နေသာတဲ့နေ့တွေမှာဆို ခင်ဗျားကိ...

Από Enri_k

28.3K 2.8K 155

နေရာတိုင်းက အေးခဲနေရင်တောင် ခင်ဗျားနဲ့ပတ်သတ်တဲ့ ကျွန်တော့နှလုံးသားကတော့ အမြဲတမ်းနွေဦးရပ်ဝန်းပဲဗျ.... ေနရာတို... Περισσότερα

prologue
Ep. 1
Ep. 2
ep. 3
ep.5
ep.6
ep.7
ep.8
ep. 9
ep. 10
ep. 11
ep. 12
ep. 13
ep. 14
ep. 15
ep. 16
ep . 17
ep. 18
ep. 19
ep. 20
ep. 21
ep. 22
ep. 23
ep. 24
ep. 25
ep. 26
ep. 27
ep 28
ep.29
ep. 30 Final

ep.4

795 85 3
Από Enri_k

Unicode;

ဝမ်ရိပေါ်တစ်ယောက် အရာရာကို စိတ်အလိုမကျပဲ ဂျစ်တိုက်ချင်တဲ့ကောင်လေးတစ်ယောက် ဖြစ်နေတယ်။
အကို့ဆီက အရေးမစိုက်ခြင်းခံရလေလေ အာရုံစိုက်ချင်လာအောင် ပိုလုပ်ချင်ချင်ဖြစ်လာတော့တာ...

စကားနားမထောင်ချင်ဘူး...
သူ့ကြောင့် အကိုစိတ်ဆိုးနေတာကိုမြင်နေရတာက သူ့အပေါ်အာရုံရှိနေတယ်ဆိုတဲ့စိတ်နဲ့ ပိုစိတ်ဆိုးအောင်လုပ်နေမိတာပဲ...
အကို သူ့လက်ဆစ်တွေကိုပေတံနဲ့ခေါက်ပြီး အပြစ်ပေးထားလို့ နီရဲပြီးတစ်ချို့နေရာတွေ သွေးခြေဥနေတယ်။
သူ့အသားအရေက ဖြူဖျော့နေတာကိုး...
မြင်ရတာ သိသာနေတယ်။

အော်...အချစ်ကပေးတဲ့ အမှတ်အသားတွေ...

အကိုက လှပေမဲ့ သိပ်အကျင့်မကောင်းဘူး..
နှလုံးသားမရှိဘူး...
အနားမှာရှိရက်နဲ့ လျစ်လျူရှုခံနေရတာကို မခံစားနိုင်ဘူး...
အကို့ရဲ့ စာရှင်းပြတဲ့အသံကိုနားထောင်လေလေ ဒီအကြောင်းက ခေါင်းထဲဝင်လေလေပဲ....
အာရုံစုစည်းလို့မရဘူး..
ဒါကိုမတွေးမိဖို့အတွက် အနားရှိရာပစ္စည်းကို အာရုံပြောင်းတဲ့အခါ အကိုစိတ်ဆိုးပြီးဆူတယ်။
ဒါက ပိုကောင်းတယ်ထင်တာပဲ....

ရှောင်းကျန့်စာရှင်း​ပြနေချိန်မှာ ခဲသားဘောပင်ဆီက တစ်ထောက်ထောက်အသံ အဆက်မပြတ်ထွက်လာတယ်...
လှည့်ကြည့်လိုက်ရင် ဝမ်ရိပေါ်အာရုံက သင်ခန်းစာမှာမရှိ..
အဲ့ဒီ ခဲသားဘောပင်ကိုပဲ သဲကြီးမဲကြီး ကြည့်လို့ကစားနေတယ်။

ရှောင်းကျန့် အဲ့ဒီပစ္စည်းကိုယူသိမ်းလို့ ခဲတံတစ်ချောင်းပဲပေးထားလိုက်တယ်။
သိပ်မကြာဘူး..
ဗလာစာအုပ်က စာရွက်တွေကို စိစိညှပ်ညှပ်​ကြေအောင်ဖြဲဆော့နေပြန်တယ်။
ဗလာစာအုပ်တွေ ယူသိမ်းလို့ ဖြဲမရတဲ့ပုံနှိပ်စာအုပ်ပဲချထားပေးလိုက်တယ်။
ဝမ်ရိပေါ်ဘေးမှာလည်းစာရွက်ပိုင်းတွေပြန့်ကျဲလို့...

ရက်အနည်းငယ်ကြာတဲ့အထိ ဝမ်ရိပေါ်က ဒီလိုပြုမူနေတုန်း။
တစ်ခုမဟုတ်တစ်ခု အမြဲလုပ်နေတာကြောင့် သူ့ရဲ့ အရုပ်တွေ စာသင်ရင်းယူဆော့လို့မရအောင် သော့ခတ်ခံထားရပြီ။
သူကြိုက်တဲ့ သီချင်းခွေတွေ နံရံက ပိုစတာတွေအထိ ဖြုတ်သိမ်းထားတယ်။
ဘာမှဆော့စရာမကျန်ရင် အဲတာတွေကို တစ်မေ့တစ်မောထိုင်ကြည့်နေတော့တာမို့...

လေ့ကျင့်ခန်းအတွက်ပေးထားတဲ့ စာအုပ်က ဟိုခြစ်ဒီခြစ်ရုပ်ပုံတွေနဲ့ပြည့်နေတယ်။
နားမှာ နားကြပ်ကို အမြဲလိုတပ်နေတက်တယ်။

စာမေးလိုက်ရင်ရတော့ ရနေတယ်...
ဒါပေမဲ့ စိတ်မပါလက်မပါ...

ဝမ်ရိပေါ်မူမမှန်တာ ရှောင်းကျန့်သိတယ်။
ဒီလိုဆယ်ကျော်သက်အရွယ်ဟာ စိတ်ခံစားချက် မူမမှန်ဆုံးနဲ့ ထိန်းသိမ်းရအခက်ဆုံးလို့ မားပြောဖူးတယ်။
ဝမ်ရိပေါ်ဟာ စိတ်ကစားတဲ့အရွယ်ကို အပြည့်အဝရောက်ရှိနေပြီဖြစ်တယ်။

"အကိုက လှတယ်"

"ထောက်!!"

စားပွဲပေါ်ကို ဘောပင်ပစ်ချလိုက်တဲ့အသံ...

"မင်းဘာဖြစ်နေတာလဲ ဝမ်ရိပေါ်..."

အကို့မျက်ခုံးတွေတွန့်ချိုးလို့ သူ့ကိုစူးစိုက်ကြည့်နေတယ်။
နည်းနည်းတော့ လန့်သွားပေမဲ့ ဝမ်ရိပေါ်တစ်ယောက် ဂျစ်တိုက်ချင်လာပြန်တယ်။

"ကျွန်တော် ဘာလုပ်နေလို့လဲ..."

အကို့အကြည့်တွေက သူ့လက်တွေဆီရောက်သွားတယ်။
သူလိုက်ကြည့်မိတော့ နီရဲနေတဲ့သူ့လက်ဆစ်တွေ...

