𝙸𝚏 𝙾𝚞𝚛 𝙻𝚘𝚟𝚎 𝙸𝚜 𝚃�...

By KhinMyatOo851005

44K 1.7K 47

ငယ်.....ဟုတ်တယ်....ဒီနာမ်စားလေးကမင်းတစ်ယောက်ထဲအတွက်ရယ်ပါYiboရယ် #xiaozhan ခင်ဗျားကဘာလို့ကျွန်တော့်ကိုကူညီရတာလ... More

Intro
Part 1
Part 2
Part 3
Part 4
Part 5
Part 6
Part 7
Part 8
Part 9🔞🌚
Part 10
Part 11
Part 13
Part 14
Part 15
Part 16
Part 17
Part 18
Part 19
Part 20
Part 21
Part 22
Part 23
💛 6ᵗʰ anni
Part 24
Part 25
Part 26 final
𝓯𝓪𝓻𝓮𝔀𝓮𝓵𝓵❤️💚

Part 12

1.2K 60 0
By KhinMyatOo851005

Unicode

"ရိပေါ်...ရောက်နေတာကြာပြီလား..."

"အွန်း..နည်းနည်းတော့ကြာပြီ..."

ကျန်းချန်ရဲ့အမေးကိုရိပေါ်မကြည့်ပဲ အေးစက်စက်သာပြန်ဖြေလိုက်တယ်

ရိပေါ်ရှောင်းကျန့်လာခေါ်တာကိုမစောင့်ပဲ စောစောသွားလိုက်ပြီး ထိုင်နေကျအပင်လေးအောက်တွင်လာထိုင်နေတယ်
ရှောင်းကျန့်နဲ့ကိစ္စကို တစ်ကျောင်းလုံးနီးပါးသိသွားကြတယ်
အဲ့ကိစ္စကြောင့်ပဲ ရိပေါ်ကိုကံကောင်းတဲ့ကောင်လေးလို့ ချီးမွမ်းကြတဲ့သူတွေများသလို
ရှောင်းကျန့်တို့အကြောင်းကိုသိတဲ့သူဌေးသားသမီးတော်တော်များများကရိပေါ်ကို ငွေမက်တဲ့ကောင်လို့သမုတ်ပြီး မျက်မုန်းကျိုးနေကြတယ်
ကျန်းချန်ဘေးမှာလာထိုင်တာကြောင့် ရိပေါ်ဘေးကိုနည်းနည်းရွေ့လိုက်တယ်

"ရိပေါ်..အဲ့နေ့ကကိစ္စအတွက်ငါတောင်းပန်ပါတယ်...ငါသာမင်းကို ဖက်ဖို့ခွင့်မတောင်းခဲ့ရင်...ရှောင်းကျန့်ကောက မင်းကို..."

ရိပေါ်ပုခုံးလေးကိုပုတ်ပြီး တောင်းပန်နေတဲ့ကျိုးချန်က သူ့အကြောင်းကိုသိနေပြီမို့ ရိပေါ်ထထွက်သွားရန်ပြင်လိုက်တယ်

"ရိပေါ်...နေပါအုံး...."

သူ့ရဲ့လက်တစ်ဖက်ကိုဆွဲထားတဲ့ကျိုးချန်ကြောင့် ရိပေါ်ရုန်းလိုက်တယ်

"လွှတ်ပါကျိုးချန်...ငါ့ကိုမထိနဲ့...မင်းလဲ..အခုလောက်ဆို..သူတို့ထင်သလို...ငါ့ကိုရွံနေမှာပဲမလား...ငါ့ကိုငွေမက်တဲ့ကောင်လို့ပဲတွေးနေပြီမို့လား...."

"ရိပေါ်ရာ...မင်းမို့လို့ပြောရက်တယ်...ငါဘယ်တုန်းကမင်းအပေါ်ကို အဲ့လိုတွေးခဲ့ဖူးလို့လဲ..."

အက်ကွဲနေတဲ့အသံနဲ့ပြောလာတဲ့ကျိုးချန်ကြောင့် ရိပေါ်စိတ်မကောင်းဖြစ်သွားရတယ်
သူသက်သက်မဲ့ကျိုးချန်ကိုစွပ်စွဲမိပြီလား
ပုခုံးလေးကိုပုတ်ကာ နှစ်သိမ့်ပေးမိတယ်

"အော်...နင်တို့က ဒီမှာအချစ်ဇာတ်လာခင်းနေကြတယ်ပေါ့လေ....."

ရိပေါ်လှည့်ကြည့်လိုက်တော့ အမျိုးသမီးတစ်ယောက်က သူတို့အားရွံရှာတဲ့အကြည့်နဲ့သာ
ရိပေါ်သူ့ကိုမြင်ဖူးသလိုရှိတာမို့သေချာကြည့်တော့မှ ရှောင်းကျန့်နဲ့ပထမဆုံးတွေ့တဲ့နေ့က  ပါလာတဲ့မိန်းကလေးပင်
အဲ့နောက်ဆက်ပြောလာတာက

"ဟက်...မတန်လိုက်တာ...နင့်လိုဘာမဟုတ်တဲ့ကောင်ကြောင့် ကျန့်ကျန့်ကတို့ကိုထားခဲ့တာပေါ့လေ....ဟား..."

