မေတ္တာတစ်မိုးအောက်က ဦးရဲ့အကြင...

נכתב על ידי harley__robbie

240K 4.1K 88

​" နှလုံးသားရဲ့အနက်ရှိုင်းဆုံးနေရာမှာ ၁၅၀၀ နဲ့ ၅၂၈ သီအိုရမ်မေတ္တာအစုအပုံတွေ တစ်စတစ်စ ပေါက်ဖွားလာတယ်။ အဲဒါဘယ်သ... עוד

To Dear Honeys 🍯
✽ အပိုင်း ၁ ✽
✽ အပိုင်း ၂ ✽
✽ အပိုင်း ၃ ✽
✽ အပိုင်း ၄ ✽
✽ အပိုင်း ၅ ✽
Thein Mwae San Nwe's Art
Nay Han Mine's Art
✽ အပိုင်း ၆ ✽
✽ အပိုင်း ၇ ✽
✽ အပိုင်း ၈ ✽
✽ အပိုင်း ၉ ✽
✽ အပိုင်း ၁၀ ✽
✽ အပိုင်း ၁၁ ✽
✽ အပိုင်း ၁၂ ✽
✽ အပိုင်း ၁၃ ✽
✽ အပိုင်း ၁၄ ✽
✽ အပိုင်း ၁၅ ✽
✽ အပိုင်း ၁၆ ✽
✽ အပိုင်း ၁၇ ✽
✽ အပိုင်း ၁၈ ✽
✽ အပိုင်း ၁၉ ✽
✽ အပိုင်း ၂၀ ✽
✽ အပိုင်း ၂၁ ✽
✽ အပိုင်း ၂၂ ✽
✽ အပိုင်း ၂၄ ✽
✽ အပိုင်း ၂၅ ✽
✽ အပိုင်း ၂၆ ✽
✽ အပိုင်း ၂၇ ✽
✽ အပိုင်း ၂၈ ✽
✽ အပိုင်း ၂၉ ✽
✽ အပိုင်း ၃၀ ✽
✽ အပိုင်း ၃၁ ✽ (ဇာတ်သိမ်းပိုင်း)
PDF File version (Unicode)
New OC Fiction Announcement (Unicode)
1 (Zaw)
2 (Z)
3 (Z)
4 (Z)
5 (Z)
6 (Z)
7 (Z)
8 (Z)
9 (Z)
10 (Z)
11 (Z)
12 (Z)
13 (Z)
14 (Z)
15 (Z)
16 (Z)
17 (Z)
18 (Z) 🔞⚠️‼️
19 (Z)
20 (Z)
21 (Z)
22 (Z) 🔞
23 (Z)
24 (Z)
25 (Z) 🔞
26 (Z) 🔞
27 (Z)
28 (Z)
29 (Z)
30 (Z)
31 (Z) Final Part
PDF File Ver (Zawgyi)
New OC Fiction Announcement (Zawgyi)

✽ အပိုင်း ၂၃ ✽

4.1K 75 0
נכתב על ידי harley__robbie




ချမ်းသာသည်ဖြစ်စေ၊ ဆင်းရဲသည်ဖြစ်စေ လူတစ်ဦးတစ်ယောက်၏ကမ္ဘာငယ်တစ်ခုတွင် မြတ်နိုးကြင်နာရသူထံများမှ ချစ်ခြင်းမေတ္တာတရားများ အပြည့်အဝရရှိနေလျှင် နေ့တိုင်းသည် ကံကောင်းပါပေ၏။ ၎င်းကမ္ဘာငယ်သည်လည်း ပန်းပေါင်းစုံဝေဆာ၍ ဥတုရာသီကြည်လင်ကောင်းမွန်နေသည့်အတိုင်းဖြစ်နေလိမ့်မည်။ အချစ်ခံရခြင်းတွင် 'ဘဝအခြေအနေပြည့်စုံသည်၊ မပြည့်စုံသည် ' စသောအခြေအနေများနှင့် လားလားမျှ မသက်ဆိုင်နေပေ။

