မေတ္တာတစ်မိုးအောက်က ဦးရဲ့အကြင...

By harley__robbie

240K 4.1K 88

​" နှလုံးသားရဲ့အနက်ရှိုင်းဆုံးနေရာမှာ ၁၅၀၀ နဲ့ ၅၂၈ သီအိုရမ်မေတ္တာအစုအပုံတွေ တစ်စတစ်စ ပေါက်ဖွားလာတယ်။ အဲဒါဘယ်သ... More

To Dear Honeys 🍯
✽ အပိုင်း ၁ ✽
✽ အပိုင်း ၂ ✽
✽ အပိုင်း ၃ ✽
✽ အပိုင်း ၄ ✽
✽ အပိုင်း ၅ ✽
Thein Mwae San Nwe's Art
Nay Han Mine's Art
✽ အပိုင်း ၆ ✽
✽ အပိုင်း ၇ ✽
✽ အပိုင်း ၈ ✽
✽ အပိုင်း ၉ ✽
✽ အပိုင်း ၁၀ ✽
✽ အပိုင်း ၁၁ ✽
✽ အပိုင်း ၁၂ ✽
✽ အပိုင်း ၁၃ ✽
✽ အပိုင်း ၁၄ ✽
✽ အပိုင်း ၁၅ ✽
✽ အပိုင်း ၁၆ ✽
✽ အပိုင်း ၁၇ ✽
✽ အပိုင်း ၁၈ ✽
✽ အပိုင်း ၁၉ ✽
✽ အပိုင်း ၂၀ ✽
✽ အပိုင်း ၂၁ ✽
✽ အပိုင်း ၂၂ ✽
✽ အပိုင်း ၂၃ ✽
✽ အပိုင်း ၂၄ ✽
✽ အပိုင်း ၂၆ ✽
✽ အပိုင်း ၂၇ ✽
✽ အပိုင်း ၂၈ ✽
✽ အပိုင်း ၂၉ ✽
✽ အပိုင်း ၃၀ ✽
✽ အပိုင်း ၃၁ ✽ (ဇာတ်သိမ်းပိုင်း)
PDF File version (Unicode)
New OC Fiction Announcement (Unicode)
1 (Zaw)
2 (Z)
3 (Z)
4 (Z)
5 (Z)
6 (Z)
7 (Z)
8 (Z)
9 (Z)
10 (Z)
11 (Z)
12 (Z)
13 (Z)
14 (Z)
15 (Z)
16 (Z)
17 (Z)
18 (Z) 🔞⚠️‼️
19 (Z)
20 (Z)
21 (Z)
22 (Z) 🔞
23 (Z)
24 (Z)
25 (Z) 🔞
26 (Z) 🔞
27 (Z)
28 (Z)
29 (Z)
30 (Z)
31 (Z) Final Part
PDF File Ver (Zawgyi)
New OC Fiction Announcement (Zawgyi)

✽ အပိုင်း ၂၅ ✽

7.4K 80 0
By harley__robbie


(မှတ်ချက်။ ။ ဒီအခန်းက Crime scene တွေ လူသတ်ခန်းတွေမပါဝင်ထားဘဲ ပညာပေးတွေနဲ့ Erotic Romance သက်သက်ဖြစ်ပါတယ်။)

အသူရိန်နေမင်းကြီးက ပင်လယ်ကမ်းခြေထက်ဝယ် တဖြည်းဖြည်းမြှင့်တက်လာသည်။ ပင်လယ်လှိုင်းလုံးများ၏ရိုက်ခတ်သံများကလည်း ကမ်းခြေတစ်လျှောက်ဝေဆာနေ၏။ ပင်လယ်ရေတို့ဖြင့် စိုစွတ်နေသောသဲသောင်ပြင်ပေါ်တွင် ခရု၊ကဏန်းလေးများက လှုပ်ရှားသွားလာနေကြသည်။ နှစ်ချို့အုန်းပင်များကလည်း လေအေးတို့အဝှေ့တွင် ဘယ်ညာယိမ်းယိုင်နေကြလျက်။