"မင်းကိုယ်မင်း မသိတာတော့ မဖြစ်နိုင်ဘူး..
မင်းဘာကြောင့်ဒီလို ဂျစ်တိုက်နေတာလဲဆိုတာ ငါမသိဘူး....
ဒီလိုပုံစံနဲ့ မင်းကို ဘယ်လိုယုံ​ကြည်စိတ်ချပြီးနေရမလဲဆိုတာ မသိတော့ဘူး .. မင်းဆီမှာတိုးတက်ချင်စိတ်ရှိရဲ့လား ဆိုတာလည်း မသိတော့ဘူး..
ဒီစာသင်နှစ်ပြီးတဲ့အထိ မင်းအပေါ်မှာ အပြည့်အဝတာဝန်ယူထားတယ်... မင်း ဒီလိုအာရုံမစိုက်ဘူးဆိုရင် တကယ် ငါပေးသမျှအချိန်တွေဟာ အလကားပဲ ဝမ်ရိပေါ်.. "

"ကျစ်"

ဒီစကားတွေတကယ်ငြီးငွေ့နေပြီ..

"အကို့ဆီမှာ တာဝန်အရဆိုတဲ့စကားကလွဲရင် တခြားပြောစရာမရှိဘူးလား...
ဒီ စာလုပ်ဖို့အကြောင်းမှမဟုတ်ရင် တခြားဘာမှမရှိတော့ဘူးလား..."

"သင်ကြားရေးအတွက်ပဲ ငါ့ကို ခေါ်ထားတာမဟုတ်ဘူးလား.. မင်းမှာဆန္ဒမရှိဘူးဆိုရင် အစကတည်းက ဘာကြောင့်ငါ့ကို ခေါ်နေသေးလဲ... ဒီလိုဆက်လုပ်နေဦးမယ်ဆိုရင် ဘာကြောင့်များငါ့ကိုလိုအပ်နေဦးမှာလဲ.."

သူ ဝမ်နည်းလာသလို ဒေါသလည်းထွက်လာတယ်။ အလိုမကျစိတ်တွေက စကားလုံးအဖြစ် ပြန်စီလို့မရနေဘူး...

"အကို့ကို လိုအပ်တယ်.. လိုအပ်တယ်လို့ အကိုရဲ့.."

အကိုက သူ့ကို စူးစူးစိုက်စိုက်ကြည့်လာတယ်...

"အခုတစ်လော ငါ့အပေါ် မင်းရဲ့စကား အသုံးအနှုန်းတွေကို ငါမကြိုက်ဘူး.. အပြောအဆို ဆင်ခြင်ပါ ဝမ်ရိပေါ်.."

ရင်ဘတ်ထဲအောင့်ပါတယ်။

"အကိုက ကျွန်တော့ကို သဘောမကျဘူးလား"

"ဘာ"

သူဖြစ်ချင်တာ သူ့ကိုဂရုစိုက်စေချင်တာ...
ပုံမှန်အတိုင်း နွေးနွေးထွေးထွေးရှိစေချင်ရုံ...
သူ့ဘက်က ဘာများဆန္ဒများပြားနေလို့လဲ...

"အကိုဘာလို့ ကျွန်တော့်ကို ရှောင်နေတာလဲ.."

အကိုမျက်ခုံးတန်းတွေ တွန့်ချိုးလာတယ်။
သူ့အပေါ်အကြည့်တွေ မာကျောလာတယ်။

သူ့မိဘက သူ့အပေါ် တင်းကျပ်တယ်။
သူ့ဝါသနာတွေကို ပိတ်ပင်ချင်တယ်။
မွန်းကျပ်တာမို့ သက်တောင့်သက်သာရှိတဲ့နေရာက ဒီအခန်းလေးပဲ...
သူ့ပိုင်ဆိုင်မှုတွေရှိတဲ့ ဒီနေရာလေး... ပြီးတော့...
ဒီလူကိုမြင်နေရတဲ့အချိန်လေးတွေ...

ဒီလူ့ကိုမှ မြင်မြင်ချင်းသံယောဇဥ်တွယ်မိပြန်တာမို့
မိဘဆီစာ​ပြန်သင်ပေးဖို့ တောင်းဆိုခိုင်းခဲ့ရုံသာ...
သူပျော်တယ်...
သူ့ကိုသက်တောင့်သက်သာဖြစ်​စေတဲ့ဒီအခန်းလေးလိုမျိုး အကို့ကိုတွေ့နေရရင်ကို ပျော်ရွှင်နေတက်တာ...

ဒါပေမဲ့ ​နောက်ပိုင်း သူ့ကိုမြင်တိုင်း အလိုမကျသလိုဖြစ်လာတဲ့အကို့ကြောင့် မပျော်တော့ဘူး...
စကားလည်း နားမထောင်ချင်တော့ဘူး..
အရွဲ့တိုက်ပြီး အကိုမကြိုက်တာ လုပ်ချင်စိတ်ကလွဲ မရှိနေတော့တာ...

"မင်းကို ဖိဖိစီးစီးလေ့ကျင့်ပေးနေတယ်လေ... ဘာတွေများထက်ပြီးလိုအပ်နေသေးတာလဲ."

"စာသင်ချိန်မဟုတ်ပဲ တခြားအချိန်တွေဆိုရင်လေ.. ကျွန်တော့်ကို ဘယ်တော့မှ အရေးမစိုက်ဘူးအကိုက "

"ကျစ်"

သူ့စကားလုံးကို စိတ်ပျက်သလို တစ်ဖက်လှည့်သွားတယ်။

"ဒါ မင်းရဲ့ ကိစ္စကြီးဖြစ်နေတာလား.."

"အကိုကျွန်တော့ကို ဘာတွေအလိုမကျတာလဲ...
ဘာလို့ ကျွန်တော့်ကို တခြားလူတွေကို မဆက်ဆံနိုင်ရတာလဲ... ဘယ်လောက်ပဲကြိုးစားကြိုးစား အကိုနဲ့ရင်းနှီးလာတယ်လို့ မခံစားရဘူး.."

"ဒါက မင်းအတွက်ဒီလောက်တောင်အရေးကြီးနေတာလား ဝမ်ရိပေါ်... မင်းဒီလိုအရေးမပါတာတွေ.."

"အကို့ကို သဘောကျတယ်"

"....."

"အကို့ကိုလှတယ်လို့ပြောတာ အကိုမကြိုက်ဘူးမလား... ဒါပေမဲ့ မတက်နိုင်ဘူး... အကိုက တကယ်လှတာ.. ကျွန်တော်အရမ်းသဘောကျတယ်...အကို့ကို.. ချစ်လည်း ချစ်..."

"ဝမ်ရိပေါ်.. မင်းရူးနေလား.!!!. မင်းဘာစကားတွေပြောနေတာလဲ... မင်းငါ့အပေါ်ဒီလိုမျိုးအတွေးတွေ...ဘယ်လိုလုပ်ပြီး...."

အကို့ မျက်နှာရော မျက်ဝန်းတွေပါနီရဲလာတယ်။
အကြည့်တွေဟာ ဒေါသရိပ်လွှမ်းခြုံလို့ ရွံရှာနေသလိုအကြည့်တွေ.....

မကြည့်နဲ့... အဲ့လိုကြီး ..

အကို့အော်သံနဲ့ အကြည့်အောက်မှာ သူ ခေါင်းတွေချာချာလည်ကုန်တယ်။

ငါဘာတွေပြောလိုက်မိတာလဲ ...

