အပြင်ကနေ အခန်းတံခါးခေါက်သံ
ကိုဆက်တိုက် ကြားလိုက်ရတာမို့
ဘယ်သူလဲဆိုပြီး စဥ်းစားနေတုန်း
အစ်မမြတ်က အခန်းထဲကိုဝင်
လာခဲ့သည်။
" အစ်မဝင်လာပြီးနော် ကလေး"
"မမြတ်"
" ဒီအတိုင်း လှဲနေ ဘာမှမဖြစ်ဘူး"
အစ်မမြတ်ကိုတွေ့တော့ လှဲနေရာ
ကနေထပြီး ထိုင်လိုက်ချိန် အစ်မ
မြတ်က ကုတင်အစွန်းမှာ ဝင်ထိုင်
လာသည်။
မှေးခနဲတချက်ဖြစ်သွားတာမို့အိမ်
အောက်ကကားသံတောင်မကြား
လိုက်မိဘူး။
" အစ်မ ဘယ်တုန်းကရောက်နေတာလဲ"
" အခုလေးတင်ပဲ မင်းအကိုကျော်
ပါပါတယ်လေ အောက်မှာကိုစစ်နဲ့
စကားပြောနေတယ်"
ခေါင်းညိတ်ပြလိုက်ပြီး အစ်မမြတ်ကို
အသာပြုံးပြလိုက်ပေမဲ့ ကျွန်တော့်
စိတ်ထဲကနေမပါ။
" နေမကောင်းဘူးဆို ကလေး။
အဖျားရှိနေတုန်းပဲလား"
" ဆေးတော့သောက်ထားတယ်
အစ်မ။ တစ်ရက်နှစ်ရက်ဆိုအဖျား
ပျောက်သွားမှာပါ"
" အဲ့ဒီလိုပြောလို့မရဘူးလေ အဖျား
မပြတ်ရင် ဆေးခန်းသွားမှရမှာပေါ့။
ကိုကိုက ဆေးခန်းခေါ်သွားပေးဖို့
ပြောတာစကားနားမထောင်ဘူးဆို"
ကျွန်တော် ဘာမှပြန်မပြောဘဲနေတော့
အစ်မမြတ်ကလည်း စကားပြောနေ
ရာမှ ခဏရပ်လိုက်ပြီးမှ
" အစ်မနဲ့မင်းအစ်ကို အခုပဲရည်မွန်
လေးကိုလူနာသွားကြည့်ပြီး ပြန်လာတာ"
ကျွန်တော့် ရင်ထဲထိတ်ခနဲပင်။
"ရည်မွန် အဆင်ပြေတယ်မလားအစ်မ"
" မျက်နှာကတော့သိပ်မကောင်း
ပေမယ့် အဆင်ပြေပါတယ် ရည်မွန်က
ပျော့တယ်လို့ထင်ရပေမယ့် ကလေး
ထက်တောင် စိတ်ကမာသေးတယ်"
အစ်မမြတ်က ခေါင်းငုံ့လိုက်မိ
သည့်ကျွန်တော့် အနားကိုတိုးကပ်
လာသည်။
"ကြည့် ပြောရင်းနဲ့ မျက်ရည်ကဝဲ
လာပြီ ဒီကောင်လေး"
"အားလုံးကကျွန်တော့် အမှားပါ။
ကျနော်သာကားနဲ့ မခေါ်သွားခဲ့ရင်
ရည်မွန်ဒီလိုဖြစ်မှာမဟုတ်ဘူး။
ကျွန်တော့်ကြောင့် ရုတ်တရက်ကြီး
ကားကတိုက်မလိုဖြစ်သွားလို့ ရည်မွန်
လန့်သွားရပြီးတော့ကလေးလေးက
အဲဒီလိုဖြစ်သွားရတာ"
" မဟုတ်တာတွေစပြောတော့မယ်
ဒီကလေး ရည်မွန်လေးကသူ့
သူငယ်ချင်းအကြောင်းကိုသိလို့
အစ်မကိုမှာလိုက်တယ် သူဘာမှ
မဖြစ်ဘူးတဲ့ ဆုလာဘ်ကိုပြောလိုက်
မဟုတ်တာတွေလျှောက်တွေးနေပြီး
စိတ်မကောင်းမဖြစ်နေနဲ့ သူ့ကိုလာကြည့်
ပါအုံးတဲ့"
"အစ်မ ကျွန်တော်"
" အမွန်ကဘယ်တုန်းက အဲဒီလောက်
ထိစကားများများပြောဘူးလို့လဲ ။သူကတောင် နလန်ပြန်ထူစမှာ ပြန်ပြီး
ကလေးကို စိတ်ပူ ပေးနေတယ်။အဲ့တာကြောင့် သူငယ်ချင်းကိုဆေးရုံမှာ
သွားကြည့်ရမယ်လေ။ငါ့မောင်လေးမှာအပြစ်မှမရှိတာ ကလေးကိုလည်း
ဘယ်သူမှအပြင်မတင်ဘူး"
" ရည်မွန်မျက်နှာကို ကျွန်တော်
မကြည့်ရဲဘူးအစ်မ"
" မကြည့်ရဲစရာဘာအကြောင်းရှိ
လဲ။ငါ့မောင်လေးကြောင့် ဖြစ်ရတာမှ
မဟုတ်တာ။ရည်မွန်ကဘယ်လိုပဲ
ဖြစ်ဖြစ်ဒီကိုယ်ဝန်ကိုမှ မဆောင်နိုင်
တာ။ကလေးနဲ့ချက်ချင်းကြီးခွဲလိုက်ရ
တာကတော့ ရုတ်တရက်ဆိုတော့ စိတ်
တော့မပြင်ဆင်လိုက်ရဘူးပေါ့။တိုက်
တိုက်ဆိုင်ဆိုင် ကိုယ့်ကားစီးရင်းနဲ့ဖြစ်
သွားတော့ ကိုယ့်အမှားမကင်းသလို
ဖြစ်သွားရတယ် ဒီလောက်ပါပဲ"
ခေါင်းငုံ့လိုက်မိရင်း မျက်ရည်တွေဝဲ
ချင်လာပြန်တော့ လက်နှစ်ဖက်နဲ့
ခပ်မြန်မြန်သုတ်ပစ်လိုက်ရသည်။
ဒီမျက်ရည်တွေကလည်း ယောကျာ်း
လေးဖြစ်ပြီးတော့ ထစ်ခနဲရှိရင်ဘာလို့
ထွက်လာရတာလဲ။တစ်ကယ်ပဲ ပျော့ညံ့
လိုက်တာ။
"ဒီလောက်ချစ်တဲ့ ကိုကိုရှိတာတောင်
မှ စိတ်ကလေးကလည်း ငယ်တတ်
လိုက်တာနော်"
မမြတ်ရဲ့ အသံခပ်တိုးတိုး။
အစ်မမြတ်က နှစ်သိမ့်နေတဲ့စကား
တွေပြောလေ ကျွန်တော်က ပိုပြီး
စိတ်မကောင်းဖြစ်မိရလေပဲ။
"အင်းပေါ့လေ အစ်မကလည်း ကာယ
ကံရှင်မဟုတ်တော့ ငါ့မောင်လေး
ခံစားနေရတာတွေကိုအကုန်လုံး ဘယ်နားလည်နိုင်ပါ့မလဲ။ ဒါပေမယ့်အစ်မ
ပြောချင်တာကတော့ ကိုယ့်အပြစ်ဆို
ပြီးလျှောက်မတွေးနေနဲ့ ကိုယ့်ကိုကိုယ်
နေကောင်းအောင်နေ"
ငုံ့ထားတဲ့ ကျွန်တော့်ခေါင်းကို အစ်မ
မြတ်က ခပ်ဖွဖွတချက်ပုတ်လိုက်သည်။
"ကလေးက ဒီလိုဖြစ်နေတော့ ကိုကို
ကလည်း ဘယ်စိတ်ကောင်းပါ့မလဲ"
ကျွန်တော် ဘာမှပြန်မပြောပေမဲ့
မမြတ်က ကျွန်တော့်ကိုအားပေး
တဲ့စကားတွေပဲ ထပ်ခါ ထိုင်ပြောနေပြီး
အတော်ကြာမှ။
"ကဲ အဲဒါဆိုအစ်မတို့ သွားစရာကိစ္စ
တွေရှိသေးလို့ ပြန်ပီနော်။အစ်မကလေးအတွက် ကြေးအိုးဝယ်လာခဲ့ပေးတာ
ကိုစစ်ကိုပေးထားတယ် အစာများများ
စား။နေကောင်းအောင်နေပြီးရင် ကိုယ့် သူငယ်ချင်းကိုကြည့်ဖြစ်အောင်တော့
သွားကြည့်လိုက် အစ်မစိတ်ချမယ်နော်
ကြားလား"
ခေါင်းသာ အသာညိတ်ပြလိုက်တဲ့
ကျွန်တော့်ကို အမမြတ်က ဘာမှထပ်
မပြောတော့ပဲ ပြန်ခါနီး ခပ်ဖွဖွပွေ့ဖက်
ကာနှစ်သိမ့်သွားသည်။
ရည်မွန်ကိုသွားကြည့်ဖို့ ထပ်ခါ မှာပြီးမှ အခန်းထဲကနေ အစ်မမြတ်ထွက်သွားပြီးတော့တခဏအကြာ အောက်ထပ်မှာ
ကားသံကိုကြားလိုက်ရသည်။
ကိုကျော်ထွန်းနဲ့အစ်မမြတ် ပြန်သွားပြီ
ထင်ပါတယ်။
စောင်ကိုခြုံကာ ကုတင်ပေါ်မှာ ပြန်
လှဲနေတုန်း အခန်းတံခါးဖွင့်သံကို
ကြားလိုက်ရသည်။
ကျောခိုင်းပြီးလှဲနေတဲ့ ကျွန်တော့်
ကို အနောက်ကနေ ပွေ့ဖက်လာပြီး
ကျွန်တော့် ဆံပင်တွေကိုခပ်ဖွဖွ နမ်း
လိုက်တဲ့သူ။
" ကိုကျော်ထွန်းနဲ့အစ်မမြတ် ပြန်သွားပြီလား"
"အင်း"
"ကျွန်တော့် အနားမကပ်နဲ့။မဖက်နဲ့
ကိုကို အဖျားကူးလိမ့်မယ်"
အနောက်ကနေ ရင်ခွင်ထဲထည့်ကာ
ဖက်ထားတဲ့သူ့လက်တွေကို ဖယ်ထုတ်
ပစ်ပေမယ့် သူက ပို၍ပင် တင်းကျပ်
စွာဖက်လာသည်။
ပြောလို့မရမှာ သိတာမို့
ငြိမ်သက်စွာသာ နေနေရချိန်။
" ဆေးခန်းသွားရအောင်လေ ဝန်း"
"ဟင်အင်း မသွားချင်ဘူး ဘယ်မှ
မသွားဘူး အိမ်မှာရှိတဲ့ဆေးပဲသောက်မယ်"
" ဘာဖြစ်လို့ ဒီလောက်ခေါင်းမာနေ
တာလဲ။နေမကောင်းဖြစ်နေတာ အဖျား
မကျရင် ဆေးခန်းသွားမှရမှာပေါ့"
"ကျွန်တော် မသွားချင်ဘူး"
ကျွန်တော်က ဒီလောက်ကတော့အေး
ဆေးဖြစ်နေပြီ။ဒီလောက်အဖျား
ကတော့ အိမ်မှာရှိတဲ့ဆေးပဲသောက်ပြီး
နေနေကြပဲ။
ကျွန်တော့်ကိုပြောလို့မရတော့ တစ်
ခဏနေတော့ သူကျွန်တော့်ကို ဖက်
ထားရာကနေ ချော့နေသလိုမျိုး
ဆံပင်တွေကိုခပ်ဖွဖွ ပွတ်သပ်ပေး
လာသည်။
" မနက်တုန်းကဝဏ္ဏ ကိုယ့်ဆီကို
ဆေးရုံကနေဖုန်းဆက်တယ်"
"ကိုဝဏ္ဏ ဘာ ဘာပြောလဲ"
" မင်းရဲ့ ဆုလာဘ်ဝန်းကိုပြောလိုက်
သူ့အလုပ်ကခွင့်ယူလို့မရဘူး။အားလို့
ရှိရင် သူ့မိန်းမကိုသူ့အစား လူနာလာ
စောင့်ပေးပါတဲ့"
သူကျွန်တော့်ကို ဆေးရုံသွားဖို့
စကားစနေတာကို သိသော်လည်း
ခြုံထားတဲ့စောင်ကို ပိုတိုး၍ဆွဲလိုက်
ရင်းသာ ကျွန်တော် ဘာမှပြန်မဖြေမိ။
မဖြေရဲတာဆိုရင် ပိုမှန်မည်။
" ကိုယ်တို့ဆေးရုံ အတူတူသွားရ
အောင်လေဝန်း မင်းသူငယ်ချင်းကို
သွားကြည့်မှရမှာပေါ့။ ဒီလိုမျိုးလူနာ
သွားမကြည့်ပဲနဲ့ ဒီအတိုင်းနေနေလို့
မရဘူးလေ မင်းသူငယ်ချင်းက သူ့ကို
တစ်ခါမှလာမကြည့်ရင် စိတ်မကောင်း
ဖြစ်သွားမှာပေါ့။အိမ်မှာပဲ စိတ်ပူနေ
တာကို သူကဘယ်လိုလုပ်ပြီးသိမှာလဲ "
"ကျွန်တော် မသွားဘူး မသွားချင်ဘူး ရည်မွန်မျက်နှာကိုကျွန်တော် မကြည့်
ရဲဘူး။ပြီးတော့ကိုဝဏ္ဏကရောပဲ။ကိုဝဏ္ဏ
က ကျွန်တော့်ကိုတွေ့တာနဲ့အော်မှာ
အခုချိန်ကျွန်တော် ဘယ်သူအော်တာ
ကိုမှမခံနိုင်ဘူး ဘယ်သူနဲ့မှလည်း
မတွေ့ချင်ဘူး"
" ဘာတွေ လိုက်တွေးနေတာလဲ
ဝဏ္ဏက ဝန်းကို ဘာဖြစ်လို့အော်ရမှာလဲ။ မဟုတ်တာတွေလိုက်မတွေးနေနဲ့ ဖြစ်
ခဲ့တာတွေက ဝန်းအပြစ်မှမဟုတ်တာ
ဘယ်သူမှလည်း အပြစ်မတင်
ဘူး။ဆေးရုံကို ကိုယ်နဲ့အတူတူသွား
မယ်လေ ကိုယ်လိုက်ခဲ့ပေးမယ် အခု
လိုမျိုး စိတ်မကောင်းဖြစ်နေမယ့်အစား သူငယ်ချင်းကိုသွားတွေ့လိုက်တာက
ပိုမကောင်းဘူးလား။ဝန်းကို လူမှုရေး
မသိတတ်တဲ့သူလို့ သူများတွေပြောမှာ
ကိုယ်မခံနိုင်ဘူး"
"ကျွန်တော် ဘယ်သူ့နဲ့မှမတွေ့ချင်ဘူး
လို့ ပြောနေတယ်လေ ။ ဘာဖြစ်လို့
ကျွန်တော် မသွားချင်တဲ့ဟာကို
အတင်းသွားခိုင်းနေတာလဲ"
"ဝန်း"
"ကိုကို ကျွန်တော့်ကို အတင်းအကြပ်
လုပ်မယ်ဆိုရင်ကိုကို့ အိမ်မှာလည်း
ကျနော်မနေတော့ဘူး။အကုန်လုံးနဲ့
ဝေးရာမှာ ဘယ်သူမှမရှိတဲ့နေရာမှာ
သွားနေလိုက်မယ် "
အသံကကျယ်သွားမှန်း ပြောမိပြီးမှ
ကိုယ့်ကိုကိုယ်သတိထားမိလိုက်
သည်။
ကျွန်တော့် ဆံပင်တွေကိုပွတ်သပ်ကာ
ချော့နေတဲ့ သူ့လက်တွေရပ်တန့်သွား
ပေမဲ့ စောင်ကိုသာတင်းတင်းဆွဲ
ထားမိရင်း ကျွန်တော် သူ့ကိုလှည့်
မကြည့်ဖြစ်။
"ကျ ကျွန်တော်တောင်းပန်"
သူက တခဏကြာသည်အထိ
တိတ်ဆိတ်နေပြီးမှ။
" နောက်တစ်ခါ အဲဒီလိုစကား
ဘယ်တော့မှ ထပ်မပြောမိစေနဲ့"
"ကိုကို"
ကျွန်တော့်ဘေးက နွေးထွေးမှု
လေး လစ်ဟာသွားရသည်။
လေသံအေးအေးနှင့်ပင်ကျွန်တော့်ကို
ပြောပြီး ကုတင်ပေါ်ကနေ သူဆင်းသွားသည်။
" မသွားချင်ဘူးဆိုရင်လည်း ကိုယ်
အတင်းမပြောတော့ဘူး အားရှိအောင်တစ်ရေးအိပ်ချင်ရင်အိပ်လိုက် ဆေး
သောက်ရမယ့်အချိန်ကျရင် ကိုယ်
လာနှိုးပေးမယ်"
စောင်ကို ခြေအစကနေလုံအောင်
ပြန်ခြုံပေးနေသူ။
"ကိုကို"
"အင်း"
" တခြားဘယ်သူ့ကိုမှ ထပ်မခေါ် နဲ့
တော့နော် ဘယ်သူ့ကိုမှလည်းအိမ်
ပေးမလာနဲ့ ကျွန်တော် ဒီရက်ပိုင်း
တစ်ခြား ဘယ်သူနဲ့မှမတွေ့ချင်ဘူး"
"ကိုယ်သိပြီမလို့ ဘာမှမစဉ်းစားနေပဲနဲ့
တစ်ရေးအိပ်လိုက်တော့"
တံခါးပိတ်သံကို ကြားလိုက်ရတဲ့
အချိန်မှကျွန်တော် အနောက်လှည့်ကြည့်လိုက်မိသည်။
သူကျွန်တော့်ကို စိတ်ပျက်သွားမှာ
ကြောက်နေပေမယ့် ဘယ်လိုလုပ်ရမလဲ။
ကျွန်တော် ဘယ်လိုမှ ရည်မွန်နဲ့
ကိုဝဏ္ဏကို မျက်နှာချင်းမဆိုင်ရဲဘူး။
-----------------------
ကျွန်တော့် ခန္တာကိုယ်ကို ချမ်းအေး
လှတဲ့ လေပြင်းတွေက တိုက်ခတ်လာသည့်နောက် အလိုအလျောက်ပင်
မျက်လုံးတွေကပွင့်လာရသည်။
ချက်ချင်းတော့ အသိစိတ်မကပ်နိုင်သေး။
အိမ်အလယ် ဝံရန်တာက
ခုံပေါ်မှာကျွန်တော်ထိုင်ရပ်ကြီးနဲ့
ညနေစောင်းထဲက အိပ်ပျော်သွားတာ
ပဲ။ကျွန်တော့်ရှေ့က စားပွဲအပေါ်မှာ
တော့ ဘီယာဘူးအခွံ နှစ်ဘူးက ရှိနေ
သည်။
ကိုယ့်အင်္ကျီကိုယ် ပြန်နမ်းကြည့်တော့
အရက်နံ့ကစွဲနေပြီ။ ဒုက္ခပဲ။
ကိုစစ်ကြောင်းပြန်မလာခင် အရင်ဆုံး
အနံ့ပျောက်အောင်လုပ်ပြီးခြေ
ရာလက်ရာ ဖျောက်ပစ်မှပဲ။
ဘူးအခွံတွေကို အရင်သိမ်းဖို့ ခုံပေါ်က
ထရလိုက်ချိန် ခြေမခိုင်ပဲ ထိုင်ခုံပေါ်ကို
ပြန်ကျသည်။
သွားပြီ။ကျွန်တော် မူးနေပြီ။
နဖူးကိုစမ်းကြည့်လိုက်တော့ တနေ့လုံး
ကျနေသည့် အဖျားက ပြန်တက်နေပြီ။
ဒုက္ခဆိုတာ အပေါင်းအပါနဲ့ လာတာမျိုး။
အဲ့ဒီအချိန်မှာပဲခြံရှေ့မှာ ရပ်လိုက်တဲ့
ကိုစစ်ကြောင်းရဲ့ကားကို အိမ်အပေါ်
ထပ် ဝရံတာကနေလှမ်း တွေ့လိုက်တဲ့
အချိန် ခေါင်းတွေပါပူတက်လာရသည်။
သူအိမ်ပြန်ရောက်လာပြီ။
မနက်က တစ်မနက်လုံးကျွန်တော့်ကို
စောင့်ပေးနေပြီး နေ့ခင်းလောက်မှ
အလုပ်သွားတာမလို့ညနေအပြန်
နောက်ကျမယ်လို့ ပြောသွားတာ။
မသွားမဖြစ် အလုပ်ကသွား
ရတာမလို့ ကျွန်တော့်ကိုတစ်နေ့လုံး
နာရီခြားတစ်ခါလောက်ဖုန်းဆက်
နေပြီး အဖျားကျရဲ့လားလှမ်းမေးနေတာ။
မကြွတဲ့ခြွေထောက်နှစ်ဖက်ကိုအတင်း
ထပြီး ဘီယာဘူးအခွံတွေကို အရင်
