Hope
Future1004 द्वारा
11.1K 1.1K 198
အစွန်းတဖက်ဆီမှာ ရှိနေတဲ့ မင်း နဲ့ ငါ ကို ဘယ်အရာကဟန်ချက်ညီစေမှာလဲ ? ဒါကတော့ Biblebuild ရဲ့ fic ‌နောက်တပုဒ်ပါ၊... अधिक
Ep-1
Ep-2
Ep-3
Ep-4
Ep-5
Ep-6
Ep-7
Ep-8🥳🥳
Ep-9🥳🥳
ep-10
ep-11
ep-12🥳🥳
Attention
ep-13
ep-14
ep-15
Ep-16
ep-17
Time to say goodbye
ep-19
Ep-20
ep-21
ep-22
ep-23
ep-24💙🥳
ep-25
ep-26
ep-27
ep-28
ep-29
ep-30
ep-31(final)
message 💙
Thanks 🖤💙
ep-18
302 38 5
Future1004 द्वारा
Build Pov
ဒဏ်ရာကလဲတော်တော်သက်သာနေပြီဆိုတော့ ကုမ္ပဏီသွားဖို့ဘဲဆုံးဖြတ်လိုက်တော့တယ်၊ အရင်လို ကိုယ့်ကိုအတင်းဖိအားပေး မနှိပ်စက်ချင်တော့ဘူး၊ မေမေကိုပြုစုပေးဖို့က ငါ့ကိုယ်တိုင်ကျန်းမာနေရမှဖြစ်မယ့်ဆိုတဲ့အတွေးကလဲ ခေါင်းထဲဝင်လာတာမို့ ‌အရမ်းအရေးမကြီးတဲ့အရာတွေကိုတော့ တခြားသူကိုလွဲပေးသင့်ရင်လွဲပေးရမယ်ဆိုပြီး ဆုံးဖြတ်ထားတယ်။
မနက်စာအတွက်ပြင်ဆင်ပေးပြီးနောက် ငါ့အလုပ်သွားဖို့ ပြင်ဆင်နေတာကိုbibleကမြင်တော့
"ဒါကဘယ်သွားမလို့လဲ "
"Company ကိုလေ "
"ခင်ဗျားကို နားဖို့ကျွန်တော်ပြောထားတယ်မလား "
သူ့ကိုဂရုမစိုက်ဘဲ Ppingကိုပေးဖို့လိုအပ်တဲ့ အရေးကြီးတဲ့ဖိုင်တွဲကိုဘဲ သေချာစီစစ်နေလိုက်တယ်။
"Bui jakapan,ငါမေးနေတယ်လေ "
အဲ့လေသံ ရယ် ပြီး‌ေတာ့ အရင်က သူ့ကိုယ်ကို ငါလို့မသုံးဘူးသလို၊ ငါ့ကိစ္စတွေကိုလဲ ဝင်ပါဖို့မပြောနဲ့ အရေးလုပ်ပြီး‌ေတာ့မေးဖူးတာမဟုတ်ဘဲနဲ့ ဘာလို့အခုမှလဲ...
