𝙸𝚏 𝙾𝚞𝚛 𝙻𝚘𝚟𝚎 𝙸𝚜 𝚃�...

KhinMyatOo851005 द्वारा

44K 1.7K 47

ငယ်.....ဟုတ်တယ်....ဒီနာမ်စားလေးကမင်းတစ်ယောက်ထဲအတွက်ရယ်ပါYiboရယ် #xiaozhan ခင်ဗျားကဘာလို့ကျွန်တော့်ကိုကူညီရတာလ... अधिक

Intro
Part 1
Part 2
Part 3
Part 4
Part 5
Part 6
Part 7
Part 8
Part 9🔞🌚
Part 10
Part 12
Part 13
Part 14
Part 15
Part 16
Part 17
Part 18
Part 19
Part 20
Part 21
Part 22
Part 23
💛 6ᵗʰ anni
Part 24
Part 25
Part 26 final
𝓯𝓪𝓻𝓮𝔀𝓮𝓵𝓵❤️💚

Part 11

1.2K 60 0
KhinMyatOo851005 द्वारा

Unicode

"မား....."

ရိပေါ် မှာမားကိုတွေ့တာနဲ့ ဒူးထောက်ချထိုင်ကာ တင်းတင်းကျပ်ကျပ်ဖက်လိုက်တယ်
အရင်ကမားအရှေ့မှာသန်မာချင်ယောင်ဆောင်ခဲ့တဲ့ရိပေါ်က အခုတော့မားရှေ့မှာ မျက်ရည်တွေကျနေရပြီ

"အမလေး...သားငယ်လေး...သားငယ်လေးပြန်လာပြီ...သားငယ်လေးအဆင်ပြေရဲ့လားဟင်..... "

"ဟင့်...မား....တောင်းပန်ပါတယ်....မားကိုစိတ်ပူရအောင်လုပ်မိတယ်..."

"မငိုပါနဲ့ သားရယ်...."

"တောင်းပန်ပါတယ်အန်တီ...အန်တီ့ကိုစိတ်ပူစေမိလို့...ကျွန်တော်ရိပေါ်ကိုထိခိုက်စေလိုတဲ့စိတ်လုံးဝမရှိပါဘူး...ကျွန်တော်ရိပေါ်ကိုမခွဲနိုင်တဲ့စိတ်နဲ့မို့ လုပ်မိလုပ်ရာ လုပ်မိသွားတာပါ...တောင်းပန်ပါတယ်ဗျ..."

ရှောင်းကျန့်ပါရိပေါ်ဘေးကိုဒူးထောက်ထိုင်ချလိုက်ပြီး
ရိပေါ်မားကိုတောင်းပန်နေတယ်
ရိပေါ်မားမှာလဲအနေခက်ဟန်နဲ့ထရန်ပုခုံးလေးပုပ်ပေးနေတယ်
ရိပေါ်မှာတော့ ရှောင်းကျန့်ကိုအဖက်မလုပ် မားကိုသာမလွှတ်တမ်းဖက်ထားတယ်

"ရပါတယ်ကွယ် အန်တီ့ကိုမတောင်းပန်နဲ့ မင်းတို့ချင်းအဆင်ပြေရင်အန်တီလဲဝမ်းသာပါတယ်
အန်တီ့ဆန္ဒကသားငယ်လေးရဲ့ဆန္ဒအတိုင်းမို့... သားငယ်လေးနဲ့သားကျန့်တို့ကိုပဲညှိစေချင်တယ်ကွယ်...အန်တီ့အတွက်ကသားငယ်လေးစိတ်ချမ်းသာစေဖို့ကအဓိကပဲ...."

"ကျေးဇူးပါအန်တီ...အော်.မား..."

