ငါကဗီလိန်! [Uni + Zaw]

By Adira_Mo

16.8K 1.5K 53

စာအုပ်ထဲက အမြှောက်စာဇာတ်ကောင်ထဲကူးပြောင်းသွားရရင်တော်ရောပေါ့၊ ဘာလို့ ငါက ကလေးပါထိန်းနေရတာလဲ၊ Whyyy????! Updat... More

Intro
Ch 1
Ch 2
Ch 3
Ch 4
Ch 5
Ch 6
Ch 7
Ch 8
Ch 8.2
Ch 9
Ch 10
Ch 11
Story Glory Details and Update Schedules <3
Ch 13

Ch 12

598 51 0
By Adira_Mo

"အဲ့တာဆို ကိုကိုနေသားကျသွားအောင်လို့ ကျွန်တော်နေ့တိုင်းပြောပေးနိုင်တယ်နော်။ ကမ္ဘာပေါ်မှာရှိတဲ့လှပခြင်းကိုရည်ညွှန်းတဲ့စကားတွေအကုန်လုံးကို ကိုကို့ကိုရည်ညွှန်းပြီး ကျွန်တော်နေ့တိုင်းနေ့တိုင်း ပြောပေးနိုင်တယ်နော် ကိုကို"

စကားအဆုံးသတ်နားတွင် သူနှင့်သက်ဆိုင်သောနာမ်စားကို တစ်လုံးချင်းစီအသံစွဲ၍ ပြောလိုက်ပုံက ဘာလို့ရယ်မသိ။သူ၏နားဖျားလေးကိုယားယံသွားစေခဲ့သည်။ထိုအချိန်တွင်သာ သူ့မျက်ဝန်းထဲဝင်ကြည့်ပါက ရွှေအိုရောင်နေရောင်ခြည်၏ အောက်တွင် မတ်မတ်ရပ်လျှက်ရှိသော နေနိုင်းမာန်၏ပုံရိပ်တစ်ခုတည်းသာထင်ဟပ်နေကြောင်းကို
တွေ့ရမည်ပေ။

နီရဲသွားသောကိုကို့၏နားရွက်ဖျားလေးများကိုငေးကြည့်ရင်းနေနိုင်းမာန်၏ဘယ်ဘက်ရင်အုံဆီကခပ်မှန်မှန်လှုပ်ရှားလာသည်။ဤလူသား၏အရေပြားတစ်ထောက်စာကစလို့ ဟိုးရိုးတွင်းခြင်ဆီများအထိပါ သူမြတ်နိုးလှသည်။ညီအစ်ကိုချင်းဖြစ်နေမှန်းသိ၍ သူ့ခံစားချက်တို့ကိုသူအမည်မတပ်ရဲပါပေ။သို့သော် သေချာသည်က ဒီလူသားအတွက်ထားရှိသော ဖြူဖြူစင်စင်မေတ္တာများကိုဖယ်ထုတ်လိုက်လျှင် ကျန်ခဲ့မည်က ပူလောင်ပြင်းပြကာ ပိုင်ဆိုင်လိုစိတ်ကြီးမားလှသောချစ်ခြင်းတရားများသာကျန်ခဲ့လိမ့်မည်။တစ်စုံတစ်ယောက်ကိုချစ်မိပါက ထိုလူသားပျော်နေသည်ကိုပဲမြင်ချင်ပြီး ထိုအရာကိုပေးဆပ်ချစ် ဟုခေါင်းစဥ်တပ်ကြသည်။သူ့အတွက်ကတော့ ဒီတစ်လောကလုံးတွင် သူ့ကိုကို ကိုပျော်အောင်ထားနိုင်သူမှာသူကလွဲပြီးမရှိသည်မို့ သူတစ်ယောက်တည်းမူပိုင်အဖြစ်သာ ကိုကို့ကိုအပိုင်သိမ်းပစ်မည်။

အသက်ကြီးလာသည်အထိ ကိုကို့ကိုလဲအိမ်ထောင်ပြုမခံ၊ သူလဲအိမ်ထောင်မပြုပဲ အတူနေကြမည်။ကိုကိုကြိုက်သည့် အေးသောဒေသများဆီသို့ခရီးထွက်ကြမည်။ကိုကို့ညီငယ်လေးအဖြစ်နှင့် ကိုကို့၏ဂရုစိုက်မှုများကိုအပိုင်စားယူထားမည်။ကိုကို့ကိုသူပိုင်သလို သူ့ကိုလဲ ကိုကိုပိုင်သည်။

ကမ္ဘာကြီးက မပြည့်စုံကောင်းမပြည့်စုံပေမဲ့ ကိုကို့အနားမှာ ကျွန်တော်ရှိနေသ၍ အပြည့်စုံဆုံးအရာတွေကိုပဲ ကိုကို့ကိုပေးပါမယ်။

------

တစ်ယောက်နှင့်တစ်ယောက်စိုက်ကြည့်ကာ ငြိမ်သက်နေကြသောအနေအထားကိုဖြိုခွင်းလိုက်သူက မိန်းကလေးတစ်ဦး၏အသံ။

'' ဟို..နေ..နေနိုင်းမာန်လားဟင်..''

ကောင်မလေးသည် နေနိုင်းမာန်တို့နှင့်အရောင်တူနက်ခ်တိုင်ကိုစည်းထား၍နေနိုင်းမာန်တို့အတန်းကဖြစ်ကြောင်းမင်းသွန်းညှာသိလိုက်ရသည်။ဒါ့အပြင်ထိုကောင်မလေး၏ချီတုံချတုံလေသံကြောင့် မင်းသွန်းညှာတစ်ယောက် အခြေအနေကိုအကြမ်းဖြင်းအားဖြင့်နားလည်လိုက်ပြီ။ကြည့်ရသည်မှာ ဤအမျိုးသမီးလေးသည် သူ့ညီကိုဖွင့်ပြောချင်နေပုံပင်။ထို့ကြောင့်မင်းသွန်းညှာလဲအလိုက်သိပေးကာ နေနိုင်းမာန်၏ပုခုံးကိုပုတ်၍

'' အာ...ကိုကို အခန်းထဲမှာ ဖတ်လက်စ စာအုပ်မေ့ကျန်ခဲ့လို့ပြန်ယူလိုက်ဦးမယ်နော်၊ အဟဲ တောအုပ်လေးထဲအနားယူဖို့ဆို ဖတ်စရာစာအုပ်လေးပါဦးမှဖြစ်မှာပေါ့။ ''

'' ဘယ်မှမသွားရပါဘူး၊ ကျွန်တော်တစ်ယောက်တည်းဒီနားမှာမကျန်နေခဲ့ရဲဘူး။ သရဲကြောက်တယ် ''

ထွက်သွားရန်ပြင်နေသော မင်းသွန်းညှာကို လက်ကောက်ဝတ်မှနေ၍  သူ့ဘက်သို့ဆွဲခေါ်လိုက်ပါသောနေနိုင်းမာန်ပါလေ။နေနိုင်းမာန်သည် မင်းသွန်းညှာ ထွက်မသွားတာသေချာအောင်လုပ်ပြီးကာမှ ထိုကောင်မလေးဘက်သို့ကြည့်ကာ ခပ်မှန်မှန်လေသံဖြင့်ပြောလိုက်သည်။

'' အင်း ငါကနေနိုင်းမာန်ပဲ၊ ဘာပြောစရာရှိလို့လဲ ''

နေနိုင်းမာန်သည် မာရေကြောရေရှိလှသော်လဲ အမျိုးသမီးများကိုတော့ဖြင့် ကောင်းကောင်းမွန်မွန်ဆက်ဆံပေးပါသည်။သူ့တွင် အစ်မလိုခင်ရသောနှင်းစက်လင်းလဲရှိသည်မို့ နှမချင်းကိုယ်ချင်းစာကာ ကောင်းကောင်းမွန်မွန်ဆက်ဆံပေးခြင်းပင်။

သူ့ဘက်က စကားလမ်းကြောင်းဖွင့်ပေးသောအခါ ထိုမိန်းကလေးသည် နီစွေးနေသောမျက်နှာလေးဖြင့် သူ့ကိုကြည့်၍

'' ငါ...ငါ...ငါကနောက်နေ့ကြရင်ကျောင်းပြောင်းရတော့မဲ့သူပါ၊ ''

