𝙸𝚏 𝙾𝚞𝚛 𝙻𝚘𝚟𝚎 𝙸𝚜 𝚃�...

By KhinMyatOo851005

44K 1.7K 48

ငယ်.....ဟုတ်တယ်....ဒီနာမ်စားလေးကမင်းတစ်ယောက်ထဲအတွက်ရယ်ပါYiboရယ် #xiaozhan ခင်ဗျားကဘာလို့ကျွန်တော့်ကိုကူညီရတာလ... More

Intro
Part 1
Part 2
Part 3
Part 4
Part 5
Part 6
Part 7
Part 8
Part 9🔞🌚
Part 10
Part 11
Part 12
Part 13
Part 14
Part 15
Part 17
Part 18
Part 19
Part 20
Part 21
Part 22
Part 23
💛 6ᵗʰ anni
Part 24
Part 25
Part 26 final
𝓯𝓪𝓻𝓮𝔀𝓮𝓵𝓵❤️💚

Part 16

1.1K 60 2
By KhinMyatOo851005

Unicode

ထမင်းစားဝိုင်းဟာတိတ်ဆိတ်လို့နေတယ်
ရှောင်းကျန့်ကတော့စားစရာရှိတာစားနေပေမယ့် တစ်ချက်တစ်ချက်မျက်ထောင့်လေးကနေ ကောင်လေးကိုခိုးခိုးကြည့်ပါသေးတယ်
ရိပေါ်ဟာလဲ ထမင်းထဲကိုစိတ်မရောက်ပဲ ပုဇွန်တွေကိုသာအခွံထိုင်နွှာနေတယ်
ဒါကိုရှောင်းကျန့်သိတယ် ရိပေါ်ရဲ့အတွေးထဲမှာမင်လျန့်နဲ့ပတ်သတ်တဲ့ အတိတ်ဆိုးတွေကိုပြန်မြင်ယောင်နေတယ်ဆိုတာ
မင်လျန့်အကြောင်းကိုမသိစေချင်ကာမှ ရိပေါ်နဲ့တည့်တိုးသွားသေးတယ် တစ်ကယ်ပဲမင်လျန့်ကဘယ်အဆင့်ထိတက်ချင်နေတာလဲ
ယွီပင်းဆီကမေးတာအားမရလို့ ခုတော့ကိုယ်တိုင်တောင်ဖုန်းဆက်လာပြီ
သကောင့်သားကြောင့် ငယ်လေးချက်တဲ့ပုဇွန်ကိုတောင်စိတ်ချမ်းချမ်းသာသာနဲ့မစားရဘူး

"ကိုကို..."

ရိပေါ်မင်လျန့်အကြောင်းကိုသိချင်စိတ်များနေတာမို့မအောင့်နိုင်တော့ပဲရှောင်းကျန့်ကိုမေးလိုက်တယ်
သူ့ကလေးငယ်ရဲ့အသံတိုးတိုးခေါ်သံကြောင့် ရှောင်းကျန့်အတွေးတွေကိုရပ်ကာခေါင်းထောင်ကြည့်မိတယ်

"အင်း ပြောလေငယ်..."

"ဟို...ခုနက မင်လျန့်အကြောင်းကို ကျွန်တော်သိချင်တယ်..."

ရိပေါ်လဲရှောင်းကျန့်ရဲ့မျက်ဝန်းတွေကိုအကြည့်မလွှဲပါပဲသေချာလိုက်ကြည့်လို့နေတယ်
ရှောင်းကျန့်စားလက်စပန်းကန်လုံးကိုချပြီး ဘေးနားကရေခွက်ကိုမော့သောက်ကာ သက်ပြင်းတစ်ချက်ချလိုက်တယ်

"ဘာလို့သိချင်ရတာလဲ..."

"ဟို...ကျွန်တော့်ရဲ့အသိတစ်ယောက်နာမည်နဲ့တူလို့ပါ..."

"ကိုကိုမပြောချင်ဘူး..."

မင်လျန့်နဲ့ပတ်သတ်ရင်ကိုကိုက အမြဲပိတ်ပင်တာချည်းပဲ
တစ်ကယ်ပဲမင်လျန့်နဲ့ကဘာတွေလဲ

"ဘာလို့လဲ ကိိုကို..."

"ကိုကိုသူ့ကိုသူငယ်ချင်းအဖြစ်စွန့်လွှတ်ခဲ့တာကြာလှပြီငယ်...သူ့အကြောင်းကိုသိတော့ရော ဘာရမှာမို့လို့လဲ ကိုကိုမပြောချင်ဘူး...ငယ်ဇွတ်မေးရင်တော့ ကိုကို့အကြောင်းကိုငယ်သိပါတယ်..."

"ommပါ..."

ရိပေါ်လဲဆက်မမေးတော့ပဲ အောင့်ထားလိုက်ရတော့တယ် ကိုကို့ရဲ့မျက်နှာကမင်လျန့်နဲ့ပတ်သတ်ရင်ခက်ထန်သွားတာ
မင်လျန့်...မင်လျန့်...ခင်ဗျားကလေ လူတွေကိုစိတ်ညစ်အောင်လုပ်တဲ့နေရာမှာစံပဲ

"သူများအကြောင်းမတွေးနဲ့တော့...ပြောပါအုံး...ဒီပုဇွန်ကကိုယ်တိုင်ချက်ထားတာပေါ့လေ ဟုတ်လား..."

"ဒါပေါ့ ကိုကိုကြိုက်တယ်မို့လား..."

"ommကြိုက်တာပေါ့...ငယ့်လက်ရာဆိုအကုန်ကြိုက်..."

လက်မနှစ်ချောင်းထောင်ပြီးပြောနေပုံလေးကတစ်ကယ်ချစ်စရာလေး
ကိုကိုပြောတာလဲဟုတ်ပါတယ်
ခုချိန်မှာ သူများအကြောင်းတွေးမနေပဲ ကိုယ်ချစ်ရတဲ့သူနဲ့အတူပျော်ပျော်နေလိုက်တာကပိုကောင်းတယ်မလား

"ဒါနဲ့လေ ပိတ်ရက်ကျရင် မားတို့ဆီကိုသွားရအောင်လေ မကောင်းဘူးလားကိုကို..."

