(Unicode)
ခွန်းခက်ပိုင် စကားကြားတော့ စိုင်းမင်းခ အနောက်သို့အနည်းငယ် ယိုင်မိပါ၏။
စိုင်းမင်းခ ခွန်းခက်ပိုင်လက်ကို အေးစက်သောလက်များဖြင့် ဆုပ်ကိုင်လိုက်ပြီး စိတ်ပူသောမျက်ဝန်းများနဲ့ မေးလိုက်တော့သည်။
"မာမားရော"
"အန်တီကတော့ အကုန်အဆင်ပြေပါတယ်"
"ဘဲကြီး ကျွန်တော့်ကို
မြန်မာပြည် ပြန်ပို့ပေးပါ ကျွန်တော်သိတယ်
မာမားတစ်ယောက်တည်း အဆင်ပြေမှာမဟုတ်ဘူး ဆိုတာ ဟင့်....... သူ သူအကိုကြီးတုန်းကလဲ
ခံစားပြီးပြီ ကျွန်တော့်တုန်းကလဲ သူခံစားခဲ့ပြီးပြီ အခုပါပါးကပါ သူ့နားမှာမရှိတော့တာကိုသိရင် ဟင့်အင်း ဘဲကြီး ကျွန်တော့်ကိုပါ မြန်မာကိုခေါ်သွားပေးပါ နော် ကျွန်တော် မာမားကိုတစ်ယောက်တည်းဟင့်......ဘဲကြီး....အင့်..."
ခွန်းခက်ပိုင် စကားတွေပြောရင်းငိုလာတဲ့
ကောင်လေးကို ရင်ခွင်ထဲထည့်ကာ ကျောပြင်အနောက်ထက်ကိုလဲ လက်လေးနဲ့ပွတ်ကာ
နှစ်သိမ့်ပေးလိုက်တော့၏။
စိုင်းမင်းခ အဖေဖြစ်သူထက် မာမားကိုသာ စိတ်ပူမိပါ၏။မာမားကအစတည်းက နှလုံးရောဂါအခံရှိတဲ့သူ။
"စိတ်လျှော့စိုင်း အန်တီ့ကို Uncle ကိစ္စ
မပြောရသေးဘူး"
"ဘဲကြီးသိလား ကျွန်တော်မာမားက စိတ်အရမ်းငယ်တတ်တာ "
"အင်း ကိုယ်သိပြီ"
စိုင်းမင်းခ ထိုစကားကိုသာတဖွဖွလေးပြောရင်း
ခွန်းခက်ပိုင် ရင်ခွင်ထဲ မျက်နှာအပ်ကာ အကြိမ်ကြိမ်ငိုမိပါ၏။
ခဏအကြာနေတော့ ခွန်းခက်ပိုင် စိုင်းမင်းခကိုအခန်းထဲမှာအိပ်ခိုင်းလိုက်ပြီး မြန်မာပြည်ပြန်ဖို့အတွက် ပြင်ဆင်လိုက်တော့၏။အိပ်ပျော်သွားတဲ့ကောင်လေးက တစ်ခါတစ်ခါထယောင်တတ်သေးသည်။
"မာမားနားမှာ ကျွန်တော်ရှိတယ်" တဲ့လေ။
ထိုစကားအဆုံး ခွန်းခက်ပိုင် စဥ်းစားမိသည်က
ပတ်ဝန်းကျင်စကားတွေကြောင့် ထိုကောင်လေးကိုအဲ့အသိုင်းဝိုင်းထဲက ဆွဲခေါ်ခဲ့မိတာဟာ မှားများမှားသွားသလားလို့ပေါ့။
!တီ တီ!
"ဟဲလို မင်းဝေ ပြော"
" ဆရာ "
"အေး"
"ဦးစိုင်းနောင် လွတ်သွားပြီ ဆရာ "
"ဟမ်"
"စခန်းမှူးက ဒီတိုင်းလွတ်ပေးလိုက်တယ်လို့ပြောတယ် ဆရာ Uncle ကလဲ အနောက်ကနေငွေလိုက်ထားတော့ အဆင်ပြေသွားတယ်ထင်တယ်"
"အင်း အဲ့တာဆို အကုန် Cancel လိုက်တော့
ငါပြန်မလာတော့ဘူး"
!တီ...!
ချသွားတဲ့ ဖုန်းကို မင်းဝေ ကြည့်ကာ သက်ပြင်းသဲ့သဲ့လေးသာချလိုက်ပြီး တစ်ချက်ပြုံးကာ....
