ၿမိဳ႕အုပ္ဝမ္ ႏွင့္ သူနာျပဳေရွာင္း
Part 4
---------
အခန္းတစ္ခန္းထဲမွာၿမိဳ႕အုပ္ဝမ္နဲ႔ေရွာင္က်န္႔ႏွစ္ေယာက္သာရိွတယ္ ၿမိဳ႕အုပ္ဝမ္ကသူ႕ရဲ႕ဘာမွမထိသြားတဲ့လက္တစ္ဖက္နဲ႔ကုတင္ေပၚမွာစာဖတ္
ေနၿပီးေတာ့ ေရွာင္က်န္႔ေလးကေတာ့ကုတင္ေျခရင္းမွာစာထိုင္လုပ္ေနေလရဲ႕။
"ဒီအပုဒ္ကဘယ္စာအုပ္ထဲကလဲ"
"...."
စာအုပ္ေတြလဲျပန္႔က်ဲေနတာပဲေဘးပတ္ပတ္လည္မွာ ေခါင္းကုပ္လိုက္နဲ႔
ေတာ္ေတာ္ေလး႐ူပ္ေနတဲ့ပံု။
"ေရွာင္က်န္႔"
"ဗ်ာ..."
"အိမ္ေတာ္ထိန္းႀကီးကိုသြားေျပာေပး ငါဗိုက္ဆာတယ္လို႔"
"ဟုတ္..."
ေရွာင္က်န္႔ကခ်က္ခ်င္းထကာ သြားလိုက္ေတာ့ေအာက္ကေျခေထာက္က
စာအုပ္ကိုတက္နင္းမိသြားေတာ့ျပာျပာသလဲနဲ႔ခံုေပၚတင္ကာ ခ်က္ခ်င္းထိုင္
ကန္ေတာ့ေနသည္။
"က်န္႔က်န္႔ေတာင္းပန္ပါတယ္..."
ေရွာင္က်န္႔အသံေၾကာင့္ပဲၿမိဳ႕အုပ္ဝမ္မ်က္လံုးေလးလွန္ၾကည့္ေတာ့ေရွာင္က်န္႔ကသူ႕ဘက္ကိုလွည့္ၿပီးထိုင္ကန္ေတာ့ေနတယ္။
"ေတာင္းပန္ပါတယ္...ကန္ေတာ့ပါတယ္"
"ေရွာင္က်န္႔...ဘာလို႔ငါ့ကိုကန္ေတာ့ေနတာတုန္း"
"စာအုပ္ကိုေစာင့္ေရွာက္ေသာနတ္မင္းႀကီးမ်ားအားလံုးကို က်န္႔က်န္႔
ေတာင္းပန္ပါတယ္ ခြင့္လႊတ္ေပးေတာ္မူပါ "
"...."
ေနာက္ဆံုးေတာ့သူ႕ကိုကန္ေတာ့တာမွမဟုတ္တာစာအုပ္ကိုကန္ေတာ့တာပဲ
ကို ၿပီးေတာ့မွေရွာင္က်န္႔လဲရိေပၚေျပာတဲ့အတိုင္းပဲအိမ္ေတာ္ထိန္းႀကီးကို
သြားေျပာတယ္။
"အိမ္ေတာ္ထိန္းဘဘ ၿမိဳ႕အုပ္ဝမ္ကေျပာတယ္ ငါဗိုက္နာလို႔တဲ့"
"ဟင္...ဟုတ္လား "
"အင္း"
"က်န္႔က်န္႔စာသြားလုပ္လိုက္ဦးမယ္ေနာ္"
"အင္း"
ေရွာင္က်န္႔ကျပန္သြားၿပီးစာပဲထိုင္လုပ္ေနတယ္ မၾကာလိုက္ပါအိမ္ေတာ္ထိန္း
ႀကီးကလက္ထဲမွာအစာေၾကေဆးနဲ႔ေရယူလာေပးတယ္။
"သခင္ေလးေသာက္လိုက္ပါ"
"ဘာလို႔ေသာက္ရမွာတုန္း"
"က်န္႔က်န္႔ေလးကေျပာတယ္ သခင္ေလးကဗိုက္နာေနလို႔ဆို"
"...."
ၿမိဳ႕အုပ္ဝမ္သက္ျပင္းခ်ကာေရွာင္က်န္႔ကိုၾကည့္လိုက္သည္ ေရွာင္က်န္႔က
ေတာ့စာပဲထိုင္လုပ္ေနတယ္။
"ေရွာင္က်န္႔"
"ဗ်ာ..."
