If we never met

By Nana_Phoo

2.6K 418 83

Jaeyong🖤 မှားယွင်းတဲ့Timingတစ်ခုမှာ ဆုံတွေ့ပြီးနာကျင်ရတာထက် ဘယ်သောအခါကမှ ငါတို့ကမကြုံကြိုက်ခဲ့ရင်.... ငါမင်း... More

If we never met : One
If we never met : Two
If we never met : Three
If we never met : Four
If we never met : Five
If we never met : Six
If we never met : Seven
If we never met : Eight
If we never met : Nine
If we never met : Ten
If we never met : Twelve
If we never met : Thirteen
If we never met : Fourteen

If we never met : Eleven

148 25 3
By Nana_Phoo

*Unicode*

"တင်!"

သူဘဲလ်တီးလိုက်ပြီး ငါးမိနစ်မကြာခင်မှာပဲ တံခါးခေါက်သံနဲ့အတူ ဟျောင်းကအခန်းထဲဝင်လာသည်။

"ကျွန်တော်နိုးနေပြီမလို့ သွားဖို့ပြင်ဆင်ရအောင် ခေါ်လိုက်တာဟျောင်း..အနှောင့်အယှက်ဖြစ်သွားသလား"

သူ့စကားကို အပြုံးတစ်ခုနဲ့အတူ ဟျောင်းကခေါင်းခါပြလာသည်။

"မဖြစ်ပါဘူး မဟုတ်တောင် ဟျောင်းကလာနိုးတော့မလို့ကို"

"ဟုတ်ဟျောင်း"

"မင်းကဒီနေ့တော့တက်ကြွနေပါတော့လား ဟျောင်းလာမနှိုးခင်တောင် နိုးလို့ဆိုတော့"

ကုတင်နားရောက်လာတဲ့ဟျောင်းက သူ့ကိုအကူအညီပေးရင်းက ပြုံးစိစိနဲ့သူ့ကိုစသည်။

"ဟျောင်းသိသားနဲ့.."

ဟျောင်းကအကြောင်းသိသားနဲ့ စကားလုပ်မေးတော့ သူကရှက်လာသလိုခံစားရသည်။

အရင်ကမာနကြီးတဲ့ သူ့ရဲ့ပုံရိပ်ကပျောက်ဆုံးလို့..

"ဟုတ်ပါပြီ ရှက်မနေပါနဲ့တော့ သခင်လေးအီထယ်ယုံးရယ် မျက်နှာသစ်ရေချိုးနှင့် ဟုတ်ပြီလား..ဟျောင်းအခန်းရှင်းရင်း အဝတ်အစားတွေပြင်ထားပေးမယ် ပြီးရင်တံခါးခေါက်လိုက်နော်"

"Nae"

ရေချိုးခန်းထဲသူရောက်သွားတာနဲ့ ဟျောင်းကတံခါးကို အသာပိတ်ပြီး သူ့အလုပ်သူဆက်လုပ်သည်။

သူလည်းပဲ သူ့ရဲ့တစ်နေ့တာ လုပ်ငန်းစဥ်တွေကို ကျင့်သားရစွာ စတင်လိုက်သည်။

အစကခက်ခဲခဲ့သောအရာတွေက သုံးနှစ်အကြာမှာ သူ့အတွက် အခက်အခဲမရှိတော့။

ဒီလိုပါပဲ သူကပုံမှန်အတိုင်းရှင်သန်နေရင်း သူ့ကိုသူရှာဖွေနေခဲ့တာ။

သူ့ကိုသူရှာတွေ့ပြီးနောက်မှာတော့ သူ့ဘဝထဲမရှိတော့တဲ့ရတနာလေးကို ဆုပ်ကိုင်နိုင်ဖို့ရာ ပင်ပန်းလွန်းစွာ ကြိုးပမ်းရပြန်သည်။