ထိုစကားကြောင့် မင်းသွန်းညှာနှင့် နေနနိုင်းမာန်တို့ မနက်ကကြေငြာသော စကောလားရှစ်ကျောင်းသူလေး၏နိုင်ငံခြားကျောင်းပြောင်းခွင့်အကြောင်းကိုသတိရသွားသည်။ထို့ကြောင့် မင်းသွန်းညှာသည်ထိုကောင်မလေးကိုပြုံးပြကာ

'' မနက်က အဲ့ကျောင်းသူက ညီမလေးလား၊ တော်လိုက်တာ...နောက်လဲအဲ့လိုကြိုးစားနော် ''

မင်းသွန်းညှာ၏ချီးကျူးစကားကြောင့်ထိုကောင်မလေး၏မျက်နှာသည်ပိုမိုနီရဲလာကာ မင်းသွန်းညှာကိုပြုံးပြလေသည်။

'' ကျေး..ကျေးဇူးပါပဲ အကို။ နေနိုင်းမာန်.... ''

နေနိုင်းမာန်သည် သူ့ဘက်ကိုလှည့်ကာ အသက်ကိုတစ်ဝကြီးရှုလိုက်သောကောင်မလေးကြောင့်ရယ်မိမလိုဖြစ်သွားသည်။သူ့ကိုဖွင့်ပြောကြသောသူများအနက် ဤကောင်မလေးသည် အတော်ဗရုတ်ကျလှသည်ဟုတွေးမိသွား၍ပင်။ဤကောင်မလေးသာ သူ့ညီမလေးဆို ဘယ်လောက်ကောင်းလိမ့်မလဲနော်။

'' ငါနင့်ကိုအရမ်းသဘောကျတယ်၊ အရမ်းသဘောကျပေမဲ့ နင်ငါ့ကိုပြန်မကြိုက်မှာကိုလဲသိတယ်။ ဒါပေမဲ့ အနာဂတ်မှာ ငါ့ရဲ့အချစ်ဦးကိုဖွင့်မပြောခဲ့ရလို့ဆိုပြီးနောင်တမရချင်ဘူး။ ကျေးဇူးပြုပြီး နင့်ကိုငါ့ရဲ့အချစ်ဦးအနေနဲ့ ငါ့မှတ်ဥာဏ်တွေထဲမှာသိမ်းထားခွင့်ပြုပေးပါ။ ''

ထိုကောင်မလေး၏စကားသည် နေနိုင်းမာန်ကိုလျှပ်စီးဖြင့်တို့လိုက်သကဲ့သို့ တုန်လှုပ်ကာ စိတ်လှုပ်ရှားသွားစေခဲ့သည်။ထိုကောင်မလေးကဲ့သို့ပင် သူသည်လဲ ချစ်ရသူကိုတစ်ချိန်လောက်ဝန်ခံကြည့်သင့်သည်မဟုတ်ပါလား။ဒီနေ့ မနက်ဖြန်မဟုတ်ရင်တောင် အချိန်အပိုင်းအခြားတစ်ခုတွင်တော့ သူဝန်ခံကြည့်ချင်ပါသည်။

'' အင်း...ငါ့ကို နင့်မှတ်ဥာဏ်တွေထဲမှာ သိမ်းထားခွင့်ရှိတယ်၊ ပြီးတော့ နင့်နာမည်ဘယ်လိုခေါ်လဲ။ ''

ကောင်မလေးသည် သူမကိုနာမည်မေးမည်မထင်ထား၍ခေတ္တမျှကြောင်အသွားပြီးနောက်

'' ကိုးသံသာချို...ငါ့နာမည်က ကိုးသံသာချို၊ ကိုကိုးသီးရဲ့ ကိုး ''

'' ဟုတ်ပြီ မင်းရဲ့မှတ်ဉာဏ်ထဲမှာ ဒီအချက်ကိုပါတစ်ခါတည်းမှတ်ထားပေးပါ၊ မင်းက ငါ့အသက်၁၅နှစ်တာလုံးမှာ နာမည်မေးမိတဲ့ ပထမဆုံးမိန်းကလေးပဲဆိုတာကို... ''

ကောင်မလေးသည် ထိုစကားကိုကြားသော် ပြုံးရွှင်စွာဖြင့်ပင်

'' နင်နဲ့ နင့်အကိုလဲ ကိုယ်ချစ်ရတဲ့သူနဲ့ အခက်အခဲမရှိ ပေါင်းရပါစေနော်။ ''

ထိုစကားကိုပြောပြီးသည်နှင့် ထိုကောင်မလေးသည် သူတို့အနားမှလက်ပြနှုတ်ဆက်ကာထွက်ခွါသွားလေသည်။မင်းသွန်းညှာသည် ထိုကောင်မလေး၏ကျောပြင်ငယ်ကိုကြည့်ကာ

'' အမှန်တိုင်းပြောရရင် သူပြောတာလဲမှန်တာပဲ၊ တစ်ချိန်မှာ အတိတ်ကိုပြန်ကြည့်လိုက်လို့ ငါဒီလူ့ကိုချစ်တဲ့အကြောင်းတွေပြောပြခဲ့ရရင်အကောင်းသားဆိုပြီးတွေးမိတဲ့သူတွေနည်းမှာမဟုတ်ဘူး။ နိုင်းလေးလဲမှတ်ထားနော် လူတစ်ယောက်ကိုချစ်မိရင်အဲ့လူသိအောင်ပြောပြရတယ်။ ဖူးစာပါရင်လူက လုပ်ယူစရာမလိုဘူးတို့ ဘာတို့ကအပိုဆာဒါးတွေ၊ အထူးသဖြင့် ကိုယ်ချစ်မိတဲ့သူကမိန်းကလေးဖြစ်နေရင်ပိုတောင်ဆိုးတယ် မိန်းကလေးဖက်ကလဲ ကိုယ့်ကိုကြိုက်ပေမဲ့ မိန်းကလေးမို့ မူနေရပြီး ယောကျာ်းလေးဘက်ကဖွင့်အပြောကိုစောင့်နေရတာလဲရှိနေနိုင်တာပဲလေ။ မင်းအစ်မ နှင်းစက်ကိုပဲကြည့်။ ပြီးတော့ အချစ်ဆိုတာကလဲ..... ''

အချစ်အကြောင်းကိုတစ်ဖွဲ့တစ်နွဲ့ပြောနေပြီး ရည်းစားပင်မရှိရှာသော ကိုကို့ကိုကြည့်၍ သူစချင်လာသည်မှာထိန်းမရသိမ်းမရပေ။ထို့ကြောင့်

'' ကိုကိုကအချစ်အကြောင်းတွေပြောရအောင် ရည်းစားရှိလို့လား ''

တကယ့်ကိုပင် ဘာမှမသိပါဘူးဆိုသောရုပ်ဖြင့် မေးလာသော နေနိုင်းမာန်ကြောင့် မင်းသွန်းညှာသည် လုပ်ပြုံးကြီးပြုံးပြကာ

'' စောနက စကားလေးပြန်ပြောလိုက်စမ်း ''

ကိုကို့အပြုံးကြီးကြောင့် ကိုကိုဒေါသထွက်သွားပြီမှန်း သူသိလိုက်ရသည်။ထို့ကြောင့် ကိုကိုက သူ့လက်သီးဆုပ်လေးများနှင့်သူ့ကိုမထုခင် သူပတ်ပြေးရပါတော့မည်။သူ့အသားနာမည်စိုး၍မဟုတ်ပဲ ကိုကို့လက်ကလေးများနာသွားမည်စိုး၍ပင်။ဒီကောင်ကြီးက ကိုကို့ကိုအဲ့လိုသိပ်ချစ်ပါသည်။

-------------

နေနိုင်းမာန်တစ်ယောက်စိတ်အတော်ညစ်နေသည်။ညစ်တာမှ မည်သို့ဆပ်ပြာနှင့်ပဲလျှော်ပါစေ မပြောင်လောက်သည်အထိပင်။အကြောင်းရင်းကတော့ ကိုကိုငဒူလေးကြောင့်ပင်။ဟိုရက်ကစလို့ ကိုကို့ကိုမသိမသာလိုက်ပြီးFlirtနေ ဖွင့်မပြောပြရုံတမယ်ပင်ဖြစ်နေသော်လဲ ကိုကိုကဖြင့် သတိပင်မထားမိချေ။ဥပမာအားဖြင့်ဆိုရသော် မနေ့ကအဖြစ်ကိုပဲကြည့်ပါလေ။