ရိပေါ်ချက်ချင်းသတိရသွားတယ်
တစ်ခါကျိုးချန်ပြောဖူးတဲ့ ရှောင်းကျန့်နဲ့မိဘချင်းသဘောတူထားတယ်ဆိုတဲ့တစ်ယောက်ဖြစ်နိုင်တယ်
ထိုကောင်မလေးမှာ အပြစ်ပြောစရာမရှိအောင် ခန္ဓာကိုယ်ကအလွန်လှပတယ်
အသားအရေကလဲချောချောမွေ့မွေ့ ပြေပြေပြစ်ပြစ်ရှိတယ်
ရှောင်းကျန့်ဒီကောင်မလေးကိုမကြိုက်ပဲ သူ့ကိုအတင်းလိုက်နေတာဘာလို့လဲလို့ ရိပေါ်မမေးချင်တော့ပါ
ဘာလို့ဆို ရှောင်းကျန့်မပြောပြလဲ ဒီတစ်ယောက်စကားပြောပုံနဲ့ သူ့ရဲ့စိတ်ဓာတ်ကိုမှန်းဆလို့ရနေပြီ

"ဒီမှာ.... ဘာတွေလာပြောနေတာလဲ ကျွန်တော်မသိဘူး...."

"ဟက်...မင်းလိုကောင်က တို့ကိုမသိတာမဆန်းပါဘူး..."

"ခင်ဗျားပြောစရာရှိရင်ဒဲ့ပြော....ကွယ်ဝိုက်ပြောမနေနဲ့..."

ရိပေါ်ရဲ့နောက်မှာရပ်နေတဲ့ကျိုးချန်က ရှေ့ကိုထွက်ကာ အဲ့မိန်းကလေးရှေ့ကိုရပ်ပြီးပြောနေတာကြောင့် ရိပေါ်ပါ ကျိုးချန်ဘေးကိုဝင်ရပ်လိုက်တယ်

"ခင်ဗျားကဘယ်သူလဲ...."

"တို့က မင်းဖြားယောင်းမြူဆွယ်သွားတဲ့ ရှောင်းကျန့်ရဲ့ချစ်သူ...မကြာခင်လက်ထပ်တော့မယ့်ဇနီးလောင်းပဲ....."

ထိုမိန်းကလေးမှာ ခုနကလို ဟားတိုက်ပြောမနေတော့ပဲ ချက်ချင်းပဲမျက်နှာထားကိုတည်လိုက်ပြီး လက်သီးစုပ်ကာပြောလိုက်တယ်
ဒေါသထွက်နေတယ်ထင်ပါရဲ့ မျက်နှာကလဲနီနေသေးတယ်

အဲဲ့မိန်းကလေးရဲ့အဖြေကြောင့် ရိပေါ်ဒေါသထွက်သွားရတယ်
ဒီမိန်းမ မဟုတ်တာတွေပြောနေတာပဲလေ
ရိပေါ်အခုချက်ချင်း ခင်ဗျားကဇနီးလောင်းအဆင့်...ကျွန်တော်တို့ကလင်မယား..အဲလေ...လင်လင်တွေတောင်ဖြစ်နေပြီလို့ပြောပြစ်လိုက်ချင်ပေမဲ့လဲ ဒီစကားကဒီနေရာမှာပြောလို့ကောင်းတာမဟုတ်
ရိပေါ်တွေးနေတုန်းမှာပဲ နောက်ကအသံကြောင့် ရင်ထဲဝမ်းသာသွားရတာတော့အမှန်

"မင်း မဟုတ်တာတွေမပြောနဲ့...."

"ဟင်...ရှောင်းကျန့်..."

ရှောင်ကျန့်ကျောင်းကိုရောက်တာနဲ့ အရင်ဆုံးလိုက်ရှာတာကရိပေါ်
အခန်းထဲမှာလဲမရှိတာမို့ ဘယ်သူ့မေးမေးမတွေ့ဘူးလို့ပဲပြောကြတာမို့ ရှောင်းကျန့် ရိပေါ်ထိုင်နေကျအပင်လေးအောက်ရှိနေမလားလို့ လာရှာမိတော့ ကြားရတဲ့လုပ်ကြံဇာတ်လမ်းကြောင့် ရှောင်းကျန့်ဒေါသထွက်သွားပြီး လီဟွားဟွေ့ကိုအော်လိုက်တယ်

"ရိပေါ်...သူပြောသလိုမဟုတ်ဘူးနော်...ကိုယ်ရှင်းပြပါရစေ..."

"ရပါတယ်...ခင်ဗျားတို့ကသူပြောသလိုချစ်သူတွေဆိုရင်လဲ ကျွန်တော်စိတ်မဆိုးပါဘူး...."

လီဟွားဟွေ့မှာ မိမိရှေ့ကရိပေါ်ကိုပြာပြာသလဲတောင်းပန်နေတဲ့ ရှောင်းကျန့်ကြောင့် ရိပေါ်ကိုပိုပြီးဒေါသထွက်လာရတော့တယ်
ရှောင်းကျန့်ကသူ့ကိုဆို စကားတောင်ကောင်းကောင်းပြောတာမဟုတ်
သူ့ကိုကျော်ပြီး ဂရုစိုက်ပေးနေတဲ့ရှောင်းကျန့်ကြောင့် လီဟွားဟွေ့မှာ ဒေါသတွေလဲထွက်သလို ရှက်လဲရှက်သွားတယ်ထင်တယ် ရိပေါ်ကိုစိုက်ကြည့်ပြီး တောက်တစ်ချက်ခေါက်ကာ အဲ့နေရာမှလှည့်ထွက်သွားတော့တယ်

"ရိပေါ် ငါသွားပြီနော်...ရှောင်းကျန့်ကော ကျွန်တော်သွားပြီ..."

