မေတ္တာတစ်မိုးအောက်က ဦးရဲ့အကြင...

By harley__robbie

237K 4.1K 87

​" နှလုံးသားရဲ့အနက်ရှိုင်းဆုံးနေရာမှာ ၁၅၀၀ နဲ့ ၅၂၈ သီအိုရမ်မေတ္တာအစုအပုံတွေ တစ်စတစ်စ ပေါက်ဖွားလာတယ်။ အဲဒါဘယ်သ... More

To Dear Honeys 🍯
✽ အပိုင်း ၁ ✽
✽ အပိုင်း ၂ ✽
✽ အပိုင်း ၃ ✽
✽ အပိုင်း ၄ ✽
✽ အပိုင်း ၅ ✽
Thein Mwae San Nwe's Art
Nay Han Mine's Art
✽ အပိုင်း ၆ ✽
✽ အပိုင်း ၇ ✽
✽ အပိုင်း ၈ ✽
✽ အပိုင်း ၉ ✽
✽ အပိုင်း ၁၀ ✽
✽ အပိုင်း ၁၁ ✽
✽ အပိုင်း ၁၂ ✽
✽ အပိုင်း ၁၃ ✽
✽ အပိုင်း ၁၄ ✽
✽ အပိုင်း ၁၅ ✽
✽ အပိုင်း ၁၆ ✽
✽ အပိုင်း ၁၇ ✽
✽ အပိုင်း ၁၈ ✽
✽ အပိုင်း ၁၉ ✽
✽ အပိုင်း ၂၀ ✽
✽ အပိုင်း ၂၁ ✽
✽ အပိုင်း ၂၂ ✽
✽ အပိုင်း ၂၃ ✽
✽ အပိုင်း ၂၄ ✽
✽ အပိုင်း ၂၅ ✽
✽ အပိုင်း ၂၆ ✽
✽ အပိုင်း ၂၇ ✽
✽ အပိုင်း ၂၈ ✽
✽ အပိုင်း ၂၉ ✽
✽ အပိုင်း ၃၀ ✽
✽ အပိုင်း ၃၁ ✽ (ဇာတ်သိမ်းပိုင်း)
PDF File version (Unicode)
New OC Fiction Announcement (Unicode)
1 (Zaw)
2 (Z)
3 (Z)
4 (Z)
5 (Z)
6 (Z)
7 (Z)
8 (Z)
9 (Z)
10 (Z)
11 (Z)
12 (Z)
13 (Z)
14 (Z)
15 (Z)
16 (Z)
18 (Z) 🔞⚠️‼️
19 (Z)
20 (Z)
21 (Z)
22 (Z) 🔞
23 (Z)
24 (Z)
25 (Z) 🔞
26 (Z) 🔞
27 (Z)
28 (Z)
29 (Z)
30 (Z)
31 (Z) Final Part
PDF File Ver (Zawgyi)
New OC Fiction Announcement (Zawgyi)

17 (Z)

399 6 1
By harley__robbie

ကမ္ဘာပေါ်ရှိ အရူးနှမ်းဆုံးနှင့်အရက်စက်ဆုံးသောသတ္တဝါမျိုးစိတ်ကိုပြောရပါလျှင် လူသားများသာ။ သူတို့တွင်လည်း အမှန်စင်စစ်မေတ္တာတရားကြီးမားသူများရှိသည်။ သို့သော် ရှားပါးလွန်း၏။

____

ယနေ့ညနေတွင် နေဟန်မှိုင်းက မီးဖိုချောင်၌ စာဖိုမှူးသင်တန်းမှ သင်လာခဲ့သော မုန့်မျိုးစုံလုပ်နှင့်ဟင်းလျာများကို သူကိုယ်တိုင် လက်စွမ်းပြကာ ပြင်ဆင်ချက်ပြုတ်နေသည်။ သိမ်မွေ့စံနွယ်မှာ ဧည့်ခန်းအတွင်းရှိပါကေးကြမ်းပြင်များကို အတန်းလိုက် ဖုန်စုန်စက်ဖြင့် သေချာသန့်ရှင်းရေးလုပ်နေခဲ့လျက်။

