Unicode
ရွှေညာမောင်
.....ထန်းရည်ဆိုင် ။
" ဟိုခွေးကောင်....မင်းပါးစပ်အဲ့လောက်အားနေရင် ထန်းရည်မသောက်ပဲ ငါ့ီးကိုထိုးထည့်ထားလိုက်..!!"
"ဘာကွ....!ခွေးသူတောင်းစား.. မင်းမမိုက်ရိုင်းနဲ့ မင်းဇရှိရင် ထိုးမလား၊ီုးမလား.."
အချိန်ကားညနေ၂နာရီလောက်ဖြစ်သည်။ကတွယ်ကျေးရွာရှိထန်းတောထဲ အစပျိုးပြီဖြစ်တဲ့ရန်ပွဲ။
ပဒီးကုန်းရွာသားတွေပဲဖြစ်ကြတဲ့ သစ်မင်းမောင်နဲ့ ယမကာဂမုန်း။
သစ်မင်းမောင်နဲ့ သူငယ်ချင်း တိုးကြီး၊ပွကြီး နဲ့ ဆားရေစိမ် တို့ကတစ်ဖက်။
ယမကာဂမုန်း နဲ့သူ့ သူငယ်ချင်းတွေဖြစ်တဲ့ ပေဖူးလွှာ၊ မြရိုးနဲ့ ချိန်သီးတို့က တစ်ဖွဲ့။
အကြောင်းကားးးးး....။
ယမကာဂမုန်း တို့ဆေးရိုးပင်အောက် ထန်းရည်ဝိုင်းဖွဲ့သောက်နေတုန်း တစ်ဖက်ပိတောက်ပင်အောက်ရှိ စောက်ခွက်ဖျက်ရိုက်ပစ်ချင်စရာကောင်းတဲ့ သစ်မင်းမောင်က စပြီးရန်သီချင်းထဆို၏။
~~~ပန်းကြိုက်တဲ့ ကိုကိုရယ်...အရက်ဖိုးကုန်မှာလည်းကြောက်ပါတယ်...အရက်စော်နံမှာလည်းကြောက်ပါတယ်~~~
" ဟျောင့်... အေ့....သစ်မင်းမောင် မင်းဆိုတဲ့သီချင်းထဲကကိုကိုက ရိုးရိုးပန်းကြိုက်တာလား..ဒါမဟုတ်...ဂစ်...ရှယ်...ထူးရှယ်ပန်းကိုကြိုက်တာလား.."
သစ်မင်းမောင် သူငယ်ချင်း တိုးကြီးကမေးသည်။
" ထွီးးးးမသိပါဘူးကွာ...ရိုးရိုးပန်းဆိုရင်တော့အကြောင်းမဟုတ်ပေမယ့်....တခြားပန်းဆိုရင်တော့ ငါမပေးနိုင်ဘူး ယောကျာ်းချင်းချင်းရွံတယ်ကွ....အေ့...ဂစ်..!"
"ဟားးးးးးးးး!!!"
သူတို့ဝိုင်းကိုကြည့်ပြီး ခနဲ့သလိုလာပြောနေခြင်းကြောင့် ယမကာဂမုန်း စိတ်တိုသွားသည်။
သူတို့၄ယောက်ထဲမှာမှ သူ့ကိုစောင်းပြောနေသည်မှန်း မသိစိတ်ကအချက်ပေးနေသည်။
လူတွေကပါးစပ်ထဲ အရည်လေးဝင်နေပြီမို့ ပါးစပ်လည်းစည်းကမ်းမရှိစွာ ခရားရေလွှတ်ပြောနေကြသည်။
"ဟို ဘက်ကကောင်လေးတွေနဲ့ အဖူးတို့အဖွဲ့ ရန်မဖြစ်ကြနဲ့နော်.."
ထန်းတဲပိုင်ရှင် အရီးလေးဌေးလှိုင်က ပေဖူးလွှာကို ကြိုတင်သတိပေးသည်။
ဒီအဖွဲ့တွေဆုံရင် သူမရဲ့ထန်းတဲလေး ဇောက်ထိုးမိုးမျှော်ဖြစ်မှာ ကြောက်ပါသည်။
"ဟိုခွေးကောင်.... မင်းပါးစပ်အဲ့လောက်အားနေရင် ထန်းရည်မသောက်ပဲ ငါ့ီးကိုထိုးထည့်ထားလိုက်..!!."