မနေ့ကနေ့လည်စာစားချိန်။ ။

နေနိုင်းမာန်သည် ကိုကို နေ့လည်စာစားပြီးလျှင်သောက်ရန်အတွက် ကိုလာဘူးကို စပါရှယ်အသင့်ပြင်ထားပေးလေသည်။ထိုကိုလာဘူးသည် ရိုးရိုးဘူးမဟုတ်ပေ။ကိုလာဘူး၏တစ်ဝက်ခန့်တွင် ဆော့ပင်ဖြင့် I LOVE YOU MY SWEETHEART ဟုရေးထားလေသည်။ဆော့ပင်အနက်နှင့်ဖြစ်၍ဒီအတိုင်းကြည့်လျှင်မမြင်ရပဲ ကိုလာဘူးကို တစ်ဝက်ကျော်ခန့်သောက်ပြီးကိုလာရည် အနက်များကုန်သွားမှသာလျှင် ထိုစာသားကိုမြင်ရမည်ဖြစ်သည်။ကိုကိုမြင်သွားပါက သူလဲမသိချင်ယောင်ဆောင်ကာ '' ကိုကိုက ကျွန်တော့်အသည်းညှာ ကိုကိုလေးမို့ အဲ့လိုရေးထားတာပေါ့ '' ဘာညာပြောကာ ကိုကို့၏ရှက်သွေးဖြာမျက်နှာလေးကိုအရသာခံငေးကြည့်ရမည်ဟုကြံထားမိလိုက်သည်။သို့သော်လက်တွေ့တွင်တော့

'' ကိုကိုရယ် ဖြေးဖြေးသောက်ပါဗျာ ကျွန်တော်လဲလုမသောက်ပါဘူး ''

အအေးဘူးကိုမြင်သည်နှင့် သူ့လက်ထဲမှယူကာ အသည်းအသန်သောက်နေသော ကိုကိုပါလေ။သောက်ပြီးသည်နှင့် မပြီးသေး။

'' ဟာ ကိုကို အေအးဘူးမှာ ဘာရေးထား.... ''

*ဒုတ်*

'' ဟမ် နိုင်းလေးဘာပြောတာလဲ ''

နေနိုင်းမာန်ပြောလက်စ စကားပင်မဆုံးသေးပဲ ကိုလာဘူးကိုအမှိုက်ပုံးထဲသို့တန်းထည့်လိုက်သူကြောင့် ပြောစရာစကားတို့ကငပျောက်ရှသွားရသည်။ဘယ်လိုတောင်လုပ်ရက်ရတာလဲ ကိုကိုရယ်။အခုမှနိုင်ငံကြီးသားပီသနေသော ကိုကိုကတော့ဖြင့် မသိသလိုလေးနှင့် လေချဥ်လေးတောင်တက်နေလိုက်သေး။အဲ့လောက်တောင်မှပဲ....ဒူရလားဗျာ။

သို့သော် လွယ်လွယ်နှင့်လက်လျှော့လိုက်ရအောင် နေနိုင်းမာန်က နွေဦးတော်လှန်ရေးထဲက ရေပေါ်ဆီတွေမှမဟုတ်တာ။(A/n ပေါ်တင်Dissခြင်းဖြစ်၍ စာသားပြန်ပြင်ပေးရန်အစီအစဥ်မရှိ။ )

ထို့ကြောင့် ညနေကျောင်းဆင်းသောအခါ ကိုကို့ကိုခေါ်၍ သစ်ရွက်နှင့် ပန်းအချို့ကြွေကျလျှက်ရှိသော ကျောင်းလမ်းမတစ်လျှောက် လမ်းအတူလျှောက်ရန်ခေါ်ခဲ့လိုက်သည်။ဤလမ်းကြားသည် သူတို့ကျောင်းတွင်နာမည်ကြီးလှပြီး ချစ်သူရည်းစားများသာ ဤလမ်းဆုံးသည်အထိ အတူလျှောက်ပါက ပေါင်းသင်းရတတ်သည်ဟု အယူရှိသည်။ထို့ကြောင့် သူလဲအကြံနှင့် ကိုကို့ကိုခေါ်ခဲ့ခြင်းဖြစ်ပေသည်။ထိုလမ်းကြားထဲကိုရောက်လျှင်တော့ သူက ကိုကို့ကို ဤလမ်းအကြောင်းရှင်းပြမည်။ပြီးလျှင်တော့ '' ကျွန်တော်တို့လဲ လမ်းဆုံးအထိလျှောက်ရအောင် ကိုကို၊ ဒါမှ ကိုကိုနဲ့ကျွန်တော် တစ်သက်လုံးအတူနေသွားရမှာ '' ဟူ၍ မထိတထိစမည်။ကိုကို့၏ရှက်သွေးဖြာနေသောမျက်နှာလေးကိုထိုင်ငေးပစ်မည်။သို့သော်လဲ....

'' ကိုကို ဒီလမ်းကြားကလေ... ''

သူပြော၍မဆုံးသေးမီမှာပင် ကိုကိုသည် သစ်ရွက်များကြွေကျနေသည့် သစ်ပင်ကြီးအနားသို့ လွှားခနဲသွားကာ ကျနေသောသစ်ရွက်များကိုမြေပြင်နှင့်မထိခင်ဖမ်းယူလိုက်၊ ခုန်ပေါက်ဆော့လိုက်နှင့် မျောက်ကလေးလိုပင်။

'' နိုင်းလေး လာလာ၊ ဒီမှာ သစ်ရွက်တွေကိုအောက်မကျခင်လာဖမ်း။ အဲ့လိုဖမ်းနိုင်ရင် စာမေးပွဲအောင်တယ်တဲ့။ ''

' ကိုကိုရေ စာမေးပွဲဆိုတာ စာကျက်မှအောင်တာ အဲ့လိုယုံတမ်းစကားတွေကိုလိုက်လုပ်မနေနဲ့ ' ဟု ပြောချင်သော်လဲ ကိုကို့၏ပြုံးရွှင်နေသောမျက်နှာလေးကိုမြင်တော့ သူ့မှာပြောမထွက်ပေ။ထိုနေ့က ယုံတမ်းစကားတွေကိုမယုံတတ်ပါဘူးဆိုသောကောင်လေးသည် သူ့ကိုကို၏လက်ကိုဆွဲကာ လမ်းကြားကိုအဆုံးရောက်သည်အထိ လျှောက်ခဲ့ပါသည်။

မနေ့ကအဖြစ်အပျက်ကိုပြန်တွေးရင်း နေနိုင်းမာန်သက်ပြင်းချလိုက်မိသည်။ကြည့်ရတာ မဟုတ်မှလွဲ ကိုကိုငဒူလေးတွင် ကြိုက်မည့်သူမရှိတာမဟုတ်ပဲ သူ့ကိုကြိုက်လို့ကြိုက်နေမှန်းပင် မသိခြင်းဖြစ်ရမည်ဟု နေနိုင်းမာန်ကောက်ချက်ချလိုက်မိသည်။ထိုသို့အရိပ်အပါးနားမလည်ခြင်းက ကောင်းလဲကောင်းသလို မကောင်းလဲမကောင်းပေ။နေနိုင်းမာန်ခမြာ သူ့ကိုကိုငဒူလေးကြောင့်ကြံရာကိုမရနိုင်တော့ချေ။

------------

PFB = positive thoughts from boss (အကောင်းမြင်စိတ်ရမှတ်)
LSP = Life save point (ဇာတ်ကြောင်းနှင့်ပက်သက်၍ရမှတ်)
LP = Love Percent ( နေနိုင်းမာန်ဆီမှ ချစ်နှစ်သက်ခံရမှု )

