𝙸𝚏 𝙾𝚞𝚛 𝙻𝚘𝚟𝚎 𝙸𝚜 𝚃�...

By KhinMyatOo851005

47.1K 1.8K 48

ငယ်.....ဟုတ်တယ်....ဒီနာမ်စားလေးကမင်းတစ်ယောက်ထဲအတွက်ရယ်ပါYiboရယ် #xiaozhan ခင်ဗျားကဘာလို့ကျွန်တော့်ကိုကူညီရတာလ... More

Intro
Part 1
Part 2
Part 3
Part 4
Part 5
Part 6
Part 7
Part 8
Part 9🔞🌚
Part 10
Part 11
Part 12
Part 14
Part 15
Part 16
Part 17
Part 18
Part 19
Part 20
Part 21
Part 22
Part 23
💛 6ᵗʰ anni
Part 24
Part 25
Part 26 final
𝓯𝓪𝓻𝓮𝔀𝓮𝓵𝓵❤️💚

Part 13

1.3K 60 2
By KhinMyatOo851005

Unicode

ရှောင်းကျန့်ရဲ့အိမ်ပြန်လမ်းကတော့ တစ်ခြားရက်တွေနဲ့မတူတာသေချာတယ်
ကျောင်းကနေ သူမြတ်နိုးရာလေးနဲ့အတူ လက်တွဲရင်းခြေကျင်ပြန်လျှောက်ရတာ ဘယ်လောက်တောင်ပျော်ဖို့ကောင်းလိုက်သလဲ
ဒါ့အပြင် ကောင်လေးကလဲသူ့ကိုချစ်ပါတယ်တဲ့လေ
ပြီးတော့ကိုကိုတဲ့...ကောင်လေးကသူ့ကို ကိုကိုလို့ခေါ်လိုက်သေးတယ်
ရှောင်းကျန့်အတွက် ဒီတစ်သက်မမေ့နိုင်စရာနေ့ရက်ကလေးဖြစ်လာခဲ့ပြီ

ရိပေါ်ကတော့အားရပါးရငိုလို့ဝမှ ရှက်နေလေရဲ့
မျက်နှာလေးကိုငုံ့ထားပြီး ဘာစကားမှမပြောသလို ကိုင်ခံထားရတဲ့လက်ကလေးကိုလဲ လက်တွဲမဖြုတ်ပါဘူး
ရိပေါ်သူ့လက်ကလေးကိုကြည့်ပြီး ပီတိတွေကအဖြာဖြာ
ရှောင်းကျန့်ရဲ့လက်ထဲမှာ သူ့လက်ဖဝါးလေးကမြုပ်နေလေရဲ့ ဒါကိုရိပေါ်သိပ်သဘောကျရပါတယ်

"ငယ်...."

"ဗျာ.."

ရှောင်းကျန့် နှုတ်ခမ်းကိုကွေးညွှတ်သွားအောင်ပြုံးလိုက်မိတယ်
ရိပေါ်ဒီနေ့အရမ်းကိုလိမ္မာနေတယ်လေ
ဘယ်သွားမှာလဲတောင်တစ်ခွန်းမမေးဘဲ ရှောင်းကျန့်ရဲ့လက်ကိုကိုင်ပြီးငြိမ်ငြိမ်လေးလိုက်ပါလာတယ်

"ကိုကိုက ဘယ်ခေါ်သွားမှာလဲတောင်မမေးတော့ဘူးလားငယ်ရဲ့..."

ရိပေါ်ပတ်ဝန်းကျင်ကိုကြည့်မိတော့မှ သူအိမ်ပြန်နေကျလမ်းလေးဟုတ်မနေဘူး
ဒီတော့မှသတိထားမိတဲ့ကောင်လေးကို ရှောင်းကျန့်ရယ်ချင်ပါတယ်
တစ်ချိန်လုံးအောက်ကိုငုံ့ပြီး လက်တွဲထားတဲ့လက်နှစ်ဖက်ကိုပဲ ငုံ့ကြည့်နေတာရှောင်းကျန့်သိတာပေါ့

"အယ်...ဘယ်လမ်းကသွားနေတာလဲဟင်...."

မျက်လုံးပြူးလေးနဲ့မော့ကြည့်ပြီးမေးလာတဲ့ရိပေါ်ကို ရှောင်းကျန့်အကြည့်မလွှဲနိုင်
ကောင်လေးရဲ့အစိတ်အပိုင်းလေးတွေကိုကြည့်မိလိုက်တာနဲ့ အကြည့်တွေကမခွာနိုင်ဖြစ်ရတယ်
မျက်နှာလေးမြင်ရရင်ကို ရှောင်းကျန့်ရင်ထဲမှာနွေးထွေးသွားစေတာတော့အမှန်

"ကိုကို...ဘယ်သွားမှာလဲ..."

"......."

"ကိုကို ဘယ်သွားမှာလဲလို့..."

"ဟမ်..အော်..ငယ့်ကို ကိုကို့အိမ်ခေါ်သွားချင်လို့်..."

မျက်လုံးလေးတွေတောင်ရွေ့မြောက်ရွေ့နဲ့
မျက်နှာလေးညိုးကျပြီး ခေါင်းလေးငုံ့သွားတာကိုရှောင်းကျန့်တွေ့လိုက်ပါတယ်

"ငယ်ကမလိုက်ချင်ဘူးလားဟင်.."

