Chapter 651 အနောက်ဖက် တိမ်လှိုဏ်ဂူ
Translated by Thura
“အဲ့ဒါဆိုရင် သွားကြမယ်လေ”
ဝူယွင်က ယန်ချီနဲ့ လင်းယွဲ့ကို ပြောလိုက်တယ်။
လင်းယွဲ့လည်း ခေါင်းညိတ်လက်ခံလိုက်တယ်။
အဲ့ဒီနောက်တော့ သူတို့သုံးယောက် အင်ပါယာ နန်းတော်ကနေ ထွက်လာခဲ့ကြတယ်။
“ဒီအကြိမ် ငါတို့တွေ တွေ့ဆုံတဲ့ နေရာက ပိုင်ယွဲ့ကျွန်းမှာပဲ”
ဝူယွင်က လမ်းလျှောက်နေရင်းပြောလိုက်တယ်။
အင်ပါယာနန်းတော်နဲ့ မနီးမဝေးမှာ ရှိတဲ့ ပိုင်ယွဲ့ကျွန်းက အလွန်တရာ လှပတဲ့ နေရာတစ်ခုပါ။
သိပ်မကြာခင်မှာပဲ သူတို့သုံးယောက်က ပိုင်ယွဲ့ရေကန်နားကို ရောက်လာခဲ့တယ်။
လှေစီးပြီးနောက် သူတို့သုံးယောက် ပိုင်ယွဲ့ကျွန်းဆီကို ထွက်လာခဲ့ကြတယ်။
ပိုင်ယွဲ့ကျွန်းက သိပ်ပြီး မကြီးမားပါဘူး။ အဲ့ဒီကျွန်းပေါ်မှာ တန်းလျားတစ်ခု ရှိနေခဲ့တယ်။
ဒီအချိန်မှာတော့ တန်းလျားထဲမှာ လူများစွာ ရောက်ရှိထိုင်နေခဲ့ကြတယ်။
အဲ့ဒီလူတွေတွေက လူငယ်တွေ မိန်းကလေးတွေ ဖြစ်ကြပြီး သူတို့အားလုံးက ဆယ်ကျော်သက်လူငယ်တွေပါ။
သူတို့ရဲ့ အသွင်က အလွန်ထူးခြားတာကြောင့် ကြည့်လိုက်တာနဲ့တင် သူတို့တွေရဲ့ မိသားစုနောက် ခံက သာမန်မဟုတ်မှန်း မြင်နိုင်ပါတယ်။
“မင်းသမီး ယွဲ့. . .”
တန်းလျားထဲမှာ ထိုင်နေကြတဲ့ မိန်းကလေးတွေက လင်းယွဲကို မြင်တဲ့အခါ သူမတို့တွေရဲ့ မျက်နှာထက်မှာ အံ့အားသင့်တဲ့ အမူအယာတွေ ပေါ်လာခဲ့တယ်။ သူမတို့တွေအနေနဲ့ လင်းယွဲ့တစ်ယောက် ဒီနေရာကို ရောက်လာလိမ့်မယ်လို့ ထင်မထားပါဘူး။
“မင်းသမီး ယွဲ့ အလယ်ပိုင်းဒေသ ပါရမီရှင် နှီးနှောဖလှယ်ပွဲကို သွားတာ မဟုတ်ဘူးလား။ ပြိုင်ပွဲက ပြီးသွားပြီလား”
လူငယ်တစ်ယောက်က လင်းယွဲ့ကို မေးလိုက်တယ်။
လင်းယွဲ့ ပြန်ဖြေတော့မယ့်အချိန်မှာပဲ လူကြားထဲကနေ သာယာချိုအေးတဲ့ အသံတစ်သံကို ကြားလိုက်ရတယ်။
“ယွဲ့အာ”
ဒီအသံကို ကြားတော့ လင်းယွဲ့တစ်ကိုယ်လုံး တုန်ယင်သွားခဲ့ပြီး သူမရဲ့ ဖြူလွှလွှ မျက်နှာထက်မှာ အံ့အားသင့်တဲ့ အမူအယာ ပေါ်လာခဲ့တယ်။
တကယ်တော့ သူမကို ခေါ်လိုက်တဲ့ မိန်းကလေးကို သိပါတယ်။ သူမအနေနဲ့ ဒီမိန်းကလေးရဲ့ အသံကို မကြားခဲ့တာ အတော်ကြာပါပြီ။
“ယုတင်း”
သူမက နာမည်ကို လှမ်းခေါ်လိုက်ပြီး အလွန်တရာလှပတဲ့ မိန်းကလေးကို ကြည့်လိုက်တယ်။
အဲ့ဒီ မိန်းကလေးရဲ့ နာမည်က ရှောင်ယုတင်းဖြစ်ပြီး အင်ပါယာမြို့တော် ရှောင်မျိုးနွယ်ကပါ။
“ဘာလဲ. . ”
ရှောင်ယုတင်းနဲ့ လင်းယွဲ့တို့ စကားပြောတော့မယ့်အချိန်မှာပဲ ရှောင်ယုတင်းက လင်းယွဲ့ဘေးက ယန်ချီကို ကြည့်ပြီးမေးလိုက်တယ်။
“ယွဲ့အာ ဘာကြောင့် သူနဲ့ ငါ့ကို မိတ်မဆက်ပေးတာလဲ”
အလွန်တရာ ထူးခြားတဲ့ နောက်ခံ ရှိပုံရတဲ့ လူငယ်လေးတွေနဲ့ မိန်းကလေးတွေက ယန်ချီကို ကြည့်လိုက်ကြတယ်။ သူတို့အားလုံးက ယန်ချီ ဘယ်သူလဲဆိုတာ သိချင်ခဲ့ကြတယ်လေ။
“အင်း သူ့နာမည်က ယန်ချီ။ ပြီးတော့ … ”
ဒါပေမယ့်လည်း လင်းယွဲ့တစ်ယောက် ဘာဆက်ပြောရမှန်း မသိတော့ပါဘူး။ သူမအနေနဲ့ ယန်ချီက သိုသိပ်နေတက်တဲ့သူ ဟုတ်လား မဟုတ်လား မသိခဲ့ပါဘူး။ ဒီအတွက် သူမ ထပ်ပြောသင့် မပြောသင့် စဉ်းစားနေခဲ့တယ်။
“ယန်ချီလား . ..”
