๐ฟ๐‘œ๐‘ฃ๐‘’ ๐ฟ๐‘’๐‘ก๐‘ก๐‘’๐‘Ÿ:๐‘ค๐‘Ÿ๐‘–๏ฟฝ...

Da Daydream-fah

10.2K 1.1K 352

๐ฝ๐‘ข๐‘ ๐‘ก ๐‘“๐‘Ÿ๐‘–๐‘’๐‘›๐‘‘ ๐‘๐‘ข๐‘ก โ„Ž๐‘’'๐‘  ๐‘š๐‘–๐‘›๐‘’... Altro

๐“›๐“ฎ๐“ฝ๐“ฝ๐“ฎ๐“ป-1
๐“›๐“ฎ๐“ฝ๐“ฝ๐“ฎ๐“ป-2
๐“›๐“ฎ๐“ฝ๐“ฝ๐“ฎ๐“ป-4
Happy Birthday To Me
๐“›๐“ฎ๐“ฝ๐“ฝ๐“ฎ๐“ป-5
๐“›๐“ฎ๐“ฝ๐“ฝ๐“ฎ๐“ป-6
๐“›๐“ฎ๐“ฝ๐“ฝ๐“ฎ๐“ป-7
๐“›๐“ฎ๐“ฝ๐“ฝ๐“ฎ๐“ป-8
Heyyy....
๐“›๐“ฎ๐“ฝ๐“ฝ๐“ฎ๐“ป-9
๐“›๐“ฎ๐“ฝ๐“ฝ๐“ฎ๐“ป-10
๐“›๐“ฎ๐“ฝ๐“ฝ๐“ฎ๐“ป-11

๐“›๐“ฎ๐“ฝ๐“ฝ๐“ฎ๐“ป-3

675 101 30
Da Daydream-fah

Unicode

"ကဲ... မနေ့ကအိမ်စာပေးလိုက်တာတွေလုပ်ခဲ့လားလိုက်စစ်မယ်နော်။ စာအုပ်တွေဖွင့်ပြီး ခုံပေါ်မှာတင်ထားကြပါ"

အတန်းပိုင်ဆရာမရဲ့စကားဆုံးတာနဲ့ ရှောင်းကျန့်ကမဆိုင်းမတွပင် spongbobကျောပိုးအိတ်အဝါရောင်လေးထဲက စာအုပ်ကိုထုတ်ပြီး အရှေ့ကစားပွဲပေါ်မှာတင်ထားလိုက်သည်။ သူ့ဘေးကရိပေါ်ကိုလှမ်းကြည့်လိုက်တော့ ခေါင်းကုတ်လိုက်ဖင်ကုတ်လိုက်ဖြင့် ကျောပိုးအိတ်အသေးလေးထဲ မွှေနှောက်ရှာနေလေသည်။ ခဏကြာတော့ ငိုမဲ့မဲ့မျက်နှာလေးဖြင့် ဆရာမကိုတစ်လှည့် ပြောင်သလင်းခါနေတဲ့စာအုပ်ကိုတစ်လှည့်ကြည့်နေတာမို့

"ဘာဖြစ်လို့လဲ ရိပေါ် "

လေသံလေးဖြင့် မေးလိုက်တဲ့သူ့စကားအဆုံး ရိပေါ်ကသူ့ဘက်ကိုဆတ်ခနဲလှည့်ကြည့်ရင်း ပြောင်သလင်းခါနေတဲ့စာမျက်နှာကိုလက်ညိုးထိုးပြကာ

"ငါမနေ့က တီဗီဂိမ်းဆော့ရင်းအိပ်ပျော်သွားလို့ အိမ်စာခုထိမရေးရသေးဘူး"

ရိပေါ်စကားကြောင့် ရှောင်းကျန့်မျက်လုံးပြူးသွားမိသည်။ ဆရာမကအိမ်စာမပြီးသေးတဲ့သူတွေကို ရိုက်တယ်ဆိုတော့ ရိပေါ်ကရောအခြားသူငယ်ချင်းတွေလိုပဲအရိုက်ခံရမှာလား။ အိမ်စာမပြီးသေးလို့ အတန်းရှေ့ခေါ်ထုတ်ပြီးကြိမ်လုံးနဲ့အဆော်ခံနေရတဲ့ သူငယ်ချင်းတွေကိုတစ်လှည့် ကြောက်စိတ်​ကြောင့်ငိုတော့မယောင်ဖြစ်နေတဲ့ ရိပေါ်ကိုတစ်လှည့်ကြည့်ရင်း ရှောင်းကျန့်တစ်ယောက်အကြံထုတ်နေမိသည်။ ကြိမ်လုံးနဲ့အရိုက်ခံရရင် အရမ်းနာတယ်လို့သူကြားဖူးသည်။ ရိပေါ်အသားကဖြူဖြူနုနုလေးတွေမို့ သူများတွေထက်ပိုပြီးနာလိမ့်မည်ထင်သည်။

ရိပေါ်ကိုတော့အရိုက်မခံစေချင်ပါ။ ဒါပေမယ့် တဖြည်းဖြည်းနဲ့ ဆရာမကသူတို့ထိုင်နေတဲ့အတန်းနားကိုရောက်လာတော့မည်ဖြစ်သည်။ ရှောင်းကျန့်ရဲ့ဦးနှောက်သေးသေးလေးကအသဲအသန်စဥ်းစားနေရင်း ကြံရာမရတော့တဲ့အဆုံး

"အား... ဆရာမသားဗိုက်ထဲက အရမ်းအောင့်တာပဲ ..... လုပ်ပါဦး ဆရာမ.. သားသေတော့မှာလားမသိဘူး"

ခုံမှာထိုင်နေရာကနေ ရုတ်တရက်ကြီးမြေပေါ်မှာလူးလှိမ့်ကာ အော်ဟစ်ငြီးတွားနေတဲ့ရှောင်းကျန့်ကြောင့် ရိပေါ်လန့်ဖြန့်ပြီး မတ်တပ်ထရပ်လိုက်မိသည်။ ဘာလုပ်လို့ဘာကိုင်ရမှန်းမသိဖြစ်နေရင်း ရှောင်းကျန့်ဘေးမှာဖင်ချထိုင်လိုက်တော့ ရှောင်းကျန့်ကသူ့နား,နားကပ်ရင်း

"ငါကျောင်းဆေးခန်းသွားနေတုန်း ငါ့စာအုပ်ထဲကနေအိမ်စာကိုအမြန်ကူးချလိုက်"

ရှောင်းကျန့်ကသူ့ကိုပြောပြီးတာနဲ့ တစ်ဖန်ပြန်ပြီးလူးလှိမ့်နေပြန်တာမို့ ဆရာမကရှောင်းကျန့်တကယ်ဗိုက်အောင့်နေတယ်ထင်ပြီး ပြာပြာသလဲလဲဖြင့် ရှောင်းကျန့်ကိုချီကာ ကျောင်းဆေးခန်းကိုခေါ်သွားလေသည်။ ရိပေါ်မှာတော့ နေရာမှာပြန်ထိုင်ရင်း လက်ထဲမှာလည်းရှောင်းကျန့်ရဲ့အိမ်စာစာအုပ်ကိုတင်းတင်းဆုပ်ကိုင်ထားမိသည်။

"သားလေး ဘယ်လိုနေသေးလဲ။ ဗိုက်ထဲကရော အောင့်နေသေးလား"

ရှောင်းကျန့်ကိုစိတ်မချတဲ့ဆရာမက ဆေးပေးခန်းကပြန်ရောက်တာနဲ့ အိမ်ကိုပါပြန်ပို့ပေးလိုက်တာမို့ စိုးရိမ်လွန်တဲ့ပါးနဲ့မားက အိမ်ပြန်ရောက်တာနဲ့ သူ့ကိုကုတင်ပေါ်မှာလှဲနေစေကာ ဘေးကနေဝိုင်းအုံလို့မေးနေလေသည်။ သူကဗိုက်မအောင့်တော့ဘူးပြောလည်း စိတ်မချနိူင်ပဲ သူ့နားမှာပဲတောက်လျှောက်ထိုင်နေကာ တတွတ်တွတ်မေးနေတာမို့ ရှောင်းကျန့်စိတ်ရှုပ်လာသည်။

မားနဲ့ပါးက သူ့ကိုတကယ်နေမကောင်းဖြစ်တယ်ထင်ပြီး သူစားချင်တာမကျွေးပဲ သူမစားချင်တဲ့ဆန်ပြုတ်ကိုပဲ ဇွတ်အတင်းကျွေးနေလေသည်။ ပြီးတော့ သူမုန်းတဲ့ဆေးခါးခါးတွေလည်းတိုက်သေးသည်။

"ဟယ်.. ရိပေါ်လေးပါလား။ လာလေ သားငယ်လေး ... အခန်းထဲဝင်ခဲ့"

ဆူပုတ်ကောက်ချိတ်နေတဲ့ရှောင်းကျန့်က ရိပေါ်ဆိုတဲ့နာမည်ကြားတာနဲ့ ခေါင်းထောင်လာပြီး ရှေ့သွားလေးနှစ်ချောင်းပေါ်တဲ့အထိ ရယ်လိုက်မိသည်။ ရိပေါ်ကတော့ ထုံးစံအတိုင်းမှုန်ကုပ်ကုပ်ရုပ်လေးဖြင့် အခန်းထဲကိုဝင်လာကာ သူအိပ်နေတဲ့ကုတင်ပေါ်မှာငြိမ်ငြိမ်လေးဝင်ထိုင်လေသည်။

"ထမင်းစားပြီးပြီလား သားငယ်လေး။ မားတို့ဆီမှာ တစ်ခါတည်းစားသွားမလား"