ရေထဲကလရဲ့အရိပ်ကို ဆုပ်ကိုင်ဖို့ကြိုးစားနေတဲ့ ကလေးငယ်တစ်ယောက်လိုပဲ သူဟာလည်း ဝေးကွာလွန်းတဲ့ကြယ်လေးကို ဆွတ်ခူးဖို့ကြိုးစားနေတဲ့ အရူးတစ်ယောက်ပဲ။

နီးစပ်ဖို့ကြိုးစားရင်း ဝေးကွာသွားရတဲ့နေ့ရက်တွေမှာ အရူးတစ်ယောက်လို ငိုကြွေးရင်းက ဒီနေ့ကိုရောက်လာရတော့ သူ့မှာပင်ပန်းရကောင်းမှန်းကို မသိတော့။

ဘယ်သူမှမသိတဲ့ သူ့ရဲ့ရူးမိုက်ရခြင်းတွေမှာ သူဟာအလဲလဲအကွဲကွဲပါပဲ။

"ကျွန်တော်ပြီးပြီဟျောင်း"

နေ့တစ်နေ့ရဲ့ပထမဆုံးလုပ်ငန်းကို အတွေးများစွာနဲ့ အဆုံးသတ်ပြီးနောက် အလုပ်သွားဖို့ကို ပြင်ဆင်ရဦးမည်။

အလုပ်ပြီးရင် အိမ်ပြန်လာလိုက် အလုပ်လုပ်လိုက်နဲ့ ကုန်ဆုံးနေရတဲ့ သူ့ရဲ့တသမတ်တည်းနေ့ရက်တွေက ဒီနေ့တော့ ပြောင်းလဲသွားတော့မှာ။

"ပျော်နေလားထယ်ယုံး"

"ကျွန်တော်ပျော်နေတယ်ဟျောင်း.."

မှန်ထဲကသူ့ပုံရိပ်ကိုစိုက်ကြည့်ရင်း မေးလာတဲ့ဟျောင်းရဲ့အမေးကို နက်ခ်တိုင်တပ်ရင်း ပြန်ဖြေလိုက်သည်။

"အွန်း..မင်းပျော်နေမှရမယ်ထယ်ယုံး ဒါမှတန်မှာမလား"

"သူ့ကိုသာပိုင်ဆိုင်ရရင် ကျွန်တော်ကနေ့ရက်တိုင်း ပျော်နေမှာမို့ ဘာပဲဖြစ်ဖြစ် တန်ပါတယ်ဟျောင်းရဲ့"

"အရူးလေး.."

ဒီလိုတွေသူပြောတိုင်း အရူးလေးဆိုပြီး ပြောတတ်တဲ့ဟျောင်းက ဒီတစ်ခါလည်း သူ့ကိုခေါင်းပုတ်ရင်း ပြောပြန်သည်။

မှန်ထဲကနေ သူ့ကိုပြုံးလျက်ကြည့်နေသည့်ဟျောင်းက သူ့အတွက်တော့ အားအင်တစ်ခုပါပဲ။

သူအပင်ပန်းအခက်ခဲရဆုံးအချိန်တွေမှာ ဖေးမကူညီရင်းရှိနေခဲ့တဲ့ဟျောင်းက သူ့အတွက်ကျေးဇူးရှင်ဖြစ်ပြီး သူရှင်သန်ဖို့အတွက် မှီခိုရာလည်းဖြစ်ခဲ့သည်။

......

