မေတ္တာတစ်မိုးအောက်က ဦးရဲ့အကြင...

By harley__robbie

240K 4.1K 88

​" နှလုံးသားရဲ့အနက်ရှိုင်းဆုံးနေရာမှာ ၁၅၀၀ နဲ့ ၅၂၈ သီအိုရမ်မေတ္တာအစုအပုံတွေ တစ်စတစ်စ ပေါက်ဖွားလာတယ်။ အဲဒါဘယ်သ... More

To Dear Honeys 🍯
✽ အပိုင်း ၁ ✽
✽ အပိုင်း ၂ ✽
✽ အပိုင်း ၃ ✽
✽ အပိုင်း ၄ ✽
✽ အပိုင်း ၅ ✽
Thein Mwae San Nwe's Art
Nay Han Mine's Art
✽ အပိုင်း ၆ ✽
✽ အပိုင်း ၇ ✽
✽ အပိုင်း ၈ ✽
✽ အပိုင်း ၉ ✽
✽ အပိုင်း ၁၀ ✽
✽ အပိုင်း ၁၁ ✽
✽ အပိုင်း ၁၂ ✽
✽ အပိုင်း ၁၃ ✽
✽ အပိုင်း ၁၅ ✽
✽ အပိုင်း ၁၆ ✽
✽ အပိုင်း ၁၇ ✽
✽ အပိုင်း ၁၈ ✽
✽ အပိုင်း ၁၉ ✽
✽ အပိုင်း ၂၀ ✽
✽ အပိုင်း ၂၁ ✽
✽ အပိုင်း ၂၂ ✽
✽ အပိုင်း ၂၃ ✽
✽ အပိုင်း ၂၄ ✽
✽ အပိုင်း ၂၅ ✽
✽ အပိုင်း ၂၆ ✽
✽ အပိုင်း ၂၇ ✽
✽ အပိုင်း ၂၈ ✽
✽ အပိုင်း ၂၉ ✽
✽ အပိုင်း ၃၀ ✽
✽ အပိုင်း ၃၁ ✽ (ဇာတ်သိမ်းပိုင်း)
PDF File version (Unicode)
New OC Fiction Announcement (Unicode)
1 (Zaw)
2 (Z)
3 (Z)
4 (Z)
5 (Z)
6 (Z)
7 (Z)
8 (Z)
9 (Z)
10 (Z)
11 (Z)
12 (Z)
13 (Z)
14 (Z)
15 (Z)
16 (Z)
17 (Z)
18 (Z) 🔞⚠️‼️
19 (Z)
20 (Z)
21 (Z)
22 (Z) 🔞
23 (Z)
24 (Z)
25 (Z) 🔞
26 (Z) 🔞
27 (Z)
28 (Z)
29 (Z)
30 (Z)
31 (Z) Final Part
PDF File Ver (Zawgyi)
New OC Fiction Announcement (Zawgyi)

✽ အပိုင်း ၁၄ ✽

3.9K 99 8
By harley__robbie


" ချက်ချင်းကြီးစေ့စပ်မလို့လား၊ မမြန်လွန်းနေဖူးလား "

ဦးစံကျော်မှာ နေဟန်မှိုင်းတို့ဆီမှ စကားများကြောင့် တအံ့တသြဖြင့် အလျင်အမြန်တုံ့ပြန်ခဲ့သည်။

ယနေ့နေ့လည်တွင် နေဟန်မှိုင်းက သိမ်မွေ့စံနွယ်နဲ့အတူ သျှန်၏စံအိမ်တော်ကနေမှ သူမ၏နေအိမ်ကိုပြန်လာခဲ့ပြီးနောက် လူကြီးများနှင့်စေ့စပ်ကြောင်းလမ်းဖို့ကိစ္စကို သေချာတိုင်ပင်ဆွေးနွေးနေခဲ့သည်။