"မဟုတ်ဘူးအကို... ကျွန်တော်ပြောတာ အဲ့လိုမဟုတ်.. အဲ့လိုမရည်ရွှယ်..."

သူ့လက်တွေ အကို့ဆီကိုလှမ်းမိတယ်။

"..."

အကိုနောက်ဆုတ်သွားတယ်...

"မလှုပ်နဲ့ ဝမ်ရိပေါ်... ငါ့ကိုမထိနဲ့... "

"တောင်း... တောင်းပန်ပါတယ်"

သူ လွှတ်ကနဲ ပြောထွက်သွားတာ... သူရုပ်တရက် လွတ်သွားလို့... တကယ်ကို ရည်ရွယ်ချက်မရှိ...

အကိုက ချက်ချင်းပစ္စည်းတွေ​ကောက်သိမ်းတယ်။

"ငါမင်းမိဘဆီက အခကြေးငွေယူပြီး ဒီအလုပ်ကိုလုပ်တာ... ဒီလိုသာဆို ငါဆက်လုပ်လို့မဖြစ်ဘူး.."

သူ့ရင်ထဲ ထိတ်လန့်သွားတယ်... မဟုတ်မှ...

"မဟုတ်ဘူး အကို.. "

"ငါဒီအတိုင်း ကြည့်ပြောလိုက်မယ်... ငါဆက်မလုပ်တော့တဲ့အကြောင်း... ငါ့ကြောင့် မင်းကို လမ်းမှားမရောက်စေချင်ဘူး.. ငါဆက်လုပ်လို့မရဘူး.."

ဘာတွေလဲ ဘာတွေလဲ...

"မဟုတ်ဘူးလေ... အဲ့လိုမဟုတ်ဘူး..."

အခန်းထဲက ထွက်ခွာသွားတဲ့အကို...
သူနောက်က အမြန်လိုက်တယ်။

"သားကျန့် အစောကြီး ပြီးသွားတာလား.."

"ဟုတ် ကျွန်တော် နေမကောင်းလို့.."

ဧည့်ခန်းထဲက မားရဲ့မေးခွန်းကို အကို ခပ်ပြတ်ပြတ်ဖြေလို့ အိမ်အပြင်ထွက်သွားတယ်။

"ဝမ်လေး.. ဘာတွေဖြစ်..."

မသိဘူး.. ဘာမှမသိတော့ဘူး...

အကို့နောက်ကို သူအပြေးလိုက်တယ်။

ညနေစောင်းလို့ နေဝင်ကောင်းကင်က နီစွေးလို့နေပြီ..
လေ​အေးက တစ်သုန်သုတ်တိုက်ခတ်လို့...
အကို့နောက်ကိုပြေးလိုက်ရင်း သူသီးမခံနိုင်တော့..

"အကိုက ဒါကိုလမ်းမှားလို့ထင်နေတာလား... ဒါလမ်းမှားမှမဟုတ်ပဲ... ကျွန်တော် ဒါကိုဘယ်တုန်းကမှ အမှားလို့ မယူဆဖူးဘူး"

အကိုခြေလှမ်းတွေရပ်သွားတယ်။

"မင်း မမှားပါဘူး... ငါမှားတာ... မင်းကိုစာသင်ပေးဖို့ လက်ခံလိုက်တဲ့ ငါမှားတာ..."

"အကို့ကို သဘောကျမိတာက ဒီလောက်တောင်အမှားဖြစ်နေတာလား... တကယ်ပဲ ကျွန်တော့ကို ရွံမုန်းသွားတာလား.."

သူ့အသံတွေအက်ကွဲနေတယ်။
သူမျက်ရည်ကျနေပြီထင်တယ်။
ရင်ထဲအသက်ရှုရခက်လိုက်တာ... ဆိုနင့်နေတာပဲ...

"ဒါက ဘယ်လိုမှမဖြစ်နိုင်ဘူးဝမ်ရိပေါ်... ပိုပြီးဆိုးမလာအောင် ငါတားရလိမ့်မယ်... မင်းငါ့ကိုသဘောကျလို့မရဘူး... ငါလည်းဒါကို လက်မခံနိုင်ဘူး..."

"ဘာလို့လဲ...ဘာလို့မရတာလဲ... လူတစ်ယောက်က လူတစ်ယောက်ကိုသဘောကျတာ ဘာမှားလို့လဲ.. "

"မင်းကိုမုန်းတီးဖို့စိတ်ကူးလည်းမရှိဘူး... ငါနဲ့ပတ်သတ်တဲ့အတွေးတွေ ခေါင်းထဲက ထုတ်ပစ်လိုက်..
ဒီရှေ့လျောက် မင်းနဲ့ငါ မသိတော့ဘူး... ငါ့နောက်ဆက်မလိုက်နဲ့တော့"

"မဟုတ်ဘူး... မဟုတ်ဘူးလို့.. အဲ့လိုကြီး မသွားပါနဲ့...အကို..."

အကို့ခြေလှမ်းတော့ ဘာလို့ဒီလောက်မြန်နေရတာလဲ..

မလုပ်နဲ့... လက်မခံနိုင်ဘူး... မသွားနဲ့...

မွန်းကျပ်လိုက်တာ... ခံရခက်တယ်။
သူ့ခေါင်းတွေရော ကောင်းကင်ကြီးတစ်ခုလုံးချာချာလည်​နေတယ်။

-----------------------------

"ဝမ်ရိပေါ်!!"

စာသင်ခန်းရဲ့ ကော်ရစ်တာတစ်လျှောက် လျောက်လာရင်း သူ့ရှေ့မှာ ကောင်မလေးတစ်ဦးက ကာဆီးတယ်။ စိတ်ရှုပ်သွားတယ်။
ဒီရက်ပိုင်း တကယ်ကိုအဆင်မပြေနေဘူး..

"Wechat ID ပေးပါလား"

ဟမ်...

ခပ်ပုပုကောင်မလေးက သူ့ကို ပါပီမျက်လုံးနဲ့ကြည့်တယ်။ နုတ်ခမ်းကိုခပ်သာသာစူလို့ ချိုနွဲ့နွဲ့အမူအရာနဲ့အတူ အသံကလည်းချစ်စရာကောင်းလွန်းနေပုံပေါက်တယ်။

သူကျက်သီးတွေဖြန်းကနဲ...
ဘေးကဖြတ်သွားတဲ့ ကျောင်းသားတစ်ချို့ဆီက ဝိုး ဆိုတဲ့အသံနဲ့အတူ သူ့ကို ဘုကြည့်ကြည့်သွားကြတယ်...

"ပေးလေ.."

လက်ဖြန့်လို့ မျက်တောင်ပုတ်ခတ်ပုတ်ခတ်က လုပ်သေးနေသေးတယ်။
ချစ်စရာတော့ ကောင်းသလိုပဲ...
ဒါပေမဲ့ သူမကြိုက်ဘူး..

"အာ... ငါ ဖုန်းမသုံးဘူး.."

"အော်.."