"အွန်း သွားကြမယ်လေ ပိတ်ရက်ကျရင် ငယ်သွားချင်တဲ့နေရာမှန်သမျှကိုလိုက်ပို့မယ်ဟုတ်ပြီလား...."

ရိပေါ်ရဲ့အပြောကိုရှောင်းကျန့်ထောက်ခံတယ်
ရိပေါ်ကလဲဝမ်မားနဲ့ညအိပ်ညနေခွဲဖူးတာမဟုတ်လို့ သတိရနေမှာပဲလေ
သူကိုယ်တိုင်လဲမားတို့ဆီသွားချင်ခဲ့တာ
ပါးကရော?....ပါးကြောင့်ငယ်တော့နေရခက်တော့မှာပဲ....
ပါးစိတ်ကိုလျှော့လိုက်ဖို့ပဲမျှော်လင့်တယ်

"ကိုကို..."

"......"

"ကိုကို ဘာတွေစဥ်းစားနေတာလဲ..."

"အော်...ဘာရယ်မဟုတ်ပါဘူး..."

"ရှောင်းပါးကြောင့်လားဟင်..."

ရှောင်းကျန့်ရိပေါ်ကိုတစ်ချက်ကြည့်လိုက်တယ်
ဒီကောင်လေးသူ့အတွေးတွေကိုသိနေတာလား?..
မဟုတ်ဘူးလို့ပြောရအောင်လဲ ရှောင်းကျန့်မှာတစ်ခြားစိုးရိမ်စရာတော့မရှိ
ဟုတ်တယ်လို့ပြောပြန်ရင်လဲ အလကားနေဒီကောင်လေးဝမ်းနည်းသွားရင်ဒုက္ခ....

"ရှောင်းပါးကြောင့်ဆိုရင်တော့မစိုးရိမ်ပါနဲ့ ကိုကိုရာ...ကျွန်တော်တို့အတူတူဖြေရှင်းကြမယ်လေ....ကျွန်တော်ကဘယ်သူလဲ ဝမ်ရိပေါ်ပါ တစ်ပေါ်ထဲရှိတယ်...ရှောင်းပါးနဲ့ကျွန်တော်တို့အဆင်ပြေစေရမယ် ဟုတ်ပြီလား..."

ရှောင်းကျန့်ရဲ့လက်ကလေးကိုကိုင်ကာ ဂုဏ်ယူဝံ့ကြွားစွာပြောနေတဲ့ကောင်လေးကို ရှောင်းကျန့်မှာကြည့်ရင်းရယ်လိုက်မိသည်။
ကလေးငယ်က အရွယ်နဲ့မလိုက်အောင်သိပ်ရင့်ကျက်လွန်းအားကြီးတယ်
တစ်ကယ်ဘယ်လိုအစွမ်းနဲ့များ ပါးကိုပြောမလဲမသိပေမယ့် လောလောဆယ်တော့ ကလေးငယ်ရဲ့စိတ်အားထက်သန်မှုကိုရှောင်းကျန့်မဖျက်ဆီးချင်

~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~

"မား...."

"ဟယ်...သားငယ်လေး အလည်လာတယ်...."

ရိပေါ်မှာ မားကိုတွေ့တာနဲ့ အားရပါးရဖက်လိုက်တယ်
ရှောင်းကျန့်ကတော့နောက်မှာ လက်ဆောင်ထုပ်တွေနဲ့ပေါ့လေ
ဘာပကာသနတွေမှမပါပဲ အေးချမ်းမှုနဲ့ပြည့်စုံနေတဲ့ရိပေါ်တို့ရဲ့မိသားစုလေးကို ရှောင်းကျန့်အားကျတယ်

"အယ်...သားငယ်ရယ်လက်ဆောင်တွေကအများကြီးပဲ ဘာလို့ဝယ်လာတာလဲ...."

"အများကြီးမဟုတ်ပါဘူးမားရယ်....နေ့လည်ကျရင် ကိုကို့မားတို့ဆီကိုသွားအုံးမှာ သူတို့အတွက်ပါတစ်ခါတည်းဝယ်လာတာမားရဲ့..."

"အော်အဲ့လိုလား...အေးအေး သားကျန့်လေးပါးနဲ့မားရော နေကောင်းကြရဲ့လား..."

"ဟုတ် ကောင်းပါတယ်ဝမ်မား...မားကတော့ပျင်းနေရှာတာ ကျဲကလဲကိုရီးယားကိုပြန်သွားပြီလေ..."

ဝမ်မားမှာခေါင်းတစ်ငြိမ့်ငြိမ့်နဲ့ထောက်ခံလေတယ်
"ပျင်းနေရင် မားတို့ဆီကိုလာချင်ရင်လာခိုင်းလိုက်လေကွယ်...မားကလဲတစ်ယောက်ထဲရယ် မိန်းမချင်းဆိုတော့ပြောရဆိုရလွယ်တာပေါ့ အဖော်တောင်ဖြစ်သေးတယ်..."

"ဟုတ် ပြောလိုက်ပါ့မယ်ဝမ်မား..."

