ညမီးရောင်စုံများဖြင့် ပေါ်လွင်ထင်ရှားစွာ လှပနေသည့်အဆောက်အအုံမှာ ကြယ် ငါးပွင့်ဟော်တယ်တစ်ခုဖြစ်သည်။ ထို အဆောက်အအုံအတွင်းတွင်မူ ခမ်းနားထည်ဝါလှသည့် Chandelier ရွှေရောင်၊ငွေရောင်၊ သက်တန့်ရောင်စုံများက တလက်လက်၊ တဖျတ်ဖျတ်နှင့် ရတနာများဆင်ယင်ထားသကဲ့သို့ တောက်ပနေသည်။
နံရံများတွင် ချိတ်ဆွဲထားသည့် လက်ရာမြောက်လှသည့် ဆေးရေးပန်းချီကားချပ်များကလည်း အသက်ဝင်သယောင် တည်ရှိနေသည်။
ကာစီနိုကစားဝိုင်းတစ်ခုတွင် နိုင်ငံတကာလူမျိုးခြားပေါင်းစုံက Dealer များနှင့်ကစားနေကြပြီး အော်ဟစ်ဆူညံနေခဲ့ကြသည်။ ဤတွင် သျှန်လည်း ဘရဏီလေးကို ခေါ်ဆောင်လာကာ ဝင်ရောက်ကစားနေခဲ့သည်။
လောင်းကစားဆိုသည့်အတိုင်း နိုင်လျှင်လည်း အမြတ်ငွေများစွာရရှိသလို၊ ရှုံးလျှင်လည်း အဆမတန်လျော်ရသည်။ ယခု ကာစီနိုကစားဝိုင်းသည် နိုင်ငံတကာမှ လူကုံထံများကစားနေသည့်အလျောက် အလျော်အစားများမှာ အမေရိကန်ဒေါ်လာသန်းချီထိရှိသည်။
ရွှေအစစ်ဖြင့် ပြုလုပ်ထားသဖြင့် တဖိတ်ဖိတ်တောက်ပနေသည့် မျက်မှန်ကိုင်းအတွင်းမှ သျှန်၏အညိုရောင်မျက်ကပ်မှန်များမှာ ဝင်းလက်နေခဲ့သည်။ သျှန်က ရုတ်တရက်ကြည့်လျှင် နေဟန်မှိုင်း၏မျက်နှာပေါက်နှင့်ခပ်ဆင်ဆင်ဖြစ်သည်။ နေဟန်မှိုင်းကလည်း တစ်ခါတစ်ရံ ရုပ်ဖျက်လျှင် မျက်မှန်တပ်တတ်သည့်အတွက် နှစ်ယောက်စလုံး မျက်မှန်တပ်ထားပါက ညီအစ်ကိုများကဲ့သို့ ထင်ရသည်။ သို့သော် နေဟန်မှိုင်းက နဂိုဆံပင်အကောက်ဖြစ်ပြီး သျှန်ကဆံပင်ဖြောင့်သည်။
ရုတ်တရက် ကြည့်လျှင် ရုပ်ဆင်သည်ထင်ရသော်လည်း သေချာကြည့်လျှင် မျက်ခုံး၊ မျက်လုံး၊ မျက်နှာဖွဲ့စည်းပုံများက မဆင်တူနေပေ။
နေဟန်မှိုင်း၏မျက်နှာပေါက်က ယောကျာ်းအလွန်ပီသပြီး ကြမ်းတမ်းသည့်ပုံစံပေါက်သည်။ရုပ်ရည်ချောမောပြီး အနည်းငယ်ကြောက်စရာကောင်းသည်။ အသားရည်က ရွှေဝါရောင်ကဲ့ ဝင်းဝါလှပသည်။ မျက်လုံးကျယ်သည်။ အသံကမူ ဟိန်းထွက် သြရှပြီး ကြည်လင်သည်။
(မှတ်ချက်။ ။ နေဟန်မှိုင်းရဲ့ပုံသဏ္ဌာန်ကို မေ့နေရင် အခန်း(၂) ကို ပြန်ဖတ်နိုင်ပါတယ် )
သျှန်ကမူ ယောကျာ်းပီသသောမျက်နှာပေါက်ရှိပြီး သိမ်မွေ့နူးညံ့သည့်ပုံစံအပြည့်ရှိသည်။ သူသည်လည်း ရုပ်ရည်အလွန်ချောမောသည်။ နိုင်ငံခြားသွေးစုပ်ဖုတ်ကောင် (Vampire) ကားထဲက Vampire တစ်ကောက်ကဲ့သို့ အထင်မှားရလောက်အောင် အသားအလွန်ဖြူဖွေးနုဖတ်သည်။ မျက်လုံးအနည်းငယ်မှေးသည်။ အသံကအစ သိမ်မွေ့နူးညံ့ပြီး ချိုသာသည်။
သူ့အပြုံးများက အမြဲဖော်ရွေနေတတ်၏။
သို့သော် လူများမသိကြသည်က ထိုဖော်ရွေသော သူ့အပြုံးများက နောက်ကွယ်တွေ မည်မျှထိကြောက်စရာကောင်းနေသလဲဆိုတာကို။
သျှန်ကတော့ ကံကောင်းစွာ အမေရိကန်ဒေါ်လာ ၁၀ သန်းကျော်အထိနိုင်နေသဖြင့် သူနှင့်အတူတူဆော့နေသော ဒူဘိုင်းမှ လုပ်ငန်းရှင်များ၊ ဂျပန်တရုတ်မှ နာမည်ကြီးလောင်းကစားသမားများမှာ ဒေါသများဖြင့် နီရဲတွတ်နေကြပြီး မနာလိုနေကြသည်။
သျှန်ကတော့ နိုင်နိုင်ရှုံးရှုံး ငွေရေးကြေးရေး ခြေသလုံးမွှေးဖြစ်သည့်အတွက် ကာစီနိုကစားခြင်းအပြင် အခြားသောလောင်းကစားလုပ်ခြင်းက သူ့အတွက် စိတ်ပြေလက်ပျောက် အပန်းဖြေမှုတစ်ခုသာ။ ဘရဏီလေးမှာ သူမ၏ပါးပါးသျှန်ဘေးနားတွင် မအူမလည်ဖြင့် ထိုင်နေခဲ့သည်။
လောင်းကစားလုပ်နေကြသည်ကိုတော့ သူမသိသော်လည်း ကလေးဖြစ်သည့်အလျောက် ကာစီနိုကစားဝိုင်းတစ်ခုလုံးက လူများ၏အမူအရာဟန်ပန်နှင့်လှုပ်ရှားမှုအားလုံးကို ကြည့်ရှုလေ့လာကာ သျှန့်ကိုလည်း ကာစီနိုအကြောင်း တစ်ချိန်လုံးမေးနေခဲ့သည်။
" ပါးပါး .... "
" ပြော Baby "
ဘရဏီလေးမှာ သျှန်၏နားအနားကို တိုးလာကာ သူ၏ညာဘက်နားကို သူမ၏လက်သေးသေးလေးဖြင့် အုပ်မိုးလိုက်ရင်း အတင်းပြောခဲ့သည်။
" ဟိုဘက်က လူကြီးတွေရဲ့မျက်နှာကြီးတွေက ပါးပါးကိုဝါးစားတော့မယ့်အတိုင်း စိုက်ကြည့်နေကြတယ် ... သမီးကြောက်တယ် "
" ဟက်ဟက် ... မကြောက်ပါနဲ့၊ ပါးပါးရှိတယ်၊ အဲဒီကောင်တွေက ပါးပါးနိုင်တာများနေလို့ အီးမှန်နေကြတာ "
" ပါးပါးက အရမ်းတော်တာပဲ "
" သမီးရဲ့ပါးပါးပဲ "
" ပါးပါး ... ကစားတာ ဘယ်တော့ပြီးမှာလဲဟင်၊ သမီးအရမ်းဗိုက်ဆာနေပြီ "
" ဟုတ်လား၊ ခဏတော့ သည်းခံနော်၊ ဒီပွဲပြီးတာနဲ့ ပါးပါးတို့ dinner သွားစားကြမယ် "
သျှန်က ဘရဏီလေး၏ခေါင်းလေးကို ချစ်မြတ်နိုးစွာ ပွတ်သပ်လိုက်ပြီးနောက် ကာစီနိုဆက်ကစားသည်။ ထို့နောက် သူ၏ဆေးလိပ်ကို ခပ်ပြင်းပြင်းဖွာလိုက်သည်။