ရှောင်းကျန့် ရိပေါ်မားရဲ့နားလည်ပေးမှုကြောင့် အကြိမ်ကြိမ်ကျေးဇူးတင်မိတယ်

~~~~~~~~~~~~~~~~~~~~~~~~~~~~~~

"ခင်ဗျားမပြန်သေးဘူးလား..."
ရိပေါ်ရှောင်းကျန့်ကို ဘောက်ဆက်ဆက်နဲ့သာမေးလိုက်ခြင်း

"အယ်..သားငယ်..ကိုယ့်ထက်အကြီးကိုဘယ်လိုခေါ်လိုက်တာလဲ...အဲ့လိုမခေါ်ရဘူးလေ..."

"ရပါတယ်အန်တီ....သူခေါ်တတ်သလိုခေါ်ပါစေ...."

ရှောင်းကျန့် ရိပေါ်အားဆူခံရမှာစိုးတာကြောင့်အမြန်ပင်စကားစလိုက်တယ်

"ကျွန်တော်ပြန်လိုက်ပါအုံးမယ်အန်တီ...မနက်ဖြန်မှပြန်လာခဲ့ပါမယ်ဗျ...."

"အေးကွယ်...သားငယ်လေးအစားအားနာလိုက်တာ...ဖြေးဖြေးသွားနော်သားကျန့်..."

ရှောင်းကျန့်ရိပေါ်မားအားနှုတ်ဆက်ကာထွက်လာခဲ့တယ်
ရိပေါ်ကတော့ ထိုင်ခုံမှာသာထိုင်နေပြီး ရှောင်းကျန့်ဘက်ကိုတစ်ချက်တောင်လှည့်မကြည့်ခဲ့ဘူး

"သားငယ်ရယ်...အကိုဖြင့် အကိုပေါ့...ဘာကိုခင်ဗျားလဲ...."

"မခေါ်ချင်ပါဘူးမားရာ...."

ရိပေါ်မှာ ဆူပုတ်ပုတ်နဲ့ပြောလာတာကြောင့် မားမှာရယ်ချင်စိတ်ကိုထိန်းထားရတယ်
ဒီကလေးလေး ရှောင်းကျန့်အပေါ်စိတ်ရှိပါရက်နဲ့ စိတ်ဆိုးစိတ်ကောက်ကလုပ်သေးတယ်
မားလဲငယ်ရာကကြီးလာတာပါ
ဒီသားလေးတစ်ယောက်ထဲရှိတာ.... ဒီသားလေးကိုပဲအရိပ်တကြည့်ကြည့်နဲ့ကြည့်လာရတာ
ရှောင်းကျန့်အပေါ်ကိုဒီကလေးလေး ပြောင်းလဲလာတာကို မားမရိပ်မိတာမဟုတ်
မသိချင်ယောင်ဆောင်ခဲ့ခြင်းသာ...

"ရိပေါ်....."

အပေါက်ဝကနေ ခေါ်သံကြားတာကြောင့် လှည့်ကြည့်လိုက်တော့ ချွေးတွေရွှဲကာ မောဟိုက်နေတဲ့ကျိုးချန်

"မင်း...."

ရိပေါ်စကားပွောဖို့ပွငျလိုကျခြိနျမှာပဲ ကျိုးချန်ကတင်းတင်းကျပ်ကျပ်ဖက်လာတာကြောင့် ရိပေါ်အလိုက်သင့်သာပြန်ဖက်ပေးလိုက်တယ်
အဲ့နောက်ရိပေါ်ဟာမြန်မြန်ပဲ ကျိုးချန်ကိုလူချင်းခွာစေတယ်
မတော်လို့ ရှောင်းကျန့်ပြန်လှည့်လာလို့်မြင်ရင် ထပ်ပြီးအထင်လွဲမှာရိပေါ်ကြောက်တယ်
ဒါကိုရိပ်မိတဲ့ကျိုးချန်က ဆွေးမြည့်တဲ့အကြည့်နဲ့သာကြည့်မိတယ်

"မင်းဘယ်တွေသွားနေတာလဲ...."
ကျိုးချန် ခပ်တိုးတိုးသာမေးလိုက်တယ်

"ငါနောက်မှအေးဆေးပြောပြပါ့မယ်...."

~~~~~~~~~~~~~~~~~~~~~~~~~~~~~~~

"ဟေ့ကောင် ရှောင်းကျန့်...မင်းကွာ မင်းကိုလက်ထပ်မယ်လို့ပြောထားတဲ့လူကို ပြန်ခိုးရတယ်လု့ိ..မင်းမလွန်ဘူးလား...."