ဖွက်ဖို့ လုပ်ရသည်။
ဒီဘီယာဘူးတွေကိုဘယ်မှာဖွက်ရမလဲ။
ခုံအောက်မှာထိုးထည့်ရမလား အင်္ကျီ
အထဲပဲထည့်ဖွက်ရမလား။
မူးနေချက်က ကြမ်းပြင်နဲ့ခြေထောက်
မထိနေသလိုပဲ။
ကိုယ့်ကိုကိုယ် မသောက်နိုင်မှန်းသိ
လျက်နဲ့ ဘာလို့များသောက်လိုက်မိတာလဲ။
စိတ်ဆိုးမှာထက် နေမကောင်းဖြစ်
နေတုန်း ဘီယာခိုးသောက်နေ
တာကို သိသွားမှာ မလိုချင်ဘူး။
-------------
"ဝန်း"
ရေချိုးခန်းအပြင်ကနေ ကိုစစ်ကြောင်း
ကအသံကျယ်နဲ့ အော်နေပြီးတံခါးကို
ထုရိုက်နေသည်။
သူခေါ်နေတာကိုပြန်ထူးချင်ပေမယ့်လဲ
ဘာအသံမှမထွက်နိုင်ခင်မှာပဲ ခေါင်း
ငုံ့ပြီးတော့ ထပ်အန်ရသည်။သောက်
ထားသမျှ အကုန်ပြန်ထွက်နေတာ။
ဝရံတာကနေ အိမ်ထဲပြန်ဝင်လာတာနဲ့
မအောင့်နိုင်တော့အောင်တန်းပြီး အန်
ချင်လာတာမို့ ရေချိုးခန်းထဲ အမြန်
ပြေးလာရသည်အထိ။
သူကတော့ အိမ်ပြန်ရောက်လာတာ
နဲ့အပေါ်ထပ်ရောက်လာပြီးကျွန်တော့်ကို
အရင်ဆုံးလာရှာတော့တာပဲ။
မှောင်နေတာတောင် အိမ်မှာ မီးတွေ
မဖွင့်ထားလို့လည်းဖြစ်မယ်။
" ဆုလာဘ်ဝန်း အထဲမှာရှိနေ
လား ဝန်း ကိုယ်ခေါ်နေတာကြားလား "
အပြင်ကနေ ရေချိုးခန်းတံခါးကို သူ
ထုရိုက်ပြီး ခေါ်နေသည်။
ကျွန်တော့်မှာ သူ့ကိုပြန်မဖြေနိုင်ပဲ
အဆက်မပြတ်အန်နေရရင်း ကိုယ့်
ရင်ဘတ်ကိုဖိနှိပ်နေတုန်း သူက ပိတ်
ထားတဲ့ တံခါးကို ခြေထောက်နဲ့
ဆောင့်ကန်လိုက်သည်မို့ ကျွန်တော်
တော်တော်လေး လန့်သွားရသည်။
ကျွန်တော် ပြန်မထူးလို့ သူစိတ်ပူ
သွားတယ်ထင်တယ်။
"ကျ ကျွန်တော် ဒီမှာရှိ"
"ဘာလုပ်နေတာလဲအထဲမှာ တံခါးဖွင့်
အခုဖွင့်"
ကျွန်တော့်မှာ အဆက်မပြတ်အန်ပြီး
နောက် ခဏတောင်မနားနိုင် ရေပြန်
ဆွဲချပြီးတာနဲ့ ရင်ခံနေတာကိုအောင့်ပြီး
တံခါးသွားဖွင့်ပေးရသည်။
မတတ်နိုင်တော့ဘူး မြင်ရင်လည်း
မြင်ပါစေတော့။
ကျွန်တော် တံခါးဖွင့်လိုက်တာနဲ့
သူ့မျက်နှာမှာ စိုးရိမ်နေမှုတွေက
အထင်းသား။
" ဘာဖြစ်လို့ အထဲကနေတံခါးပိတ်
ထားတာလဲ ကိုယ်ဒီလောက်ခေါ်နေတာ
မကြားဘူးလား ချက်ချင်းလဲပြန်မထူး
ဘူး။အထဲမှာဘာလုပ်နေတာလဲ တစ်
အိမ်လုံးလဲ မီးတွေမဖွင့်ထားဘူး "
"ကျ ကျွန်တော် ဟို "
သူ့ကိုဆက်ပြောဖို့ ပြင်ဆင်ချိန်မှာပဲ
ရင်ဘတ်ထဲကနေ ထပ်ပြီးပျို့တက်လာ
သည်မို့ ပါးစပ်ကိုလက်နဲ့အမြန်ပိတ်
ရရင်း အထဲပြန်ဝင်ရတော့သည်။
ကျွန်တော့်ပုံစံကိုတွေ့တာနဲ့ သူပါအထဲ
လိုက်ဝင်လာပြီး သူ့ကိုထွက်သွားဖို့
လက်အနောက်ပြန်ပြကာ နှင်ထုတ်သော်လည်း အန်နေသည့်ကျွန်တော့်
ကျောပြင်ကိုပွတ်ပေးနေခဲ့သည်။
ပြန်ထွက်လာတာတွေကတော့ ရေတွေ
ကြီးပဲ။
ကျွန်တော့် တစ်ကိုယ်လုံးအရက်နံ့တွေ
ထွက်နေပြီး ဘာဖြစ်လို့အန်နေတယ်
ဆိုတာ သူသိလောက်ပြီပေါ့။
ဒါပင်မဲ့သူက ဘာမှမပြောပဲ ကျွန်တော့်
ကျောပြင်ကိုသာ ပွတ်ပေးနေခဲ့သည်။
တကယ်ပါပဲ။ ဘယ်လိုပုံစံကို ပြလိုက်
မိတာလဲ။
----------
" သွေးပေါင်ကျနေတယ်နော် ငါ့
မောင်လေးအဲဒါကြောင့်မူးတာ။
နောက်ပြီးတော့ ဘာဖြစ်လို့လဲဆို
တာတော့ ကိုယ့်ကိုကိုယ်သိမှာပေါ့"
"ဟုတ် ဟုတ်ကဲ့"
သွေးပေါင်ချိန်ပေးနေရင်းနဲ့ ဆရာဝန်
အစ်မက ဆူနေသလိုလိုပြောသည်။
ဘေးမှာရပ်စောင့်နေတဲ့သူ့ကို မရဲ
တရဲ လှမ်းကြည့်လိုက်မိရင်း ကျွန်တော့် မျက်နှာလေးငယ်သွားရသည်။
တော်တော် အသုံးမကျတဲ့ကျွန်တော်။
အလုပ်ကပြန်လာတာတောင် မနားရပဲ
ကျွန်တော့်ကို ဆေးခန်းလိုက်ပို့ပေးရ
တယ်လို့။
" အဖျားက တာရှည်သွားရင်မကောင်း
ဘူးဆေးထိုးသွားလိုက်နော်"
"ကျွန်တော် ဆေးမထိုးဘူး ဆေးပဲ
ပေးလိုက်ပါ"
" ကိုယ့်အစ်မပဲဟာ ပြီးတော့အစ်မက
ကလေးအမေ ဘာမှ ရှက်စရာမလိုဘူး။
ထိုးသွားလိုက်နော် အဖျားအမြန်ကျသွားအောင်"
ဆေးခန်းကုတင်ပေါ်ကနေ ခပ်မြန်မြန်
ကုန်းထတဲ့အချိန် သူကကျွန်တော့်
အနားကိုကပ်လာသည်။
သူ့ မျက်နှာကတည်လို့။
"ဆေးထိုးသွားလိုက်"
"မထိုးဘူးကျွန်တော် ဆေးပဲ သောက်မယ် "
"ဆုလာဘ်ဝန်း"
"မထိုးဘူး"
" သူမထိုးချင်ရင်လဲ အတင်းမထိုး
ခိုင်းနဲ့တော့ စစ်ကြောင်း ရတယ်။
သောက်လည်းသောက်ထားတယ်ဆို
တော့ မထိုးတာပဲကောင်းတယ် အစ်မ
ဆေးပေးလိုက်မယ်"
ဆရာဝန်အစ်မက လှမ်းပြောတော့မှ
ကျွန်တော့ရင်ထဲက အလုံးကြီးကျသွားတော့သည်။
သူ့ကတော့ မျက်နှာကမကြည်မလင်။
သူ စိတ်ဆိုးမယ်ဆိုရင်လည်း ဆိုးနေ
လောက်ပါတယ်။
" နေမကောင်းဖြစ်နေတဲ့အချိန် အစား
များများစား ပြီးတော့ သွေးပေါင်တက်အောင်ပြန်ရင် အချိုရည်သောက်လိုက်"
"ဟုတ်ကဲ့"
"ဒီနေ့တော့ ထမင်းမစားနဲ့တော့။
ဆန်ပြုတ်ပဲဖြစ်ဖြစ်စားပြီးဆေးသောက်လိုက်။အစာကတော့ များများစားမှ
ရမယ်နော် အဖျားတက်မှာမကြောက်နဲ့"
" အဖျားတက်မှာကြောက်လို့မဟုတ်ဘူး
ဘာမှမစားချင်လို့ကို မစားတာ။
ပြောလို့လည်းမရဘူး ဆေးတိုက်လဲ
မသောက်ဘူး"
" ဟုတ်လား ခေါင်းမာတယ်ထင်တယ်
နော် ငါ့မောင်က။ နောက်ဆုံးတော့
နင့်ကိုနိုင်တဲ့သူတွေ့သွားပြီ စစ်ကြောင်း"
ဆရာဝန်အမက အသာပြုံးလျက်
ပြောသော်လည်း ကိုစစ်ကြောင်းက
မျက်နှာတည်
နေလျက်သာ။
ကျွန်တော်ကတော့ ဒီနေရာကနေ
အမြန်သွားချင်နေပြီ။ ဆရာမက
တခြားသူမဟုတ်ဘူးလေ။ကိုစစ်ကြောင်း
တစ်ဝမ်းကွဲအကိုရဲ့ဇနီးဖြစ်သူပင်ဖြစ်
သည်။
အိမ်မှာကျွန်တော်အန်တာမရပ်ပဲ အဖျား
ကထိုးတက်တော့ ဆေးခန်းသွားရမည့်
အခြေအနေမှာတော့ လက်လျှော့ပြီး
လိုက်ခဲ့ရသည်လေ။မျက်နှာတည်နေတဲ့
သူ့ကို ကြောက်လို့လည်းပါတာပေါ့။
" ဆေးမထိုးချင်ဘူးဆိုတော့ အစ်မ
ပေးလိုက်တဲ့ ဆေးတွေကိုသာလိမ့်
ပတ်လည်အောင်သောက် ပြီးတော့
ရောဘာထပ်ဖြစ်သေးလဲ"
" ဘာမှမဖြစ်"
"အချွဲကြပ်ပြီးတော့ ချောင်းလည်း
နည်းနည်းဆိုးနေတယ်"
သူကကျွန်တော့်အစားဝင်ပြောသည်။
" နေမကောင်းတဲ့သူ မှားနေတယ်
ထင်တယ်နော်"
ဆရာဝန်အစ်မက ခပ်ပြုံးပြုံးပင်။
"အကိုက်ခဲပျောက်ဆေးတွေ သောက်
နေတဲ့အချိန်မှာ အရက် ဘီယာမ
သောက်မိအောင် နောက်တစ်ခါဆင်ခြင်
နော် မောင်လေး။မင်းအတွက်
အန္တရာယ်ရှိနိုင်လို့"
"ဟုတ်.. ဟုတ်ကဲ့။ကျေးဇူးပါ ဒေါက်တာ"
"ရင်းရင်းနှီးနှီး အစ်မလို့ဘဲခေါ်ပါကွယ် အမျိုးတွေဖြစ်နေကြပြီပဲ"
ဆရာဝန်အစ်မက ပြုံးပြီးတော့
ပြောပေမယ့် ကျွန်တော်ကတော့
မျက်နှာပူလှပြီ။
သူ့အမျိုးတွေနဲ့ ကျွန်တော် ရင်းနှီး
ချင်သော်လည်း ဒီလိုမျိုးအခြေအနေ
နဲ့တော့ မဟုတ်ဘူးလေ။
ကျွန်တော် မူးပြီးတော့ညဘက်ကြီး
ဆေးခန်းရောက်လာတယ်ဆိုတဲ့
သတင်း သူ့မေမေဆီသာ ရောက်
သွားခဲ့ရင် ကျွန်တော်တော့မေမေ့
ဆီကနေ အမှတ်တွေလျော့ပါပြီ။
----------
" မတွေ့ရတာတောင် ကြာပြီ"
ဒီမှာလာထိုင်အုံး စစ်ကြောင်း"
ခုံပေါ်မှာဝင်ထိုင်လိုက်တဲ့အထိ
ကိုယ့် အစ်မဖြစ်သူက အပြင်
ထွက်သွားတဲ့ကောင်လေးကိုကြည့်ရင်း
ခပ်ပြုံးပြုံး။
" ပုံစံလေးက ဂျစ်တစ်တစ်လေးနော်။
နင့်အစ်ကိုကလည်း နင့်ကောင်လေး
ကို တွေ့ဖူးချင်နေတာ အခုဖုန်းဆက်
ပြီးတော့ ခေါ်လိုက်ရမလား"
" မခေါ်နဲ့ သူတွေ့ရဲအုံးမှာမဟုတ်သေးဘူး"
အစ်မရှေ့မှာ ခပ်အေးအေးပြောနေ
ရပေမဲ့ကိုယ့်ရင်ထဲမှာတော့ အပူဒဏ်
တွေနဲ့။
တကယ်။ညကြီးမင်းကြီး ဆေးခန်း
သာပိတ်သွားရင် ဘယ်လိုလုပ်မလဲ။
"ငါ့မတ်က သည်းရင်လည်းသည်း
ချင်စရာလေးပါပဲ။ဘယ်လိုပြောရမလဲ
မြင်လိုက်တာနဲ့ ချစ်ဖို့ကောင်းလိုက်တာ
ဆိုပြီးဖြစ်သွားရမယ့် ပုံစံမျိုးလေး။
ကလေးကို မုန့်ပေးကြိုက်နေတာမလား
နင်"
ဒါတော့ ကိုယ် မျက်နှာဆက်တည်ပြီး
မနေနိုင်လိုက်ဘူး။
ကိုယ့်အစ်ကိုထက်ငယ်ပြီးကိုယ့်ထက် အသက် သိပ်မကြီးတဲ့ မရီးဖြစ်သူနဲ့က သူငယ်ချင်းလိုပေါ့ပေါ့ပါးပါးရင်းနှီးတဲ့ ဆက်ဆံရေးမျိုးပါပဲ။
"အသက်ဘယ်လောက်ရှိသွားပြီလဲ
နင့်ကောင်လေးက စစ်ကြောင်း"
"နှစ်ဆယ့်တစ်"
"အော် ငယ်သေးတာပဲ။နင့်ထက်
ဘယ်နနှစ်ငယ်လဲ"
"လေးနှစ်"
"ဒါနဲ့နေမကောင်းဖြစ်ဖြစ်ချင်း ဘာလို့ဆေးခန်းမခေါ်လာတာလဲ။ ညကြီး
မင်းကြီးမှ ရောက်ချလာကြတယ်
တော်သေးတာပေါ့ ငါဆေးခန်းမပိတ်
ရတဲ့အချိန်ဖြစ်လို့ ။ ပြီးတော့ အဖျား
တက်နေတဲ့အချိန် အရက်တွေ
ပေးမသောက်နဲ့လေ နင်ကတား
ရမှာပေါ့"
" ဆေးခန်းသွားဖို့ ပြောတယ် ခေါ်လာ
လို့ကိုမရတာ။ ပုံမှန်ဆိုသူမသောက်ဘူး
သောက်လည်းမသောက်တတ်ဘူး။
ကျွန်တော် မရှိတဲ့အချိန် သောက်လိုက်
တာ အဲ့ဒီလိုဖြစ်သွားတာပဲ"
ကိုယ့် ကလေးကို အထင်မှားတာမျိုး
မဖြစ်စေချင်။
တကယ်လည်းသောက်တတ်တဲ့
ကောင်လေးမှမဟုတ်တာ။သောက်ရ
တာကိုလည်း သူမကြိုက်ဘူး။
"အော် ဘယ်လိုဖြစ်လို့လဲ။နင့်ကလေး
က ဆေးခန်းလာရမှာ ကြောက်လို့လား"
"မဟုတ်ဘူး"
" နင့်အမေကတော့ ငါ့ကိုတွေ့တာနဲ့
ဘာပြောလည်းသိလား။ပြောတော့
လည်းနင့်မောင်က အမေ့အိမ်မှာပဲ
တစ်သက်လုံးနေတော့မယ်ဆိုပြီး အခု
တော့လည်း ဟိုကလာပြန်ခေါ်တာနဲ့
တန်းပြီးပါသွားတော့တာပဲသမီးရေတဲ့ "
"အမေကလား"
"အေး အန်တီခက်က နင့်ကို
တားလို့မရလို့ လွှတ်ထားပေးရတာ
စိတ်ထဲတော့ဘယ်ကောင်းမလဲ ဒီ
သားလေးတစ်ယောက်ထဲရှိတာ"
အမေ့ကို သတိရသွားမိရတော့သည်။
ကိုယ့်မြေကိုပြန်ရောက်တော့ အမေ့
အိမ်မှာပဲတစ်သက်လုံး နေတော့မယ်
ဆိုပြီးစကားတွေလွန်ပြီးကာမှ။ဝန်းနဲ့
အဆင်ပြေသွားတဲ့အချိန် ကျွန်တော့်အိမ်
ကိုပြန်တော့မယ်ဆိုပြီးအသိပေးလိုက်
တဲ့အချိန် အဖေကမကြားချင်ယောင်
ဆောင်နေပြီး အမေက သက်ပြင်းတွေ
ချနေရုံမှလွဲ များများစားစားတော့ မတားမြစ်ခဲ့။
"ပြသနာတစ်ခုခုရှိလို့လား အဲ့ကလေး
နဲ့နင် အခုထိအဆင်မပြေကြသေးဘူး
လား စစ်ကြောင်း"
အစ်မဖြစ်သူက သိချင်နေတယ်ဆိုတာ
ထက် စိုးရိမ်ပေးနေတဲ့မျက်နှာပါ။
ဝန်းနဲ့ချစ်သူတွေ စဖြစ်တဲ့ အချိန်
အပြင်မှာ အစ်ကိုဝမ်းကွဲဖြစ်သူနဲ့
ဆုံတဲ့အချိန် မရမကအစ်ပြီးမေးလို့
ကိုယ့်မှာအတည်တကျ တွဲနေတဲ့သူရှိ
နေပြီလို့ပြောပြခဲ့တယ်။ကောင်လေး
တစ်ယောက်ဆိုတာရောပေါ့။
အဲ့ဒီနောက်ပိုင်း အမေသိသွားတာ
ကနေပြတ်သွားတဲ့အထိပါ သူတို့က
သိပြီး ကိုယ်နဲ့ဝန်းအကြောင်းကို
အရင်ထဲက သိနေကြတဲ့သူတွေပါပဲ။
"ကျွန်တော်နဲ့က အဆင်ပြေပေမဲ့
ပြဿနာ ကတော့ ရှိတယ်လို့ပြောရမှာ
ပဲ။နေမကောင်းဖြစ်နေတာတောင်
ဆေးခန်းသွားဖို့ အပြင်ထွက်ရမှာကို
ကြောက်နေပြီး ဒီရက်ပိုင်း အခန်းထဲ
မှာပဲအောင်းနေတာ။ဘယ်မှခေါ်သွားလို့
မရဘူးဖြစ်နေတယ် အခုဆေးခန်း
လာဖို့တောင် မနဲခေါ်ခဲ့ရတာ"
ဆေးစာရေးပေးနေရင်း နဲ့အစ်မ
ဖြစ်သူက ကိုယ့်ကိုပြန်ကြည့်လာသည်။
"ဘယ်လိုဖြစ်လို့လဲ ငါ့ကိုအသေးစိတ်
ပြောပြကြည့် "
" ဒီလိုပါပဲ အခုတစ်လောသူ့ဆီမှာ
အပြင်ကရောသူ့အိမ်နဲ့ရော စိတ်ညစ်
စရာကိစ္စလေးတွေရှိနေတယ်။ နဂို
တည်းကတွေးတတ်တဲ့သူဆိုတော့။
ဒါပေမဲ့အခုက ကျွန်တော့်အိမ်မှာလာ
နေနေပေမဲ့ ဘယ်သူနဲ့မှမတွေ့ချင်ဘူး
ဆိုပြီး အိမ်မှာနေပြီးအခန်းထဲပဲအောင်း
နေတာ။အရမ်းရင်းနှီးတဲ့ သူ့ကိုလာ
တွေ့တဲ့သူငယ်ချင်းတွေကိုတောင်မှ
မတွေ့ချင်ဘူး မလာခိုင်းနဲ့ဆိုပြီး ဖြစ်
နေတယ်"
"ရင်းနှီးတဲ့ သူငယ်ချင်းတွေကိုတောင်
မှလား"
"ဟုတ်တယ် "
" နင့်ကိုရော"
"ကျွန်တော်ကလွဲပြီး ဘယ်သူနဲ့မှ
မတွေ့ချင်ဘူးတဲ့"