ရှောင်းကျန့်တို့တစ်နေ့လည်လုံးဝမ်မားရဲ့အိမ်မှာနေကြတယ်
သူ့အိမ်မှာလဲဒီလိုပဲပျော်ပျော်ရွှင်ရွှင်နေရရင်ကောင်းမယ်....
ရှောင်းကျန့်သူ့အိမ်ကိုသွားဖို့ကိုကြောင့်ကြနေမိတယ် ငယ့်ကိုကြည့်တော့လဲ စိုးရိမ်နေတဲ့အရိပ်အယောင်တောင်မတွေ့ရဘူး
အဲ့အစားရှောင်းကျန့်ရဲ့လက်ကိုကိုင်ပြီး ခပ်ဖွဖွပုတ်ပေးနေတာက သူ့ကိုအားပေးနေသယောင်

ရှောင်းကျန့်အိမ်ရှေ့ကိုရောက်တာနဲ့ လုံးဝအံ့အားသင့်ခဲ့ရတယ်
အိမ်ရှေ့မှာပါးကသူကိုယ်တိုင်စောင့်နေတယ်တဲ့လေ
သူတို့ကိုမြင်တာနဲ့ ပြုံးပြပြီးလက်ရမ်းပြနေသေးတယ်

သေချာပေါက်ပါးကသူ့ကိုရှောင်နေမှာပဲလို့ထင်ခဲ့တာ
ပါးဒီလိုပြောင်းလဲလိမ့်မယ်လို့သူမထင်ထားခဲ့ဘူး
ခုလိုကိုယ်တိုင်လာကြိုတာမြင်ရတော့ ရှောင်းကျန့်မှာအပျော်မဆုံးနိုင်

"သားတို့ကလဲ နောက်ကျလိုက်တာ...ပါးမှာတစ်ခုခုဖြစ်နေပြီလားလို့တောင်ထင်ရတယ်..."

"ပါး....."

ရှောင်းကျန့်မှာ သူတို့ကိုပြေးလာကြိုတဲ့ပါးကိုဖက်ကာငိုလိုက်မိသည်
ရှောင်းပါးကလဲ ရှောင်းကျန့်ရဲ့ကျောပြင်လေးကိုပုတ်ပေးကာ

"ပါးတောင်းပန်ပါတယ်...သားရဲ့ခံစားချက်ကိုထည့်မတွက်မိဘူး...ပါးတို့ကိုခွင့်လွှတ်နော်..."

ရှောင်းပါးကိုယ်တိုင်လဲမျက်ရည်ကျရပါတယ်
သူအတ္တကြီးသွားခဲ့တယ်လေ
ရိပေါ်လေးသာ သူ့ကိုအမြင်မှန်မပြပေးခဲ့ရင် သူဘယ်ချိန်ထိရှောင်းကျန့်ကိုမခေါ်မပြောပဲနေနေမှာလဲ

**Flash back**

ရိပေါ် ရှောင်းကျန့်ကိုကုမ္ပဏီသွားခိုင်းပြီး သူကိုယ်တိုင်လဲအိမ်ကနေထွက်လာခဲ့တယ်
ရှောင်းပါးတို့အဆင်ပြေဖို့ဆို သူကိုယ်တိုင်ကြားထဲကဝင်ဖြေရှင်းတာကပိုကောင်းတယ်လေ
ကျဲကလဲကိုရီးယားကိုသွားပြီဆိုတော့ ရိပေါ်မှာတစ်ယောက်တည်းရင်ဆိုင်ဖို့ကိုသတ္တိမွေးခဲ့ရတယ်
ရှောင်းကျန့်ပျော်ရွှင်တာကိုသူမြင်ချင်တယ်လေ
ဝမ်မားနဲ့သူနဲ့ပျော်ရွှင်နေတာကိုတွေ့ရင် ရှောင်းကျန့်အားကျတဲ့မျက်ဝန်းတွေနဲ့ကြည့်တာကို ရိပေါ်သတိထားမိသည်

ရိပေါ်အိမ်ထဲကိုဝင်တာနဲ့ပဲ ရှောင်းမားဝမ်းသာပြီးလာကြိုပေမယ့်
ရှောင်းပါးကတော့ လက်ထဲကသတင်းစာကိုချကာ အခန်းထဲရှောင်ထွက်သွားဖို့ပြင်လိုက်တယ်

"ပါး..."

ရိပေါ်ရဲ့အခေါ်ကြောင့် ရှောင်းပါးလှည့်ကြည့်လိုက်တယ် အဲ့ဒီနောက်

"မင်းငါ့ကိုပါးလို့မခေါ်နဲ့...ဘယ်သူကမင်းကိုသားမက်လို့သတ်မှတ်ခဲ့ဖူးလို့လဲ...မင်းကြောင့် ငါ့သားကငါ့ရင်ကိုစုံကန်ခဲ့တာ သိရဲ့လား..."

ရှောင်းပါးကရိပေါ်ကိုဒေါသတကြီးနဲ့အော်လိုက်ပေမယ့် ရိပေါ်မျက်ရည်မကျမိအောင်မနည်းထိန်းထားရသည်
ရိပေါ်လဲ ဒူးထောက်ချလိုက်ပြီး ခေါင်းကိုငုံ့ထားရင်း

"ကျွန်တော့်ကိုမုန်းတာနဲ့ပဲ ကျန့်ကောကိုမမုန်းလိုက်ပါနဲ့...ကျွန်တော်ကိုယ်တိုင်ကယောကျ်ားလေးဖြစ်လို့ ရှောင်းမျိုးဆက်ကိုမွေးမပေးနိုင်တာသိတဲ့အပြင်် အဆင့်အတန်းချင်းကွာမှန်းလဲကျွန်တော်သိပါတယ်...ဒီအတွက်နဲ့ကျွန်တော်ကျန့်ကောကို ရှောင်ခဲ့တယ်...အဲ့နောက်ကျွန်တော်နားလည်လိုက်တာက ကျန့်ကောကကျွန်တော့်ကိုတစ်ကယ်ချစ်တယ်ဆိုတာပဲ...ကျွန်တော်ကိုယ်တိုင်လဲကျန့်ကောကိုချစ်တယ်...ဦးလေးတို့အတွက် မြေးမရနိုင်ဘူးဆိုပေမယ့်... ပျော်ရွှင်နေတဲ့ကျွန်တော်တို့အိမ်ထောင်ရေးရှိတယ်လေ...ဦးလေးကျွန်တော့်ကို သားမက်အဖြစ်မသတ်မှတ်ရင်နေပါ...ကျန့်ကောနဲ့အဆင်ပြေရင်ကျွန်တော်ကျေနပ်ပါပြီ....ကျွန်တော်မရှိမှ ဦးလေးအတွက်အဆင်ပြေမယ်ဆိုရင်လဲရပါတယ်...ကျွန်တော်...ကျွန်တော်ထွက်သွားပေးပါ့မယ်..."

