Uni
"ဒေါက် ဒေါက် ဒေါက် ဒေါက်"
"......."
"ဒေါက် ဒေါက်.... မွေးနေ့ရှင်ကြီးရေ... အခုချိန်အထိ မထသေးဘူးလား"
"....."
"ဒုန်း...ဒုန်း... ဒုန်း"
"ကျစ်!! ဘယ်သူလဲကွာ"
တံခါးခေါက်သည့်အဆင့်ကနေ လက်သီးဖြင့် ထုရိုက်သည့် အဆင့်အထိရောက်လာတော့ ဟန်စစ်သွေး ဆက်ပြီး မအိပ်နေနိုင်တော့ပေ။
ခန္ဓာကိုယ်ပေါ်မှာ ခြုံလွှားထားသော စောင်ကို ဆွဲဖယ်လိုက်ပြီး အစီအငေါ်မကျ ဖြစ်နေသည့် ဆံပင်ကို လက်ချောင်းများဖြင့် သပ်တင်လိုက်သည်။
အိပ်ရေးမ၀သေးတာကြောင့် လူကသိပ်ပြီးတော့ စိတ်ကြည်မနေ။
အခန်းတံခါးကိုဖွင့်လိုက်တော့ ထင်ထားသည့်အတိုင်း သွန်းမီသိမ့်ပင်။
"စောစောစီးစီး ဘာလာလုပ်တာလဲ"
"ဘာစောစောစီးစီးလဲ.....အချိန်ကိုကြည့်ဦး ၉နာရီထိုးနေပြီ"
"၉နာရီထိုးတာ ဘာလုပ်ရမှာလဲ။ ဒီနေ့အလုပ်ပိတ်ရက်မို့လို့ အေးဆေးအနားယူမလို့ ...သွား..ပြန်တော့"
"ဟေ့.... အဲ့လိုလုပ်လို့မရဘူးလေ။ ဒီနေ့ နင့်မွေးနေ့လေ...."
"......."
ကြောင်စီစီဖြစ်သွားသည့် ဟန်စစ်သွေး ရုပ်ကိုကြည့်ခြင်းအားဖြင့် သူ့မွေးနေ့သူ မေ့နေသည်ဆိုတာ သွန်းမီသိမ့် သဘောပေါက်လိုက်သည်။
"ဘာလဲ နင့်မွေးနေ့နင် မေ့နေတာလား"
"မေ့နေတာမဟုတ်ဘူး... သတိကိုမရတာ"
"အေး ကောင်းတယ် ကောင်းတယ်။ အမြဲတမ်း အလုပ်ပုံထဲ ခေါင်းစိုက်နေမှတော့ ဒါကို ဘယ်သတိရတော့မလဲ"
"မွေးနေ့ကို သတိရတော့ရော ဘာထူးခြားလို့လဲ... အသက်တစ်နှစ် ကြီးလာတာပဲရှိတယ်"
"တော်စမ်းပါ တရားသမားလိုလို လုပ်ပြမနေနဲ့။
ဒီနေ့ငါ့ကိုမုန့်လိုက်၀ယ်ကျွေး...."
"ဘာဆိုင်လို့လဲ"
"ဆိုင်တာပေါ့.... နင့်မွေးနေ့လေ"
"လိုက်မကျွေးဘူးဆိုရင်ရော"
"မွေးနေ့လက်ဆောင်မရဘူးပေါ့"
"မွေးနေ့လက်ဆောင် စီစဥ်ထားတယ်ပေါ့လေ?"
"ဒါပေါ့"
"အဟမ်း!! ဒါဆိုရင်လည်း လိုက်၀ယ်ကျွေးရတာပေါ့"
"ဟီးဟီး.... ဒါဆို ငါအဆင်သင့်ပြင်ပြီး စောင့်နေမယ်နော်"
"အိုခေ"
ဆယ်နှစ်လောက် မုန့်မစားထားရတဲ့ ကလေးတစ်ယောက်လို ခုန်ပေါက် ပျော်မြူးနေသည့် သွန်းမီသိမ့်ကို ကြည့်ပြီး ခေါင်းခါမိလိုက်တော့သည်။
သွန်းမီသိမ့် အိမ်ကနေ ပြန်သွားတော့ ဟန်စစ်သွေးလည်း အခန်းထဲပြန်၀င်လာခဲ့သည်။
တံခါးကို လော့ခ်ချလိုက်ပြီး ရေချိုးဖို့အတွက် အင်္ကျီကို ခေါင်းကနေ ဆွဲချွတ်လိုက်သည်။
နောက်ပြီး ရေချိုးခန်းထဲ ၀င်မည်အလုပ် အတွေးတစ်ခုက ခေါင်းထဲ ဖျတ်ခနဲ ၀င်လာတာကြောင့် အိပ်ယာပေါ်တွင် တင်ထားသော ဖုန်းကို ကောက်ကိုင်လိုက်သည်။
နောက်ပြီး မတ်တပ်ရပ်ကာ ပြုံးပြုံးကြီး နှင့် စာတစ်ချို့ကို ရိုက်ပြီးနောက် သက်ဆိုင်သူဆီ ပို့လိုက်တော့သည်။
နာရီ၀က်လောက် ရေချိုးပြီး ပြန်ထွက်လာတော့ ခေါင်းရေသုတ်ရင်း ဖုန်းကိုတစ်ချက်ကြည့်လိုက်သည်။
မျှော်လင့်ထားသော ပြန်စာတစ်စောင်က Screen ပေါ်တွင် အထင်းသား........။
_
_
"Happy Birthday ဟန်စစ်သွေး"
"Thank you"
သွန်းမီသိမ့် ကမ်းပေးလာသည့် မိုးပြာရောင် ဘူးလေးကို ဟန်စစ်သွေး လှမ်းယူလိုက်သည်။
ဘူးပေါ်မှာ ချည်နှောင်ထားသည့် ဖဲကြိုးကို ဖြည်ကာ အဖုံးဖွင့်ကြည့်လိုက်တော့ ရေမွှေး တစ်ပုလင်းနှင့် ငွေရောင် ဖျတ်ဖျတ်ထနေသော နာရီတစ်လုံးကိုတွေ့လိုက်ရသည်။
"ပြီးပြည့်စုံနေတဲ့ နင့်ကို မွေးနေ့လက်ဆောင် ပေးဖို့အတွက် တော်တော်စဥ်းစားယူလိုက်ရတယ်"
"စျေးကြီးမှ မွေးနေ့လက်ဆောင်လို့ သတ်မှတ်တာမဟုတ်ပါဘူးဟာ။ စိတ်ရင်းနဲ့ ပေးရင် လမ်းဘေးမှာရောင်းတဲ့ နာရီတစ်လုံးကတောင် တန်ဖိုးရှိပါတယ်"