ရိပေါ်က ငြိမ်ငြိမ်လေးမလှုပ်မယှက်ထိုင်နေရာကနေ ရှောင်းကျန့်ကိုတစ်ချက်လှမ်းကြည့်ရင်း ရှောင်းမားမားကိုခေါင်းငြိမ့်ပြလိုက်မိသည်။ ရှောင်းမားနဲ့ရှောင်းပါးကခပ်ပြုံးပြုံးဖြင့် အခန်းပြင်ကိုထွက်သွားပြီဆိုမှ ရိပေါ်ကသူယူလာတဲ့စာအုပ်ကို ရှောင်းကျန့်ဆီလှမ်းပေးလိုက်ရင်း

"မင်းဟန်ဆောင်တာပီလည်းမပီပြင်ဘူး။ တစ်ချိန်လုံး အော်ပဲအော်နေတာ နားတောင်အူထွက်တော့မယ်။ နောက်တစ်ခါ အဲ့လိုထပ်မလုပ်နဲ့ ငါသဘောမကျဘူး"

ရိပေါ်ကပြောချင်ရာပြောပြီးတာနဲ့ ကုတင်ပေါ်ကဆင်းကာ အခန်းအပြင်ကိုပြေးထွက်သွားလေသည်။ ကျန်ခဲ့တဲ့ရှောင်းကျန့်မှာသာ ကြောင်အနေရာမှ ရိပေါ်ရဲ့သဘောမကျဘူးဆိုတဲ့စကားကြောင့် ပါးပြင်ပေါ်မျက်ရည်တွေက ဘူးသီးလုံးတွေလိုတလိမ့်လိမ့်ကျဆင်းလာလေသည်။

ရိပေါ်ကသူ့ကို သဘောမကျဘူးလို့ပြောမှာကို ရှောင်းကျန့်ကသူမုန်းတဲ့ဆေးခါးခါးကြီးတွေသောက်ရမှာထက် အများကြီးပိုပြီးကြောက်ပါသည်။

ฅ^•ﻌ•^ฅ

ခေါ်တုန်းက ဝမ်မားကလှမ်းခေါ်တာပေမယ့် တကယ်တမ်းအိမ်ကိုပြန်လာတဲ့အခါမှာတော့ နှစ်ဖက်မိဘတွေနဲ့အတူ အမျိုးတွေကိုပါလူစုံတက်စုံတွေ့လိုက်ရတာမို့ ရှောင်း​ကျန့်ရော ရိပေါ်ရောမျက်လုံးပြူးသွားမိသည်။ အိမ်ထဲကိုဆက်မဝင်ရဲပဲ အဝမှာတင်ရစ်သီရစ်သီလုပ်နေတဲ့သူတို့နှစ်ယောက်ကိုမြင်တော့ ဝမ်မားကမျက်နှာရိပ်မျက်နှာကဲဖြင့် လာဝင်ထိုင်ဖို့အချက်ပြနေတာမို့ ရိပေါ်ခေါင်းကိုအတင်းခါပြနေမိသည်။

အမျိုးတွေစုံရင် ကိစ္စတစ်ခုကို ဘယ်လောက်ထိပုံကြီးချဲ့ပြီး ဘယ်လောက်ထိစကားတွေများသလဲဆိုတာ သူတို့နှစ်ယောက်လုံးသိနေတာပဲကို ကိုယ့်စိတ်ကိုယ့်သဘောနဲဲ အဲ့ဒီကြားထဲသွားထိုင်ရအောင်သူတို့ကရူးနေကြတာမှမဟုတ်တာ။

"သားတို့တောင်လာကြပြီပဲ။ လာ လာ.. ဒီနားမှာလာထိုင်ကြ"

အထာနပ်တဲ့ရှောင်းမားက သူတို့ရောက်တာကိုအခုမှသတိထားမိတဲ့ပုံဖြင့် ထိုင်နေရာကနေထလာကာ သူတို့နှစ်ယောက်ကိုဆွဲခေါ်သွားပြီး ဧည့်ခန်းထဲကထိုင်ခုံမှာ မျက်နှာချင်းဆိုင်ထိုင်စေလေသည်။

"အားကျန့်က ဒီအရွယ်တောင်ရောက်လာပြီလား။ အရပ်ကြီးကလည်းအရှည်ကြီးပဲကွယ်... လူချောကြီးဖြစ်နေပြီ။ ရုတ်တရက်လမ်းမှာတွေ့ရင်မှတ်မိမှာတောင်မဟုတ်ဘူး"

ရှောင်းကျန့်ဘေးမှာထိုင်နေတဲ့ မားရဲ့နှစ်ဝမ်းကွဲအစ်မတော်စပ်သူက ရှောင်းကျန့်ကိုကြည့်ကာ သဘောတကျပြုံးရင်း ခေါင်းတငြိမ့်ငြိမ့်ဖြင့်ပြောလာတာမို့ ရှောင်းကျန့်လည်ပင်းကိုပွတ်ရင်း အရှက်ပြေပြုံးပြလိုက်မိသည်။

"အန်တီတို့ကိုရော မှတ်မိသေးရဲ့လား"

"ဟုတ်ကဲ့ မှတ်မိပါတယ်ဗျ။ သားငယ်ငယ်က မားတို့နဲ့အတူချုံချင်းကိုလာလည်တုန်းက သားကိုချီပြီး ပေါင်မုန့်ဆိုင်ကိုခေါ်သွားပေးတဲ့အန်တီမဟုတ်လားဗျ။ အန်တီက သားငယ်ငယ်တုန်းကပုံစံနဲ့ ဘာမှမကွာခြားသွားတော့ မြင်တာနဲ့ကိုတန်းပြီးမှတ်မိနေတာ"

"အမလေး... ဒီကလေးတော်တော်အပြောချိုတာပဲ။ တကယ်တော့ ဒီအဘွားကြီးကအိုနေပါပြီကွယ်"

အချီးကျူးခံလိုက်ရတဲ့ မားရဲ့ညီမဝမ်းကွဲဖြစ်သူအန်တီကတော့ သဘောကျမဆုံးတပြုံးပြုံးဖြစ်လို့နေသည်။ အမျိုးတွေအားလုံးကရှောင်းကျန့်နဲ့ပွဲကျနေသလောက် မျက်နှာချင်းဆိုင်ကနေကြည့်နေရတဲ့ရိပေါ် မှာတော့ ရှောင်းကျန့်မျက်နှာကြီးကို ဆွဲထိုးပစ်ချင်စိတ်တွေတဖွားဖွားဖြစ်လို့နေသည်။ အဲ့အပြောတွေ အဲ့အပြုံးတွေကြောင့်ပေါ့ သူရှောင်းကျန့်ကိုအ​မြင်ကပ်နေရတာ။ ဘယ်သူနဲ့ပဲတွေ့တွေ့ဖော်ရွေနိူင်လွန်း ပွဲကျနိူင်လွန်းတဲ့အကျင့်က သူရှောင်းကျန့်ကိုအမြင်ကပ်ရခြင်းရဲ့အဓိကအချက်လို့ပင်ပြောလို့ရသည်။

"ရိပေါ်လေးကငယ်ငယ်က လုံးလုံးတုတ်တုတ်လေးမဟုတ်လား။ သူ့ကိုဝက်ပေါက်စလေးတွေနဲ့တူတယ်လို့ပြောလို့ စိတ်ဆိုးပြီးငိုရတာခဏခဏပဲလေ။ မျက်စိရှေ့မှာတင် ထိန်းလာခဲ့တဲ့ကလေးတွေက အခုတော့လူကြီးလေးတွေဖြစ်ကုန်ကြပြီ"

တစ်ချိန်လုံးငြိမ်ပြီးထိုင်နေတဲ့ ရိပေါ်ကိုခပ်ပြုံးပြုံးနဲ့ကြည့်ရင်းပြောလာတဲ့အမျိုးတွေရဲ့စကားကြောင့် ရိပေါ်မျက်နှာလေးကပိုလို့ဆူပုတ်သွားတော့သည်။ အဲ့တာကြောင့် အမျိုးတွေစုံရင် မလာချင်တာပေါ့။ ထစ်ခနဲရှိ ငယ်ကျိုးငယ်နာပဲဖော်ချင်နေကြတာ။ ကလေးပဲဝမှာပေါ့။ ဘာများထူးဆန်းနေလို့လဲ။

"အန်တီကတော့ တော်တော်အိုသွားတယ်နော်။ ပိုပြီးလည်းဝလာတယ်။ နောက်ဆိုထိုင်ခုံတစ်ခုံထဲနဲ့တောင်လောက်မှာမဟုတ်တော့ဘူး"

ဒုတ်ထိုးအိုးပေါက်ပြောလိုက်တဲ့ရိပေါ်ရဲ့စကားကြောင့် ပြုံးရယ်နေတဲ့အမျိုးတွေရဲ့မျက်နှာက ဆက်ရယ်ရမလိုလို စိတ်ဆိုးရမလိုလိုဖြင့် မအီမသာဖြစ်သွားကြလေသည်။ ရှောင်းကျန့်ကတော့ သူ့အကြောင်းသိနေတာမို့ ခေါင်းတခါခါဖြင့်ကြိတ်ရယ်နေသည်။ ဝမ်မားကတော့ အားတုံ့အားနာမျက်နှာထားဖြင့် မျက်နှာချိုးသွေးနေရသည်။

"ဒါနဲ့ နောက်ထပ်ခြောက်လဆိုတာကြီးက မကြာလွန်းဘူးလားဟယ်။ ငါ့အလိုဆိုရင်တော့ ကလေးတွေကိုအမြန်ဆုံးလက်ထပ်ပေးလိုက်ချင်တာ"