ကိုယ်ပြောသမျှကို ဂရုတစိုက်
နားထောင်ပေးနေတဲ့ အစ်မဖြစ်သူက
ခေါင်းတငြိမ့်ငြိမ့်နဲ့ပင် ။
ဒီအတိုင်း လူနာအကြောင်းသိ
ချင်လို့ မေးနေတယ်ထင်သော်လည်း
အစ်မက ဆေးစာရေးပေးပြီးတာနဲ့
စာအုပ်ကိုပိတ်လိုက်ပြီး မဆိုင်းမတွနဲ့ ချက်ချင်းပင်။
"ငါလည်း စကားအသေအချာမပြော
လိုက်ရတော့ အတိအကျတော့ပြော
ရခက်တယ်"
"ဘာကိုလဲ"
"နင့်ကောင်လေးက စိတ်ညစ်စရာတွေ
များနေတယ်ထင်တယ်နော် စစ်ကြောင်း"
"အင်း အဲ့ဒီလိုပဲပြောရမှာပေါ့"
" ဒီအရွယ်လေးတွေ ကဖြစ်တော့ဖြစ်
တတ်ပေမယ့် အဲ့ဒီလိုမျိုး စိတ်ညစ်တိုင်း ဆေးတောင်မသောက် ကိုယ့်ကိုယ်ကို
တောင်ဂရုမစိုက်။အခန်းထဲအောင်းပြီး
ဘယ်သူနဲ့မှမတွေ့ချင်တာမျိုးဆိုရင်
တော့ သိပ်မကောင်းဘူး။နေမကောင်း
ဖြစ်နေတာတောင် မဆင်ခြင်ပဲဘီယာ
သောက်တဲ့အထိဆိုတော့"
အစ်မက ကိုယ့်ကိုကြည့်နေလျက်ပင်။
"ဘယ်သူနဲ့မှ မတွေ့ချင် ဘယ်မှမသွား
ချင်ဘူးဖြစ်နေတာက သူတစ်ယောက်
ထဲနေချင်လို့ ဒါမှမဟုတ် ဘာမှလုပ်
ချင်ကိုင်ချင်စိတ်မရှိ ဘယ်သူနဲ့မှ စကား
ပြောချင်စိတ်မရှိတဲ့အထိ ဖြစ်နေလို့ပေါ့။
ဒါပေမယ့် "
ဆရာဝန်ပီသစွာပင်ကိုယ်တို့အရေးက
သူ့အရေးလိုပဲ ဂရုတစိုက်ရှင်းပြတဲ့
အစ်မ။
ကိုယ့်ကိုကြည့်နေလျက် ပြောနေရာ
ကနေရပ်လိုက်တော့။
" ဒါပေမဲ့ဘာဖြစ်လဲ အစ်မ "
" ဒီလိုအချိန်မှာ နင့်ဆီမှာလာနေနေပြီး
နင့်တယောက်ထဲကိုပဲတွေ့ချင်တယ်လို့
ပြောနေတယ်ဆိုရင်တော့ စစ်ကြောင်း
နင်ကံကောင်းသွားပြီ။နင်ကသူ့မသိစိတ်
ကနေရော အသိစိတ်ကနေရော ယုံကြည်အားကိုးရတဲ့တစ်ယောက်ထဲသော
သူဖြစ်လို့ပဲ"
အစ်မက အပြုံးလေးနဲ့ပြောလိုက်
ပေမယ့်ကိုယ်ကတော့ နားထောင်နေရင်း
ငြိမ်သက်နေရဆဲ။
"စိတ်အတက်အကျမြန်ပြီး လုပ်ချင်
ရာလုပ်တတ်တယ် ဆိုရင်
တော့ သူ စိတ်ညစ်တဲ့အချိန်တွေဆို
တစ်ယောက်ထဲ မလွှတ်ထားတာ
အကောင်းဆုံးပဲ။စိတ်ညစ်စရာတွေ
ပေးမတွေးနဲ့ တယောက်ထဲပေးမနေ
နဲ့။နင့်ကောင်လေးက စိတ်ကျနေ
တာတောင် ဖြစ်ရင်ချင်ဖြစ်နိုင်တယ်"
"ဘာ"
"စိတ်ညစ်စရာတွေများခဲ့တဲ့ပုံပဲ နင်က
ဂရုစိုက်ပေးလိုက်ပေါ့ ဒါလဲ ငါပြော
စရာတောင်လိုမယ်လို့ မထင်ပါဘူးလေ"
အစ်မက ပြုံးနေလျက်ပင်။
" ဒါမှမဟုတ် energyတွေအပြည့်နဲ့
အန်တီခက်နဲ့ပေးတွေ့လိုက်ပါလား
နင့်ကောင်လေး လူရောစိတ်ပါ တစ်ခါ
တည်းကောင်းသွားစေရမယ်။ဒီ
သားလေး တယောက်တည်းရှိတာ
သူ့သားချစ်တဲ့သူကို အန်တီကမချစ်
ပဲနဲ့မနေပါဘူး။နင့်အမေကချွဲတတ်ရင်
ရပါတယ်"
"ကျွန်တော် သွားတော့မယ်"
အပြင်မှာရှိနေတဲ့ကောင်လေးကို
တွေ့ချင်နေလှပြီမို့အလျင်အမြန်ပင်
ထရပ်လိုက်ချိန်။
" ငါ့မတ်ရဲ့ မျက်နှာကိုကြည့်အုံး နင့်
အမေပြောတုန်းကတောင် ငါမယုံဘူး"
" ကျေးဇူးပဲအစ်မ ဆေးခန်းမပိတ်ပဲ
စောင့်နေပေးတာကိုရော"
" ရပါတယ်ဟယ် ငါ့မောင်တွေပဲ
သွားတော့ နင့်ကလေးစောင့်နေအုံးမယ်"
စနေတဲ့ အစ်မဖြစ်သူကို ဘာမှပြန်မပြော
နိုင်တော့ပဲ အမြန်ပင်စကားဖြတ်
ပြီး နှုတ်ဆက်ခဲ့ရသည်။
------------
ဆရာဝန်အခန်းကနေ ပြန်ထွက်လာ
တော့ လူနာတွေ ထိုင်တဲ့ ခုံလေးမှာ
ငြိမ်ငြိမ်လေးထိုင်နေတဲ့ကောင်လေး။
လမ်းမဘက်ကို ငေးကြည့်နေတဲ့
ကောင်လေးကိုမြင်ရတာ စိတ်ထဲမှာ
ဘယ်လိုမှမသက်သာ။
ပြန်တွဲကြတဲ့အချိန်ထဲက ကိုယ့်မျက်နှာ
ကိုတစ်ကြည့်ကြည့် အသေးအဖွဲက
အစဂရုစိုက်ပေး သူ့ဘေးကိုယ်ပြန်လာ
တဲ့အချိန်ပျော်နေတဲ့ပုံစံတွေပဲပြခဲ့
တာမို့လို့။
လူကြီးလေး ဖြစ်လာခဲ့ပေမဲ့လည်း
စိတ်ကလေး ကငယ်တတ်တုန်းပဲ။
ကိုယ့်ကိုမြင်တာနဲ့ အမြန်ပင်မတ်တပ်
ရပ်လိုက်တော့ ယိုင်မလိုဖြစ်သွား
တဲ့ကိုယ်လေး။
မသောက်နိုင်ပဲနဲ့ဘာဖြစ်လို့သောက်ရ
တာလဲ။
"ကိုကို"
သူ့အနားလျှောက်လာတော့ ဖြစ်နေတဲ့မျက်နှာငယ်လေးက။
ကိုယ့်မျက်နှာပျက်မှာ သူ့ကိုကိုယ်
စိတ်ဆိုးမှာကိုတော့ တအားကြောက်
တတ်တယ်။
" အိမ်ပြန်ကြရအောင်"
ဆေးယူပြီးတော့
အနားမှာရှိနေတဲ့ ဆေးခန်းကအကူ
ကောင်မလေးနှစ်ယောက်ရဲ့ စူးစမ်းနေ
တဲ့အကြည့်တွေကို မြင်လိုက်ရပေမယ့်
သူ့ကိုယ်ကိုထိန်းကိုင်ပေးထားသည့်
ကိုယ့်လက်တွေကိုတော့ မရုန်းဖယ်ခဲ့။
တစ်ကယ်ပဲ ဒီကောင်လေးက
ကိုယ့်အတွက်အများကြီးပြောင်းလဲ
ပေးခဲ့တယ် ။
--------------------------
အိမ်ရှေ့မှာ ကားရပ်လိုက်ပြီးနောက်
ဘေးမှာမျက်လုံးတွေမှိတ်ပြီးမှိန်း
ရင်းပါလာတဲ့ ကောင်လေးက
လှုပ်လှုပ်ရှားရှားဖြစ်လာသည်။
ကားမောင်းလာခဲ့တဲ့ တစ်လမ်းလုံး
ကိုယ် စကားမပြောတော့လည်း သူ့
ဘက်ကနေ အရင်မပြောရဲရှာဘူး။
ကားပေါ်ကနေ နှစ်ယောက်လုံး ဆင်း
အပြီး ကိုယ်ကအိမ်တံခါးဖွင့်ပေးလိုက်
ပါသော်လည်း ကားအနားမှာပဲ
ဒီအတိုင်းနေတာမို့ လက်လျှော့လိုက်
ရသည်ကတော့ ကိုယ်ကိုတိုင်ပါပဲ။
" ဘာရပ်လုပ်နေတာလဲ အိမ်ထဲဝင်"
လေသံအေးအေးနဲ့ပဲ ပြောလိုက်တာ
တောင်မှ သူကပဲခံစားသွားရသလို။
အဲဒီမျက်နှာငယ်က ဘယ်လိုစကားနဲ့မှ
မဆူရက်နိုင်အောင်။
သူလုပ်ထားတာကိုတော့ သူသိသည်။
" ကိုကို ပေးဝင်ချင်ရဲ့လားမှမသိတာ"
နှစ်စိတ်လောက်သောက်ပြီး စရစ်တော့
မယ်ဆိုတာဒါမျိုး။
" အဲဒီမှာဒီအတိုင်း ရပ်မနေနဲ့
အေးတယ်မြန်မြန်လာ"
"စိတ်ရင်းနဲ့ခေါ်တာလား"
ရစ်နေတဲ့ ကောင်လေးကို စိတ်ကမရှည်
တော့မလို့ အနားသွားပြီးဝန်းကို ပွေ့ချီ
လိုက်ရတော့သည်။
အဲဒီတော့လည်း ကိုယ်ကိုပြန်ပြီး
တွယ်ဖက်ထား လိုက်တာများမလွတ်စတမ်း။ ဘာမှမဟုတ်ဘူး။
မူးနေတော့ အကျင့်က ပေါ်လာပြီ။
အချီခံချင်နေတာ။
" ကိုကို"
ဧည့်ခန်းကိုရောက်တော့ ဆိုဖာပေါ်ချပေးလိုက်ပြီး သွားမယ်လုပ်တော့
ကိုယ်လက့်တဖက်ကို အတင်းပြန်ဆွဲ
ထားသည်။
" ခဏလွှတ်အုံး"
"မလွှတ်ဘူး"
မလွှတ်ပေးဘူးသာ ပြောနေတယ်
လက်ကိုအတင်းပြန်ဆွဲထားပေမယ့်
ခေါင်းက သေချာတောင် မထောင်နိုင်။
မူးလွယ်လို့ သောက်ရတာကို ကြိုက်
တတ်တဲ့ကောင်လေး မဟုတ်ဘူး။
နေမကောင်းဖြစ်နေတဲ့အချိန်မှာ ဘီယာ
တွေယူသောက်ရလောက်အောင်
အထိ။တစ်ကယ်ပဲ။ ဒေါသထွက်ချင်ရင်တောင် ထွက်လို့မရနဲ့။အခုချိန်
ခံစားချက်က ။
" ဗိုက်ထဲမှာအစာရှိအောင် တစ်ခုခု
အရင်စားထားလိုက် မုန့် သွား
ယူပေးမလို့ ခဏလွှတ်"
"မလွှတ်ဘူး ကျွန်တော့်ကို စိတ်ဆိုး
နေတာမလား"
"ကိုယ်က ဘာလို့စိတ်ဆိုးရမှာလဲ"
"ကိုကို စိတ် ဆိုးနေပါတယ်။ဘယ်မှ
မသွားနဲ့ ကျွန်တော့် အနားမှာပဲနေ"
သူ့ကိုယ့်သူတောင် ခေါင်းထောင်ဖို့
အနိုင်နိုင်ဖြစ်နေတာ ကိုယ့်လက်ကို
ဆွဲထားတာကတော့ တင်းကျပ်လို့။
ဆုလာဘ်ဝန်းတို့ စရစ်နေပြီလေ။
ဘာမှသွားမယူတော့ပဲ သူ့ဘေးနား
ဆိုဖာပေါ်ထိုင်ချလိုက်တော့ ချက်ချင်း
ပင် ကိုယ့်အပေါ်တက်ထိုင်ပြီး လည်ပင်း
ကိုတွယ်ဖက်လာသည်။
ငိုက်ကျနေတဲ့ခေါင်းက ကိုယ့်ပုခုံးပေါ်
မှာအဆင်သင့်နေရာယူလို့။
ကလေး သောက်သောက်ပြီးရင် လူကြီး
မူး မူးတတ်တာက လည်းသူပဲ။
နီးကပ်နေတဲ့ ဝင်သက်ထွက်သက်မှာ
ဘာမှမစဉ်းစားပဲ လုပ်ချင်ရာလုပ်နေ
သည့် ကောင်လေးကို ဒေါသကလည်း
မထွက်ရက်နဲ့ စိတ်တွေကလည်း ပူပင်
နေရတာမို့လို့။
" အဖျားတက်နေတဲ့အချိန် အရက်
သောက်ရမယ်လို့ မင်းကိုဘယ်သူသင်
ပေးထားလဲ။ကိုယ်သင်ပေးထားလား"
" အရက်မဟုတ်ပါဘူး ဘီယာ"
တကယ်။ မလွယ်ပါဘူးဆို။
"ကိုကို မ မသင်ပေးထားပါဘူး"
"အဲ့တာဆို ဘာဖြစ်လို့သောက်တာလဲ"
"ကျွန်တော် သ သတိမေ့ပြီးသောက်မိ
သွားတာ နည်းနည်းလောက် ပါပဲ"
"မင်း အသက်ဘယ်လောက်ရှိနေပြီလဲ
အခုချိန်အထိ ကိုယ်လုပ်ချင်ရာကို
မစဥ်းစားမဆင်ခြင်ပဲ ဇွတ်လုပ်နေ
တုန်းပဲ ။စိတ်ညစ်တိုင်း အရက်သောက်
ရအောင် လုပ်သင့်မလုပ်သင့် မစဉ်းစားတတ်တော့ဘူးလား "
ချက်ချင်းပင် ကြိုးစားပမ်းစား
ခေါင်းထောင်လာကာ မိုးပြိုတော့
မယ့်မျက်နှာငယ်။
ကလေးကို မဆူချင်ပေမယ့်လည်း
လုပ်ချင်တာတွေလုပ်ထား ပြီးရင်
မျက်နှာငယ်နဲ့ ပြန်တောင်းပန်တတ်တဲ့
ပုံစံလေးတွေကို လွမ်းသွားရပေမယ့်လည်း။
"ကျ ကျွန်တော် "
မျက်နှာငယ်နေသည့် ပုံစံလေးက
ပင်။
"ကိုကိုမကြိုက်ရင် နောက်ဘယ်တော့
မှမလုပ်တော့ပါဘူး စိတ်မဆိုးပါနဲ့"
"ကိုယ် စိတ်ဆိုးနေတာမဟုတ်ဘူး။
မင်းတစ်ခုခုဖြစ်သွားမှာကို စိုးရိမ်လို့
ပြောနေတာ"
" စိတ်မဆိုးဘူးဆိုရင်ဘာလို့ ကြောက်
စရာကောင်းအောင် မျက်နှာကြီးတည်
ထားရတာလဲ။ကျွန်တော့် ကိုကြည့်ပါဦး"
မျက်နှာလွှဲလိုက်သည်ကိုလည်း ကိုယ့်
အပေါ်မှာငြိမ်ငြိမ်မနေပဲနဲ့ သူ့ကိုအ
တင်းပြန်ကြည့်ခိုင်းနေပြီး။
"ကိုကို့ "
မူးလာရင်ချွဲတတ်တယ်။နေမကောင်း
ဖြစ်နေရင်ချွဲတတ်တယ်။ အခုကနှစ်ခု
လုံးဖြစ်နေတော့ ဘယ်လိုပုံစံလေး
တောင် ဖြစ်နေမလဲဆိုတာ ။
"ကိုကို....ကိုကိုလို့ ကျွန်တော့်ကို
ကြည့်ပါဦး ကျွန်တော့် မျက်နှာကို
တောင်မမြင်ချင်တော့ဘူးလား စိတ်
ပျက်သွားပြီလား "
ကြိုက်မှန်းသိလို့ မနားတမ်းကို
ခေါ်နေတော့တာပဲ။
မျက်နှာငယ်မှာ မျက်ရည်တွေအိုင်ထွန်း
လာတာကို မြင်လိုက်ရသူအဖို့ ဂရုဏာ
သက်ချင်စရာပင် ဖြစ်သွားနိုင်သည်။
"ကိုကိုမကြိုက်တာ နောက်ဘယ်တော့မှမလုပ်တော့ပါဘူး ကျွန်တော် မှားပါတယ် ကျွန်တော် မှားတာမို့လို့"
မျက်ရည်တွေဝဲလျက် ကိုယ့်ပခုံးပေါ်
မျက်နှာဖွက်ပြီး ခေါင်းမှီချလိုက်ချိန်။
" မငိုရဘူးလေကလေးက ဘာလို့ငိုတာလဲ"
အသံမထွက်အောင်ကို ရှိုက်ပြီး
တော့ငိုနေတာမို့ ရင်ဘတ်ထဲနင့်ခနဲပင်။
ဝမ်းနည်းနေတဲ့ကလေးကို ခပ်တင်း
တင်းပြန်ဖက်လျက် ကျောပြင်ကို
ပွတ်သပ်ပေးနေသော်လည်း ရင်ခွင်
ထဲမှာရှိုက်ငိုနေသည့် ကောင်လေးက
မရပ်တန့်နိုင်တော့အောင်ပင် ။
ငိုချင်တာတွေ ဘယ်လောက်တောင်မှ
စုထားတာလဲ။
"ကိုယ် စိတ်မဆိုးဘူး ဆူလည်းမဆူ
တော့ဘူး မငိုနဲ့ တိတ်။မင်းကိုစိတ်ပူလို့
ပြောတာ နေမကောင်းတဲ့ချိန် ငိုနေရင်
ပိုဆိုးမှာပေါ့။အဲ့ဒီလောက် ထိ
ဝမ်းနည်းတကြီး မငိုရဘူးလေ"
ရင်ခွင်ထဲကကောင်လေးကို မချီထားရုံ
တမယ် သိမ်းကြုံးကာဖက်ရင်း စိတ်
ထဲမှာဘယ်လိုမှမခံစားနိုင်။
သူမကြိုက်ပဲနဲ့တောင် စိတ်ညစ်နေလို့ သောက်လိုက်မှန်းသိလျက်နဲ့ ကလေး
ကိုဆူလိုက်မိတယ်။
" ဝမ်းနည်းသွားတာလား ကလေးက
နောက်တစ်ခါ ကိုယ်မဆူတော့ဘူး။
ကိုယ်မှားတယ် "
ဆံပင်တွေကို ပွတ်သပ်ရင်း နီးကပ်နေ
တဲ့ နှဖူးပြင်ကို ငုံ့နမ်းကာချော့မြူနေသည့်တိုင်အောင် အငိုမရပ်နိုင်ဆဲပင်။
ကိုယ့် အင်္ကျီရဲ့ ပုခုံးနားတစ်ဝိုက်မှာတော့ မျက်ရေတွေနဲ့စိုစွတ်ခဲ့ပြီ။
"ကိုကိုသိလား ကျွန်တော့်ကိုယ်
ကျွန်တော်အရမ်းမုန်းတယ်"
ငိုသံစွက်နေသည့် ရင်ခွင်ထဲက
အသံတိုးတိုး။
" အခုချိန်ထိ ခင်ဗျားကို သူငယ်ချင်း
တွေကြားမှာ မျက်နှာငယ်အောင်လုပ်ပြီး ဒုက္ခတွေလိုက်ပေးနေတုန်းပဲ"
" အဲဒီလို မတွေးရဘူးလေ"
မျက်နှာမြင်မှရမည့်အ ခြေအနေမှာ
အလျင်အမြန်ပင် ရင်ခွင်ထဲကနေ
ထုတ်ရတော့သည်။
" ခင်ဗျားသိရဲ့လား ခင်ဗျားဘေးမှာ
ကျွန်တော် ဘယ်လောက်တောင်မှ
နေ့စဉ်နေ့တိုင်း ကိုယ့်ကိုယ်ကိုအပြစ်
ရှိတယ်ဆိုတဲ့စိတ်နဲ့ပဲ နေနေရလည်း
ဆိုတာ"
ထပ်ခါငို နေသည့်ကြားမှပင်။
" ကိုကိုပြန်လာရင် ကျွန်တော့်
အမှားတွေအတွက်ကိုကို ခွင့်မလွှတ်