မင်းသွန်းညှာသည် ယခုတလော ဗီလိန်မ မရှိ၍ရော၊ အဓိကဇာတ်ကောင်များနှင့် ဆက်ဆံရေးအဆင်ပြေမှုတို့ကြောင့်ပါ ဘာာမှလုပ်စရာမရှိပေ။ထို့ကြောင့် စံအိမ်ထဲမှ ဥယျာဥ်ထဲတွင် အနားယူရင်း Point များကိုပြန်စစ်နေမိသည်။ယခုသူ့တွင် LSP သည် 250 ရှိပြီး PFB ကတော့ 100% ပင်။ဟိုရက်ကဆိုလျှင်လဲ LP သည် 100 ပင်ပြည့်သွားသေးသည်။ပြောရလျှင်တော့ သူအတော့်ကို သာယာနေသည်ပင်။သို့သော် သူ့အတွေးတို့ကို သူ၏လည်ဂုတ်ဆီမှ ပူစပ်ပူစပ်ဖြစ်မှုတို့က ဝင်နှောက်ယှက်လေသည်။

မင်းသွန်းညှာမျက်မှောင်ကြုတ်မိသည်အထိနာကျင်မှုကပြင်းထန်လှသည်။ထိုအချင်းအရာကပင်မင်းသွန်းညှာထံတွင်ယခုအချိန်အထိဖြည်မချရသေးသော ဇာတ်လမ်းအပိုင်းအစအချို့ရှိသေးသည်ကိုသွားသတိရမိသည်။မူလမင်းသွန်းညှာ၏မှတ်ဥာဏ်တို့သည် ၁၀နှစ်သားအရွယ်အထိဘာမျှကိုမရှိပေ။သိသာသောမှတ်ဥာဏ်များကလဲ ၁၁နှစ်မှသာအစပြုထားခြင်းဖြစ်ပြီး ထို၁၀နှစ်တာက ပျောက်ဆုံးနေခဲ့သည်။သူလရောင်ငေးကိုမေးကြည့်ပြန်တော့လဲ ဟိုကဘာမှပင်မသိချေ။ပုံမှန်ဆို မင်းသွန်းညှာလဲ ဖြတ်လျှောက်ဇာတ်ကောင်တစ်ဦး၏နောက်ကြောင်းကိုဂရုစိုက်လှမည်မဟုတ်သော်လဲ ထိုဖြတ်လျှောက်ဇာတ်ကောင်သည် သူဝင်နေရသော ကိုယ်ပိုင်ရှင်မို့ ဂရုမစိုက်ချင်၍မရတော့ပေ။

ထို့ကြောင့်သူလဲ system မှတစ်ဆင့် မူလမင်းသွန်းညှာ၏ပျောက်ဆုံးမှတ်ဉာဏ်များနှင့် ဘဝဇာတ်ကြောင်းကိုဝယ်ယူရန်ဆုံးဖြတ်လိုက်တော့သည်။

' System.. '

' System အသင့်ရှိကြောင်းပါ။ '

' ငါ မူလပိုင်ရှင်ရဲ့ ပျောက်ဆုံးမှတ်ဉာဏ်တွေနဲ့သူ့ဘဝဇာတ်ကြောင်းအပြည့်အစုံကိုဝယ်ယူချင်တယ်။ '

' ရပါတယ်။ ကျသင့် point ကတော့ LSP 300 point ပါ။ '

ဈေးကြီးလှသော systemကြောင့် သူနှာခေါင်းရှုံ့လိုက်မိသည်။

' မင်းတို့ကလဲ ဈေးကြီးလိုက်တာကွာ၊ point ရှာရတာလွယ်တယ်များအောက်မေ့နေလား။ ပြီးတော့ မူလပိုင်ရှင်ကို လမ်းမှားအောင်လုပ်ခဲ့တဲ့ဗီလိန်မ မရှိတော့ ဇာတ်ကွက်ကပြင်ရတာပိုနည်းလာတယ်လေ၊ အဲ့တော့point လဲ နည်းလာတာပေါ့ကွ။ '

' ဗီလိန်မက ပြန်ရောက်ပါတော့မယ်၊ သူပြန်ရောက်မှ point ဆက်စုပါ။ သင်ဝယ်ယူလိုတဲ့အချက်အလက်ထဲမှာ မြှုပ်ကွက်တွေအများကြီးပါနေတာမို့ ဈေးကြီးရတာပါ။ '

System ၏ စကားကြောင့် အချက်အလက်ဝယ်ယူလိုသောမင်းသွန်းညှာ၏ဆုံးဖြတ်ချက်တို့က ပိုမိုခိုင်မာသွားခဲ့တော့သည်။ထို့ကြောင့် သူလဲ Poinnt ဆက်စုရန်အတွက် ဗီလိန်မကို မြန်မြန်ပြန်လာစေချင်မိတော့သည်။သို့သော် ဗီလိန်မသည် ပိုမိုအားကောင်းမည့် မုန်တိုင်းတစ်ခုကိုသာ သူ(မ)နှင့်အတူခေါ်ဆောင်လာမယ်မှန်းသိပါက မင်းသွန်းညှာထိုကဲ့သို့ဆုတောင်းခဲ့မည်ပင် မဟုတ်ချေ။

-----------

နိုင်ငံရပ်ခြား တစ်နေရာ။

'' ဒါက ကျွန်မလိုချင်တဲ့ဆေးရောဟုတ်ရဲ့လား။ ''

ကုလားထိုင်ပေါ်တွင်ခြေချိတ်ထိုင်နေသော ထိုအမျိုးသမီးသည် သူ့အရှေ့ကလူကို သေချာအောင်ထပ်မေးလိုက်သည်။ထိုအခါ သူ့အရှေ့ကလူက

'' သေချာတာပေါ့ဗျာ ဒီဆေးက စိတ်ချရတဲ့ဈေးကွက်ကလာတာ။ ''

ထိုအခါမှ အမျိုးသမီးသည်ပြုံးလိုက်ကာ သူ့အိတ်ထဲမှ ပိုက်ဆံအထပ်လိုက်ကိုထုတ်ပေး၍

'' အင်း ရှင်တော်တယ်၊ ဒီထဲမှာ ရှင့်အတွက် အပိုထည့်ပေးထားသေးတယ်။ ''

ပြီးနောက်ထိုအမျိုးသမီးသည် လက်ထဲမှဆေးထုပ်ကိုကြည့်၍ ခပ်ရွဲ့ရွဲ့ပြုံးလိုက်မိသည်။သူ့စိတ်ထဲတွင် ဘာတွေးနေသလဲဆိုတာကိုတော့ မည်သူမျှမသိနိုင်ချေ။

----------------

Zawgyi
.
.
.
.
."အဲ့တာဆို ကိုကိုေနသားက်သြားေအာင္လို႔ ကြၽန္ေတာ္ေန႕တိုင္းေျပာေပးနိုင္တယ္ေနာ္။ ကမာၻေပၚမွာရွိတဲ့လွပျခင္းကိုရည္ၫႊန္းတဲ့စကားေတြအကုန္လုံးကို ကိုကို႔ကိုရည္ၫႊန္းၿပီး ကြၽန္ေတာ္ေန႕တိုင္းေန႕တိုင္း ေျပာေပးနိုင္တယ္ေနာ္ ကိုကို"

စကားအဆုံးသတ္နားတြင္ သူႏွင့္သက္ဆိုင္ေသာနာမ္စားကို တစ္လုံးခ်င္းစီအသံစြဲ၍ ေျပာလိုက္ပုံက ဘာလို႔ရယ္မသိ။သူ၏နားဖ်ားေလးကိုယားယံသြားေစခဲ့သည္။ထိုအခ်ိန္တြင္သာ သူ႕မ်က္ဝန္းထဲဝင္ၾကည့္ပါက ေ႐ႊအိုေရာင္ေနေရာင္ျခည္၏ ေအာက္တြင္ မတ္မတ္ရပ္လွ်က္ရွိေသာ ေနနိုင္းမာန္၏ပုံရိပ္တစ္ခုတည္းသာထင္ဟပ္ေနေၾကာင္းကို
ေတြ႕ရမည္ေပ။