"မင္းအိမ္ေတာ္ထိန္းကိုဘာသြားေျပာလဲ"
"ဟာ...ၿမိဳ႕အုပ္ဝမ္ပဲဗိုက္နာေနတယ္ဆို"
"ဟင္း...ငါဗိုက္ဆာေနတယ္လို႔ေျပာလိုက္တာ"
"မသိဘူး အဲ့မွာအိမ္ေတာ္ထိန္းဘဘေရာက္ေနၿပီပဲ ေျပာလိုက္ေတာ့ "
"..."
"သခင္ေလးဗိုက္ဆာေနလို႔လား အဆာေျပမုန္႔ေလးသြားလုပ္ေပးပါ့မယ္"
"အင္း"
ေရွာင္က်န္႔ကစာေတြလည္ေနလို႔စိတ္႐ူပ္ေနဆဲပင္ ၿမိဳ႕အုပ္ဝမ္ကိုသြားရွင္းျပ
ခိုင္းရမလား သူကကူညီေပးမလား စာအုပ္ေလးကိုင္ကာၿမိဳ႕အုပ္ဝမ္နား
သြားၿပီးသြားရပ္ေနတယ္။
"ဘာလဲ"
"ဒီအပုဒ္ေလးရွင္းျပပါလားဟင္"
"..."
"က်န္႔က်န္႔ကိုကူညီပါေနာ္ မနက္ျဖန္စာအုပ္ထပ္ရမွာ ခုနကေတာင္းပန္ပါတယ္"
"လာ ထိုင္ခ်ည္ ရွင္းျပမယ္"
"တကယ္လား...ေက်းဇူးတင္ပါတယ္"
ေရွာင္က်န္႔ကကုတင္ေပၚမွာေဘးတစ္ေစာင္းေလးထိုင္ကာ ၿမိဳ႕အုပ္ဝမ္စာရွင္းျပတာကိုနားေထာင္ေနသည္။
"ရၿပီလား"
"အင္း...ေက်းဇူးတင္ပါတယ္ဗ်"
ေရွာင္က်န္႔ကစာေတြကိုသြားျပန္လုပ္တယ္ အိမ္ေတာ္ထိန္းႀကီးကအဆာေျပ
မုန္႔ေလးေတြလာေပးတယ္ ၿမိဳ႕အုပ္ဝမ္မုန္႔ကိုစားေနေတာ့ ေရွာင္က်န္႔ကစာလုပ္ေနရင္းနဲ႔မဝံ့မရဲေလးနဲ႔ၿမိဳ႕အုပ္ဝမ္ကိုေမာ့ၾကည့္တယ္
ၿမိဳ႕အုပ္ဝမ္ကေတာ့သူၾကည့္ေနမွန္းေတာင္သိမဲ့ပံုမေပၚပါ။
"က်န္႔က်န္႔ေလးဗိုက္ဆာလို႔လားသား"
အိမ္ေတာ္ထိန္းအေမးေၾကာင့္ေရွာင္က်န္႔ေခါင္းေလးဆတ္ခနဲေထာင္လာကာ
ေခါင္းေလးၿငိမ့္လိုက္သည္။
"ဟင္း...ဘဘလဲစိတ္မေကာင္းပါဘူးကြယ္..ဒါေနာက္ဆံုးမုန္႔လက္က်န္ပဲ
ညေနကအေစခံေကာင္မေလးေတြကိုေဈးသြားခိုင္းတာမုန္႔ထုပ္ေမ့က်န္ေန
ခဲ့တယ္ ဘဘသြားေတာ့ေဈးကပိတ္သြားၿပီ "
"ရပါတယ္ က်န္႔က်န္႔အဲ့ေလာက္လဲဗိုက္မဆာပါဘူး"
"..."
"ကြၽန္ေတာ္ေတာ္ၿပီ မုန္႔ကအီလာလို႔မစားခ်င္ေတာ့ဘူး"
ၿမိဳ႕အုပ္ဝမ္အႀကိဳက္ဆံုးေသာမုန္႔ကိုအီတယ္လို႔ေျပာတာအိမ္ေတာ္ထိန္းႀကီး
တစ္သက္မွာတစ္ခါထဲျမင္ဖူးတယ္ တစ္ကိုက္စာပ်ားရည္မုန္႔ေလးေတြကၿမိဳ႕အုပ္ဝမ္ ၿမိဳ႕အုပ္မျဖစ္ခင္ငယ္ငယ္က
ထဲကႀကိဳက္လာခဲ့တဲ့မုန္႔။
"ေရွာင္က်န္႔ ဒီမုန္႔ေတြလာစားခ်ည္"
"ဗ်ာ...ဟုတ္ကဲ့!"