မချင်းတောင်းပန်ပြီးကျွန်တော့်ကို
ပြန်လက်ခံလာအောင် မရရအောင်
လုပ်မယ်လို့ပဲ တွေးနေခဲ့တာ။တကယ်
လည်းကိုကိုက ကျွန်တော့်ကို အပြစ်
တောင်မဆိုပဲ ပြန်လက်ခံခဲ့ပေမယ့် တကယ်တမ်းကျတော့ ကျွန်တော်
အပြည့်အဝမပျော်နိုင်ဘူး"
"ဝန်း"
" အပြစ်ရှိတဲ့သူက သူ့အပြစ်ကိုဖုံးနိုင်
ခဲ့ပေမဲ့ စိတ်ထဲမှာတော့ သူ့ကိုယ်သူ
သိနေတော့ အေးအေးချမ်းချမ်း
မနေနိုင်ဘူးထင်တယ်။ခင်ဗျားက
ကျွန်တော့် အပေါ် အရင်ကအတိုင်း
ကောင်းပေးနေလေ ဂရုစိုက်မှုတွေ
ပေးနေလေ ကိုယ့်ကိုယ်ကိုမုန်းမိလေ
အခုကျွန်တော်ရနေတဲ့ ပျော်ရွှင်
မှုတွေကကျွန်တော်နဲ့ မထိုက်တန်ဘူးလို့ ခံစားရ လေပဲ။ ခင်ဗျားနဲ့ ကျွန်တော်
မတန်သလိုမျိုးပဲ ခံစားနေရတယ်"
မျက်ရည်တွေစီးကျနေတဲ့ ပါးပြင်ကို
တစ်ဖွဖွသုတ်ပေးတော့ ငြိမ်သက်နေ
ရင်းပင်ခေါင်းကိုထပ်ခါ ခါပြသည်။
"သိလား ကိုကိုကကျွန်တော့်ကို
အပြစ်မယူခဲ့ပေမယ့် ဝဋ်ဆိုတာကြီးက
ကျွန်တော့်ကို အပြစ်ပေးနေခဲ့
တယ်ထင်တယ်"
ကိုယ့်ကလေးရယ် လို့သာစိတ်ထဲကနေ
ရေရွတ်မိတော့တယ်။
မျက်ရည်တွေစီးကျနေရင်း ဖွင့်ဟနေတဲ့ ကောင်လေးကိုမြင်ရတာ ရင်ထဲမှာမသက်သာ။
ဒီစကားတွေကိုဘယ်လောက်တောင်မှ
ပြောချင်နေခဲ့တာလဲ။
" ဒါပေမယ့်လည်း အဲဒီလိုမျိုးတွေ
ခံစားနေရတာတောင်မှ ကိုကို့ကို လက်
မလွှတ်ပေးနိုင်ဘူး။ကျွန်တော်က
ကိုကိုနဲ့မတန်ဘူးဆိုတာ ကိုယ့်ကိုကိုယ်
သိပေမယ့် ကျွန်တော့် ထက်သာတဲ့သူ
တွေ ခင်ဗျားဘေးမှာအများကြီးရှိပေမယ့် ဘယ်သူ့လက်ထဲမှမထည့်ပေးနိုင်ဘူး။အတိတ်မှာ ကျွန်တော်တစ်ယောက်ထဲ
ကိုပဲ ကိုကိုချစ်ခဲ့သလိုမျိုး လက်ရှိ
အချိန်မှာလည်းကိုကို့ အချစ်တွေကို
ရတဲ့သူကကျွန်တော်တစ်ယောက်ထဲပဲ
ဖြစ်ချင်တယ်။ အဲဒါကြောင့်ကျွန်တော့်
ကိုယ်ကျွန်တော် အပြစ်ရှိတဲ့စိတ်နဲ့ပဲ
ခင်ဗျား ဘေးနားမှာတစ်သက်လုံး
တွယ်ကပ်ပြီး နေသွားမယ်"
" ကိုယ့်ဘေးမှာ တစ်သက်လုံး နေ
သွားရမှာအသေအချာပေမယ့် အဲဒီလို
စိတ်မျိုးနဲ့တော့ မနေရဘူး။မဟုတ်ဘူး
နေကိုမနေရဘူး"
"ကိုကို"
" အရင်ကအကြောင်းတွေ ပြန်စဉ်းစား
ပြီး ဝမ်းနည်းမနေနဲ့တော့ ကိုယ်လည်း
မှန်ခဲ့တဲ့သူ မဟုတ်ဘူးလို့ ပြောခဲ့ပြီးပြီ
လေ။ ကိုယ့်ကိုကိုယ်အပြစ်ရှိတယ်ဆို
တဲ့စိတ်နဲ့ ကိုယ့်ဘေးမှာနေစရာ
ဘာအကြောင်းမှမရှိဘူး"
ဝမ်းနည်းနေတဲ့ကလေးကို
မျက်ရည်တွေ သုတ်ပေးနေရင်း
ပါးပြင်နှစ်ဖက်ကိုထိကိုင်ကာ
အကြည့်ချင်းဆုံစေရသည်။
"မင်းကိုယ့်ကို ပြန်ချစ်ပေးတာနဲ့တင်
အဲ့ဒီအပြစ်တွေက ကြေနေပြီ"
ငြိမ်သက်စွာသာနားထောင်ပြီး
ကိုယ့်မျက်နှာကို ငေးရင်း
ကိုယ်သုတ်ပေး၍ပင် မခင်တော့အောင်
မျက်ရည်တွေက ပိုတိုး၍ကျဆင်း
လာတော့သည်။
" တစ်ကယ်ပဲ ကိုယ့်အတွက် စိတ်
မကောင်းဖြစ်နေရတယ်ဆိုရင် အရင်ကအကြောင်းတွေပြန်မတွေးပဲနဲ့ လက်ရှိ
အချိန်ကိုပဲစဥ်းစားပြီး ကိုယ့်ကိုပိုပြီး
တော့ချစ်နေပေးလေ။မင်းဆီက အပြစ်
တွေပေးဆပ်နေတာကို ကိုယ်လိုချင်တာမဟုတ်ဘူး ကိုယ်ကဆုလာဘ်ဝန်းဆီက အချစ်ခံချင်တာ"
ငြိမ်သက်နေဆဲဖြစ်သည့် ကောင်လေး။
"ကိုယ်ပြောတာ ကြားလား ဝန်း"
"ကိုကို့"
ရင်ခွင်ထဲကို ပြန်လည်တိုးဝင်လာ
ပြီး ကိုယ့်လည်ပင်းကိုတွယ်ဖက်လျက်
အတားအဆီးမရှိငိုပါတော့တယ်။
သူ့ခံစားချက်တွေကို သိလိုက်ရတာ
မို့လို့ ဝမ်းနည်းနေတဲ့ ကလေးကို
မငိုပါနဲ့လို့လည်း ပြောမထွက်တော့ဘူး။
" ငိုတာ ရပ်လို့မရတော့ဘူး"
" ဘာမှမဖြစ်ဘူး ငိုချင်ရင်ငိုချလိုက်"
"ကျ ကျွန်တော် အဖျားပျောက်သွားတဲ့
အခါကျရင် ရည်မွန်ကိုသွားကြည့်မယ်
နော် ကိုကို"
ငိုသံစွက်နေတဲ့ ရင်ခွင်ထဲကအသံတိုးတိုးလေးကြောင့်ကိုယ်သေးသေးလေးကို ပို၍တိုးဖက်လျက်
နီးကပ်နေတဲ့ နှဖူးပြင်ကို
ထပ်ခါအနမ်းပေးရသည်။
"လိမ္မာတယ် ကလေးက"
" ကျွန်တော့်ကြောင့်နဲ့ ခင်ဗျား
သူငယ်ချင်းတွေကြားမှာ စိတ်ညစ်
ရပြီ"
" ဘာလို့ စိတ်ညစ်ရမှာလဲကိုယ်က
ဘာမှစိတ်မညစ်ဘူး မဟုတ်တာတွေ
လိုက်တွေးမနေနဲ့လို့ အခုပဲပြောထား
တယ်လေ"
သူ့ သူငယ်ချင်းကိုတွေ့ဖြစ်အောင်
တော့ သွားတွေ့ခိုင်းရမှာပဲ။
အဲဒါမှ ဒီကောင်လေး သူ့ကိုယ်သူ
အပြစ်ရှိတယ်ဆိုတဲ့စိတ်တွေ လျော့သွားမှာ။
အသံတိတ်သွားတဲ့ ကလေးက ကိုယ့်
ရင်ခွင်ထဲမှာ ထွက်မလာတော့ဘဲ
ငြိမ်သက်လို့။
ဝဏ္ဏက သူ့ကိုတွေ့တာနဲ့အော်မှာ ဆိုတဲ့
စကားကို အမှတ်မထားမိလိုက်ဘူး။
သူ့မွေးနေ့တုန်းက ဒီကောင်တွေပြော
ထားတွေကို ကိုယ့်ရှေ့မှာ ဘာမှ
မဖြစ်ဘူးလို့ပြောပြီး တစ်ယောက်ထဲ
ဝမ်းနည်းနေခဲ့ရမှာပဲ။
ကိုယ့်ကိုအဝေးနှင်ထုတ်ခဲ့ရင်လည်း
စိတ်ချမ်းချမ်းသာသာနဲ့နေခဲ့မှပေါ့။
ကျောင်းကိုသူ့လုပ်အားနဲ့သူဆက်တက်
အိမ်နဲ့ညီလေးကိုပါကြည့်ခဲ့ရတာ
လွယ်ကူခဲ့မှာတော့မဟုတ်ဘူး။
စိတ်ပင်ပန်းလူပင်ပန်းတွေ ဖြစ်ခဲ့ရမှာပဲ။
------------
" ကျွန်တော် ဆေးမသောက်ချင်ဘူး"
ကုတင်ပေါ်မှာမှီပြီးထိုင်နေတဲ့သူလက်
ထဲ ညဘက်သောက်ရမည့် ဆေးတွေ
ထည့်ပေးလိုက်ပြီး
ရေခွက်ကိုကိုင်ကာ သူ့ဘေးနားဝင်
ထိုင်လိုက်တော့ တခါတည်းတန်းငြင်းသည်၊။
" မသောက်လို့မရဘူးလေ ဝန်း
ဆေးသောက်မှ အဖျားကျမှာပေါ့ "
အောက်ထပ်မှာထဲက ငိုလို့ဝတော့
ဗိုက်ထဲမှာအစာရှိဖို့နွားနို့နဲ့မုန့်ကိုကျွေး
နေတာကို မစားချင်ဘူးဆိုပြီး အတင်းရုန်းကန်နေတာ။
" ဆေးတွေကအများကြီး အဲဒါကြောင့်ဆေးခန်းမပြချင်တာ ရောဂါတစ်မျိုး
ပြောရင် ဆေးတစ်လုံးထပ်တိုးတယ်။
အဖျားပျောက်ဆေးပဲ ရွေးသောက်လိုက်မယ်လေနော်"
" မရဘူး အဲဒါဆိုဘာလုပ်ဖို့ ဆေးခန်း
ကိုခေါ်သွားမှာလဲ။ ဆရာဝန်သောက်
ခိုင်းတာအကုန်လုံးသောက်ရမယ်"
"ကိုကို"
မျက်နှာကိုအဆုံးထိ ငယ်ချထားပြီး
လက်နက်တွေထုတ်သုံးပါပြီ။
"မရဘူး"
"ကိုကို လို့"
အမူးမပြေသေးတော့ရစ်ချင်နေတဲ့
အခံလေးကရှိနေတုန်း ဆိုတော့လည်း။
အနားတိုးကပ်ကာသွားပြီး ချော့ရသည်။
" လိမ္မာတယ် အကုန်လုံးသောက်လိုက်။
ပြောတော့ ကိုယ့်စကားနားထောင်မယ်ဆို"
"အများကြီးပဲ ဆေးတွေကခါးပါတယ်ဆို"
" အဲ့တာဆို ဆေးသောက်ပြီးရင် ချိုတာကျွေးမယ် အခုသောက်လိုက် "
" မသောက်ချင်ပါဘူးဆိုနေမှ"
သူငြင်းလို့မရတော့ မျက်နှာလေးကချက်ချင်းဆူပုတ်သယောင်နဲ့ ကိုယ့်ကို
ကြည့်တဲ့အကြည့်က။
သူ့လက်ထဲက ဆေးတွေကိုငုံ့ကြည့်ပြီး နောက်ဆုံးမတတ်နိုင်တော့လဲ စကားနားထောင်တဲ့ကလေးက ကိုယ်ကမ်းပေးလိုက်တဲ့ ရေခွက်ကိုယူပြီး ဆေးတွေအကုန်သောက်ချလိုက်တယ်။
မျက်နှာလေးကတော့ အသည်းယားဖို့ကောင်းလောက်အောင် ရှုံ့မဲ့မဲ့။
" အကုန်လုံးသောက်လိုက်ပြီနော်
ခါးတယ် ဘယ်မှာလဲ ချိုချဥ်"
ဝမ်းနည်းတကြီးငိုထားတော့ မျက်နှာ
လေးက ရဲတက်ပြီးပါးနှစ်ဖက်ကပိုလို့
ပင်ဖောင်းနေသည်။
ဒီအချိန်ကို စောင့်နေတာ ကြာလှပြီ။
လက်ဖြန့်ပြီးတောင်းနေတဲ့ ဝန်းရဲ့
အနားပို၍တိုးကပ်ကာ ခေါင်းကိုထိန်း
ကိုင်ပြီး နှုတ်ခမ်းတွေကိုထိတွေ့စေ
လိုက်တော့
ကလေးကကြောင်ပြီး တစ်ချက်ရုန်း
လိုက်ပေမဲ့လည်း ခဏပါပဲ။ကိုယ်ပေး
တဲ့အနမ်းတွေနောက်လိုက်ပါရင်း သူ
တတ်သလောက်ပြန်လည်တုံ့ပြန်ရင်း
ပိုပြီးတော့ နက်ရှိုင်းစွာနမ်းလေ ထပ်ပြီးလိုချင်လေ။ ဒီနှုတ်ခမ်းလေးကို
ထိတွေ့မိတဲ့အခါတိုင်း ဘယ်တော့မှ
တင်းတိမ်တယ်ဆိုတာမရှိ မက်မော
လွန်းစွာ။
ချစ်ဖို့ကောင်းလွန်းလို့ အသည်းယား
လွန်းလို့ အနမ်းပေးချင်နေတာ အောက်
ထပ်မှာထဲက။
ကိုယ်စိတ်ကျေနပ်တဲ့အထိ နမ်းပြီးတော့ရင်ခွင်ထဲကကောင်လေးရဲ့ အပူငွေ့ကို
ခံစားမိတော့မှ အသ်စိတ် ပြန်ထိန်းပြီး
လွှပ်ပေးလိုက်ရသည်။
ဝန်းရဲ့ မျက်နှာလေးကိုပြန်ငုံ့ကြည့်
လိုက်တော့ မျက်လွှာချထားတဲ့
ပါးပြင်နှစ်ဖက်က နီစွေးလို့နေပြီ။
"ခါးနေသေးလား ထပ်နမ်းပေးရအုံးမလား "
"ဟင့်အင်း ရ ရပြီ"
ကိုယ့်ကိုရဲရဲမကြည့်ရဲတော့တဲ့ ကလေးကို
ထပ်နမ်းချင်စိတ်က ။
ကလေးက မျက်နှာတွေ ရဲတက်လာတဲ့
အထိရှက်နေတော့လည်း....။
" ဆေးသောက်ပြီးပြီးဆိုတော့ လှဲပြီး
တော့အိပ်လိုက်တော့"
ဆံပင်လေးတွေကို ပွတ်သပ်ပြီးပြော
လိုက်တော့ မျက်နှာငယ်လေးနဲ့။
"ကိုကိုရော"
" ကိုယ် အောက်ထပ်ဆင်းလိုက်ဦးမယ်
အလုပ်လုပ်စရာတွေ ရှိသေးတယ်
။အိမ်တံခါးတွေလည်းမပိတ်ရသေးဘူး"
"အခန်းထဲ laptopယူလာပြီးဒီမှာပဲ
လုပ်လေ"
"မီးလင်းနေရင်အိပ်မပျော်ပဲနေမယ် ။
ခဏပဲ ပြီးရင်မင်းဘေးမှာကိုယ်လာ
အိပ်မယ်"
မျက်နှာလေးကခပ်ငယ်ငယ်။
" အရင်အိပ်နှင့်တော့နော် လိမ္မာတယ်"
ဘာမှပြန်မပြောပေမယ့်လည်း မျက်နှာ
လေးကငယ်နေလျက်သာ။
တစ်ကယ်။ မူးလာလို့ရှိရင် လူအနား
မှာပဲကပ်ချွဲချင်တဲ့ ကောင်လေး။
နေမကောင်းကလည်း ဖြစ်နေတော့
အီနေတာ။
" အဲ့တာဆိုရင်လည်း ဝန်း အိပ်ပျော်
သွားတဲ့အထိ စောင့်ကြည့်ပြီးမှ ကိုယ်အောက်ထပ်ဆင်းမယ်လေ ဘယ်လိုလဲ"
ကိုယ့်ကို တစ်ချက်ပြန်ကြည့်လာပြီး
ငြိမ်သက်နေတဲ့ပုံစံလေးက။
သူ့စိတ်ထဲမှာရှိနေတာတွေအကုန်ဖွင့်
ပြောပြပြီးငိုလို့ဝသွားတော့လည်း
ကလေးက စိတ်ပေါ့သွားတဲ့ပုံ။
ဒီအတိုင်းလေး သူ့ဘာသာနေနေရင်
တောင် ချစ်ဖို့ကောင်းနေပါတယ်ဆိုမှ
အခုလိုအနားကပ်ပြီးချွဲနေမှတော့
မူးလာတဲ့အချိန်တိုင်း ဒီလိုမျိုးတွေချွဲ
နေရင် ရှေ့ဆက်ကိုယ်ကတော့အကြီးအကျယ် ဒုက္ခပါပဲ။
ရင်ဘတ်ထဲကထိန်းချုပ်ရခက်နေသည့်
ခံစားချက်တွေကိုသိမ်းပြီး သူ့လက်လေးတဖက်ကို ဆုပ်ကိုင်လိုက်ရသည်။
"သည်း"
ဝိုင်းစက်သွားသည့် မျက်ဝန်းတွေ။
" ဘယ် ဘယ်လိုခေါ်လိုက်တာလဲ ကိုကို"
သူ့လက်လေးကို ပိုတိုး၍ဆုပ်ကိုင်လိုက်တော့။
" နောက်တခေါက်လောက်ထပ်
ခေါ်ပေးပါလား"
" အခုအိပ်တော့မယ်ဆိုရင် ထပ်ခေါ်ပေးမယ်"
" အိပ်တော့မယ် အခုပဲအိပ်တော့မယ်"
ကုတင်ပေါ်မှီပြီးထိုင်နေရာကနေ ချက်
ချင်းလှဲချလိုက်ပြီး စောင်ခြုံပေးလိုက်
တဲ့အချိန်ထိ ကိုယ့်ကိုအကြည့်မလွှဲတဲ့
ကောင်လေး။
ငြိမ်ငြိမ်သက်သက်လေး နေနေတော့
လည်းပြုံးမိရင်း ကလေးကို မြန်မြန်
အိပ်ရအောင် စောင်သေချာခြုံပေး
လိုက်ရသည်။
အမူးပါးလေးက သူလိုချင်တာမရမချင်း မျက်လုံးတွေမှိတ်မည့် ပုံမပေါ်တာမလို့။
"စောစောအိပ်တော့နော် ကောင်းသောညလေးဖြစ်ပါစေ"
နှစ်ကိုယ်ကြား နီးကပ်နေတဲ့အနေအထား
မှာ ။
"ကိုယ့်ရဲ့အသည်းအသက်လေး"
"ကိုကို့"
သူ့မျက်နှာကို လက်နှစ်ဖက်နဲ့ဖုံးပြီး
အမူးမပြေသေးတဲ့ ကောင်လေးတစ်
ယောက်ကအကြီးအကျယ် သဘောကျ
ပြီးရှက်နေပါတော့တယ်။
အဲ့ဒီလောက်တောင် သဘောကျတာလား။
"ချစ်တယ် ကလေး"
သူ့လက်တွေကို ဆွဲယူလိုက်သည့်တိုင်
အောင် ကိုယ့်ကိုရဲရဲ မကြည့်ရဲသေးပဲ
ရှက်နေတုန်း။
"အမြဲတမ်း အတွက်နော်။ကျွန်တော်
ကတစ်လွဲတွေလုပ်တတ်တော့ ခင်ဗျားကို
ဒုက္ခတွေထပ်ပေးမိရင်လည်း စိတ်မ
ပျက်သွားနဲ့နော်"
စောင်ပုံထဲကနေ ခေါင်းလေးသာပေါ်ပြီး
အလေးအနက်ပြောနေတဲ့ ကလေးကို
စကားနဲ့ပြန်မဖြေတော့ပဲ နဖူးကိုငုံ့နမ်းပြီး အိပ်ရာဝင်အနမ်းပေးရလျက်။
" အိပ်တော့ မင်းအိပ်ပျော်သွားမှ
ကိုယ်အောက်ထပ်ဆင်းမယ်"
"အွန်း ကျွန်တော် အိပ်ငိုက်နေပြီ ကိုကို"
ခပ်တိုးတိုးသာပြောပြီး မျက်လုံးတွေ