" အာ ... ချက်ချင်းကြီးတော့မဟုတ်ပါဘူး၊ ကျွန်တော်အခုအလုပ်ကိုရအောင်ထွက်ပြီးရင် မွေ့စံလေးနဲ့စေ့စပ်ချင်တာပါ၊ အခုအလုပ်ကပင်ပန်းတယ်လေ၊ မွေ့စံနဲ့အိမ်ထောင်ကျရင်လည်း အမြဲအတူနေနိုင်နေမှာမဟုတ်ဘူး၊ ဆိုတော့အလုပ်ကနေထွက်ပြီးရင် ကိုယ်ပိုင်စီးပွားရေးလေးလုပ်မယ်ပေါ့ ... အိမ်ထောင်ကျသွားတဲ့အခါ မွေ့စံနဲ့အတူတူလုပ်လို့အဆင်ပြေမယ့်စီးပွားရေးလေူတစ်ခု ... အဲဒီလိုစဥ်းစားထားတယ်ဗျာ "

ဒေါ်လေးဥမ္မာလည်း ဦးစံကျော်တို့လင်မယားဘက်ကို မျက်နှာမူလိုက်ပြီး မျက်ခုံးလေးနှစ်ဖက်ကိုတွန့်ပြလိုက်သည်။ သဘောက 'ဘယ်လိုလုပ်ကြမလဲ'ဆိုသည့်အထာပင်။ ဒေါ်လေးဥမ္မာ၏သက်ပြင်းကြောတွင် ပြတ်သားသောဆုံးဖြတ်ချက်များစွာပါဝင်ခဲ့သည်။

" အင်း ကြိုမစေ့စပ်ထားလည်း သားဘက်ကထိန်းသိမ်းပေးဖို့ပါပဲ .... တရားဝင်လင်မယားမဖြစ်ကြခင်အထိပေါ့ကွယ် ... မိဘမရှိတာ၊ ဆွေမျိုးသားချင်းမရှိတာတွေကို အဒေါ်တို့နားလည်ပေးပါတယ်၊ ကလေးတစ်ယောက်အရွယ်ရောက်လို့ မိဘအပြည့်အစုံမရှိတဲ့အခါမျိုးမှာ ... အားကိုးစရာဆွေမျိုးသားချင်းမရှိတဲ့အခါမျိုးမှာ အဲဒီကလေးအနေနဲ့သိမ်ငယ်အားငယ်ရတယ်၊ အင်း ....စေ့စပ်ဖို့ခွင့်ပြုပါတယ်လေ၊ အချိန်ကတော့ ဘယ်အချိန်မဆိုအဆင်ပြေတယ် အလောသုံးဆယ်မဟုတ်လည်းပဲ .... ခုက ရည်းစားသက်တမ်းဘယ်လောက်မှလည်းရှိကြသေးတာမဟုတ်ဘူးလေ"

နေဟန်မှိုင်းလည်းပျော်ရွှင်သွားရင်း မျက်နှာလန်းဆန်းသွား​၏။

" ကျွန်တော် ထိန်းသိမ်းမယ်လို့ကတိပေးပါတယ် ... ကျွန်တော့်ကိုလက်ခံပေးတဲ့အတွက်လည်း ကျေးဇူးအရမ်းတင်ပါတယ် ဒေါ်လေးတို့ကို၊ စေ့စပ်ကြောင်းလမ်းပွဲလုပ်တဲ့တစ်နေ့မှာ ကျွန်တော့်ဘက်ကအသိသက်သေအနေနဲ့က ကျွန်တော့်သူငယ်ချင်းအရင်းကြီးရှိတယ်၊ နှစ်ကုန်ရောက်ရင် စေ့စပ်ပွဲလေးကြိုလုပ်ထားမယ်လေ"

" မင်းတို့က အရမ်းတွေအဆင့်မကျော်လွန်းသလိုပဲ၊ ငါတို့လင်မယားတောင် ၁၁ နှစ်ချစ်လာပြီးမှ စေ့စပ်ကြောင်းလမ်းရင်း လက်ထပ်ကြတာ"

ဦးစံကျော်ကပြောလျှင် ဒေါ်မာမိန်က လက်ကုတ်လိုက်သည်။

"ကျွန်မတို့ခေတ်နဲ့သူတို့ခေတ်က မတူတော့ဘူးလေ ... "

သိမ်မွေ့စံနွယ်လည်း နေဟန်မှိုင်းနှင့်လူကြီးများကိုကြည့်ရင်း ပြည်တည်တည်ပြုံးနေမိသည်။