ရုတ်တရက်ဆိုသလို ချက်ချင်းပြေးထွက်သွားတဲ့ကျိုးချန်ကို ရိပေါ်တားချိန်ပင်မရလိုက်
ရိပေါ်ကျိုးချန်ကိုမျက်စောင်းထိုးကာ စိတ်ထဲမှာသာအကြိမ်ကြိမ်ကျိန်ဆဲမိလိုက်တယ်

"ငယ်လေး...."

"......."

"သည်းငယ်လေး...ကိုကို့ကိုကြည့်ပါအုံး...."

ရှောင်းကျန့်ချစ်စနိုးနဲ့ခေါ်ကာ မော့ကြည့်ခိုင်းကာမှ မရဲတရဲနဲ့မော့ကြည့်လာတဲ့ကလေးက ဟိုနေ့ကစွာစိလန်လေးမဟုတ်တဲ့တိုင်း အခုတော့စကားနားထောင်နေတယ်

"ဟင်...ခင်ဗျား မျက်နှာက ဘယ်လိုဖြစ်တာလဲ..."

"အား..ကျွတ် ကျွတ်...."

ရိပေါ်ကမျက်နှာပေါ်ကဒဏ်ရာတွေကို လက်လေးနဲ့ကိုင်ကာမေးလာကာမှ ရှောင်းကျန့်အမြန်ပင်ညည်းညူပြလိုက်တယ်
မျက်လုံးအဝိုင်းသားလေးနဲ့ဖြစ်သွားတဲ့ရိပေါ်က သူ့ကြောင့်ပိုနာသွားတယ်ထင်တာကြောင့် လက်ကိုရုတ်မိတယ်
ဒါကိုရှောင်းကျန့်ကအမိအရဖမ်းဆုပ်ထားမိပါတယ်
ကောင်လေးကသူ့ကိုရှောင်နေတာရက်အတော်ကြာခဲ့ပြီ ကားအတူစီးတိုင်းကိုင်ခဲ့ရတဲ့ဒီလက်လေးကိုရှောင်းကျန့်သိပ်လွမ်းနေခဲ့ရတာ

"ပါးထိုးထားတာ..."

ရိပေါ်ရဲ့လက်လေးကိုဆုပ်ကိုင်ကာပါးပြင်ပေါ်ကို ဖွဖွလေးတင်လိုက်တာကြောင့် ရိပေါ်ရဲ့မျက်နှာမှာ နီရဲလာကာခေါင်းကိုငုံ့ထားတာကြောင့် ရှောင်းကျန့်ပြုံးလိုက်တယ်

"ကိုကို့ကိုဆေးလိမ်းပေးပါလားဟင်..."

"ဟင်...."

"လိမ်းပေးပါနော်...ကိုယ့်ကိုလေ အိမ်မှာဆေးလိမ်းပေးမယ့်သူမရှိလို့ ခုထိမလိမ်းရသေးဘူးငယ်ရဲ့..."

မျက်နှာငယ်လေးနဲ့ပြောလာတဲ့ရှောင်းကျန့်ကြောင့် ရိပေါ်သနားမိတယ်
သူ့အတွက်ကြောင့်နဲ့ သူ့မိဘတွေနဲ့စကားများလာပုံပဲလေ

"ကျွန်တော့်မှာဆေးမပါဘူးလေ...ဒီနားမှာဆေးဆိုင်ရှိတယ်...ကျွန်တော်သွားဝယ်ပေးမယ်နော်..."

"ကိုယ့်မှာပါတယ်လေ...."

ဆေးဘူးကိုအရန်သင့်ထည့်လာတဲ့ရှောင်းကျန့်က ဘယ်ချိန်ထဲကသူ့ကိုလိမ်းခိုင်းဖို့ကြံနေလဲမသိ
ရိပေါ်လဲဘာမှပြောမနေတော့ပဲ ဆေးလိမ်းပေးဖို့သာပြင်လိုက်တယ်

ပါးပြင်ပေါ်ကဒဏ်ရာလေးကို လက်နဲ့ဖြေးဖြေးချင်းပွတ်ကာ ဆေးထည့်ပေးနေတဲ့ရိပေါ်ကြောင့် ရှောင်းကျန့်ကြက်သီးမွှေးညှင်းလေးတွေတောင်ထလာခဲ့ရတယ်
ပါးပြင်ပေါ်က နူးည့ံလွန်းတဲ့လက်တစ်စုံကြောင့် ရှောင်းကျန့် စပ်နေတဲ့ဒဏ်ရာတွေကိုမေ့လျော့ကာ နူးညံ့မှုကိုခံစားနေရတယ်
နှုတ်ခမ်းပေါ်ကဒဏ်ရာလေးကို လက်နဲ့လာထိတာကြောင့် ရှောင်းကျန့်နှုတ်ခမ်းကိုအနည်းငယ်ဆူထားမိတယ်

"ဘာလို့ပါးကထိုးတာလဲ...ကျွန်တော့်ကြောင့်လား..."