မှိတ်သွားတဲ့ကောင်လေးက ဆေးတွေ
သောက်ထားတဲ့အရှိန်ကြောင့်လား
ချက်ချင်းငြိမ်သက်လို့။
ကိုယ့်လက်ကိုမလွှတ်ပေးပဲနဲ့ အိပ်ပျော်
သွားတဲ့ကလေးကို အတော်ကြာထိုင်
ကြည့်ရင်း
ချစ်ဖို့ကောင်းလိုက်တာ လို့ပဲစိတ်ထဲက
နေမသက်မသာနဲ့ ညီးညူရတော့တယ်။
ကိုယ်စောင့်ပေးနေတာမို့လို့ အေးအေး
ချမ်းချမ်းနဲ့ အိပ်ပါတော့။
ဒုက္ခတွေပေးမိလို့ စိတ်ပျက်မှာ
ကြောက်နေတာလား။
မင်းဆီက ကိုယ်အလိုချင်ဆုံးမေတ္တာကိုရထားပြီးပြီပဲ။ဒီဒုက္ခလေးတွေဆိုတာ
ကို ကိုယ်လိုချင်လို့ ထပ်ပေးပါအုံး။
မင်းနဲ့ပတ်သက်ရင် ကိုယ်ကဆင်ခြင်
နိုင်စွမ်းမဲ့တယ်လို့ပြောထားပြီးသား။
ကိုယ့်ကိုအဲ့လောက်ထိ မတွယ်တာပြနဲ့
ဒီအခြေအနေနဲ့ မရောင့်ရဲနိုင်ပဲနဲ့ ကိုယ်
မင်းကို အပိုင်သိမ်းမိလိမ့်မယ်။
----------
" ဒီအချိန်ကြီးဘာကိစ္စလဲ သားသား"
" အမေအိပ်နေပြီလား ဒီအချိန်ကြီး
ဖုန်းဆက်လိုက်ရတယ်"
" အမေကအိပ်နေပြီပေါ့ ကဲ ဘာကိစ္စ
လဲပြော အရေးမကြီးပဲနဲ့တော့ ငါ့သား
ကဒီအချိန်ကြီး ဆက်မှာမဟုတ်ဘူး"
သောက်လက်စဆေးလိပ်ကို တစ်ချက်
ရှိုက်ဖွာလိုက်ချိန်
အမေ့ကို ဆက်ပြောဖို့စကားတွေ
စဥ်းစားနေရရင်း။
ဝန်း အိပ်ပျော်သွားမှ အောက်ထပ်ဆင်း
လာပြီး အမေ့ကိုဖုန်းလာဆက်ရတာ။
"မနက်ဖြန်အမေအားရင် အိမ်ကိုတစ်
ချက်လောက် ဝင်လာပေးပါလား"
"ဘာအရေးတစ်ကြီး ကိစ္စရှိလို့လဲသား"
" အမေ့ သားငယ်ကိစ္စ"
" ပြောရဲလိုက်တာ မင်းစစ်ကြောင်း"
အမေက ချက်ချင်းမဆိုင်းမတွပါပဲ။
" အမေတို့က သားကိစ္စတွေကို မပိတ်
ပင်ပေမယ့် သဘောတူတယ်လို့လဲ
မပြောရသေးဘူးနော် သား။မင်းက
အဲ့ကောင်လေးမှ အဲ့ကောင်လေး
ဖြစ်နေလို့ မင်းအဖေနဲ့အမေက သားကို
ပြောရမှာအားနာလို့ ဘာမှမတားမြစ်
တာကို သတိထားအုံး"
"အမေ"
"ကိုယ့်အမေကိုတော့ သတိတရနဲ့
လာတွေ့ဖို့တော့မရှိဘူး အဲ့ကောင်လေး
ပြန်ခေါ်တာနဲ့ တန်းပြီးတော့ကိုပါသွား
တာပဲ။အမေကသတိရရင် အိမ်ကိုလာ
ပါဦးလို့လှမ်းခေါ်ရတယ်။ကဲ အခု
ဘာဖြစ်လည်းပြော အဲ့ဒီကောင်လေး
ဘာဖြစ်ပြန်ပြီလဲ"
ကိုယ်ပြောသမျှကို အတော်ကြာသည်
အထိ ဂရုတစ်စိုက် နားထောင်ပေးနေသော်လည်းကိုယ့် အမေ့ဆီက တုံ့ပြန်မှု
ကိုမရသေး။
"အမေ "
"အဲဒီကောင်လေး အတွက်နဲ့ အမေကို
ညကြီးမိုးချုပ် ပေးမအိပ်ပဲ နားပူနားဆာတောင် လုပ်တတ်နေပြီပေါ့လေ သား"
အမေ့ရဲ့ သက်ပြင်းချသံတွေကိုဖုန်းထဲ
ကနေ ကြားလိုက်သည်။
" အမေစဉ်းစားပေးမယ် သိပ်တော့
မမျှော်လင့်နဲ့"
" ကျေးဇူး အမေ။ချစ်တယ်"
"ထူးထူးဆန်းဆန်း အဲ့ကောင်လေး
အတွက်နဲ့ အမေကိုချစ်တယ်လို့
တောင်ပြောနေပါလား"
"အဲ့လို မဟုတ်ပါဘူး"
"သားကိုအမေ မွေးထားတာ စစ်ကြောင်း"
"အဲ့ကောင်လေးကို မင်းအရမ်းချစ်
သလိုမျိုး သူကလည်း သားအပေါ်
ပြောင်းလဲလာပါစေလို့အမေ မျှော်လင့်တယ်"
အမေကလည်း ထူးထူးဆန်းဆန်း
ကိုယ့်ကို သြဝါဒစကားတွေချွေပြီး
အတော်ကြာ စကားပြောပြီးမှ ဖုန်းချ
သွားတော့သည်။
အခြေအနေကတော့ အမေလာပေးမယ်
လို့ အကောင်းဘက်ကပဲတွေးထားတယ်။
ကိုယ့်ရှေ့မှာမေမေ မေမေလို့တစ်ချိန်
လုံးခေါ်နေပြီးဖုန်းဆက်ပေးမယ်လို့
ပြောရင် စကားတောင်မပြောရဲတဲ့
ကောင်လေးက အမေ့ကိုတွေ့ရင် ဘယ်လောက်တောင်ပျော်သွားမလဲ။အစ်မ
ပြောခဲ့သလိုပဲ သူ့သားချစ်တဲ့သူကို
အမေချစ်သွားပါစေလို့ပဲ.....။
မိဘမေတ္တာလေးများရရင် မင်း
စိတ်ကလေး အေးချမ်းသွားနိုင်မလား။
••••••••••••••••••••••••••••••••••••••••••••••••••••••••••••••••••••••••••••••••••••••••
အျပင္ကေန အခန္းတံခါးေခါက္သံ
ကိုဆက္တိုက္ ၾကားလိုက္ရတာမို႔
ဘယ္သူလဲဆိုၿပီး စဥ္းစားေနတုန္း
အစ္မျမတ္က အခန္းထဲကိုဝင္
လာခဲ့သည္။
" အစ္မဝင္လာၿပီးေနာ္ ကေလး"
"မျမတ္"
" ဒီအတိုင္း လွဲေန ဘာမွမျဖစ္ဘူး"
အစ္မျမတ္ကိုေတြ႕ေတာ့ လွဲေနရာ
ကေနထၿပီး ထိုင္လိုက္ခ်ိန္ အစ္မ
ျမတ္က ကုတင္အစြန္းမွာ ဝင္ထိုင္
လာသည္။
ေမွးခနဲတခ်က္ျဖစ္သြားတာမို႔အိမ္
ေအာက္ကကားသံေတာင္မၾကား
လိုက္မိဘူး။
" အစ္မ ဘယ္တုန္းကေရာက္ေနတာလဲ"
" အခုေလးတင္ပဲ မင္းအကိုေက်ာ္
ပါပါတယ္ေလ ေအာက္မွာကိုစစ္နဲ႔
စကားေျပာေနတယ္"
ေခါင္းညိတ္ျပလိုက္ၿပီး အစ္မျမတ္ကို
အသာျပဳံးျပလိုက္ေပမဲ့ ကြၽန္ေတာ္႕
စိတ္ထဲကေနမပါ။
" ေနမေကာင္းဘူးဆို ကေလး။
အဖ်ား႐ွိေနတုန္းပဲလား"
" ေဆးေတာ့ေသာက္ထားတယ္
အစ္မ။ တစ္ရက္ႏွစ္ရက္ဆိုအဖ်ား
ေပ်ာက္သြားမွာပါ"
" အဲ့ဒီလိုေျပာလို႔မရဘူးေလ အဖ်ား
မျပတ္ရင္ ေဆးခန္းသြားမွရမွာေပါ့။
ကိုကိုက ေဆးခန္းေခၚသြားေပးဖို႔
ေျပာတာစကားနားမေထာင္ဘူးဆို"
ကြၽန္ေတာ္ ဘာမွျပန္မေျပာဘဲေနေတာ့
အစ္မျမတ္ကလည္း စကားေျပာေန
ရာမွ ခဏရပ္လိုက္ၿပီးမွ
" အစ္မနဲ႔မင္းအစ္ကို အခုပဲရည္မြန္
ေလးကိုလူနာသြားၾကည့္ၿပီး ျပန္လာတာ"
ကြၽန္ေတာ္႕ ရင္ထဲထိတ္ခနဲပင္။
"ရည္မြန္ အဆင္ေျပတယ္မလားအစ္မ"
" မ်က္ႏွာကေတာ့သိပ္မေကာင္း
ေပမယ့္ အဆင္ေျပပါတယ္ ရည္မြန္က
ေပ်ာ့တယ္လို႔ထင္ရေပမယ့္ ကေလး
ထက္ေတာင္ စိတ္ကမာေသးတယ္"
အစ္မျမတ္က ေခါင္းငုံ႔လိုက္မိ
သည့္ကြၽန္ေတာ္႕ အနားကိုတိုးကပ္
လာသည္။
"ၾကည့္ ေျပာရင္းနဲ႔ မ်က္ရည္ကဝဲ
လာၿပီ ဒီေကာင္ေလး"
"အားလုံးကကြၽန္ေတာ္႕ အမွားပါ။
က်ေနာ္သာကားနဲ႔ မေခၚသြားခဲ့ရင္
ရည္မြန္ဒီလိုျဖစ္မွာမဟုတ္ဘူး။
ကြၽန္ေတာ္႕ေၾကာင့္ ႐ုတ္တရက္ႀကီး
ကားကတိုက္မလိုျဖစ္သြားလို႔ ရည္မြန္
လန္႔သြားရၿပီးေတာ့ကေလးေလးက
အဲဒီလိုျဖစ္သြားရတာ"
" မဟုတ္တာေတြစေျပာေတာ့မယ္
ဒီကေလး ရည္မြန္ေလးကသူ႕
သူငယ္ခ်င္းအေၾကာင္းကိုသိလို႔
အစ္မကိုမွာလိုက္တယ္ သူဘာမွ
မျဖစ္ဘူးတဲ့ ဆုလာဘ္ကိုေျပာလိုက္
မဟုတ္တာေတြေလွ်ာက္ေတြးေနၿပီး
စိတ္မေကာင္းမျဖစ္ေနနဲ႔ သူ႕ကိုလာၾကည့္
ပါအုံးတဲ့"
"အစ္မ ကြၽန္ေတာ္"
" အမြန္ကဘယ္တုန္းက အဲဒီေလာက္
ထိစကားမ်ားမ်ားေျပာဘူးလို႔လဲ ။သူကေတာင္ နလန္ျပန္ထူစမွာ ျပန္ၿပီး
ကေလးကို စိတ္ပူ ေပးေနတယ္။အဲ့တာေၾကာင့္ သူငယ္ခ်င္းကိုေဆး႐ုံမွာ
သြားၾကည့္ရမယ္ေလ။ငါ့ေမာင္ေလးမွာအျပစ္မွမ႐ွိတာ ကေလးကိုလည္း
ဘယ္သူမွအျပင္မတင္ဘူး"
" ရည္မြန္မ်က္ႏွာကို ကြၽန္ေတာ္
မၾကည့္ရဲဘူးအစ္မ"
" မၾကည့္ရဲစရာဘာအေၾကာင္း႐ွိ
လဲ။ငါ့ေမာင္ေလးေၾကာင့္ ျဖစ္ရတာမွ
မဟုတ္တာ။ရည္မြန္ကဘယ္လိုပဲ
ျဖစ္ျဖစ္ဒီကိုယ္ဝန္ကိုမွ မေဆာင္ႏိုင္
တာ။ကေလးနဲ႔ခ်က္ခ်င္းႀကီးခြဲလိုက္ရ
တာကေတာ့ ႐ုတ္တရက္ဆိုေတာ့ စိတ္
ေတာ့မျပင္ဆင္လိုက္ရဘူးေပါ့။တိုက္
တိုက္ဆိုင္ဆိုင္ ကိုယ့္ကားစီးရင္းနဲ႔ျဖစ္
သြားေတာ့ ကိုယ့္အမွားမကင္းသလို
ျဖစ္သြားရတယ္ ဒီေလာက္ပါပဲ"
ေခါင္းငုံ႔လိုက္မိရင္း မ်က္ရည္ေတြဝဲ
ခ်င္လာျပန္ေတာ့ လက္ႏွစ္ဖက္နဲ႔
ခပ္ျမန္ျမန္သုတ္ပစ္လိုက္ရသည္။
ဒီမ်က္ရည္ေတြကလည္း ေယာက်ာ္း
ေလးျဖစ္ၿပီးေတာ့ ထစ္ခနဲ႐ွိရင္ဘာလို႔
ထြက္လာရတာလဲ။တစ္ကယ္ပဲ ေပ်ာ့ညံ့
လိုက္တာ။
"ဒီေလာက္ခ်စ္တဲ့ ကိုကို႐ွိတာေတာင္
မွ စိတ္ကေလးကလည္း ငယ္တတ္
လိုက္တာေနာ္"
မျမတ္ရဲ႕ အသံခပ္တိုးတိုး။
အစ္မျမတ္က ႏွစ္သိမ့္ေနတဲ့စကား
ေတြေျပာေလ ကြၽန္ေတာ္က ပိုၿပီး
စိတ္မေကာင္းျဖစ္မိရေလပဲ။
"အင္းေပါ့ေလ အစ္မကလည္း ကာယ
ကံ႐ွင္မဟုတ္ေတာ့ ငါ့ေမာင္ေလး
ခံစားေနရတာေတြကိုအကုန္လုံး ဘယ္နားလည္ႏိုင္ပါ့မလဲ။ ဒါေပမယ့္အစ္မ
ေျပာခ်င္တာကေတာ့ ကိုယ့္အျပစ္ဆို
ၿပီးေလွ်ာက္မေတြးေနနဲ႔ ကိုယ့္ကိုကိုယ္
ေနေကာင္းေအာင္ေန"
ငုံ႔ထားတဲ့ ကြၽန္ေတာ္႕ေခါင္းကို အစ္မ
ျမတ္က ခပ္ဖြဖြတခ်က္ပုတ္လိုက္သည္။
"ကေလးက ဒီလိုျဖစ္ေနေတာ့ ကိုကို
ကလည္း ဘယ္စိတ္ေကာင္းပါ့မလဲ"
ကြၽန္ေတာ္ ဘာမွျပန္မေျပာေပမဲ့
မျမတ္က ကြၽန္ေတာ္႕ကိုအားေပး
တဲ့စကားေတြပဲ ထပ္ခါ ထိုင္ေျပာေနၿပီး
အေတာ္ၾကာမွ။
"ကဲ အဲဒါဆိုအစ္မတို႔ သြားစရာကိစၥ
ေတြ႐ွိေသးလို႔ ျပန္ပီေနာ္။အစ္မကေလးအတြက္ ေၾကးအိုးဝယ္လာခဲ့ေပးတာ
ကိုစစ္ကိုေပးထားတယ္ အစာမ်ားမ်ား
စား။ေနေကာင္းေအာင္ေနၿပီးရင္ ကိုယ့္ သူငယ္ခ်င္းကိုၾကည့္ျဖစ္ေအာင္ေတာ့
သြားၾကည့္လိုက္ အစ္မစိတ္ခ်မယ္ေနာ္
ၾကားလား"
ေခါင္းသာ အသာညိတ္ျပလိုက္တဲ့
ကြၽန္ေတာ္႕ကို အမျမတ္က ဘာမွထပ္
မေျပာေတာ့ပဲ ျပန္ခါနီး ခပ္ဖြဖြေပြ႕ဖက္
ကာႏွစ္သိမ့္သြားသည္။
ရည္မြန္ကိုသြားၾကည့္ဖို႔ ထပ္ခါ မွာၿပီးမွ အခန္းထဲကေန အစ္မျမတ္ထြက္သြားၿပီးေတာ့တခဏအၾကာ ေအာက္ထပ္မွာ
ကားသံကိုၾကားလိုက္ရသည္။
ကိုေက်ာ္ထြန္းနဲ႔အစ္မျမတ္ ျပန္သြားၿပီ
ထင္ပါတယ္။
ေစာင္ကိုျခဳံကာ ကုတင္ေပၚမွာ ျပန္
လွဲေနတုန္း အခန္းတံခါးဖြင့္သံကို
ၾကားလိုက္ရသည္။
ေက်ာခိုင္းၿပီးလွဲေနတဲ့ ကြၽန္ေတာ္႕
ကို အေနာက္ကေန ေပြ႕ဖက္လာၿပီး
ကြၽန္ေတာ္႕ ဆံပင္ေတြကိုခပ္ဖြဖြ နမ္း
လိုက္တဲ့သူ။
" ကိုေက်ာ္ထြန္းနဲ႔အစ္မျမတ္ ျပန္သြားၿပီလား"
"အင္း"
"ကြၽန္ေတာ္႕ အနားမကပ္နဲ႔။မဖက္နဲ႔
ကိုကို အဖ်ားကူးလိမ့္မယ္"
အေနာက္ကေန ရင္ခြင္ထဲထည့္ကာ
ဖက္ထားတဲ့သူ႕လက္ေတြကို ဖယ္ထုတ္
ပစ္ေပမယ့္ သူက ပို၍ပင္ တင္းက်ပ္
စြာဖက္လာသည္။
ေျပာလို႔မရမွာ သိတာမို႔
ၿငိမ္သက္စြာသာ ေနေနရခ်ိန္။
" ေဆးခန္းသြားရေအာင္ေလ ဝန္း"
"ဟင္အင္း မသြားခ်င္ဘူး ဘယ္မွ
မသြားဘူး အိမ္မွာ႐ွိတဲ့ေဆးပဲေသာက္မယ္"
" ဘာျဖစ္လို႔ ဒီေလာက္ေခါင္းမာေန
တာလဲ။ေနမေကာင္းျဖစ္ေနတာ အဖ်ား
မက်ရင္ ေဆးခန္းသြားမွရမွာေပါ့"
"ကြၽန္ေတာ္ မသြားခ်င္ဘူး"
ကြၽန္ေတာ္က ဒီေလာက္ကေတာ့ေအး
ေဆးျဖစ္ေနၿပီ ကိုကို။ဒီေလာက္အဖ်ား
ကေတာ့ အိမ္မွာ႐ွိတဲ့ေဆးပဲေသာက္ၿပီး
ေနေနၾကပဲ။
ကြၽန္ေတာ္႕ကိုေျပာလို႔မရေတာ့ တစ္
ခဏေနေတာ့ သူကြၽန္ေတာ္႕ကို ဖက္
ထားရာကေန ေခ်ာ့ေနသလိုမ်ိဳး
ဆံပင္ေတြကိုခပ္ဖြဖြ ပြတ္သပ္ေပး
လာသည္။
" မနက္တုန္းကဝဏၰ ကိုယ့္ဆီကို
ေဆး႐ုံကေနဖုန္းဆက္တယ္"
"ကိုဝဏၰ ဘာ ဘာေျပာလဲ"
" မင္းရဲ႕ ဆုလာဘ္ဝန္းကိုေျပာလိုက္
သူ႕အလုပ္ကခြင့္ယူလို႔မရဘူး။အားလို႔
႐ွိရင္ သူ႕မိန္းမကိုသူ႕အစား လူနာလာ
ေစာင့္ေပးပါတဲ့"
သူကြၽန္ေတာ္႕ကို ေဆး႐ုံသြားဖို႔
စကားစေနတာကို သိေသာ္လည္း
ျခဳံထားတဲ့ေစာင္ကို ပိုတိုး၍ဆြဲလိုက္
ရင္းသာ ကြၽန္ေတာ္ ဘာမွျပန္မေျဖမိ။
မေျဖရဲတာဆိုရင္ ပိုမွန္မည္။
" ကိုယ္တို႔ေဆး႐ုံ အတူတူသြားရ
ေအာင္ေလဝန္း မင္းသူငယ္ခ်င္းကို
သြားၾကည့္မွရမွာေပါ့။ ဒီလိုမ်ိဳးလူနာ
သြားမၾကည့္ပဲနဲ႔ ဒီအတိုင္းေနေနလို႔
မရဘူးေလ မင္းသူငယ္ခ်င္းက သူ႕ကို
တစ္ခါမွလာမၾကည့္ရင္ စိတ္မေကာင္း
ျဖစ္သြားမွာေပါ့။အိမ္မွာပဲ စိတ္ပူေန
တာကို သူကဘယ္လိုလုပ္ၿပီးသိမွာလဲ "
"ကြၽန္ေတာ္ မသြားဘူး မသြားခ်င္ဘူး ရည္မြန္မ်က္ႏွာကိုကြၽန္ေတာ္ မၾကည့္
ရဲဘူး။ၿပီးေတာ့ကိုဝဏၰကေရာပဲ။ကိုဝဏၰ
က ကြၽန္ေတာ္႕ကိုေတြ႕တာနဲ႔ေအာ္မွာ
အခုခ်ိန္ကြၽန္ေတာ္ ဘယ္သူေအာ္တာ
ကိုမွမခံႏိုင္ဘူး ဘယ္သူနဲ႔မွလည္း
မေတြ႕ခ်င္ဘူး"
" ဘာေတြ လိုက္ေတြးေနတာလဲ
ဝဏၰက ဝန္းကို ဘာျဖစ္လို႔ေအာ္ရမွာလဲ။ မဟုတ္တာေတြလိုက္မေတြးေနနဲ႔ ျဖစ္
ခဲ့တာေတြက ဝန္းအျပစ္မွမဟုတ္တာ
ဘယ္သူမွလည္း အျပစ္မတင္
ဘူး။ေဆး႐ုံကို ကိုယ္နဲ႔အတူတူသြား
မယ္ေလ ကိုယ္လိုက္ခဲ့ေပးမယ္ အခု