" ဪ ..... ငါတို့တူမလေးလည်း လင်မလိုချင်ရှာဘူး၊ ယောင်းမမြင်းစီးထွက်မှာစိုးလို့သာ "

ဒေါ်လေးဥမ္မာမှာ မျက်နှာပိုးမသေသောသိမ်မွေ့စံနွယ်​၏မျက်နှာအမူအရာကို 'ပြောကိုမပြောချင်တော့ဘူး'ဟူသောမျက်လုံးအဓိပ္ပာယ်များဖြင့် စိုက်ကြည့်ကာ စကားကိုတန်းလန်းရပ်ပစ်လိုက်သည်။

" ဒေါ်လေးလို အနှစ် ၄၀ ကျော် ကျန်ရစ်ဘဝနဲ့တစ်သက်လုံးငှက်ပျောတုံးမဖက်ချင်လို့လေ "

သိမ်မွေ့စံနွယ်မှာ ရိသဲ့သဲ့လေသံလေးနှင့်ဒေါ်လေးဥမ္မာကိုပြန်ပြောလျှင် ဒေါ်လေးဥမ္မာမှာ သိမ်မွေ့စံနွယ်ကို 'နင်တော့လား'ဟူသောအကြည့်များဖြင့် စိုက်ကြည့်လိုက်သည်။ ဦးစံကျော်တို့လင်မယားကလည်း ကြိတ်ရယ်နေခဲ့လျက်။ ​နေဟန်မှိုင်းမှာ ရယ်ချင်သော်လည်း ရိုင်းပျရာရောက်မည်စိုးသဖြင့် ပြုံးစိစိနှင့်သာ။

ဤသို့ဖြင့် ကြိုတင်စေ့စမ်းကြောင်းလမ်းစကားအရာမှာ အောင်မြင်စွာအထမြောက်ခဲ့လျက်။

----

အချိန်ယန္တရားများကိုကျော်လွန်၍ ရည်းစားသက်တမ်း ၇ လကြာပြီးနောက် ...။

ညနေစောင်းအချိန်ပင်။ ကောင်းကင်တစ်ခုလုံးက မှောင်မည်းအုပ်ဆိုင်းနေလျက်။ မိုးများက သည်းထန်စွာ ရွာသွန်းနေသည်။ လမ်းမထက်က ထီးရောင်စုံနှင့်လူတို့သည် တစ်ကိုယ်လုံး မိုးရေများစိုမရွဲစေရန်အလို့ငှာ ပြေးလွှာနေကြသည်။ အားကောင်းငွေမိုးရေစက်များက အဝါကားမီးရောင်များကြောင့် ရွှေမိုးရေစက်များအသွင်သို့ ကူးပြောင်းလျက်ရှိနေ၏။

၅ နာရီကျော်မှ ရုံးဆင်းရသော သိမ်မွေ့စံနွယ်မှာ ရုံးအပေါက်အဝတွင် နေဟန်မှိုင်းမှ ကားဖြင့်လာကြိုမည်ကို စောင့်ဆိုင်းနေခဲ့သည်။ နေဟန်မှိုင်းလည်း မိုးသည်းထန်မှုကိုအံတုကာ သူမလေးရှိရာသို့ ကားကိုအသည်းအသန်မောင်းလာ၏။ ရုံးရှေ့သို့ ကားရောက်သောအခါ သိမ်မွေ့စံနွယ်မှာ ထီးဖွင့်ဆောင်းလျက် နေဟန်မှိုင်း၏ရှေ့ကားတံခါးကို ဆွဲဖွင့်ကာ ဝင်ထိုင်လိုက်သည်။ ထို့နောက် သူမ၏ခလုတ်ထီးကို ဆတ်ခနဲ ပိတ်ပြီးလျှင် ခြေရင်း၌ အသာလေး ထောင်ထားလိုက်သည်။

ကားအတွင်းရှိလေထုသည် အဲယားကွန်းအခန်းကြောင့် အနည်းငယ်အေးစိမ့်နေကာ လီမွန်မွှေးရနံ့သင်းသင်းလေးလည်း ပျံ့လွင့်နေပေ၏။