နီရဲသြားေသာကိုကို႔၏နား႐ြက္ဖ်ားေလးမ်ားကိုေငးၾကည့္ရင္းေနနိုင္းမာန္၏ဘယ္ဘက္ရင္အုံဆီကခပ္မွန္မွန္လႈပ္ရွားလာသည္။ဤလူသား၏အေရျပားတစ္ေထာက္စာကစလို႔ ဟိုးရိုးတြင္းျခင္ဆီမ်ားအထိပါ သူျမတ္နိုးလွသည္။ညီအစ္ကိုခ်င္းျဖစ္ေနမွန္းသိ၍ သူ႕ခံစားခ်က္တို႔ကိုသူအမည္မတပ္ရဲပါေပ။သို႔ေသာ္ ေသခ်ာသည္က ဒီလူသားအတြက္ထားရွိေသာ ျဖဴျဖဴစင္စင္ေမတၱာမ်ားကိုဖယ္ထုတ္လိုက္လွ်င္ က်န္ခဲ့မည္က ပူေလာင္ျပင္းျပကာ ပိုင္ဆိုင္လိုစိတ္ႀကီးမားလွေသာခ်စ္ျခင္းတရားမ်ားသာက်န္ခဲ့လိမ့္မည္။တစ္စုံတစ္ေယာက္ကိုခ်စ္မိပါက ထိုလူသားေပ်ာ္ေနသည္ကိုပဲျမင္ခ်င္ၿပီး ထိုအရာကိုေပးဆပ္ခ်စ္ ဟုေခါင္းစဥ္တပ္ၾကသည္။သူ႕အတြက္ကေတာ့ ဒီတစ္ေလာကလုံးတြင္ သူ႕ကိုကို ကိုေပ်ာ္ေအာင္ထားနိုင္သူမွာသူကလြဲၿပီးမရွိသည္မို႔ သူတစ္ေယာက္တည္းမူပိုင္အျဖစ္သာ ကိုကို႔ကိုအပိုင္သိမ္းပစ္မည္။

အသက္ႀကီးလာသည္အထိ ကိုကို႔ကိုလဲအိမ္ေထာင္ျပဳမခံ၊ သူလဲအိမ္ေထာင္မျပဳပဲ အတူေနၾကမည္။ကိုကိုႀကိဳက္သည့္ ေအးေသာေဒသမ်ားဆီသို႔ခရီးထြက္ၾကမည္။ကိုကို႔ညီငယ္ေလးအျဖစ္ႏွင့္ ကိုကို႔၏ဂ႐ုစိုက္မႈမ်ားကိုအပိုင္စားယူထားမည္။ကိုကို႔ကိုသူပိုင္သလို သူ႕ကိုလဲ ကိုကိုပိုင္သည္။

ကမာၻႀကီးက မျပည့္စုံေကာင္းမျပည့္စုံေပမဲ့ ကိုကို႔အနားမွာ ကြၽန္ေတာ္ရွိေနသ၍ အျပည့္စုံဆုံးအရာေတြကိုပဲ ကိုကို႔ကိုေပးပါမယ္။

------

တစ္ေယာက္ႏွင့္တစ္ေယာက္စိုက္ၾကည့္ကာ ၿငိမ္သက္ေနၾကေသာအေနအထားကိုၿဖိဳခြင္းလိုက္သူက မိန္းကေလးတစ္ဦး၏အသံ။

'' ဟို..ေန..ေနနိုင္းမာန္လားဟင္..''

ေကာင္မေလးသည္ ေနနိုင္းမာန္တို႔ႏွင့္အေရာင္တူနက္ခ္တိုင္ကိုစည္းထား၍ေနနိုင္းမာန္တို႔အတန္းကျဖစ္ေၾကာင္းမင္းသြန္းညွာသိလိုက္ရသည္။ဒါ့အျပင္ထိုေကာင္မေလး၏ခ်ီတုံခ်တဳံေလသံေၾကာင့္ မင္းသြန္းညွာတစ္ေယာက္ အေျခအေနကိုအၾကမ္းျဖင္းအားျဖင့္နားလည္လိုက္ၿပီ။ၾကည့္ရသည္မွာ ဤအမ်ိဳးသမီးေလးသည္ သူ႕ညီကိုဖြင့္ေျပာခ်င္ေနပုံပင္။ထို႔ေၾကာင့္မင္းသြန္းညွာလဲအလိုက္သိေပးကာ ေနနိုင္းမာန္၏ပုခုံးကိုပုတ္၍

'' အာ...ကိုကို အခန္းထဲမွာ ဖတ္လက္စ စာအုပ္ေမ့က်န္ခဲ့လို႔ျပန္ယူလိုက္ဦးမယ္ေနာ္၊ အဟဲ ေတာအုပ္ေလးထဲအနားယူဖို႔ဆို ဖတ္စရာစာအုပ္ေလးပါဦးမွျဖစ္မွာေပါ့။ ''

'' ဘယ္မွမသြားရပါဘူး၊ ကြၽန္ေတာ္တစ္ေယာက္တည္းဒီနားမွာမက်န္ေနခဲ့ရဲဘူး။ သရဲေၾကာက္တယ္ ''

ထြက္သြားရန္ျပင္ေနေသာ မင္းသြန္းညွာကို လက္ေကာက္ဝတ္မွေန၍  သူ႕ဘက္သို႔ဆြဲေခၚလိုက္ပါေသာေနနိုင္းမာန္ပါေလ။ေနနိုင္းမာန္သည္ မင္းသြန္းညွာ ထြက္မသြားတာေသခ်ာေအာင္လုပ္ၿပီးကာမွ ထိုေကာင္မေလးဘက္သို႔ၾကည့္ကာ ခပ္မွန္မွန္ေလသံျဖင့္ေျပာလိုက္သည္။

'' အင္း ငါကေနနိုင္းမာန္ပဲ၊ ဘာေျပာစရာရွိလို႔လဲ ''

ေနနိုင္းမာန္သည္ မာေရေၾကာေရရွိလွေသာ္လဲ အမ်ိဳးသမီးမ်ားကိုေတာ့ျဖင့္ ေကာင္းေကာင္းမြန္မြန္ဆက္ဆံေပးပါသည္။သူ႕တြင္ အစ္မလိုခင္ရေသာႏွင္းစက္လင္းလဲရွိသည္မို႔ ႏွမခ်င္းကိုယ္ခ်င္းစာကာ ေကာင္းေကာင္းမြန္မြန္ဆက္ဆံေပးျခင္းပင္။

သူ႕ဘက္က စကားလမ္းေၾကာင္းဖြင့္ေပးေသာအခါ ထိုမိန္းကေလးသည္ နီေစြးေနေသာမ်က္ႏွာေလးျဖင့္ သူ႕ကိုၾကည့္၍

'' ငါ...ငါ...ငါကေနာက္ေန႕ၾကရင္ေက်ာင္းေျပာင္းရေတာ့မဲ့သူပါ၊ ''

ထိုစကားေၾကာင့္ မင္းသြန္းညွာႏွင့္ ေနနနိုင္းမာန္တို႔ မနက္ကေၾကျငာေသာ စေကာလားရွစ္ေက်ာင္းသူေလး၏နိုင္ငံျခားေက်ာင္းေျပာင္းခြင့္အေၾကာင္းကိုသတိရသြားသည္။ထို႔ေၾကာင့္ မင္းသြန္းညွာသည္ထိုေကာင္မေလးကိုၿပဳံးျပကာ

'' မနက္က အဲ့ေက်ာင္းသူက ညီမေလးလား၊ ေတာ္လိုက္တာ...ေနာက္လဲအဲ့လိုႀကိဳးစားေနာ္ ''

မင္းသြန္းညွာ၏ခ်ီးက်ဴးစကားေၾကာင့္ထိုေကာင္မေလး၏မ်က္ႏွာသည္ပိုမိုနီရဲလာကာ မင္းသြန္းညွာကိုၿပဳံးျပေလသည္။

'' ေက်း..ေက်းဇူးပါပဲ အကို။ ေနနိုင္းမာန္.... ''

ေနနိုင္းမာန္သည္ သူ႕ဘက္ကိုလွည့္ကာ အသက္ကိုတစ္ဝႀကီးရႈလိုက္ေသာေကာင္မေလးေၾကာင့္ရယ္မိမလိုျဖစ္သြားသည္။သူ႕ကိုဖြင့္ေျပာၾကေသာသူမ်ားအနက္ ဤေကာင္မေလးသည္ အေတာ္ဗ႐ုတ္က်လွသည္ဟုေတြးမိသြား၍ပင္။ဤေကာင္မေလးသာ သူ႕ညီမေလးဆို ဘယ္ေလာက္ေကာင္းလိမ့္မလဲေနာ္။