"ကိုရယ်...ကလေးတွေကိုသဘောတူပေးလိုက်ပါနော်...သားကျန့်လေးကလဲကိုနဲ့ပြန်အဆင်ပြေချင်နေတာပါ...ရှိတာမှ ဒီသားလေးနဲ့သမီးလေးကို...ရိပေါ်လေးလဲထပါကွယ်..."

ရှောင်းပါးလဲသက်ပြင်းတစ်ချက်ချကာ...
"ဒါဆို ငါ့ကိုကတိတစ်ခုပေး..."

ရိပေါ်မှာရှောင်းပါးကိုမော့ကြည့်မိတယ်
ရှောင်းကျန့်တို့သားအဖအဆင်ပြေစေဖို့ သူထွက်သွားပေးမယ်လို့ပြောသာပြောရတာ တစ်ကယ်တော့သူထွက်မသွားနိုင်ဘူးရယ်
ထွက်သွားပေးမယ်ဆိုတဲ့စကားလုံးမှာ ရိပေါ်နာကျင်ရပါတယ်
သူ့အတွက်အမြဲပျော်ရွှင်အောင်လုပ်ပေးတဲ့ ရှောင်းကျန့်ကို ဒီတစ်ခါတော့သူ့ကြောင့်ရှောင်းကျန့်မိသားစုနဲ့ပျော်ရွှင်တာကိုသူမြင်ချင်တယ်

"ဟုတ်...ပြောပါဦးလေး...ဦးလေးသာကျန့်ကောနဲ့ပြန်ခေါ်မယ်ဆိုရင် ကျွန်တော်ဘာကတိပဲပေးရပေးရ ပေးပါ့မယ်..."

"ကောင်းပြီလေ...ဘာတွေပဲဖြစ်လာဖြစ်လာ ငါ့သားကိုပျော်ရွှင်အောင်ထားပါ့မယ်ဆိုတဲ့ကတိပေးရမယ်...
အထူးသဖြင့် ဒီလိုထွက်သွားမယ်ဆိုတဲ့စကားလုံးဝမပြောရဘူး...ပြီးတော့မင်းထွက်သွားစရာလဲမလိုဘူး...မင်းထွက်သွားရင် ငါ့သားရင်ကွဲရမှာ...ငါတားတဲ့ကြားကမင်းကိုအတင်းခိုးပြေးထဲက ငါ့သားဘယ်လောက်ထိမင်းအပေါ်ကိုဘယ်လောက်ထိချစ်လဲဆိုတာငါရိပ်မိပါတယ်...တောင်းပန်ပါတယ် ပါးအတ္တကြီးသွားခဲ့တယ်..."

ရိပေါ်ဆီကိုကိုယ်တိုင်လျှောက်လှမ်းလာပြီး လက်ကနေပွေ့ထူကာ ရိပေါ်ရဲ့ပုခုံးလေးကိုကိုင်လျက်နဲ့ပြောလာတာမို့ ရိပေါ်မှာဝမ်းသာသွားရတယ်
လေချိုလေးနဲ့ပြောလာတာမို့လားမသိ ရှောင်းပါးရဲ့အသံကငိုချင်သလိုလို
ပြီးတော့ ပါးတဲ့...ဒါကသူလက်ခံသွားပြီဆိုတဲ့သဘောမဟုတ်လား

"ကျေးဇူးပါ ပါး...ပါးစိတ်ချပါ ကျွန်တော်ဘာပဲဖြစ်ဖြစ် ကျန့်ကောကိုလုံးဝထားမသွားဘူး...ကျွန်တော့်တစ်ဘဝလုံးစာက ကျန့်ကောအတွက်ပဲဖြစ်တည်လာတာမို့လို့..."

ရိပေါ်သူ့ရဲ့လက်သုံးချောင်းကိုထောင်ကာသစ္စာဆိုလိုက်တယ်
တစ်ကယ်လဲသူ့တစ်ဘဝလုံးစာကို ရှောင်းကျန့်အပေါ်ကိုပုံအပ်လိုက်ပြီ

ရိပေါ်သူကိုယ်တိုင်လဲရှောင်းပါးကိုဖက်ကာ မျက်ရည်ကျမိတယ်
သူလုပ်နိုင်ခဲ့ပြီ....ဒါကို ကိိုကိုသာသိရင်ဘယ်လောက်တောင်ဝမ်းသာလိုက်မလဲလေ

ရှောင်းမားလဲရိပေါ်တို့ကိုကြည့်ကာ မျက်ရည်များသုတ်နေလေသည်
ရှောင်းမားရောငြင်းတဲ့ထဲပါတယ်ထင်ခဲ့တာ သူအတွေးမှားခဲ့တယ်ထင်ပါရဲ့

**Flash back end**

^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^

စောစောစီးစီးupလိုက်ပါပြီဗျ❤
sweetလေးပဲကောင်းပါတယ်ဟုတ်တယ်မို့လား✌🏻

6.3.23

#ʟᴜɴᴀʷᵃⁿᵍ85🦁

Zawgyi

ထမင္းစားဝိုင္းဟာတိတ္ဆိတ္လို႔ေနတယ္
ေရွာင္းက်န့္ကေတာ့စားစရာရွိတာစားေနေပမယ့္ တစ္ခ်က္တစ္ခ်က္မ်က္ေထာင့္ေလးကေန ေကာင္ေလးကိုခိုးခိုးၾကည့္ပါေသးတယ္
ရိေပၚဟာလဲ ထမင္းထဲကိုစိတ္မေရာက္ပဲ ပုဇြန္ေတြကိုသာအခြံထိုင္ႏႊာေနတယ္
ဒါကိုေရွာင္းက်န့္သိတယ္ ရိေပၚရဲ႕အေတြးထဲမွာမင္လ်န့္နဲ႕ပတ္သတ္တဲ့ အတိတ္ဆိုးေတြကိုျပန္ျမင္ေယာင္ေနတယ္ဆိုတာ
မင္လ်န့္အေၾကာင္းကိုမသိေစခ်င္ကာမွ ရိေပၚနဲ႕တည့္တိုးသြားေသးတယ္ တစ္ကယ္ပဲမင္လ်န့္ကဘယ္အဆင့္ထိတက္ခ်င္ေနတာလဲ
ယြီပင္းဆီကေမးတာအားမရလို႔ ခုေတာ့ကိုယ္တိုင္ေတာင္ဖုန္းဆက္လာၿပီ
သေကာင့္သားေၾကာင့္ ငယ္ေလးခ်က္တဲ့ပုဇြန္ကိုေတာင္စိတ္ခ်မ္းခ်မ္းသာသာနဲ႕မစားရဘူး

"ကိုကို..."

