ကိုပေါ

By Hninsatmahar

62.5K 4.5K 651

အဖြူရောင်လေးက စွန်းထင်းလွယ်တယ် မဟုတ်လား... အဖြူတစ်စုံထပ်လို့ စွန်းထင်းမှုကို မကာကွယ်နိုင်ရင်တောင် အတူတူစွန်းထ... More

Ep.1
Ep.2
Ep.3
Ep.4
Ep.5
Ep.6
Ep.7
Ep.8
Ep.9
Ep.10 (uni)
Ep.10 (zawgyi)
Ep.11(uni)
Ep.11(zawgyi)
Ep.12( uni)
Ep.12(zawgyi)
Ep.13(uni)
Ep.13(zawgyi)
Ep.14(uni)
Ep.14(zagyi)
Ep.15(uni)
Ep.15(zawgyi)
Ep.16(uni)
Ep.16(zawgyi)
Ep.17(uni)
Ep.17(zawgyi)
Ep.18(uni)
Ep.18(zawgyi)
Ep.19(uni)
Ep.19(zawgyi)
Ep.20(uni)
Ep.20(zawgyi)
Ep.21(uni)
Ep.21(zawgyi)
Ep.22(uni)
Ep.22(zawgyi)
Ep.23(uni)
Ep.23(zawgyi)
Ep.24(uni)
Ep.24(zawgyi)
Ep.25(uni)
Ep.25(zawgyi)
Ep.26(uni)
Ep.26(zawgyi)
Ep.27(uni)
Ep.27(zawgyi)
Ep.28(uni)
Ep.28(zawgyi)
Ep.29(uni)
Ep.29(zawgyi)
Ep.30(uni)
Ep.30(zawgyi)
Ep.31(uni)
Ep.31(zawgyi)
Ep.32(uni)
Ep.32(zawgyi)
Ep.33(zawgyi)
Ep.34(uni)
Ep.34(zawgyi)
Ep.35 (ဇာတ်သိမ်းပိုင်း)
Ep.35(ဇာတ်သိမ်းပိုင်း)
Extra.1(အချစ်က ခါး)
Extra.1(အချစ်က ခါး)
Extra.2(Uni)
Extra.2(zawgyi)
Extra.3(uni)
Extra.3(zawgyi)
Hello

Ep.33(uni)

1.1K 96 39
By Hninsatmahar

ရန်ကုန်မြေကို ခြေချခဲ့ပြန်ပြီ။
တစ်နှစ်ကြီးများတောင် သားနဲ့ခွဲရဦးမယ်။
သားဟာလေ တဖြေးဖြေးရုပ်လုံးပေါ်လာတဲ့ ပန်းပုရုပ်လေးလိုပဲ မျက်ခုံးနက်ထူထူတွေက ဘယ်သူနဲ့တူတာပါလိမ့်။
တစ်ခါတစ်ခါ စကားကြီးစကားကျယ်တွေ ထွက်လာတတ်တဲ့ နှုတ်ခမ်းထူထူအိအိလေးကရော ဘယ်သူ့ဆီက အမွေတွေလဲ။
သားကိုမြင်ရင် ကိုစိမ်းကားကြီးကို သတိရနေတာကလည်း ဝဋ်ကြွေးတစ်ခု။

သူ့ကိုဘောင်မဝင်တဲ့ကောင်လို ဆက်ဆံကာ ဘာကိုမှ သေချာရှင်းပြမပေးတဲ့ မြယွန်းမေကို အမြင်မကြည်သော်လည်း၊ ထားရစ်ခဲ့သူကို တစ်လလောက်ထိ ခင်ဗျားပြန်လာပစေဦးလို့ ကြိမ်းဝါးခဲ့သော်လည်း၊
တစ်နှစ်ဆိုတဲ့ အချိန်ကာလဟာ ရွယ်လူးငယ့် မာနတွေကို တိုက်စားပစ်ခဲ့ပေါ့။
ချစ်ရသူရဲ့ နောက်ဆုံးဆန္ဒကို ဖြည့်ဆည်းပေးဖို့ ရန်ကုန်ရောက်ခဲ့ရပြန်ပြီ။