ညကတစ်ညလုံး နှစ်ယောက်သား ပျော့အိအိမွေ့ရာထက်က အချစ်ကမ္ဘာထဲမှာ ရမ္မက်ညဉ်းသံလေးများဝေဆာနေခဲ့ကြသဖြင့် ယခုနံနက်ခင်းထိမနိုးထနိုင်ကြသေးဘဲ နှစ်ခြိုက်စွာ အိပ်စက်နေကြဆဲဖြစ်၏။ သို့သော် မကြာခင်တွင် နေဟန်မှိုင်းမှာ မျက်လုံးနှစ်လုံးပွင့်လာခဲ့သည်။ သူ့ဘေးနားမှာ ကျောပေးအိပ်နေသော သိမ်မွေ့စံနွယ်ကိုမြင်လျှင် ညကကြည်နူးရင်ခုန်စရာအခိုက်အတန့်လေးများကို ပြန်မြင်ယောင်နေခဲ့သည်။

မြတ်နိုးရသူ အမျိုးသမီးလေးကို ပထမဦးဆုံးပန်းခြွေခဲ့သည့်အခိုက်အတန့်က သူ့အတွက်စိတ်ချမ်းသာရသလို နည်းနည်းတော့တာဝန်ကြီးခဲ့သည်။ သူ့အမျိုးသမီးလေး နောင်တရနေမှာကိုလည်းစိုးရိမ်မိသဖြင့် ဆန္ဒပါမပါကိုအကြိမ်ကြိမ်မေးမြန်းပြီးမှ နှစ်ဦးနှစ်ဖက် အပေးအယူမျှစွာ အချစ်လှေကလေးကိုအတူတူ လှော်ခတ်ရင်း အထွတ်အထိပ်သို့ရောက်သည်အထိ ခရီးနှင်ခဲ့ကြသည်။

နေဟန်မှိုင်းအတွက် သိမ်မွေ့စံနွယ်၏အချစ်စိတ်နိုးကြွနေသည့်မျက်နှာအမူအရာလေးများနှင့် သူမ၏အော်ညဉ်းသံလေးများက အလွန်ချစ်စရာကောင်းလွန်းခဲ့ပြီး ကြည်နူးပီတိဖြစ်စရာ၊ နားဝင်ချိုစရာပင်။ မည်သို့ပင်ဆိုစေကာမူ သူမက စာချုပ်နှင့်လက်မှတ်ထိုးထားသော တရားဝင်ဇနီးမယားမဖြစ်သေးသော်ငြား ယခုတွင်မူ သူ၏နှလုံးသားက ထာဝရသတ်မှတ်ထားသော ကာမပိုင်ဇနီးလေးတစ်ဦးဖြစ်လာခဲ့ပြီ။

နေဟန်မှိုင်း၏ရှည်လျားသောလက်ချောင်းထိပ်များက ဖြူနုနေသော သိမ်မွေ့စံနွယ်၏ကျောပြင်ပြောင်ပြောင်လေးကို အသာအယာထိတွေ့နေခဲ့သည်။ ထို့နောက် သူမ၏ကျောပြင်နားကို သူ့ကိုယ်လုံးက အသားချင်းထိကပ်သွားပြီးနောက် သူမခါးလေးကိုဖက်ထားခဲ့သည်။

" မွေ့ငယ်လေး ... "

ညင်သာပျော့ပျောင်းသည့်လေသံနှင့် သူမ၏နားအနားကို သူ့ပါးစပ်ဖြင့်ကပ်ကာ ပြောလိုက်သည်။

" မထသေးဘူးလား ကိုယ့်ပူတင်းတုံးလေး "

သိမ်မွေ့စံနွယ်က မနိုးသေးပေ။ သို့ရာတွင် သူမကိုကလူကျီစယ်လာချင်သည့်အတွက် သူ့လက်များက သူမ၏ရင်သားလုံးလေးများကို ညှစ်ကိုင်နေခဲ့သည်။ မကြာခင် သူမဆီက အိပ်ချင်မူးတူးညဉ်းသံလေးများထွက်လာသည်။

" ဟင်း ... "

" ကိုယ့်ကလေးလေး ထချိန်တန်ပြီ၊ နေမြင့်ရင် ကမ်းခြေမှာရေကူးဖို့ အဆင်မပြေဘူး၊ နေလောင်လိမ့်မယ် "