ရိေပၚမင္လ်န့္အေၾကာင္းကိုသိခ်င္စိတ္မ်ားေနတာမို႔မေအာင့္နိုင္ေတာ့ပဲေရွာင္းက်န့္ကိုေမးလိုက္တယ္
သူ႕ကေလးငယ္ရဲ႕အသံတိုးတိုးေခၚသံေၾကာင့္ ေရွာင္းက်န့္အေတြးေတြကိုရပ္ကာေခါင္းေထာင္ၾကည့္မိတယ္

"အင္း ေျပာေလငယ္..."

"ဟို...ခုနက မင္လ်န့္အေၾကာင္းကို ကြၽန္ေတာ္သိခ်င္တယ္..."

ရိေပၚလဲေရွာင္းက်န့္ရဲ႕မ်က္ဝန္းေတြကိုအၾကည့္မလႊဲပါပဲေသခ်ာလိုက္ၾကည့္လို႔ေနတယ္
ေရွာင္းက်န့္စားလက္စပန္းကန္လုံးကိုခ်ၿပီး​ေဘးနားကေရခြက္ကိုေမာ့ေသာက်ကာ သက္ျပင္းတစ္ခ်က္ခ်လိဳက္တယ္

"ဘာလို႔သိခ်င္ရတာလဲ..."

"ဟို...ကြၽန္ေတာ့္ရဲ႕အသိတစ္ေယာက္နာမည္နဲ႕တူလို႔ပါ..."

"ကိုကိုမေျပာခ်င္ဘူး..."

မင္လ်န့္နဲ႕ပတ္သတ္ရင္ကိုကိုက အၿမဲပိတ္ပင္တာခ်ည္းပဲ
တစ္ကယ္ပဲမင္လ်န့္နဲ႕ကဘာေတြလဲ

"ဘာလို႔လဲ ကိိုကို..."

"ကိုကိုသူ႕ကိုသူငယ္ခ်င္းအျဖစ္စြန့္လႊတ္ခဲ့တာၾကာလွၿပီငယ္...သူ႕အေၾကာင္းကိုသိေတာ့ေရာ ဘာရမွာမို႔လို႔လဲ ကိုကိုမေျပာခ်င္ဘူး...ငယ္ဇြတ္ေမးရင္ေတာ့ ကိုကို႔အေၾကာင္းကိုငယ္သိပါတယ္..."

"ommပါ..."

ရိေပၚလဲဆက္မေမးေတာ့ပဲ ေအာင့္ထားလိုက္ရေတာ့တယ္ ကိုကို႔ရဲ႕မ်က္ႏွာကမင္လ်န့္နဲ႕ပတ္သတ္ရင္ခက္ထန္သြားတာ
မင္လ်န့္...မင္လ်န့္...ခင္ဗ်ားကေလ လူေတြကိုစိတ္ညစ္ေအာင္လုပ္တဲ့ေနရာမွာစံပဲ

"သူမ်ားအေၾကာင္းမေတြးနဲ႕ေတာ့...ေျပာပါအုံး...ဒီပုဇြန္ကကိုယ္တိုင္ခ်က္ထားတာေပါ့ေလ ဟုတ္လား..."

"ဒါေပါ့ ကိုကိုႀကိဳက္တယ္မို႔လား..."

"ommႀကိဳက္တာေပါ့...ငယ့္လက္ရာဆိုအကုန္ႀကိဳက္..."

လက္မႏွစ္ေခ်ာင္းေထာင္ၿပီးေျပာေနပုံေလးကတစ္ကယ္ခ်စ္စရာေလး
ကိုကိုေျပာတာလဲဟုတ္ပါတယ္
ခုခ်ိန္မွာ သူမ်ားအေၾကာင္းေတြးမေနပဲ ကိုယ္ခ်စ္ရတဲ့သူနဲ႕အတူေပ်ာ္ေပ်ာ္ေနလိုက္တာကပိုေကာင္းတယ္မလား

"ဒါနဲ႕ေလ ပိတ္ရက္က်ရင္ မားတို႔ဆီကိုသြားရေအာင္ေလ မေကာင္းဘူးလားကိုကို..."

"အြန္း သြားၾကမယ္ေလ ပိတ္ရက္က်ရင္ ငယ္သြားခ်င္တဲ့ေနရာမွန္သမွ်ကိုလိုက္ပို႔မယ္ဟုတ္ၿပီလား...."

ရိေပၚရဲ႕အေျပာကိုေရွာင္းက်န့္ေထာက္ခံတယ္
ရိေပၚကလဲဝမ္မားနဲ႕ညအိပ္ညေနခြဲဖူးတာမဟုတ္လို႔ သတိရေနမွာပဲေလ
သူကိုယ္တိုင္လဲမားတို႔ဆီသြားခ်င္ခဲ့တာ
ပါးကေရာ?....ပါးေၾကာင့္ငယ္ေတာ့ေနရခက္ေတာ့မွာပဲ....
ပါးစိတ္ကိုေလွ်ာ့လိုက္ဖို႔ပဲေမွ်ာ္လင့္တယ္

"ကိုကို..."

"......"

"ကိုကို ဘာေတြစဥ္းစားေနတာလဲ..."