ကျောင်းဝန်းထဲ ခြေချလိုက်ရုံနဲ့ လွမ်းမောမှုတွေ၊အားငယ်မှုတွေ အလုံးရင်းနဲ့ ဝင်ရောက်လာတယ်။ အရင်လို သူ့ကိုအနိုင်ကျင့်မယ့် မိုးစက်တို့ မရှိတော့ဘူးဆိုပေမယ့် အားကိုရတဲ့ မိချောတို့အုပ်စုလည်း မရှိတော့ပေ။ ဘယ်လောက်ပဲ လူကနုပျိုပါတယ်ပြောပြော ကိုယ့်ထက်ငယ်တဲ့ ကလေးတွေနဲ့ ကျောင်းအတူတက်ရတော့မယ်။

"ဝမ်း... တူး....သရီးကို ဂုဏ်ပြုပါတယ်''

တုံ့......တုံ့......တုံ့......

ကားထဲကနေ ဘီယာဗူးခွံတွေ အစီရီထွက်ကျလာတယ်။
ကျောင်းသူလေးသုံးယောက်ကို စနောက်သွားကြတဲ့ ကားပေါ်ကကောင်လေးအုပ်စု။
သူတို့ပစ်ချခဲ့တဲ့ ဘီယာဗူးတွေက မျက်စောင်းထိုးကာ လှည့်ထွက်သွားတဲ့ မိန်းကလေးတွေနဲ့ လွန်ကာ ရွယ်လူးခြေထောက်ရှေ့မှာ အစီအရီ။
ပထမဆုံးနေ့မှာ ကျောင်းတော်ကြီးက ကြိုဆိုပုံသင်းတယ်။
မရောက်တာကြာလို့ အရာရာအသစ်လိုဖြစ်နေတဲ့ ကျောင်းဝန်းထဲ သူ့မှာမျက်စိသူငယ်နားသူငယ်။

"ကောင်လေးတွေ သိပ်ဆိုးတာပဲ ကိုယ်ဖယ်ပေးမယ်နော်''

ရုတ်တရက်
သင်းပျံ့ပျံ့ ရေမွှေးနံ့လေး ပျံ့လွင့်လာတယ်။ သြရှရှအသံနဲ့အတူ ခြေထောက်ရှေ့ ထိုင်ချလာတဲ့ တစ်စုံတစ်ယောက်။
ခေါင်းပြန်မော့ကာ ပြုံးပြလာချိန် သူ့မှာလောကကြီးနဲ့ ခနတာအဆက်ပြတ်သွားတယ်။

အပြုံးထင်ထင်တွေ။သူတစ်ယောက်တည်းကိုသာ ပြုံးပြတတ်တဲ့ အပြုံးထင်ထင်တွေ။ မဟုတ်သေးဘူး သတိကပ်စမ်းရွယ်လူးရယ် ဝင်းမွတ်နေတဲ့ အသားရည်က အညိုဘက်လုချင်နေတဲ့ အသားရည်မှ မဟုတ်တာ။ တန်ဖိုးကြီးမားပုံရတဲ့ ပုဆိုးနဲ့အင်္ကျီတွေက ကိုယ်ဝယ်ပေးနေကြ အထည်မျိုးမှ မဟုတ်တာ။
အကွာခြားကြီးကွာခြားနေတာကတော့ နွေးထွေးတဲ့ချိုရှရှအသံတွေ တစ်ခါမှကြားခွင့်မရဖူးခဲ့တဲ့ ဆိတ်ငြိမ်ခြင်းလေးမှ မဟုတ်တာ။

"ကိုယ်က မဟော်ရဏီပါ''

အော်.....

"ဒေါ်နရဏီရဲ့ တစ်ဦးတည်းသောသား.မဟော်ရဏီပါ....ဒါပေမယ့်.....