ဤသို့ဖြင့် ဆက်ကစားနေရင်းက နောက်ဆုံးပွဲစဉ်အထိ ရောက်ရှိလာသည်။ Dealer က English လို တတွတ်တွတ်ပြောနေပြီး ဘေးဘက်က ဖဲချပ်များကို တစ်ချက်ချင်းစီရွ့ယူကာ ကာစီနိုဝိုင်းတွင် ဖဲချပ်များကို လျင်မြန်စွာ ဖြန့်ခင်းလိုက်သည်။ ထို့နောက် Jack၊ King၊ Queen အစရှိသဖြင့် ဖဲချပ်အမည်များဖြင့် နံပါတ်စဉ်များကို ကစားနေကြသူ Player များဆီ ရေတွက်ပြနေပြီးနောက်။
သျှန်ကလွဲ၍ တခြား player များ၏ ဖံချပ်နံပါတ်များမှာ Dealer လက်ထဲက ဖဲချပ်နံပါတ်များထက် ကိန်းဂဏန်းသေးငယ်နေသဖြင့် အကုန်လုံးရှုံးသွားကြပြီး သျှန်သာအနိုင်ရသွားသည်။
Dealer အပါအဝင် ကျန် Player များမှာ သျှန့်ကို အမုန်းမျက်လုံးများဖြင့် ကြည့်နေကြသည်။
ဟော်တယ်၏ CCTV အခန်းကနေ သျှန်တို့ကစားဝိုင်းကို ကြည့်နေကြသော တာဝန်ရှိသူများကလည်း သျှန်ကို အမေရိကန်ဒေါ်လာသန်းချီလျော်ရမည်ဖြစ်သဖြင့် လေပူများမှုတ်ထုတ်နေကြကာ သက်ပြင်းချနေကြရင်ူ အကုန်ဘူနေကြသည်။ ဤသို့ဖြင့် သူတို့၏ဟော်တယ်ပိုင်ရှင်သူဌေးထံသို့ အမြန်ဖုန်းဆက်သွယ်နေကြသည်။
" ကဲ ... သမီးလေး၊ ညဉ်းပါးပါး သမီးကို ၇ ဘဝစာ အမွေပေးလို့ရပြီ "
ထိုစဉ် ဟော်တယ်ရှိ Supervisor များမှ ကာစီနိုဝိုင်းက သျှန့်စီကို ပြည်တည်တည်အပြုံးများဖြင့် လာရောက်တွေ့ဆုံကြသည်။
" ဟောဒီက လူကြီးမင်းအနေနဲ့ အချီကြီးနိုင်သွားလို့ Congratulations ပါ။ ဒါပေမဲ့ လူကြီးမင်းနိုင်သွားတဲ့ ငွေပမာဏက အဆမတန်များနေတာကြောင့် ကျွန်တော်တို့လျော်ပေးနိုင်ဖို့ သူဌေးဆီ အကြောင်းကြားနေပါတယ်။ မကြာခင် ဟော်တယ်ကို သူဌေးရောက်လာပါလိမ့်မယ် ခင်ဗျ။ အဲဒါ .... လောလောဆယ်တော့ လူကြီးမင်း ခဏစောင့်ပေးနိုင်မလား ... "
" ရပါတယ် ... အေးဆေးပါ၊ ခုတော့ ကျွန်တော့်သမီးကို ဒီဟော်တယ်က ဆိုင်မှာပဲ Dinner ကျွေးမလို့ သွားခွင့်ပြုပါဦး "
" အာ ဟုတ်ကဲ့ပါခင်ဗျာ "
အနောက်တိုင်းဝတ်စုံနှင့် Supervisor ခေါင်းဆောင်အမျိုးသားက သျှန့်ကို အပြုံးတစ်ခုနှင့်အတူ ရိုသေစွာခါးအနည်းငယ်ညွတ်လျက် ပြောကြားခဲ့သည်။
" လာ ... Dinner သွားစားကြရအောင် "
ထို့နောက် သျှန်က အငွေ့ထွက်နေသော သူ့ဆေးလိပ်ကို ဆေးလိပ်ပြာခွက်ထဲတွင် မီးသတ်လိုက်ပြီးလျှင် မျက်နှာချွေးပြန်နေကာ သိမ်ငယ်နေသော အမျိုးသား Dealer ချောချောဘက်ကို မျက်နှာလှည့်ကာပြုံးပြခဲ့ပြီး ဘရဏီလေး၏လက်ကိုဆွဲကာ ဟော်တယ်ရှိ နာမည်ကြီးစားသောက်ဆိုင်ကို ဦးတည်ခဲ့သည်။
စားသောက်ဆိုင်ထဲကိုရောက်ရှိခဲ့ကြပြီးနောက် သျှန်က ဘရဏီကို မီနူးထိုးပေးပြီး သူမစိတ်ကြိုက်စားလိုသည့်အရာများကို မှာခိုင်းခဲ့သည်။ သျှန်တို့၏မျက်စောင်းထိုးတစ်ဖက်ဝိုင်းတွင် စားသောက်ကာ စကားပြောနေကြသည့်လူအုပ်စုထဲမှ လူတစ်ယောက်ဟာ သျှန့်ကိုလျှပ်တစ်ပြက်စိုက်ကြည့်ခဲ့သည်။ ထို့နောက် သူကိုင်ဆောင်ထားသည့် ဇွန်းနှင့်ခက်ရင်းကို အမြန်ချခဲ့ပြီး ဟင်းပေကျံနေသောသူ့ပါးစပ်ကို တစ်သျှူးဖြင့် အလျင်အမြန်သုတ်လိုက်သည်။ ထို့နောက် သျှန့်ဆီသို့ အားရဝမ်းသာသောခြေလှမ်းများဖြင့် ခပ်သွက်သွက်လျှောက်လာခဲ့သည်။
" တစ်ဆိတ်လောက်ခွင့်ပြုပါ၊ အစ်ကိုက စာရေးဆရာ " ဗစ်တာဗြောက်" မလား "
သျှန်က သူ့ရွှေရောင်မျက်မှန်ကိုင်းကို သွယ်တန်းထားသည့် ပလက်တီနမ်ကြိုးလေးကို မျက်မှန်သုတ်သည့်အပြာရောပိုးသားအဝတ်ဖြင့် သုတ်နေခဲ့ရာမှ အသံလာရာဘက်ကို ခေါင်းအနည်းငယ်စောင်းကာ မော့ကြည့်လိုက်သည်။ မျက်မှန်မပါသဖြင့် သျှန်၏မျက်လုံးက ယခင်ထက် ပိုမှေးသွားသည်။ ထို့နောက် ပါးချိုင့်ပါသောအပြုံးတစ်ခုနှင့် နူးညံ့စွာ ဖြေလိုက်၏။
" ဟုတ်ပါတယ် "
" အား .... ကျွန်တော့်က ဆရာ့ Fan အကြီးစားပါ၊ ဆရာ့ဝတ္ထုတွေ အရမ်းကြိုက်တာဗျ၊ တွေ့ရတာ ဝမ်းသာလိုက်တာဆရာရယ်၊ လက်ဆွဲနူတ်ဆက်ခွင့်ပြုပေးပါ ဆရာ"
သျှန်က သူ၏အမာခံပရိတ်သတ်ဆိုသူ ထိုအမျိုးသားက လက်ကမ်းပေးလာသဖြင့် သူလည်း မျက်မှန်ကောက်တပ်လိုက်ပြီး လက်ဆွဲနှုတ်ဆက်ခဲ့သည်။ ထိုအမျိုးသားမှာ သျှန့်လက်ကို မလွတ်စတမ်း လက်ဆွဲနှုတ်ဆက်နေခဲ့လျှင် သျှန်မှာအတင်းလွတ်ဖို့ ကြိုးစားရသည်။ ဘရဏီက ရယ်နေခဲ့သည်။
" အာ ... ဆောရီးပါ ဆရာ၊ ကျွန်တော့်ဆရာကို ခုလိုလူချင်းတွေ့ရတာ အရမ်းဝမ်းသာသွားလို့ပါ ၊ ကျွန်တော်ထိုင်လို့ရမလား "
" ရပါတယ် "
