္။
ရည္မြန္ မ်က္ႏွာကို ရဲရဲမၾကည့္ရဲပဲ
ေနရခက္ေနသည္။
"ကိုဝဏၰေရာ ရည္မြန္ ။ လူနာကို
အခန္းထဲမွာတစ္ေယာက္ထားၿပီး
ဘယ္သြားလဲ"
ေမမီကေမးလိုက္သည္။
"ေအာက္ထပ္ ခဏဆင္းသြားတယ္။
နင္တို႔နဲ႔ မဆုံလိုက္ဘူးလား"
"မဆုံဘူး"
" ေနမေကာင္းဘူးဆိုဆုလာဘ္
အဲ့တာဆိုခဏပဲေနၿပီးရင္ ျပန္လိုက္
ေတာ့ေလ။ ဒီမွာေမမီနဲ႔ခ်မ္းေျမ့႐ွိေန
တယ္သူတို႔ပဲေစာင့္ခိုင္းလိုက္မယ္ "
ရည္မြန္ကကြၽန္ေတာ္႕ကိုအျပဳံးေလးနဲ႔ေျပာသည္။
ရည္မြန္ကျပဳံးေနေပမယ့္ ကြၽန္ေတာ္
ကေတာ့ ရည္မြန္ကို မ်က္ႏွာခ်င္းဆိုင္
မိတာနဲ႔ အားနာေနမိသည့္စိတ္က။
"မျပန္ပါဘူး ညေနထိေနမွာ။ ငါ့အတြက္
မပူနဲ႔ နင္သာအျမန္ေနျပန္ေကာင္းလာဖို႔ပဲ ဂ႐ုစိုက္"
"ငါအခုေတာင္ ေတာ္ေတာ္ေလး
သက္သာေနပါၿပီ ေနာက္တရက္ႏွစ္ရက္
ဆို ေဆး႐ုံကဆင္းရေတာ့မယ္"
ကြၽန္ေတာ္ ဘာမွဆက္မေျပာမိေတာ့။
သူငယ္ခ်င္းႏွစ္ေယာက္ တစ္ေယာက္
ကိုတစ္ေယာက္ၾကည့္ရင္း ကြၽန္ေတာ္
ဘယ္ကေနဘယ္လို စၿပီးေတာင္းပန္
ရမည္မသိ။
" ငါ့မိန္းမကို ဘာေတြကပ္ခြၽဲေန
တာလဲေဟ်ာင့္"
အဲ့ဒီခ်ိန္အခန္းတံခါးပြင့္လာၿပီး ကိုဝဏၰ
ကဝင္လာသည္။
ကိုဝဏၰကြၽန္ေတာ္႕ကို ေျပာတယ္ဆို
တာသိေပမယ့္ ဘာမွျပန္မေျပာမိဘူး။
ခ်မ္းေျမ့ကေနရာ ဖယ္ေပးလိုက္ေတာ့
ကိုဝဏၰက ကုတင္ေပၚကရည္မြန္ေဘး
မွာ ဝင္ထိုင္လိုက္သည္။
" လူနာေစာင့္ေတြက အခုမွပဲေရာက္လာေတာ့တယ္"
" ေမမီတို႔ေရာက္ေနၿပီဆိုေတာ့ ကိုဝဏၰ
ျပန္ခ်င္ရင္ ျပန္လိုက္ေတာ့ေလ လူလဲ
လိုက္ေတာ့မယ္"
"ေအး ျပန္မယ္ ေအးေဆးေပါ့"
ကိုဝဏၰက ေမမီကို ျပန္ေျပာလိုက္သည္။
"ေဟ်ာင့္ မင္းေရာေအးေဆးပဲလား"
"ဗ်ာ ကြၽန္ေတာ္"
သူ႕မိန္းမအနားကပ္လ်က္ ကိုဝဏၰက
ကြၽန္ေတာ္႕ကို စကားစသည္။
" မနက္တုန္းက အန္တီငါ့ကိုဖုန္းဆက္
ေသးတယ္။ အဆင္ေျပေနၾကၿပီလား
အန္တီခက္နဲ႔"
"မဟုတ္ပါဘူး"
" ဘာကိုမဟုတ္ဘူးလဲ မင္းေယာကၡမ
ႀကီးမနက္တုန္းကငါ့ကိုဖုန္းဆက္ၿပီး
ဘာေျပာလည္းသိလား"
"ဘာ ဘာေျပာလဲ"
" ေျပာျပလို႔မရဘူး လ်ိဳ႕ဝွက္ခ်က္"
ကိုဝဏၰ မ်က္ႏွာကျပဳံးစိစိနဲ႔တမ်ိဳးပင္။
အန္တီကကိုဝဏၰကို ဖုန္းဆက္ၿပီးေတာ့
ဘာေျပာတာလဲ။
ကိုဝဏၰကိုလည္းအန္တီကသူ႕သားလို
ပဲသေဘာထားတယ္ဆိုေတာ့
ရည္မြန္သတင္းကိုလွမ္းေမးတာထင္ပါတယ္။
"မ်က္ႏွာကဘယ္လိုျဖစ္ေနတာလဲ။
စစ္ေၾကာင္းေတြ႕ရင္ ငါကမင္းကို
ေအာ္ေနတယ္လို႔ ထင္သြားအုံးမယ္။
ဘာမွမျဖစ္ေနနဲ႔ေဟ်ာင့္"
" ရည္မြန္ကို ကြၽန္ေတာ္ေမာင္းတဲ့
ကားနဲ႔ ေခၚသြားခဲ့မိတာ ႏွစ္ေယာက္လုံး
ကို ကြၽန္ေတာ္ ေတာင္းပန္ပါတယ္"
ကုတင္ေပၚမွာထိုင္ေနတဲ့
ရည္မြန္နဲ႔ကိုဝဏၰကို ေမေမေပးတဲ့
အားအင္ေတြနဲ႔ ကြၽန္ေတာ္ ေတာင္းပန္
လိုက္တဲ့အခ်ိန္ေမမီက ကြၽန္ေတာ္႕
အနားကပ္လာသည္။
ရည္မြန္ကခ်က္ခ်င္းပင္။
"မဟုတ္တာဟယ္ ဆုလာဘ္နင္ကေတာ့
လုပ္ၿပီ အဲ့ဒီလိုေတြမေျပာပါနဲ႔ဆို။
ဒီကိစၥနင္နဲ႔ ဘာမွမဆိုင္ဘူးေလ။
မဆိုင္တာေတြ လိုက္ေတြးေတာ့မယ္
။ အဲ့တာေၾကာင့္ေပါ့ ဖုန္းဆက္လည္း
မကိုင္ဘူး။ ငါကေတာ့ နင္ေဆး႐ုံ
မလာလို႔ေမွ်ာ္ေနၿပီး ငါ့သူငယ္ခ်င္း
ငါ့ကို တစ္ခါေလးေတာင္လာမၾကည့္
လို႔ စိတ္မေကာင္းျဖစ္ေနတာ"
" ငါ့မိန္းမ တစ္ထိုင္ထဲ စကားေတြ
အမ်ားႀကီးေျပာလိုက္လားဟ"
"အယ္ ဟုတ္တယ္ေနာ္ ကိုဝဏၰ အသံ
သြင္းထားမွရမယ္ "
သူ႕မိန္းမကိုတအံ့တၾသ ျပန္ၾကည့္ေန
တဲ့ ကိုဝဏၰကို ေမမီကေထာက္ခံလိုက္သည္။
" ငါ့မိန္းမကိုစကားေတြအမ်ားႀကီး
ေျပာေအာင္လုပ္ႏိုင္တာ ဆုလာဘ္ မင္း