" သဲတုန် ... ကိုကိုနောက်ကျသွားလို့ တောင်းပန်ပါတယ်၊ အိပ်ပျော်သွားတာ "

" ဪ ကိုကိုရယ်၊ ရပါတယ်၊ အခုနောက်ကျပြီဆိုပြီး အသည်းအသန်ကားမောင်းလာတာလားနော်၊ မိုးရွာကြီးထဲ ကားကိုဖြည်းဖြည်းမောင်းလာမှ အန္တရာယ်မများမှာ "

" အွန်း ကိုကိုသတိထားမောင်းလာတာပါ သဲတုန် ... အာဘွား "

နေဟန်မှိုင်းက သိမ်မွေ့စံနွယ်၏မေးဖျားလေးကို လက်ဖြင့်ကိုင်တွယ်လိုက်ပြီးလျှင် မိုးအေးအေးမှာ နှုတ်ခမ်းချင်းအနွေးဓာတ်နူးနူးညံ့ညံ့လေးရအောင် ညင်သာစွာ ဖန်တီးလိုက်သည်။ ထို့နောက် သူ၏တိုက်ခန်းသို့ မိုးဖွဲများကြားထဲကနေ တဖြည်းဖြည်းမောင်းနှင်လာသည်။

မီးပွိုင့်မိနေချိန်၌ သိမ်မွေ့စံနွယ်က သူမရှေ့တွင်ရှိသော ကား screen ပေါ်သို့ လက်ချောင်းလေးများကို သွယ်လျစွာရွေ့လျားရင်း ကား၏Bluetoothကို ဖွင့်လိုက်သည်။ ပြီးလျှင် သူမဖုန်းထဲတွင် ကား၏Bluetooth နာမည်ကို ရှာဖွေကာ သူမ၏ဖုန်းနှင့်ချိတ်ဆက်လိုက်လျက်။

ဖုန်းထဲက အချစ် Romance သီချင်းများအား တစ်စုတစ်စည်းထဲထားထားသည့် music album တစ်ခုထဲက အင်္ဂလိပ်သီချင်းတစ်ပုဒ်ကို စတင်ဖွင့်လိုက်၏။

ထိုသီချင်းသည် သူမ​၏အကြိုက်ဆုံးသီချင်းတစ်ပုဒ်ပင်။ သီချင်း​၏သံစဉ်တီးလုံးများကအစ သီချင်းစာသားအားလုံးသည် သာယာငြိမ့်ညောင်းသာယာ၍ နက်ရှိုင်းသောအချစ်အဓိပ္ပာယ်အတိဖြင့်သာ။

(သီချင်းရဲ့မြန်မာပြန် YouTube link လေးကို ဖွင့်ပြီး နားထောင်နိုင်ပါတယ်။ )

🤍 https://youtu.be/qAxZ2D8bxFc 🤍

" If you dance I'll dance
And if you don't I'll dance anyway
Give peace a chance
Let the fear you have fall away "

နေဟန်မှိုင်းက ညာလက်တစ်ဖက်တည်းနှင့် ကားစတီယာတိုင်က်ို ကိုင်မောင်းနေသည်။သိမ်မွေ့စံနွယ်က နေဟန်မှိုင်း​၏ဘယ်ဘက်လက်ကို ချိတ်ကိုင်လိုက်ပြီးနောက် သူ့လက်ဖမိုးအား အနမ်းဖြဖြလေးပေးလိုက်လျှင် နေဟန်မှိုင်းမှာ ကြည်နူးပီတိဖြင့် ပြုံးမိသည်။

"I've got my eye on you
I've got my eye on you
Say yes to heaven
Say yes to me
Say yes to heaven
Say yes to me "

မောင်းနှင်လာရင်း မီးပွိုင့်မိနေစဉ်မှာ သိမ်မွေ့စံနွယ်က နေဟန်မှိုင်းကို ပြန်နမ်းလိုက်သည်။ ကားမှန်များသည် မိုးအေးသည့်အရှိန်ကြောင့် ရေငွေ့ရိုက်နေသည်။ မီးပွိုင့်သည် နီနေရာမှ ဝါလာသည်။ မိနစ်ပိုင်းခဏတွင် အဝါရောင်မှသည် အစိမ်းရောင်သို့ ကူးပြောင်းသွားချိန်၌ အချစ်ငှက်လေးများလည်း အကြင်နာငွေ့များဖလှယ်နေရာမှ ရပ်တန့်သွားလျက်။