"ဟို...ကျွန်တော်ကြောက်တယ်..."

"ဘာလို့လဲ..."

"ကိုကိုနဲ့ သဘောမတူရင် ဘယ်လိုလုပ်မလဲ..."

အော်ဟော ....ကောင်လေးကသဘောမတူမှာကိုကြောက်နေတာတဲ့
စိုးရိမ်နေတဲ့ကောင်လေးကိုရှောင်းကျန့်ရင်ခွင်ထဲမှာ နောက်တစ်ခါပြန်ထည့်ထားလိုက်မိတယ်

"ဘာမှမဖြစ်ဘူး...ကြောက်စရာမလိုဘူး ဟုတ်ပြီလား...ကိုကို့နောက်ကိုယုံယုံကြည်ကြည်နဲ့သာလိုက်ရဲရဲ့လားဟင်...."

"အွန်း...ယုံကြည်တယ်...ကိုကို့ကိုယုံကြည်တယ်...ပြီးတော့ကျေးဇူးလဲတင်တယ် ဟီးး "

"ဟင် ဘာကြောင့်လဲ..."

"ဒီလိုပါပဲ...."

မျက်နှာလေးမော့ပြီး ခေါင်းလေးကုတ်ကာ ပြောလာတဲ့ရိပေါ်ရဲ့နဖူးလေးကိုရှောင်းကျန့်အနမ်းပေးလိုက်တယ်
ရိပေါ်ကိုလာရှာရတဲ့အကြောင်းအရင်းက မားကတွေ့ချင်လွန်းလို့ခေါ်ခိုင်းတာကိုတော့ မပြောဖြစ်ဘူးပေါ့

~~~~~~~~~~~~~~~~~~~~~~~~~~~~~~~

"အာ...ရိပေါ်လေး...ကျဲတို့ဆီလာတယ်ပေါ့..."

အိမ်ပေါက်ဝကနေ ရိပေါ်ဝင်လာတာကိုတွေ့တာနဲ့ ရွှမ်လုတို့ကတော့ပြေးလာလိုက်တာ
ရိပေါ်ကိုတွေ့တာနဲ့ ပါးနှစ်ဖက်ကိုညှစ်ညှစ်ပစ်တာ ကျဲရဲ့အကျင့်လားရှောင်းကျန့်မသိ
သေချာပါတယ် ရှောင်းကျန့်တို့ကတော့ ရွှမ်လုဆီကိုမျက်စောင်းကဒိုင်းကနဲ
နောက်ဆို မကိုင်ဖို့တင်းတင်းကျပ်ကျပ်ကိုပြောရတော့မယ်

ရှောင်းကျန့်မျက်စောင်းထိုးနေတာကို ရွှမ်လုကတော့ပြောင်သာပြလိုက်တယ်
ကာယကံရှင်ကတောင် ဘာမှမပြောတာကို အလကားအဖြစ်သည်းနေတာလို့ ရွှမ်လုကတော့ကောက်ချက်ချလိုက်တယ်

ရိပေါ်ကတော့ကြားထဲကနေပြုံးသာပြုံးပြလို်က်တယ်
သူနဲ့ပတ်သတ်ရင် ရှောင်းကျန့်ကအစ်မရင်းနဲ့တောင်သဝန်တိုလွန်းပါတယ်
ဒါကြောင့်လဲ ရွှမ်လုတို့ကပို စတာကို ရှောင်းကျန့်ရဲ့မျက်စောင်းကလဲ တစ်ခါမှအလွှတ်မပေးပါဘူး

"မားရော..ဘယ်သွားလဲ...ရှိလား..."

"မားက သူ့သူငယ်ချင်းအိမ်ခနသွားတယ်...ပါးကခုထိပြန်မရောက်သေးဘူး...ဘာလုပ်မလို့လဲ..."

"မားကိုရိပေါ်နဲ့တွေ့ပေးမလို့လေ...."

"အော်...အိမ်ထဲဝင်လေ ရိပေါ်လေး... ရိပေါ်လေး ကျဲတို့အိမ်ကိုခုမှပထမဆုံးရောက်ဖူးတာမို့လား..."

ရွှမ်လုကစကားပြောရင်းအိမ်ထဲခေါ်သွားတာမို့ ရိပေါ်နဲ့ရှောင်းကျန့်လဲနောက်ကလိုက်သွားတယ်
ဧည့်ခန်းထဲမှာထိုင်ခိုင်းပြီး ရွှမ်လုကတော့နောက်ဖေးကိုဝင်သွားတယ်
ရိပေါ်လဲရှောင်းကျန့်ရဲ့ဘေးမှာငြိမ်ငြိမ်လေးသာထိုင်လိုက်တယ်
အိမ်ကတော့သူဌေးမိသားစုပီပီ ခြံကျယ်ကြီးနဲ့နှစ်ထပ်တိုက်အိမ်ပုံစံ ခြံဝန်းထဲမှာလဲ ပန်းပင်များကအပြည့်
သူ့အိမ်လိုအိမ်သေးလေးမှမဟုတ်ဘဲလေ
ရိပေါ် ရှောင်းကျန့်ပါးနဲ့မားကဘာကြောင့် သူနဲ့သဘောမတူရတာလဲဆိုတာ သူကိုယ်တိုင်ကယောကျ်ားလေးဖြစ်တဲ့အပြင် အဆင့်အတန်းချင်းကလဲကွာနေတာကြောင့်ဆိုတာကို သဘောပေါက်လိုက်တယ်