သူ၏အမာခံပရိတ်သတ်ဖြစ်နေသဖြင့် သျှန်ကလည်း မငြင်းပယ်ပေ။
" ကျွန်တော့်နာမည်ကို လွင်ကျော့လို့ခေါ်နိုင်ပါတယ်၊ ကျွန်တော်က သတင်းသမားတစ်ယောက်ပါ၊ ခု ဆရာ့အင်တာဗျူးချင်လို့ ရမလားခင်ဗျာ "
" ဘာအတွက် အင်တာဗျူးမှာလဲ ... ကျွန်တော်က သတင်းမီဒီယာတွေထဲပါချင်နေတဲ့အကောင် မဟုတ်နေဘူး၊ ကိုယ်ရေးကိုယ်တာတွေ မေးမြန်းမယ်ဆိုရင်တော့ လစ်ပါ၊ ကျွန်တော့်ဝတ္ထုတွေနဲ့စာပေအကြောင်း အင်တာဗျူးဆွေးနွေးမယ်ဆိုရင်တော့ ရပါတယ် "
" အာ ... ဟုတ်ကဲ့၊ ဒါဆို ဆရာ့ကို ကိုယ်ရေးကိုယ်တာတွေ မမေးမြန်းတော့ပါဘူး၊ ဒီတိုင်း ဆရာ့ရဲ့အကျော်ကြားဆုံး ဝတ္ထုတွေကို ဘယ်လိုဖန်တီးခဲ့သလဲဆိုတာနဲ့ပတ်သက်ပြီး အင်တာဗျူးချင်တာ "
" ဟုတ်ကဲ့ပါ "
အမျိုးသားက သူ၏ Iphone ကို စားပွဲခုံပေါ်တင်လိုက်ပြီးနောက် recorder ဖွင့်ခဲ့သည်။
" အခုပထမဆုံး ဆရာ့ကိုမေးမြန်းချင်တာလေးက လတ်တလော လူငယ်တွေကြားမှာရေပန်းစားကျော်ကြားနေတဲ့ ဆရာ့ရဲ့Eternal Sunshine ( The Criminal Syndrome) ဆိုတဲ့ ဝတ္ထုလေးကို ဖန်တီးဖြစ်ခဲ့ရတဲ့အကြောင်းလေးပါ ... ဆရာ အရင်တုန်းက ရိုးရိုးသာမာန် လူသတ်တဲ့ဝတ္ထုတွေ၊ သရဲဇာတ်လမ်းတွေကို ယောကျာ်း မိန်းမအချစ်ဇာတ်လမ်းလေးတွေနဲ့ တွဲဖက်ရေးသားခဲ့တာနော်၊ နောက်လုံးဝ Romance မပါဘဲ Action၊ Fantasy သီးသန့် စုံထောက်ဝတ္ထုတွေရေးခဲ့ရာကနေ BL အသားပေး ဝတ္ထုကို ဘာလို့ရေးခဲ့ရတာလဲဗျာ ... ဟို ဒါက ကျွန်တော် LGBT ကို မထောက်ခံတဲ့ပုံစံနဲ့မေးတာမဟုတ်ပါဘူးနော် ... BL ဆို မဖတ်တဲ့ကျွန်တော်တော် အဲ့ထဲက ဇာတ်ကောင်တွေကို တအားကြိုက်သွားလို့ပါ "
သျှန်၏မျက်နှာတွင် လှပသောအရယ်အပြုံးတစ်ခုပေါ်လာခဲ့သည်။
" အဟား ... ခုလိုကြားရတာ ဝမ်းသာပါတယ်ဗျာ၊ ကျွန်တော့်ဖန်တီးမှုတွေကို တကယ်ကြိုက်ပေးလို့ ကျေးဇူးကမ္ဘာပါ "
" ကျွန်တော်တို့ပရိတ်သတ်တွေကလည်း အရမ်းကျေးဇူးတင်ပါတယ် ... ဆရာ့ဖန်တီးမှုတွေက ကျွန်တော်တို့ရဲ့နှလုံးသားမှာ အမြဲစွဲထင်နေအောင်၊ တိုက်ဆိုင်မှုတွေရှိလာတိုင်း သတိရနေအောင် ဖန်တီးပေးလို့ "
" အမောင်က တအားမြှောက်တယ်နော်၊ ကျွန်တော့်စာကို တကယ်ကြိုက်တဲ့စာဖတ်ပရိတ်သတ်တွေက လူနည်းစုတွေပဲရှိပါတယ်ဗျာ၊ စာဖတ်ပရိသတ်အများစုကြိုက်တဲ့ ဇာတ်လမ်းမျိုးတွေ မရေးတော့လေ ... ဒီကြားထဲ နာမည်အဆန်းပေးတာမကြိုက်လို့၊ ဘာဖြစ်လို့နဲ့ လလေးလုံးတွေ လာပြောတဲ့လူတွေလည်းရှိသေး "
" ဟာ ဆရာရယ် ... ဆရာ့ထက် ဇာတ်ကောင်တွေ နာမည်အဆန်းပေးတဲ့စာရေးဆရာတွေ တစ်ပုံကြီးပါ "
" စိတ်ထဲမထားပါဘူး ... ဘယ်နယ်ပယ်မှာမဆို အစွန်းရောက်တဲ့ဝေဖန်မှုတွေ၊ အပုပ်ချမှုတွေကတော့ ဆက်တိုက်ရှိနေမှာပါ၊ ကျွန်တော်ကတော့ "IDGAF" လမ်းစဉ်ပဲ ကျင့်သုံးတယ်၊ ကျွန်တော့်ဖန်တီးမှုတွေကို တကယ်ကြိုက်လို့ အားပေးတဲ့ပရိတ်သတ်အနည်းစုကို ကျွန်တော်တန်ဖိုးထားတယ်၊ သူတို့အကုန်လုံးကို ချစ်တယ် "
" ဆရာ့ အမာခံပရိတ်သတ်လေး ကျွန်တော့်ကိုရော ချစ်လား ဆရာ ... ကျွန်တော်ကတော့ ဆရာ့ဇာတ်ကောင်တွေရော ဆရာ့ကိုရော ချစ်တယ် ဟဲဟဲ "
" ချစ်တယ်လေ "
" ကြွေပြီဆရာ ... အသည်းလေးတွေယူပါ "
" ယူလိုက်ပြီ "
" ဆရာက မထင်ရဘူး၊ သိပ်ချစ်ဖို့ကောင်းတာပဲ၊ အစက ဆရာ့ကိုနူတ်သာဆက်ရတာ မာနကြီးမလားလို့လေ၊ ဆရာ့အကြောင်းတွေကြားရသလောက် ဆရာက အချေကြီးတယ်တို့၊ ရိုင်းတယ်တို့၊ အထက်စီးဆန်တယ်တို့ ..."
ထိုကဲ့သို့ လွင်ကျော့က ပြောလာလျှင် သျှန်က ဟားတိုက်ရယ်မိသည်။
" အဟားဟား ... စာအုပ်အဖုံးကိုပဲ ကြည့်တတ်တဲ့လူ့သဘာဝတွေကတော့ ဒီလလေးလုံးစကားတွေ ပြောနေကြမှာပဲ ညီကို၊ ကျွန်တော်ကတော့ ချီးမွမ်း (၇) ရက်၊ ကဲ့ရဲ့ (၇) ရက်လောကဓံတွေကို အများကြီးကြုံလာခဲ့ရပြီမို့ အဆိုးတွေကြုံလာလည်း သောက်ကြောတင်းတင်းနဲ့ လက်ခလယ်ထောင်ပြနေတတ်တာ ... အဲဒါကြောင့် စာရေးဆရာတွေထဲ ကျွန်တော်က အေးအေးလေးနဲ့ အမိုက်ရိုင်းဆုံးကောင်ဖြစ်နေလိမ့်မယ် "
" အာ ... ခုကြည့်ရသလောက် ဆရာက ဟိုလိုအသားလွတ် မမိုက်ရိုင်းနေပါဘူးဗျာ၊ ဆရာ စကားပြောတာ အရမ်းပွင့်လင်းပြီး ဟန်ဆောင်မနေဘဲ အရှိအကိုအရှိတိုင်း ဒဲ့တိုးပြောတတ်လွန်းလို့ လူတွေအမြင်ကတ်နေကြတာဖြစ်လိမ့်မယ်၊ ဒါပေမဲ့ ဆရာက အနေအေးလွန်းပါတယ် "
သျှန်က လွင်ကျော့ကို ရယ်ပြခဲ့ပြီးနောက် စားပွဲခုံပေါ်ကို စိုက်ကြည့်လိုက်သည်။ သက်ပြင်းငွေ့ငွေ့လေးချလိုက်ပြီးလျှင် ....