ေရွာင္က်န္႔ကေဘးနားလာထိုင္ၿပီးမုန္႔ေတြထိုင္စားတယ္။
"ေကာင္းလိုက္တာ က်န္႔က်န္႔ႀကိဳက္တယ္ "
"ျဖည္းျဖည္းလည္းစားဦး လည္မွာသြားတစ္ေနဦးမယ္"
"အြန္း..ဟုတ္ကဲ့"
"က်န္႔က်န္႔ေလးဒီေန႔ေက်ာင္းမွာအဆင္ေျပလား သူငယ္ခ်င္းေတြရခဲ့လား"
"ဟုတ္ကဲ့...မင္ခ်န္လ်ဳိးနဲ႔ ဝမ္က်ဳိးခ်န္ နဲ႔"
"ေအာ္...သခင္ေလးဝမ္ရဲ႕ညီနဲ႔ေတာင္သူငယ္ခ်င္းျဖစ္ခဲ့တာလား"
"ဟုတ္ကဲ့...သူတို႔နဲ႔အတူတူထိုင္တာေလ"
"ေအာ္...ပညာသင္ခ်ိန္မွာရည္းစားမထားနဲ႔ေနာ္က်န္႔က်န္႔ေလး"
"ဟုတ္ကဲ့ ဘဘ"
"ကြၽန္ေတာ္အိပ္ေတာ့မယ္ ေရွာင္က်န္႔မင္းလည္း ျမန္ျမန္လက္စသတ္ၿပီး
အိပ္ေတာ့"
"ဟုတ္ကဲ့ "
ေရွာင္က်န္႔ကခါတိုင္းလိုပဲ ၿမိဳ႕အုပ္ဝမ္ခုတင္ေဘးနားမွာသူ႕အိပ္ယာေလး
ခင္းက်င္းၿပီးအိပ္တယ္။
"ၿမိဳ႕အုပ္ဝမ္ ခိုင္းစရာရိွရင္ႏိူးလိုက္ေနာ္"
"အင္း"
ခိုင္းစရာရိွရင္ႏိူးတဲ့ေလ ရီေတာင္ရီခ်င္ေသးတယ္ ခိုင္းမလို႔အတြက္ႏိူးရင္
ေရွာင္က်န္႔ကအိပ္ေရးေဆာ့ၿပီးကားယားေလးအိပ္ေနၿပီးႏိူးလို႔ေတာင္မရဘူး။
ၿမိဳ႕အုပ္ဝမ္ကေရွာင္က်န္႔ကိုနာမည္ေပးထားတာရိွတယ္...
အိပ္ပုတ္၊ နေမာ္နမဲ့၊ အခြၽဲသန္၊ အတိုင္အေျပာထူ။
အဲ့တာေတြကေတာ့ၿမိဳ႕အုပ္ဝမ္အလကားေပးထားတာမဟုတ္ရပါဘူး ေရွာင္က်န္႔မအိပ္ခင္ကေတာ့သူေရွာင္က်န္႔ကိုအႀကိဳက္ခိုင္းထားတယ္ အိပ္ရင္
မႏိုးေတာ့ဘူးဆိုတာသိလို႔။
.
.
.
မနက္ခင္းက်ေတာ့အိမ္ေတာ္ထိန္းႀကီးမအားတာေၾကာင့္ေရွာင္က်န္႔ကိုယ္တိုင္
ပဲၿမိဳ႕အုပ္ဝမ္ကိုမ်က္ႏွာသစ္ေပးရတယ္ ဘာမွမျဖစ္ေသးတဲ့လက္တစ္ဖက္
နဲ႔ပဲသြားတိုက္တယ္ ပလုတ္က်င္းတယ္။
"ေရွာင္က်န္႔ေရတစ္ခြက္သြားခပ္"
"ဟုတ္ကဲ့ "
ေရွာင္က်န္႔ကေျပးထြက္သြားကာ ဖန္ခြက္ေလးနဲ႔ေရယူလာသည္။
"ဒါကဘာလဲ"
"ေရတစ္ခြက္ဆို"
"ငါမ်က္ႏွာသစ္အံုးမယ္ေလ"
"ေအာ္ ေစာေစာမေျပာဘူး ငါမ်က္ႏွာသစ္ဖို႔ေရသြားခပ္ေပးလို႔ေျပာေပါ့ဗ်"
"...."