"ဟုတ်တယ် ဟုတ်တယ်.. ငါလည်းအဲ့တာကိုပြောချင်နေတာ။ အခုခေတ်ကြီးကလွယ်တာမဟုတ်ဘူး။ ချောချောလှလှမြင်တာနဲ့ ပိုင်ရှင်ရှိလည်းအမိဖမ်းချင်နေကြတာ"

"ငါကတော့ အစကငါတို့ကလေးနှစ်ယောက်ကို မဟုတ်တဲ့မိန်းကလေးတွေနဲ့တွေ့သွားမှာစိုးရိမ်နေတာ။ ကလေးတွေကိုဒီလိုမြင်ရတော့ သိပ်ဝမ်းသာတာပဲဟယ်"

ဤသို့ ဤသို့..အမျိုးတွေရဲ့တစ်ယောက်တစ်ပေါက်စကားသံတွေကြား ကာယကံရှင်ဖြစ်တဲ့ရိပေါ်နဲ့ရှောင်းကျန့်တို့ရဲ့မိဘတွေခမျာ ဘာပြောရမှန်းမသိပဲ ဆွံအနေကြလေသည်။

"ကလေးတွေက လောလောဆယ်ကျောင်းမပြီးသေးတော့ ကျွန်မတို့ကအချိန်ပေးထားတဲ့သဘောပါ။ ခြောက်လဆိုတာကလည်း ခဏလေးနဲ့ကုန်သွားမှာပါ ဟုတ်တယ်မလားအစ်မ"

ဝမ်မားကကိုယ့်သားတွေအကြောင်းကိုသိနေတဲ့သူမို့ စကားကိုကြည့်ကောင်းအောင်ထိန်းကြောင်းပြောရင်း ဘေးမှာထိုင်နေတဲ့ရှောင်းမားကိုတံတောင်နဲ့ထိုးရင်းအဖော်ညှိလေသည်။ ရှောင်းမားကလည်း ကြောင်အနေရာမှ ယောင်နနဖြင့်ခေါင်းညိမ့်ပြနေသည်။ အမျိုးတွေကတော့ ဝမ်မားရဲ့စကားကိုလက်ခံချင်ပုံမရပဲ သူတို့နှစ်ယောက်ကိုအမြန်လက်ထပ်ပေးဖို့အရေးပဲ စိတ်အားထက်သန်နေကြသည်။ ဒါတောင် မားတို့ဘက်ကအခြေအနေတွေအားလုံးကိုမပြောပြထားပဲ သူတို့နှစ်ယောက်ကတွဲနေကြတယ်ဆိုရုံလောက်သာ အသိပေးထားကြတာဖြစ်သည်။

အကယ်၍သာ သူတို့နှစ်ယောက်အတူအိပ်ခဲ့ပြီးတဲ့အကြောင်း ရှေးရိုးဆန်တဲ့ဒီအမျိုးတွေသိသွားလို့ကတော့ သူတို့ကိုအခုချက်ချင်းပင်ရုံးကိုဆွဲခေါ်သွားပြီး လက်ထပ်မှတ်ပုံတင်လုပ်ခိုင်းလောက်သည်။

"ကဲ ကဲ... သားတို့ရောက်ပြီးမှတော့ထမင်းစားသွားကြနော်။ မားပြင်ခိုင်းလိုက်မယ်"

ရှောင်းမားကအခြေအနေကိုဝင်ထိန်းတဲ့အနေဖြင့် စကားလမ်းကြောင်းပြောင်းလိုက်တာမို့ ရိပေါ်တို့အနေနဲ့စားချင်စိတ်ရှိမနေပေမယ့်လည်း ခေါင်းညိမ့်လို့လက်ခံလိုက်ရသည်။ ထမင်းစားဝိုင်းရောက်တော့လည်း အမျိုးတွေအားလုံးနဲ့စုံညီစားကြတာမို့ လူများရင်မနေတတ်တဲ့ရိပေါ်က ရေချည်းပဲတစ်ခွက်ပြီးတစ်ခွက်သောက်နေလေသည်။ ဒါကိုသတိထားမိတဲ့ရှောင်းကျန့်က ရိပေါ်ပန်းကန်ထဲ အရွက်ကြော်ထည့်ပေးရင်း

"ဘာဖြစ်လို့လဲရိပေါ်.... စားလို့မကောင်းလို့လား"

"မဟုတ်ပါဘူး ငါဗိုက်မဆာသေးလို့"

ပြောပြီးတာနဲ့ ရိပေါ်ကရေထပ်သောက်ဖို့ပြင်နေပြန်တာမို့ ရှောင်းကျန့်ကရေခွက်ကိုင်ထားတဲ့ရိပေါ်ရဲ့လက်ကိုလှမ်းဆွဲထားလိုက်မိသည်။

"ဗိုက်မဆာရင်တောင် ရေတွေချည်းအရမ်းသောက်မနေနဲ့။ အစာမစားချင်ပဲနေလိမ့်မယ်"

"ငါ့ဖာသာငါရေဆာလို့သောက်တာဘာဖြစ်လဲ။ နေရာတကာဆရာကြီးမလုပ်စမ်းပါနဲ့"

နဂိုထဲကမှစိတ်မကြည်မလင်ဖြစ်နေတဲ့ရိပေါ်က မဲစရာလူရှာတွေ့သွားသလိုမျိုးဖြင့် ရှောင်းကျန့်ဆီဒေါသပုံချတော့သည်။ ရိပေါ်တို့နှစ်ယောက်က တိုးကြိတ်တိုးကြိတ်ပြောနေကြပေမယ့် ထမင်းဝိုင်းမှာရှိတဲ့သူတွေအားလုံးက သူတို့နှစ်ယောက်ကိုပဲပစ်မှတ်ထားပြီးကြည့်နေကြတာမို့ တိတ်ဆိတ်နေတဲ့ထမင်းဝိုင်းမှာ ရိပေါ်ရဲ့အသံကသိသိသာသာကိုထွက်သွားလေသည်။

"ရိပေါ် အားကျန့်ကသားကိုစိတ်ပူလို့ပြောတာကို အဲ့လိုပဲပြန်ပြောရလား။ အားကျန့်ကိုအနိူင်မကျင့်ရဘူးလို့ မားပြောထားတယ်နော်"

အမျိုးတွေစုံညီအရှေ့မှာ အဆူခံလိုက်ရတဲ့ရိပေါ်ရဲ့မျက်နှာကအလိုမကျမှုကြောင့်သုန်မှုန်သွားပြီး ရေခွက်ကိုစားပွဲပေါ်ဆောင့်ချလိုက်ကာ

"တွေ့လား မင်းကြောင့်ငါအဆူခံရတာ။ ကျေနပ်သွားပြီမဟုတ်လား"

ရိပေါ်ကစိတ်ဆိုးမာန်ဆိုးပြောပြီးတာနဲ့ ထမင်းစားဝိုင်းကနေထသွားကာ ကားသော့ယူပြီးထွက်သွားတာမို့ ရှောင်းကျန့်မှာလူကြီးတွေကိုပင်နှုတ်ဆက်စကားမပြောနိူင်ပဲ ရိပေါ်နောက်ကိုအမြန်ပြေးလိုက်သွားမိသည်။ တော်သေးသည်။ ရိပေါ်ကကားကိုစက်သာနှိုးထားပြီး ကားနောက်ခန်းမှာထိုင်ကာ သူ့ကိုစောင့်နေသည်။ ကြည့်ရတာ သူလိုက်လာမယ့်အကြောင်းကို ရိပေါ်ကကြိုသိနေပုံပင်။

ရိပေါ်ကကားမောင်းတတ်တယ်ဆိုပေမယ့် သူနဲ့အတူရှိတဲ့အချိန်တိုင်း ဘယ်သောအခါမှကားမောင်းလေ့မရှိပေ။ အမြဲတမ်း သူကမောင်းရပြီး ရိပေါ်ကတော့ ဘေးကlover seatမှာထိုင်ပြီး ကပ်စီးလေ့ရှိသည်။ ဒီနေ့လိုမျိုးသူ့ကိုစိတ်ဆိုးဒေါသထွက်တဲ့အချိန်တွေဆိုရင်တော့ ကားနောက်ခန်းကရိပေါ်ရဲ့အပိုင်ဖြစ်သွားတတ်သည်။ လမ်းတစ်လျှောက်လုံးရိပေါ်က သူ့ကိုဘာစကားမှမပြောပဲ ထိုင်ခုံနောက်မှီကိုမှီကာ မျက်လုံးမှိတ်ပြီးလိုက်လာတာမို့ သူလည်းကားကိုအာရုံစိုက်ပြီးမောင်းလာချိန် ဖုန်းမြည်လာသံကြောင့် bluetoothနားကြပ်ကိုနားမှာတပ်လိုက်မိသည်။

"အေး ယွီလန်ဘာကိစ္စရှိလို့လဲ"

"................"

"ငါကအခုအပြင်မှာ.."

"................"

"အင်း ဟုတ်တယ်။ ရိပေါ်လည်းပါတယ်"

"................."

"ဟုတ်ပြီ။ အဲ့တာဆို မနက်ဖြန်မှတွေ့တာပေါ့"

ဖုန်းချပြီးတာနဲ့ ဘာရယ်မဟုတ်နောက်ကြည့်မှန်ကနေတစ်ဆင့်အနောက်ခုံကိုလှမ်းကြည့်လိုက်တော့ သူ့ကိုဆူပုတ်ပုတ်ကြည့်နေတဲ့ ရိပေါ်ရဲ့ဒေါသမျက်လုံးတွေနဲ့ဆုံတာမို့ ကျောရိုးထဲပင်စိမ့်ခနဲဖြစ်သွားမိသည်။

"ဆင်း..."

"ဟမ်.."