လူငယ်တွေနဲ့ မိန်းကလေးတွေက ဒီနာမည်အကြောင်းကို တွေးတောကြည့်လိုက်ပေမယ့် ဘယ်မှာမှ မကြားဖူးမှန်း သိလိုက်ကြတယ်။
“မင်းက မင်းသမီး ယွဲ့နဲ့အတူ လာခဲ့တာဆိုတော့ မင်းမှာ အစွမ်းထက်တဲ့ နောက်ခံရှိရမယ်မဟုတ်လား”
“အင်း ဟုတ်တယ် မင်းကို ကြည့်ရတာ ထူးခြားတဲ့ နောက်ခံရှိပုံပဲ”
“သိပ်မဆိုးလောက်ပါဘူး”
လူငယ်တွေနဲ့ မိန်းကလေးတွေက ယန်ချီအကြောင်းကို ခန့်မှန်းပြောဆိုနေခဲ့ကြတယ်။
“အနောက်ဖက် တိမ်နတ်ဆိုးလှိုဏ်ဂူက သိပ်ကောင်းတဲ့ နေရာတစ်ခုပဲလို့ ငါကြားထားတယ်။ အဲ့ဒီမှာ သွားလေ့ကျင့်ကြမလား”
အဲ့ဒီအချိန်မှာပဲ ရှောင်ယုတင်းက ဝင်ပြောလိုက်တယ်။
“အနောက်ဖက် တိမ်နတ်ဆိုးလှိုဏ်ဂူလား”
ဒီစကားကို ကြားတော့ ကျန်တဲ့ လူငယ်တွေနဲ့ မိန်းကလေးတွေ အံ့အားသင့်သွားကြတယ်။ သူတို့အားလုံးအနေနဲ့ ရှောင်ယုတင်းက ဒီလို ပြောလိုက်လိမ့်မယ်လို့ မထင်ထားဘူးလေ။
“အနောက်ဖက် တိမ်နတ်ဆိုးလှိုဏ်ဂူကို တကယ် သွားမှာလား”
မိန်းကလေးတစ်ယောက်က ကြောက်ရွံ့တဲ့အမူအယာနဲ့ ပြန်မေးလိုက်တယ်။
“ဘာများ ကြောက်စရာ ရှိလို့လဲ။ ယွဲ့အာနဲ့ ငါတို့နှစ်ယောက်လုံးက စိတ်ဝိဉာဉ်ဂိုဏ်းချုပ်အဆင့်တွေလေ”
ရှောင်ယုတင်းက ပြုံးပြီးပြောလိုက်တယ်။
အနောက်ဖက် တိမ်နတ်ဆိုးလှိုဏ်ဂူ .. အဲ့ဒီနေရာက အင်ပါယာမြို့တော်နဲ့ မနီးမဝေးမှာ ရှိတဲ့ နတ်ဆိုးသားရဲတွေ စုဝေးတဲ့ နေရာလေးတစ်ခုပါ။
“ရှင်ရော လိုက်မှာလား”
ရှောင်ယုတင်းက ယန်ချီကို ကြည့်ပြီးမေးလိုက်တယ်။
“အင်း လိုက်မယ်လေ”
ယန်ချီကတော့ ဘာစကားကိုမှ အပိုမပြောခဲ့ပါဘူး။
ယန်ချီရဲ့ အမူအယာကို မြင်တော့ ရှောင်ယုတင်းတစ်ယောက် မျက်မှောင်ကြုတ်မိလိုက်တယ်။
အဲ့ဒီနောက်တော့ သူတို့အဖွဲ့က အနောက်ဖက် တိမ်နတ်ဆိုးလှိုဏ်ဂူဆီကို ဦးတည် ထွက်လာခဲ့တယ်။
“အနောက်ဖက် တိမ်နတ်ဆိုးလှိုဏ်ဂူ”
သူတို့တွေက အနောက်ဖက် တိမ်နတ်ဆိုးလှိုဏ်ဂူဆီကို ရောက်လာခဲ့ကြတယ်။
သူတို့အရှေ့မှာ ရှိနေတဲ့ တောင်မှာတော့ လှိုဏ်ဂူတွေနဲ့ ပြည့်နှက်နေခဲ့ပြီး ကြည့်ရတာ ကြောက်စရာကောင်းမယ့် အသွင်ပါ။
“ဒီနေရာ အနောက်ဖက် တိမ်နတ်ဆိုးလှိုဏ်ဂူလား”
လူငယ်တွေနဲ့ မိန်းကလေးတွေ အများစုက အနောက်ဖက် တိမ်နတ်ဆိုးလှိုဏ်ဂူကို မရောက်ဖူးကြပါဘူး။
လှိုဏ်ဂူတွေထဲကနေပြီး သိပ်သည်းတဲ့ နတ်ဆိုးအရှိန်အဝါတွေ ထုတ်လွှတ်နေခဲ့တယ်။
“အင်း ဆက်သွားကြမယ်”
မိန်းကလေးတစ်ယောက်ကတော့ နောက်ကြောင်း ပြန်လှည့်ချင်စိတ် ဖြစ်နေမိတယ်။
ကျန်တဲ့ လူငယ်တွေနဲ့ မိန်းကလေးတွေကလည်း ဒီလိုမျိုးပဲ ခံစားမိခဲ့ကြတယ်။
ယန်ချီကတော့ အနောက်တိမ်နတ်ဆိုးလှိုဏ်ဂူတွေကို ကြည့်ပြီး ဒီလောက် သိပ်သည်းတဲ့ နတ်ဆိုးအရှိန်အဝါကို ထုတ်လွှတ်နေမှာတော့ အတွင်းမှာ အစွမ်းထက်တဲ့ နတ်ဆိုးသားရဲတွေ ဘယ်လောက်များ ရှိနေမလဲဆိုပြီး တွေးနေခဲ့တယ်။
သူ့အရှေ့မှာ ရှိနေတဲ့ လူငယ်တွေနဲ့ မိန်းကလေးတွေကတော့ အနောက်ဖက် တိမ်နတ်ဆိုးလှိုဏ်ဂူမှာ လေ့ကျင့်ဖို့ စိတ်အားထက်သန်နေတာကို မြင်တော့ သူ ဘာပြောရမှန်း မသိတော့ပါဘူး။
“ငါတို့တွေ ဘာလို့ ကြောက်နေရမှာလဲ။ ငါတို့တွေ ဒီကိုတောင် ရောက်ပြီးပြီ။ လမ်းတဝက်နဲ့ ပြန်လှည့်စရာလား”
ရှောင်ယုတင်းက ပြောလိုက်တယ်။
ယန်ချီကတော့ ဒီမိန်းကလေးက ကိုယ့်ကိုယ်ကို ယုံကြည်မှု ရှိလွန်းတယ်လို့ တွေးနေခဲ့ပေမယ့် သူမက အဆင့် ၅၂ စိတ်ဝိဉာဉ်ဂိုဏ်းချုပ်အဆင့်ဆိုတော့ သူမရဲ့ စွမ်းအားက အလွန်အားနည်းနေခဲ့တယ်။
🐱🐱🐱🐱🐱
Chapter 652 နတ်ဆိုးသားရဲတွေနဲ့ ရင်ဆိုင်မိခြင်း
Translated by Thura
လူငယ်လူရွယ်တွေနဲ မိန်းကလေးတွေက တောင်ပေါ်တက် ကြတော့မယ့်အချိန်မှာ ယန်ချီရဲ့ စကားသံကို သူတို့အားလုံး ကြားလိုက်ရတယ်။
“မင်းတို့တွေ တောင်ပေါ် မတက်သင့်ဘူးလို့ ငါ အကြံပေးပါရစေ”
လူငယ်တွေနဲ့ မိန်းကလေးတွေက ယန်ချီရဲ့ စကားကြောင့် အံ့အားသင့်သွားခဲ့တယ်။
သူတို့တွေက တစ်ယောက်ကို တစ်ယောက်ကြည့်ပြီးနောက် ယန်ချီကို မေးခွန်းထုတ်လိုက်တယ်။
“ဘာကြောင့်လဲ. . .”