"ဒီလက်ဆောင်ကလည်း ငါ စိတ်ရင်းအမှန်နဲ့ ပြောတာနော် .... သေချာတန်ဖိုးထား"
"အေးပါ။ ပစ္စည်းတွေကို ကြည့်တာနဲ့ နင့်တစ်လစာ ပြောင်ပြီဆိုတာ ငါသိလိုက်ပြီ"
"သိရင်ပြီးတာပဲ။ အေးနော်....ငါ့မွေးနေ့ကျရင် နင့်နှစ်လစာလောက် တန်တဲ့ ပစ္စည်းမျိုး၀ယ်ပေး"
"ဟုတ်ပါပြီဗျာ"
နေ့လယ်စာစားချိန်ရောက်ခါနီးပြီဖြစ်တာကြောင့် စားသောက်ဆိုင်ထဲကို လူတွေ တဖွဲဖွဲ၀င်လာတော့သည်။
ဟန်စစ်သွေးတို့ ထိုင်နေသည့် ဘေး၀ိုင်းကိုလည်း လူတစ်ချို့ရောက်လာကြတာကြောင့် စကားစပြတ်သွားပြီး အစားအသောက်တွေသာ စားနေလိုက်သည်။
ထမင်းစားပြီး အချိုတည်းသည့် အချိန်မှ စကားပြန်စမိသည်။
"ဒါနဲ့ နင် ပုဂ္ဂလိက ဆေးရုံကို ပြောင်းလိုက်ပြီဆို"
"အေး ဟုတ်တယ်။ မာမီ့ အဆက်အသွယ်နဲ့ပေါ့။ အဲ့မှာက လစာကောင်းတယ်လေ။ ပြီးတော့ အပြင်ဆေးခန်းတွေလည်း ထိုင်သေးတော့ တစ်လကို နှစ်ဆယ်လောက်ရတယ်"
"အင်း.... ကောင်းတာပေါ့"
"ငါ့ကိုရမယ့် ယောကျာ်းက တကယ်ကံကောင်းတဲ့သူ ဖြစ်မှာသိလား"
"ဘာဖြစ်လို့လဲ"
"ပိုက်ဆံရှာကောင်းလို့လေ။ ပြီးတော့ ရုပ်လည်းချောသေးတယ်"
"ဖြစ်ရမယ်"
"တကယ်ပြောတာပါဆို။ ငါ့လို ဥစ္စာပေါရုပ်ချောကို လိုချင်တဲ့သူတွေမှ အများကြီးပဲသိလား"
"အေးပါ... ယုံလိုက်ပါမယ်"
ပြောင်သလိုလို လှောင်သလိုလို ခနဲတဲ့တဲ့ ပြောလိုက်တော့ သွန်းမီသိမ့်က မျက်စောင်းထိုးသည်။
"အိမ်ထောင်ဘက်ဆိုတာက ရုပ်ရည် ၊ စည်းစိမ်တွေထက် နှစ်ဦးနှစ်ဖက်လုံးက တစ်ယောက်ကိုတစ်ယောက် ချစ်ဖို့ကပိုအရေးကြီးတယ်"
တွေးတွေးဆဆပြောသည့် ဟန်စစ်သွေးကို သွန်းမီသိမ့် ငေးကြည့်နေမိသည်။
"နှစ်ယောက်မှာ ....တစ်ယောက်ကပဲ သေမလောက် ချစ်နေရင်ရော"
"နာကျင်ရလိမ့်မယ်...... တစ်ဖက်ကပဲ ချစ်နေရုံနဲ့ လက်ထပ်ယူထားလဲ အလကားပဲ။ သူ့စိတ်ကိုမှ မပိုင်တာ။ ခန္ဓာကို ရချင်ရလိမ့်မယ်.... စိတ်ကိုတော့ အပိုင်ရမှာမဟုတ်ဘူး"
ဟန်စစ်သွေး စကားတွေက သွန်းမီသိမ့် စိတ်ထဲ မွန်းကြပ်သွားစေသည်။
"ကဲပါ .... အဲဒါတွေ ပြောမနေနဲ့တော့။ ငါ ရှော့ပင်ထွက်ချင်လို့ လိုက်ပို့ပေးဦး"
"နင်ကလည်း တစ်ချိန်လုံး ရှော့ပင် ထွက်နေတာချည်းပဲ"
"မိန်းကလေးဆိုတာ ဒီလိုပဲကွဲ့"
အတူရှိနေတဲ့အချိန်လေးကို တန်ဖိုးထားချင်တာကြောင့် အနာဂတ်က်ို ကြိုတွေးကာ စိတ်ပင်ပန်းခံမနေတော့ပဲ လက်ရှိ အချိန်ကာလကိုသာ အကျိုးရှိရှိ အသုံးချတော့မည်။
_
_
_
တစ်ပတ်လုံးလုံး အိပ်ရေးပျက်ခံပြီး ထိုးထားသည့် ဆွယ်တာလေးကို ဆင်စွယ်ရောင် စက္ကူဘူးလေးထဲ သေချာခေါက်ထည့်လိုက်သည်။
မနက်က ဟန်စစ်သွေးသည် ဖုန်းထဲတဆင့် စာလှမ်းပို့သည်။
ဒီနေ့က သူ့ရဲ့မွေးနေ့တဲ့......။
ဒါကြောင့် မွေးနေ့မှာ ဘုရားသွားချင်လို့ အဖော်လိုက်ခဲ့ပေးဖို့ အကူအညီတောင်းသည်။ နောက်ပြီး အပြန်ကျရင် ညစာ ၀ယ်ကျွေးမည်ဟုလည်း ပြောသည်။
နွေအရိပ် လိုက်ခဲ့ဖို့အတွက် လက်ခံလိုက်ပါသည်။ ဒီနေ့ သူ့မွေးနေ့ဆိုတာကို သိလို့ မွေးနေ့လက်ဆောင်အတွက် လွန်ခဲ့တဲ့တစ်ပတ်လောက်ကတည်းက မအိပ်မနေ ကြိုးစားပမ်းစား ဆွယ်တာထိုးခဲ့ခြင်းဖြစ်သည်။
အစစအရာရာပြီးပြည့်စုံနေသော သူ့ကိုပေးဖို့အတွက် မွေးနေ့လက်ဆောင်ဆိုတာ ကိုယ်တိုင်ပြုလုပ်ရုံမှတပါး အခြားရွေးချယ်စရာမရှိ။
ချစ်ခြင်းမေတ္တာအပြည့်ဖြင့် ပြုလုပ်ထားသည့် ဒီဆွယ်တာလေးကို သူသဘောကျဖို့ပဲ မျှော်လင့်မိပါသည်။
"တီ... တီ... !!!"