"If you go I'll stay
You come back I'll be right here
Like a barge at sea
In the storm I stay clear
'Cause I've got my mind on you
I've got my mind on you "

နေဟန်မှိုင်းမှာ စတီယာတိုင်ကိုပြန်ကိုက်လိုက်ပြီး လီဗာနင်းလိုက်သည်။ မီးပွိုင့်ကိုမဖြတ်ဘဲ ညာဘက်ကို ကွေ့လိုက်ပြီး အိမ်အပြန်လမ်းသို့ ဦးတည်လာ​၏။

"Say yes to heaven
Say yes to me
Say yes to heaven
Say yes to me
If you dance I'll dance
I'll put my red dress on again
And if you fight I'll fight
It doesn't matter, now it's all gone
I've got my mind on you
I've got my mind on you
Say yes to heaven
Say yes to me
Say yes to heaven
Say yes to me
I've got my eye on you
I've got my eye on you
I've got my eye on you
I've got my eye on you "

သို့ဖြစ်လျှင် မိုးများစဲသွားချိန်တွင် တိုက်ခန်းအတွင်းသို့ရောက်လာကြသည်။ တ်ိုက်ခန်းတံခါးပိတ်ပြီးနောက် နေဟန်မှိုင်းမှာ သိမ်မွေ့စံနွယ်၏ကိုယ်လုံးလေးကို ဆတ်ခနဲ ပွေ့ချီလိုက်ကာ အိပ်ခန်းထဲသို့ ခြေလှမ်းကျဲကျဲဖြင့် လျှောက်လမ်းလာသည်။ ထို့နောက် ကုတင်ပေါ်တွင် သူမကိုယ်လုံးလေးကို ဘုတ်ခနဲပစ်တင်လိုက်၏။

သူမလေး​၏မျက်ဝန်းနက်နက်လေးထဲတွင် ပြုံးနေသောနေဟန်မှိုင်း​၏ပုံရိပ်ကထင်ဟပ်နေသည်။ နေဟန်မှိုင်းက သူမနဖူးထိပ်လေးကို ၂၅ စက္ကန့်လောက် နမ်းနေမိသည်။

" ကိုကို့သဲတုန်လေး အလုပ်ကနေတအားပင်ပန်းလာမှာပေါ့ ."

" ဟုတ်တယ် ... ဇက်ကြောအရမ်းတက်ပြီး ညောင်းညာနေတာ က်ိုကိုရယ် "

" အဲဒါဆို အရင်ညဝတ်အင်္ကျီလဲလိုက်လေ၊ ကိုကို့ပူတင်းတုံးလေးကို ဒဏ်ကြေလိမ်းဆေး လိမ်းပေးပြီး တစ်ခါတည်းနှိပ်ပေးမယ် "

" ဟုတ်ပြီ ... သိပ်ချစ်ဖို့ကောင်းလိုက်တာ "

သိမ်မွေ့စံနွယ်က သူ​၏ပါးနှစ်ဖက်ကို ဆွဲညှစ်လိုက်သည်။ ထို့နောက် ကုတင်ပေါ်ကနေ ဆင်းသွားပြီး ဗီဒိုထဲက ညဝတ်အင်္ကျီကြိုးတစ်လုံးလေးနှင့်ဘောင်းဘီအတိုကို လဲလှယ်ဝတ်ဆင်ခဲ့ပြီးသောအခါ အိပ်ရာပေါ်သို့ ပြန်တက်လာသည်။ နေဟန်မှိုင်းကလည်း အင်္ကျီစွပ်ကျယ်လဲပြီးသားဖြစ်နေသည်။

​သူလည်း သူမလေး​၏ဇက်ကျောနားအပြင် ပခုံးတစ်ဝိုက်အနား သေချာဆေးလူးပေးခဲ့ပြီး အကြောပြေစေရန် သေချာနှိပ်နယ်ပေးသည်။