" နည်းနည်းလောက် ထပ်အိပ်ပါရစေ "

သိမ်မွေ့စံနွယ်မှာ အိပ်ရေးမဝနေသဖြင့် ထပ်အိပ်ချင်နေသေးသည်။ သို့သော် နေဟန်မှိုင်းက သူမကိုယ်လုံးလေးကို ဆွဲထူကာ ပွေ့ထားလိုက်ရင်း။

" အိပ်မပုတ်နဲ့တော့ ကိုယ့်မိန်းမလေးရဲ့ ... တစ်ခါတလေ အပန်းဖြေလာတုန်းလေး သဘာဝနဲ့များများထိတွေ့ပေးရမယ်"

" အွန်းပါ ကိုရယ်၊ ခုဘာလို့ချီထားတာလဲ "

" ရေချိုးခန်းထဲ မျက်နှာသစ်သွားသစ်ကြမယ်လေ၊ တစ်လက်စတည်း ချီသွားပေးမယ် "

နေဟန်မှိုင်းက ပါးချိုင့်လေးပေါ်သည်အထိပြုံးလိုက်လျှင် သိမ်မွေ့စံနွယ်က ရယ်နေခဲ့သည်။ ထို့နောက် သူမအမျိုးသားလေး၏မျက်ဝန်းလေးများကိုစိုက်ကြည့်ရင်း ခေါင်းထဲတွင် အတွေးပေါ်လာသည်။

" မွေ့ ကိုကိုနဲ့တရားဝင်အိမ်ထောင်ကျလို့ ကလေးမွေးပြီးတဲ့အခါ အကယ်၍များ ဝလို့အလှပျက်သွားရင် ဒီခန္ဓာကိုယ်ကိုချီနိုင်တော့မှာမဟုတ်ဘူး ... အဲဒီအချိန် ခုလောက်မလှတော့ရင် ချစ်ဦးမှာလားဟင် "

သူမ၏မေးခွန်းက ရိုးရှင်းလှသည်။ အလှတရားတစ်ခုတည်းကြောင့်ချစ်ခဲ့လျှင် ထိုအချစ်က ရာခိုင်းနှုန်းအပြည့် စစ်ချင်မှစစ်လိမ့်မည်။ အလှပျက်သွားခဲ့လျှင် တစ်မျိုးတစ်ဖုံဖြစ်သွားနိုင်သည်။ အမျိုးသမီးတို့သည် အမျိုးသားများထက် နှလုံးသားပိုနုငယ်ပြီး အတွေးများကြသည်က သဘာဝပင်။

သိမ်မွေ့စံနွယ်လည်း ရံဖန်ရံခါ ထိုကဲ့သို့အတွေးများတတ်လေ့ရှိသည်။

' နေဟန်မှိုင်းက သူမကိုဘယ်အချိန်ပစ်သွားမလဲ။ '

' သူမထက်သာတဲ့မိန်းကလေးတွေ့လာလျှင် သူမကို ဖောက်ပြန်မှာလား။ '

' ဒါမှမဟုတ် သူ့ရဲ့ဒုစရိုက်လောကထဲကို ပြန်ဝင်သွားလောက်လား။ '

' သူမကိုရော အချိန်မရွေး သတ်ပစ်နိုင်လား။ '

သို့သော် သိမ်မွေ့စံနွယ်ဘက်က အတွေးများတိုင်းမှာ နေဟန်မှိုင်း၏မျက်နှာကိုမြင်လျှင် စိုးရိမ်ပူပန်မှုအလုံးစုံ ပျောက်ကင်းသွားသည်။ သူက သူမကို အမြဲတစေ စိတ်လုံခြုံမှုပေးသလို သူမအပေါ် ဘယ်သောအခါမှ နိုင်ထက်စီးနင်းမလုပ်တတ်ပေ။ ကြေးစားလူသတ်သမားတစ်ယောက်၏လက်များက သူ၏မိန်းကလေးကိုထိတွေ့လျှင် မကြမ်းတမ်းဘဲ အလွန်ညင်သာနူးညံ့လွန်းသည်။