"အားနာပါတယ်"

သူမ မျက်နှာ တစ်ချက်ပျက်သွားပေမဲ့ ချက်ချင်းပြင်ဆင်လိုက်တဲ့ အပြုံးက နုနုရွရွ...
သူ အ​နေခက်စွာပြုံးပြလိုက်ပြီး ရှေ့ကသူမကိုအသာရှောင်လို့ ဆက်လျောက်ဖို့ပြင်တယ်။

"ဒါပေမဲ့ စာတော့ဖတ်တယ်မလား..."

"ဟင်..."

ဖြတ်ကနဲ သူ့ကျောပိုးအိတ်ကိုလှမ်းဆွဲလို့ တစ်စုံတစ်ခုထည့်လိုက်တာကို သိလိုက်တယ်။

"ဘာလုပ်တာ.."

"သေချာဖတ်နော်.."

"ဟေး.."

အဲ့ဒီ ကောင်မလေး ချက်ချင်းပြေးထွက်သွားလေတယ်..
မြန်မြန်ဆန်ဆန်မို့ သူတစ်ခုခုတုံ့ပြန်ဖို့တောင် မမှီလိုက်...

အဲ့ဒီတစ်စုံတစ်ခုကို အ​​မြန်ထုတ်ကြည့်မိလိုက်တယ်...
စာတစ်စောင်ပဲ...
အတိအကျပြောရရင် ဒါကရည်းစားစာ...

.
.

.
.

သူ့ စားပွဲခုံလေးမှာထိုင်တယ်။ စာအုပ်ကိုထုတ်တယ်...
စာအုပ်ကြားထဲက ထွက်လာတဲ့စာအိတ်ကလေး...
အင်း..နေ့လည်က ရည်းစားစာ..
ဘဝမှာပထမဦးဆုံးရဖူးတဲ့ ရည်းစားစာပေါ့

အခန်းထဲ သူ့ပစ္စည်းလေးတွေနေရာတကျပြန်ဖြစ်နေပြီ...
မားက အကုန်ပြန်ထားပေးထားတာ...
အခုကျတော့ အဲ့တာတွေ ဘာမှယူကိုချင်စိတ်မရှိဘူး...

စားပွဲခုံထောင့်မှာ အကို့ရဲ့မှတ်စုစာအုပ်လေး
ကျန်ခဲ့တာရှိနေသေးတယ်။
အခုထိလာမယူသေးဘူး....

"ဝမ်လေး.. ဆေးသောက်ချိန်ရောက်ပြီ..."

မားက သူ့ဘေးကို ဆေးလုံးအချို့နဲ့ရေခွက်လာချပေးတယ်။

အင်း... ဟိုတစ်ခါဖြစ်ရပ်ကြောင့် သူ့ဆေးရုံရောက်သွားတယ်။
မွေးရာပါသွေးနီဥထုတ်လုပ်မှုအားနည်းတဲ့ သူ့ခန္ဓာကိုယ်က ပြင်းပြင်းထန်ထန်လှုပ်ရှားရင် အားနည်းပြီး လဲကျရော..
ဆရာဝန်က သိပ်မပြင်းထန်လို့ ဆေးသောက်ရုံဆိုရပြီလို့တော့ပြောတာပဲ...
ဒါပေမဲ့ ခန္ဓာကိုယ်အလွံအကျွံလှုပ်ရှားတာတွေ စိတ်ဖိစီးမှုများတာတွေ ခံစားချက်အရမ်းပြင်းထန်တာတွေထိန်းရမယ်တဲ့...
ဖြူဖျော့နေတဲ့သူ့အသားအရေကို မကြိုက်လိုက်တာ...

ဒါနဲ့... သူ့ကိုဆေးရုံပို့တဲ့အချိန်တစ်လျောက်လုံး အကိုလိုက်လာတယ်လို့ကြားတယ်။
ရင်ဘက်တွေအောင့်ပြီး အရမ်းအသက်ရှုရခက်လာတာတော့မှတ်မိလိုက်တယ်...
သူပြန်နိုးလာတော့ အကို့ကိုမတွေ့ရတော့ဘူး...
အခုထိပဲ...

အကိုက တကယ်သွေးအေးလိုက်တာ...
သူနေမကောင်းတာသိတာတောင် လူနာလာမေးဖော်မရဘူး...
တကယ်ကြီး သူ့ကိုမုန်းသွားပြီထင်တယ်။

ဒီအတွေးက ခေါင်းထဲဝင်လာပြန်တော့ ဝမ်းနည်းစိတ်က ထိုးတက်လာတယ်။
ရင်ဘတ်ထဲအောင့်လာပြန်ပြီ...

ဆေးတွေကိုအမြန်မြိုချလိုက်တယ်။
မနက်ဖြန်တော့ အကို့စာအုပ်လေးသွားပေးဦးမှပါ...
ပြီးတော့ သူ့ကိုအထင်မလွဲအောင်သေချာရှင်းပြရဦးမယ်။

အကိုသူ့ကို သဘောမကျလည်းရပါတယ်။
သူ့ကိုရွံရှာမုန်းတီးနေတာမျိုးမဖြစ်ရင်ရပါပြီလို့...
ဆေးရုံအထိလိုက်လာပေးတယ်ဆိုတော့ အရမ်းတော့မဆိုးဝါးလောက်ဘူးထင်တာပဲ..
သူသွားရင်အတွေ့တော့ခံမှာပါ...

အိပ်ရာစောစောဝင်ပေမဲ့အိပ်မပျော်ဘူး...
အကို့ကိုလွမ်းလိုက်တာလေ...
မျက်ရည်စီးကြောင်းက ခေါင်းအုံးဆီစီးဆင်းသွားတယ်..
အချစ်ကပေးတဲ့ မျက်ရည်တွေစတင်ခံစားဖို့ အသက်၁၇ က လုံလောက်တဲ့အရွယ်ထင်ပါရဲ့...

----------------------------------

Zawgyi;

ဝမ္ရိေပၚတစ္ေယာက္ အရာရာကို စိတ္အလိုမက်ပဲ ဂ်စ္တိုက္ခ်င္တဲ့ေကာင္ေလးတစ္ေယာက္ ျဖစ္ေနတယ္။
အကို႔ဆီက အေရးမစိုက္ျခင္းခံရေလေလ အာ႐ုံစိုက္ခ်င္လာေအာင္ ပိုလုပ္ခ်င္ခ်င္ျဖစ္လာေတာ့တာ...

စကားနားမေထာင္ခ်င္ဘူး...
သူ႕ေၾကာင့္ အကိုစိတ္ဆိုးေနတာကိုျမင္ေနရတာက သူ႕အေပၚအာ႐ုံရွိေနတယ္ဆိုတဲ့စိတ္နဲ႕ ပိုစိတ္ဆိုးေအာင္လုပ္ေနမိတာပဲ...
အကို သူ႕လက္ဆစ္ေတြကိုေပတံနဲ႕ေခါက္ၿပီး အျပစ္ေပးထားလို႔ နီရဲၿပီးတစ္ခ်ိဳ႕ေနရာေတြ ေသြးေျခဥေနတယ္။
သူ႕အသားအေရက ျဖဴေဖ်ာ့ေနတာကိုး...
ျမင္ရတာ သိသာေနတယ္။

ေအာ္...အခ်စ္ကေပးတဲ့ အမွတ္အသားေတြ...

