တတိယလူအဖြစ်ကူးပြောင်းခြင်း

Por whiteLotus2k22

312K 37.3K 471

ဒီnovelလေးမှာ Arc 15ခုရှိပါတယ်နော်။ တတ်နိုင်သလောက်မြန်မြန်လေးupdateပေးပါမယ်။ ✌️ Mais

Description
Prologue : ကံဆိုးမှုဆီ ခြေလှမ်းလေးတစ်လှမ်း
Arc 1.1
Arc 1.2
Arc 1.3
Arc 1.4
Arc 1.5
Arc 1.6
Arc 1.7
Arc 1.8
Arc 1.9
Arc 1.10
Arc 1.11
Arc 1.12
Arc 1.13
Arc 1.14
Arc 1.15
Arc 1.16
Arc 1.17
Arc 1.18
Arc 1.19
Arc 1.20(Final) & between space
Arc 2.1 စာသင်ကျောင်းဇာတ်လမ်း၊သုံးပွင့်ဆိုင် အချစ်နဲ့ သေနတ်...
Arc 2.2
Arc 2.3
Arc 2.4
Arc 2.5
Arc 2.6
Arc 2.7
Arc 2.8
Arc 2.9
Arc 2.10
Arc 2.11
Arc 2.12
Arc 2.13
Arc 2.14
Arc 2.15
Arc 2.16
Arc 2.17
Arc 2.18
Arc 2.19
Arc 2.20
Arc 2.21
Arc 2.22(အထက်တန်းကျောင်းရဲ့လွမ်းပုံပြင်)
Arc 3.1(ဖုတ်ကောင်က ရွက်ဖျင်တဲကြီး ထိုးနိုင်လား?)
Arc 3.2
Arc 3.3
Arc 3.4
Arc 3.5
Arc 3.7
Arc 3.8
Arc 3.9
Arc 3.10
Arc 3.11
Arc 3.12
Arc 3.13
Arc 3.14
Arc 3.15
Arc 3.16
Arc 3.17
Arc 3.18
Arc 3.19
Arc 3.20
Arc 3.21
Arc 4.1 (အရမ်းဟော့တဲ့ စာရေးသူရဲ့ ဇီဇဝါပန်း )
Arc 4.2
Arc 4.3
Arc 4.4
Arc 4.5
Arc 4.6
Arc 4.7
Arc 4.8
Arc.49
Arc 4.10
Special Chapter (R++)

Arc 3.6

3.1K 418 7
Por whiteLotus2k22

unicode

[ ပျူပါ : ဒင်! ဖူးစာမီတာ 10% အထိတိုးလာပါပြီ။]

[သူရဲ့ ဖူးစာမီတာကိုဖြည့်ဖို့ ဘာကြောင့် စိတ်အဆင်မပြေသလို ခံစားနေရတာလဲ? ဒီမှာ ငါတစ်ယောက်တည်း ကစားနေရသလို ခံစားနေရတယ်။ ]

လင်းခိုင်သည် တောက်ပသော ဦးနှောက်ပုတီးစေ့ငါးလုံးကို ကောက်ယူပြီး လက်ဖဝါးပေါ်တွင် ပွတ်သပ်နေသည်။ "ခင်များတို့ ဒီပုတီးစေ့တွေအတွက် ဘာကြောင့် ဒီလောက်လုပ်နေကြတာလဲ နားမလည်ဘူး။ ခင်များတို့ စိတ်ကူးကြည့်နိုင်တဲ့ အရည်အသွေးအကောင်းဆုံး ပုတီးစေ့လောက်ကို တစ်မိနစ်အတွင်း ငါဖန်တီးပေးနိုင်တယ်။ ခင်များ လိုချင်လား? "

"မလိုဘူး၊ မင်း ကစားချင်နေတာ ငါသိတယ်၊ မင်းလုပ်သမျှက ဆိုးရွားတဲ့ အကျိုးဆက်တွေ ပါလာမှာပဲ" ဟု ယူယွီက ပြောလိုက်သည်။

"အာ၊ မိသွားပြီပဲ" လင်းခိုင်သည် ရယ်မောလိုက်သည်။ သူသည် ယူယွီဆီ ဦးနှောက်ပုတီးစေ့တွေ ပစ်ပေးလိုက်ပြီး ယူယွီက ဖမ်းလိုက်သည်။ သူသည် လှေကားထစ်ဆီသို့ လျှောက်သွားကာ "ဒီလေ့လာရေးခရီးအတွက် တောက်ပနေတဲ့ ဖုတ်ကောင်ဦးနှောက်ပုတီးငါးလုံးက လုံလောက်ပြီမလား? ဒီနေရာမှာ နောက်ထပ် ဖုတ်ကောင်တွေမရှိဘူးလို့ ငါအာမခံတယ်"

ယူယွီလည်း ခေါင်းညိတ်ပြပြီး လင်းခိုင်နောက် လိုက်လာခဲ့သည်။ သူတို့သည် အောက်ထပ်သို့ ဆင်းလာကာ စူပါမားကတ်မှ ထွက်ခွာရန် အဖွဲ့ကို ခေါ်လိုက်သည်။ သမ္မတရူ၏လက်ထဲတွင် တောက်ပနေသော ဦးနှောက်ပုတီးစေ့ငါးလုံးကို မြင်လိုက်ရသောအခါ သူ့လက်အောက်ငယ်သားများသည် အံ့အားသင့်သွားကာ အလွန်အကြူး ပြောဆို ချီးမွမ်းကြသည်။

"သမ္မတ ရူက အံ့ဩစရာပဲ၊ သူက ဘာတစ်ခုမှ မဖျက်ဆီးဘဲ တောက်ပနေတဲ့ ဖုတ်ကောင်ငါးကောင်ကို တိုက်ခိုက်နိုင်တယ်၊ ပေါင်းစပ်ဖုတ်ကောင်ကိုတောင် သူဖယ်ရှားနိုင်မယ်ဆိုတာ ငါတော့သေချာတယ်"