ယမကာဂမုန်း ထဆဲသည်။အဖူးနဲ့အမြတို့လည်း ရီဝေဝေဖြစ်နေခြင်းကြောင့်ဝင်မတားမိ။
ရန်အနံ့တွေရနေမိပါရဲ့။
ရာသီဥတုသိပ်မကောင်းလှ။
"ဘာကွ....! ခွေးသူတောင်းစား.. မင်းမမိုက်ရိုင်းနဲ့ မင်းဇရှိရင်ထိုးမလား၊ီုးမလား.."
ရိုင်းစိုင်းစွာ အဆဲခံရတာကြောင့် သစ်မင်းမောင်လည်း ပက် ခနဲ ပြန်ဆဲသည်။
ကျုပ်မမှားဘူးမလား?? သူဆဲလို့ ကျုပ်ဆဲတာ။
သူရိုင်းလို့ ကျုပ်ကပြန်ရိုင်းတာ။
သူမုန်းရင်တော့ ကျုပ်က မေတ္တာတွေပေးနိုင်ပါ့မလား??
အချို့ထန်းရည်သောက်နေကြသူများ ထပြန်ကုန်ကြသည်။
သူတို့သိသည်ပေါ့ သစ်မင်းမောင်တို့အဖွဲ့နှစ်ဖွဲ့ရန်ဖြစ်ရင် သူတို့လည်းစကွင်းမလွတ်ဘူးဆိုတာ။
သူတို့က ကင်းပွန်းကိုင်းတွေ မြင်ရာလူနဲ့အကုန်ငြိနေကျ။
"ယောကျာ်း တန်မဲ့သူများ စောက်ကြောင်းအတင်းတုတ်တာ ရုပ်ပေါက်တယ်မထင်ဘူးလား"
ယမကာဂမုန်း ထိုင်နေရာမှထသွားပြီး ဖုန်ပေနေတဲ့ပုဆိုးကိုတိုတိုပြင်ဝတ်ကာ ခါးထောက်ပြီး ရန်သွားတွေ့သည်။
စွပ်ကျယ်ကိုဝတ်ထားတာကြောင့် ခါးထောက်လိုက်သည်ဆိုရင်ပဲ ခပ်ညိုညိုလက်မောင်းနေရာမှ ကြွက်သားများကအထင်းသား။
သစ်မင်းမောင် လည်းထိုင်နေရာကထပြီး တစ်ဖန်ရန်ပြန်တွေ့သည်။
"မင်း နာမည်မှာ ကိုကို ဆိုတာ ပါလား..?"
ဟက်...~~
ယမကာဂမုန်း ကသဘောကျစွာရယ်သည်။
"အဲ့ဒါဆို မင်းစောက်လုံးကဘာလို့ငါတို့ဝိုင်းကိုကြည့်ပြီးပြောနေတာလဲ.."
"ဟ...ဒါကတော့ငါဘာသာ ဘယ်ကြည့်ကြည်မင်းစောက်လုံးကိုငှားကြည့်လို့လား"
နှစ်ဦးသား စကားပြောတာရပ်ပြီး အကြည့်ချင်းစစ်တိုက်နေကြသည်။အချိန်အတော်ကြာသည်အထိပဲဖြစ်၏။
သည်းမခံနိုင်တဲ့အဆုံး ပေဖူးလွှာကပင် လူစုခွဲပြီး ရန်ပွဲကိုရပ်တန့်သည်။
"တော်ကြပါတော့ဗျာ...တစ်ရွာထဲသားချင်းရန်မဖြစ်နေကြနဲ့တော့ အကိုသစ်မင်းမောင်လည်း နောက်တစ်ခါ ရန်မစနဲ့ဗျ..
ဟိုကောင် ပွကြီး မင်းလည်း မင်းလူတွေခေါ်ပြီး ပြန်တော့...
ကျွန်တော် တို့လည်းပြန်တော့မှာမို့ အကိုဂမုန်းလည်းတော်တော့.."
"မင်း....အဖူး မျက်နှာကြောင့်နော် မင်းဇရှိရင် ဆားရေစိမ်တို့ အိမ်ရှေ့က တလင်းကိုလာခဲ့ 1by1 ထိုးမယ်.."
