UNICODE
စည်းများခြားသော်***
Segment 20
“တောင်းပန်ပါတယ် နောက်ကိုသူနဲ့
မပတ်သတ်ပါနဲ့ ကိုယ်မင်းကိုစိတ်မချဘူး
သူနဲ့တွေ့လဲမတွေ့နဲ့ စကားလဲမပြောနဲ့
အကြည့်ချင်းတောင်မဆုံပါစေနဲ့
အမိန့်ပေးတာမဟုတ်ပဲ တောင်းဆိုတာပါ
မင်းကိုသူနဲ့တွဲမြင်ရရင် ကိုယ်မခံနိုင်ဘူး....
နော် သူ့ဆီကိုထပ်မသွားပါနဲ့
ကိုယ်တောင်းပန်ပါတယ်....နော် ပန်ဆင်”
လည်ဂုတ်မှာလာရောက်ထိစပ်နေတဲ့
အာငွေ့နွေးနွေးက ကြက်သီးထစေတော့
ပန်ဆင် မျက်ဝန်းတွေမှိတ်လိုက်ရင်းမှ
သူ့လက်တွေကိုဖယ်ချလိုက်ကာ
“ဘာလို့မမေးမမြန်းပဲလုပ်ခဲ့တာလဲ
တကယ်ဆိုဘာကြောင့်သူ့ဆီ
နှုတ်ခမ်းနီရောက်နေလဲဆိုတာ
ကျွန်မကိုမေးရမှာလေ....”
“ကိုယ်သိတယ် ဒါပေမဲ့ကိုယ့်ရှေ့မှာလာပေးတယ်
ဆိုထဲကမခန့်တာ ဒါကြောင့်ကိုယ်စိတ်မထိန်းနိုင်ပဲ
သူ့ကိုကိုယ်ထိလက်ရောက်လုပ်မိတာပါ.....”
ပန်ဆင် ဆက်မပြောချင်တော့သလို
အထဲကိုလှမ်းဝင်လာခဲ့သည်။
သူကလဲလိုက်ဝင်လာရင်းမှပန်ဆင့်ဘေးမှာ
လာထိုင်၏။
“သိပါတယ် ဇနီးတစ်ယောက်ရဲ့
နှုတ်ခမ်းနီကတစ်ခြားသူဆီရောက်နေရင်
ဘယ်လိုခံစားရမလဲဆိုတာ ဒါပေမဲ့ရှင့်ဘက်ကလဲ
ရှေ့မကြည့်နောက်မကြည့်မလုပ်သင့်ဘူးထင်တယ်...”
“.....”
သူတိတ်နေတာကြောင့် စဉ်းစားနေမှန်းသိကာ
ပန်ဆင် ငြိမ်နေပေးလိုက်သည်။
သူကတိတ်ကျသွားတာကြောင့်ပန်ဆင်
ထိုနားကထထွက်လာခဲ့၏။
သူသဝန်တိုတာလား?? အဲ့လိုမဟုတ်ဘူးဆိုရင်တောင်
ပန်ဆင်ဘာကြောင့်သူသဝန်တိုနေတယ်ပဲ
ထင်နေမိတာလဲ??
ပန်ဆင် ညစာချက်ရန်ပြင်ဆင်ကာ
Apron ဝတ်လိုက်သည်။
ဒီနေ့တော့ ပန်းဂေါ်ဖီကြော်နဲ့ ခရမ်းခေါင်းသီးနှပ်
ချက်ရန်ပြင်ဆင်လိုက်၏။
ဒီလိုရိုးရှင်းတဲ့စားစရာတွေကိုသာကြိုက်တဲ့
ပန်ဆင့်အဖို့ ကိုယ်တိုင်ချက်စားတာကလွဲရင်
ကျန်တာဟာအဆင်မပြေ.....။
ထို့ကြောင့် ချက်ပြုတ်ပြင်ဆင်ရင်းရပြီဆိုမှ
သူပါစားမလားမေးရန် ပန်ဆင်
အပြင်ကိုပြန်ထွက်လာခဲ့၏။
သူကတော့ အခုထိခေါင်းငိုက်စိုက်ထားဆဲနဲ့
ပန်ဆင့်ကို မော့မကြည့်တာကြောင့်
ရှေ့တည့်တည့်သွားရပ်ရင်းမှ
“ရှင်ညစာစားမှာလား.....”
“မင်းကိုယ့်ကိုခွင့်လွှတ်တယ်မလား.....”