"ဟုတ်ကဲ့ပါ ဆရာ"
.
.
.
.
"ဘဲကြီး ပါပါးအခြေနေ"
"နိုးပြီလား မင်းပါပါးကိုစိတ်ပူမနေနဲ့တော့ သူလွတ်သွားပြီ"
"ဗျာ"
စိုင်းမင်းခ ဗျာ တစ်ခွန်းသာ။ ဘယ်လိုလွတ်သွားလဲဆိုတာကိုတော့ သူမမေးတော့ပါ။ သူ့အရှေ့ကသူကို သူယုံကြည်ပါသည်။
" ရော့ဆန်ပြုတ်လေးသောက်ပြီး
ဆေးသောက်လိုက် မင်းညက အဖျားတွေတက်ထားတာ "
"မာမားနဲ့ဖုန်းပြောချင်တယ်"
"အင်း မင်းဆန်ပြုတ်သောက်ထား
ကိုယ်မင်းဖုန်းသွားယူပေးမယ်"
စိုင်းမင်းခ ခေါင်းသာတစ်ချက်ငြိမ့်ပြလိုက်ပြီး
အရသာရှိပေမယ့် အရသာမတွေ့သောဆန်ပြုတ်ကိုနှစ်ဇွန်းလောက်သောက်ပြီး ဆေးသောက်ကာ
တစ်ဖက်ကိုပြန်လှဲနေလိုက်တော့၏။
"ရော့ "
ဖုန်းရတာနဲ့ စိုင်းမင်းခ Messenger ထဲဝင်ကာ
မာမားဆိုသော Nn လေးရေးထားတဲ့ Acc လေးကို ဖုန်းခေါ်လိုက်တော့၏။
"ဟဲလို"
"ဟဲလို စိုင်း ပြော....."
Audio ကနေကြားလိုက်ကတဲ့ အသံ။စိုင်း ဆိုတဲ့အသံက စိုင်းမင်းခကိုအံ့သြမှုအတိ။ဘေးနားက ခွန်းခက်ပိုင်ကတော့ ဆန်ပြုတ်ပန်းကန်မှာသာ
စိတ်ရှိနေတော့၏။
"အကိုကြီးလား "
"အေး
မင်းအဲ့ဂျပန်မှာ အဆင်ရောပြေရဲ့လား
ငါညီတို့ကတော့ပိုင်တယ်နော် တစ်ခါတည်းစေ့စပ်ပြီး တန်းကိုပါသွားတော့တာဘဲ"
"ဟားဟား.....မဟုတ်တာ အကိုကြီးရာ
သဘော်ကဘယ်တော့ပြန်ထွက်ရမှာလဲ"
"မသေချာသေးပါဘူး ဒီတစ်ခါပြန်လာတာက
မိန်းမယူဖို့လေ မာမားကိုချွေးမလေးတစ်ယောက်လောက် ရှာပေးသွားမလို့ "
"ဟုတ်လား ဘယ်သူလဲပြောပါအုန်း"
"မင်းရဲ့ငယ်ချစ်ကြီးလေ"
"ဗျာ....."
"အဲ့တာဆို အဲ့နေ့က Anni က"
"အေး "
"ငယ်ချစ်လို့တော့ မပြောပါနဲ့အကိုကြီးရာ
အစတည်းက သူနဲ့ကျွန်တော်ကသူငယ်ချင်းကို ထင်တော့ထင်တယ် လှေတစ်ခါဝင်တိုင်း အိမ်ကနေမခွာတော့တာ အဲ့တာကြောင့်ကို"
"ကလေးမကိုကွာ "
"အခုကရော"
"အခုကစေ့စပ်မှာ နောက် ၅ နှစ်လောက်နေရင်တော့ လက်ထပ်မယ်"
"ကောင်းပါတယ် သူလဲငယ်သေးတာဘဲကို"
"ဟုတ်တယ်"
"ဒါနဲ့ ပါပါးကိစ္စကို....."
စိုင်းမင်းခ ပြောနေရင်းအသံလေးဝင်သွားတော့
စိုင်းစစ်မင်းက ဝင်ထောက်ကာပြောသည်။
"အင်းသိပြီးပြီ အခုတော့ မာမားနားမှာ
ကပ်ချွဲနေတယ်"
"မာမားပျော်ရင်ရပါပြီ"
"ဒါပေမယ့် စိုင်း...."
