ထို့နောက် ဆောက်တည်ရာမရစွာနှင့် ယိင်းဆီသို့ဖုန်းခေါ်မိတော့သည်။ သို့သော်လည်း အချိန်ကြာသည်အထိ ဖုန်းကိုင်မလာခဲ့ပါ...
"ဟာ....ဘာတွေဖြစ်နေတာလဲကွာ...''
သူဆိုင်ကယ်ပေါ်တက်ခွလိုက်ပြီး အသားကုန်မောင်းထွက်လာခဲ့ရာ ဦးထုပ်ပင်မေးသိုင်းကြိုးမတပ်မိခဲ့...
နှလုံးသားမှဒေါသများလှိုင်းထန်လာလေလေ လီဗာကို အသားကုန်ဆွဲမိလေလေပင်...
ထို့နောက်...
"ဒုန်း....''
"ဟာ တိုက်မိကုန်ပြီဟေ့ လုပ်ကြပါအုံး တစ်ယောက်ယောက် ဆေးရုံကိုဖုန်းဆက်ကြပါအုံး''
မေးသိုင်းကြိုးမတပ်မိသဖြင့် ဆိုင်ကယ်ဦးထုပ်သည် အဝေးသို့လွင့်ထွက်သွားကာ ပလက်ဖောင်းနဲ့ခေါင်းနဲ့ရိုက်မိသွားပြီး ဘသာ တစ်ကိုယ်လုံး သွေးများဖြင့်ရွှဲနစ်နေတော့သည်။ မျက်လုံးများမှိတ်ကျမသွားခင် ထိုလုအုပ်ထဲ၌ နှဲကိုင်ထားသော လူကို ဝိုးတဝါးတွေ့လိုက်ရလေသည် ။ေအာ်ဟစ်ဆူညံနေသောပတ်ဝန်းကျင်အကြား သူ၏နောက်ဆုံးလက်ကျန်အသိမှာ ယိင်း ဟူသောအမည်လေးတစ်ခု...
အသိစိတ်က ကပ်တစ်ချက် မကပ်တစ်ချက်ဖြစ်နေသည်။ နားထဲတွင်ကြားနေရသော ဆရာဝန်များ သူနာပြုများ၏အသံကိုလဲ မခွဲခြားနိုင်တော့...ပါးစပ်မှလဲ ဖုန်းနံပါတ်တစ်ခုကို ဆက်တိုက်ရွတ်နေမိပြီး ဆက်သွယ်ပေးရန်တောင်းဆိုနေမိသည်။
သူ ဆိုင်ကယ်တိုက်ပြီးဆေးရုံရောက်တာသိရင့တော့ ယိင်းရောက်လာမှာပါ ဟုတ်တယ်မလား...
သို့သော် ထိုဖုန်းနံပါတ်ပိုင်ရှင်ကတော့ ဖုန်းမကိုင်ခဲ့ပါ...
"အခြေနေမကောင်းဘူး ခွဲစိတ်ရင်တောင် အသက်ရှင်နိုင်ချေက ဆယ်ရာခိုင်နှုန်းလောက်ပဲရှိတယ်''
"အနည်းဆုံးတော့ မျှော်လင့်ချက်လေးရှိသေးတာပဲ ဆရာရယ် သားလေးကိုကယ်ပေးပါနော်''
"ခွဲစိတ်မှုအောင်မြင်သွားခဲ့ရင်တောင် ကိုအောင်ဖြိုးဝေ က သာမန်လူလိုနေနိုင်မှာမဟုတ်ဘူး ဦးနှောက်ဆိုတာ လူ့ခန္ဓာကိုယ်ရဲ့ လျှို့ဝှက်ဆုံးအစိတ်အပိုင်းပဲ ပြင်းပြင်းထန်ထန်ထိခိုက်သွားတာမို့လို့ အသက်မသေရင်တောင် သူ့ဦးနှောက်က သာမန်လူတွေလိုအလုပ်လုပ်မှာမဟုတ်ဘူး''