ေရွာင္က်န္႔ကဒီတစ္ခါေတာ့ေရခပ္လာကာ ၿမိဳ႕အုပ္ဝမ္နားအေရာက္တင္ပဲ
ေကာ္ေဇာကိုခလုတ္တိုက္မိၿပီးေရေတြကဗက္ခနဲၿမိဳ႕အုပ္ဝမ္မ်က္ႏွာေပၚသြား
စင္တယ္ ေရွာင္က်န္႔ေျခေထာက္ေလးလဲနည္းနည္းနာသြားတယ္။
"ေရွာင္..က်န္႔!!"
ၿမိဳ႕အုပ္ဝမ္ေအာ္သံေၾကာင့္တစ္အိမ္လံုးမွာရိွတဲ့သူေတြအကုန္လံုးၿမိဳ႕အုပ္ဝမ္
အခန္းစီေျပးလာၾကတယ္။
"ၿမိဳ႕အုပ္ဝမ္...က်န္႔က်န္႔ေတာင္းပန္ပါတယ္ေနာ္ တမင္တကာလုပ္တာမဟုတ္ရပါဘူးေနာ္"
"..."
"ဘာျဖစ္ၾကတာတုန္း"
"ၿမိဳ႕အုပ္ေဟာင္း...က်န္႔က်န္႔ကေလ ေအာက္ကေကာ္ေဇာနဲ႔ခလုတ္တိုက္
မိသြားတာ အဲ့တာၿမိဳ႕အုပ္ဝမ္ေပၚကိုေရေတြေမွာက္ခ်သလိုျဖစ္သြားတာ"
"အေဖ...ေရွာင္က်န္႔ကိုကြၽန္ေတာ့္ေဘးနားမွာဆက္ထားေနရင္ကြၽန္ေတာ္ေသလိမ့္မယ္"
"ဟြန္း...က်န္႔က်န္႔ကမသတ္ပါဘူးေနာ္"
"..."
"သားရယ္ က်န္႔က်န္႔က ကေလးေလးပဲခြင့္လႊတ္ေပးလိုက္ပါကြယ္ေနာ္"
"အင္းအင္း..က်န္႔က်န္႔ကေစတနာနဲ႔ပါ ၿမိဳ႕အုပ္ဝမ္ရယ္ ၿမိဳ႕အုပ္ဝမ္လက္သံုး
စရာေတာင္မလိုေတာ့ဘူးေလ က်န္႔က်န္႔ကတစ္ခါထဲမ်က္ႏွာသစ္ေပးလိုက္တာ ေက်းဇူးတင္သင့္တယ္"
ေက်းဇူးတင္သင့္တယ္တဲ့လား ေရွာင္က်န္႔ကတကယ္ အျခားသူေတြေရွ႕ၾက
နတ္သားေလးလိုပဲ သူ႕ေရွ႕ၾကရင္ေတာ့ သူ႕ကိုသတ္မဲ့နတ္ဆိုးဆိုးေလး
တစ္ေကာင္ပဲ။
ု"ျပန္ေတာ့ကြာ...မဟုတ္ရင္လည္းငါနဲ႔ခပ္ေဝးေဝးေန "
"က်န္႔က်န္႔ကိုစိတ္ဆိုးသြားတာလားဟင္ က်န္႔က်န္႔လက္အုပ္ေလးခ်ီၿပီး
ေတာင္းပန္ပါ့မယ္ေနာ္ ေနာ္ စိတ္မဆိုးပါနဲ႔ေနာ္ ၿမိဳ႕အုပ္ဝမ္စိတ္ဆိုးသြားရင္
က်န္႔က်န္႔ကိုမုန္႔ေကြၽးမဲ့သူမရိွေတာ့ဘူး "
"..."
"ေနာ္ ေနာ္..."
ေရွာင္က်န္႔ကမ်က္ရည္ေလးအရႊဲသားနဲ႔သူ႕ကိုလာၾကည့္သည္။
"ခြင့္လႊတ္ေပးလိုက္ပါသားရယ္ ဒါကမေတာ္တဆပဲကို"
"ေနာက္ဆံုးအႀကိမ္ျဖစ္ပါေစေနာ္ ေရွာင္က်န္႔"
"ဟုတ္ကဲ့!"
ေရွာင္က်န္႔ကအခုမွအၿမီႇးေလးတစ္ႏွံ႔ႏွံ႔နဲ႔ယုန္ေလးတစ္ေကာင္လိုပါပဲ ။
"ေက်ာင္းသြားေတာ့ "
"ဟုတ္ကဲ့ တာ့တာ..."