ရှောင်ယုတင်းက မျက်မှောင်ကြုတ်ပြီး မေးလိုက်တယ်။
“ဘာကြောင့်လဲဆိုတော့ မင်းတို့ရဲ့ စွမ်းအားက အရမ်းကို အားနည်းနေလို့ပါ။ မင်းတို့တွေသာ တောင်ပေါ် တက်သွားခဲ့မယ်ဆိုရင် မင်းတိုရဲ့ အသက်တွေ အန္တရယ်ထဲ ကျရောက်လိမ့်မယ်”
ယန်ချီက သူမတို့ကို ပုံမှန်အတိုင်း ရှင်းပြလိုက်တယ်။
အလယ်ပိုင်းဒေသ ပါရမီရှင်နှီးနှောဖလှယ်ပွဲလို့ခေါ်တဲ့ ပြိုင်ပွဲက နဂါးပိုင်းဖြတ်ခြင်းနည်းစနစ်တဝက်အတွက် ပြိုင်ပွဲဆိုတာ မမှားပါဘူး။ အဲ့ဒီနည်းစနစ်ကို မလိုချင်တဲ့ ပါရမီရှင်များစွာက အဲ့ဒီပြိုင်ပွဲဆီကို မသွားကြပါဘူး။
ဒါပေမယ့်လည်း ယန်ချီအရှေ့မှာ ရှိနေတဲ့ ပါရမီရှင်တွေကတော့ တကယ်ကို အားနည်းလွန်းပါတယ်။
ယန်ချီရဲ့ စကားကို ကြားလိုက်တော့ လင်းယွဲ့မှတပါး ကျန်တဲ့လူငယ်တွေအားလုံး မကျေမနပ် ဖြစ်သွားခဲ့ကြတယ်။
“ဟား ဟား ဟား ”
ရှောင်ယုတင်းကတော့ လှောင်ပြောင် ရယ်မောလိုက်တယ်။
“ရှင်က ကျွန်မတို့ စွမ်းအားတွေ အားနည်းတယ်ဆိုရင် ရှင်ရဲ့ စွမ်းအား . .. ”
သူမ စကားပြောလို့ မဆုံးသွားပေမယ့်လည်း နောက်ဆက်ပြောမယ့် အကြောင်းအရာကတော့ ရှင်းလင်းနေပါတယ်။
“ယုတင်း ယန်ချီရဲ့ စကားကို နားထောင်လိုက်ပါလား”
လင်းယွဲ့က ရှောင်ယုတင်းကို ပြောလိုက်တယ်။
ရှောင်ယုတင်းလည်း လင်းယွဲ့ရဲ့ စကားကို ကြားတဲ့အခါ မှင်သက်သွားခဲ့တယ်။ သူမအနေနဲ့ လင်းယွဲ့က ဒီလို ပြောဆိုလိမ့်မယ်လို့ မထင်မိဘူးလေ။
“ယွဲ့အာ ငါ့ရဲ့ အမြင်အရ အရင်တုန်းက နင်အနေနဲ့ ဒီလိုမဟုတ်ပါဘူး”
“ဒါပေမယ့် ယုတင်း ယန်ချီက ငါတို့ စွမ်းအားတွေ အားနည်းတယ်လို့ ပြောတယ်ဆိုမှတော့ တကယ်ကို အားနည်းလို့ဖြစ်ရမယ်လေ။ ဘာကြောင့်လဲဆိုတော့ . . .”
လင်းယွဲ့ရဲ့ စကားမဆုံးခင်မှာပဲ ရှောင်ယုတင်းက ကြားဖြတ်ပြောလိုက်တယ်။
“ယွဲ့အာ သူက ဘယ်သူလဲ”
ရှောင်ယုတင်းက လင်းယွဲ့ကို စကားပြောနေပေမယ့်လည်း သူမရဲ့ အကြည့်တွေက ယန်ချီဆီမှာပါ။
ကျန်တဲ့ လူငယ်တွေနဲ့ မိန်းကလေးတွေက ယန်ချီကို ဘယ်လိုလဲဆိုပြီး သိချင်တာကြောင့် အားလုံး ဝိုင်းကြည့်နေခဲ့ကြတယ်။
“သူက. . . ”
“မင်းတို့တွေက ငါ့အကြောင်းကို စိတ်ဝင်စားနေကြတာလား”
ယန်ချီက သူအရှေ့မှာ ရှိတဲ့ ရှောင်ယုတင်းကို ကြည့်ပြီး မေးလိုက်တယ်။
ရှောင်ယုတင်းက နှာခေါင်းရှုံ့ပြီး ပြောလိုက်တယ်။
“ဒါပေါ့ . . ”
ယန်ချီက ဘယ်လိုနောက်ခံရှိလဲဆိုတာကို သိချင်တာကြောင့် သူမက အခြားသူတွေကို လျစ်လျူရှုထားလိုက်တယ်။
“ကောင်းပြီလေ ” ယန်ချီက စက္ကန့်အနည်းငယ်လောက် စဉ်းစားပြီးနောက် ရှောင်ယုတင်းကို ပြောလိုက်တယ်။ “ငါ ဘယ်သူလဲဆိုတာ မင်းသိဖို့ မထိုက်တန်ဘူး”
ယန်ချီက သူ့ကိုယ်သူ စဉ်းစားနေခဲ့တယ်။ သူက ကျုံနန်ကျောင်းက သာမန်ကျောင်းသားတစ်ယောက်ပါ။ သူမှာ နောက်ထပ်ဘာများ နောက်ခံရှိဦးမှာလဲ။
ဒါကြောင့် သူ့ရဲ့ ကိုယ်ရေးကိုယ်တာကို ထိန်းသိမ်းဖို့အတွက် ဒီစကားကိုသာ ပြောလိုက်ပါတယ်။
ယန်ချီရဲ့ စကားတွေကို ကြားတော့ ရှောင်ယုတင်းနဲ့ လူငယ်မိန်းကလေးတွေ အားလုံး ဒေါသတကြီး ဖြစ်သွားခဲ့ကြတယ်။ သူတို့တွေက ယန်ချီအနေနဲ့ ဘာကြောင့် မောက်မာနေလဲဆိုတာကို နားမလည်ခဲ့ကြဘူးလေ။
“အားလုံးပဲ သူ့ကို လျစ်လျူရှုထားလိုက်။ ငါတို့တွေ အနောက်ဖက် တိမ်နတ်ဆိုးလှိုဏ်ဂူတွေဆီ တက်သွားရအောင်”
ရှောင်ယုတင်းက ယန်ချီကို လျစ်လျူရှုထားလိုက်ပြီး သူမရဲ့ အဖွဲ့သားတွေကို ဦးဆောင်ပြီး အနောက်ဖက် တိမ်နတ်ဆိုးလှိုဏ်ဂူဆီကို တက်လာခဲ့ကြတယ်။
ဒီမြင်ကွင်းကို မြင်တော့ ယန်ချီလည်း တိတ်တဆိတ် ခေါင်းခါယမ်းလိုက်မိတယ်။ ဒီလူငယ်တွေက တကယ်ကို ကိုယ့်ကိုယ်ကို အထင်ကြီးလွန်းတယ်လို့ တွေးနေခဲ့မိတယ်။
“ယန်ချီ ဒေါသ မထွက်ပါနဲ့ ။ ယုတင်းက ဒီလိုလူမျိုးပဲ”
လင်းယွဲ့က ယန်ချီကို ပြောလိုက်တယ်။
“ငါတို့လည်း လိုက်သွားရအောင်”
ယန်ချီက ပြောလိုက်တယ်။