"ဘာလို့အဲ့လောက်အော်နေတာလဲ၊ နီးနီးလေးရပ်နေတာကို "
တော်သေး အမေကို Ptongတို့အိမ်ကနေပြန်မခေါ်ရသေးလို့ မဟုတ်ရင် ငါတို့အိမ်ထောင်ရေးအဆင်မပြေဘူးလို့ဘဲထင်နေမှာ၊ ငါတို့နှစ်ယောက်ကြောင့်
အမေ့ရဲ့ကျန်းမာရေးပိုမဆိုးစေချင်ဘူး၊ ဒီလိုပုံစံနဲ့ဆိုPtong ဆီကနေတောင် ပြန်ခေါ်ဖို့ပြန်စဉ်းစားရမယ်။
ငါအတွေးတွေနဲ့မျောနေတုန်း နောက်ကနေ ဆွဲလှည့်တာကို ခံလိုက်ရမှ သတိပြန်ဝင်လိုက်တယ်၊ buiပုခုံးကို သူ့လက်နှစ်ဖက်နဲ့အတင်းဆွဲလှည့်လိုက်တာများ ယောင်္ကျားလေးချင်းဆိုပင်မယ့် Bible သုံးလိုက်တဲ့အားကတော်တော်ပြင်းတာမို့ နဲနဲတော့နာသွားတာတယ်။
"အ.. Bible ဘာလို့အဲ့လောက်ကြမ်းတမ်းနေတာလဲ၊ စကားနဲ့ပြောလို့မရဘူးလား "
အသားနာသွားတာမို့ buiလဲသူ့ကိုပြန်အော်မိသလိုဖြစ်သွားတယ်။
"‌ပြန်အော်တယ်ပေါ့လေ၊ ဘယ်တုန်းကအဲ့လေသံနဲ့ပြောဖူးလဲ ဟမ် jakapan "
မနက်စောစောစီးစီး ရန်စခံရမယ့်လိုတခါမှမတွေးမိသလို၊ အရင်တုန်းကနဲ့မတူဘဲ buiအကြောင်းတွေစိတ်ဝင်စားလာတဲ့bibleပုံစံကိုသဘောကျပင်မယ့် အခုလို အလကား‌ေနလိုက်ရန်လိုနေတာတော့သဘောမကျဘူး။ ရန်ကိုရန်ချင်းမတုန့်ပြန်သင့်ဘူးထင်လို့ ဆက်မပြောဘဲ အလုပ်သွားဖို့ အခန်းထဲကနေထွက်ခဲ့တော့တယ်။
Bible pov
ဒီရက်ပိုင်းလေး နားပါလို့ ငါပါးစပ်ကနေတောင် ကူညီပါ့မယ်ပြောတာကို စကားနားမထောင်ဘဲ အလုပ်သွားဖို့ပြင်နေတဲ့သူကို စိတ်တိုမိလိုက်တယ်။ ဒါမယ့် ငါ့ရန်တွေ့တာကိုမကြိုက်တဲ့ပုံမြင်ရတာ ဒါပထမဆုံးဘဲ။အရင်တုန်းက ဘာပြောပြောငြိမ်ခံနေတတ်တဲ့သူ၊ အခုလိုပြန်အော်ဖို့ဆိုတာ မသိတဲ့သူက ဘယ်ကနေ ဘယ်လိုသတ္တိတွေရလာတာလဲဆိုတာသိမှဖြစ်မယ်။
သူအပြုအမူကြောင့် ငါခနကြောင်သွားတယ်။ bui jakapan ကအခု Bible Wichapasဆိုတဲ့ငါ့ကိုလစ်လျူရှုသွားတာလား၊ ငါ့စကားကိုမကြားတာလား ?မကြားတာတော့မဖြစ်နိုင်ဘူး ငါ့အသံက ဟိုဘက်ရပ်ကွက်ကနေတောင်ကြားနိုင်တဲ့toneနဲ့အော်ပြောနေတာမို့လေ၊ တမင်မကြားချင်ယောင်ဆောင်သွားတာ၊ ငါ့ကိုဂရုမစိုက်ဘူးဆိုတဲ့အချိုးချိုးပြသွားတာဘဲ။
"ဟက်! Wichapas ကိုဒီလိုလာစမ်းလို့ဘယ်ရမလဲ၊ တွေ့ကြသေးတာပေါ့ jakapan ရယ် "
ထမင်းစားခန်းထဲမှာ မနက်စာစား‌ေအး‌ေဆးစား‌နေတဲ့သူ့ပုံစံကို မြင်တော့ ဒေါသကပိုအလိပ်လိုက်ထွက်လာတော့တယ်။ ခါတိုင်းဆို ငါဆင်းလာတဲ့အထိစောင့်ပြီး ‌စားတတ်တဲ့သူကလေ အခုတော့...