"ငယ်...ကိုကို့အခန်းထဲလိုက်ကြည့်ချင်လား..."

ရိပေါ်ရှောင်းကျန့်အသံကြားမှ ရိပေါ်လဲကယောင်ကတမ်းနဲ့ခေါင်းငြိမ့်လိုက်တယ်
အခန်းကကျယ်တဲ့အပြင် ပစ္စည်းလေးတွေကလဲသူ့နေရာနဲ့သူစနစ်တကျ
အိပ်ရာဘေးကခုံလေးပေါ်မှာ ကလေးငယ်တစ်ယောက်နဲ့အမျိုးသမီးတစ်ယောက်ပုံ
ရိပေါ်ဓာတ်ပုံကိုကောက်ယူကြည့်မိလိုက်တယ်
ဓာတ်ပုံထဲကကလေးက ရှောင်းကျန့်မှန်းရိပေါ်တန်းသိလိုက်ပါတယ်
နှုတ်ခမ်းအောက်ကမှဲ့လေးနဲ့အတူ ရယ်လိုက်တော့ပေါ်နေတဲ့ ယုန်သွားလေးနှစ်ချောင်းကသက်သေပဲလေ

"အဲ့တာကိုယ်ငယ်ငယ်ကပုံလေ...ကိုယ်ရုပ်မပြောင်းဘူးမို့လား..."

"အင်း...မပြောင်းဘူး...ငယ်ငယ်ထဲကယုန်သွားကြီးနဲ့က ခုထိပဲ ဟီး..."

"အော်...ကိုယ့်ကိုသွားကြီးကြီးနဲ့ပြောတာပေါ့လေ ဟွန့် တွေ့မယ်လာခဲ့...."

ပြောရင်းဆိုရင်းရိပေါ်ကို ကလိယားလိုက်ထိုးနေပါတယ်တဲ့လေ
အခန်းထဲမှာပြေးရင်းလွှားရင်းနဲ့ နှစ်ယောက်သားကတော့ပျော်မြူးနေပါတယ်
နောက်ဆုံးကျတော့လဲယုန်ကြီးလက်ထဲကို ခြင်္သေ့ပေါက်ကရောက်သွားတာပါပဲ

"အဟမ်း အဟမ်း..."

ရွှမ်လုရဲ့ချောင်းဟန့်သံကြားမှ နှစ်ယောက်သားခွာလိုက်ကြတယ်
ရိပေါ်ကတော့ရှက်ပြီးခေါင်းငုံ့သွားသလို ရှောင်းကျန့်လဲဂုတ်ပိုးကိုလက်နဲ့ပွတ်ကာ ချောင်းဟန့်လိုက်တယ်

"ရိပေါ်လေး အဆင်ပြေရဲ့လား...ရှောင်းကျန့်ကအနိုင်ကျင့်ရင်ကျဲကိုပြောနော်..."

"အာ...မဟုတ်ပါဘူးကျဲ...ဒီတိုင်းကျီစယ်နေကြတာပါ..."

"ကျဲ...ငါကငယ့်ကိုအနိုင်ကျင့်စရာလား....ချစ်လွန်းလို့ဟာကို...နော ငယ်ရာ..."

ရွှမ်လုသူ့ရှေ့မှာ ကဲပြနေတဲ့နှစ်ယောက်ကို ခေါင်းသာခါရမ်းမိတော့တယ်
မေးမိတာကိုကသူ့အမှားပါလေ

"အမလေးဟယ်..ကဲလိုက်တာ...ငါကဒီတိုင်းစလိုက်တာပါနော် ဟွန့်...လာ ရိပေါ်လေး... ကျဲမုန့်တွေပြင်ထားတယ် ရှောင်းကျန့်ရော ဆင်းလာခဲ့..."

ရှောင်းကျန့် ရိပေါ်ရဲ့ဆံပင်လေးကိုဖွလို်က်ကာ အခန်းထဲကနေလက်ဆွဲပြီးထွက်လာခဲ့တယ်

"အယ် ရှောင်းကျန့်...နင်တို့လက်ထပ်ပွဲကျရင် နင့်သူငယ်ချင်းကိုဖိတ်အုံးလေ..."

"ယွီပင်းကအထူးတလည် ဖိတ်စရာမှမလိုပဲ...သူကိုယ်တိုင်တောင်လာကူညီပေးရအုံးမှာကို..."

"မဟုတ်ဘူးလေ...ဟိုတစ်ယောက်ကိုပြောတာ...မင်လျန့်လေ.."

ရှောင်းကျန့် ရွှမ်လုကိုကြည့်လိုက်တယ်
သူ့မှာသူငယ်ချင်းဆိုလို့ ယွီပင်းလို့သာ သတ်မှတ်ထားခဲ့တာကြာလှပြီ
ပြီးတော့ငယ့်ကိုလဲ မင်လျန့်အကြောင်းကိုပြောမပြရသေးဘူး
ရှောင်းကျန့် ရွှမ်လုကိုအမြန်ပင် နှုတ်ခမ်းပေါ်လက်ညိုးတင်ကာ တိတ်တိတ်နေရန်ပြလိုက်တယ်