အကိုက လွေပမဲ့ သိပ္အက်င့္မေကာင္းဘူး..
ႏွလုံးသားမရွိဘူး...
အနားမွာရွိရက္နဲ႕ လ်စ္လ်ဴရႈခံေနရတာကို မခံစားနိုင္ဘူး...
အကို႔ရဲ႕ စာရွင္းျပတဲ့အသံကိုနားေထာင္ေလေလ ဒီအေၾကာင္းက ေခါင္းထဲဝင္ေလေလပဲ....
အာ႐ုံစုစည္းလို႔မရဘူး..
ဒါကိုမေတြးမိဖို႔အတြက္ အနားရွိရာပစၥည္းကို အာ႐ုံေျပာင္းတဲ့အခါ အကိုစိတ္ဆိုးၿပီးဆူတယ္။
ဒါက ပိုေကာင္းတယ္ထင္တာပဲ....

ေရွာင္းက်န့္စာရွင္း​ျပေနခ်ိန္မွာ ခဲသားေဘာပင္ဆီက တစ္ေထာက္ေထာက္အသံ အဆက္မျပတ္ထြက္လာတယ္...
လွည့္ၾကည့္လိုက္ရင္ ဝမ္ရိေပၚအာ႐ုံက သင္ခန္းစာမွာမရွိ..
အဲ့ဒီ ခဲသားေဘာပင္ကိုပဲ သဲႀကီးမဲႀကီး ၾကည့္လို႔ကစားေနတယ္။

ေရွာင္းက်န့္ အဲ့ဒီပစၥည္းကိုယူသိမ္းလို႔ ခဲတံတစ္ေခ်ာင္းပဲေပးထားလိုက္တယ္။
သိပ္မၾကာဘူး..
ဗလာစာအုပ္က စာ႐ြက္ေတြကို စိစိညွပ္ညွပ္​ေၾကေအာင္ၿဖဲေဆာ့ေနျပန္တယ္။
ဗလာစာအုပ္ေတြ ယူသိမ္းလို႔ ၿဖဲမရတဲ့ပုံႏွိပ္စာအုပ္ပဲခ်ထားေပးလိုက္တယ္။
ဝမ္ရိေပၚေဘးမွာလည္းစာ႐ြက္ပိုင္းေတြျပန့္က်ဲလို႔...

ရက္အနည္းငယ္ၾကာတဲ့အထိ ဝမ္ရိေပၚက ဒီလိုျပဳမူေနတုန္း။
တစ္ခုမဟုတ္တစ္ခု အၿမဲလုပ္ေနတာေၾကာင့္ သူ႕ရဲ႕ အ႐ုပ္ေတြ စာသင္ရင္းယူေဆာ့လို႔မရေအာင္ ေသာ့ခတ္ခံထားရၿပီ။
သူႀကိဳက္တဲ့ သီခ်င္းေခြေတြ နံရံက ပိုစတာေတြအထိ ျဖဳတ္သိမ္းထားတယ္။
ဘာမွေဆာ့စရာမက်န္ရင္ အဲတာေတြကို တစ္ေမ့တစ္ေမာထိုင္ၾကည့္ေနေတာ့တာမို႔...

ေလ့က်င့္ခန္းအတြက္ေပးထားတဲ့ စာအုပ္က ဟိုျခစ္ဒီျခစ္႐ုပ္ပုံေတြနဲ႕ျပည့္ေနတယ္။
နားမွာ နားၾကပ္ကို အၿမဲလိုတပ္ေနတက္တယ္။

စာေမးလိုက္ရင္ရေတာ့ ရေနတယ္...
ဒါေပမဲ့ စိတ္မပါလက္မပါ...

ဝမ္ရိေပၚမူမမွန္တာ ေရွာင္းက်န့္သိတယ္။
ဒီလိုဆယ္ေက်ာ္သက္အ႐ြယ္ဟာ စိတ္ခံစားခ်က္ မူမမွန္ဆုံးနဲ႕ ထိန္းသိမ္းရအခက္ဆုံးလို႔ မားေျပာဖူးတယ္။
ဝမ္ရိေပၚဟာ စိတ္ကစားတဲ့အ႐ြယ္ကို အျပည့္အဝေရာက္ရွိေနၿပီျဖစ္တယ္။

"အကိုက လွတယ္"

"ေထာက္!!"

စားပြဲေပၚကို ေဘာပင္ပစ္ခ်လိဳက္တဲ့အသံ...

"မင္းဘာျဖစ္ေနတာလဲ ဝမ္ရိေပၚ..."

အကို႔မ်က္ခုံးေတြတြန့္ခ်ိဳးလို႔ သူ႕ကိုစူးစိုက္ၾကည့္ေနတယ္။
နည္းနည္းေတာ့ လန့္သြားေပမဲ့ ဝမ္ရိေပၚတစ္ေယာက္ ဂ်စ္တိုက္ခ်င္လာျပန္တယ္။

"ကြၽန္ေတာ္ ဘာလုပ္ေနလို႔လဲ..."

အကို႔အၾကည့္ေတြက သူ႕လက္ေတြဆီေရာက္သြားတယ္။
သူလိုက္ၾကည့္မိေတာ့ နီရဲေနတဲ့သူ႕လက္ဆစ္ေတြ...

"မင္းကိုယ္မင္း မသိတာေတာ့ မျဖစ္နိုင္ဘူး..
မင္းဘာေၾကာင့္ဒီလို ဂ်စ္တိုက္ေနတာလဲဆိုတာ ငါမသိဘူး....
ဒီလိုပုံစံနဲ႕ မင္းကို ဘယ္လိုယုံ​ၾကည္စိတ္ခ်ၿပီးေနရမလဲဆိုတာ မသိေတာ့ဘူး .. မင္းဆီမွာတိုးတက္ခ်င္စိတ္ရွိရဲ႕လား ဆိုတာလည္း မသိေတာ့ဘူး..
ဒီစာသင္ႏွစ္ၿပီးတဲ့အထိ မင္းအေပၚမွာ အျပည့္အဝတာဝန္ယူထားတယ္... မင္း ဒီလိုအာ႐ုံမစိုက္ဘူးဆိုရင္ တကယ္ ငါေပးသမွ်အခ်ိန္ေတြဟာ အလကားပဲ ဝမ္ရိေပၚ.. "

"က်စ္"

ဒီစကားေတြတကယ္ၿငီးေငြ႕ေနၿပီ..

"အကို႔ဆီမွာ တာဝန္အရဆိုတဲ့စကားကလြဲရင္ တျခားေျပာစရာမရွိဘူးလား...
ဒီ စာလုပ္ဖို႔အေၾကာင္းမွမဟုတ္ရင္ တျခားဘာမွမရွိေတာ့ဘူးလား..."

"သင္ၾကားေရးအတြက္ပဲ ငါ့ကို ေခၚထားတာမဟုတ္ဘူးလား.. မင္းမွာဆႏၵမရွိဘူးဆိုရင္ အစကတည္းက ဘာေၾကာင့္ငါ့ကို ေခၚေနေသးလဲ... ဒီလိုဆက္လုပ္ေနဦးမယ္ဆိုရင္ ဘာေၾကာင့္မ်ားငါ့ကိုလိုအပ္ေနဦးမွာလဲ.."