"ဟုတ်တယ်၊ သူလုပ်နိုင်တယ်! သမ္မတ ရူက အတော်ဆုံးတိုက်ခိုက်သူပဲ! "

သမ္မတရူသည် ဘာမှ မပြောဘဲ ကားထဲကို ဝင်သွားခဲ့သည်။ အထူးသဖြင့် ဖုတ်ကောင်ဘုရင် လင်းခိုင်သည် ဘာအရိုအသေမှမပြဘဲ သူ့ကားထဲကို ဝင်သွားသောအခါ ပြုံးပြဖို့တောင် သူပင်ပန်းလွန်းနေခဲ့သည်။ သမ္မတရူက ဦးနှောက်ပုတီးစေ့တွေရဖို့ ကြိုးစားနေချိန်တွင် လင်းခိုင်က ဘာမှလုပ်မနေသောကြောင့် တခြားလူငယ်များက အတင်းပြောနေသည်ကို လင်းခိုင်ကြားပြီး ပြုံးနေလိုက်သည်။

တကယ်တော့ အများစုသည် သည်လူသစ်က သမ္မတရူ အနားနေရပြီး သမ္မတရူ၏ ကားထဲမှာတောင် ထိုင်နေနိုင်တာကြောင့် မနာလိုဖြစ်ကြတာဖြစ်ပြီး၊ အနည်းဆုံး ဒုသမ္မတပိကတော့ အရမ်းတော်သော ကုစားသူ တစ်ယောက်ဖြစ်ပြီး သမ္မတရူရဲ့ ကျန်းမာရေးကို ကောင်းကောင်း ဂရုစိုက်ပေးနိုင်သည်။ အသုံးမဝင်သော လင်းခိုင်နှင့် မတူပေ။

လင်းခိုင်သည် သူ့ကို ဆဲဆိုနေသည့်လူတွေကို ရယ်နေသည်။ သူ သိပ်ဂရုမစိုက်ပေမယ့် သူတို့က ရူလန်ကို ဘုရားသခင်လိုမျိုး ကိုးကွယ်နေတာက သူ့ကို ရယ်မောစေသည်။

"ခင်များ အရမ်းနာမည်ကြီးတာပဲ။ သန်မာတယ်၊ ချောမောတယ်၊ ချမ်းသာတယ်၊ ဒါပေမယ့် ခင်များဘဝမှာ အချစ်ရေးနဲ့ ပတ်သက်ပြီး တစ်ယောက်ယောက်ရှိပုံ မထင်ရဘူး။ သည် ကျေးဇူးတင်စရာမကောင်းတဲ့ အလုပ်ကို ခင်များက တော်တော်ဖက်တွယ်နေတာပဲ" လင်းခိုင်သည် ယူယွီကို ထပ်မံဝေဖန်လိုက်သည်။ သူသည် သမ္မတရူရဲ့ မေးစေ့ကို ကိုင်ပြီး ပြောလိုက်သည်။ "ခင်များရဲ့ ဒုသမ္မတ ပိဟယ်နဲ့ ကြိုက်နေတာလား"

"ပေါက်ကရ!"

[ ငါလည်း ကြိုက်ချင်တော့ပေါ့ လင်းခိုင်ရေ။ ပိကို နမ်းလည်း နမ်းချင်တာပေါ့ ။ ဒါပေမယ့် ဒီခန္တာကိုယ်က အသက်သုံးဆယ် ဘုန်းကြီးတစ်ပါးရဲ့ ခန္ဓာကိုယ်ဖြစ်နေတော့ အဓိပ္ပာယ်ကို မရှိဘူး ]

[ ပျူပါ : မင်းလည်း မင်းကမ္ဘာမှာ ဆယ့်ကိုးနှစ်ရှိနေပြီ။ နောက်ထပ် ဆယ့်တစ်နှစ်သာဆို မင်းလည်း ဘုန်းကြီးဖြစ်တော့မှာပဲ ]

[ဟေး! ငါ့ကမ္ဘာမှာ အသက်သုံးဆယ်မတိုင်ခင် သေချာပေါက် ငါ့ရဲ့ လူပျိုဘဝကို ဆုံးရှုံးစေရမယ်! ]

[ပျူပါ : ဘယ်သူနဲ့လဲ?]

[ဟန်__ဟန်ယဲ့နဲ့...]

[ ပျူပါ : Pfffft...]

"Ah? ခင်များ ဒုသမ္မတနဲ့ ကြိုက်မနေဘူးလား။ ဆိုးလိုက်တာ၊ အဲ့ဒါနဲ့ ခင်များကို ခြိမ်းခြောက်လို့ ရတာကို~" လင်းခိုင်သည် သက်ပြင်းချလိုက်ပြီး ခေါင်းကုတ်ကာ အရင်လိုမျိုး ခြေထောက်ကို ယာဉ်မောင်းပခုံးပေါ် တင်လိုက်သည်။ ထို့နောက် မျက်လုံးမှိတ်ပြီး အိပ်ပျော်သွားပုံရသည်။

ရူလန်သည် သည်ကောင်လေးကို စိုက်ကြည့်နေသည်။ သည်ဖုတ်ကောင်ဘုရင်ကို သူမသတ်နိုင်မှန်း သိပေမယ့် သူ့ရဲ့ မှန်းဆလို့မရတဲ့ အပြုအမူအတွက် စိုးရိမ်နေရသည်။ အထူးသဖြင့် သူတို့ တုရန်မြို့ထဲ ရောက်သွားချိန်ပေါ့။