"က်န္႔က်န္႔ေလး ခံုေပၚမွာထမင္းဗူးယူသြားဖို႔မေမ့နဲ႔ ေက်ာင္းကအစားအစာ
ေတြကမသန္႔ရင္ဘယ္လိုလုပ္မလဲ"
"ဟုတ္ကဲ့ အဲ့တာေၾကာင့္အေဒၚႀကီးကိုခ်စ္တာ"
"အေဒၚႀကီးလဲခ်စ္ပါတယ္ကြယ္"
"က်န္႔က်န္႔ေလး လာဦးေလးလိုက္ပို႔ေပးမယ္ေက်ာင္းကို"
"ဟုတ္ကဲ့ပါဗ်"
ေရွာင္က်န္႔ကိုတစ္အိမ္လံုးကသူကလြဲၿပီးအကုန္လံုးခ်စ္ေနၾကတယ္ သဲသဲလူပ္ပဲ ေျပာၾကတယ္ေရွာင္က်န္႔ကကေလးေလးမို႔လို႔တဲ့ေလ ဟုတ္တယ္
ကေလးေတာ့ကေလးပဲ ၿမိဳ႕အုပ္ဝမ္မ်က္လံုးထဲမွာေတာ့ သိပ္ဆိုးတဲ့ကေလးေလးပဲ။
--------
(4.5.2023)
#Su🐼
မြို့အုပ်ဝမ် နှင့် သူနာပြုရှောင်း
Part 4
---------
အခန်းတစ်ခန်းထဲမှာမြို့အုပ်ဝမ်နဲ့ရှောင်ကျန့်နှစ်ယောက်သာရှိတယ် မြို့အုပ်ဝမ်ကသူ့ရဲ့ဘာမှမထိသွားတဲ့လက်တစ်ဖက်နဲ့ကုတင်ပေါ်မှာစာဖတ်
နေပြီးတော့ ရှောင်ကျန့်လေးကတော့ကုတင်ခြေရင်းမှာစာထိုင်လုပ်နေလေရဲ့။
"ဒီအပုဒ်ကဘယ်စာအုပ်ထဲကလဲ"
"...."
စာအုပ်တွေလဲပြန့်ကျဲနေတာပဲဘေးပတ်ပတ်လည်မှာ ခေါင်းကုပ်လိုက်နဲ့
တော်တော်လေးရူပ်နေတဲ့ပုံ။
"ရှောင်ကျန့်"
"ဗျာ..."
"အိမ်တော်ထိန်းကြီးကိုသွားပြောပေး ငါဗိုက်ဆာတယ်လို့"
"ဟုတ်..."
ရှောင်ကျန့်ကချက်ချင်းထကာ သွားလိုက်တော့အောက်ကခြေထောက်က
စာအုပ်ကိုတက်နင်းမိသွားတော့ပြာပြာသလဲနဲ့ခုံပေါ်တင်ကာ ချက်ချင်းထိုင်
ကန်တော့နေသည်။
"ကျန့်ကျန့်တောင်းပန်ပါတယ်..."
ရှောင်ကျန့်အသံကြောင့်ပဲမြို့အုပ်ဝမ်မျက်လုံးလေးလှန်ကြည့်တော့ရှောင်ကျန့်ကသူ့ဘက်ကိုလှည့်ပြီးထိုင်ကန်တော့နေတယ်။
"တောင်းပန်ပါတယ်...ကန်တော့ပါတယ်"
"ရှောင်ကျန့်...ဘာလို့ငါ့ကိုကန်တော့နေတာတုန်း"
"စာအုပ်ကိုစောင့်ရှောက်သောနတ်မင်းကြီးများအားလုံးကို ကျန့်ကျန့်
တောင်းပန်ပါတယ် ခွင့်လွှတ်ပေးတော်မူပါ "
"...."
နောက်ဆုံးတော့သူ့ကိုကန်တော့တာမှမဟုတ်တာစာအုပ်ကိုကန်တော့တာပဲ
ကို ပြီးတော့မှရှောင်ကျန့်လဲရိပေါ်ပြောတဲ့အတိုင်းပဲအိမ်တော်ထိန်းကြီးကို
သွားပြောတယ်။
"အိမ်တော်ထိန်းဘဘ မြို့အုပ်ဝမ်ကပြောတယ် ငါဗိုက်နာလို့တဲ့"
"ဟင်...ဟုတ်လား "
"အင်း"
"ကျန့်ကျန့်စာသွားလုပ်လိုက်ဦးမယ်နော်"
"အင်း"
ရှောင်ကျန့်ကပြန်သွားပြီးစာပဲထိုင်လုပ်နေတယ် မကြာလိုက်ပါအိမ်တော်ထိန်း
ကြီးကလက်ထဲမှာအစာကြေဆေးနဲ့ရေယူလာပေးတယ်။
"သခင်လေးသောက်လိုက်ပါ"
"ဘာလို့သောက်ရမှာတုန်း"
"ကျန့်ကျန့်လေးကပြောတယ် သခင်လေးကဗိုက်နာနေလို့ဆို"
"...."
