ယုံးဘို့ဂီးငယ်ငယ်က ညစ်ညစ်ပတ်ပတ်ဆော့ရတာကြိုက်သည် ။
ရွှံ့တွေကို ပယ်ပယ်နယ်နယ်ကိုင်ပြီး ညစ်ပတ်အောင် ဆော့တာတို့... ၊ သဲတွေနဲ့ တိုက်ဆောက်ရတာတို့ ၊ မိုးရာသီမှာ ရွှံ့အိုင် ဗွက်အိုင်တွေကို ကျော်သွားဖို့ထက် Appa ၀တ်ပေးထားတဲ့ ကြက်ပေါင်ဖိနပ်လေးနဲ့ ဖြန်းခနဲ နင်းဖြတ်ဆော့ရတာတို့ ကြိုက်သည် ။ ရေအိုင်သေးသေးလေးတွေထဲက ငါးလေးတွေကိုလဲ သေသေချာချာ ပြူးပြဲ ကြည့်ရတာလဲ ကြိုက်သေးသည် အိမ်မှာ Appa က ငါးကန်လေး လုပ်ပေးထားပေမယ့်ပေါ့....
အစကတော့ Appa ကပါ ယုံးဘို့နဲ့အတူ လိုက်ဆော့ပေးပေမယ့် ယုံးဘို့ရဲ့ အဆော့စကေးက ထင်ထားတာထက် ပိုဆိုးလာတော့ အိမ်မှာ Detox Soap နဲ့ ဂျီးတွန်း Brush နဲ့သာ ဂျီးခွာဖို့ စောင့်နေနိုင်တော့သည် ။ Appa က မဲတူးနေတဲ့ သူ့ကို သေချာတိုက်ချွတ်ပေးပြီးတိုင်း ခေါ်တတ်တာ ဘတ်တီးရီးယားလုံးလေးတဲ့...
ယုံးဘို့ကတော့ Appa ဘယ်လိုလေးခေါ်ခေါ်ကြိုက်တယ် ။ ဘတ်တီးရီးယားလုံးလေးလို့ အခေါ်ခံရတိုင်း ဟီးခနဲရယ်ပြတဲ့ သူ့ရဲ့ ပါးလေးကို Appa က အမြဲဆွဲဖဲ့လေ့ရှိတယ် ။ သူပါ ရယ်ရင်းနဲ့ပေါ့ .... ။ ရေသုတ်ပြီး Lotion လေးပါ လိမ်းပေးပြီးရင်တော့ သူ့ပါးဖောင်းဖောင်းတွေကို Appa က နမ်းတော့တာပဲ ။
ဒါပေမယ့် ကလေးဆိုတာ ဖွံ့ဖြိုးသင့်တဲ့ အစိတ်အပိုင်းတွေ ဖွံ့ဖြိုးအောင် ဆော့ ကစား တဲ့ အချိန် သက်သက်ရှိရမယ်ဆိုပြီး အမြဲပြောတတ်တဲ့ Appa က ယုံးဘို့ကို မတားသလို ဆူလဲမဆူပါ ။ ယုံးဘို့ဂီးက တစ်ဦးတည်းသော သားလေးမို့ အဖော်မင်ပြီး အဆော့သန်တာကို သိနေနှင့်တယ်လေ...
အဲ...တစ်နေ့တော့ ယုံးဘို့ကို ဆူမယ့် မင်းသားလေးနဲ့ တွေ့ခဲ့တယ် ။
အဲ့ဒီ့နေ့က မိုးတွေသိပ်ရွာနေခဲ့တာပေါ့ ။ Appa က သူ့ကို အ၀ါရောင်မိုးကာလေးထည့်ပေး ၊ လည်တိုင်ရှည် ကြက်ပေါင်ဖိနပ်ရဲရဲလေးကို စီးပေးပြီး မနက်ပိုင်းမှာ သူကိုယ်တိုင် ကျောင်းလိုက်ပို့သည် ။ ဆရာ၀န်ကြီး Appa က သိပ်အလုပ်များတာမို့ ယုံးဘို့ကို ညနေပိုင်းလာမကြိုနိုင်တာများပေမယ့် မိုးတွေပိုသည်းလာရင်တော့ သူလာကြိုပါ့မယ်ဆိုပြီး ကတိပေးရင်း ဘဲပေါက်အရုပ်လေးတွေပါတဲ့ ထီးသေးသေးလေးပါပေးသေးတယ် ။
စာမေးပွဲနီးနေတာရော၊ ကျောင်းမှာသူငယ်ချင်းတွေနဲ့ တွေ့ဖို့ တက်ကြွနေတဲ့ ယုံးဘို့ကြောင့်ရော ကျောင်းပို့ရပေမယ့် စိတ်မချနိုင်တဲ့ Appa မျက်လုံးထဲက စိုးရိမ်ရိပ်တွေကို သူမှတ်မိပါသေးတယ် ။ လိမ္မာတဲ့ ယုံးဘို့ဂီးက ရိပ်မိစွာ ကိုယ်လေးကို ကိုင်းညွတ် နှုတ်ဆက်လိုက်ပြီး စိတ်မပူဖို့ပြောတော့ Appa က အာဘွားပေးတယ် ။
အဲ့လိုနဲ့ စတင်ခဲ့တဲ့ နေ့လေးပေမဲ့ ကံကောင်းစွာနဲ့ ယုံးဘို့တို့ ကျောင်းဆင်းခါနီးမှာ မိုးကတိတ်သွားပြီး နေရောင်လေးပါ ထွက်လာခဲ့တော့တယ်...။ ထို့ကြောင့် ထုံးစံအတိုင်း ဘွားဘွားကလာကြိုတယ်... ။ ဘွားဘွားလက်ကိုကိုင်ပြီး လွယ်အိတ်လေးနဲ့ လုံးလုံး လုံးလုံး လျှောက်နေတဲ့ သူ့ကို လမ်းတစ်လျှောက်က လူတွေက ချစ်စနိုးနဲ့ ကြည့်ကြပြီး မျက်မှန်းတန်းနေတဲ့ ဦးလေးကြီးတွေဆို ဆံပင်လေးတွေပါ ဖွသွားကြပါသေးတယ် ။
ယုံးဘို့အမြဲကစားနေကျ လမ်းထိပ်က ပန်းခြံလေးရောက်တော့ ထုံးစံအတိုင်း သူငယ်ချင်း အချို့ရောက်နေနှင့်လေပြီ ။ ယုံးဘို့ဂီးက တက်ကြွသွားပြီး အဘွားကို ပြန်ကြည့်တော့ အဘွားက သွားဆော့လေဆိုပြီး ခွင့်ပြုတာမို့ ကြက်ပေါင်ဖိနပ်လေးနဲ့ ပန်းခြံထဲကို ပြေးတော့သည် ။
" သြော် ချော်လဲအုန်းမယ် ဒီကလေးနှယ့် ကျောပိုးအိတ်တောင် မပေးသွားဘူး "
မိုးရွာပြီးမှ နေရောင်ထွက်လာသည်မို့ ယုံးဘို့ခြေထောက်အောက်က မြေကြီးက စိုစွတ်နေပြီး ထိုစိုစွတ်တဲ့ မြေကြီးကို နေရောင်ထိုးတော့ မြေကြီးပေါ်မှာ သက်တန့်သေးသေးလေးတစ်ခုကို တွေ့လိုက်ရပါတော့သည် ။ ထိုသက်တန့်လေးကို သေချာလေးကြည့်ဖို့ ဆောင့်ကြောင့်ထိုင်ချလိုက်ပြီး ဆရာမသင်ပေးတဲ့ " သက်တန့် ခုနှစ်ရောင် " ဆိုတဲ့ ကဗျာလေးကို ဆိုရင်း ခုနှစ်ရောင်ပြည့်လားမပြည့်လား ရေနေမိတော့သည်...။
" အီယုံးဘို့ ဆော့မယ်လေ !! "
သူ့သူငယ်ချင်းတွေက လှမ်းခေါ်တာတောင် လက်ပုစိလေးနဲ့ ကာပြီး ခဏလေးလို့ ပြောလိုက်သေးတယ် ။ သူစိတ်၀င်စားတာတွေ မကုန်သေးဘူး...
မိုးရွာလို့ ဖြစ်တဲ့ ဘေးက ရေဗွက်လေးထဲက လှုပ်စိလှုပ်စိ ငါးသေးသေးလေးတွေကို ကြည့်ဖို့ ကျန်နေသေးတယ် ။
ဆောင့်ကြောင့်ကနေ မထပဲ ထိုအတိုင်းလေး တစ်လှမ်းချင်း ရှေ့တိုးကာ ရေအိုင်လေးကို ကြည့်ဖို့သွားတော့ အနောက်ကလေးနေတဲ့ လွယ်အိတ်အရှိန်ကြောင့်ရော မြေကြီးပေါ် ဖင်ထိုင်ရက် ကျပါတော့တယ် ။
ပေကျံသွားတဲ့ အ၀တ်အစားတွေကို မမှုပဲ ဟန်မပျက်ဆောင့်ကြောင့်ပြန်ထိုင်ရင်း ကြည့်ဖို့လုပ်တော့ ရေအိုင်လေးဘေးမှာ မြင်လိုက်ရတာက သူ့လို ကြက်ပေါင်ဖိနပ်မဟုတ်ပဲ သန့်ပြန့်နေတဲ့ ရှူးဖိနပ်ကို စီးထားတဲ့ခြေထောက်...
