ကြမ်းကြမ်းရမ်းရမ်း ဂမုန်းပန်း...

By PinkKuuEain

742K 52.3K 2.7K

" မောင်ပိုင်တဲ့ ဂမုန်းပင်ကို သေခြင်းတရားကတောင် လုယူပိုင်ခွင့်မရှိဘူး.. " ... More

အပိုင်း(၁)
အပိုင်း(၂)
အပိုင်း(၄)
အပိုင်း(၅)
အပိုင်း(၆)
အပိုင်း(၇)
အပိုင်း(၈)
အပိုင်း(၉)
အပိုင်း(၁၀)
အပိုင်း(၁၁)
အပိုင်း(၁၂)
အပိုင်း(၁၃)
အပိုင်း(၁၄)
အပိုင်း(၁၅)
အပိုင်း(၁၆)
အပိုင်း(၁၇)
အပိုင်း(၁၈)
အပိုင်း(၁၉)
အပိုင်း(၂၀)
အပိုင်း(၂၁)
အပိုင်း(၂၂)
အပိုင်း(၂၃)
အပိုင်း(၂၄)
အပိုင်း(၂၅)
အပိုင်း(၂၆)
အပိုင်း(၂၇)
အပိုင်း(၂၈)
အပိုင်း(၂၉)
အပိုင်း(၃၀)
အပိုင်း(၃၁)
အပိုင်း(၃၂)
အပိုင်း(၃၃)
အပိုင်း(၃၄)
😭😭😭
အပိုင်း(၃၅)
အပိုင်း(၃၆)
အပိုင်း(၃၇)
အပိုင်း(၃၈)
အပိုင်း(၃၉)
အပိုင်း(၄၀)
အပိုင်း(၄၁)
အပိုင်း(၄၂)
အပိုင်း(၄၃)
အပိုင်း(၄၄)(ဇာတ်သိမ်းပိုင်း)
အချစ်တို့ရေ
အချပ်ပို(၁)
အချပ်ပို(၂)
📖🤞
📚Book Announcement📚
📚Book cover / Details 📚

အပိုင်း(၃)

20.8K 1.5K 73
By PinkKuuEain

                          Unicode

"ရော့...ဒါ အဘအတွက်.."

" ဒါက ဟောဒီက ဖိုးခွားအတွက်.."

ငါးရံ့ဆီပြန်ဟင်းကို အဘကိုအရင်ဦးချပြီး ဖိုးခွားလေးကိုအသားလေးတွေနွှင်​ပေးကာ ဖဲ့ထည့်ပေးသည်။
ဖိုးခွားလေးက ငါးဟင်းဆိုသိပ်ကြိုက်ရှာသည်။အဲ့ဒါကြောင့် ကျုပ်လည်း နွားတွေဘာတွေကျောင်းပြီးရင် အချို့ရေတင်ထားတဲ့လယ်တွေထဲ ငါးဖမ်းထွက်ဖြစ်သည်။
တစ်ခါတစ်လေ အဖူးတို့ ပုစွန်ကန်မှ ပုစွန်ထုတ်ကြီးတွေ အဘနဲ့ဖိုးခွားလေးအတွက်ဝယ်ချက်ပေးဖြစ်သည်။
ကျုပ်ကတော့ ကြုံရင်ကြုံတာနဲ့သာစားသည်။
အခုလည်းကြည့်ပါလား သူအရမ်းကြိုက်တဲ့ငါးဟင်းကို ကျုပ်ကထည့်ပေးလို့မျက်လုံးပေါက်လေးတွေပိတ်အောင်းပြုံးပြနေလေရဲ့။

ရင်နင့်အောင်ချစ်ရပါတယ် ဖိုးခွားလေးရယ်။

"စားကောင်းလား... ဖိုးခွားလေး.."

"ဟုတ်တဲ့...ချားကောင်းတယ် တိုကြီးဂမုန်း..နောက်ရက်လည်း တားကိုချက်ကျွေးဦးနော်.."

ထမင်းကိုပလုတ်ပလောင်းထိုးသွတ်ပြီး ပြောလာပြန်သည်။
အစားကြီးတဲ့ ဝက်ပုတ်လေးပဲ။

" ဒါပေါ့ ကိုကြီးနောက်ရက်လည်း ချက်ကျွေးမယ်နော်..အဘကကော ဒီနေ့ထမင်းစားမြိန်ရဲ့လား ဘာစားချင်လဲ နောက်နေ့ ကျုပ်ဘာချက်ကျွေးရမလဲ"

"အမူးသမားရဲ့ လက်ရာကတော့ အရင်အတိုင်း.. စားကောင်းနေတာပဲ မင်း အလုပ်နဲ့ ဟင်းချက်တာတော့တော်သားပဲကွ ဟမ်...ငါ့သား"

"အဘရာ... ကျုပ်တော်တာတွေမှအများကြီးပါ။အဘ ကသာမသိလို့.."