မြို့အုပ်ဝမ်သက်ပြင်းချကာရှောင်ကျန့်ကိုကြည့်လိုက်သည် ရှောင်ကျန့်က
တော့စာပဲထိုင်လုပ်နေတယ်။
"ရှောင်ကျန့်"
"ဗျာ..."
"မင်းအိမ်တော်ထိန်းကိုဘာသွားပြောလဲ"
"ဟာ...မြို့အုပ်ဝမ်ပဲဗိုက်နာနေတယ်ဆို"
"ဟင်း...ငါဗိုက်ဆာနေတယ်လို့ပြောလိုက်တာ"
"မသိဘူး အဲ့မှာအိမ်တော်ထိန်းဘဘရောက်နေပြီပဲ ပြောလိုက်တော့ "
"..."
"သခင်လေးဗိုက်ဆာနေလို့လား အဆာပြေမုန့်လေးသွားလုပ်ပေးပါ့မယ်"
"အင်း"
ရှောင်ကျန့်ကစာတွေလည်နေလို့စိတ်ရူပ်နေဆဲပင် မြို့အုပ်ဝမ်ကိုသွားရှင်းပြ
ခိုင်းရမလား သူကကူညီပေးမလား စာအုပ်လေးကိုင်ကာမြို့အုပ်ဝမ်နား
သွားပြီးသွားရပ်နေတယ်။
"ဘာလဲ"
"ဒီအပုဒ်လေးရှင်းပြပါလားဟင်"
"..."
"ကျန့်ကျန့်ကိုကူညီပါနော် မနက်ဖြန်စာအုပ်ထပ်ရမှာ ခုနကတောင်းပန်ပါတယ်"
"လာ ထိုင်ချည် ရှင်းပြမယ်"
"တကယ်လား...ကျေးဇူးတင်ပါတယ်"
ရှောင်ကျန့်ကကုတင်ပေါ်မှာဘေးတစ်စောင်းလေးထိုင်ကာ မြို့အုပ်ဝမ်စာရှင်းပြတာကိုနားထောင်နေသည်။
"ရပြီလား"
"အင်း...ကျေးဇူးတင်ပါတယ်ဗျ"
ရှောင်ကျန့်ကစာတွေကိုသွားပြန်လုပ်တယ် အိမ်တော်ထိန်းကြီးကအဆာပြေ
မုန့်လေးတွေလာပေးတယ် မြို့အုပ်ဝမ်မုန့်ကိုစားနေတော့ ရှောင်ကျန့်ကစာလုပ်နေရင်းနဲ့မဝံ့မရဲလေးနဲ့မြို့အုပ်ဝမ်ကိုမော့ကြည့်တယ်
မြို့အုပ်ဝမ်ကတော့သူကြည့်နေမှန်းတောင်သိမဲ့ပုံမပေါ်ပါ။
"ကျန့်ကျန့်လေးဗိုက်ဆာလို့လားသား"
အိမ်တော်ထိန်းအမေးကြောင့်ရှောင်ကျန့်ခေါင်းလေးဆတ်ခနဲထောင်လာကာ
ခေါင်းလေးငြိမ့်လိုက်သည်။
"ဟင်း...ဘဘလဲစိတ်မကောင်းပါဘူးကွယ်..ဒါနောက်ဆုံးမုန့်လက်ကျန်ပဲ
ညနေကအစေခံကောင်မလေးတွေကိုဈေးသွားခိုင်းတာမုန့်ထုပ်မေ့ကျန်နေ
ခဲ့တယ် ဘဘသွားတော့ဈေးကပိတ်သွားပြီ "
"ရပါတယ် ကျန့်ကျန့်အဲ့လောက်လဲဗိုက်မဆာပါဘူး"
"..."
"ကျွန်တော်တော်ပြီ မုန့်ကအီလာလို့မစားချင်တော့ဘူး"
မြို့အုပ်ဝမ်အကြိုက်ဆုံးသောမုန့်ကိုအီတယ်လို့ပြောတာအိမ်တော်ထိန်းကြီး
တစ်သက်မှာတစ်ခါထဲမြင်ဖူးတယ် တစ်ကိုက်စာပျားရည်မုန့်လေးတွေကမြို့အုပ်ဝမ် မြို့အုပ်မဖြစ်ခင်ငယ်ငယ်က
ထဲကကြိုက်လာခဲ့တဲ့မုန့်။
"ရှောင်ကျန့် ဒီမုန့်တွေလာစားချည်"
"ဗျာ...ဟုတ်ကဲ့!"