ယမကာဂမုန်း ကလက်ခလယ်ထောင်ပြပြီး လှည့်အထွက်...။
" ငါက မထိုးချင်ဘူး။ီုးချင်တာ..!"
"တောက်...!ဒီခွေးသား.."
ယမကာဂမုန်း ဒေါသနဲ့အတူနောက်ပြန်လှည့်ကြည့်တော့ ဒင်းကရှိမနေပဲ ဆိုင်ကယ်ပေါ်ပြေးတတ်သွားသည်။
မင်းက ပြောပြေးပြေးတာပဲ။
မင်း...မင်းတွေ့မယ်။
ချိန်သီးက သူ့ပုခုံးကိုလက်ဖြင့်အသာပုတ်ပြီး...။
"စိတ်လျော့...အကိုဂမုန်း...ကျွန်တော့်အိမ်...ကိုရံကြီးဂမုန်းပင် ပျိုးလိုက်ယူမလို့ဆို လာသွားကြမယ်.."
အမြနဲ့ချိန်သီးလည်း ယမကာဂမုန်းရဲ့ဆိုင်ကယ်နဲ့ ပဲတတ်လိုက်သွားကြသည်။တွေ့မယ် ခွေးကောင် ...သစ်မင်းမောင် မင်းညကျအိမ်ပေါ်ဂဲ ရောက်ပြီသာပြင်ထား။
စိတ်ထဲကနေပြီး ဂမုန်း တေးမှတ်ထားလိုက်သည်။
အခုအရေးကြီးတာ ချိန်သီးဆီ ကိုရံကြီးဂမုန်းပင် ပျိုးတောင်းထားခြင်းကြောင့် သူ့ဝိုင်းထဲတွင် နောက်ထပ်ဂမုန်းပင်ရှင်သန်တာကို မိန့်မိန့်ကြီးကြည့်ရပေတော့မည်။
အင်းးးးကိုရံကြီးဂမုန်းမျိုးနဲ့ဆို သူဆီဂမုန်းပင်အရေအတွက် ၈မျိုးတောင်ရှိပြီပဲ။
ပေဖူးလွှာ တစ်ယောက်ညနေ၃နာရီလောက်ထန်းတောသို့ရောက်နေလေသည်။ရောက်နေတာလည်းကြာပြီဖြစ်တာကြောင့်တော်တော်လေးကို ရေချိန်ကိုက်နေပြီ..။
"အမေဌေးလှိုင် သားပြန်တော့မယ်"
"ပေဖူး လမ်းကိုကြည့်သွားဦး..တော်ကြာကန်ထဲဇောက်ထိုးကျနေမယ်"
"ဟုတ် ကဲ့ပါဗျ"
🎶🎶
ထန်းတောလေးထဲ..သူမူးပြီ...
ဟာ..သွားပြီ...သွားပြီ... ။
အိုးလေးကွဲသွားပြီ...ရေအိုးလေးတော့ကွဲသွားပြီ....။
🎶🎶
ဒီသကောင့်သားလေးကလည်း မူမူးနှင့် သီချင်းကိုအော်ဆိုပြီး ကတွယ်ရွာကြီးအတွင်းသို့အိုးနင်းခွက်နင်းဝင်လေ၏။
သူအမေကြီးတော့ မျှော်နေပြီထင်ပါ့။ ထန်းရည်မသောက်ခင် ဘာတဲ့ ပြောပါသေးတယ် အမေဟင်းဝယ်ခိုင်းတယ်ဆိုလား။
အင်းးးးကြည့်ရတာ သူမေ့နေပြီထင်ပါရဲ့...။
ဂမုန်း...စိတ်ထဲကနေသာတွေးနေမိသည်။
🍁🍁🍁🍁
ဟဲဟဲ အပ်ပေးလိုက်ပြီ😁😁ကြိုက်ရင် စျေးဗန်း လေးကူခင်းပေးကြပါဦး🍁🍁
ပင့်ကူအိမ် 🕸
Zawgyi
ေ႐ႊညာေမာင္
.....ထန္းရည္ဆိုင္
" ဟိုေခြးေကာင္....မင္းပါးစပ္အဲ့ေလာက္အားေနရင္ ထန္းရည္မေသာက္ပဲ ငါ့ီးကိုထိုးထည့္ထားလိုက္..!!"