ထိုစဉ် အိမ်ရှေ့စားပွဲခုံပေါ်က နေဟန်မှိုင်း၏ဖုန်းမှာရုတ်တရက် အသံမြည်လာလျှင် သိမ်မွေ့စံနွယ်မှာ ဖုန်စုပ်စက်ကိုခဏပိတ်ပြီး ဖုန်းယူကြည့်လိုက်သည်။ ခေါ်ဆိုသူမှာ သျှန်ဖြစ်၏။ ထို့ကြောင့် သူမလည်း ဖုန်းအား မီးဖိုချောင်ထဲက နေဟန်မှိုင်းဆီ ယူဆောင်သွားပေး၏။

" ကိုကိုရေ ... အစ်ကိုသျှန်ဆီက ဖုန်းလာတယ် "

နေဟန်မှိုင်းက သူ့လက်တွက်ပေကျံနေသောဂျုံမှုန့်များကို သန့်ရှင်းသောလက်သုတ်ပဝါဖြင့်သုတ်လိုက်ကာ သူမလက်ထဲက ဖုန်းကိုယူလိုက်သည်။

" သားကြီး ဘာကိစ္စ "

" မင်းကိုအားနာပေမဲ့ ... အကူအညီတောင်းမှဖြစ်တော့မယ် "

သျှန်၏အသံက သွေးအေးတည်ငြိမ်လွန်းနေသည်။ သို့ရာတွင် သူ၏အသက်ရှူသံမှာ ပုံမှန်ထက်အနည်းငယ်ပြင်းနေဟန်ရှိလျက်။ မောဟိုက်နေပုံပင်။ သျှန့်ဘက်ကစကားဆက်မပြောခင် နေဟန်မှိုင်းမှာ သျှန်၏အသံအနေအထားကို ကြားရုံနှင့် အခြေအနေမဟန်သည့်ပုံဖြစ်မှန်းကို သဘောပေါက်သွားသည်။

" သျှန် မင်းအခုဘယ်မှာလဲ "

" point 65 မှာ"

Point 65 ဟုကြားလိုက်ရသည်နှင့်တစ်ပြိုင်နက် နေဟန်မှိုင်း၏မျက်ခုံးနှစ်ဖက်စလုံး အပေါ်သို့မြောက်တက်သွားလျက်။

A လမ်းမကြီးပေါ်က point 65 ဧရိယာသည် နိုင်ငံ၏သတ်မှတ်ထားသော အနီရောင်ဇုန်ဖြစ်သည်။ ထိုဧရိယာသည် ဂိုဏ်းအဖွဲ့များအများဆုံးစုစည်းမှု၊ ဒုစရိုက်မှုအပေါဆုံးနှင့် ကူးစက်ရောဂါပိုးများအများဆုံးပျံ့နှံအလွယ်ဆုံးသောနေရာဖြစ်သည့်အတွက် နိုင်ငံအတွင်းရှိ Red Danger Zone များထဲမှ နံပါတ် (၁) အန္တရာယ်အရှိဆုံးနေရာတစ်ခုဟူ၍လည်း သတ်မှတ်ခံထားရ၏။

" အင်း ခဏစောင့်၊ ငါ မွေ့လေးအတွက် ဟင်းချက်တာတွေ လတ်စသတ်ပြီးရင် လာခဲ့မယ်"

" အေး "

ဖုန်းချလိုက်သောနေဟန်မှိုင်း၏မျက်နှာအနေအထားကိုကြည့်နေသည့် သိမ်မွေ့စံနွယ်မှာ အနည်းငယ်စိုးရိမ်သွားသည်။

" ကိုကို အစ်ကိုသျှန်ဘာဖြစ်လို့လဲ "

" ဘာမှမဖြစ်ဘူး သဲတုန်၊ သူလုပ်ငန်းတစ်ခုအသစ်လုပ်ဖို့ ဆွေးနွေးချင်တယ်၊ သူ့အိမ်ခဏလောက်လာပါဆိုလို့ "

" ဪ ... အရမ်းနောက်တော့မကျစေနဲ့နော် ကိုကို၊ ခုသွားတော့လေ၊ ကျနိတာမွေ့ဆက်လုပ်ထားလိုက်မယ် "

" အွန်းပါ သဲတုန်၊ ကျေးဇူးပါပဲ"