"ဟုတ်ကဲ့ အကိုကြီး "
"မာယာနွယ်က မင်းကိုလက်လျှော့မယ်
မထင်ဘူး"
"ဟမ်"
"မနေ့က သူငါ့ကိုလာတွေ့တယ် Uncle ကိုလွတ်အောင်လုပ်ပေးထားတယ်တဲ့ ဒီမြို့မှာသူ့အဖေကအကြီးဆုံးတော့ သူ့အဖေတစ်ခွန်းဘဲ သူ့အဖေကလဲ သူ့သမီးကိုသိပ်ချစ်တာကွ စကားတစ်ခွန်းနဲ့တင် အဖေလွတ်လာတာကိုကြည့် ပြီးတော့ အဲ့နေ့ညက ကိစ္စအတွက် စိုင်းကိုတောင်းပန်ပါတယ်တဲ့ ငယ်တဲ့လူတစ်ယောက်ကို ပစ်မှားမိတဲ့အတွက်ရောတဲ့ ဒါပေမယ့်အခုကလဲစေ့စပ်ထားတာဆိုတော့ သူ့အတွက်အခွင့်ရေးရှိသေးတယ်မလားတဲ့ သူလက်မလျှော့ဘူးတဲ့ ငါ့ကိုအဲ့လိုပြောသွားတယ်"
"လက်မလျှော့ဘူးပြောရအောင် အဲ့မိန်းကလေးက ကိုယ်နဲ့စေ့စပ်ထားတဲ့သူကို ဘာတွေများထပ်လုပ်ချင်သေးလို့လဲ"
"ဘဲကြီး...."
စိုင်းမင်းခက တစ်ဖက်ကလူပြောတာကိုနားထောင်နေတုန်း ခွန်းခက်ပိုင်က ဖုန်းလုကာ
ထပ်ပြောလိုက်တော့၏။
"မင်းကသူ့အကိုထင်တယ်
နောက်မှဖုန်းဆက်လို့ရမလား
စိုင်းမင်းခ နေသိပ်မကောင်းလို့ ပြီးတော့အခုထိလဲဆန်ပြုတ်ကိုကုန်အောင် မသောက်ရသေးဘူး"
"ဗျာ....."
"အားနာပေမယ့် နောက်မှဘဲ ပြန်ခေါ်ပေးပါ"
!တီ....!
"သားကြီး ဘယ်သူလဲ"
"စိုင်းမင်းခ မာမား"
"မာမားကိုတောင် မပြောသွားဘူး
ပေး ပြန်ခေါ်ကအောင် ဒီကိုဖုန်းပေး"
"နောက်မှဘဲ ခေါ်လိုက်ပါမာမားရာ
အခုချိန်ခေါ်ရင် ဟိုဘက်ကလူတစ်ယောက်က
သူ့ဖုန်းကိုပေါက်ခွဲလိမ့်မယ် ဟားဟား...."
"စိုင်းစစ်မင်း အမေကိုနားလည်အောင်ပြောစမ်း"
"ထားလိုက်ပါတော့ မာမားရာ မာမားရဲ့လူကြီးနဲ့ရော အဆင်ပြေသွားပြီလား"
"မေရေ ဒီမှာမေ့အတွက် စံပယ်ပန်း ဆွဲကြိုးလေးကိုယ်လုပ်လာတယ်"
စိုင်းစစ်မင်းကတော့ အရှေ့မှာလာ Ro ပြနေတဲ့
အတွဲကို ပိုကိုပိုတယ်ဆိုတဲ့အကြည့်နဲ့ကြည့်ကာ
ဂျပန်ကအတွဲကိုလဲ အဆင်ပြေပါစေလို့သာ
ဆုတောင်းမိတော့၏။
**************
"ဘဲကြီး ဒါဘာလုပ်တာလဲ"
"ကိုကို"
"ဗျာ"
"မင်းကိုထူးခိုင်းနေတာ မဟုတ်ဘူး
ကိုယ့်ကို ကိုကိုလို့ခေါ်လို့ပြောတာ
မင်း ဘဲကြီးဘဲကြီးနဲ့ ကိုယ့်ကို ဘဲများ
မှတ်နေသလား"
"ဘဲကိုမှ ဘဲကြီးလို့ခေါ်တာမှမဟုတ်တာ
ဒါပေမယ့်လဲ ရပါတယ် ဘဲကြီးက ကိုကိုလို့ခေါ်သံလေးကို ကြားချင်တော့လဲ ကိုကိုလို့ခေါ်ပေးရမှာပေါ့"
"စိုင်း"
"ဗျာ"
"ဆန်ပြုတ်သောက်"
"ကျွန်တော်အရသာမတွေ့လို့"
"မင်းဘာစားချင်လဲ"
"ဟိုဟာ......"