အခုအချိန်မှာတော့ သာလွန်ကောင်းကင်အဆင့် ကျင့်ကြံခြင်းနည်းစနစ် ဓါးအကြိမ် သန်းထောင်ပေါင်းများစွာ ဆွဲထုတ်ခြင်း အဋ္ဌမအဆင့် ဓါးအကြိမ် သန်းတစ်ထောင် ဆွဲထုတ်ခြင်းက ပွင့်သွားတာကြောင့် နတ်ဆိုးသားရဲ အနည်းငယ်ကို သတ်ပြီး ဓါးဆွဲထုတ်မှတ်တွေ စုဆောင်းရတော့မှာပါ။
ချက်ချင်းပင် ယန်ချီနဲ့ လင်းယွဲ့တို့နှစ်ယောက် အရှေ့က အဖွဲ့အနောက်ကို လိုက်သွားခဲ့ကြတယ်။
ဒီလိုနဲ့ သူတို့အဖွဲ့က အနောက်ဖက် တိမ်နတ်ဆိုးလှိုဏ်ဂူ အရှေ့ကို ရောက်လာခဲ့ကြတယ်။
လှိုဏ်ဂူထဲကနေ သိပ်သည်းတဲ့ နတ်ဆိုးအရှိန်အဝါတွေ ထွက်ပေါ်နေတော့ သူတို့တွေရဲ့ မျက်နှာထက်မှာ အနည်းနဲ့ အများ ထိတ်လန့်သွားခဲ့ကြတယ်။
“ငါတို့တွေ မကြာသေးခင်တုန်းက ရောက်ခဲ့သေးတယ်။ အဲ့ဒီတုန်းက အခုလို နတ်ဆိုးအရှိန်အဝါက မသိပ်သည်းသေးဘူး”
မျက်နှာဖြူလျော့နေတဲ့ မိန်းကလေးတစ်ယောက်က ပြောလိုက်တယ်။
“ဂါး ဂါး လူသားတွေ အများကြီးပါလား”
လူငယ်တွေနဲ့ မိန်းကလေးတွေက နတ်ဆိုးအရှိန်အဝါကို ပြန်လည်ဖိနှိပ်ဖို့ ကြိုးစားနေတဲ့အချိန်မှာပဲ ကြောက်မက်ဖွယ်ကောင်းတဲ့ နတ်ဆိုးသားရဲအော်သံကို ကြားလိုက်ရတယ်။
ဒီအသံကို ကြားတော့ လူငယ်တွေနဲ့ မိန်းကလေးတွေက နောက်ကို ခြေလှမ်းပြန်ဆုတ်မိကြပြီး အသံ ထွက်ပေါ်ရာကို လျင်မြန်စွာ ကြည့်လိုက်ကြတယ်။
အဲ့ဒီအခါမှာတော့ ရာချီတဲ့ နတ်ဆိုးသားရဲတွေက သူတို့တွေကို ဝန်းရံထားတာ မြင်လိုက်ရတယ်။
ဝိုင်းထားသော ရာချီတဲ့ နတ်ဆိုးသားရဲတွေဆီကနေ ထုတ်လွှတ်နေတဲ့ နတ်ဆိုးအရှိန်အဝါကြောင့် သူတို့အားလုံး အသက်ရှုရကျပ်သလို ခံစားခဲ့ရတယ်။
🐱🐱🐱🐱🐱
Chapter 653 ကြောက်မက်ဖွယ်ကောင်းတဲ့ နတ်ဆိုးသားရဲ
Translated by Thura
“မကြောက်ကြနဲ့ ။ အဲ့ဒီ နတ်ဆိုးသားရဲတွေက အဆင့်နိမ့်တွေပဲ”
ရှောင်ယုတင်းက ပြောလိုက်တယ်။
သူမပြောတာ မှန်ပါတယ်။ အခု သူမတို့ကို ဝိုင်းထားတဲ့ နတ်ဆိုးသားရဲတွေက တကယ်ကို အဆင့်နိမ့် နတ်ဆိုးသားရဲတွေပါ။
ဒါပေမယ့်လည်း ဒီခရီးကို လာကြတဲ့ လူငယ်မိန်းကလေး တော်တော်များများက အပူအပင်ကင်းမဲ့ စွာ ရှင်သန်လာကြတဲ့ သူတွေပါ။ သူတို့တွေ အနေနဲ့ ဒီလို မြင်ကွင်းကိုမျိုး အရင်က တခါမှ မမြင်ဖူးပါဘူး။
“ရောင်ယုတင်းရဲ့ စကားကို ကြားခဲ့ပေမယ့်လည်း သူတို့တွေရဲ့ မျက်နှာထက်က ကြောက်ရွံ့တဲ့ အမူအယာတွေ မပြောင်းလဲခဲ့ကြပါဘူး။
“ဟေ့ လူသားတွေ မင်းတို့အားလုံး သေပြီမှတ် ”
ရုတ်တရက် ရာချီတဲ့ နတ်ဆိုးသားရဲတွေက စတင်ပြေးဝင်တိုက်ခိုက်ကြပါတော့တယ်။
“သတ်စမ်း . .”
ရှောင်ယုတင်းကတော့ နတ်ဆိုးသားရဲတွေရဲ့ တိုက်ခိုက်မှုကို မြင်တော့ သူမရဲ့ မျက်လုံးက အရောင်တဖျတ်ဖျတ်လက်သွားခဲ့ပြီး သူမတစ်ကိုယ်လုံးလည်း သတ်ဖြတ်ချင်စိတ်တွေ ပြည့်နှက်သွားခဲ့တယ်။
ကျန်တဲ့ လူငယ်တွေနဲ့ မိန်းကလေးတွေလည်း ကြောက်ရွံ့ကြပေမယ့်လည်း ဝင်ရောက်တိုက်ခိုက်လိုက်ကြတယ်။
သူတို့တွေ ဝင်ရောက်တိုက်ခိုက်ကြည့်တော့မှ ဒီ နတ်ဆိုးသားရဲတွေက တကယ်ကို အားနည်းတဲ့ အကောင်တွေမှန်း သိလိုက်ရတယ်။
သိပ်မကြာခင်မှာပဲ သူတို့တွေကြောင့် ရာချီတဲ့ နတ်ဆိုးသားရဲတွေ အကုန်လုံး အသတ်ခံလိုက်ရတယ်။
“ဒီ နတ်ဆိုးသားရဲတွေက ဘာမှ အစွမ်းမထက်ဘူး”
လူငယ်တစ်ယောက်က အပြုံးနဲ့ ပြောလိုက်တယ်။
ယန်ချီက သူ့စကားကို ကြားတဲ့အခါ ခေါင်းခါယမ်း မိလိုက်ကြတယ်။
သူတို့တွေအနေနဲ့ ပုစဉ်းရင်ကွဲအနောက်ကနေ ဖမ်းဖို့ ချောင်းနေတဲ့ ရှီးခိုးကောင်အနောက်မှာ စာငှက်ရှိတယ်ဆိုတဲ့ ပုံပြင်ကို မကြားဖူးကြဘူးနဲ့ တူတယ်လို့ ယန်ချီက တွေးနေခဲ့တယ်။
အဲ့ဒီအချိန်မှာပဲ လှိုဏ်ဂူထဲကနေ ကြောက်မက်ဖွယ်ကောင်တဲ့ အရှိန်အဝါတစ်ခု ထွက်ပေါ်လာခဲ့တယ်။
“လူသားတွေ . . . ဒီနေရာက အနောက်ဖက် တိမ်နတ်ဆိုးလှိုဏ်ဂူပဲ။ မင်းတို့တွေ စိတ်ထင်တိုင်း ရမ်းကားလို့ ရလား”
လှိုဏ်ဂူထဲကနေ ဆယ်ပေလောက် မြင့်တဲ့ နတ်ဆိုးသားရဲကြီး ထွက်လာခဲ့တယ်။
ဒီနတ်ဆိုးကြီးဆီကနေ ထုတ်လွှတ်နေတဲ့ နတ်ဆိုးအရှိန်အဝါက လူငယ်တွေနဲ့ မိန်းကလေးတွေကို ဖိနှိပ်ဖို့ လုံလောက်ပါတယ်။
“ဘာ. . . ဘာ . .”