ရွယ်လူးမျက်ဝန်းတွေထဲကို ပိုင်စိုးပိုင်နင်း စိုက်ကြည့်ကာ ဆိုလာတဲ့ ဒါပေမယ့်ကြောင့် ခြေဖျားလက်ဖျားတွေ အေးလာတယ်။

"ကိုယ်က ကုန်းသောင်ရွာက ကိုပေါပဲ ဖြစ်ချင်တာ''

"အာ.......

ကိုပေါ''

ဟုတ်ဟုတ်မဟုတ်ဟုတ် မသိချင်ဘူး။ အိပ်မက်လား တကယ်လား မဆန်းစစ်ချင်တော့ဘူး စိတ်ဆိုးစိတ်နာတာတွေ ဘေးချိတ်လို့ ပြေးဖက်လိုက်မိတယ်။
အိပ်မက်ဆိုရင်တောင် အသည်းကြွေမတတ် လွမ်းခဲ့ရတဲ့ဒီရင်ခွင်မှာ ခေါင်းစိုက်ထားလိုက်တော့မယ်။

"လွမ်းနေခဲ့တာ ငယ်ရာ''

ငယ်တဲ့။
နားဖျားလေးဖျတ်တိုက်သွားတဲ့ နွေးရှရှလေသံလေး။ နှလုံးသားတွေတုန်ခါကုန်ပြီ။

"ခင်ဗျားသိပ်ဆိုးတယ်ဆိုပြီး ရန်မတွေ့တော့ဘူးလား ငယ်ရန်တွေ လုပ်လုပ်နေတာ ကိုယ်ကြားပါတယ်''

"ခင်ဗျားက ရန်တွေ့တာ ကြားချင်ပေမယ့် ကျွန်တော်ရန်မတွေ့နိုင်သေးဘူး အိပ်မက်ဆိုရင်တောင် ဒီရင်ငွေ့ကို နောက်ဘဝစာထိပါ ရှူရှိုက်သွားချင်သေးတယ်''

မျက်လုံးလေးမှိတ်ကာ ရင်ခွင်လယ်ခိုနားလာတဲ့ကောင်လေးက ငုံထားချင်စရာ။
အိပ်မက်မဟုတ်ကြောင်း အနမ်းမိုးစွေလို့ ပြောပြချင်သေးတယ်။

"နေဦးငယ် ဟိုနားကသစ်ပင်ရိပ်မှာ သွားထိုင်ရအောင်''

မဟော်ခေါ်ရာနောက် အလိုက်သင့်လေးပါလာတဲ့ ကောင်လေးက အိပ်မက်ထဲမှာ မျောနေသူလို နာနာခံခံလေး သိမ်းဖွက်ထားချင်အောင်။

"တကယ်ပဲ ရွယ်လူးရဲ့ ကိုပေါလား မသေဘူးပေါ့....ဘယ်လိုများ စကားပြောနိုင်သွားတာလည်း တစ်ခါမှမကြားဖူးတဲ့ ဒီအသံလေး.......... ကျွန်တော့်နာမည်ခေါ်ပါဦး ကြားဖူးချင်လို့''

စကားတွေ အဆက်မပြတ်ပြောကာ
မဟော့်မျက်နှာကို မော့မော့လေးကြည့်လာတယ်။ လည်တိုင်တစ်လျှောက်ဆီ ခပ်ဖွဖွထိတွေ့လာတဲ့ လက်ချောင်းလေးတွေကို ဖမ်းဆုပ်ထားလိုက်ကာ....