ကျုပ်ပြောတော့ အဘက သဘောကျသလိုခေါင်းတဆတ်ဆတ်ညိမ့်၏။
ကျုပ်ပြောတဲ့အထဲ ရယ်စရာများပါသွားလို့လား။
ထမင်းစားသောက်ပြီးတော့ ကျုပ်ကအိမ်ရှေ့ရေစည်ကိုသွားပြီး ပန်းကန်တွေသွားဆေးတယ်။
အိမ်ပေါ်ပြန်တတ်လာတော့ ဖိုးခွားက အဘ နားကပ်ပြီးဘာတွေကပ်ချွဲနေလည်းမသိ။

"ဖိုးခွား...အဘကို ဘာတွေပူဆာနေတာလဲ"

"သွား...ဖိုးခွား ပြောချင်တာ အဘကို ခွင့်မတောင်းနဲ့ သားကိုကြီးဂမုန်းကို သွားခွင့်တောင်းချေ.."

အဘက ပြောတော့ဖိုးခွားက ကျုပ်ဆီကိုလာပြီး ကျုပ်တိုတိုဝတ်ထားတဲ့ပုဆိုးစကိုလာဆွဲတယ်။

"တိုကြီးဂမုန်း...တား တိုကြီးသစ်မင်းတို့အိမ်တွားချင်ယို့..."

"မရဘူး....ဖိုးခွား သားအဲ့ကောင်အိမ်ကိုမသွားရဘူး ကိုကြီးခွင့်မပြုဘူး.."

ဖိုးခွား မျက်ရည်တွေဝဲပြီး ကျုပ်ကိုမော့ကြည့်သည်။
စိတ်ထဲမကောင်းပေမယ့် ဟိုကောင်..ခွေးသူတောင်းစားနဲ့မပတ်သတ်စေချင်ပါ။ဖိုးခွားလေးကို မွေးစားရဖို့တောင်ကျုပ်မှာ အဲ့ကျက်သတုန်းကောင်နဲ့မနည်းယှဥ်ပြိုင်ထားရတာ။
ခွင့်မပြုနိုင်ဘူး...လုံးဝသွားခွင့်မပြုနိုင်ဘူး။

"ဟူးးးးးဖိုးခွား.. "

" ဂျာ..."

ခေါင်းလေးငုံ့ပြီးထူးရှာသည်။ကျုပ်ကဘယ်လိုစိတ်နဲ့ ပစ်ပယ်ထားရက်မှာလဲ။

"ကိုကြီး သစ်မင်းတို့အိမ် သွားချင်ရင်သွား.. ဒါပေမယ့် အိပ်ချိန်တော့ပြန်လာရမယ်နော်..."

"တကယ်ယား...တိုကြီး ရေးးးးးဒါမှတို့တိုကြီးဂမုန်းကွ...အဲ့ဒါဆို တားသွားတော့မယ်ညော်.."

သစ်မင်းမောင်အိမ်သွားတာ သူဖအေအိမ်သွားတာကျနေတာပဲ အနောက်တောင်ပြန်လှည့်မကြည့်ဘူး။ခွေးသားလေး။

ကျုပ်လည်း အဘနဲ့အတူ မိုးစပါးအကုန် နွေစပါးပြန်စိုက်ဖို့အကြောင်းလေးတွေဆွေးနွေးတာပေါ့။
အဘက ကျုပ်သဘောအတိုင်းပဲလုပ်တဲ့ သူကအသက်ကြီးနေပြီမို့ အေးဆေးနေချင်ပြီတဲ့လေ။
အဘနဲ့လည်းစီးပွားရေးဆွေးနွေးလို့မရတာကြောင့် ညနေကထန်းတောကအပြန်ဝယ်လာတဲ့ ထန်းရည်အခါး အိုးလေးကိုတစ်ကျိုက်တစ်လေမော့နေတာပေါ့ဗျာ။

"သားဂမုန်း ထန်းရည်တွေလျော့သောက်စမ်းပါကွာ မင်းအသက်၂၅ဖြစ်နေပြီ ဒီခွေးမသောက်တဲ့အရည်တွေကိုစွန့်လွှတ်လိုက်ပါတော့လား"

"အဘရယ် ဒီအရည်တွေခွေးမသောက်ပေမယ့် ဟောဒီက ယမကာဂမုန်း သောက်တယ်လေဗျာ...ခွေးကကောင်းမှန်းမသိသေးလို့ပါဗျာ... ကျုပ်ဆိုကြည့်လိုက်ပါလား ထန်ရည်ကောင်းမှန်းသိတော့သောက်တယ် သောက်တော့မူးတယ်၊မူးတော့ကောင်းတာပေါ့..."