"Bui မင်းကို အလုပ်မသွားနဲ့‌လို့ ပြောနေတာမကြားဘူးလား "
အတတ်နိုင်ဆုံး လေသံကိုလျော့ကာပြောလိုက်တော့တယ်၊ မနက်စောစောကြီး ရန်လဲမဖြစ်ချင်သလို၊ ဒီထက်ငါ့ဒေါသကိုမထိန်းနိုင်ရင် ဘာလုပ်မိမလဲဆိုတ  ငါ့ကိုယ်တိုင်အာမမခံနိုင်သလို၊ သူ့ဒဏ်ရာကလဲ သက်သာခါစဘဲရှိသေးတာမို့ စိတ်လျော့လိုက်ပင်မယ့်
"ကုမ္ပဏီမှာ အရေးတကြီးလက်မှတ်ထိုးဖို့ရှိတယ်၊ ပြီးတော့ နောက်လာမယ့် project အသစ်အတွက် အစုရှယ်ယာရှင်အစည်းအဝေးပွဲလဲရှိတာမို့ အဲ့အတွက်အခုကတည်းကပြင်ဆင်ရမှာ၊ အိမ်မှာနား‌ဖို့အချိန်မရှိဘူး "
ငါ့ကိုတချက်တောင်မကြည့်ဘဲ coffee လေးသောက်ရင်း အလုပ်အကြောင်းတွေပြောနေတာများ အေးဆေးဘဲ၊ ဒါတွေကို ငါမသိလို့လား မနေ့က ကူပေးထားတာလို့အကုန်သိတယ်၊ အဲ့အတွက်လဲ Pping နဲ့တိုင်ပင်ထားပြီးသား၊ ဘာလဲငါမလုပ်နိုင်ဘူးထင်လို့လား၊ ငါ့ကိုအထင်မကြီးတာ၊မယုံကြည်လို့ သူ့ကိုယ်တိုင်လုပ်မယ်ပြောတာလား၊ ဘာလားကွာ ဒေါသက ငယ်ထိပ်ရောက်နေပြီ
"အဲ့ကိစ္စတွေ ကျွန်တော်အကုန် Pping နဲ့တိုင်ပင်ပြီးသား၊ ခင်ဗျားနားနေလဲရတယ် "
"ရတယ်၊ Bible အလုပ်ဘဲလုပ်ပါ၊ အလုပ်ပျက်တာတွေများနေပြီမလား "
"အလုပ်ကပျက်လဲရတယ်လို့ပြော‌ဖူးတယ်မလား၊ ခင်ဗျားသာကျန်းမာရေးဘဲဂရုစိုက် "
"ဘာလို့လဲ? ဘာလို့အခုမှလာဂရုစိုက်နေတာလဲ ? "
ငါ့မျက်နှာကိုတည့်တည့်ကြည့်တာ မေးလာတဲ့သူနဲ့ သူ့ကိုစိုက်ကြည့်နေတဲ့ငါ ...စက္ကန့်အနည်းငယ်ကြာတဲ့အထိ အကြည့်ချင်းစုံသွားခဲ့တယ်၊ သူကတော့ ငါ့မျက်လုံးထဲ အဖြေရှာနေသလို ငါကကော ဘာလို့သူကိုခုလိုကြည့်နေမိတာလဲ? Why?
"ခင်ဗျားတခုခုဖြစ်ရင် ဒယ်ဒီပြောမှာဆိုးလို့ "
"အဲ့အတွက်ဆိုစိတ်ထဲထားမနေနဲ့၊ မနက်က paနဲ့ဖုန်းပြောပြီးပြီ ကိုယ့်ဘာသာဖြစ်တာလို့ ပြီးတော့ Bible အလုပ်ကူပေးတဲ့အကြောင်းလဲပြောထားတာမို့ စိတ်ပူမနေနဲ့၊ ကိုယ့်အလုပ်ဘဲ ကိုယ်ပြန်လုပ်ရင်ရပြီ "
"ဘာလို့ အဲ့ကုမ္ပဏိကို အဲ့လောက်သွားချင်နေတာလဲ?
