ငါ့ခင်ပွန်းကို နေ့တိုင်း အလို...

By NyeinHlaingZin123

193K 15.3K 151

Title - Pampering My Husband Every Day Type - Web Novel (CN) Genre - Romance , Slice of Life Author - Grumpy... More

Description
အပိုင်း ၁
အပိုင်း ၂
အပိုင်း ၃
paid gp
အပိုင်း ၄
promotion
အပိုင်း ၅
အပိုင်း ၇
အပိုင်း ၈
အပိုင်း ၉
အပိုင်း ၁၀
အပိုင်း ၁၁
အပိုင်း ၁၂
ပရိုမိုးရှင်း
အပိုင်း ၁၃
အပိုင်း ၁၄
အပိုင်း ၁၅
အပိုင်း ၁၆
အပိုင်း ၁၇
အပိုင်း ၁၈
အပိုင်း ၁၉
အပိုင်း ၂၀
အပိုင်း ၂၁
အပိုင်း ၂၂
အပိုင်း ၂၃
အပိုင်း ၂၄
အပိုင်း ၂၅
အပိုင်း ၂၆
အပိုင်း ၂၇
အပိုင်း ၂၈
အပိုင်း ၂၉
အပိုင်း ၃၀
အပိုင်း ၃၁
အပိုင်း ၃၂
အပိုင်း ၃၃
အပိုင်း ၃၄
အပိုင်း ၃၅
အပိုင်း ၃၆
အပိုင်း ၃၇
အပိုင်း ၃၈
အပိုင်း ၃၉
အပိုင်း ၄၀
လျော့စျေး
အပိုင်း ၄၁
အပိုင်း ၄၂
gp ပြီးဆုံးခြင်း
အပိုင်း ၄၃
အပိုင်း ၄၄
အပိုင်း ၄၅
အပိုင်း ၄၆
အပိုင်း ၄၇
အပိုင်း ၄၈
အပိုင်း ၄၉
အပိုင်း ၅၀
အပိုင်း ၅၁
အပိုင်း ၅၂
၃ နှစ်ပြည့် 😍😘😘
အပိုင်း ၅၃
အပိုင်း ၅၄
အပိုင်း ၅၅
အပိုင်း ၅၆
အပိုင်း ၅၇
အပိုင်း ၅၈
အပိုင်း ၅၉
အပိုင်း ၆၀
အပိုင်း ၆၁
အပိုင်း ၆၂
အပိုင်း ၆၃
အပိုင်း ၆၄

အပိုင်း ၆

3K 269 1
By NyeinHlaingZin123

Unicode

ငါ့ခင်ပွန်းကို နေ့တိုင်း အလိုလိုက်နေရတယ်

အပိုင်း ၆ - ကယ်တင်ရှင် ၂

နောက်တစ်နေ့ အန်းခိုင် ဆေးရုံ၌

ဝူထုန်က သူ့မောင်ကို ဝှီးချဲနဲ့တွန်းပေးခဲ့ပြီး အလယ်ဥယျာဉ်ကို လမ်းလျှောက်ထွက်ခဲ့သည်။

"မမ၊ ဒီနေရာက နေအရမ်းထိုးတယ်။ ဟိုမှာ သွားထိုင်ရအောင် " ရှောင်ယွမ်က အနီးနားက အရိပ်ခိုသည့်နေရာကို ညွှန်ပြလိုက်သည်။

"ကောင်းပြီ" ဝူထုန်က သူ့ကို ထိုနေရာဆီသို့ တွန်းပို့ပေးခဲ့သည်။

"မမ ရေသောက်ပါဦး" ရှောင်ယွမ်က သူ့အစ်မရဲ့ ဖြူဖျော့ဖျော့မျက်နှာကို စိုးရိမ်တကြီးဖြင့်ကြည့်ကာ ရေပုလင်းကို ကမ်းပေးခဲ့သည်။

"ကျေးဇူး" သူမ ပြုံးပြုံးလေး လက်ခံလိုက်သည်။

"မမ ကောင်းကောင်းကော အိပ်ရရဲ့လား။ မမ ကျွန်တော့်ကို တစ်ချိန်လုံး ပြုစုပေးစရာ မလိုပါဘူး။ မမလည်း အနားယူဖို့ လိုတယ်။ မမ ကိုယ်အလေးချိန် ကျသွားပြီး မမရဲ့ အသားအရေက အရင်ကလို မကောင်းတော့ဘူး" ရှောင်ယွမ် စနောက်လိုက်သည်။ "မမ ဒီလိုမျိုးသာဆိုရင်ရည်းစားရှာနိုင်တော့မှာမဟုတ်ဘူး"

"နင့်လိုကလေးက ဘာသိလို့လဲ" သူမ စိတ်ကောက်သွားသည်။

"ကျွန်တော် ကလေးမဟုတ်တော့ဘူး၊ ကျွန်တော် ပထမနှစ် တက္ကသိုလ်ကျောင်းသားဖြစ်နေပြီ..."