" ကျွန်တော့်အသက် ၁၉ နှစ်လောက်မှာ စာတွေစရေးဖြစ်ခဲ့တယ်၊ ခုဆို အသက် ၂၉ ရှိနေပြီပေါ့၊ စာရေးတဲ့သက်တမ်း (၁၀) နှစ်အတွင်း ကျွန်တော် လူအမျိုးမျိုး၊ ဝေဖန်မှုအမျိုးမျိုးတွေကို ဆိုးဆိုးဝါးဝါးကြုံခဲ့တယ်။ အဲဒီထက်ဆိုးတာတွေကတော့ လိုရာဆွဲတွေး တစ်ပိတ်ပိတ်တွေဆီက သောက်မြင်ကတ်ပုဒ်မတွေနဲ့ မကောင်းသတင်းလွှင့်တာတွေရောပေါ့။ ကျွန်တော် ဝတ္ထုတွေရေးနေတုန်း စိတ်ဓာတ်တွေ ထိုးကျခဲ့တဲ့အချိန်တွေလည်းရှိပါတယ်။
စစရေးခဲ့တုန်းက ဝတ္ထုတွေဆို လိုအပ်ချက်တွေ အရမ်းများခဲ့တယ်။ နောက် ကျွန်တော်က တခြားဝတ္ထုတွေကို များများစားစား ဖတ်လေ့မရှိခဲ့ဘူး။ အဲဒါကြောင့် ဘယ်စာရေးဆရာအကြိုက်ဆုံးလဲမေးရင် ကျွန်တော်မပြောပြနိုင်ပေမယ့် ဟိုးရှေးခေတ် Senior စာရေးဆရာတွေထဲကပြောရရင်တော့ တစ်ယောက်ရှိတယ်၊ ဆရာ ဦးညိုချစ်ပါ ... "
" ဝါး ... ဆရာဗစ်တာက ဆရာဦးညိုချစ်ကို ကြိုက်တာလား၊ မထင်ရဘူးနော်၊ အဲဒီဆရာကြီးက ရာဇဝင်တွေရေးတာလေ၊ Fantasy Historical တွေရေးတဲ့နေရာမှာ အရေးအသားအရမ်းလှတာ "
" အင်း ဒါပေမဲ့ ဝန်ခံမယ်၊ အဲဒီစာရေးဆရာကြီးရေးတဲ့စာအုပ် (၂) အုပ်ပဲ ဖတ်ဖူးတယ်၊ ပထမက မယ်လေးရဲ့ငွေနန်းတော် ... ဒုတိယက အလင်္ကာပြည်က ချစ်သူ၊ ဆရာကြီးရဲ့ နောက်ထပ်စာအုပ်တွေ ဖတ်ဖို့အချိန်မပေးဖြစ်နေတာ ... တခြားစာရေးဆရာတွေရေးတဲ့စာအုပ်တွေလည်း ဖတ်ဖူးပါတယ်၊ ဇာတ်လမ်းတအားရိုးလို့ မကြိုက်ဘူး၊ သူတို့ကို အားပေးတဲ့ပရိတ်သတ်များပေမယ့် ကျွန်တော်ကတော့ ခံစားလို့မရဖြစ်တော့ ရုပ်ရှင်တွေပဲအကြည့်များတော့တယ် "
" ဪ "
လွင်ကျော့ဘက်က သျှန်ပြောသမျှကို တလေးတစားနှင့် ဆက်တိုက်နားထောင်နေခဲ့သည်။
" အဲဒီလိုဇာတ်လမ်းအရိုးတွေကို စိတ်ပါလက်ပါဖတ်တာဆိုလို့ ကျွန်တော်ခင်မင်ရတဲ့အသိမိတ်ဆွေစာရေးဆရာတွေရေးတာတွေပဲ ... တော်တော်ခင်လို့ ဖတ်တာ၊ ကျန်တဲ့လူတွေရေးတာဘယ်လောက်နာမည်ကြီးကြီး မဖတ်ဖြစ်ဘူး "
ထိုစဉ် စောစောက လွင်ကျော့မလာခင် ဘရဏီနှင့်သျှန်တို့မှာထားခဲ့သည့် ဟင်းလျာများ၏ပန်းကန်ခွက်ယောက်များကို စားပွဲခုံပေါ်တွင် စားပွဲထိုးများမှ တစ်ခုချင်းဆီ သေချာချနေကြသည်။ သျှန်က စားပွဲခုံပေါ်တွင် တင်ထားသော သူ့ဖုန်း၊ ပိုက်ဆံအိတ်နှင့် ကားသော့ကို နေရာရွှေ့လိုက်သည်။ စားပွဲထိုးများက သူ့ရှေ့တွင် ထမင်းပန်းကန်အပြင် ဟင်းပွဲများ၊ ဝိုင်ခွက်များ၊ ဇွန်းခက်ရင်းများနှင့် အဖြူရောက် လက်သုတ်ပဝါများကို ခင်းကျင်းပေးနေကြသည်။
" ဪ ဒါဆို ဆရာက ဘယ်လိုစာတွေကို ကြိုက်လဲဗျာ "
" Fantasy ၊ Action ၊ Horror တွေ ... ကျွန်တော်သဘောကျတဲ့ ဆရာတော်တွေရဲ့တရားစာတွေ ... ပြီးရင်ကျွန်တော့်ပရိတ်သတ်တွေ ကျွန်တော့်ဆီရေးကြတဲ့ မေတ္တာစာတွေကို အကြိုက်ဆုံးပေါ့ဗျာ "
" ကောင်းပြီဗျာ ... ဆရာတို့လည်း စားဖို့သောက်ဖို့ရှိတော့ ကျွန်တော်အချိန်အရမ်းမယူတော့ပါဘူး၊ ခုနောက်ဆုံးမေးခွန်းလေးတွေမေးပါရစေ "
လွင်ကျော့က သျှန့်ကိုစိုက်ကြည့်ရင်း သူ၏နောက်ဆုံးမေးခွန်းများကို အားမာန်အပြည့်ဖြင့် မေးမြန်းရန် ပြင်ဆင်ခဲ့သည်။
" အခုတက်သစ်စ စာရေးဆရာလေးတွေ အများကြီးပေါ်လာကြတဲ့အထဲ ခုခေတ်ကလေးတွေက တအား Copycat လေးတွေပေါလာတယ်၊ သူများဖန်တီးမှုတွေကို နေရာပေါင်းစုံကနေ ဖြတ်ညှပ်ကပ်လုပ်လာကြပြီး နာမည်ကြီးလာကြတဲ့အပေါ် ဆရာ့ဘက်က ဘယ်လိုထင်မြင်မိသလဲ "
" ကိုလွင်ကျော့ဘက်က J.K Rowling ရေးတဲ့ Harry Potterကို အရမ်းကြိုက်လို့ သူနဲ့တထေရာတည်းတူအောင်ရေးလည်း ကိုလွင်ကျော့နဲ့ J.K Rowling က နံ့သာဆီနဲ့ ချီးလိုဖြစ်နေမှာပဲမဟုတ်လား ... ဥပမာပေးတာ စိတ်မရှိနဲ့နော်"
" ဟုတ်... ရပါတယ်ဆရာ၊ ထောက်ခံပါတယ်"
" အဲဒီလိုပဲပေါ့၊ နာမည်ကြီးစာရေးဆရာတွေရဲ့ဝတ္ထုပေါင်းစုံ၊ ကဗျာတွေ၊ ရသစာပေတွေကနေ အကုန်ကူးယူရေးသားပြီး နာမည်ကြီးလာလို့ သူတို့ဘက်က Fan ဘယ်လောက်တောင့်နေပါစေ၊ အဲဒီကလေးတွေက တစ်ချိန်ကျရှုံးရင် သူများထက်ပိုကျရှုံးကြတာ၊ သူတို့က သူများဦးနှောက်တွေဖောက်စားထားတဲ့ အရှိန်အဝါတွေနဲ့ ဘယ်လိုကြီးပွားအောင်မြင်နေပါ... သူတို့အောင်မြင်မှုက ကြာကြာမခံပါဘူးဗျာ၊ သူတို့လို လူတွေကို ကျွန်တော်အများကြီး မြင်ခဲ့ရပြီးပါပြီ၊ သူတို့မှာကိုယ်ပိုင်အရည်အချင်းမှ မရှိနေတာ ... ရှိတဲ့အရည်အချင်းဆို ဖြတ်ညှပ်ကပ်လုပ်တာတော်တဲ့ အရည်အချင်းတွေပဲပေါ့ အဟက် "
သျှန်က မျက်လုံးမှေးမှေးဖြင့် လွင်ကျော့ကို ပြုံးပြသည်။ သူ၏စကားလုံးတစ်လုံးချင်းစီတိုင်းကို လွင်ကျော့က ခေါင်းတငြိမ့်ငြိမ့်ဖြင့် ထောက်ခံနေသည်။
" အဲဒီ Copycat Author တွေကို Copycat လို့လက်မခံဘဲ အားပေးနေကြတဲ့စာဖတ်သူတွေကိုရော ... ဘယ်လိုမြင်မိလဲ ဆရာ"
