မေတ္တာတစ်မိုးအောက်က ဦးရဲ့အကြင...

By harley__robbie

277K 4.7K 92

​" နှလုံးသားရဲ့အနက်ရှိုင်းဆုံးနေရာမှာ ၁၅၀၀ နဲ့ ၅၂၈ သီအိုရမ်မေတ္တာအစုအပုံတွေ တစ်စတစ်စ ပေါက်ဖွားလာတယ်။ အဲဒါဘယ်သ... More

To Dear Honeys 🍯
Thein Mwae San Nwe's Art
Nay Han Mine's Art
✽ အပိုင်း ၁ ✽
✽ အပိုင်း ၂ ✽
✽ အပိုင်း ၃ ✽
✽ အပိုင်း ၄ ✽
✽ အပိုင်း ၅ ✽
✽ အပိုင်း ၆ ✽
✽ အပိုင်း ၇ ✽
✽ အပိုင်း ၈ ✽
✽ အပိုင်း ၉ ✽
✽ အပိုင်း ၁၀ ✽
✽ အပိုင်း ၁၁ ✽
✽ အပိုင်း ၁၂ ✽
✽ အပိုင်း ၁၃ ✽
✽ အပိုင်း ၁၄ ✽
✽ အပိုင်း ၁၅ ✽
✽ အပိုင်း ၁၆ ✽
✽ အပိုင်း ၁၇ ✽
✽ အပိုင်း ၁၈ ✽
✽ အပိုင်း ၁၉ ✽
✽ အပိုင်း ၂၀ ✽
✽ အပိုင်း ၂၁ ✽
✽ အပိုင်း ၂၂ ✽
✽ အပိုင်း ၂၃ ✽
✽ အပိုင်း ၂၄ ✽
✽ အပိုင်း ၂၅ ✽
✽ အပိုင်း ၂၆ ✽
✽ အပိုင်း ၂၇ ✽
✽ အပိုင်း ၂၈ ✽
✽ အပိုင်း ၂၉ ✽
✽ အပိုင်း ၃၀ ✽
✽ အပိုင်း ၃၁ ✽ (ဇာတ်သိမ်းပိုင်း)
PDF File version (Unicode)
New OC Fiction Announcement (Unicode)
1 (Zaw)
2 (Z)
3 (Z)
4 (Z)
5 (Z)
7 (Z)
8 (Z)
9 (Z)
10 (Z)
11 (Z)
12 (Z)
13 (Z)
14 (Z)
15 (Z)
16 (Z)
17 (Z)
18 (Z) 🔞⚠️‼️
19 (Z)
20 (Z)
21 (Z)
22 (Z) 🔞
23 (Z)
24 (Z)
25 (Z) 🔞
26 (Z) 🔞
27 (Z)
28 (Z)
29 (Z)
30 (Z)
31 (Z) Final Part
PDF File Ver (Zawgyi)
New OC Fiction Announcement (Zawgyi)

6 (Z)

277 12 1
By harley__robbie

ဒုတိယအကြိမ် သူမလေးဆီက ထပ်မံ၍နမ်းခံရပြီးနောက် ရေခဲတောင်နှင့်တူခဲ့သောသူ့နှလုံးသားတစ်ခုလုံးက အရည်ပျော်ပျက်စီးသွားလျက်။ ရှက်သွေးဖြာလာကာ ဘေးဘက်သို့ မျက်နှာလွှဲထားသည်။

ထို့နောက် မချဉ်မပြုံးဖြင့်'ဦးက အချစ်ခံရဖို့ ထိုက်တန်တဲ့ကလေးကြီးတစ်ယောက်ပါနော်' ဟူသော စကားတစ်ခွန်းလုံးအား ပြန်ကြားယောင်ခဲ့ပြီး သဘောကျရင်း သိမ်မွေ့စံနွယ်မမြင်အောင် မျက်နှာလွှဲထားကာ ခိုးပြုံးနေခဲ့သည်။ လက်သီးဆုပ်ထားပြီးတုန်ယင်နေသောလက်များလည်း သိမ်မွေ့စံနွယ်၏လက်ဖဝါးနုနုလေးများအုပ်မိုးထားမှုအောက်တွင် ပြေလျော့သွားသည်။