"ဟုတ်တယ်... ဒီရောဂါမဖြစ်ရင် အခုဆို ကောလိပ်တက်နေရပြီ " ဝူထုန် ခါးသက်စွာ ပြုံးလိုက်သည်။ တောက်ပပြီး ချောမောတဲ့မောင်လေးက ဖြူဖျော့ဖျော့နှင့် အရိုးပြိုင်းပြိုင်းဖြစ်နေတဲ့သူတစ်ယောက်အဖြစ် နေ့စဉ်နှင့်အမျှ ပြောင်းလဲလာသည့် အပြောင်းအလဲတွေကို သူမ စောင့်ကြည့်နေခဲ့ရသည်။ ဓာတုကုထုံးကြောင့် ဆံပင်တွေတောင် ကျွတ်ကုန်ပြီ။

သူ့အစ်မရဲ့ စိတ်နေစိတ်ထား အပြောင်းအလဲကို ခံစားလိုက်ရသဖြင့် ရှောင်ယွမ်က သူမကို အဆောတလျင် နှစ်သိမ့်ရန် ကြိုးစားလိုက်သည်။ "မမ စိတ်မပူနဲ့၊ကျွန်တော် နေပြန်ကောင်းလာမှာပါ။ ဆရာဝန်က ပြန်ကောင်းလာပါပြီလို့ပြောတယ်လေ "

"ဟုတ်တယ် နေကောင်းသွားလိမ့်မယ်။ သြော် မမပြောဖို့ မေ့နေတာ။ မမတို့ရဲ့ ဒုတိယဦးလေးဆီ သွားလည်တုန်းက ရိုးတွင်းခြင်ဆီနဲ့ ကိုက်ညီမှုရှိ၊ မရှိ စစ်ဆေးဖို့ သူသဘောတူခဲ့တယ်။ ဒါပေမယ့်အခု သူ အလုပ်ရှုပ်နေတော့ သူအားတဲ့အထိ စောင့်ရမှာပဲ " လို့ ဝူထုန်က သူမမောင်ကို စိတ်ချလက်ချရှိအောင် ပြောခဲ့သည်။ ဘာပဲဖြစ်ဖြစ် သူမတို့ရဲ့ ဒုတိယဦးလေးက ရှောင်ယွမ်ရဲ့ နောက်ဆုံးမျှော်လင့်ချက်ပဲ။

လွန်ခဲ့တဲ့ တစ်လခွဲလောက်က ဆရာဝန်ပြောခဲ့တဲ့စကားတွေကို သူမ ပြန်တွေးကြည့်ကာ ပိုပြီး စိတ်ပိုင်းဖြတ်လာနိုင်ခဲ့သည်။

"ဝူထုန်၊ နင့်ရဲ့မောင်လေးမှာ အချိန်သိပ်မကျန်တော့ဘူး။ ကိုက်ညီတဲ့ ရိုးတွင်းခြင်ဆီမရင် သူအသက်ရှင်ဖို့က အနည်းဆုံး နှစ်လပဲကျန်တော့မှာ။ ငါအကြံပေးချင်တာက......ငါတို့ သူ့ကို ဓာတုကုထုံးတွေ မလုပ်ပေးတော့ဘူး"

"ဒုတိယဦးလေး" ရှောင်ယွမ်ရဲ့ ဒုတိယဦးလေးအပေါ် အထင်အမြင်မှာ တိမ်မြုပ်နေခဲ့ပြီ။ ငယ်ငယ်တုန်းက သူတို့မိသားစုက သူ့အဘိုးကြောင့်သာ ရင်းနှီးခဲ့ကြသည်။ သူ့အဖိုးဆုံးပါးသွားပြီးနောက် သူတို့ ဝေးကွာသွားခဲ့ကြသည်။ သူ့ဒုတိယဦးလေးကို သူနောက်ဆုံးတွေ့ခဲ့တာက လွန်ခဲ့တဲ့သုံးနှစ် သူ့အဘိုးရဲ့ဈာပနတွင်ဖြစ်သည်။

"ဟုတ်တယ်။ မောင်လေး နေမကောင်းတဲ့အကြောင်းကြားတော့ သူတကယ်စိုးရိမ်နေတဲ့ပုံပဲ " လို့ ဝူထုန်က ပြုံးပြုံးလေးပြောလိုက်သည်။ "ဆွေမျိုးတွေကြားက ကိုက်ညီမှုနှုန်းက အရမ်းမြင့်တယ်လို့ ဆရာဝန်က ပြောခဲ့တယ်။ မောင်လေး အဆင်ပြေသွားမှာပါ!"

