လမင်းနဲ့ပင်လယ်

By HwaXian

129 11 0

ပင်လယ်ရေကို ဆွဲငင်နိုင်တဲ့လမင်းရယ်... လပြည့်ညတွေဆို သိပ်လှတဲ့ ပင်လယ်ရယ်... ဘယ်သူက ဘယ်သူ့ကြောင့်ပိုလှပတာလဲ... ... More

အပိုင်း ၁
အပိုင်း ၂
အပိုင်း ၄
အပိုင်း ၅
အပိုင်း ၆
အခန်း ၇

အပိုင်း ၃

5 1 0
By HwaXian

.
ယိင်းနဲ့နီးမဲ့ရက်ကလေးနောက်ဆုတ်ရပေအုံးမည်...

နှစ်ရက်ကြာပြီးနောက် ဗေဒင်ဆရာအဘိုးကြီးဆီမှ ပရိတ်ကြိုးတစ်ကုံးရလာသည်။ သူ့တွင်လဲ မေမေ့ကျေးဇူးနှင့် အဆောင်ပေါင်းများစွာရှိထားပြီဖြစ်ရာ ယခုပရိတ်ကြိုးတစ်ကုံးထပ်တိုးလာတော့သည်။

ပရိတ်ကြိုးကိုယူပြီးနောက် ညကအိပ်မက်ကိုသတိရသွားဖြင့်...

"ဆရာကြီး ကျွန်တော်ထူးဆန်းတဲ့အိပ်မက်တစ်ခုမက်လို့ အဲ့ဒါ...''

"ရေမင်းသခင် ကံကြမ္မာနဲ့လူကလေး မင်းမှာ ဆန်းကြယ်မှုတွေ တယ်များသကိုး...သူပြောတဲ့အတိုင်း လုပ်ပေးလိုက်ပါ''

"ဗျာ...''

"ကဲ ဆရာ တရားထိုင်တော့မယ် လူကလေးပြန်ချိန်တန်ပြီ''

နှင်ထုတ်ခံလိုက်ရသဖြင့် အောင့်သက်သက်နှင့် ထွက်လာခဲ့ရသော်လည်း ဒီဗေဒင်ဆရာကို အတော်လေးစားမိသွားသည်...

ထို့နောက် ဘောင်းဘီအိပ်ကပ်ထဲမှ အရုပ်လေးကို ထုတ်ကြည့်ရင်း အိပ်မက်ကိုပြန်တွေးမိသွားသည်။

မြူတေ​ွဆိုင်းနေသော ပုဂံဘုရားများကြားတွင် ယောင်ထုံးနှင့်အမျိုးသားတစ်ဦး မတ်တပ်ရပ်ကာ သူ့ကိုကြည့်နေသည်။

"ခင်ဗျားကဘယ်သူလဲ''

"ငါလား မင်းဆီကိုရောက်နေတဲ့ နှဲသမားအရုပ်လေ''.

"ဟာဗျာ ေဟ့လူ ခင်ဗျားလာနောက်နေတာလား''

"ငါတို့ ညီအကို လေးယောက်က ဒီဘုရားမှာ စောင့်ကြတာ ငါ့ကိုဒီနေရာပြန်ပို့ပေးပါ လပြည့်ညမတိုင်ခင်ရောက်မှဖြစ်မယ်''

ထို့နောက် မြူများကျဲသွားပြီး...အိပ်မက်က နိုးလာတော့သည်။

...ပုဂံသွားဖြစ်ရင် သွားထားပေးမယ်ဗျာ အခုတော့ သွားလဲမသွားနိုင်သေးဘူး အားလဲမအားသေးဘူး ချစ်သူလေးဆီ ခရီးနှင်လိုက်အုံးမယ်...