တစ်နည်းဆိုသော် ချစ်ခြင်းမေတ္တာကို ကိုယ်ပိုင်နည်းလမ်းများဖြင့် တခမ်းတနားပုံဖော်နိုင်သည်။ သစ္စာမယိုင်နဲ့ဘဲ စိတ်ချမ်းသာအောင် တတ်နိုင်သလောက်ဖန်တီးပေးနိုင်သည်က အခမ်းနားဆုံးချစ်ခြင်းမေတ္တာပါပေ။

နေဟန်မှိုင်းသည်လည်း သူ၏အသက်ဓာတ်လေးမွေ့စံကို ခမ်းနားသည်ထက်ပိုသော ချစ်ခြင်းမေတ္တာများစွာကို အကန့်အသတ်မဲ့စွာ ပေးစွမ်းနိုင်ပေသည်။ သူ၏ကမ္ဘာငယ်တွင် သူမသည် ကိုးကွယ်ရာနတ်ဘုရားမတစ်ပါးဖြစ်လျက်။

နေဟန်မှိုင်းနှင့်သိမ်မွေ့စံနွယ်တို့ချစ်သူနှစ်ဦးမှာ မြို့ပြ၏အဝေးတစ်နေရာက ကမ်းခြေတစ်ခုသို့ ခရီးထွက်လာခဲ့ကြသည်။

ဟော်တယ်၏လသာဆောင်တွင်ရှိသော ပက်လက်ကုလားထိုင်ပေါ်တွင် နေဟန်မှိုင်းတစ်ယောက် ကမ်းခြေ၏အလှတရားကို အပြည့်အဝခံစားကြည့်ရှုနေခဲ့သည်။ ရေလှိုင်းလုံးများ အလိမ့်လိမ့်တက်နေသောပင်လယ်ပြင်ကျယ်အား ငေးမောကြည့်နေလျက်။ ထိုစဥ် သိမ်မွေ့စံနွယ်မှာ နေဟန်မှိုင်း၏ဘေးနားသို့ ရောက်နေခဲ့သည်။


" ကိုကို "

သိမ်မွေ့စံနွယ်၏ချိုမြသောခေါ်သံလေးက သူ၏နားစည်ထဲသို့ သာယာစွာ ရောက်ရှိသွားလျှင် သူ့မျက်နှာကပြုံးလာပြီး သူမဘက်ကို မျက်နှာမူလိုက်သည်။ ထို့နောက် သိမ်မွေ့စံနွယ်၏လက်ဖယောင်းလေးကို ဆွဲကိုင်လိုက်ပြီးလျှင် သူမကိုယ်လုံးလေးကို သူ့ပေါင်ပေါ်သို့ ထိုင်ချစေသည်။

" ပြော သဲတုန် "

" ဘာတွေတွေးနေတာလဲဟင် "

" မတွေးနေပါဘူး ... ဦးနှောက်ကိုအနားပေးနေတာ "

တကယ်တမ်းတွင် နေဟန်မှိုင်းအနေဖြင့် သူ့ငယ်ဘဝကို အောက်မေ့သတိရနေခဲ့သည်။ သူငယ်စဥ်အခါက မိဘနှစ်ပါးနှင့်ခရီးအတူတူ သွားဖူးခဲ့သည်များကို သတိရနေခဲ့သလို ယခုကဲ့သို့ကမ်းခြေများတွင် အမေနှင့်အဖေ၏လက်များကို အတူတွဲကာ ကမ်းခြေတွင် ဆော့ကစားနေခဲ့ကြသောပုံရိပ်များကို မြင်ယောင်နေခဲ့၏။

ဤသည်ကို သတိမထားမိသည့် သိမ်မွေ့စံနွယ်မှာ အပြုံးလေးနှင့် နေဟန်မှိုင်း၏ပါးပြင်ကို အနမ်းပေးလိုက်သည်။