"အွန်း " သူမရဲ့စကားကမှန်လားဆိုတာ သူ သေချာမသိခဲ့သော်လည်း ရှောင်ယွမ် ကျေနပ်စွာ ခေါင်းညိတ်ပြလိုက်သေးသည်။ သူ့မမကို စိတ်မပူစေချင်ဘူး။

"အခန်းထဲပြန်ရအောင်" အပြင်မှာ အကြာကြီးနေနေရင် ရှောင်ယွမ်ရဲ့ ကျန်းမာရေးကို ထိခိုက်မှာကြောက်လို့ ဝူထုန်က သူ့ကို လူနာဆောင်ထဲ အမြန်ပြန်ခေါ်သွားခဲ့သည်။ သူမ တံခါးဖွင့်လိုက်ချိန် သူမ ဒုတိယဦးလေးရဲ့ မိသားစုက အထဲမှာ ရပ်နေတာကို တွေ့လိုက်ရသည်။

"ဒုတိယဦးလေး၊ ဒုတိယအဒေါ်..." ဝူထုန်က သူတို့ကို စိတ်ရှုပ်ထွေးစွာဖြင့် နှုတ်ဆက်လိုက်သည်။

"ဝူထုန် " ဝူလီရမ်က သူမကို ခေါင်းညိတ်ပြလိုက်ပြီး ရှောင်ယွမ်ကို စိုးရိမ်စိတ်ဖြင့် လှည့်ကြည့်လိုက်သည်။ "ရှောင်ယွမ်၊ မင်းဆီလာလည်ဖို့ အရမ်းနောက်ကျသွားတာ တောင်းပန်ပါတယ်"

"ရပါတယ် ဒုတိယဦးလေး။ ဘာပဲဖြစ်ဖြစ် လာလည်တဲ့အတွက် အားလုံးကို ကျေးဇူးတင်ပါတယ်" ရှောင်ယွမ်က ပြုံးပြီး တုံ့ပြန်ခဲ့သည်။

"ငါတို့မင်းကိုလာတွေ့ဖို့ လာတာမဟုတ်ဘူး။ မင်းနဲ့ကိုက်ညီတဲ့ ရိုးတွင်းခြင်ဆီလိုအပ်နေတယ်ဆိုတာကို မင်းရဲ့ဒုတိယဦးလေးကြားလို့ အဲ့ဒါကြောင့်ငါတို့ထဲက တစ်ယောက်ယောက်နဲ့ကိုက်ညီမှုရှိ၊ မရှိကြည့်ဖို့ ဒီကိုလာခဲ့တာ။ သူက မင်းရဲ့ဝမ်းကွဲမောင်နှမတွေကိုတောင် နိုင်ငံခြားကနေ ပြန်လာဖို့ခေါ်လိုက်သေးတယ်" မစ္စ ဝူက စကားပြောဖို့ အခွင့်အရေးရသွားခဲ့သည်။

ရှောင်ယွမ် အထိအတွေ့ကို ခံစားလိုက်ရချိန်တွင် ဝူထုန် အံ့ဩသွားခဲ့သည်။ ပြီးခဲ့တဲ့အပတ်က သူမ ဒုတိယအဒေါ်ရဲ့ ငြင်းပယ်မှုက သူမရဲ့စိတ်ထဲမှာ ကွက်ကွက်ကွင်းကွင်း ရှိနေဆဲပင်။ သွေးဖောက်ယူပြီးသွားတာတောင် သူမ မိန်းမောတွေဝေနေဆဲပဲ။

"ရလဒ်တွေ ထွက်လာဖို့ တစ်ပတ်လောက် ကြာမယ်။ ရှောင်ယွမ်ရဲ့ အခြေအနေက အရေးပေါ်ဖြစ်တာကြောင့် လာမယ့် တနင်္လာနေ့မှာ ဒါကို ပြီးမြောက်အောင် ကြိုးစားသွားပါ့မယ်။ သတင်းကောင်းကြားရဖို့ မျှော်လင့်ပါတယ်" ဆရာဝန်က ပြုံးပြီး ခေါင်းညိတ်ကာ ထွက်သွားလိုက်သည်။

"ဒုတိယဦးလေး၊ ကျေးဇူးအများကြီးတင်ပါတယ်" ဝူထုန်က မတ်တပ်ရပ်ပြီး ဦးညွှတ်လိုက်သည်။

"ရပါတယ် ဝူထုန်။ မိသားစုဝင်တွေ အချင်းချင်း ကူညီတာ သဘာဝကျပါတယ်" ဝူလီရမ်က သူမကို အမြန်တားလိုက်သည်။ သူ့မိန်းမကို တစ်ချက်ကြည့်လိုက်မိသည်။

"ဟုတ်တယ်၊ ဟုတ်တယ် ဝူထုန်၊ ဒီလောက်ယဉ်ကျေးနေဖို့ မလိုပါဘူး" သူမက ထပ်ပြောခဲ့သည်။

"အခုပြီးပြီလား။ ပြန်လို့ရပြီလား" ဝူကျစ်ကျစ်က မကျေမနပ်နဲ့ ပြောလိုက်သည်။

တစ်ဖက်တွင် ဝူခိုင်က ပခုံးတွန့်လျက်ပင်။

"ကောင်းပြီ ဒါဆို။ နောက်အပတ်မှာ ငါတို့ပြန်လာခဲ့မယ်" ဝူလီရမ်က ပြောလိုက်သည်။

"ဟုတ်ကဲ့ " ဝူထုန်က ဝူကျစ်ကျစ်၏ မည်းမှောင်သောအမူအရာနှင့် ညည်းညူမှုများကို မဂရုစိုက်ဘဲ သူမ ပျော်ရွှင်နေခဲ့သည်။ သူမ သူတို့ကို တံခါးဆီ ကိုယ်တိုင် လိုက်ပို့ခဲ့သည်။