နေဟန်မှိုင်းလည်း သူ၏စာဖိုးမှူးဝတ်စုံကိုချွတ်ကာ အိပ်ခန်းထဲသို့အမြန်သွားလျက် အင်္ကျီလဲဝတ်ခဲ့သည်။ ထို့နောက်အခန်းပြင်သို့ထွက်လာကာ ကားသော့ယူ​၏။

" ကိုကို သွားပြီ ... အာဘွား"

သိမ်မွေ့စံနွယ်အား နှုတ်ဆက်အနမ်းပေးခဲ့ပြီးနောက် သျှန်ဆီကို ထွက်လာခဲ့သည်။

သျှန်မှာ ဧရိယာ Point 65 အနီရောင်နယ်မြေကို သူနှင့်အလွန်ရင်းနှီးသောမိဘမဲ့ဂေဟာက ကလေးမလေးကြောင့် ရောက်ရှိနေခဲ့ခြင်းပင်။ သျှန်က သူ့မွေးနေ့ရောက်တိုင်း သူကြီးပြင်းခဲ့သော မြို့၏နာမည်ကြီးမိဘမဲ့ဂေဟာသို့ ငွေကြေးနှင့်အသုံးအဆောင်ပစ္စည်းများအား သွားရောက်လှူဒါန်းလေ့ရှိသည်။ ထို့အပြင် ကလေးများနှင့်လည်း တရင်းတနှီးနေတတ်၏။ ၎င်းကလေးများထဲတွင် နေဟန်မှိုင်းမှ ညီမလေးတစ်ယောက်ကဲ့သို့ အလွန်ချစ်ခင်သနားမိသော ဘရဏီဟူသည့် ၁၀ နှစ်အရွယ်ကလေးမလေးတစ်ယောက်ရှိပေသည်။

ထိုကလေးမလေးမှာမူ သူမ၏မွေးမိဘနှစ်ပါးအရင်းခေါက်ခေါက်များမှ လမ်းဘေးတွင် တောင်းစားခိုင်းခြင်းကိုခံရပြီး ငယ်စဉ်ကတည်းကနေ အသေအကျေရိုက်နှက်မှုကို အလူးအလဲခံစားရ၏။

ကလေးမလေးနှင့်သျှန်တွေ့ဆုံပုံမှာလွန်ခဲ့သော ၃နှစ်ခန့်က မိုးများသည်းထန်သော နေ့တစ်နေ၏နေ့လည်ပိုင်းတွင် သျှန်တစ်ယောက် မီးပွိုင့်မိနေစဉ် အသဲပြဲနှင့်ငိုယိုနေသောကလေးမလေးကို မြင်တွေ့ခဲ့ရသည်။ သူမသည် ပိုက်ဆံတောင်းစားရာတွင် တစ်ပြားတစ်ချပ်မှမရရှိသဖြင့် သူမ၏မိခင်အရင်းမှ အသားကုန်ရိုက်နှက်နေသည်ကို သျှန်မြင်ရလျှင်မြင်ရချင်း ကားပေါ်ကဆင်းလာခဲ့ကာ ကလေးမလေးကို ကာကွယ်ပေးခဲ့သည်။ ထို့နောက် ရိုက်နှက်ရသည့် အကြောင်းအရင်းကိုသိလျှင် သျှန်ကချက်ချင်း သူ့ကားထဲသို့ ပြန်သွားခဲ့ပြီး ပိုက်ဆံငွေ ၅ သိန်းကို ပလတ်စတစ်အိတ်ပတ်ကာ ထိုအမျိုးသမီးအား ပစ်ပေးခဲ့၍ ကလေးမလေးကို ဆွဲခေါ်လာခဲ့သည်။ ငွေထုတ်မြင်သော အမျိုးသမီးမှာလည်း သမီးဖြစ်သူ သူစိမ်းကားပေါ်ပါသွားသည်ကိုတောင် မျက်နှာမပျက်ဘဲ မိုးရေထဲ ငွေထုတ်ပိုက်ကာ ရွံစရာအပြုံးများဖြင့် ကျန်ရစ်ခဲ့တော့သည်။