" မွေ့ကို အိမ်ကဖုန်းတဂွမ်ဂွမ်ဆက်နေကြတယ် ... အဆင်ပြေလား၊ ကိုကိုနဲ့အရမ်းပျော်နေလားပေါ့ "

" ပျော်နေတယ်လို့ဖြေလိုက်တယ်မလား "

" ဒါပေါ့ ဟီးဟီး "

" အမြဲတမ်းပျော်အောင်ထားချင်မိတယ် ကလေးကို "

" ကိုကို မွေ့နဲ့အတူတူအသက်ကြီးတဲ့ထိနေပြီး မွေ့ကိုအမြဲတမ်းပျော်အောင်ထားနိုင်တာပဲလေ "

နေဟန်မှိုင်းမှာ ပြန်ဖြေစရာစကားလုံး ရှာမတွေ့ခဲ့ပေ။ အနာဂတ်မှာ သူချစ်ရသူအနား အမြဲတစေရှိချင်မှရှိန်ိုင်ပေမည်။ နေ့မြင်ညပျောက်လောကကြီးထဲ မမြဲသောသဘောတရားများက အချိန်တိုင်းလိုလိုဆီးကြိုနေတတ်သည် မဟုတ်ပါလော။ ထို့အတွက်ကြောင့် အပြုံးတစ်ခုနှင့်သာ တုံ့ပြန်နိုင်သည်။

သိမ်မွေ့စံနွယ်မှာ သူ၏ကိုယ်လုံးဘေးနားတွင် ကပ်လျက်သား လဲလျောင်းလိုက်ရင်း သူ့မျက်နှာနှင့် တော်တော်နီးနီးထိကပ်လိုက်ပြီးနောက် သူ့မျက်ဝန်းများကို ငေးကြည့်နေခဲ့လျက်။ သူလည်း သူမမျက်ဝန်းဝိုင်းဝိုင်းလေးကိုကြည်ါနေရင်း ပါးချိုင့်လေးပေါ်သည်အထိ ပြုံးမိ၏။

" ကိုကိုချောလွန်းနေလို့ စိုက်ကြည့်နေတာလား မွေ့လေးက ... "

" ဟုတ်တယ်၊ ကိုကို့မျက်လုံးလေးတွေ
မွေ့ကိုအဲဒီလိုလေးကြည့်နေရင် သိပ်သဘောကျမိတယ်၊ အကြင်နာတွေ အချစ်တွေအပြည့်ပါတဲ့ မျက်ဝန်းလေးတွေ ... မွေ့အရမ်းချစ်တယ် "

သူမနှုတ်ခမ်းလေးများက ရုတ်တရက် သူ၏မျက်ဝန်းများထက်တွင် တည်ရှိသောမျက်ခွံလေးများအပေါ် သို့ အကြင်နာငွေ့များလွှတ်ထုတ်ပေးလိုက်လျှင် သူ၏နှလုံးသားတစ်ခုလုံးမှာ နွေးခနဲဖြစ်သွားရသည်။ သို့ဖြစ်လျှင် သူ့မျက်လွှာများကို ညင်သာစွာ ချလိုက်ရင်း သူမ၏အနမ်းငွေ့များကို ခံစားနေခဲ့သည်။

ပင်လယ်ပြင်က တိုက်ခတ်လာသောလေအေးလေသန့်များမှာ အေးမြနေပေသည်။ ရာသီဥတုကြည်လင်သာယာပြီး အပြာရောင်လွှမ်းနေ၏။