မိသားစုလိုက် ကားထဲကို ပြန်ဝင်လာတော့ သူတို့ရဲ့ အမူအရာတွေ ချက်ချင်းပြောင်းသွားကြသည်။ ဝူကျစ်ကျစ်က တိုက်ရိုက်ပင် စကားပြောခဲ့သည်။ "ငါတို့ရဲ့ ရိုးတွင်းခြင်ဆီတွေထဲက တစ်ခုနဲ့ ကိုက်ညီရင် အစားထိုးကုသမှုကို တကယ်လုပ်မယ်လို့ မပြောနဲ့နော်။အဲ့တာက နာတယ်လို့ ကြားတယ်"

"ရလဒ်တွေကို လာမယ့် တနင်္လာနေ့အထိ စောင့်ရမှာ မဟုတ်ဘူးလား။ အစ်မရဲ့ရိုးတွင်းခြင်ဆီကို မလှူချင်ရင် ချင် မိသားစုရဲ့ အကြီးဆုံး သခင်လေးကို လိုက်ပြီး အစ်မကိုလက်ထပ်ဖို့ သူ့ကို စည်းရုံးလိုက် " ဝူခိုင်ကစကားပြောပြီး ပြုံးလိုက်သည်။

"အဲ့အရိုင်းအစိုင်းကို ငါက လက်ထပ်ချင်တယ်လို့ နင်ထင်နေလား။ သူတို့ရဲ့ ဒုတိယသခင်လေးလို လူကြီးလူကောင်း ယောက်ျားတွေကိုပဲ ငါ ကြိုက်တာ"

"သူ အစ်မကို ပြန်မကြိုက်တာ သနားစရာပဲ" ဝူခိုင်က ပီတိတစ်ဖွားဖွားဖြင့်ကြည့်ခဲ့သည်။

"နင် စိတ်မပူဘူးလား" ဝူကျစ်ကျစ်က မေးလိုက်သည်။

"ငါ တကယ် ဂရုမစိုက်ဘူး။ ရိုးတွင်းခြင်ဆီ အစားထိုးကုသမှုကို အရင်စလုပ်တုန်းက ငါ မကန့်ကွက်ခဲ့ဘူး။ အစ်မနဲ့အမေကသာ သဘောမတူကြတဲ့ သူတွေ။ ဒီအပတ် ပိတ်ရက်မှာ ငါ လစ်ပြီးသွားလည်ဖို့တောင် စီစဉ်ထားသေးတယ်..."

မစ္စစ် ဝူက ထိုစကားကိုကြားသည်နှင့် သူမ သူ့ကို ကြိမ်းမောင်းချင်လာသည်။ "နင်-"

"ဘာလို့ ဒီကိစ္စကို ငြင်းခုံနေသေးတာလဲ။ ငြင်းစရာ အချက်ရှိလို့လား!" ဝူလီရမ်က ဟောက်လိုက်သည်။ နောက်ဆုံး ကားထဲမှာ တိတ်ဆိတ်သွားခဲ့သည်။

အခုအချိန်မှာ ဝူလီရမ်က ဝူထုန်နဲ့တူသည်။ သူ့ရဲ့ရိုးတွင်းခြင်ဆီက သဟဇာတဖြစ်ပါစေလို့ သူမျှော်လင့်ထားသည်။

"ဒါပေမယ့် ရိုးတွင်းခြင်ဆီ ​ကိုက်ညီမှုက အောင်မြင်သွားရင် အစ်မဝမ်းကွဲ ဝူထုန်ကို ကျွန်တော်တို့ ဘာပြောကြမလဲ" ဝူခိုင် မမေးဘဲမနေနိုင်ခဲ့ပေ။ "ကျွန်တော်အဲ့တာကို ဘယ်လိုပဲ တွေးနေပါစေ ကျွန်တော်တို့ သူမကို အခွင့်ကောင်းယူနေသလို ခံစားရတယ်"

"ပါးစပ်ပိတ်ထား!" မစ္စစ် ဝူက သူမသားကို စိုက်ကြည့်ခဲ့သည်။

' ဝူထုန်၊ နင့်မှာ သဘောတူဖို့ကလွဲလို့ ရွေးစရာမရှိဘူး! ငါတို့က နင့်ကို ရိုးတွင်းခြင်ဆီ အလကားပေးလိမ့်မယ်လို့ နင်ထင်နေတာလား '

.......