လိုမ်ိဳး စိတ္မေကာင္းျဖစ္ေနမယ့္အစား သူငယ္ခ်င္းကိုသြားေတြ႕လိုက္တာက
ပိုမေကာင္းဘူးလား။ဝန္းကို လူမႈေရး
မသိတတ္တဲ့သူလို႔ သူမ်ားေတြေျပာမွာ
ကိုယ္မခံႏိုင္ဘူး"
"ကြၽန္ေတာ္ ဘယ္သူ႕နဲ႔မွမေတြ႕ခ်င္ဘူး
လို႔ ေျပာေနတယ္ေလ ။ ဘာျဖစ္လို႔
ကြၽန္ေတာ္ မသြားခ်င္တဲ့ဟာကို
အတင္းသြားခိုင္းေနတာလဲ"
"ဝန္း"
"ကိုကို ကြၽန္ေတာ္႕ကို အတင္းအၾကပ္
လုပ္မယ္ဆိုရင္ကိုကို႔ အိမ္မွာလည္း
က်ေနာ္မေနေတာ့ဘူး။အကုန္လုံးနဲ႔
ေဝးရာမွာ ဘယ္သူမွမ႐ွိတဲ့ေနရာမွာ
သြားေနလိုက္မယ္ "
အသံကက်ယ္သြားမွန္း ေျပာမိၿပီးမွ
ကိုယ့္ကိုကိုယ္သတိထားမိလိုက္
သည္။
ကြၽန္ေတာ္႕ ဆံပင္ေတြကိုပြတ္သပ္ကာ
ေခ်ာ့ေနတဲ့ သူ႕လက္ေတြရပ္တန္႔သြား
ေပမဲ့ ေစာင္ကိုသာတင္းတင္းဆြဲ
ထားမိရင္း ကြၽန္ေတာ္ သူ႕ကိုလွည့္
မၾကည့္ျဖစ္။
"က် ကြၽန္ေတာ္ေတာင္းပန္"
သူက တခဏၾကာသည္အထိ
တိတ္ဆိတ္ေနၿပီးမွ။
" ေနာက္တစ္ခါ အဲဒီလိုစကား
ဘယ္ေတာ့မွ ထပ္မေျပာမိေစနဲ႔"
"ကိုကို"
ကြၽန္ေတာ္႕ေဘးက ေႏြးေထြးမႈ
ေလး လစ္ဟာသြားရသည္။
ေလသံေအးေအးႏွင့္ပင္ကြၽန္ေတာ္႕ကို
ေျပာၿပီး ကုတင္ေပၚကေန သူဆင္းသြားသည္။
" မသြားခ်င္ဘူးဆိုရင္လည္း ကိုယ္
အတင္းမေျပာေတာ့ဘူး အား႐ွိေအာင္တစ္ေရးအိပ္ခ်င္ရင္အိပ္လိုက္ ေဆး
ေသာက္ရမယ့္အခ်ိန္က်ရင္ ကိုယ္
လာႏိႈးေပးမယ္"
ေစာင္ကို ေျခအစကေနလုံေအာင္
ျပန္ျခဳံေပးေနသူ။
"ကိုကို"
"အင္း"
" တျခားဘယ္သူ႕ကိုမွ ထပ္မေခၚ နဲ႔
ေတာ့ေနာ္ ဘယ္သူ႕ကိုမွလည္းအိမ္
ေပးမလာနဲ႔ ကြၽန္ေတာ္ ဒီရက္ပိုင္း
တစ္ျခား ဘယ္သူနဲ႔မွမေတြ႕ခ်င္ဘူး"
"ကိုယ္သိၿပီမလို႔ ဘာမွမစဥ္းစားေနပဲနဲ႔
တစ္ေရးအိပ္လိုက္ေတာ့"
တံခါးပိတ္သံကို ၾကားလိုက္ရတဲ့
အခ်ိန္မွကြၽန္ေတာ္ အေနာက္လွည့္ၾကည့္လိုက္မိသည္။
သူကြၽန္ေတာ္႕ကို စိတ္ပ်က္သြားမွာ
ေၾကာက္ေနေပမယ့္ ဘယ္လိုလုပ္ရမလဲ။
ကြၽန္ေတာ္ ဘယ္လိုမွ ရည္မြန္နဲ႔
ကိုဝဏၰကို မ်က္ႏွာခ်င္းမဆိုင္ရဲဘူး။
-----------------------
ကြၽန္ေတာ္႕ ခႏၲာကိုယ္ကို ခ်မ္းေအး
လွတဲ့ ေလျပင္းေတြက တိုက္ခတ္လာသည့္ေနာက္ အလိုအေလ်ာက္ပင္
မ်က္လုံးေတြကပြင့္လာရသည္။
ခ်က္ခ်င္းေတာ့ အသိစိတ္မကပ္ႏိုင္ေသး။
အိမ္အလယ္ ဝံရန္တာက
ခုံေပၚမွာကြၽန္ေတာ္ထိုင္ရပ္ႀကီးနဲ႔
ညေနေစာင္းထဲက အိပ္ေပ်ာ္သြားတာ
ပဲ။ကြၽန္ေတာ္႕ေ႐ွ႕က စားပြဲအေပၚမွာ
ေတာ့ ဘီယာဘူးအခြံ ႏွစ္ဘူးက ႐ွိေန
သည္။
ကိုယ့္အက်ႌကိုယ္ ျပန္နမ္းၾကည့္ေတာ့
အရက္နံ႔ကစြဲေနၿပီ။ ဒုကၡပဲ။
ကိုစစ္ေၾကာင္းျပန္မလာခင္ အရင္ဆုံး
အနံ႔ေပ်ာက္ေအာင္လုပ္ၿပီးေျခ
ရာလက္ရာ ေဖ်ာက္ပစ္မွပဲ။
ဘူးအခြံေတြကို အရင္သိမ္းဖို႔ ခုံေပၚက
ထရလိုက္ခ်ိန္ ေျခမခိုင္ပဲ ထိုင္ခုံေပၚကို
ျပန္က်သည္။
သြားၿပီ။ကြၽန္ေတာ္ မူးေနၿပီ။
နဖူးကိုစမ္းၾကည့္လိုက္ေတာ့ တေန႔လုံး
က်ေနသည့္ အဖ်ားက ျပန္တက္ေနၿပီ။
ဒုကၡဆိုတာ အေပါင္းအပါနဲ႔ လာတာမ်ိဳး။
အဲ့ဒီအခ်ိန္မွာပဲျခံေ႐ွ႕မွာ ရပ္လိုက္တဲ့
ကိုစစ္ေၾကာင္းရဲ႕ကားကို အိမ္အေပၚ
ထပ္ ဝရံတာကေနလွမ္း ေတြ႕လိုက္တဲ့
အခ်ိန္ ေခါင္းေတြပါပူတက္လာရသည္။
သူအိမ္ျပန္ေရာက္လာၿပီ။
မနက္က တစ္မနက္လုံးကြၽန္ေတာ္႕ကို
ေစာင့္ေပးေနၿပီး ေန႔ခင္းေလာက္မွ
အလုပ္သြားတာမလို႔ညေနအျပန္
ေနာက္က်မယ္လို႔ ေျပာသြားတာ။
မသြားမျဖစ္ အလုပ္ကသြား
ရတာမလို႔ ကြၽန္ေတာ္႕ကိုတစ္ေန႔လုံး
နာရီျခားတစ္ခါေလာက္ဖုန္းဆက္
ေနၿပီး အဖ်ားက်ရဲ႕လားလွမ္းေမးေနတာ။
မႂကြတဲ့ေႁခြေထာက္ႏွစ္ဖက္ကိုအတင္း
ထၿပီး ဘီယာဘူးအခြံေတြကို အရင္
ဖြက္ဖို႔ လုပ္ရသည္။
ဒီဘီယာဘူးေတြကိုဘယ္မွာဖြက္ရမလဲ။
ခုံေအာက္မွာထိုးထည့္ရမလား အက်ႌ
အထဲပဲထည့္ဖြက္ရမလား။
မူးေနခ်က္
က ၾကမ္းျပင္နဲ႔ေျခေထာက္မထိေန
သလိုပဲ။
ကိုယ့္ကိုကိုယ္ မေသာက္ႏိုင္မွန္းသိ
လ်က္နဲ႔ ဘာလို႔မ်ားေသာက္လိုက္မိတာလဲ။
စိတ္ဆိုးမွာထက္ ေနမေကာင္းျဖစ္
ေနတာတုန္း ဘီယာခိုးေသာက္ေန
တာကို သိသြားမွာ မလိုခ်င္ဘူး။
-------------
"ဝန္း"
ေရခ်ိဳးခန္းအျပင္ကေန ကိုကို
ကအသံက်ယ္နဲ႔ ေအာ္ေနၿပီးတံခါးကို
ထု႐ိုက္ေနသည္။
သူေခၚေနတာကိုျပန္ထူးခ်င္ေပမယ့္လဲ
ဘာအသံမွမထြက္ႏိုင္ခင္မွာပဲ ေခါင္း
ငုံ႔ၿပီးေတာ့ ထပ္အန္ရသည္။ေသာက္
ထားသမွ် အကုန္ျပန္ထြက္ေနတာ။
ဝရံတာကေန အိမ္ထဲျပန္ဝင္လာတာနဲ႔
မေအာင့္ႏိုင္ေတာ့ေအာင္တန္းၿပီး အန္
ခ်င္လာတာမို႔ ေရခ်ိဳးခန္းထဲ အျမန္
ေျပးလာရသည္အထိ။
သူကေတာ့ အိမ္ျပန္ေရာက္လာတာ
နဲ႔အေပၚထပ္ေရာက္လာၿပီးကြၽန္ေတာ္႕ကို
အရင္ဆုံးလာ႐ွာေတာ့တာပဲ။
ေမွာင္ေနတာေတာင္ အိမ္မွာ မီးေတြ
မဖြင့္ထားလို႔လည္းျဖစ္မယ္။
" ဆုလာဘ္ဝန္း အထဲမွာ႐ွိေန
လား ဝန္း ကိုယ္ေခၚေနတာၾကားလား "
အျပင္ကေန ေရခ်ိဳးခန္းတံခါးကို သူ
ထု႐ိုက္ၿပီး ေခၚေနသည္။
ကြၽန္ေတာ္႕မွာ သူ႕ကိုျပန္မေျဖႏိုင္ပဲ
အဆက္မျပတ္အန္ေနရရင္း ကိုယ့္
ရင္ဘတ္ကိုဖိႏွိပ္ေနတုန္း ကိုကိုက ပိတ္
ထားတဲ့ တံခါးကို ေျခေထာက္နဲ႔
ေဆာင့္ကန္လိုက္သည္မို႔ ကြၽန္ေတာ္
ေတာ္ေတာ္ေလး လန္႔သြားရသည္။
ကြၽန္ေတာ္ ျပန္မထူးလို႔ သူစိတ္ပူ
သြားတယ္ထင္တယ္။
"က် ကြၽန္ေတာ္ ဒီမွာ႐ွိ"
"ဘာလုပ္ေနတာလဲအထဲမွာ တံခါးဖြင့္
အခုဖြင့္"
ကြၽန္ေတာ္႕မွာ အဆက္မျပတ္အန္ၿပီး
ေနာက္ ခဏေတာင္မနားႏိုင္ ေရျပန္
ဆြဲခ်ၿပီးတာနဲ႔ ရင္ခံေနတာကိုေအာင့္ၿပီး
တံခါးသြားဖြင့္ေပးရသည္။
မတတ္ႏိုင္ေတာ့ဘူး ျမင္ရင္လည္း
ျမင္ပါေစေတာ့။
ကြၽန္ေတာ္ တံခါးဖြင့္လိုက္တာနဲ႔
သူ႕မ်က္ႏွာမွာ စိုးရိမ္ေနမႈေတြက
အထင္းသား။
" ဘာျဖစ္လို႔ အထဲကေနတံခါးပိတ္
ထားတာလဲ ကိုယ္ဒီေလာက္ေခၚေနတာ
မၾကားဘူးလား ခ်က္ခ်င္းလဲျပန္မထူး
ဘူး။အထဲမွာဘာလုပ္ေနတာလဲ တစ္
အိမ္လုံးလဲ မီးေတြမဖြင့္ထားဘူး "
"က် ကြၽန္ေတာ္ ဟို "
သူ႕ကိုဆက္ေျပာဖို႔ ျပင္ဆင္ခ်ိန္မွာပဲ
ရင္ဘတ္ထဲကေန ထပ္ၿပီးပ်ိဳ႕တက္လာ
သည္မို႔ ပါးစပ္ကိုလက္နဲ႔အျမန္ပိတ္
ရရင္း အထဲျပန္ဝင္ရေတာ့သည္။
ကြၽန္ေတာ္႕ပုံစံကိုေတြ႕တာနဲ႔ သူပါအထဲ
လိုက္ဝင္လာၿပီး သူ႕ကိုထြက္သြားဖို႔
လက္အေနာက္ျပန္ျပကာ ႏွင္ထုတ္ေသာ္လည္း အန္ေနသည့္ကြၽန္ေတာ္႕
ေက်ာျပင္ကိုပြတ္ေပးေနခဲ့သည္။
ျပန္ထြက္လာတာေတြကေတာ့ ေရေတြ
ႀကီးပဲ။
ကြၽန္ေတာ္႕ တစ္ကိုယ္လုံးအရက္နံ႔ေတြ
ထြက္ေနၿပီး ဘာျဖစ္လို႔အန္ေနတယ္
ဆိုတာ သူသိေလာက္ၿပီေပါ့။
ဒါပင္မဲ့သူက ဘာမွမေျပာပဲ ကြၽန္ေတာ္႕
ေက်ာျပင္ကိုသာ ပြတ္ေပးေနခဲ့သည္။
တကယ္ပါပဲ။ ဘယ္လိုပုံစံကို ျပလိုက္
မိတာလဲ။
----------
" ေသြးေပါင္က်ေနတယ္ေနာ္ ငါ့
ေမာင္ေလးအဲဒါေၾကာင့္မူးတာ။
ေနာက္ၿပီးေတာ့ ဘာျဖစ္လို႔လဲဆို
တာေတာ့ ကိုယ့္ကိုကိုယ္သိမွာေပါ့"
"ဟုတ္ ဟုတ္ကဲ့"
ေသြးေပါင္ခ်ိန္ေပးေနရင္းနဲ႔ ဆရာဝန္
အစ္မက ဆူေနသလိုလိုေျပာသည္။
ေဘးမွာရပ္ေစာင့္ေနတဲ့ ကိုကို႔ကို မရဲ
တရဲ လွမ္းၾကည့္လိုက္မိရင္း ကြၽန္ေတာ္႕ မ်က္ႏွာေလးငယ္သြားရသည္။
ေတာ္ေတာ္ အသုံးမက်တဲ့ကြၽန္ေတာ္။
အလုပ္ကျပန္လာတာေတာင္ မနားရပဲ
ကြၽန္ေတာ္႕ကို ေဆးခန္းလိုက္ပို႔ေပးရ
တယ္လို႔။
" အဖ်ားက တာ႐ွည္သြားရင္မေကာင္း
ဘူးေဆးထိုးသြားလိုက္ေနာ္"
"ကြၽန္ေတာ္ ေဆးမထိုးဘူး ေဆးပဲ
ေပးလိုက္ပါ"
" ကိုယ့္အစ္မပဲဟာ ၿပီးေတာ့အစ္မက
ကေလးအေမ ဘာမွ ႐ွက္စရာမလိုဘူး။
ထိုးသြားလိုက္ေနာ္ အဖ်ားအျမန္က်သြားေအာင္"
ေဆးခန္းကုတင္ေပၚကေန ခပ္ျမန္ျမန္
ကုန္းထတဲ့အခ်ိန္ ကိုကိုကကြၽန္ေတာ္႕
အနားကိုကပ္လာသည္။
ကိုကို႔ မ်က္ႏွာကတည္လို႔။
"ေဆးထိုးသြားလိုက္"
"မထိုးဘူးကြၽန္ေတာ္ ေဆးပဲ ေသာက္မယ္ "
"ဆုလာဘ္ဝန္း"
"မထိုးဘူး"
" သူမထိုးခ်င္ရင္လဲ အတင္းမထိုး
ခိုင္းနဲ႔ေတာ့ စစ္ေၾကာင္း ရတယ္။
ေသာက္လည္းေသာက္ထားတယ္ဆို
ေတာ့ မထိုးတာပဲေကာင္းတယ္ အစ္မ
ေဆးေပးလိုက္မယ္"
ဆရာဝန္အစ္မက လွမ္းေျပာေတာ့မွ
ကြၽန္ေတာ့ရင္ထဲက အလုံးႀကီးက်သြားေတာ့သည္။
ကိုကိုကေတာ့ မ်က္ႏွာကမၾကည္မလင္။
သူ စိတ္ဆိုးမယ္ဆိုရင္လည္း ဆိုးေန
ေလာက္ပါတယ္။
" ေနမေကာင္းျဖစ္ေနတဲ့အခ်ိန္ အစား
မ်ားမ်ားစား ၿပီးေတာ့ ေသြးေပါင္တက္ေအာင္ျပန္ရင္ အခ်ိဳရည္ေသာက္လိုက္"
"ဟုတ္ကဲ့"
"ဒီေန႔ေတာ့ ထမင္းမစားနဲ႔ေတာ့။
ဆန္ျပဳတ္ပဲျဖစ္ျဖစ္စားၿပီးေဆးေသာက္လိုက္။အစာကေတာ့ မ်ားမ်ားစားမွ
ရမယ္ေနာ္ အဖ်ားတက္မွာမေၾကာက္နဲ႔"
" အဖ်ားတက္မွာေၾကာက္လို႔မဟုတ္ဘူး
ဘာမွမစားခ်င္လို႔ကို မစားတာ။
ေျပာလို႔လည္းမရဘူး ေဆးတိုက္လဲ
မေသာက္ဘူး"
" ဟုတ္လား ေခါင္းမာတယ္ထင္တယ္
ေနာ္ ငါ့ေမာင္က။ ေနာက္ဆုံးေတာ့
နင့္ကိုႏိုင္တဲ့သူေတြ႕သြားၿပီ စစ္ေၾကာင္း"
ဆရာဝန္အမက အသာျပဳံးလ်က္
ေျပာေသာ္လည္း ကိုကိုကမ်က္ႏွာတည္
ေနလ်က္သာ။
ကြၽန္ေတာ္ကေတာ့ ဒီေနရာကေန
အျမန္သြားခ်င္ေနၿပီ။ ဆရာမက
တျခားသူမဟုတ္ဘူးေလ။ ကိုကို႔
တစ္ဝမ္းကြဲအကိုရဲ႕ဇနီးျဖစ္သူပင္ျဖစ္
သည္။
အိမ္မွာကြၽန္ေတာ္အန္တာမရပ္ပဲ အဖ်ား
ကထိုးတက္ေတာ့ ေဆးခန္းသြားရမည့္
အေျခအေနမွာေတာ့ လက္ေလွ်ာ့ၿပီး
လိုက္ခဲ့ရသည္ေလ။မ်က္ႏွာတည္ေနတဲ့
ကိုကို႔ကို ေၾကာက္လို႔လည္းပါတာေပါ့။
" ေဆးမထိုးခ်င္ဘူးဆိုေတာ့ အစ္မ
ေပးလိုက္တဲ့ ေဆးေတြကိုသာလိမ့္
ပတ္လည္ေအာင္ေသာက္ ၿပီးေတာ့
ေရာဘာထပ္ျဖစ္ေသးလဲ"
" ဘာမွမျဖစ္"
"အခြၽဲၾကပ္ၿပီးေတာ့ ေခ်ာင္းလည္း
နည္းနည္းဆိုးေနတယ္"
ကိုကိုကကြၽန္ေတာ္႕အစားဝင္ေျပာသည္။
" ေနမေကာင္းတဲ့သူ မွားေနတယ္
ထင္တယ္ေနာ္"
ဆရာဝန္အစ္မက ခပ္ျပဳံးျပဳံးပင္။
"အကိုက္ခဲေပ်ာက္ေဆးေတြ ေသာက္
ေနတဲ့အခ်ိန္မွာ အရက္ ဘီယာမ
ေသာက္မိေအာင္ ေနာက္တစ္ခါဆင္ျခင္
ေနာ္ ေမာင္ေလး။မင္းအတြက္
အႏၲရာယ္႐ွိႏိုင္လို႔"
"ဟုတ္.. ဟုတ္ကဲ့။ေက်းဇူးပါ ေဒါက္တာ"
"ရင္းရင္းႏွီးႏွီး အစ္မလို႔ဘဲေခၚပါကြယ္ အမ်ိဳးေတြျဖစ္ေနၾကၿပီပဲ"
ဆရာဝန္အစ္မက ျပဳံးၿပီးေတာ့
ေျပာေပမယ့္ ကြၽန္ေတာ္ကေတာ့
မ်က္ႏွာပူလွၿပီ။
ကိုကို႔အမ်ိဳးေတြနဲ႔ ကြၽန္ေတာ္ ရင္းႏွီး
ခ်င္ေသာ္လည္း ဒီလိုမ်ိဳးအေျခအေန
နဲ႔ေတာ့ မဟုတ္ဘူးေလ။
ကြၽန္ေတာ္ မူးၿပီးေတာ့ညဘက္ႀကီး
ေဆးခန္းေရာက္လာတယ္ဆိုတဲ့
သတင္း ကိုကို႔ေမေမဆီသာ ေရာက္
သြားခဲ့ရင္ ကြၽန္ေတာ္ေတာ့ေမေမ့
ဆီကေန အမွတ္ေတြေလ်ာ့ပါၿပီ။
----------
" မေတြ႕ရတာေတာင္ ၾကာၿပီ"
ဒီမွာလာထိုင္အုံး စစ္ေၾကာင္း"
ခုံေပၚမွာဝင္ထိုင္လိုက္တဲ့အထိ
ကိုယ့္ အစ္မျဖစ္သူက အျပင္
ထြက္သြားတဲ့ေကာင္ေလးကိုၾကည့္ရင္း
ခပ္ျပဳံးျပဳံး။
" ပုံစံေလးက ဂ်စ္တစ္တစ္ေလးေနာ္။
နင့္အစ္ကိုကလည္း နင့္ေကာင္ေလး
ကို ေတြ႕ဖူးခ်င္ေနတာ အခုဖုန္းဆက္
ၿပီးေတာ့ ေခၚလိုက္ရမလား"
" မေခၚနဲ႔ သူေတြ႕ရဲအုံးမွာမဟုတ္ေသးဘူး"
အစ္မေ႐ွ႕မွာ ခပ္ေအးေအးေျပာေန
ရေပမဲ့ကိုယ့္ရင္ထဲမွာေတာ့ အပူဒဏ္
ေတြနဲ႔။
တကယ္။ညႀကီးမင္းႀကီး ေဆးခန္း
သာပိတ္သြားရင္ ဘယ္လိုလုပ္မလဲ။
"ငါ့မတ္က သည္းရင္လည္းသည္း
ခ်င္စရာေလးပါပဲ။ဘယ္လိုေျပာရမလဲ
ျမင္လိုက္တာနဲ႔ ခ်စ္ဖို႔ေကာင္းလိုက္တာ
ဆိုၿပီးျဖစ္သြားရမယ့္ ပုံစံမ်ိဳးေလး။
ကေလးကို မုန္႔ေပးႀကိဳက္ေနတာမလား
နင္"
ဒါေတာ့ ကိုယ္ မ်က္ႏွာဆက္တည္ၿပီး
မေနႏိုင္လိုက္ဘူး။
