သတို့သမီးလေး/သတို့သမီးလေး

By MayLay4281

7.9K 93 1

no sex / Gl / More

သတို့သမီးလေး

သတို့သမီးလေး

6.1K 87 1
By MayLay4281

"သတို့သမီးလေး ...."GL (One shot)

သူနင်းလျှောက်လိုက်တဲ့ ခြေလှမ်းတိုင်းဟာ အားမာန်အပြည့်ဖြင့် ကြွရွနေတော့သည် ။ ကတ္တရာလမ်းမကြီးမို့သာ သူ့​ခြေလှမ်းတွေကို ခံနိုင်ရည်ရှိနိုင်၏။ ထိုခြေလှမ်းအကွာအဝေးတစ်ခုနှင့်တစ်ခုက ပုံမှန်ခြေလှမ်းထက် နှစ်ဆကျယ်ပြန့်နေသည် ။ ဒီအကွာအဝေး ၊ ဒီအားမာန်ကိုပင် သူ့မှာ အားမလိုအားမရ ဖြစ်ရ၏။ ဘာကြောင့် မျက်စောင်းထိုး ထိုအိမ်က သူ့အိမ်နှင့် အလှမ်းဝေးတယ်လို့ ခံစားရပါလိမ့် ။

ဟော...ရောက်ချင်နေသော ထိုခြံဝန်းရှေ့ ရောက်သော် သူ့စိတ်တွေက ဂယောက်ဂယက် ။ သူအလွန်ပင် စိတ်လှုပ်ရှားနေမိသည် ။ တက္ကသိုလ်သွားတက်တဲ့ လအနည်းငယ်ကိုပင် အလွမ်းကို ခံစားသိမြင်ခဲ့သည် မဟုတ်ပါလား ။

တီးတောင်~~~~

လူခေါ်ဘဲ(လ်) အသံနှင့်အတူ သူ၏ရင်အစုံမှာ ထပ်တူထပ်မျှ မြည်ဟိန်းနေ၏။ ထိုအရာတွေက သူသိထားမိလာသော အချစ်ဆိုတဲ့ အရာတွေ၏ အစပင် ။ အချစ်မှတစ်ဆင့် အလွမ်းထုထည်ကြီး ရင်ဝယ်ပိုက်ကာ အမျိုးသမီးလေးကို သူတွေ့ချင်နေပါပြီ ။

အညိုရောင်ဆံနွယ်ရှည်လေးတွေ လေတွင် ယိမ်းထိုး၍ အပြာနုပွင့် ဂါဝန်အတိုလေးက ပြေးလာသော လေအရှိန်ကြောင့် နောက်ပါးသို့ လွှင့်နေ၏။ ပန်းဆီရောင်ဆိုးထားသော နှုတ်ခမ်းပါး တစ်စုံဟာ ဖွင့်ဟ၍ အပြုံးဆင်မြန်းလျက် ။ ပြုံးရယ်နေမှုကြောင့် မို့တက်သွားသော ပါးမို့မို့လေးကြောင့် အညိုရောင်မျက်ဆံလေးတွေက သိပ်မပေါ်လွှင်တော့ ။ အမျိုးသမီးလေးက ထိုပုံစံလေးအတိုင်း သူ့ဘဝထဲ ပြေးဝင်လာလျှင် ဘယ်လောက်ကောင်းလိမ့်လေမလဲ ။

"ဝသုန် ဘယ်တုန်းက ပြန်ရောက်နေတာလဲ "

ခြံဝသို့ ရောက်လျှင်ချက်ချင်း ခြံတံခါးဖွင့်ရင်း သူ့အား အမေးစကားဆိုလာသော အမျိုးသမီးလေး ။ ပြေးလာလို့ မောနေပုံ မပေါ်ဘဲ အပြုံးချိုချိုတစ်ခွက် သူ့အား ဆီးကြို တိုက်ကျွေးလာ၏။ သူနှင့် မတိမ်းမယိမ်းရှိနေသော အမျိုးသမီးလေး၏ အရပ်ကြောင့် မျက်နှာလေးအား ငေးကြည့်နေမိသည် ။

"အခုပဲ တီငယ်"

"လာ လာ နေပူတယ် အိမ်ထဲအရင်ဝင်မယ်"

ပိုင်စိုးပိုင်နက် သူ့လက်အား ဆွဲကာ အိမ်ထဲသို့ ဦးတည်နေသော အမျိုးသမီးလေး ။ ဟုတ်ပါတယ်.... ၁၅နှစ်ကွာပြီး သူတဖတ်သတ်ချစ်ရပါသော အမျိုးသမီးလေး တီငယ်...