"ဟမ်...."

"ကျွန်တော့ကြောင့်မို့လား...ဟုတ်တယ်မလားဟင်....အာ့ကြောင့်...ဟင့်...အာ့ကြောင့် ကျွန်တော်မုန်းတယ်လို့ပြောတုန်းက ဘာလို့ထားမသွားခဲ့ရတာလဲ..ဟင့်...ကျွန်တော်ရှောင်နေတဲ့ချိန်မှာ..ဘာလို့ထွက်မသွားရတာလဲ...ခုတော့...ကျွန်တော့်ကြောင့်နဲ့..."

ဆေးထည့်ပေးနေရင်းနဲ့ ရှိုက်ကြီးတငင်နဲ့ငိုနေတဲ့ ရိပေါ်ကို ရှောင်းကျန့် ရင်ခွင်ထဲမှာဖက်ထားမိတယ်
ကလေးငယ်ကသူ့ကိုစိတ်ပူပြီးငိုနေတယ်ပေါ့လေ

"ဘာလို့ကျွန်တော်မှလဲ...ကျွန်တော်ကဘာမို့လို့ အဲ့လောက်ထားမသွားနိုင်ဖြစ်နေရတာလဲဗျာ...."

ငိုရင်းနဲ့ရှောင်းကျန့်ရဲ့ရင်ဘတ်ကိုပါလက်သေးသေးလေးနဲ့ထုနေလေရဲ့
ရှောင်းကျန့်မှာ စကားပင်မပြောနိုင်
သူ့ငယ်လေးငိုတာမြင်ရတော့ ရှောင်းကျန့်ရင်ဘတ်ကြီးကပါ နေရခက်လာပြီ

"မငိုပါနဲ့ငယ်ရယ်...ငယ့်ရဲ့မျက်ရည်တွေကိုလေ..ကိုယ့်မှာရင်ဆိုင်နိုင်စွမ်းမရှိဘူးငယ်ရဲ့...ကိုယ်ကငယ့်ကိုပျော်နေတာပဲမြင်ချင်တာ...ပြီးတော့ငယ့်အပြစ်မဟုတ်ရပါဘူး...အာ့ကြောင့် မငိုပဲတိတ်တော့နော်...ဟုတ်ပြီလား..."

ရှောင်းကျန့်မှာရိပေါ်ကိုဖက်ထားရင်းကျောကုန်းလေးကိုခပ်ဖွဖွပုတ်ပေးနေတယ်
မျက်ရည်တွေကိုသုတ်ပေးဖို့ရာ ခန္ဓာကိုယ်ချင်းခွာဖို့ကြိုးစားလိုက်ပေမဲ့
ရင်ခွင်ထဲအတင်းတိုးဝင်ကာ ရိပေါ်ပြောလိုက်တဲ့စကားကြောင့် ရှောင်းကျန့်မှာအံ့သြမှင်သက်ရသလို
သိပ်ကိုလဲပျော်ခဲ့ရပါတယ်

" ချစ်တယ်...ကိုကို့ကိုချစ်တယ်...ကိုကို့ရင်ခွင်ထဲမှာပဲနေချင်တာမို့လို့ ခနလောက်ပဲဆက်နေပါရစေ...."တဲ့....

^^^^^^^^^^^^^^^^^^^^^^^^^^^^

ဆရာလုပ်တယ်လို့တော့မထင်ပါနဲ့ဗျ
ကိုယ့်လိုအိမ်က osတွေမယုံကြည်လို့ မဝယ်ခိုင်းတဲ့သူလေးတွေအတွက်(ကိုယ်ကတော့ သူများဆီကတစ်ဆင့်မှာတာ😆) ပြီးတော့
ကိုယ့်လို'ကောတိ'တို့ရဲ့fanဖြစ်ကြောင်း
နေရာတကာမှာပြချင်သူလေးတွေအတွက် 'ကောတိ'တို့ရဲ့ဓာတ်ပုံလေးတွေရှိမယ်ဆိုရင်
ကိုယ့်လိုလုပ်ကြည့်ပါ

ထုတ်ကြွားတာလဲမဟုတ်ရပါဘူးဗျ❤💚

2.3.23
#ʟᴜɴᴀʷᵃⁿᵍ85🦁


Zawgyi

"ရိေပၚ...ေရာက္ေနတာၾကာၿပီလား..."

"အြန္း..နည္းနည္းေတာ့ၾကာၿပီ..."

က်န္းခ်န္ရဲ႕အေမးကိုရိေပၚမၾကည့္ပဲ ေအးစက္စက္သာျပန္ေျဖလိုက္တယ္

ရိေပၚေရွာင္းက်န့္လာေခၚတာကိုမေစာင့္ပဲ ေစာေစာသြားလိုက္ၿပီး ထိုင္ေနက်အပင္ေလးေအာက္တြင္လာထိုင္ေနတယ္
ေရွာင္းက်န့္နဲ႕ကိစၥကို တစ္ေက်ာင္းလုံးနီးပါးသိသြားၾကတယ္
အဲ့ကိစၥေၾကာင့္ပဲ ရိေပၚကိုကံေကာင္းတဲ့ေကာင္ေလးလို႔ ခ်ီးမြမ္းၾကတဲ့သူေတြမ်ားသလို
ေရွာင္းက်န့္တို႔အေၾကာင္းကိုသိတဲ့သူေဌးသားသမီးေတာ္ေတာ္မ်ားမ်ားကရိေပၚကို ေငြမက္တဲ့ေကာင္လို႔သမုတ္ၿပီး မ်က္မုန္းက်ိဳးေနၾကတယ္
က်န္းခ်န္ေဘးမွာလာထိုင္တာေၾကာင့္ ရိေပၚေဘးကိုနည္းနည္းေ႐ြ႕လိုက္တယ္