"ေအာ္...ဘာရယ္မဟုတ္ပါဘူး..."

"ေရွာင္းပါးေၾကာင့္လားဟင္..."

ေရွာင္းက်န့္ရိေပၚကိုတစ္ခ်က္ၾကည့္လိုက္တယ္
ဒီေကာင္ေလးသူ႕အေတြးေတြကိုသိေနတာလား?..
မဟုတ္ဘူးလို႔ေျပာရေအာင္လဲ ေရွာင္းက်န့္မွာတစ္ျခားစိုးရိမ္စရာေတာ့မရွိ
ဟုတ္တယ္လို႔ေျပာျပန္ရင္လဲ အလကားေနဒီေကာင္ေလးဝမ္းနည္းသြားရင္ဒုကၡ....

"ေရွာင္းပါးေၾကာင့္ဆိုရင္ေတာ့မစိုးရိမ္ပါနဲ႕ ကိုကိုရာ...ကြၽန္ေတာ္တို႔အတူတူေျဖရွင္းၾကမယ္ေလ....ကြၽန္ေတာ္ကဘယ္သူလဲ ဝမ္ရိေပၚပါ တစ္ေပၚထဲရွိတယ္...ေရွာင္းပါးနဲ႕ကြၽန္ေတာ္တို႔အဆင္ေျပေစရမယ္ ဟုတ္ၿပီလား..."

ေရွာင္းက်န့္ရဲ႕လက္ကေလးကိုကိုင္ကာ ဂုဏ္ယူဝံ့ႂကြားစြာေျပာေနတဲ့ေကာင္ေလးကို ေရွာင္းက်န့္မွာၾကည့္ရင္းရယ္လိုက္မိသည္။
ကေလးငယ္က အ႐ြယ္နဲ႕မလိုက္ေအာင္သိပ္ရင့္က်က္လြန္းအားႀကီးတယ္
တစ္ကယ္ဘယ္လိုအစြမ္းနဲ႕မ်ား ပါးကိုေျပာမလဲမသိေပမယ့္ ေလာေလာဆယ္ေတာ့ ကေလးငယ္ရဲ႕စိတ္အားထက္သန္မႈကိုေရွာင္းက်န့္မဖ်က္ဆီးခ်င္

~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~

"မား...."

"ဟယ္...သားငယ္ေလး အလည္လာတယ္...."

ရိေပၚမွာ မားကိုေတြ႕တာနဲ႕ အားရပါးရဖက္လိုက္တယ္
ေရွာင္းက်န့္ကေတာ့ေနာက္မွာ လက္ေဆာင္ထုပ္ေတြနဲ႕ေပါ့ေလ
ဘာပကာသနေတြမွမပါပဲ ေအးခ်မ္းမႈနဲ႕ျပည့္စုံေနတဲ့ရိေပၚတို႔ရဲ႕မိသားစုေလးကို ေရွာင္းက်န့္အားက်တယ္

"အယ္...သားငယ္ရယ္လက္ေဆာင္ေတြကအမ်ားႀကီးပဲ ဘာလို႔ဝယ္လာတာလဲ...."

"အမ်ားႀကီးမဟုတ္ပါဘူးမားရယ္....ေန႕လည္က်ရင္ ကိုကို႔မားတို႔ဆီကိုသြားအုံးမွာ သူတို႔အတြက္ပါတစ္ခါတည္းဝယ္လာတာမားရဲ႕..."

"ေအာ္အဲ့လိုလား...ေအးေအး သားက်န့္ေလးပါးနဲ႕မားေရာ ေနေကာင္းၾကရဲ႕လား..."

"ဟုတ္ ေကာင္းပါတယ္ဝမ္မား...မားကေတာ့ပ်င္းေနရွာတာ က်ဲကလဲကိုရီးယားကိုျပန္သြားၿပီေလ..."

ဝမ္မားမွာေခါင္းတစ္ၿငိမ့္ၿငိမ့္နဲ႕ေထာက္ခံေလတယ္
"ပ်င္းေနရင္ မားတို႔ဆီကိုလာခ်င္ရင္လာခိုင္းလိုက္ေလကြယ္...မားကလဲတစ္ေယာက္ထဲရယ္ မိန္းမခ်င္းဆိုေတာ့ေျပာရဆိုရလြယ္တာေပါ့ အေဖာ္ေတာင္ျဖစ္ေသးတယ္..."

"ဟုတ္ ေျပာလိုက္ပါ့မယ္ဝမ္မား..."

ေရွာင္းက်န့္တို႔တစ္ေန႕လည္လုံးဝမ္မားရဲ႕အိမ္မွာေနၾကတယ္
သူ႕အိမ္မွာလဲဒီလိုပဲေပ်ာ္ေပ်ာ္႐ႊင္႐ႊင္ေနရရင္ေကာင္းမယ္....
ေရွာင္းက်န့္သူ႕အိမ္ကိုသြားဖို႔ကိုေၾကာင့္ၾကေနမိတယ္ ငယ့္ကိုၾကည့္ေတာ့လဲ စိုးရိမ္ေနတဲ့အရိပ္အေယာင္ေတာင္မေတြ႕ရဘူး
အဲ့အစားေရွာင္းက်န့္ရဲ႕လက္ကိုကိုင္ၿပီး ခပ္ဖြဖြပုတ္ေပးေနတာက သူ႕ကိုအားေပးေနသေယာင္

ေရွာင္းက်န့္အိမ္ေရွ႕ကိုေရာက္တာနဲ႕ လုံးဝအံ့အားသင့္ခဲ့ရတယ္
အိမ္ေရွ႕မွာပါးကသူကိုယ္တိုင္ေစာင့္ေနတယ္တဲ့ေလ
သူတို႔ကိုျမင္တာနဲ႕ ၿပဳံးျပၿပီးလက္ရမ္းျပေနေသးတယ္

ေသခ်ာေပါက္ပါးကသူ႕ကိုေရွာင္ေနမွာပဲလို႔ထင္ခဲ့တာ
ပါးဒီလိုေျပာင္းလဲလိမ့္မယ္လို႔သူမထင္ထားခဲ့ဘူး
ခုလိုကိုယ္တိုင္လာႀကိဳတာျမင္ရေတာ့ ေရွာင္းက်န့္မွာအေပ်ာ္မဆုံးနိုင္

"သားတို႔ကလဲ ေနာက္က်လိဳက္တာ...ပါးမွာတစ္ခုခုျဖစ္ေနၿပီလားလို႔ေတာင္ထင္ရတယ္..."