÷÷÷÷÷÷÷÷÷÷÷÷
လက်တော့(ပ်)ဖန်သားပြင်ပေါ်က မင်းသားနှင့်မင်းသမီး ချစ်စကားပြောနေချိန် သူ့အမျိုးသမီးလေးဟာ မျက်တောင်မခတ်တမ်းကြည့်နေ၏။ အမျိုးသမီးလေးကို ငေးကြည့်ရင်း အလွမ်းရာသီထဲ လက်ပစ်ကူးခတ်ချိန်များက အသိစိတ်တွင်း ပြန်လည်ပုတ်ခတ်လာသည်။ သူသိပ်သတိရခဲ့ပါသော သူ့အမျိုးသမီးလေး ။

တစ်ပတ်ဆိုသော အချိန်အတိုင်းအတာအတွင်း အမျိုးသမီးလေးအား မတွေ့ရသော နေ့ရက်ဆိုတာ မရှိအောင် သူအလွမ်းဖြေနေခဲ့၏။ ထိုညသည် Fb ပေါ် နာမည်ကြီးနေပါသော ဇာတ်ကားအားကြည့်ရန် အမျိုးသမီးလေးဆီ ညအိပ်ဖို့ ဖန်လာခဲ့သည် ။ အချစ်ဆိုတာ ထိုသို့ပင် ၊ မြင်နေလျက်နှင့် အလွမ်းဆိုတဲ့ အဓိပ္ပါယ်ကို ကောက်ယူဖွင့်တုန်း ။

ဖရိုဖရဲ စည်းထားသော ခေါင်းစည်းကြိုးကြောင့် မျက်နှာနုနုလေးပေါ်သို့ ဆံနွယ်တချို့က နေရာယူထားလျက် ။ မိတ်ကပ်မပါသော ပြောင်ရှင်းရှင်းမျက်နှာလေးကတင် သူ့မျက်လုံးတွေကို ဆွဲဆောင်နိုင်သည် ။

"ဇာတ်ကားမကြည့်ဘဲ ဘာတွေတွေးနေတုန်း"

သူ့ဖက်ခေါင်းလှည့်ကာ အလိုမကျသလို မျက်မှောင်လေးကြုတ်၍ မေးလာ၏။ ထိုအမျိုးသမီးလေးနှင့် ပတ်သတ်လျှင် သူက အရာရာတိုင်းကို ချစ်မြတ်နိုးနေမိသည် ။

"တီငယ်ကို ကြည့်နေတာ"

"ဟ ဟ အေး ကြည့် ကြည့်"

ဂုတ်ဝဲမကျတကျဖြစ်နေသော သူ့ဆံပင်များအား ဖွလျက် နှုတ်ခမ်းအစုံဖွင့်၍ ခပ်ဟဟ ရယ်မောကာ ဇာတ်ကားထံ ပြန်ကြည့်သွားသော မျက်ဝန်းညိုလေးတွေ ။

ဒီး....ဒီးးးးး

"တီငယ် ဖုန်းပြောလိုက်ဦးမယ် ဝသုန် ကြည့်နှင့်နော်"

လာသောဖုန်းအား ကိုင်ကာ သူ့ခေါင်းညိတ်တုန့်ပြန်မှု မစောင့်ဘဲ အခန်းတွင်းမှ ထွက်သွား၏။ အမျိုးသမီးလေးက သူ့ရှေ့တွင် ဖုန်းဘယ်သောအခါမှ မပြော ။ ချစ်သူရှိလို့လား အတွေးက ခဏခဏ ဝင်လာသော်လည်း တုံးအအ အမျိုးသမီးလေးက ထားမည်မဟုတ်လောက် ။ မိဘတွေကအစ တင်းကြပ်သူတွေ မဟုတ်ပါလား ။

အမျိုးသမီးလေးကို သူ့အသက် ရှစ်နှစ်ကတည်းက သိကျွမ်းလာခဲ့သည်မှာ တစ်ခါတလေ သူ့အား သမီးလို့တောင် သတ်မှတ်ချင်သေးသည် ။ သမီးတော့ သမီးပေါ့ သူကတော့ မွေးစားခံသမီးပဲ လုပ်ချင်၏။ ရှေ့တိုးဖို့ သူရဲပါ၏။ ထိုမျှလောက် သူစိတ်က ပြတ်သားသည်။