ရှောင်ကျန့်ကဘေးနားလာထိုင်ပြီးမုန့်တွေထိုင်စားတယ်။
"ကောင်းလိုက်တာ ကျန့်ကျန့်ကြိုက်တယ် "
"ဖြည်းဖြည်းလည်းစားဦး လည်မှာသွားတစ်နေဦးမယ်"
"အွန်း..ဟုတ်ကဲ့"
"ကျန့်ကျန့်လေးဒီနေ့ကျောင်းမှာအဆင်ပြေလား သူငယ်ချင်းတွေရခဲ့လား"
"ဟုတ်ကဲ့...မင်ချန်လျိုးနဲ့ ဝမ်ကျိုးချန် နဲ့"
"အော်...သခင်လေးဝမ်ရဲ့ညီနဲ့တောင်သူငယ်ချင်းဖြစ်ခဲ့တာလား"
"ဟုတ်ကဲ့...သူတို့နဲ့အတူတူထိုင်တာလေ"
"အော်...ပညာသင်ချိန်မှာရည်းစားမထားနဲ့နော်ကျန့်ကျန့်လေး"
"ဟုတ်ကဲ့ ဘဘ"
"ကျွန်တော်အိပ်တော့မယ် ရှောင်ကျန့်မင်းလည်း မြန်မြန်လက်စသတ်ပြီး
အိပ်တော့"
"ဟုတ်ကဲ့ "
ရှောင်ကျန့်ကခါတိုင်းလိုပဲ မြို့အုပ်ဝမ်ခုတင်ဘေးနားမှာသူ့အိပ်ယာလေး
ခင်းကျင်းပြီးအိပ်တယ်။
"မြို့အုပ်ဝမ် ခိုင်းစရာရှိရင်နိူးလိုက်နော်"
"အင်း"
ခိုင်းစရာရှိရင်နိူးတဲ့လေ ရီတောင်ရီချင်သေးတယ် ခိုင်းမလို့အတွက်နိူးရင်
ရှောင်ကျန့်ကအိပ်ရေးဆော့ပြီးကားယားလေးအိပ်နေပြီးနိူးလို့တောင်မရဘူး။
မြို့အုပ်ဝမ်ကရှောင်ကျန့်ကိုနာမည်ပေးထားတာရှိတယ်...
အိပ်ပုတ်၊ နမော်နမဲ့၊ အချွဲသန်၊ အတိုင်အပြောထူ။
အဲ့တာတွေကတော့မြို့အုပ်ဝမ်အလကားပေးထားတာမဟုတ်ရပါဘူး ရှောင်ကျန့်မအိပ်ခင်ကတော့သူရှောင်ကျန့်ကိုအကြိုက်ခိုင်းထားတယ် အိပ်ရင်
မနိုးတော့ဘူးဆိုတာသိလို့။
.
.
.
မနက်ခင်းကျတော့အိမ်တော်ထိန်းကြီးမအားတာကြောင့်ရှောင်ကျန့်ကိုယ်တိုင်
ပဲမြို့အုပ်ဝမ်ကိုမျက်နှာသစ်ပေးရတယ် ဘာမှမဖြစ်သေးတဲ့လက်တစ်ဖက်
နဲ့ပဲသွားတိုက်တယ် ပလုတ်ကျင်းတယ်။
"ရှောင်ကျန့်ရေတစ်ခွက်သွားခပ်"
"ဟုတ်ကဲ့ "
ရှောင်ကျန့်ကပြေးထွက်သွားကာ ဖန်ခွက်လေးနဲ့ရေယူလာသည်။
"ဒါကဘာလဲ"
"ရေတစ်ခွက်ဆို"
"ငါမျက်နှာသစ်အုံးမယ်လေ"
"အော် စောစောမပြောဘူး ငါမျက်နှာသစ်ဖို့ရေသွားခပ်ပေးလို့ပြောပေါ့ဗျ"
"...."
ရှောင်ကျန့်ကဒီတစ်ခါတော့ရေခပ်လာကာ မြို့အုပ်ဝမ်နားအရောက်တင်ပဲ
ကော်ဇောကိုခလုတ်တိုက်မိပြီးရေတွေကဗက်ခနဲမြို့အုပ်ဝမ်မျက်နှာပေါ်သွား
စင်တယ် ရှောင်ကျန့်ခြေထောက်လေးလဲနည်းနည်းနာသွားတယ်။
"ရှောင်..ကျန့်!!"