သိမ်မွေ့စံနွယ်၏နှုတ်ခမ်းသားနုနုများမှာ သူ့မျက်ခွံကနေတစ်ဆင့် သူ့နှာတံပေါ်သို့ တဖြည်းဖြည်းဆင်းသက်လာသည်ကို ခံစားမိသည်။ သူမက နှာသီးဖျားလေးကိုပါ ထိတွေ့နမ်းရှိုက်နေပြီး ထိုမှတစ်ဆင့် သူ၏ပါးနှစ်ဖက်ကိုညှစ်ကာ ပါးနှစ်ဖက်စလုံးကို အကြင်နာပေးပြန်သည်။ ထို့နောက် သူ၏နှုတ်ခမ်းသားအောက်ဘက်ကို ငုံလိုက်ပြီး နှမ်းလိုက်လျှင် နေဟန်မှိုင်း၏လက်များက သူမခါးလေးကို ပွေ့ဖက်ထားလိုက်သည်။

ဤသို့ဖြင့် နှစ်ယောက်သားတပြွတ်ပြွတ်ဖြင့်နမ်းရှိုက်နေခဲ့သည်မှာ မိနစ် ၂၀ ကြာခဲ့သည်။ ထို့နောက် နေဟန်မှိုင်းဘက်က နမ်းရှိုက်ခြင်းကို ရပ်တန့်လိုက်ပြီး သူမမျက်နှာလေးကို သူ့လက်နှစ်ဖက်ဖြင့် ကိုင်လိုက်ရင်း ...

" ကိုယ့်ရဲ့အကြင်နာငွေ့လေး "

" ရှင် "

" မြန်မြန်လက်ထပ်ပြီး နိုင်ငံခြားကိုအပြီးထွက်သွားချင်ပြီ ... ဒါကကိုယ့်ရဲ့အတိတ်ဟောင်းတွေကို မေ့နိုင်တဲ့တစ်ခုတည်းသောနည်းလမ်းဖြစ်နေလို့ "

" မွေ့ နားလည်ပါတယ် ကိုကို "

" အွန်း ... မြန်လေကောင်းလေပဲ၊ ကိုကိုတို့ရဲ့ကလေးလေးတွေ​မွေးပြီး ပျော်စရာမိသားစုလေးဖန်တီးနိုင်အောင်ကြိုးစားမယ်၊ ကိုကို့မွေ့လေးက ကလေးမြန်မြန်မယူချင်လည်း သဘောပါ၊ မွေ့အသက်က ခုမှ ၂၅ တောင်မပြည့်သေးတော့ ကလေးကို ၂၈ လောက်မှယူရင် ပိုအဆင်ပြေမယ်ထင်တယ် "

" ကိုကို ကလေးစောယူစေချင် ယူမယ်လေ "

" အင်း ဒါပေမဲ့ မွေ့လေး အသက်ငယ်ငယ်နဲ့ကလေးလေးတွေမွေးရင် အမေတစ်ယောက်ရဲ့တာဝန်တွေစပိပြီး ငယ်ရွယ်တဲ့ဘဝကို ကလေးဝေယျာဝစ္စတွေလုပ်ရင်း ပင်ပန်းနေမှာလည်း မကြည့်ရက်ဘူးလေ "

" အဲဒီလိုလား "

" အွန်း ... ငယ်ငယ်လေးနဲ့ယောကျာ်းယူရင်တောင် မိန်းကလေးတစ်ယောက်ရဲ့ဘဝက ငယ်ရွယ်နုပျိုမှုတွေ လွတ်လပ်မှုတွေ ကုန်ဆုံးသွားတာမလား၊ ကိုကိုကတော့ မွေ့လေးကို အဲဒီလိုမဖြစ်စေချင်ဘူး "

" ကိုကိုက ခုလည်းမွေ့ကို အိမ်မှုကိစ္စတွေအကုန်ဝိုင်းလုပ်ပေးနေတာ၊ မီးပူတိုက်တာတောင် ကိုကိုတိုက်ပေးနေတာလေ၊ ဟင်းချက်တာကအစ မွေ့လေးကူမယ်ဆိုရင်တောင် ကိုကိုပဲအမြဲလက်စွမ်းပြနေတာ ... အဲဒီတော့ လက်ထပ်ပြီးရင် ကိုကိုသာ လွတ်လပ်မှုတွေ ဆုံးရှုံးပြီဆိုပြီး မညဉ်းညူကြေး ဟီး "