"ဟုတ်ပ ရှောင်းကျန့်ရယ်...နင်အဲ့လိုလုပ်လို့ ရိ်ပေါ်လေးကစိတ်ဆိုးသွားရင်ဘယ်နှယ့်လုပ်မလဲ...."

ရုံးခန်းထဲမှာ ရှောင်းကျန့်ကခုံမှာထိုင်ရင်း ယွီပင်းနဲ့ ရွှမ်လုတို့ပြောစကားတွေကြောင့် သက်ပြင်းတွေသာချမိတော့တယ်
ဒီရှောင်းကျန့်ရဲ့အပူတွေကို သူတို့မှမသိပဲကိုး...

"မင်းတို့မှငါ့အကြောင်းကိုမသိသေးပဲ...ငါအဲ့လိုမလုပ်ရင် ငယ်ကငါ့အပေါ်ကိုစိတ်ပြောင်းသွားနိုင်တယ်ကွ...အာ့ကြောင့်ငယ့်ကိုငါ့အပိုင်အဖြစ်အရင်ယူခဲ့တာ...မင်းတို့က ဇွတ်အော် ဇွတ်အပြစ်တင်ဖို့လောက်ချည်းပဲ...."

ရှောင်းကျန့်ရဲ့စကားကြောင့် ယွီပင်းနဲ့ ရွှမ်လုတို့မှာပြူးကြောင်ကြောင်ဖြစ်သွားရတယ်
သူတို့မသိတာဘာရှိသေးတာလဲ....
အဲ့နောက် ရှောင်းကျန့်က...