တစ္ေယာက္ပဲ႐ွိေသးတယ္ "
ကိုဝဏၰ ကြၽန္ေတာ္႕ကို ေအးေအးေဆး
ေဆးပဲ ေျပာေနေပမဲ့ကြၽန္ေတာ္အားနာ
ေနမိသည္ ။
" ငါေတာ့ ေခါင္းက်ိန္းရေတာ့မယ္။
သူ႕ဟာေလးကို အႏိုင္က်င့္ေနပါတယ္
ဆိုၿပီး စစ္ေၾကာင္းငါ့ကို လာသတ္ေန
မွျဖင့္။အမြန္ ကိုယ့္ကိုကယ္ပါအုံး"
"အခု ကိုစစ္ေၾကာင္းတစ္ေယာက္
ထဲမဟုတ္ေတာ့ဘူး ကိုစစ္ေၾကာင္း
ေမေမပါ ပါလာၿပီ။ အန္တီကအိမ္အထိ
လာၿပီး ဆုလာဘ္ကိုမုန္႔ဖိုး လာေပး
သြားတာေနာ္ ။ကိုဝဏၰ အသက္
မေပ်ာက္ခ်င္ရင္ စကားေျပာဆင္ျခင္ေတာ့"
ေမမီကကြၽန္ေတာ္႕ ေဘးကေနၿပီးေတာ့
ကိုဝဏၰကို ရန္ေတြ႕ေနသည္။
"ေအး ဟုတ္တယ္ဟ ဆုလာဘ္ဝန္းက
ပါဝါႀကီးလိုက္တာ အန္တီပါ ပါလာရင္
ေတာ့တစ္ကယ္ေၾကာက္တယ္ ။ ငါ
မင္းကိုဘာတစ္ခြန္းမွအျပစ္မေျပာရ
ဘူးေနာ္ ေဟ်ာင့္"
ေမမီ့စကားကို ကိုဝဏၰက ေၾကာက္ေန
သလိုနဲ႔ ျပန္ေျပာၿပီး ကြၽန္ေတာ္႕ကိုစေနသည္။
" အဲ့လိုမဟုတ္ပါဘူး"
" ဘာမွျဖစ္မေနနဲ႔ေဟ်ာင့္ ေအးေဆး။
မင္းနဲ႔ဘာမွမဆိုင္ဘူး စိတ္မေကာင္း
ျဖစ္မေနနဲ႔"
ကိုဝဏၰက ခပ္တည္တည္ႏွင့္ပင္။
" အန္တီခက္က မင္းကိုမုန္႔ဖိုးေတြ
ဘာေတြေတာင္ေပးေနၿပီေပါ့ေလ။
ဒါဆိုအဆင္ေျပေနၾကၿပီပဲ။ မင္း
ေပါက္ကရေတြမလုပ္ပဲ လိမၼာဖို႔ပဲ
လိုေတာ့တယ္ေဟ်ာင့္"
"ကိုဝဏၰ!!"
ရည္မြန္နဲ႔ ေမမီက ၿပိဳင္တူေအာ္လိုက္
ၾကသည့္တိုင္ ကိုဝဏၰက အျပဳံးမပ်က္ဘဲ။
"ငါေလး ႐ွည္မိျပန္ၿပီ"
ကိုဝဏၰက ျပဳံးစိစိႏွင့္ပင္။
" မင္းတို႔အဆင္ေျပဖို႔ပဲလိုပါတယ္။
မဟုတ္ရင္မင္းကိုေတြ႕ရျမင္ရတာ စိတ္ဆင္းရဲလြန္းလို႔။ တကယ္ပဲ။
ျပတ္ႏိုင္တာလဲမဟုတ္ဘူး"
ကိုကိုမ႐ွိတဲ့အခ်ိန္ေတြတုန္းက ကိုဝဏၰ
က ရည္မြန္နဲ႔ခ်ိန္းေတြ႕ရင္ကြၽန္ေတာ္
တို႔လည္းပါတတ္တာမို႔ ကြၽန္ေတာ္႕
အေၾကာင္းအကုန္သိသည္ေလ။
"ဒီမွာၾကည့္ေဟ်ာင့္ ငါေျပာျပမယ္။ စစ္ေၾကာင္းကတကၠသိုလ္တက္ ထဲက
လြတ္လြတ္လပ္လပ္ေနခ်င္လို႔သူ႕ဘာသာအိမ္ခြဲေနတာ။ သိတဲ့အတိုင္း
ဒီေကာင္က သူ႕မိဘေတြကိုလည္း
သိပ္မကပ္ဘူး။သူ႕အေမကေတာ့
သားတစ္ေယာက္တည္းေမြးထားတာ
ခ်စ္လိုက္တာမွတုန္လို႔။အန္တီက သူ႕
တူေတြတူမေတြကိုေတာင္မွ သူ႕သား
သမီးေတြလိုပဲ ခ်စ္တတ္တယ္။ သူ႕
သားသာဆႏၵ႐ွိတယ္ဆိုရင္ သေဘာ
ကတူေပးမွာပဲ။အဲဒီေတာ့ သူ႕သားကို
သာခ်စ္ျပလိုက္ ဘြားေတာ္ကမင္းကို
ေသခ်ာေပါက္လက္ခံေပးလိမ့္မယ္။
အန္တီ့ကို ကပ္ၿပီးေတာ့သာခြၽဲမင္းကို
မခ်စ္စရာအေၾကာင္းကိုမ႐ွိဘူး။မင္း
လိမၼာရင္အကုန္လုံးကမင္းအတြက္ႀကီးပဲ"
ေသခ်ာ အက်အနကိုထိုင္ၿပီး အန္တီ့အေၾကာင္း ေျပာျပေနတဲ့ ကိုဝဏၰပါ။
" သားကလည္းခ်စ္ အေမကလည္း
ခ်စ္ ငါေတာ့မင္းကိုအားက်လိုက္တာ ဆုလာဘ္"
အနားကခ်မ္းေျမ့ရဲ႕အသံ။
"ဟုတ္ပဟယ္ ငါလည္းအားက်တယ္
ကိုကိုေတာင္ လိုခ်င္သြားၿပီ "
ေမမီကလည္းအတူတူပင္။
ရည္မြန္ အေၾကာင္းေျပာေနရာကေန ဘယ္လိုလုပ္ၿပီးကြၽန္ေတာ္႕ အေၾကာင္းေရာက္သြားပါလိမ့္။
ကိုဝဏၰကလည္းကြၽန္ေတာ္႕ကို ခပ္တည္တည္နဲ႔အၾကံဥာဏ္ေတာင္ လာေပးေန
လိုက္ေသးတယ္။
" ေနာက္တစ္ေန႔တစ္ကယ္ပဲ ေဆး႐ုံက
ဆင္းလို႔ရၿပီလား ရည္မြန္"
"အင္းရၿပီတဲ့"
ရည္မြန္ကို စကားျပန္စလိုက္ရသည္။
"ေတာ္ပါေသးတယ္ "
" မင္းအဲလိုမ်က္ႏွာမေကာင္းျဖစ္
ေနရင္ ငါ့မိန္းမကပိုၿပီးဝမ္းနည္း ေနမွာ
ေပါ့ေဟ်ာင့္"
ကိုဝဏၰေျပာမွ ကြၽန္ေတာ္ ကိုယ့္ကို
ကိုယ္ သတိထားမိလိုက္ၿပီး ရည္မြန္
အေ႐ွ႕မွာ မ်က္ႏွာကိုျပင္လိုက္ရသည္။
အရိပ္အကဲကို မသိတဲ့ကြၽန္ေတာ္ကေတာ့ေလ။
ကိုဝဏၰက ရည္မြန္အနားကပ္ၿပီး
