Unicode;
အကိုက စာသိပ်တော်တဲ့ တက္ကသိုလ်ကျောင်းသားတစ်ယောက်...
ဒါပေမဲ့ မိသားစုစီးပွားရေးသိပ်မချောင်လည်တာကြောင့် ကိုယ့်အားကိုယ်ကိုးလို့ ကျောင်းတက်နေရသူဖြစ်တယ်။
ဒီအချက်ကပဲ ဒီလိုအနားမှာ သူ့ရဲ့အချိန်ပိုင်းဆရာအဖြစ် မြင်နေရခြင်းပင်...
"အကို"
စာစစ်နေတဲ့အကို့ဘေးနား ချောကလက်ဝေဖာလေးထိုးပေးလိုက်တယ်။
အကိုက snack လေးတွေကြိုက်တက်တာမို့ သူကအကောင်းဆုံးဆိုတဲ့ မုန့်တွေကိုအမြဲဖြည့်ထားဖြစ်တယ်။
အကိုမုန့်စားရင် ချစ်စရာလေး...
ယုန်ကလေးလိုမျိုး တစ်မြုံ့မြုံ့နဲ့ နည်းနည်းချင်းစီဖဲ့စားတာ...
ဒီလိုအချိန်ဆို သူ့မှာ ငေးကြည့်ရင်း သဘောကျလို့မဆုံးဘူး..
အကိုကပြုံးလို့ သူပေးတဲ့မုန့်ကို လွယ်အိတ်ထဲယူထည့်လိုက်တယ်။
"ခဏနေမှ"
တကယ်တော့ သူပေးတဲ့မုန့်ကို တစ်ကြိမ်မှသူ့ရှေ့မှာစားတာ မမြင်ဖူးဘူး...
အမြဲတော့ အိတ်ထဲ ထည့်သွားတက်တယ်...
အကိုက မာနသိပ်ကြီးတာ...
အမြဲတမ်းအပြုံးတစ်ခုနဲ့ အတွင်းစိတ်ကိုခန့်မှန်းလို့မရအောင် နေထိုင်တက်တယ်။
လူတွေနဲ့တရင်းတနှီးပြောဆိုဆက်ဆံတက်ပေမဲ့ တစ်ဖက်ကလည်း စည်းတစ်ခုကန့်သတ်ထားသလိုမျိုး...
ဘယ်တော့မှ တစ်စုံတစ်ယောက်စီအကူအညီတောင်းတာမမြင်ခဲ့ဖူးသလို ဘယ်အရာကိုမှ အလွယ်တကူလက်ခံယူလေ့မရှိဘူး...
အမြဲတိကျပြီးလက်တွေ့ကျကျတွေးခေါ်တက်တဲ့အကိုက သူ့အတွက်တော့ သိပ်ကိုထူးခြားဆန်းကြယ်တယ်။
မျက်တောင်တစ်ချက်အခတ်မှာ လှုပ်ခတ်သွားတဲ့ မျက်အိမ်အစ နုတ်ခမ်းအောင်က မှဲ့စက်ရဲ့လှုပ်ရှားမှုအထိ တကယ့်ကိုပဟေဠိဆန်လွန်းတာ...
"Good job ဝမ်ရိပေါ်... ဒီအခြေအနေသာဆို ဘာမှစိတ်ပူစရာမလိုတော့ဘူး..."
ဒီတစ်ခါ အဖြေလွာအပေါ် အကို့ရဲ့ကျေနပ်အားရမှုက မျက်ဝန်းတွေပါလိုက်ပြုံးတဲ့အထိ...
"ဟုတ်.. အကို့ကျေးဇူးတွေပါ..."
"ကိုယ်ပြောသားပဲ မင်းကဉာဏ်ကောင်းပြီးသား...သေချာအားစိုက်ထုတ်ရင် အားလုံးလုပ်နိုင်မှာပါလို့..."
အကိုစိတ်ကျေနပ်တာမြင်ရတော့ သူလည်းပျော်ပါတယ်လေ..
"အမှတ်ကောင်းတယ်ဆိုတော့ အကိုဘာဆုပေးမှာလဲ...ပေးပေး.. "
သူက ကလေးငယ်လိုမျိုးလက်ဖြန့်လို့ အကို့ကိုစနောက်ဖို့စိတ်ကူးတယ်။
"ဆုပေးရင် နောက်ပိုင်းကောင်းကောင်းကြိုးစားမှာလား..."
"ဒါပေါ့ ဒါပေါ့... ကတိတစ်ရာပေးတယ်ဗျာ..."
"ကတိတစ်ရာကတော့ ပိုလွန်းသွားပြီ ဝမ်ရိပေါ်.."
"တကယ်ပါဆို.."
တကယ်ပါ ... အကို့ဆီက အရာရာတိုင်းက သူ့တွက်တော့မျော်လင့်စရာတွေချည်းပဲ...
အကိုက ပြုံးရင်းလွယ်အိတ်ထဲကတစ်ခုခုကိုထုတ်လို့ သူ့လက်ထဲထည့်လာတယ်။
"....."
ဘာလဲ... ဒါက သူစောစောကပေးလိုက်တဲ့ ချောကလက်ဝေဖာလေ..
ဒါကိုပြန်ပေးတာလား
သူကြောင်ပြီးမော့ကြည့်လိုက်တယ်။
"ဒါက ကျွန်တော်ပေးထားတာကြီးလေ.."
"မင်းကိုယ့်ကိုပေးထားတာဆိုတော့ ကိုယ့်အပိုင် ဖြစ်သွားပြီလေ... ကိုယ်ပိုင်တာကို မင်းကိုပေးတာ ဘာမှားလို့လဲ.."
"အာ..."
ဒါလည်း ဟုတ်တာပဲ..
"လောလောဆယ်ကိုယ့်မှာ ဒါပဲရှိတယ်"
အဲ့ဒီချောကလက်ဝေဖာထုတ်ကလေးကို ဝမ်ရိပေါ် ဆုပ်ကိုင်မိတယ်..
"ဟုတ်.."
ဘယ်လိုအရာဖြစ်ဖြစ် အကို့လက်နဲ့ပေးမှတော့ တန်ဖိုးမြင့်တက်ပြီးသားပဲပေါ့...
"ကဲ.. ဒီနေ့တော့ ဒီလောက်ပဲ... နောက်ရက်မှဆက်တာပေါ့..."
သူ့အတွေးမဆုံးသေး...
မြန်ဆန်တဲ့အကို့ကျောပြင်က အခန်းတံခါးပိတ်သံနဲ့အတူ အပြင်ရောက်သွားပြီ...
သစ်သားခြံတံခါးလေးကိုဖွင့်လို့ထွက်သွားတဲ့အကို့ကို ပြတင်းတံခါးလေးအသာလှပ်လို့လှမ်းငေးမိတယ်။
အပြင်မှာမှောင်နေပြီ...
ဒါပေမဲ့ ဒီလူအတွက်တော့ သိပ်ကိုသမာရိုးကျတဲ့ အိမ်ပြန်ချိန်တွေပဲထင်ရဲ့....
အကို့ကို အိမ်ပြန်လိုက်ပို့ပေးနိုင်မဲ့တစ်နေ့တော့ ရောက်လာလိမ့်မယ်မျော်လင့်ရတာပဲ...
.
.