ကိုယ့္အစ္ကိုထက္ငယ္ၿပီးကိုယ့္ထက္ အသက္ သိပ္မႀကီးတဲ့ မရီးျဖစ္သူနဲ႔က သူငယ္ခ်င္းလိုေပါ့ေပါ့ပါးပါးရင္းႏွီးတဲ့ ဆက္ဆံေရးမ်ိဳးပါပဲ။
"အသက္ဘယ္ေလာက္႐ွိသြားၿပီလဲ
နင့္ေကာင္ေလးက စစ္ေၾကာင္း"
"ႏွစ္ဆယ့္တစ္"
"ေအာ္ ငယ္ေသးတာပဲ။နင့္ထက္
ဘယ္နႏွစ္ငယ္လဲ"
"ေလးႏွစ္"
"ဒါနဲ႔ေနမေကာင္းျဖစ္ျဖစ္ခ်င္း ဘာလို႔ေဆးခန္းမေခၚလာတာလဲ။ ညႀကီး
မင္းႀကီးမွ ေရာက္ခ်လာၾကတယ္
ေတာ္ေသးတာေပါ့ ငါေဆးခန္းမပိတ္
ရတဲ့အခ်ိန္ျဖစ္လို႔ ။ ၿပီးေတာ့ အဖ်ား
တက္ေနတဲ့အခ်ိန္ အရက္ေတြ
ေပးမေသာက္နဲ႔ေလ နင္ကတား
ရမွာေပါ့"
" ေဆးခန္းသြားဖို႔ ေျပာတယ္ ေခၚလာ
လို႔ကိုမရတာ။ ပုံမွန္ဆိုသူမေသာက္ဘူး
ေသာက္လည္းမေသာက္တတ္ဘူး။
ကြၽန္ေတာ္ မ႐ွိတဲ့အခ်ိန္ ေသာက္လိုက္
တာ အဲ့ဒီလိုျဖစ္သြားတာပဲ"
ကိုယ့္ ကေလးကို အထင္မွားတာမ်ိဳး
မျဖစ္ေစခ်င္။
တကယ္လည္းေသာက္တတ္တဲ့
ေကာင္ေလးမွမဟုတ္တာ။ေသာက္ရ
တာကိုလည္း သူမႀကိဳက္ဘူး။
"ေအာ္ ဘယ္လိုျဖစ္လို႔လဲ။နင့္ကေလး
က ေဆးခန္းလာရမွာ ေၾကာက္လို႔လား"
"မဟုတ္ဘူး"
" နင့္အေမကေတာ့ ငါ့ကိုေတြ႕တာနဲ႔
ဘာေျပာလည္းသိလား။ေျပာေတာ့
လည္းနင့္ေမာင္က အေမ့အိမ္မွာပဲ
တစ္သက္လုံးေနေတာ့မယ္ဆိုၿပီး အခု
ေတာ့လည္း ဟိုကလာျပန္ေခၚတာနဲ႔
တန္းၿပီးပါသြားေတာ့တာပဲသမီးေရတဲ့ "
"အေမကလား"
"ေအး အန္တီခက္က နင့္ကို
တားလို႔မရလို႔ လႊတ္ထားေပးရတာ
စိတ္ထဲေတာ့ဘယ္ေကာင္းမလဲ ဒီ
သားေလးတစ္ေယာက္ထဲ႐ွိတာ"
အေမ့ကို သတိရသြားမိရေတာ့သည္။
ကိုယ့္ေျမကိုျပန္ေရာက္ေတာ့ အေမ့
အိမ္မွာပဲတစ္သက္လုံး ေနေတာ့မယ္
ဆိုၿပီးစကားေတြလြန္ၿပီးကာမွ။ဝန္းနဲ႔
အဆင္ေျပသြားတဲ့အခ်ိန္ ကြၽန္ေတာ္႕အိမ္
ကိုျပန္ေတာ့မယ္ဆိုၿပီးအသိေပးလိုက္
တဲ့အခ်ိန္ အေဖကမၾကားခ်င္ေယာင္
ေဆာင္ေနၿပီး အေမက သက္ျပင္းေတြ
ခ်ေန႐ုံမွလြဲ မ်ားမ်ားစားစားေတာ့ မတားျမစ္ခဲ့။
"ျပသနာတစ္ခုခု႐ွိလို႔လား အဲ့ကေလး
နဲ႔နင္ အခုထိအဆင္မေျပၾကေသးဘူး
လား စစ္ေၾကာင္း"
အစ္မျဖစ္သူက သိခ်င္ေနတယ္ဆိုတာ
ထက္ စိုးရိမ္ေပးေနတဲ့မ်က္ႏွာပါ။
ဝန္းနဲ႔ခ်စ္သူေတြ စျဖစ္တဲ့ အခ်ိန္
အျပင္မွာ အစ္ကိုဝမ္းကြဲျဖစ္သူနဲ႔
ဆုံတဲ့အခ်ိန္ မရမကအစ္ၿပီးေမးလို႔
ကိုယ့္မွာအတည္တက် တြဲေနတဲ့သူ႐ွိ
ေနၿပီလို႔ေျပာျပခဲ့တယ္။ေကာင္ေလး
တစ္ေယာက္ဆိုတာေရာေပါ့။
အဲ့ဒီေနာက္ပိုင္း အေမသိသြားတာ
ကေနျပတ္သြားတဲ့အထိပါ သူတို႔က
သိၿပီး ကိုယ္နဲ႔ဝန္းအေၾကာင္းကို
အရင္ထဲက သိေနၾကတဲ့သူေတြပါပဲ။
"ကြၽန္ေတာ္နဲ႔က အဆင္ေျပေပမဲ့
ျပႆနာ ကေတာ့ ႐ွိတယ္လို႔ေျပာရမွာ
ပဲ။ေနမေကာင္းျဖစ္ေနတာေတာင္
ေဆးခန္းသြားဖို႔ အျပင္ထြက္ရမွာကို
ေၾကာက္ေနၿပီး ဒီရက္ပိုင္း အခန္းထဲ
မွာပဲေအာင္းေနတာ။ဘယ္မွေခၚသြားလို႔
မရဘူးျဖစ္ေနတယ္ အခုေဆးခန္း
လာဖို႔ေတာင္ မနဲေခၚခဲ့ရတာ"
ေဆးစာေရးေပးေနရင္း နဲ႔အစ္မ
ျဖစ္သူက ကိုယ့္ကိုျပန္ၾကည့္လာသည္။
"ဘယ္လိုျဖစ္လို႔လဲ ငါ့ကိုအေသးစိတ္
ေျပာျပၾကည့္ "
" ဒီလိုပါပဲ အခုတစ္ေလာသူ႕ဆီမွာ
အျပင္ကေရာသူ႕အိမ္နဲ႔ေရာ စိတ္ညစ္
စရာကိစၥေလးေတြ႐ွိေနတယ္။ နဂို
တည္းကေတြးတတ္တဲ့သူဆိုေတာ့။
ဒါေပမဲ့အခုက ကြၽန္ေတာ္႕အိမ္မွာလာ
ေနေနေပမဲ့ ဘယ္သူနဲ႔မွမေတြ႕ခ်င္ဘူး
ဆိုၿပီး အိမ္မွာေနၿပီးအခန္းထဲပဲေအာင္း
ေနတာ။အရမ္းရင္းႏွီးတဲ့ သူ႕ကိုလာ
ေတြ႕တဲ့သူငယ္ခ်င္းေတြကိုေတာင္မွ
မေတြ႕ခ်င္ဘူး မလာခိုင္းနဲ႔ဆိုၿပီး ျဖစ္
ေနတယ္"
"ရင္းႏွီးတဲ့ သူငယ္ခ်င္းေတြကိုေတာင္
မွလား"
"ဟုတ္တယ္ "
" နင့္ကိုေရာ"
"ကြၽန္ေတာ္ကလြဲၿပီး ဘယ္သူနဲ႔မွ
မေတြ႕ခ်င္ဘူးတဲ့"
ကိုယ္ေျပာသမွ်ကို ဂ႐ုတစိုက္
နားေထာင္ေပးေနတဲ့ အစ္မျဖစ္သူက
ေခါင္းတၿငိမ့္ၿငိမ့္နဲ႔ပင္ ။
ဒီအတိုင္း လူနာအေၾကာင္းသိ
ခ်င္လို႔ ေမးေနတယ္ထင္ေသာ္လည္း
အစ္မက ေဆးစာေရးေပးၿပီးတာနဲ႔
စာအုပ္ကိုပိတ္လိုက္ၿပီး မဆိုင္းမတြနဲ႔ ခ်က္ခ်င္းပင္။
"ငါလည္း စကားအေသအခ်ာမေျပာ
လိုက္ရေတာ့ အတိအက်ေတာ့ေျပာ
ရခက္တယ္"
"ဘာကိုလဲ"
"နင့္ေကာင္ေလးက စိတ္ညစ္စရာေတြ
မ်ားေနတယ္ထင္တယ္ေနာ္ စစ္ေၾကာင္း"
"အင္း အဲ့ဒီလိုပဲေျပာရမွာေပါ့"
" ဒီအ႐ြယ္ေလးေတြ ကျဖစ္ေတာ့ျဖစ္
တတ္ေပမယ့္ အဲ့ဒီလိုမ်ိဳး စိတ္ညစ္တိုင္း ေဆးေတာင္မေသာက္ ကိုယ့္ကိုယ္ကို
ေတာင္ဂ႐ုမစိုက္။အခန္းထဲေအာင္းၿပီး
ဘယ္သူနဲ႔မွမေတြ႕ခ်င္တာမ်ိဳးဆိုရင္
ေတာ့ သိပ္မေကာင္းဘူး။ေနမေကာင္း
ျဖစ္ေနတာေတာင္ မဆင္ျခင္ပဲဘီယာ
ေသာက္တဲ့အထိဆိုေတာ့"
အစ္မက ကိုယ့္ကိုၾကည့္ေနလ်က္ပင္။
"ဘယ္သူနဲ႔မွ မေတြ႕ခ်င္ ဘယ္မွမသြား
ခ်င္ဘူးျဖစ္ေနတာက သူတစ္ေယာက္
ထဲေနခ်င္လို႔ ဒါမွမဟုတ္ ဘာမွလုပ္
ခ်င္ကိုင္ခ်င္စိတ္မ႐ွိ ဘယ္သူနဲ႔မွ စကား
ေျပာခ်င္စိတ္မ႐ွိတဲ့အထိ ျဖစ္ေနလို႔ေပါ့။
ဒါေပမယ့္ "
ဆရာဝန္ပီသစြာပင္ကိုယ္တို႔အေရးက
သူ႕အေရးလိုပဲ ဂ႐ုတစိုက္႐ွင္းျပတဲ့
အစ္မ။
ကိုယ့္ကိုၾကည့္ေနလ်က္ ေျပာေနရာ
ကေနရပ္လိုက္ေတာ့။
" ဒါေပမဲ့ဘာျဖစ္လဲ အစ္မ "
" ဒီလိုအခ်ိန္မွာ နင့္ဆီမွာလာေနေနၿပီး
နင့္တေယာက္ထဲကိုပဲေတြ႕ခ်င္တယ္လို႔
ေျပာေနတယ္ဆိုရင္ေတာ့ စစ္ေၾကာင္း
နင္ကံေကာင္းသြားၿပီ။နင္ကသူ႕မသိစိတ္
ကေနေရာ အသိစိတ္ကေနေရာ ယုံၾကည္အားကိုးရတဲ့တစ္ေယာက္ထဲေသာ
သူျဖစ္လို႔ပဲ"
အစ္မက အျပဳံးေလးနဲ႔ေျပာလိုက္
ေပမယ့္ကိုယ္ကေတာ့ နားေထာင္ေနရင္း
ၿငိမ္သက္ေနရဆဲ။
"စိတ္အတက္အက်ျမန္ၿပီး လုပ္ခ်င္
ရာလုပ္တတ္တယ္ ဆိုရင္
ေတာ့ သူ စိတ္ညစ္တဲ့အခ်ိန္ေတြဆို
တစ္ေယာက္ထဲ မလႊတ္ထားတာ
အေကာင္းဆုံးပဲ။စိတ္ညစ္စရာေတြ
ေပးမေတြးနဲ႔ တေယာက္ထဲေပးမေန
နဲ႔။နင့္ေကာင္ေလးက စိတ္က်ေန
တာေတာင္ ျဖစ္ရင္ခ်င္ျဖစ္ႏိုင္တယ္"
"ဘာ"
"စိတ္ညစ္စရာေတြမ်ားခဲ့တဲ့ပုံပဲ နင္က
ဂ႐ုစိုက္ေပးလိုက္ေပါ့ ဒါလဲ ငါေျပာ
စရာေတာင္လိုမယ္လို႔ မထင္ပါဘူးေလ"
အစ္မက ျပဳံးေနလ်က္ပင္။
" ဒါမွမဟုတ္ energyေတြအျပည့္နဲ႔
အန္တီခက္နဲ႔ေပးေတြ႕လိုက္ပါလား
နင့္ေကာင္ေလး လူေရာစိတ္ပါ တစ္ခါ
တည္းေကာင္းသြားေစရမယ္။ဒီ
သားေလး တေယာက္တည္း႐ွိတာ
သူ႕သားခ်စ္တဲ့သူကို အန္တီကမခ်စ္
ပဲနဲ႔မေနပါဘူး။နင့္အေမကခြၽဲတတ္ရင္
ရပါတယ္"
"ကြၽန္ေတာ္ သြားေတာ့မယ္"
အျပင္မွာ႐ွိေနတဲ့ေကာင္ေလးကို
ေတြ႕ခ်င္ေနလွၿပီမို႔အလ်င္အျမန္ပင္
ထရပ္လိုက္ခ်ိန္။
" ငါ့မတ္ရဲ႕ မ်က္ႏွာကိုၾကည့္အုံး နင့္
အေမေျပာတုန္းကေတာင္ ငါမယုံဘူး"
" ေက်းဇူးပဲအစ္မ ေဆးခန္းမပိတ္ပဲ
ေစာင့္ေနေပးတာကိုေရာ"
" ရပါတယ္ဟယ္ ငါ့ေမာင္ေတြပဲ
သြားေတာ့ နင့္ကေလးေစာင့္ေနအုံးမယ္"
စေနတဲ့ အစ္မျဖစ္သူကို ဘာမွျပန္မေျပာ
ႏိုင္ေတာ့ပဲ အျမန္ပင္စကားျဖတ္
ၿပီး ႏႈတ္ဆက္ခဲ့ရသည္။
------------
ဆရာဝန္အခန္းကေန ျပန္ထြက္လာ
ေတာ့ လူနာေတြ ထိုင္တဲ့ ခုံေလးမွာ
ၿငိမ္ၿငိမ္ေလးထိုင္ေနတဲ့ေကာင္ေလး။
လမ္းမဘက္ကို ေငးၾကည့္ေနတဲ့
ေကာင္ေလးကိုျမင္ရတာ စိတ္ထဲမွာ
ဘယ္လိုမွမသက္သာ။
ျပန္တြဲၾကတဲ့အခ်ိန္ထဲက ကိုယ့္မ်က္ႏွာ
ကိုတစ္ၾကည့္ၾကည့္ အေသးအဖြဲက
အစဂ႐ုစိုက္ေပး သူ႕ေဘးကိုယ္ျပန္လာ
တဲ့အခ်ိန္ေပ်ာ္ေနတဲ့ပုံစံေတြပဲျပခဲ့
တာမို႔လို႔။
လူႀကီးေလး ျဖစ္လာခဲ့ေပမဲ့လည္း
စိတ္ကေလး ကငယ္တတ္တုန္းပဲ။
ကိုယ့္ကိုျမင္တာနဲ႔ အျမန္ပင္မတ္တပ္
ရပ္လိုက္ေတာ့ ယိုင္မလိုျဖစ္သြား
တဲ့ကိုယ္ေလး။
မေသာက္ႏိုင္ပဲနဲ႔ဘာျဖစ္လို႔ေသာက္ရ
တာလဲ။
"ကိုကို"
သူ႕အနားေလွ်ာက္လာေတာ့ ျဖစ္ေနတဲ့မ်က္ႏွာငယ္ေလးက။
ကိုယ့္မ်က္ႏွာပ်က္မွာ သူ႕ကိုကိုယ္
စိတ္ဆိုးမွာကိုေတာ့ တအားေၾကာက္
တတ္တယ္။
" အိမ္ျပန္ၾကရေအာင္"
ေဆးယူၿပီးေတာ့
အနားမွာ႐ွိေနတဲ့ ေဆးခန္းကအကူ
ေကာင္မေလးႏွစ္ေယာက္ရဲ႕ စူးစမ္းေန
တဲ့အၾကည့္ေတြကို ျမင္လိုက္ရေပမယ့္
သူ႕ကိုယ္ကိုထိန္းကိုင္ေပးထားသည့္
ကိုယ့္လက္ေတြကိုေတာ့ မ႐ုန္းဖယ္ခဲ့။
တစ္ကယ္ပဲ ဒီေကာင္ေလးက
ကိုယ့္အတြက္အမ်ားႀကီးေျပာင္းလဲ
ေပးခဲ့တယ္ ။
--------------------------
အိမ္ေ႐ွ႕မွာ ကားရပ္လိုက္ၿပီးေနာက္
ေဘးမွာမ်က္လုံးေတြမွိတ္ၿပီးမွိန္း
ရင္းပါလာတဲ့ ေကာင္ေလးက
လႈပ္လႈပ္႐ွား႐ွားျဖစ္လာသည္။
ကားေမာင္းလာခဲ့တဲ့ တစ္လမ္းလုံး
ကိုယ္ စကားမေျပာေတာ့လည္း သူ႕
ဘက္ကေန အရင္မေျပာရဲ႐ွာဘူး။
ကားေပၚကေန ႏွစ္ေယာက္လုံး ဆင္း
အၿပီး ကိုယ္ကအိမ္တံခါးဖြင့္ေပးလိုက္
ပါေသာ္လည္း ကားအနားမွာပဲ
ဒီအတိုင္းေနတာမို႔ လက္ေလွ်ာ့လိုက္
ရသည္ကေတာ့ ကိုယ္ကိုတိုင္ပါပဲ။
" ဘာရပ္လုပ္ေနတာလဲ အိမ္ထဲဝင္"
ေလသံေအးေအးနဲ႔ပဲ ေျပာလိုက္တာ
ေတာင္မွ သူကပဲခံစားသြားရသလို။
အဲဒီမ်က္ႏွာငယ္က ဘယ္လိုစကားနဲ႔မွ
မဆူရက္ႏိုင္ေအာင္။
သူလုပ္ထားတာကိုေတာ့ သူသိသည္။
" ကိုကို ေပးဝင္ခ်င္ရဲ႕လားမွမသိတာ"
ႏွစ္စိတ္ေလာက္ေသာက္ၿပီး စရစ္ေတာ့
မယ္ဆိုတာဒါမ်ိဳး။
" အဲဒီမွာဒီအတိုင္း ရပ္မေနနဲ႔
ေအးတယ္ျမန္ျမန္လာ"
"စိတ္ရင္းနဲ႔ေခၚတာလား"
ရစ္ေနတဲ့ ေကာင္ေလးကို စိတ္ကမ႐ွည္
ေတာ့မလို႔ အနားသြားၿပီးဝန္းကို ေပြ႕ခ်ီ
လိုက္ရေတာ့သည္။
အဲဒီေတာ့လည္း ကိုယ္ကိုျပန္ၿပီး
တြယ္ဖက္ထား လိုက္တာမ်ားမလြတ္စတမ္း။ ဘာမွမဟုတ္ဘူး။
မူးေနေတာ့ အက်င့္က ေပၚလာၿပီ။
အခ်ီခံခ်င္ေနတာ။
" ကိုကို"
ဧည့္ခန္းကိုေရာက္ေတာ့ ဆိုဖာေပၚခ်ေပးလိုက္ၿပီး သြားမယ္လုပ္ေတာ့
ကိုယ္လက့္တဖက္ကို အတင္းျပန္ဆြဲ
ထားသည္။
" ခဏလႊတ္အုံး"
"မလႊတ္ဘူး"
မလႊတ္ေပးဘူးသာ ေျပာေနတယ္
လက္ကိုအတင္းျပန္ဆြဲထားေပမယ့္
ေခါင္းက ေသခ်ာေတာင္ မေထာင္ႏိုင္။
မူးလြယ္လို႔ ေသာက္ရတာကို ႀကိဳက္
တတ္တဲ့ေကာင္ေလး မဟုတ္ဘူး။
ေနမေကာင္းျဖစ္ေနတဲ့အခ်ိန္မွာ ဘီယာ
ေတြယူေသာက္ရေလာက္ေအာင္
အထိ။တစ္ကယ္ပဲ။ ေဒါသထြက္ခ်င္ရင္ေတာင္ ထြက္လို႔မရနဲ႔။အခုခ်ိန္
ခံစားခ်က္က ။
" ဗိုက္ထဲမွာအစာ႐ွိေအာင္ တစ္ခုခု
အရင္စားထားလိုက္ မုန္႔ သြား
ယူေပးမလို႔ ခဏလႊတ္"
"မလႊတ္ဘူး ကြၽန္ေတာ္႕ကို စိတ္ဆိုး
ေနတာမလား"
"ကိုယ္က ဘာလို႔စိတ္ဆိုးရမွာလဲ"
"ကိုကို စိတ္ ဆိုးေနပါတယ္။ဘယ္မွ
မသြားနဲ႔ ကြၽန္ေတာ္႕ အနားမွာပဲေန"
သူ႕ကိုယ့္သူေတာင္ ေခါင္းေထာင္ဖို႔
အႏိုင္ႏိုင္ျဖစ္ေနတာ ကိုယ့္လက္ကို
ဆြဲထားတာကေတာ့ တင္းက်ပ္လို႔။
ဆုလာဘ္ဝန္းတို႔ စရစ္ေနၿပီေလ။
ဘာမွသြားမယူေတာ့ပဲ သူ႕ေဘးနား
ဆိုဖာေပၚထိုင္ခ်လိုက္ေတာ့ ခ်က္ခ်င္း
ပင္ ကိုယ့္အေပၚတက္ထိုင္ၿပီး လည္ပင္း
ကိုတြယ္ဖက္လာသည္။
ငိုက္က်ေနတဲ့ေခါင္းက ကိုယ့္ပုခုံးေပၚ
မွာအဆင္သင့္ေနရာယူလို႔။
ကေလး ေသာက္ေသာက္ၿပီးရင္ လူႀကီး
မူး မူးတတ္တာက လည္းသူပဲ။
နီးကပ္ေနတဲ့ ဝင္သက္ထြက္သက္မွာ
ဘာမွမစဥ္းစားပဲ လုပ္ခ်င္ရာလုပ္ေန
သည့္ ေကာင္ေလးကို ေဒါသကလည္း
မထြက္ရက္နဲ႔ စိတ္ေတြကလည္း ပူပင္
ေနရတာမို႔လို႔။
" အဖ်ားတက္ေနတဲ့အခ်ိန္ အရက္
ေသာက္ရမယ္လို႔ မင္းကိုဘယ္သူသင္
ေပးထားလဲ။ကိုယ္သင္ေပးထားလား"
" အရက္မဟုတ္ပါဘူး ဘီယာ"
တကယ္။ မလြယ္ပါဘူးဆို။
"ကိုကို မ မသင္ေပးထားပါဘူး"
"အဲ့တာဆို ဘာျဖစ္လို႔ေသာက္တာလဲ"
"ကြၽန္ေတာ္ သ သတိေမ့ၿပီးေသာက္မိ
သြားတာ နည္းနည္းေလာက္ ပါပဲ"
"မင္း အသက္ဘယ္ေလာက္႐ွိေနၿပီလဲ
အခုခ်ိန္အထိ ကိုယ္လုပ္ခ်င္ရာကို
မစဥ္းစားမဆင္ျခင္ပဲ ဇြတ္လုပ္ေန
တုန္းပဲ ။စိတ္ညစ္တိုင္း အရက္ေသာက္
