တောင်းဆု

By Ph4549

3.6K 322 42

" ပိုးက ကိုယ့်ကိုရုပ်ချောလို့ချစ်တာလား..ကိုယ်လိုဘာမှမရှိတဲ့သူကို ချစ်တယ်ဆိုတာက တကယ်ဟုတ်ရောဟုတ်ရဲ့လား.." " သေခ... More

Part (1)
Part (2)
Part (3)
Part (4)
Part (5)
Part (6)
Part (7)
Part (8)
Part (9)
Part (10)
Part (11)
Part (12)
Part (13)
Part (14)
Part (15)
Part (16)
Part (17)
Part (18)
Part (19)
Part (20)
Part (21)
Part (22)
Part (23)
Part (24)
Part (25)
Part (26)
Part (27)
Part (28)
Part (29)
Part (30)
Part (31)
Part (32)
Part (33)
Part (34)
Part (36)
Part (37)
Part (38)
Part (39)
Part (40)
Part (41) Final..

Part (35)

70 13 1
By Ph4549

တောင်းဆု





🌼pann




Part (35)





" ဒါက ဘာလဲ.. "

သတင်းစာခေါင်းစီးမှာ ပါလာတဲ့သတင်းတစ်ခုက လူငယ်စီးပွာရေးထိပ်တန်းလုပ်ငန်းရှင် မင်းဆက်ဟန် နဲ့သူ့ဇနီးတို့နဲ့ တွေ့ဆုံ​ခြင်း ဆိုပဲ.. ။

ပုံထဲမှာပါနေတဲ့မင်းဆက်ဟန်ဆိုတာကတော့ ကိုဟန်ပါပဲ.. ။

ဒါပေမယ့်သူ့ဘေးမှာအပြုံးနုနုလေးနဲ့ ရပ်နေတဲ့မိန်းကလေးက သူ့ဇနီးဖြစ်တဲ့နုဝေခက်ပိုးဆိုတဲ့ပိုးမှမဟုတ်ဘဲ.. ။

သူ့ဇနီး ပိုးက ဒီမှာငုတ်တုတ်ကြီးပါ..။

ဒါကို ဘယ်ကဇနီးဆိုတဲ့တစ်ယောက်က ကပ်ပါလာရတာလဲ.. ။

ဒီသတင်းတွေကဘာတွေလဲ ကိုဟန်.. ။

သတင်းထဲမှာဖော်ပြထားတဲ့ အကြောင်းရာကရောဘာတွေလဲ.. ။

ပိုးအပြင် ကိုဟန့်မှာနောက်မိန်းကလေးရှိနေတာလား..။

ပိုးကိုတော့ လူတကာရှေ့မှာမပြထားဘဲ ဒီလိုအိမ်ကောင်းစံခန်းကြီးမှာ ပိုးကိုနေခိုင်းပြီးချွေးသိပ်ထားတာလားကိုဟန်.. ။

ပိုးကို ကိုဟန်လိမ်ထားတာလား.. ။

ပိုးခေါင်းတွေထဲမှာ ဟိုဟိုဒီဒီ အတွေးတွေစုံနေတာ..။

ကိုဟန် တကယ်ပဲ ခြေရှုပ်လိုက်တာလား..။

အထင်လွဲစရာ ဘာဆိုဘာမှမတွေ့ခဲ့မိတာကလည်း ပိုးရဲ့လိုအပ်ချက်ပဲလား..။

ပိုးက အဲ့သည်လောက်ထိပဲညံ့သွားသလား..။

.

ရုံးရောက်တာနဲ့ ဝန်ထမ်းတွေ ဟိုနားတစ်စုဒီနားတစ်စုနဲ့ ခေါင်းချင်းတွေဆိုင်နေကြတာကိုမြင်လိုက်ပါတယ်.. ။

ကိုယ့်ကိုမြင်တာနဲ့ အချင်းချင်း ကိုယ်ရှိန်သတ်ပြီးလူတွေရှဲသွားကြပါတယ်.. ။

ကိုယ်လည်း ဘာရယ်ညာရယ်နဲ့မဆူမငေါက်နေပါဘူး..။

ဒီနေရာအထိ လိုက်ပြောနေရအောင်လည်း ဝန်ထမ်းထဲမှာဘယ်တစ်ယောက်မှ အသက်မပြည့်သေးတာ မပါဘူး.. ။

ဘာမှမပြောနေဘဲ အပေါ်ဆုံးအထပ်ကိုယ့်ရုံးခန်းကိုပဲ တန်းတန်းဆက်သွားလိုက်သည်.. ။

ဓာတ်လှေကားထဲမှာ ယူရီနဲ့ဆုံတော့ယူရီကအပြုံးနဲ့နှုတ်ဆက်တာကို ခေါင်းညိတ်ပြပြီး အလုပ်အကြောင်းပဲ ဆွေးနွေးပြောနေလိုက်သည်.. ။

ဒီထိ အရာရာက no problem zone မှာ..။

အားလုံး peace.. relax ပဲ ။

ရုံးခန်းထဲရောက်လို့ ကုတ်ကြယ်သီးဖြုတ်ပြီး ဆုံလည်ခုံမှာထိုင်နေတုန်းရှိသေး ရေးကြီးသုတ်ပြာနဲ့ အခန်းထဲဝင်လာတဲ့သီဟက..

" သူ႒ေး... "

သီဟ မျက်နှာက အခက်တွေ့နေတဲ့ရုပ်နဲ့.. ။

ဒီတစ်ခါရော ဘာဖြစ်ပြန်တာလဲ.. ။

" ဘာဖြစ်တာလဲ.. "

" ဒီမွာ ၾကည့္ပါအုံး သူ႒ေး.. "

ကိုယ့်ရှေ့ ဖုန်းတစ်လုံးရောက်လာလို့ အကြည့်လေးပို့ရုံလေးနဲ့ အရေးမပါတဲ့အရာတစ်ခုကို ကြည့်သလိုကြည့်လိုက်ပေမယ့်.. ခေါင်းစီးကစာလုံးကြီးကြီးနဲ့ တွဲရိုက်ထားတဲ့ပုံကြောင့် ဖုန်းကိုယူကြည့်လိုက်သည်..။

" ဘာလဲ ဒါက.. "

" ဒီမနက်ထဲ ဒီသတင်းက head line ဝင်နေပြီသူဋ္ဌေး.. "

" ဘာ... "

ဒေါသထွက်ရပြီ.. ။

ဖုန်းကို လက်ထဲကနေ ရှေ့ကဖိုင်တွဲပေါ်ပစ်ချလိုက်ရင်း..