အကိုက ကြည့်ကောင်းလိုက်တာ..
တီရှပ်အဖြူ ဂျင်းဘောင်းဘီအပြာနုလေးနဲ့ ရှပ်အကွက်ခပ်ပွပွလေးကိုဝတ်ထားတယ်။
အနက်ရောင်ကျောပိုးအိတ်ကတော့ မပါမဖြစ်..
အကိုက သိပ်ရိုးရှင်းတာပေါ့...
လမ်းလျောက်နေရင်းတစ်စုံတစ်ယောက်ကိုလှမ်းရယ်ပြတယ်။
ထွက်ပေါ်လာတဲ့ ယုန်သွားဖြူဖြူလေးနဲ့ ကွေးတက်သွားတဲ့မျက်အိမ်တွေက ချစ်စရာအတိ..
မသိလိုက် မသိဘာသာ လိုက်ရယ်မိအောင်စိတ်က စေစားပြီးသား...
ထိုအခိုက် သူ့ရှေ့က ကျောင်းသူအမတစ်ယောက်ဖြတ်သွားတော့ သူ့ကိုကြည့်ရင်းပြုံးပြတယ်။
"အမ်"
သူကြောင်အစွာပြန်ကြည့်မိတော့ နောက်တစ်ကြိမ်တောင်ရယ်ပြသွားသေးတယ်။
အဲ... အဟုတ်ရယ်နေတာ သူ့ကို...
သူဝတ်ထားတဲ့ အထက်တန်းကျောင်းဝတ်စုံကိုတောင် ရှက်ကိုးရှက်ကန်း ငုံ့ကြည့်လိုက်မိတယ်။
"ဝမ်ရိပေါ်... ဘယ်လိုလုပ်ဒီကိုရောက်နေတာလဲ.."
အသံကြားရာပြန်ကြည့်မိတော့ အကို့မျက်နှာ သူရှိရာဘက်ကိုလှည့်နေတယ်... သူ့ကို မြင်သွားပြီပဲ ...
အကို့အပြုံးတွေ ဘယ်ရောက်သွားတာလဲ...
သူ့ဆီကိုလျောက်လာတဲ့အကိုက မရယ်တော့ပါလား...
"ဒီအတိုင်း.."
သူနဲ့ရှင်းယီ တက္ကသိုလ်ဝန်းထဲရောက်နေတာ...
ရှင်းယီရဲ့အမကို စာတမ်းဖိုင်တစ်ခုလာပေးတာ...
တိုက်တိုက်ဆိုင်ဆိုင် ဒီမှာတက်နေတဲ့အကို့ကိုပါ လှမ်းတွေ့မိခြင်းဖြစ်တယ်။
"အခုက အတန်းတက်နေရမဲ့အချိန်မဟုတ်ဘူးလား... မင်းဘာတွေလုပ်နေတာလဲ... "
"ကျွန်တော့်သူငယ်ချင်းကို လိုက်ကူတာ.."
မလှမ်းမကမ်းမှာ ရှင်းယီကသူ့အမနဲ့ စကားပြောနေတုန်း...
သူပြလိုက်တော့ အကိုကလှမ်းကြည့်တယ်။
အကို့မျက်ခုံးတန်းတွေ တွန့်ချိုးသွားတယ်။
တစ်ခုခုကို သဘောမကျသလိုမျိုး...
သူဒီရောက်နေတာ မကြိုက်ဘူးလား...
"အကိုက ကျွန်တော့်ကိုတွေ့တာ မပျော်ဘူးလား.."
သူကတော့ ပျော်နေတာကို..
"ဘာကိုပျော်ရမှာလဲ.. အခုချိန်က ဒီနေရာမှာမင်းရှိနေရမှာမဟုတ်ဘူး...
မင်းရဲ့စာသင်ခန်းထဲမှာ ရှိနေရမှာလေ..."
"ကျွန်တော်တို့ ကိစ္စရှိလို့ ခဏလာတာ"
"အထက်တန်းကျောင်းသားက ဒီနေရာမှာဘာကိစ္စရှိများရှိနေလို့လဲ... အတန်းလစ်ပြီး ဒီလိုလာတာမျိုးကို ကိုယ်မကြိုက်ဘူး..."
ဝမ်ရိပေါ် စိတ်ထဲတစ်ခက်အောင့်သက်သက်ဖြစ်သွားတယ်။
သေချာလည်း မမေးပါပဲ ပြောချင်ရာပြောနေတော့တာပဲ...
"အကို့အမြင်မှာ ကျွန်တော်ဘာလုပ်နေတယ် ထင်လို့လဲ"
ဟုတ်တယ်။ ဘာလုပ်နေလို့ ဒီလိုပုံစံလာပြောနေရသလဲ..
"ဟေး..ဝမ်ရိပေါ်.."
တစ်ဖက်မှာ စကားပြောပြီးသွားတဲ့ ရှင်းယီကလည်း သူ့ဆီလျောက်လာတယ်။
လာရင်းနဲ့ ဖြတ်သွားဖြတ်လာ တက္ကသိုလ်ကျောင်းသူတွေကိုလှမ်းငမ်းလိုက်သေးတယ်။
"အခုချက်ချင်း ပြန်တော့ ဝမ်ရိပေါ်... နောက်တစ်ခါ ဒီပုံစံနဲ့ဒီနေရာမှာ ထပ်မမြင်ချင်ဘူး.. "
ဒီတစ်ခွန်းပဲပြောပြီး ချာကနဲလှည့်ထွက်သွားတဲ့အကိုက မျက်နှာရှစ်ခေါက်ချိုးနဲ့... ဘာလဲ..
သူ ဘာအမှားများလုပ်မိလို့လဲ..
"ဟေးး ဘယ်သူကြီးလဲ..."
"ဘယ်သူမှမဟုတ်ဘူး ပြန််မယ်"
သူလည်း ထွက်လာတော့ ရှင်းယီက အကိုသွားရာဘက်ကိုလှည့်ကြည့်လှည့်ကြည့်နဲ့ နောက်ကလိုက်လာတယ်။
"အဲ့တာ မင်းရဲ့ ဂိုက်အကိုကြီးဟုတ်တယ်မလား.."
"ဂိုက်မဟုတ်ဘူး.. မင်းဘာဖြစ်နေတာလဲ
ငါဘယ်နှစ်ကြိမ်ပြောနေရမှာလဲ.."
"ဟ ဒါလေးမေးတာ ဒေါသထွက်စရာလား.."
ဒေါသထွက်တယ်။
ဘားတွေ ကလပ်တွေသွားနေတာလည်းမဟုတ်ပဲ တက္ကသိုလ်ဝန်းထဲရောက်လာရုံလေးကို မဟုတ်တာလုပ်ထားသလိုစိတ်ဆိုးပြနေတယ်။
လာပြီး အမိန့်ပေးနေသေးတယ်။
မျက်နှာကြီးဒီလောက်ပျက်နေရအောင် သူနဲ့တွေ့တာ ဒီလောက်စိတ်ပျက်စရာကောင်းနေလို့လား..
ဘယ်သူက မဟုတ်တာလုပ်နေမှာလဲ..
လုပ်မဲ့လုပ် ခင်ဗျားကမှလုပ်ဦးမယ်။
ဘာတွေမလုံမလဲဖြစ်နေတာလဲ...