စိုင်းမင်းခက စနောက်ကာ ခွန်းခက်ပိုင်ရဲ့အောက်ပိုင်းကို ကြည့်လိုက်တော့သည်။
"ဘာကိုကြည့်နေတာလဲ"
"ဟီး....စတာပါ ဘဲ....ဟီး....မှားလို့ ကိုကို"
"အခန်းပြန်တော့"
"တန်းကိုနှင်တော့တာဘဲ"
"မင်း ဒီမှာဆက်ရှိနေရင် မင်းကို ကိုယ်ဘာလုပ်မိမလဲမသိဘူး"
စိုင်းမင်းခက အူတူတူလေးကြည့်တော့ ခွန်းခက်ပိုင်က ကုတင်ထက်ကလူကို အပေါ်ကနေအုပ်မိုးလိုက်တော့၏။
"ချစ်ဖို့ကောင်းအောင်လုပ်နေတဲ့ မျက်နှာကို
အခုချက်ချင်း ပြင်လိုက်စမ်း စိုင်း"
"ကိုကို.....အင့်....."
ခွန်းခက်ပိုင် မျက်နှာကို အရှေ့ကိုတစ်ချက်ချင်းဆီရောက်သွားလေလေ စိုင်းမင်းခမျက်နှာကပိုရဲလေဖြစ်ကာ နှာဖျားလေးကိုအထိ ' အင့် ' ဆိုတဲ့ အသံသံသဲ့သဲ့လေးသာ ထွက်လာတော့ သူ့အရှေ့ကလူက အုပ်မိုးလျက်ပင် သွားတက်လေးတွေပေါ်တဲ့အထိ ပြုံးလာကာ....
"အဟက် သူများနှုတ်ခမ်းကို ဆွဲဆွဲနမ်းတုန်းက
အဲ့လိုပုံစံမျိုးမဟုတ်ပါဘူး"
"အဲ့တာက တူမလား"
ခွန်းခက်ပိုင် စတော့ အောက်ကလူက အောက်နှုတ်ခမ်းလေးကိုထော်ကာ ပြန်ပြော၏။
"ဟူး.....ကလေးကို အပြိုင်မစတော့ဘူး
နေမကောင်းဖြစ်နေတဲ့သူက ခံနိုင်ရည်လဲရှိမယ်မထင်ပါဘူး"
ခွန်းခက်ပိုင် ပြောလဲပြော ထထိုင်လိုက်တော့
အနောက်ကလူက လက်မောင်းတစ်ဖက်ကိုကိုင်လာတော့၏။
"ကိုကို "
"...."
"ဆက်လုပ်"
"ဟမ်"
"ကျွန်တော်အသက်ပြည့်ပြီးသား ကိုကို
ကိုကိုဘက်က မစရင် ကျွန်တော့်ဘက်က
အရင်စ....အင့်....."
_____________________________
4.3.2023 ( 7:20 P.M& 9:50 P.M)
#hosy
မျှော်နေကြလား
မျှော်နေကြလား🤭🤭
ဒီအပိုင်းလေးတွေတော့အချိုလေးစားထားကြပေါ့။နောက်တစ်ပိုင်းကတော့ အဟင်း.....👀👀
(Zaw Gyi)
ခြန္းခက္ပိုင္ စကားၾကားေတာ့ စိုင္းမင္းခ အေနာက္သို႔အနည္းငယ္ ယိုင္မိပါ၏။
စိုင္းမင္းခ ခြန္းခက္ပိုင္လက္ကို ေအးစက္ေသာလက္မ်ားျဖင့္ ဆုပ္ကိုင္လိုက္ၿပီး စိတ္ပူေသာမ်က္ဝန္းမ်ားနဲ႕ ေမးလိုက္ေတာ့သည္။
"မာမားေရာ"
"အန္တီကေတာ့ အကုန္အဆင္ေျပပါတယ္"
"ဘဲႀကီး ကြၽန္ေတာ့္ကို
ျမန္မာျပည္ ျပန္ပို႔ေပးပါ ကြၽန္ေတာ္သိတယ္
မာမားတစ္ေယာက္တည္း အဆင္ေျပမွာမဟုတ္ဘူး ဆိုတာ ဟင့္....... သူ သူအကိုႀကီးတုန္းကလဲ
ခံစားၿပီးၿပီ ကြၽန္ေတာ့္တုန္းကလဲ သူခံစားခဲ့ၿပီးၿပီ အခုပါပါးကပါ သူ႕နားမွာမရွိေတာ့တာကိုသိရင္ ဟင့္အင္း ဘဲႀကီး ကြၽန္ေတာ့္ကိုပါ ျမန္မာကိုေခၚသြားေပးပါ ေနာ္ ကြၽန္ေတာ္ မာမားကိုတစ္ေယာက္တည္းဟင့္......ဘဲႀကီး....အင့္..."