ရှောင်ယုတင်းလည်း ဆယ်ပေလောက်မြင့်တဲ့ နတ်ဆိုးကြီးကို မြင်တော့ အံ့သြတုန်လှုပ်သွားခဲ့ရတယ်။
တကယ်တမ်းလည်း သူမက အနောက်ဖက် တိမ်နတ်ဆိုးလှိုဏ်ဂူမှာ ဒီလို အစွမ်းထက်တဲ့ နတ်ဆိုးသားရဲကြီး ရှိလိမ့်မယ်လို့ မထင်ထားမိပါဘူး။
အနည်းဆုံး အနေနဲ့ အဆင့်ခုနှစ် ရှိတဲ့ နတ်ဆိုးသားရဲ တစ်ကောင်ပါ။
လူငယ်တွေနဲ့ မိန်းကလေးတွေက အစွမ်းထက် နတ်ဆိုးသားရဲကြီးကို မြင်တော့ သူတို့တွေရဲ့ မျက်နှာထက်မှာ ကြောက်ရွံ့တုန်လှုပ်မှုတွေနဲ့ ပြည့်နှက်သွားခဲ့တယ်။
အဲ့ဒီ ကြောက်မက်ဖွယ်ကောင်းတဲ့ နတ်ဆိုးသားရဲကြီးက သူတို့နဲ့ ခြေလှမ်း တဒါဇင်လောက်မှာ ရပ်တန့်လိုက်တယ်။
“လူသားတွေ မင်းတို့တွေ ကိုယ့်ကိုယ်ကို သတ်သေမလား။ ငါ သတ်ပေးရမှာလား”
နတ်ဆိုးသားရဲကြီးက အေးတိအေးစက် ပြောလိုက်တယ်။
ဒီအချိန်မှာတော့ လူငယ်တွေနဲ့ မိန်းကလေးတွေက ဘယ်လိုလုပ်ပြီး စကားပြောရဲတော့မှာလဲ။
သူတို့တွေက စိတ်ထဲကနေ နောင်တတွေ ရနေခဲ့တယ်။ သူတို့သာ အနောက်ဖက် တိမ်နတ်ဆိုးလှိုဏ်ဂူမှာ ဒီလို အစွမ်းထက်တဲ့ နတ်ဆိုးသားရဲ ရှိတယ်ဆိုတာ သိခဲ့မယ်ဆိုရင် သူတို့တွေ သေမယ်ဆိုရင်တောင် ဒီနေရာကို လာကြမှာ မဟုတ်ပါဘူး။
ရှောင်ယုတင်းတစ်ယောက်လည်း ဒီကိစ္စနဲ့ ပတ်သတ်ပြီး အလွန်တရာကို နောင်တ ရနေခဲ့တယ်။
လင်းယွဲ့တော့ ကြောက်ရွံ့နေပေမယ့်လည်း တည်ငြိမ်နေခဲ့တယ်။
ဒီ ကြောက်မက်ဖွယ်ကောင်းတဲ့ နတ်ဆိုးသားရဲကြီး ထွက်ပေါ်တဲ့အချိန်မှာ သူမက ယန်ချီရဲ့ မျက်နှာအမူအယာကို လေ့လာကြည့်လိုက်တော့ ယန်ချီရဲ့ အမူအယာက တည်ငြိမ်နေတာကို သူမ သိလိုက်ရတယ်။
ဒါကြောင့် ဒီ ကြောက်မက်ဖွယ်ကောင်းတဲ့ နတ်ဆိုးသားရဲဆိုတာ ယန်ချီအရှေ့မှာ ဘာမှမဟုတ်မှန်း သူမ သိလိုက်ရပါပြီ။
“ငါတို့တွေက ဒီကို စော်ကားဖို့ လာတာ မဟုတ် . . မဟုတ်. . .။ ကျေးဇူးပြုပြီး . .. . ”
ရှောင်ယုတင်းရဲ့ စကားမဆုံးခင်မှာပဲ နတ်ဆိုးသားရဲကြီးက ကြားဖြတ်ပြောလိုက်တယ်။
“လူသား ငါက မင်းတို့တွေကို ထွက်သွားခွင့်ပေးမယ် ထင်နေတာလား”
နတ်ဆိုးသားရဲကြီးက ရှောင်ယုတင်းကို အေးတိအေးစက် ပြောလိုက်တယ်။
“အဲ့ဒါဆိုရင် . . ရှင်က ဘာလုပ်ချင်တာလဲ”
“ငါက ဘာမှ မလုပ်ချင်ပါဘူး။ မင်းတို့တွေကိုပဲ သတ်ချင်တာ”
ကြောက်မက်ဖွယ်ကောင်းတဲ့ နတ်ဆိုးသားရဲကြီးက ပုံမှန်လေသံနဲ့ ပြောလိုက်တယ်။
ဒီစကားကို ကြားတော့ လူငယ်တွေနဲ့ မိန်းကလေးတွေအားလုံး ဝိဉာဉ်လွင့်ထွက်သွားမတက် ကြောက်လန့်နေခဲ့ကြပါပြီ။
သူတို့အနေနဲ့ ဒီကြောက်မက်ဖွယ် နတ်ဆိုးသားရဲကြီး တိုက်ခိုက်မယ်ဆိုရင် ဘယ်လိုနည်းနဲ့မှ အသက်ရှင် လွှတ်မြောက်ဖို့ အခွင့်အရေး မရှိကြောင်း သိထားကြပါတယ်။
အဲ့ဒီအချိန်မှာပဲ ယန်ချီက လူအုပ်ထဲကနေ အပြင်ကို လျှောက်လာခဲ့တယ်။
လူအုပ်ထဲကနေ အပြင်ကို လျှောက်လာပြီးနောက် သူ့အရှေ့မှာ ရှိတဲ့ ကြောက်မက်ဖွယ်ရာ နတ်ဆိုးသားရဲကြီးကို တည်ငြိမ်စွာ ကြည့်ပြီး ပြောလိုက်တယ်။
“သတ်သေစမ်း”
ယန်ချီက သူ့အရှေ့မှာ ရှိတဲ့ ကြောက်မက်ဖွယ်ရာ နတ်ဆိုးသားရဲကြီးကို တည်ငြိမ်စွာနဲ့ ပြောလိုက်တာပါ။
ဒီစကားကို ကြားတော့ နတ်ဆိုးသားရဲကြီးလည်း မှင်သက်သွားခဲ့တယ်။
ယန်ချီရဲ့ စကားကို ကြားလိုက်တဲ့ လူငယ်တွေ၊ မိန်းကလေးတွေလည်း အံ့သြတုန်လှုပ်သွားခဲ့ကြတယ်။
“လူသား မင်း . . မင်း ဘာပြောတာလဲ”
“မင်းကိုယ်မင်း သတ်သေခွင့်ပေးနေတာ”
ယန်ချီရဲ့ လေသံက ပြောင်းလဲခြင်း မရှိပါဘူး။
ယန်ချီရဲ့ စကားကို ထပ်ကြားတော့ နတ်ဆိုးသားရဲကြီးလည်း ဒီလိုပြောလိမ့်မယ်လို့ မထင်ထားတာကြောင့် အံ့သြမှင်သက်နေခဲ့တယ်။ ဒီလူသားတွေထဲမှာ သူ့ကို အတိုက်အခံပြောမယ့် လူတစ်ယောက် ပါလာလိမ့်မယ်လို့ မထင်မိဘူးလေ။
🐱🐱🐱🐱🐱
Chapter 654 င့ါအသက်တော့ သွားပြီ
Translated by Thura
လူငယ်တွေနဲ့ မိန်းကလေးတွေက ဒီကြောက်မက်ဖွယ်ရာ နတ်ဆိုးသားရဲကြီးကို အဆင့် ခုနှစ် နတ်ဆိုးသားရဲ ဖြစ်လိမ့်မယ်လို့ မထင်မိကြပါဘူး။
အဆင့်ခုနှစ် နတ်ဆိုးသားရဲဆိုရင် သူတို့တွေအနေနဲ့ ဘယ်လိုနည်းနဲ့မှ အနိုင်ယူနိုင်မှာ မဟုတ်ပါဘူး။