"ပထမဆုံးရက်မှာ အစစအရာရာအဆင်ပြေပါစေJay"

Companyကလာကြိုပေးသော ကားပေါ်ကဆင်းပြီးနောက် Companyထဲမဝင်ခင် Dianaကအားပေးလာသည်။

"Same to you,Diana"

OO CompanyကKoreaကTop Companyတွေထဲ မပါဝင်သော်လည်း သူ့အရှိန်နဲ့သူအောင်မြင်နေတဲ့ Companyတစ်ခုဖြစ်သည်။

လေးထပ်လောက်သာရှိသော အဆောက်အအုံထက်က OO Companyဆိုတဲ့စာတန်းက ထည်ထည်ဝါဝါ။

အတွေ့အကြုံမရှိတဲ့လူငယ်တစ်ယောက်လို စိတ်မလှုပ်ရှားနေပါသော်လည်း နေရာအသစ်မှာ လက်တွဲရမည့်လူအသစ်တွေနှင့် တွေ့ဆုံရမည့်အပေါ်တော့ အနည်းငယ်စိတ်ပူမိသည်။

သူ့လိုခပ်အေးအေးနှင့် မပေါင်းသင်းတတ်တဲ့သူအတွက်တော့ ဘယ်နေရာရောက်ရောက် စိတ်ပူရစမြဲ။

"ဂျယ်ဟျွန်း!"

Companyဝင်ပေါက်ကနေ လက်ပြနေတဲ့လီဂျွန်ဝူးဟျောင်းက တက်တက်ကြွကြွ။

"ဟျောင်း..မင်္ဂလာပါ"

ဂျွန်ဝူးဟျောင်းနား Dianaနှင့်အတူချဥ်းကပ်သွားရင်း နှုတ်ဆက်လိုက်သည်။

"အေး မင်္ဂလာပါ....Dianaကောမင်းကော အများကြီးစိတ်ပူမနေနဲ့နော် မင်းတို့အတွက်ငါရှိနေတာပဲ..ပြီးတော့ မင်းတို့က ဒီကိုအမြဲတမ်းလာစရာလည်းမလိုပါဘူး အခုတောင်Fashion Showအတွက် မင်းတို့နဲ့မျက်နှာချင်းဆိုင်ဆွေးနွေးဖို့ ခေါ်လိုက်တာ"

ဟျောင်းကပဲမျက်နှာအရိပ်အကဲခတ်တော်တာလားမသိ..စိတ်သက်သာရာရသွားတော့ အမှန်တကယ်ပင်။

Lonelyဆန်တယ်ပဲပြောပြော သူကလူအများနဲ့ ဆက်ဆံရတာကို မကြိုက်ဘဲ တစ်ယောက်တည်းအချိန်တွေကုန်နေရတာကို နှစ်သက်သူဖြစ်သည်။

အတွေးတွေထဲမျောလွင့်ရင်း အတိတ်တွေထဲ နစ်မြှုပ်နေရတာကိုသာ ပျော်မွေ့သည်။

"Nae..ဟျောင်း"

"လာ..သွားကြစို့ Meeting Roomထဲခေါ်သွားပေးမယ်"

အရှေ့ကနေဦးဆောင်သွားသောဟျောင်းနောက်က တိတ်တဆိတ်သာလိုက်သွားလိုက်သည်။

Companyရဲ့ဘယ်နေရာမှာ ဘာတွေရှိတယ်ဆိုတဲ့အကြောင်း ဟျောင်းပြောပြသမျှကို နားထောင်ရင်း တတိယအထက်မှာရှိနေသော Meeting Roomသို့ရောက်လာသည်။

Fashion Showအတွက်အဓိကတာဝန်ရှိသူတွေနှင့် အချင်းချင်းမိတ်ဆက်ကြပြီးနောက်မှာ အစည်းအဝေးကိုစတင်ခဲ့သည်။

လိုအပ်တာတွေကို ချောချောမွေ့မွေ့သာ တိုင်ပင်ဆွေးနွေးနိုင်ခဲ့ပြီး Meetingပြီးသွားသည်အထိ ထိပ်ဆုံးနေရာက CEOခုံမှာလစ်လပ်နေခဲ့သည်။

CEOကဘယ်သူဖြစ်နေပါစေ အရေးမကြီးတဲ့သူ့အတွက်တော့ ထူထူးထွေထွေဘာမှဖြစ်မနေခဲ့။

Dianaကတော့ ထိုသို့တွေးပုံမပေါ်။

အစည်းအဝေးပြီးလို့ Companyအပြင်ဘက်ခြေချလိုက်တာနဲ့ မကျေနပ်ချက်များကို သူ့ဆီဖွင့်ဟလို့။