" ခုချက်ချင်း သတင်းတွေဖြုတ်ခိုင်းလိုက်.. "

" ဖြုတ်တော့ဖြုတ်ခိုင်းထားလိုက်ပြီ သူဋ္ဌေး.. ဒါပေမယ့် စက္ကန့်ပိုင်းအတွင်းကို social တွေပေါ်မှာပါပျံ့သွားတော့ သတင်းကအရမ်းပျံ့သွားတယ်.."

" တောက်.. ဘယ်သတင်းထောက်လက်ချက်လဲ.. မနေ့ကပွဲကို ဘယ်သတင်းစာတိုက်ကလာတာလဲ..ဘယ်သတင်းစာတိုက်က ဒီလိုအခြေမြစ်မရှိတာကိုခေါင်းစီးထားရေးပစ်ရတာလဲ ဆိုတာစုံစမ်းလိုက်သီဟ.. ဒီကိစ္စအတွက်တာဝန်ယူပေးဖို့ပါ တစ်ခါထဲပြောလိုက်.. ဘယ်သူက ငါ့ဇနီးကယူရီပါလို့ ပြောလို့လဲ.. သက်သက်မဟုတ်မကသတင်းကို သတင်းလုပ်ရေးယူရအောင် တစ်နိုင်ငံလုံးမှာရေးစရာသတင်းကမရှိတော့ဘူးလား.. "

" ကျွန်တော် စုံစမ်းထားလိုက်ပါမယ်သူဋ္ဌေး.. "

" ဒီအခြေမြစ်မရှိတဲ့ သတင်းရေးတဲ့အတွက် ဘယ်လိုတာဝန်ယူပေးမှာလဲ ဆိုတာပါတစ်ခါထဲမေးလိုက်.. ကျေနပ်တဲ့ထိ တာဝန်မယူပေးနိုင်ရင် ဂုဏ်သတင်းကိုအသရေဖျက်မှုနဲ့တရားရုံးတက်မယ်လို့ ပြောလိုက်.. ဒီလိုမှမလုပ်ရင် ရောင့်တက်လာကြမှာတွေ.. တစ်ခါထဲဖိပြထားမှ.. ယူရီလည်းဒီကိစ္စသိပြီးပြီလား.. တစ်ဖက်မိန်းကလေးကိုအားနာစရာကြီး.. "

" စောနက သူပါသိသွားတယ်သူဋ္ဌေး.. "

" အေ.. နောက်မှပဲ သေချာတောင်းပန်တော့မယ် .. အဓိကက ပိုး.. ပိုးကိုဒီကိစ္စတွေ ပြန်မပြောမိစေနဲ့..ပိုးသိသွားလည်း ကောင်းတဲ့ကိစ္စမဟုတ်ဘူး.."

ဒီတစ်ခါတော့ သီဟဘက်က သွက်လက်တဲ့ခေါင်းညိတ်မှုမလာ.. ဟုတ်ကဲ့တစ်ခွန်းမပြောဘူး...။

တုံ့ဆိုင်းတုံ့ဆိုင်းနဲ့.. ။

ပုံမှန်လိုမဟုတ်နေတော့ မျက်ခုံးတော့ နည်းနည်းပင့်တင်မိသေးတယ်.. ။

" သူ႒ေး.. "

" ဘာလဲ.. ဘာထပ်ရှိသေးတာလဲ "

မျက်နှာက အိုကျနေသေးလို့ ဆောင့်အောင့်ပြီးပဲမေးလိုက်သည်..။

စိတ်ကလည်းမကြည်နေတော့ စကားကောင်းကမထွက်လာချင်..။

" အဲ့ဒါကလေ.. "

" ပြောမယ့်ကိစ္စကိုပြောလေ.. အဲ့လိုတွန့်ဆုတ်ပြီး ပြောမယ့်စကားကိုအကုန်မပြောတာကို မကြိုက်ဘူးဆိုတာ မသိဘူးလား "

" သူ႒ေး.. "

" မရှိရင်လည်း သွားတော့ကွာ.. "

" မဟုတ်ဘူး.. ကျွန်တော်ပြောမယ်.. မမလေး ဒီအကြောင်းသိသွားပြီထင်တယ် သူဋ္ဌေး.. "

" ပိုးလား.. "

" ဟုတ်ကဲ့.. စောနက အိမ်ကိုသတင်းစာဖွက်ဖို့လှမ်းသတိပေးပေမယ့် သတင်းစာကိုမမလေးကယူဖတ်တာတွေ့လိုက်တယ်လို့ ပြောတယ်သူဋ္ဌေး..မမလေးလည်း ဒီအကြောင်းသိသွားပြီထင်တယ်.. သူဋ္ဌေးသိအောင်ကြိုပြောပြထားတာပါသူဋ္ဌေး.. "

" ကျစ်.. ပိုရှုပ်ကုန်ပြီကွာ.. သွား..သွား.. ဘယ်သတင်းစာတိုက်တွေဆိုတာ သိရအောင်မြန်မြန်သွားစုံစမ်းလိုက် "

" ဟုတ်ကဲ့.. "

သီဟ ထွက်သွားတော့ ခုံပေါ်မှာလက်ထောင်ပြီးခေါင်းကို ဖေးထောက်ထားကာ ခေါင်းငုံ့ထားမိတယ်.. ။

အရာအားလုံးထက် ခုချိန် ပိုးစိတ်ဆိုးသွားမှာကိုပိုစိုးရိမ်မိနေတာလို့ ပြောရင်လိမ်တယ်လို့ထင်မလား..။

တခြားအရာတွေကို ဖြေရှင်းဖို့ထက် ပိုးအထင်လွဲသွားမှာကိုအရင်ရှင်းပြချင်နေတာ.. ။

ပိုးဘက်က လျှောက်ပြီးတွေးနေတော့မှာကို မလိုလားဘူး..။

အထူးသဖြင့် ပိုးဘက်ကအထင်တွေလွဲ စိတ်တွေဆိုးပြီး ကိုယ့်ကိုစကားကောင်းကောင်းမပြောတော့မှာကို တွေးပြီးကြောက်စိတ်ဝင်နေမိတာ..။