ရည္မြန္ပုခုံးကိုလွမ္းဖက္လိုက္သည္။
"ကိုယ္ဝန္ကဒီအတိုင္းေဆာင္လို႔မရရင္လည္း ရတဲ့နည္းနဲ႔ ယူမွာေပါ့။ဆရာဝန္နဲ႔တိုင္ပင္ၿပီးတစ္ခါတည္း အမႊာပူးသုံး
ေယာက္ေလာက္ တန္းထည့္လိုက္မယ္။
ေနာ္ မိန္းမ"
" ဘာေတြေလွ်ာက္ေျပာေနတာလဲ"
ရည္မြန္က မ်က္ႏွာေတြရဲလာတဲ့အထိပင္။
"ဟုတ္တယ္ေလ အမြန္ပဲ "
" သုံးေယာက္လုံးကို တစ္ၿပိဳင္ထဲ
ဘယ္လိုလုပ္ၿပီး ထိန္းႏိုင္မွာလဲလို႔"
" သူငယ္ခ်င္းေတြ ႐ွိတာအလကား
လား။ သူငယ္ခ်င္းတေယာက္ကို ကေလးတစ္ေယာက္ဆီေပးထားလိုက္မယ္
သူတို႔ထိန္းပေလ့ေစ။အမြန္နဲ႔ ကိုယ္က
အပ်ိဳ လူပ်ိဳလုပ္မယ္"
"မဟုတ္တာေတြ"
"ကိုဝဏၰေနာ္ ႀကိဳတင္ၿပီးေျပာထားမယ္
ကိုယ္ေတြကို ကေလးလာထိန္းခိုင္း
ဖို႔ေတာ့စိတ္မကူးနဲ႔"
ေမမီက ခ်မ္းေျမ့နဲ႔ကြၽန္ေတာ္႕ အေ႐ွ႕မွာ
ရပ္ၿပီး ကာကြယ္ထားသည္။
အခန္းထဲမွာရယ္သံေတြ ျပည့္ႏွက္
သြားၿပီး ရည္မြန္ကေတာ့ ႐ွက္႐ွက္နဲ႔
ကိုဝဏၰကို မၾကည့္ရဲျဖစ္ေန
သည္။
ရည္မြန္ကအေနေအးၿပီးအ႐ွက္သည္းသေလာက္ ကိုဝဏၰကစကားမ်ားၿပီး
အစသန္ တဲ့သူ။
ကြၽန္ေတာ္လည္း ရည္မြန္နဲ႔ကိုဝဏၰတို႔
လင္မယားကိုၾကည့္ရင္း အားနာသည့္
စိတ္နဲ႔ပဲ အဆင္ေျပသြားပါေစလို႔
ဆုေတာင္းေပးမိသည္။
ရည္မြန္က အသက္ငယ္ေသးေပမယ့္
လည္းဒီအတိုင္းဘယ္လိုမွ ကိုယ္ဝန္
မေဆာင္ႏိုင္လို႔ ရည္မြန္က်န္းမာလာတဲ့
အခါ ဖန္ႁပြန္လုပ္ၾကဖို႔သူတို႔တိုင္ပင္
ေနၾကတယ္ေလ။
ဘယ္လိုပဲျဖစ္ျဖစ္ အဆင္ေျပသြားပါေစ။
----------
" ကဲ ဝယ္ေကြၽးမယ့္လူ႐ွိေနေတာ့
အားနာနာနဲ႔ပဲစားပါၿပီေနာ္"
" မွာခ်င္တာ႐ွိရင္ ထပ္မွာပါ
အစ္မျမတ္ မ်ားမ်ားစားေနာ္"
" အမေလး ငါ့ေမာင္ေလးဝယ္ေကြၽးတာ အမ်ားႀကီးစားမွာစိတ္ခ် "
အစ္မျမတ္ကျပဳံးေနရင္း ဆက္စား
ေနသည္။ကြၽန္ေတာ္တို႔hot pot&bbq
ဆိုင္တဆိုင္မွာလာထြက္စားတာ
အစ္မျမတ္တို႔အတြဲကိုပါလွမ္းေခၚ
လိုက္တာပင္။
" ဒီေန႔ကဘာေန႔မို႔လို႔လဲ"
ကိုေက်ာ္ထြန္းက စားေနရင္းနဲ႔
ကြၽန္ေတာ္႕ကိုေမးသည္။
" ဘာေန႔မွမဟုတ္ဘူး ဒီအတိုင္းပဲ
က်ေနာ္တို႔မုန္႔ထြက္စားတာ အဲ့တာ
မျမတ္ကိုဖုန္းဆက္ေတာ့အျပင္ေရာက္
ေနတယ္ဆိုလို႔ အတူတူဆုံရေအာင္
လွမ္းေခၚလိုက္တာ"
" စစ္ေၾကာင္းဆီက ငါၾကားထားတာ
မင္း႐ွိေနတုန္း မင္းေယာကၡမႀကီး
အိမ္လာသြားတယ္ဆို။အန္တီကို
တစ္ခါထဲဘယ္လိုခ်ဳပ္လိုက္လဲေျပာ"
" ဘယ္လိုမွခ်ဳပ္စရာမလိုဘူး ေမေမက
ကြၽန္ေတာ္႕ကိုအစထဲကခ်စ္ၿပီးသား"
ကိုကို႔ကိုၾကည့္လိုက္ၿပီး ျပဳံးကာေျပာ
လိုက္တဲ့အခ်ိန္ကိုေက်ာ္ထြန္းက။
"ေမေမ ေတြဘာေတြေတာင္ျဖစ္
ကုန္ၿပီလားဟ ျမန္လွခ်ည္လား "
" အေမနဲ႔စကားေတြေျပာၿပီးေတာ့
အေမ မုန္႔ဖိုးေပးလိုက္တယ္ေလ
အဲ့ဒါေၾကာင့္ငါတို႔ကိုမုန္႔ျပန္ဝယ္ေကြၽးတာ "
ေဘးကေန ကိုကိုက ဝင္ေျပာျပေတာ့ ။
"ေအာ္ အဲ့တာေၾကာင့္မင္းကငါတို႔ကို
ေယာကၡမႀကီးဆီက မုန္႔ဖိုးရလာတာ
ႂကြားခ်င္လို႔ ဝယ္ေကြၽးတာကို"
" အဲ့ဒီလိုမ်ားျဖစ္သြားလား"
ကိုေက်ာ္ထြန္းစကားကိုကြၽန္ေတာ္
ခပ္တည္တည္နဲ႔ပဲ မျငင္းခ်င္ေတာ့။
တစ္ကယ္လည္းေပ်ာ္လြန္းလို႔
သူငယ္ခ်င္းေတြကို ႂကြားခ်င္ေနတာေလ။ ရည္မြန္အျပင္ထြက္လို႔ရတဲ့အခါက်ရင္
ကြၽန္ေတာ္႕သူငယ္ခ်င္းေတြကိုလည္း မုန္႔လိုက္ေကြၽးအုံးမွာ။
" ဒါမ်ိဳးဆိုအစ္မတို႔က ေက်ေက်နပ္
နပ္ႀကီး အႂကြားခံတယ္ေနာ္ကေလး။
ေနာက္လည္းေမေမ့ဆီကမုန္႔ဖိုးမ်ားမ်ား
ရၿပီး အစ္မတို႔ကိုမ်ားမ်ားျပန္ဝယ္ေကြၽး
ႏိုင္ပါေစ"
အစ္မျမတ္က ရယ္ၿပီးေျပာေတာ့