÷÷÷÷÷÷÷÷
"မား...ဒါဘာလဲ"

ထမင်းစား စားပွဲပေါ်တွင် တင်ထားသော အရာတစ်ခု၏ အပေါ်စာမျက်ပေါ်မှ နာမည်တစ်ခု ။ ဟင်းချက်နေသော မားအား ထိုအရာအား ကိုင်၍ သူမေးမိသည် ။

"မင်္ဂလာဖိတ်စာပေါ့ ဟဲ့...မြင်နေရက်နဲ့ ဝသုန်ရယ်"

"သိတယ်လေ ဘယ်သူ့ဟာလဲ ဘယ်သူ့ဟာလဲလို့ ! "

သူ့အသံအနည်းငယ် မာ၍ မြည်ဟိန်းသံ ထွက်လာ၏။

"ငါ တယ် ...မတွေ့ဘူးလား မြဖူးငယ်ဟာ လေ "

"အဲဒါမေးနေတာ ဘယ်သူလဲ မြဖူးငယ်က "

"ဝသုန် ဘာဖြစ်နေတာလဲ ၊ နင် ဒီလောက် အဲအိမ်သွားနေတာ မသိဘူးလား ၊ နင့်တီငယ်လေ "

ရွှေရောင်ဖိတ်စာကို ကိုင်ထားသော သူ့လက်တွေက တဆက်ဆက် တုန်ရီလျက် ။ အသက်ရှူဖို့မေ့လျော့သွားသည်အထိ ဖိတ်စာပေါ်မှ အမည်နာမအား သူကြည့်နေမိသည် ။

ဘုရားရေ...စ တောင် စမရသေးတဲ့ သူရဲ့အချစ်တွေ ၊ အငြင်းတောင်မခံရဘဲ ကြိုးစားခွင့်မရှိတဲ့ အချစ်တွေ ...

"ကိုဆွေတို့ပေးစားထားတဲ့ ကောင်လေးမို့နေမယ် လူတော်လူကောင်းလေးနဲ့ တွေ့တာ...."

ချစ်ခွင့်တောင် မရှိတော့တဲ့ အချစ် ။ သူပြန်ရောက်ပြီး ရှစ်ရက်မြောက်နေ့မှာ ကျိုးပြတ်သွားသော သူ့မျှော်လင့်ချက်တွေ ။ နေ့တိုင်းတွေ့နေပါရက်နှင့် ထိုအမျိုးသမီးလေးက သူ့အား မပြောပြခဲ့ ။ ဟက်...

သူဆိုတဲ့ကောင်မလေးက အမျိုးသမီးလေးတစ်ယောက်ကို ချစ်ခွင့်ပန်ဖို့ အရှိန်ယူနေချိန် ထိုအမျိုးသမီးလေးသည် ယောက်ျားတစ်ယောက်၏အမျိုးသမီးလေးဖြစ်ဖို့ အရှိန်ယူနေခဲ့သည်ပဲ ။ ခက်ခဲပါသော အချစ်တွေထဲ သူအချစ်တွေလည်း ပါဝင်နေခဲ့သည် ။ သူက ထိုတုံးအအ အမျိုးသမီးလေးကို မလိမ့်တပတ်နဲ့ အချစ်ကို ရယူချင်သေးသည်လေ ။ အခုတော့.....

÷÷÷÷÷÷÷÷
သစ်လွင်၍ အရောင်စုံအဝတ်အစားများနှင့် ဆွေမျိုးများစွာ တွေ့ရသော မင်္ဂလာပွဲ မစခင်အချိန်အတွင်း ရင်းနှီးလွန်းသည့် ဆက်ဆံရေးတွေကြောင့် သူတို့မိသားစုသည် စောစီးစွာရောက်ရှိနေ၏။ အမျိုးသမီးလေးအား သူ မတွေ့ချင် ။ မတွေ့ရဲသည်က ပိုမှန်သည် ။

"ဝသုန်လေး သမီးတီငယ့်ဆီသွားလိုက်"

ကြီးမေ၏ စကားကြောင့် မေးမြန်းရောက်ရှိလာရသော အမျိုးသမီးလေးအခန်းရှေ့တွင် ဖြစ်သည် ။ သူ့အတွက်ရယ် စိတ်ကူးမယဉ်ကြည့်မိသည့် အမျိုးသမီးလေးရှိရာဝယ် ။ အေးစက်နေသော လက်ဖျားများအား အားအင်ဖြစ်စေသော ရည်ရွယ်ချက်ဖြင့် ဂါဝန်အစကို ဆုတ်ကိုင်ထားရ၏။

ပန်းနုရောင်အမျိုးသမီးလေးအကြည့်က သူ့ထံသို့ ဝဲကျလာ၏။ လှလိုက်တာ....

