လူတစ်ယောက်တွင်ကိန်းဝပ်နေသည့် စိတ်ဒဏ်ရာအတိမ်အနက်တို့မှာ ထိုသူကြုံတွေ့ခဲ့ရသောအဖြစ်အပျက်များနှင့်ခံစားချက်များပေါ်မူတည်၍ကွဲပြားလျက်။
ကိုယ်ပေါ်ကဒဏ်ရာများထက် စိတ်နှလုံးသားထဲကဒဏ်ရာများက ကုသရန်အချိန်ကြာမြင့်ပြီး ခက်ခဲပေသည်။ ကိုယ်တိုင်ကိုယ်ကျ စိတ်ကိုပြန်ကုစားဖို့ရာလည်း အပြောစကားများလောက် မလွယ်ကူနေပေ။
ဂရုစိုက်မှုများနှင့်မေတ္တာတရားများအား အမှန်တကယ်ပေးစွမ်းနိုင်သော အေးချမ်းရာရပ်ဝန်းတစ်ခုတွင်နေထိုင်ရင်း အချိန်ယူကုစားရန်မှာ အရေးကြီးဆုံးသာ။
နေဟန်မှိုင်းအတွက်မူ သိမ်မွေ့စံနွယ်ရှိရုံနှင့် သူ၏စိတ်ဒဏ်ရာများကို တဖြည်းဖြည်း အချိန်ယူကာ ကုစားနိုင်လာပေသည်။
----
ကျောင်းယူနီဖောင်းဝတ်ထားသောကျောင်းသားလေးမှာ Ferry ပေါ်ကနေ ပျော်ရွှင်စွာ မြေပြင်သို့ ဆင်းသက်လာသည်။ သူ့လက်ထဲတွင်မူ လစဉ်ပညာအရည်အချင်းမှတ်တမ်း report card ကလေးအား ကိုင်ထားသည်။
သူနေထိုင်ရာအိမ်ဆီသို့ ခြေလှမ်းများက တက်ကြွစွာ လျှောက်လှမ်းသွားသည်။ ခြံတံခါးသည် သော့မခတ်ထားဘဲ ဟနေခဲ့သဖြင့် မျက်ခုံးလေးပင့်တက်သွားသည်။ ထို့နောက် ခြံတံခါးအား တွန်းဖွင့်ပြီး အိမ်ထဲသို့ ပျော်ရွှင်စွာ ဝင်လာ၏။
သို့သော် ဧည့်ခန်းထဲ၌ ရန်ပဋိပက္ခဖြစ်နေသောစကားများသံများက ကျယ်လောင်စွာ ထွက်ပေါ်နေခဲ့သည်ကို ကြားရလျှင် လုံခြုံသည့်တစ်နေရာမှာ ပုန်းကွယ်နေခဲ့သည်။
" ခင်ဗျားက ဒီအိမ်နဲ့ရပိုင်ခွင့်တွေကိုအပိုင်စီးချင်နေတာလား ဝင်းဖေ "
" မင်းအစ်ကိုကို ခုလိုသောက်သံနဲ့ပြောစရာလား၊ အမေနဲ့အဖေက ငါ့နာမည်နဲ့အကုန်လွဲပေးသွားတာ၊ မင်းကိုလည်း အိမ်တစ်လုံးအမွေပေးသွားတာပဲ၊ ဘာတွေလာလောဘတက်နေတာလဲ အေးဖေး "
" ဪ ... သူတို့ပေးခဲ့တဲ့အိမ်ခြံက တော်တော်တန်ဖိုးရှိတာကိုး၊ ဇနပုဒ်လိုနေရာ ချောင်ကျတဲ့မြေကွက်နဲ့အိမ်၊ ပြန်ရောင်းစားရင်တောင် ဈေးကောင်းမရဘူး၊ အမွေရတဲ့ငွေသားပမာဏကလည်း ခင်ဗျားရတာနဲ့ယှဉ်ရင် ၄ ပုံ ၁ ပုံလောက်ပဲ၊ မွေးထားတဲ့သားချင်းတူတူတောင် ခွဲခြားခွဲခြားနဲ့ "