ကြၽန္ေတာ္႕ ႏႈတ္ခမ္းမွာလဲ အျပဳံး
ေတြရပ္မရေတာ့ပါ။
ေတာ္ေတာ္ေလးေပ်ာ္ေနသည္ေလ။
" သားက ဘယ္ႏွစ္တန္းေရာက္သြားၿပီလဲ"
အစ္မျမတ္ကကြၽန္ေတာ္႕ ေဘးမွာ
ထိုင္ေနတဲ့ အငယ္ေလးပန္းကန္ထဲကို
အကင္တစ္ခု ထည့္ေပးၿပီး
ေမးေလသည္။
" အစ္မ ေမးေနတာေျဖလိုက္ေလ
အငယ္ေလး"
"သုံးတန္းပါ ခင္ဗ်"
အငယ္ေလးပန္းကန္ထဲထည့္ေပးရင္းနဲ႔ အစ္မ ျမတ္ကကြၽန္ေတာ္႕ကိုျပန္ၾကည့္ၿပီး
" သူ႕အကိုနဲ႔တူတို႔လားမသိဘူး
ခ်စ္စရာေလးပဲကေလးက"
" ကြၽန္ေတာ္က ကေလးမဟုတ္ဘူး။
အတန္းထဲမွာလည္း အတန္းေခါင္းေဆာင္"
အမျမတ္က ခဏေၾကာင္သြားလ်က္
" ေအာ္ အဲဒီလိုလား ေဆာရီးပါ႐ွင္
အစ္မကမသိလို႔ပါ "
"ရပါတယ္ ခင္ဗ် ကိစၥမ႐ွိပါဘူး "
အငယ္ေလးကအစ္မျမတ္ကို ခပ္
တည္တည္ ျပန္ေျပာရင္း ဆက္စား
ေနသည္။
လူေကာင္းေသးေသးေလးက
လူႀကီးစကားေတြေျပာျပန္ၿပီ။
အမျမတ္က အငယ္ေလးမျမင္ေအာင္
ႀကိတ္ရယ္လ်က္ ကြၽန္ေတာ္ကမျမတ္ကို အားနာသည့္ အမူအရာျပေတာ့ မျမတ္ကလည္း ရယ္လ်က္သာကြၽန္ေတာ္႕ကို
လက္ျပန္ျပသည္။
ဒီေကာင္ေလးကေတာ့ ကြၽန္ေတာ္နဲ႔
မတူပဲနဲ႔စကားတတ္တယ္လို႔ေျပာရမည္၊။
" သူ႕အစ္ကိုကိုပဲခြၽဲတာ က်န္တဲ့သူေတြ
နဲ႔ဆိုရင္ ဆရာႀကီးပဲ။ ကေလးမဟုတ္ဘူး ေျပာလိုက္ အငယ္ေလး"
ကိုကိုကရယ္လ်က္ပင္ အငယ္ေလး
ကိုလွမ္းကာေျပာေတာ့ အငယ္ေလးက တက္တက္ႂကြႂကြနဲ႔
" ဟုတ္တယ္ ကိုႀကီးစစ္ေၾကာင္း"
လူႀကီးပုံစံဖမ္းေနသည့္ အငယ္ေလးကိုအကုန္လုံးက ရယ္ေနၾကသည္။
" ဒါမင္းရဲ႕ ေယာက္ဖေလာင္းေလးေပါ့
စစ္ေၾကာင္း"
ကိုေက်ာ္ထြန္းကအငယ္ ေလးကို
ၾကည့္ၿပီးေျပာခ်ိန္အစ္မျမတ္က
ကိုေက်ာ္ထြန္းပုခုံးကို လွမ္းပုတ္
လိုက္သည္။
"ဘာလဲ မသိေသးဘူးလား။ေအာ္
ေဆာရီး"
အစ္မျမတ္ အရိပ္အေျချပမွ
ကိုေက်ာ္ထြန္းက နားလည္သြားသည္။
"အသက္ ဘယ္ေလာက္ကြာတာလဲ
ဆုလာဘ္ဝန္း မင္းနဲ႔မင္းညီက"
"ဆယ့္သုံးႏွစ္ေလာက္"
"ေအာ္ ေတာ္ေတာ္ကြာတာပဲ"
ကိုေက်ာ္ထြန္းကကြၽန္ေတာ္႕ေဘးက
အငယ္ေလးကို ၾကည့္လ်က္ပင္။
အငယ္ေလးကေတာ့ ကေလးပီပီ
သူ႕ေ႐ွ႕စားစရာေတြမ်ားေနလို႔ လူႀကီး
ေတြေျပာေနတာကိုစိတ္မဝင္စားအား။
ရတယ္။အငယ္ေလးကသူ႕ဘာသာသူ
စားတတ္တယ္။
ကိုကိုလည္း စားေနပီမို႔ ေရဘူးကို
အဖုံးဖြင့္ၿပီး ကိုကို႔အတြက္ဖန္ခြက္ထဲ
ကို ေရတစ္ခြက္ အရင္ထည့္ေပး
လိုက္ရတယ္။
သူကအစပ္ သိပ္မႀကိဳက္ဘူးေလ။
ပန္းကန္လုံးထဲကို ဟင္းရည္နဲ႔အစာ
ပလာေတြအကုန္ထည့္ၿပီး ကိုကို႔ေ႐ွ႕ခ်ေပးလိုက္တယ္။အကင္ေတြလည္း
ေစာင့္ရင္းေပါ့။
ကိုကို႔ပန္းကန္ထဲကို က်က္သြားတဲ့အသားကင္ေတြေ႐ြးထည့္ေပးၿပီး
ပုစြန္ပါအခြံခြာေပးရသည္။သူက
စိတ္မ႐ွည္လို႔မဟုတ္ရင္မစားဘူးေလ။
"ပူတယ္ေနာ္ ဟင္းရည္ကစပ္သြားလား"
"အင္း"
"အခ်ိဳပဲမွာလိုက္ရင္ေကာင္းသား"
ကိုကို႔ပန္းကန္ထဲ ထပ္ထည့္ေပးဖို႔
ဒီဘက္ျပန္လွည့္လိုက္ေတာ့ အစ္
မျမတ္က တူကိုင္ရင္းတန္းလန္းနဲ႔
လက္ကေလထဲမွာရပ္ေနၿပီးကြၽန္
ေတာ္႕ကို ၾကည့္ေနသည္။
ကိုေက်ာ္ထြန္းကလည္း ပါးစပ္ႀကီး
ဟလို႔။
"ျမတ္ ကိုယ့္ပန္းကန္ထဲလည္း
ထည့္ေပးပါလား။အကင္ေလးကင္ေကြၽး"
" ကိုယ့္ဘာသာကင္စားပါလား
လက္မပါဘူးလား"
မျမတ္နဲ႔ ကိုေက်ာ္ထြန္းကြၽန္ေတာ္႕ကို
စေနၿပီဆိုတာသိလိုက္ေတာ့ မ်က္ႏွာ
ေတြပူမိသြားရသည္။
" ငါ့ညီေလးကမွ တစ္ကယ္မိုက္တာ။
က်န္ ဘယ္သူ႕မွဂ႐ုမစိုက္ဘူး သူ႕
ဘာသာသူစားတယ္။ထည့္ေပးမဲ့သူလဲ
မလိုဘူး"
"မင္းပါးစပ္ပိတ္ထား"
အငယ္ေလးကိုေျပာသလိုနဲ႔ေစာင္း