"ဒါကြီးကမမိုက်ပါဘူးကွာ ဟုတ်တယ်မလားJay..ဘယ်လိုပဲဖြစ်ဖြစ် သူတို့Companyအတွက် လာပေးတဲ့ကိုယ်တို့အပေါ် လေးလေးစားစားရှိသင့်တာမလား မအားလို့ဆိုရင်လည်း နည်းနည်းပါးပါးတော့ ပြောဦးပေါ့ CEOတစ်ယောက်ဖြစ်ပြီး  တစ်ဘက်Companyကကိုယ်စားလှယ်တွေအပေါ် ဒီလိုပဲပြုမူရသလား.."

Companyရှေ့မှာရပ်ပြီး ထိုCompanyရဲ့CEOမကောင်းကြောင်း ပြောနိုင်တာတော့ တကယ်စံပင်။

ဂျွန်ဝူးဟျောင်းက ကိစ္စရှိလို့ ကျန်ခဲ့လို့သာတော်တော့သည်။

"ကျွန်တော်တော့မပြောတတ်ပါဘူး..သူလာတာမလာတာက အရေးမှမကြီးပဲ မဟုတ်လည်း ပြီးသွားတာပဲမလား"

"Jay..မင်းကတကယ်လူအေးကြီးပဲ"

"Dianaထင်လို့ပါ"

"ထားတော့ကွာ..အခုကိုယ်တို့ဘာသွားစားကြမလဲ.."

နာရီလက်တံက ဆယ့်နှစ်နာရီစွန်းစွန်းသို့ ရောက်နေပြီဖြစ်ကာ သူ့ဗိုက်သည်လည်း အနည်းငယ်ဟာနေပြီ။

"Diana ဘာစားချင်လဲ"

"တော့ပိုကီဆိုလား ဒီမှာအဲ့တာကောင်းတယ်လို့ ကိုယ်ကြားဖူးတယ် သွားစားကြမလား"

ချက်ချင်းအစားအသောက်ဘက် ရောက်သွားတာနဲ့ Dianaမျက်လုံးတွေက လင်းလက်သွားပြန်တော့ သူ့မှာရယ်မိပြန်သည်။

"ဘာရယ်တာလဲJay..ကိုယ့်ကိုရယ်တာလား"

"မဟုတ်ပါဘူး Dianaကကလေးနဲ့တူပြီး ချစ်စရာကောင်းနေလို့လေ ဟုတ်ပြီ တော့ပိုကီသွားစားကြမယ်"

"တော့ပိုကီသွားစားမှာတော့ လက်ခံပေမဲ့ ဘာ?ကိုယ့်ကိုကလေးဟုတ်လား ကိုယ့်အသက်ကဖြင့် မင်းအသက်ထက် နှစ်ပြန်ကျော်လောက်တောင်ကြီးနေပြီနော် ငရဲကြီးမယ် မင်း"

"ဟုတ်ပါပြီဗျာ..ကျွန်တော်တို့တော့ပိုကီသွားစားကြမယ်မလား"

"Ok..လက်ခံတယ်"

"ဒါဆိုကျွန်တော်တို့ ဘတ်စ်ကားဂိတ်ဆီ လမ်းလျှောက်သွားရအောင်..ဘာမှန်းသေချာမသိတော့ပေမဲ့ တော့ပိုကီကောင်းကောင်းရမယ့်ဆိုင်တော့ ကျွန်တော်ရှာနိုင်လောက်ပါသေးတယ်"

"ယုံလိုက်မယ်နော်Jay"

"အွန်း..သွားကြစို့"