ပြောပြီးခါးကိုလှမ်းဖက်ကာ ရင်ခွင်ထဲကို
ကလေးတစ်ယောက်လိုတိုးဝင်လာတဲ့သူ့ကြောင့်
ပန်ဆင် ကြက်သီးထသွားမိသည်။
သူကတင်းကျပ်နေအောင်ဖက်ထားရင်းမှ
ဗိုက်မှာမေးကပ်ကာ မျက်နှာကိုအပေါ်မော့လာ၏။
ပန်ဆင်အပေါ်စီးကနေသူ့မျက်နှာကို
မရဲတရဲကြည့်ရင်းနဲ့မှ
“ရှင့်ဘက်ကမှားတာကိုတော့အပြည့်အဝ
နားလည်တယ်မလား....”
ပန်ဆင်ပြောလိုက်တော့သူကခေါင်းညိမ့်ပြရင်း
သူ့မျက်နှာကိုပန်ဆင့်ဗိုက်မှာတိုးဝှေ့ပွတ်သပ်ကာ
“နားလည်ပါတယ် အဲ့တာကြောင့်
မင်းဆီကခွင့်လွှတ်မှုကိုတောင်းနေတာပေါ့
မင်းစိတ်မဆိုးနေဘူးမလား.....”
“စိတ်ဆိုးပေမဲ့ ကလေးမဟုတ်တဲ့ကျွန်မက
အကျိုးအကြောင်းနားလည်တယ် ဒါပေမဲ့
ရှင် လျှံထက်ပိုင်ကိုတောင်းပန်ရမယ်
မဟုတ်ရင်ရှင်တို့နှစ်ယောက်ကြားမှာ
အနေခက်တဲ့လူကကျွန်မပဲဖြစ်လိမ့်မယ်.....”
“အဲ့တာမဆိုင်ဘူး မင်းဘက်ကသူ့ကို
စိတ်မဝင်စားရင် သူ့ကြောင့်အနေခက်တယ်ဆိုတာ
ဖြစ်လာမှာမဟုတ်ဘူး ဒါကြောင့်ကိုယ်လုံးဝ
မတောင်းပန်နိုင်ဘူး.....”
“အဲ့တာဆိုကျွန်မမှာပြောစရာကုန်ပြီ
တောင်းပန်တာမတောင်းပန်တာ ရှင့်ကိစ္စ.....”
ပြောပြီးထွက်သွားရန်ပြင်နေတဲ့သူမ
လက်ကောက်ဝတ်ကိုဖျက်ခနဲလှမ်းဆွဲထားရင်းမှ
“မင်းစိတ်ကိုနည်းနည်းလျော့လို့မရဘူးလား
ငါနဲ့သူက ဘယ်သူကမင်းအတွက်
ပိုအရေးကြီးလဲ ခင်ပွန်းဖြစ်တဲ့ငါလား
ဒါမှမဟုတ် ဘာမှမတော်စပ်တဲ့သူလား.....”
သူ့မေးခွန်းကြောင့်ပန်ဆင် မျက်စောင်းထိုးကာ
သွားရန်ပြင်တော့လက်ကောက်ဝတ်ကို
ဆောင့်ဆွဲချလိုက်တဲ့သူ့ကြောင့် ပန်ဆင်
သူ့ပေါင်ပေါ်ကိုပြစ်စလတ်ခတ်ပြုတ်ကျသွားရ၏။
“ဖြေ ကလေးဆန်တယ်ဆိုတဲ့အကြည့်မျိုး
လာမကြည့်နဲ့ လိုအပ်လို့မေးနေတာ.....”
“နှစ်ယောက်လုံးကအရေးပါတာပဲ.....
ရှင်ကလဲရှင့်အပိုင်းနဲ့ရှင်အရေးပါသလို
သူကလဲကျွန်မအတွက်အရေးပါတာပဲ...
သရုပ်ဆောင်တစ်ယောက်ရဲ့ဘဝက ဖန်တွေကြောင့်
ဖြစ်တည်လာတာ ကျွန်မဘယ်လောက်
ကောင်းအောင်ကြိုးစားကြိုးစား ပရိသတ်တွေ
အားမပေးရင် မအောင်မြင်ခြင်းဆိုတဲ့ကျင်းထဲက
ဘယ်တော့မှထွက်လို့ရမှာမဟုတ်ဘူး.....အခုက
ပရိသတ်တွေ ကျွန်မကိုနှစ်သက်မြတ်နိုးတဲ့ဖန်တွေကြောင့် ကျွန်မဘဝလင်းဝင်းလာခဲ့တာ.....”
“ဒါပေမဲ့ဖန်တစ်ယောက်ဆုံးရှုံးရရုံနဲ့တော့
မင်းဘဝပျက်မသွားပါဘူး အခုလဲ
အများအမြင်မှာအောင်မြင်နေတာပဲ.....”