ေျပာေနသည့္ကိုေက်ာ္ထြန္းကို ကိုကိုခပ္တည္တည္ႏွင့္ပင္ေျပာလိုက္သည္။ကြၽန္ေတာ္ကလည္းေမ့သြားတာ။ဘာစား
စား သူ႕ကိုျပင္ဆင္ေပးေနၾကမို႔
ကိုေက်ာ္ထြန္းတို႔႐ွိေနတာေမ့သြားတာ"
" စစ္ေၾကာင္း မင္းကအဲ့ဒီလိုလားကြာ"
ကိုေက်ာ္ထြန္းက ျပဳံးစိစိနဲ႔ပင္။
ကြၽန္ေတာ္လည္း မ်က္ႏွာကပူလာ
တာမို႔ကြၽန္ေတာ္႕ေ႐ွ႕မွာ ႐ွိေနတာကို
သာစြတ္စားေနမိေတာ့တယ္။
အငယ္ေလးက စားေနရင္းနဲ႔က်ေနာ့္
နားကပ္လာၿပီး ႏွစ္ေယာက္ထဲၾကား႐ုံ
အသံနဲ႔။
"ဘာလဲ toiletသြားခ်င္တာလား"
"အင္း ဆုလာဘ္မလိုက္နဲ႔ ဘယ္နားမွာလဲ သားဘာသာသြားမယ္ "
အမျမတ္နဲ႔ ကိုေက်ာ္ထြန္းမၾကားေအာင္
တိုးတိုးေလးေျပာေနသည့္ အငယ္ေလး
ကိုရယ္ခ်င္စိတ္ထိန္းထားရရင္း။
သူ႕ကိုကေလးဆိုၿပီးစမွာဆိုးလို႔
တစ္ေယာက္တည္းသြားခ်င္ေနတာ။
"အစ္မ ဒီမွာ ကြၽန္ေတာ္႕ ညီေလးကိုtoiletတစ္ခ်က္ေလာက္ လိုက္ျပ
ေပးလို႔ရမလား"
"ရပါတယ္ လာေမာင္ေလး"
" အဲ့တာကြၽန္ေတာ္တို႔ရဲ႕ လူႀကီး
လူေကာင္းေလးေနာ္ ေသခ်ာေလး
ေခၚသြားေပး"
ကိုေက်ာ္ထြန္းက ဝန္ထမ္းအစ္မကို
မွာရင္းလွမ္းစေတာ့ အငယ္ေလးက
တန္းၿပီးေျပးသြားေတာ့သည္။
အမျမတ္ကလည္း ရယ္ေနလ်က္။
" အတတ္ေလးေနာ္ ညီေလးက"
"ဟုတ္တယ္အစ္မ စကားအရမ္းတတ္တယ္"
အငယ္ေလးသြားလိုက္ေတာ့ ကို
ေက်ာ္ထြန္းကကြၽန္ေတာ္တို႔ဘက္
ျပန္လွည့္လာသည္။
" မင္းတို႔က အတူတူမေနၾကေသး
ေတာ့ ခ်စ္ၾကည္ႏူးေနၾကၿပီး ေအး
ေဆးပဲေပါ့။ငါမိန္းမကေတာ့ ငါ့
မ်က္ႏွာေန႔တိုင္းျမင္ေနရလို႔လား
မသိဘူး အရင္ကလိုဂ႐ုစိုက္မႈေတြ
မ႐ွိေတာ့ဘူး"
"ဟယ္ အျမင္ကတ္တာ"
အမျမတ္က အပိုေတြေျပာေနသည့္
ပုံစံနဲ႔ ေဘးကကိုေက်ာ္ထြန္းကို
မ်က္ေစာင္းအသာထိုးလိုက္သည္။
"အတူတူေနရင္ ကိုကိုနဲ႔ဒီထက္ေတာင္
ပိုၿပီးေတာ့ခ်စ္ၾကအုံးမွာ ေနာ္ ကေလး
ေျပာလိုက္"
"ေအာ္ သူမ်ားအတြဲက်ေတာ့ ဒီထက္
ပိုခ်စ္အုံးမွာ။ကိုယ့္ေယာက်ာ္းက်ေတာ့
မ်က္ႏွာျမင္တာနဲ႔ စကားမ်ားဖို႔ပဲ။
ကိုယ့္ေယာက်ာ္းလည္းကိုယ္ နည္း
နည္းပါးပါး ဂ႐ုစိုက္ပါအုံး"
"ဘယ္လိုျဖစ္ေနတာလဲ အ႐ွက္
မ႐ွိဘူးလား"
"အစထဲက အေမေပးစားတဲ့သူကို
ယူခဲ့ရမွာကြာ"
"ယူလိုက္ေပါ့အဲ့ေလာက္ဂ႐ုစိုက္ခံခ်င္
ရင္ ႐ွင့္အေမေပးစားတဲ့ညီမေလး
နဲ႔မယူပဲ ဘာလို႔ ျမတ္နဲ႔လာယူလဲ"
ကိုေက်ာ္ထြန္းက အစ္မျမတ္ကို
စရင္းနဲ႔စကား လြန္ကုန္ၿပီထင္တယ္။
"ဘယ္ကညီမေလးလဲမျမတ္"
" အစ္မနဲ႔မေတြ႕ခင္ထဲက သူ႕အေမ
သေဘာတူထားတဲ့ မိဘခ်င္းရင္းႏွီးတဲ့ေကာင္မေလးေလ။အဲ့ေကာင္မေလး
ကိုသူ႕အေမကခ်စ္ေနေရာ။အစ္မကို
ေျပာတာေတာ့ဒီအတိုင္း ခင္တဲ့
ညီမေလးတဲ့ ။ညီမေလးလား ရည္းစားေဟာင္းလားဆိုတာ ေတာ့သူပဲသိမွာေပါ့"
"မယုံနဲ႔ေနာ္အစ္မ။ကိုေက်ာ္ထြန္းမွာ ရည္းစားေဟာင္း ေကာင္မေလးေတြ
႐ွိတယ္ဆိုတာကြၽန္ေတာ္သတင္းရထားတယ္။ကိုေက်ာ္ထြန္းက မလြယ္ဘူး"
ကိုေက်ာ္ထြန္းကိုဒုကၡေရာက္ေစခ်င္၍
မျမတ္ကို အေလာတႀကီးႏွင့္ပင္
ေျပာလိုက္သည္။
ကြၽန္ေတာ္ပဲ အစမခံႏိုင္ပါဘူး။
"အမယ္ မင္းကငါ့ကိုေျပာရတယ္
႐ွိေသး။ငါ့မွာပဲ ရည္းစားေဟာင္း႐ွိ
တာလား။မင္းကိုကိုမွာေရာ ။မင္းကိုကို
ကငါ့ထက္ေတာင္ ဆရာက်ေသးတယ္။
ငါမလြယ္ဘူးဆိုတာ မင္းကိုကို
အိပ္ေနသေလာက္ပဲ႐ွိတယ္ သိလား"
ကိုေက်ာ္ထြန္းစကားအဆုံး ကြၽန္ေတာ္
တို႔ စကားဝိုင္းထဲလုံးဝဝင္မပါပဲတိတ္
ဆိတ္ေနသည့္
ကိုစစ္ေၾကာင္းကေသာက္လက္စ
အေအးသီးမလိုေတာင္ ျဖစ္သြားသည္။
ကိုေက်ာ္ထြန္းကို ကိုကိုခပ္တည္တည္
ၾကည့္လိုက္ခ်ိန္ကြၽန္ေတာ္ စ္ိတ္ထဲမွာ