" ညစ်ပတ်လိုက်တဲ့ကလေး... မင်းကဘယ်အတန်းကလဲ ? ဆရာမကို တိုင်ရမယ် ! "
မော့ကြည့်လိုက်တော့လဲ သူနဲ့ရွယ်တူကောင်လေးဖြစ်ပေမယ့် မမြင်ဖူးတဲ့ မျက်နှာကြောင့် ယုံးဘို့ မျက်လုံးတွေ ၀ိုင်းသွားရတော့တယ် ။
" ဘယ်သူလဲ ? "
" အ၀တ်အစားတွေ ပေနေပြီလေ မင်းအမေဆူမှာ မကြောက်ဘူးလား ။ ဒီမြေကြီးပေါ်က ညစ်ပတ်တဲ့ ပိုးကောင်တွေက မင်းကိုဖြည်းဖြည်းချင်း စားတော့မှာ "
ထိုကောင်လေးရဲ့ ရှေ့သွားက ကျိုးနေပေမယ့် သူ့ကို တအားဟောက်နေတာကြောင့် ယုံးဘို့်မျက်နှာလေးက ဆူဆူလေး ဖြစ်သွားတယ် ။ ဆရာမကို တိုင်မယ်လဲပြောပြီး ပိုးကောင်စားမယ်လို့လဲ ပြောတာကြောင့် ယုံးဘို့နည်းနည်းလေးလဲ ၀မ်းနည်းလာတော့တယ်
" Appa က ငါ့ကို မဆူဘူး "
ပြောလဲပြော ယုံးဘို့က မတ်တပ်ထရပ်လိုက်တော့ ထိုကောင်လေးမျက်နှာက ပိုရှုံ့သွားတယ်
" ကိုယ်ထက်အကြီးကို ငါတဲ့ ။ ခု Hyung လို့ မခေါ်ဘူးလား "
တကယ်ငိုချင်လာတာမို့ ယုံးဘို့အောက်နှုတ်ခမ်းလေးက ရှေ့ကို နည်းနည်းလေး ထွက်လာတယ် ။
သူငါးလေးတွေကို ကြည့်ချင်ရုံပါ ...
ထိုကောင်လေးက ငိုမဲ့မဲ့ ယုံးဘို့ကို မျက်လုံးတွေစင်းကာကြည့်တယ် ။ သူ့ခေါင်းမှာ ယုံးဘို့ရဲ့ အုန်းမွှေးလုံးဆံပင်နဲ့ကွာခြားစွာ ဆီနဲ့ ကျနစွာဖီးထားတဲ့ ခပ်တိုတိုဆံပင်တွေရှိတယ် ။
" ဟေး ဟျွန်ဂျင်းနီး ! ရောက်ပြီလား ? "
ဆော့ဖို့ပြင်နေကျတဲ့ သူငယ်ချင်းတွေက အော်ခေါ်တော့ ထိုကောင်လေးက လှည့်ကြည့်တယ် ။ ပြီးတော့ ထိုကောင်လေးတွေက ယုံးဘို့တို့ဆော့နေကြတယ်အထင်နဲ့ ယုံးဘို့တို့နားကို ပြေးလာပါတော့တယ် ။
" ဒီညစ်ပတ်တဲ့ကလေးက ဘယ်ကလဲ ? "
" အဲ "
ထိုတော့မှ ငိုမဲ့မဲ့ဖြစ်နေတဲ့ ယုံးဘို့ကိုပါ တွေ့သွားကြတာမို့သဘောပေါက်သွားကြကာ အဖွဲ့ထဲက ဆွန်မင်းက ၀င်ပြောေပးပါတော့တယ် ။
" ကလေးမဟုတ်ပါဘူး သူကငါတို့နဲ့ ရွယ်တူပဲ ။
သူ့ နာမည်က ယုံးဘို့ဂီး ၊ A9B အခန်းက "
ထိုတော့မှ သူက ယုံးဘို့ကို အစုန်အဆန်ပြန်၍ ကြည့်လာတယ် ။ ရွယ်တူတွေထဲမှာ ထူးထူးခြားခြား အရပ်ရှည်နေတဲ့သူက ယုံးဘို့က သူနဲ့ရွယ်တူဆိုတာ မယုံနိုင်သေးတဲ့ ပုံနဲ့လေ ။ ဟျွန်ဂျင်းပုံစံက ည ၇ နာရီမှာလာတဲ့ Drama ထဲက သူဌေးကတော် အိုက်တင်အပြည့်....
" ဟမ့် အဲ့လို ညစ်ပတ်တာတွေ မဆော့ဘူးနော် "
" အေးပါကွာ မင့်ကလဲ "
ပြန်လည်သင့်မြတ်ရေး လမ်းကြောင်းပြီးသွားပေမယ့် ယုံးဘို့က တွန့်ဆုတ် တွန့်ဆုတ်ဖြစ်နေတာကြောင့် ၊ ကစားကြတဲ့ထဲမှာ အကြီးဆုံးဖြစ်တဲ့ ချန်ဘင်းဟျောင်းက လက်ဆွဲနှုတ်ဆက်ခိုင်းတယ် ။ ထိုသို့ လက်ဆွဲနှုတ်ဆက်ဖို့ လက်ပုစိကို ရေဘုံဘိုင်မှာ ပြေးဆေးရသေးသည် ။
အင်း... ဒီလိုမျိုး ငယ်ငယ်ကတည်းက လွှမ်းမိုးသော... လွှမ်းမိုးခံလွန်းသော ဖြစ်တည်မှုလေးတွေပါပဲ ။
မင်းသားလေးနဲ့တွေ့တဲ့ ထိုနေ့က စ,လို့
ယုံးဘို့ဟာ သန့်ရှင်းတဲ့ ယုံးဘို့ဂီး ဖြစ်သွားပါတော့တယ်
~~~~~~~~~~~~~~~~
ယုံးဘို့က ရုပ်ဆိုးတဲ့ အိုမီဂါလေး...
တခြား အိုမီဂါတွေနဲ့ယှဥ်လိုက်ရင် သာမာန်မဟုတ်တဲ့ ယုံးဘို့က သူ့ကိုယ်သူ Insecure ဖြစ်တတ်တဲ့ ကောင်လေးပါပဲ ။ အိုမီဂါတွေရဲ့ သာယာဖွယ် အသံလေးနဲ့ ကွာခြားစွာ အသံသြသြ နက်နက်ရှိတဲ့သူက ပုံမှန်စကားပြောချိန်မှာဆို ခပ်အစ်အစ်အသံလေးရှိတယ် ။ ပြီးတော့ ချောမွေ့ပြီး အပြစ်အနာအဆာကင်းကြတဲ့ အိုမီဂါ ဗီဇအသားအရည် နဲ့ကွာခြားပြီး ပါးပေါ်မှာ တည်ရှိနေတဲ့ Freckles တွေကြောင့် အမြဲအာရုံစိုက်ခံခဲ့ရတယ် ။ သူ့သူငယ်ချင်း ငယ်ပေါင်းတွေထဲမှာလဲ အယ်လ်ဖာတို့ ဘီတာတို့က ပိုများတာမို့ တစ်ခါတစ်လေ သူတို့နဲ့ လည်ပင်းဖက်ပေါင်းရင်း ယုံးဘို့ရဲ့ အပြုအမူတွေက အိုမီဂါတွေလို မသိမ်မွေ့ပဲ ၊ ၀ါသနာတွေကပါ ထူးဆန်းသေးသည်။ ပေါင်းခဲ့သမျှ အယ်လ်ဖာ ၊ ဘီတာ သူငယ်ချင်းတွေဟာ ယုံးဘို့ကိုဆို အိုမီဂါတစ်ယောက်လို့ကို မမြင်တဲ့အထိပဲ ...
တစ်ခါတစ်လေ နီနီရဲရဲပန်းသီးလေးတွေကြားထဲက မြေမှုန့်တွေ လူးနေတဲ့ အာလူးလို သူ့ကိုယ်သူ ခံစားရပါတယ် ။
ထိုသို့သော အထွေထွေအကြောင်းအရာတွေကြောင့် အရွယ်ရောက်နေပေမယ့် တစ်စုံတစ်ယောက်နဲ့တွေ့ဖို့ ခက်ခဲ့ပြီး မထင်မရှားလေးပဲ နေခဲ့တာပေါ့...
တစ်စုံတစ်ယောက်နဲ့ တွေ့ဖို့ခက်တယ်...