ကားဟွန်းတီးသံကြားတာကြောင့် ဆွယ်တာထည့်ထားသော စက္ကူဘူးလေးကို အိတ်ထဲ တစ်ထပ် ထပ်ထည့်လိုက်ပြီး အိမ်ရှေ့ကို မျှော်ကြည့်လိုက်သည်။
စိတ်ထဲက ထင်ထားသည့်အတိုင်း ဟန်စစ်သွေးပင်။
ဟန်စစ်သွေးကို မြင်လိုက်တာနဲ့ အခန်းထဲကိုအမြန် ပြေး၀င်လိုက်ပြီး မှန်ရှေ့တွင် ဘယ်ညာလှည့်ကြည့်လိုက်သည်။
"ရပြီ.... ကြည့်လို့ကောင်းတယ်"
သေသေသပ်သပ် ပြင်ဆင်ထားသည့် မိမိ၏ ပုံရိပ်ကို သဘောကျဟန်ဖြင့် ပြုံးကာကြည့်လိုက်ပြီးနောက် ပိုက်ဆံအိတ်နှင့် လက်ဆောင်အိတ်ကို လက်ကဆွဲပြီး အခန်းထဲက ထွက်လာလိုက်သည်။
"အမေ... ဘာမှာဦးမလဲ"
အမေက အိမ်ရှေ့မှာ ချဥ်ပေါက်ရွက် ထိုင်ထွင်နေပြီး နွေအရိပ်အသံကြားတော့ မော့ကြည့်လာသည်။
"ဘာမှ မမှာတော့ဘူး သမီး။ အေးအေးဆေးဆေး ဘုရားဖူးလာခဲ့"
"ဟုတ်။ ဒါဆို သမီး သွားတော့မယ်နော်"
အမေ့က ပြုံးပြရင်း ခေါင်းညိတ်ပြတာကြောင့် အမေရှေ့ကနေ ခေါင်းငုံ့လျှောက်လာခဲ့ပြီးနောက် အိမ်ရှေ့ကိုထွက်လာခဲ့လိုက်သည်။
"လှရက်လိုက်လေခြင်း"
ခြံတံခါးကို တွန်းဖွင့်ကာ ထွက်လာသည့် နွေအရိပ်ကို မြင်တာနဲ့ ဟန်စစ်သွေး နှုတ်ကနေ ရေရွတ်မိလိုက်သည်။
ပန်းနုရောင် အောက်ခံအစ ပေါ်မှာ အဖြူရောင် ပန်းပွင့်သေးသေးလေးတွေ စိပ်စိပ် ထိုးထားသည် ချည်သား ၀မ်းဆက်လေး ၀တ်ထားတာကြောင့် ဖြူဥ နေသည့် သူမရဲ့ အသားအရည်က ပန်းရောင်သန်းနေသလိုပင်။ မိတ်ကပ်ပါးပါးလေးပြင်ပြီး နှုတ်ခမ်းနီလေး ဆိုးထားတာကိုက ရုပ်ရှင်မင်းသမီးတွေ ထိုင်ငိုရလောက်အောင် လှပနေလွန်းသည်။
ခါးအထိ ရှည်သည့် ဆံနွယ်တွေကို ကျစ်ဆံမြီး ဘေးတစ်စောင်းကျစ်ကာ ပုခုံးပေါ်ကနေ အရှေ့ကို ချထားတာကြောင့် နန်းဆန်တဲ့ အလှမျိုး ဖြစ်နေတော့သည်။
နဂိုကတည်းကမှ ရူးနေသည့် ဒီကောင်ကြီးကို သွက်သွက်ခါရူးသွားအောင် လုပ်ချင်နေသလားမသိ။ ရင်တွေခုန်ရလွန်းလို့ နှလုံးသားတစ်ခုလုံး အပြင်ကို ခုန်ထွက်လာမတက်။
"ဒုန်း!!"
ကားတံခါးပိတ်သံကြားမှ ဟန်စစ်သွေး စိတ်နဲ့ကိုယ်နဲ့ ပြန်ကပ်တော့သည်။
"ဒီနေ့ စာသင်စရာမရှိဘူးမလား"
"အင်း... မရှိဘူး"
"ဒါဆို အေးအေးဆေးဆေးပဲ သွားကြမယ်နော်"
ပန်းနုရောင် နှုတ်ခမ်းလေး ကွေးတတ်ကာ ပြုံးပြလာတော့ ပါးလေးတွေက မို့တက်လာတာတွေ့ရသည်။
အသည်းယားလွန်းလို့ ဆွဲညှစ်ပစ်ချင်စရာ။
* စိတ်ထိန်းစမ်း ဟန်စစ်သွေး!! *
ကားမမောင်းသေးပဲ နွေအရိပ်ကို ပြုံးပြုံးကြီး သွားစိုက်ကြည့်နေမိတာကြောင့် ကိုယ့်ကိုကိုယ် သတိပေးလိုက်သည်။
မြင်တွေ့နေကြ ပုံစံမဟုတ်သည့် ၀တ်စားဆင်ယင်မှုကြောင့် ဟန်စစ်သွေးကို နွေအရိပ် ခဏခဏ ခိုးကြည့်နေမိသည်။
ရှပ်အင်္ကျီအဖြူလက်ရှည်ကို နက်ပြာရောင် ပုဆိုးအကွက်စိပ်ဖြင့် တွဲ၀တ်ထားတာကြောင့် လူကြီးလူကောင်းဆန်သည့် အရှိန်အ၀ါကို ခံစားမိနေသည်။
နောက်ပြီး ဟန်စစ်သွေးက အရပ်ရှည်ပြီး အသားဖြူတာကြောင့် ထိုင်းမင်းသားနဲ့ အနည်းငယ် ဆင်နေသယောင် ထင်ရသည်။
သူ ပုဆိုး၀တ်တာကို ငယ်စဥ်တုန်းက ကျောင်းမှာ နေ့စဥ်နီးပါး မြင်တွေ့ခဲ့ရသော်လည်း အဲ့တုန်းက ခံစားချက်နှင့် အခုလက်ရှိခံစားချက်က လားလားမျှ မသက်ဆိုင်ပေ။
တစတစဖြင့် မြန်ဆန်လာသည့် နှလုံးခုန်နှုန်းတွေကို ငြိမ်သက်စေရန် လက်ဖြင့် အသာဖိထားလိုက်သည်။
_
_
ရွှေတိဂုံ ဘုရားကိုရောက်တော့ ညနေ ခြောက်နာရီခန့်ရှိပြီဖြစ်သည်။ နေက အနောက်ဘက်ယွန်းယွန်း ဆီ၀င်စပြုနေပြီး ကောင်းကင်ကြီးကို အမှောင်ထုက တဖြည်းဖြည်းချင်း ကြီးစိုးလာသည်။
သို့သော် ဘုရားစောင်းတန်းနှင့် ရင်ပြင်တော်ပေါ်မှာတော့ မီးတွေ ထိန်ထိန်ကြဲနေသည်။
ဘုရားစောင်းတန်းကနေ ပန်းတွေ၀ယ်ပြီး ဖြည်းဖြည်းချင်းသာ လမ်းလျှောက်လာခဲ့ကြသည်။ လှေကား အတက်ဆိုတော့ အနည်းငယ် မောဟိုက်သော်လည်း ရင်ပြင်တော်ပေါ်ကိုရောက်တော့ စိတ်ထဲအေးချမ်းသွားပြီး အမောပြေသွားရသည်။