သိပ္မသကာ္ေတာ့။
" မင္းကိုကိုကို ေမးၾကည့္လိုက္ပါအုံး
ရည္းစားေဟာင္း ဘယ္ႏွစ္ေယာက္
ေလာက္႐ွိလဲလို႔"
"ေမးစရာလား စိတ္မဝင္စားဘူး "
"အယ္ စိတ္မဝင္စားတာဟုတ္ရဲ႕
လား။မင္းကိုကိုက ဆရာႀကီးေနာ္။
ေက်ာင္းတက္တုန္းက မင္းလဲသိမွာ
ပါ ႐ုပ္႐ွိေရလွ်ံဆိုေတာ့ ေစာ္အလန္း
ေလးေတြနဲ႔ပဲတြဲခဲ့တာ။ၿပီးေတာ့
မင္းကိုကိုက ခ်ဳပ္တတ္တယ္ေလ"
" မင္းေတာ္ေတာ္ အားေနလား။
အားေနရင္ ပါးစပ္ပိတ္ၿပီးစား"
ကိုေက်ာ္ထြန္းကို ကိုကိုပိတ္ေျပာ
လိုက္ၿပီး ကြၽန္ေတာ္႕ကိုၾကည့္လာေတာ့
မ်က္ႏွာလႊဲၿပီး အေ႐ွ႕မွာ႐ွိေနတဲ့ေရခြက္
ကိုယူၿပီးေသာက္ခ်လိုက္ရသည္။
စိတ္ထဲမွာေတာ့ ဘယ္လိုမွေနလို႔
မရေတာ့။
သူေကာင္မေလးေတြ႐ွိခဲ့တာ ကြၽန္ေတာ္
သိေတာ့သိပါတယ္။သူ႕ရည္စားေဟာင္း
က ဘယ္ႏွစ္ေယာက္ေလာက္႐ွိမလဲ။ တကယ္ေခ်ာ့ေပ့လွေပ့ ေကာင္မေလး
ေတြကိုမွတြဲခဲ့မွာပဲ။
မနန္းမူယာကေတာ့ ကြၽန္ေတာ္နဲ႔မ
ေတြ႕ခင္ သူတြဲခဲ့တဲ့ေနာက္ဆုံးတစ္
ေယာက္ပဲ။တကၠသိုလ္မွာလည္းကိုကိုက
အေ႐ြးမခံလို႔သာ kingမဟုတ္
သာ နမယ္ကႀကီးလြန္းလို႔။အဲ့ဒီ႐ုပ္သန္႔
သန္႔နဲ႔ ေကာင္မေလးေတြကိုခ်ဳပ္ခဲ့မွာေပါ့။
" ကေလးနဲ႔မေတြ႕ခင္တုန္းက ဘာမွ
မဟုတ္တဲ့ကိစၥေလးေတြကို စိတ္မဆိုး
ရဘူးေနာ္"
ကြၽန္ေတာ္တို႔ ႏွစ္ေယာက္ကိုစားပြဲေပၚမွာလက္ေထာက္ၿပီးျပဳံးျပဳံးႀကီးနဲ႔ အက်
အနၾကည့္ေနတဲ့အမျမတ္ကကိုကို႔အစား ေ႐ွ႕ေနလိုက္ေပးေနသည္။
"သေဘာက်လိုက္တာ။ကိုစစ္ကေလ
ကေလးနဲ႔မွ တကယ္ႀကီးအတည္ႀကီး
ျဖစ္သြားတာပဲ။ ေကာင္မေလး
ေတြနဲ႔ပဲတြဲခဲ့တဲ့သူက တစ္ကယ္ ကေလး
နဲ႔က်မွမ႐ုန္းႏိုင္ျဖစ္သြားတာ။ေဘးက
ေန ျမင္ရတဲ့သူေတာင္ အရမ္းသေဘာ
က်တယ္။ဖူးစာလို႔ပဲေျပာရမွာေပါ့"
အစ္မျမတ္ကကြၽန္ေတာ္ တို႔ကို
ၾကည့္ၿပီး ျပဳံးျပဳံးႀကီးနဲ႔ပင္။
မျမတ္လည္း ေမမီျပတဲ့ကားေတြ
ၾကည့္ၿပီး ေမမီဆီကဓာတ္ေတြကူးသြား
တာလားေတာ့မသိ။
"အယ္ ငါ့ေမာင္ေလး ေရတစ္ဘူးလုံးေသာက္ခ်ေတာ့မလို႔လား"
ကြၽန္ေတာ္ ေရထပ္ေသာက္ေနေတာ့
မျမတ္က ျပဳံးစိစိနဲ႔ လွမ္းတားသည္။
" ငါတို႔ကိုဝယ္ေကြၽးမယ္ဆိုၿပီး စိတ္ဆိုး
ေနတာနဲ႔ပဲ ဒီအတိုင္းေတာ့မထားသြား
နဲ႔ေနာ္ ေယာကၡမႀကီးဆီကမုန္႔ဖိုးရထားတဲ့
သူေဌး။ဒီဝိုင္းကို႐ွင္းသြားအုံး"
"မသြားပါဘူး"
ကြၽန္ေတာ္႕ကို စေနသည့္
ကိုေက်ာ္ထြန္းကိုျပန္ေျပာလိုက္သည္။
"ေအးေလ ဒါေလးနဲ႔မ်ားစိတ္ဆိုး
စရာလားလို႔ေျပာလိုက္ ကေလး။
အစ္မေမာင္ေလးက နားလည္မႈ
႐ွိၿပီးသား"
ကိုကိုက ကြၽန္ေတာ္႕မ်က္ႏွာကိုတစ္
ၾကည့္ၾကည့္နဲ႔ပင္။
ဆက္မစားေတာ့ပဲနဲ႔ ဒီတစ္ခါ
ေတာ့ကြၽန္ေတာ္႕ပန္းကန္ထဲကို
ထည့္ေပးလာကသူ။သူ႕ကိုမေက်မနပ္
နဲ႔ျပန္ၾကည့္လိုက္မိရင္း မ်က္ႏွာ
အနည္းငယ္ဆူပုတ္လိုက္မိသည္။
ရင္ေတြျပည့္ေနလို႔ မစား
ခ်င္ေတာ့။
စိတ္ေတာ့မဆိုးပါဘူး။ဒါေပမဲ့...။
------------
" ဆုလာဘ္ သားအိပ္ငိုက္ေနၿပီ"
ကားေနာက္ခန္းမွာထိုင္ေနတဲ့ အငယ္
ေလးကိုေတာင္ ျပန္မလွည့္ၾကည့္မိ
ေတာ့ပဲ။
"အင္း အေနာက္မွာအိပ္ရင္းလိုက္လာခဲ့
အိမ္ေရာက္ရင္ႏိႈးလိုက္မယ္"
ကားအျပင္ဘက္ကိုသာမ်က္ႏွာလွည့္
ထားရင္း ေဘးကသူကိုလည္း ဆိုင္ထဲ
ကထြက္လာထဲက စကားမေျပာမိ။
သူကကားေမာင္းမထြက္ေသးပဲ။
"ဒီဘက္လွည့္အုံးေလ"
ကြၽန္ေတာ္႕ လက္တစ္ဖက္ကို သူလာ
ဆြဲေတာ့အသာ႐ုန္းလိုက္မိသည္။
သူကကားေနာက္ခန္းကို တခ်က္ျပန္
ၾကည့္ၿပီးကြၽန္ေတာ္႕ မ်က္ႏွာ အနားတိုး
ကပ္လာလ်က္။
"ဝန္း"
" ကြၽန္ေတာ္လည္း အိပ္ငိုက္ေနၿပီ