"ရိေပၚ..အဲ့ေန႕ကကိစၥအတြက္ငါေတာင္းပန္ပါတယ္...ငါသာမင္းကို ဖက္ဖို႔ခြင့္မေတာင္းခဲ့ရင္...ေရွာင္းက်န့္ေကာက မင္းကို..."

ရိေပၚပုခုံးေလးကိုပုတ္ၿပီး ေတာင္းပန္ေနတဲ့က်ိဳးခ်န္က သူ႕အေၾကာင္းကိုသိေနၿပီမို႔ ရိေပၚထထြက္သြားရန္ျပင္လိုက္တယ္

"ရိေပၚ...ေနပါအုံး...."

သူ႕ရဲ႕လက္တစ္ဖက္ကိုဆြဲထားတဲ့က်ိဳးခ်န္ေၾကာင့္ ရိေပၚ႐ုန္းလိုက္တယ္

"လႊတ္ပါက်ိဳးခ်န္...ငါ့ကိုမထိနဲ႕...မင္းလဲ..အခုေလာက္ဆို..သူတို႔ထင္သလို...ငါ့ကို႐ြံေနမွာပဲမလား...ငါ့ကိုေငြမက္တဲ့ေကာင္လို႔ပဲေတြးေနၿပီမို႔လား...."

"ရိေပၚရာ...မင္းမို႔လို႔ေျပာရက္တယ္...ငါဘယ္တုန္းကမင္းအေပၚကို အဲ့လိုေတြးခဲ့ဖူးလို႔လဲ..."

အက္ကြဲေနတဲ့အသံနဲ႕ေျပာလာတဲ့က်ိဳးခ်န္ေၾကာင့္ ရိေပၚစိတ္မေကာင္းျဖစ္သြားရတယ္
သူသက္သက္မဲ့က်ိဳးခ်န္ကိုစြပ္စြဲမိၿပီလား
ပုခုံးေလးကိုပုတ္ကာ ႏွစ္သိမ့္ေပးမိတယ္

"ေအာ္...နင္တို႔က ဒီမွာအခ်စ္ဇာတ္လာခင္းေနၾကတယ္ေပါ့ေလ....."

ရိေပၚလွည့္ၾကည့္လိုက္ေတာ့ အမ်ိဳးသမီးတစ္ေယာက္က သူတို႔အား႐ြံရွာတဲ့အၾကည့္နဲ႕သာ
ရိေပၚသူ႕ကိုျမင္ဖူးသလိုရွိတာမို႔ေသခ်ာၾကည့္ေတာ့မွ ေရွာင္းက်န့္နဲ႕ပထမဆုံးေတြ႕တဲ့ေန႕က  ပါလာတဲ့မိန္းကေလးပင္
အဲ့ေနာက္ဆက္ေျပာလာတာက

"ဟက္...မတန္လိုက္တာ...နင့္လိုဘာမဟုတ္တဲ့ေကာင္ေၾကာင့္ က်န့္က်န့္ကတို႔ကိုထားခဲ့တာေပါ့ေလ....ဟား..."

ရိေပၚခ်က္ခ်င္းသတိရသြားတယ္
တစ္ခါက်ိဳးခ်န္ေျပာဖူးတဲ့ ေရွာင္းက်န့္နဲ႕မိဘခ်င္းသေဘာတူထားတယ္ဆိုတဲ့တစ္ေယာက္ျဖစ္နိုင္တယ္
ထိုေကာင္မေလးမွာ အျပစ္ေျပာစရာမရွိေအာင္ ခႏၶာကိုယ္ကအလြန္လွပတယ္
အသားအေရကလဲေခ်ာေခ်ာေမြ႕ေမြ႕ ေျပေျပျပစ္ျပစ္ရွိတယ္
ေရွာင္းက်န့္ဒီေကာင္မေလးကိုမႀကိဳက္ပဲ သူ႕ကိုအတင္းလိုက္ေနတာဘာလို႔လဲလို႔ ရိေပၚမေမးခ်င္ေတာ့ပါ
ဘာလို႔ဆို ေရွာင္းက်န့္မေျပာျပလဲ ဒီတစ္ေယာက္စကားေျပာပုံနဲ႕ သူ႕ရဲ႕စိတ္ဓာတ္ကိုမွန္းဆလို႔ရေနၿပီ

"ဒီမွာ.... ဘာေတြလာေျပာေနတာလဲ ကြၽန္ေတာ္မသိဘူး...."

"ဟက္...မင္းလိုေကာင္က တို႔ကိုမသိတာမဆန္းပါဘူး..."

"ခင္ဗ်ားေျပာစရာရွိရင္ဒဲ့ေျပာ....ကြယ္ဝိုက္ေျပာမေနနဲ႕..."