အင်း ဒီစကားကိုပြောဖို့ဆို အပေါ်က အကြောင်းပြချက်တွေက တကယ်ပဲ လုံလောက်ရဲ့လား...
' Ting '
Message box က Notification အသံကြောင့် ယုံးဘို့ လန့်ပြီး ဆံပင်မွှေးတွေတောင် ထောင်သွားတယ်
Hyunjinie sent a message..
🥟💬 အခုထိ မအိပ်ပဲ ဘာလုပ်နေတာလဲ !
ည 2 နာရီနီးပါးရှိနေတဲ့ တိုင်ကပ်နာရီလေးကို ကြည့်ပြီး သက်ပြင်းတွေသာ ချမိပါတော့တယ် ။ ဒီညအတွက် သူအတွေးကို လွန်နေမိတာ
🥟💬 ကြည့်လိုက်တိုင်း မီးက အမြဲတမ်းစိမ်းနေတာပဲ
🐈⬛💬 ဘာမှမလုပ်ဘူး အိပ်မပျော်လို့ 😾
🥟💬 ဂိမ်းဆော့နေတာမလား 🙂
🐈⬛💬 မဟုတ်ပါဘူးဆို
.
.
.
.
🥟💬 သိပ်ကြည့်မရတော့ဘူးနော် အီယုံးဘို့
🐈⬛💬 ဟ ငါဘာလုပ်လို့လဲ 😡
🥟💬 ဂိမ်းအတူဆော့တာအကြောင်းပြချက်ပေါ့လေ ဟိုကောင်နဲ့က ...
🥟💬 ဟက် Story တွေတောင် ဖီးလ်တက်ပြီးတင်နေပြီ
တကယ်ပါပဲ... ဂျူနီယာ ညီလေးတစ်ယောက်နဲ့က ဂိမ်းအတူဆော့မိလို့ ရင်းနှီးသွားမိတာကို ပြောလို့ကို မပြီးတော့ပါဘူး ။ Game အကြောင်းပြောထားကြတဲ့ Chat ကို ဟိုကောင်လေးက အပျော်သဘောမျိုး Story တင်လိုက်တာကို ဘာလို့ အဲ့လိုပြောနေရတာလဲ ။ မရင်းနှီးစေချင်ရင် သူ Game လိုက်ဆော့ပေးပါလား ...
Game ကျတော့ အတူ မဆော့ပေးပဲနဲ့
မလိုမကျမှုရော စိတ်ကောက်မှုရောကြောင့် ဘာမှပြန်မပြောတော့ပဲ ဖုန်းကိုပိတ်လို့ မွေ့ယာအိအိပေါ် မှောက်ခုံလေး လုပ်နေမိတော့တယ်...
ရည်းစားမရတာ ?
ရည်းစားမရတာ ဟွမ်ဟျွန်ဂျင်းကြောင့် !!!!
~~~~~~~~~~~~~
" ဘယ်ကိုသွားထိုင်တာလဲ ဒီလာ ! "
Cafeteria မှာ ထိုင်နေတဲ့ ဟျွန်ဂျင်းက ဆွန်မင်းနားက နေရာလွတ်မှာ ခပ်ဆူဆူေလးသွားထိုင်တဲ့ ယုံးဘို့ကို ကြည့်ရင်း သူ့ဘေးက နေရာလွတ်ကို မေးငေါ့ပြတယ်..
ထိုတော့လဲ စာအုပ်လေးပိုက်ပြီး ကုတ်ကုတ်လေးနဲ့ ဟျွန်ဂျင်းရဲ့ နားကို ပြန်ရောက်လာတာပဲ...
ထိုင်ခုံလုခန်းမှာ တစ်ဖွဲ့လုံးကလဲ ငြိမ်လို့ မနိုင်စိန်နှစ်ယောက်ကို လွှတ်ထားရတယ် ။ ဟျွန်ဂျင်းက အီယုံးဘို့နဲ့ပတ်သတ်ရင် ထိန်းရတာ မဟုတ်ဘူး
နေရာတကျ ဝင်ထိုင်လိုက်တဲ့ ယုံးဘို့က သူ့ရှေ့က မှာပြီးသား Chocolate နွေးနွေးကိုသောက်ဖို့ Duty Coat လေးကို ချွတ်လိုက်ပြီး ဖန်ခွက်ကို နှုတ်ခမ်းနားတေ့လို့ တဖူးဖူးမှုတ်နေတယ်...
Freckles တို့ထင်းနေတဲ့ ယုံးဘို့ရဲ့ ဘေးတိုက်မျက်နှာကို ကြည့်နေတဲ့ ဟျွန်ဂျင်းဆီက အချိန်တစ်ခုကြာတော့ သက်ပြင်းတစ်ခု ထွက်လာတော့တယ် ....
" အပြန် ငါနဲ့ပြန် "
မျက်လုံးတွေ၀ိုင်းကာ ကြည့်မယ့်အစား ထူးဆန်းစွာ မျက်စောင်းတစ်ခုကို ရလိုက်တော့ ဟျွန်ဂျင်းရဲ့ Angry Bird မျက်ခုံးက ပိုတွန့်ချိုးသွားကာ...
" အဲ့ဒီ့မျက်စောင်းက ဘယ်ကတတ်လာတာလဲ "
" မွေးကတည်းက မျက်စောင်းချီပြီးထွက်လာတာလေ "
" မရွှဲ့နဲ့နော် ! "
လေသံကမာမလိုဖြစ်သွားတာနဲ့ မျက်တောင်လေးက ပုတ်ခတ်ပုတ်ခတ် ဖြစ်လာတော့တာပဲ ။ ဒေါက်တာ အီဖီးလစ်ယုံးဘို့က ဆရာ၀န်ဖြစ်လုဆဲဆဲမှာတောင် ငယ်ငယ်ကနေ အခုထိ ဘာမှမပြောင်းလဲသောပါပဲ ။ စိတ်မကောင်းဖြစ်အောင်တော့ လုပ်တတ်ပြီး ချော့ချင်ပေမယ့် မချော့တတ်ကာ ကြောင်နေတဲ့ ဟျွန်ဂျင်းကို ဂင်ဆွန်မင်းက ဂရုဏာအကြည့်တစ်ချက်ကြည့်လို့ ၀င်ပါရတော့တယ်... ။
Art Major မှာ Cafeteria ကြီးငုတ်တုတ်ရှိရဲ့သားနဲ့ Medical အဆောင်က Cafeteria ကို တကူးတက ကော်ဖီလာသောက်ရတာ ဘယ်သူ့ကြောင့်မို့လို့လဲ ?
" အာ အာ ဟွမ်ဟျွန်ဂျင်းရာ မင်းပုံစံက သူ့အဖေနဲ့တောင် တူနေပြီဟ "
" အေးလေ မလာသေးတော့လဲ ငါတို့ကို အတင်းဖုန်းဆက်ခေါ်ခိုင်းပြီးတော့ "
ဖော်ကောင်လုပ်နေတဲ့ ဂျီဆောင်းကို လက်ထဲက တစ်ရှူးစနဲ့ ပြစ်ပေါက်လိုက်ပြီး ပါးစပ်လှုပ်ရုံ ဆဲရေးတယ် ။
ဘယ်သူက တွေ့ချင်နေလို့လဲ ?
ဆရာ၀န်ဖြစ်ရက် ၊ အိုမီဂါဖြစ်ရက်နဲ့တောင် ဒူပေဒါပေနဲ့ အစာစားချိန် လွန်ရင် Diet ဆိုပြီး ဘာမှမစားတော့တဲ့ အီယုံးဘိုအကြောင်း ဟျွန်ဂျင်းက သိနေလို့...