သူ့ကိုစာသင်ပေးနေတာကို လူသိမှာစိုးနေတာလား..
ဘယ်သူက သူ့ကိုတမင်လာကြည့်မှာမို့လို့လဲ..
သည်းနေလိုက်တာ..
မုန်းစရာကောင်းတဲ့ ရှောင်းကျန့်...
ဒေါသစွက်နေတဲ့ ဝမ်ရိပေါ်ရဲ့ခြေလှမ်းကို ရှင်းယီလိုက်မမှီ..
"စောင့်ဦးလေ ဝမ်ရိပေါ်"
.
.
နောက်တစ်ရက်ညနေမှာ အကိုနဲ့ထပ်တွေ့ပြန်တယ်။
သူတို့ရပ်ကွက်ထိပ်က ဝက်နံရိုးစွပ်ပြုတ်ဆိုင်မှာ..
"အ..."
မေ့ပြီး ခေါ်မိတော့မလို့...
ဒီလူကိုစိတ်ဆိုးနေတာကို...
မသိသလိုလုပ်ပြီး သူကောင်တာဘက်တိုးသွားလိုက်တယ်။
အကိုက သူ့ကိုတစ်ချက်ကြည့်တယ်။
သူမသိသလိုလုပ်နေတာကို ဒီလူဂရုစိုက်နေမယ်ထင်ပါသလား... လုံးဝပါပဲ..
မနေနိုင်တဲ့သူက ပြန်လှည့်ကြည့်မိပေမဲ့ ဆိုင်အပြင်ထွက်သွားတဲ့ ကျောပြင်ကိုသာမြင်ရတယ်။
တစ်ချက်တောင်ပြန်မကြည့်...
အဆင်ပြေရဲ့လားလို့လည်း တစ်ခွန်းမမေးဘူး..
အကိုက သူ့နဲ့ပတ်သတ်ရင် စိတ်ကိုမဝင်စားဘူး..
.
.
သူ့မှာစိတ်ဆိုးရလည်း ချော့မဲ့သူမရှိတော့ သူ့ဘာသာပြန်ပြေရတာပါပဲ..
လျစ်လျူရှုခံရတဲ့နေ့စွဲတွေက သိပ်တော့မလှပဘူး.
လည်ပြန်ကြည့်ရင် ဒါတွေက အမှတ်ရစရာဖြစ်နိုင်သလား မသိပေမဲ့ သူကတော့ သတိတရမှတ်ထားဖြစ်တယ်။
အကိုကတော့ ဘာမှမှတ်မိမယ်မထင်ပါဘူး..
နောက်ပိုင်းရက်တွေလည်း လမ်းမှာဆုံပါတယ်။
သူနုတ်ဆက်တာတောင် ခေါင်းလေးတစ်ချက်ငြိမ့်ရုံငြိမ့်ပြပြီး မျက်နှာလွဲသွားတယ်။
တစ်ခါတစ်လေ ထိပ်တိုက်တွေ့တာတောင် သူ့ကိုမမြင်ဘူး။
သူ ငေးကြည့်ပေမဲ့ ရှောင်ဖယ်သွားတာပါပဲ...
သွားရတဲ့လမ်းတွေတူနေတာတောင် သူနဲ့အတူယှဥ်ယှဥ်တွဲလမ်းလျောက်တာ မရှိဘူး...
ခြေလှမ်းကျယ်ကျယ်လှမ်းလို့ သူ့ကို ထားရစ်ခဲ့တာချည်း...
သူအပြေးနုတ်ဆက်မှ လည်ပြန်နုတ်ဆက်ပြီး သူတစ်ခုခုမေးမှ ပြန်ဖြေရုံလောက်...
စာသင်ချိန်တွေဆိုလည်း စာကလွဲပြီး ဘာစကားမှ မပြောတော့ဘူး..
သိိသိသာသာရှောင်ဖယ်လာတယ်လို့ ခံစားရတယ်။
နွေးထွေးတဲ့အကိုက အရင်က ဒီလိုမှမဟုတ်ပဲ..
ဘာကြောင့်များ သူ့အပေါ် ဒီလောက်အေးစက်သွားရသလဲ......
.
.
ကျောင်းဆင်းတာနဲ့ ဆူညံသံတို့က ကျွတ်စီကျွတ်စီ... တိုးလို့ ဝှေ့လို့...
ကျောင်းရဲ့ ကိုယ်စားပြုအသင်းဝင်ဖြစ်သွားပြီဖြစ်တဲ့ရှင်းယီက လေ့ကျင့်ရေးကြောင့် သူနဲ့အိမ်အတူမပြန်နိုင်တော့ဘူး။
ဝါသနာကို အကောင်အထည်ဖော်နိုင်ပြီမို့ ရှင်းယီအတွက် ဝမ်းသာရပေမဲ့ သူ့နေ့ရက်တွေကတော့ ပိုပြီးအထီးကျန်လာသလိုပဲ...
သူ ဒီရက်ပိုင်း နည်းနည်းလေးတောင် ပြုံးရယ်ချင်စိတ်မရှိဘူး....
ကျောင်းဆင်းချိန်က ရွှေရောင်သမ်းလို့ပါပဲ...
တစ်ယောက်တည်းဖြတ်သန်းရဦးမဲ့ ရွှေရောင်အိမ်ပြန်ချိန်တွေက နားကြပ်တစ်စုံနဲ့ သီချင်းအချို့နဲ့...
လမ်းပေါ် ယာဥ်တွေဖြတ်ပြေးသွားတာကို အဓိပ္ပါယ်မဲ့ငေးကြည့်မယ်...
ကောင်းကင်ပေါ် ပျံသန်းသွားတဲ့ ငှက်တစ်အုပ်ကို လိုက်ကြည့်ချင်လည်းကြည့်မယ်...
ဒါမှမဟုတ် အိမ်အထိ ခြေလှမ်းဘယ်နှစ်လှမ်းရှိမလဲ ရေတွက်ချင်လည်း ရေတွက်မိမယ်...
တောင်စဥ်ရေမရတဲ့ အတွေးပေါင်းများစွာနဲ့ နေ့စဥ်ဖြစ်ရပ်တွေက သိပ်မထူးခြားဘူးရယ်...
အပြောင်းအလဲမရှိ ငေးနေရတဲ့နေ့တွေ ဖြစ်နေတုန်း...
ကျောင်းပေါက်ဝကနေ ချိုးကွေ့ပြီး ပလပ်ဖောင်းပေါ်ခြေချတော့ လူတစ်ယောက်ကို ထပ်ပြီးမြင်ပြန်တယ်...
"...."
မမြင်ချင်ဟန်ဆောင်ပြီး အိမ်တန်းတန်းပြန်ဖို့ တွေးသေးတယ်။
ဒါပေမဲ့ မြင်ရတာ အဆင်မပြေ...
ဒီအတိုင်းကျော်တက်သွားဖို့ စိတ်ကူးပေမဲ့ သူအရမ်းကို တစ်ကိုယ်ကောင်းဆန်ရာရောက်သွားမလား...
ရေစက်ဆုံရင်ရှောင်ရခက်တယ်ဆိုတာ အမှန်ပဲ...
သူ့ခြေလှမ်းတွေက အဲ့ဒီတစ်ယောက်အနားရောက်လာတယ်...