သူသည် သူသတိလက်လွတ်ဖြစ်နေတုန်း သူ့လူတွေကို လင်းခိုင် တစ်ခုခုလုပ်မှာ စိုးရိမ်သောကြောင့် ကျောကို မတ်မတ်ထားပြီး ထိုင်နေခဲ့သည်။ လင်းခိုင်က ဒါကို အနည်းငယ် စိတ်အနှောက်အယှက်ဖြစ်နေပြီး သူ့ဘေးတွင် စက်ရုပ်တစ်ရုပ်နှင့် အိပ်နေသလို ခံစားရသည်။

လင်းခိုင်သည် သူ့ခေါင်းကို ရူလန်ရဲ့ ပုခုံးပေါ်တင်ပြီး သန်းပြန်သည်။ ရူလန်သည် ကြက်သီးထပြီး သူ့ခန္ဓာကိုယ်သည် သတ္တုအပိုင်းအစတစ်ခုလိုမျိုး တောင့်တင်းသွားသည်။ လင်းခိုင်လည်း စိတ်ရှုပ်သွားပြီး သူ့ပခုံးကို ပုတ်လိုက်သည်။ ရူလန်၏ခန္ဓာကိုယ်သည် ဂျယ်လီလိုမျိုး ချက်ချင်းပြေလျော့သွားကာ သူ၏ကြံ့ခိုင်သော ခန္ဓာကိုယ်သည် လင်းခိုင်အတွက် ခေါင်းအုံးဖြစ်လာသည်။

"ခဏလောက် စိတ်အေးလက်အေး နေစမ်းပါ။ ငါခင်များကို မြန်မြန် မသတ်ပါဘူး" လင်းခိုင်သည် ရူလန်ရဲ့ပေါင်ပေါ် ခေါင်းကို လှဲချလိုက်ပြီး အဲ့အတိုင်း အိပ်ပျော်သွားသည်။

[ ဒီကောင်က သစ်တုံးလို အိပ်နေတာပဲ ]

[ ပျူပါ : ဒင်! ဖူးစာမီတာ ၁၅% တိုးလာပါပြီ။]

[နေပါဦး ငါဘာလုပ်လိုက်လို့လဲ? ]

[ ပျူပါ : မင်းက သူ့ခေါင်းအုံးဖြစ်လာတယ်လေ။ တော်တယ်။]

လင်းခိုင်သည် အေးချမ်းစွာ အိပ်ပျော်နေသည်။ သူသည် အိပ်ဖို့ မဖြစ်မနေ မလိုအပ်သော်လည်း တစ်ခါတရံ တစ်ရေးတစ်မော အိပ်ရသည်ကိုတော့ သူနှစ်သက်သည်။ ၎င်းသည် သူ့ကို လူသားတစ်ယောက်လို ထင်မှားမှုမျိုးကို ပေးစွမ်းသည်။ သူသည် အမှန်တကယ် လူသားမဟုတ်သော်လည်းပေါ့။

'ဒီလူသားခေါင်းအုံးက တော်တော် သက်တောင့်သက်သာ ရှိတာပဲ'

သူတို့ တုရန်မြို့သို့ ညနေပိုင်းတွင် ပြန်ရောက်လာကြသည်။ ရူလန်သည် ကားထဲတွင် အိပ်ပျော်နေဆဲ ဖြစ်သော လင်းခိုင်ကို လျစ်လျူရှုကာ ပိဟယ်၏ အိမ်သို့ ချက်ချင်း ပြေးသွားခဲ့သည်။ အတွင်းက တံခါး မဖွင့်မချင်း ရူလန်သည် တံခါးကို အကြိမ်ပေါင်းများစွာ ခေါက်နေခဲ့သည်။

"သမ္မတရူ..." ပိဟယ်သည် ဦးညွှတ်နှုတ်ဆက်လိုက်သည်။ ချောမောပြီး နူးညံ့သိမ်မွေ့သော ယောက်ျားလေးသည် ဖြူဖျော့နေကာ ညအိပ်ဝတ်စုံသာ ဝတ်ထားသောကြောင့် ဖရိုဖရဲပုံပေါက်နေသည်။ "မသင့်တော်တဲ့ မြင်ကွင်းကြောင့် ကျွန်တော့်ကို ခွင့်ပြုပါ။ ကျေးဇူးပြုပြီး အထဲဝင်လာပါ..." ပိဟယ်သည် သမ္မတအတွက် လက်ဖက်ရည်ပြင်ပေးရန် မီးဖိုချောင်သို့ သွားရင်း ယိမ်းထိုးနေသည်။

ရူလန်က ပိဟယ်ရဲ့ ပခုံးကို လှမ်းဖမ်းပြီး ဆိုဖာပေါ်ခေါ်သွားခဲ့သည် "မင်း ကိုယ့်ကိုကိုယ် အတင်းအကြပ် မခိုင်းသင့်ဘူး။ ဘာတွေဖြစ်ခဲ့တာလဲ?"

"ကျွန်တော်-" ပိဟယ်သည် ခေါင်းမော့လာပြီး လင်းခိုင် သူ့အပေါ် လုပ်ခဲ့တာတွေအကြောင်း ပြောချင်သော်လည်း လင်းခိုင်က သမ္မတရူရဲ့ နောက်ကျောမှာ ရုတ်တရက် ပေါ်လာတာကြောင့် သူ သဘောပေါက်သွားသည်။ သမ္မတရူ နောက်ကျောကလူကို ညွှန်ပြရင်း သူ့မျက်လုံးများ ပြူးကျယ်ကာ ခန္ဓာကိုယ်သည် တုန်ရီနေခဲ့သည်။

"လင်း__လင်းခိုင်က မရိုးသားဘူး! သမ္မတရူ __"

လင်းခိုင်သည် ရူလန်ကို စိုက်ကြည့်ရင်း ရယ်နေခဲ့သည်။ ရူလန်၏ ခန္ဓာကိုယ်သည် ချက်ချင်း ပျော့ခွေသွားပြီး မြေပြင်ပေါ်သို့ လဲကျသွားသည်။ သူက လင်းခိုင်ကို စိုက်ကြည့်ရင်း "မင်း!"