"ဘာပဲဖြစ်ဖြစ် သားကိုကယ်ပေးပါဆရာ ဘယ်လောက်ကုန်ကုန်ပါ သားလေးအသက်ရှင်ဖို့က အဓိကပါပဲ''
"ဒီဆေးရုံမှာတော့ သူ့ကိုအကောင်းဆုံးခွဲစိတ်ပေးနိုင်တဲ့ဆရာဝန်မရှိဘူး''
"ရှင်''
မေမေ့မျက်နှာ ညှိုးကျသွားပြီး စိတ်အားထက်သန်မှုများ ရေစုန်မျောသွားတော့သည်။ မနည်းအားတင်းပြီးရပ်နေရသည့် ခန္ဓာကိုယ်မှာလဲ မျှော်လင့်ချက်မဲ့ခြင်းကြောင့် ခွေကျသွားသည်။ ကံကောင်းသည်က အနားတွင် ဖေဖေရှိနေသဖြင့် အချိန်မီ တွဲထူလိုက်နိုင်ခဲ့သည်။
"ဆရာ မျှော်လင့်ချက်လေး နည်းနည်းပါးပါးတောင် မရှိတော့ဘူးလားဗျာ''
ဖေဖေသည် ရှိုက်ငိုနေသော မေမေ့အား တွဲကူရင်း ဆရာဝန်၏မျက်နှာကိုအားကိုးတကြီးကြည့်မိသည်။ ပုံမှန်ဆို သားအဖတွေ ကတောက်ကဆဖြစ်တတ်သော်လည်း သားသည် သူ၏တစ်ဦးတည်းသော ရင်နှစ်သည်းခြာလေးမို့ သေရေးရှင်ရေးနှင့်ကြုံလာသောအခါ သူလဲပဲတုန်လှုပ်ရပါသည်။
ဆရာဝန်သည် ရွှေကိုင်းမျက်မှန်ကို အသာပင့်တင်လိုက်ပြီး...
"တစ်ခုတော့ရှိတယ် ဒီညပဲ ဂျာမဏီက ဦးနှောက်ခွဲစိတ်ပါရဂူကြီး ဒီမှာ ဟောပြောပွဲလုပ်ဖို့ရှိတယ် ကျွန်တော် အတတ်နိုင်ဆုံးကြိုးစားပြီး အကူညီတောင်းကြည့်ပါမယ်''
ဖေဖေရော ေမမေပါ မျှော်လင့်ချက်ရောင်ခြည်လေးများသမ်းလာသောကြောင့် အားကိုးတကြီး အကူညီတောင်းနေမိကြသည်။
ဘသာ၏စိတ်အစဥ်မှာတော့...
အရာရာလွတ်လပ်ပေါ့ပါးနေပြီး သူချစ်သောယိင်းဆီသို့ သွားနေမိသည်။ သို့သော် သွားရင်းမှ လမ်းပျောက်သွားပြီး အမှောင်ထုထဲ တဖန်ပြန်လည်ရောက်ရှိသွားပြန်သည်။ ထို့နောက် သူအမြဲတမ်းမက်ခဲ့သော အိပ်မက်ထဲမှ အမျိုးသမီး အား တွေ့လိုက်ရတော့သည်။
"သခင်လေး...အိမ်ပြန်လာပါတော့...''
"ဘာ သခင်လေးလဲ...ခင်ဗျားဘယ်သူလဲ ခင်ဗျားကိုကျုပ်မသိဘူး ယိင်းဆီသွားမယ်''
သူ့စကားကို နားထောင်နေသော အနက်ရောင်မိန်းမသည် နောက်ဆုံးစကားတစ်ခွန်းကိုကြားသောအခါ ဒေါသအကြီးအကျယ်ထွက်သွားပြီး...