အရုပ်ကိုအိတ်ထဲပြန်ထည့်ပြီး ဆိုင်ကယ်မောင်းထွက်လာလိုက်တော့သည်။ တိုက်ဆိုင်စွာပင် ထိုနေ့က လပြည့်ညဖြစ်သည်။

နောက်နေ့မနက်စောစောတွင် ရှမ်းပြည်ကို ဆိုင်ကယ်တစ်စီးနှင့် ခရီးနှင်တော့သည်။ အရင်ကလဲ တစ်ယောက်ထဲခရီးထွက်နေကျ မို့ မိဘတွေလဲ သိပ်တော့မစိုးရိမ်ကြပါ...

သူလာမည့်အကြောင်း ယိင်းကိုကြိုမပြောတာကောင်းမယ် ယိင်းသိပ်ဝမ်းသာသွားမှာပဲ...

အတွေးနှင့်ခရီးနှင်ခဲ့လေရာ နာရီပေါင်းအတော်ကြာမောင်းနှင်ပြီးနောက် ယိင်းရှိရာ နမ့်ဆမ် မြို့လေးသို့ရောက်ခဲ့လေပြီ...

နမ့်ဆမ်ကိုတစ်ခါမှမရောက်ဖူးသော်လည်း ယိင်းက သူ့ကို ဓာတ်ပုံတွေပြထားသောကြောင့် ဆေးရုံအနီးတစ်ဝိုက်နေရာကိုတော့သိထားသည်။ googleခေါက်ကြည့်ပြီးနောက် ယိင်းတို့ဆေးရုံအဝတွင် ယိင်း၏အခန်းဖော်သူငယ်ချင်းနှင့်တန်းတိုးတော့သည်။

"ဟယ် ကိုအောင်ဖြိုးဝေလား ဘယ်လိုလုပ်ရောက်လာတာလဲ''

"ဟုတ် ကျွန်တော်ယိင်းကိုလာတွေ့တာပါ သူရောမပါလာဘူးလား''

"ရှင်...ဟို..ဟိုလေ...''

သူနာပြုဆရာမလေးသည် ပြောရခက်နေသောအမူအရာဖြင့် စကားတွေထစ်နေတော့သည်။

"ဘာဖြစ်လို့လဲဗျ ယိင်းနေမကောင်းလို့လား''

"မဟုတ်ဘူး ယိင်းက ကလော ကိုသွားတယ်''

"ဗျာ အလုပ်နဲ့လား''

"အဲ့ဒါက...ရှင်ကိုယ်တိုင်ပဲသူ့ကိုမေးလိုက်ပါ...ကျွန်မသွားလိုက်အုံးမယ်နော်''

စိတ်ညစ်ညစ်နဲ့ လူရှင်းရာကိုမောင်းထွက်လာလိုက်သည်။ လမ်းဘေးတစ်နေရာတွင် ဆိုင်ကယ်ရပ်လိုက်ပြီး ဖုန်းကိုထုတ်ကာ ဆက်သွယ်ရန်ကြိုးစားလိုက်သည်။

တစ်ခါ...နှစ်ခါ...ထို့နောက်အကြိမ်ကြိမ် သူမ ဖုန်းမကိုင်ခဲ့ပါ...

"ဘာတွေဖြစ်နေတာလဲ ယိင်းရာ...''

ထို့နောက် ယိင်းအကောင့်ထဲ ဝင်ကြည့်လိုက်သည် အကောင့်passwordပေးထားတာဆိုတော့ အချိန်မရွေးဝင်ကြည့်လို့ရသော်လည်း သူမကိုယ်ရေးကိုယ်တာကိုဝင်စွက်ဖက်သလို ဖြစ်မှာစိုးသဖြင့် ခဏခဏဝင်မကြည့်ဖြစ်ခဲ့...

အကောင့်ထဲတွင် တခြားကောင်လေးနှင့်စကားပြောထားတာလဲတွေ့သည် ။ သို့သော် ကိုယ်က ရှမ်းစာမတတ်သူမို့ ရှမ်းအချင်းချင်းရေးသည့်စာများကို နားမလည်နိုင်ခဲ့...