ရွှေတောင်ကြီး ကဲ့သို့ ၀င်း၀ါတောက်ပစွာ တည်ရှိနေသည့် ရွှေတိဂုံ စေတီက အင်မတန်မှ သပ္ပာယ်စရာကောင်းနေပြီး လေပြေနုနုအေးအေးက တိုက်ခတ်လာတော့ ဆည်းလည်းသံလေးတွေ စီညံသွားသည်။
ဘုရားရင်ပြင်တော်ပေါ်မှာ လူတွေ အများအပြားရှိနေပြီး ကိုယ်စီကိုယ်စီ ဘုရား၀တ်ပြုနေကြသည်။
"အရင်ဆုံး ဘုရားကို တစ်ပတ်ပတ်ကြရအောင်။ ပြီးမှ ဘုရားရှိခိုးကြမယ်"
"အင်း"
နွေအရိပ်ရဲ့ သဘောအတိုင်း အရင်ဦးဆုံး ဘုရားကို တစ်ပတ်ပတ်လိုက်ကြသည်။
ဘုရားကိုတစ်ပတ်ပတ်ပြီးတဲ့နောက် မွေးနေ့ရှင် ဟန်စစ်သွေး၏ နေ့နံဖြစ်သည့် သောကြာနံထောင့်မှာ ပန်း ရေချမ်း ကပ်လှူကြသည်။ ဟန်စစ်သွေးက ဂြိုလ်တိုင်မှာ ရေချမ်းကပ်လှူပြီး စံပယ်ပန်း ကပ်လှူသည်။ နောက်ပြီး အလှူခံပုံးတွေထဲ တစ်သောင်းစီ ထည့်လှူတန်းသည်။
နောက်ပြီး ဘုရား၀တ်ပြုကာ ဆုတောင်းသည်။
နွေအရိပ်ကတော့ ဟန်စစ်သွေး ဘေးမှာ ထိုင်နေသည်။
"ဘယ်သွားဦးမလဲ"
"အောင်မြေ သွားကြရအောင်'
နွေအရိပ်က အောင်မြေဆီ သွားချင်သည်ဆို၍ သူမခေါ်ဆောင်ရာနောက် လိုက်သွားလိုက်သည်။
အောင်မြေကိုရောက်တော့ နွေအရိပ်က ဘုရားစောင်းတန်းကနေ ၀ယ်လာသည့် ဖယောင်းတိုင်နဲ့ အမွှေးတိုင်များကို ထွန်းညှိပူဇော်နေသည်။
ဟန်စစ်သွေးသည် နေရာမှ ထိုင်လျက်ဖြင့် နွေအရိပ်၏ လှုပ်ရှားမှုများကို ပြုံးလျက် ငေးကြည့်နေသည်။
လေကတဖြူးဖြူးတိုက်နေသဖြင့် နွေအရိပ် ပုခုံးပေါ် လွှားတင်ထားသော ပု၀ါစက လွင့်နေပြီး ပန်းချီကားထဲက မိန်းမပျိုလေးတစ်ယောက်လို လှပနေတော့သည်။
ဆီမီးနဲ့ အမွှေးတိုင်များကို ကပ်လှူပြီးချိန်မှာတော့ ဟန်စစ်သွေး ဘေးနားကို နွေအရိပ် ပြန်ရောက်လာသည်။
"ဟိုလေ.... ငါ ပဋ္ဌာန်းရွတ်ချင်လို့... ခဏလောက်စောင့်ပေးမလား"
"ရတာပေါ့.... အေးအေးဆေးဆေးရွတ်..... အချိန်တွေအများကြီး ရှိတယ်"
ဘာသာတရားကိုင်းရှိုင်းသည့် ဒီမိန်းမပျိုလေး၏ မျက်နှာသည် အင်မတန်မှ အေးချမ်းလွန်းလှသဖြင့် သူမ ဘုရားရှိခိုးနေသည့် အချိန်တလျှောက်လုံး ဘေးနားကနေ ငေးကြည့်နေမိသည်။
အချိန်ဘယ်လောက်ကြာကြာကြည့်မိနေလဲဆိုတာတော့ မပြောတတ်။ နွေအရိပ် ပဋ္ဌာန်းရွတ် အမျှေ၀ ဆုတောင်း အားလုံး လုပ်ပြီးတဲ့အချိန် လူကို ပြန်ကြည့်လာမှ သတိပြန်၀င်တော့သည်။
"ငါ့မျက်နှာမှာ ဘာပေနေလို့လဲ"
အချိန်အတော်ကြာ စိုက်ကြည့်နေခြင်းကို နွေအရိပ်လည်း သတိထားမိပုံ ရသည်။ ဘုရားရှိခိုးမှု ကိစ္စအ၀၀ ပြီးဆုံးသည်နှင့် ထိုမေးခွန်းကို တန်းမေးသည်။
"......."
ဟန်စစ်သွေး ဘာမှ ပြန်မဖြေဘဲ နွေအရိပ် မျက်၀န်းတွေကိုသာ ငေးကြည့်နေသည်။
"ဟန်စစ်သွေး .... နင်ဘာဖြစ်နေတာလဲ ဟင်"
"ငါ မင်းကိုချစ်တယ် နွေအရိပ်"
×××××××××××××××××××××
Zawgyi
"ေဒါက္ ေဒါက္ ေဒါက္ ေဒါက္"
"......."
"ေဒါက္ ေဒါက္.... ေမြးေန့ရွင္ႀကီးေရ... အခုခ်ိန္အထိ မထေသးဘူးလား"
"....."
"ဒုန္း...ဒုန္း... ဒုန္း"
"က်စ္!! ဘယ္သူလဲကြာ"
တံခါးေခါက္သည့္အဆင့္ကေန လက္သီးျဖင့္ ထုရိုက္သည့္ အဆင့္အထိေရာက္လာေတာ့ ဟန္စစ္ေသြး ဆက္ၿပီး မအိပ္ေနႏိုင္ေတာ့ေပ။
ခႏၶာကိုယ္ေပၚမွာ ၿခံဳလႊားထားေသာ ေစာင္ကို ဆြဲဖယ္လိုက္ၿပီး အစီအေငၚမက် ျဖစ္ေနသည့္ ဆံပင္ကို လက္ေခ်ာင္းမ်ားျဖင့္ သပ္တင္လိုက္သည္။
အိပ္ေရးမ၀ေသးတာေၾကာင့္ လူကသိပ္ၿပီးေတာ့ စိတ္ၾကည္မေန။
အခန္းတံခါးကိုဖြင့္လိုက္ေတာ့ ထင္ထားသည့္အတိုင္း သြန္းမီသိမ့္ပင္။
"ေစာေစာစီးစီး ဘာလာလုပ္တာလဲ"
"ဘာေစာေစာစီးစီးလဲ.....အခ်ိန္ကိုၾကည့္ၪီး ၉နာရီထိုးေနၿပီ"
"၉နာရီထိုးတာ ဘာလုပ္ရမွာလဲ။ ဒီေန့အလုပ္ပိတ္ရက္မို႔လို႔ ေအးေဆးအနားယူမလို႔ ...သြား..ျပန္ေတာ့"
"ေဟ့.... အဲ့လိုလုပ္လို႔မရဘူးေလ။ ဒီေန့ နင့္ေမြးေန့ေလ...."