ရင့်မှည့်နေတဲ့ ခရမ်းချဥ်သီးလို အနီရောင်ပြောင်းလာတဲ့ ဟျွန်ဂျင်းမျက်နှာကြောင့် ယုံးဘို့အပါ အ၀င် ကျန်တဲ့ နှစ်ယောက်ပါ ရယ်ချင်ပက်ကျိဖြစ်သွားရတော့တယ် ။ Medical အဆောင်က ဆရာ၀န်မလေးတွေရော အိုမီဂါလေးတွေရဲ့ ငေးနေရတဲ့ အဖွဲ့က တစ်မိုးအောက် ဟျွန်ဂျင်းက ပျက်ယွင်းသွားတဲ့ အိန္ဒြေကိုပြန်ဆည်ဖို့ မသိချင်ယောင်ဆောင်ပြီး ဖုန်းကို ဟိုပွတ် ဒီပွတ်လုပ်နေတော့သည် ။
' Vibrate Vibrate '
တုန်ခါလာတဲ့ ဟျွန်ဂျင်းရဲ့ဖုန်းကြောင့် သုံးယောက်လုံးရဲ့ အကြည့်တွေက ဟျွန်ဂျင်းဆီရောက်လာတယ် ။ ပုံမှန်ဆို သူတို့နဲ့တွေ့ရင် ဘယ်ဖုန်းမှကို လက်ခံစကားမပြောတဲ့ ဟျွန်ဂျင်းက အဝင်ဖုန်းကို ကိုင်လဲမကိုင် ၊ ချလဲမချပဲ Screen ကို ငြိမ်သက်စွာကြည့်နေတဲ့အခါ ယုံးဘို့တို့ သုံးယောက်ခေါင်းပေါ်မှာ Question Mark တွေဖြတ်ပြေးသွားတယ်
သိချင်စိတ်တွေ တပွေ့ကြီးနဲ့ ယုံးဘို့က မျက်လုံးကိုဝေ့ပြီး ဖုန်း contact နာမည်ကိုကြည့်လိုက်တော့... နှလုံးခုန်သံတွေပါ ဒိန်းခနဲ ဆောင့်တက်သွားရတော့သည်
" ဖုန်းခဏသွားပြောလိုက်အုန်းမယ် "
အားလုံးက ခေါင်းငြိမ့်လိုက်တာတောင် မစောင့်ပဲ ယုံးဘို့ရှိတဲ့ Cafeteria ရဲ့ ခပ်လှမ်းလှမ်းကို လျှောက်လှမ်းသွားတဲ့ ဟျွန်ဂျင်းရဲ့ ခြေလှမ်းတွေ
' မမ ' လို့မှတ်ထားတဲ့ အဝင် call ပိုင်ရှင်ဖြစ်တဲ့
ဟျွန်ဂျင်းကို အများကြီး စိုးမိုးနိုင်တဲ့ ထိုအမျိုးသမီးကို ယုံးဘို့က မသိပဲနေမလား...
ဟျွန်ဂျင်းက ထိုအမျိုးသမီးကြောင့် ပျော်ရွှင်ခဲ့တယ် ၊ ထိုအမျိုးသမီးကြောင့် အသည်းကွဲခဲ့တယ် ။
ဟျွန်ဂျင်းရဲ့ အချစ်ဦး...
အရမ်းကို နာမည်ကြီးပြီး သဘောကျခံရတဲ့ နှင်းဆီခိုင်ဖြစ်ပေမယ့် ဟျွန်ဂျင်းက တစ်စုံတစ်ယောက်နဲ့ တွဲတယ်ဆို အကြာကြီးတွဲတတ်တဲ့ အကျင့်ရှိတယ် ။ သူ့ကို သဘောကျတဲ့ လူတိုင်းကို မတွဲတတ်သလို ဟျွန်ဂျင်းက တစ်ယောက်ကို ရွေးချယ်လိုက်ပြီဆိုရင်လဲ အတည်လို့ထင်ရအောင် တွဲလေ့ရှိတယ်...။ အရေအတွက်နည်းရင်တောင် တွဲသမျှက ထိပ်ဆုံးက ဇော်တွေသာဖြစ်ကြောင်း သိမ်ငယ်စွာ တွေးမိသည်။
ယုံးဘို့ တမြေ့မြေ့နဲ့ ဆွေးမြေ့ခဲ့ရတဲ့ နေ့ရက်တွေပေါ့...
သူငယ်ချင်းလေးရဲ့ လိုအင်ဆန္ဒဟာ သူလိုက်မမှီနိုင်တဲ့ နေရာတစ်ခုမှာ ရှိနေခဲ့လို့ ဟျွန်ဂျင်း စိတ်ညစ်နေတာကို ကြည့်ရင်း ဘာလုပ်ပေးရမလဲ မသိခဲ့တဲ့ ထိုအမျိုးသမီးနဲ့ အဆုံးသတ်..
ပျက်စီးပြီး တစ်စစီ ပြိုကွဲနေတဲ့ ဟျွန်ဂျင်းရဲ့ အစိတ်အပိုင်းလေးတွေကို တစ်ခုချင်းစီလိုက်ကောက်လို့ သူကိုယ်တိုင် အလှဆုံး ဆက်ခဲ့ရတာလေ...။ အခု ဟျွန်ဂျင်းအဆင်ပြေနေတဲ့ အချိန်ကျမှ ဘာလို့လဲ .... ?
သံယောဇဥ်တွေ မေတ္တာတွေ ပိုနေခဲ့မိပေမယ့်
မဖြစ်နိုင်မှန်းသိတာမို့ မမျှော်လင့်သော ခပ်ရေးရေး အိပ်မက်တစ်ခုဆိုရင်တောင် ထိုအိပ်မက်ကလေးကို ပိုင်ဆိုင်သွားတဲ့လူဟာ ထိုအမျိုးသမီးဖြစ်လာမှာ ယုံးဘို့အရမ်းကြောက်ပါတယ် ။
တခြား... တခြားတစ်ယောက်ဆိုရင် အသည်းကွဲရရင်တောင် ခံသာအုန်းမှာ ....
နောက်ကျိနေတဲ့ စိတ်တွေနဲ့... ချောကလက်နွေးနွေးထဲ ပေါလောပေါ်နေသော Marshmallow လေးတွေကို ကြည့်လို့ အတွေးများနေတဲ့ ယုံးဘို့ကို ဂျီဆောင်းနဲ့ ဆွန်မင်းတို့က နားလည် ရိပ်မိသလို ကြည့်လာတယ် ။
သူတို့ပါ တွေ့သွားပုံပါ...
" မင်းစိတ်ပူသလို မဖြစ်လာလောက်ပါဘူး "
ဆွန်မင်းက ပြောသည်...
" ဖြစ်လာရင်လဲ ဒီကောင့်ကို ငါ့ဦးလေးခြံထဲက နွားတင်းကုပ်မှာ သွားထားမယ် ။ ဘယ့်နှယ် အနီးဆုံးမှာရှိနေတဲ့ သူ့ဒဏ်ကို ခံတဲ့လူကျ နိုင်စား..."
မျက်နှာငယ်နေတဲ့ ယုံးဘို့ကို အားနာစွာ
ဂျီဆောင်းက မခံမရပ်တဲ့ အသံဖြင့် မြည်တွန်တောက်တီးသည် ။
တကယ်ဆိုရင်ေရာ ဘာများ ပြောပိုင်ခွင့်ရှိမှာတဲ့လဲ...။ မပိုင်ရ မဆိုင်ရတဲ့ ထိုလူသားကိုယ်တိုင်က လိုလားနေခဲ့ရင် သူဟာ ဘာစောဒကမှ တက်ခွင့်မရှိတဲ့ ဖြစ်တည်မှုသာသာပါ...ဟျွန်ဂျင်းရဲ့ ဘ၀မှာ...
" ငါ...နောက်ကျနေမှာစိုးလို့ အရင်သွားနှင့်တော့မယ် "
ဟျွန်ဂျင်းကို သူနှုတ်မဆက်ခဲ့ဘူး....
ဟုတ်ပါရဲ့ နှုတ်ဆက်ရတာတွေကို မုန်းလိုက်တာ....
💌💌💌💌💌
မြေမှုန့်တွေလူးနေတဲ့ အားလူးလေးက လှပလွန်းတဲ့
နှင်းဆီခိုင်လေးကို အထိအခိုက်မခံနိုင်လောက်အောင် တိတ်တိတ်ကလေး မြတ်နိုးမိပါရဲ့...
ZawGyi
ယုံးဘို႔ဂီးငယ္ငယ္က ညစ္ညစ္ပတ္ပတ္ေဆာ့ရတာႀကိဳက္သည္ ။
႐ႊံ႕ေတြကို ပယ္ပယ္နယ္နယ္ကိုင္ၿပီး ညစ္ပတ္ေအာင္ ေဆာ့တာတို႔... ၊ သဲေတြနဲ႔ တိုက္ေဆာက္ရတာတို႔ ၊ မိုးရာသီမွာ ႐ႊံ႕အိုင္ ဗြက္အိုင္ေတြကို ေက်ာ္သြားဖို႔ထက္ Appa ၀တ္ေပးထားတဲ့ ၾကက္ေပါင္ဖိနပ္ေလးနဲ႔ ျဖန္းခနဲ နင္းျဖတ္ေဆာ့ရတာတို႔ ႀကိဳက္သည္ ။ ေရအိုင္ေသးေသးေလးေတြထဲက ငါးေလးေတြကိုလဲ ေသေသခ်ာခ်ာ ျပဴးၿပဲ ၾကည့္ရတာလဲ ႀကိဳက္ေသးသည္ အိမ္မွာ Appa က ငါးကန္ေလး လုပ္ေပးထားေပမယ့္ေပါ့....
အစကေတာ့ Appa ကပါ ယုံးဘို႔နဲ႔အတူ လိုက္ေဆာ့ေပးေပမယ့္ ယုံးဘို႔ရဲ႕ အေဆာ့စေကးက ထင္ထားတာထက္ ပိုဆိုးလာေတာ့ အိမ္မွာ Detox Soap နဲ႔ ဂ်ီးတြန္း Brush နဲ႔သာ ဂ်ီးခြာဖို႔ ေစာင့္ေနႏိုင္ေတာ့သည္ ။ Appa က မဲတူးေနတဲ့ သူ႕ကို ေသခ်ာတိုက္ခြၽတ္ေပးၿပီးတိုင္း ေခၚတတ္တာ ဘတ္တီးရီးယားလုံးေလးတဲ့...