ပြင်ဆင်ထားမှုက အမျိုးသမီးလေး၏ နဂိုအလှကို ပေါ်လွင်အောင် ဖော်ကြူးထားသည် ။ မျက်တောင်အတုတပ်ထားသော မျက်တောင်ဖျားများက ပုတ်ခတ်၍ သူ့အား ငေးကြည့်နေ၏။ အညိုရောင်မျက်ဝန်းများက ထိုင်းမှိုင်းနေသလိုပင် ။ နီညိုရောင်နှုတ်ခမ်းပါးလေးက မဟတဟ ပြုံးသည်ဆိုရုံလေး ပြုံးလာ၏။ အမျိုးသမီးလေးက ပျော်ရွှင်မနေခဲ့ ။

"တီငယ်က မျှော်နေတာ"

အမျိုးသမီးလေးထိုင်နေသော ခုံရှေ့ ဝင်ထိုင်လိုက်သည်နှင့် ဖွင့်ဟလာသည့် အသံချိုမြမြလေး ။ အခန်းတွင်း လူတချို့၏ အသံများကြောင့် ထိုအသံလေးကို အားစိုက်နားထောင်ရသည် ။ နီးကပ်စေရန် ခန္ဓာကိုယ်ကို ရှေ့တိုး၍ ပန်းနုရောင်အမျိုးသမီးလေးအား ငေးကြည့်မိ၏။

"ချစ်တယ် တီငယ်...."

အမျိုးသမီးလေးက မပျော်ရွှင်နေသည် မြင်တော့ သူ့အတွက် မျှော်လင့်ချက် ရောင်ခြည်တွေ သန်းလာသည်အား တွေ့ရ၏။ အခွင့်အရေးဆိုသည်က လက်လွှတ်ခံရသော အရာမဟုတ် ။ ထိုအချိန်မှ မပြောလျှင် သူ့တွင် နောက်ထပ်အခွင့်အရေးမရှိ ။

ပန်းပွင့်များဖြင့် စံထုံးလှလှပန်ဆင်ထားသည့် ဦးခေါင်းငယ်လေးက ငုံ့ကျသွား၏။ ငယ်ရွယ်သူဖြစ်သော သူဟာ ရဲရင့်စွာ ခြေလှမ်းလှမ်းလာသည်ကို အမျိုးသမီးလေး၏ တုန့်ပြန်မှုက မရဲဝင့်စွာ ။

"မပျော်ရွှင်ရဘူးမို့လား ၊ ဝသုန်လေ...တီငယ်ကို ပျော်ရွှင်အောင် ထားနိုင်စွမ်းရှိပါတယ်"

သူ၏ ထပ်မှန်လှမ်းလိုက်ပါသော ခြေလှမ်းများက သွက်လက်စွာ စည်းချက်မှန်သည် ။ သူဟာ အမြဲတမ်း အမျိုးသမီးလေးဆီကို လှမ်းလာခဲ့သည်လေ ။

"ဒီနေ့ တီငယ့်မင်္ဂလာဆောင်...."

အဖျားခပ်တုန်ရီနေသော အသံလေးက သူမမြင်ရသည့် နှုတ်ခမ်းပါးလေးဆီမှ ထွက်ကျလာသည် ။ ထိုကြောင့်မို့ ချက်ချင်း ဖွင့်ဟလိုက်သည် မဟုတ်ပါလား ။ တီငယ်သာ ခေါင်းလေးညိတ်ပြရုံနှင့် ဒီမင်္ဂလာပွဲထဲက ထွက်သွားနိုင်အောင်စီစဉ်နိုင်၏။

"အချိန်မရှိဘူး တီငယ် ၊ ဝသုန်ကို မချစ်ဘူးလား"

'မချစ်ဘူးလား'ဆိုတဲ့ စကားလုံးပြီး မျက်ဝန်းညိုများအား ပြန်လည်တွေ့ဆုံရ၏။

"မိန်းကလေးနှစ်ယောက်က အသိုင်းအဝိုင်းကြား ချစ်လို့ရပါ့မလား ကလေးရယ်...အဖေတို့က အသက်ကြီးပြီ ၊ တီငယ့်ကြောင့် အရှက်တကွဲနဲ့ စိတ်မဆင်းရဲစေချင်ဘူး..."