လျစ်လျူရှုပြီး ကျော်တက်သွားဖို့ရာ သူ့စိတ်အခံကမလုပ်နိုင်ဘူး...
အဲ့ဒီတစ်ယောက်ဆိုတာ သူတို့ရဲ့ အတန်းခေါင်းဆောင်လျန်ချိုးဟွာရယ်ပါ...
စည်းနှောင်ထားတဲ့ စာအုပ်တွေအထပ်လိုက်ကို မနိုင်မနင်းမလို့ တစ်ရွေ့ရွေ့သွားနေတဲ့ သူမက ခြေလှမ်းတွေတောင်ယိုင်ချင်ချင်နဲ့...
လေပူတစ်ချက် လေထဲလွင့်သွားတယ်...
အမြင်မတော်တော့တာမို့ သူမလက်ထဲက စာအုပ်ထပ်တွေကို ဆွဲယူလိုက်တယ်။
"ဟမ်"
အာမေဠိတ်သံနဲ့အတူ သူ့ဆီကိုရောက်လာတဲ့ စူးစမ်းတဲ့အကြည့်တစ်စုံ...
ထိုမှတစ်ဆင့် အံသြခြင်းသို့....
"ဝမ်ရိပေါ်??"
"ဒီတစ်ကြိမ်ရော ဘယ်ပို့ရဦးမှာလဲ.."
သူ့ရဲ့အမေးစကားအဆုံး သူမက အနည်းငယ်ကြောင်အသွားသလို...
"အာ.... ဟို... ဆရာချန်ဆီ.."
အလိုမကျခြင်းတို့က ခေါင်းထဲဝင်လာတယ်။
အတန်းခေါင်းဆောင်ဖြစ်တယ်ဆိုတဲ့ တာဝန်အပေါ်တစ်ခါတစ်လေ ဆရာတွေက အဲ့ဒီလိုခိုင်းစေတက်တယ်...
လျန်ချိုးဟွာက ဆရာတွေကို ငြင်းဆိုတက်တဲ့လူစားမျိုးမဟုတ်...
ဒါကြောင့် သူမကို ကျောင်းသားအချို့က မုန်းကြတယ်။
ဆရာတွေနားကပ်ပြီး အဆင့်တွေရယူနေတယ်လို့ ပြောဆိုကြတာကြားဖူးတယ်။
"ဒီလောက်မနိုင်မနင်းနဲ့..."
ဆရာဆိုတဲ့လူက ကျောင်းသားကို ဘယ်လိုတောင်ခိုင်းရသလဲ...
မိန်းကလေးတစ်ယောက်ကို ကိုယ်ချင်းမစာမနာ..
သူငုံ့ကြည့်ပြီးပြောလေတော့ သူမ မျက်နှာကိုတစ်ဖက်သို့လွှဲသွားတယ်။
ရှက်ရွံ့သွားသလိုမျိုး...
"အစက အဖော်တစ်ယောက်ပါသေးတယ်... သူနေမကောင်းဘူးဆိုလို့..."
"သြော်..."
ရည်ရွယ်ထားတဲ့ သူ့ရဲ့အိမ်ပြန်လမ်းက နည်းနည်းလွဲသွားတယ်...
အတန်းခေါင်းဆောင်ကိုကူညီရင်း နေဝင်ချိန်က အလျှင်အမြန်ပဲရောက်ရှိသွားရဲ့...
ဆရာချန်အိမ်ကို စာအုပ်တွေပို့ပြီး ပြန်ထွက်လာတော့ မှောင်လုပြီ..
ကူညီလက်စနဲ့ မထူးတော့တာမို့ သူမကို ဘတ်စ်ကားမှတ်တိုင်အထိ လိုက်ပို့ပေးလိုက်သေးတယ်။
လမ်းတစ်လျောက် နှစ်ယောက်လုံးစကားသိပ်မပြောဖြစ်ဘူး...
လျန်ချိုးဟွာက ကားပေါ်တက်ခါနီး သူ့ကိုပြုံးပြလို့ ကျေးဇူးတင်ကြောင်း ပြောသွားသေးတယ်။
တစ်ယောက်စာ ခြေလှမ်းတွေက ထပ်ပြီးတိတ်တိတ်ဆိတ်ဆိတ်....
ဒီနေ့ အိမ်ပြန်မိုးချုပ်တယ်...
ပြီးတော့.... ဒီနေ့က အကိုလာမဲ့ရက် မဟုတ်ဘူး....
နားကြပ်ထဲမှာ စီဆင်းနေတဲ့ သီချင်းသံတို့က ခပ်ဖျော့ဖျော့...
(And you never how
မင်းက လုံးဝကို သတိမထားခဲ့..
I stare when we're alone
ငါတို့နှစ်ယောက်တည်းရှိချိန်ဆို ဘယ်လောက်တောင်ငေးကြည့်ခဲ့ရလဲ...
Or wonder why I keep you on the phone
မင်းရဲ့ ပုံတွေ ဘာလို့ဖုန်းထဲသိမ်းထားလည်းဆိုတာ...
I've made it obvious
ငါသိသာအောင် နေခဲ့ပါတယ်
I've done everything but say it
ဖွင့်ပြောတာကလွဲ အကုန်လုပ်ခဲ့တယ်...
(i've crushed on ya so long, .....
မင်းကိုချစ်နေခဲ့တာ အရမ်းကြာနေပြီ.......)
"ကျစ်"
ထွက်သွားစမ်းပါလား...
ဖြစ်နိုင်ရင် ခေါင်းထဲက ဆွဲထုတ်ပစ်ချင်တယ်။
တော်ပါတော့လို့ အော်ပြောလိုက်ချင်တယ်။
အရေးမပါတဲ့နေ့ရက်တွေကို တဖြည်းဖြည်းနဲ့ စိတ်ကုန်ချင်လာတယ်...
သူဟာ ဒီကမ္ဘာမဟုတ်တဲ့ တခြားကမ္ဘာမှာ ရှင်သန်သင့်တယ်လို့ထင်တာပဲ....
Song : Westlife - Obvious
----------------------------------------
Zawgyi;
အကိုက စာသိပ္ေတာ္တဲ့ တကၠသိုလ္ေက်ာင္းသားတစ္ေယာက္...
ဒါေပမဲ့ မိသားစုစီးပြားေရးသိပ္မေခ်ာင္လည္တာေၾကာင့္ ကိုယ့္အားကိုယ္ကိုးလို႔ ေက်ာင္းတက္ေနရသူျဖစ္တယ္။
ဒီအခ်က္ကပဲ ဒီလိုအနားမွာ သူ႕ရဲ႕အခ်ိန္ပိုင္းဆရာအျဖစ္ ျမင္ေနရျခင္းပင္...
"အကို"
စာစစ္ေနတဲ့အကို႔ေဘးနား ေခ်ာကလက္ေဝဖာေလးထိုးေပးလိုက္တယ္။
အကိုက snack ေလးေတြႀကိဳက္တက္တာမို႔ သူကအေကာင္းဆုံးဆိုတဲ့ မုန့္ေတြကိုအၿမဲျဖည့္ထားျဖစ္တယ္။
အကိုမုန့္စားရင္ ခ်စ္စရာေလး...
ယုန္ကေလးလိုမ်ိဳး တစ္ၿမဳံ႕ၿမဳံ႕နဲ႕ နည္းနည္းခ်င္းစီဖဲ့စားတာ...