"......."
ေၾကာင္စီစီျဖစ္သြားသည့္ ဟန္စစ္ေသြး ရုပ္ကိုၾကည့္ျခင္းအားျဖင့္ သူ႔ေမြးေန့သူ ေမ့ေနသည္ဆိုတာ သြန္းမီသိမ့္ သေဘာေပါက္လိုက္သည္။
"ဘာလဲ နင့္ေမြးေန့နင္ ေမ့ေနတာလား"
"ေမ့ေနတာမဟုတ္ဘူး... သတိကိုမရတာ"
"ေအး ေကာင္းတယ္ ေကာင္းတယ္။ အၿမဲတမ္း အလုပ္ပံုထဲ ေခါင္းစိုက္ေနမွေတာ့ ဒါကို ဘယ္သတိရေတာ့မလဲ"
"ေမြးေန့ကို သတိရေတာ့ေရာ ဘာထူးျခားလို႔လဲ... အသက္တစ္ႏွစ္ ႀကီးလာတာပဲရိွတယ္"
"ေတာ္စမ္းပါ တရားသမားလိုလို လုပ္ျပမေနနဲ႔။
ဒီေန့ငါ့ကိုမုန္႔လိုက္၀ယ္ေကြၽး...."
"ဘာဆိုင္လို႔လဲ"
"ဆိုင္တာေပါ့.... နင့္ေမြးေန့ေလ"
"လိုက္မေကြၽးဘူးဆိုရင္ေရာ"
"ေမြးေန့လက္ေဆာင္မရဘူးေပါ့"
"ေမြးေန့လက္ေဆာင္ စီစဥ္ထားတယ္ေပါ့ေလ?"
"ဒါေပါ့"
"အဟမ္း!! ဒါဆိုရင္လည္း လိုက္၀ယ္ေကြၽးရတာေပါ့"
"ဟီးဟီး.... ဒါဆို ငါအဆင္သင့္ျပင္ၿပီး ေစာင့္ေနမယ္ေနာ္"
"အိုေခ"
ဆယ္ႏွစ္ေလာက္ မုန္႔မစားထားရတဲ့ ကေလးတစ္ေယာက္လို ခုန္ေပါက္ ေပ်ာ္ျမဴးေနသည့္ သြန္းမီသိမ့္ကို ၾကည့္ၿပီး ေခါင္းခါမိလိုက္ေတာ့သည္။
သြန္းမီသိမ့္ အိမ္ကေန ျပန္သြားေတာ့ ဟန္စစ္ေသြးလည္း အခန္းထဲျပန္၀င္လာခဲ့သည္။
တံခါးကို ေလာ့ခ္ခ်လိုက္ၿပီး ေရခ်ိဳးဖို႔အတြက္ အက်ႌကို ေခါင္းကေန ဆြဲခြၽတ္လိုက္သည္။
ေနာက္ၿပီး ေရခ်ိဳးခန္းထဲ ၀င္မည္အလုပ္ အေတြးတစ္ခုက ေခါင္းထဲ ဖ်တ္ခနဲ ၀င္လာတာေၾကာင့္ အိပ္ယာေပၚတြင္ တင္ထားေသာ ဖုန္းကို ေကာက္ကိုင္လိုက္သည္။
ေနာက္ၿပီး မတ္တပ္ရပ္ကာ ၿပံဳးၿပံဳးႀကီး ႏွင့္ စာတစ္ခ်ိဳ႕ကို ရိုက္ၿပီးေနာက္ သက္ဆိုင္သူဆီ ပို႔လိုက္ေတာ့သည္။
နာရီ၀က္ေလာက္ ေရခ်ိဳးၿပီး ျပန္ထြက္လာေတာ့ ေခါင္းေရသုတ္ရင္း ဖုန္းကိုတစ္ခ်က္ၾကည့္လိုက္သည္။
ေမ်ွာ္လင့္ထားေသာ ျပန္စာတစ္ေစာင္က Screen ေပၚတြင္ အထင္းသား........။
_
_
"Happy Birthday ဟန္စစ္ေသြး"
"Thank you"
သြန္းမီသိမ့္ ကမ္းေပးလာသည့္ မိုးျပာေရာင္ ဘူးေလးကို ဟန္စစ္ေသြး လွမ္းယူလိုက္သည္။
ဘူးေပၚမွာ ခ်ည္ေနွာင္ထားသည့္ ဖဲႀကိဳးကို ျဖည္ကာ အဖံုးဖြင့္ၾကည့္လိုက္ေတာ့ ေရေမႊး တစ္ပုလင္းႏွင့္ ေငြေရာင္ ဖ်တ္ဖ်တ္ထေနေသာ နာရီတစ္လံုးကိုေတြ့လိုက္ရသည္။
"ၿပီးျပည့္စံုေနတဲ့ နင့္ကို ေမြးေန့လက္ေဆာင္ ေပးဖို႔အတြက္ ေတာ္ေတာ္စဥ္းစားယူလိုက္ရတယ္"
"ေစ်းႀကီးမွ ေမြးေန့လက္ေဆာင္လို႔ သတ္မွတ္တာမဟုတ္ပါဘူးဟာ။ စိတ္ရင္းနဲ႔ ေပးရင္ လမ္းေဘးမွာေရာင္းတဲ့ နာရီတစ္လံုးကေတာင္ တန္ဖိုးရိွပါတယ္"
"ဒီလက္ေဆာင္ကလည္း ငါ စိတ္ရင္းအမွန္နဲ႔ ေျပာတာေနာ္ .... ေသခ်ာတန္ဖိုးထား"
"ေအးပါ။ ပစၥည္းေတြကို ၾကည့္တာနဲ႔ နင့္တစ္လစာ ေျပာင္ၿပီဆိုတာ ငါသိလိုက္ၿပီ"
"သိရင္ၿပီးတာပဲ။ ေအးေနာ္....ငါ့ေမြးေန့က်ရင္ နင့္ႏွစ္လစာေလာက္ တန္တဲ့ ပစၥည္းမ်ိဳး၀ယ္ေပး"
"ဟုတ္ပါၿပီဗ်ာ"
ေန့လယ္စာစားခ်ိန္ေရာက္ခါနီးၿပီျဖစ္တာေၾကာင့္ စားေသာက္ဆိုင္ထဲကို လူေတြ တဖြဲဖြဲ၀င္လာေတာ့သည္။