နေဟန်မှိုင်းက သူမ၏မေးစေ့လေးကိုကိုင်ကာ အဖြေပြန်ပေးခဲ့သည်။

" စိတ်မပူပါနဲ့ ကလေးငယ် ... ဘယ်အခြေအနေတွေပဲရောက်ရောက် ကိုကိုက မွေ့ငယ်လေးကိုချစ်နေမှာပါ၊ အလှတရားဆိုတာ အမြဲတမ်းကြာရှည်မခံနိုင်ပါဘူး၊ အချိန်တန်ရင် ပျက်စီးရမှာပဲ၊ မေတ္တာတရားကတော့ သေမှသေရော၊ မပျက်စီးဘူးလေ၊ မွေ့ငယ်လေးကိုချစ်တာ လှလို့ထက် မွေ့ငယ်က ကိုကို့လိုလူကိုမှ မေတ္တာတရားတွေပုံအောပေးထားတာ၊ ကိုကိုချစ်မိသွားခဲ့တာ မွေ့ငယ်လေးရဲ့အကြင်နာမေတ္တာတွေကြောင့်ပါ၊ ဒါကြောင့် မလှတော့ရင်ချစ်မလားဆိုပြီး စိတ်မပူနေပါနဲ့ဗျာ ...."

နေဟန်မှိုင်း၏အပြုံးက နေမင်းသဖွယ် တောက်ပလင်းလက်နေသည်။ သိမ်မွေ့စံနွယ်က သူမ၏အမျိုးသားလေးပြောသွားသော စကားလုံးတိုင်းကြောင့် နှလုံးသားမှာ ဆောင်းအေး၏နေခြည်ဖြာလိုနွေးထွေးနေလျက်ရှိနေရင်း ချစ်စိတ်တွေပိုလို့နေသည်။

ဤသို့ဖြင့် သူမတို့နှစ်ယောက် မျက်နှာအတူသစ်ပြီး ဟော်တယ်မှာမနက်စာစားရန်နှင့်ကမ်းခြေထွက်ရန်ပြင်ဆင်နေခဲ့ကြသည်။ဟော်တယ်၏မနက်စာဘူဖေးကို ဝဝလင်လင်စားသောက်ခဲ့ကြပြီးနောက် သဲဖွေးဖွေးကမ်းခြေတစ်လျှောက် လေညှင်းခံလျက် လမ်းလျှောက်လာကြသည်။

လေများက တဖူးဖူးတိုက်ခတ်နေသဖြင့် ဆံနွယ်များမှာ လေပေါ်တွက် လွင့်နေသည်။ နေရောင်ခြည်ကလည်း လှပစွာ ဖြာကျနေသည်။ ပင်လယ်လှိုင်းလုံးများကလည်း ဝေါခနဲ၊ဝေါခနဲ အော်မြည်နေကာ နေရောင်ခြည်နှင့်အပြိုင် လှသွေးကြွယ်နေကြ၏။

နေဟန်မှိုင်းက သိမ်မွေ့စံနွယ်၏လက်ကလေးကို ယခင်ထက် တင်းကျပ်စွာဆုပ်ကိုင်ထားသည်မှာ ညှစ်ထားသလိုဖြစ်လာသည်။ ထို့ကြောင့် သိမ်မွေ့စံနွယ်လည်း သူမလက်က အနည်းငယ်ဖိအားတိုးလာသည်ကို ခံစားမိလာသည်။

" ကိုကို မွေ့လက်ကို ဘာလို့ညှစ်ထားတာလဲ "

" မွေ့လေးလက်က အိအိလေးနဲ့အသည်းယားပြီး ချစ်စရာလေးမို့လို့လေ "

" ကိုကိုက မွေ့ကိုစစတွေ့တုန်းက သတ်တော့မလိုလူဆိုးရုပ်ကြီးနဲ့ ကြမ်းတမ်းပြီး ခုကျတစ်ချိန်လုံး အသည်းယားနေတော့တာပဲနော် "

" ဟားဟား ... အဲ့တုန်းက အဲ့တုန်းကလေ၊ ခုကခုပဲ "

" မထင်ထားဘူး၊ လူကြမ်းကြီးက ခုလောက်ထိ ရိုမန့်တစ်ဆန်လိမ့်မယ်မှန်းကို "