Khat - ဒါလေးက ၃လပိုင်း ၃ ရက်နေ့ထိ အစအဆုံး ၃၀၀၀ ပါပဲနော်😍😘😘

••••••••••

Zawgyi

ငါ့ခင္ပြန္းကို ေန႔တိုင္း အလိုလိုက္ေနရတယ္

အပိုင္း ၆ - ကယ္တင္႐ွင္ ၂

ေနာက္တစ္ေန႔ အန္းခိုင္ ေဆး႐ုံ၌

ဝူထုန္က သူ႕ေမာင္ကို ဝွီးခ်ဲနဲ႔တြန္းေပးခဲ့ၿပီး အလယ္ဥယ်ာဥ္ကို လမ္းေလွ်ာက္ထြက္ခဲ့သည္။

"မမ၊ ဒီေနရာက ေနအရမ္းထိုးတယ္။ ဟိုမွာ သြားထိုင္ရေအာင္ " ေ႐ွာင္ယြမ္က အနီးနားက အရိပ္ခိုသည့္ေနရာကို ၫႊန္ျပလိုက္သည္။

"ေကာင္းၿပီ" ဝူထုန္က သူ႕ကို ထိုေနရာဆီသို႔ တြန္းပို႔ေပးခဲ့သည္။

"မမ ေရေသာက္ပါဦး" ေ႐ွာင္ယြမ္က သူ႕အစ္မရဲ႕ ျဖဴေဖ်ာ့ေဖ်ာ့မ်က္ႏွာကို စိုးရိမ္တႀကီးျဖင့္ၾကည့္ကာ ေရပုလင္းကို ကမ္းေပးခဲ့သည္။

"ေက်းဇူး" သူမ ျပဳံးျပဳံးေလး လက္ခံလိုက္သည္။

"မမ ေကာင္းေကာင္းေကာ အိပ္ရရဲ႕လား။ မမ ကြၽန္ေတာ္႕ကို တစ္ခ်ိန္လုံး ျပဳစုေပးစရာ မလိုပါဘူး။ မမလည္း အနားယူဖို႔ လိုတယ္။ မမ ကိုယ္အေလးခ်ိန္ က်သြားၿပီး မမရဲ႕ အသားအေရက အရင္ကလို မေကာင္းေတာ့ဘူး" ေ႐ွာင္ယြမ္ စေနာက္လိုက္သည္။ "မမ ဒီလိုမ်ိဳးသာဆိုရင္ရည္းစား႐ွာႏိုင္ေတာ့မွာမဟုတ္ဘူး"

"နင့္လိုကေလးက ဘာသိလို႔လဲ" သူမ စိတ္ေကာက္သြားသည္။

"ကြၽန္ေတာ္ ကေလးမဟုတ္ေတာ့ဘူး၊ ကြၽန္ေတာ္ ပထမႏွစ္ တကၠသိုလ္ေက်ာင္းသားျဖစ္ေနၿပီ..."

"ဟုတ္တယ္... ဒီေရာဂါမျဖစ္ရင္ အခုဆို ေကာလိပ္တက္ေနရၿပီ " ဝူထုန္ ခါးသက္စြာ ျပဳံးလိုက္သည္။ ေတာက္ပၿပီး ေခ်ာေမာတဲ့ေမာင္ေလးက ျဖဴေဖ်ာ့ေဖ်ာ့ႏွင့္ အ႐ိုးၿပိဳင္းၿပိဳင္းျဖစ္ေနတဲ့သူတစ္ေယာက္အျဖစ္ ေန႔စဥ္ႏွင့္အမွ် ေျပာင္းလဲလာသည့္ အေျပာင္းအလဲေတြကို သူမ ေစာင့္ၾကည့္ေနခဲ့ရသည္။ ဓာတုကုထုံးေၾကာင့္ ဆံပင္ေတြေတာင္ ကြၽတ္ကုန္ၿပီ။

သူ႕အစ္မရဲ႕ စိတ္ေနစိတ္ထား အေျပာင္းအလဲကို ခံစားလိုက္ရသျဖင့္ ေ႐ွာင္ယြမ္က သူမကို အေဆာတလ်င္ ႏွစ္သိမ့္ရန္ ႀကိဳးစားလိုက္သည္။ "မမ စိတ္မပူနဲ႔၊ကြၽန္ေတာ္ ေနျပန္ေကာင္းလာမွာပါ။ ဆရာဝန္က ျပန္ေကာင္းလာပါၿပီလို႔ေျပာတယ္ေလ "

"ဟုတ္တယ္ ေနေကာင္းသြားလိမ့္မယ္။ ေၾသာ္ မမေျပာဖို႔ ေမ့ေနတာ။ မမတို႔ရဲ႕ ဒုတိယဦးေလးဆီ သြားလည္တုန္းက ႐ိုးတြင္းျခင္ဆီနဲ႔ ကိုက္ညီမႈ႐ွိ၊ မ႐ွိ စစ္ေဆးဖို႔ သူသေဘာတူခဲ့တယ္။ ဒါေပမယ့္အခု သူ အလုပ္႐ႈပ္ေနေတာ့ သူအားတဲ့အထိ ေစာင့္ရမွာပဲ " လို႔ ဝူထုန္က သူမေမာင္ကို စိတ္ခ်လက္ခ်႐ွိေအာင္ ေျပာခဲ့သည္။ ဘာပဲျဖစ္ျဖစ္ သူမတို႔ရဲ႕ ဒုတိယဦးေလးက ေ႐ွာင္ယြမ္ရဲ႕ ေနာက္ဆုံးေမွ်ာ္လင့္ခ်က္ပဲ။