ရှေ့ရက်တွေကမှ ပိုးကဘယ်လိုဖြစ်ပြီး စကားတွေတိတ်ဆိတ်ပြီး ကိုယ့်အနားရောက်မလာတတ်တော့ဘူး.. ကိုယ်တို့နှစ်ယောက် ကောင်းကောင်းစကားမပြောဖြစ်နေဘူး.. ။

ဒီနေ့တော့ ဘာဖြစ်ဖြစ်ပိုးနဲ့စကားသေချာပြောဖို့တွေးကာမှ ဒီလိုအရှုပ်ကဝင်လာရသေးတယ်လို့..။

ဟူး... ။

ပုံမှန်ချိန်လိုသာဆို အေးဆေးပဲပိုးကိုဖုန်းဆက်ပြီး အကျိုးကြောင်း ရှင်းပြပြောပြနိုင်လောက်ပေမယ့် ခုတော့ပိုးကိုကြောက်စိတ်လေးဝင်မိတာမို့ ပိုးဆီဖုန်းဆက်မယ့်လက်တွေက တွန့်ဆုတ်နေမိတာ..။

နေပါအုံး.. ။

ပိုးလည်း တွေ့သွားပြီဆို.. ။

ပိုးသတင်းစာတွေ့ပြီဆိုရင် ဘာလို့ပိုးဘက်ကငြိမ်နေတာလဲ.. ။

တကယ်ဆိုခုချိန် ကိုယ့်ဆီတဂွမ်ဂွမ်ဖုန်းဆက်နေသင့်ပြီမဟုတ်လား.. ။

ကုတ်အင်္ကျီအတွင်းအိတ်ကပ်ထဲက ဖုန်းကိုထုတ်ပြီး ဖုန်းဖွင့်ကြည့်တော့ ပိုးဆီကနေ missed call တစ်ကောလေးတောင်မဝင်ထားဘူး.. ။

ဘာလို့ မဆက်ရတာလဲပိုး.. ။

ပိုးဘက်က သိသိချင်းခုလိုငြိမ်မနေသင့်တာမဟုတ်ဘူးလား.. ။

အတွေးတွေ တော်တော်ရှုပ်နေရင်းနဲ့ ပိုးဆီကိုယ်ကပဲဆက်မယ်ဆိုပြီး button ကိုထိဖို့လုပ်ပေမယ့် စားပွဲပေါ်ကကြိုးဖုန်းက မြည်လာသည်..။

ကျစ်.. ။

ဖုန်းကိုင်လိုက်တော့ သတင်းကိုတွေ့လို့ လှမ်းပြီးစနောက်ကြ မေးကြတဲ့ဖုန်းတွေချည်းဆက်တိုက်လာနေတော့တာပဲ.. ။

လုပ်ငန်းရှင်တွေပဲမို့ကိုယ့်မှာ ပြောသမျှကိုပြန်ဖြေပေးနေရပေမယ့် မျက်လုံးကတော့ပိုးရဲ့ဖုန်းနံပါတ်ဆီမှာ.. ။

လူတိုင်းကဖုန်းလှမ်းဆက်ကြပေမယ့် မဆက်တာကပိုးတစ်ယောက်ထဲ.. ။

ဇနီးဖြစ်သူက တစ်လောကလုံးမှာသူတစ်ယောက်ထဲ ငြိမ်နေလို့စိတ်ခံစားချက်တွေက ပူပန်လာပြီး မတည်ငြိမ်လာတော့..။

ကိုယ့်လက်ကိုင်ဖုန်းကနေ ရုတ်တရက်ဖုန်းမြည်လာလို့ တစ်ဖက်ဖုန်းကိုအမြန်ချပြီးကောက်ကိုင်လိုက်ပေမယ့် မျှော်နေတဲ့ပိုးဆီကတော့မဟုတ်ဘူး..။

တစ်ဦးတည်းရှိတဲ့ ယောက်ဖဆီက.. ။

" အင်.. မြတ်မင်း "

" အစ်ကို.. ကျွန်တော် သတင်းတွေ့လိုက်တယ်.. အဲ့ဒါဘယ်လိုဖြစ်တာလဲ.. အစ်ကို့မှာနောက်မိန်းမတစ်ယောက်ရှိနေတာလား.. ခက်ပိုးကရော.. ခက်ပိုးကရောဘာလဲ.. "

မြတ်မင်းရဲ့စကားတွေက ဒေါသကိုခဏထိန်းချုပ်ထားတဲ့ အသံတွေမှန်းဖုန်းထဲကနေ နားထောင်ရတာတောင်သိသာနေပါတယ်.. ။

ကိုယ်သာ ' ဟုတ်တယ်.. ကိုယ့်မှာမိန်းမတစ်ယောက်ရှိသေးတယ် ' လို့သာဖြေရင် မြတ်မင်းဆီကဒေါသမီးတောင်က ထိန်းချုပ်ခြင်းကင်းနေလိမ့်မယ်.. ။

ကိုယ်ခံစားနေရပါတယ်.. ။

ဒါပေမယ့် ခုချိန်ခုလိုဖြစ်သင့်နေတာက ပိုးမဟုတ်ဘူးလား.. ။

ကိုယ့်ကို ခုလိုမေးရမှာက ပိုးမဟုတ်ဘူးလား..။

တကယ်ဆို မင်းဖြစ်နေရမှာ ပိုး.. ။

မင်းပဲ ဖြစ်နေရမှာ.. ။

" မြတ်မင်း.. သေချာနားထောင်.. ကိုယ့်မှာ ဇနီးဆိုလို့တစ်ယောက်ပဲရှိတယ်.. အဲ့တစ်ယောက်ကလည်းမင်းရဲ့အစ်မ ခက်ပိုးတစ်ယောက်ပဲ.. ပိုးကလွဲပြီးဘယ်သူ့ကိုမှကိုယ်မတွဲခဲ့သလို ဘာအရှုပ်ရှင်းမှကိုယ့်မှာမရှိဘူး..ပိုးကလွဲ ဘယ်မိန်းကလေးနဲ့မှ ကိုယ်မတွဲခဲ့သလို ဘယ်မိန်းကလေးကိုမှ ကိုယ်လက်မှတ်ထိုးပြီးလက်ထပ်ထားခဲ့ဖူးတာမရှိဘူး.. "