“စကားကိုမစဉ်းစားဉ်းစားပဲလက်လွတ်စပယ်ပြောမယ်ဆို
ရှင်ကျွန်မနဲ့မျက်နှာချင်းကိုမဆိုင်နဲ့.....ရှင့်ကိုကျွန်မ
မုန်းတဲ့ထဲဒါတွေပါတယ် ရှင့်လိုမျိုးသာ
ပါးစပ်ပါတိုင်းလျှောက်ပြောမယ်ဆို
တစ်ကမ္ဘာလုံးနဲ့တည့်မှာတောင်မဟုတ်ဘူး.....”
သူမကအရမ်းကြီးအရေးတယူလုပ်ပြီး
ပြောနေတာကြောင့် အမြင်ကတ်စွာပြောလိုက်ပေမဲ့
ပြန်ပြောလိုက်တဲ့စကားမှာ
ချေပရန်စကားလုံးပျောက်ရှရ၏။
တည်တင်းနေတဲ့မျက်နှာထားနဲ့သူမကတော့
သူ့ကိုမုန်းတီးသလိုဖိဖက်ထားတဲ့လက်တွေကို
အတင်းကာရော ရုန်းဖယ်နေတာကြောင့်
ခမ်းနား ပိုတင်းတင်းဆွဲဖက်လိုက်ရင်းမှ
“မင်းပြောသလို လျှံထက်ပိုင်ဆိုတဲ့ကောင်ကို
တောင်းပန်မယ်....”
သူမလက်တွေငြိမ်ကျသွားရင်းသူ့ကို
အံ့ဩတကြီးလှည့်ကြည့်လာသည်။
ခမ်းနား သူမမျက်ဝန်းတွေထဲသေချာ
စိုက်ကြည့်ရင်းမှ
“တကယ်ပြောတာ မင်းပြောသလို
လျှံထက်ပိုင်ကိုကိုယ်တောင်းပန်မယ်
ဒါပေမဲ့ အလကားတော့မရဘူး
ကိုယ့်ရဲ့သိက္ခာကိုချိုးနှိမ်ပြီးသူ့ကို
တောင်းပန်ရမှာဆိုတော့.....”
“တောင်းပန်ဖို့အရေးပလ္လင်ခံနေတာလား.....”
“နိုး ညှိနှိုင်းတာ မင်းသဘောတူရင်
ကိုယ်ကရယ်ဒီပဲ.....”
ထပ်အရစ်တက်နေမှာဆိုးတာကြောင့်
ပန်ဆင် ခေတ္တမျှငြိမ်သက်သွားပြီမှ
စိတ်လျော့ကာခေါင်းငြိမ့်ပြလိုက်၏။
ထိုအခါသူက ပန်ဆင့်ကျောကို
လက်နဲ့ခပ်ဖွဖွပွတ်သပ်လာရင်းမှ
“တကယ်ပြောတာနော်.....”
“အမေ့.....”
စကားအဆုံး ပန်ဆင့်ကျောလေးကို
သူ့လက်နဲ့ထိန်းရင်းမွေ့ယာပေါ်ကို
လျင်မြန်စွာလှဲချလိုက်တာမို့ လန့်သွားမိသည်။
သူကတော့ပန်ဆင့်ကိုအပေါ်ကနေမိုးထားရင်းမှ
“မင်းရဲ့အနမ်းကိုအလျော်အစားအနေနဲ့ယူမယ်.....”
စကားအဆုံးလည်ဂုတ်အောက်ကိုရောက်လာတဲ့
သူ့ရဲ့လက်က ပန်ဆင့်ဂုတ်သားလေးတွေကို
ပင့်လိုက်တာမို့ မျက်နှာလေးကအပေါ်မော့ရင်း
သူနဲ့ထိကပ်သွားရ၏။
စက္ကန့်မခြားဖိကပ်လာတဲ့သူ့ရဲ့နွေးတေးတေး
နှုတ်ခမ်းတွေက ရင်အစုံကိုလှိုက်ဖိုလာစေရင်း
ပန်ဆင် မွေ့ယာခင်းကိုကျစ်နေအောင်
ဆုပ်ကိုင်ထားမိသည်။
အသက်ရှုသံတွေမြန်ဆန်လာတဲ့သူက
ပန်ဆင့်ခါးကိုပါလက်တစ်ဖက်နဲ့ထိန်းရင်း
ခပ်ဖြေးဖြေးမ၏။
တစ်ကိုယ်လုံးကသူ့လက်ထဲမှာအရုပ်တစ်ခုလို
ရောက်နေရရင်း ငြင်းဆန်ဖို့ကိုဘယ်လိုမှ
အခွင့်မသာတော့ပေ.....။
ပူထူလာတဲ့နှုတ်ခမ်းတစ်စုံကြောင့်ပန်ဆင်
သွားတွေစိကာ နှုတ်ခမ်းကိုခပ်တင်းတင်း
ဖိပိတ်လိုက်တော့ ငြိမ်သက်သွားတဲ့သူက
ပန်ဆင့်ကိုခပ်စူးစူးကြည့်လာရင်းမှ
“ငြင်းဆန်တာလား.....”