'' ငါနင့္ကိုအရမ္းသေဘာက်တယ္၊ အရမ္းသေဘာက်ေပမဲ့ နင္ငါ့ကိုျပန္မႀကိဳက္မွာကိုလဲသိတယ္။ ဒါေပမဲ့ အနာဂတ္မွာ ငါ့ရဲ႕အခ်စ္ဦးကိုဖြင့္မေျပာခဲ့ရလို႔ဆိုၿပီးေနာင္တမရခ်င္ဘူး။ ေက်းဇူးျပဳၿပီး နင့္ကိုငါ့ရဲ႕အခ်စ္ဦးအေနနဲ႕ ငါ့မွတ္ဥာဏ္ေတြထဲမွာသိမ္းထားခြင့္ျပဳေပးပါ။ ''

ထိုေကာင္မေလး၏စကားသည္ ေနနိုင္းမာန္ကိုလွ်ပ္စီးျဖင့္တို႔လိုက္သကဲ့သို႔ တုန္လႈပ္ကာ စိတ္လႈပ္ရွားသြားေစခဲ့သည္။ထိုေကာင္မေလးကဲ့သို႔ပင္ သူသည္လဲ ခ်စ္ရသူကိုတစ္ခ်ိန္ေလာက္ဝန္ခံၾကည့္သင့္သည္မဟုတ္ပါလား။ဒီေန႕ မနက္ျဖန္မဟုတ္ရင္ေတာင္ အခ်ိန္အပိုင္းအျခားတစ္ခုတြင္ေတာ့ သူဝန္ခံၾကည့္ခ်င္ပါသည္။

'' အင္း...ငါ့ကို နင့္မွတ္ဥာဏ္ေတြထဲမွာ သိမ္းထားခြင့္ရွိတယ္၊ ၿပီးေတာ့ နင့္နာမည္ဘယ္လိုေခၚလဲ။ ''

ေကာင္မေလးသည္ သူမကိုနာမည္ေမးမည္မထင္ထား၍ေခတၱမွ်ေၾကာင္အသြားၿပီးေနာက္

'' ကိုးသံသာခ်ိဳ...ငါ့နာမည္က ကိုးသံသာခ်ိဳ၊ ကိုကိုးသီးရဲ႕ ကိုး ''

'' ဟုတ္ၿပီ မင္းရဲ႕မွတ္ဉာဏ္ထဲမွာ ဒီအခ်က္ကိုပါတစ္ခါတည္းမွတ္ထားေပးပါ၊ မင္းက ငါ့အသက္၁၅ႏွစ္တာလုံးမွာ နာမည္ေမးမိတဲ့ ပထမဆုံးမိန္းကေလးပဲဆိုတာကို... ''

ေကာင္မေလးသည္ ထိုစကားကိုၾကားေသာ္ ၿပဳံး႐ႊင္စြာျဖင့္ပင္

'' နင္နဲ႕ နင့္အကိုလဲ ကိုယ္ခ်စ္ရတဲ့သူနဲ႕ အခက္အခဲမရွိ ေပါင္းရပါေစေနာ္။ ''

ထိုစကားကိုေျပာၿပီးသည္ႏွင့္ ထိုေကာင္မေလးသည္ သူတို႔အနားမွလက္ျပႏႈတ္ဆက္ကာထြက္ခြါသြားေလသည္။မင္းသြန္းညွာသည္ ထိုေကာင္မေလး၏ေက်ာျပင္ငယ္ကိုၾကည့္ကာ

'' အမွန္တိုင္းေျပာရရင္ သူေျပာတာလဲမွန္တာပဲ၊ တစ္ခ်ိန္မွာ အတိတ္ကိုျပန္ၾကည့္လိုက္လို႔ ငါဒီလူ႕ကိုခ်စ္တဲ့အေၾကာင္းေတြေျပာျပခဲ့ရရင္အေကာင္းသားဆိုၿပီးေတြးမိတဲ့သူေတြနည္းမွာမဟုတ္ဘူး။ နိုင္းေလးလဲမွတ္ထားေနာ္ လူတစ္ေယာက္ကိုခ်စ္မိရင္အဲ့လူသိေအာင္ေျပာျပရတယ္။ ဖူးစာပါရင္လူက လုပ္ယူစရာမလိုဘူးတို႔ ဘာတို႔ကအပိုဆာဒါးေတြ၊ အထူးသျဖင့္ ကိုယ္ခ်စ္မိတဲ့သူကမိန္းကေလးျဖစ္ေနရင္ပိုေတာင္ဆိုးတယ္ မိန္းကေလးဖက္ကလဲ ကိုယ့္ကိုႀကိဳက္ေပမဲ့ မိန္းကေလးမို႔ မူေနရၿပီး ေယာက်ာ္းေလးဘက္ကဖြင့္အေျပာကိုေစာင့္ေနရတာလဲရွိေနနိုင္တာပဲေလ။ မင္းအစ္မ ႏွင္းစက္ကိုပဲၾကည့္။ ၿပီးေတာ့ အခ်စ္ဆိုတာကလဲ..... ''

အခ်စ္အေၾကာင္းကိုတစ္ဖြဲ႕တစ္ႏြဲ႕ေျပာေနၿပီး ရည္းစားပင္မရွိရွာေသာ ကိုကို႔ကိုၾကည့္၍ သူစခ်င္လာသည္မွာထိန္းမရသိမ္းမရေပ။ထို႔ေၾကာင့္

'' ကိုကိုကအခ်စ္အေၾကာင္းေတြေျပာရေအာင္ ရည္းစားရွိလို႔လား ''

တကယ့္ကိုပင္ ဘာမွမသိပါဘူးဆိုေသာ႐ုပ္ျဖင့္ ေမးလာေသာ ေနနိုင္းမာန္ေၾကာင့္ မင္းသြန္းညွာသည္ လုပ္ၿပဳံးႀကီးၿပဳံးျပကာ

'' ေစာနက စကားေလးျပန္ေျပာလိုက္စမ္း ''

ကိုကို႔အၿပဳံးႀကီးေၾကာင့္ ကိုကိုေဒါသထြက္သြားၿပီမွန္း သူသိလိုက္ရသည္။ထို႔ေၾကာင့္ ကိုကိုက သူ႕လက္သီးဆုပ္ေလးမ်ားႏွင့္သူ႕ကိုမထုခင္ သူပတ္ေျပးရပါေတာ့မည္။သူ႕အသားနာမည္စိုး၍မဟုတ္ပဲ ကိုကို႔လက္ကေလးမ်ားနာသြားမည္စိုး၍ပင္။ဒီေကာင္ႀကီးက ကိုကို႔ကိုအဲ့လိုသိပ္ခ်စ္ပါသည္။

-------------

ေနနိုင္းမာန္တစ္ေယာက္စိတ္အေတာ္ညစ္ေနသည္။ညစ္တာမွ မည္သို႔ဆပ္ျပာႏွင့္ပဲေလွ်ာ္ပါေစ မေျပာင္ေလာက္သည္အထိပင္။အေၾကာင္းရင္းကေတာ့ ကိုကိုငဒူေလးေၾကာင့္ပင္။ဟိုရက္ကစလို႔ ကိုကို႔ကိုမသိမသာလိုက္ၿပီးFlirtေန ဖြင့္မေျပာျပ႐ုံတမယ္ပင္ျဖစ္ေနေသာ္လဲ ကိုကိုကျဖင့္ သတိပင္မထားမိေခ်။ဥပမာအားျဖင့္ဆိုရေသာ္ မေန႕ကအျဖစ္ကိုပဲၾကည့္ပါေလ။