" ဒါဆို သတင်းတွေကရောဘာလဲ.. ဘာလို့အဲ့လိုအတိကျကြီးပုံနဲ့ပါ ပါလာရတာလဲ "

" သတင်းမှားကြီး.. ခုလိုသတင်းမှားကိုရေးတဲ့သတင်းစာတိုက်ကိုလည်း ကိုယ်ရှာနေတယ်.. သတင်းမှားရေးတဲ့အတွက်ကိုလည်း တာဝန်ယူခိုင်းမှာ.. ဖြစ်နိုင်ရင် ကိုယ်တရားစွဲပစ်ချင်နေတာ..ကိုယ်ကျေနပ်တဲ့ထိ တာဝန်မယူပေးနိုင်ကျရင်တော့ ကိုယ်တရားရုံးထိတက်မှာ.. သတင်းအမှားကြောင့် ဂုဏ်သိက္ခာတွေ နာမည်တွေ ညစ်ညမ်းသွားတာကို မခံနိုင်သလို..နောက်လည်းဒါမျိုးထပ်မဖြစ်အောင် ခုကတည်းကမှတ်လောက်သားလောက် လုပ်လိုက်အုံးမှာ.. တောက်.. ပြောရင်းနဲ့ဒေါသကထွက်လာပြီ "

အကုန်စုဒေါသထွက်နေတာ.. ။

ကိုယ်အသေးစိတ်ရှင်းပြရမယ့် ရှင်းပြသင့်တဲ့လူက ဘယ်ဂူထဲအောင်းပြီးတရားသွားကျင့်နေလဲမသိဘူး.. ။

မဆိုင်တဲ့ဘေးလူတစ်ယောက်ချင်းကို ရှင်းပြနေရတဲ့ကိုယ့်အဖြစ်ကိုယ်တွေးပြီး မကျေမနပ်ဖြစ်လာသည်.. ။

" အစ်ကိုပြောတာတွေက အမှန်တွေပဲမလား.. "

" မယုံရင်လည်း နောက်ရက်ပြန်ဖြေရှင်းလာရမယ့်သတင်းကိုပဲစောင့်ဖတ်ကွာ.. "

စိတ်တွေမကြည်နေပါဘူးဆိုမှ.. ။

ဒါက ကိုယ့်ယောက်ဖဖုန်းမလို့သာ ဒီလောက်ထိထိန်းချုပ်ပေးနေတာ.. ။

တခြားသူသာဆို ကြီးကြီးငယ်ငယ်အော်မိပြီးနေလောက်ပြီလားတောင် မပြောတတ်ဘူး.. ။

" အဲ့ဒါဆိုလည်းပြီးရော.. ဒီလိုမဟုတ်မကလျှောက်ရေးတဲ့ သတင်းသမားတွေ့ရင်ကျွန်တော့်ကိုလည်းပြောအုံး.. ကောင်းကောင်းပြောဆိုပစ်လိုက်အုံးမယ်.. သေချာမစူးစမ်းမဆင်ခြင်ပဲရေးရလားဆိုပြီး "

" အေး.. ခုတောင် ဘယ်ကောင်မှန်းမသိတာကိုအမှုန့်ကြိတ်ချင်နေတာ.. ဒါနဲ့..နေပါအုံး.. မင်းအစ်မ နုဝေခက်ပိုးဆိုတဲ့တစ်ယောက် ဒီနိုင်ငံကနေထွက်သွားပြီလား.. "

" ဗျာ.. ဘာကိုပြောတာလဲ "

" ငါ့ဇနီးဆိုတဲ့ ဇနီးစစ်ကြီးက ငါ့ကိုဖုန်းတစ်ချက်ဆက်ပြီးမေးဖို့နေနေသာသာ missed call လေးတောင်မပေးဘူး.. ဒီလောက်သတင်းတွေကပလူပျံပြီး အုတ်အုတ်ကျက်ကျက်ဖြစ်နေတာတောင် အဲ့ဇနီးကြီးက ငြိမ်ချက်သားကောင်းလွန်းအားကြီးနေလို့.. ငါ့မှာမနက်ရုံးစထိုင်ကတည်းက အလုပ်မလုပ်ရဘဲ ဒီသောက်ပြဿနာပဲထိုင်ဖြေရှင်းနေရတာတောင် ဆက်သမျှလာမေးသမျှထဲမှာ နုဝေခက်ပိုးဆိုတဲ့လူသားပျောက်နေလို့.. ဒီနိုင်ငံမှာမရှိများမရှိလို့ ငါ့ဆီဖုန်းဆက်ပြီးဒေါသမဖြစ်တာများလားလို့ဟေ့.. "

တကယ် တကယ်.. အသည်းပေါက်လာတယ် ။

အနားမှာသာရှိရင် ပခုံးကနေကိုင်လှုပ်ပြီး အသိတရားရအောင်လုပ်ပစ်လိုက်တယ်.. ။

" အဟက်.. ခက်ပိုးလား "

" ဘာရယ်တာလဲ မင်းက.. ဒီမှာ ငါတော်တော်တင်းနေတာ "

" ခက်ပိုးက တခြားသူတွေထက်အရင်သိချင်ပါတယ်ဗျာ.. စောစောစီးစီး သူများရုံးခန်းထဲအပြေးဝင်လာပြီး ဖုန်းဆက်မေးပေးဆိုပြီးရောက်ချလာတာ.. "

" ဘယ်ကိုလဲ.. မင်းဆီလား "

" ဟုတ်ပါ့.. ခု အနားမှာရှိတယ်လေ.. ဖုန်းကို စပီကာဖွင့်ထားတာ.. သူလည်းအစ်ကိုပြောသမျှအကုန်နားထောင်နေတယ် "

" ဘာ.. "

ကျန်း.. လုပ်ပုံ ကောင်းသေးသလား ။

ဒေါ်နုဝေခက်ပိုး.. ခင်ဗျားတော့ နာတော့မယ် ။

" ဒါပဲ မြတ်မင်း.. "

ကိုဟန် က ဖုန်းချသွားတယ်.. ။

" ခက်ပိုး.. နင့်ယောက်ျားနင့်ကို စိတ်ဆိုးသွားပြီလားမသိဘူး.. နင့်နာမည်ကြားတာနဲ့ဖုန်းချသွားပြီ.. နင်ကလည်းနင်ပဲ.. ကိုယ့်ယောက်ျားကိုယ်သွားမေးတာမဟုတ်ဘူး.. သက်သက်ငါ့ဆီလာပြီး တစ်ဆင့်ခံ......"