"မင်လျန့် ပြန်လာတော့မယ်...."

~~~~~~~~~~~~~~~~~~~~~~~~~~~~~~

ရှောင်းကျန့်အိမ်ထဲဝင်လာတော့ မားကဧည့်ခန်းထဲမှာထိုင်နေတယ်
သူကိုမြင်တာနဲ့ ပြေးလာတဲ့မားကိုကြည့်တာနဲ့ တစ်ခုခုကိုစိုးရိမ်နေမှန်းရှောင်းကျန့်ရိပ်စားမိပါတယ်

"သား...သားအဖေအပေါ်မှာသားကိုစောင့်နေတယ်..."

လက်မောင်းနှစ်ဖက်ကိုတင်းတင်းစုပ်ပြီးပြောနေတဲ့မားက အနည်းငယ်ထိတ်လန့်နေသယောင်မို့ ရှောင်းကျန့်မားရဲ့လက်ကလေးကိုပုတ်ကာ ပြုံးပြလိုက်ပြီးအပေါ်ထပ်ကိုတက်လာခဲ့တယ်

အခန်းထဲရောက်တာနဲ့ ပြတင်းပေါက်မှန်ဘက်ကိုကြည့်နေတဲ့ပါးက သူ့ဘက်ကိုစူးစူးရဲရဲနဲ့သာကြည့်လာတယ်

'ခွပ်'

ပါးပြင်ထက်ကနာကျင်မှုနဲ့အတူ နှုတ်ခမ်းစကနေစီးကျလာတဲ့ သွေးစတို့ကိုရှောင်းကျန့်ဖိကာသုတ်လိုက်တယ်

"မင်းလုပ်ရပ်ကောင်းသေးရဲ့လားဟမ်...မင်းကြောင့်...မင်းကြောင့် ငါတို့မိသားစုဂုဏ်သိက္ခာဘယ်လောက်ကျရလဲမင်းသိရဲ့လား...မိဘပေးစားတဲ့မိန်းကလေးကိုကျပစ်ပြီး ဘာမဟုတ်တဲ့ကောင်ကိုခိုးပြေးသွားရတယ်လို့....လူကြားလို့မှကောင်းရဲ့လား ကယ်တင်ရှင်ကြီးရှောင်းကျန့်ရဲ့...."

"ကျွန်တော့်ကြောင့် ပါးတို့ဂုဏ်သိက္ခာကျဆင်းသွားရတာ တောင်းပန်ပါတယ်.... ဒါမဲ့...ကျွန်တော်ရိပေါ်ကိုတစ်ကယ်ချစ်တာပါ..."

စကားဆုံးတာနဲ့ ရှောင်းကျန့်ရဲ့ပါးပြင်ပေါ်ကို နောက်ထပ်လက်သီးတစ်ချက်ကျရောက်လာတယ်

"ထိုးပါ ပါး....ပါးကြိုက်သလောက်ထိုးပါ...ပါးစိတ်ကျေနပ်တဲ့ထိထိုး...ဒါမဲ့ပြီးသွားရင် ကျွန်တော်နဲ့ရိပေါ်ကိစ္စကိုသဘောတူပေးရမယ်...."

"မင်းကများ...."

'ခွပ်'

ပါးကရှောင်းကျန့်ကိုထိုးပြီးဆောင့်တွန်းလိုက်တာကြောင့် ရှောင်းကျန့်မှာကြမ်းပြင်ပေါ်ကိုခွေကနဲလဲကျသွားတယ်
သွေးတွေကမျက်နှာမှာပါမက ပါးစပ်ကနေလဲစီးကျလို့နေတယ်

*ငယ်...ကိုယ်နဲ့ နောက်ဘဝကျထပ်ဆုံကြရအောင်ပါ...*

မျက်ထောင့်ကနေစီးကျလာတဲ့အရည်ကြည်တစ်ချို့နဲ့အတူရှောင်းကျန့် မျက်လုံးစုံမှိတ်ကာ ဆုတောင်းလိုက်တယ်

"မလုပ်ပါနဲ့...မလုပ်ပါနဲ့တော့ရှင်...ဖြစ်ခဲ့တာတွေလဲဖြစ်ပြီးသွားပြီလေကိုရယ်...စိတ်ကိုလျှော့ပါ...လက်လွန်ခြေလွန်တွေဖြစ်ကုန်ပါ့မယ်...."

ရှောင်းကျန့် မိမိရှေ့ကနေဝင်တားပြီး ငိုနေတဲ့မားကြောင့်မျက်လုံးတို့ကိုဖွင့်ကြည့်လိုက်တယ်

"မင်းသားယူလာတဲ့ကောင်က ငါတို့ရှောင်းမျိုးရိုးကိုမွေးမပေးနိုင်ဘူးကွ...ငါ့မှာဟိုင်ကျန်းကော(လီဟွားဟွေ့ရဲ့ပါး) ကိုဘယ်လောက်အားနာရတယ်မှတ်လဲ ဒါကိုမင်းမသိတာလား...မင်းရဲ့သားလုပ်ပုံကိုကောင်းတယ်လို့ထင်နေတာလား....."

ရှောင်းပါးက အတော်ဒေါသထွက်နေပြီ
ဒီအခြေအနေမှာ ရှောင်းမားဝင်မထိန်းရင်လက်လွန်ကုန်မည်စိုးတာကြောင့် ဝင်ပြောရခြင်းဖြစ်တယ်
သနားစရာခုံငယ်လေးမှာတော့ ရှောင်းပါးရဲ့ပစ်ပေါက်မှုကြောင့် အပိုင်းပိုင်းကျိုးသွားတော့တယ်