" မိန်းကလေး မင်းက ဘာလေးလဲ ... အမြဲတမ်းအေးဆေးပြီး ရက်စက်နေတဲ့ ငါ့လိုကောင်ကို နူးညံ့ချင်လာအောင် တော်ကီတွေရေလည်ခြွေနေတယ် "

" ဦးရဲ့ပင်ကိုယ်စိတ်စရိုက်က နူးညံ့ပြီးသနားကြင်နာတတ်တဲ့ပုံပါ၊ ဘဝအခြေအနေတွေကြောင့်မို့ အေးစက်ခက်ထန်နေတာဖြစ်မယ် "

သိမ်မွေ့စံနွယ်က သူမ၏ပါးပြင်ကို နေဟန်မှိုင်း၏လက်ဖဝါးနှင့်ထိကပ်စေခဲ့သည်။ သူမလေး၏အပြုအမူများကြောင့် နေဟန်မှိုင်းမှာ မျက်နှာပူပြီး နေရခက်လာသည်။

သူလည်း သူမကို အမှန်တကယ် သဘောကျနေပါသည်။ သူမ၏အကြင်နာစကားလုံးများသာမက ယခုလိုတယုတယထိတွေ့မှုလေးများကိုလည်း နှစ်သက်မိနေပြီး သူမဆီက အနမ်းလေးများကိုလည်း အလွန်တရာသဘောကျ မြတ်နိုးမိပါသည်။

သို့သော် ဘဝနောက်ကြောင်းမရှင်းသော သူ့အနေဖြင့် သူမလေး၏ဘဝထဲသို့ မဝင်ရောက်လိုသည်က အဓိကပြဿနာပင်။

အပြုံးတစ်ခုကိုပန်ဆင်ပြီးနောက်တွင် နေဟန်မှိုင်း၏နှာခေါင်းထဲမှ လေလုံးများ ရှူးခနဲထွက်လာခဲ့သည်။

" မင်း ကိုယ့်ကို တဦးဦးနဲ့ခေါ်နေတာ ... ကိုယ့်အသက်က အခုမှ ၃၂ ပဲရှိသေးတယ်၊ အရမ်းအိုနေလို့လား ... ဦးလို့တပ်ခေါ်ရအောင်လေ "

" အယ် ... ဟုတ်ပါဘူး၊ ငယ်ငယ်တုန်းက ဦးလို့ခေါ်ခဲ့ပြီးကတည်းက ခုပြန်တွေ့တော့လည်း လေးစားသမှုနဲ့ ဦးလို့ခေါ်တာပါ၊ မကြိုက်ရင် အခေါ်အဝေါ်ပြောင်းပေးမယ်လေ "

သိမ်မွေ့စံနွယ်က နေဟန်မှိုင်းမျက်နှာကိုကြည့်ကာ မျက်လုံးလေးပေကလည် ပေကလည်နှင့် နှုတ်ခမ်းလေးကို အနည်းငယ်ဆူကာ ပြောနေသည်က ချစ်စဖွယ်။

နေဟန်မှိုင်းလည်း ရင်ခုန်မိပြီး မရိုးမရွဖြစ်ကာ ရှက်ရှက်နှင့်မျက်နှာလွှဲပြောပြန်သည်။

" အစ်ကိုလောက်တော့ လုပ်ပါ ... ဦးဆိုတာ အသက် ၄၀ လောက်မှ ခေါ်သင့်တယ်မလား၊ ဒီကငယ်သေးတယ် "

သိမ်မွေ့စံနွယ်မှာ နေဟန်မှိုင်း၏ပါးနှစ်ဖက်ကို အသည်းယားယားနှင့် ဆွဲညှစ်လိုက်သည်။ သူစကားပြောနေသည့်ပုံစံမှာ အလွန်ချစ်ဖို့ကောင်းသောကြောင့်ပင်။