“ရပြီ ရှင်မတောင်းပန်ချင်ရင်နေတော့.....”
“ပြောပြီးသားစကားမရုတ်သိမ်းဘူး......”
အမှတ်တမဲ့ဖြစ်နေတဲ့ပန်ဆင့်မျက်နှာဆီ
လျင်မြန်စွာတိုးကပ်လာရင်းမှ အနည်းငယ်
ပွင့်ဟနေတဲ့နှုတ်ခမ်းတွေဆီ သူ့နှုတ်ခမ်းက
တိုးဝင်လာပြန်သည်။
ထို့အတူ ခါးကလက်ကလဲတဖြည်းဖြည်း
အပေါ်တက်လာရင်းအင်္ကျီကြယ်သီးနား
ရောက်တဲ့အချိန် ပန်ဆင်ရင်တွေတုန်ကာ
တစ်ကိုယ်လုံးပူထူလာ၏။
သူကတော့ နှုတ်ခမ်းတွေကိုအလွတ်မရှိအောင်
ကျွမ်းကျင်စွာအသုံးချနေရင်းမှ ဂုတ်ကိုလဲ
ပိုမိုပင့်တင်ထားတာကြောင့် အောက်က
မွေ့ယာနဲ့ခေါင်းတောင်ထိကပ်ခွင့်မရတော့ပေ....။
လက်တစ်ဖက်နဲ့ကာထားတဲ့ကြားက
လျှင်မြန်စွာလှုပ်ရှားလိုက်တဲ့သူက
ကြယ်သီးတွေကိုတစ်ခုပြီးတစ်ခုဖြုတ်လိုက်တာကြောင့် ရင်ဘတ်ကလစ်ဟင်းကာ
လေတိုးသလိုခံစားလိုက်ရသည်။
ပြီးတာနဲ့လည်တိုင်တွေဆီဆင်းသက်သွားတဲ့သူ့ကြောင့် မျက်ဝန်းတွေဖိပိတ်ရင်း နာကျင်နေတဲ့
နှုတ်ခမ်းကိုသာအားထားရာအဖြစ်
ဖိကိုက်ထားမိ၏။
လျောဆင်းသွားတဲ့သူ့လက်တွေက
ကျောနောက်ကိုရောက်တဲ့အချိန် သူ့လည်ပင်းကို
အလန့်တကြားသိုင်းဖက်ရင်း ကြောက်စိတ်တွေ
ဖြေဖျောက်မိသည်။
ငြင်းဆန်လို့ရပါရက်နဲ့ပန်ဆင်ဘာကြောင့်
သူ့ကိုလိုက်လျောနေမိတာလဲ???
လျော့ရဲသွားတဲ့ခံစားမှုကြောင့်တင်းခံထားတဲ့
စိတ်အစုံကိုဖွင့်ချလိုက်တဲ့အခါ
စားပွဲပေါ်ကဟင်းတွေတောင်အေးစက်ကုန်၏။
ဒီညတော့စားဖြစ်တော့မှာမဟုတ်!!!
❣️❣️❣️
လက်မောင်းတွေကိုပွတ်သပ်နေသလို
အထိအတွေ့ကြောင့် မျက်လုံးတွေပွင့်လာတော့
လက်ထောက်ကာစိုက်ကြည့်နေတဲ့သူက
ပန်ဆင့်နားထင်ကဆံစတွေကိုခပ်ဖွဖွ
ပွတ်သပ်ကာ
“နိုးပြီလား....”
စူးရှတဲ့အကြည့်တွေနဲ့အတူ
ဒုတိယအကြိမ်ဆိုတာသိလိုက်မိတော့
ပန်ဆင် ရှက်ရှက်နဲ့သူ့ကိုကျောပေးလိုက်မိသည်။
ထိုအခါ အနားတိုးလာတဲ့သူက
နားထင်ကိုဖွဖွလေးနမ်းရှိုက်ရင်းမှ
“နိုးရင်လဲထတော့ ကိုယ်ရေးချိုးပြီး
မနက်စာပြင်ပေးထားမယ်.....”