မေန႕ကေန႕လည္စာစားခ်ိန္။ ။

ေနနိုင္းမာန္သည္ ကိုကို ေန႕လည္စာစားၿပီးလွ်င္ေသာက္ရန္အတြက္ ကိုလာဘူးကို စပါရွယ္အသင့္ျပင္ထားေပးေလသည္။ထိုကိုလာဘူးသည္ ရိုးရိုးဘူးမဟုတ္ေပ။ကိုလာဘူး၏တစ္ဝက္ခန့္တြင္ ေဆာ့ပင္ျဖင့္ I LOVE YOU MY SWEETHEART ဟုေရးထားေလသည္။ေဆာ့ပင္အနက္ႏွင့္ျဖစ္၍ဒီအတိုင္းၾကည့္လွ်င္မျမင္ရပဲ ကိုလာဘူးကို တစ္ဝက္ေက်ာ္ခန့္ေသာက္ၿပီးကိုလာရည္ အနက္မ်ားကုန္သြားမွသာလွ်င္ ထိုစာသားကိုျမင္ရမည္ျဖစ္သည္။ကိုကိုျမင္သြားပါက သူလဲမသိခ်င္ေယာင္ေဆာင္ကာ '' ကိုကိုက ကြၽန္ေတာ့္အသည္းညွာ ကိုကိုေလးမို႔ အဲ့လိုေရးထားတာေပါ့ '' ဘာညာေျပာကာ ကိုကို႔၏ရွက္ေသြးျဖာမ်က္ႏွာေလးကိုအရသာခံေငးၾကည့္ရမည္ဟုႀကံထားမိလိုက္သည္။သို႔ေသာ္လက္ေတြ႕တြင္ေတာ့

'' ကိုကိုရယ္ ေျဖးေျဖးေသာက္ပါဗ်ာ ကြၽန္ေတာ္လဲလုမေသာက္ပါဘူး ''

အေအးဘူးကိုျမင္သည္ႏွင့္ သူ႕လက္ထဲမွယူကာ အသည္းအသန္ေသာက္ေနေသာ ကိုကိုပါေလ။ေသာက္ၿပီးသည္ႏွင့္ မၿပီးေသး။

'' ဟာ ကိုကို ေအအးဘူးမွာ ဘာေရးထား.... ''

*ဒုတ္*

'' ဟမ္ နိုင္းေလးဘာေျပာတာလဲ ''

ေနနိုင္းမာန္ေျပာလက္စ စကားပင္မဆုံးေသးပဲ ကိုလာဘူးကိုအမွိုက္ပုံးထဲသို႔တန္းထည့္လိုက္သူေၾကာင့္ ေျပာစရာစကားတို႔ကငေပ်ာက္ရွသြားရသည္။ဘယ္လိုေတာင္လုပ္ရက္ရတာလဲ ကိုကိုရယ္။အခုမွနိုင္ငံႀကီးသားပီသေနေသာ ကိုကိုကေတာ့ျဖင့္ မသိသလိုေလးႏွင့္ ေလခ်ဥ္ေလးေတာင္တက္ေနလိုက္ေသး။အဲ့ေလာက္ေတာင္မွပဲ....ဒူရလားဗ်ာ။

သို႔ေသာ္ လြယ္လြယ္ႏွင့္လက္ေလွ်ာ့လိုက္ရေအာင္ ေနနိုင္းမာန္က ေႏြဦးေတာ္လွန္ေရးထဲက ေရေပၚဆီေတြမွမဟုတ္တာ။(A/n ေပၚတင္Dissျခင္းျဖစ္၍ စာသားျပန္ျပင္ေပးရန္အစီအစဥ္မရွိ။ )

ထို႔ေၾကာင့္ ညေနေက်ာင္းဆင္းေသာအခါ ကိုကို႔ကိုေခၚ၍ သစ္႐ြက္ႏွင့္ ပန္းအခ်ိဳ႕ေႂကြက်လွ်က္ရွိေသာ ေက်ာင္းလမ္းမတစ္ေလွ်ာက္ လမ္းအတူေလွ်ာက္ရန္ေခၚခဲ့လိုက္သည္။ဤလမ္းၾကားသည္ သူတို႔ေက်ာင္းတြင္နာမည္ႀကီးလွၿပီး ခ်စ္သူရည္းစားမ်ားသာ ဤလမ္းဆုံးသည္အထိ အတူေလွ်ာက္ပါက ေပါင္းသင္းရတတ္သည္ဟု အယူရွိသည္။ထို႔ေၾကာင့္ သူလဲအႀကံႏွင့္ ကိုကို႔ကိုေခၚခဲ့ျခင္းျဖစ္ေပသည္။ထိုလမ္းၾကားထဲကိုေရာက္လွ်င္ေတာ့ သူက ကိုကို႔ကို ဤလမ္းအေၾကာင္းရွင္းျပမည္။ၿပီးလွ်င္ေတာ့ '' ကြၽန္ေတာ္တို႔လဲ လမ္းဆုံးအထိေလွ်ာက္ရေအာင္ ကိုကို၊ ဒါမွ ကိုကိုနဲ႕ကြၽန္ေတာ္ တစ္သက္လုံးအတူေနသြားရမွာ '' ဟူ၍ မထိတထိစမည္။ကိုကို႔၏ရွက္ေသြးျဖာေနေသာမ်က္ႏွာေလးကိုထိုင္ေငးပစ္မည္။သို႔ေသာ္လဲ....

'' ကိုကို ဒီလမ္းၾကားကေလ... ''

သူေျပာ၍မဆုံးေသးမီမွာပင္ ကိုကိုသည္ သစ္႐ြက္မ်ားေႂကြက်ေနသည့္ သစ္ပင္ႀကီးအနားသို႔ လႊားခနဲသြားကာ က်ေနေသာသစ္႐ြက္မ်ားကိုေျမျပင္ႏွင့္မထိခင္ဖမ္းယူလိုက္၊ ခုန္ေပါက္ေဆာ့လိုက္ႏွင့္ ေမ်ာက္ကေလးလိုပင္။

'' နိုင္းေလး လာလာ၊ ဒီမွာ သစ္႐ြက္ေတြကိုေအာက္မက်ခင္လာဖမ္း။ အဲ့လိုဖမ္းနိုင္ရင္ စာေမးပြဲေအာင္တယ္တဲ့။ ''

' ကိုကိုေရ စာေမးပြဲဆိုတာ စာက်က္မွေအာင္တာ အဲ့လိုယုံတမ္းစကားေတြကိုလိုက္လုပ္မေနနဲ႕ ' ဟု ေျပာခ်င္ေသာ္လဲ ကိုကို႔၏ၿပဳံး႐ႊင္ေနေသာမ်က္ႏွာေလးကိုျမင္ေတာ့ သူ႕မွာေျပာမထြက္ေပ။ထိုေန႕က ယုံတမ္းစကားေတြကိုမယုံတတ္ပါဘူးဆိုေသာေကာင္ေလးသည္ သူ႕ကိုကို၏လက္ကိုဆြဲကာ လမ္းၾကားကိုအဆုံးေရာက္သည္အထိ ေလွ်ာက္ခဲ့ပါသည္။

မေန႕ကအျဖစ္အပ်က္ကိုျပန္ေတြးရင္း ေနနိုင္းမာန္သက္ျပင္းခ်လိဳက္မိသည္။ၾကည့္ရတာ မဟုတ္မွလြဲ ကိုကိုငဒူေလးတြင္ ႀကိဳက္မည့္သူမရွိတာမဟုတ္ပဲ သူ႕ကိုႀကိဳက္လို႔ႀကိဳက္ေနမွန္းပင္ မသိျခင္းျဖစ္ရမည္ဟု ေနနိုင္းမာန္ေကာက္ခ်က္ခ်လိဳက္မိသည္။ထိုသို႔အရိပ္အပါးနားမလည္ျခင္းက ေကာင္းလဲေကာင္းသလို မေကာင္းလဲမေကာင္းေပ။ေနနိုင္းမာန္ချမာ သူ႕ကိုကိုငဒူေလးေၾကာင့္ႀကံရာကိုမရနိုင္ေတာ့ေခ်။

------------

PFB = positive thoughts from boss (အေကာင္းျမင္စိတ္ရမွတ္)
LSP = Life save point (ဇာတ္ေၾကာင္းႏွင့္ပက္သက္၍ရမွတ္)
LP = Love Percent ( ေနနိုင္းမာန္ဆီမွ ခ်စ္ႏွစ္သက္ခံရမႈ )