ပြောနေရင်းနဲ့ ပိုးဆီဖုန်းဝင်လာလို့ကြည့်တော့ ကိုဟန်လှမ်းဆက်တာ..။

အငယ်ကောင်က ခေါင်းလေးစောင်းပြီး ပိုးဖုန်းscreen ကိုလှမ်းကြည့်သည်.. ။

" အစ်ကို ဆက်တာလား.. "

" အေး.. "

" အဟွန့်.. အမျိုးမျိုးပဲ.. ကိုင်လိုက်လေ.. ဘာလုပ်နေတာလဲ "

" အင်းပါ.. "

.

ပိုး ဖုန်းကိုင်လိုက်တာနဲ့...

" ကိုဟန.. "

" နုဝေခက်ပိုး.. ပြောပါအုံး.. မင်းနဲ့ကိုယ်က သူစိမ်းတွေလား.. သူစိမ်းတွေမို့ သူများကိုယ်ရေးကိုယ်တာမေးမကောင်းပါဘူးဆိုပြီး လာမမေးဘဲတခြားသူကို အကြောင်းစုံမေးခိုင်းတာလား..ဟုတ်လား "

တရစပ် စကားသံတွေက ဖုန်းထဲကနေထွက်လာသည်.. ။

" အငယ်ကောင်က တခြားသူမှမဟုတ်ဘဲ.. "

" ဟ.. မင်းနဲ့ကိုယ် အိမ်ထောင်ရေးကိစ္စမှာတော့ သူလည်းတခြားသူပဲ.. နားလည်လား..ကိုယ်တို့ အိမ်ထောင်ရေးမှာ မင်းနဲ့ကိုယ်ပဲဆိုင်တယ်..အမေတွေမောင်လေးတွေပါဆိုပြီး ကြားဝင်ရအောင်သူတို့တွေနဲ့ပါ ကိုယ်လက်ထပ်ထားတာမဟုတ်ဘူး..ကိုယ်လက်ထပ်ထားတာက မင်း.. မင်းတစ်ယောက်ထဲကိုပဲ ကိုယ်လက်ထပ်ယူထားတာ.."

ပိုး ခေါင်းလေးငုံ့ကာ ပေါင်ပေါ်တင်ထားတဲ့ အိတ်ကိုလက်သည်းထိပ်လေးနဲ့ ခြစ်နေမိသည်.. ။

ဒါကို အငယ်ကောင်က သူ့အလုပ်စားပွဲမှာထိုင်နေရင်း ပိုးကိုလှမ်းကြည့်ပြီးရယ်ရယ်သေးတယ်..။

' ​အသာနေ.. '

ပါးစပ်လေးလှုပ်ရုံပြောပြီး အငယ်ကောင်ကို လှမ်းခြောက်ရသည်.. ။

ဒီချိန် ကိုယ်နိုင်တာကအငယ်ကောင်တစ်ယောက်ထဲပဲ ရှိတာကို.. ။

အငယ်ကောင်ကလည်း ကိုယ်ခြောက်လို့ကိုယ်ရှိန်သတ်သွားတဲ့ထဲမှာ သူမပါဘူး..။

ပြောင်စပ်စပ်မျက်နှာထားနဲ့ လူကိုလှောင်တုန်း..။

" ဟော.. လုပ်ပြန်ပြီ.. ဘာလို့ဘာမှမပြောဘဲ ငြိမ်နေရတာလား.. ပါးစပ်က ဘယ်နားပြုတ်ကျကျန်ခဲ့လို့လဲ.. "

" ကိုဟန်ကလည်း.. "

" ပြောပါအုံး.. ဘာလို့ ကိုယ်တိုင်ဖုန်းဆက်ပြီးမမေးရတာလဲ .. သိသိချင်း ကိုယ့်ဆီကိုတိုက်ရိုက်ဖုန်းဆက်မေးလို့ မရဘူးလား.. ဘယ်ကဇနီးလဲ ကိုဟန်ဘာလုပ်တာလဲနဲ့ ကိုယ့်ကိုလှမ်းဒေါသထွက်မရဘူးလား.. ဘာလို့ မြတ်မင်းဆီသွားပြီးခုလိုလုပ်နေရတာလဲ.. "

ပိုးလည်း မသိဘူး.. ။

ဘာလို့ ကိုယ်တိုင်ကိုယ်ကျ ကိုဟန့်ကိုမမေးရဲဖြစ်နေရတာလဲ.. ။

" ပြီးတော့ မေးချင်ရင်လည်း လူကိုယ်တိုင် ကိုယ့်ဆီလာလိုက်ပေါ့.. ကိုယ့်ရုံးခန်းထဲထိကို ဘယ်အတားဆီးမှမရှိဘဲ ဝင်လာလို့ရတယ်.. နုဝေခက်ပိုးဆိုတဲ့မိန်းမက မင်းဆက်ဟန်ရဲ့ဇနီးအစစ်ပဲဆိုပြီး ကောင်တာမှာမင်းရဲ့ရာထူးကို လူသိရှင်ကြားလာကြွားလို့လည်း ရတယ်.. ဘာလို့တစ်ခါမှမလုပ်ရတာလဲ.. "

ပိုး ရင်မဆိုင်ရဲနေလို့ဖြစ်မယ် ကိုဟန်.. ။

ကိုဟန်ပြောသလို ကိုဟန့်ဆီပိုးတိုက်ရိုက်လာခဲ့လို့ ပိုးအပြင် နောက်ထပ်မိန်းမတစ်ယောက်ရှိနေတာတကယ်ဆိုရင် ပိုးဘယ်လိုလုပ်ရမလဲ.. ။