" အာ ... ဒါကတော့ စာဖတ်သူတွေရဲ့စာပေအပေါ်မှာ အစစ်အမှန်သက်ဝင်ခံစားနိုင်တဲ့ဉာဏ်ရည်အဆင့်အတန်းနဲ့ဆိုင်သွားပြီ ကိုလွင်ကျော့ရေ၊ တစ်နည်းအားဖြင့် Brain Level ပေါ့၊ သူတို့ကိုလည်း အပြစ်တအားပြောလို့မရနေဘူး၊ Copycat တွေရေးတဲ့စာက သူတို့အတွက် တိုက်ဆိုင်မှုတွေအများကြီးပါနေပြန်လည်း သူတို့အကြိုက်ဆုံးကို ဖန်တီးမှုအတုလို့ ဘယ်လိုမှလက်ခံနိုင်ကြမှာမဟုတ်ဘူးလေ၊ Their Life၊ Their Choice ပါပဲ "
" အဲဒါဆို နောက်ဆုံးမေးခွန်းအနေနဲ့မေးချင်တာလေးက ... ဆရာ့ရဲ့စာဖတ်သူတွေကိုရော ဘယ်လိုထင်မြင်မိလဲ "
" သိပ်ကောင်းတဲ့မေးခွန်းလေးပါပဲ၊ ဖျင်ဂေါင်းတော့ နည်းနည်းကျယ်မယ်နော် အဟက်၊ Channel တို့ Dior တို့ Versace တို့ ... LV တို့ကို ကြားဖူးတယ်မလား ကိုလွင်ကျော့ရေ "
" ဟုတ် ဆရာ၊ ကြားဖူးတာပေါ့ဗျာ၊ ကျွန်တော့် အမေဆို Channel နဲ့ Dior တွေရဲ့ Fan အကြီးစားလေ "
" ဟုတ်ပြီ... အဲဒီ Brand တွေက ထွက်တဲ့ရေမွှေးတွေ တခြားအသုံးအဆောင်တွေကို တော်ရုံလူ ဝယ်နိုင်ကြလား "
" မဝယ်နိုင်ပါဘူးဆရာ "
" ဘာလို့ မဝယ်နိုင်ကြတာလဲ ... ပြောပြပေးပါလား"
" သာမာန်အောက်ခြေလးတန်းစားတွေ၊ လူလတ်တန်းစားတွေအတွက် ဈေးအရမ်းကြီးတဲ့ Luxury Brand တွေမို့လို့ပါ ဆရာ "
" အဲဒီ Brand တွေ ဈေးကြီးရတာလည်း ဈေးကြီးဖို့ ထိုက်တန်တယ်လေဗျာ၊ သူတို့ Product တွေကို သေချာထုတ်ဖို့အတွက် နှစ်တွေအကြာကြီးအထိ လူအင်အားတွေ၊ အချိန်တွေ၊ သုတေသန research လုပ်ရတာတွေက အရင်းအနှီးတအားများတယ်မလား ... နောက်ဆုံးရလဒ်ကသူတို့မျှော်မှန်းထားသလို အကောင်းဆုံးဖြစ်လာရင် ထိုက်တန်တဲ့ဈေးနှုန်းနဲ့ရောင်းကြသလို ဝယ်နိုင်တဲ့လူတွေက ဝယ်ကြမှာပဲ၊ အဲဒီလို Brand တွေက တစ်ခါဝယ်သုံးပြီးရင် နောက်ထပ်သုံးချင်တဲ့အထိ အရည်အသွေးတွေကလည်း ကောင်းကြတာကိုး "
" အဲဒီလိုပဲ ... ကျွန်တော့်ဖန်တီးမှုတွေကိုလည်း တစ်နှစ်ထက် တစ်နှစ်ပိုကောင်းလာအောင် လိုအပ်နေသမျှ စာအရေးအသားပညာတွေကို ကျွန်တော်တိုးတက်အောင်လုပ်တယ်၊ ကျွန်တော် မနှစ်ကရေးတဲ့ အရေးအသားတွေနဲ့ ဒီနှစ်ရေးတဲ့အရေးအသားတွေ ဘာကွာသွားသလဲ ခဏခဏပြန်ဆန်းစစ်တယ်၊ စာကိုနေ့တိုင်းမရေးဘဲ ရက်ခြားရေးရတာလည်း Idea မစုတ်ပဲ့အောင်ပါ၊ ရေးတာအချိန်ကြာမယ်၊ တကယ်စိတ်နှစ်ရေးလို့ ခံစားရေးလို့ ဖတ်ရတဲ့အချိန် စာဖတ်သူတစ်ယောက်ချင်းစီရဲ့ရင်ထဲ တစ်မျိုးတစ်ဖုံ စွဲကျန်သွားပါလိမ့်မယ်"
" ဟုတ်ကဲ့ ဆရာ"
" ဒါ့အပြင် ဇာတ်လမ်းကောင်းတွေရေးနိုင်ဖို့အတွက် ကျွန်တော် Website ပေါင်းစုံက ဆောင်းပါးတွေလေ့လာဖတ်ရတယ်၊ YouTube Video တွေ ကြည့်ရတယ် "
" ဟုတ် ဆရာ ဘယ်လောက်ထိကြိုးစားထားသလဲကို ဆရာ့ရဲ့ဖန်တီးမှုတွေကနေ သိသိသာသာမြင်ရပါတယ်"
" အဲဒါကြောင့် ကျွန်တော့်စာတွေကို စိတ်ရှည်လက်ရှည်ဖတ်နိုင်တဲ့လူတစ်စုက စာပေအတွေးအခေါ်မြင့်မားပြီး ခေတ်နဲ့အညီ စာပေအဆင့်အတန်းကို လိုက်လျောညီထွေစွာ လက်ခံဖတ်ရှုနိုင်တဲ့ စာဖတ်ပရိသတ်တွေလို့ မြင်မိပါတယ်ဗျာ ...
တစ်နည်းအားဖြင့် Channel၊ LV ၊ Versace နဲ့ Coach တို့လို Branded တွေမှ သုံးကြတဲ့ User တွေလိုပေါ့ ...
ကျွန်တော့်စာဖတ်သူတွေကလည်း Brabded Reader တွေပဲ "
သျှန်၏ယုံကြည်မှုအပြည့်လွန်နေသော ဖြေကြားပုံကြောင့် လွင်ကျော့လည်း အားရဝမ်းသာစွာ လက်ခုပ်တီးလိုက်သည်။
" You are the best ပါ ဆရာ "
" ဟားဟားဟား ... ကဲဗျာ၊ ဗိုက်ဆာလာလို့ စားခွင့်ပြုပါအုံး "
" ဟုတ်ဆရာ ... ခုလိုအချိနိပေး ဖြေကြားပေးလို့ တအားကျေးဇူးတင်ပါတယ်ဆရာ၊ ဒါနဲ့တောင်းဆိုချင်ပါတယ်ဆရာ ... ဆရာက လက်မှတ်ထိုးပွဲလုပ်ခဲတော့ ကျွန်တော် ဆရာ့လက်မှတ်လေးကို ဆရာ့စာအုပ်တွေပေါ်မှာ ... "
" ကျွန်တော် သဘောပေါက်ပြီ၊ ကျွန်တော့်ကိုသာ ကိုလွင်ကျော့ Business Card ပေးခဲ့၊ ကျွန်တော်အားတဲ့တစ်ချိန် ကိုလွင်ကျော့ကို တစ်နေရာမှာ သေချာချိန်းပြီး လက်မှတ်ထိုးပေးပါ့မယ် "
" အား ပျော်လိုက်တာဆရာရယ်၊ ဟောဒီမှာ ဒါ ကျွန်တော့် Business Card ပါ "
လွင်ကျော့က သူ့ဘောင်းဘီအိတ်ကပ်ထဲက ခေါက်ပိုက်ဆံအိတ်လေးကို ထုတ်လိုက်ပြီး သူ၏ Business Card ကို သျှန့်ထံပေးလိုက်လျှင် သျှန်က သူ့အင်္ကျီအိပ်ကပ်ထဲကို သေချာထည့်ထားလိုက်သည်။
" အဲဒါဆိုရင် ခွင့်ပြုပါဦးဆရာ "
လွင်ကျော့ကပြုံးလျှင် သျှန်ကလည်း ပြုံးပြခဲ့သည်။ သူလည်း သျှန်တို့ဝိုင်းထဲကနေ ထသွားပြီး သူ့ဝိုင်းဆီကို ပြန်သွားခဲ့သည်။ ထို့နောက် သျှန်တစ်ယောက် တဂွီဂွီမြည်နေသော သူ့ဗိုက်ကို အသံတိတ်စေရန် ပူနွေးနေသော အဆင့်မြင့်တန်ဖိုးကြီးဟင်းလျာများကို ပလုတ်ပလောင်းဖြင့် လွေးတော့သည်။ ထို့နောက် ဖြည်းဖြည်းချင်း မျိုချပြီးနောက် ရင်ထဲအစာများ မပြည့်ကျပ်နေစေရန် ဝိုင်တစ်ငုံကနေ သုံးငုံသောက်ခဲ့သည်။ ဘရဏီက ကြက်သားပြားကို ခက်ရင်းနှင့် ဖဲ့စားနေစဉ် ပြုံးပြခဲ့သည်။