"ဘာကြ....!ေခြးသူေတာင္းစား.. မင္းမမိုက္ရိုင္းနဲ႕ မင္းဇရွိရင္ ထိုးမလား၊ီုးမလား.."
အခ်ိန္ကားညေန၂နာရီေလာက္ျဖစ္သည္။ကတြယ္ေက်း႐ြာရွိထန္းေတာထဲ အစပ်ိဳးၿပီျဖစ္တဲ့ရန္ပြဲ။
ပဒီးကုန္း႐ြာသားေတြပဲျဖစ္ၾကတဲ့ သစ္မင္းေမာင္နဲ႕ ယမကာဂမုန္း။
သစ္မင္းေမာင္နဲ႕ သူငယ္ခ်င္း တိုးႀကီး၊ပြႀကီး နဲ႕ ဆားေရစိမ္ တို႔ကတစ္ဖက္။
ယမကာဂမုန္း နဲ႕သူ႕ သူငယ္ခ်င္းေတြျဖစ္တဲ့ ေပဖူးလႊာ၊ ျမရိုးနဲ႕ ခ်ိန္သီးတို႔က တစ္ဖြဲ႕။
အေၾကာင္းကားးးးး....။
ယမကာဂမုန္း တို႔ေဆးရိုးပင္ေအာက္ ထန္းရည္ဝိုင္းဖြဲ႕ေသာက္ေနတုန္း တစ္ဖက္ပိေတာက္ပင္ေအာက္ရွိ ေစာက္ခြက္ဖ်က္ရိုက္ပစ္ခ်င္စရာေကာင္းတဲ့ သစ္မင္းေမာင္က စၿပီးရန္သီခ်င္းထဆို၏။
~~~ပန္းႀကိဳက္တဲ့ ကိုကိုရယ္...အရက္ဖိုးကုန္မွာလည္းေၾကာက္ပါတယ္...အရက္ေစာ္နံမွာလည္းေၾကာက္ပါတယ္~~~
" ေဟ်ာင့္... ေအ့....သစ္မင္းေမာင္း မင္းဆိုတဲ့သီခ်င္းထဲကကိုကိုက ရိုးရိုးပန္းႀကိဳက္တာလား..ဒါမဟုတ္...ဂစ္...ရွယ္...ထူးရွယ္ပန္းကိုႀကိဳက္တာလား.."
သစ္မင္းေမာင္ သူငယ္ခ်င္း တိုးႀကီးကေမးသည္။
" ထြီးးးးမသိပါဘူးကြာ...ရိုးရိုးပန္းဆိုရင္ေတာ့အေၾကာင္းမဟုတ္ေပမယ့္....တျခားပန္းဆိုရင္ေတာ့ ငါမေပးနိုင္ဘူး ေယာက်ာ္းခ်င္းခ်င္း႐ြံတယ္ကြ....ေအ့...ဂစ္..!"
"ဟားးးးးးးးး!!!"
သူတို႔ဝိုင္းကိုၾကည့္ၿပီး ခနဲ႕သလိုလာေျပာေနျခင္းေၾကာင့္ ယမကာဂမုန္း စိတ္တိုသြားသည္။
သူတို႔၄ေယာက္ထဲမွာမွ သူ႕ကိုေစာင္းေျပာေနသည္မွန္း မသိစိတ္ကအခ်က္ေပးေနသည္။
လူေတြကပါးစပ္ထဲ အရည္ေလးဝင္ေနၿပီမို႔ ပါးစပ္လည္းစည္းကမ္းမရွိစြာ ခရားေရလႊတ္ေျပာေနၾကသည္။
"ဟို ဘက္ကေကာင္ေလးေတြနဲ႕ အဖူးတို႔အဖြဲ႕ ရန္မျဖစ္ၾကနဲ႕ေနာ္.."
ထန္းတဲပိုင္ရွင္ အရီးေလးေဌးလွိုင္က ေပဖူးလႊာကို ႀကိဳတင္သတိေပးသည္။
"ဟိုေခြးေကာင္.... မင္းပါးစပ္အဲ့ေလာက္အားေနရင္ ထန္းရည္မေသာက္ပဲ ငါ့ီးကိုထိုးထည့္ထားလိုက္..!!."