ဒီလိုအခ်ိန္ဆို သူ႕မွာ ေငးၾကည့္ရင္း သေဘာက်လိဳ႕မဆုံးဘူး..
အကိုကၿပဳံးလို႔ သူေပးတဲ့မုန့္ကို လြယ္အိတ္ထဲယူထည့္လိုက္တယ္။
"ခဏေနမွ"
တကယ္ေတာ့ သူေပးတဲ့မုန့္ကို တစ္ႀကိမ္မွသူ႕ေရွ႕မွာစားတာ မျမင္ဖူးဘူး...
အၿမဲေတာ့ အိတ္ထဲ ထည့္သြားတက္တယ္...
အကိုက မာနသိပ္ႀကီးတာ...
အၿမဲတမ္းအၿပဳံးတစ္ခုနဲ႕ အတြင္းစိတ္ကိုခန့္မွန္းလို႔မရေအာင္ ေနထိုင္တက္တယ္။
လူေတြနဲ႕တရင္းတႏွီးေျပာဆိုဆက္ဆံတက္ေပမဲ့ တစ္ဖက္ကလည္း စည္းတစ္ခုကန့္သတ္ထားသလိုမ်ိဳး...
ဘယ္ေတာ့မွ တစ္စုံတစ္ေယာက္စီအကူအညီေတာင္းတာမျမင္ခဲ့ဖူးသလို ဘယ္အရာကိုမွ အလြယ္တကူလက္ခံယူေလ့မရွိဘူး...
အၿမဲတိက်ၿပီးလက္ေတြ႕က်က်ေတြးေခၚတက္တဲ့အကိုက သူ႕အတြက္ေတာ့ သိပ္ကိုထူးျခားဆန္းၾကယ္တယ္။
မ်က္ေတာင္တစ္ခ်က္အခတ္မွာ လႈပ္ခတ္သြားတဲ့ မ်က္အိမ္အစ ႏုတ္ခမ္းေအာင္က မွဲ႕စက္ရဲ႕လႈပ္ရွားမႈအထိ တကယ့္ကိုပေဟဠိဆန္လြန္းတာ...
"Good job ဝမ္ရိေပၚ... ဒီအေျခအေနသာဆို ဘာမွစိတ္ပူစရာမလိုေတာ့ဘူး..."
ဒီတစ္ခါ အေျဖလြာအေပၚ အကို႔ရဲ႕ေက်နပ္အားရမႈက မ်က္ဝန္းေတြပါလိုက္ၿပဳံးတဲ့အထိ...
"ဟုတ္.. အကို႔ေက်းဇူးေတြပါ..."
"ကိုယ္ေျပာသားပဲ မင္းကဉာဏ္ေကာင္းၿပီးသား...ေသခ်ာအားစိုက္ထုတ္ရင္ အားလုံးလုပ္နိုင္မွာပါလို႔..."
အကိုစိတ္ေက်နပ္တာျမင္ရေတာ့ သူလည္းေပ်ာ္ပါတယ္ေလ..
"အမွတ္ေကာင္းတယ္ဆိုေတာ့ အကိုဘာဆုေပးမွာလဲ...ေပးေပး.. "
သူက ကေလးငယ္လိုမ်ိဳးလက္ျဖန့္လို႔ အကို႔ကိုစေနာက္ဖို႔စိတ္ကူးတယ္။
"ဆုေပးရင္ ေနာက္ပိုင္းေကာင္းေကာင္းႀကိဳးစားမွာလား..."
"ဒါေပါ့ ဒါေပါ့... ကတိတစ္ရာေပးတယ္ဗ်ာ..."
"ကတိတစ္ရာကေတာ့ ပိုလြန္းသြားၿပီ ဝမ္ရိေပၚ.."
"တကယ္ပါဆို.."
တကယ္ပါ ... အကို႔ဆီက အရာရာတိုင္းက သူ႕တြက္ေတာ့ေမ်ာ္လင့္စရာေတြခ်ည္းပဲ...
အကိုက ၿပဳံးရင္းလြယ္အိတ္ထဲကတစ္ခုခုကိုထုတ္လို႔ သူ႕လက္ထဲထည့္လာတယ္။
"....."
ဘာလဲ... ဒါက သူေစာေစာကေပးလိုက္တဲ့ ေခ်ာကလက္ေဝဖာေလ..
ဒါကိုျပန္ေပးတာလား
သူေၾကာင္ၿပီးေမာ့ၾကည့္လိုက္တယ္။
"ဒါက ကြၽန္ေတာ္ေပးထားတာႀကီးေလ.."
"မင္းကိုယ့္ကိုေပးထားတာဆိုေတာ့ ကိုယ့္အပိုင္ ျဖစ္သြားၿပီေလ... ကိုယ္ပိုင္တာကို မင္းကိုေပးတာ ဘာမွားလို႔လဲ.."
"အာ..."
ဒါလည္း ဟုတ္တာပဲ..
"ေလာေလာဆယ္ကိုယ့္မွာ ဒါပဲရွိတယ္"
အဲ့ဒီေခ်ာကလက္ေဝဖာထုတ္ကေလးကို ဝမ္ရိေပၚ ဆုပ္ကိုင္မိတယ္..
"ဟုတ္.."
ဘယ္လိုအရာျဖစ္ျဖစ္ အကို႔လက္နဲ႕ေပးမွေတာ့ တန္ဖိုးျမင့္တက္ၿပီးသားပဲေပါ့...
"ကဲ.. ဒီေန႕ေတာ့ ဒီေလာက္ပဲ... ေနာက္ရက္မွဆက္တာေပါ့..."
သူ႕အေတြးမဆုံးေသး...
ျမန္ဆန္တဲ့အကို႔ေက်ာျပင္က အခန္းတံခါးပိတ္သံနဲ႕အတူ အျပင္ေရာက္သြားၿပီ...
သစ္သားၿခံတံခါးေလးကိုဖြင့္လို႔ထြက္သြားတဲ့အကို႔ကို ျပတင္းတံခါးေလးအသာလွပ္လို႔လွမ္းေငးမိတယ္။
အျပင္မွာေမွာင္ေနၿပီ...
ဒါေပမဲ့ ဒီလူအတြက္ေတာ့ သိပ္ကိုသမာရိုးက်တဲ့ အိမ္ျပန္ခ်ိန္ေတြပဲထင္ရဲ႕....
အကို႔ကို အိမ္ျပန္လိုက္ပို႔ေပးနိုင္မဲ့တစ္ေန႕ေတာ့ ေရာက္လာလိမ့္မယ္ေမ်ာ္လင့္ရတာပဲ...
.
.
အကိုက ၾကည့္ေကာင္းလိုက္တာ..
တီရွပ္အျဖဴ ဂ်င္းေဘာင္းဘီအျပာႏုေလးနဲ႕ ရွပ္အကြက္ခပ္ပြပြေလးကိုဝတ္ထားတယ္။
အနက္ေရာင္ေက်ာပိုးအိတ္ကေတာ့ မပါမျဖစ္..
အကိုက သိပ္ရိုးရွင္းတာေပါ့...