ယုံးဘို႔ကေတာ့ Appa ဘယ္လိုေလးေခၚေခၚႀကိဳက္တယ္ ။ ဘတ္တီးရီးယားလုံးေလးလို႔ အေခၚခံရတိုင္း ဟီးခနဲရယ္ျပတဲ့ သူ႕ရဲ႕ ပါးေလးကို Appa က အၿမဲဆြဲဖဲ့ေလ့႐ွိတယ္ ။ သူပါ ရယ္ရင္းနဲ႔ေပါ့ .... ။ ေရသုတ္ၿပီး Lotion ေလးပါ လိမ္းေပးၿပီးရင္ေတာ့ သူ႕ပါးေဖာင္းေဖာင္းေတြကို Appa က နမ္းေတာ့တာပဲ ။
ဒါေပမယ့္ ကေလးဆိုတာ ဖြံ႕ၿဖိဳးသင့္တဲ့ အစိတ္အပိုင္းေတြ ဖြံ႕ၿဖိဳးေအာင္ ေဆာ့ ကစား တဲ့ အခ်ိန္ သက္သက္႐ွိရမယ္ဆိုၿပီး အၿမဲေျပာတတ္တဲ့ Appa က ယုံးဘို႔ကို မတားသလို ဆူလဲမဆူပါ ။ ယုံးဘို႔ဂီးက တစ္ဦးတည္းေသာ သားေလးမို႔ အေဖာ္မင္ၿပီး အေဆာ့သန္တာကို သိေနႏွင့္တယ္ေလ...
အဲ...တစ္ေန႔ေတာ့ ယုံးဘို႔ကို ဆူမယ့္ မင္းသားေလးနဲ႔ ေတြ႕ခဲ့တယ္ ။
အဲ့ဒီ့ေန႔က မိုးေတြသိပ္႐ြာေနခဲ့တာေပါ့ ။ Appa က သူ႕ကို အ၀ါေရာင္မိုးကာေလးထည့္ေပး ၊ လည္တိုင္႐ွည္ ၾကက္ေပါင္ဖိနပ္ရဲရဲေလးကို စီးေပးၿပီး မနက္ပိုင္းမွာ သူကိုယ္တိုင္ ေက်ာင္းလိုက္ပို႔သည္ ။ ဆရာ၀န္ႀကီး Appa က သိပ္အလုပ္မ်ားတာမို႔ ယုံးဘို႔ကို ညေနပိုင္းလာမႀကိဳႏိုင္တာမ်ားေပမယ့္ မိုးေတြပိုသည္းလာရင္ေတာ့ သူလာႀကိဳပါ့မယ္ဆိုၿပီး ကတိေပးရင္း ဘဲေပါက္အ႐ုပ္ေလးေတြပါတဲ့ ထီးေသးေသးေလးပါေပးေသးတယ္ ။
စာေမးပြဲနီးေနတာေရာ၊ ေက်ာင္းမွာသူငယ္ခ်င္းေတြနဲ႔ ေတြ႕ဖို႔ တက္ႂကြေနတဲ့ ယုံးဘို႔ေၾကာင့္ေရာ ေက်ာင္းပို႔ရေပမယ့္ စိတ္မခ်ႏိုင္တဲ့ Appa မ်က္လုံးထဲက စိုးရိမ္ရိပ္ေတြကို သူမွတ္မိပါေသးတယ္ ။ လိမၼာတဲ့ ယုံးဘို႔ဂီးက ရိပ္မိစြာ ကိုယ္ေလးကို ကိုင္းၫြတ္ ႏႈတ္ဆက္လိုက္ၿပီး စိတ္မပူဖို႔ေျပာေတာ့ Appa က အာဘြားေပးတယ္ ။
အဲ့လိုနဲ႔ စတင္ခဲ့တဲ့ ေန႔ေလးေပမဲ့ ကံေကာင္းစြာနဲ႔ ယုံးဘို႔တို႔ ေက်ာင္းဆင္းခါနီးမွာ မိုးကတိတ္သြားၿပီး ေနေရာင္ေလးပါ ထြက္လာခဲ့ေတာ့တယ္...။ ထို႔ေၾကာင့္ ထုံးစံအတိုင္း ဘြားဘြားကလာႀကိဳတယ္... ။ ဘြားဘြားလက္ကိုကိုင္ၿပီး လြယ္အိတ္ေလးနဲ႔ လုံးလုံး လုံးလုံး ေလွ်ာက္ေနတဲ့ သူ႕ကို လမ္းတစ္ေလွ်ာက္က လူေတြက ခ်စ္စႏိုးနဲ႔ ၾကည့္ၾကၿပီး မ်က္မွန္းတန္းေနတဲ့ ဦးေလးႀကီးေတြဆို ဆံပင္ေလးေတြပါ ဖြသြားၾကပါေသးတယ္ ။
ယုံးဘို႔အၿမဲကစားေနက် လမ္းထိပ္က ပန္းျခံေလးေရာက္ေတာ့ ထုံးစံအတိုင္း သူငယ္ခ်င္း အခ်ိဳ႕ေရာက္ေနႏွင့္ေလၿပီ ။ ယုံးဘို႔ဂီးက တက္ႂကြသြားၿပီး အဘြားကို ျပန္ၾကည့္ေတာ့ အဘြားက သြားေဆာ့ေလဆိုၿပီး ခြင့္ျပဳတာမို႔ ၾကက္ေပါင္ဖိနပ္ေလးနဲ႔ ပန္းျခံထဲကို ေျပးေတာ့သည္ ။
" ေၾသာ္ ေခ်ာ္လဲအုန္းမယ္ ဒီကေလးႏွယ့္ ေက်ာပိုးအိတ္ေတာင္ မေပးသြားဘူး "
မိုး႐ြာၿပီးမွ ေနေရာင္ထြက္လာသည္မို႔ ယုံးဘို႔ေျခေထာက္ေအာက္က ေျမႀကီးက စိုစြတ္ေနၿပီး ထိုစိုစြတ္တဲ့ ေျမႀကီးကို ေနေရာင္ထိုးေတာ့ ေျမႀကီးေပၚမွာ သက္တန္႔ေသးေသးေလးတစ္ခုကို ေတြ႕လိုက္ရပါေတာ့သည္ ။ ထိုသက္တန္႔ေလးကို ေသခ်ာေလးၾကည့္ဖို႔ ေဆာင့္ေၾကာင့္ထိုင္ခ်လိုက္ၿပီး ဆရာမသင္ေပးတဲ့ " သက္တန္႔ ခုႏွစ္ေရာင္ " ဆိုတဲ့ ကဗ်ာေလးကို ဆိုရင္း ခုႏွစ္ေရာင္ျပည့္လားမျပည့္လား ေရေနမိေတာ့သည္...။
" အီယုံးဘို႔ ေဆာ့မယ္ေလ !! "
သူ႕သူငယ္ခ်င္းေတြက လွမ္းေခၚတာေတာင္ လက္ပုစိေလးနဲ႔ ကာၿပီး ခဏေလးလို႔ ေျပာလိုက္ေသးတယ္ ။ သူစိတ္၀င္စားတာေတြ မကုန္ေသးဘူး...
မိုး႐ြာလို႔ ျဖစ္တဲ့ ေဘးက ေရဗြက္ေလးထဲက လႈပ္စိလႈပ္စိ ငါးေသးေသးေလးေတြကို ၾကည့္ဖို႔ က်န္ေနေသးတယ္ ။
ေဆာင့္ေၾကာင့္ကေန မထပဲ ထိုအတိုင္းေလး တစ္လွမ္းခ်င္း ေ႐ွ႕တိုးကာ ေရအိုင္ေလးကို ၾကည့္ဖို႔သြားေတာ့ အေနာက္ကေလးေနတဲ့ လြယ္အိတ္အ႐ွိန္ေၾကာင့္ေရာ ေျမႀကီးေပၚ ဖင္ထိုင္ရက္ က်ပါေတာ့တယ္ ။
ေပက်ံသြားတဲ့ အ၀တ္အစားေတြကို မမႈပဲ ဟန္မပ်က္ေဆာင့္ေၾကာင့္ျပန္ထိုင္ရင္း ၾကည့္ဖို႔လုပ္ေတာ့ ေရအိုင္ေလးေဘးမွာ ျမင္လိုက္ရတာက သူ႕လို ၾကက္ေပါင္ဖိနပ္မဟုတ္ပဲ သန္႔ျပန္႔ေနတဲ့ ႐ွဴးဖိနပ္ကို စီးထားတဲ့ေျခေထာက္...