ရိပေါ် မင်လျန့်ဆိုတဲ့အသံကြားတော့ သူတို့နှစ်ယောက်ကိုကြည့်လိုက်တယ်
မင်လျန့်...ဧကန္တ သူသိတဲ့မင်လျန့်လား

"ဟို...ကျဲ မင်လျန့်ဆိုတာက..."

ရိပေါ်သူသိတဲ့သူများလားဆိုတဲ့စိတ်နဲ့ ကျဲကိုမေးလိုက်မိတယ်
ရှောင်းကျန့်လိုလူက မင်လျန့်လိုလူကိုအပေါင်းအသင်းလုပ်မှာမဟုတ်ဘူးလို့ရိပေါ်ဆုတောင်းမိတယ်

"အော်...မင်လျန့်က ရှောင်းကျန့်ရဲ့သူငယ်ချင်းလေ...အခုသူကကိုရီးယားမှာတဲ့..."

"အော်...."

ရိပေါ်ခေါင်းကိုသာငြိမ့်ပြလိုက်တယ်
ရှောင်းကျန့် ရိပေါ်ကိုကြည့်လိုက်တော့ တစ်ခုခုကိုအလိုမကျဟန်နဲ့ မျက်မှောင်ကျုံ့ထားတယ်

ရိပေါ်ကိုမင်လျန့်အကြောင်းရှောင်းကျန့် မသိစေချင်တော့ဘူး
မင်လျန့်အကြောင်း ရိပေါ်ကိုမသိစေချင်ကာမှ
ကျဲရဲ့ပါးစပ်ဖွာမှုကြောင့် အလကားသက်သက်သူ့ကောင်လေးကိုအတွေးများစေမိြပီ
ီဖြစ်ပျက်ပြီးတဲ့ အတိတ်တွေကိုအတိတ်မှာပဲထားလိုက်တာကပိုကောင်းတယ်မလား
အထူးသဖြင့် နာကျင်စရာအတိတ်ကိုပေါ့

ရှောင်းကျန့် ရိပေါ်ကိုအိမ်ပြန်လိုက်ပို့တဲ့အချိန်မှာလဲ
ကောင်လေးက လက်သည်းလေးကိုက်ကာ ပြတင်းပေါက်ကိုပဲငေးကြည့်နေတယ်

"ရိပေါ်လေး အိမ်ရောက်နေပြီလေ...ဘာတွေတွေးနေတာလဲ..."

ရွှမ်လုက တို့လိုက်ကာမှ ရိပေါ်အသိစိတ်ဝင်လာတယ်

"အာ...ဟုတ်သားပဲ...ကိုကိုနဲ့ကျဲ ဖြေးဖြေးပြန်နော်...မိုးချုပ်နေပြီမို့ နောက်ရက်မှ ကျွန်တော်အိမ်လည်ခေါ်တော့မယ်နော် တောင်းပန်ပါတယ်ကျဲ...."

"ရပါတယ်ရိပေါ်လေး...တာ့တာ..."

"ငယ်လေး...ကောင်းသောညပါ...ကိုကို့ကိုအိပ်မက်ထဲထည့်မက်အုံးနော်..."

"ဟုတ်...ကိုကိုလဲ ကောင်းသောညပါ.."

ရိပေါ်ရဲ့ကျောပြင်လေးကိုကြည့်ပြီး အိမ်ထဲထိဝင်သွားတာတောင် ရှောင်းကျန့်မှာ အကြည့်မပျက်နိုင်
ကျောပြင်လေးကအစမြတ်နိုးရာလေး

"ဟဲ့ ရှောင်းကျန့် သွားမယ်လေ...ကြည့်လို့မဝသေးဘူးလား..."

"ဟာ..ကျဲကလဲ...နင်ကဘာသိလို့လဲ အိပ်ခါနီးကိုအဝကြည့်သွားရမှာပေါ့...အဲ့တာမှအိပ်မက်ထဲမှာလဲမြင်ယောင်နေမှာ..."

ပြောင်ပြီးပြောလိုက်တဲ့ရှောင်းကျန့်ကို ရွှမ်လုခပ်စပ်စပ်လေးရိုက်ပေးလိုက်ပြီး
"နင်ဟာလေတစ်ကယ်.... အကဲကိုပိုလွန်အားကြီးတယ်..."

^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^

မကြာခင် မင်ဂါဆောင်ကြရင်ကောင်းမလားဝေ့🤭🤭

3.3.23

#ʟᴜɴᴀʷᵃⁿᵍ85🦁


Zawgyi

ေရွာင္းက်န့္ရဲ႕အိမ္ျပန္လမ္းကေတာ့ တစ္ျခားရက္ေတြနဲ႕မတူတာေသခ်ာတယ္
ေက်ာင္းကေန သူျမတ္နိုးရာေလးနဲ႕အတူ လက္တြဲရင္းေျခက်င္ျပန္ေလွ်ာက္ရတာ ဘယ္ေလာက္ေတာင္ေပ်ာ္ဖို႔ေကာင္းလိုက္သလဲ
ဒါ့အျပင္ ေကာင္ေလးကလဲသူ႕ကိုခ်စ္ပါတယ္တဲ့ေလ