ဘယ်သူရှိလို့လဲ?  ဟိုကောင်jeffလား"
ငါ့မေးခွန်းကြောင့် သူအံ့ဩသွားပင်မယ့် ပြန်မဖြေဘဲ ထထွက်သွားတော့တယ်။
"Jakapan ငါမေးနေတာပြန်ဖြေလေ "
တံခါးပေါက်ရောက်တဲ့အထိ လှမ်းမေးနေတာတောင် အကြည့်တချက်မှမကြည့်ဘဲ ထွက်သွားတဲ့သူက ငါ့စကားတွေကို တကယ်လစ်လျူရှုနိုင်နေပြီပေါ့လေ၊ Bui jakapan ပြောင်းလဲသွားတဲ့အကြောင်းကို ရှာရမယ်၊
"ငါ့နောက်ကွယ်မှာ သူဘာတွေလုပ်နေလဲဆိုတာ သိမှဖြစ်မယ် Wichapas ကို ဒီလိုလာကျောဖို့ဘယ်တော့မှမကြိုးစားနဲ့ "
*******
"Bible ပြောတော့ ၃/၄ရက်လောက်နားဦးမှာဆို "
"အွန်း၊ မနားဖြစ်တော့ဘူး နားတဲ့ရက်တွေများနေလို့၊
အန်ကယ်ကိုလဲအားနာလို့ "
"အားနာစရာမရှိပါဘူး၊ bible အဖေကုမ္ပဏီအတွက်ဘဲ ဒယ်ဒီကနားလည်ပေးပါတယ် "
"Angel daddyက ဘယ်လိုသိတာလဲ ကိုယ်ဒယ်ဒီကုမ္ပဏီကိစ္စအတွက်နားတယ်ဆိုတာ၊ ကိုယ်မပြောမိဘူးလားလို့ "
"အာ..ဖေဖေကစီးပွားရေးလောကမှာအသိနဲနဲများတယ်လေ အဲ့မို့သတင်းကြားတာနေမှာပါ "
Angel စကားကိုကြားပြီးနောက် အကြောင်းပြချက်ကမခိုင်လုံသလို တမျိုးဘဲ၊ ဘာလို့ဆို ငါ့က ဒယ်ဒီရဲ့သားဆိုတာတောင် သိတဲ့သူသိပ်မရှိဘူး ဒယ်ဒီနဲ့ရင်းနှီးတဲ့သူလောက်ဘဲသိတာ၊ ကုမ္ပဏီငါသွားတယ်ဆိုတာလဲ ရုတ်တရက်သွားရတာပါ ဒါမယ့်ဘာမှမစဉ်းစားချင်တော့ဘူး ငါ့ခေါင်းထဲ ဝင်လာတာက မနက်က buiလုပ်လိုက်တဲ့အပြုအမူကြောင့်ဘဲ။
"ခါတိုင်းလိုငြိမ်ခံတတ်တဲ့ပုံလေးမဟုတ်ဘဲ ရန်ပြန်တွေ့နေတာလဲတမျိုး၊ ငါ့ကိုဂရုမစိုက်သလိုမျိုးလုပ်နေတာလဲတမျိုး ဟာ Bui jakapan ကအမျိုးမျိုးဘဲကွာ ငါ့ကိုရူးအောင်ကိုအမျိုးမျိုးလုပ်နေတာဘဲ "
"Bible ဘာတွေအဲ့လောက်စဉ်းစားနေတာလဲ, အိမ်ကသူအကြောင်းလား ? "
"မဟုတ်ပါဘူး၊ လာအပ်ထားတဲ့ condo design အတွက်စဉ်းစားနေလို့ "
"မသိပါဘူး၊ အတူနေတာကြာတော့ ချစ်များချစ်သွားပြီလားလို့ မေးကြည့်တာ "