" ဟမ် ... သူပဲဒီလူကို လူကြမ်းကြီးဖြစ်နေရာကနေ လူနုကြီးဖြစ်အောင် လုပ်ခဲ့ပြီးတော့ "

နေဟန်မှိုင်းက သိမ်မွေ့စံနွယ်ကို ဘေးလှည့်ကြည့်ရင်း မျက်မှောင်အနည်းငယ်ကြုတ်ရင်း ရယ်မိသည်။ သိမ်မွေ့စံနွယ်က မခို့တရို့လေးရယ်မိသည်။

" ဟီးဟီးဟီး ... ဟုတ်တော့ဟုတ်ပါတယ်၊ မွေ့ကြောင့် ကိုကိုက အများကြီးပြောင်းလဲသွားတာ၊ ဒါနဲ့ကိုကို ဒီမှာဆက်နေဖို့ အခက်အခဲဖြစ်နေရင် အမြန်လက်ထက်ပြီး အဆင်ပြေမယ့်ပြည်ပနိုင်ငံတစ်ခုမှာ အခြေချရအောင်လေ "

" အင်း ... ဒါကတော့ ဟိုကောင် သျှန်ဝေးကို အကူအညီတောင်းမှဖြစ်မယ်၊ ဒင်းက နိုင်ငံအစုံမှာခြေဆန့်ဖူးသလို နိုင်ငံတော်တော်များများမှာလည်း အိမ်ပိုင်တယ်၊ သူ့ဆီအကူအညီတောင်းလိုက်ရင် ကိုကိုနဲ့မွေ့အတွက် အိမ်တစ်လုံး ကားတစ်စီးတောင် လက်ဖွဲ့ပေးနိုင်တယ် ဟားဟား "

" ကိုကို့မှာ အစ်ကိုသျှန့်လို တကယ်ဘောစိ လူကြမ်းသူငယ်ချင်းတစ်ယောက်ရှိတာနဲ့တင် အရာရာအဆင်ပြေချက်ပဲနော်၊ ပြီးတော့ အစ်ကိုသျှန်ဝေးနဲ့ ကိုကိုတို့က ညီအစ်ကိုတွေလိုပဲ ရုပ်တွေကအစဆင်ကြတယ်"

" အင်း သျှန်ဝေးက အရမ်းအားကိုးရပါတယ်၊ ဒါပေမဲ့ သူထဖောက်ရင် သူ့Dark side ကြီးက ကိုကို့ထက်ကြောက်ဖို့ကောင်းတာ မွေ့မသိလို့ "

" ဟုတ်လား၊ အွန်းပေါ့ ... သူလည်း သူငယ်ငယ်ကအဖြစ်အပျက်တွေကြောင့် ဒီလိုဖြစ်လာတာပဲ၊ ဒါ သူ့ကိုအပြစ်တင်လို့မရနေဘူး၊ ဒါပေမဲ့ အစ်ကိုသျှန်က သူချစ်တဲ့လူတွေအတွက်ဆို အမြဲကောင်းပေးလွန်းတာကိုကြည့်ရင် သူကအကြင်နာမေတ္တာတရားအပြည့်ရှိတဲ့လူပါပဲ "

" ဟုတ်တယ်၊ အဲ့ကောင် သျှန်ဝေးက ကလေးဘဝထဲကိုက နှလုံးသားနူးညံ့တဲ့ကောင်၊ ကိုကိုက gay တွေဆို ကြည့်မရခဲ့ဘူး၊ သူနဲ့တွေ့ပြီးတဲ့နောက်ပိုင်း ဒီကောင့်ရဲ့စိတ်ဓာတ်ကိုကြိုက်လို့ သူ့ဖြစ်တည်မှုကိုပါ လက်ခံလာနိုင်တယ်၊
လိင်တူစိတ်ဝင်စားတဲ့လူတွေအပေါ် မရွံတတ်တော့ဘူး၊ သူတို့ရဲ့စိတ်ခံစားချက်တွေကိုလည်း နားလည်ပေးလာနိုင်တယ်၊ ပြီးတော့ သျှန်က ခုမှသာအေးတိအေးစက်နိုင်တာ၊ သူငယ်ငယ်က အမြဲတမ်းအငိုသန်နေတဲ့လူ... သူ့ဘဝမှာ အဲ့အိမ်မက်ဆိုးကြီးပေါ်လာခဲ့လို့သာ .... "