လမ္းေလ်ာက္ေနရင္းတစ္စုံတစ္ေယာက္ကိုလွမ္းရယ္ျပတယ္။
ထြက္ေပၚလာတဲ့ ယုန္သြားျဖဴျဖဴေလးနဲ႕ ေကြးတက္သြားတဲ့မ်က္အိမ္ေတြက ခ်စ္စရာအတိ..
မသိလိုက္ မသိဘာသာ လိုက္ရယ္မိေအာင္စိတ္က ေစစားၿပီးသား...
ထိုအခိုက္ သူ႕ေရွ႕က ေက်ာင္းသူအမတစ္ေယာက္ျဖတ္သြားေတာ့ သူ႕ကိုၾကည့္ရင္းၿပဳံးျပတယ္။
"အမ္"
သူေၾကာင္အစြာျပန္ၾကည့္မိေတာ့ ေနာက္တစ္ႀကိမ္ေတာင္ရယ္ျပသြားေသးတယ္။
အဲ... အဟုတ္ရယ္ေနတာ သူ႕ကို...
သူဝတ္ထားတဲ့ အထက္တန္းေက်ာင္းဝတ္စုံကိုေတာင္ ရွက္ကိုးရွက္ကန္း ငုံ႕ၾကည့္လိုက္မိတယ္။
"ဝမ္ရိေပၚ... ဘယ္လိုလုပ္ဒီကိုေရာက္ေနတာလဲ.."
အသံၾကားရာျပန္ၾကည့္မိေတာ့ အကို႔မ်က္ႏွာ သူရွိရာဘက္ကိုလွည့္ေနတယ္... သူ႕ကို ျမင္သြားၿပီပဲ ...
အကို႔အၿပဳံးေတြ ဘယ္ေရာက္သြားတာလဲ...
သူ႕ဆီကိုေလ်ာက္လာတဲ့အကိုက မရယ္ေတာ့ပါလား...
"ဒီအတိုင္း.."
သူနဲ႕ရွင္းယီ တကၠသိုလ္ဝန္းထဲေရာက္ေနတာ...
ရွင္းယီရဲ႕အမကို စာတမ္းဖိုင္တစ္ခုလာေပးတာ...
တိုက္တိုက္ဆိုင္ဆိုင္ ဒီမွာတက္ေနတဲ့အကို႔ကိုပါ လွမ္းေတြ႕မိျခင္းျဖစ္တယ္။
"အခုက အတန္းတက္ေနရမဲ့အခ်ိန္မဟုတ္ဘူးလား... မင္းဘာေတြလုပ္ေနတာလဲ... "
"ကြၽန္ေတာ့္သူငယ္ခ်င္းကို လိုက္ကူတာ.."
မလွမ္းမကမ္းမွာ ရွင္းယီကသူ႕အမနဲ႕ စကားေျပာေနတုန္း...
သူျပလိုက္ေတာ့ အကိုကလွမ္းၾကည့္တယ္။
အကို႔မ်က္ခုံးတန္းေတြ တြန့္ခ်ိဳးသြားတယ္။
တစ္ခုခုကို သေဘာမက်သလိုမ်ိဳး...
သူဒီေရာက္ေနတာ မႀကိဳက္ဘူးလား...
"အကိုက ကြၽန္ေတာ့္ကိုေတြ႕တာ မေပ်ာ္ဘူးလား.."
သူကေတာ့ ေပ်ာ္ေနတာကို..
"ဘာကိုေပ်ာ္ရမွာလဲ.. အခုခ်ိန္က ဒီေနရာမွာမင္းရွိေနရမွာမဟုတ္ဘူး...
မင္းရဲ႕စာသင္ခန္းထဲမွာ ရွိေနရမွာေလ..."
"ကြၽန္ေတာ္တို႔ ကိစၥရွိလို႔ ခဏလာတာ"
"အထက္တန္းေက်ာင္းသားက ဒီေနရာမွာဘာကိစၥရွိမ်ားရွိေနလို႔လဲ... အတန္းလစ္ၿပီး ဒီလိုလာတာမ်ိဳးကို ကိုယ္မႀကိဳက္ဘူး..."
ဝမ္ရိေပၚ စိတ္ထဲတစ္ခက္ေအာင့္သက္သက္ျဖစ္သြားတယ္။
ေသခ်ာလည္း မေမးပါပဲ ေျပာခ်င္ရာေျပာေနေတာ့တာပဲ...
"အကို႔အျမင္မွာ ကြၽန္ေတာ္ဘာလုပ္ေနတယ္ ထင္လို႔လဲ"
ဟုတ္တယ္။ ဘာလုပ္ေနလို႔ ဒီလိုပုံစံလာေျပာေနရသလဲ..
"ေဟး..ဝမ္ရိေပၚ.."
တစ္ဖက္မွာ စကားေျပာၿပီးသြားတဲ့ ရွင္းယီကလည္း သူ႕ဆီေလ်ာက္လာတယ္။
လာရင္းနဲ႕ ျဖတ္သြားျဖတ္လာ တကၠသိုလ္ေက်ာင္းသူေတြကိုလွမ္းငမ္းလိုက္ေသးတယ္။
"အခုခ်က္ခ်င္း ျပန္ေတာ့ ဝမ္ရိေပၚ... ေနာက္တစ္ခါ ဒီပုံစံနဲ႕ဒီေနရာမွာ ထပ္မျမင္ခ်င္ဘူး.. "
ဒီတစ္ခြန္းပဲေျပာၿပီး ခ်ာကနဲလွည့္ထြက္သြားတဲ့အကိုက မ်က္ႏွာရွစ္ေခါက္ခ်ိဳးနဲ႕... ဘာလဲ..
သူ ဘာအမွားမ်ားလုပ္မိလို႔လဲ..
"ေဟးး ဘယ္သူႀကီးလဲ..."
"ဘယ္သူမွမဟုတ္ဘူး ျပန္္မယ္"
သူလည္း ထြက္လာေတာ့ ရွင္းယီက အကိုသြားရာဘက္ကိုလွည့္ၾကည့္လွည့္ၾကည့္နဲ႕ ေနာက္ကလိုက္လာတယ္။
"အဲ့တာ မင္းရဲ႕ ဂိုက္အကိုႀကီးဟုတ္တယ္မလား.."
"ဂိုက္မဟုတ္ဘူး.. မင္းဘာျဖစ္ေနတာလဲ
ငါဘယ္ႏွစ္ႀကိမ္ေျပာေနရမွာလဲ.."
"ဟ ဒါေလးေမးတာ ေဒါသထြက္စရာလား.."
ေဒါသထြက္တယ္။
ဘားေတြ ကလပ္ေတြသြားေနတာလည္းမဟုတ္ပဲ တကၠသိုလ္ဝန္းထဲေရာက္လာ႐ုံေလးကို မဟုတ္တာလုပ္ထားသလိုစိတ္ဆိုးျပေနတယ္။
လာၿပီး အမိန့္ေပးေနေသးတယ္။
မ်က္ႏွာႀကီးဒီေလာက္ပ်က္ေနရေအာင္ သူနဲ႕ေတြ႕တာ ဒီေလာက္စိတ္ပ်က္စရာေကာင္းေနလို႔လား..
ဘယ္သူက မဟုတ္တာလုပ္ေနမွာလဲ..
လုပ္မဲ့လုပ္ ခင္ဗ်ားကမွလုပ္ဦးမယ္။
ဘာေတြမလုံမလဲျဖစ္ေနတာလဲ...