" ဒါပေါ့ ... ဒါပေါ့၊ ခုမှငယ်ငယ်လေးရှိသေးတဲ့အမျိုးသားလေးကို ဦးလို့မခေါ်တော့ဘူး၊ အဲဒီအစား ကိုကိုလို့ပဲခေါ်မယ်လေ နော် ... ဟီးဟီး "

နေဟန်မှိုင်း၏ပျော်ကျသွားသော နှလုံးသားမှာ အရည်ကနေ အမှုန့်ဖြစ်ကာ အမှုန်များလေထဲ လွင့်စင်သွားလျက်။

" ကျစ် ... ဒီငစားမလေးကတော့၊ ကဲ မင်း အိမ်ဘယ်မှာလဲပြော၊ ငါလိုက်ပို့ပေးမယ်၊ စကားမများနဲ့တော့ "

နေဟန်မှိုင်းက စိတ်ရှုပ်သည့်ပုံစံနှင့်ပြောလိုက်ချိန်တွင် သိမ်မွေ့စံနွယ်မှာ ချက်ချင်းမျက်နှာထားတည်သွား၏။

" ဟွန်း ... ရပါတယ်၊ အဲ့လောက်ထိ နှင်ထုတ်စရာမလိုပါဘူးနော်၊ ဖြစ်ချင်ရာဖြစ် ကိုယ့်ဘာသာ လမ်းလျှောက်ပြန်တော့မယ် "

သိမ်မွေ့စံနွယ်မှာ သူမ၏ပိုက်ဆံအိတ်နှင့် ငွေသုံးသိန်းထုပ်ကိုယူကာ နေဟန်မှိုင်းကို မျက်စောင်းထိုးလျက် ကားပေါ်ကနေခြေဆောင့်ပြီး ဆင်းသွားခဲ့သည်။ ကားတံခါးကိုလည်း ဆောင့်ပိတ်လိုက်၏။

" ဟမ် "

ရုတ်တရက် အမူအရာ၊ အကြည့်နှင့်လေသံပြောင်းသွားသော သိမ်မွေ့စံနွယ်ကြောင့် နေဟန်မှိုင်းလည်း ကြောင်သွားသည်။ ယခုအချိန်သည် ည ၈ နာရီထိုးခံနီး အချိန်ဖြစ်သည့်အပြင် သူခေါ်လာခဲ့သည့်နေရာကလည်း လူသူပြတ်လပ်လွန်းသည်။ သူမတစ်ယောက်တည်း လမ်းလျှောက်ပြန်ပါက မသမာသူများနှင့်တွေ့နိုင်သည်။ ထို့ကြောင့် နေဟန်မှိုင်းမှာ အမြန်ကားစက်နှိုးလိုက်ပြီးလျှင် လမ်းလျှောက်နေသော သိမ်မွေ့စံနွယ်ဘေးကနေ အရှိန်အနည်းငယ်နှင့် ဖြတ်မောင်းလာသည်။

" ဟေး ... မိန်းကလေး မင်းရူးနေလား၊ ဒီနားက လူပြတ်တယ်၊ တစ်ယောက်တည်းလျှောက်သွားလို့ ဘယ်ဖြစ်မလဲ၊ ငါ အိမ်လိုက်ပို့ပေးမယ်"

" အို ဖြစ်ပါတယ် ... လူကိုအိမ်လိုက်ပို့ပြီး လေထဲကဝိညာဉ်တစ်ကောင်လို ပြန်ပျောက်သွားအုံးမှာပဲမလား၊ ပြီးရင် ကျွန်မသိမ်မွေ့ကပဲ တစ်ယောက်တည်းအလွမ်းတွေ အဆွေးတွေနဲ့ကျန်ခဲ့မှာ၊ အဲဒီလိုဖြစ်မယ့်အတူတူအနူနူ .... တစ်ယောက်တည်းပဲ ပြန်တော့မယ် ဟွန့် "