စိတ်ညစ်ညစ်နဲ့ ဖုန်းကိုပိတ်ကာ သက်ပြင်းရှည်ကိုမှုတ်ထုတ်လိုက်သည်။ သူ့မျက်လုံးထောင့်တွင် တစ်ယောက်ယောက်က သူ့ကိုကြည့်နေသည်ဟု ခံစားရသဖြင့် ပတ်ဝန်းကျင်ကို ဝေ့ဝိုက်ကြည့်လိုက်သည်။ သို့သော် သူကလွဲပြီး ဘယ်သူမှရှိမနေပါ။

ကိုယ့်အပူနဲ့ကိုယ်ဆိုတော့ ဂရုမစိုက်နိုင်တော့ပေ။ စိတ်ကိုအေးအေးထားပြီး အကောင့်ထဲနောက်တစ်ကြိမ်ဝင်ကြည့်လိုက်သည်။ တိုက်ဆိုင်စွာပင် ထိုအမျိုးသားအကောင့်မှ ဓာတ်ပုံများစွာပို့လာတော့သည်။ သဘာဝရှုခင်းပုံအချို့၊ နောက် ယိင်း၏အလှပုံများ နောက်ဆုံးတွင် ယိင်းနှင့်အခြားအမျိုးသားတစ်ယောက် ကြည်နူးစွာတွဲရိုက်ထားသောပုံများ....

...ဘာတွေလဲ...ဒါက...မဟုတ်ပါဘူး မဟုတ်လောက်ပါဘူး...ယိင်းက ငါ့ကိုဒီလောက်ချစ်တာ...ငါ့ကိုဖောက်ပြန်မှာမဟုတ်ဘူး...

ဆက်ရန်...
#Flamingo

.............

#Zawgyi

ယိင္းနဲ႕နီးမဲ့ရက္ကေလးေနာက္ဆုတ္ရေပအုံးမည္...

ႏွစ္ရက္ၾကာၿပီးေနာက္ ေဗဒင္ဆရာအဘိုးႀကီးဆီမွ ပရိတ္ႀကိဳးတစ္ကုံးရလာသည္။ သူ႕တြင္လဲ ေမေမ့ေက်းဇူးႏွင့္ အေဆာင္ေပါင္းမ်ားစြာရွိထားၿပီျဖစ္ရာ ယခုပရိတ္ႀကိဳးတစ္ကုံးထပ္တိုးလာေတာ့သည္။

ပရိတ္ႀကိဳးကိုယူၿပီးေနာက္ ညကအိပ္မက္ကိုသတိရသြားျဖင့္...

"ဆရာႀကီး ကြၽန္ေတာ္ထူးဆန္းတဲ့အိပ္မက္တစ္ခုမက္လို႔ အဲ့ဒါ...''

"ေရမင္းသခင္ ကံၾကမၼာနဲ႕လူကေလး မင္းမွာ ဆန္းၾကယ္မႈေတြ တယ္မ်ားသကိုး...သူေျပာတဲ့အတိုင္း လုပ္ေပးလိုက္ပါ''

"ဗ်ာ...''

"ကဲ ဆရာ တရားထိုင္ေတာ့မယ္ လူကေလးျပန္ခ်ိန္တန္ၿပီ''

ႏွင္ထုတ္ခံလိုက္ရသျဖင့္ ေအာင့္သက္သက္ႏွင့္ ထြက္လာခဲ့ရေသာ္လည္း ဒီေဗဒင္ဆရာကို အေတာ္ေလးစားမိသြားသည္...

ထို႔ေနာက္ ေဘာင္းဘီအိပ္ကပ္ထဲမွ အ႐ုပ္ေလးကို ထုတ္ၾကည့္ရင္း အိပ္မက္ကိုျပန္ေတြးမိသြားသည္။

ျမဴေတ​ြဆိုင္းေနေသာ ပုဂံဘုရားမ်ားၾကားတြင္ ေယာင္ထုံးႏွင့္အမ်ိဳးသားတစ္ဦး မတ္တပ္ရပ္ကာ သူ႕ကိုၾကည့္ေနသည္။

"ခင္ဗ်ားကဘယ္သူလဲ''

"ငါလား မင္းဆီကိုေရာက္ေနတဲ့ ႏွဲသမားအ႐ုပ္ေလ''.