ၿပီးေတာ့ကိုကိုတဲ့...ေကာင္ေလးကသူ႕ကို ကိုကိုလို႔ေခၚလိုက္ေသးတယ္
ေရွာင္းက်န့္အတြက္ ဒီတစ္သက္မေမ့နိုင္စရာေန႕ရက္ကေလးျဖစ္လာခဲ့ၿပီ

ရိေပၚကေတာ့အားရပါးရငိုလို႔ဝမွ ရွက္ေနေလရဲ႕
မ်က္ႏွာေလးကိုငုံ႕ထားၿပီး ဘာစကားမွမေျပာသလို ကိုင္ခံထားရတဲ့လက္ကေလးကိုလဲ လက္တြဲမျဖဳတ္ပါဘူး
ရိေပၚသူ႕လက္ကေလးကိုၾကည့္ၿပီး ပီတိေတြကအျဖာျဖာ
ေရွာင္းက်န့္ရဲ႕လက္ထဲမွာ သူ႕လက္ဖဝါးေလးကျမဳပ္ေနေလရဲ႕ ဒါကိုရိေပၚသိပ္သေဘာက်ရပါတယ္

"ငယ္...."

"ဗ်ာ.."

ေရွာင္းက်န့္ ႏႈတ္ခမ္းကိုေကြးၫႊတ္သြားေအာင္ၿပဳံးလိုက္မိတယ္
ရိေပၚဒီေန႕အရမ္းကိုလိမၼာေနတယ္ေလ
ဘယ္သြားမွာလဲေတာင္တစ္ခြန္းမေမးဘဲ ေရွာင္းက်န့္ရဲ႕လက္ကိုကိုင္ၿပီးၿငိမ္ၿငိမ္ေလးလိုက္ပါလာတယ္

"ကိုကိုက ဘယ္ေခၚသြားမွာလဲေတာင္မေမးေတာ့ဘူးလားငယ္ရဲ႕..."

ရိေပၚပတ္ဝန္းက်င္ကိုၾကည့္မိေတာ့မွ သူအိမ္ျပန္ေနက်လမ္းေလးဟုတ္မေနဘူး
ဒီေတာ့မွသတိထားမိတဲ့ေကာင္ေလးကို ေရွာင္းက်န့္ရယ္ခ်င္ပါတယ္
တစ္ခ်ိန္လုံးေအာက္ကိုငုံ႕ၿပီး လက္တြဲထားတဲ့လက္ႏွစ္ဖက္ကိုပဲ ငုံ႕ၾကည့္ေနတာေရွာင္းက်န့္သိတာပေါ့

"အယ္...ဘယ္လမ္းကသြားေနတာလဲဟင္...."

မ်က္လုံးျပဴးေလးနဲ႕ေမာ့ၾကည့္ၿပီးေမးလာတဲ့ရိေပၚကို ေရွာင္းက်န့္အၾကည့္မလႊဲနိုင္
ေကာင္ေလးရဲ႕အစိတ္အပိုင္းေလးေတြကိုၾကည့္မိလိုက္တာနဲ႕ အၾကည့္ေတြကမခြာနိုင္ျဖစ္ရတယ္
မ်က္ႏွာေလးျမင္ရရင္ကို ေရွာင္းက်န့္ရင္ထဲမွာႏြေးေထြးသြားေစတာေတာ့အမွန္

"ကိုကို...ဘယ္သြားမွာလဲ..."

"......."

"ကိုကို ဘယ္သြားမွာလဲလို႔..."

"ဟမ္..ေအာ္..ငယ့္ကို ကိုကို႔အိမ္ေခၚသြားခ်င္လို့္..."

မ်က္လုံးေလးေတြေတာင္ေ႐ြ႕ေျမာက္ေ႐ြ႕နဲ႕
မ်က္ႏွာေလးညိုးက်ၿပီး ေခါင္းေလးငုံ႕သြားတာကိုေရွာင္းက်န့္ေတြ႕လိုက္ပါတယ္

"ငယ္ကမလိုက္ခ်င္ဘူးလားဟင္.."

"ဟို...ကြၽန္ေတာ္ေၾကာက္တယ္..."

"ဘာလို႔လဲ..."

"ကိုကိုနဲ႕ သေဘာမတူရင္ ဘယ္လိုလုပ္မလဲ..."

ေအာ္ေဟာ ....ေကာင္ေလးကသေဘာမတူမွာကိုေၾကာက္ေနတာတဲ့
စိုးရိမ္ေနတဲ့ေကာင္ေလးကိုေရွာင္းက်န့္ရင္ခြင္ထဲမွာ ေနာက္တစ္ခါျပန္ထည့္ထားလိုက္မိတယ္

"ဘာမွမျဖစ္ဘူး...ေၾကာက္စရာမလိုဘူး ဟုတ္ၿပီလား...ကိုကို႔ေနာက္ကိုယုံယုံၾကည္ၾကည္နဲ႕သာလိုက္ရဲရဲ႕လားဟင္...."

"အြန္း...ယုံၾကည္တယ္...ကိုကို႔ကိုယုံၾကည္တယ္...ၿပီးေတာ့ေက်းဇူးလဲတင္တယ္ ဟီးး "

"ဟင္ ဘာေၾကာင့္လဲ..."

"ဒီလိုပါပဲ...."

မ်က္ႏွာေလးေမာ့ၿပီး ေခါင္းေလးကုတ္ကာ ေျပာလာတဲ့ရိေပၚရဲ႕နဖူးေလးကိုေရွာင္းက်န့္အနမ္းေပးလိုက္တယ္
ရိေပၚကိုလာရွာရတဲ့အေၾကာင္းအရင္းက မားကေတြ႕ခ်င္လြန္းလို႔ေခၚခိုင္းတာကိုေတာ့ မေျပာျဖစ္ဘူးေပါ့