"ဟောဒီက ရွယ်လူးငယ်ကို ကျွန်တော်မဟော်က ရင်ဘတ်ထဲခွဲထည့်ပြီး သိမ်းထားချင်လောက်အောင်..... ချစ်တယ်ဗျ....မင်းအတွက်ချစ်တယ်ဆိုတဲ့ စကားကို လေးလေးနက်နက်ပြောချင်လို့ ကိုယ့်မှာ အကြာကြီးစောင့်လိုက်ရတာ''

အပြုံးတွေနဲ့ မျက်ရည်ကျလာတဲ့ ကောင်လေးက စိုစွတ်စ မိုးဥတုလေးပမာ။
ပါးပြင်ပေါ်က မျက်ရည်တွေကို ဖယ်ရှားပေးရင်း.....

"မငိုပါနဲ့ ငယ်ရယ် ....ကိုယ်လည်းသေလောက်အောင် လွမ်းနေတာပါ....
...ပြီးတော့ ဒီကိုလိမ်ခေါ်လိုက်ရတဲ့အတွက်လည်း တောင်းပန်ပါတယ်......မေမေက......

အသံတွေ တိုးတိတ်ပျောက်ကွယ်ကာ အရှိန်ယူနေရတဲ့ ရှေ့ကလူကို ဖိအားမပေးပဲ သူပြောလာချိန်ထိ စိတ်ရှည်ရှည် စောင့်ပေးနေမိတယ်။ ရက်ပေါင်း ၃၀၀ ကျော်တောင် စောင့်ခဲ့ပြီးပြီပဲလေ။

"ကိုယ်အကြာကြီး ဆေးကုလိုက်ရတယ်....ပြန်ကောင်းလာတော့လည်း မေမေက မလွှတ်ချင်တော့ဘူး အသက်အန္တာရာယ်အတွက် လုံခြုံမှုမရှိတဲ့နေရာမျိုးမှာ ပြန်ခွင့်မပေးနိုင်ဘူးဆိုပြီး တင်းခံနေတာ....တစ်ဦးတည်းသောသားဖြစ်တဲ့ ကိုယ့်ကိုဆုံးရှုံးပြီးနောက် မေမေ့အနားမှာ ဆွေမျိုးအရင်းအချာ တစ်ယောက်မှ မရှိတော့ဘူးလေ အဲဒါကအတော်လေးဆိုးတယ် ထင်ပါတယ်.... စိတ်ပဲရှိတော့တဲ့ မေမေက ကျန်းမာရေးမကောင်းလို့ ဆေးတွေသောက်နေရတယ်....ကိုယ်လည်းအရင်လို ပစ်ပစ်ခါခါ မထားခဲ့ရက်လို့.... ငယ့်ကိုကိုယ့်အနားခေါ်ထားနိုင်ဖို့ပဲ အကြံထုတ်နေရတာ နောက် အသံပြန်ရဖို့ နိုင်ငံခြားမှာ ဆေးသွားကုတာနဲ့ ဒီလောက်ထိကြာသွားတာပဲ....''

"ကိုယ်လေ ဟိုကပြန်လာတာနဲ့ ငယ့်ကိုတန်းတွေ့ချင်တာမို့ မြယွန်းကိုအကူညီတောင်းပြီး ခေါ်ခိုင်းလိုက်ရတာ....ငတိမက ရွယ်လူးသူ့ကို အရေခွံဆုတ်လိမ့်မယ်ဆိုပြီး အတင်းငြင်းသေးတယ် ကိုယ့်မှာငယ့်ကို ဘယ်လောက်လွမ်းနေရကြောင်း ငါတို့သားဖသုံးယောက် ခွဲနေရတာ ကြည့်ရက်သလားမေးမှ ကူညီမယ်ဆိုဖြစ်သွားတာ....ပြီးရင် သူ့ကိုငယ်စိတ်မဆိုးအောင် ကူပြောပေးရမယ်လို့ ကတိတောင်းသွားတယ်''

"ဒါဖြင့် သေပြီလိုလိုပြောပြီး ကျောင်းပြန်တက်အောင်လုပ် ဒီလိမ်ခေါ်တာ ကိုပေါအကြံပေါ့...... သူကလိမ်ညာချင်လို့ မဟုတ်ပဲ လူလိမ်က ကိုပေါပေါ့''