နေဟန်မှိုင်းလည်း ကားပေါ်ကနေ သက်ပြင်းချလိုက်ပြီး ကားကိုစက်ရပ်စေခဲ့သည်။ ထို့နောက် ထိုင်ခုံခါးပတ်များကို ဖြည်လိုက်ရင်း ကားပေါ်မှဆင်းလာကာ လမ်းလျှောက်နေသော သိမ်မွေ့စံနွယ်နောက်သို့ လိုက်သွားခဲ့သည်။

" သိမ်မွေ့ ... "

ထူးထူးဆန်းဆန်း သူမ​၏နာမည်ရှေ့စာလုံးနှစ်လုံးကိုခေါ်ခံလိုက်ရချိန်တွင် သူမခြေလှမ်းများက တုံ့ဆိုင်းသွားလျက်။ ထိုစဉ် နေဟန်မှိုင်းက သူမလက်များကို ဆတ်ခနဲဆွဲလိုက်ပြီး ကားထဲဆီသို့ အတင်းဆွဲခေါ်ခဲ့သည်။

" လွှတ် ... "

" မရူးစမ်းနဲ့ ... ဒီခေတ်မှာ တစ်ယောက်တည်းပြန်တာ ပိုအန္တရာယ်များတယ်၊ မင်း ငယ်ငယ်ကလို လူဆိုးတွေပြန်ပေးဆွဲသွားမှာ မကြောက်ဘူးလား ... မှားလို့ လူကုန်ကူးသွားမှာ မကြောက်ဘူးလား"

" ဒီနားမှာ လူဆိုးဆိုလို့ ဦးလေးကြီးတစ်ယောက်ပဲရှိတယ် ... မွေ့စံရဲ့နှလုံးသားလေးကို ပြန်ပေးဆွဲမဲ့ဦးလေးကြီးပေါ့၊ ထားပါတော့၊ ဘယ်တော့မှ ထပ်မပျောက်သွားဘူးလို့ ကတိသာပေးလိုက်ပါ၊ လိမ်လိမ်မာမာနဲ့ အိမ်လိုက်ပို့တာခံမယ် "

သိမ်မွေ့စံနွယ်က နေဟန်မှိုင်းကို မော့ကြည့်ကာ နူတ်ခမ်းတထော်ထော်ဖြင့်ပြောလာသော် နေဟန်မှိုင်းလည်း ရယ်ရခက် ငိုရခက်ဖြစ်မိပြီး အနည်းငယ်စိတ်ရှုပ်သွားသည်။ ၅ မိနစ်လောက် သူမကို စကားတစ်ခွန်းမှမပြောဘဲ စဉ်းစားခဲ့ပြီးနောက်မှာတော့ မျက်နှာတည်သွားသည်။

" အင်း ... ကတိပေးတယ်၊ ဘယ်တော့မှ ထပ်မပျောက်တော့ဘူး၊ ဒါပေမဲ့ မင်းကိုတော့ ခဏခဏတွေ့ပေးရမယ်ဆိုတဲ့ကတိမျိုးတော့ မပေးနိုင်ဘူးနော်၊ ငါ့အလုပ်တွေရှိသေးတယ် "

" ခဏခဏမတွေ့ပါဘူး၊ သိမ်မွေ့လွမ်းလို့ ဖုန်းဆက်ရင်သာ ဖုန်းကိုင်ပါ၊ ဖုန်းနံပါတ်ကိုသာ မပြောင်းနဲ့၊ တစ်ခါတလေ မွေ့စံတွေ့ချင်တယ်ပြောတဲ့အခါ အဆင်ပြေရင် တွေ့ပေးပါ၊ အဲဒီလောက်လေး လိုက်လျောပေးရင် ကျေနပ်ပါပြီလို့ "