" မမိုက်ရိုင်းစမ်းနဲ့ကွာ၊ အဖေနဲ့အမေအသက်ရှင်နေတုန်းက မင်းကိုအငယ်ဆုံးလေးဆိုပြီး တောက်လျှောက် လိုလေသေးမရှိအောင် မင်းလိုချင်တာမှန်သမျှ၊ သုံးဖြုန်းချင်တာမှန်သမျှ ဝယ်ပေးခဲ့တာပဲ၊ ငါကသားကြီး အစ်ကိုကြီးဆိုပြီး မင်းလောက်တောင် ပစားမပေးခံခဲ့ရဘူး၊ အဲ့တုန်းက ငါမင်းကို အခုလိုရန်တွေ့ခဲ့လို့လား၊ ငါ့ခံစားချက်တွေ မင်းသိဖို့ကြိုးစားခဲ့လား ... ခုအမွေရလို့ ငါ့ကိုများများရပိုင်ခွင့်ပေးသွားမှ ဘာနာလုံးပေါက်နေတာလဲ ... သောက်သုံးကဖြင့် တစ်စက်မှမကျဘဲမိဘလုပ်စားချည်းပဲထိုင်စားလာတဲ့သူတောင်းစား "
" ဟား ... ဒီခွေးသားကြီးတော့ "
" ** ဖြန် **နင် ငါ့ယောကျာ်းကို လာမမိုက်ရိုင်းနဲ့ တေလေဂျပိုးကောင် "
" နှစ်ယောက်သားတော့ "
ကိုအေးဖေဆိုသူက သူ၏အနောက်တိုင်းဘောင်းဘီခါးကြားထဲတွင် ဖွက်ယူလာခဲ့သည့်ဓားမြှောင်ကို ဆွဲထုတ်လိုက်ကာ ...
*** ဇွပ် ဇွပ် - ဇွပ်**
" မိန်းမ "
" ခွေးကောင်ကြီး ခင်ဗျားလည်းသေလိုက်"
** ဇွပ် ဇွပ် - ဇွပ် - ဇွပ် - ဇွပ် - ဇွပ် - ဇွပ် ဇွပ်**
" ဟားဟားဟား သေစမ်း၊ သေစမ်း သေသွားလိုက်၊ သေမှကောင်းတယ် "
ကောင်လေးမှာ သူ့မိခင်နှင့်ဖခင်ဖြစ်သူအား ဦးလေးဖြစ်သူမှ အမဲသတ်နေသကဲ့သို့ အညှာတာမဲ့စွာ၊ ရူးသွပ်စွာ သွေးများပန်းထွက်သည်အထိ ဓားဖြင့်အကြိမ်ကြိမ်ထိုးသတ်နေသောမြင်ကွင်းအား မြင်ခဲ့ရချိန်၌ တစ်ကိုယ်လုံးကျောက်ရုပ်ဖြစ်သွားသကဲ့သို့ အသိစိတ်လွတ်သွားလျက်။ အော်ဟစ်ကာ အကူအညီမတောင်းနိုင်ဘဲ နေရာမှာတင် ၁၀ မိနစ်လောက် ကြောင်အမ်းအမ်းဖြစ်နေခဲ့သည်။ ထို့နောက်တွင် အသိစိတ်ပြန်ဝင်လာခဲ့ကာ အသံလုံးဝမထွက်ရဲဘဲ လုံခြုံစွာပုန်းကွယ်နေခဲ့ရသည်။
ကောင်လေးခမျာ မျက်ရည်များစီးကျလာသော်လည်း အသံမထွက်မိလေအောင် သူ့လက်များဖြင့် ပါးစပ်ကို အတင်းပိတ်ထားရသည်။ တစ်ကိုယ်လုံးတုန်ယင်နေပြီး နှလုံးခုန်နှုန်းများက အတိုင်းထက်အလွန် ပေါက်ထွက်တော့မည့်အတိုင်း ခုန်လွန်နေရင်း။
သူ၏မျက်လုံးများကို အလုံးစုံမှိတ်ချထားသည်။ အမြင်အာရုံတွင်မူ စောစောက သူမြင်တွေ့လိုက်ရသော ရက်စက်စွာသတ်ဖြတ်ခံနေရသည့်မိဘများ၏မြင်ကွင်းပုံရိပ်များ ပြန်မြင်လာချိန်မှစ၍ ဘဝတစ်လျှောက်လုံးတွင် တုန်လှုပ်ခြောက်ခြားစရာ အိမ်မက်ဆိုးကြီးအဖြစ် စွဲထင်သွားလျက်။