နေဟန်မှိုင်းက စကားရပ်သွားခဲ့သည်။ သိမ်မွေ့စံနွယ်လည်း ကမ်းခြေဘက်ကိုသာ ကြည့်နေခဲ့သည်။ ထို့နောက် သူမက ပြန်စကားဆက်ခဲ့သည်။

" ကမ္ဘာကြီးက အမြဲတမ်းကိုယ်ချင်းစာတရားအပြည့်ရှိတဲ့လူတွေနဲ့ပြည့်နေမယ်ဆိုရင် နေ့ရက်တိုင်းက သာယာအေးချမ်းနေမှာပဲနော် ... ဒါဆို လူသားအားလုံးမှာ စိတ်ဒဏ်ရာတွေ၊ မပြည့်စုံမှုတွေနဲ့မရှင်သန်နေရတော့ဘဲ သေတဲ့အထိ မေတ္တာတရားတွေ၊ နွေးထွေးမှုတွေရှိတဲ့ရပ်ဝန်းမှာ အရိုးပြာလွင့်မျှောသွားနိုင်တယ် "

သိမ်မွေ့စံနွယ်က တိမ်ဖြူလွှာတို့ဖြင့် ပြာလဲ့နေသောကောင်းကင်ကြီးကို မော့ကြည့်နေရင်း စကားပြောနေသည်။ သူမခြေလှမ်းများက နေဟန်မှိုင်း၏ခြေလှမ်းများနှင့်အတူတူ ရှေ့ကိုလျှောက်နေခဲ့သည်။

" အင်း... ကမ္ဘာကြီးမှာသာ မျက်လုံးနဲ့နှလုံးသားပါရင် သူလည်းငိုပြီး နာကျင်နေရမှာ၊ ခေတ်တွေပြောင်းလဲလာလေ လူတွေရဲ့စိတ်ကလည်း ရာသီဥတုနဲ့အပြိုင်ပြောင်းလဲလာလေ၊ လူတွေမှာ ကိုယ်ချင်းစာတရားတွေခေါင်းပါးလာပြီး အရှက်တရားကင်းမဲ့လာကြတယ်၊ ကမ္ဘာကြီးကိုလည်း ထည့်မစဉ်းစားကြဘူး၊ သူတို့ကြောင့် ကမ္ဘာကြီးက တနေ့ထက်တနေ့နာမကျန်းဖြစ်လာနေပြီ၊ လူတွေက များသောအားဖြင့်ရွံစရာသတ္တဝါတွေ ...."

" ဟင့်အင်း ... မွေ့တို့သားတွေသမီးတွေအလှည့်ရောက်ရင် ကမ္ဘာကြီးကိုမေတ္တာတရားတွေနဲ့ချစ်ပေးနိုင်အောင် ငယ်ငယ်လေးကတည်းက စနစ်တကျသင်ကြားပေးကြမယ်လေ၊ သူတို့လေးတွေ ငယ်ငယ်ကတည်းက လူသားချင်းစာနာတတ်အောင်၊ လေးစားတတ်အောင်၊ ချစ်တတ်အောင် သင်ပေးကြမယ် "

" ဒါပေါ့ ကလေးရာ ... ကိုကိုတို့ကလေးလေးတွေ မွေးလာကြရင် သူတို့လေးတွေ သူများတွေကိုလည်းချစ်တတ်အောင်လည်း သင်ပေးမယ်၊ သူတို့ကိုယ်သူတို့ချစ်တတ်အောင်လည်း သင်ပေးရကြမယ် ... ကိုယ်ကိုယ့်ကိုယ်လေးစားပြီးချစ်တတ်ဖို့လည်းလိုသေးသား "

" မွေ့လေး ယုံတယ် သိလား၊ ကိုကိုက အရမ်းတော်တဲ့ဖေဖေတစ်ယောက်ဖြစ်လာမှာ ဟီး "