ရိေပၚရဲ႕ေနာက္မွာရပ္ေနတဲ့က်ိဳးခ်န္က ေရွ႕ကိုထြက္ကာ အဲ့မိန္းကေလးေရွ႕ကိုရပ္ၿပီးေျပာေနတာေၾကာင့္ ရိေပၚပါ က်ိဳးခ်န္ေဘးကိုဝင္ရပ္လိုက္တယ္

"ခင္ဗ်ားကဘယ္သူလဲ...."

"တို႔က မင္းျဖားေယာင္းျမဴဆြယ္သြားတဲ့ ေရွာင္းက်န့္ရဲ႕ခ်စ္သူ...မၾကာခင္လက္ထပ္ေတာ့မယ့္ဇနီးေလာင္းပဲ....."

ထိုမိန္းကေလးမွာ ခုနကလို ဟားတိုက္ေျပာမေနေတာ့ပဲ ခ်က္ခ်င္းပဲမ်က္ႏွာထားကိုတည္လိုက္ၿပီး လက္သီးစုပ္ကာေျပာလိုက္တယ္
ေဒါသထြက္ေနတယ္ထင္ပါရဲ႕ မ်က္ႏွာကလဲနီေနေသးတယ္

အဲဲ့မိန္းကေလးရဲ႕အေျဖေၾကာင့္ ရိေပၚေဒါသထြက္သြားရတယ္
ဒီမိန္းမ မဟုတ္တာေတြေျပာေနတာပဲေလ
ရိေပၚအခုခ်က္ခ်င္း ခင္ဗ်ားကဇနီးေလာင္းအဆင့္...ကြၽန္ေတာ္တို႔ကလင္မယား..အဲေလ...လင္လင္ေတြေတာင္ျဖစ္ေနၿပီလို႔ေျပာျပစ္လိုက္ခ်င္ေပမဲ့လဲ ဒီစကားကဒီေနရာမွာေျပာလို႔ေကာင္းတာမဟုတ္
ရိေပၚေတြးေနတုန္းမွာပဲ ေနာက္ကအသံေၾကာင့္ ရင္ထဲဝမ္းသာသြားရတာေတာ့အမွန္

"မင္း မဟုတ္တာေတြမေျပာနဲ႕...."

"ဟင္...ေရွာင္းက်န့္..."

ေရွာင္က်န့္ေက်ာင္းကိုေရာက္တာနဲ႕ အရင္ဆုံးလိုက္ရွာတာကရိေပၚ
အခန္းထဲမွာလဲမရွိတာမို႔ ဘယ္သူ႕ေမးေမးမေတြ႕ဘူးလို႔ပဲေျပာၾကတာမို႔ ေရွာင္းက်န့္ ရိေပၚထိုင္ေနက်အပင္ေလးေအာက္ရွိေနမလားလို႔ လာရွာမိေတာ့ ၾကားရတဲ့လုပ္ႀကံဇာတ္လမ္းေၾကာင့္ ေရွာင္းက်န့္ေဒါသထြက္သြားၿပီး လီဟြားေဟြ႕ကိုေအာ္လိုက္တယ္

"ရိေပၚ...သူေျပာသလိုမဟုတ္ဘူးေနာ္...ကိုယ္ရွင္းျပပါရေစ..."

"ရပါတယ္...ခင္ဗ်ားတို႔ကသူေျပာသလိုခ်စ္သူေတြဆိုရင္လဲ ကြၽန္ေတာ္စိတ္မဆိုးပါဘူး...."

လီဟြားေဟြ႕မွာ မိမိေရွ႕ကရိေပၚကိုျပာျပာသလဲေတာင္းပန္ေနတဲ့ ေရွာင္းက်န့္ေၾကာင့္ ရိေပၚကိုပိုၿပီးေဒါသထြက္လာရေတာ့တယ္
ေရွာင္းက်န့္ကသူ႕ကိုဆို စကားေတာင္ေကာင္းေကာင္းေျပာတာမဟုတ္
သူ႕ကိုေက်ာ္ၿပီး ဂ႐ုစိုက္ေပးေနတဲ့ေရွာင္းက်န့္ေၾကာင့္ လီဟြားေဟြ႕မွာ ေဒါသေတြလဲထြက္သလို ရွက္လဲရွက္သြားတယ္ထင္တယ္ ရိေပၚကိုစိုက္ၾကည့္ၿပီး ေတာက္တစ္ခ်က္ေခါက္ကာ အဲ့ေနရာမွလွည့္ထြက္သြားေတာ့တယ္

"ရိေပၚ ငါသြားၿပီေနာ္...ေရွာင္းက်န့္ေကာ ကြၽန္ေတာ္သြားၿပီ..."

႐ုတ္တရက္ဆိုသလို ခ်က္ခ်င္းေျပးထြက္သြားတဲ့က်ိဳးခ်န္ကို ရိေပၚတားခ်ိန္ပင္မရလိုက္
ရိေပၚက်ိဳးခ်န္ကိုမ်က္ေစာင္းထိုးကာ စိတ္ထဲမွာသာအႀကိမ္ႀကိမ္က်ိန္ဆဲမိလိုက္တယ္

"ငယ္ေလး...."

"......."

"သည္းငယ္ေလး...ကိုကို႔ကိုၾကည့္ပါအုံး...."