" စားကောင်းလား သမီး "
" ကောင်းတယ် ပါးပါး "
" ဒါနဲ့ပါးတို့ ဒီညအိမ်မပြန်ဘူးနော် ... "
" ဘာဖြစ်လို့ ... "
" ပါးပါး ဒီဟော်တယ်မှာ ၁ ပတ်လောက် အနားယူမလားလို့လေ၊ သမီးက အိမ်မှာနေချင်လို့လား"
" မဟုတ်ပါဘူး ... ပါးပါးသဘောပါ "
" အိုကေ ... ဖြည်းဖြည်းစား နင်နေမယ် "
သူတို့သားအဖနှစ်ယောက် စားသောက်ပြီးတဲ့အချိန်က တစ်နာနီးပါးကြာမြင့်သွားသည်။ ထို့နောက် သျှန်က ဘရဏီနှင့်အတူတူ တည်းခိုရန် Reception တွင် ဈေးအမြင့်ဆုံး Luxury အခန်းတစ်ခုကို ယူခဲ့ပြီးနောက် Key card ကိုယူကာ ဟော်တယ်ဝန်ထမ်းအမျိုးသမီး၏ဦးဆောင်မှုနောက်သို့ လိုက်လာခဲ့သည်။ ဝန်ထမ်အမျိုးသမီးက သျှန်၏လက်ဆွဲခရီးဆောင်အိတ်ကို သယ်လာပေးခဲ့သည်။ ဓာတ်လှေကားထဲသို့ရောက်သောအခါ သျှန်နှင့်ဘရဏီက အရင်ဝင်သွားခဲ့ပြီး ဝန်ထမ်းအမျိုးသမီးက နောက်မှ ဝင်ခဲ့သည်။
သူမ၏လက်သည်းခရမ်းနုရောင်ဆိုးထားသည့် လက်ချောင်းများက ဓာတ်လှေကားနံပါတ်များထဲမှာ (34) ကို နှိပ်ခဲ့သည်။ ဝန်ထမ်းအမျိုးသမီးသည် ခန္ဓာကိုယ်အချိုးအစားပြေပြစ်လှပ၍ အသားဖြူဖွေးသကဲ့သို့ မော်ဒယ်မင်းသမီးအတိုင်း ချောမောလှပသည်။ သူမက အနီရောင်ဝန်ထမ်းယူနီဖောင်းဖြင့် ကြည့်ကောင်းနေသည်။ သျှန့်ကိုမြင်လျှင်မြင်ချင်း သူမကတစိမ့်စိမ့်ကြည့်နေခဲ့ပြီး ပြုံးနေခဲ့သည်။
သျှန်ကလည်း သူမကို ခဏတစ်ဖြုတ်ပြုံးပြပြီးနောက် အကြည့်လွှဲကာ ဆန့်ကျက်ဘက်အခြမ်းကို မျက်နှာလွဲလိုက်သည်။ သူ၏လက်တစ်ဖက်က အရပ် ၃ ပေကျော်သော ဘရဏီ၏ပခုံးကို ကိုင်ထားခဲ့ပြီး ကျန်လက်တစ်ဖက်က ဘောင်းဘီအိတ်ထဲသို့ လက်ထည့်ထားခဲ့သည်။
" တီ "
အထပ် (၂၀) သို့ရောက်လျှင် ရုပ်ရည်အသင့်အတင့်ရှိသည့် လူလတ်ပိုင်းဟုထင်ရသည့် အနောက်တိုင်းဝတ်စုံနှင့် နိုင်ငံခြားလူဖြူအမျိုးသားတစ်ယောက်မှာ sexy ကျကျဝတ်စားထားသည့် နိုင်ငံခြားအမျိုးသမီးတစ်ဦးနှင့်အတူ မူးရူးယိမ်းယိုင်ကာ ဝင်လာခဲ့သည်။
" Darling ... you're so naughty. Why are you touching and kissing my boobs all the time? "
(အချစ်ရေ ... ရှင်ကသိပ်ဆိုးတာပဲ၊ ဘာလို့ ကျွန်မရင်သားတွေကို တစ်ချိန်လုံးထိကိုင်ပြီး နမ်းနေရတာလဲ )
" Because I love your boobs' smell, honey. "
( ကိုယ်မင်းရဲ့ ရင်သားအနံ့လေးကို ချစ်လို့လေ ... မိန်းမရယ် )
" Oh ... you're being too horny in the lift. "
( အိုး ... ဓာတ်လှေကားထဲမှာတောင် ထန်နေလိုက်တာရှင် )
နိုင်ငံခြားလင်မယားစုံတွဲမှာ ဓာတ်လှေကားထဲတွင် အယ်ကိုဟောအနံ့တထောင်းထောင်းဖြင့် မူးရူးနေခဲ့ကြပြီးနောက် နှစ်ယောက်သား ဖင်ပုတ်ခေါင်းပုတ်ဖြင့် kissing ဆွဲနေခဲ့ကြလျှင် သျှန်မှာ ဘရဏီကိုယ်လုံးကို နောက်လှည့်ပေးထားခဲ့ပြီး သူတို့လင်မယားကို ကျောပေးခဲ့သည်။ ဤသို့ဖြင့် အထပ် ၃၄ လွှာသို့ မကြာခင်တွင် ရောက်ရှိခဲ့ကြသည်။ စောစောက နိုင်ငံခြားစုံတွဲမှာ အထပ် ၃၀ တွင် ဆင်းသွားကြသည်။
ဟော်တယ်ဝန်ထမ်းအမျိုးသမီးက ဓာတ်လှေကားထဲမှ ထွက်လာပြီး သျှန်တို့ကို လမ်းပြသည်။
" ဒီဘက်ကို ကြွပါရှင် "
သျှန်တို့လည်း ထိုအမျိုးသမီးဝန်ထမ်းနောက်ကနေ သူတို့တည်းခိုရမည့်အခန်းသို့ လိုက်လာခဲ့သည်။ နောက်ဆုံးတွင် သူတို့တည်းရမည့်အခန်းကို ရောက်ရှိခဲ့သည်။ အမျိုးသမီးက သျှန့်ထံမှ Key Card ကို တောင်းခဲ့ပြီး အခန်းတံခါးကို ဖွင့်ပေးခဲ့သည်။ အခန်းမီးများသည်လည်း Key Card ထည့်လိုက်သည့်နှင့်တစ်ပြိုင်နက် အကုန်ပွင့်သွားလျက်။
ဘရဏီလေးက သူမဘဝတွင် ယခုကဲ့သို့ဇိမ်ခံဟော်တယ်အခန်းကို ပထမဆုံးရောက်ဖူးသဖြင့် အခန်းပတ်ပတ်လည်ကို လိုက်လံကြည့်ရှုနေခဲ့ပြီး ပျော်ရွှင်မြူးထူးနေခဲ့သည်။ သျှန်က ဟော်တယ်ဝန်ထမ်းအမျိုးသမီးကမ်းပေးသော သူ့လက်ဆွဲခရီးဆောင်အိတ်အမည်းကို ယူလိုက်ပြီး သူအဆင်သင့်ထုတ်ထားသော အမေရိကန်ဒေါ်လာ $100 တန်ကို သူမ၏လက်ထဲသို့ ထည့်ပေးလိုက်သည်။
" ကျေးဇူးတင်ပါတယ်ရှင် "
ဝန်ထမ်းအမျိုးသမီးလည်း ဒေါ်လာ တစ်ရာတန်ကိုမြင်လျှင်မြင်ချင်း ရွှင်ပျသောမျက်နှာပေးဖြင့် သျှန့်ကိုကျေးဇူးတင်နေခဲ့သည်။ သူမလည်း အခန်းထဲကနေ အမြန်ထွက်သွားခဲ့သည်။ သျှန့်အတွက် ဒေါ်လာတစ်ရာဟူသည် မပြောပလောက်သော ဖုန်မှုန့်သာ။
ဤသို့ဖြင့် သျှန်လည်း ဘရဏီလေးနှင့် ဟော်တယ်မှာ ဇိမ်ခံကာ အနားယူနေတော့သည်။
----------
သျှန်တို့၏အခန်းနှင့် မျက်နှာချင်းဆိုင်အခန်းထဲတွင်မူ .....