" ကိုကိုလည်း ယုံကြည်တယ် ... မွေ့လေးကလည်း အရမ်းတော်ပြီးကြင်နာတတ်တဲ့ မေမေဖြစ်လာမှာကို "

နေဟန်မှိုင်းက ခြေလှမ်းများရပ်တန့်သွားသည်။ ထို့နောက် နေရောင်ဖြာကျနေသော အကြည်ဓတ်ပြည့်နေသော သူ၏အမျိုးသမီးလေးမျက်နှာလှလှလေးကို လက်ဖြင့်ပွတ်သပ်လိုက်ပြီး နှုတ်ခမ်းချင်းအနမ်းဖလှယ်လိုက်သည်။
လေအေးတို့ကြောင့် အေးမြမြဖြစ်နေသည့် သူမလေး၏နှုတ်ခမ်းသားက ယနေ့တွင် သူ့ကိုပိုအနမ်းပေးချင်လာအောင် ဆွဲဆောင်နေခဲ့သည်။

နမ်းပြီးရင်းနမ်းနေသည်မှာ ကြာလာသဖြင့် သိမ်မွေ့စံနွယ်မှာ သူ့ရင်ဘတ်ကို တွန်းထုတ်ရသည်။

" ကိုကို ... "

" ဘာလို့လဲ မွေ့ရယ် ... နမ်းနေတာ အရှိန်ပျက်သွားပြီ "

" ရေမကူးရတော့ဘူး ... နေတောင် အရမ်းပူလာပြီကို "

" ဒါဆို ညနေမှ ကူးတော့ ... ခုတော့ ဟော်တယ်အခန်းထဲကို ပြန်ကြမယ် လာ "

နေဟန်မှိုင်းက သိမ်မွေ့စံနွယ်၏လက်လေးကို ဆွဲခေါ်သွားပြီး သူတို့တည်းခိုရာဟော်တယ်ခန်းထဲသို့ နာရီဝက်အတွင်း ပြန်လာခဲ့သည်။ ဟော်တယ်ခန်းထဲသို့ရောက်လျှင် နေဟန်မှိုင်းမှာ ဟော်တယ်၏ဆိုဖာခုံရှည်ပေါ်သို့ သိမ်မွေ့စံနွယ်ကိုယ်လုံးလေးကို ပစ်ချလိုက်သည်။ ထို့နောက် သူမ၏ဖွေးနုနေသော လည်တိုင်လေးကို အနည်းငယ်ကြမ်းသောအနမ်းများဖြင့် လွှမ်းမိုးနေခဲ့ရင်း ချစ်စိတ်မွှန်လျှင်ဖြစ်တတ်သော ယောကျာ်းတို့၏သဘာဝတရားများကလည်း သူ့ကိုယ်ထဲတွင် အရိုင်းဆန်လာခဲ့သည်။

ညက သူ၏အမျိုးသမီးလေးနှင့်အချစ်ပြုလုပ်ခဲ့သော်လည်း ငတ်မပြေနေခဲ့ပေ။ ယခုတစ်ဖန် နောက်ထပ်တစ်ကြိမ်ထပ်မံ၍ အချစ်ပြုလုပ်နေချင်ခဲ့သည့်အတွက် သူမလေးကိုလည်း အချစ်စိတ်မွှန်လာအောင် ဖြားယောင်းသွေးဆောင်နေသည်။ ထို့နောက် နှစ်ယောက်သား ဆိုဖာခုံပေါ်မှာ အကြင်ရမ္မက်များဝေဆာနေသောညဉ်းသံအစီအရီပေါ်ထွက်လာကြလျှင် နေဟန်မှိုင်းက သိမ်မွေ့စံနွယ်ကို အကြည့်အပြုံးနှင့်အချက်ပေးခဲ့သည်။

' ကိုယ်တို့တွေ အချစ်နွံထဲ ကျွံဝင်ကြမလား '

သူ၏အချက်ပေးမှုကို သူမ၏ရီပြာဝေနေသော ချစ်စရာမျက်ဝန်းလေးများက အကြည့်များဖြင့် လက်ခံသဘောတူခဲ့လျှင် မလိုချင်သေးသည့်ကလေးလေးများမွေးမဖွားလာစေရန် အကာအကွယ်များဖြင့် အချစ်ပင်လယ်ပြင်ထဲ နှစ်ယောက်အတူ ကူးခတ်ခဲ့တော့သည်။