ေရွာင္းက်န့္ခ်စ္စနိုးနဲ႕ေခၚကာ ေမာ့ၾကည့္ခိုင္းကာမွ မရဲတရဲနဲ႕ေမာ့ၾကည့္လာတဲ့ကေလးက ဟိုေန႕ကစြာစိလန္ေလးမဟုတ္တဲ့တိုင္း အခုေတာ့စကားနားေထာင္ေနတယ္

"ဟင္...ခင္ဗ်ား မ်က္ႏွာက ဘယ္လိုျဖစ္တာလဲ..."

"အား..ကြၽတ္ ကြၽတ္...."

ရိေပၚကမ်က္ႏွာေပၚကဒဏ္ရာေတြကို လက္ေလးနဲ႕ကိုင္ကာေမးလာကာမွ ေရွာင္းက်န့္အျမန္ပင္ညည္းၫူျပလိုက္တယ္
မ်က္လုံးအဝိုင္းသားေလးနဲ႕ျဖစ္သြားတဲ့ရိေပၚက သူ႕ေၾကာင့္ပိုနာသြားတယ္ထင္တာေၾကာင့္ လက္ကို႐ုတ္မိတယ္
ဒါကိုေရွာင္းက်န့္ကအမိအရဖမ္းဆုပ္ထားမိပါတယ္
ေကာင္ေလးကသူ႕ကိုေရွာင္ေနတာရက္အေတာ္ၾကာခဲ့ၿပီ ကားအတူစီးတိုင္းကိုင္ခဲ့ရတဲ့ဒီလက္ေလးကိုေရွာင္းက်န့္သိပ္လြမ္းေနခဲ့ရတာ

"ပါးထိုးထားတာ..."

ရိေပၚရဲ႕လက္ေလးကိုဆုပ္ကိုင္ကာပါးျပင္ေပၚကို ဖြဖြေလးတင္လိုက္တာေၾကာင့္ ရိေပၚရဲ႕မ်က္ႏွာမွာ နီရဲလာကာေခါင္းကိုငုံ႕ထားတာေၾကာင့္ ေရွာင္းက်န့္ၿပဳံးလိုက္တယ္

"ကိုကို႔ကိုေဆးလိမ္းေပးပါလားဟင္..."

"ဟင္...."

"လိမ္းေပးပါေနာ္...ကိုယ့္ကိုေလ အိမ္မွာေဆးလိမ္းေပးမယ့္သူမရွိလို႔ ခုထိမလိမ္းရေသးဘူးငယ္ရဲ႕..."

မ်က္ႏွာငယ္ေလးနဲ႕ေျပာလာတဲ့ေရွာင္းက်န့္ေၾကာင့္ ရိေပၚသနားမိတယ္
သူ႕အတြက္ေၾကာင့္နဲ႕ သူ႕မိဘေတြနဲ႕စကားမ်ားလာပုံပဲေလ

"ကြၽန္ေတာ့္မွာေဆးမပါဘူးေလ...ဒီနားမွာေဆးဆိုင္ရွိတယ္...ကြၽန္ေတာ္သြားဝယ္ေပးမယ္ေနာ္..."

"ကိုယ့္မွာပါတယ္ေလ...."

ေဆးဘူးကိုအရန္သင့္ထည့္လာတဲ့ေရွာင္းက်န့္က ဘယ္ခ်ိန္ထဲကသူ႕ကိုလိမ္းခိုင္းဖို႔ႀကံေနလဲမသိ
ရိေပၚလဲဘာမွေျပာမေနေတာ့ပဲ ေဆးလိမ္းေပးဖို႔သာျပင္လိုက္တယ္

ပါးျပင္ေပၚကဒဏ္ရာေလးကို လက္နဲ႕ေျဖးေျဖးခ်င္းပြတ္ကာ ေဆးထည့္ေပးေနတဲ့ရိေပၚေၾကာင့္ ေရွာင္းက်န့္ၾကက္သီးေမႊးညွင္းေလးေတြေတာင္ထလာခဲ့ရတယ္
ပါးျပင္ေပၚက ႏူးည့ံလြန္းတဲ့လက္တစ္စုံေၾကာင့္ ေရွာင္းက်န့္ စပ္ေနတဲ့ဒဏ္ရာေတြကိုေမ့ေလ်ာ့ကာ ႏူးညံ့မႈကိုခံစားေနရတယ္
ႏႈတ္ခမ္းေပၚကဒဏ္ရာေလးကို လက္နဲ႕လာထိတာေၾကာင့္ ေရွာင္းက်န့္ႏႈတ္ခမ္းကိုအနည္းငယ္ဆူထားမိတယ္

"ဘာလို႔ပါးကထိုးတာလဲ...ကြၽန္ေတာ့္ေၾကာင့္လား..."

"ဟမ္...."

"ကြၽန္ေတာ့ေၾကာင့္မို႔လား...ဟုတ္တယ္မလားဟင္....အာ့ေၾကာင့္...ဟင့္...အာ့ေၾကာင့္ ကြၽန္ေတာ္မုန္းတယ္လို႔ေျပာတုန္းက ဘာလို႔ထားမသြားခဲ့ရတာလဲ..ဟင့္...ကြၽန္ေတာ္ေရွာင္ေနတဲ့ခ်ိန္မွာ..ဘာလို႔ထြက္မသြားရတာလဲ...ခုေတာ့...ကြၽန္ေတာ့္ေၾကာင့္နဲ႕..."