လြန္ခဲ့တဲ့ တစ္လခြဲေလာက္က ဆရာဝန္ေျပာခဲ့တဲ့စကားေတြကို သူမ ျပန္ေတြးၾကည့္ကာ ပိုၿပီး စိတ္ပိုင္းျဖတ္လာႏိုင္ခဲ့သည္။

"ဝူထုန္၊ နင့္ရဲ႕ေမာင္ေလးမွာ အခ်ိန္သိပ္မက်န္ေတာ့ဘူး။ ကိုက္ညီတဲ့ ႐ိုးတြင္းျခင္ဆီမရင္ သူအသက္႐ွင္ဖို႔က အနည္းဆုံး ႏွစ္လပဲက်န္ေတာ့မွာ။ ငါအၾကံေပးခ်င္တာက......ငါတို႔ သူ႕ကို ဓာတုကုထုံးေတြ မလုပ္ေပးေတာ့ဘူး"

"ဒုတိယဦးေလး" ေ႐ွာင္ယြမ္ရဲ႕ ဒုတိယဦးေလးအေပၚ အထင္အျမင္မွာ တိမ္ျမဳပ္ေနခဲ့ၿပီ။ ငယ္ငယ္တုန္းက သူတို႔မိသားစုက သူ႕အဘိုးေၾကာင့္သာ ရင္းႏွီးခဲ့ၾကသည္။ သူ႕အဖိုးဆုံးပါးသြားၿပီးေနာက္ သူတို႔ ေဝးကြာသြားခဲ့ၾကသည္။ သူ႕ဒုတိယဦးေလးကို သူေနာက္ဆုံးေတြ႕ခဲ့တာက လြန္ခဲ့တဲ့သုံးႏွစ္ သူ႕အဘိုးရဲ႕ဈာပနတြင္ျဖစ္သည္။

"ဟုတ္တယ္။ ေမာင္ေလး ေနမေကာင္းတဲ့အေၾကာင္းၾကားေတာ့ သူတကယ္စိုးရိမ္ေနတဲ့ပုံပဲ " လို႔ ဝူထုန္က ျပဳံးျပဳံးေလးေျပာလိုက္သည္။ "ေဆြမ်ိဳးေတြၾကားက ကိုက္ညီမႈႏႈန္းက အရမ္းျမင့္တယ္လို႔ ဆရာဝန္က ေျပာခဲ့တယ္။ ေမာင္ေလး အဆင္ေျပသြားမွာပါ!"

"အြန္း " သူမရဲ႕စကားကမွန္လားဆိုတာ သူ ေသခ်ာမသိခဲ့ေသာ္လည္း ေ႐ွာင္ယြမ္ ေက်နပ္စြာ ေခါင္းညိတ္ျပလိုက္ေသးသည္။ သူ႕မမကို စိတ္မပူေစခ်င္ဘူး။

"အခန္းထဲျပန္ရေအာင္" အျပင္မွာ အၾကာႀကီးေနေနရင္ ေ႐ွာင္ယြမ္ရဲ႕ က်န္းမာေရးကို ထိခိုက္မွာေၾကာက္လို႔ ဝူထုန္က သူ႕ကို လူနာေဆာင္ထဲ အျမန္ျပန္ေခၚသြားခဲ့သည္။ သူမ တံခါးဖြင့္လိုက္ခ်ိန္ သူမ ဒုတိယဦးေလးရဲ႕ မိသားစုက အထဲမွာ ရပ္ေနတာကို ေတြ႕လိုက္ရသည္။

"ဒုတိယဦးေလး၊ ဒုတိယအေဒၚ..." ဝူထုန္က သူတို႔ကို စိတ္႐ႈပ္ေထြးစြာျဖင့္ ႏႈတ္ဆက္လိုက္သည္။

"ဝူထုန္ " ဝူလီရမ္က သူမကို ေခါင္းညိတ္ျပလိုက္ၿပီး ေ႐ွာင္ယြမ္ကို စိုးရိမ္စိတ္ျဖင့္ လွည့္ၾကည့္လိုက္သည္။ "ေ႐ွာင္ယြမ္၊ မင္းဆီလာလည္ဖို႔ အရမ္းေနာက္က်သြားတာ ေတာင္းပန္ပါတယ္"

"ရပါတယ္ ဒုတိယဦးေလး။ ဘာပဲျဖစ္ျဖစ္ လာလည္တဲ့အတြက္ အားလုံးကို ေက်းဇူးတင္ပါတယ္" ေ႐ွာင္ယြမ္က ျပဳံးၿပီး တုံ႔ျပန္ခဲ့သည္။