"ဟာဗ်ာ ေဟ့လူ ခင္ဗ်ားလာေနာက္ေနတာလား''

"ငါတို႔ ညီအကို ေလးေယာက္က ဒီဘုရားမွာ ေစာင့္ၾကတာ ငါ့ကိုဒီေနရာျပန္ပို႔ေပးပါ လျပည့္ညမတိုင္ခင္ေရာက္မွျဖစ္မယ္''

ထို႔ေနာက္ ျမဴမ်ားက်ဲသြားၿပီး...အိပ္မက္က နိုးလာေတာ့သည္။

...ပုဂံသြားျဖစ္ရင္ သြားထားေပးမယ္ဗ်ာ အခုေတာ့ သြားလဲမသြားနိုင္ေသးဘူး အားလဲမအားေသးဘူး ခ်စ္သူေလးဆီ ခရီးႏွင္လိုက္အုံးမယ္...

အ႐ုပ္ကိုအိတ္ထဲျပန္ထည့္ၿပီး ဆိုင္ကယ္ေမာင္းထြက္လာလိုက္ေတာ့သည္။ တိုက္ဆိုင္စြာပင္ ထိုေန႕က လျပည့္ညျဖစ္သည္။

ေနာက္ေန႕မနက္ေစာေစာတြင္ ရွမ္းျပည္ကို ဆိုင္ကယ္တစ္စီးႏွင့္ ခရီးႏွင္ေတာ့သည္။ အရင္ကလဲ တစ္ေယာက္ထဲခရီးထြက္ေနက် မို႔ မိဘေတြလဲ သိပ္ေတာ့မစိုးရိမ္ၾကပါ...

သူလာမည့္အေၾကာင္း ယိင္းကိုႀကိဳမေျပာတာေကာင္းမယ္ ယိင္းသိပ္ဝမ္းသာသြားမွာပဲ...

အေတြးႏွင့္ခရီးႏွင္ခဲ့ေလရာ နာရီေပါင္းအေတာ္ၾကာေမာင္းႏွင္ၿပီးေနာက္ ယိင္းရွိရာ နမ့္ဆမ္ ၿမိဳ႕ေလးသို႔ေရာက္ခဲ့ေလၿပီ...

နမ့္ဆမ္ကိုတစ္ခါမွမေရာက္ဖူးေသာ္လည္း ယိင္းက သူ႕ကို ဓာတ္ပုံေတြျပထားေသာေၾကာင့္ ေဆး႐ုံအနီးတစ္ဝိုက္ေနရာကိုေတာ့သိထားသည္။ googleေခါက္ၾကည့္ၿပီးေနာက္ ယိင္းတို႔ေဆး႐ုံအဝတြင္ ယိင္း၏အခန္းေဖာ္သူငယ္ခ်င္းႏွင့္တန္းတိုးေတာ့သည္။

"ဟယ္ ကိုေအာင္ၿဖိဳးေဝလား ဘယ္လိုလုပ္ေရာက္လာတာလဲ''

"ဟုတ္ ကြၽန္ေတာ္ယိင္းကိုလာေတြ႕တာပါ သူေရာမပါလာဘူးလား''

"ရွင္...ဟို..ဟိုေလ...''

သူနာျပဳဆရာမေလးသည္ ေျပာရခက္ေနေသာအမူအရာျဖင့္ စကားေတြထစ္ေနေတာ့သည္။

"ဘာျဖစ္လို႔လဲဗ် ယိင္းေနမေကာင္းလို႔လား''

"မဟုတ္ဘူး ယိင္းက ကေလာ ကိုသြားတယ္''

"ဗ်ာ အလုပ္နဲ႕လား''

"အဲ့ဒါက...ရွင္ကိုယ္တိုင္ပဲသူ႕ကိုေမးလိုက္ပါ...ကြၽန္မသြားလိုက္အုံးမယ္ေနာ္''

စိတ္ညစ္ညစ္နဲ႕ လူရွင္းရာကိုေမာင္းထြက္လာလိုက္သည္။ လမ္းေဘးတစ္ေနရာတြင္ ဆိုင္ကယ္ရပ္လိုက္ၿပီး ဖုန္းကိုထုတ္ကာ ဆက္သြယ္ရန္ႀကိဳးစားလိုက္သည္။

တစ္ခါ...ႏွစ္ခါ...ထို႔ေနာက္အႀကိမ္ႀကိမ္ သူမ ဖုန္းမကိုင္ခဲ့ပါ...