"အေးပါကွာ အေးပါ မင်းသဘောပါ။ငါကမင်းလုပ်စာထိုင်စားနေတော့ မင်းကိုသိပ်မပြောရဲဘူး..တော်ကြာငါ့ကိုထမင်းအငတ်ထားနေမှဖြင့်.."

"အဘရယ် ကျုပ်ထမင်းအငတ်ထားတော့ရောအရေးလား ရွာဦးဘုန်းတော်ကြီးကျောင်းရှိနေတာပဲ အဘ တရားစခန်းဝင်လိုက်လေ အဲ့ဆိုထမင်းမငတ်တော့ဘူး.."

"ဒီကောင်ကွာ...ဖအေလုပ်သူကိုတောင် တရားစခန်းဝင်ခိုင်းနေတာ အတော်တော့ဆိုးနေပါပြီ.."

အဘက ကျုပ်လိုအမူးသမားကိုမနိုင်ဘူးဆိုတဲ့ပုံစံနဲ့ခေါင်းခါတယ်။
ကျုပ်ကလည်း အဘကို မလွယ်ဘူးဆိုတဲ့အကြည့်နဲ့ပြန်ကြည့်လိုက်တယ်။

"အီးးးးးဟီးးးးးးးဗြဲ...တိုကြီးဂမုန်း ရေ...!!!"

အိမ်ရှေမှာ ဖိုးခွားတစ်ယောက်ငိုပြီးပြန်လာတယ်။ဘာများဖြစ်လာပါလိမ့်။
ကြည့်ရတာ ဟိုခွေးသူတောင်းစား ကလေးကိုစလိုက်ပြန်ပြီထင်တယ်။

"ဟာ...ဖိုးခွား ကိုကြီးဆီလာ ဘာလိုငိုလာတာလဲကွ ဟမ်... ဟိုကောင် သစ်မင်းမောင် သားကိုစလိုက်တာလား"

"အီးးးးးတိုကြီးသစ်မင်းက တားကိုပြောတယ် တိုကြီးဂမုန်း ကတားကိုတကယ်မချစ်ဘူးတဲ့။ပြီးတော့ ပြောတေးတယ် တားကိုလှည်းလမ်းကျောင်းက ကောက်ထားတာလို့ပြောတယ်..အီးးးး"

မျက်ရည်တွေဘူးသီးလုံးလောက်ကျကာ နှုတ်ခမ်းလေးထော်ထော်ပြီးတိုင်နေတာ တကယ်ကိုအူယားစရာလေးပါ။
ထုံးစံအတိုင်း ဟိုခွေးကောင် ကလေးကိုသကြားလုံးပေးပြီးစလိုက်ပြန်တာကိုး။ဘာကြောင့်ဆို ဖိုးခွားလေးလက်ထဲဆုတ်ထားတဲ့မာလကာအရသာ သကြားလုံးလေး၃ လုံးကိုဂမုန်း ကြည့်တာနဲ့သိသည်။

"အေးအေး.. ကိုကြီး အဲ့ကောင်ကိုအခုပဲသွားပြောလိုက်မယ်နော် ဖိုးခွားလေးကမငိုနဲ့တော့ မနက်ကျရင်ခေါင်းကိုက်နေလိမ့်မယ် ဟုတ်ပြီလား.. "

"ဟုတ်ကဲ့... "

"ဖိုးခွား.. လာအဘဆီ အဘနဲ့တူတူဒီညအိပ်ကြမယ်"

အဘ ခေါ်တော့ အဘဆီသွားပြီးအခန်းထဲဝင်သွားကြသည်။ကျုပ်လည်း ထန်းရည်အိုးကိုဘေးချကာ စွပ်ကျယ်အဖြူတစ်ထည်ကိုဝတ်ပြီး ဘဂျမ်းပုဆိုးခပ်နွမ်းနွမ်းကိုပြင်ဝတ်ကာ လက်နှိပ်ဓာတ်မီးယူပြီး အိမ်ရှေ့ကဟိုခွေးသူတောင်းစား သစ်မင်းမောင်အိမ်ကိုထွက်ခဲ့၏။
အိမ်ရှေ့ခြံတခါးပိတ်ထားတာကြောင့် ခြံစည်းရိုးကာရံထားတဲ့ပုဏ္ဍာရိပ်ပင်တွေကိုခွကျော်ပြီး ဟိုကောင်အိမ်ခန်းဖြစ်တဲ့နောက်ဖေးအပေါက်ကတံခါးကိုအသာခေါက်လိုက်သည်။

"ဒေါက်...ဒေါက်...!!"

"ဘယ်သူလဲ...!"