ဟန္စစ္ေသြးတို႔ ထိုင္ေနသည့္ ေဘးဝိုင္းကိုလည္း လူတစ္ခ်ိဳ႕ေရာက္လာၾကတာေၾကာင့္ စကားစျပတ္သြားၿပီး အစားအေသာက္ေတြသာ စားေနလိုက္သည္။
ထမင္းစားၿပီး အခ်ိဳတည္းသည့္ အခ်ိန္မွ စကားျပန္စမိသည္။
"ဒါနဲ႔ နင္ ပုဂၢလိက ေဆးရံုကို ေျပာင္းလိုက္ၿပီဆို"
"ေအး ဟုတ္တယ္။ မာမီ့ အဆက္အသြယ္နဲ႔ေပါ့။ အဲ့မွာက လစာေကာင္းတယ္ေလ။ ၿပီးေတာ့ အျပင္ေဆးခန္းေတြလည္း ထိုင္ေသးေတာ့ တစ္လကို ႏွစ္ဆယ္ေလာက္ရတယ္"
"အင္း.... ေကာင္းတာေပါ့"
"ငါ့ကိုရမယ့္ ေယာက်ာ္းက တကယ္ကံေကာင္းတဲ့သူ ျဖစ္မွာသိလား"
"ဘာျဖစ္လို႔လဲ"
"ပိုက္ဆံရွာေကာင္းလို႔ေလ။ ၿပီးေတာ့ ရုပ္လည္းေခ်ာေသးတယ္"
"ျဖစ္ရမယ္"
"တကယ္ေျပာတာပါဆို။ ငါ့လို ဥစၥာေပါရုပ္ေခ်ာကို လိုခ်င္တဲ့သူေတြမွ အမ်ားႀကီးပဲသိလား"
"ေအးပါ... ယံုလိုက္ပါမယ္"
ေျပာင္သလိုလို ေလွာင္သလိုလို ခနဲတဲ့တဲ့ ေျပာလိုက္ေတာ့ သြန္းမီသိမ့္က မ်က္ေစာင္းထိုးသည္။
"အိမ္ေထာင္ဘက္ဆိုတာက ရုပ္ရည္ ၊ စည္းစိမ္ေတြထက္ ႏွစ္ၪီးႏွစ္ဖက္လံုးက တစ္ေယာက္ကိုတစ္ေယာက္ ခ်စ္ဖို႔ကပိုအေရးႀကီးတယ္"
ေတြးေတြးဆဆေျပာသည့္ ဟန္စစ္ေသြးကို သြန္းမီသိမ့္ ေငးၾကည့္ေနမိသည္။
"ႏွစ္ေယာက္မွာ ....တစ္ေယာက္ကပဲ ေသမေလာက္ ခ်စ္ေနရင္ေရာ"
"နာက်င္ရလိမ့္မယ္...... တစ္ဖက္ကပဲ ခ်စ္ေနရံုနဲ႔ လက္ထပ္ယူထားလဲ အလကားပဲ။ သူ႔စိတ္ကိုမွ မပိုင္တာ။ ခႏၶာကို ရခ်င္ရလိမ့္မယ္.... စိတ္ကိုေတာ့ အပိုင္ရမွာမဟုတ္ဘူး"
ဟန္စစ္ေသြး စကားေတြက သြန္းမီသိမ့္ စိတ္ထဲ မြန္းၾကပ္သြားေစသည္။
"ကဲပါ .... အဲဒါေတြ ေျပာမေနနဲ႔ေတာ့။ ငါ ေရွာ့ပင္ထြက္ခ်င္လို႔ လိုက္ပို႔ေပးၪီး"
"နင္ကလည္း တစ္ခ်ိန္လံုး ေရွာ့ပင္ ထြက္ေနတာခ်ည္းပဲ"
"မိန္းကေလးဆိုတာ ဒီလိုပဲကြဲ႔"
အတူရိွေနတဲ့အခ်ိန္ေလးကို တန္ဖိုးထားခ်င္တာေၾကာင့္ အနာဂတ္က္ို ႀကိဳေတြးကာ စိတ္ပင္ပန္းခံမေနေတာ့ပဲ လက္ရိွ အခ်ိန္ကာလကိုသာ အက်ိဳးရိွရိွ အသံုးခ်ေတာ့မည္။
_
_
_
တစ္ပတ္လံုးလံုး အိပ္ေရးပ်က္ခံၿပီး ထိုးထားသည့္ ဆြယ္တာေလးကို ဆင္စြယ္ေရာင္ စကၠူဘူးေလးထဲ ေသခ်ာေခါက္ထည့္လိုက္သည္။
မနက္က ဟန္စစ္ေသြးသည္ ဖုန္းထဲတဆင့္ စာလွမ္းပို႔သည္။
ဒီေန့က သူ႔ရဲ့ေမြးေန့တဲ့......။
ဒါေၾကာင့္ ေမြးေန့မွာ ဘုရားသြားခ်င္လို႔ အေဖာ္လိုက္ခဲ့ေပးဖို႔ အကူအညီေတာင္းသည္။ ေနာက္ၿပီး အျပန္က်ရင္ ညစာ ၀ယ္ေကြၽးမည္ဟုလည္း ေျပာသည္။
ေနြအရိပ္ လိုက္ခဲ့ဖို႔အတြက္ လက္ခံလိုက္ပါသည္။ ဒီေန့ သူ႔ေမြးေန့ဆိုတာကို သိလို႔ ေမြးေန့လက္ေဆာင္အတြက္ လြန္ခဲ့တဲ့တစ္ပတ္ေလာက္ကတည္းက မအိပ္မေန ႀကိဳးစားပမ္းစား ဆြယ္တာထိုးခဲ့ျခင္းျဖစ္သည္။
အစစအရာရာၿပီးျပည့္စံုေနေသာ သူ႔ကိုေပးဖို႔အတြက္ ေမြးေန့လက္ေဆာင္ဆိုတာ ကိုယ္တိုင္ျပဳလုပ္ရံုမွတပါး အျခားေရြးခ်ယ္စရာမရိွ။
ခ်စ္ျခင္းေမတၲာအျပည့္ျဖင့္ ျပဳလုပ္ထားသည့္ ဒီဆြယ္တာေလးကို သူသေဘာက်ဖို႔ပဲ ေမ်ွာ္လင့္မိပါသည္။
"တီ... တီ... !!!"