"အဲ့့ဒီဟိုင်ကျန်းကော ဟိုင်ကျန်းကောနဲ့.. သူနဲ့ကဘယ်ချိန်ထိစပ်တူလုပ်နေအုံးမှာလဲ သူတို့သားအဖအကြောင်းကို ကိုကဘယ်လောက်သိလို့လဲ...ငွေမည်းတွေတစ်ပုံတစ်ပင်နဲ့ ကြိီးပွားလာတာကို ကိုမသိပဲနေမှာတော့မဟုတ်ပါဘူး...ဟွေ့ဟွေ့ကိုလဲ အားနာတာမို့ အလိုက်အထိုက်ဆက်ဆံပေးနေတာ... ကျွန်မကသူတို့မိသားစုလက်ထဲ သားကျန့်လေးကိုအရင်ထဲကမထည့်ပေးချင်ခဲ့တာ....."

"ဒါမဲ့ ဒါကအရင်ထဲကငါတို့လူကြီးချင်းပြောထားခဲ့ကြတာလေ...မင်းမှာသစ္စာ လူမှာကတိတဲ့...ငါတို့လိုလုပ်ငန်းကြီးလုပ်တဲ့သူတွေက ပိုကတိတည်ရတယ်ကွ...."

" ဒါဆိုကိုကဘာလဲ...သားကျန့်ရဲ့ဘဝကို စိတ်ဆင်းဆင်းရဲရဲနဲ့နေသွားစေချင်လို့လား...ဒီလိုလုပ်မှကိုကစိတ်ချမ်းသာမှာလား...ရှောင်းမျိုးရိုးကိုမမွေးပေးနိုင်ပေမဲ့လဲ အနည်းဆုံးတော့ သားကျန့်လေးပျော်ရွှင်ရမှာလေ....အဲ့ကတိဆိုတာက သူတို့အကြောင်းမသိခင်ကပေးခဲ့မိတာပဲ....မကောင်းမှန်းသိရက်နဲ့တော့သားကျန့်လေးကိုမထည့်ပေးနိုင်ဘူး....ဘာပဲဖြစ်ဖြစ် ကျွန်မကတော့ သားကျန့်လေးပျော်ရွှင်ဖို့ကပိုအရေးကြီးတယ်...."

ရှောင်းမားရဲ့ပြောစကားကြောင့် ရှောင်းပါးမှာလဲစိတ်ရှုပ်သွားဟန်နဲ့တူပါတယ်
လက်သီးကျစ်ကျစ်ဆုပ်လျက်နဲ့ နံရံကိုတစ်ချက်ထိုးလိုက်ပြီးနောက် ဘေးနားကခွက်ကိုလဲခွဲကာ အခန်းထဲကနေထွက်သွားတော့တယ်

ရှောင်းကျန့်လဲမားကိုဖက်ကာငိုနေမိတယ်
မျက်ရည်တွေကြောင့် ပါးပြင်ကဒဏ်ရာတွေကပိုစပ်နေပေမဲ့လည်း မျက်ရည်များကထိန်းမနိုင် အဆက်မပြတ်ကျနေမိတယ်

"သားကျန့်လေး....အရမ်းနာနေလားဟင်...."

ပါးပြင်လေးကိုခပ်ဖွဖွကိုင်ပြီး စိုးရိမ်တကြီးနဲ့မေးလာတဲ့မားကြောင့် ရှောင်းကျန့်ပျော်မိသလို
အရမ်းလဲဝမ်းနည်းမိတယ်
မားက ပါးကိိုဒီလိုတွေဝင်ပြောလိမ့်မယ်လို့ရှောင်းကျန့်မထင်ထားခဲ့
မားကလီဟွားဟွေ့နဲ့တရင်းတနှီးဆက်ဆံတာမို့ ပါးထက်မားကပိုစိတ်ဆိုးမယ်လို့ထင်ထားခဲ့တာ

"ရပါတယ်မား...မနာပါဘူး...သားကိုခွင့်လွှတ်ပါ....သားကြောင့်...သားကြောင့်..."

ပြောရင်းထိန်းမရတဲ့မျက်ရည်တွေနဲ့အတူ နစ်ဝင်သွားတဲ့စကားသံတွေကြောင့် မားကရှောင်းကျန့်ကိုတင်းတင်းဖက်ထားလိုက်ပြီး ပုခုံးလေးကိုပုတ်ပေးနေတယ်

"မားကခွင့်လွှတ်ပါတယ် သားရယ်...မားတို့အပြစ်ပါ..သားဆန္ဒကိုမမေးပဲအတင်းအကြပ်စီစဥ်လို့ခုလိုဖြစ်ရတာပဲ...မားတို့အပြစ်ပါသားရယ်...."

"ကျေးဇူးပါမား...."

ရှောင်းကျန့်မားကို ပိုလို့ပင်တိုးဖက်ထားလိုက်တော့တယ်
မားရဲ့ရင်ခွင်ထဲမှာ ဒီတစ်ညတော့ ကလေးတစ်ယောက်လိုငိုကြွေးပစ်လိုက်တယ်
အဲ့နောက်မားခပ်တိုးတိုးရေရွတ်လိုက်တာက....

"သားကျန့်လေးတောင်အရွယ်ရောက်လာပြီပဲ....
မကြာခင်မားရင်ခွင်ထဲကနေထွက်သွားတော့မှာပေါ့နော်..."

^^^^^^^^^^^^^^^^^^^^^^^^^^^^^

Hello..မေ့သွားကြပြီလားဗျ❤

1.3.23

#ʟᴜɴᴀʷᵃⁿᵍ85🦁



Zawgyi


"မား....."




"မငိုပါနဲ့ သားရယ်...."