ယမကာဂမုန္း ထဆဲသည္။အဖူးနဲ႕အျမတို႔လည္း ရီေဝေဝျဖစ္ေနျခင္းေၾကာင့္ဝင္မတားမိ။
ရန္အနံ႕ေတြရေနမိပါရဲ႕။ရာသီဥတုသိပ္မေကာင္းလွ။
"ဘာကြ....! ေခြးသူေတာင္းစား.. မင္းမမိုက္ရိုင္းနဲ႕ မင္းဇရွိရင္ထိုးမလား၊ီုးမလား.."
ပ်စ္ပ်စ္ႏွစ္ႏွစ္အဆဲခံရတာေၾကာင့္ သစ္မင္းေမာင္လည္း ပက္ ခနဲ ျပန္ဆဲသည္။အခ်ိဳ႕ထန္းရည္ေသာက္ေနၾကသူမ်ား ထျပန္ကုန္ၾကသည္။
သူတို႔သိသည္ေပါ့ သစ္မင္းေမာင္တို႔အဖြဲ႕ႏွစ္ဖြဲ႕ရန္ျဖစ္ရင္ သူတို႔လည္းစကြင္းမလြတ္ဘူးဆိုတာ။
"ေယာက်ာ္း တန္မဲ့သူမ်ား ေစာက္ေၾကာင္းအတင္းတုတ္တာ ႐ုပ္ေပါက္တယ္မထင္ဘူးလား"
ယမကာဂမုန္း ထိုင္ေနရာမွထသြားၿပီး ဖုန္ေပေနတဲ့ပုဆိုးကိုတိုတိုျပင္ဝတ္ကာ ခါးေထာက္ၿပီး ရန္သြားေတြ႕သည္။
စြပ္က်ယ္ကိုဝတ္ထားတာေၾကာင့္ ခါးေထာက္လိုက္သည္ဆိုရင္ပဲ ခင္ညိုညိုလက္ေမာင္းေနရာမွ ႂကြက္သားမ်ားကအထင္းသား။
သစ္မင္းေမာင္ လည္းထိုင္ေနရာကထၿပီး တစ္ဖန္ရန္ျပန္ေတြ႕သည္။
"မင္း နာမည္မွာ ကိုကို ဆိုတာ ပါလား..?"
"ဟက္..."
ယမကာဂမုန္း ကသေဘာတက်ရယ္သည္။
"အဲ့ဒါဆို မင္းေစာက္လုံးကဘာလို႔ငါတို႔ဝိုင္းကိုၾကည့္ၿပီးေျပာေနတာလဲ.."
"ဟ...ဒါကေတာ့ငါဘာသာ ဘယ္ၾကည့္ၾကည္မင္းေစာက္လုံးကိုငွားၾကည့္လို႔လား"
ႏွစ္ဦးသား စကားေျပာတာရပ္ၿပီး အၾကည့္ခ်င္းစစ္တိုက္ေနၾကသည္။အခ်ိန္အေတာ္ၾကာသည္အထိ။သည္းမခံနိုင္တဲ့အဆုံး ေပဖူးလႊာကပင္ လူစုခြဲၿပီး ရန္ပြဲကိုရပ္တန့္သည္။
"ေတာ္ၾကပါေတာ့ဗ်ာ...တစ္႐ြာထဲသားခ်င္းရန္မျဖစ္ေနၾကနဲ႕ေတာ့ အကိုသစ္မင္းေမာင္လည္း ေနာက္တစ္ခါ ရန္မစနဲ႕ဗ်..
ဟိုေကာင္ ပြႀကီး မင္းလည္း မင္းလူေတြေခၚၿပီး ျပန္ေတာ့...
ကြၽန္ေတာ္ တို႔လည္းျပန္ေတာ့မွာမို႔ အကိုဂမုန္းလည္းေတာ္ေတာ့.."
"မင္း....အဖူး မ်က္ႏွာေၾကာင့္ေနာ္ မင္းဇရွိရင္ ဆားေရစိမ္တို႔ အိမ္ေရွ႕က တလင္းကိုလာခဲ့ 1by1 ထိုးမယ္.."