သျှန်က ထိုကလေးမလေးကို မိဘမဲ့ဂေဟာသို့ခေါ်လာခဲ့ပြီး သူမကိုလည်း ဘရဏီဟူသောနာမည်အသစ်လေးနှင့်ဘဝသစ်တစ်ခုကို စတင်စေခဲ့သည်။ သျှန့်အနေဖြင့် ဘရဏီကို သူ့စံအိမ်တော်သို့ခေါ်ချင်ခဲ့သော်လည်း သူ၏အမှောင်ခြမ်းကပုံစံအမှန်ကိုသိရှိသွားမည်စိုးသဖြင့် ဂေဟာတွင်သာနေစေခဲ့ပြီး သူမအတွက်သီးသန့်စရိတ်ထောက်ပံ့ပေးနေကာ သူမအတွက်မွေးစားမိဘများရှာဖွေမှုကိုလည်း တားမြစ်ပိတ်ပင်ခဲ့၏။

ဘရဏီသည် သူမ၏မိဘအရင်းများလက်ထဲကနေ လွတ်မြောက်လာပြီးသည့်အချိန်မှစ၍ ဂေဟာတွင် စိတ်ချမ်းသာကိုယ်ချမ်းသာနေရသည်။ အစားကောင်း၊အသောက်ကောင်းစားရသလို အိပ်ကောင်းခြင်းလည်းအိပ်ရသဖြင့် အသားရည်စိုပြေဖွံ့ဖြိုးလာသည်။ အတန်းပညာလည်းတက်ရသဖြင့် ပျှော်ရွှင်နေခဲ့လျက်။ သျှန်ကလည်း ဘရဏီကို တစ်ပတ်တစ်ခါ လာလာတွေ့ပြီး ဂေဟာရှိကလေးများစွာနှင့် ကစားတတ်သည်။

သို့သော် သျှန်တစ်ယောက် အလုပ်များဆက်တိုက်ရှုပ်နေခဲ့သဖြင့် ဂေဟာကိုမရောက်ခဲ့သည်မှာ ၂ လကြာပြီဖြစ်၏။ ဘရဏီကိုလည်း သေချာအဆက်အသွယ်မလုပ်နိုင်ခဲ့ပေ။ ၂ လလုံးနေမှ သမီးဖြစ်သူနှင့် ဖုန်း ၃ ကြိမ်သာပြောနိုင်ကာ စာများလည်း တိုတိုတိတိသာ ပို့နိုင်ခဲ့လျက်။

ဘရဏီကမူ ကလေးပီပီ သူမကိုကယ်တင်ပေးခဲ့သောသျှန့်ကို အဖေတစ်ယောက်ကဲ့သို့ချစ်ခင်မြတ်နိုးသည်။ သျှန်က ဘရဏီကို ညီမအဖြစ်သတ်မှတ်ထားသော်လည်း သူမတစ်ချိန်အရွယ်ရောက်လျှင် သံယောဇဉ်အပြတ်ဖြတ်ဖို့ ရည်ရွယ်ထားသည့်အတွက် လိုတာထက်မပိုခဲ့ပေ။

ဘရဏီက အသားလတ်ပြီး ဆံပင်ခါးထိရှည်ပြီး ပိန်သွယ်သည်။ အရယ်သန်ပြီး စကားပြောလျှင် သွားတက်လေးများပေါ်နေသည်။ သူမလေးတွင် လှပါသော ပါးချိုင့်လေးရှိ၏။ ယဉ်ကျေးသိမ်မွေ့ကာ နူးညံ့ကြင်နာသောပင်ကိုယ်စရိုက်ရှိသည်။ ရုပ်ရည်မချောသောငြား သူမက ချစ်စရာကလေးတစ်ယောက်ပင်။ သျှန်ကသာ သူမဘဝတွင် သူအစကားအပြောများဆုံးလူတစ်ဦးသာ။

" သမီးကြီးလာရင် ပါးပါးသျှန်လို ရုပ်ချောသဘောကောင်းပြီး ချမ်းသာတဲ့အမျိုးသားနဲ့လက်ထပ်ချင်တယ်၊ ဘုရားမှာလည်း ခဏခဏဆုတောင်းတယ်"

" သမီးဆုတောင်းပြည့်ပါစေ၊ ပါးလို မGay နေဖို့ပဲ အဓိက၊ တော်ကြာနေ ငါ့သမီး ပါးပါးလို Gay တွေနဲ့တွေ့ပြီး ပုလင်းကွဲတွေရှနေမှ "

" ဟာ ... ပါးပါးက ဘာလို့ gay နေတာလဲ၊ ဘာလို့ယောကျာ်းယောကျာ်းချင်းကြိုက်တာလဲ၊ မိန်းကလေးတွေပဲကြိုက် "