ခြန္းခက္ပိုင္ စကားေတြေျပာရင္းငိုလာတဲ့
ေကာင္ေလးကို ရင္ခြင္ထဲထည့္ကာ ေက်ာျပင္အေနာက္ထက္ကိုလဲ လက္ေလးနဲ႕ပြတ္ကာ
ႏွစ္သိမ့္ေပးလိုက္ေတာ့၏။
စိုင္းမင္းခ အေဖျဖစ္သူထက္ မာမားကိုသာ စိတ္ပူမိပါ၏။မာမားကအစတည္းက ႏွလုံးေရာဂါအခံရွိတဲ့သူ။
"စိတ္ေလွ်ာ့စိုင္း အန္တီ့ကို Uncle ကိစၥ
မေျပာရေသးဘူး"
"ဘဲႀကီးသိလား ကြၽန္ေတာ္မာမားက စိတ္အရမ္းငယ္တတ္တာ "
"အင္း ကိုယ္သိၿပီ"
စိုင္းမင္းခ ထိုစကားကိုသာတဖြဖြေလးေျပာရင္း
ခြန္းခက္ပိုင္ ရင္ခြင္ထဲ မ်က္ႏွာအပ္ကာ အႀကိမ္ႀကိမ္ငိုမိပါ၏။
ခဏအၾကာေနေတာ့ ခြန္းခက္ပိုင္ စိုင္းမင္းခကိုအခန္းထဲမွာအိပ္ခိုင္းလိုက္ၿပီး ျမန္မာျပည္ျပန္ဖို႔အတြက္ ျပင္ဆင္လိုက္ေတာ့၏။အိပ္ေပ်ာ္သြားတဲ့ေကာင္ေလးက တစ္ခါတစ္ခါထေယာင္တတ္ေသးသည္။
"မာမားနားမွာ ကြၽန္ေတာ္ရွိတယ္" တဲ့ေလ။
ထိုစကားအဆုံး ခြန္းခက္ပိုင္ စဥ္းစားမိသည္က
ပတ္ဝန္းက်င္စကားေတြေၾကာင့္ ထိုေကာင္ေလးကိုအဲ့အသိုင္းဝိုင္းထဲက ဆြဲေခၚခဲ့မိတာဟာ မွားမ်ားမွားသြားသလားလို႔ေပါ့။
!တီ တီ!
"ဟဲလို မင္းေဝ ေျပာ"
" ဆရာ "
"ေအး"
"ဦးစိုင္းေနာင္ လြတ္သြားၿပီ ဆရာ "
"ဟမ္"
"စခန္းမႉးက ဒီတိုင္းလြတ္ေပးလိုက္တယ္လို႔ေျပာတယ္ ဆရာ Uncle ကလဲ အေနာက္ကေနေငြလိုက္ထားေတာ့ အဆင္ေျပသြားတယ္ထင္တယ္"
"အင္း အဲ့တာဆို အကုန္ Cancel လိုက္ေတာ့
ငါျပန္မလာေတာ့ဘူး"
!တီ...!
ခ်သြားတဲ့ ဖုန္းကို မင္းေဝ ၾကည့္ကာ သက္ျပင္းသဲ့သဲ့ေလးသာခ်လိဳက္ၿပီး တစ္ခ်က္ၿပဳံးကာ....
"ဟုတ္ကဲ့ပါ ဆရာ"
.
.
.
.