-------
ညသန်းခေါင်ကျော်တွင် အိပ်မက်ဆိုးများ ကြောက်စရာကောင်းအောင်မက်နေရာမှ နေဟန်မှိုင်းတစ်ယောက် မျက်ရည်များဖြင့် အော်ဟစ်နေလျက် အလန့်တကြားနိုးလာသည်။ သူနိုးတော့ သိမ်မွေ့စံနွယ်မှာ သူ့ကိုယ်လုံးကို ဖက်ထားပေးလျက် သူ့ကိုစိုးထိတ်နေသော ကရုဏာမျက်ဝန်းလေးများဖြင့် စိုက်ကြည့်နေရှာသည်။
နေဟန်မှိုင်းမှာမူ ငယ်ဘဝ၏အကျဉ်းတန်ဆုံးသောအိမ်မက်ဆိုးတစ်ခုအား ပြန်မြင်မက်ခဲ့သဖြင့် မောဟိုက်ကာ နှလုံးခုန်နှုန်းများမြန်နေသည်။ ထို့အပြင် မောဟိုက်၍ ရင်တုန်ပန်းတုန်လည်းဖြစ်နေသည်။
သိမ်မွေ့စံနွယ်မှာ နေဟန်မှိုင်း၏မျက်နှာကို ပွတ်သပ်ပေးနေပြီး သူ၏လက်တစ်ဖက်ကိုလည်း ဆုပ်ကိုင်ထားပေးရင်း ...
" ကိုကို ... ကိုကို၊ မွေ့လေးရှိတယ်၊ မွေ့လေးရှိတယ်နော် ... မွေ့မျက်လုံးတွေကိုပဲ သေချာကြည့်နေ၊ မငိုနဲ့တော့နော် "
နေဟန်မှိုင်းမှာ အဆက်မပြတ်ငိုကြွေးနေရာမှ အသိစိတ်ဝင်လာပြီး သူမလေး၏မျက်ဝန်းများကို စိုက်ကြည့်မိသည်။
" ကိုကို ... "
သိမ်မွေ့စံနွယ်၏သွယ်လျလျ လက်ချောင်းလေးများက သူ့မျက်ဝန်းအိမ်တစ်ဝိုက်တွင် ဝပ်နေသော၊စီးကျနေသောမျက်ရည်စများကို အမြန်ဖယ်ရှားပေးနေသည်။ ထို့နောက် သူမ၏အမျိုးသားလေး အငိုတိတ်စေရန် အနမ်းဖလှယ်လိုက်သည်။
လျှာဖျားများကိုဝှေ့ကာပတ်ကာဖြင့် အနွေးဓာတ်တို့က ဝန်းရံနေလျက်။
နမ်းရှိုက်နေစဉ်အတွင်း ကျည်ဆန်ရထားကဲ့သို့ ခုန်နေသောသူ၏နှလုံးမှာလည်း ဖြည်းဖြည်းချင်း ပုံမှန်ပြန်ဖြစ်လာသည်။
သိမ်မွေ့စံနွယ်က သူမ၏ရင်ဘတ်နှင့် ထိကပ်နေသောနေဟန်မှိုင်းရင်ဘတ်ကနေ နှလုံးခုန်သံကို ခံစားမိနေရာ နှလုံးခုန်နှုန်းပုံမှန်ပြန်ဖြစ်သွားလျှင် အနမ်းဖလှယ်ခြင်းကို ရပ်တန့်လိုက်လျက်။
" ဟူး ... သဲတုန်လေးရှိနေလို့ ဆေးထသောက်ဖို့မလိုတော့တာ၊ အရင်ကခုလိုညတွင် အိမ်မက်ဆိုးမက်တိုင်း တစ်ယောက်တည်းစိတ်ဒုက္ခများနေခဲ့ရတယ်၊ ကျေးဇူးပါ ကလေးရယ်"
" အဲဒါကြောင့် အတူတူနေရဖို့ အိမ်နဲ့အတိုက်အခံလုပ်ခဲ့တာလေ၊ ကိုကို့ရောဂါအားလုံးကို မွေ့စံလေး ကုပေးချင်လို့ "
နေဟန်မှိုင်းက သူမကိုယ်လုံးလေးကို တင်းကျပ်စွာဖက်လိုက်ရင်း သက်ပြင်းချမိသည်။