ယမကာဂမုန္း ကလက္ခလယ္ေထာင္ျပၿပီး လွည့္အထြက္...။
" ငါက မထိုးခ်င္ဘူး။ီုးခ်င္တာ..!"
"ေတာက္...!ဒီေခြးသား.."
ယမကာဂမုန္း ေဒါသနဲ႕အတူေနာက္ျပန္လွည့္ၾကည့္ေတာ့ ဒင္းကရွိမေနပဲ ဆိုင္ကယ္ေပၚေျပးတတ္သြားသည္။မင္း...မင္းေတြ႕မယ္။
ခ်ိန္သီးက ပုခုံးကိုလက္ျဖင့္အသာပုတ္ၿပီး...။
"စိတ္ေလ်ာ့...အကိုဂမုန္း...ကြၽန္ေတာ့္အိမ္...ကိုရံႀကီးဂမုန္းပင္ ပ်ိဳးလိုက္ယူမလို႔ဆို လာသြားၾကမယ္.."
အျမနဲ႕ခ်ိန္သီးလည္း ယမကာဂမုန္းရဲ႕ဆိုင္ကယ္နဲ႕ ပဲတတ္လိုက္သြားၾကသည္။ေတြ႕မယ္ ေခြးေကာင္ ...သစ္မင္းေမာင္ မင္းညက်အိမ္ေပၚခဲ ေရာက္ၿပီသာျပင္ထား။စိတ္ထဲကေနၿပီး ဂမုန္း ေတးမွတ္ထားလိုက္သည္။အခုအေရးႀကီးတာ ခ်ိန္သီးဆီ ကိုရံႀကီးဂမုန္းပင္ ပ်ိဳးေတာင္းထားျခင္းေၾကာင့္ သူ႕ဝိုင္းထဲတြင္ ေနာက္ထပ္ဂမုန္းပင္ရွင္သန္တာကို မိန့္မိန့္ႀကီးၾကည့္ရေပေတာ့မည္။
အင္းးးးကိုရံႀကီးဂမုန္းမ်ိဳးနဲ႕ဆို သူဆီဂမုန္းပင္အေရအတြက္ ၈မ်ိဳးေတာင္ရွိၿပီပဲ။
ေပဖူးလႊာတစ္ေယာက္ညေန၃နာရီေလာက္ထန္းေတာသို႔ေရာက္ေနေလသည္။ေရာက္ေနတာလည္းၾကာၿပီျဖစ္တာေၾကာင့္ေတာ္ေတာ္ေလးကို ေရခ်ိန္ကိုက္ေနၿပီ..။
"အေမေဌးလွိုင္ သားျပန္ေတာ့မယ္"
"ေပဖူး လမ္းကိုၾကည့္သြားဦး..ေတာ္ၾကာကန္ထဲေဇာက္ထိုးက်ေနမယ္"
"ဟုတ္ ကဲ့ပါဗ်"
🎶🎶
ထန္းေတာေလးထဲ..သူမူးၿပီ...
ဟာ..သြားၿပီ...သြားၿပီ... ။
အိုးေလးကြဲသြားၿပီ...ေရအိုးေလးေတာ့ကြဲသြားၿပီ....။
🎶🎶
ဒီသေကာင့္သားေလးကလည္း မူမူးႏွင့္ သီခ်င္းကိုေအာ္ဆိုၿပီး ကတြယ္႐ြာႀကီးအတြင္းသို႔အိုးနင္းခြက္နင္းဝင္ေလ၏။
သူအေမႀကီးေတာ့ ေမွ်ာ္ေနၿပီထင္ပ့ ထန္းရည္မေသာက္ခင္ ဘာတဲ့ ေျပာပါေသးတယ္ အေမဟင္းဝယ္ခိုင္းတယ္ဆိုလား။အင္းးးးၾကည့္
ရတာ သူေမ့ေနၿပီထင္ပါရဲ႕...။
ဂမုန္း...စိတ္ထဲကေနသာေတြးေနမိသည္။
🍁🍁🍁🍁
ဟဲဟဲ အပ္ေပးလိုက္ၿပီ😁😁ႀကိဳက္ရင္ ေစ်းဗန္း ေလးကူခင္းေပးၾကပါဦး🍁🍁
ပင့္ကူအိမ္ 🕸