~~~~~~~~~~~~~~~~~~~~~~~~~~~~~~









"မခေါ်ချင်ပါဘူးမားရာ...."


"ရိပေါ်....."


"မင်း...."




~~~~~~~~~~~~~~~~~~~~~~~~~~~~~~~

"ဟေ့ကောင် ရှောင်းကျန့်...မင်းကွာ မင်းကိုလက်ထပ်မယ်လို့ပြောထားတဲ့လူကို ပြန်ခိုးရတယ်လို့..မင်းမလွန်ဘူးလား...."

"ဟုတ်ပ ရှောင်းကျန့်ရယ်...နင်အဲ့လိုလုပ်လို့ ရိပေါ်လေးကစိတ်ဆိုးသွားရင်ဘယ်နှယ့်လုပ်မလဲ...."





~~~~~~~~~~~~~~~~~~~~~~~~~~~~~~





'ခွပ်'


"မင်းလုပ်ရပ်ကောင်းသေးရဲ့လားဟမ်...မင်းကြောင့်...မင်းကွောငျ့ ငါတို့မိသားစုဂုဏ်သိက္ခာဘယ်လောက်ကျရလဲမင်းသိရဲ့လား...မိဘပေးစားတဲ့မိန်းကလေးကိုကျပစ်ပြီး ဘာမဟုတ်တဲ့ကောင်ကိုခိုးပြေးသွားရတယ်လို့....လူကြားလို့မှကောင်းရဲ့လား ကယ်တင်ရှင်ကြီးရှောင်းကျန့်ရဲ့...."




"မင်းကများ...."

'ခွပ်'








"အဲ့ဒွီဟိုငကွနွှးကော ဟိုင်ကျန်းကောနဲ့.. သူနဲ့ကဘယ်ချိန်ထိစပ်တူလုပ်နေအုံးမှာလဲ သူတို့သားအဖအကြောင်းကို ကိုကဘယ်လောက်သိလို့လဲ...ငွေမည်းတွေတစ်ပုံတစ်ပင်နဲ့ ကှီးပှားလာတာကို ကိုမသိပဲနေမှာတော့မဟုတ်ပါဘူး...ဟွေ့ဟွေ့ကိုလဲ အားနာတာမို့ အလိုက်အထိုက်ဆက်ဆံပေးနေတာ... ကျွန်မကသူတို့မိသားစုလက်ထဲ သားကျန့်လေးကိုအရင်ထဲကမထည့်ပေးချင်ခဲ့တာ....."






မားက ပါးကိုဒီလိုတွေဝင်ပြောလိမ့်မယ်လို့ရှောင်းကျန့်မထင်ထားခဲ့




"ကျေးဇူးပါမား...."



^^^^^^^^^^^^^^^^^^^^^^^^^^^^^


1.2.23

#ʟᴜɴᴀʷᵃⁿᵍ85🦁

पढ़ना जारी रखें

आपको ये भी पसंदे आएँगी

3.9K 260 6
အမတ်မင်းရှောင်းနဲ့ သိုင်းသမားလေးဝမ်ရိပေါ် အမတ်မင်းရှောင်းနဲ့ သိုင်းသမားလေးဝမ်ရိပေါ် Yizhan Fanfiction Started Date: 27 Sep 2023 Ended Date: 15 Oct 202...
1.4M 35.3K 47
When young Diovanna is framed for something she didn't do and is sent off to a "boarding school" she feels abandoned and betrayed. But one thing was...
6.5K 361 6
This story on Pakhi Exit Sab ki ye complain rhi h pakhi ko itne kand krne ke baad bina punishment ke bahar nikal diya
2.8M 161K 50
"You all must have heard that a ray of light is definitely visible in the darkness which takes us towards light. But what if instead of light the dev...