ကိုဟန်နဲ့သူက အတူတွဲပြီး ဓာတ်ပုံရိုက်ပွဲတက်ကြတာက ဘာလို့လဲ.. ။

နှစ်​ယောက်သားက တရင်းတနှီးပုံစံမျိုးပေါက်နေတယ်မဟုတ်လား.. ။

ပိုး အဘက်ဘက်ကနေ တွေးမိတယ်.. ။

ကိုဟန်နဲ့ပိုးရဲ့ မင်္ဂလာပွဲအထိကို ပိုးပြန်တွေးမိတာ..။

ပိုးတို့ရဲ့မင်္ဂလာပွဲက တကယ်တော့ private မှ private wedding မဟုတ်လား.. ။

သတင်းစာထဲထည့်ပြီး လူသိရှင်ကြားလုပ်တယ်ဆိုတာကလည်း ပိုးနဲ့ကိုဟန်နဲ့မျက်နှာတွေက သည်းသည်းကွဲကွဲရှိခဲ့လို့လား.. ။

လုပ်ငန်းတွေပါ နာမည်ဘေးမှာထည့်ပြီးကြေငြာဖူးခဲ့လို့လား.. ။

ဒီတိုင်း လက်မှတ်ထိုးထားပြီးတဲ့ စာချုပ်လှလှကိုပဲ ဓာတ်ပုံရိုက်ထားရုံလောက်လေးပဲလေ..။

ဘယ်သူ့သားသမီးပါ ဘယ်အသိုင်းဝိုင်းကလူပါလို့အတိကျ ဖော်ပြတာမရှိခဲ့ဖူးဘူးလေ.. ။

ဒီလို.. ဒီလို.. private ဆန်နေတော့ ပိုးကိုယ်ပိုး လူမသိသူမသိ ခိုးလက်ထပ်ထားတာများ ဖြစ်နေမလားလို့ ပိုးတွေးနေခဲ့မိတာ ။

အကယ်လို့ ပိုးကတိတ်တိတ်ပုန်းမယား.. မယားငယ်.. အဲ့ဒါတွေဖြစ်နေမလားဆိုပြီး အဆိုးဆုံးအတွေးထိတောင် ပိုးတွေးမိသေးတယ်..။

ဒီလောက်ထိ ပိုးအတွေးတွေဆိုးခဲ့တာ.. ။

" ကျစ်.. ငြိမ်လှချည်လား ပိုးရာ "

ကိုဟန့်ဘက်က ဘဝင်မကျတဲ့အသံထွက်လာသည်.. ။

ပိုး ငြိမ်နေလိုက်မိတာကလည်း အတွေးလွန်မိသွားလို့ပါ.. ။

" ပိုး တခြားတွေးမိလိုက်လို့ပါ.. "

" ကိုယ်နဲ့စကားပြောနေရင်းနဲ့တောင် တခြားဘက်ကိုအတွေးရောက်သေးတယ်ပေါ့.. "

ပိုးအတွေးဆိုးတွေကို ပိုးလည်းမထိန်းနိုင်နေလို့ပါ ကိုဟန်.. ။

" ညနေ ကိုယ်အစောပြန်လာမယ်.. ညနေကျမှ ကိုယ်တို့စကားသေချာပြောရအောင်.. မင်းကိုကိုယ်ပြောစရာတွေအများကြီး ရှိတယ်.. ဒီရက်ပိုင်းတွင်းကိုယ့်ကို ရှောင်နေခဲ့တဲ့ကိစ္စရော ..ဒီနေ့ကိစ္စတွေပါ ရှင်းမှရမှာ.. သွားစရာရှိတာတွေခုကတည်းကအစောသွားပြီး ညနေစောစောပြန်လာခဲ့.. "

" အင်.. "

" ဒါဆို ဒါပဲ.. ကိုယ် အလုပ်လုပ်တော့မယ် "

" အင်.. "

ကိုဟန် ဘက်ကအရင်ဖုန်းချသွားသည်.. ။

ဖုန်းမချခင် ပိုးကိုချစ်တယ်လို့မပြောတတ်တာကို ပိုးဒီနေ့မှစိတ်ထဲထည့်တွေးမိနေသည်.. ။

ဖုန်းပြောတိုင်း ချစ်တယ်နော်.. သတိရတယ်.. လွမ်းတယ် ဆိုတာတွေပိုးကိုမပြောဖူးဘူး ။

ဒါ လွဲနေတယ်လို့ ပိုး ခံစားနေမိတာ မှားနေလား..။

တကယ်ဆို ပိုးခုလိုအတွေးဆိုးတွေချည်း တွေးတွေးမိနေတာကလည်း ကိုဟန့်ရဲ့ပယောဂလည်း မကင်းဘူးမဟုတ်လား ။

ပိုး အတွေးဆိုးတွေချည်း မတွေးမိချင်တော့ဘူး..။

ကိုဟန့်ဘက်က ပိုးအတွေးဆိုးတွေဆက်မတွေးမိအောင်လုပ်ပေးဖို့ တာဝန်ရှိသေးတယ်လေ..။

ကိုဟန် တာဝန်ယူသင့်တယ်..။

.

ကိုဟန်က သွားစရာရှိတာတွေသွားထားပြီး ညနေတော့အစောပြန်လာခဲ့လို့ပြောပေမယ့် မနက်ကတည်းက အငယ်ကောင်ဆီကနေပြန်လာပြီး ပိုးဘယ်ကိုမှဆက်မသွားဖြစ်.. ။

အိမ်ကိုပဲပြန်လာခဲ့တာ.. ။

ဖြစ်ချင်တော့ ဒီနေ့မှပဲ အချိန်တွေကုန်တာကြာနေလိုက်တာ.. ။

ညနေက ရောက်ကိုမရောက်နိုင်တော့ဘူး..။

ပိုးလည်း ဒီတစ်နေ့တာကို ညှင်းသွဲ့သွဲ့ ဖြတ်ကျော်ကုန်ဆုံးခဲ့လိုက်ရတယ်.. ။

ခေါင်းနည်းနည်းထွေနေလို့ စိတ်ကြည်လာအောင် အအေးတစ်ခုခုသောက်ဖို့ ရေခဲသေတ္တာကိုဖွင့်ကြည့်တော့ သောက်စရာစုံလင်နေအောင်ရှိပါတယ်..။

အအေးထဲကနေ ပိုးကြိုက်တဲ့ အရသာဘူးကို ယူလိုက်ပြီး ရေခဲသေတ္တာကို ပြန်ပိတ်ဖို့လုပ်ပြီးမှ ပြန်လှပ်ဖွင့်လိုက်သည်.. ။