~~~~~~~~~~~~~~~~~~~~~~~~~~~~~~~

"အာ...ရိေပၚေလး...က်ဲတို႔ဆီလာတယ္ေပါ့..."

အိမ္ေပါက္ဝကေန ရိေပၚဝင္လာတာကိုေတြ႕တာနဲ႕ ႐ႊမ္လုတို႔ကေတာ့ေျပးလာလိုက္တာ
ရိေပၚကိုေတြ႕တာနဲ႕ ပါးႏွစ္ဖက္ကိုညွစ္ညွစ္ပစ္တာ က်ဲရဲ႕အက်င့္လားေရွာင္းက်န့္မသိ
ေသခ်ာပါတယ္ ေရွာင္းက်န့္တို႔ကေတာ့ ႐ႊမ္လုဆီကိုမ်က္ေစာင္းကဒိုင္းကနဲ
ေနာက္ဆို မကိုင္ဖို႔တင္းတင္းက်ပ္က်ပ္ကိုေျပာရေတာ့မယ္

ေရွာင္းက်န့္မ်က္ေစာင္းထိုးေနတာကို ႐ႊမ္လုကေတာ့ေျပာင္သာျပလိုက္တယ္
ကာယကံရွင္ကေတာင္ ဘာမွမေျပာတာကို အလကားအျဖစ္သည္းေနတာလို႔ ႐ႊမ္လုကေတာ့ေကာက္ခ်က္ခ်လိဳက္တယ္

ရိေပၚကေတာ့ၾကားထဲကေနၿပဳံးသာၿပဳံးျပလို္က္တယ္
သူနဲ႕ပတ္သတ္ရင္ ေရွာင္းက်န့္ကအစ္မရင္းနဲ႕ေတာင္သဝန္တိုလြန္းပါတယ္
ဒါေၾကာင့္လဲ ႐ႊမ္လုတို႔ကပို စတာကို ေရွာင္းက်န့္ရဲ႕မ်က္ေစာင္းကလဲ တစ္ခါမွအလႊတ္မေပးပါဘူး

"မားေရာ..ဘယ္သြားလဲ...ရွိလား..."

"မားက သူ႕သူငယ္ခ်င္းအိမ္ခနသြားတယ္...ပါးကခုထိျပန္မေရာက္ေသးဘူး...ဘာလုပ္မလို႔လဲ..."

"မားကိုရိေပၚနဲ႕ေတြ႕ေပးမလို႔ေလ...."

"ေအာ္...အိမ္ထဲဝင္ေလ ရိေပၚေလး... ရိေပၚေလး က်ဲတို႔အိမ္ကိုခုမွပထမဆုံးေရာက္ဖူးတာမို႔လား..."

႐ႊမ္လုကစကားေျပာရင္းအိမ္ထဲေခၚသြားတာမို႔ ရိေပၚနဲ႕ေရွာင္းက်န့္လဲေနာက္ကလိုက္သြားတယ္
ဧည့္ခန္းထဲမွာထိုင္ခိုင္းၿပီး ႐ႊမ္လုကေတာ့ေနာက္ေဖးကိုဝင္သြားတယ္
ရိေပၚလဲေရွာင္းက်န့္ရဲ႕ေဘးမွာၿငိမ္ၿငိမ္ေလးသာထိုင္လိုက္တယ္
အိမ္ကေတာ့သူေဌးမိသားစုပီပီ ၿခံက်ယ္ႀကီးနဲ႕ႏွစ္ထပ္တိုက္အိမ္ပုံစံ ၿခံဝန္းထဲမွာလဲ ပန္းပင္မ်ားကအျပည့္
သူ႕အိမ္လိုအိမ္ေသးေလးမွမဟုတ္ဘဲေလ
ရိေပၚ ေရွာင္းက်န့္ပါးနဲ႕မားကဘာေၾကာင့္ သူနဲ႕သေဘာမတူရတာလဲဆိုတာ သူကိုယ္တိုင္ကေယာက်္ားေလးျဖစ္တဲ့အျပင္ အဆင့္အတန္းခ်င္းကလဲကြာေနတာေၾကာင့္ဆိုတာကို သေဘာေပါက္လိုက္တယ္

"ငယ္...ကိုကို႔အခန္းထဲလိုက္ၾကည့္ခ်င္လား..."

ရိေပၚေရွာင္းက်န့္အသံၾကားမွ ရိေပၚလဲကေယာင္ကတမ္းနဲ႕ေခါင္းၿငိမ့္လိုက္တယ္
အခန္းကက်ယ္တဲ့အျပင္ ပစၥည္းေလးေတြကလဲသူ႕ေနရာနဲ႕သူစနစ္တက်
အိပ္ရာေဘးကခုံေလးေပၚမွာ ကေလးငယ္တစ္ေယာက္နဲ႕အမ်ိဳးသမီးတစ္ေယာက္ပုံ
ရိေပၚဓာတ္ပုံကိုေကာက္ယူၾကည့္မိလိုက္တယ္
ဓာတ္ပုံထဲကကေလးက ေရွာင္းက်န့္မွန္းရိေပၚတန္းသိလိုက္ပါတယ္
ႏႈတ္ခမ္းေအာက္ကမွဲ႕ေလးနဲ႕အတူ ရယ္လိုက္ေတာ့ေပၚေနတဲ့ ယုန္သြားေလးႏွစ္ေခ်ာင္းကသက္ေသပဲေလ

"အဲ့တာကိုယ္ငယ္ငယ္ကပုံေလ...ကိုယ္႐ုပ္မေျပာင္းဘူးမို႔လား..."