"ကားပေါ်ကဆင်းလို့"

ရိပေါ်ကစိတ်မရှည်စွာဖြင့်ပြောရင်း ကိုယ်တိုင်ကပါကားပေါ်ကဆင်းသွားတာမို့ ရှောင်းကျန့်လည်းယောင်နနဖြင့် ကားပေါ်ကဆင်းလိုက်မိသည်။ သူကားအောက်ရောက်တာနဲ့ ရိပေါ်ကသူ့ကိုတွန်းတိုက်လို့ မောင်းသူနေရာမှာဝင်ထိုင်ကာ ကားစက်နှိုးနေတာကြောင့် သူအလန့်တကြားဖြစ်သွားမိသည်။

"ရိပေါ် ဘာလုပ်... ဟေ့ နေဦးလေ ရိပေါ် "

သူ့စကားပင်မဆုံးလိုက်ခင်မှာပဲ ရိပေါ်ကကားကိုတရှိန်ထိုးမောင်းထွက်သွားတာမို့ လမ်းလည်ခေါင်မှာသူတစ်ယောက်ထဲကျန်ခဲ့ရသည်။ ရိပေါ်က တစ်လမ်းလုံးအကောင်းကြီးကို အခုမှဘာထဖြစ်ရပြန်ပြီလဲ။ တစ်ခါတစ်လေကျရင် ရိပေါ်စိတ်ထဲဘာတွေဖြစ်နေသလဲဆိုတာကို သူတကယ်ကိုနားမလည်တော့ဘူးရယ်။

သူ့ပိုက်ဆံအိတ်က ကားပေါ်ပါသွားပေမယ့် ဖုန်းလေးကျန်ခဲ့လို့သာတော်တော့သည်။ တက္ကစီခေါ်ဖို့ပိုက်ဆံကလည်းမရှိတော့တာမို့ မတတ်နိူင်တဲ့အဆုံးဟွိုက်စန်းကိုပဲဖုန်းဆက်ကာ သူရောက်နေတဲ့နေရာကိုပြောပြီး လာခေါ်ခိုင်းရသည်။

ฅ^•ﻌ•^ฅ

"ရိပေါ် ထဦး.. ဆရာမဒီဘက်ကိုလှမ်းကြည့်နေပြီ"

lectureသင်နေတဲ့ဆရာမက စာရှင်းပြနေရင်းကနေ သူတို့ဘက်ကိုတစ်ချက်တစ်ချက်လှမ်းကြည့်နေတာမို့ ခုံပေါ်မှာမှောက်အိပ်နေတဲ့ရိပေါ်ကို လက်တို့လို့သတိပေးလိုက်မိသည်။ ဒါပေမယ့် အပျင်းတစ်နေတဲ့ရိပေါ်က သူ့စကားကိုဂရုမစိုက်လေဟန်ဖြင့် တစ်ဖက်ကိုပြန်လှည့်သွားပြီးတောင် ဆက်အိပ်နေသေးသည်။

ကျန်တဲ့အတန်းချိန်တွေဆို သူတို့နေချင်တိုင်းနေလို့ရပေမယ့် ဒီဆရာမကသူတို့ရဲ့မေဂျာဆရာမဖြစ်တဲ့အပြင် စည်းကမ်းလည်းအရမ်းတင်းကြပ်တာမို့ ကျောင်းသားတွေက အတန်းချိန်လစ်ဖို့နေနေသာသာ ငိုက်ပင်မငိုက်ရဲကြပေ။ အချိန်တိုင်းအတန်းလစ်ဖို့ပဲချောင်းနေတတ်တဲ့ ဟွိုက်စန်းနဲ့ကျင်းရီတို့ပင် တုပ်တုပ်မလှုပ်ရဲပဲ ငြိမ်နေကြရလေသည်။ သူတွေးနေတုန်းမှာပင် ဆရာမကသူတို့ဘက်ကိုလျှောက်လာတာမို့ ရိပေါ်ကိုအမြန်လှုပ်နှိုးဖို့ပြင်လိုက်ပေမယ့် ဆရာမကသူ့ကိုမျက်လုံးပြူးလို့စိုက်ကြည့်ရင်း ဘာမှမလုပ်ဖို့တားမြစ်လေသည်။

အားမလိုအားမရနဲ့ သူကြည့်နေတုန်းမှာပင် ဆရာမကသူတို့ခုံနားကိုရောက်လာပြီး ​မှောက်အိပ်နေတဲ့ရိပေါ်ရဲ့ပခုံးကိုခပ်ဆတ်ဆတ်ပုတ်ပြီး လှုပ်နှိုးလိုက်တာမို့ ရိပေါ်ပါးစပ်ကဘာမှမပြောလိုက်ဖို့သူ့စိတ်ထဲကနေကြိတ်ပြီးဆုတောင်းနေမိသည်။ ဒါပေမယ့်သူ့ဆုတောင်းမပြည့်လိုက်ပါချေ။

"ဘယ်လိုဖြစ်နေတာလဲ ရှောင်းကျန့်ရာ။ ဆရာမကဘာတွေသင်နေမှန်းလည်းသိတာမဟုတ်ဘူး။ ငါအေးဆေးအိပ်ပါရစေ"

အိပ်ချင်မူးတူးထပြောလိုက်တဲ့ ရိပေါ်ရဲ့စကားကြောင့် ဆရာမကဒေါသပုန်ထသွားပြီး မျက်နှာကြီးကတဖြည်းဖြည်းနဲ့ရှုံ့မဲ့လို့နီရဲလာလေသည်။ ဒီအတိုင်းထားရင် ပိုဆိုးတော့မှာမို့ သူလည်းဆရာမပြောမှာကိုဂရုစိုက်မနေတော့ပဲ ရိပေါ်ရဲ့ပခုံးကိုခပ်ကြမ်းကြမ်းလှုပ်နှိုးကာ

"ရိပေါ် ဆရာမဘေးမှာရောက်နေပြီ"

ဒီတော့မှရိပေါ်ကပြာပြာသလဲလဲဖြင့် ခေါင်းထောင်လာပြီး မျက်လုံးကိုအတင်းပြူးပြဲဖွင့်လို့ သူ့ကိုတစ်လှည့် ဆရာမကိုတစ်လှည့်ကြည့်ပြီး တဟဲဟဲနဲ့သွားဖြဲပြလေသည်။

"ဆရာမ သားကလေ ဟို.. ဟိုဟာ...."

"ဘာမှဟိုဟိုဒီဒီတွေပြောမနေနဲ့ရိပေါ်.. သွား အခုချက်ချင်း ငါ့အတန်းထဲကထွက်သွားစမ်း"

ဆရာမကရှင်းပြလည်းလက်ခံမယ့်ပုံမပေါ်တာမို့ ရိပေါ်လည်းဘာမှဆက်ပြောဖို့မကြိုးစားတော့ပဲ ကျောပိုးအိတ်ကိုဆွဲယူကာ အတန်းပြင်ကိုထွက်လာလိုက်တော့သည်။ အတန်းထဲကထွက်သွားဆိုတော့လည်း ထွက်သွားရုံပေါ့။ ဘာအရေးမှတ်လို့။ ဘယ်သူကရော အရမ်းအတန်းတက်ချင်နေတယ်လို့ထင်လို့လဲ ဟွန့်။

ဂျစ်ကန်ကန်မျက်နှာဖြင့် ကျောပိုးအိတ်ကိုဆွဲယူပြီး အခန်းထဲကနေကော့တော့ကော့တော့ဖြင့်ထွက်သွားတဲ့ရိပေါ်ကြောင့် သူအနောက်ကနေလိုက်သွားဖို့ပြင်တော့ ဆရာမကမျက်မှန်ကိုပင့်တင်လို့သူ့ကိုကြည့်ရင်း

"ရှောင်းကျန့်မင်းက ကျောင်းရဲ့ဂုဏ်ဆောင်ကျောင်းသားတစ်ယောက်ဆိုတာမမေ့နဲ့။ ဆရာမဒါပဲပြောချင်တယ်"

သူလည်းဆရာမစကားကိုကြားပေမယ့် မသိကျိုးကျွံပြုရင်း ရိပေါ်အနောက်ကိုသာပြေးလိုက်သွားမိသည်။ ရိပေါ်တစ်ယောက်နဲ့တော့ ခက်ပါသည်။


အိုင့်မွေးလရဲ့ပထမဆုံးရက်လေးမှာ အပ်ပုဒိတ်လေးလာပါတယ်နော် ဟွီးဟွီး




Zawgyi

"ကဲ... မေန႕ကအိမ္စာေပးလိုက္တာေတြလုပ္ခဲ့လားလိုက္စစ္မယ္ေနာ္။ စာအုပ္ေတြဖြင့္ၿပီး ခုံေပၚမွာတင္ထားၾကပါ"

အတန္းပိုင္ဆရာမရဲ႕စကားဆုံးတာနဲ႕ ေရွာင္းက်န့္ကမဆိုင္းမတြပင္ spongbobေက်ာပိုးအိတ္အဝါေရာင္ေလးထဲက စာအုပ္ကိုထုတ္ၿပီး အေရွ႕ကစားပြဲေပၚမွာတင္ထားလိုက္သည္။ သူ႕ေဘးကရိေပၚကိုလွမ္းၾကည့္လိုက္ေတာ့ ေခါင္းကုတ္လိုက္ဖင္ကုတ္လိုက္ျဖင့္ ေက်ာပိုးအိတ္အေသးေလးထဲ ေမႊေႏွာက္ရွာေနေလသည္။ ခဏၾကာေတာ့ ငိုမဲ့မဲ့မ်က္ႏွာေလးျဖင့္ ဆရာမကိုတစ္လွည့္ ေျပာင္သလင္းခါေနတဲ့စာအုပ္ကိုတစ္လွည့္ၾကည့္ေနတာမို႔

"ဘာျဖစ္လို႔လဲ ရိေပၚ "