အနားကထသွားသလိုခံစားရကာမှ
လေပူတွေမှုတ်ထုတ်လိုက်မိ၏။
သူ့ကိုတောင်းပန်ဖို့ပြောလိုက်မိတဲ့
ကိုယ့်ကိုကိုယ်ကမှားတာပါ!!!
သူကအင်္ကျီဝတ်ပြီးအပြင်ထွက်ပြီဆိုမှ
ပန်ဆင် စောင်ခြုံထဲကထွက်ကာ ရေချိုးခန်းထဲ
ပြေးဝင်လာခဲ့၏။
ပထမတစ်ခါကလောက်မဆိုးပေမဲ့
အနည်းငယ်နီနေတဲ့ ခပ်သေးသေးအကွက်တွေက
မြင်ရဆိုးစေသည်။
သူဘာလို့လည်ပင်းကိုအရာထင်အောင်
လုပ်တာလဲ ပြောရမယ်ဆိုလူလား အကောင်လား
မသဲကွဲတော့တာပါ....။
ရေမိုးချိုးရင်းပြန်ထွက်လာတော့
သဘတ်ကိုင်ရင်းကုတင်ပေါ်မှာစောင့်နေတဲ့သူက
ပန်ဆင့်ကိုအနားလာထိုင်ရန်ပုတ်ပြကာ
“မြန်မြန် မင်းကိုရေသုတ်ပေးမယ်.....”
“မလိုပါဘူး ကျွန်မဘာသာသုတ်မယ်....”
“ကျစ် မြန်မြန်လာပါ.....”
သူခေါ်လိုက်တော့အနားကိုရောက်လာတဲ့
သူမလက်ကောက်ဝတ်လေးကိုဆတ်ခနဲဆွဲချကာ
ခပ်ရှည်ရှည်ဆံပင်တွေကိုသဘတ်နဲ့
ဖွဖွသုတ်ပေးနေမိသည်။
“ဘာစိတ်ကူးပေါက်တာလဲ.....”
“ဒီတိုင်းသုတ်ပေးချင်လို့.....”
ပန်ဆင် ငြိမ်ရင်းသူသုတ်ပေးတာကိုခံယူကာ
ပြီးတော့နို့ခွက်ကိုလက်ထဲထည့်ပေး၏။
“သောက်လိုက်တော့ ပေါင်မုန့်လဲရပြီ....”
ကလေးတစ်ယောက်လိုလိုက်လုပ်ပေးနေတာကြောင့်
ပန်ဆင် အနေခက်ပေမဲ့ စိတ်ထဲမှာ
ကျေနပ်သလိုခံစားနေမိသည်။
သူပြောင်းလဲနေတာလား???
“ရပြီ အဝတ်ဝတ်ပြီးလာခဲ့ ကိုယ်လိုက်ပို့မယ်.....”
“ကားမေးပေးအုံး ကျွန်မကိုယ့်ဘာသာ
မောင်းချင်တယ်.....”
“မင်းကားကို ကားသင်္ချိုင်းပို့လိုက်ပြီ....”
“ဟယ် ဘာလို့လဲ.....”
“ဒီလိုပဲ အတွင်းကြေနေလို့....”
ပြောပြီးထွက်သွားတဲ့သူ့ကျောပြင်ကိုကြည့်ရင်း
ပန်ဆင် စိတ်ဆိုးမိ၏။
သူများပစ္စည်းကိုဘာမပြောညာမပြော
သူလုပ်ချင်ရာလုပ်လိုက်တာပဲ....။
မာန်မပါတဲ့စိတ်ဆိုးမှုကြောင့် နို့ခွက်လေးကတောင်
ကလေးဆန်တယ်ဆိုပြီးလှောင်ပြောင်နေရင်း
......
“အဟင်း....”
အောက်ရောက်တော့နှစ်ယောက်သားတိုးတာကြောင့်
ပန်ဆင် ချောင်းဟန့်ရင်းလက်တို့လိုက်တဲ့အခါ
လှည့်ကြည့်လာတဲ့သူက မျက်ဝန်းတွေမာသွားရင်းမှ
“တကယ်လုပ်မှဖြစ်မှာလား....”
“ကျွန်မလည်ပင်းကဖုံးထားတဲ့ marking ရာတွေ
ရှင်မြင်တယ်ဆို တောင်းပန်လိုက်ပါ......”
ရှုတင်မပျက်ချင်တာကြောင့် concealer နဲ့အတူ
မိတ်ကပ်ပါးပါးအုပ်ရင်း မသိမသာ
ဖာထေးခဲ့ရ၏။
မဟုတ်ရင် မနွေးကဘာလဲဘာညာ
မေးနေအုံးမှာလေ!!