မြို့အုပ်ဝမ်အော်သံကြောင့်တစ်အိမ်လုံးမှာရှိတဲ့သူတွေအကုန်လုံးမြို့အုပ်ဝမ်
အခန်းစီပြေးလာကြတယ်။
"မြို့အုပ်ဝမ်...ကျန့်ကျန့်တောင်းပန်ပါတယ်နော် တမင်တကာလုပ်တာမဟုတ်ရပါဘူးနော်"
"..."
"ဘာဖြစ်ကြတာတုန်း"
"မြို့အုပ်ဟောင်း...ကျန့်ကျန့်ကလေ အောက်ကကော်ဇောနဲ့ခလုတ်တိုက်
မိသွားတာ အဲ့တာမြို့အုပ်ဝမ်ပေါ်ကိုရေတွေမှောက်ချသလိုဖြစ်သွားတာ"
"အဖေ...ရှောင်ကျန့်ကိုကျွန်တော့်ဘေးနားမှာဆက်ထားနေရင်ကျွန်တော်သေလိမ့်မယ်"
"ဟွန်း...ကျန့်ကျန့်ကမသတ်ပါဘူးနော်"
"..."
"သားရယ် ကျန့်ကျန့်က ကလေးလေးပဲခွင့်လွှတ်ပေးလိုက်ပါကွယ်နော်"
"အင်းအင်း..ကျန့်ကျန့်ကစေတနာနဲ့ပါ မြို့အုပ်ဝမ်ရယ် မြို့အုပ်ဝမ်လက်သုံး
စရာတောင်မလိုတော့ဘူးလေ ကျန့်ကျန့်ကတစ်ခါထဲမျက်နှာသစ်ပေးလိုက်တာ ကျေးဇူးတင်သင့်တယ်"
ကျေးဇူးတင်သင့်တယ်တဲ့လား ရှောင်ကျန့်ကတကယ် အခြားသူတွေရှေ့ကြ
နတ်သားလေးလိုပဲ သူ့ရှေ့ကြရင်တော့ သူ့ကိုသတ်မဲ့နတ်ဆိုးဆိုးလေး
တစ်ကောင်ပဲ။
ု"ပြန်တော့ကွာ...မဟုတ်ရင်လည်းငါနဲ့ခပ်ဝေးဝေးနေ "
"ကျန့်ကျန့်ကိုစိတ်ဆိုးသွားတာလားဟင် ကျန့်ကျန့်လက်အုပ်လေးချီပြီး
တောင်းပန်ပါ့မယ်နော် နော် စိတ်မဆိုးပါနဲ့နော် မြို့အုပ်ဝမ်စိတ်ဆိုးသွားရင်
ကျန့်ကျန့်ကိုမုန့်ကျွေးမဲ့သူမရှိတော့ဘူး "
"..."
"နော် နော်..."
ရှောင်ကျန့်ကမျက်ရည်လေးအရွှဲသားနဲ့သူ့ကိုလာကြည့်သည်။
"ခွင့်လွှတ်ပေးလိုက်ပါသားရယ် ဒါကမတော်တဆပဲကို"
"နောက်ဆုံးအကြိမ်ဖြစ်ပါစေနော် ရှောင်ကျန့်"
"ဟုတ်ကဲ့!"
ရှောင်ကျန့်ကအခုမှအမြှီးလေးတစ်နှံ့နှံ့နဲ့ယုန်လေးတစ်ကောင်လိုပါပဲ ။
"ကျောင်းသွားတော့ "
"ဟုတ်ကဲ့ တာ့တာ..."
"ကျန့်ကျန့်လေး ခုံပေါ်မှာထမင်းဗူးယူသွားဖို့မမေ့နဲ့ ကျောင်းကအစားအစာ
တွေကမသန့်ရင်ဘယ်လိုလုပ်မလဲ"
"ဟုတ်ကဲ့ အဲ့တာကြောင့်အဒေါ်ကြီးကိုချစ်တာ"
"အဒေါ်ကြီးလဲချစ်ပါတယ်ကွယ်"
"ကျန့်ကျန့်လေး လာဦးလေးလိုက်ပို့ပေးမယ်ကျောင်းကို"
"ဟုတ်ကဲ့ပါဗျ"
ရှောင်ကျန့်ကိုတစ်အိမ်လုံးကသူကလွဲပြီးအကုန်လုံးချစ်နေကြတယ် သဲသဲလူပ်ပဲ ပြောကြတယ်ရှောင်ကျန့်ကကလေးလေးမို့လို့တဲ့လေ ဟုတ်တယ်
ကလေးတော့ကလေးပဲ မြို့အုပ်ဝမ်မျက်လုံးထဲမှာတော့ သိပ်ဆိုးတဲ့ကလေးလေးပဲ။
--------
(4.5.2023)
#Su🐼