"ငါတို႔မင္းကိုလာေတြ႕ဖို႔ လာတာမဟုတ္ဘူး။ မင္းနဲ႔ကိုက္ညီတဲ့ ႐ိုးတြင္းျခင္ဆီလိုအပ္ေနတယ္ဆိုတာကို မင္းရဲ႕ဒုတိယဦးေလးၾကားလို႔ အဲ့ဒါေၾကာင့္ငါတို႔ထဲက တစ္ေယာက္ေယာက္နဲ႔ကိုက္ညီမႈ႐ွိ၊ မ႐ွိၾကည့္ဖို႔ ဒီကိုလာခဲ့တာ။ သူက မင္းရဲ႕ဝမ္းကြဲေမာင္ႏွမေတြကိုေတာင္ ႏိုင္ငံျခားကေန ျပန္လာဖို႔ေခၚလိုက္ေသးတယ္" မစၥ ဝူက စကားေျပာဖို႔ အခြင့္အေရးရသြားခဲ့သည္။

ေ႐ွာင္ယြမ္ အထိအေတြ႕ကို ခံစားလိုက္ရခ်ိန္တြင္ ဝူထုန္ အံ့ဩသြားခဲ့သည္။ ၿပီးခဲ့တဲ့အပတ္က သူမ ဒုတိယအေဒၚရဲ႕ ျငင္းပယ္မႈက သူမရဲ႕စိတ္ထဲမွာ ကြက္ကြက္ကြင္းကြင္း ႐ွိေနဆဲပင္။ ေသြးေဖာက္ယူၿပီးသြားတာေတာင္ သူမ မိန္းေမာေတြေဝေနဆဲပဲ။

"ရလဒ္ေတြ ထြက္လာဖို႔ တစ္ပတ္ေလာက္ ၾကာမယ္။ ေ႐ွာင္ယြမ္ရဲ႕ အေျခအေနက အေရးေပၚျဖစ္တာေၾကာင့္ လာမယ့္ တနလၤာေန႔မွာ ဒါကို ၿပီးေျမာက္ေအာင္ ႀကိဳးစားသြားပါ့မယ္။ သတင္းေကာင္းၾကားရဖို႔ ေမွ်ာ္လင့္ပါတယ္" ဆရာဝန္က ျပဳံးၿပီး ေခါင္းညိတ္ကာ ထြက္သြားလိုက္သည္။

"ဒုတိယဦးေလး၊ ေက်းဇူးအမ်ားႀကီးတင္ပါတယ္" ဝူထုန္က မတ္တပ္ရပ္ၿပီး ဦးၫႊတ္လိုက္သည္။

"ရပါတယ္ ဝူထုန္။ မိသားစုဝင္ေတြ အခ်င္းခ်င္း ကူညီတာ သဘာဝက်ပါတယ္" ဝူလီရမ္က သူမကို အျမန္တားလိုက္သည္။ သူ႕မိန္းမကို တစ္ခ်က္ၾကည့္လိုက္မိသည္။

"ဟုတ္တယ္၊ ဟုတ္တယ္ ဝူထုန္၊ ဒီေလာက္ယဥ္ေက်းေနဖို႔ မလိုပါဘူး" သူမက ထပ္ေျပာခဲ့သည္။

"အခုၿပီးၿပီလား။ ျပန္လို႔ရၿပီလား" ဝူက်စ္က်စ္က မေက်မနပ္နဲ႔ ေျပာလိုက္သည္။

တစ္ဖက္တြင္ ဝူခိုင္က ပခုံးတြန္႔လ်က္ပင္။

"ေကာင္းၿပီ ဒါဆို။ ေနာက္အပတ္မွာ ငါတို႔ျပန္လာခဲ့မယ္" ဝူလီရမ္က ေျပာလိုက္သည္။

"ဟုတ္ကဲ့ " ဝူထုန္က ဝူက်စ္က်စ္၏ မည္းေမွာင္ေသာအမူအရာႏွင့္ ညည္းညဴမႈမ်ားကို မဂ႐ုစိုက္ဘဲ သူမ ေပ်ာ္႐ႊင္ေနခဲ့သည္။ သူမ သူတို႔ကို တံခါးဆီ ကိုယ္တိုင္ လိုက္ပို႔ခဲ့သည္။

မိသားစုလိုက္ ကားထဲကို ျပန္ဝင္လာေတာ့ သူတို႔ရဲ႕ အမူအရာေတြ ခ်က္ခ်င္းေျပာင္းသြားၾကသည္။ ဝူက်စ္က်စ္က တိုက္႐ိုက္ပင္ စကားေျပာခဲ့သည္။ "ငါတို႔ရဲ႕ ႐ိုးတြင္းျခင္ဆီေတြထဲက တစ္ခုနဲ႔ ကိုက္ညီရင္ အစားထိုးကုသမႈကို တကယ္လုပ္မယ္လို႔ မေျပာနဲ႔ေနာ္။အဲ့တာက နာတယ္လို႔ ၾကားတယ္"

"ရလဒ္ေတြကို လာမယ့္ တနလၤာေန႔အထိ ေစာင့္ရမွာ မဟုတ္ဘူးလား။ အစ္မရဲ႕႐ိုးတြင္းျခင္ဆီကို မလႉခ်င္ရင္ ခ်င္ မိသားစုရဲ႕ အႀကီးဆုံး သခင္ေလးကို လိုက္ၿပီး အစ္မကိုလက္ထပ္ဖို႔ သူ႕ကို စည္း႐ုံးလိုက္ " ဝူခိုင္ကစကားေျပာၿပီး ျပဳံးလိုက္သည္။