"အင္း...မေျပာင္းဘူး...ငယ္ငယ္ထဲကယုန္သြားႀကီးနဲ႕က ခုထိပဲ ဟီး..."

"ေအာ္...ကိုယ့္ကိုသြားႀကီးႀကီးနဲ႕ေျပာတာေပါ့ေလ ဟြန့္ ေတြ႕မယ္လာခဲ့...."

ေျပာရင္းဆိုရင္းရိေပၚကို ကလိယားလိုက္ထိုးေနပါတယ္တဲ့ေလ
အခန္းထဲမွာေျပးရင္းလႊားရင္းနဲ႕ ႏွစ္ေယာက္သားကေတာ့ေပ်ာ္ျမဴးေနပါတယ္
ေနာက္ဆုံးက်ေတာ့လဲယုန္ႀကီးလက္ထဲကို ျခေသၤ့ေပါက္ကေရာက္သြားတာပါပဲ

"အဟမ္း အဟမ္း..."

႐ႊမ္လုရဲ႕ေခ်ာင္းဟန့္သံၾကားမွ ႏွစ္ေယာက္သားခြာလိုက္ၾကတယ္
ရိေပၚကေတာ့ရွက္ၿပီးေခါင္းငုံ႕သြားသလို ေရွာင္းက်န့္လဲဂုတ္ပိုးကိုလက္နဲ႕ပြတ္ကာ ေခ်ာင္းဟန့္လိုက္တယ္

"ရိေပၚေလး အဆင္ေျပရဲ႕လား...ေရွာင္းက်န့္ကအနိုင္က်င့္ရင္က်ဲကိုေျပာေနာ္..."

"အာ...မဟုတ္ပါဘူးက်ဲ...ဒီတိုင္းက်ီစယ္ေနၾကတာပါ..."

"က်ဲ...ငါကငယ့္ကိုအနိုင္က်င့္စရာလား....ခ်စ္လြန္းလို႔ဟာကို...ေနာ ငယ္ရာ..."

႐ႊမ္လုသူ႕ေရွ႕မွာ ကဲျပေနတဲ့ႏွစ္ေယာက္ကို ေခါင္းသာခါရမ္းမိေတာ့တယ္
ေမးမိတာကိုကသူ႕အမွားပါေလ

"အမေလးဟယ္..ကဲလိုက္တာ...ငါကဒီတိုင္းစလိုက္တာပါေနာ္ ဟြန့္...လာ ရိေပၚေလး... က်ဲမုန့္ေတြျပင္ထားတယ္ ေရွာင္းက်န့္ေရာ ဆင္းလာခဲ့..."

ေရွာင္းက်န့္ ရိေပၚရဲ႕ဆံပင္ေလးကိုဖြလို္က္ကာ အခန္းထဲကေနလက္ဆြဲၿပီးထြက္လာခဲ့တယ္

"အယ္ ေရွာင္းက်န့္...နင္တို႔လက္ထပ္ပြဲက်ရင္ နင့္သူငယ္ခ်င္းကိုဖိတ္အုံးေလ..."

"ယြီပင္းကအထူးတလည္ ဖိတ္စရာမွမလိုပဲ...သူကိုယ္တိုင္ေတာင္လာကူညီေပးရအုံးမွာကို..."

"မဟုတ္ဘူးေလ...ဟိုတစ္ေယာက္ကိုေျပာတာ...မင္လ်န့္ေလ.."

ေရွာင္းက်န့္ ႐ႊမ္လုကိုၾကည့္လိုက္တယ္
သူ႕မွာသူငယ္ခ်င္းဆိုလို႔ ယြီပင္းလို႔သာ သတ္မွတ္ထားခဲ့တာၾကာလွၿပီ
ၿပီးေတာ့ငယ့္ကိုလဲ မင္လ်န့္အေၾကာင္းကိုေျပာမျပရေသးဘူး
ေရွာင္းက်န့္ ႐ႊမ္လုကိုအျမန္ပင္ ႏႈတ္ခမ္းေပၚလက္ညိုးတင္ကာ တိတ္တိတ္ေနရန္ျပလိုက္တယ္

ရိေပၚ မင္လ်န့္ဆိုတဲ့အသံၾကားေတာ့ သူတို႔ႏွစ္ေယာက္ကိုၾကည့္လိုက္တယ္
မင္လ်န့္...ဧကႏၱ သူသိတဲ့မင္လ်န့္လား

"ဟို...က်ဲ မင္လ်န့္ဆိုတာက..."

ရိေပၚသူသိတဲ့သူမ်ားလားဆိုတဲ့စိတ္နဲ႕ က်ဲကိုေမးလိုက္မိတယ္
ေရွာင္းက်န့္လိုလူက မင္လ်န့္လိုလူကိုအေပါင္းအသင္းလုပ္မွာမဟုတ္ဘူးလို႔ရိေပၚဆုေတာင္းမိတယ္

"ေအာ္...မင္လ်န့္က ေရွာင္းက်န့္ရဲ႕သူငယ္ခ်င္းေလ...အခုသူကကိုရီးယားမွာတဲ့..."

"ေအာ္...."