"ပါး....."

ေရွာင္းက်န့္မွာ သူတို႔ကိုေျပးလာႀကိဳတဲ့ပါးကိုဖက္ကာငိုလိုက္မိသည္
ေရွာင္းပါးကလဲ ေရွာင္းက်န့္ရဲ႕ေက်ာျပင္ေလးကိုပုတ္ေပးကာ

"ပါးေတာင္းပန္ပါတယ္...သားရဲ႕ခံစားခ်က္ကိုထည့္မတြက္မိဘူး...ပါးတို႔ကိုခြင့္လႊတ္ေနာ္..."

ေရွာင္းပါးကိုယ္တိုင္လဲမ်က္ရည္က်ရပါတယ္
သူအတၱႀကီးသြားခဲ့တယ္ေလ
ရိေပၚေလးသာ သူ႕ကိုအျမင္မွန္မျပေပးခဲ့ရင္ သူဘယ္ခ်ိန္ထိေရွာင္းက်န့္ကိုမေခၚမေျပာပဲေနေနမွာလဲ

**Flash back**

ရိေပၚ ေရွာင္းက်န့္ကိုကုမၸဏီသြားခိုင္းၿပီး သူကိုယ္တိုင္လဲအိမ္ကေနထြက္လာခဲ့တယ္
ေရွာင္းပါးတို႔အဆင္ေျပဖို႔ဆို သူကိုယ္တိုင္ၾကားထဲကဝင္ေျဖရွင္းတာကပိုေကာင္းတယ္ေလ
က်ဲကလဲကိုရီးယားကိုသြားၿပီဆိုေတာ့ ရိေပၚမွာတစ္ေယာက္တည္းရင္ဆိုင္ဖို႔ကိုသတၱိေမြးခဲ့ရတယ္
ေရွာင္းက်န့္ေပ်ာ္႐ႊင္တာကိုသူျမင္ခ်င္တယ္ေလ
ဝမ္မားနဲ႕သူနဲ႕ေပ်ာ္႐ႊင္ေနတာကိုေတြ႕ရင္ ေရွာင္းက်န့္အားက်တဲ့မ်က္ဝန္းေတြနဲ႕ၾကည့္တာကို ရိေပၚသတိထားမိသည္

ရိေပၚအိမ္ထဲကိုဝင္တာနဲ႕ပဲ ေရွာင္းမားဝမ္းသာၿပီးလာႀကိဳေပမယ့္
ေရွာင္းပါးကေတာ့ လက္ထဲကသတင္းစာကိုခ်ကာ အခန္းထဲေရွာင္ထြက္သြားဖို႔ျပင္လိုက္တယ္

"ပါး..."

ရိေပၚရဲ႕အေခၚေၾကာင့္ ေရွာင္းပါးလွည့္ၾကည့္လိုက္တယ္ အဲ့ဒီေနာက္

"မင္းငါ့ကိုပါးလို႔မေခၚနဲ႕...ဘယ္သူကမင္းကိုသားမက္လို႔သတ္မွတ္ခဲ့ဖူးလို႔လဲ...မင္းေၾကာင့္ ငါ့သားကငါ့ရင္ကိုစုံကန္ခဲ့တာ သိရဲ႕လား..."

ေရွာင္းပါးကရိေပၚကိုေဒါသတႀကီးနဲ႕ေအာ္လိုက္ေပမယ့္ ရိေပၚမ်က္ရည္မက်မိေအာင္မနည္းထိန္းထားရသည္
ရိေပၚလဲ ဒူးေထာက္ခ်လိဳက္ၿပီး ေခါင္းကိုငုံ႕ထားရင္း

"ကြၽန္ေတာ့္ကိုမုန္းတာနဲ႕ပဲ က်န့္ေကာကိုမမုန္းလိုက္ပါနဲ႕...ကြၽန္ေတာ္ကိုယ္တိုင္ကေယာက်္ားေလးျဖစ္လို႔ ေရွာင္းမ်ိဳးဆက္ကိုေမြးမေပးနိုင္တာသိတဲ့အျပင္္ အဆင့္အတန္းခ်င္းကြာမွန္းလဲကြၽန္ေတာ္သိပါတယ္...ဒီအတြက္နဲ႕ကြၽန္ေတာ္က်န့္ေကာကို ေရွာင္ခဲ့တယ္...အဲ့ေနာက္ကြၽန္ေတာ္နားလည္လိုက္တာက က်န့္ေကာကကြၽန္ေတာ့္ကိုတစ္ကယ္ခ်စ္တယ္ဆိုတာပဲ...ကြၽန္ေတာ္ကိုယ္တိုင္လဲက်န့္ေကာကိုခ်စ္တယ္...ဦးေလးတို႔အတြက္ ေျမးမရနိုင္ဘူးဆိုေပမယ့္... ေပ်ာ္႐ႊင္ေနတဲ့ကြၽန္ေတာ္တို႔အိမ္ေထာင္ေရးရွိတယ္ေလ...ဦးေလးကြၽန္ေတာ့္ကို သားမက္အျဖစ္မသတ္မွတ္ရင္ေနပါ...က်န့္ေကာနဲ႕အဆင္ေျပရင္ကြၽန္ေတာ္ေက်နပ္ပါၿပီ....ကြၽန္ေတာ္မရွိမွ ဦးေလးအတြက္အဆင္ေျပမယ္ဆိုရင္လဲရပါတယ္...ကြၽန္ေတာ္...ကြၽန္ေတာ္ထြက္သြားေပးပါ့မယ္..."