"အဲ့အ႐ိုင္းအစိုင္းကို ငါက လက္ထပ္ခ်င္တယ္လို႔ နင္ထင္ေနလား။ သူတို႔ရဲ႕ ဒုတိယသခင္ေလးလို လူႀကီးလူေကာင္း ေယာက်္ားေတြကိုပဲ ငါ ႀကိဳက္တာ"

"သူ အစ္မကို ျပန္မႀကိဳက္တာ သနားစရာပဲ" ဝူခိုင္က ပီတိတစ္ဖြားဖြားျဖင့္ၾကည့္ခဲ့သည္။

"နင္ စိတ္မပူဘူးလား" ဝူက်စ္က်စ္က ေမးလိုက္သည္။

"ငါ တကယ္ ဂ႐ုမစိုက္ဘူး။ ႐ိုးတြင္းျခင္ဆီ အစားထိုးကုသမႈကို အရင္စလုပ္တုန္းက ငါ မကန္႔ကြက္ခဲ့ဘူး။ အစ္မနဲ႔အေမကသာ သေဘာမတူၾကတဲ့ သူေတြ။ ဒီအပတ္ ပိတ္ရက္မွာ ငါ လစ္ၿပီးသြားလည္ဖို႔ေတာင္ စီစဥ္ထားေသးတယ္..."

မစၥစ္ ဝူက ထိုစကားကိုၾကားသည္ႏွင့္ သူမ သူ႕ကို ႀကိမ္းေမာင္းခ်င္လာသည္။ "နင္-"

"ဘာလို႔ ဒီကိစၥကို ျငင္းခုံေနေသးတာလဲ။ ျငင္းစရာ အခ်က္႐ွိလို႔လား!" ဝူလီရမ္က ေဟာက္လိုက္သည္။ ေနာက္ဆုံး ကားထဲမွာ တိတ္ဆိတ္သြားခဲ့သည္။

အခုအခ်ိန္မွာ ဝူလီရမ္က ဝူထုန္နဲ႔တူသည္။ သူ႕ရဲ႕႐ိုးတြင္းျခင္ဆီက သဟဇာတျဖစ္ပါေစလို႔ သူေမွ်ာ္လင့္ထားသည္။

"ဒါေပမယ့္ ႐ိုးတြင္းျခင္ဆီ ​ကိုက္ညီမႈက ေအာင္ျမင္သြားရင္ အစ္မဝမ္းကြဲ ဝူထုန္ကို ကြၽန္ေတာ္တို႔ ဘာေျပာၾကမလဲ" ဝူခိုင္ မေမးဘဲမေနႏိုင္ခဲ့ေပ။ "ကြၽန္ေတာ္အဲ့တာကို ဘယ္လိုပဲ ေတြးေနပါေစ ကြၽန္ေတာ္တို႔ သူမကို အခြင့္ေကာင္းယူေနသလို ခံစားရတယ္"

"ပါးစပ္ပိတ္ထား!" မစၥစ္ ဝူက သူမသားကို စိုက္ၾကည့္ခဲ့သည္။

' ဝူထုန္၊ နင့္မွာ သေဘာတူဖို႔ကလြဲလို႔ ေ႐ြးစရာမ႐ွိဘူး! ငါတို႔က နင့္ကို ႐ိုးတြင္းျခင္ဆီ အလကားေပးလိမ့္မယ္လို႔ နင္ထင္ေနတာလား '

.......

Khat - ဒါေလးက ၃လပိုင္း ၃ ရက္ေန႔ထိ အစအဆုံး ၃၀၀၀ ပါပဲေနာ္😍😘😘

#25.2.2023

Continue Reading

You'll Also Like

400K 11.7K 29
တော်ဝင်ဂုဏ် + ရှေးဆန်သူ
551K 12.4K 86
တောင်ပေါ်သားနဲ့ မြေပြန့်သူ ဇာတ်လမ်းလေးပါရှင့်
550K 14.9K 20
"ဘယ်သူကမှ သူရဲကောင်းအဖြစ်မွေးဖွားလာတာမဟုတ်ဘူး သူရဲကောင်းတစ်ယောက်၊ ခေါင်းဆောင်ကောင်းတစ်ယောက်ဖြစ်ဖို့ဆိုတာ ပင်ကိုယ်အရည်အသွေးနဲ့ ကိုယ်တိုင်လုပ်ယူထားတဲ...
607K 5.1K 23
လိင်နှစ်မျိုးပါတဲ့ဒွိလိင်ကောင်လေးကို မွေးစားထားသည့်အဖေနှင့်အစ်ကိုကြီးက စားသည့်ဇာတ်လမ်း သုံးကြိမ်မြောက်ပြန်တင်ချင်း အသက်မပြည့်သေးရင်မဖတ်ပါနဲ့ရှင် crd...