" ညစ္ပတ္လိုက္တဲ့ကေလး... မင္းကဘယ္အတန္းကလဲ ? ဆရာမကို တိုင္ရမယ္ ! "
ေမာ့ၾကည့္လိုက္ေတာ့လဲ သူနဲ႔႐ြယ္တူေကာင္ေလးျဖစ္ေပမယ့္ မျမင္ဖူးတဲ့ မ်က္ႏွာေၾကာင့္ ယုံးဘို႔ မ်က္လုံးေတြ ဝိုင္းသြားရေတာ့တယ္ ။
" ဘယ္သူလဲ ? "
" အ၀တ္အစားေတြ ေပေနၿပီေလ မင္းအေမဆူမွာ မေၾကာက္ဘူးလား ။ ဒီေျမႀကီးေပၚက ညစ္ပတ္တဲ့ ပိုးေကာင္ေတြက မင္းကိုျဖည္းျဖည္းခ်င္း စားေတာ့မွာ "
ထိုေကာင္ေလးရဲ႕ ေ႐ွ႕သြားက က်ိဳးေနေပမယ့္ သူ႕ကို တအားေဟာက္ေနတာေၾကာင့္ ယုံးဘို႔္မ်က္ႏွာေလးက ဆူဆူေလး ျဖစ္သြားတယ္ ။ ဆရာမကို တိုင္မယ္လဲေျပာၿပီး ပိုးေကာင္စားမယ္လို႔လဲ ေျပာတာေၾကာင့္ ယုံးဘို႔နည္းနည္းေလးလဲ ၀မ္းနည္းလာေတာ့တယ္
" Appa က ငါ့ကို မဆူဘူး "
ေျပာလဲေျပာ ယုံးဘို႔က မတ္တပ္ထရပ္လိုက္ေတာ့ ထိုေကာင္ေလးမ်က္ႏွာက ပို႐ႈံ႕သြားတယ္
" ကိုယ္ထက္အႀကီးကို ငါတဲ့ ။ ခု Hyung လို႔ မေခၚဘူးလား "
တကယ္ငိုခ်င္လာတာမို႔ ယုံးဘို႔ေအာက္ႏႈတ္ခမ္းေလးက ေ႐ွ႕ကို နည္းနည္းေလး ထြက္လာတယ္ ။
သူငါးေလးေတြကို ၾကည့္ခ်င္႐ုံပါ ...
ထိုေကာင္ေလးက ငိုမဲ့မဲ့ ယုံးဘို႔ကို မ်က္လုံးေတြစင္းကာၾကည့္တယ္ ။ သူ႕ေခါင္းမွာ ယုံးဘို႔ရဲ႕ အုန္းေမႊးလုံးဆံပင္နဲ႔ကြာျခားစြာ ဆီနဲ႔ က်နစြာဖီးထားတဲ့ ခပ္တိုတိုဆံပင္ေတြ႐ွိတယ္ ။
" ေဟး ဟြၽန္ဂ်င္းနီး ! ေရာက္ၿပီလား ? "
ေဆာ့ဖို႔ျပင္ေနက်တဲ့ သူငယ္ခ်င္းေတြက ေအာ္ေခၚေတာ့ ထိုေကာင္ေလးက လွည့္ၾကည့္တယ္ ။ ၿပီးေတာ့ ထိုေကာင္ေလးေတြက ယုံးဘို႔တို႔ေဆာ့ေနၾကတယ္အထင္နဲ႔ ယုံးဘို႔တို႔နားကို ေျပးလာပါေတာ့တယ္ ။
" ဒီညစ္ပတ္တဲ့ကေလးက ဘယ္ကလဲ ? "
" အဲ "
ထိုေတာ့မွ ငိုမဲ့မဲ့ျဖစ္ေနတဲ့ ယုံးဘို႔ကိုပါ ေတြ႕သြားၾကတာမို႔သေဘာေပါက္သြားၾကကာ အဖြဲ႕ထဲက ဆြန္မင္းက ၀င္ေျပာေပးပါေတာ့တယ္ ။
" ကေလးမဟုတ္ပါဘူး သူကငါတို႔နဲ႔ ႐ြယ္တူပဲ ။
သူ႕ နာမည္က ယုံးဘို႔ဂီး ၊ A9B အခန္းက "
ထိုေတာ့မွ သူက ယုံးဘို႔ကို အစုန္အဆန္ျပန္၍ ၾကည့္လာတယ္ ။ ႐ြယ္တူေတြထဲမွာ ထူးထူးျခားျခား အရပ္႐ွည္ေနတဲ့သူက ယုံးဘို႔က သူနဲ႔႐ြယ္တူဆိုတာ မယုံႏိုင္ေသးတဲ့ ပုံနဲ႔ေလ ။ ဟြၽန္ဂ်င္းပုံစံက ည ၇ နာရီမွာလာတဲ့ Drama ထဲက သူေဌးကေတာ္ အိုက္တင္အျပည့္....
" ဟမ့္ အဲ့လို ညစ္ပတ္တာေတြ မေဆာ့ဘူးေနာ္ "
" ေအးပါကြာ မင့္ကလဲ "
ျပန္လည္သင့္ျမတ္ေရး လမ္းေၾကာင္းၿပီးသြားေပမယ့္ ယုံးဘို႔က တြန္႔ဆုတ္ တြန္႔ဆုတ္ျဖစ္ေနတာေၾကာင့္ ၊ ကစားၾကတဲ့ထဲမွာ အႀကီးဆုံးျဖစ္တဲ့ ခ်န္ဘင္းေဟ်ာင္းက လက္ဆြဲႏႈတ္ဆက္ခိုင္းတယ္ ။ ထိုသို႔ လက္ဆြဲႏႈတ္ဆက္ဖို႔ လက္ပုစိကို ေရဘုံဘိုင္မွာ ေျပးေဆးရေသးသည္ ။
အင္း... ဒီလိုမ်ိဳး ငယ္ငယ္ကတည္းက လႊမ္းမိုးေသာ... လႊမ္းမိုးခံလြန္းေသာ ျဖစ္တည္မႈေလးေတြပါပဲ ။
မင္းသားေလးနဲ႔ေတြ႕တဲ့ ထိုေန႔က စ,လို႔
ယုံးဘို႔ဟာ သန္႔႐ွင္းတဲ့ ယုံးဘို႔ဂီး ျဖစ္သြားပါေတာ့တယ္
~~~~~~~~~~~~~~~~
ယုံးဘို႔က ႐ုပ္ဆိုးတဲ့ အိုမီဂါေလး...
တျခား အိုမီဂါေတြနဲ႔ယွဥ္လိုက္ရင္ သာမာန္မဟုတ္တဲ့ ယုံးဘို႔က သူ႕ကိုယ္သူ Insecure ျဖစ္တတ္တဲ့ ေကာင္ေလးပါပဲ ။ အိုမီဂါေတြရဲ႕ သာယာဖြယ္ အသံေလးနဲ႔ ကြာျခားစြာ အသံၾသၾသ နက္နက္႐ွိတဲ့သူက ပုံမွန္စကားေျပာခ်ိန္မွာဆို ခပ္အစ္အစ္အသံေလး႐ွိတယ္ ။ ၿပီးေတာ့ ေခ်ာေမြ႕ၿပီး အျပစ္အနာအဆာကင္းၾကတဲ့ အိုမီဂါ ဗီဇအသားအရည္ နဲ႔ကြာျခားၿပီး ပါးေပၚမွာ တည္႐ွိေနတဲ့ Freckles ေတြေၾကာင့္ အၿမဲအာ႐ုံစိုက္ခံခဲ့ရတယ္ ။ သူ႕သူငယ္ခ်င္း ငယ္ေပါင္းေတြထဲမွာလဲ အယ္လ္ဖာတို႔ ဘီတာတို႔က ပိုမ်ားတာမို႔ တစ္ခါတစ္ေလ သူတို႔နဲ႔ လည္ပင္းဖက္ေပါင္းရင္း ယုံးဘို႔ရဲ႕ အျပဳအမူေတြက အိုမီဂါေတြလို မသိမ္ေမြ႕ပဲ ၊ ၀ါသနာေတြကပါ ထူးဆန္းေသးသည္။ ေပါင္းခဲ့သမွ် အယ္လ္ဖာ ၊ ဘီတာ သူငယ္ခ်င္းေတြဟာ ယုံးဘို႔ကိုဆို အိုမီဂါတစ္ေယာက္လို႔ကို မျမင္တဲ့အထိပဲ ...
တစ္ခါတစ္ေလ နီနီရဲရဲပန္းသီးေလးေတြၾကားထဲက ေျမမႈန္႔ေတြ လူးေနတဲ့ အာလူးလို သူ႕ကိုယ္သူ ခံစားရပါတယ္ ။
ထိုသို႔ေသာ အေထြေထြအေၾကာင္းအရာေတြေၾကာင့္ အ႐ြယ္ေရာက္ေနေပမယ့္ တစ္စုံတစ္ေယာက္နဲ႔ေတြ႕ဖို႔ ခက္ခဲ့ၿပီး မထင္မ႐ွားေလးပဲ ေနခဲ့တာေပါ့...