လျှံထက်ပိုင်ကအစ်မဆင်းလာမလား
စောင့်နေပေမဲ့ နှစ်ယောက်တွဲဆင်းလာတော့
သူ့မျက်နှာလဲမာသွားသည်။
ခမ်းနားလဲတင်းမာသွားရင်းမှ
ဓာတ်လှေကားထဲကထွက်ကာ ထိုကောင်လေးနား
ခပ်ဖြေးဖြေးလျှောက်သွားလိုက်၏။
သူလိုလူမျိုးကဒီလိုမလောက်လေးမလောက်စားကို
တောင်းပန်ရမယ်ဆိုတာ အိပ်မက်ဆိုးအဖြစ်တောင်
မမက်ဖူးခဲ့ဘူး အခုတော့ဖန်တွေဘာညာ
ကျေးဇူးသိတတ်တဲ့သူမကြောင့် ယောင်္ကျားသိက္ခာက
မြောင်းထဲမြှောလိုက်ရအုံးမယ်.....။
မလုပ်ရအောင်လဲသူကအလျော်အစားယူပြီးပြီဆိုတော့ ငြင်းရအခက်......။
ဒီလောက်ခက်ခဲမှန်းသိရင် သူမကို
ညကမသိမ်းပိုက်ခဲ့ပါဘူး....အခုတော့
ကိုယ့်အပြစ်နဲ့ကိုယ်
ခမ်းနား ထိုကောင်လေးမျက်နှာကို
ခပ်တင်းတင်းပင်စိုက်ကြည့်ရင်းမှ
“ဆောရီး.....”
တိုတုတ်တုတ်တောင်းပန်စကားကိုဆိုရင်း
ထွက်သွားတဲ့သူ့ကြောင့်ပန်ဆင်
အနောက်ကနေခပ်မြန်မြန်လိုက်ထွက်လာခဲ့၏။
“ဒါ ရှင်တောင်းပန်တာလား.....”
ဘာမှပြန်မဖြေတဲ့သူ့ကြောင့်ပန်ဆင်
ကားပေါ်တက်ထိုင်လိုက်တော့မှ
မျက်နှာလှည့်လာတဲ့သူက
“ညကဘယ်လိုတောင်းပန်ပါလို့မပြောခဲ့ဘူးလေ”တဲ့
ပန်ဆင်ကိုကမှားတာပါ!!!
❣️❣️❣️
“ရှုတင် break မယ်.....”
ရိုက်ရမဲ့အခန်းတွေပြီးတာကြောင့်
နောက်အခန်းတွေပါကြိုရိုက်ထားဖြစ်သည်။
မဟုတ်ရင်ရက်ပျက်တာအတွက်
အစားထိုးနေရအုံးမယ်!!!
“ဟယ်လို.....”
“ပန်ဆင် ကိုယ်လောလောဆယ်ကုမ္ပဏီမှာ
မလာအားသေးလို့ ရှုတင်မှာပဲ
မိနစ်၂၀လောက်စောင့်နေလို့ရမလား.....
က်ိုယ်အမြန်လာခဲ့မယ်.”
“ရတယ် ကျွန်မမန်နေဂျာကိုလိုက်ပို့ခိုင်းမယ်
ရှင် သောကမရောက်နဲ့.....”
“မဟုတ်ဘူး ကိုယ့်အတွင်းရေးမှုး
လွှတ်လိုက်မယ်လေ....”
“နေ ရတယ် ကျွန်မဘာသာ
အဆင်ပြေသလိုပြန်လာမယ်.....”
ပြောပြီး ဖုန်းချကာပန်ဆင်မနွေးကို
ကွန်ဒိုလိုက်ပို့ခိုင်းလိုက်သည်။
လျှံထက်ပိုင်ကိုလာခေါ်ခိုင်းရင်ရပေမဲ့
မခေါ်ချင်တာကြောင့်ပန်ဆင် ကွန်ဒိုကို
မနွေးကားနဲ့ရောက်လာကာ နာရီဝက်တော့ကြာ၏။
ပန်ဆင် မနွေးကိုနှုတ်ဆက်ကာ
ကားပေါ်ကဆင်းရင်းကွန်ဒိုထဲဝင်လာကာ
ဓာတ်လှေကားနှိပ်လိုက်တော့ လက်ခံလိုက်တာကြောင့်ကြည့်လိုက်တော့လျှံထက်ပိုင်
ပေါ့ပေါ့ပါးပါးအဝတ်အစားနဲ့လက်ထဲမှာ
ခေါက်ဆွဲခြောက်ထုတ်တွေကုင်ထားတာကြောင့်
ပန်ဆင် အံ့ဩသလိုကြည့်မိကာ
“အလုပ်မသွားဘူးလား.....”