အခန်းထဲက သစ်မင်းမောင် ကပြန်မေးသည်။သစ်မင်းသိသည်ပေါ့ ဒါဟိုကောင်ဂမုန်းဆိုတာ။ဖိုးခွားကိုစလိုက်လို့ ရန်လာတွေ့တာထင်ပါရဲ့။
ဟက်..ဒီကောင် ဖိုးခွားကိုစလိုက်တိုင်း ရန်လာလာတွေ့တာ ဖိုးခွား လမ်းစလျှောက်ခါစကအခုထိဖြစ်သည်။
သူလည်းနောက်ဖေးအပေါက်ကဆင်းပြီး ခြံထဲလျှောက်သွားလိုက်၏။
အမှောင်ရိပ်ထဲ ရပ်နေတဲ့ဂမုန်းက မသိရင် စွပ်ကျယ်အဖြူတစ်ထည်လှန်းထားသလိုပင်။
ယမကာဂမုန်း ကအသားမမည်းပါ။သူကအသားညိုတာ။အလုပ်ကြမ်းလည်းလုပ်ကတာမို့ ကျွန်တော့်ထက်တောင် ပိုပြီးကြွက်သားတွေရှိသေးတယ်။

"ပြော..ဟေ့ကောင် ငါ့ခြံထဲဘာလာလုပ်တာလဲ"

"ဟက်...ငါကလည်းလာချင်လို့လာတာထင်မနေနဲ့ မင်းဘာလို့ဖိုးခွားကိုစလိုက်ပြန်တာလည်း ကလေးကငိုပြီးပြန်လာတယ်"

"မင်းကလေးကိုနောက်မစနဲ့ကွာ ငါမကြိုက်ဘူး"

"ဒါပေမယ့် မောင် ကကြိုက်တယ်လေ.."

"ဘာ...!!"

"သြော်...ဒါပေမယ့် ငါကဖိုးခွားကိုစရတာကြိုက်တယ်လို့ပြောတာ.."

"မင်းရဲ့အဲ့စောက်ချိုးတွေကြောင့် ငါကလေးကိုမင်းအိမ်မလွှတ်ချင်တာ ဦးလေးဘသောင်းကချစ်သလောက် မင်းကသိပ်အစသန်တာပဲ။ဒါပဲနော်ဟျောင့်...နောက်တစ်ခါကလေးကိုစရင် မင်းထမင်း၁ပတ်လောက်စားမရအောင်ငါထိုးမှာ."

"ငါက မထိုးချင်ပဲ တစ်ခြားဟာလုပ်ချင်တာဆိုရင်ကော.."

သစ်မင်း ကပြီတည်တည်မျက်နှာဘေးနဲ့ပြောလာ၏။
ဂမုန်း ကလည်း ယဥ်ယဥ်လေးသာပြန်ဆဲသည်။

"ီးပဲရမယ်...ခွေးကောင်..!!"

ဂမုန်းလည်း လက်နှိပ်ဓာတ်မီးကိုဖွင့်ပြီးပြန်ရန်အနောက်လှည့်လိုက်သည်။
ခြံထောင့်နားမှာ စိုက်ထားတဲ့ ဂမုန်းပင်တွေ။
ဘာလဲ ဒီကောင်လည်း ငါ့လိုဂမုန်းပင်တွေကြိုက်တာလား။
ဝါးးးးးလှလိုက်တဲ့ ဂမုန်းပင်တွေ။
သူအချိန်အတော်ကြာ ရပ်နေမိသည်။အခုချိန်သူမျက်စိထဲမြင်နေတာ ရှေ့ကဂမုန်းပင်တွေသာရှိသည်။

" ဟျောင့်... မင်းမပြန်သေးပဲဘာရပ်လုပ်နေတာလဲ.."

"အမ်...အေးပါ....ဟို... ပြန်ပြီကွာ.."

ဂမုန်းလည်း အလာတုန်းကအတိုင်း ခြံစည်းရိုးကိုကျော်ပြီးပြန်ထွက်ခဲ့သည်။သူ့ရဲစိတ်အစုံတော့ သစ်မင်းမောင် စိုက်ထားတဲ့ဂမုန်းပင်တွေဆီမှာသာရှိသည်။

🍁🍁🍁🍁

ရေးးးးးကိုယ်ပျောက်ပင့်ကူ ပြန်လာပါပြီ😁မနေ့ကမအားလို့မတင်လိုက်ရဘူး Updated တစ်ရက်ခြားပါ ဘာလို့ဆို "မေတ္တာစစ်ဖြင့်လက်ထပ်ခြင်း "လည်းUpရမှာမို့ပါ။
ဘိုင့်...ဘိုင် ပြန်ပြီး ကိုယ်ပျောက်လိုက်ဦးမယ်။

ပင့်ကူအိမ် 🕸

                          Zawgyi

"ေရာ့...ဒါ အဘအတြက္.."

" ဒါက ေဟာဒီက ဖိုးခြားအတြက္.."