ကားဟြန္းတီးသံၾကားတာေၾကာင့္ ဆြယ္တာထည့္ထားေသာ စကၠူဘူးေလးကို အိတ္ထဲ တစ္ထပ္ ထပ္ထည့္လိုက္ၿပီး အိမ္ေရ႔ွကို ေမ်ွာ္ၾကည့္လိုက္သည္။
စိတ္ထဲက ထင္ထားသည့္အတိုင္း ဟန္စစ္ေသြးပင္။
ဟန္စစ္ေသြးကို ျမင္လိုက္တာနဲ႔ အခန္းထဲကိုအျမန္ ေျပး၀င္လိုက္ၿပီး မွန္ေရ႔ွတြင္ ဘယ္ညာလွည့္ၾကည့္လိုက္သည္။
"ရၿပီ.... ၾကည့္လို႔ေကာင္းတယ္"
ေသေသသပ္သပ္ ျပင္ဆင္ထားသည့္ မိမိ၏ ပံုရိပ္ကို သေဘာက်ဟန္ျဖင့္ ၿပံဳးကာၾကည့္လိုက္ၿပီးေနာက္ ပိုက္ဆံအိတ္ႏွင့္ လက္ေဆာင္အိတ္ကို လက္ကဆြဲၿပီး အခန္းထဲက ထြက္လာလိုက္သည္။
"အေမ... ဘာမွာၪီးမလဲ"
အေမက အိမ္ေရ႔ွမွာ ခ်ဥ္ေပါက္ရြက္ ထိုင္ထြင္ေနၿပီး ေနြအရိပ္အသံၾကားေတာ့ ေမာ့ၾကည့္လာသည္။
"ဘာမွ မမွာေတာ့ဘူး သမီး။ ေအးေအးေဆးေဆး ဘုရားဖူးလာခဲ့"
"ဟုတ္။ ဒါဆို သမီး သြားေတာ့မယ္ေနာ္"
အေမ့က ၿပံဳးျပရင္း ေခါင္းညိတ္ျပတာေၾကာင့္ အေမေရ႔ွကေန ေခါင္းငံု႔ေလ်ွာက္လာခဲ့ၿပီးေနာက္ အိမ္ေရ႔ွကိုထြက္လာခဲ့လိုက္သည္။
"လွရက္လိုက္ေလျခင္း"
ၿခံတံခါးကို တြန္းဖြင့္ကာ ထြက္လာသည့္ ေနြအရိပ္ကို ျမင္တာနဲ႔ ဟန္စစ္ေသြး ႏႈတ္ကေန ေရရြတ္မိလိုက္သည္။
ပန္းႏုေရာင္ ေအာက္ခံအစ ေပၚမွာ အျဖဴေရာင္ ပန္းပြင့္ေသးေသးေလးေတြ စိပ္စိပ္ ထိုးထားသည္ ခ်ည္သား ၀မ္းဆက္ေလး ၀တ္ထားတာေၾကာင့္ ျဖဴဥ ေနသည့္ သူမရဲ့ အသားအရည္က ပန္းေရာင္သန္းေနသလိုပင္။ မိတ္ကပ္ပါးပါးေလးျပင္ၿပီး ႏႈတ္ခမ္းနီေလး ဆိုးထားတာကိုက ရုပ္ရွင္မင္းသမီးေတြ ထိုင္ငိုရေလာက္ေအာင္ လွပေနလြန္းသည္။
ခါးအထိ ရွည္သည့္ ဆံႏြယ္ေတြကို က်စ္ဆံၿမီး ေဘးတစ္ေစာင္းက်စ္ကာ ပုခံုးေပၚကေန အေရ႔ွကို ခ်ထားတာေၾကာင့္ နန္းဆန္တဲ့ အလွမ်ိဳး ျဖစ္ေနေတာ့သည္။
နဂိုကတည္းကမွ ရူးေနသည့္ ဒီေကာင္ႀကီးကို သြက္သြက္ခါရူးသြားေအာင္ လုပ္ခ်င္ေနသလားမသိ။ ရင္ေတြခုန္ရလြန္းလို႔ ႏွလံုးသားတစ္ခုလံုး အျပင္ကို ခုန္ထြက္လာမတက္။
"ဒုန္း!!"
ကားတံခါးပိတ္သံၾကားမွ ဟန္စစ္ေသြး စိတ္နဲ႔ကိုယ္နဲ႔ ျပန္ကပ္ေတာ့သည္။
"ဒီေန့ စာသင္စရာမရိွဘူးမလား"
"အင္း... မရိွဘူး"
"ဒါဆို ေအးေအးေဆးေဆးပဲ သြားၾကမယ္ေနာ္"
ပန္းႏုေရာင္ ႏႈတ္ခမ္းေလး ေကြးတတ္ကာ ၿပံဳးျပလာေတာ့ ပါးေလးေတြက မို႔တက္လာတာေတြ့ရသည္။
အသည္းယားလြန္းလို႔ ဆြဲၫွစ္ပစ္ခ်င္စရာ။
* စိတ္ထိန္းစမ္း ဟန္စစ္ေသြး!! *
ကားမေမာင္းေသးပဲ ေနြအရိပ္ကို ၿပံဳးၿပံဳးႀကီး သြားစိုက္ၾကည့္ေနမိတာေၾကာင့္ ကိုယ့္ကိုကိုယ္ သတိေပးလိုက္သည္။
ျမင္ေတြ့ေနၾက ပံုစံမဟုတ္သည့္ ၀တ္စားဆင္ယင္မႈေၾကာင့္ ဟန္စစ္ေသြးကို ေနြအရိပ္ ခဏခဏ ခိုးၾကည့္ေနမိသည္။
ရွပ္အက်ႌအျဖဴလက္ရွည္ကို နက္ျပာေရာင္ ပုဆိုးအကြက္စိပ္ျဖင့္ တြဲ၀တ္ထားတာေၾကာင့္ လူႀကီးလူေကာင္းဆန္သည့္ အရိွန္အဝါကို ခံစားမိေနသည္။
ေနာက္ၿပီး ဟန္စစ္ေသြးက အရပ္ရွည္ၿပီး အသားျဖဴတာေၾကာင့္ ထိုင္းမင္းသားနဲ႔ အနည္းငယ္ ဆင္ေနသေယာင္ ထင္ရသည္။
သူ ပုဆိုး၀တ္တာကို ငယ္စဥ္တုန္းက ေက်ာင္းမွာ ေန့စဥ္နီးပါး ျမင္ေတြ့ခဲ့ရေသာ္လည္း အဲ့တုန္းက ခံစားခ်က္ႏွင့္ အခုလက္ရိွခံစားခ်က္က လားလားမ်ွ မသက္ဆိုင္ေပ။
တစတစျဖင့္ ျမန္ဆန္လာသည့္ ႏွလံုးခုန္ႏႈန္းေတြကို ၿငိမ္သက္ေစရန္ လက္ျဖင့္ အသာဖိထားလိုက္သည္။
_
_