“မသွားဖြစ်ဘူး အရင်ကထက်ပိုဆိုးနေတယ်လေ.....”
ညိုမဲစွဲနေတဲ့မျက်နှာကို mask ဖယ်ပြတော့မှ
သနားသလိုကြည့်ကာ
“တောင်းပန်ပါတယ် အစ်မဆေးထည့်ပေးရမလား....”
“အဲ့လိုလုပ်လို့ရတယ်မလား.....”
“အင်း.....”
.....
ဘယ်အခန်းကိုမှမသွားချင်တာကြောင့်
ခပ်သေးသေးဝရံတာကိုပဲထွက်ကာ
သူ့ကိုဆေးထည့်ပေးလိုက်၏။
ထို့အပြင်မျက်နှာနုနုကို
ပေါက်ဖွက်မတတ်ကြည့်နေတဲ့အကြည့်တွေကိုလဲ
မသိကျေးကျွန်ပြုနေမိသည်။
“ရပြီ.....”
“အစ်မ.....”
ပြန်ရုတ်မဲ့လက်ကိုဖျက်ခနဲကိုင်ထားတာကြောင့်
ကြည့်လိုက်မိတော့ မျက်ဝန်းရွဲတွေနဲ့
စိုက်ကြည့်နေကာ
“မပြောသင့်မှန်းသိပေမဲ့ အစ်မကိုကျွန်တော်ချစ်တယ်
ဒီတိုက်ခန်းကပြောင်းသွားလို့ရပေမဲ့
အစ်မကြောင့်ကျွန်တော်အသားနာခံ
ပေကပ်ပြီးနေနေတာ အစ်မသိတယ်မလား.....”
လက်ကောက်ဝတ်ကိုရုန်းထွက်လိုက်ရင်း
ပန်ဆင် ဆေးဘူးပိတ်ကာသူ့မျက်နှာကို
စိုက်ကြည့်ရင်းမှ
“ငယ်တုန်းစိတ်ကစားတာကအစ်မကို
idol တစ်ယောက်လိုလား
မိန်းကလေးတစ်ယောက်လိုလား
မင်းကိုယ်မင်းသေချာသိတဲ့အချိန် ဒါမှမဟုတ်
အစ်မအကြောင်းကိုသေချာသိတဲ့အချိန်
မင်းရဲ့မိုက်ရူးရဲဆန်တဲ့ဒီစိတ်တွေ
ပျောက်သွားမယ်ဆိုတာ အစ်မအာမခံရဲတယ်....”
ပြုံးပြီးသာပြောပေမဲ့ရင်ထဲမှာနေရခက်ခက်
ဖွင့်ပြောလိုက်တော့ ပန်ဆင်တကယ်ကို
အနေကျပ်တာပါ!!!
လက်သီးကျစ်နေအောင်ဆုပ်ထားတဲ့ခမ်းနား
ထိုမြင်ကွင်းကိုဉပေက္ခာပြုကာ
အထဲကိုလှမ်းဝင်လာခဲ့၏။
“ရှင်ရောက်နေပြီပဲ.....”
ပြောလိုက်ပေမဲ့ကြည့်မလာတဲ့သူ့ကြောင့်
ပန်ဆင် မျက်ခုံးကျုံ့မိသည်။
သူကတော့ စားပွဲကိုသာမျက်စပြစ်ပြကာ
“မင်းအတွက်ကုန်းဘောင်ကြော်ဝယ်လာတယ်
စားလိုက်အုံး.....”
မာထန်နေတဲ့အသံကတစ်ခုခုကို
အလိုမကျမှန်းသိတာကြောင့် ပန်ဆင်
ဆက်ပြောမနေပဲ ကုန်းဘောင်ကြော်နဲ့
ထမင်းစားကာ ပင်ပန်းတာကြောင့်
ခြေလက်ဆေးရင်းခပ်စောစော
အနားယူလိုကျ၏။
ခမ်းနား သူမအိပ်နေတဲ့အခန်းဘက်ကို
မျက်နှာမူကာ
“ကိုယ့်ရဲ့လုပ်စဉ်တွေကိုပြောင်းရမယ်ထင်တယ်
ပန်ဆင်.....”
.......