" ဘရဏီ ... ပါးပါးက သမီးကိုချစ်လို့ မဆဲတာနော်၊ တခြားလူဆို အထီးအမမရွေး မျက်ခွက်လက်သီးစာမိနေပြီ၊ ပါးပါးလည်း မိန်းမတွေကို ကြိုက်ကြည့်ပါသေးတယ်၊ ပုံစံကိုသာ သဘောကျမယ်၊ သမီးရည်းစားခံစားချက်နဲ့ သဘောကျလို့ကိုရတာ သမီးရဲ့၊ ပါးပါးက Gay ဖို့မွေးဖွားလာတာနဲ့တူပါတယ် .... ပြီးတော့ ပါးပါးရဲ့မွေးစားဖခင်ဆိုတဲ့ကောင်ကြီးက ပါးပါးကို ငယ်ငယ်က ခဏခဏမုဒိန်းကျင့်တယ်ကွာ "

" ဟယ် ... ယောကျာ်းလေးမှာလည်း မုဒိန်းကျင့်ခံရတာတွေရှိတာလား ... ပါးပါးရယ်၊ သမီးစိတ်မကောင်းလိုက်တာ၊ ပါးပါး အရမ်းခံစားခဲ့ရမှာပါနော် "

" အင်း .... ရှိပါ့။ ယောကျာ်းလေးတွေမှာလည်ူ လူမသိသူမသိ ယောကျာ်းချင်းအလုပ်ခံရလို့ ဘဝတစ်လျှောက်လုံး အရိပ်မည်းကြီးလိုလိုက်ခံနေရတာတွေ တစ်ပုံကြီးပဲပေါ့၊ ပါးပါးကတော့ အေးဆေးဖြစ်သွားပါပြီ၊ အဲ့အဘိုးကြီးလည်း သေသွားပြီ၊ ပါးပါးလည်း သူ့ကြောင့် တစ်ခါတည်း တန်း gay သွားတာ၊ အစကမှ မိန်းကလေးတွေကို ခံစားလို့ရသေးတယ်၊ အဲဒီအဘိုးကြီးကြောင့်အပေါက်ကျယ်ပြီးနောက်ပိုင်း မိန်းမယူရမှာ ရှက်သွားတဲ့အထိဖြစ်သွားတဲ့အပြင်ကို လိင်စိတ်ကပါ ပြောင်းသွားတာ၊ Gayဆိုပေမယ့် မိနိးမအဝတ်အစားတော့ဝတ်ရမှာမကြိုက်ဘူး "

" နှမြောလိုက်တာပါးပါးရယ် ... ပါးပါးလိုရုက်ချောပြီး ယောကျာ်းပီသတဲ့လူက အဲဒီလိုဆိုတော့ .... ဘာပဲဖြစ်ဖြစ် ငါ့ပါးပါးသနားပါတယ် "

" သမီးလည်း ပါးလို Gay ကောင်ကလွဲရင် တခြားသူစိမ်းယောကျာ်းတွေဆို ဘယ်လောက်ရင်းနှီးနှီးအထိ အသားအထိမခံနဲ့သိလား၊ တစ်ခုခုဆို ဘောကိုဒူးနဲ့ပစ်တိုက်၊ ဘောကိုချိုးပစ် ကြားလား၊ ပါးပါး နောက်နေ့သမီးအတွက် ဓားမြှောင်သယ်လာမယ်၊ သမီးကိုယ်သမီး ကာကွယ်နိုင်အောင် ပါးပါးသင်ပေးမယ် "

" ဟုတ် ပါးပါးပြောသလို သမီးလုပ်မယ် "

" လိမ္မာတယ် ဘရဏီလေးက "

ဤသည်မှာ တစ်ချိန်က ဘရဏီနှင့်သျှန်တို့သားအဖနှစ်ယောက်ပြောခဲ့သောစကားများပင်။

ယနေ့နေ့ခင်းတွင် သျှန်တစ်ယောက် နေမကောင်းသဖြင့် အိပ်ရာထဲတွင်လဲလျောင်းအနားယူနေခဲ့သည်။ အိပ်မောကျနေစဉ် သူ၏ဖုန်းထမြည်လာခဲ့သောကြောင့် ဒေါသထွက်ကာ ဖုန်းကိုင်လိုက်လျှင် ဂေဟာမှတာဝန်ရှိသူတစ်ဦးဖြစ်နေခဲ့သည်။