ေလသံေလးျဖင့္ ေမးလိုက္တဲ့သူ႕စကားအဆုံး ရိေပၚကသူ႕ဘက္ကိုဆတ္ခနဲလွည့္ၾကည့္ရင္း ေျပာင္သလင္းခါေနတဲ့စာမ်က္ႏွာကိုလက္ညိုးထိုးျပကာ

"ငါမေန႕က တီဗီဂိမ္းေဆာ့ရင္းအိပ္ေပ်ာ္သြားလို႔ အိမ္စာခုထိမေရးရေသးဘူး"

ရိေပၚစကားေၾကာင့္ ေရွာင္းက်န့္မ်က္လုံးျပဴးသြားမိသည္။ ဆရာမကအိမ္စာမၿပီးေသးတဲ့သူေတြကို ရိုက္တယ္ဆိုေတာ့ ရိေပၚကေရာအျခားသူငယ္ခ်င္းေတြလိုပဲအရိုက္ခံရမွာလား။ အိမ္စာမၿပီးေသးလို႔ အတန္းေရွ႕ေခၚထုတ္ၿပီးႀကိမ္လုံးနဲ႕အေဆာ္ခံေနရတဲ့ သူငယ္ခ်င္းေတြကိုတစ္လွည့္ ေၾကာက္စိတ္​ေၾကာင့္ငိုေတာ့မေယာင္ျဖစ္ေနတဲ့ ရိေပၚကိုတစ္လွည့္ၾကည့္ရင္း ေရွာင္းက်န့္တစ္ေယာက္အႀကံထုတ္ေနမိသည္။ ႀကိမ္လုံးနဲ႕အရိုက္ခံရရင္ အရမ္းနာတယ္လို႔သူၾကားဖူးသည္။ ရိေပၚအသားကျဖဴျဖဴႏုႏုေလးေတြမို႔ သူမ်ားေတြထက္ပိုၿပီးနာလိမ့္မည္ထင္သည္။

ရိေပၚကိုေတာ့အရိုက္မခံေစခ်င္ပါ။ ဒါေပမယ့္ တျဖည္းျဖည္းနဲ႕ ဆရာမကသူတို႔ထိုင္ေနတဲ့အတန္းနားကိုေရာက္လာေတာ့မည္ျဖစ္သည္။ ေရွာင္းက်န့္ရဲ႕ဦးေႏွာက္ေသးေသးေလးကအသဲအသန္စဥ္းစားေနရင္း ႀကံရာမရေတာ့တဲ့အဆုံး

"အား... ဆရာမသားဗိုက္ထဲက အရမ္းေအာင့္တာပဲ ..... လုပ္ပါဦး ဆရာမ.. သားေသေတာ့မွာလားမသိဘူး"

ခုံမွာထိုင္ေနရာကေန ႐ုတ္တရက္ႀကီးေျမေပၚမွာလူးလွိမ့္ကာ ေအာ္ဟစ္ၿငီးတြားေနတဲ့ေရွာင္းက်န့္ေၾကာင့္ ရိေပၚလန့္ျဖန့္ၿပီး မတ္တပ္ထရပ္လိုက္မိသည္။ ဘာလုပ္လို႔ဘာကိုင္ရမွန္းမသိျဖစ္ေနရင္း ေရွာင္းက်န့္ေဘးမွာဖင္ခ်ထိဳင္လိုက္ေတာ့ ေရွာင္းက်န့္ကသူ႕နား,နားကပ္ရင္း

"ငါေက်ာင္းေဆးခန္းသြားေနတုန္း ငါ့စာအုပ္ထဲကေနအိမ္စာကိုအျမန္ကူးခ်လိဳက္"

ေရွာင္းက်န့္ကသူ႕ကိုေျပာၿပီးတာနဲ႕ တစ္ဖန္ျပန္ၿပီးလူးလွိမ့္ေနျပန္တာမို႔ ဆရာမကေရွာင္းက်န့္တကယ္ဗိုက္ေအာင့္ေနတယ္ထင္ၿပီး ျပာျပာသလဲလဲျဖင့္ ေရွာင္းက်န့္ကိုခ်ီကာ ေက်ာင္းေဆးခန္းကိုေခၚသြားေလသည္။ ရိေပၚမွာေတာ့ ေနရာမွာျပန္ထိုင္ရင္း လက္ထဲမွာလည္းေရွာင္းက်န့္ရဲ႕အိမ္စာစာအုပ္ကိုတင္းတင္းဆုပ္ကိုင္ထားမိသည္။

"သားေလး ဘယ္လိုေနေသးလဲ။ ဗိုက္ထဲကေရာ ေအာင့္ေနေသးလား"

ေရွာင္းက်န့္ကိုစိတ္မခ်တဲ့ဆရာမက ေဆးေပးခန္းကျပန္ေရာက္တာနဲ႕ အိမ္ကိုပါျပန္ပို႔ေပးလိုက္တာမို႔ စိုးရိမ္လြန္တဲ့ပါးနဲ႕မားက အိမ္ျပန္ေရာက္တာနဲ႕ သူ႕ကိုကုတင္ေပၚမွာလွဲေနေစကာ ေဘးကေနဝိုင္းအုံလို႔ေမးေနေလသည္။ သူကဗိုက္မေအာင့္ေတာ့ဘူးေျပာလည္း စိတ္မခ်နိဴင္ပဲ သူ႕နားမွာပဲေတာက္ေလွ်ာက္ထိုင္ေနကာ တတြတ္တြတ္ေမးေနတာမို႔ ေရွာင္းက်န့္စိတ္ရႈပ္လာသည္။

မားနဲ႕ပါးက သူ႕ကိုတကယ္ေနမေကာင္းျဖစ္တယ္ထင္ၿပီး သူစားခ်င္တာမေကြၽးပဲ သူမစားခ်င္တဲ့ဆန္ျပဳတ္ကိုပဲ ဇြတ္အတင္းေကြၽးေနေလသည္။ ၿပီးေတာ့ သူမုန္းတဲ့ေဆးခါးခါးေတြလည္းတိုက္ေသးသည္။

"ဟယ္.. ရိေပၚေလးပါလား။ လာေလ သားငယ္ေလး ... အခန္းထဲဝင္ခဲ့"

ဆူပုတ္ေကာက္ခ်ိတ္ေနတဲ့ေရွာင္းက်န့္က ရိေပၚဆိုတဲ့နာမည္ၾကားတာနဲ႕ ေခါင္းေထာင္လာၿပီး ေရွ႕သြားေလးႏွစ္ေခ်ာင္းေပၚတဲ့အထိ ရယ္လိုက္မိသည္။ ရိေပၚကေတာ့ ထုံးစံအတိုင္းမႈန္ကုပ္ကုပ္႐ုပ္ေလးျဖင့္ အခန္းထဲကိုဝင္လာကာ သူအိပ္ေနတဲ့ကုတင္ေပၚမွာၿငိမ္ၿငိမ္ေလးဝင္ထိုင္ေလသည္။

"ထမင္းစားၿပီးၿပီလား သားငယ္ေလး။ မားတို႔ဆီမွာ တစ္ခါတည္းစားသြားမလား"

ရိေပၚက ၿငိမ္ၿငိမ္ေလးမလႈပ္မယွက္ထိုင္ေနရာကေန ေရွာင္းက်န့္ကိုတစ္ခ်က္လွမ္းၾကည့္ရင္း ေရွာင္းမားမားကိုေခါင္းၿငိမ့္ျပလိုက္မိသည္။ ေရွာင္းမားနဲ႕ေရွာင္းပါးကခပ္ၿပဳံးၿပဳံးျဖင့္ အခန္းျပင္ကိုထြက္သြားၿပီဆိုမွ ရိေပၚကသူယူလာတဲ့စာအုပ္ကို ေရွာင္းက်န့္ဆီလွမ္းေပးလိုက္ရင္း

"မင္းဟန္ေဆာင္တာပီလည္းမပီျပင္ဘူး။ တစ္ခ်ိန္လုံး ေအာ္ပဲေအာ္ေနတာ နားေတာင္အူထြက္ေတာ့မယ္။ ေနာက္တစ္ခါ အဲ့လိုထပ္မလုပ္နဲ႕ ငါသေဘာမက်ဘဴး"

ရိေပၚကေျပာခ်င္ရာေျပာၿပီးတာနဲ႕ ကုတင္ေပၚကဆင္းကာ အခန္းအျပင္ကိုေျပးထြက္သြားေလသည္။ က်န္ခဲ့တဲ့ေရွာင္းက်န့္မွာသာ ေၾကာင္အေနရာမွ ရိေပၚရဲ႕သေဘာမက်ဘဴးဆိုတဲ့စကားေၾကာင့္ ပါးျပင္ေပၚမ်က္ရည္ေတြက ဘူးသီးလုံးေတြလိုတလိမ့္လိမ့္က်ဆင္းလာေလသည္။

ရိေပၚကသူ႕ကို သေဘာမက်ဘဴးလို႔ေျပာမွာကို ေရွာင္းက်န့္ကသူမုန္းတဲ့ေဆးခါးခါးႀကီးေတြေသာက္ရမွာထက္ အမ်ားႀကီးပိုၿပီးေၾကာက္ပါသည္။

ฅ^•ﻌ•^ฅ

ေခၚတုန္းက ဝမ္မားကလွမ္းေခၚတာေပမယ့္ တကယ္တမ္းအိမ္ကိုျပန္လာတဲ့အခါမွာေတာ့ ႏွစ္ဖက္မိဘေတြနဲ႕အတူ အမ်ိဳးေတြကိုပါလူစုံတက္စုံေတြ႕လိုက္ရတာမို႔ ေရွာင္း​က်န့္ေရာ ရိေပၚေရာမ်က္လုံးျပဴးသြားမိသည္။ အိမ္ထဲကိုဆက္မဝင္ရဲပဲ အဝမွာတင္ရစ္သီရစ္သီလုပ္ေနတဲ့သူတို႔ႏွစ္ေယာက္ကိုျမင္ေတာ့ ဝမ္မားကမ်က္ႏွာရိပ္မ်က္ႏွာကဲျဖင့္ လာဝင္ထိုင္ဖို႔အခ်က္ျပေနတာမို႔ ရိေပၚေခါင္းကိုအတင္းခါျပေနမိသည္။