နေဟန်မှိုင်းလည်း ပြုံးလိုက်ပြီး ခေါင်းငြိမ့်ခဲ့သည်။

" အင်းပါ ... ကတိပေးတယ်၊ ခုတော့ အိမ်ပြန်သင့်နေပြီ အရူးလေး"

သိမ်မွေ့စံနွယ်လည်း မျက်နှာပြုံးဖြီးပြီး တဟီးဟီးဖြစ်နေခဲ့သည်။ ထို့နောက် ဝမ်းသာအားရဖြင့် နေဟန်မှိုင်း​၏ခါးကို သိုင်းဖက်ကာ သူ​၏ရင်ခွင်ထဲသို့ မှီနေခဲ့သည်။ ဤသို့မှီနေစဉ်မှာသူမအနေဖြင့် သူ​၏ တဒုတ်ဒုတ် ရင်ခုန်သံများကို ကြားနေခဲ့သည်။

နေဟန်မှိုင်းမှာလည်း သူ​၏နှစ်ကာလကြာရှည်စွာ တိမ်မြုပ်ပျောက်ကွယ်နေခဲ့သော ချစ်စိတ်များနိုးကြားလာခဲ့ပြီးနောက် သိမ်မွေ့စံနွယ်ကို ပြန်ဖက်ခဲ့ပြီး သူမ​၏ခေါင်းလေးကို ပုတ်ပေးခဲ့သည်။

" အခု အသက်ဘယ်လောက်ရှိနေပြီလဲ သိမ်မွေ့က "

" ၂၁ ရှိပြီ ... "

" ကိုယ်နဲ့ဆို ၁၁ နှစ်တောင်ကွာတယ် ... "

" ဘာတွေတွေးနေတာလဲနော် ... ငါ ဒီကောင်မလေးနဲ့ အသက် ၁၁ နှစ်ကွာနေတာ၊ တွဲလို့အဆင်ပြေပါ့မလားလို့ တွေးနေတာလား ဟီးဟီး "

သိမ်မွေ့စံနွယ်၏နောက်ပြောင်ကျီစယ်မှုကြောင့် နေဟန်မှိုင်းလည်း ရယ်မိသည်။

" အဟက် .... မင်းကွာဘယ်လိုမိန်းကလေးလဲ၊ မဟုတ်ဘူးလားဆို ... ဟုတ်တယ်၊ မင်းပြောတဲ့အတိုင်းပဲ တွေးနေတာ "

သိမ်မွေ့စံနွယ်မှာ သူ့ကိုဖက်ထားရာမှ ခွာလိုက်ပြီး နေဟန်မှိုင်း၏ပါးနှစ်ဖက်ကို ကြင်နာစွာညှစ်လိုက်သည်။

" သိမ်မွေ့ ကို ကိုကိုချစ်နေရင် ပြီးနေပြီပဲ၊ ဘာတွေစိတ်ပူစရာလိုသေးလဲ ... စိတ်ပူရမှာက သိမ်မွေ့ ကိုကို့ကြောင့် နှလုံးရောဂါဆိုးမှာကိုပဲ "

ယခင်အစောပိုင်း၌ နေဟန်မှိုင်း၏အမှုန့်ဖြစ်သွားသော နှလုံးသားမှာ ယခုတွင်မူ အမှုန့်များမှသည် တစ်ဖန်ပေါင်းစည်း၍ နှလုံးသားအသစ်တစ်ခုဖြစ်သွားကာ အချစ်မြှား အစင်း တစ်ထောင်စိုက်ခြင်းခံလိုက်ရသကဲ့သို့။

" သိမ်မွေ့ ... သိမ်မွေ့အိမ်က လူကြီးတွေ ကိုယ့်အကြောင်း သိသွားကြလို့ သဘောမတူမှာလည်းရှိသေးတယ်လေ "