သိမ်မွေ့စံနွယ်က သူမနှာသီးဖျားလေးနှင့် သူ​၏နှာသီးထိပ်လေးကို ပွတ်သပ်လိုက်ကာပြောခဲ့သည်။ နေဟန်မှိုင်းကလည်း သူမနှာသီးဖျားလေးကို အလိုက်သင့် ပွတ်သပ်နေခဲ့သည်။ ထို့နောက် သူမ​၏ကိုယ်လုံးလေးကို ဆတ်ခနဲကောက်ယူပွေ့ချီလိုက်သည်။

" ကိုကို ဘာလုပ်ဖို့ "

" ကုတင်ပေါ်သွားမလို့လေ "

ဝရန်တာတံခါးကိုပိတ်ခဲ့ပြီး သူမကို ဟော်တယ်ကုတင်ပေါ်သို့ ခေါ်ဆောင်လာခဲ့သည်။ အိစက်နေသည့် စပရင်အိပ်ရာပေါ်တွင် သူမ၏ကိုယ်လုံးလေးက သူ၏ကိုယ်လုံးအောက်တွင် နေရာယူထားသည်။ နေဟန်မှိုင်းမှာ သူမမျက်ဝန်လေးများကို တစိမ့်စိမ့်ငေးကြည့်နေခဲ့ပြီး သူမရဲ့ရွှေအိုရောင်ဆံနွယ်ရှည်လေးများကို ကိုင်တွယ်နမ်းရှိုက်နေလျက်။

ထို့နောက် သူမကိုကြည့်ရင်း သက်ပြင်းသာသာလေးချမိသည်။

" မွေ့လေး ... ကိုကို အရဲစွန့်ပြီးပြောချင်တာလေးရှိတယ် "

" ဘာများလဲဟင် "

" ကိုကို ... ကိုကို့မှာ "

နေဟန်မှိုင်းမှာ တံတွေးလုံးမျိုချရင်း မျက်နှာတွင် ရှက်သွေးဖြာနေခဲ့သည်။ သူပြောမည့်စကားကို မဝံ့မရဲဖြစ်နေခဲ့သည်။

" ကိုကို့မှာ ... ဘာဖြစ်လို့လဲဟင် "

" အာ ... ကိုကို့မှာ ကွန်ဒုံးဘူးပါလာတယ်လို့ ... ဟိုဒီတိုင်း ဝယ်လာတာ ... ပြီးရင် one safe pill ရောပဲ ... ဟိုမွေ့ လေးစိတ်မပါဘဲ မလုပ်ပါဘူး၊ ဒီတိုင်း လိုရမည်ရ "

သိမ်မွေ့စံနွယ်၏နှလုံးခုန်နှုန်းများ အနည်းငယ်မြန်လာသည်။ သူမဘဝတွင် ယင်ဖိုတောင်မသန်းခဲ့ဖူးပေ။ နေဟန်မှိုင်းနှင့်ဆုံစည်းခဲ့ပြီးနောက် သူသည် သူမ၏အချစ်ဦးဖြစ်လာသလို အချစ်ဆုံးလည်းဖြစ်လာခဲ့ပေသည်။ သို့သော် သူမချစ်သောအမျိုးသားလေးနှင့် သဘာဝလျောက်အချစ်ပြုလုပ်ရန်မှာ သူမအတွက် ပထမဆုံးအကြိမ်မဟာစွန့်စားခန်းတစ်ခုသာ ဖြစ်လာလိမ့်မည်။ သူမလည်း ရှက်သွေးဖြာသွားပြီး ဘေးဘက်ကို မျက်နှာလွှဲထားမိသည်။