"ဟမ်? ခင်များတို့ ချစ်ကြည်နူးနေတာကို အနှောက်အယှက်ပေးမိတာလား? " လင်းခိုင်သည် ပခုံးတွန့်လိုက်သည်။ လင်းခိုင်သည် တုန်ရီနေသော ပိဟယ်ဘေးတွင် ထိုင်လိုက်ပြီး "ဘာလို့ ဒီလောက် ကြောက်နေတာလဲ? မင်းကို ငါ့အနှစ်တွေ နည်းနည်းပဲပေးလိုက်တာပါ။ သမ္မတ ရူဆို အများကြီးသောက်လိုက်တာတောင် အဆင်ပြေနေတုန်းပဲ"

လင်းခိုင်က သူ့ကို ထိဖို့ကြိုးစားတာနဲ့ ပိဟယ်သည် ချက်ချင်း အားပြန်ရလာပြီး သူကိုယ်သူ လင်းခိုင်ဆီကနေ ခပ်ခွာခွာနေလိုက်သည်။ ရူလန်ကို သူဆွဲယူဖို့ ကြိုးစားသော်လည်း ရူလန်၏ ခန္တာကိုယ်သည် လူသေလို ဖြစ်နေကြောင်း သိလိုက်ရသည်။ "မင်း သမ္မတရူကို ဘာလုပ်လိုက်တာလဲ!"

"ငါမင်းကိုပြောသားပဲ သူက ငါ့အနှစ်တွေ အများကြီးသောက်လိုက်တာ။ အခြေခံအားဖြင့် သူက အခု ငါ့ရဲ့ပိုင်ဆိုင်မှုပဲ"

ပိဟယ်သည် သူ့နှုတ်ခမ်းကို ကိုက်လိုက်ပြီး အသက်ပြင်းပြင်းရှူကာ သူ့လက်တွင် အလင်းရောင် ဖျော့ဖျော့ တောက်ပလာသည်။ သမ္မတ ရူ ဘာပဲဖြစ်ခဲ့ ဖြစ်ခဲ့ ကုသရန် သူကြိုးစားခဲ့သည်။ ဒါပေမယ့် သမ္မတရူသည် ရုတ်တရက် သူ့လက်ကောက်ဝတ်ကို ဖမ်းဆွဲပြီး တင်းတင်းကျပ်ကျပ် ဆုပ်ကိုင်လိုက်လာခဲ့သည်။ "သ—သမ္မတရူ?!"

"တောင်းပန်ပါတယ် ပိဟယ် ငါ့ခန္ဓာကိုယ်ကို ငါမထိန်းနိုင်ဘူး" ရူလန်သည် စိတ်မကောင်းစွာနဲ့ ပြောပြခဲ့သည်။

သမ္မတ ရူသာ ဆက်ပြီး သူလက်ကောက်ဝတ်ကို တင်းတင်းကျပ်ကျပ် ဆုပ်ကိုင်ထားရင် ကျိုးသွားစေနိုင်တာကြောင့် ပိဟယ်သည် နာကျင်စွာ လူးလွန်နေသည်။

[မဟုတ်ဘူး! ငါ ပိဟယ်ကို မထိခိုက်စေချင်ဘူး!]

[ ပျူပါ : ဘာလို့လဲ? သဘောတရားအရတော့ ဒီကမ္ဘာမှာ သူက မင်းရဲ့ အချစ်ပြိုင်ဘက်ပဲ။ သူ့ကိုသတ်လိုက်လို့ လည်း မင်း ဘာအကျိုးဆက်မှ ရင်ဆိုင်ရမှာမဟုတ်ဘူး။]

[ဒါပေမယ့် ပိဟယ်က ကြင်နာပြီး အဖိုးတန်တဲ့သူပဲ ! သူ့ကိုမသတ်ဘဲ ဒီကမ္ဘာရဲ့တာဝန်ကို ပြီးမြောက်လို့ရတဲ့ တခြားနည်းလမ်းကို ငါရှာမယ်။ ]

ရူလန်သည် လင်းခိုင်ကို လှမ်းအော်လိုက်သည် "လင်းခိုင် မင်း ဒီလို ဆက်လုပ်နေရင် ငါ မင်းကို ခွင့်လွှတ်မှာ မဟုတ်ဘူး! ပိဟယ် လက်ကောက်ဝတ် ကျိုးသွားလိမ့်မယ်!"

"အိုး~ ဒါက ငါ့ကို ခြိမ်းခြောက်တာပေါ့လေ?၊ သမ္မတရူက ဒုသမ္မတအပေါ် ခံစားချက်ရှိနေတာ ပေါ်လာပြီပဲ။ အာ, အဲ့တာက ငါ့ကို မနာလိုဖြစ်စေတယ်~" လင်းခိုင်၏ မျက်လုံးများသည် အေးစက်သွားပြီး အမိန့်ပေးလိုက်သည်။ "သူ့လက်ကောက်ဝတ်ကို ချိုးလိုက်"

"လင်းခိုင်!"