နေဟန်မှိုင်းမှာ အသံအနည်းငယ်တုန်နေပြီး စိုးရိမ်စိတ်ဖြင့် ပြောလိုက်သည်။

" မွေ့စံဘက်က အမှန်တိုင်းမပြောမချင်း သူတို့သိကြမှာမှ မဟုတ်တာ ... ခုနေတွဲလည်း သူတို့ကို မွေ့စံတို့တွဲနေကြောင်းမပြောဘဲ သူငယ်ချင်းဆက်ဆံရေးလို့ပဲ ပြောထားလည်းရတာပဲ၊ ကိုကိုက သိမ်မွေ့နဲ့အမြဲတမ်း ဒိတ်နိုင်မှာမှ မဟုတ်တာလေ "

နေဟန်မှိုင်းလည်း စကားတတ်လွန်းပြီး အသွက်လွန်သော သိမ်မွေ့စံနွယ်အား အသည်းယားလွန်း၍ ငုံထားမတတ်ချစ်ချင်လာမိသည်။ ပါးချိုင့်ကလေးပေါ်သည်အထိ သူ ပြုံးမိရင်း သိမ်မွေ့စံနွယ်ကို စိုက်ကြည့်နေခဲ့သည်။

" မွေ့စံလေးလို့ ခေါ်ရမှာလား "

" အွန်း .... မွေ့စံလေး၊ ကလေးလေး၊ မိန်းမလေး ... ကိုကို ကြိုက်သလိုခေါ် "

" ဟာ ... ဒီကောင်မလေး လွန်နေပြီ၊ တော်တော်အဆင့်တက်နေပါလား "

" လူကိုကတိတွေပေးပြီး ပြန်ပျောက်သွားမှာစိုးလို့ ခုအချိန်မှာ အစွမ်းကုန်ချစ်ပြနေရတာ၊ ပြီးတော့ ဘဝမှာ ဘယ်ယောကျာ်းလေးကိုမှ မချစ်ခဲ့ဘူးသလို၊ ယောကျာ်းလေးအပေါင်းအသင်းတွေနဲ့တောင် ဟီးဟီးဟားဟားမရှိခဲ့ပါဘူးနော်၊ မိန်းကလေးကျောင်းမှာ တက်ခဲ့ရလို့ ယောကျာ်းလေးသူငယ်ချင်းတွေလည်း မရှိခဲ့သလို ကြီးလာတော့လည်း ဘယ်ကောင်လေးနဲ့မှ အရောမဝင်ခဲ့ဘူး၊ သူတို့ဘယ်လောက် မွေ့စံကို ပိုးပမ်းနေကြပါစေ ... မွေ့စံက ကိုကို့စိတ်နဲ့အသက်ရှင်နေခဲ့ရတာ ... မွေ့စံရဲ့အချစ်ကို အထင်သေးချင်တာလားဟင် "

" မဟုတ်ပါဘူး၊ အထင်တစ်စက်ကလေးမှ မသေးဘူး၊ မွေ့စံအချစ်ကို ကိုယ်အသိမှတ်ပြုတယ်၊ ကိုယ့်အနေနဲ့ ဝန်ခံရရင် အခုကိုယ်ပျော်နေမိတာပါ၊ ကမ္ဘာပေါ်မှာ ကံအကောင်းဆုံးလူလို့လည်း ခံစားနေရတယ်"

သိမ်မွေ့စံနွယ်လည်း ပြုံးပျော်သွားကာ ခြေဖျားလေးထောက်လျက် နေဟန်မှိုင်း၏နှုတ်ခမ်းလေးကို နမ်းခဲ့သည်။ နေဟန်မှိုင်းလည်း တတိယအနမ်းကို ပြုံးပြုံးကြီး လက်ခံခဲ့သည်။

" ကိုယ်လည်း မင်းလေးကြောင့်နဲ့ စိတ်ရော နှလုံးသားရော မခိုင်တော့ပါဘူးကွာ ... လူသတ်သမားဆိုတဲ့ဂုဏ်ပုဒ်တောင် မေ့သွားရတယ်"