တစ္စုံတစ္ေယာက္နဲ႔ ေတြ႕ဖို႔ခက္တယ္...
အင္း ဒီစကားကိုေျပာဖို႔ဆို အေပၚက အေၾကာင္းျပခ်က္ေတြက တကယ္ပဲ လုံေလာက္ရဲ႕လား...
' Ting '
Message box က Notification အသံေၾကာင့္ ယုံးဘို႔ လန္႔ၿပီး ဆံပင္ေမႊးေတြေတာင္ ေထာင္သြားတယ္
Hyunjinie sent a message..
🥟💬 အခုထိ မအိပ္ပဲ ဘာလုပ္ေနတာလဲ !
ည 2 နာရီနီးပါး႐ွိေနတဲ့ တိုင္ကပ္နာရီေလးကို ၾကည့္ၿပီး သက္ျပင္းေတြသာ ခ်မိပါေတာ့တယ္ ။ ဒီညအတြက္ သူအေတြးကို လြန္ေနမိတာ
🥟💬 ၾကည့္လိုက္တိုင္း မီးက အၿမဲတမ္းစိမ္းေနတာပဲ
🐈⬛💬 ဘာမွမလုပ္ဘူး အိပ္မေပ်ာ္လို႔ 😾
🥟💬 ဂိမ္းေဆာ့ေနတာမလား 🙂
🐈⬛💬 မဟုတ္ပါဘူးဆို
.
.
.
.
🥟💬 သိပ္ၾကည့္မရေတာ့ဘူးေနာ္ အီယုံးဘို႔
🐈⬛💬 ဟ ငါဘာလုပ္လို႔လဲ 😡
🥟💬 ဂိမ္းအတူေဆာ့တာအေၾကာင္းျပခ်က္ေပါ့ေလ ဟိုေကာင္နဲ႔က ...
🥟💬 ဟက္ Story ေတြေတာင္ ဖီးလ္တက္ၿပီးတင္ေနၿပီ
တကယ္ပါပဲ... ဂ်ဴနီယာ ညီေလးတစ္ေယာက္နဲ႔က ဂိမ္းအတူေဆာ့မိလို႔ ရင္းႏွီးသြားမိတာကို ေျပာလို႔ကို မၿပီးေတာ့ပါဘူး ။ Game အေၾကာင္းေျပာထားၾကတဲ့ Chat ကို ဟိုေကာင္ေလးက အေပ်ာ္သေဘာမ်ိဳး Story တင္လိုက္တာကို ဘာလို႔ အဲ့လိုေျပာေနရတာလဲ ။ မရင္းႏွီးေစခ်င္ရင္ သူ Game လိုက္ေဆာ့ေပးပါလား ...
Game က်ေတာ့ အတူ မေဆာ့ေပးပဲနဲ႔
မလိုမက်မႈေရာ စိတ္ေကာက္မႈေရာေၾကာင့္ ဘာမွျပန္မေျပာေတာ့ပဲ ဖုန္းကိုပိတ္လို႔ ေမြ႕ယာအိအိေပၚ ေမွာက္ခုံေလး လုပ္ေနမိေတာ့တယ္...
ရည္းစားမရတာ ?
ရည္းစားမရတာ ဟြမ္ဟြၽန္ဂ်င္းေၾကာင့္ !!!!
~~~~~~~~~~~~~
" ဘယ္ကိုသြားထိုင္တာလဲ ဒီလာ ! "
Cafeteria မွာ ထိုင္ေနတဲ့ ဟြၽန္ဂ်င္းက ဆြန္မင္းနားက ေနရာလြတ္မွာ ခပ္ဆူဆူေလးသြားထိုင္တဲ့ ယုံးဘို႔ကို ၾကည့္ရင္း သူ႕ေဘးက ေနရာလြတ္ကို ေမးေငါ့ျပတယ္..
ထိုေတာ့လဲ စာအုပ္ေလးပိုက္ၿပီး ကုတ္ကုတ္ေလးနဲ႔ ဟြၽန္ဂ်င္းရဲ႕ နားကို ျပန္ေရာက္လာတာပဲ...
ထိုင္ခုံလုခန္းမွာ တစ္ဖြဲ႕လုံးကလဲ ၿငိမ္လို႔ မႏိုင္စိန္ႏွစ္ေယာက္ကို လႊတ္ထားရတယ္ ။ ဟြၽန္ဂ်င္းက အီယုံးဘို႔နဲ႔ပတ္သတ္ရင္ ထိန္းရတာ မဟုတ္ဘူး
ေနရာတက် ဝင္ထိုင္လိုက္တဲ့ ယုံးဘို႔က သူ႕ေ႐ွ႕က မွာၿပီးသား Chocolate ေႏြးေႏြးကိုေသာက္ဖို႔ Duty Coat ေလးကို ခြၽတ္လိုက္ၿပီး ဖန္ခြက္ကို ႏႈတ္ခမ္းနားေတ့လို႔ တဖူးဖူးမႈတ္ေနတယ္...
Freckles တို႔ထင္းေနတဲ့ ယုံးဘို႔ရဲ႕ ေဘးတိုက္မ်က္ႏွာကို ၾကည့္ေနတဲ့ ဟြၽန္ဂ်င္းဆီက အခ်ိန္တစ္ခုၾကာေတာ့ သက္ျပင္းတစ္ခု ထြက္လာေတာ့တယ္ ....
" အျပန္ ငါနဲ႔ျပန္ "
မ်က္လုံးေတြဝိုင္းကာ ၾကည့္မယ့္အစား ထူးဆန္းစြာ မ်က္ေစာင္းတစ္ခုကို ရလိုက္ေတာ့ ဟြၽန္ဂ်င္းရဲ႕ Angry Bird မ်က္ခုံးက ပိုတြန္႔ခ်ိဳးသြားကာ...
" အဲ့ဒီ့မ်က္ေစာင္းက ဘယ္ကတတ္လာတာလဲ "
" ေမြးကတည္းက မ်က္ေစာင္းခ်ီၿပီးထြက္လာတာေလ "
" မ႐ႊဲ႕နဲ႔ေနာ္ ! "
ေလသံကမာမလိုျဖစ္သြားတာနဲ႔ မ်က္ေတာင္ေလးက ပုတ္ခတ္ပုတ္ခတ္ ျဖစ္လာေတာ့တာပဲ ။ ေဒါက္တာ အီဖီးလစ္ယုံးဘို႔က ဆရာ၀န္ျဖစ္လုဆဲဆဲမွာေတာင္ ငယ္ငယ္ကေန အခုထိ ဘာမွမေျပာင္းလဲေသာပါပဲ ။ စိတ္မေကာင္းျဖစ္ေအာင္ေတာ့ လုပ္တတ္ၿပီး ေခ်ာ့ခ်င္ေပမယ့္ မေခ်ာ့တတ္ကာ ေၾကာင္ေနတဲ့ ဟြၽန္ဂ်င္းကို ဂင္ဆြန္မင္းက ဂ႐ုဏာအၾကည့္တစ္ခ်က္ၾကည့္လို႔ ၀င္ပါရေတာ့တယ္... ။
Art Major မွာ Cafeteria ႀကီးငုတ္တုတ္႐ွိရဲ႕သားနဲ႔ Medical အေဆာင္က Cafeteria ကို တကူးတက ေကာ္ဖီလာေသာက္ရတာ ဘယ္သူ႕ေၾကာင့္မို႔လို႔လဲ ?
" အာ အာ ဟြမ္ဟြၽန္ဂ်င္းရာ မင္းပုံစံက သူ႕အေဖနဲ႔ေတာင္ တူေနၿပီဟ "
" ေအးေလ မလာေသးေတာ့လဲ ငါတို႔ကို အတင္းဖုန္းဆက္ေခၚခိုင္းၿပီးေတာ့ "
ေဖာ္ေကာင္လုပ္ေနတဲ့ ဂ်ီေဆာင္းကို လက္ထဲက တစ္႐ွဴးစနဲ႔ ျပစ္ေပါက္လိုက္ၿပီး ပါးစပ္လႈပ္႐ုံ ဆဲေရးတယ္ ။
ဘယ္သူက ေတြ႕ခ်င္ေနလို႔လဲ ?
ဆရာ၀န္ျဖစ္ရက္ ၊ အိုမီဂါျဖစ္ရက္နဲ႔ေတာင္ ဒူေပဒါေပနဲ႔ အစာစားခ်ိန္ လြန္ရင္ Diet ဆိုၿပီး ဘာမွမစားေတာ့တဲ့ အီယုံးဘိုအေၾကာင္း ဟြၽန္ဂ်င္းက သိေနလို႔...