"အင်း လူလိမ်ဆိုလည်း ဖြစ်ပါတယ် အချစ်လူလိမ်''

"သွားတော့ အလွမ်းလည်းပြေပြီဆိုတော့ အစကနေ စိတ်ဆိုးတော့မယ်''

"စိတ်တော့မဆိုးပါနဲ့ကွာ ကိုယ့်မှာအလွမ်းမပြေသေးဘူး ဒါနဲ့........ ကိုယ်တို့မိသားစုလုပ်ငန်းတွေ အကုန်ပြိုလဲမလိုဖြစ်နေတော့ ကိုယ်ပြန်ဦးစီးနေရတယ် ငယ်နဲ့သား ကိုယ်နဲ့လိုက်နေပါနော်''

မျက်နှာလေးညှိုးငယ်သွားတဲ့ ရွယ်လူးငယ်က ခေါင်းမညိတ်ပါဘူး။

"ကိုပေါ မေမေက ခွင့်ပြုမှာတဲ့လားဗျာ''

လေသံလေးက အားလျော့သံလေးဆိုပေမယ့် သေချာတွေးရင် လိုက်လျောမှုတွေပါတယ်။

"ငယ်လိုက်နေပေးမယ်ပေါ့ ပျော်လိုက်တာကွာ..... မေမေကတော့ ကြိုးစားကြည့်ရမှာပေါ့ အတူကြိုးစားကြမယ်နော်''

ခေါင်းညိတ်ပြလာတဲ့ ကျွန်တော့်ကောင်းကင်လေး။
ဒီနေ့ ကျွန်တော့်ကောင်းကင်မှာ ရာသီဥတုသာယာတယ်။ ကောင်းကင်လေးက တိမ်မည်းတွေကင်းပြီး ဝင်းပနေလိုက်တာ။

မှ ....

"အာ.....ကိုပေါ ဘာလုပ်တာလဲ အရှက်မရှိ''

ပါးလေးကိုင်ကာ တအံ့တသြလေး။
သတိလွတ်သွားတဲ့ မဟော့်အပြုမူတွေမှာ ရှက်သွားတဲ့ကောင်လေးကြောင့် ဖက်ထားချင်မိပြန်ပြီ အိမ်မြန်မြန်ပြန်မှ ဖြစ်မယ်ကွာ။

"မေမေ့ကို သွားတွေ့ရအောင် အိမ်လိုက်ခဲ့နော် ကိုယ့်မှာကားပါတယ် သွားရအောင်''

"ရွယ်လူးဒီနေ့မှကျောင်းလာတာနော် အတန်းလည်းတစ်ချိန်မှ မတက်ရသေးဘူး...ပြီးတော့ ကိုပေါအမေကြီးကို သွားတွေ့ရမှာ ကြောက်တယ် ယောကျ်ားလေးနှစ်ယောက်ကြားထဲက အချစ်ကိုဘယ်လိုမှ လက်ခံမပေးနိုင်ပဲ သားတစ်ယောက်ပါမွေးထားတဲ့ ကျွန်တော့်ကို မကောင်းဆိုးဝါးလို့ မြင်နေပါဦးမယ်''

"ဟူး....ကိုယ့်မေမေနဲ့ ပတ်သက်ပြီး တစ်ခုသတိပေးရဦးမယ်.....အနွယ်တော်တွေထဲက ဆင်းသက်လာတဲ့ ကိုယ့်မေမေက အမျိုးမာန်တော့ကြီးတယ် မေမေနဲ့ပတ်သက်ပြီး သည်းခံပေးဖို့ ကြိုတောင်းပန်ပါရစေ ဒါပေမယ့် ကိုယ်ကအမြဲငယ့်ဘက်မှာ ရှိနေမှာနော်''