" ကိုကို ဒီစကားပြောရင် သူရဲဘောကြောင်တဲ့လူလို့ သဲတုန်မြင်မလား "
" ဘာလို့လဲဟင် "
" ကိုကိုကြောက်တယ် ... "
" ဘာကိုကြောက်တာလဲ "
" ဒီလိုအိမ်မက်တွေမက်တိုင်း ကိုကိုချစ်တဲ့လူတွေကို ဆုံးရှုံးရမှာကိုလေ "
" ပစ္စုပ္ပန်မှာ ကြိုတွေးထားပြီး ခဏခဏကြောက်နေတတ်တဲ့အရာတွေက အနာဂတ်မှာတကယ်ဖြစ်လာတတ်တယ် ကိုကို၊ အဲဒါကြောင့် မကြောက်နဲ့နော် .... ချစ်တယ် "
နေဟန်မှိုင်းလည်း သူမလေးအပေါ် ချစ်စိတ်များ တစ်စတစ်စပိုလာလေ သူမလေးကို ပို၍မြတ်နိုးမိလေ၊ ပို၍စွဲလန်းမိလေလေ။ တဏှာရာဂစိတ်များလည်း အသင့်အတင့်နိုးကြွလာလျက်။
သိမ်မွေ့စံနွယ်၏ကိုယ်လုံးလေးကို ပစ်လဲချလိုက်ပြီး သူ့ကိုယ်လုံးက သူမလေးအပေါ်ကနေ ဖိထားခဲ့သည်။ သူမ၏ရွှေရောင်ဆံနွယ်မျှင်လေးများကို နမ်းရှိုက်နေသည်။
ထို့နောက် နဖူးမှသည် မျက်လုံးများ၊ မျက်လုံးများကနေ နှာထိဖျား၊ ပါးပြင်နှစ်ဖက်နှင့် လည်ပင်းတစ်ဝိုက်ကိုလည်း အကြင်နာအရာများကျန်အောင် ပြုလုပ်နေသည်။ သိမ်မွေ့စံနွယ်၏လည်ပင်းလေးကို စုပ်ယူနမ်းရှိုက်နေလျက်။ သူမအနေဖြင့် လည်ပင်းနမ်းခံထိနေရာမှ သူ့နှာခေါင်းထဲကနေထွက်သောလေပူကို ခံစားမိနေသည်။
" ချစ်တယ် ... သဲတုန်လေးကို ကိုကို့မိန်းမဖြစ်အောင် ခုပဲလုပ်ချင်တယ်၊ အဲဒီလိုလုပ်ရန် လူကြီးတွေ သတ်မှာကြောက်လို့သာ .... မနေနိုင်တော့ဘူး၊ မြန်မြန်လက်ထပ်ချင်ပြီ သိလား"
" နားရှက်အောင်လို့ ပြောနေပြန်ပြီ "
" မင်္ဂလာဦးညကျရင် သဲတုန်ကို တစ်စက်လေးမှ အနားမပေးဘူးနော်၊ မိုးလင်းတဲ့အထိ ... "
" မင်္ဂလာဦးညရောက်မှပြောလေ ... လူကိုစိတ်ပါလာအောင် မြူဆွယ်ချင်နေတာလား "
" ဟုတ်တယ် ... "
" ဦးနေဟန်မှိုင်းကတော့ "
" ဟားဟားဟား "
နေဟန်မှိုင်းလည်း မျက်နှာစပ်ဖြီးဖြီးဖြင့် သူမလေးမျက်နှာကို ပိုရှက်သွေးဖြာလာအောင် စနောက်လှောင်ပြောင်နေမိသည်။ ထို့နောက် နှာသီးထိပ်ဖျားချင်း ထိတွေ့စေခဲ့ပြီးနောက် ပွတ်သပ်နေခဲ့လျက်။
သို့ဖြစ်လျှင် နေဟန်မှိုင်းမှာ အိမ်မက်ဆိုးများ မည်မျှပင်မက်စေကာမူ သိမ်မွေ့စံနွယ်၏အကူအညီကြောင့် ညဘက်များတွင် ပြန်လည်နှစ်ခြိုက်စွာ အိပ်စက်နိုင်ခဲ့ပေသည်။
• ────── ✾ ────── •