ခွက်!


zawgyi

[ ပ်ဴပါ : ဒင္! ဖူးစာမီတာ 10% အထိတိုးလာပါၿပီ။]

[သူရဲ႕ ဖူးစာမီတာကိုျဖည့္ဖို႔ ဘာေၾကာင့္ စိတ္အဆင္မေျပသလို ခံစားေနရတာလဲ? ဒီမွာ ငါတစ္ေယာက္တည္း ကစားေနရသလို ခံစားေနရတယ္။ ]

လင္းခိုင္သည္ ေတာက္ပေသာ ဦးေႏွာက္ပုတီးေစ့ငါးလုံးကို ေကာက္ယူၿပီး လက္ဖဝါးေပၚတြင္ ပြတ္သပ္ေနသည္။ "ခင္မ်ားတို႔ ဒီပုတီးေစ့ေတြအတြက္ ဘာေၾကာင့္ ဒီေလာက္လုပ္ေနၾကတာလဲ နားမလည္ဘူး။ ခင္မ်ားတို႔ စိတ္ကူးၾကည့္ႏိုင္တဲ့ အရည္အေသြးအေကာင္းဆုံး ပုတီးေစ့ေလာက္ကို တစ္မိနစ္အတြင္း ငါဖန္တီးေပးႏိုင္တယ္။ ခင္မ်ား လိုခ်င္လား? "

"မလိုဘူး၊ မင္း ကစားခ်င္ေနတာ ငါသိတယ္၊ မင္းလုပ္သမွ်က ဆိုး႐ြားတဲ့ အက်ိဳးဆက္ေတြ ပါလာမွာပဲ" ဟု ယူယြီက ေျပာလိုက္သည္။

"အာ၊ မိသြားၿပီပဲ" လင္းခိုင္သည္ ရယ္ေမာလိုက္သည္။ သူသည္ ယူယြီဆီ ဦးေႏွာက္ပုတီးေစ့ေတြ ပစ္ေပးလိုက္ၿပီး ယူယြီက ဖမ္းလိုက္သည္။ သူသည္ ေလွကားထစ္ဆီသို႔ ေလွ်ာက္သြားကာ "ဒီေလ့လာေရးခရီးအတြက္ ေတာက္ပေနတဲ့ ဖုတ္ေကာင္ဦးေႏွာက္ပုတီးငါးလုံးက လုံေလာက္ၿပီမလား? ဒီေနရာမွာ ေနာက္ထပ္ ဖုတ္ေကာင္ေတြမရွိဘူးလို႔ ငါအာမခံတယ္"

ယူယြီလည္း ေခါင္းညိတ္ျပၿပီး လင္းခိုင္ေနာက္ လိုက္လာခဲ့သည္။ သူတို႔သည္ ေအာက္ထပ္သို႔ ဆင္းလာကာ စူပါမားကတ္မွ ထြက္ခြာရန္ အဖြဲ႕ကို ေခၚလိုက္သည္။ သမၼတ႐ူ၏လက္ထဲတြင္ ေတာက္ပေနေသာ ဦးေႏွာက္ပုတီးေစ့ငါးလုံးကို ျမင္လိုက္ရေသာအခါ သူ႔လက္ေအာက္ငယ္သားမ်ားသည္ အံ့အားသင့္သြားကာ အလြန္အၾကဴး ေျပာဆို ခ်ီးမြမ္းၾကသည္။

"သမၼတ ႐ူက အံ့ဩစရာပဲ၊ သူက ဘာတစ္ခုမွ မဖ်က္ဆီးဘဲ ေတာက္ပေနတဲ့ ဖုတ္ေကာင္ငါးေကာင္ကို တိုက္ခိုက္ႏိုင္တယ္၊ ေပါင္းစပ္ဖုတ္ေကာင္ကိုေတာင္ သူဖယ္ရွားႏိုင္မယ္ဆိုတာ ငါေတာ့ေသခ်ာတယ္"

"ဟုတ္တယ္၊ သူလုပ္ႏိုင္တယ္! သမၼတ ႐ူက အေတာ္ဆုံးတိုက္ခိုက္သူပဲ! "

သမၼတ႐ူသည္ ဘာမွ မေျပာဘဲ ကားထဲကို ဝင္သြားခဲ့သည္။ အထူးသျဖင့္ ဖုတ္ေကာင္ဘုရင္ လင္းခိုင္သည္ ဘာအ႐ိုအေသမွမျပဘဲ သူ႔ကားထဲကို ဝင္သြားေသာအခါ ၿပဳံးျပဖို႔ေတာင္ သူပင္ပန္းလြန္းေနခဲ့သည္။ သမၼတ႐ူက ဦးေႏွာက္ပုတီးေစ့ေတြရဖို႔ ႀကိဳးစားေနခ်ိန္တြင္ လင္းခိုင္က ဘာမွလုပ္မေနေသာေၾကာင့္ တျခားလူငယ္မ်ားက အတင္းေျပာေနသည္ကို လင္းခိုင္ၾကားၿပီး ၿပဳံးေနလိုက္သည္။

တကယ္ေတာ့ အမ်ားစုသည္ သည္လူသစ္က သမၼတ႐ူ အနားေနရၿပီး သမၼတ႐ူ၏ ကားထဲမွာေတာင္ ထိုင္ေနႏိုင္တာေၾကာင့္ မနာလိုျဖစ္ၾကတာျဖစ္ၿပီး၊ အနည္းဆုံး ဒုသမၼတပိကေတာ့ အရမ္းေတာ္ေသာ ကုစားသူ တစ္ေယာက္ျဖစ္ၿပီး သမၼတ႐ူရဲ႕ က်န္းမာေရးကို ေကာင္းေကာင္း ဂ႐ုစိုက္ေပးႏိုင္သည္။ အသုံးမဝင္ေသာ လင္းခိုင္ႏွင့္ မတူေပ။

လင္းခိုင္သည္ သူ႔ကို ဆဲဆိုေနသည့္လူေတြကို ရယ္ေနသည္။ သူ သိပ္ဂ႐ုမစိုက္ေပမယ့္ သူတို႔က ႐ူလန္ကို ဘုရားသခင္လိုမ်ိဳး ကိုးကြယ္ေနတာက သူ႔ကို ရယ္ေမာေစသည္။