ေဆးထည့္ေပးေနရင္းနဲ႕ ရွိုက္ႀကီးတငင္နဲ႕ငိုေနတဲ့ ရိေပၚကို ေရွာင္းက်န့္ ရင္ခြင္ထဲမွာဖက္ထားမိတယ္
ကေလးငယ္ကသူ႕ကိုစိတ္ပူၿပီးငိုေနတယ္ေပါ့ေလ

"ဘာလို႔ကြၽန္ေတာ္မွလဲ...ကြၽန္ေတာ္ကဘာမို႔လို႔ အဲ့ေလာက္ထားမသြားနိုင္ျဖစ္ေနရတာလဲဗ်ာ...."

ငိုရင္းနဲ႕ေရွာင္းက်န့္ရဲ႕ရင္ဘတ္ကိုပါလက္ေသးေသးေလးနဲ႕ထုေနေလရဲ႕
ေရွာင္းက်န့္မွာ စကားပင္မေျပာနိုင္
သူ႕ငယ္ေလးငိုတာျမင္ရေတာ့ ေရွာင္းက်န့္ရင္ဘတ္ႀကီးကပါ ေနရခက္လာၿပီ

"မငိုပါနဲ႕ငယ္ရယ္...ငယ့္ရဲ႕မ်က္ရည္ေတြကိုေလ..ကိုယ့္မွာရင္ဆိုင္နိုင္စြမ္းမရွိဘူးငယ္ရဲ႕...ကိုယ္ကငယ့္ကိုေပ်ာ္ေနတာပဲျမင္ခ်င္တာ...ၿပီးေတာ့ငယ့္အျပစ္မဟုတ္ရပါဘူး...အာ့ေၾကာင့္ မငိုပဲတိတ္ေတာ့ေနာ္...ဟုတ္ၿပီလား..."

ေရွာင္းက်န့္မွာရိေပၚကိုဖက္ထားရင္းေက်ာကုန္းေလးကိုခပ္ဖြဖြပုတ္ေပးေနတယ္
မ်က္ရည္ေတြကိုသုတ္ေပးဖို႔ရာ ခႏၶာကိုယ္ခ်င္းခြာဖို႔ႀကိဳးစားလိုက္ေပမဲ့
ရင္ခြင္ထဲအတင္းတိုးဝင္ကာ ရိေပၚေျပာလိုက္တဲ့စကားေၾကာင့္ ေရွာင္းက်န့္မွာအံ့ၾသမွင္သက္ရသလို
သိပ္ကိုလဲေပ်ာ္ခဲ့ရပါတယ္

" ခ်စ္တယ္...ကိုကို႔ကိုခ်စ္တယ္...ကိုကို႔ရင္ခြင္ထဲမွာပဲေနခ်င္တာမို႔လို႔ ခနေလာက္ပဲဆက္ေနပါရေစ...."တဲ့....

^^^^^^^^^^^^^^^^^^^^^^^^^^^^

ဆရာလုပ္တယ္လို႔ေတာ့မထင္ပါနဲ႕ဗ်
ကိုယ့္လိုအိမ္က osေတြမယုံၾကည္လို႔ မဝယ္ခိုင္းတဲ့သူေလးေတြအတြက္(ကိုယ္ကေတာ့ သူမ်ားဆီကတစ္ဆင့္မွာတာ😆) ၿပီးေတာ့
ကိုယ့္လို'ေကာတိ'တို႔ရဲ႕fanျဖစ္ေၾကာင္း
ေနရာတကာမွာျပခ်င္သူေလးေတြအတြက္ 'ေကာတိ'တို႔ရဲ႕ဓာတ္ပုံေလးေတြရွိမယ္ဆိုရင္
ကိုယ့္လိုလုပ္ၾကည့္ပါ

ထုတ္ႂကြားတာလဲမဟုတ္ရပါဘူးဗ်❤️💚

2.3.23
#ʟᴜɴᴀʷᵃⁿᵍ85🦁

Continue Reading

You'll Also Like

13.4K 330 24
Maybe if Avery Cadwell was stronger, she wouldn't be in such big trouble. Maybe if she was stronger, she wouldn't have her virginity stolen from her...
3.9K 260 6
အမတ်မင်းရှောင်းနဲ့ သိုင်းသမားလေးဝမ်ရိပေါ် အမတ္မင္းေရွာင္းနဲ႔ သိုင္းသမားေလးဝမ္ရိေပၚ Yizhan Fanfiction Started Date: 27 Sep 2023 Ended Date: 15 Oct 202...
2.2K 184 2
ခ်စ္လို႔ပင္မဝႏိုင္ေသာ ကိုယ့္အခ်စ္ဦးေလးရယ္ တသက္လံုးစာ ကိုယ့္ရင္ခြင္မွာ ခိုနားလွၫ့္စမ္းပါ့ကြယ္ ချစ်လို့ပင်မဝနိုင်သော ကိုယ့်အချစ်ဦးလေးရယ် တသက်လုံးစာ ကိ...
4K 378 6
အတိတ်စာမျက်နှာ​တွေကို ပြန်လှန်ကြည့်တဲ့အခါ.. -JAYHOON Fanfiction -Written in Burmese (Unicode Only)