သူ ဝမ္နည္းလာသလို ေဒါသလည္းထြက္လာတယ္။ အလိုမက်စိတ္ေတြက စကားလုံးအျဖစ္ ျပန္စီလို႔မရေနဘူး...

"အကို႔ကို လိုအပ္တယ္.. လိုအပ္တယ္လို႔ အကိုရဲ႕.."

အကိုက သူ႕ကို စူးစူးစိုက္စိုက္ၾကည့္လာတယ္...

"အခုတစ္ေလာ ငါ့အေပၚ မင္းရဲ႕စကား အသုံးအႏႈန္းေတြကို ငါမႀကိဳက္ဘူး.. အေျပာအဆို ဆင္ျခင္ပါ ဝမ္ရိေပၚ.."

ရင္ဘတ္ထဲေအာင့္ပါတယ္။

"အကိုက ကြၽန္ေတာ့ကို သေဘာမက်ဘဴးလား"

"ဘာ"

သူျဖစ္ခ်င္တာ သူ႕ကိုဂ႐ုစိုက္ေစခ်င္တာ...
ပုံမွန္အတိုင္း ေႏြးေႏြးေထြးေထြးရွိေစခ်င္႐ုံ...
သူ႕ဘက္က ဘာမ်ားဆႏၵမ်ားျပားေနလို႔လဲ...

"အကိုဘာလို႔ ကြၽန္ေတာ့္ကို ေရွာင္ေနတာလဲ.."

အကိုမ်က္ခုံးတန္းေတြ တြန့္ခ်ိဳးလာတယ္။
သူ႕အေပၚအၾကည့္ေတြ မာေက်ာလာတယ္။

သူ႕မိဘက သူ႕အေပၚ တင္းက်ပ္တယ္။
သူ႕ဝါသနာေတြကို ပိတ္ပင္ခ်င္တယ္။
မြန္းက်ပ္တာမို႔ သက္ေတာင့္သက္သာရွိတဲ့ေနရာက ဒီအခန္းေလးပဲ...
သူ႕ပိုင္ဆိုင္မႈေတြရွိတဲ့ ဒီေနရာေလး... ၿပီးေတာ့...
ဒီလူကိုျမင္ေနရတဲ့အခ်ိန္ေလးေတြ...

ဒီလူ႕ကိုမွ ျမင္ျမင္ခ်င္းသံေယာဇဥ္တြယ္မိျပန္တာမို႔
မိဘဆီစာ​ျပန္သင္ေပးဖို႔ ေတာင္းဆိုခိုင္းခဲ့႐ုံသာ...
သူေပ်ာ္တယ္...
သူ႕ကိုသက္ေတာင့္သက္သာျဖစ္​ေစတဲ့ဒီအခန္းေလးလိုမ်ိဳး အကို႔ကိုေတြ႕ေနရရင္ကို ေပ်ာ္႐ႊင္ေနတက္တာ...

ဒါေပမဲ့ ​ေနာက္ပိုင္း သူ႕ကိုျမင္တိုင္း အလိုမက်သလိုျဖစ္လာတဲ့အကို႔ေၾကာင့္ မေပ်ာ္ေတာ့ဘူး...
စကားလည္း နားမေထာင္ခ်င္ေတာ့ဘူး..
အ႐ြဲ႕တိုက္ၿပီး အကိုမႀကိဳက္တာ လုပ္ခ်င္စိတ္ကလြဲ မရွိေနေတာ့တာ...

"မင္းကို ဖိဖိစီးစီးေလ့က်င့္ေပးေနတယ္ေလ... ဘာေတြမ်ားထက္ၿပီးလိုအပ္ေနေသးတာလဲ."

"စာသင္ခ်ိန္မဟုတ္ပဲ တျခားအခ်ိန္ေတြဆိုရင္ေလ.. ကြၽန္ေတာ့္ကို ဘယ္ေတာ့မွ အေရးမစိုက္ဘူးအကိုက "

"က်စ္"

သူ႕စကားလုံးကို စိတ္ပ်က္သလို တစ္ဖက္လွည့္သြားတယ္။

"ဒါ မင္းရဲ႕ ကိစၥႀကီးျဖစ္ေနတာလား.."

"အကိုကြၽန္ေတာ့ကို ဘာေတြအလိုမက်တာလဲ...
ဘာလို႔ ကြၽန္ေတာ့္ကို တျခားလူေတြကို မဆက္ဆံနိုင္ရတာလဲ... ဘယ္ေလာက္ပဲႀကိဳးစားႀကိဳးစား အကိုနဲ႕ရင္းႏွီးလာတယ္လို႔ မခံစားရဘူး.."

"ဒါက မင္းအတြက္ဒီေလာက္ေတာင္အေရးႀကီးေနတာလား ဝမ္ရိေပၚ... မင္းဒီလိုအေရးမပါတာေတြ.."

"အကို႔ကို သေဘာက်တယ္"

"....."

"အကို႔ကိုလွတယ္လို႔ေျပာတာ အကိုမႀကိဳက္ဘူးမလား... ဒါေပမဲ့ မတက္နိုင္ဘူး... အကိုက တကယ္လွတာ.. ကြၽန္ေတာ္အရမ္းသေဘာက်တယ္...အကို႔ကို.. ခ်စ္လည္း ခ်စ္..."

"ဝမ္ရိေပၚ.. မင္း႐ူးေနလား.!!!. မင္းဘာစကားေတြေျပာေနတာလဲ... မင္းငါ့အေပၚဒီလိုမ်ိဳးအေတြးေတြ...ဘယ္လိုလုပ္ၿပီး...."

အကို႔ မ်က္ႏွာေရာ မ်က္ဝန္းေတြပါနီရဲလာတယ္။
အၾကည့္ေတြဟာ ေဒါသရိပ္လႊမ္းၿခဳံလို႔ ႐ြံရွာေနသလိုအၾကည့္ေတြ.....

မၾကည့္နဲ႕... အဲ့လိုႀကီး ..

အကို႔ေအာ္သံနဲ႕ အၾကည့္ေအာက္မွာ သူ ေခါင္းေတြခ်ာခ်ာလည္ကုန္တယ္။

ငါဘာေတြေျပာလိုက္မိတာလဲ ...

"မဟုတ္ဘူးအကို... ကြၽန္ေတာ္ေျပာတာ အဲ့လိုမဟုတ္.. အဲ့လိုမရည္႐ႊယ္..."

သူ႕လက္ေတြ အကို႔ဆီကိုလွမ္းမိတယ္။

"..."

အကိုေနာက္ဆုတ္သြားတယ္...

"မလႈပ္နဲ႕ ဝမ္ရိေပၚ... ငါ့ကိုမထိနဲ႕... "

"ေတာင္း... ေတာင္းပန္ပါတယ္"

သူ လႊတ္ကနဲ ေျပာထြက္သြားတာ... သူ႐ုပ္တရက္ လြတ္သြားလို႔... တကယ္ကို ရည္႐ြယ္ခ်က္မရွိ...

အကိုက ခ်က္ခ်င္းပစၥည္းေတြ​ေကာက္သိမ္းတယ္။

"ငါမင္းမိဘဆီက အခေၾကးေငြယူၿပီး ဒီအလုပ္ကိုလုပ္တာ... ဒီလိုသာဆို ငါဆက္လုပ္လို႔မျဖစ္ဘူး.."