Angel မေးခွန်းမှာ အရင်လိုခပ်ပြတ်ပြန်ပြန်မဖြေနိုင်ဘူး
"မဖြေနိုင်ဘူးပေါ့လေ..ဟွန့် "
ဆိုပြီး စိတ်ကောက်ကာထွက်သွားတော့တယ်၊ buiနဲ့ပတ်သတ်ပြီး ဘာလို့အဲ့လောက်သဝန်တိုနေလဲနားမလည်ဘူး၊ တကယ်ဆို buiထက် သူကို အလေးထားဆက်ဆံခဲ့တာပါ၊ ငါလုပ်ရပ်တွေကလဲ ဘယ်လိုလုပ်ရမလဲဆိုပြီး သူဘဲပြောခဲ့တာ ငါ့buiအပေါ်ဘယ်လိုသဘောထားလဲ သူသိတယ်၊ ဒါမယ့် ဘာကို အလိုမကျ၊စိတ်ကောက်နေလဲဆိုတာတော့ စဉ်းစားလို့လိုက်မမှီတော့ဘူး။
Angel နဲ့ relationship ကအဆင်ပြေလားမေးရင်တော့ ပြေတယ်ပေါ့၊ ဒါမယ့် သူအာရုံတွေက ငါ့အပေါ်မရှိဘူး ၊ငါနဲ့တွေ့တိုင်း buiအကြောင်းတွေဘဲမေးတယ်။
ဥပမာ ဒီလိုမျိုး>>>>
"ဒီ‌နေ့ကော သူနဲ့ဘယ်လိုလဲ အဆင်ပြေလား "
"ကို တို့အကြောင်းဘဲပြောလို့မရဘူးလား angel "
"Angel ကသိချင်လို့ပါ ပြောပြနော်၊ သိရမှ သူနဲ့တအိမ်ထဲထားဖို့ စိတ်ချရမှာပေါ့ "
"လက်ထက်ထားပင်မယ့် သူလဲသူ့ဘာသာနေတာလေ၊ ကိုလဲ ကိုယ့်ဘာသာနေတာ ဘာပြောစရာအကြောင်းရှိသေးလို့လဲ, ဘာမှစိတ်မချစရာမရှိဘူး၊ ကို့ကိုအဲ့လောက်တောင်မယုံဘူးလား "
"ယုံပါတယ်၊ ဟိုတယောက်ကိုမယုံလို့မေးတာပါ စိတ်မဆိုးနဲ့နော် "
"နောက်တခါမမေးနဲ့တော့ "
"အင်း " ဆိုပြီးပြောလဲ ငါတို့ နှစ်ယောက်ကြား conversation တွေရဲ့ 90%လောက်က buiအကြောင်းတွေကြီးဘဲ၊သူနဲ့ငါrelationship ကို ကြာတော့.....
**********
Top beautiful face in Asia Pacific မှာလဲ vote ခဲ့ဦးနော်
Ps, buiကို the most handsome bl actorsမှာ voteပေးဖို့မမေ့ပါနဲ့ဦးနော်၊ biblebuild အတွက်ကောဘဲ the most favorite bl couple မှာ vote ပေးဦးနော်
Zawgyi
Build Pov
"ဒါကဘယ်သွားမလို့လဲ "
"Company ကိုလေ "
အဲ့လေသံ ရယ် ပြီးတော့ အရင်က သူ့ကိုယ်ကို ငါလို့မသုံးဘူးသလို၊ ငါ့ကိစ္စတွေကိုလဲ ဝင်ပါဖို့မပြောနဲ့ အရေးလုပ်ပြီးတော့မေးဖူးတာမဟုတျဘဲနဲ့ ဘာလို့အခုမှလဲ...