"ဘာေတြျဖစ္ေနတာလဲ ယိင္းရာ...''

ထို႔ေနာက္ ယိင္းအေကာင့္ထဲ ဝင္ၾကည့္လိုက္သည္ အေကာင့္passwordေပးထားတာဆိုေတာ့ အခ်ိန္မေ႐ြးဝင္ၾကည့္လို႔ရေသာ္လည္း သူမကိုယ္ေရးကိုယ္တာကိုဝင္စြက္ဖက္သလို ျဖစ္မွာစိုးသျဖင့္ ခဏခဏဝင္မၾကည့္ျဖစ္ခဲ့...

အေကာင့္ထဲတြင္ တျခားေကာင္ေလးႏွင့္စကားေျပာထားတာလဲေတြ႕သည္ ။ သို႔ေသာ္ ကိုယ္က ရွမ္းစာမတတ္သူမို႔ ရွမ္းအခ်င္းခ်င္းေရးသည့္စာမ်ားကို နားမလည္နိုင္ခဲ့...

စိတ္ညစ္ညစ္နဲ႕ ဖုန္းကိုပိတ္ကာ သက္ျပင္းရွည္ကိုမႈတ္ထုတ္လိုက္သည္။ သူ႕မ်က္လုံးေထာင့္တြင္ တစ္ေယာက္ေယာက္က သူ႕ကိုၾကည့္ေနသည္ဟု ခံစားရသျဖင့္ ပတ္ဝန္းက်င္ကို ေဝ့ဝိုက္ၾကည့္လိုက္သည္။ သို႔ေသာ္ သူကလြဲၿပီး ဘယ္သူမွရွိမေနပါ။

ကိုယ့္အပူနဲ႕ကိုယ္ဆိုေတာ့ ဂ႐ုမစိုက္နိုင္ေတာ့ေပ။ စိတ္ကိုေအးေအးထားၿပီး အေကာင့္ထဲေနာက္တစ္ႀကိမ္ဝင္ၾကည့္လိုက္သည္။ တိုက္ဆိုင္စြာပင္ ထိုအမ်ိဳးသားအေကာင့္မွ ဓာတ္ပုံမ်ားစြာပို႔လာေတာ့သည္။ သဘာဝရႈခင္းပုံအခ်ိဳ႕၊ ေနာက္ ယိင္း၏အလွပုံမ်ား ေနာက္ဆုံးတြင္ ယိင္းႏွင့္အျခားအမ်ိဳးသားတစ္ေယာက္ ၾကည္ႏူးစြာတြဲရိုက္ထားေသာပုံမ်ား....

...ဘာေတြလဲ...ဒါက...မဟုတ္ပါဘူး မဟုတ္ေလာက္ပါဘူး...ယိင္းက ငါ့ကိုဒီေလာက္ခ်စ္တာ...ငါ့ကိုေဖာက္ျပန္မွာမဟုတ္ဘူး...

ဆက္ရန္...
#Flamingo




Continue Reading

You'll Also Like

12.1K 714 157
An epistolary. Moon & Grant [COMPLETED]
1.1M 61.4K 56
"What do you mean I'm stuck with the seven deadly sins? I'm a saint!" "You've been about seven minutes in hell and have managed to insult eight peopl...
17.8K 1.7K 88
ALEX The name is enough to shiver down anyone. He is the defination of cruelty and known for his torture. The king of Mafia. He is cold, cruel, domin...
5.2K 238 78
Making a journal documenting my therian drama and stuff XD