"ကိုရယ္...ကေလးေတြကိုသေဘာတူေပးလိုက္ပါေနာ္...သားက်န့္ေလးကလဲကိုနဲ႕ျပန္အဆင္ေျပခ်င္ေနတာပါ...ရွိတာမွ ဒီသားေလးနဲ႕သမီးေလးကို...ရိေပၚေလးလဲထပါကြယ္..."

ေရွာင္းပါးလဲသက္ျပင္းတစ္ခ်က္ခ်ကာ...
"ဒါဆို ငါ့ကိုကတိတစ္ခုေပး..."

ရိေပၚမွာေရွာင္းပါးကိုေမာ့ၾကည့္မိတယ္
ေရွာင္းက်န့္တို႔သားအဖအဆင္ေျပေစဖို႔ သူထြက္သြားေပးမယ္လို႔ေျပာသာေျပာရတာ တစ္ကယ္ေတာ့သူထြက္မသြားနိုင္ဘူးရယ္
ထြက္သြားေပးမယ္ဆိုတဲ့စကားလုံးမွာ ရိေပၚနာက်င္ရပါတယ္
သူ႕အတြက္အၿမဲေပ်ာ္႐ႊင္ေအာင္လုပ္ေပးတဲ့ ေရွာင္းက်န့္ကို ဒီတစ္ခါေတာ့သူ႕ေၾကာင့္ေရွာင္းက်န့္မိသားစုနဲ႕ေပ်ာ္႐ႊင္တာကိုသူျမင္ခ်င္တယ္

"ဟုတ္...ေျပာပါဦးေလး...ဦးေလးသာက်န့္ေကာနဲ႕ျပန္ေခၚမယ္ဆိုရင္ ကြၽန္ေတာ္ဘာကတိပဲေပးရေပးရ ေပးပါ့မယ္..."

"ေကာင္းၿပီေလ...ဘာေတြပဲျဖစ္လာျဖစ္လာ ငါ့သားကိုေပ်ာ္႐ႊင္ေအာင္ထားပါ့မယ္ဆိုတဲ့ကတိေပးရမယ္...
အထူးသျဖင့္ ဒီလိုထြက္သြားမယ္ဆိုတဲ့စကားလုံးဝမေျပာရဘူး...ၿပီးေတာ့မင္းထြက္သြားစရာလဲမလိုဘူး...မင္းထြက္သြားရင္ ငါ့သားရင္ကြဲရမွာ...ငါတားတဲ့ၾကားကမင္းကိုအတင္းခိုးေျပးထဲက ငါ့သားဘယ္ေလာက္ထိမင္းအေပၚကိုဘယ္ေလာက္ထိခ်စ္လဲဆိုတာငါရိပ္မိပါတယ္...ေတာင္းပန္ပါတယ္ ပါးအတၱႀကီးသြားခဲ့တယ္..."

ရိေပၚဆီကိုကိုယ္တိုင္ေလွ်ာက္လွမ္းလာၿပီး လက္ကေနေပြ႕ထူကာ ရိေပၚရဲ႕ပုခုံးေလးကိုကိုင္လ်က္နဲ႕ေျပာလာတာမို႔ ရိေပၚမွာဝမ္းသာသြားရတယ္
ေလခ်ိဳေလးနဲ႕ေျပာလာတာမို႔လားမသိ ေရွာင္းပါးရဲ႕အသံကငိုခ်င္သလိုလို
ၿပီးေတာ့ ပါးတဲ့...ဒါကသူလက္ခံသြားၿပီဆိုတဲ့သေဘာမဟုတ္လား

"ေက်းဇူးပါ ပါး...ပါးစိတ္ခ်ပါ ကြၽန္ေတာ္ဘာပဲျဖစ္ျဖစ္ က်န့္ေကာကိုလုံးဝထားမသြားဘူး...ကြၽန္ေတာ့္တစ္ဘဝလုံးစာက က်န့္ေကာအတြက္ပဲျဖစ္တည္လာတာမို႔လို႔..."

ရိေပၚသူ႕ရဲ႕လက္သုံးေခ်ာင္းကိုေထာင္ကာသစၥာဆိုလိုက္တယ္
တစ္ကယ္လဲသူ႕တစ္ဘဝလုံးစာကို ေရွာင္းက်န့္အေပၚကိုပုံအပ္လိုက္ၿပီ

ရိေပၚသူကိုယ္တိုင္လဲေရွာင္းပါးကိုဖက္ကာ မ်က္ရည္က်မိတယ္
သူလုပ္နိုင္ခဲ့ၿပီ....ဒါကို ကိိုကိုသာသိရင္ဘယ္ေလာက္ေတာင္ဝမ္းသာလိုက္မလဲေလ

ေရွာင္းမားလဲရိေပၚတို႔ကိုၾကည့္ကာ မ်က္ရည္မ်ားသုတ္ေနေလသည္
ေရွာင္းမားေရာျငင္းတဲ့ထဲပါတယ္ထင္ခဲ့တာ သူအေတြးမွားခဲ့တယ္ထင္ပါရဲ႕

**Flash back end**

^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^

ေစာေစာစီးစီးupလိုက္ပါၿပီဗ်❤
sweetေလးပဲေကာင္းပါတယ္ဟုတ္တယ္မို႔လား✌🏻

6.3.23

#ʟᴜɴᴀʷᵃⁿᵍ85🦁

Continue Reading

You'll Also Like

5K 217 6
ငါစူးနင့်အောင်ချစ်ရတဲ့ ..........မောင် မြတ်နိုးလွန်းလို့ပါ ခင်များရယ်
4.1M 170K 63
The story of Abeer Singh Rathore and Chandni Sharma continue.............. when Destiny bond two strangers in holy bond accidentally ❣️ Cover credit...
1.7M 126K 44
"Why the fuck you let him touch you!!!"he growled while punching the wall behind me 'I am so scared right now what if he hit me like my father did to...
39.4K 2.1K 12
Zhanyi Fanfiction.. Fic Cover Is From Printest.