သူ႕ရင္ထဲ ထိတ္လန့္သြားတယ္... မဟုတ္မွ...

"မဟုတ္ဘူး အကို.. "

"ငါဒီအတိုင္း ၾကည့္ေျပာလိုက္မယ္... ငါဆက္မလုပ္ေတာ့တဲ့အေၾကာင္း... ငါ့ေၾကာင့္ မင္းကို လမ္းမွားမေရာက္ေစခ်င္ဘူး.. ငါဆက္လုပ္လို႔မရဘူး.."

ဘာေတြလဲ ဘာေတြလဲ...

"မဟုတ္ဘူးေလ... အဲ့လိုမဟုတ္ဘူး..."

အခန္းထဲက ထြက္ခြာသြားတဲ့အကို...
သူေနာက္က အျမန္လိုက္တယ္။

"သားက်န့္ အေစာႀကီး ၿပီးသြားတာလား.."

"ဟုတ္ ကြၽန္ေတာ္ ေနမေကာင္းလို႔.."

ဧည့္ခန္းထဲက မားရဲ႕ေမးခြန္းကို အကို ခပ္ျပတ္ျပတ္ေျဖလို႔ အိမ္အျပင္ထြက္သြားတယ္။

"ဝမ္ေလး.. ဘာေတြျဖစ္..."

မသိဘူး.. ဘာမွမသိေတာ့ဘူး...

အကို႔ေနာက္ကို သူအေျပးလိုက္တယ္။

ညေနေစာင္းလို႔ ေနဝင္ေကာင္းကင္က နီေစြးလို႔ေနၿပီ..
ေလ​ေအးက တစ္သုန္သုတ္တိုက္ခတ္လို႔...
အကို႔ေနာက္ကိုေျပးလိုက္ရင္း သူသီးမခံနိုင္ေတာ့..

"အကိုက ဒါကိုလမ္းမွားလို႔ထင္ေနတာလား... ဒါလမ္းမွားမွမဟုတ္ပဲ... ကြၽန္ေတာ္ ဒါကိုဘယ္တုန္းကမွ အမွားလို႔ မယူဆဖူးဘူး"

အကိုေျခလွမ္းေတြရပ္သြားတယ္။

"မင္း မမွားပါဘူး... ငါမွားတာ... မင္းကိုစာသင္ေပးဖို႔ လက္ခံလိုက္တဲ့ ငါမွားတာ..."

"အကို႔ကို သေဘာက်မိတာက ဒီေလာက္ေတာင္အမွားျဖစ္ေနတာလား... တကယ္ပဲ ကြၽန္ေတာ့ကို ႐ြံမုန္းသြားတာလား.."

သူ႕အသံေတြအက္ကြဲေနတယ္။
သူမ်က္ရည္က်ေနၿပီထင္တယ္။
ရင္ထဲအသက္ရႈရခက္လိုက္တာ... ဆိုနင့္ေနတာပဲ...

"ဒါက ဘယ္လိုမွမျဖစ္နိုင္ဘူးဝမ္ရိေပၚ... ပိုၿပီးဆိုးမလာေအာင္ ငါတားရလိမ့္မယ္... မင္းငါ့ကိုသေဘာက်လိဳ႕မရဘူး... ငါလည္းဒါကို လက္မခံနိုင္ဘူး..."

"ဘာလို႔လဲ...ဘာလို႔မရတာလဲ... လူတစ္ေယာက္က လူတစ္ေယာက္ကိုသေဘာက်တာ ဘာမွားလို႔လဲ.. "

"မင္းကိုမုန္းတီးဖို႔စိတ္ကူးလည္းမရွိဘူး... ငါနဲ႕ပတ္သတ္တဲ့အေတြးေတြ ေခါင္းထဲက ထုတ္ပစ္လိုက္..
ဒီေရွ႕ေလ်ာက္ မင္းနဲ႕ငါ မသိေတာ့ဘူး... ငါ့ေနာက္ဆက္မလိုက္နဲ႕ေတာ့"

"မဟုတ္ဘူး... မဟုတ္ဘူးလို႔.. အဲ့လိုႀကီး မသြားပါနဲ႕...အကို..."

အကို႔ေျခလွမ္းေတာ့ ဘာလို႔ဒီေလာက္ျမန္ေနရတာလဲ..

မလုပ္နဲ႕... လက္မခံနိုင္ဘူး... မသြားနဲ႕...

မြန္းက်ပ္လိုက္တာ... ခံရခက္တယ္။
သူ႕ေခါင္းေတြေရာ ေကာင္းကင္ႀကီးတစ္ခုလုံးခ်ာခ်ာလည္​ေနတယ္။

-----------------------------

"ဝမ္ရိေပၚ!!"

စာသင္ခန္းရဲ႕ ေကာ္ရစ္တာတစ္ေလွ်ာက္ ေလ်ာက္လာရင္း သူ႕ေရွ႕မွာ ေကာင္မေလးတစ္ဦးက ကာဆီးတယ္။ စိတ္ရႈပ္သြားတယ္။
ဒီရက္ပိုင္း တကယ္ကိုအဆင္မေျပေနဘူး..

"Wechat ID ေပးပါလား"

ဟမ္...

ခပ္ပုပုေကာင္မေလးက သူ႕ကို ပါပီမ်က္လုံးနဲ႕ၾကည့္တယ္။ ႏုတ္ခမ္းကိုခပ္သာသာစူလို႔ ခ်ိဳႏြဲ႕ႏြဲ႕အမူအရာနဲ႕အတူ အသံကလည္းခ်စ္စရာေကာင္းလြန္းေနပုံေပါက္တယ္။

သူက်က္သီးေတြျဖန္းကနဲ...
ေဘးကျဖတ္သြားတဲ့ ေက်ာင္းသားတစ္ခ်ိဳ႕ဆီက ဝိုး ဆိုတဲ့အသံနဲ႕အတူ သူ႕ကို ဘုၾကည့္ၾကည့္သြားၾကတယ္...

"ေပးေလ.."

လက္ျဖန့္လို႔ မ်က္ေတာင္ပုတ္ခတ္ပုတ္ခတ္က လုပ္ေသးေနေသးတယ္။
ခ်စ္စရာေတာ့ ေကာင္းသလိုပဲ...
ဒါေပမဲ့ သူမႀကိဳက္ဘူး..

"အာ... ငါ ဖုန္းမသုံးဘူး.."

"ေအာ္.."

"အားနာပါတယ္"

သူမ မ်က္ႏွာ တစ္ခ်က္ပ်က္သြားေပမဲ့ ခ်က္ခ်င္းျပင္ဆင္လိုက္တဲ့ အၿပဳံးက ႏုႏု႐ြ႐ြ...
သူ အ​ေနခက္စြာၿပဳံးျပလိုက္ၿပီး ေရွ႕ကသူမကိုအသာေရွာင္လို႔ ဆက္ေလ်ာက္ဖို႔ျပင္တယ္။

"ဒါေပမဲ့ စာေတာ့ဖတ္တယ္မလား..."

"ဟင္..."