နေဟန်မှိုင်းမှာ သူမလေးစိတ်ကောက်သွားသည်အထင်နှင့် ချက်ချင်းစိုးရိမ်သွားသည်။

" ကိုကို့ငယ်လေး စိတ်ဆိုးသွားတာလား ... ကိုကိုမတောင်းဆိုတော့ဘူး၊ လက်ထပ်ပြီးမှပေါ့ "

" အဆင်သင့်မဖြစ်သေးတော့ ... ကြောက်နေတာ "

" အာ ... ကိုကို နားလည်ပြီ၊ တောင်းပန်ပါတယ်"

သိမ်မွေ့စံနွယ်မှာ နေဟန်မှိုင်း​၏ရင်ဘတ်ကို ထုရိုက်လိုက်လျှင် နေဟန်မှိုင်းမှာ သူမ​၏နှုတ်ခမ်းလေးကို သူ့နှုတ်ခမ်းများဖြင့် အသည်းယားစွာ ဖိကပ်ငုံထွေးလိုက်ရာကနေ ခပ်ပြင်းပြင်းနမ်းရှိုက်လာသည်။ သူမ​၏လက်လေးများကို တင်းကျပ်စွာ ဆုပ်ကိုင်ထားသည့်အခါ သူမ​၏နှလုံးခုန်သံများကိုပင် သူ့နားအတွင်း အနည်းငယ်ကြားနေခဲ့သယောင်။

သူ​၏နမ်းရှိုက်ချက်များကပြင်းလာလျှင် သူမ​၏အသက်ရှုသံများမှာ ပိုပိုကျယ်လောင်လာလေ။ ဤသည်ကို သတိထားမိသည့် နေဟန်မှိုင်းမှာ အကြင်နာပေးခြင်းကို ခဏနားလိုက်သည်။

" ကိုကို့ငယ်လေး ... စိတ်အရမ်းလှုပ်ရှားနေတာလား "

" အင်း ... ကိုကိုက အသက်ရှူခွင့်တောင်မပေးဘဲ နမ်းနေတာကို "

" ကိုယ့်မိန်းမလောင်းလေးကို နမ်းပြီးရင်း နမ်းချင်နေတာ "

" အတူတူပါပဲ ... အချိန်တိုင်းနမ်းချင်တာ"

သူမလက်များက သူ့လည်ပင်းကို သိုင်းဖက်လိုက်သည်။ သူ့အနေဖြင့် လင်မယားအရာအထမြောက်ချင်သည့်ဆန္ဒကို ထိန်းထားရသည်မှာ အနည်းငယ်ခက်ခဲသည်။  

"  အချစ်လှေလေးကို ရွက်လွှင့်ပြီး ခရီးစချင်ပေမယ့် ထိန်းထားပါတယ် "

" ကိုကိုက မှောင်တာတောင် အရမ်းပွင့်လင်းပြီး ကဗျာဆန်လိုက်တာ "

" ညစ်ပတ်မိုက်ရိုင်းတဲ့စကားလုံးနဲ့ ပွင့်လင်းတာ မဟုတ်ဘူးလေ "

" အဲဒီလိုဆိုလည်း ကိုကို့ကိုပါးချမှာပေါ့ "

" ဟားဗျာ ... ကိုယ်မြတ်န်ိုးလို့ တုန်နေအောင်ချစ်ရတဲ့အမျိုးသမီးလေးကို ညစ်တီးညစ်ပတ်စကားလုံးတွေ မပြောဝံ့ပါဘူး ငယ်ရယ်၊ အဲဒီလို စိတ်ကူးမျိုးလည်းမရှိနေလို့"

နေဟန်မှိုင်းကပြုံးလာပြီး သူမနဖူးထိပ်လေးကို နမ်းလိုက်သည်။

" ကိုကို့ကလေးလေး စိတ်မလုံမလဲဖြစ်ပြီး ကြောက်နေရင် ကိုကိုရှေ့ဆက်မတိုးဘူး "