" သျှန် ... ဘရဏီလေး ဂေဟာကနေ ထွက်ပြေးသွားတယ် "

" ဘာဗျ၊ မဖြစ်နိုင်တာ၊ သူဒီလောက်ဂေဟာမှာပျော်နေတာ ဘယ်လိုကြောင့်လဲ "

သျှန်က သူ့နားတွင်ကြားလိုက်ရသောစကားကြောင့် ထိန်လန့်သွားပြီး ဒေါသထွက်လာသည်။

" သူတကယ်ထွက်ပြေးသွားတာ၊ သူ့အသုံးအဆောင်ပစ္စည်းတွေပါအကုန်သယ်ပြီးတော့ "

" ဘာ ... "

" အေး ဘာကြောင့်ထွက်ပြေးသွားမှန်း စဉ်းစားလို့မရဘူး၊ မင်းဆီကိုများ လာနေမလားလို့"

" တောက် ဒီကလေးမလေးကတော့ ဘာတွေလုပ်နေတာလဲ... ကျွန်တော့်ဆီကိုလည်း မလာသေးဘူး၊ ဖုန်းလည်းမဆက်သေးဘူး "

" ဟုတ်လား ... အင်း ဆရာတို့ဘက်က သူ့ကိုသေချာရှာနေပါတယ်၊ မျက်မြင်တွေကတော့ Taxi ငှားသွားတယ်လို့တော့ပြောကြတယ်၊ ငါတို့သူ့ဖုန်းဆက်တာ ဆက်သွယ်ရေးဧရိယာပြင်ပပဲရောက်နေတယ်၊ မင်းလည်း ကြိုးစားဆက်သွယ်ကြည့်ပါအုံး၊ သူ ဘယ်နေရာတွေ သွားချင်တယ်ပြောခဲ့တာတွေရှိလား၊ ရှိရင် ဆရာတို့တွေ ဝိုင်းရှာကြမယ် "

သျှန်မှာ နေမကောင်းဖြစ်နေသည်ကိုပင်သတိမရတော့ပေ။ ဘရဏီ့ကြောင့် ရင်ပူပြီး ခေါင်းနပန်းကြီးသွားလျက်။

" မပြောပြဖူးဘူးဗျ၊ ဒါပေမဲ့ ကျွန်တော်သူ့ကိုဆက်သွယ်ပါအုံးမယ်၊ ဆရာတို့ဘက်ကလည်း အကြောင်းထူးရင် ပြောပါဗျာ "

" အေးပါ သျှန်၊ ခုတော့ ဖုန်းချခွင့်ပြုပါအုံး "

" ကောင်းပါပြီဗျာ "

သျှန်လည်း ဖုန်းကိုကျစ်ကျစ်ပါအောင်ဆုပ်ထားမိသည်။ သွေးအေးသောမျက်နှာတွင် နဖူးကြောများက တင်းမာနေသည်။ ထိုစဉ် သူ၏ဖုန်းမှာ ရုတ်တရက်မြည်လာခဲ့သည်။ ခေါ်ဆိုသူမှာ ဘရဏီပင်။ သျှန်က တုံ့ဆိုင်းမနေဘဲ ဖုန်းကိုင်လိုက်သည်။

" ဘရဏီ ... သမီးဘာလို့ထွက်ပြေးရတာလဲ "

" အီးဟီး ပါးပါးကို လွမ်းလို့ ... ပါးပါးကမှ သမီးကိုမချစ်တော့တာ ... သမီး ပါးပါးကိုဘာအမှားလုပ်မိလို့လဲလို့... ပါးပါးက လင်ရသွားလို့လား အီးဟီး အဲဒါကြောင့် ဒီသမီးလေးကိုမချစ်တော့တာလား အူဝါး ... ပါးပါးဆီလာချင်လို့ ရုံခန်းက အလှူရှင်စာအုပ်ကိုခိုးပြီး ပါးပါးအိမ်လိပ်စာကို မရမကစုံစမ်းရင်း အခုလာနေပြီ ရွှတ် ... ပါးပါးနဲ့အတူနေမှာ၊ ဘရဏီ ဂေဟာကို လုံးဝမပြန်ဘူးနော် ... ပါးပါးကိုအရမ်းလွမ်းနေခဲ့တာ အဟင့်ဟင့်"