"ခင္မ်ား အရမ္းနာမည္ႀကီးတာပဲ။ သန္မာတယ္၊ ေခ်ာေမာတယ္၊ ခ်မ္းသာတယ္၊ ဒါေပမယ့္ ခင္မ်ားဘဝမွာ အခ်စ္ေရးနဲ႔ ပတ္သက္ၿပီး တစ္ေယာက္ေယာက္ရွိပုံ မထင္ရဘူး။ သည္ ေက်းဇူးတင္စရာမေကာင္းတဲ့ အလုပ္ကို ခင္မ်ားက ေတာ္ေတာ္ဖက္တြယ္ေနတာပဲ" လင္းခိုင္သည္ ယူယြီကို ထပ္မံေဝဖန္လိုက္သည္။ သူသည္ သမၼတ႐ူရဲ႕ ေမးေစ့ကို ကိုင္ၿပီး ေျပာလိုက္သည္။ "ခင္မ်ားရဲ႕ ဒုသမၼတ ပိဟယ္နဲ႔ ႀကိဳက္ေနတာလား"

"ေပါက္ကရ!"

[ ငါလည္း ႀကိဳက္ခ်င္ေတာ့ေပါ့ လင္းခိုင္ေရ။ ပိကို နမ္းလည္း နမ္းခ်င္တာေပါ့ ။ ဒါေပမယ့္ ဒီခႏၲာကိုယ္က အသက္သုံးဆယ္ ဘုန္းႀကီးတစ္ပါးရဲ႕ ခႏၶာကိုယ္ျဖစ္ေနေတာ့ အဓိပၸာယ္ကို မရွိဘူး ]

[ ပ်ဴပါ : မင္းလည္း မင္းကမာၻမွာ ဆယ့္ကိုးႏွစ္ရွိေနၿပီ။ ေနာက္ထပ္ ဆယ့္တစ္ႏွစ္သာဆို မင္းလည္း ဘုန္းႀကီးျဖစ္ေတာ့မွာပဲ ]

[ေဟး! ငါ့ကမာၻမွာ အသက္သုံးဆယ္မတိုင္ခင္ ေသခ်ာေပါက္ ငါ့ရဲ႕ လူပ်ိဳဘဝကို ဆုံးရႈံးေစရမယ္! ]

[ပ်ဴပါ : ဘယ္သူနဲ႔လဲ?]

[ဟန္__ဟန္ယဲ့နဲ႔...]

[ ပ်ဴပါ : Pfffft...]

"Ah? ခင္မ်ား ဒုသမၼတနဲ႔ ႀကိဳက္မေနဘူးလား။ ဆိုးလိုက္တာ၊ အဲ့ဒါနဲ႔ ခင္မ်ားကို ၿခိမ္းေျခာက္လို႔ ရတာကို~" လင္းခိုင္သည္ သက္ျပင္းခ်လိုက္ၿပီး ေခါင္းကုတ္ကာ အရင္လိုမ်ိဳး ေျခေထာက္ကို ယာဥ္ေမာင္းပခုံးေပၚ တင္လိုက္သည္။ ထို႔ေနာက္ မ်က္လုံးမွိတ္ၿပီး အိပ္ေပ်ာ္သြားပုံရသည္။

႐ူလန္သည္ သည္ေကာင္ေလးကို စိုက္ၾကည့္ေနသည္။ သည္ဖုတ္ေကာင္ဘုရင္ကို သူမသတ္ႏိုင္မွန္း သိေပမယ့္ သူ႔ရဲ႕ မွန္းဆလို႔မရတဲ့ အျပဳအမူအတြက္ စိုးရိမ္ေနရသည္။ အထူးသျဖင့္ သူတို႔ တုရန္ၿမိဳ႕ထဲ ေရာက္သြားခ်ိန္ေပါ့။

သူသည္ သူသတိလက္လြတ္ျဖစ္ေနတုန္း သူ႔လူေတြကို လင္းခိုင္ တစ္ခုခုလုပ္မွာ စိုးရိမ္ေသာေၾကာင့္ ေက်ာကို မတ္မတ္ထားၿပီး ထိုင္ေနခဲ့သည္။ လင္းခိုင္က ဒါကို အနည္းငယ္ စိတ္အေႏွာက္အယွက္ျဖစ္ေနၿပီး သူ႔ေဘးတြင္ စက္႐ုပ္တစ္႐ုပ္ႏွင့္ အိပ္ေနသလို ခံစားရသည္။

လင္းခိုင္သည္ သူ႔ေခါင္းကို ႐ူလန္ရဲ႕ ပုခုံးေပၚတင္ၿပီး သန္းျပန္သည္။ ႐ူလန္သည္ ၾကက္သီးထၿပီး သူ႔ခႏၶာကိုယ္သည္ သတၱဳအပိုင္းအစတစ္ခုလိုမ်ိဳး ေတာင့္တင္းသြားသည္။ လင္းခိုင္လည္း စိတ္ရႈပ္သြားၿပီး သူ႔ပခုံးကို ပုတ္လိုက္သည္။ ႐ူလန္၏ခႏၶာကိုယ္သည္ ဂ်ယ္လီလိုမ်ိဳး ခ်က္ခ်င္းေျပေလ်ာ့သြားကာ သူ၏ႀကံ့ခိုင္ေသာ ခႏၶာကိုယ္သည္ လင္းခိုင္အတြက္ ေခါင္းအုံးျဖစ္လာသည္။

"ခဏေလာက္ စိတ္ေအးလက္ေအး ေနစမ္းပါ။ ငါခင္မ်ားကို ျမန္ျမန္ မသတ္ပါဘူး" လင္းခိုင္သည္ ႐ူလန္ရဲ႕ေပါင္ေပၚ ေခါင္းကို လွဲခ်လိုက္ၿပီး အဲ့အတိုင္း အိပ္ေပ်ာ္သြားသည္။