နှစ်ယောက်သားပြင်ဆင်ပြီးထွက်လာတဲ့အချိန်
အောက်ထပ်ရောက်တော့ဆူညံသံတွေ
ကှားရ၏။
ပန်ဆင် ဓာတ်လှေကားပွင့်သွားတာကြောင့်
လှမ်းထွက်လိုက်တော့ အနားကိုရောက်လာတဲ့
လူအုပ်ကြီးက ဓာတ်ပုံတွေတရှပ်ရှပ်ရိုက်ယူကာ
ပန်ဆင့်ကိုအသည်းအသန်ကြည့်လာကြရင်းမှ
“မင်းသမီးဒီတိုက်ခန်းမှာနေတယ်ဆိုတာတကယ်ပဲ....”
“ဟုတ်တယ် မင်းသမီးကိုနေ့တိုင်းမြင်ချင်တဲ့ဆန္ဒ
တကယ်ကိုပြည့်ဝသွားပြီ.....”
“မင်းသမီးဘာလို့ဒီမှာငှားနေတာလဲ.....”
မေးနေကြတဲ့တစ်ယောက်တစ်ပေါက်မေးခွန်းတွေကြောင့် ပန်ဆင်လန့်မိသည်။
သူတို့ဘယ်လိုလုပ်ပန်ဆင်နေတာသိသွားတာလဲ????
“ခွင့်ပြုပါအုံး....”
ပုခုံးလေးကနေ ဆွဲခေါ်သွားတဲ့သူ့ကြောင့်
အားလုံးရဲ့အကြည့်တွေကကပ်ပါလာကာ
ဓာတ်ပုံထဲမှာပါ နှစ်ယောက်သားကနေရာယူသွားရင်းမှ
“ရှင်ဘာတွေလုပ်ထားတာလဲ.....”
“အခန်းငှားမလို့လေ....”
“ဒါပေမဲ့ရှင်ပဲလူမနေတာကြိုက်တယ်ဆို.....”
“အရင်က....”
“အရင်ကဘာကြောင့်ကြိုက်ခဲ့တာလဲ.....”
“ပြောခဲ့တယ်မလား မိန်းကလေးတွေရဲ့စိတ်ကို
မယုံလို့ဆိုတာ.....အရင်ကလူမသိသူမသိ
အလစ်သုတ်ခံရပေမဲ့ အခုကကိုယ်ကနာမည်ကျော်ကြားနေတာ ဒါ့အပြင်မင်းကမကောင်းပဲနဲ့
ကိုယ့်ကိုပတ်သွားရင်
လူအများကြားဒီကိစ္စကသိသွားမှာလေ
အဓိကရင်းမြစ်ကကွန်ဒိုကလူတွေကနေစမှာဆိုတော့ ကိုယ်ကရှင်းထုတ်ပြစ်တာ....”
“အခုကရော....”
“မလိုတော့ဘူးထင်လို့.....”
“ရှင်တစ်ခုခုကြံနေတာမလား.....”
“အဲ့လိုဆိုရင်တောင်ကောင်းတဲ့အကြံပါ....”
ပန်ဆင်သူ့ကိုနားမလည်နိုင်သလို
မျက်နှာလွှဲမိသည်။
သူလုပ်လာပုံနဲ့ပန်ဆင်တို့အကြောင်းက
မကြာခင်ပေါ်တော့မှာပဲ!!!
❣️❣️❣️
ခမ်းနားဘာတွေကြံ😃
{~~~စိတ်ကူးတွေကို လေလိုနှင်ပြီး
ရွက်ကြွေတွေကို တိုးတိုက်နမ်းရှိုက်
နှလုံးသားရဲ့ ပျော်ရွှင်မှုကို
ကိုယ်တိုင်ကိုယ်ကျ ထုဆစ်မယ်~~~}
#နှောင်းငယ်
Zawgyi
Segment 20
“.....”
တဈကမ်ဘာလုံးနဲ့တည့ျမှာတောငျမဟုတျဘူး.....”
ဒါပမေဲ့ အလကားတော့မရဘူး
ကိုယ့ျရဲ့သိက်ခာကိုခြိုးနှိမျပွီးသူ့ကို
သူနဲ့ထိကပျသှားရ၏။
စက်ကန့ျမခွားဖိကပျလာတဲ့သူ့ရဲ့နှေးတေးတေး
❣️❣️❣️
သူမြားပစ်စညျးကိုဘာမပွောညာမပွော
သူလုပျခငြျရာလုပျလိုကျတာပဲ....။
......
ကြေးဇူးသိတတျတဲ့သူမကွောင့ျ ယောငျ်ကြားသိက်ခာက
❣️❣️❣️
.....
.......
လူအမြားကွားဒီကိစ်စကသိသှားမှာလေ
❣️❣️❣️
https://www.facebook.com/104531182528458/posts/110736111907965/?mibextid=Nif5oz