"ဘဲႀကီး ပါပါးအေျခေန"
"နိုးၿပီလား မင္းပါပါးကိုစိတ္ပူမေနနဲ႕ေတာ့ သူလြတ္သြားၿပီ"
"ဗ်ာ"
စိုင္းမင္းခ ဗ်ာ တစ္ခြန္းသာ။ ဘယ္လိုလြတ္သြားလဲဆိုတာကိုေတာ့ သူမေမးေတာ့ပါ။ သူ႕အေရွ႕ကသူကို သူယုံၾကည္ပါသည္။
" ေရာ့ဆန္ျပဳတ္ေလးေသာက္ၿပီး
ေဆးေသာက္လိုက္ မင္းညက အဖ်ားေတြတက္ထားတာ "
"မာမားနဲ႕ဖုန္းေျပာခ်င္တယ္"
"အင္း မင္းဆန္ျပဳတ္ေသာက္ထား
ကိုယ္မင္းဖုန္းသြားယူေပးမယ္"
စိုင္းမင္းခ ေခါင္းသာတစ္ခ်က္ၿငိမ့္ျပလိုက္ၿပီး
အရသာရွိေပမယ့္ အရသာမေတြ႕ေသာဆန္ျပဳတ္ကိုႏွစ္ဇြန္းေလာက္ေသာက္ၿပီး ေဆးေသာက္ကာ
တစ္ဖက္ကိုျပန္လွဲေနလိုက္ေတာ့၏။
"ေရာ့ "
ဖုန္းရတာနဲ႕ စိုင္းမင္းခ Messenger ထဲဝင္ကာ
မာမားဆိုေသာ Nn ေလးေရးထားတဲ့ Acc ေလးကို ဖုန္းေခၚလိုက္ေတာ့၏။
"ဟဲလို"
"ဟဲလို စိုင္း ေျပာ....."
Audio ကေနၾကားလိုက္ကတဲ့ အသံ။စိုင္း ဆိုတဲ့အသံက စိုင္းမင္းခကိုအံ့ၾသမႈအတိ။ေဘးနားက ခြန္းခက္ပိုင္ကေတာ့ ဆန္ျပဳတ္ပန္းကန္မွာသာ
စိတ္ရွိေနေတာ့၏။
"အကိုႀကီးလား "
"ေအး
မင္းအဲ့ဂ်ပန္မွာ အဆင္ေရာေျပရဲ႕လား
ငါညီတို႔ကေတာ့ပိုင္တယ္ေနာ္ တစ္ခါတည္းေစ့စပ္ၿပီး တန္းကိုပါသြားေတာ့တာဘဲ"
"ဟားဟား.....မဟုတ္တာ အကိုႀကီးရာ
သေဘာ္ကဘယ္ေတာ့ျပန္ထြက္ရမွာလဲ"
"မေသခ်ာေသးပါဘူး ဒီတစ္ခါျပန္လာတာက
မိန္းမယူဖို႔ေလ မာမားကိုေခြၽးမေလးတစ္ေယာက္ေလာက္ ရွာေပးသြားမလို႔ "
"ဟုတ္လား ဘယ္သူလဲေျပာပါအုန္း"
"မင္းရဲ႕ငယ္ခ်စ္ႀကီးေလ"
"ဗ်ာ....."
"အဲ့တာဆို အဲ့ေန႕က Anni က"
"ေအး "
"ငယ္ခ်စ္လို႔ေတာ့ မေျပာပါနဲ႕အကိုႀကီးရာ
အစတည္းက သူနဲ႕ကြၽန္ေတာ္ကသူငယ္ခ်င္းကို ထင္ေတာ့ထင္တယ္ ေလွတစ္ခါဝင္တိုင္း အိမ္ကေနမခြာေတာ့တာ အဲ့တာေၾကာင့္ကို"
"ကေလးမကိုကြာ "
"အခုကေရာ"
"အခုကေစ့စပ္မွာ ေနာက္ ၅ ႏွစ္ေလာက္ေနရင္ေတာ့ လက္ထပ္မယ္"
"ေကာင္းပါတယ္ သူလဲငယ္ေသးတာဘဲကို"
"ဟုတ္တယ္"
"ဒါနဲ႕ ပါပါးကိစၥကို....."
စိုင္းမင္းခ ေျပာေနရင္းအသံေလးဝင္သြားေတာ့
စိုင္းစစ္မင္းက ဝင္ေထာက္ကာေျပာသည္။
"အင္းသိၿပီးၿပီ အခုေတာ့ မာမားနားမွာ
ကပ္ခြၽဲေနတယ္"
"မာမားေပ်ာ္ရင္ရပါၿပီ"
"ဒါေပမယ့္ စိုင္း...."