Bible pov
အတတ်နိုင်ဆုံး လေသံကိုလျော့ကာပြောလိုက်တော့တယ်၊ မနက်စောစောကြီး ရန်လဲမဖြစ်ချင်သလို၊ ဒီထက်ငါ့ဒေါသကိုမထိန်းနိုင်ရင် ဘာလုပ်မိလဲ ငါ့ကိုယ်တိုင်အာမမခံနိုင်သလို၊ သူ့ဒဏ်ရာကလဲ သက်သာခါစဘဲရှိသေးတာမို့ စိတ်လျော့လိုက်ပင်မယ့်
ငါ့ကိုတချက်တောင်မကြည့်ဘဲ coffee လေးသောက်ရင်း အလုပ်အကြောင်းတွေပြောနေတာများ အေးဆေးဘဲ၊ ဒါတွေကို ငါ့မသိလို့လား မနေ့က ကူပေးထားတာလို့အကုန်သိတယ်၊ အဲ့အတွက်လဲ Pping နဲ့တိုင်ပင်ထားပြီးသား၊ ဘာလဲငါမလုပ်နိုင်ဘူးထင်လို့လား၊ ငါ့ကိုအထင်မကြီးတာ၊မယုံကြည်လို့ သူ့ကိုယ်တိုင်လုပ်မယ်ပြောတာလား၊ ဘာလားကွာ ဒေါသက ငယ်ထိပ်ရောက်နေပြီ
ငါ့မျက်နှာကိုတည့်တည့်ကြည့်တာ မေးလာတဲ့သူနဲ့ သူ့ကိုစိုက်ကြည့်နေတဲ့ငါ ...စက္ကန့်အနည်းငယ်ကြာတဲ့အထိ အကြည့်ချင်းစုံသွားခဲ့တယ်၊ သူကတော့ ငါ့မျက်လုံးထဲ အဖြေရှာနေသလို ငါကတော့ ဘာလို့သူကိုခုလိုကြည့်နေမိတာလဲ? Why?
*******
Angel စကားကိုကြားပြီးနောက် အကြောင်းပြချက်ကမခိုင်လုံသလို တမျိုးဘဲ၊ ဘာလို့ဆို ငါ့က ဒယ်ဒီရဲ့သားဆိုတာတောင် သိတဲ့သူသိပ်မရှိဘူး ဒယ်ဒီနဲ့ရင်းနှီးတဲ့သူလောက်ဘဲသိတာ၊ ကုမ္ပဏီငါသွားတယ်ဆိုတာလဲ ရုတ်တရက်သွားရတာပါ ဒါမယ့်ဘမစဉ်းစားချင်တော့ဘူး ငါ့ခေါင်းထဲ ဝင်လာတာက မနက်က buiလုပ်လိုက်တဲ့အပြုအမူကြောင့်ဘဲ။
ဆိုပြီး စိတ်ကောက်ကာထွက်သွားတော့တယ်၊ buiနဲ့ပတ်သတ်ပြီး ဘာလို့အဲ့လောက်သဝန်တိုနေလဲနားမလည်ဘူး၊ တကယ်ဆို buiထက် သူကို အလေးထားဆက်ဆံခဲ့တာပါ၊ ငါလုပ်ရပ်တွေကလဲ ဘယ်လိုလုပ်ရမလဲဆိုပြီး သူဘဲပြောခဲ့တာ ငါ့buiအပေါ်ဘယ်လိုသဘောထားလဲ သူသိတယ်၊ ဒါမယ့် ဘာလို့ အလိုမကျ၊စိတ်ကောက်နေလဲဆိုတာတော့ စဉ်းစားဖို့လိုက်မမှီတော့ဘူး။
ဥပမာ ဒီလိုမျိုး>>>>
"နောက်တခါမမေးနဲ့တော့ "
**********
पढ़ना जारी रखें
आपको ये भी पसंदे आएँगी
14.3K 997 31
ကျွန်တော့်ဘဝမှာ ဒီလိုမျိုး ပြီးပြည့်စုံတဲ့ မိသားစုမျိုး ရှိလာမယ် မထင်ခဲ့ဘူး အရာအားလုံးကို Pete ကပဲ ဖန်တီးပေးခဲ့တာ။ ကျွန်တော့်ဘဝရဲ့ ကယ်တင်ရှင်လေးပေါ့။
13.8K 707 29
🆄🅿🅳🅰🆃🅴🆂 🅴🆅🅴🆁🆈 🅼🅾🅽🅳🅰🆈 Jungkook was happy that his cousin brother was getting married. He came all the way from California for this o...
803K 27.6K 59
And lead us not into temptation, they said. She fell into temptation nonetheless. Well, actually, Angel fell in love with her own temptation: Lucifer...
480K 5K 55
Akira, the brother of Issei hyoudou the biggest pervert in Kouh. Akira was abused and tricked by his brother but the lowest point in Akira's life was...