အမ်ိဳးေတြစုံရင္ ကိစၥတစ္ခုကို ဘယ္ေလာက္ထိပုံႀကီးခ်ဲ့ၿပီး ဘယ္ေလာက္ထိစကားေတြမ်ားသလဲဆိုတာ သူတို႔ႏွစ္ေယာက္လုံးသိေနတာပဲကို ကိုယ့္စိတ္ကိုယ့္သေဘာနဲဲ အဲ့ဒီၾကားထဲသြားထိုင္ရေအာင္သူတို႔က႐ူးေနၾကတာမွမဟုတ္တာ။

"သားတို႔ေတာင္လာၾကၿပီပဲ။ လာ လာ.. ဒီနားမွာလာထိုင္ၾက"

အထာနပ္တဲ့ေရွာင္းမားက သူတို႔ေရာက္တာကိုအခုမွသတိထားမိတဲ့ပုံျဖင့္ ထိုင္ေနရာကေနထလာကာ သူတို႔ႏွစ္ေယာက္ကိုဆြဲေခၚသြားၿပီး ဧည့္ခန္းထဲကထိုင္ခုံမွာ မ်က္ႏွာခ်င္းဆိုင္ထိုင္ေစေလသည္။

"အားက်န့္က ဒီအ႐ြယ္ေတာင္ေရာက္လာၿပီလား။ အရပ္ႀကီးကလည္းအရွည္ႀကီးပဲကြယ္... လူေခ်ာႀကီးျဖစ္ေနၿပီ။ ႐ုတ္တရက္လမ္းမွာေတြ႕ရင္မွတ္မိမွာေတာင္မဟုတ္ဘူး"

ေရွာင္းက်န့္ေဘးမွာထိုင္ေနတဲ့ မားရဲ႕ႏွစ္ဝမ္းကြဲအစ္မေတာ္စပ္သူက ေရွာင္းက်န့္ကိုၾကည့္ကာ သေဘာတက်ၿပဳံးရင္း ေခါင္းတၿငိမ့္ၿငိမ့္ျဖင့္ေျပာလာတာမို႔ ေရွာင္းက်န့္လည္ပင္းကိုပြတ္ရင္း အရွက္ေျပၿပဳံးျပလိုက္မိသည္။

"အန္တီတို႔ကိုေရာ မွတ္မိေသးရဲ႕လား"

"ဟုတ္ကဲ့ မွတ္မိပါတယ္ဗ်။ သားငယ္ငယ္က မားတို႔နဲ႕အတူခ်ဳံခ်င္းကိုလာလည္တုန္းက သားကိုခ်ီၿပီး ေပါင္မုန့္ဆိုင္ကိုေခၚသြားေပးတဲ့အန္တီမဟုတ္လားဗ်။ အန္တီက သားငယ္ငယ္တုန္းကပုံစံနဲ႕ ဘာမွမကြာျခားသြားေတာ့ ျမင္တာနဲ႕ကိုတန္းၿပီးမွတ္မိေနတာ"

"အမေလး... ဒီကေလးေတာ္ေတာ္အေျပာခ်ိဳတာပဲ။ တကယ္ေတာ့ ဒီအဘြားႀကီးကအိုေနပါၿပီကြယ္"

အခ်ီးက်ဴးခံလိုက္ရတဲ့ မားရဲ႕ညီမဝမ္းကြဲျဖစ္သူအန္တီကေတာ့ သေဘာက်မဆုံးတၿပဳံးၿပဳံးျဖစ္လို႔ေနသည္။ အမ်ိဳးေတြအားလုံးကေရွာင္းက်န့္နဲ႕ပြဲက်ေနသေလာက္ မ်က္ႏွာခ်င္းဆိုင္ကေနၾကည့္ေနရတဲ့ရိေပၚ မွာေတာ့ ေရွာင္းက်န့္မ်က္ႏွာႀကီးကို ဆြဲထိုးပစ္ခ်င္စိတ္ေတြတဖြားဖြားျဖစ္လို႔ေနသည္။ အဲ့အေျပာေတြ အဲ့အၿပဳံးေတြေၾကာင့္ေပါ့ သူေရွာင္းက်န့္ကိုအ​ျမင္ကပ္ေနရတာ။ ဘယ္သူနဲ႕ပဲေတြ႕ေတြ႕ေဖာ္ေ႐ြနိူင္လြန္း ပြဲက်နိဴင္လြန္းတဲ့အက်င့္က သူေရွာင္းက်န့္ကိုအျမင္ကပ္ရျခင္းရဲ႕အဓိကအခ်က္လို႔ပင္ေျပာလို႔ရသည္။

"ရိေပၚေလးကငယ္ငယ္က လုံးလုံးတုတ္တုတ္ေလးမဟုတ္လား။ သူ႕ကိုဝက္ေပါက္စေလးေတြနဲ႕တူတယ္လို႔ေျပာလို႔ စိတ္ဆိုးၿပီးငိုရတာခဏခဏပဲေလ။ မ်က္စိေရွ႕မွာတင္ ထိန္းလာခဲ့တဲ့ကေလးေတြက အခုေတာ့လူႀကီးေလးေတြျဖစ္ကုန္ၾကၿပီ"

တစ္ခ်ိန္လုံးၿငိမ္ၿပီးထိုင္ေနတဲ့ ရိေပၚကိုခပ္ၿပဳံးၿပဳံးနဲ႕ၾကည့္ရင္းေျပာလာတဲ့အမ်ိဳးေတြရဲ႕စကားေၾကာင့္ ရိေပၚမ်က္ႏွာေလးကပိုလို႔ဆူပုတ္သြားေတာ့သည္။ အဲ့တာေၾကာင့္ အမ်ိဳးေတြစုံရင္ မလာခ်င္တာေပါ့။ ထစ္ခနဲရွိ ငယ္က်ိဳးငယ္နာပဲေဖာ္ခ်င္ေနၾကတာ။ ကေလးပဲဝမွာေပါ့။ ဘာမ်ားထူးဆန္းေနလို႔လဲ။

"အန္တီကေတာ့ ေတာ္ေတာ္အိုသြားတယ္ေနာ္။ ပိုၿပီးလည္းဝလာတယ္။ ေနာက္ဆိုထိုင္ခုံတစ္ခုံထဲနဲ႕ေတာင္ေလာက္မွာမဟုတ္ေတာ့ဘူး"

ဒုတ္ထိုးအိုးေပါက္ေျပာလိုက္တဲ့ရိေပၚရဲ႕စကားေၾကာင့္ ၿပဳံးရယ္ေနတဲ့အမ်ိဳးေတြရဲ႕မ်က္ႏွာက ဆက္ရယ္ရမလိုလို စိတ္ဆိုးရမလိုလိုျဖင့္ မအီမသာျဖစ္သြားၾကေလသည္။ ေရွာင္းက်န့္ကေတာ့ သူ႕အေၾကာင္းသိေနတာမို႔ ေခါင္းတခါခါျဖင့္ႀကိတ္ရယ္ေနသည္။ ဝမ္မားကေတာ့ အားတုံ႕အားနာမ်က္ႏွာထားျဖင့္ မ်က္ႏွာခ်ိဳးေသြးေနရသည္။

"ဒါနဲ႕ ေနာက္ထပ္ေျခာက္လဆိုတာႀကီးက မၾကာလြန္းဘူးလားဟယ္။ ငါ့အလိုဆိုရင္ေတာ့ ကေလးေတြကိုအျမန္ဆုံးလက္ထပ္ေပးလိုက္ခ်င္တာ"

"ဟုတ္တယ္ ဟုတ္တယ္.. ငါလည္းအဲ့တာကိုေျပာခ်င္ေနတာ။ အခုေခတ္ႀကီးကလြယ္တာမဟုတ္ဘူး။ ေခ်ာေခ်ာလွလွျမင္တာနဲ႕ ပိုင္ရွင္ရွိလည္းအမိဖမ္းခ်င္ေနၾကတာ"

"ငါကေတာ့ အစကငါတို႔ကေလးႏွစ္ေယာက္ကို မဟုတ္တဲ့မိန္းကေလးေတြနဲ႕ေတြ႕သြားမွာစိုးရိမ္ေနတာ။ ကေလးေတြကိုဒီလိုျမင္ရေတာ့ သိပ္ဝမ္းသာတာပဲဟယ္"

ဤသို႔ ဤသို႔..အမ်ိဳးေတြရဲ႕တစ္ေယာက္တစ္ေပါက္စကားသံေတြၾကား ကာယကံရွင္ျဖစ္တဲ့ရိေပၚနဲ႕ေရွာင္းက်န့္တို႔ရဲ႕မိဘေတြခမ်ာ ဘာေျပာရမွန္းမသိပဲ ဆြံအေနၾကေလသည္။

"ကေလးေတြက ေလာေလာဆယ္ေက်ာင္းမၿပီးေသးေတာ့ ကြၽန္မတို႔ကအခ်ိန္ေပးထားတဲ့သေဘာပါ။ ေျခာက္လဆိုတာကလည္း ခဏေလးနဲ႕ကုန္သြားမွာပါ ဟုတ္တယ္မလားအစ္မ"