"မသွားရဘူး...သခင် အိမ်ပြန်လာရမယ်''
"ဘာတွေပြောနေတာလဲ ဘာအိမ်လဲ မပြန်ဘူး ယိင်းဆီသွားမယ်''
ထိုမိန်းမသည် အရှိန်ဖြင့် အနားရောက်လာပြီး သူမ၏မြွေအမြီးဖြင့် သူ့အား ရစ်ပတ်လိုက်လေသည်။
"ကံကောင်းထောက်မလို့ အချိန်မတန်သေးဘဲ ပြန်ရောက်လာတာကို ဒီလူသား မိန်းမဆီ လွှတ်ပေးစရာလား''
ထိုစဥ် ဘသာ၏ကိုယ်ခန္ဓာမှ အနက်ရောင်အခိုးငွေ့တချို့ထွက်လာပြီး ရစ်ပတ်ထားသော မိန်းမ၏မြွေအမြီးသည်လဲ ပြေလျော့သွားတော့သည်။
ထိုမိန်းမသည်လဲ ကြောက်လန့်တကြားဖြင့်...
"ခွင့်လွှတ်ပါ သခင်လေး...သခင်လေးစွဲလမ်းနေတဲ့မိန်းမဆီကို ကျွန်မခေါ်သွားမယ်''
ထို့နောက်မြင်ကွင်းပြောင်းသွားပြီး သူတွေ့ချင်နေသော ယိင်းအားတွေ့လိုက်ရသည်။ သို့သော် ယိင်းတစ်ယောက်ထဲမဟုတ်...
ယိင်း၏ဘေးတွင် ေယာကျ်ားတစ်ယောက်ရှိနေပြီး ထိုသူက ယိင်းအား နမ်းရှိုက်နေသည်။ ယိင်းကလဲ ကြည်ဖြူစွာပင်...
...ဒါဆို သူ့ဖုန်းကို မကိုင်ရတဲ့အကြောင်းအရင်းက ဒါပေါ့...
ဆက်ရန်...
#Flamingo
................
#Zawgyi
ထို႔ေနာက္ ေဆာက္တည္ရာမရစြာႏွင့္ ယိင္းဆီသို႔ဖုန္းေခၚမိေတာ့သည္။ သို႔ေသာ္လည္း အခ်ိန္ၾကာသည္အထိ ဖုန္းကိုင္မလာခဲ့ပါ...
"ဟာ....ဘာေတြျဖစ္ေနတာလဲကြာ...''
သူဆိုင္ကယ္ေပၚတက္ခြလိုက္ၿပီး အသားကုန္ေမာင္းထြက္လာခဲ့ရာ ဦးထုပ္ပင္ေမးသိုင္းႀကိဳးမတပ္မိခဲ့...
ႏွလုံးသားမွေဒါသမ်ားလွိုင္းထန္လာေလေလ လီဗာကို အသားကုန္ဆြဲမိေလေလပင္...
ထို႔ေနာက္...
"ဒုန္း....''
"ဟာ တိုက္မိကုန္ၿပီေဟ့ လုပ္ၾကပါအုံး တစ္ေယာက္ေယာက္ ေဆး႐ုံကိုဖုန္းဆက္ၾကပါအုံး''
ေမးသိုင္းႀကိဳးမတပ္မိသျဖင့္ ဆိုင္ကယ္ဦးထုပ္သည္ အေဝးသို႔လြင့္ထြက္သြားကာ ပလက္ေဖာင္းနဲ႕ေခါင္းနဲ႕ရိုက္မိသြားၿပီး ဘသာ တစ္ကိုယ္လုံး ေသြးမ်ားျဖင့္႐ႊဲနစ္ေနေတာ့သည္။ မ်က္လုံးမ်ားမွိတ္က်မသြားခင္ ထိုလုအုပ္ထဲ၌ ႏွဲကိုင္ထားေသာ လူကို ဝိုးတဝါးေတြ႕လိုက္ရေလသည္ ။ေအာ္ဟစ္ဆူညံေနေသာပတ္ဝန္းက်င္အၾကား သူ၏ေနာက္ဆုံးလက္က်န္အသိမွာ ယိင္း ဟူေသာအမည္ေလးတစ္ခု...