ရိေပၚေခါင္းကိုသာၿငိမ့္ျပလိုက္တယ္
ေရွာင္းက်န့္ ရိေပၚကိုၾကည့္လိုက္ေတာ့ တစ္ခုခုကိုအလိုမက်ဟန္နဲ႕ မ်က္ေမွာင္က်ဳံ႕ထားတယ္

ရိေပၚကိုမင္လ်န့္အေၾကာင္းေရွာင္းက်န့္ မသိေစခ်င္ေတာ့ဘူး
မင္လ်န့္အေၾကာင္း ရိေပၚကိုမသိေစခ်င္ကာမွ
က်ဲရဲ႕ပါးစပ္ဖြာမႈေၾကာင့္ အလကားသက်သက်သူ့ကောင်လေးကိုအတွေးများစေမိြပီ
ီျဖစ္ပ်က္ၿပီးတဲ့ အတိတ္ေတြကိုအတိတ္မွာပဲထားလိုက္တာကပိုေကာင္းတယ္မလား
အထူးသျဖင့္ နာက်င္စရာအတိတ္ကိုေပါ့

ေရွာင္းက်န့္ ရိေပၚကိုအိမ္ျပန္လိုက္ပို႔တဲ့အခ်ိန္မွာလဲ
ေကာင္ေလးက လက္သည္းေလးကိုက္ကာ ျပတင္းေပါက္ကိုပဲေငးၾကည့္ေနတယ္

"ရိေပၚေလး အိမ္ေရာက္ေနၿပီေလ...ဘာေတြေတြးေနတာလဲ..."

႐ႊမ္လုက တို႔လိုက္ကာမွ ရိေပၚအသိစိတ္ဝင္လာတယ္

"အာ...ဟုတ္သားပဲ...ကိုကိုနဲ႕က်ဲ ေျဖးေျဖးျပန္ေနာ္...မိုးခ်ဳပ္ေနၿပီမို႔ ေနာက္ရက္မွ ကြၽန္ေတာ္အိမ္လည္ေခၚေတာ့မယ္ေနာ္ ေတာင္းပန္ပါတယ္က်ဲ...."

"ရပါတယ္ရိေပၚေလး...တာ့တာ..."

"ငယ္ေလး...ေကာင္းေသာညပါ...ကိုကို႔ကိုအိပ္မက္ထဲထည့္မက္အုံးေနာ္..."

"ဟုတ္...ကိုကိုလဲ ေကာင္းေသာညပါ.."

ရိေပၚရဲ႕ေက်ာျပင္ေလးကိုၾကည့္ၿပီး အိမ္ထဲထိဝင္သြားတာေတာင္ ေရွာင္းက်န့္မွာ အၾကည့္မပ်က္နိုင္
ေက်ာျပင္ေလးကအစျမတ္နိုးရာေလး

"ဟဲ့ ေရွာင္းက်န့္ သြားမယ္ေလ...ၾကည့္လို႔မဝေသးဘူးလား..."

"ဟာ..က်ဲကလဲ...နင္ကဘာသိလို႔လဲ အိပ္ခါနီးကိုအဝၾကည့္သြားရမွာေပါ့...အဲ့တာမွအိပ္မက္ထဲမွာလဲျမင္ေယာင္ေနမွာ..."

ေျပာင္ၿပီးေျပာလိုက္တဲ့ေရွာင္းက်န့္ကို ႐ႊမ္လုခပ္စပ္စပ္ေလးရိုက္ေပးလိုက္ၿပီး
"နင္ဟာေလတစ္ကယ္.... အကဲကိုပိုလြန္အားႀကီးတယ္..."

^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^

မၾကာခင္ မင္ဂါေဆာင္ၾကရင္ေကာင္းမလားေဝ့🤭🤭

3.3.23

#ʟᴜɴᴀʷᵃⁿᵍ85🦁

Continue Reading

You'll Also Like

48.7K 2K 16
18+မကြိုက်ရင်မဖတ်ဖို့တောင်းဆိုပါတယ် အသုံးနှုန်းကြမ်းတွေ အမှောင်စာသား လူသတ်ခန်းတွေပါမှာမလို့ သတ်ိပေးတားပါတယ် yizhan✅ ________________________________...
7.5K 317 6
#Zhanyi one short collection
5.3K 312 10
༻ ᴘ ᴇ ʀ ꜰ ᴇ ᴄ ᴛ ༺ ━━━━━ *ೃ༄ 𝒊𝒏 𝒘𝒉𝒊𝒄𝒉 𝖺 𝗀𝗂𝗋𝗅 𝗃𝗈𝗂𝗇𝗌 𝖺 𝖻𝖺𝗇𝖽 𝖺𝗇𝖽 𝗌𝗈𝖼𝗂𝖾𝗍𝗒 𝖼𝖺𝗇'𝗍 𝖺𝖼𝖼𝖾𝗉𝗍 𝗍𝗁𝖺𝗍 𝗂𝖿 𝗌𝗁𝖾 𝗐�...
2.7K 88 15
မင်မင်တင်ခွင့်ပြုပါနော်♥♥ မင်း♥♥ intro*** မိဘအရှိန်အဝါနဲ့လိုလေသေးမရှိဘဝကိုလိုလေသေးမရှိထင်ရာစိုင်းဖြတ်သန်းနေတဲ့မာနခဲ မင်းသားလေးYi bo** အချမ်းသာကြီးမဟု...