" မွေ့ငယ်လေး .... "

" ရှင် ... "

" မတော်လို့ ကလေးလေးတွေရသွားရင် ငိုနေမှာလား "

" မငိုပါဘူး ... ကိုယ့်အသွေးအသားကဖြစ်လာတဲ့သားသမီးရလာတာ ငိုစရာလားနော် ... ရသွားလည်း ကိုကိုကပိုတောင်ပျော်နေမှာမလား "

" ပျော်မှာပေါ့ ... ဒါပေမဲ့ ကိုကို့ကိုချစ်မိတာ မှားပြီဆိုပြီး အပြစ်တင်နေမှာစိုးလို့ "

" ဦးနေဟန်မှိုင်းရယ် ... တစ်ခါတလေ မိန်းကလေးဖြစ်တဲ့ကျွန်မ အတွေးလွန်ဖို့ စိုးရိမ်ကြီးဖို့လည်း ချန်ထားပါအုံး၊ ခုက role မှားနေသလားလို့ "

နေဟန်မှိုင်းက ချွေးတပြန်ပြန်နှင့် သူမကိုပြောလျှင် မောလျနွမ်းနယ်နေသောအသံလေးဖြင့် ရယ်ကာပြန်ဖြေ၏။ ထိုအခါ သူကလည်း ပြုံးယောင်သမ်းပြီး ခွန်းတုံ့ပြန်သည်။

" သိပ်ချစ်မိလို့ ငယ့်အတွက်စိုးရိမ်မိတာပါ ငယ်ရယ် "

" ဒီလူကြီးကိုချစ်မိတာလည်း ဘာမှနောင်တမရတော့ဘူးမို့လို့ တအားစိတ်ပူမနေနဲ့ ... "

" ဟုတ်ပြီ ... ဆက်ပြီးချစ်ကြရအောင် ... အဆုံးထိပေါ့ ကလေးရယ် "

• ────── ✾ ────── •

ကြာသွားတော့ စာဖတ်သူတွေ ဖတ်ရတာစိတ်ချမ်းသာအောင် မေဘီးက ကြိုးစားရေးပေးထားပါတယ်နော် 💞🫶 အလုပ်ပိတ်ရက်ရှည်ရတော့ ဒီရက်တွေပြန်ရေးပေးသွားမှာပါရှင်။

ဒီအခန်းကို ဘာညာဘာညာလာပြောရင် စာရေးသူက လူသတ်ခန်းတွေရော သရဲခန်းတွေပါ ထည့်ရေးဖို့ လက်မနှေးဘူးနော်။ Action Romance အမျိုးအစားမို့ လူသတ်ခန်းတွေပါတာ ကြောက်တယ်ဆိုလို့ Romance ကို မြိုင်အောင် လက်စွမ်းပြထားတာ ဒီလိုမျိုးတွေပါလို့မကြိုက်ရင် မဖတ်ပါနဲ့ရှင်။ ကျေးဇူး🤟

စိတ်ရှည်ရှည်အားပေးဖတ်ရှုတဲ့ စာဖတ်သူတွေအားလုံးကို ချစ်ခင်လေးစားလျက်💕

---------------------------------------

Continue Reading

You'll Also Like

3.8K 168 12
She smelled like rose petals and her lips tasted like pomegranate. Her skin was as delicate as a soft feather and her touch as gentle as a kiss from...
18.9K 1.2K 47
The love between two souls across two different countries The love between two souls across two different cultures Unfortunate lovers of the past, ...
28K 639 11
Most of you have probably seen, read or heard of the story of Naruto. But what if there was a slight twist? And that twist is that only women were a...
226K 11.3K 91
အချစ်ဆိုတာက သူ့အရွယ် သူ့အနေအထားအရ အာသာပြေရုံလောက်ပဲ မြည်းစမ်းကြည့်ချင်ရုံ သူမနဲ့ကျမှ... ရှိုင်းသူရိန်လင်း အိမ်မက်တွေ တစ်ပုံတစ်ပင်နဲ့ ပေါ့ပေါ့ပါးပါးသာ...