အောက်ဆုံးထပ်ပိုင်းက ထောင့်နားလေးမှာကပ်နေတဲ့ ပုလင်းပုပုလေးကိုမှ ချစ်ဖို့ကောင်းနေတဲ့စပျစ်ဝိုင်ပုလင်းက ပိုးကိုဆွဲဆောင်နေသလိုပဲ..။

အအေးမသောက်ဘဲ ဝိုင်လေးပဲသောက်ဖို့ ဆုံးဖြတ်လိုက်ပြီး အအေးဘူးပြန်ထည့်ခဲ့ပြီးဝိုင်ပုလင်းလေးကို ဆွဲထုတ်ယူလိုက်သည်.. ။

ဝိုင်ခွက်လေးပါ ပိုးဆွဲကိုင်ယူလာပြီး သောက်လို့ကောင်းမယ့်နေရာကို စဉ်းစားနေလိုက်သည်..။

အိမ်အတွင်းထဲမှာ သောက်ရမှာထက် ခြံထဲဆင်းပြီး သောက်ရမယ့် feeling က ပိုလာနေတာမို့ ​ခြံထဲဆင်းထွက်ခဲ့လိုက်သည်.. ။

အပြင်ကစားပွဲပေါ်မှာ ဝိုင်ပုလင်းနဲ့ဝိုင်ခွက်တင်ပြီး အိမ်ထဲပြန်ပြေးဝင်ခဲ့လိုက်သည်.. ။

အိမ်ထဲဝင်ပြီး စားချင်တဲ့သစ်သီးနည်းနည်းနဲ့ snack ထုပ်လေးတွေပါဆွဲထုတ်ယူခဲ့ပြီး ခြံထဲကစားပွဲမှာအကုန်တည်ခင်းပြီး တစ်ယောက်ထဲ တိတ်ဆိတ်နေတာကိုအဖော်ပြုပြီး ဝိုင်လေးသောက်နေလိုက်သည်.. ။

ကျွန်တော် အိမ်ပြန်ရောက်တာနဲ့ ခြံထဲမှာ ထိုင်နေတဲ့ပိုးကို အရင်တွေ့ရပြီ.. ။

ထိုင်ခုံပေါ် ခြေထောက်နှစ်ချောင်းလုံးဒူးထောင်တင်ပြီး ခေါင်းလေးကိုစောင်းတင်ထားတဲ့ ပိုးက တစ်ချက်တစ်ချက်ယိုင်နေသလို ခံစားမိလိုက်သည်.. ။

ကားပေါ်က ဆင်းတာနဲ့ ပိုးဆီကိုပဲ တိုက်ရိုက်လျှောက်သွားလိုက်သည်.. ။

ကိုယ် သူ့အနားရောက်နေတာတောင်သိပုံမပေါ်..။

ဒူးနှစ်ဖက်ပေါ်မေးလေးဖေးတင်ပြီး မျက်လုံးလေးမှိတ်နေတာ..။

တစ်ခြမ်းပဲမြင်နေရတဲ့ ပိုးရဲ့မျက်နှာလေးကို ကြည့်ရင်းနဲ့ဘေးစားပွဲပေါ်က ဝိုင်ပုလင်းဝိုင်ခွက် သစ်သီးဝလံ မုန့်တွေကိုပါလှည့်ကြည့်မိသည်..။

ပုလင်းကိုလည်း မ ကြည့်လိုက်တော့ ပုလင်းထဲမှာဘာမှမကျန်သလောက်ပဲ.. ။

" ဒီကောင်မလေး အကုန်နီးပါးသောက်လိုက်တာလား.. "

စကားသံကြားလို့ ထင်ပါတယ်.. မျက်လုံးလေးဖွင့်ကြည့်လာသည် ။

" ဒီကပြန်ရောက်တာနဲ့ဆူမလို့ကို အဆူမခံရအောင်ကြိုပြီး တစ်ယောက်ထဲ သောက်နေတာပေါ့လေ.."

ဘေးကခုံတစ်ခုံကိုဆွဲယူပြီး ပိုးဘေးနားကပ်ထိုင်လိုက်သည်.. ။

" ပိုးကို ဆူမလို့ပြောနေတာလား.. "

ဝိုင်ရဲ့အစွမ်းသတ္တိကြောင့်များလားမသိ..။

မျက်လုံးလေးတွေရီဝေပြီး ပါးအစုံကလည်းရဲချင်နေသည်..။

နှုတ်ခမ်းကလည်း ပုံမှန်ဖူးနေသလိုရဲသွေးလည်းဆောင်နေသည်.. ။

" ဒီမှာနှစ်ယောက်ပဲရှိတာ.. ဘယ်သူ့ကိုပြောတယ်ထင်လို့လဲ "

" ပိုး ဘာလုပ်မိလို့လဲ.. "

" ဘာလုပ်မိလဲမမေးခင် ဒီနေ့ပိုးဘာလုပ်ခဲ့လဲဆိုတာအရင်စဉ်းစား.. "

" ပိုး ဘာမှလည်းမလုပ်ရပါဘူး.. "

" ဪ.. ဟုတ်လား "

ရွဲ့မေးလိုက်တယ်.. ။

ဒီနေ့ သူဘာလုပ်ခဲ့တယ်ဆိုတာကို ဝိုင်လေးဗိုက်ထဲဝင်ရုံနဲ့ မေ့သွားရောလား.. ။

" ဘာလဲ.. ပိုးဘာလုပ်လို့လဲ "

" ကိုယ်ဘာလုပ်ခဲ့တယ်ဆိုတာ မမှတ်မိတော့အောင် ဝိုင်ဘယ်လောက်သောက်ပစ်လိုက်တာလဲ.."