" မင်းက ငါ့ဆီကနေ ငွေတွေလိမ်သွားပြီး ခုကျဟော်တယ်မှာ လာနပ်နေတာလား ဘယ်လာ "
" ကျွန်မ တောင်းပန်ပါတယ် ... ကျွန်မ သူငယ်ချင်းမွေးနေ့ပွဲရှိလို့ လာရတာပါ၊ အစ်ကိုကြီး အထင်လွဲနေပြီ "
" ဘာပဲဖြစ်ဖြစ် ... ငါ့သောက်ဆံတွေကျတော့ ပြန်မဆပ်ဘဲ အဆက်အသွယ်လည်းတစ်ချက်မှ မလုပ်တာ ၄ လချည်းများတောင်၊ လွန်တယ်မထင်ဘူးလား မယ်ဘယ်ရာ "
" ကျွန်မကိုမသတ်ပါနဲ့ ... အစ်ကိုကြီး ပိုက်ဆံတွေကို ကျွန်မရအောင် ပြန်ဆပ်ပါ့မယ်၊ ကျွန်မကို မသတ်ပါနဲ့၊ ကြောက်လို့ပါ "
" အဟက် ... ပိုက်ဆံယူတုန်းကတော့ ၂ လအတွင်း ပြန်ဆပ်ပါမယ်ဆို၊ မင်း ယူသွားတဲ့ငွေတွေက နည်းနည်းနောနော မဟုတ်နေဘူး မိန်းကလေး၊ ငါက သိပ်စိတ်ရှည်နေတဲ့အကောင်မဟုတ်ပေမယ့် မင်းမို့လို့ ခုလောက်ထိစိတ်ရှည်နေပေးတာ၊ မင်းက ငါ့ကိုလိမ်ရဲတယ်ပေါ့ "
" တောင်းပန်ပါတယ် "
နှုတ်ခမ်းနီရဲရဲဆိုးထားသော ဆေးဆိုးပန်းရိုက်နှုတ်ခမ်းသားများမှာ တဆတ်ဆတ်တုန်ယင်နေခဲ့သည်။ အမျိုးသမီးသည် အသက် ၃၆ နှစ်ဝန်းကျင်ရှိခဲ့ပြီး သူမက တုတ်တုတ်ခိုင်ခိုင်နှင့် လှသွေးကြွယ်လွန်းသည်။ သူမ၏ရေလှိုင်းကဲ့သို့ဆံနွယ်အကောက်များမှာ ဖြူဝင်းနေသောသူမ၏အသားပေါ်တွင် ပေါ်လွင်နေခဲ့သည်။ ကြိုးတစ်လုံး၊ စကတ်ပေါင်ခွဲ အညိုရောင် Evening Dress ကို ဝတ်ဆင်ထားပြီး ရင်နှစ်မြွှာအလှက ပြူးတစ်နေသည်။
သူမကို မျက်နှာကြောတင်းတင်းဖြင့် အော်ဟစ်ခြိမ်းခြောက်နေခဲ့သောအမျိုးသားမှာ သူမထက်အသက် (၅၀) ကျော် ပတ်ဝန်းကျင်ရှိနေခဲ့သော်လည်း အလွန်ရုပ်ဖြောင့်ကာ ချောမောလွန်းသော ဘိုးတော်တစ်ဦးပင်။ အမျိုးသမီးက ကြမ်းပြင်ပေါ်တွင်ထိုင်က သူ့ကိုလက်အုပ်ချီနေခဲ့သည်။ ဘိုးတော်ကတော့ သူမကို တဏှာရူးအကြည့်များဖြင့် ကြည့်နေခဲ့ပြီး လှောင်ရယ်နေခဲ့သည်။ သို့သော် သူ့အနေဖြင့် သူမကိုအစကတည်းက သိမ်းပိုက်ချင်နေခဲ့သည့်အတွက် ဤအချိန်က အခွင့်ကောင်းပင်။
" မင်းတို့ထွက်သွားတော့ "
ဘိုးတော်ဘက်က အမိန့်ပေးလိုက်သည်နှင့်တစ်ပြိုင်နက် သူ့တပည့်ခြောက်ယောက်လည်း အခန်းထဲကနေ အမြန်ထွက်သွားခဲ့သည်။ မယ်ဘယ်ရာဆိုသူအမျိုးသမီးမှာ ခြောက်ခြောက်နှင့် ကြမ်းပြင်ပေါ်တွင် ဒရွတ်တိုက်နောက်ဆုတ်နေခဲ့သည်။
" ငါ မင်းကိုမသတ်ပါဘူး ... နောက်ပြီးတော့ ငါ့ပိုက်ဆံတွေ မဆပ်နိုင်ရင်လည်း ကိစ္စမရှိဘူး၊ တစ်ခုပဲ၊ ပိုက်ဆံမစပ်နိုင်ရင် မိန်းကလေးရဲ့ခန္ဓာကိုယ်ရော ဘဝကိုပါ ကိုယ့်ဆီပုံအပ်ရမယ် ... မဟုတ်ရင်တော့ ဆေးရုံတက်နေတဲ့ မင်းအမေကို နိဗ္ဗာန်စောစောပို့ပေးနိုင်တယ်၊ မင်းကိုလည်း မင်းအမေနဲ့အတူတူ နိဗ္ဗာန်ပို့ပေးနိုင်တယ် "
" ရှင် "
မယ်ဘယ်ရာဆိုသောအမျိုးသမီးလည်း ဘိုးတော်၏ခြိမ်းခြောက်စကားများကြောင့် ရင်တဒိတ်ဒိတ်တုန်နေပြီး မျက်ဝန်းများမှ မျက်ရည်စီးကျလာသည်။
" အဲ့တော့ အစ်ကိုကြီးရဲ့မိန်းမလုပ်မလား၊ မဟုတ်ရင် တစ်ခါသုံးမယားအနေနဲ့ ငရဲပြည်သွားမလား ... မယ်ဘယ်ရာ သေချာစဉ်းစား "
ဘိုးတော်မှာ ကြမ်းပြင်ပေါ်တွင် ထိုင်ချခဲ့ပြီး မယ်ဘယ်ရာ့အနားကို တိုးလာသည်။ ထို့နောက် သူမ၏လက်ကို ဆတ်ခနဲဖမ်းဆွဲလိုက်ပြီးလျှင် သူမ၏လည်ပင်းကို နမ်းရှိုက်နေခဲ့သည်။
" ကိုယ် မင်းကိုပေးတဲ့ အခွင့်အရေးနှစ်ခုထဲ ဘယ်တစ်ခုရွေးမှာလဲ ... ခုချက်ချင်း ဖြေ ... ကိုယ့်ရဲ့တရားဝင်မိန်းမလုပ်ရင်တော့ မင်းဘဝကို စိန်တွေ ရတနာတွေ စီထားပေးနိုင်တယ်နော် ... မင်းမေကို အရမ်းချစ်တာမလား မင်းက၊ အဲ့တော့ သူ့ကို ဆင်းရဲတွင်းကနေ မကယ်တင်ချင်ဘူးလား၊ အမြဲတမ်း KTV မှာ တခြားယောကျာ်းပေါင်းစုံကနေ မင်းကိုအသားယူတာတွေ မခံချင်ဘူးမလား .... အမြဲတမ်း မင်းသူငယ်ချင်းတွေကြားထဲမှာ မျက်နှာငယ်နဲ့သိမ်ငယ်နေရတာတွေ မလိုချင်ဘူးမလား "
မယ်ဘယ်ရာမှာ ဘိုးတော်နှာဘူး၏စကားများကြောင့် သူမ၏ခေါင်းထဲတွင် စဉ်းစားတွေဝေမိလာသည်။ ဘိုးတော်ဘူးက မယ်ဘယ်ရာ၏လုံးဝန်းသော ရင်သားများကို သူ့လက်နှင့်အသားကုန်ဖျစ်ညှစ်နေခဲ့သည်။
" အဲဒီဘဝကနေ ကယ်တင်ပေးနိုင်တာ မင်းရဲ့အစ်ကိုကြီးပဲရှိတယ်နော် "
မယ်ဘယ်ရာမှာ အသက် (၃၆) နှစ်အထိ အလုပ်အကိုင်ကောင်းကောင်မရှိနေဘဲ KTV များ၊ Bar များတွင် အရက်ငှဲ့ပေးခြင်း၊ သီချင်းအတူတူဆိုခြင်းအပြင် မာဆပ်အခန်းများတွင် နှိပ်ပေးသောအလုပ်ကိုလည်း လုပ်ကိုင်ခဲ့သည်။ သူမသည် အတန်းပညာမအောင်မြင်ခဲ့ဘဲ သူမမိသားစုနှိပ်စက်သမျှကို ငယ်စဉ်ကတည်းက ခံလာရပြီး ရသမျှအလုပ်လုပ်ရင်း လုပ်ကျွေးခဲ့ရသည်။ သူမ၏ဖခင်ဖြစ်သူသည် နောက်မိန်းမယူထားသဖြင့် နောက်မိန်းမနှင့် မယားပါသမီးများကိုပါ လုပ်ကျွေးရသလို မိထွေးနှင့်မယားပါသမီးများ၏မထင်ရင် မထင်သလိုနှိပ်စက်ခံရသည့် ခေတ်သစ်စင်ဒရဲလားသာ။