အိမ္ျမန္ျမန္ျပန္ပို႔ေပးေတာ့"
" အဲဒါဆို ဒီဘက္လွည့္ ကိုယ့္ကို
ၾကည့္အုံး "
"မၾကည့္ဘူး"
" စိတ္ေကာက္ေနတာလား"
ကြၽန္ေတာ္႕ ပါးတစ္ဖက္ကို သူျဖစ္ညႇစ္
ေနေတာ့ မ်က္ႏွာဆူပုတ္ကာၾကည့္ၿပီး
ဖယ္လိုက္မိသည္။။
"အိမ္ျမန္ျမန္ျပန္ပို႔ေပးပါေတာ့ဆို
ကြၽန္ေတာ္နားခ်င္ေနၿပီ"
ကြၽန္ေတာ္႕ဆံပင္ ေတြကိုဆြဲဖြသြားၿပီးမွ
အနားကခြာသြားကာ သူကကားစက္ႏိႈး လိုက္သည္။
--------------
အိမ္ေ႐ွ႕ေရာက္ေရာက္ခ်င္းပင္ ကား
ေနာက္ခန္းမွာအိပ္ေပ်ာ္ေနတဲ့ အငယ္
ေလးကို ႏိႈးၿပီးေတာ့ကားေပၚက
ဆင္းခိုင္းရသည္။
အငယ္ေလးကိုအိမ္ထဲအရင္ဝင္ခိုင္း
လိုက္ေတာ့ ကိုစစ္ေၾကာင္းကိုႏႈတ္
ဆက္ၿပီး အ ငယ္ေလးကျခံတံခါး
ဖြင့္ကာ အထဲဝင္သြားသည္။
ကြၽန္ေတာ္ အိမ္ျပန္လာတာ ႏွစ္ရက္
ေလာက္႐ွိေနၿပီေလ။ အန္တီေဆြက
ျပန္ေရာက္ထဲကကြၽန္ေတာ္႕ကို အိမ္
စရိတ္ေတြတင္ျပၿပီးတျခားဘာမွ
ထပ္မေျပာေတာ့။ကြၽန္ေတာ္ တကယ္
မဆင္းေလာက္ဘူးလို႔ သူထင္ေနလို႔
လည္းျဖစ္မယ္။
ဘယ္တတ္ႏိုင္ပါ့မလဲ။ကြၽန္ေတာ္႕
ကိုပဲအားကိုၿပီးေတာ့ေနေနရတဲ့ကြၽန္
ေတာ္႕ညီေလးကိုထားသြားဖို႔ဆိုတာ။
" အိမ္မွာျပန္လာေနတာ အဆင္ေျပရဲ႕လား"
" ဘာလို႔မေျပရမွာလဲ ကြၽန္ေတာ္႕အိမ္
ကြၽန္ေတာ္ ျပန္လာတာပဲဟာ ေအးေဆး"
"အင္း ကိုယ္လုပ္စရာ႐ွိတာ တာဝန္ေက်ေအာင္လုပ္ေပးလိုက္ မေကာင္းတာေတြ
လာေျပာရင္နားမေထာင္နဲ႔။ စိတ္ညစ္
စရာ႐ွိတာနဲ႔ ကိုယ့္ကိုေျပာ"
"အြန္း"
သူ႕ကိုေျပာေနေပမယ့္ စိတ္ထဲကေနမပါ။
အိမ္ျပန္လာတာအဆင္ေျပတယ္ သူနဲ႔
ခြဲရမွာက လုံးဝအဆင္မေျပတာ။
" စိတ္ေကာက္ေနတုန္းပဲလား"
ကြၽန္ေတာ္ မ်က္ႏွာမေကာင္းတာကို
သူဘယ္လိုထင္သြားလဲမသိ။
"မေကာက္ပါဘူး ကြၽန္ေတာ္ကဘာလို႔"
" အဲ့ဒါဆိုဘာလို႔ မ်က္ႏွာမေကာင္းတာလဲ"
ကြၽန္ေတာ္ တကယ္ထြက္ေျပးခ်င္
လာသည္။
ျခံေ႐ွ႕မွာေတြဘာေတြ ဂ႐ုမစိုက္ႏိုင္
ေတာ့ပဲ သူ႕ရင္ခြင္ထဲတိုးဝင္လိုက္ေတာ့
သူကက်ေနာ့္ကို ျပန္ဖက္ထားေပးၿပီး
ေခါင္းကိုငုံ႔နမ္းလိုက္သည္။
" ခင္မ်ားမွာ ေကာင္မေလးေတြ႐ွိခဲ့တာ
ကြၽန္ေတာ္ သိၿပီးသားပဲဟာ။
ဒီဟာေလးနဲ႔ ခင္မ်ားကိုဘယ္လိုလုပ္ၿပီး ကြၽန္ေတာ္က စိတ္ေကာက္ႏိုင္မွာလဲ။ စိတ္ေကာက္တာမဟုတ္ဘူး
" အဲ့တာဆို ဘာျဖစ္တာလဲ"
မေက်မနပ္ႏွင့္ပင္ အနည္းငယ္မ်က္ႏွာ
ဆူပုတ္မိၿပီး သူ႕ရင္ခြင္ထဲကေနထြက္
လိုက္သည္။
"ခင္ဗ်ားက မိန္းကေလးေတြအေပၚ
မွာညႇာတတ္တာ ကြၽန္ေတာ္သိတယ္
ေလ ။မနန္းမူယာနဲ႔တြဲတုန္းကလည္း
ဂ႐ုစိုက္ေပးခဲ့တာပဲ ျပတ္သြားေတာ့
လည္းခင္ဗ်ားကို မေကာင္းေျပာတာ
ေတာင္ ဘာမွျပန္မတုန္႔ျပန္ခဲ့ဘူး။
အဲ့တာေၾကာင့္ ကြၽန္ေတာ္ တစ္ေယာက္
ထဲမဟုတ္ဘဲနဲ႔ ကိုကိုနဲ႔တြဲခဲ့တဲ့
ေကာင္မေလးေတြအေပၚမွာလည္း
ဂ႐ုစိုက္ေပးမွာပဲ ေကာင္းေပးခဲ့မွာပဲ
ဆိုတာစဥ္းစားမိၿပီးေတာ့"
" စဥ္းစားမိၿပီးေတာ့ဘာျဖစ္လဲ"
သူကကြၽန္ေတာ္႕ကိုရင္ခြင္ထဲမွာဖက္ထားလ်က္ပင္။
သူ႕ကို ေမာ့ၾကည့္ၿပီးေတာ့ မ်က္ႏွာငယ္
မိသြားရသည္။
" ကြၽန္ေတာ္မဟုတ္တဲ့တစ္ျခား
ကိုကို႔ရည္းစားေဟာင္း ေကာင္မေလး
ေတြကလည္းကိုကို ဂ႐ုစိုက္ေပးတာ
ခံခဲ့ရမွာပဲ ဆိုတာေတြးမိၿပီးေတာ့
စိတ္မေကာင္းျဖစ္သြားတာ"
ကြၽန္ေတာ္႕ကိုငုံ႔မိုးေနလ်က္ပင္
စူးစိုက္ကာၾကည့္ေနသည့္သူ႕အၾကည့္
ေတြေျပာင္းလဲသြားသည္။
ကေလးဆန္သလိုမ်ိဳး ျဖစ္သြားလား
ေတာ့မသိဘူး။
မတတ္ႏိုင္ဘူး။အေရးမပါေပမဲ့
ေတြးၾကည့္မိရင္ တစ္ကယ္ ဝမ္းနည္းတယ္။
"ကိုယ္ေတာ့ ဒုကၡပဲ"
"ဘာလို႔..."