သိမ်မွေ့စံနွယ်က သူ့ပါးပြင်နှစ်ဖက်ကို နူးညံ့စွာ ပွတ်သပ်ပေးနေလျက်။

"ကိုကို ဒီနိုင်ငံမှာဆက်မနေချင်တော့ရင် မွေ့တို့မြန်မြန်လက်ထပ်ပြီး နိုင်ငံခြားသွားကြတာပေါ့"

ထိုစကားကြောင့် သူ အံ့သြသွားသည်။ သူမမျက်ဝန်းများက သူ့ကိုစကားလုံးများစွာဖြင့် စကားပြောနေဟန်ရှိသည်။

" ကိုကိုနဲ့အတူတူ ဘဝအခက်အခဲတွေ ရင်ဆိုင်ဖို့ တကယ်စွန့်စားနိုင်ပြီလား ငယ်လေးက "

" အဆင်သင့်ပဲပေါ့ ကိုရယ်"

" ကလေးလေးတွေ ဘယ်နှစ်ယောက်မွေးပေးနိုင်လဲ ကိုကို့အတွက် "

" ချမ်းသာပြီးပြည့်စုံကြွယ်ဝတဲ့အခြေအနေရောက်မှ ကလေးလေးတွေ တစ်ယောက်မက ယူချင်တယ်၊ သာမာန် ဘာမှမပြည့်စုံသေးဘဲကလေးယူရင် မွေးလာတဲ့ကလေးကို လူ့လောကထဲ တမင်ဆွဲခေါ်လာပြီး ဒုက္ခခံခိုင်းသလိုဖြစ်နေမယ်လေ "

" အွန်းပါ ... ကိုကိုနဲ့မွေ့လေး အတူတူကြိုးစားပြီး စီးပွားရှာကြတာပေါ့၊ ကိုကိုက ပိုရုန်းပေးမယ်၊ ကိုကိုတို့ရဲ့အနာဂတ်ကလေးလေးတွေ မိစုံဖစုံပြည့်ပြည့်စုံစုံနဲ့ အထက်တန်းလှမျက်နှာပန်းကျကျနေနိုင်အောင် ... "

" အမြွှာပူးလေးတွေမွေးပေးမယ် ကိုကို့အတွက်"

" အဲဒါဆို မွေ့လေး ဗိုက်ဗိုက်သယ်ရတာ ပင်ပန်းနေမှာပေါ့ "

" တစ်ခါတည်းနှစ်ယောက်မွေးတာ ပင်ပန်းပေမယ့် အလုပ်ရှုပ်သက်သာတယ်မဟုတ်ဘူးလား ကိုကိုရယ် "

" မွေ့လေးသဘော ... ခုတောင် ကလေးလေးတွေမွေးခိုင်းချင်နေပြီ "

" ဟီး "

နေဟန်မှိုင်းမှာ စကားပြောနေစဥ် ခေါင်းနိမ့်ဆင်းလာပြီး သူမ၏လည်ပင်းလေးကို နေရာအနှံ့နမ်းနေခဲ့သည်။ လည်ပင်းလေးမှသည် ရင်ညွန့်သို့ရေက်လာလျက် သူမ၏အင်္ကျီကြိုးကိုင်းလေးများကို ပခုံးနှစ်ဖက်ထက်မှ လျောချလိုက်ပြီး သူမလေး​၏ဖြူဖွေးကာ ဝင်းမွတ်နေသောရင်ဘတ်ပေါ်တွင် အနမ်းများခြွေသည်။

ထိုစဥ် စားပွဲခုံပေါ်ကဖုန်းမြည်လာခဲ့လျှင် နေဟန်မှိုင်းမှာ အာရုံမစိုက်ခဲ့ဘဲ သိမ်မွေ့စံနွယ်နှင့်သာ ဆက်လက်၍ချစ်ကြည်နူးနေခဲ့သည်။ ဖုန်းမှာ သျှန်မှခေါ်ဆိုနေခြင်းပင်။