[ ဒီေကာင္က သစ္တုံးလို အိပ္ေနတာပဲ ]

[ ပ်ဴပါ : ဒင္! ဖူးစာမီတာ ၁၅% တိုးလာပါၿပီ။]

[ေနပါဦး ငါဘာလုပ္လိုက္လို႔လဲ? ]

[ ပ်ဴပါ : မင္းက သူ႔ေခါင္းအုံးျဖစ္လာတယ္ေလ။ ေတာ္တယ္။]

လင္းခိုင္သည္ ေအးခ်မ္းစြာ အိပ္ေပ်ာ္ေနသည္။ သူသည္ အိပ္ဖို႔ မျဖစ္မေန မလိုအပ္ေသာ္လည္း တစ္ခါတရံ တစ္ေရးတစ္ေမာ အိပ္ရသည္ကိုေတာ့ သူႏွစ္သက္သည္။ ၎သည္ သူ႔ကို လူသားတစ္ေယာက္လို ထင္မွားမႈမ်ိဳးကို ေပးစြမ္းသည္။ သူသည္ အမွန္တကယ္ လူသားမဟုတ္ေသာ္လည္းေပါ့။

'ဒီလူသားေခါင္းအုံးက ေတာ္ေတာ္ သက္ေတာင့္သက္သာ ရွိတာပဲ'

သူတို႔ တုရန္ၿမိဳ႕သို႔ ညေနပိုင္းတြင္ ျပန္ေရာက္လာၾကသည္။ ႐ူလန္သည္ ကားထဲတြင္ အိပ္ေပ်ာ္ေနဆဲ ျဖစ္ေသာ လင္းခိုင္ကို လ်စ္လ်ဴရႈကာ ပိဟယ္၏ အိမ္သို႔ ခ်က္ခ်င္း ေျပးသြားခဲ့သည္။ အတြင္းက တံခါး မဖြင့္မခ်င္း ႐ူလန္သည္ တံခါးကို အႀကိမ္ေပါင္းမ်ားစြာ ေခါက္ေနခဲ့သည္။

"သမၼတ႐ူ..." ပိဟယ္သည္ ဦးၫႊတ္ႏႈတ္ဆက္လိုက္သည္။ ေခ်ာေမာၿပီး ႏူးညံ့သိမ္ေမြ႕ေသာ ေယာက္်ားေလးသည္ ျဖဴေဖ်ာ့ေနကာ ညအိပ္ဝတ္စုံသာ ဝတ္ထားေသာေၾကာင့္ ဖ႐ိုဖရဲပုံေပါက္ေနသည္။ "မသင့္ေတာ္တဲ့ ျမင္ကြင္းေၾကာင့္ ကြၽန္ေတာ့္ကို ခြင့္ျပဳပါ။ ေက်းဇူးျပဳၿပီး အထဲဝင္လာပါ..." ပိဟယ္သည္ သမၼတအတြက္ လက္ဖက္ရည္ျပင္ေပးရန္ မီးဖိုေခ်ာင္သို႔ သြားရင္း ယိမ္းထိုးေနသည္။

႐ူလန္က ပိဟယ္ရဲ႕ ပခုံးကို လွမ္းဖမ္းၿပီး ဆိုဖာေပၚေခၚသြားခဲ့သည္ "မင္း ကိုယ့္ကိုကိုယ္ အတင္းအၾကပ္ မခိုင္းသင့္ဘူး။ ဘာေတြျဖစ္ခဲ့တာလဲ?"

"ကြၽန္ေတာ္-" ပိဟယ္သည္ ေခါင္းေမာ့လာၿပီး လင္းခိုင္ သူ႔အေပၚ လုပ္ခဲ့တာေတြအေၾကာင္း ေျပာခ်င္ေသာ္လည္း လင္းခိုင္က သမၼတ႐ူရဲ႕ ေနာက္ေက်ာမွာ ႐ုတ္တရက္ ေပၚလာတာေၾကာင့္ သူ သေဘာေပါက္သြားသည္။ သမၼတ႐ူ ေနာက္ေက်ာကလူကို ၫႊန္ျပရင္း သူ႔မ်က္လုံးမ်ား ျပဴးက်ယ္ကာ ခႏၶာကိုယ္သည္ တုန္ရီေနခဲ့သည္။

"လင္း__လင္းခိုင္က မ႐ိုးသားဘူး! သမၼတ႐ူ __"

လင္းခိုင္သည္ ႐ူလန္ကို စိုက္ၾကည့္ရင္း ရယ္ေနခဲ့သည္။ ႐ူလန္၏ ခႏၶာကိုယ္သည္ ခ်က္ခ်င္း ေပ်ာ့ေခြသြားၿပီး ေျမျပင္ေပၚသို႔ လဲက်သြားသည္။ သူက လင္းခိုင္ကို စိုက္ၾကည့္ရင္း "မင္း!"

"ဟမ္? ခင္မ်ားတို႔ ခ်စ္ၾကည္ႏူးေနတာကို အေႏွာက္အယွက္ေပးမိတာလား? " လင္းခိုင္သည္ ပခုံးတြန႔္လိုက္သည္။ လင္းခိုင္သည္ တုန္ရီေနေသာ ပိဟယ္ေဘးတြင္ ထိုင္လိုက္ၿပီး "ဘာလို႔ ဒီေလာက္ ေၾကာက္ေနတာလဲ? မင္းကို ငါ့အႏွစ္ေတြ နည္းနည္းပဲေပးလိုက္တာပါ။ သမၼတ ႐ူဆို အမ်ားႀကီးေသာက္လိုက္တာေတာင္ အဆင္ေျပေနတုန္းပဲ"

လင္းခိုင္က သူ႔ကို ထိဖို႔ႀကိဳးစားတာနဲ႔ ပိဟယ္သည္ ခ်က္ခ်င္း အားျပန္ရလာၿပီး သူကိုယ္သူ လင္းခိုင္ဆီကေန ခပ္ခြာခြာေနလိုက္သည္။ ႐ူလန္ကို သူဆြဲယူဖို႔ ႀကိဳးစားေသာ္လည္း ႐ူလန္၏ ခႏၲာကိုယ္သည္ လူေသလို ျဖစ္ေနေၾကာင္း သိလိုက္ရသည္။ "မင္း သမၼတ႐ူကို ဘာလုပ္လိုက္တာလဲ!"