ဝမ္မားကကိုယ့္သားေတြအေၾကာင္းကိုသိေနတဲ့သူမို႔ စကားကိုၾကည့္ေကာင္းေအာင္ထိန္းေၾကာင္းေျပာရင္း ေဘးမွာထိုင္ေနတဲ့ေရွာင္းမားကိုတံေတာင္နဲ႕ထိုးရင္းအေဖာ္ညွိေလသည္။ ေရွာင္းမားကလည္း ေၾကာင္အေနရာမွ ေယာင္နနျဖင့္ေခါင္းညိမ့္ျပေနသည္။ အမ်ိဳးေတြကေတာ့ ဝမ္မားရဲ႕စကားကိုလက္ခံခ်င္ပုံမရပဲ သူတို႔ႏွစ္ေယာက္ကိုအျမန္လက္ထပ္ေပးဖို႔အေရးပဲ စိတ္အားထက္သန္ေနၾကသည္။ ဒါေတာင္ မားတို႔ဘက္ကအေျခအေနေတြအားလုံးကိုမေျပာျပထားပဲ သူတို႔ႏွစ္ေယာက္ကတြဲေနၾကတယ္ဆို႐ုံေလာက္သာ အသိေပးထားၾကတာျဖစ္သည္။

အကယ္၍သာ သူတို႔ႏွစ္ေယာက္အတူအိပ္ခဲ့ၿပီးတဲ့အေၾကာင္း ေရွးရိုးဆန္တဲ့ဒီအမ်ိဳးေတြသိသြားလို႔ကေတာ့ သူတို႔ကိုအခုခ်က္ခ်င္းပင္႐ုံးကိုဆြဲေခၚသြားၿပီး လက္ထပ္မွတ္ပုံတင္လုပ္ခိုင္းေလာက္သည္။

"ကဲ ကဲ... သားတို႔ေရာက္ၿပီးမွေတာ့ထမင္းစားသြားၾကေနာ္။ မားျပင္ခိုင္းလိုက္မယ္"

ေရွာင္းမားကအေျခအေနကိုဝင္ထိန္းတဲ့အေနျဖင့္ စကားလမ္းေၾကာင္းေျပာင္းလိုက္တာမို႔ ရိေပၚတို႔အေနနဲ႕စားခ်င္စိတ္ရွိမေနေပမယ့္လည္း ေခါင္းညိမ့္လို႔လက္ခံလိုက္ရသည္။ ထမင္းစားဝိုင္းေရာက္ေတာ့လည္း အမ်ိဳးေတြအားလုံးနဲ႕စုံညီစားၾကတာမို႔ လူမ်ားရင္မေနတတ္တဲ့ရိေပၚက ေရခ်ည္းပဲတစ္ခြက္ၿပီးတစ္ခြက္ေသာက္ေနေလသည္။ ဒါကိုသတိထားမိတဲ့ေရွာင္းက်န့္က ရိေပၚပန္းကန္ထဲ အ႐ြက္ေၾကာ္ထည့္ေပးရင္း

"ဘာျဖစ္လို႔လဲရိေပၚ.... စားလို႔မေကာင္းလို႔လား"

"မဟုတ္ပါဘူး ငါဗိုက္မဆာေသးလို႔"

ေျပာၿပီးတာနဲ႕ ရိေပၚကေရထပ္ေသာက္ဖို႔ျပင္ေနျပန္တာမို႔ ေရွာင္းက်န့္ကေရခြက္ကိုင္ထားတဲ့ရိေပၚရဲ႕လက္ကိုလွမ္းဆြဲထားလိုက္မိသည္။

"ဗိုက္မဆာရင္ေတာင္ ေရေတြခ်ည္းအရမ္းေသာက္မေနနဲ႕။ အစာမစားခ်င္ပဲေနလိမ့္မယ္"

"ငါ့ဖာသာငါေရဆာလို႔ေသာက္တာဘာျဖစ္လဲ။ ေနရာတကာဆရာႀကီးမလုပ္စမ္းပါနဲ႕"

နဂိုထဲကမွစိတ္မၾကည္မလင္ျဖစ္ေနတဲ့ရိေပၚက မဲစရာလူရွာေတြ႕သြားသလိုမ်ိဳးျဖင့္ ေရွာင္းက်န့္ဆီေဒါသပုံခ်ေတာ့သည္။ ရိေပၚတို႔ႏွစ္ေယာက္က တိုးႀကိတ္တိုးႀကိတ္ေျပာေနၾကေပမယ့္ ထမင္းဝိုင္းမွာရွိတဲ့သူေတြအားလုံးက သူတို႔ႏွစ္ေယာက္ကိုပဲပစ္မွတ္ထားၿပီးၾကည့္ေနၾကတာမို႔ တိတ္ဆိတ္ေနတဲ့ထမင္းဝိုင္းမွာ ရိေပၚရဲ႕အသံကသိသိသာသာကိုထြက္သြားေလသည္။

"ရိေပၚ အားက်န့္ကသားကိုစိတ္ပူလို႔ေျပာတာကို အဲ့လိုပဲျပန္ေျပာရလား။ အားက်န့္ကိုအနိူင္မက်င့္ရဘူးလို႔ မားေျပာထားတယ္ေနာ္"

အမ်ိဳးေတြစုံညီအေရွ႕မွာ အဆူခံလိုက္ရတဲ့ရိေပၚရဲ႕မ်က္ႏွာကအလိုမက်မႈေၾကာင့္သုန္မႈန္သြားၿပီး ေရခြက္ကိုစားပြဲေပၚေဆာင့္ခ်လိဳက္ကာ

"ေတြ႕လား မင္းေၾကာင့္ငါအဆူခံရတာ။ ေက်နပ္သြားၿပီမဟုတ္လား"

ရိေပၚကစိတ္ဆိုးမာန္ဆိုးေျပာၿပီးတာနဲ႕ ထမင္းစားဝိုင္းကေနထသြားကာ ကားေသာ့ယူၿပီးထြက္သြားတာမို႔ ေရွာင္းက်န့္မွာလူႀကီးေတြကိုပင္ႏႈတ္ဆက္စကားမေျပာနိူင္ပဲ ရိေပၚေနာက္ကိုအျမန္ေျပးလိုက္သြားမိသည္။ ေတာ္ေသးသည္။ ရိေပၚကကားကိုစက္သာႏွိုးထားၿပီး ကားေနာက္ခန္းမွာထိုင္ကာ သူ႕ကိုေစာင့္ေနသည္။ ၾကည့္ရတာ သူလိုက္လာမယ့္အေၾကာင္းကို ရိေပၚကႀကိဳသိေနပုံပင္။

ရိေပၚကကားေမာင္းတတ္တယ္ဆိုေပမယ့္ သူနဲ႕အတူရွိတဲ့အခ်ိန္တိုင္း ဘယ္ေသာအခါမွကားေမာင္းေလ့မရွိေပ။ အၿမဲတမ္း သူကေမာင္းရၿပီး ရိေပၚကေတာ့ ေဘးကlover seatမွာထိုင္ၿပီး ကပ္စီးေလ့ရွိသည္။ ဒီေန႕လိုမ်ိဳးသူ႕ကိုစိတ္ဆိုးေဒါသထြက္တဲ့အခ်ိန္ေတြဆိုရင္ေတာ့ ကားေနာက္ခန္းကရိေပၚရဲ႕အပိုင္ျဖစ္သြားတတ္သည္။ လမ္းတစ္ေလွ်ာက္လုံးရိေပၚက သူ႕ကိုဘာစကားမွမေျပာပဲ ထိုင္ခုံေနာက္မွီကိုမွီကာ မ်က္လုံးမွိတ္ၿပီးလိုက္လာတာမို႔ သူလည္းကားကိုအာ႐ုံစိုက္ၿပီးေမာင္းလာခ်ိန္ ဖုန္းျမည္လာသံေၾကာင့္ bluetoothနားၾကပ္ကိုနားမွာတပ္လိုက္မိသည္။

"ေအး ယြီလန္ဘာကိစၥရွိလို႔လဲ"

"................"

"ငါကအခုအျပင္မွာ.."

"................"

"အင္း ဟုတ္တယ္။ ရိေပၚလည္းပါတယ္"

"................."

"ဟုတ္ၿပီ။ အဲ့တာဆို မနက္ျဖန္မွေတြ႕တာေပါ့"

ဖုန္းခ်ၿပီးတာနဲ႕ ဘာရယ္မဟုတ္ေနာက္ၾကည့္မွန္ကေနတစ္ဆင့္အေနာက္ခုံကိုလွမ္းၾကည့္လိုက္ေတာ့ သူ႕ကိုဆူပုတ္ပုတ္ၾကည့္ေနတဲ့ ရိေပၚရဲ႕ေဒါသမ်က္လုံးေတြနဲ႕ဆုံတာမို႔ ေက်ာရိုးထဲပင္စိမ့္ခနဲျဖစ္သြားမိသည္။

"ဆင္း..."

"ဟမ္.."