" အင်း အင်း ... လာခဲ့၊ ပါးပါးစောင့်နေမယ်၊ ပါးပါး အလုပ်များနေလို့ပါ သမီးရယ်၊ လင်မရသေးပါဘူး၊ ပါးပါးအခုလည်း အလုပ်တွေပင်ပန်းပြီး ဖျားနေတာ သမီးရဲ့၊ ဘာပဲဖြစ်ဖြစ် သမီးလေးက ပါးပါးဆီလာနေတယ်ဆိုလို့ စိတ်အေးသွားပြီ"

" အဲဒီလိုဖျားတော့ ပါးပါးကိုဘေးမှာပြုစုပေးမယ့်လူတစ်ယောက်မှမရှိဘူးမလား ... ပါးပါးတစ်ယောက်တည်းသေနေရင်တောင် ဘယ်သူမှသိမှာမဟုတ်ဘူး၊ ပါးပါးက လူထူးဆန်းကြီး၊ အိမ်ကြီးကြီးမှာ တစ်ယောက်တည်းဘယ်လိုနေလဲမသိ ... ဒီသမီးကိုလည်း အပြီးမွေးစားလို့ရရဲ့သားနဲ့ မမွေးစားဘူး၊ သမီးကျ တော်ထားပြီးတော့ ... ပါးပါးနဲ့သိတာကြာလေ ပါးပါးက အရမ်းနားလည်ရခက်တဲ့လူပဲဆိုတာ ပိုသိလာလေပဲ "

ဘရဏီက အသက်မရှူဘဲ စကားတောက်လျှောင်ပြောလျှင် သျှန်မှာနားပူလာပြီး သက်ပြင်းချမိသည်။

" အေးပါ သမီးရယ်၊ ပါးပါးကလူကောင်းမဟုတ်မှန်း၊ သမီးတို့ သာမာန်လူတွေအတွက် နားလည်ရခက်တဲ့လူစားမျိုးမှန်းဆိုတာ အစကတည်းကပြောခဲ့သားပဲ၊ ထားပါတော့ ... သမီးသာ ဂရုစိုက်ပြီးလာခဲ့၊ ပါးပါးစောင့်နေမယ် ဒါပဲနော် "

ဤသို့ဖြင့် သျှန်တစ်ယောက် သမီးဖြစ်သူဘရဏီကိုချော့မြူခဲ့ကာ နေအိမ်ခြံတံခါးအဝတွင် စောင့်ဆိုင်းနေခဲ့တော့သည်။ ဘရဏီမှာမူ သူမ၏ပါးပါးသျှန်နှင့် တွေ့ရတော့မည်ဖြစ်သဖြင့် အလွန်ပျော်ရွှင်နေခဲ့သည်။ ထိုစဉ် တက္ကစီကားသမားမှာ ဘရဏီငှားထားသော လမ်းကြောင်းအတိုင်း မှန်ကန်စွာ မမောင်းလာဘဲ ဧရီယာ Point 65 ဆီသို့ ဦးတည်မောင်းလာခဲ့၏။

ဘရဏီမှာမူ စိတ်ကူးယဉ်အပျော်များဖြင့် ကားပေါ်တွင် လိုက်ပါလာခဲ့ရင်း။

• ────── ✾ ────── •

Continue Reading

You'll Also Like

1.8M 45K 20
"WHO THE HELL ARE YOU?" "I'M THE BABYSITTER ASSHOLE!" ( steve harrington x oc ) ( season 2 ) ( part 2 out now! ) #5 in steveharrington 9.26.18 #12 in...
103K 2.8K 23
ᵢₘₐgᵢₙₑₛ wᵢₜₕ yₒᵤᵣ fₐᵥₒᵣᵢₜₑ bₗₐcₖ ₑₙₜₑᵣₜₐᵢₙₑᵣₛ. ₗgbₜq₊
4.2K 124 6
I DON'T OWN HARRY POTTER CREDIT GOES TO J.K. ROWLING NOT A SNARRY STORY When poor little Harry's parents are killed, who will raise him? Surely not...
10.6K 470 35
you don't know what you got until it's gone.