ဒီလောက်ဆွေမျိုးအသိုင်းဝိုင်းကြီးထဲက လူတဲ့လား။ ကျွန်တော်တို့ဘဝက မိုးနဲမြေလို ကွာခြားလိုက်တာ။ ဟုတ်မှာပါလေ
ရွာမှာနေတုန်းက လူတကာအနိုင်ကျင့်နေကျ ကိုပေါကို ခုနေမြင်ရင် အရှိန်ဝါနဲ့တင် စကားတောင်ရဲရဲပြောရဲကြမှာ မဟုတ်။
အရင်က အညိုဘက်လုချင်နေတဲ့ အသားရည်က ခုများတော့ ဝင်းဖန့်ဖန့်နဲ့ အကြောလေးတွေများ စိမ်းမြလို့။
အဝတ်စား၊ဖိနပ်၊ နာရီ၊ရေမွှေးတွေရဲ့တန်ဖိုးကို ရွယ်လူးတွက်မကြည့်ရဲပေ။
အရင်က ငွေမမက်ဘူးလို့ထင်ခဲ့မိတာ သူလိုသူဌေးသားက ရွာမှာရတဲ့ တစ်ပဲခြောက်ပြားငွေကို ဘယ်မှာလာမက်လိမ့်မလဲ။
ဒီလောက်ကွာခြားနေတဲ့ ဘဝတွေ ပေါင်းစပ်ဖို့ ရွယ်လူးကြောက်မိတယ်။

နောက်တော့ အတန်းတစ်ချိန် တက်လိုက်ပါဆိုပြီး ရွယ်လူးအတန်းရှေ့မှာ လိုက်စောင့်ပေးတယ်။အဲဒီတစ်ချိန်စာ ရွယ်လူးတို့အတန်းလေးက ကြွက်စီကြွက်စီ အတန်းရှေ့က ကိုယ်လူချောကြောင့် မိန်းကလေးတွေမှာ ဂဏှာမငြိမ်။ ကိုကိုခေါ်တဲ့သူနဲ့ Daddy ခေါ်ချင်တဲ့သူနဲ့။
နောက်ဆို ခင်ဗျားကို အတန်းရှေ့ထိ လာကြိုခိုင်းလို့ မဖြစ်တော့ဘူး။

အတန်းပြီးတာနဲ့ ရုပ်ရှင်သွားကြည့်ဖို့ တိုင်ပင်ထားကြတယ်။ ဒီနေ့တစ်နေ့လုံး လျှောက်လည်ကြမယ်တဲ့။
ကိုပေါကားပေါ် ရွယ်လူးတက်သွားနဲ့ တစေ့တစောင်း စောင့်ကြည့်နေသူများထံမှ တအံ့တသြ။ နောက်နေ့ လာအောင်သွယ်ခိုင်းရင်သေပြီ။
.
.
.
.
ဆိတ်ငြိမ်ရပ်ကွက်
ခြံကျယ်ကြီးတွေနဲ့ တထီးတနန်း
လူဂုဏ်တန်အသိုင်းဝိုင်းများ တည်နေရာ။
ခြံထောင့်က သစ်ပင်ကြီးများနဲ့ အလယ်မှာ ခန့်ထည်တဲ့အိမ်ကြီး။
ရွှေရောင်စာလုံးတွေနဲ့ ဆိုင်းဘုတ်အကြီးကြီးတစ်ခု နရဏီစံအိမ်တော်တဲ့။
နာမည်ကအစ နန်းဆန်လျက်။
အိမ်ဝန်းတစ်ခုလုံးက အေးချမ်းဆိတ်ငြိမ်နေပေမယ့် ရွယ်လူးနှလုံးသားကတော့ ဗရမ်းဗတာ ခုန်ပေါက်လို့။ ကိုပေါနဲ့လက်ထပ်ခဲ့စဥ်ကတောင် ခုလောက်ရင်မခုန်စဖူး။
အိမ်ကြီးက ခန့်ညားသလို အထဲက ပရိဘောဂပစ္စည်းများဟာလည်း ရှေးမူဟန်မပျက် နန်းဆန်လျက်။