ျဖတ္ကနဲ သူ႕ေက်ာပိုးအိတ္ကိုလွမ္းဆြဲလို႔ တစ္စုံတစ္ခုထည့္လိုက္တာကို သိလိုက္တယ္။

"ဘာလုပ္တာ.."

"ေသခ်ာဖတ္ေနာ္.."

"ေဟး.."

အဲ့ဒီ ေကာင္မေလး ခ်က္ခ်င္းေျပးထြက္သြားေလတယ္..
ျမန္ျမန္ဆန္ဆန္မို႔ သူတစ္ခုခုတုံ႕ျပန္ဖို႔ေတာင္ မမွီလိုက္...

အဲ့ဒီတစ္စုံတစ္ခုကို အ​​ျမန္ထုတ္ၾကည့္မိလိုက္တယ္...
စာတစ္ေစာင္ပဲ...
အတိအက်ေျပာရရင္ ဒါကရည္းစားစာ...

.
.

.
.

သူ႕ စားပြဲခုံေလးမွာထိုင္တယ္။ စာအုပ္ကိုထုတ္တယ္...
စာအုပ္ၾကားထဲက ထြက္လာတဲ့စာအိတ္ကေလး...
အင္း..ေန႕လည္က ရည္းစားစာ..
ဘဝမွာပထမဦးဆုံးရဖူးတဲ့ ရည္းစားစာေပါ့

အခန္းထဲ သူ႕ပစၥည္းေလးေတြေနရာတက်ျပန္ျဖစ္ေနၿပီ...
မားက အကုန္ျပန္ထားေပးထားတာ...
အခုက်ေတာ့ အဲ့တာေတြ ဘာမွယူကိုခ်င္စိတ္မရွိဘူး...

စားပြဲခုံေထာင့္မွာ အကို႔ရဲ႕မွတ္စုစာအုပ္ေလး
က်န္ခဲ့တာရွိေနေသးတယ္။
အခုထိလာမယူေသးဘူး....

"ဝမ္ေလး.. ေဆးေသာက္ခ်ိန္ေရာက္ၿပီ..."

မားက သူ႕ေဘးကို ေဆးလုံးအခ်ိဳ႕နဲ႕ေရခြက္လာခ်ေပးတယ္။

အင္း... ဟိုတစ္ခါျဖစ္ရပ္ေၾကာင့္ သူ႕ေဆး႐ုံေရာက္သြားတယ္။
ေမြးရာပါေသြးနီဥထုတ္လုပ္မႈအားနည္းတဲ့ သူ႕ခႏၶာကိုယ္က ျပင္းျပင္းထန္ထန္လႈပ္ရွားရင္ အားနည္းၿပီး လဲက်ေရာ..
ဆရာဝန္က သိပ္မျပင္းထန္လို႔ ေဆးေသာက္႐ုံဆိုရၿပီလို႔ေတာ့ေျပာတာပဲ...
ဒါေပမဲ့ ခႏၶာကိုယ္အလြံအကြၽံလႈပ္ရွားတာေတြ စိတ္ဖိစီးမႈမ်ားတာေတြ ခံစားခ်က္အရမ္းျပင္းထန္တာေတြထိန္းရမယ္တဲ့...
ျဖဴေဖ်ာ့ေနတဲ့သူ႕အသားအေရကို မႀကိဳက္လိုက္တာ...

ဒါနဲ႕... သူ႕ကိုေဆး႐ုံပို႔တဲ့အခ်ိန္တစ္ေလ်ာက္လုံး အကိုလိုက္လာတယ္လို႔ၾကားတယ္။
ရင္ဘက္ေတြေအာင့္ၿပီး အရမ္းအသက္ရႈရခက္လာတာေတာ့မွတ္မိလိုက္တယ္...
သူျပန္နိုးလာေတာ့ အကို႔ကိုမေတြ႕ရေတာ့ဘူး...
အခုထိပဲ...

အကိုက တကယ္ေသြးေအးလိုက္တာ...
သူေနမေကာင္းတာသိတာေတာင္ လူနာလာေမးေဖာ္မရဘူး...
တကယ္ႀကီး သူ႕ကိုမုန္းသြားၿပီထင္တယ္။

ဒီအေတြးက ေခါင္းထဲဝင္လာျပန္ေတာ့ ဝမ္းနည္းစိတ္က ထိုးတက္လာတယ္။
ရင္ဘတ္ထဲေအာင့္လာျပန္ၿပီ...

ေဆးေတြကိုအျမန္ၿမိဳခ်လိဳက္တယ္။
မနက္ျဖန္ေတာ့ အကို႔စာအုပ္ေလးသြားေပးဦးမွပါ...
ၿပီးေတာ့ သူ႕ကိုအထင္မလြဲေအာင္ေသခ်ာရွင္းျပရဦးမယ္။

အကိုသူ႕ကို သေဘာမက်လည္းရပါတယ္။
သူ႕ကို႐ြံရွာမုန္းတီးေနတာမ်ိဳးမျဖစ္ရင္ရပါၿပီလို႔...
ေဆး႐ုံအထိလိုက္လာေပးတယ္ဆိုေတာ့ အရမ္းေတာ့မဆိုးဝါးေလာက္ဘူးထင္တာပဲ..
သူသြားရင္အေတြ႕ေတာ့ခံမွာပါ...

အိပ္ရာေစာေစာဝင္ေပမဲ့အိပ္မေပ်ာ္ဘူး...
အကို႔ကိုလြမ္းလိုက္တာေလ...
မ်က္ရည္စီးေၾကာင္းက ေခါင္းအုံးဆီစီးဆင္းသြားတယ္..
အခ်စ္ကေပးတဲ့ မ်က္ရည္ေတြစတင္ခံစားဖို႔ အသက္၁၇ က လုံေလာက္တဲ့အ႐ြယ္ထင္ပါရဲ႕...

----------------------------------

Συνέχεια Ανάγνωσης

Θα σας αρέσει επίσης

910K 82.2K 38
✫ 𝐁𝐨𝐨𝐤 𝐎𝐧𝐞 𝐈𝐧 𝐑𝐚𝐭𝐡𝐨𝐫𝐞 𝐆𝐞𝐧'𝐬 𝐋𝐨𝐯𝐞 𝐒𝐚𝐠𝐚 𝐒𝐞𝐫𝐢𝐞𝐬 ⁎⁎⁎⁎⁎⁎⁎⁎⁎⁎⁎ She is shy He is outspoken She is clumsy He is graceful...
364K 27.7K 15
MY Creditor Side Story ပါ။ Parallel Universe သဘောမျိုးပြန်ပြီး Creation လုပ်ထားတာမို့ main story နဲ့ မသက်ဆိုင်ပဲ အရင် character ကို ရသအသစ် တစ်မျိုးနဲ...
556K 29.6K 19
𝐒𝐡𝐢𝐯𝐚𝐧𝐲𝐚 𝐑𝐚𝐣𝐩𝐮𝐭 𝐱 𝐑𝐮𝐝𝐫𝐚𝐤𝐬𝐡 𝐑𝐚𝐣𝐩𝐮𝐭 ~By 𝐊𝐚𝐣𝐮ꨄ︎...
1.2M 30.7K 46
When young Diovanna is framed for something she didn't do and is sent off to a "boarding school" she feels abandoned and betrayed. But one thing was...