ဒီအချိန်မှာတော့ အဆင့်ခုနှစ် နတ်ဆိုးသားရဲကြီးက ယန်ချီကို ဒေါသတကြီး ကြည့်နေခဲ့တယ်။
“လူသား မင်း ဒီလို ပြောလိုက်တဲ့အတွက် မင်းရဲ့ အသက်က ဒီလောကကြီးကနေ ပျောက်ကွယ်သွားတော့မယ်ဆိုတာ သိရဲ့လား”
အဆင့်ခုနှစ် နတ်ဆိုးသားရဲကြီးက ယန်ချီကို ခက်ထန်စွာနဲ့ မေးလိုက်တယ်။
အဆင့်ခုနှစ် နတ်ဆိုးသားရဲကြီးအနေနဲ့ ဒီစကားကို ပြောလိုက်ပေမယ့်လည်း ယန်ချီက ဘာစကားကိုမှ မကြားသလို ဘာအမူအယာမှ ပြောင်းလဲခြင်းမရှိတာကိုတော့ သူ မမျှော်လင့်ခဲ့မိပါဘူး။
“ကြည့်ရတာတော့ .. ” စက္ကန့်အနည်းငယ်ကြာအောင် ယန်ချီက သူအရှေ့မှာ ရှိတဲ့ အဆင့်ခုနှစ် နတ်ဆိုးသားရဲကြီးကို ကြည့်လိုက်ပြီး ဆက်ပြောလိုက်တယ်။ “မင်းက ကိုယ့်ကိုယ်ကို သတ်သေဖို့ မရွေးချယ်ချင်ဘူးတူတယ်”
ဒီစကားတွေကြောင့် ယန်ချီအနောက်မှာ ရှိတဲ့ လူငယ်တွေနဲ့ မိန်းကလေးတွေရဲ့ မျက်နှာပေါ်မှာ ထိတ်လန့်မှုတွေ ပြည့်နှက်နေခဲ့ကြတယ်။
တကယ်တမ်းလည်း သူတို့တွေက အဆင့်ခုနှစ် နတ်ဆိုးသားရဲကြီး ရဲ့ အစွမ်းကို သိကြပါတယ်။
တချိန်ထဲမှာပဲ ယန်ချီက ဒီလို အဆင့်ခုနှစ် နတ်ဆိုးသားရဲကြီး နဲ့ ရင်ဆိုင်နေရချိန်မှာ ဒီလို စကားမျိုးတွေ အမှန်တကယ် ထုတ်ပြောလိမ့်မယ်လို့ သူတို့တွေ မထင်မိကြပါဘူး။
“လူသား မင်း သေချင်နေတာလား”
ယန်ချီရဲ့ စကားတွေကြောင့် အဆင့်ခုနှစ် နတ်ဆိုးသားရဲကြီး က ဒေါသတွေ အလိမ့်လိမ့် ထွက်လာခဲ့တယ်။
သူ့အနေနဲ့ ဒီနေ့အဖြစ်အပျက်က သူ့တစ်သက်တာမှာ ဒေါသအဖြစ်ဆုံး ကိစ္စတစ်ခုဆိုတာ ကျိန်ဆိုရဲပါတယ်။
အဆင့်ခုနှစ် နတ်ဆိုးသားရဲကြီး က ပြောပြီးနောက် ယန်ချီဆီကို အလွန်တရာ မြန်ဆန်တဲ့ အလျင်နဲ့ ပြေးဝင်သွားခဲ့တယ်။
လူငယ်တွေနဲ့ မိန်းကလေးတွေက အဆင့်ခုနှစ် နတ်ဆိုးသားရဲကြီး ပြေးဝင်တိုက်ခိုက်တာကို မြင်တော့ သူတို့ရဲ့ မျက်နှာထက်မှာ နက်ရှိုင်းတဲ့ ကြောက်လန်ဖွယ်အမူအယာတွေ ပြည့်နှက်သွားခဲ့တယ်။
လင်းယွဲ့က ယန်ချီရဲ့ မျက်နှာအမူအယာကို နောက်တစ်ကြိမ် ကြည့်လိုက်တဲ့အခါ ယန်ချီရဲ့ အမူအယာက တည်ငြိမ်နေတာကို မြင်လိုက်ရတယ်။
အဆင့်ခုနှစ် နတ်ဆိုးသားရဲကြီး ရဲ့ အလျင်က အလွန်မြန်ဆန်တာကြောင့် ယန်ချီအရှေ့ကို ချက်ချင်းလိုလို ရောက်သွားခဲ့တယ်။
အဆင့်ခုနှစ် နတ်ဆိုးသားရဲကြီးက ယန်ချီအရှေ့ကို ရောက်တဲ့အခါ သူ့လက်သီးကို မြောက်လိုက်ပြီး ယန်ချီရဲ့ ခေါင်းကို ပြင်းထန်စွာ ထုနှက်လိုက်တယ်။
လူငယ်တွေနဲ့ မိန်းကလေးတွေက ဒီမြင်ကွင်းကို မြင်တော့ မျက်လုံးတွေ ပြူးကျယ်ကုန်ကြတယ်။
ဘာကြောင့်လဲဆိုတော့ ဒီတိုက်ခိုက်မှုကို ယန်ချီအနေနဲ့ ဘယ်လိုမှ ခုခံနိုင်မှာ မဟုတ်မှန်း သိလိုက်တာကြောင့်ပါ။
သူတို့ရဲ့ အမြင်အရလည်း ယန်ချီက ဒီတိုက်ခိုက်မှုကို ခုခံနိုင်မှာ မဟုတ်ဘူးလို့လဲ မြင်နေခဲ့ကြတယ်။
ဒီတိုက်ခိုက်မှုက အလွန်တရာ ဒေါသထွက်နေတဲ့ အဆင့်ခုနှစ် နတ်ဆိုးသားရဲကြီး ရဲ့ တိုက်ခိုက်မှုလေ။
အဆင့်ခုနှစ် နတ်ဆိုးသားရဲကြီးရဲ့ ပြင်းထန်တဲ့ လက်သီးချက်က ယန်ချီနဲ့ မျဉ်းတစ်ကြောင်းအလိုကို ရောက်လာခဲ့တယ်။
လူတိုင်းကတော့ ယန်ချီအနေနဲ့ ဘယ်လိုမှ ရှောင်ရှားဖို့ မဖြစ်နိုင်တော့မှန်း သိလိုက်ပါပြီ။
ဒါပေမယ့်လည်း အဲ့ဒီလို အခိုက်အတန့်မှာ ယန်ချီတစ်ယောက် နေရာကနေ ပျောက်ကွယ်သွားခဲ့တယ်။
သူအရင်ကနေရာမှာတော့ ပုံရိပ်ယောင် တစ်ခုသာ ကျန်ခဲ့တယ်။
ဟင်းလင်းပြင်တစ်ခုလုံး ပုံရိပ်ယောင်တွေနဲ့ ပြည့်နှက်နေခဲ့တယ်။
“ဟူး. .. ”
ဒီလို ကြောက်မက်ဖွယ်ရာ မြင်ကွင်းကို မြင်တော့ လူငယ်တွေနဲ့ မိန်းကလေးတွေ ထိတ်လန့်သွားကြတယ်။
အဆင့် ၇ နတ်ဆိုးသားရဲကြီးလည်း ထိတ်လန့်သွားခဲ့တယ်။ သူလည်း ယန်ချီဆီကနေ နက်ရှိုင်းတဲ့ ဖိအားကို ခံစားခဲ့ရတယ်။
ဒီအချိန်မှာတော့ အဆင့် ၇ နတ်ဆိုးသားရဲကြီး က ခြေလှမ်းတွေကို ရပ်တန့်လိုက်ပြီး ယန်ချီ ဘယ်မှာလဲဆိုတာ လိုက်ရှာလိုက်တယ်။
သူ ဘယ်လိုပင် ရှာခဲ့စေကာမူ ယန်ချီကို ဘယ်နေရာမှာမှ ရှာမတွေ့ခဲ့ပါဘူး။
“ငါက မင်းအနောက်မှာ. . .”