ရင့္မွည့္ေနတဲ့ ခရမ္းခ်ဥ္သီးလို အနီေရာင္ေျပာင္းလာတဲ့ ဟြၽန္ဂ်င္းမ်က္ႏွာေၾကာင့္ ယုံးဘို႔အပါ အ၀င္ က်န္တဲ့ ႏွစ္ေယာက္ပါ ရယ္ခ်င္ပက္က်ိျဖစ္သြားရေတာ့တယ္ ။ Medical အေဆာင္က ဆရာ၀န္မေလးေတြေရာ အိုမီဂါေလးေတြရဲ႕ ေငးေနရတဲ့ အဖြဲ႕က တစ္မိုးေအာက္ ဟြၽန္ဂ်င္းက ပ်က္ယြင္းသြားတဲ့ အိေႁႏၵကိုျပန္ဆည္ဖို႔ မသိခ်င္ေယာင္ေဆာင္ၿပီး ဖုန္းကို ဟိုပြတ္ ဒီပြတ္လုပ္ေနေတာ့သည္ ။
' Vibrate Vibrate '
တုန္ခါလာတဲ့ ဟြၽန္ဂ်င္းရဲ႕ဖုန္းေၾကာင့္ သုံးေယာက္လုံးရဲ႕ အၾကည့္ေတြက ဟြၽန္ဂ်င္းဆီေရာက္လာတယ္ ။ ပုံမွန္ဆို သူတို႔နဲ႔ေတြ႕ရင္ ဘယ္ဖုန္းမွကို လက္ခံစကားမေျပာတဲ့ ဟြၽန္ဂ်င္းက အဝင္ဖုန္းကို ကိုင္လဲမကိုင္ ၊ ခ်လဲမခ်ပဲ Screen ကို ၿငိမ္သက္စြာၾကည့္ေနတဲ့အခါ ယုံးဘို႔တို႔ သုံးေယာက္ေခါင္းေပၚမွာ Question Mark ေတြျဖတ္ေျပးသြားတယ္
သိခ်င္စိတ္ေတြ တေပြ႕ႀကီးနဲ႔ ယုံးဘို႔က မ်က္လုံးကိုေဝ့ၿပီး ဖုန္း contact နာမည္ကိုၾကည့္လိုက္ေတာ့... ႏွလုံးခုန္သံေတြပါ ဒိန္းခနဲ ေဆာင့္တက္သြားရေတာ့သည္
" ဖုန္းခဏသြားေျပာလိုက္အုန္းမယ္ "
အားလုံးက ေခါင္းၿငိမ့္လိုက္တာေတာင္ မေစာင့္ပဲ ယုံးဘို႔႐ွိတဲ့ Cafeteria ရဲ႕ ခပ္လွမ္းလွမ္းကို ေလွ်ာက္လွမ္းသြားတဲ့ ဟြၽန္ဂ်င္းရဲ႕ ေျခလွမ္းေတြ
' မမ ' လို႔မွတ္ထားတဲ့ အဝင္ call ပိုင္႐ွင္ျဖစ္တဲ့
ဟြၽန္ဂ်င္းကို အမ်ားႀကီး စိုးမိုးႏိုင္တဲ့ ထိုအမ်ိဳးသမီးကို ယုံးဘို႔က မသိပဲေနမလား...
ဟြၽန္ဂ်င္းက ထိုအမ်ိဳးသမီးေၾကာင့္ ေပ်ာ္႐ႊင္ခဲ့တယ္ ၊ ထိုအမ်ိဳးသမီးေၾကာင့္ အသည္းကြဲခဲ့တယ္ ။
ဟြၽန္ဂ်င္းရဲ႕ အခ်စ္ဦး...
အရမ္းကို နာမည္ႀကီးၿပီး သေဘာက်ခံရတဲ့ ႏွင္းဆီခိုင္ျဖစ္ေပမယ့္ ဟြၽန္ဂ်င္းက တစ္စုံတစ္ေယာက္နဲ႔ တြဲတယ္ဆို အၾကာႀကီးတြဲတတ္တဲ့ အက်င့္႐ွိတယ္ ။ သူ႕ကို သေဘာက်တဲ့ လူတိုင္းကို မတြဲတတ္သလို ဟြၽန္ဂ်င္းက တစ္ေယာက္ကို ေ႐ြးခ်ယ္လိုက္ၿပီဆိုရင္လဲ အတည္လို႔ထင္ရေအာင္ တြဲေလ့႐ွိတယ္...။ အေရအတြက္နည္းရင္ေတာင္ တြဲသမွ်က ထိပ္ဆုံးက ေဇာ္ေတြသာျဖစ္ေၾကာင္း သိမ္ငယ္စြာ ေတြးမိသည္။
ယုံးဘို႔ တေျမ့ေျမ့နဲ႔ ေဆြးေျမ့ခဲ့ရတဲ့ ေန႔ရက္ေတြေပါ့...
သူငယ္ခ်င္းေလးရဲ႕ လိုအင္ဆႏၵဟာ သူလိုက္မမွီႏိုင္တဲ့ ေနရာတစ္ခုမွာ ႐ွိေနခဲ့လို႔ ဟြၽန္ဂ်င္း စိတ္ညစ္ေနတာကို ၾကည့္ရင္း ဘာလုပ္ေပးရမလဲ မသိခဲ့တဲ့ ထိုအမ်ိဳးသမီးနဲ႔ အဆုံးသတ္..
ပ်က္စီးၿပီး တစ္စစီ ၿပိဳကြဲေနတဲ့ ဟြၽန္ဂ်င္းရဲ႕ အစိတ္အပိုင္းေလးေတြကို တစ္ခုခ်င္းစီလိုက္ေကာက္လို႔ သူကိုယ္တိုင္ အလွဆုံး ဆက္ခဲ့ရတာေလ...။ အခု ဟြၽန္ဂ်င္းအဆင္ေျပေနတဲ့ အခ်ိန္က်မွ ဘာလို႔လဲ .... ?
သံေယာဇဥ္ေတြ ေမတၱာေတြ ပိုေနခဲ့မိေပမယ့္
မျဖစ္ႏိုင္မွန္းသိတာမို႔ မေမွ်ာ္လင့္ေသာ ခပ္ေရးေရး အိပ္မက္တစ္ခုဆိုရင္ေတာင္ ထိုအိပ္မက္ကေလးကို ပိုင္ဆိုင္သြားတဲ့လူဟာ ထိုအမ်ိဳးသမီးျဖစ္လာမွာ ယုံးဘို႔အရမ္းေၾကာက္ပါတယ္ ။
တျခား... တျခားတစ္ေယာက္ဆိုရင္ အသည္းကြဲရရင္ေတာင္ ခံသာအုန္းမွာ ....
ေနာက္က်ိေနတဲ့ စိတ္ေတြနဲ႔... ေခ်ာကလက္ေႏြးေႏြးထဲ ေပါေလာေပၚေနေသာ Marshmallow ေလးေတြကို ၾကည့္လို႔ အေတြးမ်ားေနတဲ့ ယုံးဘို႔ကို ဂ်ီေဆာင္းနဲ႔ ဆြန္မင္းတို႔က နားလည္ ရိပ္မိသလို ၾကည့္လာတယ္ ။
သူတို႔ပါ ေတြ႕သြားပုံပါ...
" မင္းစိတ္ပူသလို မျဖစ္လာေလာက္ပါဘူး "
ဆြန္မင္းက ေျပာသည္...
" ျဖစ္လာရင္လဲ ဒီေကာင့္ကို ငါ့ဦးေလးျခံထဲက ႏြားတင္းကုပ္မွာ သြားထားမယ္ ။ ဘယ့္ႏွယ္ အနီးဆုံးမွာ႐ွိေနတဲ့ သူ႕ဒဏ္ကို ခံတဲ့လူက် ႏိုင္စား..."
မ်က္ႏွာငယ္ေနတဲ့ ယုံးဘို႔ကို အားနာစြာ
ဂ်ီေဆာင္းက မခံမရပ္တဲ့ အသံျဖင့္ ျမည္တြန္ေတာက္တီးသည္ ။
တကယ္ဆိုရင္ေရာ ဘာမ်ား ေျပာပိုင္ခြင့္႐ွိမွာတဲ့လဲ...။ မပိုင္ရ မဆိုင္ရတဲ့ ထိုလူသားကိုယ္တိုင္က လိုလားေနခဲ့ရင္ သူဟာ ဘာေစာဒကမွ တက္ခြင့္မ႐ွိတဲ့ ျဖစ္တည္မႈသာသာပါ...ဟြၽန္ဂ်င္းရဲ႕ ဘ၀မွာ...
" ငါ...ေနာက္က်ေနမွာစိုးလို႔ အရင္သြားႏွင့္ေတာ့မယ္ "
ဟြၽန္ဂ်င္းကို သူႏႈတ္မဆက္ခဲ့ဘူး....
ဟုတ္ပါရဲ႕ ႏႈတ္ဆက္ရတာေတြကို မုန္းလိုက္တာ....
💌💌💌💌💌
ေျမမႈန္႔ေတြလူးေနတဲ့ အားလူးေလးက လွပလြန္းတဲ့ ႏွင္းဆီခိုင္ေလးကို အထိအခိုက္မခံႏိုင္ေလာက္ေအာင္ တိတ္တိတ္ကေလး ျမတ္ႏိုးမိပါရဲ႕...