"ဟုတ္ကဲ့ အကိုႀကီး "
"မာယာႏြယ္က မင္းကိုလက္ေလွ်ာ့မယ္
မထင္ဘူး"
"ဟမ္"
"မေန႕က သူငါ့ကိုလာေတြ႕တယ္ Uncle ကိုလြတ္ေအာင္လုပ္ေပးထားတယ္တဲ့ ဒီၿမိဳ႕မွာသူ႕အေဖကအႀကီးဆုံးေတာ့ သူ႕အေဖတစ္ခြန္းဘဲ သူ႕အေဖကလဲ သူ႕သမီးကိုသိပ္ခ်စ္တာကြ စကားတစ္ခြန္းနဲ႕တင္ အေဖလြတ္လာတာကိုၾကည့္ ၿပီးေတာ့ အဲ့ေန႕ညက ကိစၥအတြက္ စိုင္းကိုေတာင္းပန္ပါတယ္တဲ့ ငယ္တဲ့လူတစ္ေယာက္ကို ပစ္မွားမိတဲ့အတြက္ေရာတဲ့ ဒါေပမယ့္အခုကလဲေစ့စပ္ထားတာဆိုေတာ့ သူ႕အတြက္အခြင့္ေရးရွိေသးတယ္မလားတဲ့ သူလက္မေလွ်ာ့ဘူးတဲ့ ငါ့ကိုအဲ့လိုေျပာသြားတယ္"
"လက္မေလွ်ာ့ဘူးေျပာရေအာင္ အဲ့မိန္းကေလးက ကိုယ္နဲ႕ေစ့စပ္ထားတဲ့သူကို ဘာေတြမ်ားထပ္လုပ္ခ်င္ေသးလို႔လဲ"
"ဘဲႀကီး...."
စိုင္းမင္းခက တစ္ဖက္ကလူေျပာတာကိုနားေထာင္ေနတုန္း ခြန္းခက္ပိုင္က ဖုန္းလုကာ
ထပ္ေျပာလိုက္ေတာ့၏။
"မင္းကသူ႕အကိုထင္တယ္
ေနာက္မွဖုန္းဆက္လို႔ရမလား
စိုင္းမင္းခ ေနသိပ္မေကာင္းလို႔ ၿပီးေတာ့အခုထိလဲဆန္ျပဳတ္ကိုကုန္ေအာင္ မေသာက္ရေသးဘူး"
"ဗ်ာ....."
"အားနာေပမယ့္ ေနာက္မွဘဲ ျပန္ေခၚေပးပါ"
!တီ....!
"သားႀကီး ဘယ္သူလဲ"
"စိုင္းမင္းခ မာမား"
"မာမားကိုေတာင္ မေျပာသြားဘူး
ေပး ျပန္ေခၚကေအာင္ ဒီကိုဖုန္းေပး"
"ေနာက္မွဘဲ ေခၚလိုက္ပါမာမားရာ
အခုခ်ိန္ေခၚရင္ ဟိုဘက္ကလူတစ္ေယာက္က
သူ႕ဖုန္းကိုေပါက္ခြဲလိမ့္မယ္ ဟားဟား...."
"စိုင္းစစ္မင္း အေမကိုနားလည္ေအာင္ေျပာစမ္း"
"ထားလိုက္ပါေတာ့ မာမားရာ မာမားရဲ႕လူႀကီးနဲ႕ေရာ အဆင္ေျပသြားၿပီလား"
"ေမေရ ဒီမွာေမ့အတြက္ စံပယ္ပန္း ဆြဲႀကိဳးေလးကိုယ္လုပ္လာတယ္"
စိုင္းစစ္မင္းကေတာ့ အေရွ႕မွာလာ Ro ျပေနတဲ့
အတြဲကို ပိုကိုပိုတယ္ဆိုတဲ့အၾကည့္နဲ႕ၾကည့္ကာ
ဂ်ပန္ကအတြဲကိုလဲ အဆင္ေျပပါေစလို႔သာ
ဆုေတာင္းမိေတာ့၏။
**************
"ဘဲႀကီး ဒါဘာလုပ္တာလဲ"
"ကိုကို"
"ဗ်ာ"
"မင္းကိုထူးခိုင္းေနတာ မဟုတ္ဘူး
ကိုယ့္ကို ကိုကိုလို႔ေခၚလို႔ေျပာတာ
မင္း ဘဲႀကီးဘဲႀကီးနဲ႕ ကိုယ့္ကို ဘဲမ်ား
မွတ္ေနသလား"
"ဘဲကိုမွ ဘဲႀကီးလို႔ေခၚတာမွမဟုတ္တာ
ဒါေပမယ့္လဲ ရပါတယ္ ဘဲႀကီးက ကိုကိုလို႔ေခၚသံေလးကို ၾကားခ်င္ေတာ့လဲ ကိုကိုလို႔ေခၚေပးရမွာေပါ့"
"စိုင္း"
"ဗ်ာ"
"ဆန္ျပဳတ္ေသာက္"
"ကြၽန္ေတာ္အရသာမေတြ႕လို႔"
"မင္းဘာစားခ်င္လဲ"
"ဟိုဟာ......"