ယခုတွင် သူမ၏ဘဝကို ကယ်တင်ပေးနိုင်သူမှာ မြင်းဖြူပေါ်က သဘောမနောကောင်းသည့် ရွှေမင်းသားတစ်ပါးတော့ မဟုတ်နေပေ။ တဏှာကြီးသည့် ရွှေမင်းသားတစ်ပါးသာ။
" ဘာတွေစဉ်းစားနေတာလဲ ... အစ်ကိုကြီးကို လက်ထပ်ရင် မှားမှာစိုးလို့လား၊ အစ်ကိုကြီးမှာ အိမ်ထောင်နဲ့သားသမီးလည်း မရှိနေဘူး ... ရောဂါရှိမရှိ သိချင်လည်း medical check up တွေပြမယ် ... ဘယ်လိုလဲ "
" လက်ထပ် ... ပါ့မယ် "
မယ်ဘယ်ရာ့အတွက် ဤဆုံးဖြတ်ချက် မှားမှားမှန်မှန်၊ သူမဘဝသည် တစ်လျှောက်လုံး လောကဓံအဆိုးများဖြင့် ကြုံပြီးခဲ့ပြီဖြစ်သဖြင့် အချိန်မဆွဲတော့ပေ။
" ဒါပဲလေ ... လိမ္မာတဲ့ကောင်မလေးပဲ မင်းလေးက ... ခုညကနေစပြီး ကိုယ်တို့လင်မယားဖြစ်တော့မယ် ... မင်္ဂလာပွဲကို မင်းသဘောပဲ "
ဘိုးတော်က မယ်ဘယ်ရာ၏အင်္ကျီလက်ကိုင်းများကို စတင်ချွတ်နေခဲ့သည်။
" ကျွန်မက အပျိုတော့ မဟုတ်နေဘူးနော် ... ကျွန်မ အပျိုဘဝ အသက် ၁၈ ကမှာ ခြေတော်အတင်ခံခဲ့ရတယ်၊ အဲဒီကနေစပြီး ခုအသက်အရွယ်အထိ ... "
" ကိုယ်သိတယ် ... မင်း အပျိုမဟုတ်လည်း ကိုယ်ချစ်တယ် "
" ဘာလို့လဲ "
ဘိုးတော်ဘူးမှာ မယ်ဘယ်ရာကို စိုက်ကြည့်နေပြီး သူမ၏အပြာရောင် ဇာဘရာဇီယာကို ကိုင်နေခဲ့သည်။
" မင်းရုပ်လေးက သေသွားတဲ့ ကိုယ့်မိန်းမပုံစံနဲ့တော်တော်တူတယ် မယ်ဘယ်ရာ၊ သိလား မင်းဆီမှာ သူ့ရဲ့စရိုက်တွေ စကားပြောပုံဆိုပုံတွေ ... ပြီးရင် လမ်းလျှောက်ပုံကအစ ကိုယ့်ကိုကြည့်တဲ့မျက်ဝန်းတွေရောပဲ ... သေသွားတဲ့မိန်းမနေရာမှာ ဘယ်မိန်းမကိုမှ အစားမထိုးနိုင်ခဲ့ဘူး၊ အရမ်းထီးကျန်ခဲ့တယ်၊ ခုတော့ မင်းသာ ကိုယ့်အနားမှာ အမြဲရှိနေရင် အထီးကျန်မှုတွေပျောက်သွားပြီ ... တကယ်တော့ ကိုယ်မင်းကို မသတ်ရက်နိုင်ပါဘူး ... မင်းကို စတွေ့ကတည်းက ချစ်မိသွားလို့"
" အစ်ကိုကြီး မိုက်ကယ်က ... ကျွန်မကိုချစ်တယ်တဲ့လား "
" အခေါ်အဝေါ်ကိုပါ ပြင်သင့်နေပြီ "
" ဘယ်လိုခေါ်ရမလဲဟင် "
" ယောကျာ်းလို့ခေါ်ပေါ့ "
ဘိုးတော်ဘူး၏နာမည်သည် ဦးမိုက်ကယ်ဖြစ်သည်။ ဦးမိုက်ကယ်မှာ တခြားမဟုတ် ဦးအေးဖေပင်။ ဦးအေးဖေတစ်ယောက် လွန်ခဲ့သည့် ၆ နှစ်လောက်ကစပြီး အရူးထောင်မှ လွတ်မြောက်လာခဲ့သည်။ သူ့ကို အရူးထောင်မှ ဆရာဝန်များမှာ သူ၏ရုပ်ပျက်ဆင်းပျက်ဖြစ်နေသော မီးလောင်ဒဏ်ရာများကို ပလတ်စတစ်ဆာဂျရီလုပ်ပေးပြီး ကုသပေးနိုင်ရန်အတွက် ရံပုံငွေနှင့်အလှူများရှာဖွေခဲ့ပြီးနောက် နိုင်ငံခြားတွင် ဆေးကုပေးခဲ့ကြသည်။
ထို့နောက် ဦးအေးဖေ စိတ်ကျန်းမာရေးပြန်လည်ကောင်းမွန်လာသည့်အချိန်တွင် နာမည်အသစ်ဖြင့် ဘဝအသစ်တွင် ရပ်တည်ရှင်သန်စေခဲ့ကြသည်။ သို့ရာတွင် ဦးအေးဖေမှသည် ဦးမိုက်ကယ်အမည်ဖြင့် ရုံးအစောင့်အလုပ်ကို လုပ်ကိုင်နေရာကနေ မှောင်ခိုဘိန်းအရောင်းအဝယ်လုပ်သည့် ဒုစရိုက်လောကထဲသို့ ကူးပြောင်းသွားခဲ့သည်။ ထိုမှတစ်ဆင့် ငွေမည်းများထုတ်လုပ်လာရင်း ချမ်းသာလာသည့်အခါ ဘိန်းစိုက်ခင်းများစိုက်ခဲ့ပြီး သူကိုယ်တိုင်ဒိုင်အနေဖြင့် ရောင်းချလာသည်။
ယခုမယ်ဘယ်ရာဆိုသူအမျိုးသမီးကို လွန်ခဲ့သော ၇ လခန့်က ကလပ်တစ်ခုတွင် တွေ့ခဲ့ပြီးနောက် သူမကိုသဘောကျနေခဲ့သည်။ ဦးအေးဖေသည် သူ၏ကွယ်လွန်သွားသော ဇနီးကိုအလွန်တရာမှ ချစ်မြတ်နိုးသူဖြစ်သည့်အလျောက် ဇနီးဟောင်းကို တစ်နေ့မှမမေ့နိုင်ခဲ့ပေ။
ဤသို့ဖြင့် သူ့ထက် အသက် ၁၅ နှစ်လောက် ငယ်ရွယ်သည့် မယ်ဘယ်ရာကို အပိုင်ရရန်ကြံခဲ့စဉ် မယ်ဘယ်ရာကို ငွေးချေးမိသည်။ မယ်ဘယ်ရာလည်း မပြေလည်သူဖြစ်၍ သူ့ငွေအားများ သေချာပြန်မဆပ်နိုင်သည့်အဆုံး လိမ်ပြေးခဲ့ခြင်းသာ။
ယခုတွင်မူ သူအလွန်ပိုင်ဆိုင်ချင်ခဲ့သည့် မယ်ဘယ်ရာကို ပိုင်ဆိုင်နိုင်တော့မည်။
• ────── ✾ ────── •
ဒီအခန်းကတော့ ရှည်တယ်မလား။ အချိန်ယူပြီးရေးထားရတာ၊ ညကတင်ချင်ပေမယ့် ခေါင်းတွေတအားထိုးကိုက်လာပါရော။ မနက်ကျတော့ အလုပ်သွားရတယ်လေ။ အလုပ်မှာလည်း ခေါင်းကိုက်နေတာ ခွင့်ယူလာရတယ်🥲
ကဲ ... ဒီအခန်းကို ဖတ်ရတဲ့ရသလေးတွေ ပြောခဲ့ပါဦးလား 💓
---------------------------------------