သူ႕ကိုစာသင္ေပးေနတာကို လူသိမွာစိုးေနတာလား..
ဘယ္သူက သူ႕ကိုတမင္လာၾကည့္မွာမို႔လို႔လဲ..
သည္းေနလိုက္တာ..
မုန္းစရာေကာင္းတဲ့ ေရွာင္းက်န့္...
ေဒါသစြက္ေနတဲ့ ဝမ္ရိေပၚရဲ႕ေျခလွမ္းကို ရွင္းယီလိုက္မမွီ..
"ေစာင့္ဦးေလ ဝမ္ရိေပၚ"
.
.
ေနာက္တစ္ရက္ညေနမွာ အကိုနဲ႕ထပ္ေတြ႕ျပန္တယ္။
သူတို႔ရပ္ကြက္ထိပ္က ဝက္နံရိုးစြပ္ျပဳတ္ဆိုင္မွာ..
"အ..."
ေမ့ၿပီး ေခၚမိေတာ့မလို႔...
ဒီလူကိုစိတ္ဆိုးေနတာကို...
မသိသလိုလုပ္ၿပီး သူေကာင္တာဘက္တိုးသြားလိုက္တယ္။
အကိုက သူ႕ကိုတစ္ခ်က္ၾကည့္တယ္။
သူမသိသလိုလုပ္ေနတာကို ဒီလူဂ႐ုစိုက္ေနမယ္ထင္ပါသလား... လုံးဝပါပဲ..
မေနနိုင္တဲ့သူက ျပန္လွည့္ၾကည့္မိေပမဲ့ ဆိုင္အျပင္ထြက္သြားတဲ့ ေက်ာျပင္ကိုသာျမင္ရတယ္။
တစ္ခ်က္ေတာင္ျပန္မၾကည့္...
အဆင္ေျပရဲ႕လားလို႔လည္း တစ္ခြန္းမေမးဘူး..
အကိုက သူ႕နဲ႕ပတ္သတ္ရင္ စိတ္ကိုမဝင္စားဘူး..
.
.
သူ႕မွာစိတ္ဆိုးရလည္း ေခ်ာ့မဲ့သူမရွိေတာ့ သူ႕ဘာသာျပန္ေျပရတာပါပဲ..
လ်စ္လ်ဴရႈခံရတဲ့ေန႕စြဲေတြက သိပ္ေတာ့မလွပဘူး.
လည္ျပန္ၾကည့္ရင္ ဒါေတြက အမွတ္ရစရာျဖစ္နိုင္သလား မသိေပမဲ့ သူကေတာ့ သတိတရမွတ္ထားျဖစ္တယ္။
အကိုကေတာ့ ဘာမွမွတ္မိမယ္မထင္ပါဘူး..
ေနာက္ပိုင္းရက္ေတြလည္း လမ္းမွာဆုံပါတယ္။
သူႏုတ္ဆက္တာေတာင္ ေခါင္းေလးတစ္ခ်က္ၿငိမ့္႐ုံၿငိမ့္ျပၿပီး မ်က္ႏွာလြဲသြားတယ္။
တစ္ခါတစ္ေလ ထိပ္တိုက္ေတြ႕တာေတာင္ သူ႕ကိုမျမင္ဘူး။
သူ ေငးၾကည့္ေပမဲ့ ေရွာင္ဖယ္သြားတာပါပဲ...
သြားရတဲ့လမ္းေတြတူေနတာေတာင္ သူနဲ႕အတူယွဥ္ယွဥ္တြဲလမ္းေလ်ာက္တာ မရွိဘူး...
ေျခလွမ္းက်ယ္က်ယ္လွမ္းလို႔ သူ႕ကို ထားရစ္ခဲ့တာခ်ည္း...
သူအေျပးႏုတ္ဆက္မွ လည္ျပန္ႏုတ္ဆက္ၿပီး သူတစ္ခုခုေမးမွ ျပန္ေျဖ႐ုံေလာက္...
စာသင္ခ်ိန္ေတြဆိုလည္း စာကလြဲၿပီး ဘာစကားမွ မေျပာေတာ့ဘူး..
သိိသိသာသာေရွာင္ဖယ္လာတယ္လို႔ ခံစားရတယ္။
ေႏြးေထြးတဲ့အကိုက အရင္က ဒီလိုမွမဟုတ္ပဲ..
ဘာေၾကာင့္မ်ား သူ႕အေပၚ ဒီေလာက္ေအးစက္သြားရသလဲ......
.
.
ေက်ာင္းဆင္းတာနဲ႕ ဆူညံသံတို႔က ကြၽတ္စီကြၽတ္စီ... တိုးလို႔ ေဝွ႕လို႔...
ေက်ာင္းရဲ႕ ကိုယ္စားျပဳအသင္းဝင္ျဖစ္သြားၿပီျဖစ္တဲ့ရွင္းယီက ေလ့က်င့္ေရးေၾကာင့္ သူနဲ႕အိမ္အတူမျပန္နိုင္ေတာ့ဘူး။
ဝါသနာကို အေကာင္အထည္ေဖာ္နိုင္ၿပီမို႔ ရွင္းယီအတြက္ ဝမ္းသာရေပမဲ့ သူ႕ေန႕ရက္ေတြကေတာ့ ပိုၿပီးအထီးက်န္လာသလိုပဲ...
သူ ဒီရက္ပိုင္း နည္းနည္းေလးေတာင္ ၿပဳံးရယ္ခ်င္စိတ္မရွိဘူး....
ေက်ာင္းဆင္းခ်ိန္က ေ႐ႊေရာင္သမ္းလို႔ပါပဲ...
တစ္ေယာက္တည္းျဖတ္သန္းရဦးမဲ့ ေ႐ႊေရာင္အိမ္ျပန္ခ်ိန္ေတြက နားၾကပ္တစ္စုံနဲ႕ သီခ်င္းအခ်ိဳ႕နဲ႕...
လမ္းေပၚ ယာဥ္ေတြျဖတ္ေျပးသြားတာကို အဓိပၸါယ္မဲ့ေငးၾကည့္မယ္...
ေကာင္းကင္ေပၚ ပ်ံသန္းသြားတဲ့ ငွက္တစ္အုပ္ကို လိုက္ၾကည့္ခ်င္လည္းၾကည့္မယ္...
ဒါမွမဟုတ္ အိမ္အထိ ေျခလွမ္းဘယ္ႏွစ္လွမ္းရွိမလဲ ေရတြက္ခ်င္လည္း ေရတြက္မိမယ္...
ေတာင္စဥ္ေရမရတဲ့ အေတြးေပါင္းမ်ားစြာနဲ႕ ေန႕စဥ္ျဖစ္ရပ္ေတြက သိပ္မထူးျခားဘူးရယ္...
အေျပာင္းအလဲမရွိ ေငးေနရတဲ့ေန႕ေတြ ျဖစ္ေနတုန္း...
ေက်ာင္းေပါက္ဝကေန ခ်ိဳးေကြ႕ၿပီး ပလပ္ေဖာင္းေပၚေျခခ်ေတာ့ လူတစ္ေယာက္ကို ထပ္ၿပီးျမင္ျပန္တယ္...
"...."