"ငယ် ဒီမှာထိုင်ဦးနော် ကိုယ်မေမေ့ကို သွားခေါ်လိုက်ဦးမယ်''

ကိုပေါရေ လှည့်ပြန်ကြရအောင်လို့ ပြောလိုက်ချင်မိတာ အကြိမ်ကြိမ်။

မိသားစုဓာတ်ပုံအကြီးကြီးကို နံရံအပြည့်နီးပါ ချိတ်ဆွဲထားတယ်။ ပုံထဲကအမျိုးသားကြီးဟာ ရိုးသားကြည်လင်တဲ့မျက်နှာရှိပြီး အတော်လေးချောမောခန့်ညားတဲ့ အမျိုးသားတစ်ဦးပေ။ ကိုပေါဆီမှ မျက်ခုံးထူထူတွေဟာ ဘယ်သူ့ဆီက အမွေရထားသလဲ သိသာလှတယ်။
တစ်ဖက်က အမျိူးသမီးကတော့ သိပ်ကိုထင်ထင်ပေါ်ပေါ်ရှိလှတယ်။
ခေါင်းပေါ်က ဘီးစပတ်ဆံထုံးကြီးမှာ တစ်လုံးစိန်ခပ်ကြီးကြီးတစ်ပွင့် ထိုးထားပြီး လည်တိုင်မှာလည်း စိန်လည်ဆွဲကို ရိုးရိုးရှင်းရှင်းဟန် ပုံပေါ်အောင်ဝတ်ထားပေမယ့် ထင်ပေါ်လှပနေဆဲပေ။ ထူးခြားတာက ချေမိုးနေတဲ့ ထီမထင်ဟန် နှုတ်ခမ်းတစ်စုံ။
အလယ်ကကောင်လေးဟာ အနက်ရောင်အနောက်တိုင်းဝတ်စုံကို ကျကျနနဝတ်ဆင်ထားပြီး ရှူးဖိနပ်က.....ဟင်
ဒီကောင်လေးဟာ ငါငယ်ငယ်ကတွေ့ဖူးတဲ့ မာနကိုကိုပဲ။ ဒါဆိုကိုပေါက ကျွန်တော့်ရဲ့မာနမင်းသားပေါ့။

ခနကြာတော့ အတွင်းခန်းကနေ ကိုပေါနဲ့အတူ ချောမောခန့်ညားတဲ့ အမျိုးသမီးကြီးတစ်ဦးပါလာတယ်။
နဖူးကိုအပြောင်သိမ်းကာ ဘီးစပတ်ဆံထုံးကြီးကြီးကို ထုံးထားပြီး နှင်းဆီအဝါ တစ်ပွင့်ကိုပန်ထားတယ်။ ပင်နီရောင်ရင်ဖုံးလက်ရှည်နဲ့ ခုချိန်ထိကြည့်ကောင်းနေဆဲ ခန္တာကိုယ်ဟာ အရင်ကဘယ်လောက်လှခဲ့ကြောင်း မပြောတတ်နိုင်အောင်။

Continue Reading

You'll Also Like

2.5M 178K 66
ယုံကြည်မှုကလည်းအချစ် နားလည်မှုကလည်းအချစ် ပေးဆပ်မှုကလည်းအချစ် ခွင့်လွတ်မှုကလည်းအချစ် ဟု ဆိုခဲ့သော် ပြောင်းပြန်အချိုးကျခဲ့တဲ့ချစ်ခြင်းတစ်ခုရဲ့ အဆုံးသတ်က ဘယ...
298K 12.6K 39
"မင်း ကိုယ့်အခြေအနေကိုယ် သိရက်သားနဲ့ ဘာကိစ္စ ဒီအခြေအနေထိ ရောက်အောင်နေရတာလဲ" . "ဟမ်... ဖြေစမ်း ငွေလွာ " . "အဲ့စောက်ပါးစပ်က ဘာလို့ပိတ်နေတာလဲ ဘာလဲ ကလေ...