သူဦးဆောင်သည့်နောက်ကို Dianaကလိုက်သည်။

သုံးနှစ်အတွင်း ပြောင်းလဲသွားတာတွေကို လိုက်မမှီပေမဲ့ တော့ပိုကီဆိုင်တော့ သူရှာနိုင်ဦးမှာပါ။

သူမှတ်မိသလောက်ဆို ဟန်မြစ်ဘေးက ယုံးငယ်နဲ့အတူဝင်စားခဲ့ဖူးတဲ့ တော့ပိုကီဆိုင်လေးက တော်တော်ကိုအရသာရှိခဲ့တာ။

ရာသီဥတုအေးအေးနဲ့ တော့ပိုကီပူပူတွေကို မှုတ်စားရင်းက စပ်လို့နီရဲနေခဲ့တဲ့ယုံးငယ်နှုတ်ခမ်းပါးလေးတွေကို သူကငေးကြည့်ခဲ့ဖူးသည်ကလည်း အမှတ်တရ။

ထိုညက သူ့တိုက်ခန်းဆီပြန်ရောက်တော့ သူကယုံးငယ်နှုတ်ခမ်းပါးတွေကို သိမ်းပိုက်ခဲ့တာ အချိန်အတော်ကြာ။

မွတ်မွတ်သိပ်သိပ် အနမ်းတွေကြားက ချိုမြိန်မှုတွေကို သိမ်းဆည်းရင်း ယုံးငယ်ကို ရင်ခွင်ထဲထွေးပွေ့လို့ ထိုတစ်ညတာကို ကုန်ဆုံးပစ်ခဲ့။

တကယ်ကို နွေးနွေးထွေးထွေးလေး။

.....

"အချစ်က ပြုံးပျော်နေပါလား စကားတွေလည်းမတည်ဘူး"

မှန်ပြတင်းကနေ အောက်ကိုငုံကြည့်ရင်း သူ့မှာရေရွတ်ရသည်။

ရင်မဆိုင်ရဲသေးလို့ ပုန်းနေခဲ့တဲ့သူ့ကို အချစ်ကဘယ်လိုထင်လိမ့်မလဲ။

အချစ်ကဒီလိုပျော်နေတာတွေ့တော့လည်း သူ့ရင်ကတဆစ်ဆစ်။

အချစ်ဘေးက သူ့မှမဟုတ်ဘဲ။

..........။...........

အပ်ပုဒိတ်မှန်ဖို့ နာနာဖူးကြိုးစားရင်းက တစ်ပတ်ကိုတစ်ရက်ကြီးများတောင် စွန်းသွား😶‍🌫️

*Zawgyi*

"တင်!"





"ဟုတ်ဟျောင်း"



"ဟျောင်းသိသားနဲ့.."




"Nae"












"ပျော်နေလားထယ်ယုံး"





"အရူးလေး.."




......



"Same to you,Diana"





"ဂျယ်ဟျွန်း!"


"ဟျောင်း..မင်္ဂလာပါ"






"Nae..ဟျောင်း"














"Dianaထင်လို့ပါ"



"Diana ဘာစားချင်လဲ"







"Ok..လက်ခံတယ်"


"ယုံလိုက်မယ်နော်Jay"

"အွန်း..သွားကြစို့"








.....






..........။...........


Continue Reading

You'll Also Like

618K 18.7K 75
Hiraeth - A homesickness for a home to which you cannot return, a home which maybe never was; the nostalgia, the yearning, the grief for the lost pla...
1.1M 20.1K 44
What if Aaron Warner's sunshine daughter fell for Kenji Kishimoto's grumpy son? - This fanfic takes place almost 20 years after Believe me. Aaron and...
81.1K 3.6K 20
Grosvenor Square, 1813 Dearest reader, the time has come to place our bets for the upcoming social season. Consider the household of the Baron Feathe...
482K 14.6K 98
Theresa Murphy, singer-songwriter and rising film star, best friends with Conan Gray and Olivia Rodrigo. Charles Leclerc, Formula 1 driver for Ferrar...