အသိစိတ္က ကပ္တစ္ခ်က္ မကပ္တစ္ခ်က္ျဖစ္ေနသည္။ နားထဲတြင္ၾကားေနရေသာ ဆရာဝန္မ်ား သူနာျပဳမ်ား၏အသံကိုလဲ မခြဲျခားနိုင္ေတာ့...ပါးစပ္မွလဲ ဖုန္းနံပါတ္တစ္ခုကို ဆက္တိုက္႐ြတ္ေနမိၿပီး ဆက္သြယ္ေပးရန္ေတာင္းဆိုေနမိသည္။
သူ ဆိုင္ကယ္တိုက္ၿပီးေဆး႐ုံေရာက္တာသိရင့ေတာ့ ယိင္းေရာက္လာမွာပါ ဟုတ္တယ္မလား...
သို႔ေသာ္ ထိုဖုန္းနံပါတ္ပိုင္ရွင္ကေတာ့ ဖုန္းမကိုင္ခဲ့ပါ...
"အေျခေနမေကာင္းဘူး ခြဲစိတ္ရင္ေတာင္ အသက္ရွင္နိုင္ေခ်က ဆယ္ရာခိုင္ႏႈန္းေလာက္ပဲရွိတယ္''
"အနည္းဆုံးေတာ့ ေမွ်ာ္လင့္ခ်က္ေလးရွိေသးတာပဲ ဆရာရယ္ သားေလးကိုကယ္ေပးပါေနာ္''
"ခြဲစိတ္မႈေအာင္ျမင္သြားခဲ့ရင္ေတာင္ ကိုေအာင္ၿဖိဳးေဝ က သာမန္လူလိုေနနိုင္မွာမဟုတ္ဘူး ဦးႏွောက္ဆိုတာ လူ႕ခႏၶာကိုယ္ရဲ႕ လွ်ို႔ဝွက္ဆုံးအစိတ္အပိုင္းပဲ ျပင္းျပင္းထန္ထန္ထိခိုက္သြားတာမို႔လို႔ အသက္မေသရင္ေတာင္ သူ႕ဦးႏွောက္က သာမန္လူေတြလိုအလုပ္လုပ္မွာမဟုတ္ဘူး''
"ဘာပဲျဖစ္ျဖစ္ သားကိုကယ္ေပးပါဆရာ ဘယ္ေလာက္ကုန္ကုန္ပါ သားေလးအသက္ရွင္ဖို႔က အဓိကပါပဲ''
"ဒီေဆး႐ုံမွာေတာ့ သူ႕ကိုအေကာင္းဆုံးခြဲစိတ္ေပးနိုင္တဲ့ဆရာဝန္မရွိဘူး''
"ရွင္''
ေမေမ့မ်က္ႏွာ ညွိုးက်သြားၿပီး စိတ္အားထက္သန္မႈမ်ား ေရစုန္ေမ်ာသြားေတာ့သည္။ မနည္းအားတင္းၿပီးရပ္ေနရသည့္ ခႏၶာကိုယ္မွာလဲ ေမွ်ာ္လင့္ခ်က္မဲ့ျခင္းေၾကာင့္ ေခြက်သြားသည္။ ကံေကာင္းသည္က အနားတြင္ ေဖေဖရွိေနသျဖင့္ အခ်ိန္မီ တြဲထူလိုက္နိုင္ခဲ့သည္။
"ဆရာ ေမွ်ာ္လင့္ခ်က္ေလး နည္းနည္းပါးပါးေတာင္ မရွိေတာ့ဘူးလားဗ်ာ''
ေဖေဖသည္ ရွိုက္ငိုေနေသာ ေမေမ့အား တြဲကူရင္း ဆရာဝန္၏မ်က္ႏွာကိုအားကိုးတႀကီးၾကည့္မိသည္။ ပုံမွန္ဆို သားအဖေတြ ကေတာက္ကဆျဖစ္တတ္ေသာ္လည္း သားသည္ သူ၏တစ္ဦးတည္းေသာ ရင္ႏွစ္သည္းျခာေလးမို႔ ေသေရးရွင္ေရးႏွင့္ႀကဳံလာေသာအခါ သူလဲပဲတုန္လႈပ္ရပါသည္။
ဆရာဝန္သည္ ေ႐ႊကိုင္းမ်က္မွန္ကို အသာပင့္တင္လိုက္ၿပီး...