စကားမဆုံးခင္ပင္ကြၽန္ေတာ္႕ကို
ဆြဲဖက္ၿပီး တင္းၾကပ္စြာဖက္လိုက္တဲ့
သူေၾကာင့္ အသံေတြတိတ္သြားရသည္။
ေမွာင္ေနေပမဲ့လည္းျခံေ႐ွ႕မွာ ျဖစ္ေန
တာမို႔႐ုန္းလိုက္ေသာ္လည္း
အခ်ိန္တစ္ခုၾကာသည္အထိ သူက
မလႊတ္ေပး။
"ကိုကို ကြၽန္ေတာ္ အသက္႐ႈလို႔မဝ"
အေတာ္ၾကာသည္အထိ ကြၽန္ေတာ္႕ကိုတင္းတင္းၾကပ္ၾကပ္ဖက္ထားၿပီး
မွပင္သူက လႊတ္ေပးသည္။
" ကိုယ္ေကာင္မေလးေတြ႐ွိခဲ့တာ
မွန္တယ္ တြဲခဲ့သမွ်ကိုလည္း
ဂ႐ုစိုက္ေပးခဲ့တာလည္းမွန္တယ္။
ဒါေပမဲ့ကိုယ္ကအဲ့ေလာက္ထိ ေကာင္းတဲ့ေကာင္မဟုတ္ဘူး"
သူကကြၽန္ေတာ္႕ကိုငုံ႔မိုးေနလ်က္ပင္။
" အမွန္အတိုင္းပဲေျပာမယ္ တြဲခဲ့မွေတာ့ရင္ခုန္ခဲ့တာေတြေတာ့႐ွိခဲ့လိမ့္မယ္။
ဒါေပမဲ့ ဘယ္သူ႕ကိုကိုယ္မခ်စ္ခဲ့ဖူးဘူး။
ဘယ္သူ႕ကိုမွလည္း ကိုယ့္အခ်စ္ေတြ
မေပးဖူးဘူး။အဲ့တာေၾကာင့္ တြဲေနတုန္းဂ႐ုစိုက္ေပးတာ"
သူ႕ကိုမ်က္ႏွာငယ္နဲ႔ ေမာ့ၾကည့္ေနတဲ့
ကြၽန္ေတာ္႕ကို။
"ကိုယ္ဘက္ကေနစၿပီး ခ်စ္တယ္လို႔
ဖြင့္ေျပာၿပီးတြဲခဲ့တဲ့သူက တစ္ေယာက္ပဲ
႐ွိတယ္"
ကြၽန္ေတာ္႕မွာ ခံႏိုင္ရည္ေတြမ႐ွိေတာ့ပါ။
"ခင္ဗ်ားနဲ႔ ခဏေလးေတာင္မခြဲခ်င္
ေတာ့ဘူး။မခြဲႏိုင္ဘူး"
သူ႕ရင္ခြင္ထဲကို တိုးဝင္ၿပီးတင္းတင္း
ၾကပ္ၾကပ္ဖက္ထားလိုက္မိေတာ့သည္။
"ကိုကို ကြၽန္ေတာ္႕ကိုအၿပီးေခၚသြား
လိုက္ပါလား"
ခပ္တိုးတိုးပင္ေျပာလိုက္မိသည္။
ကြၽန္ေတာ္႕ကို ေျပာလိုက္ပါ။
သူသာကိုယ္နဲ႔ လာေနပါလားလို႔
တစ္ခြန္းေျပာလိုက္ရင္ ကြၽန္ေတာ္
ဘာကိုမွေနာက္လွည့္မၾကည့္ဘဲနဲ႔
ထြက္လာခဲ့ႏိုင္မယ္ထင္တယ္။
" အိမ္ထဲဝင္ေတာ့ ကိုယ္ျပန္ေတာ့မယ္"
ကြၽန္ေတာ္႕ ဆံပင္ေတြကိုသူက
ပြတ္သပ္ေနသည္။
"မဝင္ခ်င္ဘူး"
"မဆိုးရဘူးေလ"
"မခြဲခ်င္ဘူး"
ကြၽန္ေတာ္႕ပုခုံးႏွစ္ဖက္ကို သူကိုင္
လာေတာ့သူ႕ကိုမလႊတ္ေပးပဲပို၍
တင္းၾကပ္စြာဖက္ၿပီးဒီရင္ခြင္ထဲ
ခိုနားမိသည္။
" ခဏေလးခြဲရတာပဲေလ။ မနက္ျဖန္
ထပ္ေတြ႕မယ္ မနက္ျဖန္အလုပ္သြားဖို႔
မနက္ေစာေစာ ကိုယ္လာႀကိဳေပးမယ္"
ခပ္တိုးတိုးေျပာလ်က္ပင္ ကြၽန္ေတာ္႕
ဆံပင္ေတြကို ပြတ္သပ္ၿပီးေခ်ာ့ေနပါေတာ့သည္။
" ညီေလးမအိပ္ပဲေစာင့္ေနအုံးမယ္
အိမ္ထဲဝင္ေတာ့"
" ခင္ဗ်ား အရင္သြား"
" ဝန္း အိမ္ထဲဝင္သြားတာကို ကိုယ္
ၾကည့္ခ်င္တယ္"
သူ႕ရင္ခြင္ထဲကေန အားအင္ေတြ
မဲ့လ်က္ပင္ထြက္ခဲ့ရၿပီး ႏႈတ္ဆက္ဖို႔
ျပင္ရေတာ့သည္။
ေခါင္းငုံ႔ေနမိၿပီး စိတ္ထဲမွာဘယ္လိုမွ
မေနခဲ့ခ်င္။သူနဲ႔မခြဲခ်င္။
"အဲ့တာဆို ကားကိုေျဖးေျဖးေမာင္း
ေနာ္ ကြၽန္ေတာ္ဝင္ေတာ့မယ္။ အိမ္
ေရာက္ရင္ဖုန္းဆက္ "
"အင္း"
"ကြၽန္ေတာ္ ဝင္ေတာ့မယ္"
သူကဘာမွ ဆက္မေျပာေတာ့ ကြၽန္ေတာ္
ကပဲ အတင့္ရဲရသည္။
"ခင္ဗ်ားကို အရမ္းခ်စ္တယ္"
သူ႕အနားကပ္ၿပီး ေျခဖ်ားေထာက္
ကာသူ႕ပါးတစ္ဖက္ကိုနမ္းလိုက္မိရင္း။
"ကြၽန္ေတာ္ တစ္ကယ္ သြားေတာ့မယ္"
ေက်ာခိုင္းကာ အျမန္ပင္လွည့္ထြက္ၿပီး
ျခံထဲဝင္ခဲ့ရပါသည္။
မဟုတ္ရင္သူ႕ကိုဆက္ၿပီးတြယ္ကပ္ေန
မိမွာစိုးလို႔။
အိမ္တံခါးပိတ္လိုက္တဲ့အခ်ိန္
ရင္ဘတ္တစ္ခုလုံး ေလးလံလို႔။
တစ္ကယ္ မခြဲခ်င္ဘူး မခြဲႏိုင္ေတာ့ဘူး။ခင္ဗ်ား နဲ႔အတူတူေနခ်င္တယ္။
ကြၽန္ေတာ္ ဘယ္လိုလုပ္ရမလဲ။
ခင္ဗ်ားႏိုင္ပါတယ္။
ခင္ဗ်ားမ႐ွိပဲ တစ္ခဏေလးေတာင္
ကြၽန္ေတာ္ မေနႏိုင္ေတာ့ဘူး။
••••••••••••••••••••••••••••••••••••••••~••~•••••••••••••••••••••••••••••••••••••••••