အဆင့် ၇ နတ်ဆိုးသားရဲကြီး က ယန်ချီဘယ်မှာလဲလို့ ရှာနေစဉ်မှာပဲ ယန်ချီရဲ့ အသံက သူ့အနောက်ကနေ ထွက်ပေါ်လာခဲ့တယ်။
အဲ့ဒီအတွက် အဆင့် ၇ နတ်ဆိုးသားရဲကြီး ကလည်း အဆောတလျင် လှည့်ကြည့်လိုက်တယ်။
ဒါပေမယ့်လည်း အဲ့ဒီအချိန်မှာတော့ ယန်ချီရဲ့ လက်ထဲမှာ ဓါးသွားတစ်ထောင်မှော်ဓါးကို မြင်လိုက်ရတယ်။
ယန်ချီရဲ့ လက်ထဲမှာ ကိုင်ထားတဲ့ အနက်ရောင်ဓါးပေါ်မှာ အနီရောင် ကွင်းသုံးကွင်း ပါရှိနေခဲ့တယ်။
လူငယ်တွေနဲ့ မိန်းကလေးတွေက ယန်ချီရဲ့ လက်ထဲက ဓါးသွားတစ်ထောင်မှော်ဓါးကို မြင်လိုက်တဲ့အခါမှာတော့ မိုးကြိုးအပစ်ခံလိုက်ရတဲ့အလား ထိတ်လန့်သွားကြတယ်။
“ကောင်း. . . ကောင်းကင်အဆင့် အဆင့်မြင့် ဆက်နွယ်မှု လက်နက်”
ယန်ချီကတော့ လက်ထဲမှာ ကိုင်ထားတဲ့ ဓါးသွားတစ်ထောင်မှော်ဓါးနဲ့ သူ့အရှေ့မှာ ရှိတဲ့ အဆင့် ၇ နတ်ဆိုးသားရဲကြီးကို ပိုင်းချလိုက်တယ်။
ဒီမြင်ကွင်းကို မြင်တော့ အဆင့် ၇ နတ်ဆိုးသားရဲကြီး လည်း ထိတ်လန့်တုန်လှုပ်သွားခဲ့တယ်။
သူ့အနေနဲ့ မလွတ်မြောက်နိုင်တော့ဘူးလို့ သိလိုက်ပါပြီ။
သူ့အနေနဲ့ သေဖို့ကိုသာ စောင့်ဆိုင်းဖို့ပဲ ကျန်ပါတော့တယ်။
“ငါ့အသက်တော့ သွားပြီ”
🐱🐱🐱🐱🐱
Chapter 655 ယုံကြည်ရမှာလား
Translated by Thura
အဆင့် ၇ နတ်ဆိုးသားရဲကြီးက သူ့ဘဝရဲ့ နောက်ဆုံးအချိန်မှာ အဲ့ဒီစကားကိုသာ ပြောနိုင်ခဲ့တယ်။
ဓါးသွားတစ်ထောင်မှော်ဓါးက သူ့ခန္ဓာကိုယ်ကို ပိုင်းဖြတ်သွားတဲ့အခါ အဆင့် ၇ နတ်ဆိုးသားရဲကြီး ရဲ့ အသက်က ဒီလောက ကနေ လုံးဝ ပျောက်ကွယ်သွားခဲ့တယ်။
“အဆင့် ၇ နတ်ဆိုးသားရဲကို သတ်ဖြတ်ခြင်း ဓါးဆွဲထုတ်မှတ် + တစ်သန်း”
ယန်ချီရဲ့ စိတ်ထဲက စနစ်ရဲ့ အသံ ထွက်ပေါ်လာခဲ့တယ်။
ယန်ချီက အဆင့် ၇ နတ်ဆိုးသားရဲကြီးရဲ့ ကိုယ်ထဲက ဓါးသွားတစ်ထောင်မှော်ဓါးကို ပြန်ဆွဲထုတ်လိုက်တယ်။
အဆင့် ၇ နတ်ဆိုးသားရဲကြီး ရဲ့ ခန္ဓာကိုယ်က မြေပြင်ပေါ်ကို ပြင်းထန်စွာ လဲပြိုကျသွားခဲ့ပြီး သူရဲ့ ကြီးမားတဲ့ ခန္ဓာကိုယ်ကြီးကြောင့် မြေပြင်မှာ ကျင်းကြီးတစ်ကျင်း ဖြစ်သွားခဲ့ရတယ်။
ယန်ချီက ဓါးသွားတစ်ထောင်မှော်ဓါးကို နောက်ကျောရှိ ဓါးအိမ်ထဲ ပြန်ထည့်လိုက်တယ်။
အခုဆိုရင် လူငယ်တွေနဲ့ မိန်းကလေးတွေရဲ့ မျက်နှာထက်မှာ ထိတ်လန့်မှု၊ နားမလည်မှု၊ ကြောက်လန့်တဲ့ အမူအယာတွေနဲ့ ပြည့်နှက်သွားခဲ့တယ်။
အစောပိုင်းမှာတော့ သူတို့တွေက ယန်ချီကို သာမန်လူတစ်ယောက်လို့သာ မြင်ခဲ့ကြတယ်။
ဒါပေမယ့်အခုတော့ သူတို့တွေ မြင်ခဲ့တာ မှားနေရုံသာမက တော်တော်ကြီး မှားယွင်းနေမှန်း သိလိုက်တယ်။
ယန်ချီက ဒီလို ကြောက်မက်ဖွယ်ရာ တိုက်ခိုက်မှုကို အသုံးပြုနိုင်လိမ့်မယ်လို့ မထင်မိပါဘူး။
“အဆင့် ၇ နတ်ဆိုးသားရဲကြီး က ဒီလိုပဲ အသတ်ခံလိုက်ရတာလား”
သူတို့တွေအနေနဲ့ ဒီမြင်ကွင်းကို မယုံကြည်နိုင်ဖြစ်နေခဲ့တယ်။
ဒါပေမယ့်လည်း ဒီဖြစ်ရပ်က အမှန်တွေဆိုတာ သိပါတယ်။
“ငါပြောခဲ့တယ်လေ ” ယန်ချီက လူငယ်တွေနဲ့ မိန်းကလေးတွေကို ကြည့်ပြီး ဆက်ပြောလိုက်တယ်။ “မင်းတို့ရဲ့ စွမ်းအားတွေနဲ့ ဒီနေရာကို လာဖို့ မသင့်လျော်ဘူး။ မင်းတို့တွေက င့ါပြောတာကို မယုံကြည်တာတော့ မတက်နိုင်ဘူး”
ဒီစကားကြောင့် လူငယ်တွေနဲ့ မိန်းကလေးတွေ တစ်ယောက်ကို တစ်ယောက် ကြည့်မိလိုက်တယ်။
သူတို့တွေက ယန်ချီကို အလွန်ကြောက်စရာ ကောင်းတယ်လို့ သိခဲ့မယ်ဆိုရင် သူတို့တွေက ယန်ချီကို နှိမ့်ချဆက်ဆံမှာ မဟုတ်ပါဘူး။