ထို့နောက် သူမလေးကိုမှောက်ခုံအနေအထားနေခိုင်းပြီး ဇက်ကြောနှင့်ပခုံးကနေ ခါးတစ်လျှောက် နှိပ်နယ်ပေးခဲ့ကာ သူ​၏ချစ်သည်းတုန်လေးကို ဇိမ်ခံခိုင်းခဲ့သည်။ မိနစ်၂၀ ကျော်ကြာချိန်တွင်မူ သိမ်မွေ့စံနွယ်က အတည့်ပြန်လဲလာသည်။

" ခုလောက်နှိပ်ပေးတာ အညောင်းပြေပါပြီ ... ကိုကို့ကိုပြန်နှိပ်ပေးမယ်လေ "

" ရပါတယ်ဗျာ ... လက်နုနုလေးတွေနာနေလိမ့်မယ်၊ ကိုကိုက လေ့ကျင့်ခန်းလုပ်လိုက်ရင် ဘာမှမဖြစ်ဘူး၊ ပူတင်းတုံးလေးသာ ကိုကို့ရင်ခွင်ထဲမှီပြီး အပန်းဖြေလှည့် "

သူမလေးလည်း မြတ်နိုးရာအမျိုးသားလေး၏ရင်အုပ်ကျယ်ကျယ်ထဲသို့ ခေါင်းနှင့်ကိုယ်လုံးလေးတိုးဝင်သွားကာ ဗလထွက်နေသောလက်မောင်းတစ်စုံက သူမလေးကို တင်းကျပ်စွာထက်ထားခဲ့သည်။ သူမခေါင်းလေးပေါ်ကို မေးတင်ထားရင်း သူမကျောပြင်လေးကို ပွတ်သပ်ပေးနေသည်။

" သဲတုန် "

" ရှင် "

" ကိုကိုသာ သဲတုန်လေးကိုသာ မကယ်နိုင်ခဲ့ရင် ကိုကို့ဘဝကအမှောင်ထဲမှာပဲ တစ်သက်လုံးလမ်းဆက်လျှောက်ရမယ်ထင်တယ် ... စိတ်ထားကောင်းရင် ကံကောင်းတယ်ဆိုတာကို မိဘတွေဆုံးပြီးနောက်ပ်ိုင်းကနေ သဲတုန်လေးနဲ့ကိုကို ပြန်မတွေ့ခဲ့တဲ့အချိန်ထိ မယုံကြည်ခဲ့ဘူး၊ အတိတ်တုန်းက စိတ်ထားကောင်းခဲ့တာတွေက ခုတော့ ပြန်အကျိုးပေးလာသားပဲ "

" အွန်း ... "

သိမ်မွေ့စံနွယ်မှာ နေဟန်မှိုင်းပြောနေသမျှကို မျက်လုံးမှိတ်ထားကာ နားထောင်နေသည်။ သူမအနေဖြင့် ပင်ပန်းသည့်အရှိန်ကြောင့် အိပ်ချင်နေသည်။ နေဟန်မှိုင်းက သူမလေး​၏ဆံနွယ်အမျှင်ကလေးများကို ထိုးဖွကာ ခေါင်းလေးကိုကုတ်ပေးနေပြန်သည်။

" ချစ်တယ် ကိုယ့်နှလုံးသားလေး ..."

" ချစ်တယ် မွေ့ရဲ့ရှင်ဘုရင်ကြီးကို "

• ────── ✾ ────── •

Continue Reading

You'll Also Like

21.6K 508 30
THE COVER IS MINE PLEASE DONT STEAL!!! BAD WRITING!!! READ IF WANTED BUT YOU HAVE BEEN WARNED "M/n go inside you're freezing yourself!!" "im still t...
2M 113K 96
Daksh singh chauhan - the crowned prince and future king of Jodhpur is a multi billionaire and the CEO of Ratore group. He is highly honored and resp...
33.4K 1.2K 25
mackenzie is a born and raised city girl, but when her mom marries a pig farmer from middle-of-nowhere kansas, she's forced to give up her high socie...