ငါးရံ႕ဆီျပန္ဟင္းကို အဘကိုအရင္ဦးခ်ၿပီး ဖိုးခြားေလးကိုအသားေလးေတြႏႊင္ကာ ဖဲ့ထည့္ေပးသည္။
ဖိုးခြားေလးက ငါးဟင္းဆိုသိပ္ႀကိဳက္ရွာသည္။အဲ့ဒါေၾကာင့္ က်ဳပ္လည္း ႏြားေတြဘာေတြေက်ာင္းၿပီးရင္ အခ်ိဳ႕ေရတင္ထားတဲ့လယ္ေတြထဲ ငါးဖမ္းထြက္ျဖစ္သည္။
တစ္ခါတစ္ေလ အဖူးတို႔ ပုစြန္ကန္မွ ပုစြန္ထုတ္ႀကီးေတြ အဘနဲ႕ဖိုးခြားေလးအတြက္ဝယ္ခ်က္ေပးျဖစ္သည္။
က်ဳပ္ကေတာ့ ႀကဳံရင္ႀကဳံတာနဲ႕သာစားသည္။
အခုလည္းၾကည့္ပါလား သူအရမ္းႀကိဳက္တဲ့ငါးဟင္းကို က်ဳပ္ကထည့္ေပးလို႔မ်က္လုံးေပါက္ေလးေတြပိတ္ေအာင္းၿပဳံးျပေနေလရဲ႕။

ရင္နင့္ေအာင္ခ်စ္ရပါတယ္ ဖိုးခြားေလးရယ္။

"စားေကာင္းလား... ဖိုးခြားေလး.."

"ဟုတ္တဲ့...ခ်ားေကာင္းတယ္ တိုႀကီးဂမုန္း..ေနာက္ရက္လည္း တားကိုခ်က္ေကြၽးဦးေနာ္.."

ထမင္းကိုပလုတ္ပေလာင္းထိုးသြတ္ၿပီး ေျပာလာျပန္သည္။
အစားႀကီးတဲ့ ဝက္ပုတ္ေလးပဲ။

" ဒါေပါ့ ကိုႀကီးေနာက္ရက္လည္း ခ်က္ေကြၽးမယ္ေနာ္..အဘကေကာ ဒီေန႕ထမင္းစားၿမိန္ရဲ႕လား ဘာစားခ်င္လဲ ေနာက္ေန႕ က်ဳပ္ခ်က္ေကြၽးရမလဲ"

"အမူးသမားရဲ႕ လက္ရာကေတာ့ အရင္အတိုင္း.. စားေကာင္းေနတာပဲ မင္း အလုပ္နဲ႕ ဟင္းခ်က္တာေတာ့ေတာ္သားပဲကြ ဟမ္...ငါ့သား"

"အဘ သားေတာ္တာေတြအမ်ားႀကီးပါ။အဘ ကသာမသိလို႔.."

က်ဳပ္ေျပာေတာ့ အဘက သေဘာက်သလိုေခါင္းတဆတ္ဆတ္ညိမ့္၏။
က်ဳပ္ေျပာတဲ့အထဲ ရယ္စရာမ်ားပါသြားလို႔လား။
ထမင္းစားေသာက္ၿပီးေတာ့ က်ဳပ္ကအိမ္ေရွ႕ေရစည္ကိုသြားၿပီး ပန္းကန္ေတြသြားေဆးတယ္။
အိမ္ေပၚျပန္တတ္လာေတာ့ ဖိုးခြားက အဘ နားကပ္ၿပီးဘာေတြကပ္ခြၽဲေနလည္းမသိ။

"ဖိုးခြား...အဘကို ဘာေတြပူဆာေနတာလဲ"

"သြား...ဖိုးခြား ေျပာခ်င္တာ အဘကို ခြင့္မေတာင္းနဲ႕ သားကိုႀကီးဂမုန္းကို သြားခြင့္ေတာင္းေခ်.."

အဘက ေျပာေတာ့ဖိုးခြားက က်ဳပ္ဆီကိုလာၿပီး က်ဳပ္တိုတိုဝတ္ထားတဲ့ပုဆိုးစကိုလာဆြဲတယ္။

"တိုႀကီးဂမုန္း...တား တိုႀကီးတစ္မင္းတို႔အိမ္တြားခ်င္ယို႔..."

"မရဘူး....ဖိုးခြား သားအဲ့ေကာင္အိမ္ကိုမသြားရဘူး ကိုႀကီးခြင့္မျပဳဘူး.."

ဖိုးခြား မ်က္ရည္ေတြဝဲၿပီး က်ဳပ္ပိုေမာ့ၾကည့္သည္။
စိတ္ထဲမေကာင္းေပမယ့္ ဟိုေကာင္ေခြးသူေတာင္းစားနဲ႕မပတ္သတ္ေစခ်င္ပါ။ဖိုးခြားေလးကို ေမြးစားရဖို႔ေတာင္က်ဳပ္မွာ အဲ့က်ပ္သတုန္းေကာင္နဲ႕မနည္းယွဥ္ၿပိဳင္ထားရတာ။
ခြင့္မျပဳနိုင္ဘူး...လုံးဝသြားခြင့္မျပဳနိုင္ဘူး။

"ဟူးးးးးဖိုးခြား.. "

" ဂ်ာ..."