အခုဆိုရင် သူတို့တွေက ယန်ချီရဲ့ စကားတွေကို ပြန်မပြောရဲတော့ပါဘူး။
“ဒီကို ရောက်ပြီဆိုမှတော့ နတ်ဆိုးသားရဲတွေကို ဆက်ပြီး ရှာလိုက်ရအောင်”
ယန်ချီက ပုံမှန်အတိုင်း ပြောလိုက်တယ်။
ပြောပြီးနောက် ယန်ချီက အရှေ့ကို ဆက်တက်သွားခဲ့တယ်။
လင်းယွဲ့လည်း ယန်ချီအနောက်ကို လိုက်သွားခဲ့တယ်။
ကျန်တဲ့ လူငယ်တွေနဲ့ မိန်းကလေးတွေ သတိ ပြန်ဝင်လာပြီးနောက် အနောက်ကနေ အဆောတလျင် လိုက်သွားခဲ့တယ်။
သိပ်မကြာခင်မှာပဲ သူတို့တွေက ရာချီသော နတ်ဆိုးသားရဲတွေကို မြင်လိုက်ရတယ်။
ရာချီသော နတ်ဆိုးသားရဲတွေက တစ်ခုခုကို ပြောဆိုနေကြရင်းနဲ့ ယန်ချီတို့ကို တွေ့လိုက်တာပါ။
ဒီအတွက် နတ်ဆိုးသားရဲတွေ မှင်သက်သွားခဲ့ကြတယ်။
သူတို့တွေအနေနဲ့ လူသားတွေ ရောက်လာလိမ့်မယ်လို့ မထင်ထားမိပါဘူး။
“လူသားတွေ .. . . ”
ရာချီသော နတ်ဆိုးသားရဲတွေက ချက်ချင်းပင် ယန်ချီတို့ကို ဝိုင်းရံလိုက်ပြီး သူတို့ရဲ့ နက်မှောင်တဲ့ မျက်နှာထက်မှာ အထင်သေးလှောင်ပြောင်မှုတွေ အပြည့်နဲ့ပါ။
“လူသား မင်း ငါတို့ ခေါင်းဆောင်ကို မြင်ခဲ့တာလား”
ရုတ်တရက် နတ်ဆိုးသားရဲတစ်ကောင်က ယန်ချီတို့ကို မေးလိုက်တယ်။
“မင်းတို့ရဲ့ ခေါင်းဆောင်က အဆင့် ၇ နတ်ဆိုးသားရဲကြီးလား”
ယန်ချီက သူတို့တွေကို မေးလိုက်တဲ့ နတ်ဆိုးသားရဲကို ပြန်မေးလိုက်တယ်။
အဲ့ဒီနတ်ဆိုးက ယန်ချီရဲ့ စကားကိုကြားတဲ့အခါ မှင်သက်သွားခဲ့တယ်။ ဘာကြောင့်လဲဆိုတော့ ယန်ချီက သူတို့ရဲ့ ခေါင်းဆောင်၏ ကျင့်စဉ်အဆင့်ကို သိနေလိမ့်မယ်လို့ မထင်ထားမိဘူးလေ။
“ဟုတ်တယ် ငါတို့ ခေါင်းဆောင်က အဆင့် ၇ နတ်ဆိုးသားရဲကြီးပဲ”
“ငါတို့တွေ အခုမှ တွေ့ခဲ့တာလေ”
ယန်ချီက ပေါ့ပါးစွာ ပြောလိုက်တယ်။
ဒီစကားသံ ထွက်ပေါ်လာတော့ ယန်ချီတို့ကိုဝိုင်းရံထားတဲ့ ရာချီသော နတ်ဆိုးသားရဲတွေအားလုံး မှင်သက်သွားခဲ့ကြတယ်။
သူတို့အနေနဲ့ ဒီလူသားတွေက သူတို့ခေါင်းဆောင်နဲ့ တွေ့ဆုံခဲ့လိမ့်မယ်လို့ မထင်ခဲ့ကြပါဘူး။
“လူသား မင်းတို့တွေက ငါတို့ ခေါင်းဆောင်နဲ့ တွေ့ဆုံခဲ့ရတာတောင် ဘာကြောင့် ဘေးကင်းနေတာလဲ”
ရာချီသော နတ်ဆိုးသားရဲတွေ အားလုံး မဟေဠိ ဖြစ်နေခဲ့တယ်။
သူတို့တွေက ဒီလူသားတွေအနေနဲ့ သူတို့ခေါင်းဆောင်နဲ့ ရင်ဆိုင်တွေ့မယ်ဆိုရင် သေဆုံးသွားလောက်ပြီလို့ တွေးမိလိုက်တယ်။
“အင်း. . . ” ယန်ချီက ခဏလောက် တိတ်ဆိတ်သွားခဲ့ပြီး ပြောလိုက်တယ်။ “ဘာကြောင့်လဲဆိုတော့ ငါက မင်းတို့ခေါင်းဆောင်ကို သတ်လိုက်တယ်လေ”
“ဘာ. . . .”
ဒီစကားကိုကြားတော့ ရာချီသော နတ်ဆိုးသားရဲတွေအားလုံး ထိတ်လန့်သွားကြတယ်။
သူတို့တွေက ယန်ချီကို ကြည့်လိုက်မယ်ဆိုရင် မိုးကြိုးပဲ အပစ်ခံရတော့မလို ကြောက်လန့်နေခဲ့ကြတယ်။
“လူသား . . မင်း .. မင်း ဘာပြောလိုက်တာလဲ”
နတ်ဆိုးသားရဲတစ်ကောင်က ယန်ချီကို ကြောက်လန့်တကြား မေးလိုက်တယ်။
ယန်ချီက တည်ငြိမ်စွာ ပြုံးလိုက်ပြီး ပြောလိုက်တယ်။ “ဒါက ဘာများ အံ့အားသင့်စရာ ရှိလို့လဲ”
“ဟား ဟား ”
ရုတ်တရက် နတ်ဆိုးသားရဲတွေအကုန်လုံး အေးတိအေးစက် ရယ်မောလိုက်ကြတယ်။
“လူသား မင်းပြောတာတွေကို ငါတို့တွေ ယုံကြည်ကြမယ် ထင်နေတာလား”
“ဟုတ်လား. . . ”
ယန်ချီလည်း မထီတရီ ရယ်မောလိုက်တယ်။
ယန်ချီရဲ့ မျက်နှာပေါ်ကအမူအယာကို မြင်တော့ အဲ့ဒီ နတ်ဆိုးသားရဲတွေအားလုံး အလွန်တရာ ဒေါသ ထွက်သွားခဲ့တယ်။