ေရႊတိဂံု ဘုရားကိုေရာက္ေတာ့ ညေန ေျခာက္နာရီခန္႔ရိွၿပီျဖစ္သည္။ ေနက အေနာက္ဘက္ယြန္းယြန္း ဆီ၀င္စျပဳေနၿပီး ေကာင္းကင္ႀကီးကို အေမွာင္ထုက တျဖည္းျဖည္းခ်င္း ႀကီးစိုးလာသည္။
သို႔ေသာ္ ဘုရားေစာင္းတန္းႏွင့္ ရင္ျပင္ေတာ္ေပၚမွာေတာ့ မီးေတြ ထိန္ထိန္ႀကဲေနသည္။
ဘုရားေစာင္းတန္းကေန ပန္းေတြ၀ယ္ၿပီး ျဖည္းျဖည္းခ်င္းသာ လမ္းေလ်ွာက္လာခဲ့ၾကသည္။ ေလွကား အတက္ဆိုေတာ့ အနည္းငယ္ ေမာဟိုက္ေသာ္လည္း ရင္ျပင္ေတာ္ေပၚကိုေရာက္ေတာ့ စိတ္ထဲေအးခ်မ္းသြားၿပီး အေမာေျပသြားရသည္။
ေရႊေတာင္ႀကီး ကဲ့သို႔ ၀င္းဝါေတာက္ပစြာ တည္ရိွေနသည့္ ေရႊတိဂံု ေစတီက အင္မတန္မွ သပၸာယ္စရာေကာင္းေနၿပီး ေလေျပႏုႏုေအးေအးက တိုက္ခတ္လာေတာ့ ဆည္းလည္းသံေလးေတြ စီညံသြားသည္။
ဘုရားရင္ျပင္ေတာ္ေပၚမွာ လူေတြ အမ်ားအျပားရိွေနၿပီး ကိုယ္စီကိုယ္စီ ဘုရား၀တ္ျပဳေနၾကသည္။
"အရင္ဆံုး ဘုရားကို တစ္ပတ္ပတ္ၾကရေအာင္။ ၿပီးမွ ဘုရားရိွခိုးၾကမယ္"
"အင္း"
ေနြအရိပ္ရဲ့ သေဘာအတိုင္း အရင္ၪီးဆံုး ဘုရားကို တစ္ပတ္ပတ္လိုက္ၾကသည္။
ဘုရားကိုတစ္ပတ္ပတ္ၿပီးတဲ့ေနာက္ ေမြးေန့ရွင္ ဟန္စစ္ေသြး၏ ေန့နံျဖစ္သည့္ ေသာၾကာနံေထာင့္မွာ ပန္း ေရခ်မ္း ကပ္လႉၾကသည္။ ဟန္စစ္ေသြးက ၿဂိဳလ္တိုင္မွာ ေရခ်မ္းကပ္လႉၿပီး စံပယ္ပန္း ကပ္လႉသည္။ ေနာက္ၿပီး အလႉခံပံုးေတြထဲ တစ္ေသာင္းစီ ထည့္လႉတန္းသည္။
ေနာက္ၿပီး ဘုရား၀တ္ျပဳကာ ဆုေတာင္းသည္။
ေနြအရိပ္ကေတာ့ ဟန္စစ္ေသြး ေဘးမွာ ထိုင္ေနသည္။
"ဘယ္သြားၪီးမလဲ"
"ေအာင္ေျမ သြားၾကရေအာင္'
ေနြအရိပ္က ေအာင္ေျမဆီ သြားခ်င္သည္ဆို၍ သူမေခၚေဆာင္ရာေနာက္ လိုက္သြားလိုက္သည္။
ေအာင္ေျမကိုေရာက္ေတာ့ ေနြအရိပ္က ဘုရားေစာင္းတန္းကေန ၀ယ္လာသည့္ ဖေယာင္းတိုင္နဲ႔ အေမႊးတိုင္မ်ားကို ထြန္းၫွိပူေဇာ္ေနသည္။
ဟန္စစ္ေသြးသည္ ေနရာမွ ထိုင္လ်က္ျဖင့္ ေနြအရိပ္၏ လႈပ္ရွားမႈမ်ားကို ၿပံဳးလ်က္ ေငးၾကည့္ေနသည္။
ေလကတျဖဴးျဖဴးတိုက္ေနသျဖင့္ ေနြအရိပ္ ပုခံုးေပၚ လႊားတင္ထားေသာ ပုဝါစက လြင့္ေနၿပီး ပန္းခ်ီကားထဲက မိန္းမပ်ိဳေလးတစ္ေယာက္လို လွပေနေတာ့သည္။
ဆီမီးနဲ႔ အေမႊးတိုင္မ်ားကို ကပ္လႉၿပီးခ်ိန္မွာေတာ့ ဟန္စစ္ေသြး ေဘးနားကို ေနြအရိပ္ ျပန္ေရာက္လာသည္။
"ဟိုေလ.... ငါ ပ႒ာန္းရြတ္ခ်င္လို႔... ခဏေလာက္ေစာင့္ေပးမလား"
"ရတာေပါ့.... ေအးေအးေဆးေဆးရြတ္..... အခ်ိန္ေတြအမ်ားႀကီး ရိွတယ္"
ဘာသာတရားကိုင္းရိႈင္းသည့္ ဒီမိန္းမပ်ိဳေလး၏ မ်က္ႏွာသည္ အင္မတန္မွ ေအးခ်မ္းလြန္းလွသျဖင့္ သူမ ဘုရားရိွခိုးေနသည့္ အခ်ိန္တေလ်ွာက္လံုး ေဘးနားကေန ေငးၾကည့္ေနမိသည္။
အခ်ိန္ဘယ္ေလာက္ၾကာၾကာၾကည့္မိေနလဲဆိုတာေတာ့ မေျပာတတ္။ ေနြအရိပ္ ပ႒ာန္းရြတ္ အမ်ွေဝ ဆုေတာင္း အားလံုး လုပ္ၿပီးတဲ့အခ်ိန္ လူကို ျပန္ၾကည့္လာမွ သတိျပန္၀င္ေတာ့သည္။
"ငါ့မ်က္ႏွာမွာ ဘာေပေနလို႔လဲ"
အခ်ိန္အေတာ္ၾကာ စိုက္ၾကည့္ေနျခင္းကို ေနြအရိပ္လည္း သတိထားမိပံု ရသည္။ ဘုရားရိွခိုးမႈ ကိစၥအ၀၀ ၿပီးဆံုးသည္ႏွင့္ ထိုေမးခြန္းကို တန္းေမးသည္။
"......."
ဟန္စစ္ေသြး ဘာမွ ျပန္မေျဖဘဲ ေနြအရိပ္ မ်က္၀န္းေတြကိုသာ ေငးၾကည့္ေနသည္။
"ဟန္စစ္ေသြး .... နင္ဘာျဖစ္ေနတာလဲ ဟင္"
"ငါ မင္းကိုခ်စ္တယ္ ေနြအရိပ္"
×××××××××××××××××××××