မင္းသြန္းညွာသည္ ယခုတေလာ ဗီလိန္မ မရွိ၍ေရာ၊ အဓိကဇာတ္ေကာင္မ်ားႏွင့္ ဆက္ဆံေရးအဆင္ေျပမႈတို႔ေၾကာင့္ပါ ဘာာမွလုပ္စရာမရွိေပ။ထို႔ေၾကာင့္ စံအိမ္ထဲမွ ဥယ်ာဥ္ထဲတြင္ အနားယူရင္း Point မ်ားကိုျပန္စစ္ေနမိသည္။ယခုသူ႕တြင္ LSP သည္ 250 ရွိၿပီး PFB ကေတာ့ 100% ပင္။ဟိုရက္ကဆိုလွ်င္လဲ LP သည္ 100 ပင္ျပည့္သြားေသးသည္။ေျပာရလွ်င္ေတာ့ သူအေတာ့္ကို သာယာေနသည္ပင္။သို႔ေသာ္ သူ႕အေတြးတို႔ကို သူ၏လည္ဂုတ္ဆီမွ ပူစပ္ပူစပ္ျဖစ္မႈတို႔က ဝင္ေႏွာက္ယွက္ေလသည္။

မင္းသြန္းညွာမ်က္ေမွာင္ၾကဳတ္မိသည္အထိနာက်င္မႈကျပင္းထန္လွသည္။ထိုအခ်င္းအရာကပင္မင္းသြန္းညွာထံတြင္ယခုအခ်ိန္အထိျဖည္မခ်ရေသးေသာ ဇာတ္လမ္းအပိုင္းအစအခ်ိဳ႕ရွိေသးသည္ကိုသြားသတိရမိသည္။မူလမင္းသြန္းညွာ၏မွတ္ဥာဏ္တို႔သည္ ၁၀ႏွစ္သားအ႐ြယ္အထိဘာမွ်ကိုမရွိေပ။သိသာေသာမွတ္ဥာဏ္မ်ားကလဲ ၁၁ႏွစ္မွသာအစျပဳထားျခင္းျဖစ္ၿပီး ထို၁၀ႏွစ္တာက ေပ်ာက္ဆုံးေနခဲ့သည္။သူလေရာင္ေငးကိုေမးၾကည့္ျပန္ေတာ့လဲ ဟိုကဘာမွပင္မသိေခ်။ပုံမွန္ဆို မင္းသြန္းညွာလဲ ျဖတ္ေလွ်ာက္ဇာတ္ေကာင္တစ္ဦး၏ေနာက္ေၾကာင္းကိုဂ႐ုစိုက္လွမည္မဟုတ္ေသာ္လဲ ထိုျဖတ္ေလွ်ာက္ဇာတ္ေကာင္သည္ သူဝင္ေနရေသာ ကိုယ္ပိုင္ရွင္မို႔ ဂ႐ုမစိုက္ခ်င္၍မရေတာ့ေပ။

ထို႔ေၾကာင့္သူလဲ system မွတစ္ဆင့္ မူလမင္းသြန္းညွာ၏ေပ်ာက္ဆုံးမွတ္ဉာဏ္မ်ားႏွင့္ ဘဝဇာတ္ေၾကာင္းကိုဝယ္ယူရန္ဆုံးျဖတ္လိုက္ေတာ့သည္။

' System.. '

' System အသင့္ရွိေၾကာင္းပါ။ '

' ငါ မူလပိုင္ရွင္ရဲ႕ ေပ်ာက္ဆုံးမွတ္ဉာဏ္ေတြနဲ႕သူ႕ဘဝဇာတ္ေၾကာင္းအျပည့္အစုံကိုဝယ္ယူခ်င္တယ္။ '

' ရပါတယ္။ က်သင့္ point ကေတာ့ LSP 300 point ပါ။ '

ေဈးႀကီးလွေသာ systemေၾကာင့္ သူႏွာေခါင္းရႈံ႕လိုက္မိသည္။

' မင္းတို႔ကလဲ ေဈးႀကီးလိုက္တာကြာ၊ point ရွာရတာလြယ္တယ္မ်ားေအာက္ေမ့ေနလား။ ၿပီးေတာ့ မူလပိုင္ရွင္ကို လမ္းမွားေအာင္လုပ္ခဲ့တဲ့ဗီလိန္မ မရွိေတာ့ ဇာတ္ကြက္ကျပင္ရတာပိုနည္းလာတယ္ေလ၊ အဲ့ေတာ့point လဲ နည္းလာတာေပါ့ကြ။ '

' ဗီလိန္မက ျပန္ေရာက္ပါေတာ့မယ္၊ သူျပန္ေရာက္မွ point ဆက္စုပါ။ သင္ဝယ္ယူလိုတဲ့အခ်က္အလက္ထဲမွာ ျမႇုပ္ကြက္ေတြအမ်ားႀကီးပါေနတာမို႔ ေဈးႀကီးရတာပါ။ '

System ၏ စကားေၾကာင့္ အခ်က္အလက္ဝယ္ယူလိုေသာမင္းသြန္းညွာ၏ဆုံးျဖတ္ခ်က္တို႔က ပိုမိုခိုင္မာသြားခဲ့ေတာ့သည္။ထို႔ေၾကာင့္ သူလဲ Poinnt ဆက္စုရန္အတြက္ ဗီလိန္မကို ျမန္ျမန္ျပန္လာေစခ်င္မိေတာ့သည္။သို႔ေသာ္ ဗီလိန္မသည္ ပိုမိုအားေကာင္းမည့္ မုန္တိုင္းတစ္ခုကိုသာ သူ(မ)ႏွင့္အတူေခၚေဆာင္လာမယ္မွန္းသိပါက မင္းသြန္းညွာထိုကဲ့သို႔ဆုေတာင္းခဲ့မည္ပင္ မဟုတ္ေခ်။

-----------

နိုင္ငံရပ္ျခား တစ္ေနရာ။

'' ဒါက ကြၽန္မလိုခ်င္တဲ့ေဆးေရာဟုတ္ရဲ႕လား။ ''

ကုလားထိုင္ေပၚတြင္ေျခခ်ိတ္ထိုင္ေနေသာ ထိုအမ်ိဳးသမီးသည္ သူ႕အေရွ႕ကလူကို ေသခ်ာေအာင္ထပ္ေမးလိုက္သည္။ထိုအခါ သူ႕အေရွ႕ကလူက

'' ေသခ်ာတာေပါ့ဗ်ာ ဒီေဆးက စိတ္ခ်ရတဲ့ေဈးကြက္ကလာတာ။ ''

ထိုအခါမွ အမ်ိဳးသမီးသည္ၿပဳံးလိုက္ကာ သူ႕အိတ္ထဲမွ ပိုက္ဆံအထပ္လိုက္ကိုထုတ္ေပး၍

'' အင္း ရွင္ေတာ္တယ္၊ ဒီထဲမွာ ရွင့္အတြက္ အပိုထည့္ေပးထားေသးတယ္။ ''

ၿပီးေနာက္ထိုအမ်ိဳးသမီးသည္ လက္ထဲမွေဆးထုပ္ကိုၾကည့္၍ ခပ္႐ြဲ႕႐ြဲ႕ၿပဳံးလိုက္မိသည္။သူ႕စိတ္ထဲတြင္ ဘာေတြးေနသလဲဆိုတာကိုေတာ့ မည္သူမွ်မသိနိုင္ေခ်။

----------------

Continue Reading

You'll Also Like

211K 13.3K 63
𝐓𝐨 𝐞𝐯𝐞𝐫𝐲𝐨𝐧𝐞 𝐰𝐡𝐨 𝐭𝐡𝐢𝐧𝐤𝐬 𝐭𝐡𝐞𝐲 𝐚𝐧𝐝 𝐭𝐡𝐞𝐢𝐫 𝐜𝐫𝐮𝐬𝐡 𝐚𝐫𝐞 𝐧𝐨𝐭 𝐦𝐞𝐚𝐧 𝐭𝐨 𝐛𝐞 𝐭𝐨𝐠𝐞𝐭𝐡𝐞𝐫. ...
113K 15.1K 33
#Book-3 Last book of Hidden Marriage Series. 🔥❤️ This book is the continuation of the first and second book "Hidden Marriage - Amazing Husband." If...
4.3M 286K 61
"Why the fuck you let him touch you!!!"he growled while punching the wall behind me 'I am so scared right now what if he hit me like my father did to...
985K 30.5K 61
Dans un monde où le chaos et la violence étaient maitre, ne laissant place à ne serrait ce qu'un soupçon d'humanité. Plume était l'exception. Elle...