" ကိုကို ... ဖုန်းလာနေတယ်လေ "

" နောက်မှ "

" အရေးကြီးတဲ့ဖုန်းဖြစ်နေရင် ဘယ်လိုလုပ်မလဲ "
" မွေ့လောက် ဘယ်ဟာမှ အရေးမကြီးနေဘူး "

ဖုန်းသည် တစ်ကြိမ်ထက်ပိုမြည်လာသည်။ နေဟန်မှိုင်းမှာ စိတ်မရှည်တော့သဖြင့် ဖုန်းကိုယူကြည့်လိုက်သော် သျှန်ခေါ်နေသည်ကိုတွေ့လျှင် ချက်ချင်းကိုင်​၏။

" ဟေ့ကောင်ရေ ... ဘာကိစ္စလဲ၊ ငါအခု မွေ့လေးနဲ့ကမ်းခြေခရီးရောက်နေတယ်၊ မင်းကိုမပြောမိတာ "

" ဟုတ်လား၊ အေး အေး၊ ဘာမှမဟုတ်တော့ဘူး၊ ကောင်းကောင်းပျော်ခဲ့ကြ "

သျှန့်ဘက်က ချက်ချင်းဖုန်းချလိုက်သဖြင့် နေဟန်မှိုင်းမှာ မျက်ခုံးတွန့်သွားသည်။ ထို့နောက် ဖုန်းကိုစားပွဲခုံပေါ်ပြန်တင်ခဲ့ပြီး သိမ်မွေ့စံနွယ်နှင့်ချစ်ကြည်နူးနေခဲ့သည်။

သူ​၏သန်မာသောလက်များက သူမ​၏လက်နုနုလေးကို တင်းကျပ်စွာဆုပ်ကိုင်ထားပြီး လည်ပင်းတစ်ဝိုက်ကို ထပ်မံပြီးနမ်းနေခဲ့ရင်း သူမ​၏ဂါဝန်ဇာပါးလေးကို အောက်သို့လျှောချလိုက်သည်။ သိမ်မွေ့စံနွယ်ဆီက ညဉ်းသံလေးများပေါ်လာလျှင် နေဟန်မှိုင်း​၏နားထဲတွင် သာယာချိုမြနေခဲ့သည်။

" ကိုကို ရေမကူးတော့ဘူးလား "

သူမက ညဥ်းနေရာမှ စကားပြောလာလျှင် သူ ပြုံးလိုက်သည်။

" မွေ့လေး ကူးချင်ရင် ခုပဲရေကူးဝတ်စုံလဲလိုက်လေ "

" အွန်း လဲလိုက်တော့မယ် "

ဤသို့ဖြင့် ချစ်သူနှစ်ဦးမှာ ရေကူးဝတ်စုံများဆင်တူဖြင့် ကမ်းခြေတွင် ရေကူးရင်း ပျော်ပါးနေခဲ့ကြသည်။

တစ်ဖက်တွင် သျှန်မှာတော့ ....

" ဒိုင်း - ဒိုင်း "

" ပါးပါး သမီးကြောက်တယ် "

" ဘရဏီ ပါးနောက်မှာနေ "



• ────── ✾ ────── •



המשך קריאה

You'll Also Like

2M 113K 96
Daksh singh chauhan - the crowned prince and future king of Jodhpur is a multi billionaire and the CEO of Ratore group. He is highly honored and resp...
21.6K 508 30
THE COVER IS MINE PLEASE DONT STEAL!!! BAD WRITING!!! READ IF WANTED BUT YOU HAVE BEEN WARNED "M/n go inside you're freezing yourself!!" "im still t...
177K 3.7K 14
D.M. x Reader → Your family made a contract with the Malfoys that you'll carry the Malfoy Heir during your seventh year at Hogwarts. You see the Mal...
39K 1.7K 17
when shivika left OM and left to Annika's chalw then the next day they left to Goa and never turned back