"တစ္ခုေတာ့ရွိတယ္ ဒီညပဲ ဂ်ာမဏီက ဦးႏွောက္ခြဲစိတ္ပါရဂူႀကီး ဒီမွာ ေဟာေျပာပြဲလုပ္ဖို႔ရွိတယ္ ကြၽန္ေတာ္ အတတ္နိုင္ဆုံးႀကိဳးစားၿပီး အကူညီေတာင္းၾကည့္ပါမယ္''
ေဖေဖေရာ ေမေမပါ ေမွ်ာ္လင့္ခ်က္ေရာင္ျခည္ေလးမ်ားသမ္းလာေသာေၾကာင့္ အားကိုးတႀကီး အကူညီေတာင္းေနမိၾကသည္။
ဘသာ၏စိတ္အစဥ္မွာေတာ့...
အရာရာလြတ္လပ္ေပါ့ပါးေနၿပီး သူခ်စ္ေသာယိင္းဆီသို႔ သြားေနမိသည္။ သို႔ေသာ္ သြားရင္းမွ လမ္းေပ်ာက္သြားၿပီး အေမွာင္ထုထဲ တဖန္ျပန္လည္ေရာက္ရွိသြားျပန္သည္။ ထို႔ေနာက္ သူအၿမဲတမ္းမက္ခဲ့ေသာ အိပ္မက္ထဲမွ အမ်ိဳးသမီး အား ေတြ႕လိုက္ရေတာ့သည္။
"သခင္ေလး...အိမ္ျပန္လာပါေတာ့...''
"ဘာ သခင္ေလးလဲ...ခင္ဗ်ားဘယ္သူလဲ ခင္ဗ်ားကိုက်ဳပ္မသိဘူး ယိင္းဆီသြားမယ္''
သူ႕စကားကို နားေထာင္ေနေသာ အနက္ေရာင္မိန္းမသည္ ေနာက္ဆုံးစကားတစ္ခြန္းကိုၾကားေသာအခါ ေဒါသအႀကီးအက်ယ္ထြက္သြားၿပီး...
"မသြားရဘူး...သခင္ အိမ္ျပန္လာရမယ္''
"ဘာေတြေျပာေနတာလဲ ဘာအိမ္လဲ မျပန္ဘူး ယိင္းဆီသြားမယ္''
ထိုမိန္းမသည္ အရွိန္ျဖင့္ အနားေရာက္လာၿပီး သူမ၏ေႁမြအၿမီးျဖင့္ သူ႕အား ရစ္ပတ္လိုက္ေလသည္။
"ကံေကာင္းေထာက္မလို႔ အခ်ိန္မတန္ေသးဘဲ ျပန္ေရာက္လာတာကို ဒီလူသား မိန္းမဆီ လႊတ္ေပးစရာလား''
ထိုစဥ္ ဘသာ၏ကိုယ္ခႏၶာမွ အနက္ေရာင္အခိုးေငြ႕တခ်ိဳ႕ထြက္လာၿပီး ရစ္ပတ္ထားေသာ မိန္းမ၏ေႁမြအၿမီးသည္လဲ ေျပေလ်ာ့သြားေတာ့သည္။
ထိုမိန္းမသည္လဲ ေၾကာက္လန့္တၾကားျဖင့္...
"ခြင့္လႊတ္ပါ သခင္ေလး...သခင္ေလးစြဲလမ္းေနတဲ့မိန္းမဆီကို ကြၽန္မေခၚသြားမယ္''
ထို႔ေနာက္ျမင္ကြင္းေျပာင္းသြားၿပီး သူေတြ႕ခ်င္ေနေသာ ယိင္းအားေတြ႕လိုက္ရသည္။ သို႔ေသာ္ ယိင္းတစ္ေယာက္ထဲမဟုတ္...
ယိင္း၏ေဘးတြင္ ေယာက်္ားတစ္ေယာက္ရွိေနၿပီး ထိုသူက ယိင္းအား နမ္းရွိုက္ေနသည္။ ယိင္းကလဲ ၾကည္ျဖဴစြာပင္...
...ဒါဆို သူ႕ဖုန္းကို မကိုင္ရတဲ့အေၾကာင္းအရင္းက ဒါေပါ့...
ဆက္ရန္...
#Flamingo