ေခါင္းေလးငုံ႕ၿပီးထူးရွာသည္။က်ဳပ္ကဘယ္လိုစိတ္နဲ႕ ပစ္ပယ္ထားရက္မွာလဲ။

"ကိုႀကီး သစ္မင္းတို႔အိမ္ သြားခ်င္ရင္သြား.. ဒါေပမယ့္ အိပ္ခ်ိန္ေတာ့ျပန္လာရမယ္ေနာ္..."

"တကယ္ယား...တိုႀကီး ေရးးးးးဒါမွတို႔တိုႀကီးဂမုန္းကြ...အဲ့ဒါဆို တားသြားေတာ့မယ္ေညာ္.."

သစ္မင္းေမာင္အိမ္သြားတာ သူဖေအအိမ္သြားတာက်ေနတာပဲ အေနာက္ေတာင္ျပန္လွည့္မၾကည့္ဘူး။ေခြးသားေလး။

က်ဳပ္လည္း အဘနဲ႕မိုးစပါးအကုန္ ႏြေစပါးျပန္စိုက္ဖို႔အေၾကာင္းေလးေတြေဆြးႏြေးတာေပါ့။
အဘက က်ဳပ္သေဘာအတိုင္းပဲလုပ္တဲ့ သူကအသက္ႀကီးေနၿပီမို႔ ေအးေဆးေနခ်င္ၿပီတဲ့ေလ။
အဘနဲ႕လည္းစီးပြားေရးေဆြးႏြေးလို႔မရတာေၾကာင့္ ညေနကထန္းေတာကအျပန္ဝယ္လာတဲ့ ထန္းရည္အခါး အိုးေလးကိုတစ္က်ိဳက္တေလေမာ့ေနတာေပါ့ဗ်ာ။

"သားဂမုန္း ထန္းရည္ေတြေလ်ာ့ေသာက္စမ္းပါကြာ မင္းအသက္၂၅ျဖစ္ေနၿပီ ဒီေခြးမေသာက္တဲ့အရည္ေတြကိုစြန့္လြတ္လိုက္ပါေတာ့လား"

"အဘရယ္ ဒီအရည္ေတြေခြးမေသာက္ေပမယ့္ ေဟာဒီက ယမကာဂမုန္း ေသာက္တယ္ေလ။ေခြးကေကာင္းမွန္းမသိေသးလို႔ပါဗ်ာ... က်ဳပ္ဆိုၾကည့္လိုက္ပါလား ထန္ရည္ေကာင္းမွန္းသိေတာ့ေသာက္တယ္ ေသာက္ေတာ့မူးတယ္၊မူးေတာ့ေကာင္းတာေပါ့..."

"ေအးပါကြာ ေအးပါ မင္းသေဘာပါ။ငါကမင္းလုပ္စာထိုင္စားေနေတာ့ မင္းကိုသိပ္မေျပာရဲဘူး..ေတာ္ၾကာငါ့ထမင္းအငတ္ထားေနမွျဖင့္.."

"အဘရယ္ က်ဳပ္ထမင္းအငတ္ထားေတာ့ေရာအေရးလား ႐ြာဦးဘုန္းေတာ္ႀကီးေက်ာင္းရွိေနတာပဲ အဘ တရားစခန္းဝင္လိုက္ေလ အဲ့ဆိုထမင္းမငတ္ေတာ့ဘူး.."

"ဒီေကာင္ကြာ...ဖေအလုပ္သူကိုေတာင္ တရားစခန္းဝင္ခိုင္းေနတာ အေတာ္ေတာ့ဆိုးေနပါၿပီ.."

အဘက က်ဳပ္လိုအမူးသမားကိုမနိုင္ဘူးဆိုတဲ့ပုံစံနဲ႕ေခါင္းခါတယ္။
က်ဳပ္ကလည္း အဘကို မလြယ္ဘူးဆိုတဲ့အၾကည့္နဲ႕ျပန္ၾကည့္လိုက္တယ္။

"အီးးးးးဟီးးးးးးးၿဗဲ...တိုႀကီးဂမုန္း ေရ...!!!"