"ကားေပၚကဆင္းလို႔"

ရိေပၚကစိတ္မရွည္စြာျဖင့္ေျပာရင္း ကိုယ္တိုင္ကပါကားေပၚကဆင္းသြားတာမို႔ ေရွာင္းက်န့္လည္းေယာင္နနျဖင့္ ကားေပၚကဆင္းလိုက္မိသည္။ သူကားေအာက္ေရာက္တာနဲ႕ ရိေပၚကသူ႕ကိုတြန္းတိုက္လို႔ ေမာင္းသူေနရာမွာဝင္ထိုင္ကာ ကားစက္ႏွိုးေနတာေၾကာင့္ သူအလန့္တၾကားျဖစ္သြားမိသည္။

"ရိေပၚ ဘာလုပ္... ေဟ့ ေနဦးေလ ရိေပၚ "

သူ႕စကားပင္မဆုံးလိုက္ခင္မွာပဲ ရိေပၚကကားကိုတရွိန္ထိုးေမာင္းထြက္သြားတာမို႔ လမ္းလည္ေခါင္မွာသူတစ္ေယာက္ထဲက်န္ခဲ့ရသည္။ ရိေပၚက တစ္လမ္းလုံးအေကာင္းႀကီးကို အခုမွဘာထျဖစ္ရျပန္ၿပီလဲ။ တစ္ခါတစ္ေလက်ရင္ ရိေပၚစိတ္ထဲဘာေတြျဖစ္ေနသလဲဆိုတာကို သူတကယ္ကိုနားမလည္ေတာ့ဘူးရယ္။

သူ႕ပိုက္ဆံအိတ္က ကားေပၚပါသြားေပမယ့္ ဖုန္းေလးက်န္ခဲ့လို႔သာေတာ္ေတာ့သည္။ တကၠစီေခၚဖို႔ပိုက္ဆံကလည္းမရွိေတာ့တာမို႔ မတတ္နိူင္တဲ့အဆုံးဟြိုက္စန္းကိုပဲဖုန္းဆက္ကာ သူေရာက္ေနတဲ့ေနရာကိုေျပာၿပီး လာေခၚခိုင္းရသည္။

ฅ^•ﻌ•^ฅ

"ရိေပၚ ထဦး.. ဆရာမဒီဘက္ကိုလွမ္းၾကည့္ေနၿပီ"

lectureသင္ေနတဲ့ဆရာမက စာရွင္းျပေနရင္းကေန သူတို႔ဘက္ကိုတစ္ခ်က္တစ္ခ်က္လွမ္းၾကည့္ေနတာမို႔ ခုံေပၚမွာေမွာက္အိပ္ေနတဲ့ရိေပၚကို လက္တို႔လို႔သတိေပးလိုက္မိသည္။ ဒါေပမယ့္ အပ်င္းတစ္ေနတဲ့ရိေပၚက သူ႕စကားကိုဂ႐ုမစိုက္ေလဟန္ျဖင့္ တစ္ဖက္ကိုျပန္လွည့္သြားၿပီးေတာင္ ဆက္အိပ္ေနေသးသည္။

က်န္တဲ့အတန္းခ်ိန္ေတြဆို သူတို႔ေနခ်င္တိုင္းေနလို႔ရေပမယ့္ ဒီဆရာမကသူတို႔ရဲ႕ေမဂ်ာဆရာမျဖစ္တဲ့အျပင္ စည္းကမ္းလည္းအရမ္းတင္းၾကပ္တာမို႔ ေက်ာင္းသားေတြက အတန္းခ်ိန္လစ္ဖို႔ေနေနသာသာ ငိုက္ပင္မငိုက္ရဲၾကေပ။ အခ်ိန္တိုင္းအတန္းလစ္ဖို႔ပဲေခ်ာင္းေနတတ္တဲ့ ဟြိုက္စန္းနဲ႕က်င္းရီတို႔ပင္ တုပ္တုပ္မလႈပ္ရဲပဲ ၿငိမ္ေနၾကရေလသည္။ သူေတြးေနတုန္းမွာပင္ ဆရာမကသူတို႔ဘက္ကိုေလွ်ာက္လာတာမို႔ ရိေပၚကိုအျမန္လႈပ္ႏွိုးဖို႔ျပင္လိုက္ေပမယ့္ ဆရာမကသူ႕ကိုမ်က္လုံးျပဴးလို႔စိုက္ၾကည့္ရင္း ဘာမွမလုပ္ဖို႔တားျမစ္ေလသည္။

အားမလိုအားမရနဲ႕ သူၾကည့္ေနတုန္းမွာပင္ ဆရာမကသူတို႔ခုံနားကိုေရာက္လာၿပီး ​ေမွာက္အိပ္ေနတဲ့ရိေပၚရဲ႕ပခုံးကိုခပ္ဆတ္ဆတ္ပုတ္ၿပီး လႈပ္ႏွိုးလိုက္တာမို႔ ရိေပၚပါးစပ္ကဘာမွမေျပာလိုက္ဖို႔သူ႕စိတ္ထဲကေနႀကိတ္ၿပီးဆုေတာင္းေနမိသည္။ ဒါေပမယ့္သူ႕ဆုေတာင္းမျပည့္လိုက္ပါေခ်။

"ဘယ္လိုျဖစ္ေနတာလဲ ေရွာင္းက်န့္ရာ။ ဆရာမကဘာေတြသင္ေနမွန္းလည္းသိတာမဟုတ္ဘူး။ ငါေအးေဆးအိပ္ပါရေစ"

အိပ္ခ်င္မူးတူးထေျပာလိုက္တဲ့ ရိေပၚရဲ႕စကားေၾကာင့္ ဆရာမကေဒါသပုန္ထသြားၿပီး မ်က္ႏွာႀကီးကတျဖည္းျဖည္းနဲ႕ရႈံ႕မဲ့လို႔နီရဲလာေလသည္။ ဒီအတိုင္းထားရင္ ပိုဆိုးေတာ့မွာမို႔ သူလည္းဆရာမေျပာမွာကိုဂ႐ုစိုက္မေနေတာ့ပဲ ရိေပၚရဲ႕ပခုံးကိုခပ္ၾကမ္းၾကမ္းလႈပ္ႏွိုးကာ

"ရိေပၚ ဆရာမေဘးမွာေရာက္ေနၿပီ"

ဒီေတာ့မွရိေပၚကျပာျပာသလဲလဲျဖင့္ ေခါင္းေထာင္လာၿပီး မ်က္လုံးကိုအတင္းျပဴးၿပဲဖြင့္လို႔ သူ႕ကိုတစ္လွည့္ ဆရာမကိုတစ္လွည့္ၾကည့္ၿပီး တဟဲဟဲနဲ႕သြားၿဖဲျပေလသည္။

"ဆရာမ သားကေလ ဟို.. ဟိုဟာ...."

"ဘာမွဟိုဟိုဒီဒီေတြေျပာမေနနဲ႕ရိေပၚ.. သြား အခုခ်က္ခ်င္း ငါ့အတန္းထဲကထြက္သြားစမ္း"

ဆရာမကရွင္းျပလည္းလက္ခံမယ့္ပုံမေပၚတာမို႔ ရိေပၚလည္းဘာမွဆက္ေျပာဖို႔မႀကိဳးစားေတာ့ပဲ ေက်ာပိုးအိတ္ကိုဆြဲယူကာ အတန္းျပင္ကိုထြက္လာလိုက္ေတာ့သည္။ အတန္းထဲကထြက္သြားဆိုေတာ့လည္း ထြက္သြား႐ုံေပါ့။ ဘာအေရးမွတ္လို႔။ ဘယ္သူကေရာ အရမ္းအတန္းတက္ခ်င္ေနတယ္လို႔ထင္လို႔လဲ ဟြန့္။

ဂ်စ္ကန္ကန္မ်က္ႏွာျဖင့္ ေက်ာပိုးအိတ္ကိုဆြဲယူၿပီး အခန္းထဲကေနေကာ့ေတာ့ေကာ့ေတာ့ျဖင့္ထြက္သြားတဲ့ရိေပၚေၾကာင့္ သူအေနာက္ကေနလိုက္သြားဖို႔ျပင္ေတာ့ ဆရာမကမ်က္မွန္ကိုပင့္တင္လို႔သူ႕ကိုၾကည့္ရင္း

"ေရွာင္းက်န့္မင္းက ေက်ာင္းရဲ႕ဂုဏ္ေဆာင္ေက်ာင္းသားတစ္ေယာက္ဆိုတာမေမ့နဲ႕။ ဆရာမဒါပဲေျပာခ်င္တယ္"

သူလည္းဆရာမစကားကိုၾကားေပမယ့္ မသိက်ိဳးကြၽံျပဳရင္း ရိေပၚအေနာက္ကိုသာေျပးလိုက္သြားမိသည္။ ရိေပၚတစ္ေယာက္နဲ႕ေတာ့ ခက္ပါသည္။



အိုင့္ေမြးလရဲ႕ပထမဆုံးရက္ေလးမွာ အပ္ပုဒိတ္ေလးလာပါတယ္ေနာ္ ဟြီးဟြီး

Continua a leggere

Ti piacerร  anche

1.4M 123K 44
โœซ ๐๐จ๐จ๐ค ๐Ž๐ง๐ž ๐ˆ๐ง ๐‘๐š๐ญ๐ก๐จ๐ซ๐ž ๐†๐ž๐ง'๐ฌ ๐‹๐จ๐ฏ๐ž ๐’๐š๐ ๐š ๐’๐ž๐ซ๐ข๐ž๐ฌ โŽโŽโŽโŽโŽโŽโŽโŽโŽโŽโŽ She is shy He is outspoken She is clumsy He is graceful...
1.2M 64.2K 59
๐’๐œ๐ž๐ง๐ญ ๐จ๐Ÿ ๐‹๐จ๐ฏ๐žใ€ข๐๐ฒ ๐ฅ๐จ๐ฏ๐ž ๐ญ๐ก๐ž ๐ฌ๐ž๐ซ๐ข๐ž๐ฌ ใ€ˆ๐›๐จ๐จ๐ค 1ใ€‰ ๐‘ถ๐’‘๐’‘๐’๐’”๐’Š๐’•๐’†๐’” ๐’‚๐’“๐’† ๐’‡๐’‚๐’•๐’†๐’… ๐’•๐’ ๐’‚๐’•๐’•๐’“๐’‚๐’„๐’• โœฐ|| ๐‘บ๐’•๐’†๐’๐’๐’‚ ๐‘ด๏ฟฝ...
2.9M 83K 25
"Stop trying to act like my fiancรฉe because I don't give a damn about you!" His words echoed through the room breaking my remaining hopes - Alizeh (...