စိုင္းမင္းခက စေနာက္ကာ ခြန္းခက္ပိုင္ရဲ႕ေအာက္ပိုင္းကို ၾကည့္လိုက္ေတာ့သည္။
"ဘာကိုၾကည့္ေနတာလဲ"
"ဟီး....စတာပါ ဘဲ....ဟီး....မွားလို႔ ကိုကို"
"အခန္းျပန္ေတာ့"
"တန္းကိုႏွင္ေတာ့တာဘဲ"
"မင္း ဒီမွာဆက္ရွိေနရင္ မင္းကို ကိုယ္ဘာလုပ္မိမလဲမသိဘူး"
စိုင္းမင္းခက အူတူတူေလးၾကည့္ေတာ့ ခြန္းခက္ပိုင္က ကုတင္ထက္ကလူကို အေပၚကေနအုပ္မိုးလိုက္ေတာ့၏။
"ခ်စ္ဖို႔ေကာင္းေအာင္လုပ္ေနတဲ့ မ်က္ႏွာကို
အခုခ်က္ခ်င္း ျပင္လိုက္စမ္း စိုင္း"
"ကိုကို.....အင့္....."
ခြန္းခက္ပိုင္ မ်က္ႏွာကို အေရွ႕ကိုတစ္ခ်က္ခ်င္းဆီေရာက္သြားေလေလ စိုင္းမင္းခမ်က္ႏွာကပိုရဲေလျဖစ္ကာ ႏွာဖ်ားေလးကိုအထိ ' အင့္ ' ဆိုတဲ့ အသံသံသဲ့သဲ့ေလးသာ ထြက္လာေတာ့ သူ႕အေရွ႕ကလူက အုပ္မိုးလ်က္ပင္ သြားတက္ေလးေတြေပၚတဲ့အထိ ၿပဳံးလာကာ....
"အဟက္ သူမ်ားႏႈတ္ခမ္းကို ဆြဲဆြဲနမ္းတုန္းက
အဲ့လိုပုံစံမ်ိဳးမဟုတ္ပါဘူး"
"အဲ့တာက တူမလား"
ခြန္းခက္ပိုင္ စေတာ့ ေအာက္ကလူက ေအာက္ႏႈတ္ခမ္းေလးကိုေထာ္ကာ ျပန္ေျပာ၏။
"ဟူး.....ကေလးကို အၿပိဳင္မစေတာ့ဘူး
ေနမေကာင္းျဖစ္ေနတဲ့သူက ခံနိုင္ရည္လဲရွိမယ္မထင္ပါဘူး"
ခြန္းခက္ပိုင္ ေျပာလဲေျပာ ထထိုင္လိုက္ေတာ့
အေနာက္ကလူက လက္ေမာင္းတစ္ဖက္ကိုကိုင္လာေတာ့၏။
"ကိုကို "
"...."
"ဆက္လုပ္"
"ဟမ္"
"ကြၽန္ေတာ္အသက္ျပည့္ၿပီးသား ကိုကို
ကိုကိုဘက္က မစရင္ ကြၽန္ေတာ့္ဘက္က
အရင္စ....အင့္....."
_____________________________
4.3.2023 ( 7:20 P.M& 9:50 P.M)
#hosy
ေမွ်ာ္ေနၾကလား
ေမွ်ာ္ေနၾကလား🤭🤭
ဒီအပိုင္းေလးေတြေတာ့အခ်ိဳေလးစားထားၾကေပါ့။ေနာက္တစ္ပိုင္းကေတာ့ အဟင္း.....👀👀