သူမေ့သွား၏။ အမျိုးသမီးလေးက သမီးအလိမ္မာလေး ၊ မိဘစကားမြေဝယ်မကျ နားထောင်သူလေး ၊ စကားကို ပြတ်သားစွာ ပြောတတ်သူလေး ။ သို့သော် သူထပ်ရဲသင့်တယ် မဟုတ်ပါလား ။

"အသိုင်းအဝိုင်းကို ဘာလို့ခေါင်းထဲထည့်နေမှာလဲ ၊ ဝသုန်တောင် ရင်ဆိုင်ရဲတာ တီငယ်အရှေ့က ရင်ဆိုင်ပေးပါ့မယ်"

"ခန်းမထဲ သွားစောင့်တော့ ဝသုန် ၊ ခဏနေပွဲစတော့မယ်"

ဟား ဟားး တုံးအ မလိုနဲ့ ပြတ်သားတည်ကြည်ပါသော အမျိုးသမီးလေး ။ အချစ်ကို လျစ်လျူရှုပြီး အရေးမပါတဲ့အရာတွေနဲ့ ကိုင်ပေါက်ပါသော အမျိုးသမီးလေး ။ လူအချင်းအချင်း ချစ်သည်က ထိုမျှလောက် ကြောက်ရွံ့စရာကောင်းရပါသည် ။ နှလုံးသားသည် ထပ်၍ထပ်၍ နာကျင်ရပါ၏။ တဆစ်ဆစ်နာကျင်မှုတွေက မျှော်လင့်ချက်မဲ့လျက် ။

"ဝသုန်က ခြေလှမ်း ၁၀၀ ထိ လှမ်းဖို့ ကြိုးစားခဲ့တယ် ၊ တီငယ်က ၁၀၀ မရောက်အောင် တွန်းထုတ်ခဲ့တာ .... ရဲရဲချစ်ရဲတဲ့ ဝသုန့်အချစ်တွေကို အမြဲအမှတ်ရပေး ...."

အံ့ကိုကြိတ်၍ မျက်ဝန်းညိုများအား စိုက်ကြည့်ပြီး နောက်ကျောပေးလိုက်၏။ ပထမဦးဆုံးအကြိမ် သူ့ခြေလှမ်းတွေက အမျိုးသမီးလေး၏ ဆန့်ကျင်ဘက်အရပ်ဆီသို့ ။ သူ့အတွက်မဟုတ်သည့် ပန်းနုရောင်သတို့သမီးလေး၏ ဝေးရာဆီသို့...

ချစ်ပြီဟေ့ဆို အချစ်က ထိုမျှရဲရင့်နိုင်သည် ။ အချစ်က သတ္တိတွေ မွေးဖွားစေသည် ။ အချစ်က ပိုပြီးနာကျည်းစေသည် ။ ချစ်နေပါလျက်နှင့် တွန်းထုတ်ခံရသည့်အခါ သူ့အချစ်က အပေါစားဆန်စေသလို ၊ သူ့အပေါ်အယုံအကြည့်မဲ့နေ၏။ မည်သူမဆို ချစ်ခွင့်ရှိတာ သိစေချင်သည် ။ မည်သူမဆို ချစ်ခွင့်ရှိသည်.....

#May

---------------------------------------------------------

Continue Reading

You'll Also Like

4.3M 287K 61
"Why the fuck you let him touch you!!!"he growled while punching the wall behind me 'I am so scared right now what if he hit me like my father did to...
986K 30.5K 61
Dans un monde où le chaos et la violence étaient maitre, ne laissant place à ne serrait ce qu'un soupçon d'humanité. Plume était l'exception. Elle...
271K 18.7K 56
ABHIMANYU RATHORE :- Rude , workaholic CEO of Rathore Empire .Devilesing hot , every girls drools over him .But loves his family to dearest . . SAKS...
224K 10.2K 40
#yuyachi ဖန်းတီးမှုတစ်ခုသာဖြစ်၍အပြင်လောကနှင့်သက်ဆိုင်မှုမရှိကြောင်း...❗ start:July 9,2024(Tue) End:september 21,2024(sat) 7:22PM Total- 75 Days #warn...