" ဟိဟိ ... နောက်လည်း ကိုကို့ငယ်ဘဝက စိတ်ဒဏ်ရာတွေအကုန်ပျောက်တဲ့အထိ ချစ်ပေးသွားမှာမို့ မွေ့စံလေးကို မပစ်ခွာရဘူးနော်"

ဤသို့ဖြင့် နေဟန်မှိုင်းလည်း သူမထံက အကြင်နာမေတ္တာများကြောင့် စိတ်ကြည်နူးနေမိသည်။

" ကားပေါ်မှာ စကားခဏ ပြောရအောင် "

" အွန်း "

နေဟန်မှိုင်းမှာ သိမ်မွေ့စံနွယ်၏လက်ကလေးကို ညင်သာစွာဆွဲလျက် ကားနောက်ခန်းအတွင်းသို့ ခေါ်လာခဲ့သည်။ ကားထဲသို့ရောက်လျှင် နှစ်ဦးသား စက္ကန့်အနည်းငယ်အတွင်း အကြည့်ချင်းစုံခဲ့ကြပြီးနောက် နေဟန်မှိုင်း၏နှုတ်ခမ်းများက သိမ်မွေ့စံနွယ်၏နှုတ်ခမ်းသားလေးများကို အပေါ်တစ်လှည့်၊ အောက်တစ်လှည့်နှင့် နူးညံ့စွာထိတွေ့နေခဲ့သည်။ ထို့နောက် နေဟန်မှိုင်းဘက်မှ နမ်းရှိုက်ချက်များက အနည်းငယ်မြန်လာကာ သိမ်မွေ့စံနွယ်၏ကိုယ်လုံးလေးကို ပွေ့ဖက်ထားပြီး သူမနှုတ်ခမ်းများကို သူ့စိတ်တိုင်းကျ နမ်းရှိုက်နေခဲ့လျက်။ ' တပြွတ်ပြွတ်' အသံများကြားမှာ ပြင်းပြသောအသက်ရှုရှိုက်သံများလည်း ပါလာခဲ့သည်။

နေဟန်မှိုင်း၏နှလုံးသားက ဆက်ကြာကြာနမ်းချင်ခဲ့သော်လည်း သူ၏ဦးနှောက်ကမူ ရပ်သင့်ပြီဟု အချက်ပေးနေခဲ့သောကြောင့် သူလည်း သူမ၏နှုတ်ခမ်းလေးကို ဖြည်းဖြည်းချင်းခွာခဲ့သည်။

" ကိုယ့်ဘဝမှာ အမေပြီးရင် အချစ်ဆုံးအမျိုးသမီးက မင်းဖြစ်လာလောက်တယ် မွေ့စံ "

• ────── ✾ ────── •

Continue Reading

You'll Also Like

257K 7.6K 45
စဝ်ခွန်နောင်= မင်းလူသတ်ရင် ကိုယ်ကအလောင်းဖျောက်ပေးမယ့်မဲ့ကောင်ပါ baby Gumkino =ကျွန်မက ပန်းကိုင်ရတာထပ် gunကိုင်ရတာပိုသဘောကျတဲ့မိန်းကလေးတစ်ယောက်မို့ ရှ...
990K 30.6K 61
Dans un monde où le chaos et la violence étaient maitre, ne laissant place à ne serrait ce qu'un soupçon d'humanité. Plume était l'exception. Elle...
38.4K 511 23
"ကိုယ့်လက် ကိုသာသေချာဆုပ်ကိုင်ထားလိုက် နွေးလည်းနွေးစေရမယ် အန္တာရာယ်လည်းကင်းပြီး ကမ္ဘာပေါ်မှာအပျော်အရွှင်ဆုံးမိန်းကလေးတစ်ဦး ဖြစ်ကိုဖြစ်စေရမယ်"
404K 6.6K 141
ဖအေကနေ သားကိုသွားထားတဲ့ ဇာတ်လမ်းသာဖြစ်ပါတယ် ဖေအက သားကိုသြားထားတဲ့ ဇာတ်လမ်းသာဖြစ်ပါတယ်