မျမင္ခ်င္ဟန္ေဆာင္ၿပီး အိမ္တန္းတန္းျပန္ဖို႔ ေတြးေသးတယ္။
ဒါေပမဲ့ ျမင္ရတာ အဆင္မေျပ...
ဒီအတိုင္းေက်ာ္တက္သြားဖို႔ စိတ္ကူးေပမဲ့ သူအရမ္းကို တစ္ကိုယ္ေကာင္းဆန္ရာေရာက္သြားမလား...
ေရစက္ဆုံရင္ေရွာင္ရခက္တယ္ဆိုတာ အမွန္ပဲ...
သူ႕ေျခလွမ္းေတြက အဲ့ဒီတစ္ေယာက္အနားေရာက္လာတယ္...
လ်စ္လ်ဴရႈၿပီး ေက်ာ္တက္သြားဖို႔ရာ သူ႕စိတ္အခံကမလုပ္နိုင္ဘူး...
အဲ့ဒီတစ္ေယာက္ဆိုတာ သူတို႔ရဲ႕ အတန္းေခါင္းေဆာင္လ်န္ခ်ိဳးဟြာရယ္ပါ...
စည္းေႏွာင္ထားတဲ့ စာအုပ္ေတြအထပ္လိုက္ကို မနိုင္မနင္းမလို႔ တစ္ေ႐ြ႕ေ႐ြ႕သြားေနတဲ့ သူမက ေျခလွမ္းေတြေတာင္ယိုင္ခ်င္ခ်င္နဲ႕...
ေလပူတစ္ခ်က္ ေလထဲလြင့္သြားတယ္...
အျမင္မေတာ္ေတာ့တာမို႔ သူမလက္ထဲက စာအုပ္ထပ္ေတြကို ဆြဲယူလိုက္တယ္။
"ဟမ္"
အာေမဠိတ္သံနဲ႕အတူ သူ႕ဆီကိုေရာက္လာတဲ့ စူးစမ္းတဲ့အၾကည့္တစ္စုံ...
ထိုမွတစ္ဆင့္ အံၾသျခင္းသို႔....
"ဝမ္ရိေပၚ??"
"ဒီတစ္ႀကိမ္ေရာ ဘယ္ပို႔ရဦးမွာလဲ.."
သူ႕ရဲ႕အေမးစကားအဆုံး သူမက အနည္းငယ္ေၾကာင္အသြားသလို...
"အာ.... ဟို... ဆရာခ်န္ဆီ.."
အလိုမက်ျခင္းတို႔က ေခါင္းထဲဝင္လာတယ္။
အတန္းေခါင္းေဆာင္ျဖစ္တယ္ဆိုတဲ့ တာဝန္အေပၚတစ္ခါတစ္ေလ ဆရာေတြက အဲ့ဒီလိုခိုင္းေစတက္တယ္...
လ်န္ခ်ိဳးဟြာက ဆရာေတြကို ျငင္းဆိုတက္တဲ့လူစားမ်ိဳးမဟုတ္...
ဒါေၾကာင့္ သူမကို ေက်ာင္းသားအခ်ိဳ႕က မုန္းၾကတယ္။
ဆရာေတြနားကပ္ၿပီး အဆင့္ေတြရယူေနတယ္လို႔ ေျပာဆိုၾကတာၾကားဖူးတယ္။
"ဒီေလာက္မနိုင္မနင္းနဲ႕..."
ဆရာဆိုတဲ့လူက ေက်ာင္းသားကို ဘယ္လိုေတာင္ခိုင္းရသလဲ...
မိန္းကေလးတစ္ေယာက္ကို ကိုယ္ခ်င္းမစာမနာ..
သူငုံ႕ၾကည့္ၿပီးေျပာေလေတာ့ သူမ မ်က္ႏွာကိုတစ္ဖက္သို႔လႊဲသြားတယ္။
ရွက္႐ြံ႕သြားသလိုမ်ိဳး...
"အစက အေဖာ္တစ္ေယာက္ပါေသးတယ္... သူေနမေကာင္းဘူးဆိုလို႔..."
"ေၾသာ္..."
ရည္႐ြယ္ထားတဲ့ သူ႕ရဲ႕အိမ္ျပန္လမ္းက နည္းနည္းလြဲသြားတယ္...
အတန္းေခါင္းေဆာင္ကိုကူညီရင္း ေနဝင္ခ်ိန္က အလွ်င္အျမန္ပဲေရာက္ရွိသြားရဲ႕...
ဆရာခ်န္အိမ္ကို စာအုပ္ေတြပို႔ၿပီး ျပန္ထြက္လာေတာ့ ေမွာင္လုၿပီ..
ကူညီလက္စနဲ႕ မထူးေတာ့တာမို႔ သူမကို ဘတ္စ္ကားမွတ္တိုင္အထိ လိုက္ပို႔ေပးလိုက္ေသးတယ္။
လမ္းတစ္ေလ်ာက္ ႏွစ္ေယာက္လုံးစကားသိပ္မေျပာျဖစ္ဘူး...
လ်န္ခ်ိဳးဟြာက ကားေပၚတက္ခါနီး သူ႕ကိုၿပဳံးျပလို႔ ေက်းဇူးတင္ေၾကာင္း ေျပာသြားေသးတယ္။
တစ္ေယာက္စာ ေျခလွမ္းေတြက ထပ္ၿပီးတိတ္တိတ္ဆိတ္ဆိတ္....
ဒီေန႕ အိမ္ျပန္မိုးခ်ဳပ္တယ္...
ၿပီးေတာ့.... ဒီေန႕က အကိုလာမဲ့ရက္ မဟုတ္ဘူး....
နားၾကပ္ထဲမွာ စီဆင္းေနတဲ့ သီခ်င္းသံတို႔က ခပ္ေဖ်ာ့ေဖ်ာ့...
(And you never how
မင္းက လုံးဝကို သတိမထားခဲ့..
I stare when we're alone
ငါတို႔ႏွစ္ေယာက္တည္းရွိခ်ိန္ဆို ဘယ္ေလာက္ေတာင္ေငးၾကည့္ခဲ့ရလဲ...
Or wonder why I keep you on the phone
မင္းရဲ႕ ပုံေတြ ဘာလို႔ဖုန္းထဲသိမ္းထားလည္းဆိုတာ...
I've made it obvious
ငါသိသာေအာင္ ေနခဲ့ပါတယ္
I've done everything but say it
ဖြင့္ေျပာတာကလြဲ အကုန္လုပ္ခဲ့တယ္...
(i've crushed on ya so long, .....
မင္းကိုခ်စ္ေနခဲ့တာ အရမ္းၾကာေနၿပီ.......)
"က်စ္"
ထြက္သြားစမ္းပါလား...
ျဖစ္နိုင္ရင္ ေခါင္းထဲက ဆြဲထုတ္ပစ္ခ်င္တယ္။
ေတာ္ပါေတာ့လို႔ ေအာ္ေျပာလိုက္ခ်င္တယ္။
အေရးမပါတဲ့ေန႕ရက္ေတြကို တျဖည္းျဖည္းနဲ႕ စိတ္ကုန္ခ်င္လာတယ္...
သူဟာ ဒီကမာၻမဟုတ္တဲ့ တျခားကမာၻမွာ ရွင္သန္သင့္တယ္လို႔ထင္တာပဲ....
Song : Westlife - Obvious
----------------------------------