အိမ္ေရွမွာ ဖိုးခြားတစ္ေယာက္ငိုၿပီးျပန္လာတယ္။ဘာမ်ားျဖစ္လာပါလိမ့္။
ၾကည့္ရတာ ဟိုေခြးသူေတာင္းစား ကေလးကိုစလိုက္ျပန္ၿပီထင္တယ္။

"ဟာ...ဖိုးခြား ကိုႀကီးဆီလာ ဘာလိုငိုလာတာလဲကြ ဟမ္ ဟိုေကာင္ သစ္မင္းေမာင္ သားကိုစလိုက္တာလား"

"အီးးးးးတိုႀကီးတစ္မင္းက တားကိုေျပာတယ္ တိုႀကီးဂမုန္း ကတားကိုတကယ္မခ်စ္ဘူးတဲ့။ၿပီးေတာ့ ေျပာေတးတယ္ တားကိုလွည္းလမ္းေက်ာင္းက ေကာက္ထားတာလို႔ေျပာတယ္..အီးးးး"

မ်က္ရည္ေတြဘူးသီးလုံးေလာက္က်ကာ ႏႈတ္ခမ္းေလးေထာ္ေထာ္ၿပီးတိုင္ေနတာ တကယ္ကိုအူယားစရာေလးပါ။
ထုံးစံအတိုင္း ဟိုေခြးေကာင္ ကေလးကိုသၾကားလုံးေပးၿပီးစလိုက္ျပန္တာကိုး။ဘာေၾကာင့္ဆို ဖိုးခြားေလးလက္ထဲဆုတ္ထားတဲ့မာလကာ သၾကားလုံးေလး၃ လုံးကိုဂမုန္း ၾကည့္တာနဲ႕သိသည္။

"ေအးေအး.. ကိုႀကီး အဲ့ေကာင္ကိုအခုပဲသြားေျပာလိုက္မယ္ေနာ္ ဖိုးခြားေလးကမငိုနဲ႕ေတာ့ မနက္က်ရင္ေခါင္းကိုက္ေနလိမ့္မယ္ ဟုတ္ၿပီလား.. "

"ဟုတ္ကဲ့... "

"ဖိုးခြား.. လာအဘဆီ အဘနဲ႕တူတူဒီညအိပ္ၾကမယ္"

အဘ ေခၚေတာ့ အဘဆီသြားၿပီးအခန္းထဲဝင္သြားၾကသည္။က်ဳပ္လည္း ထန္းရည္အိုးကိုေဘးခ်ကာ စြပ္က်ယ္အျဖဴတစ္ထည္ကိုဝတ္ၿပီး ဘဂ်မ္းပုဆိုးခပ္ႏြမ္းႏြမ္းကိုျပင္ဝတ္ကာ လက္ႏွိပ္ဓာတ္မီးယူၿပီး အိမ္ေရွ႕ကဟိုေခြးသူေတာင္းစား သစ္မင္းေမာင္အိမ္ကိုထြက္ခဲ့၏။
အိမ္ေရွ႕ၿခံတခါးပိတ္ထားတာေၾကာင့္ ၿခံစည္းရိုးကာရံထားတဲ့ပု႑ရိပ္ပင္ေတြကိုခြေက်ာ္ၿပီး ဟိုေကာင္အိမ္ခန္းျဖစ္တဲ့ေနာက္ေဖးအေပါက္ကတံခါးကိုအသာေခါက္လိုက္သည္။

"ေဒါက္...ေဒါက္...!!"

"ဘယ္သူလဲ...!"

အခန္းထဲက သစ္မင္းေမာင္ ကျပန္ေမးသည္။သစ္မင္းသိသည္ေပါ့ ဒါဟိုေကာင္ဂမုန္းဆိုတာ။ဖိုးခြားကိုစလိုက္လို႔ ရန္လာေတြ႕တာထင္ပါရဲ႕။
ဟက္..ဒီေကာင္ ဖိုးခြားကိုစလိုက္တိုင္း ရန္လာလာေတြ႕တာ ဖိုးခြား လမ္းစေလွ်ာက္ခါစကအခုထိျဖစ္သည္။
သူလည္းေနာက္ေဖးအေပါက္ကဆင္းၿပီး ၿခံထဲေလွ်ာက္သြားလိုက္၏။
အေမွာင္ရိပ္ထဲ ရပ္ေနတဲ့ဂမုန္းက မသိရင္ စြပ္က်ယ္အျဖဴတစ္ထည္လွန္းထားသလိုပင္။
ယမကာဂမုန္း ကအသားမမည္းပါ။သူကအသားညိုတာ။အလုပ္ၾကမ္းလည္းလုပ္ကတာမို႔ ကြၽန္ေတာ့္ထက္ေတာင္ ပိုၿပီးႂကြက္သားေတြရွိေသးတယ္။

"ေျပာ..ေဟ့ေကာင္ ငါ့ၿခံထဲဘာလာလုပ္တာလဲ"

"ဟက္...ငါကလည္းလာခ်င္လို႔လာတာထင္မေနနဲ႕ မင္းဘာလို႔ဖိုးခြားကိုစလိုက္ျပန္တာလည္း ကေလးကငိုၿပီးျပန္လာတယ္"

"မင္းကေလးကိုေနာက္မစနဲ႕ကြာ ငါမႀကိဳက္ဘူး"

"ဒါေပမယ့္ ေမာင္ ကႀကိဳက္တယ္ေလ.."