" နည်းနည်းလေး သောက်တာပါ.. မများဘူး "

မျက်လုံးလေးစုံမှိတ်ချပြီး ပြုံးပြရင်းနဲ့ လက်မနဲ့လက်ညိုးထိပ်လေးကိုကပ်ထိပြနေတဲ့ ပိုးရဲ့အမူရာလေးကို ထိုင်ငေးကြည့်မိသည်.. ။

မူးယစ်ဝေနေတဲ့မျက်နှာလေးက စိတ်ရှုပ်စရာမကောင်းဘဲ ချစ်ဖို့ကောင်းနေတာလို့တွေးမိနေတာက မှားများမှားနေလား.. ။

လူမိုက်အားပေးလုပ်ရပ် လုပ်ဖို့မဟုတ်ပေမယ့် ဝိုင်သောက်ထားတဲ့ပိုးပုံစံလေးက အကောင်ငယ်ပေါက်လေးလိုပဲ.. တစ်မျိုးလေးချစ်ဖို့ကောင်းနေတာ ။

" အလုပ်သမားတွေအိမ်ပြန်ချိန်ပဲ ရှိသေးတယ်.. နေတောင်မဝင်သေးဘူး သောက်နေတာကပုလင်းပါမှောက်ပစ်လို့ရပြီ.. ဘယ်ကတည်းက သောက်နေတာလဲ "

" စောနကမှလေ.. "

" စောနက သောက်တာက ပုလင်းထဲဘာမှမကျန်တော့ဘူး.. "

" ကိုဟန်.. "

ကိုယ်စကားပြောနေတာ နားရောထောင်ရဲ့လားမသိပါဘူး..။

စကားတောင်နားမထောင်ဘဲ ကိုယ့်နာမည်ခေါ်နေတာ..။

" အင်.. "

" ကိုဟန့်မှာ နောက်မိန်းမရှိလား.. "

" လာပြန်ပြီလား ဒီမေးခွန်း.. မနက်ကတည်းက ကိုယ်ပြောတာ မကြားဘူးလား "

" ပိုးက ဘယ်နှယောက်မြောက်လဲ.. "

" ဘာ ဘယ်နှယောက်မြောက်ရမှာလဲ.. ပိုးရှေ့ရောနောက်ရော ဘယ်သူမှမရှိဘူး "

" ပိုးကို တိတ်တိတ်ပုန်းယူထားတာလား.. "

" ဘာရယ်.. "

အမူးသမားလေးက မျက်လုံးတွေမှိတ်ထားရင်းနဲ့ သူ့နှုတ်ခမ်းပေါ်မှာပဲ လက်ညိုးလေးကိုတင်ထားနေသေးတာ.. ။

ကိုယ်ဖြေနေတာ သူမကြားဘူးလား.. ။

ဖြေနေရဲ့ကြားထဲကနေကို တိတ်တိတ်ပုန်းက ဘာလို့ပါလာရတာလဲ..။

" တိတ်တိတ်ပုန်း ယူထားတယ်ပြောရအောင် ကိုယ်မင်းကိုဘယ်လိုထားထားလို့လဲ ပိုး... မင်းနဲ့တွေ့ဖို့ကို ကိုယ်ပုန်းလျှိုးကွယ်လျှိုးနဲ့ လာနေရလား.. ကိုယ်နဲ့တွေ့ရဖို့အရေး ပတ်ဝန်းကျင်ကိုမင်းသတိထားနေရလား.. ဂရုစိုက်နေရလား.. မင်းကို လူမမြင်ကွယ်ရာမှာပဲ ထားထားနေလား.. "

" ဟုတ်တယ်..  "

" ဘာ "

မင်း.. ဘယ်လိုပြောလိုက်တယ် နုဝေခက်ပိုး ။

မင်းပြောနေတဲ့စကား အဓိပ္ပါယ်ကိုရောနားလည်ရဲ့လား.. ။

နားလည်လို့ဒီစကားပြောနေတာလား..ဟမ် ။

ဒီလောက်လိုလေသေးမရှိ ထားထားပေးတာကိုတောင် သူ့ကိုယ်သူတိတ်တိတ်ပုန်းမယားလို့များထင်နေသေးတာလားမသိဘူး.. ။

ငါပြောလိုက်ရ မကောင်းဘူး ရှိတော့မယ်..။

တောက်..။




🌼pann



________________________

pann စာပြန်မစစ်မိဘူးနော်.. ။

မျက်စိနောက်စေမိလို့ တောင်းပန်ပါတယ်နော်..။

pann ရွေးတဲ့ဇာတ်အိမ်ဇာတ်ညွှန်း​က ကြမ်းသင့်သလောက်မကြမ်းတဲ့ ညိမ့်ပြီးငြိမ်နေတာနော်..။

ဖတ်ရတဲ့သူတွေအဆင်မပြေမှာစိုးပါတယ်..။

ဖတ်ရတာအဆိုးဆုံးမဖြစ်အောင်တော့ pann ကြိုးစားရေးပါ့မယ်ရှင့်..။

အမြန်ရေးပေမယ့်ဒီအချိန်မှပြီးတယ်..။

အချိန်တွေအကြာကြီးယူပြီးဆွဲရေးမိလို့ အားလည်းနာနေပါပြီ..။

အချိန်ရရင် ရသလိုအပြီးသတ်ရေးပါမယ်နော်..။

ကျေးဇူးအများကြီးတင်ပါတယ်ရှင့်.. ။

Continue Reading

You'll Also Like

22K 498 35
ခြည်က ကိုယ့်အတွက် အချစ်ဦးဖြစ်သလို အချစ်ဆုံးလည်းဖြစ်တယ် ဒီကမ္ဘာပေါ်မှာ ခြည့်ကကိုယ့်အတွက် ရင်ထဲမှာအစိုးအမိုးနိုင်ဆုံးနဲ့ ကိုယ့်အသက်ထက် အချစ်ရဆုံးမိန်းက...
371K 14.5K 43
ကိုယ်ဟာ ကြိုးဝိုင်းထဲမှာ ကိုယ့်ကိုစိန်ခေါ်လာသမျှကောင်တွေအကုန် ထိုးရဲတယ် သတ်ရဲတယ် ကိုယ်နိုင်မယ်ဆိုတဲ့ယုံကြည်မှုရှိတယ် ကိုယ်မလုပ်ရဲတာဘာမှမရှိဘူးလို့ထင...
2.5M 251K 40
1920ခုနှစ်လောက်က လူနေမှုပုံစံတွေကို inspireယူပြီး ရေးဖွဲ့ထားတဲ့ Own Creation rebirth fictionလေးပါ။ _________# Starting date_26.6.2020 Ending date_6.1...
225K 37K 99
I am the father of villain Author Lin Ang Si ရဲ့ novel လေးပါ ???? All credit to Original author and E-Translators .