"ငါမင္းကိုေျပာသားပဲ သူက ငါ့အႏွစ္ေတြ အမ်ားႀကီးေသာက္လိုက္တာ။ အေျခခံအားျဖင့္ သူက အခု ငါ့ရဲ႕ပိုင္ဆိုင္မႈပဲ"

ပိဟယ္သည္ သူ႔ႏႈတ္ခမ္းကို ကိုက္လိုက္ၿပီး အသက္ျပင္းျပင္းရႉကာ သူ႔လက္တြင္ အလင္းေရာင္ ေဖ်ာ့ေဖ်ာ့ ေတာက္ပလာသည္။ သမၼတ ႐ူ ဘာပဲျဖစ္ခဲ့ ျဖစ္ခဲ့ ကုသရန္ သူႀကိဳးစားခဲ့သည္။ ဒါေပမယ့္ သမၼတ႐ူသည္ ႐ုတ္တရက္ သူ႔လက္ေကာက္ဝတ္ကို ဖမ္းဆြဲၿပီး တင္းတင္းက်ပ္က်ပ္ ဆုပ္ကိုင္လိုက္လာခဲ့သည္။ "သ—သမၼတ႐ူ?!"

"ေတာင္းပန္ပါတယ္ ပိဟယ္ ငါ့ခႏၶာကိုယ္ကို ငါမထိန္းႏိုင္ဘူး" ႐ူလန္သည္ စိတ္မေကာင္းစြာနဲ႔ ေျပာျပခဲ့သည္။

သမၼတ ႐ူသာ ဆက္ၿပီး သူလက္ေကာက္ဝတ္ကို တင္းတင္းက်ပ္က်ပ္ ဆုပ္ကိုင္ထားရင္ က်ိဳးသြားေစႏိုင္တာေၾကာင့္ ပိဟယ္သည္ နာက်င္စြာ လူးလြန္ေနသည္။

[မဟုတ္ဘူး! ငါ ပိဟယ္ကို မထိခိုက္ေစခ်င္ဘူး!]

[ ပ်ဴပါ : ဘာလို႔လဲ? သေဘာတရားအရေတာ့ ဒီကမာၻမွာ သူက မင္းရဲ႕ အခ်စ္ၿပိဳင္ဘက္ပဲ။ သူ႔ကိုသတ္လိုက္လို႔ လည္း မင္း ဘာအက်ိဳးဆက္မွ ရင္ဆိုင္ရမွာမဟုတ္ဘူး။]

[ဒါေပမယ့္ ပိဟယ္က ၾကင္နာၿပီး အဖိုးတန္တဲ့သူပဲ ! သူ႔ကိုမသတ္ဘဲ ဒီကမာၻရဲ႕တာဝန္ကို ၿပီးေျမာက္လို႔ရတဲ့ တျခားနည္းလမ္းကို ငါရွာမယ္။ ]

႐ူလန္သည္ လင္းခိုင္ကို လွမ္းေအာ္လိုက္သည္ "လင္းခိုင္ မင္း ဒီလို ဆက္လုပ္ေနရင္ ငါ မင္းကို ခြင့္လႊတ္မွာ မဟုတ္ဘူး! ပိဟယ္ လက္ေကာက္ဝတ္ က်ိဳးသြားလိမ့္မယ္!"

"အိုး~ ဒါက ငါ့ကို ၿခိမ္းေျခာက္တာေပါ့ေလ?၊ သမၼတ႐ူက ဒုသမၼတအေပၚ ခံစားခ်က္ရွိေနတာ ေပၚလာၿပီပဲ။ အာ, အဲ့တာက ငါ့ကို မနာလိုျဖစ္ေစတယ္~" လင္းခိုင္၏ မ်က္လုံးမ်ားသည္ ေအးစက္သြားၿပီး အမိန႔္ေပးလိုက္သည္။ "သူ႔လက္ေကာက္ဝတ္ကို ခ်ိဳးလိုက္"

"လင္းခိုင္!"

ခြက္!



Continuar a ler

Também vai Gostar

646K 87.6K 159
Unicode + Zawgyi ကိုယ်တိုင်ဖတ်ချင်မိတဲ့အတွက် ဘာသာပြန်ခြင်း ဖြစ်ပါတယ် ပျော်စရာကောင်းသော နေ့ရက်လေးများ ပိုင်ဆိုင်ကြပါစေ
3.6M 535K 118
Title - Legendary Phoenix Book cover by Narcissus A beautiful romance story of God of Phoneix and extremely handsome God of Dreams ~♥~ Type- OWN CRE...
792K 34.3K 86
ဉီးရွေးချယ်မှုသေချာပြီးဟုတ်။ဉီးရွေးချယ်မှုသေချာပြီးဆိုရင်လုံးဝနောင်တမရနဲ့နော်။ကျွန်တော်တို့ဒီနေ့ကစပြီးဘယ်တော့မှမသိခဲ့သလိုဘဲနေကြမယ်။ထွဋ်ဝဏ္ဏဉီးနဲ့နှော...
736K 29.7K 50
ဒုတိယအကြိမ် ပြန်တင်ခြင်း....