"ဘာ...!!"

"ေၾသာ္...ဒါေပမယ့္ ငါကဖိုးခြားကိုစရတာႀကိဳက္တယ္လို႔ေျပာတာ.."

"မင္းရဲ႕အဲ့ေစာက္ခ်ိဳးေတြေၾကာင့္ ငါကေလးကိုမင္းအိမ္မလႊတ္ခ်င္တာ ဦးေလးဘေသာင္းကခ်စ္သေလာက္ မင္းကသိပ္အစသန္တာပဲ။ဒါပဲေနာ္ေဟ်ာင့္...ေနာက္တစ္ခါကေလးကိုစရင္ မင္းထမင္း၁ပတ္ေလာက္စားမရေအာင္ငါထိုးမွာ."

"ငါက မထိုးခ်င္ပဲ တစ္ျခားဟာလုပ္ခ်င္တာဆိုရင္ေကာ.."

သစ္မင္း ကၿပီတည္တည္မ်က္ႏွာေဘးနဲ႕ေျပာလာ၏။
ဂမုန္း ကလည္း ယဥ္ယဥ္ေလးသာျပန္ဆဲသည္။

"ီးပဲရမယ္...ေခြးေကာင္..!!"

ဂမုန္းလည္း လက္ႏွိပ္ဓာတ္မီးကိုဖြင့္ၿပီးျပန္ရန္အေနာက္လွည့္လိုက္သည္။
ၿခံေထာင့္နားမွာ စိုက္ထားတဲ့ ဂမုန္းပင္ေတြ။
ဘာလဲ ဒီေကာင္လည္း ငါ့လိုဂမုန္းပင္ေတြႀကိဳက္တာလား။
ဝါးးးးးလွလိုက္တဲ့ ဂမုန္းပင္ေတြ။
သူအခ်ိန္အေတာ္ၾကာ ရပ္ေနမိသည္။အခုခ်ိန္သူမ်က္စိထဲျမင္ေနတာ ေရွ႕ကဂမုန္းပင္ေတြသာရွိသည္။

" ေဟ်ာင့္... မင္းမျပန္ေသးပဲဘာရပ္လုပ္ေနတာလဲ.."

"အမ္...ေအးပါ....ဟို... ျပန္ၿပီကြာ.."

ဂမုန္းလည္း အလာတုန္းကအတိုင္း ၿခံစည္းရိုးကိုေက်ာ္ၿပီးျပန္ထြက္ခဲ့သည္။သူ႕ရဲစိတ္အစုံေတာ့ သစ္မင္းေမာင္ စိုက္ထားတဲ့ဂမုန္းပင္ေတြဆီမွာသာရွိသည္။

🍁🍁🍁🍁

ေရးးးးးကိုယ္ေပ်ာက္ပင့္ကူ ျပန္လာပါၿပီ😁မေန႕ကမအားလို႔မတင္လိုက္ရဘူး Updated တစ္ရက္ျခားပါ ဘာလို႔ဆို "ေမတၱာစစ္ျဖင့္လက္ထပ္ျခင္း "လည္းUpရမွာမို႔ပါ။
ဘိုင့္...ဘိုင္ ျပန္ၿပီး ကိုယ္ေပ်ာက္လိုက္ဦးမယ္။

ပင့္ကူအိမ္ 🕸

Continue Reading

You'll Also Like

228K 8.5K 38
ဖီးနစ်ငှက်တစ်ကောင်ရဲ့ ရင်ကွဲမတတ်အော်ဟစ်သံဟာ လောင်ကျွမ်းအံ့ဆဲဆဲ အတောင်ပံတွေနဲ့အတူ ပျောက်ကွယ်ပျက်စီးသွားတော့မယ့်အချိန်မှာ ငါဟာ မင်းနဲ့နောက်တစ်ကြိမ်...
234K 6.2K 64
"ပူတင်းလေးကဘာလဲ" "ကိုကို့အပိုင်" "ကိုကိုတို့ကရောဘာလဲ " "မောင်နှမ" "ဟာ..."
966K 83.1K 126
credit to original author Shui Qian Cheng. This story belongs to Rosy0513 . I am just a translator. This cover photo is not belong to me.
441K 26.8K 65
သောက်မြင်ကပ်ပုဒ်မဖြင့်လက်ထပ်ယူရန်ဂျစ်တူးတစ်ယောက်အားရွာသို့ခေါ်လာမိသောအခါ(╥﹏╥) #photo crd အပိုင်း5က အပိုင်း20ရဲ့အောက်မှာရှိပါတယ်..