ရေအာင္ လုပ္သင့္မလုပ္သင့္ မစဥ္းစားတတ္ေတာ့ဘူးလား "
ခ်က္ခ်င္းပင္ ႀကိဳးစားပမ္းစား
ေခါင္းေထာင္လာကာ မိုးၿပိဳေတာ့
မယ့္မ်က္ႏွာငယ္။
ကေလးကို မဆူခ်င္ေပမယ့္လည္း
လုပ္ခ်င္တာေတြလုပ္ထား ၿပီးရင္
မ်က္ႏွာငယ္နဲ႔ ျပန္ေတာင္းပန္တတ္တဲ့
ပုံစံေလးေတြကို လြမ္းသြားရေပမယ့္လည္း။
"က် ကြၽန္ေတာ္ "
မ်က္ႏွာငယ္ေနသည့္ ပုံစံေလးက
ပင္။
"ကိုကိုမႀကိဳက္ရင္ ေနာက္ဘယ္ေတာ့
မွမလုပ္ေတာ့ပါဘူး စိတ္မဆိုးပါနဲ႔"
"ကိုယ္ စိတ္ဆိုးေနတာမဟုတ္ဘူး။
မင္းတစ္ခုခုျဖစ္သြားမွာကို စိုးရိမ္လို႔
ေျပာေနတာ"
" စိတ္မဆိုးဘူးဆိုရင္ဘာလို႔ ေၾကာက္
စရာေကာင္းေအာင္ မ်က္ႏွာႀကီးတည္
ထားရတာလဲ။ကြၽန္ေတာ္႕ ကိုၾကည့္ပါဦး"
မ်က္ႏွာလႊဲလိုက္သည္ကိုလည္း ကိုယ့္
အေပၚမွာၿငိမ္ၿငိမ္မေနပဲနဲ႔ သူ႕ကိုအ
တင္းျပန္ၾကည့္ခိုင္းေနၿပီး။
"ကိုကို႔ "
မူးလာရင္ခြၽဲတတ္တယ္။ေနမေကာင္း
ျဖစ္ေနရင္ခြၽဲတတ္တယ္။ အခုကႏွစ္ခု
လုံးျဖစ္ေနေတာ့ ဘယ္လိုပုံစံေလး
ေတာင္ ျဖစ္ေနမလဲဆိုတာ ။
"ကိုကို....ကိုကိုလို႔ ကြၽန္ေတာ္႕ကို
ၾကည့္ပါဦး ကြၽန္ေတာ္႕ မ်က္ႏွာကို
ေတာင္မျမင္ခ်င္ေတာ့ဘူးလား စိတ္
ပ်က္သြားၿပီလား "
ႀကိဳက္မွန္းသိလို႔ မနားတမ္းကို
ေခၚေနေတာ့တာပဲ။
မ်က္ႏွာငယ္မွာ မ်က္ရည္ေတြအိုင္ထြန္း
လာတာကို ျမင္လိုက္ရသူအဖို႔ ဂ႐ုဏာ
သက္ခ်င္စရာပင္ ျဖစ္သြားႏိုင္သည္။
"ကိုကိုမႀကိဳက္တာ ေနာက္ဘယ္ေတာ့မွမလုပ္ေတာ့ပါဘူး ကြၽန္ေတာ္ မွားပါတယ္ ကြၽန္ေတာ္ မွားတာမို႔လို႔"
မ်က္ရည္ေတြဝဲလ်က္ ကိုယ့္ပခုံးေပၚ
မ်က္ႏွာဖြက္ၿပီး ေခါင္းမွီခ်လိုက္ခ်ိန္။
" မငိုရဘူးေလကေလးက ဘာလို႔ငိုတာလဲ"
အသံမထြက္ေအာင္ကို ႐ိႈက္ၿပီး
ေတာ့ငိုေနတာမို႔ ရင္ဘတ္ထဲနင့္ခနဲပင္။
ဝမ္းနည္းေနတဲ့ကေလးကို ခပ္တင္း
တင္းျပန္ဖက္လ်က္ ေက်ာျပင္ကို
ပြတ္သပ္ေပးေနေသာ္လည္း ရင္ခြင္
ထဲမွာ႐ိႈက္ငိုေနသည့္ ေကာင္ေလးက
မရပ္တန္႔ႏိုင္ေတာ့ေအာင္ပင္ ။
ငိုခ်င္တာေတြ ဘယ္ေလာက္ေတာင္မွ
စုထားတာလဲ။
"ကိုယ္ စိတ္မဆိုးဘူး ဆူလည္းမဆူ
ေတာ့ဘူး မငိုနဲ႔ တိတ္။မင္းကိုစိတ္ပူလို႔
ေျပာတာ ေနမေကာင္းတဲ့ခ်ိန္ ငိုေနရင္
ပိုဆိုးမွာေပါ့။အဲ့ဒီေလာက္ ထိ
ဝမ္းနည္းတႀကီး မငိုရဘူးေလ"
ရင္ခြင္ထဲကေကာင္ေလးကို မခ်ီထား႐ုံ
တမယ္ သိမ္းၾကဳံးကာဖက္ရင္း စိတ္
ထဲမွာဘယ္လိုမွမခံစားႏိုင္။
သူမႀကိဳက္ပဲနဲ႔ေတာင္ စိတ္ညစ္ေနလို႔ ေသာက္လိုက္မွန္းသိလ်က္နဲ႔ ကေလး
ကိုဆူလိုက္မိတယ္။
" ဝမ္းနည္းသြားတာလား ကေလးက
ေနာက္တစ္ခါ ကိုယ္မဆူေတာ့ဘူး။
ကိုယ္မွားတယ္ "
ဆံပင္ေတြကို ပြတ္သပ္ရင္း နီးကပ္ေန
တဲ့ ႏွဖူးျပင္ကို ငုံ႔နမ္းကာေခ်ာ့ျမဴေနသည့္တိုင္ေအာင္ အငိုမရပ္ႏိုင္ဆဲပင္။
ကိုယ့္ အက်ႌရဲ႕ ပုခုံးနားတစ္ဝိုက္မွာေတာ့ မ်က္ေရေတြနဲ႔စိုစြတ္ခဲ့ၿပီ။
"ကိုကိုသိလား ကြၽန္ေတာ္႕ကိုယ္
ကြၽန္ေတာ္အရမ္းမုန္းတယ္"
ငိုသံစြက္ေနသည့္ ရင္ခြင္ထဲက
အသံတိုးတိုး။
" အခုခ်ိန္ထိ ခင္ဗ်ားကို သူငယ္ခ်င္း
ေတြၾကားမွာ မ်က္ႏွာငယ္ေအာင္လုပ္ၿပီး ဒုကၡေတြလိုက္ေပးေနတုန္းပဲ"
" အဲဒီလို မေတြးရဘူးေလ"
မ်က္ႏွာျမင္မွရမည့္အ ေျခအေနမွာ
အလ်င္အျမန္ပင္ ရင္ခြင္ထဲကေန
ထုတ္ရေတာ့သည္။
" ခင္ဗ်ားသိရဲ႕လား ခင္ဗ်ားေဘးမွာ
ကြၽန္ေတာ္ ဘယ္ေလာက္ေတာင္မွ
ေန႔စဥ္ေန႔တိုင္း ကိုယ့္ကိုယ္ကိုအျပစ္
႐ွိတယ္ဆိုတဲ့စိတ္နဲ႔ပဲ ေနေနရလည္း
ဆိုတာ"
ထပ္ခါငို ေနသည့္ၾကားမွပင္။
" ကိုကိုျပန္လာရင္ ကြၽန္ေတာ္႕
အမွားေတြအတြက္ကိုကို ခြင့္မလႊတ္
မခ်င္းေတာင္းပန္ၿပီးကြၽန္ေတာ္႕ကို
ျပန္လက္ခံလာေအာင္ မရရေအာင္
လုပ္မယ္လို႔ပဲ ေတြးေနခဲ့တာ။တကယ္
လည္းကိုကိုက ကြၽန္ေတာ္႕ကို အျပစ္
ေတာင္မဆိုပဲ ျပန္လက္ခံခဲ့ေပမယ့္ တကယ္တမ္းက်ေတာ့ ကြၽန္ေတာ္
အျပည့္အဝမေပ်ာ္ႏိုင္ဘူး"
"ဝန္း"
" အျပစ္႐ွိတဲ့သူက သူ႕အျပစ္ကိုဖုံးႏိုင္
ခဲ့ေပမဲ့ စိတ္ထဲမွာေတာ့ သူ႕ကိုယ္သူ
သိေနေတာ့ ေအးေအးခ်မ္းခ်မ္း
မေနႏိုင္ဘူးထင္တယ္။ခင္ဗ်ားက
ကြၽန္ေတာ္႕ အေပၚ အရင္ကအတိုင္း
ေကာင္းေပးေနေလ ဂ႐ုစိုက္မႈေတြ
ေပးေနေလ ကိုယ့္ကိုယ္ကိုမုန္းမိေလ
အခုကြၽန္ေတာ္ရေနတဲ့ ေပ်ာ္႐ႊင္
မႈေတြကကြၽန္ေတာ္နဲ႔ မထိုက္တန္ဘူးလို႔ ခံစားရ ေလပဲ။ ခင္ဗ်ားနဲ႔ ကြၽန္ေတာ္
မတန္သလိုမ်ိဳးပဲ ခံစားေနရတယ္"
မ်က္ရည္ေတြစီးက်ေနတဲ့ ပါးျပင္ကို
တစ္ဖြဖြသုတ္ေပးေတာ့ ၿငိမ္သက္ေန
ရင္းပင္ေခါင္းကိုထပ္ခါ ခါျပသည္။
"သိလား ကိုကိုကကြၽန္ေတာ္႕ကို
အျပစ္မယူခဲ့ေပမယ့္ ဝဋ္ဆိုတာႀကီးက
ကြၽန္ေတာ္႕ကို အျပစ္ေပးေနခဲ့
တယ္ထင္တယ္"
ကိုယ့္ကေလးရယ္ လို႔သာစိတ္ထဲကေန
ေရ႐ြတ္မိေတာ့တယ္။
မ်က္ရည္ေတြစီးက်ေနရင္း ဖြင့္ဟေနတဲ့ ေကာင္ေလးကိုျမင္ရတာ ရင္ထဲမွာမသက္သာ။
ဒီစကားေတြကိုဘယ္ေလာက္ေတာင္မွ
ေျပာခ်င္ေနခဲ့တာလဲ။
" ဒါေပမယ့္လည္း အဲဒီလိုမ်ိဳးေတြ
ခံစားေနရတာေတာင္မွ ကိုကို႔ကို လက္
မလႊတ္ေပးႏိုင္ဘူး။ကြၽန္ေတာ္က
ကိုကိုနဲ႔မတန္ဘူးဆိုတာ ကိုယ့္ကိုကိုယ္
သိေပမယ့္ ကြၽန္ေတာ္႕ ထက္သာတဲ့သူ
ေတြ ခင္ဗ်ားေဘးမွာအမ်ားႀကီး႐ွိေပမယ့္ ဘယ္သူ႕လက္ထဲမွမထည့္ေပးႏိုင္ဘူး။အတိတ္မွာ ကြၽန္ေတာ္တစ္ေယာက္ထဲ
ကိုပဲ ကိုကိုခ်စ္ခဲ့သလိုမ်ိဳး လက္႐ွိ
အခ်ိန္မွာလည္းကိုကို႔ အခ်စ္ေတြကို
ရတဲ့သူကကြၽန္ေတာ္တစ္ေယာက္ထဲပဲ
ျဖစ္ခ်င္တယ္။ အဲဒါေၾကာင့္ကြၽန္ေတာ္႕
ကိုယ္ကြၽန္ေတာ္ အျပစ္႐ွိတဲ့စိတ္နဲ႔ပဲ
ခင္ဗ်ား ေဘးနားမွာတစ္သက္လုံး
တြယ္ကပ္ၿပီး ေနသြားမယ္"
" ကိုယ့္ေဘးမွာ တစ္သက္လုံး ေန
သြားရမွာအေသအခ်ာေပမယ့္ အဲဒီလို
စိတ္မ်ိဳးနဲ႔ေတာ့ မေနရဘူး။မဟုတ္ဘူး
ေနကိုမေနရဘူး"
"ကိုကို"
" အရင္ကအေၾကာင္းေတြ ျပန္စဥ္းစား
ၿပီး ဝမ္းနည္းမေနနဲ႔ေတာ့ ကိုယ္လည္း
မွန္ခဲ့တဲ့သူ မဟုတ္ဘူးလို႔ ေျပာခဲ့ၿပီးၿပီ
ေလ။ ကိုယ့္ကိုကိုယ္အျပစ္႐ွိတယ္ဆို
တဲ့စိတ္နဲ႔ ကိုယ့္ေဘးမွာေနစရာ
ဘာအေၾကာင္းမွမ႐ွိဘူး"
ဝမ္းနည္းေနတဲ့ကေလးကို
မ်က္ရည္ေတြ သုတ္ေပးေနရင္း
ပါးျပင္ႏွစ္ဖက္ကိုထိကိုင္ကာ
အၾကည့္ခ်င္းဆုံေစရသည္။
"မင္းကိုယ့္ကို ျပန္ခ်စ္ေပးတာနဲ႔တင္
အဲ့ဒီအျပစ္ေတြက ေၾကေနၿပီ"
ၿငိမ္သက္စြာသာနားေထာင္ၿပီး
ကိုယ့္မ်က္ႏွာကို ေငးရင္း
ကိုယ္သုတ္ေပး၍ပင္ မခင္ေတာ့ေအာင္
မ်က္ရည္ေတြက ပိုတိုး၍က်ဆင္း
လာေတာ့သည္။
" တစ္ကယ္ပဲ ကိုယ့္အတြက္ စိတ္
မေကာင္းျဖစ္ေနရတယ္ဆိုရင္ အရင္ကအေၾကာင္းေတြျပန္မေတြးပဲနဲ႔ လက္႐ွိ
အခ်ိန္ကိုပဲစဥ္းစားၿပီး ကိုယ့္ကိုပိုၿပီး
ေတာ့ခ်စ္ေနေပးေလ။မင္းဆီက အျပစ္
ေတြေပးဆပ္ေနတာကို ကိုယ္လိုခ်င္တာမဟုတ္ဘူး ကိုယ္ကဆုလာဘ္ဝန္းဆီက အခ်စ္ခံခ်င္တာ"
ၿငိမ္သက္ေနဆဲျဖစ္သည့္ ေကာင္ေလး။
"ကိုယ္ေျပာတာ ၾကားလား ဝန္း"
"ကိုကို႔"
ရင္ခြင္ထဲကို ျပန္လည္တိုးဝင္လာ
ၿပီး ကိုယ့္လည္ပင္းကိုတြယ္ဖက္လ်က္
အတားအဆီးမ႐ွိငိုပါေတာ့တယ္။
သူ႕ခံစားခ်က္ေတြကို သိလိုက္ရတာ
မို႔လို႔ ဝမ္းနည္းေနတဲ့ ကေလးကို
မငိုပါနဲ႔လို႔လည္း ေျပာမထြက္ေတာ့ဘူး။
" ငိုတာ ရပ္လို႔မရေတာ့ဘူး"
" ဘာမွမျဖစ္ဘူး ငိုခ်င္ရင္ငိုခ်လိုက္"
"က် ကြၽန္ေတာ္ အဖ်ားေပ်ာက္သြားတဲ့
အခါက်ရင္ ရည္မြန္ကိုသြားၾကည့္မယ္
ေနာ္ ကိုကို"
ငိုသံစြက္ေနတဲ့ ရင္ခြင္ထဲကအသံတိုးတိုးေလးေၾကာင့္ကိုယ္ေသးေသးေလးကို ပို၍တိုးဖက္လ်က္
နီးကပ္ေနတဲ့ ႏွဖူးျပင္ကို
ထပ္ခါအနမ္းေပးရသည္။
"လိမၼာတယ္ ကေလးက"
" ကြၽန္ေတာ္႕ေၾကာင့္နဲ႔ ခင္ဗ်ား
သူငယ္ခ်င္းေတြၾကားမွာ စိတ္ညစ္
ရၿပီ"
" ဘာလို႔ စိတ္ညစ္ရမွာလဲကိုယ္က
ဘာမွစိတ္မညစ္ဘူး မဟုတ္တာေတြ
လိုက္ေတြးမေနနဲ႔လို႔ အခုပဲေျပာထား
တယ္ေလ"
သူ႕ သူငယ္ခ်င္းကိုေတြ႕ျဖစ္ေအာင္
ေတာ့ သြားေတြ႕ခိုင္းရမွာပဲ။
အဲဒါမွ ဒီေကာင္ေလး သူ႕ကိုယ္သူ
အျပစ္႐ွိတယ္ဆိုတဲ့စိတ္ေတြ ေလ်ာ့သြားမွာ။
အသံတိတ္သြားတဲ့ ကေလးက ကိုယ့္
ရင္ခြင္ထဲမွာ ထြက္မလာေတာ့ဘဲ
ၿငိမ္သက္လို႔။
ဝဏၰက သူ႕ကိုေတြ႕တာနဲ႔ေအာ္မွာ ဆိုတဲ့
စကားကို အမွတ္မထားမိလိုက္ဘူး။
သူ႕ေမြးေန႔တုန္းက ဒီေကာင္ေတြေျပာ
ထားေတြကို ကိုယ့္ေ႐ွ႕မွာ ဘာမွ
မျဖစ္ဘူးလို႔ေျပာၿပီး တစ္ေယာက္ထဲ
ဝမ္းနည္းေနခဲ့ရမွာပဲ။
ကိုယ့္ကိုအေဝးႏွင္ထုတ္ခဲ့ရင္လည္း
စိတ္ခ်မ္းခ်မ္းသာသာနဲ႔ေနခဲ့မွေပါ့။
ေက်ာင္းကိုသူ႕လုပ္အားနဲ႔သူဆက္တက္
အိမ္နဲ႔ညီေလးကိုပါၾကည့္ခဲ့ရတာ
လြယ္ကူခဲ့မွာေတာ့မဟုတ္ဘူး။
စိတ္ပင္ပန္းလူပင္ပန္းေတြ ျဖစ္ခဲ့ရမွာပဲ။
------------
" ကြၽန္ေတာ္ ေဆးမေသာက္ခ်င္ဘူး"
ကုတင္ေပၚမွာမွီၿပီးထိုင္ေနတဲ့သူလက္
ထဲ ညဘက္ေသာက္ရမည့္ ေဆးေတြ
ထည့္ေပးလိုက္ၿပီး
ေရခြက္ကိုကိုင္ကာ သူ႕ေဘးနားဝင္
ထိုင္လိုက္ေတာ့ တခါတည္းတန္းျငင္းသည္၊။
" မေသာက္လို႔မရဘူးေလ ဝန္း
ေဆးေသာက္မွ အဖ်ားက်မွာေပါ့ "
ေအာက္ထပ္မွာထဲက ငိုလို႔ဝေတာ့
ဗိုက္ထဲမွာအစာ႐ွိဖို႔ႏြားႏို႔နဲ႔မုန္႔ကိုေကြၽး
ေနတာကို မစားခ်င္ဘူးဆိုၿပီး အတင္း႐ုန္းကန္ေနတာ။
" ေဆးေတြကအမ်ားႀကီး အဲဒါေၾကာင့္ေဆးခန္းမျပခ်င္တာ ေရာဂါတစ္မ်ိဳး
ေျပာရင္ ေဆးတစ္လုံးထပ္တိုးတယ္။
အဖ်ားေပ်ာက္ေဆးပဲ ေ႐ြးေသာက္လိုက္မယ္ေလေနာ္"
" မရဘူး အဲဒါဆိုဘာလုပ္ဖို႔ ေဆးခန္း
ကိုေခၚသြားမွာလဲ။ ဆရာဝန္ေသာက္
ခိုင္းတာအကုန္လုံးေသာက္ရမယ္"
"ကိုကို"
မ်က္ႏွာကိုအဆုံးထိ ငယ္ခ်ထားၿပီး
လက္နက္ေတြထုတ္သုံးပါၿပီ။
"မရဘူး"
"ကိုကို လို႔"
အမူးမေျပေသးေတာ့ရစ္ခ်င္ေနတဲ့
အခံေလးက႐ွိေနတုန္း ဆိုေတာ့လည္း။
အနားတိုးကပ္ကာသြားၿပီး ေခ်ာ့ရသည္။
" လိမၼာတယ္ အကုန္လုံးေသာက္လိုက္။
ေျပာေတာ့ ကိုယ့္စကားနားေထာင္မယ္ဆို"
"အမ်ားႀကီးပဲ ေဆးေတြကခါးပါတယ္ဆို"
" အဲ့တာဆို ေဆးေသာက္ၿပီးရင္ ခ်ိဳတာေကြၽးမယ္ အခုေသာက္လိုက္ "
" မေသာက္ခ်င္ပါဘူးဆိုေနမွ"
သူျငင္းလို႔မရေတာ့ မ်က္ႏွာေလးကခ်က္ခ်င္းဆူပုတ္သေယာင္နဲ႔ ကိုယ့္ကို
ၾကည့္တဲ့အၾကည့္က။
သူ႕လက္ထဲက ေဆးေတြကိုငုံ႔ၾကည့္ၿပီး ေနာက္ဆုံးမတတ္ႏိုင္ေတာ့လဲ စကားနားေထာင္တဲ့ကေလးက ကိုယ္ကမ္းေပးလိုက္တဲ့ ေရခြက္ကိုယူၿပီး ေဆးေတြအကုန္ေသာက္ခ်လိုက္တယ္။
မ်က္ႏွာေလးကေတာ့ အသည္းယားဖို႔ေကာင္းေလာက္ေအာင္ ႐ႈံ႕မဲ့မဲ့။
" အကုန္လုံးေသာက္လိုက္ၿပီေနာ္
ခါးတယ္ ဘယ္မွာလဲ ခ်ိဳခ်ဥ္"
ဝမ္းနည္းတႀကီးငိုထားေတာ့ မ်က္ႏွာ
ေလးက ရဲတက္ၿပီးပါးႏွစ္ဖက္ကပိုလို႔
ပင္ေဖာင္းေနသည္။
ဒီအခ်ိန္ကို ေစာင့္ေနတာ ၾကာလွၿပီ။
လက္ျဖန္႔ၿပီးေတာင္းေနတဲ့ ဝန္းရဲ႕
အနားပို၍တိုးကပ္ကာ ေခါင္းကိုထိန္း
ကိုင္ၿပီး ႏႈတ္ခမ္းေတြကိုထိေတြ႕ေစ
လိုက္ေတာ့
ကေလးကေၾကာင္ၿပီး တစ္ခ်က္႐ုန္း
လိုက္ေပမဲ့လည္း ခဏပါပဲ။ကိုယ္ေပး
တဲ့အနမ္းေတြေနာက္လိုက္ပါရင္း သူ
တတ္သေလာက္ျပန္လည္တုံ႔ျပန္ရင္း
ပိုၿပီးေတာ့ နက္႐ိႈင္းစြာနမ္းေလ ထပ္ၿပီးလိုခ်င္ေလ။ ဒီႏႈတ္ခမ္းေလးကို
ထိေတြ႕မိတဲ့အခါတိုင္း ဘယ္ေတာ့မွ
တင္းတိမ္တယ္ဆိုတာမ႐ွိ မက္ေမာ
လြန္းစြာ။
ခ်စ္ဖို႔ေကာင္းလြန္းလို႔ အသည္းယား
လြန္းလို႔ အနမ္းေပးခ်င္ေနတာ ေအာက္
ထပ္မွာထဲက။
ကိုယ္စိတ္ေက်နပ္တဲ့အထိ နမ္းၿပီးေတာ့ရင္ခြင္ထဲကေကာင္ေလးရဲ႕ အပူေငြ႕ကို
ခံစားမိေတာ့မွ အသ္စိတ္ ျပန္ထိန္းၿပီး
လႊပ္ေပးလိုက္ရသည္။
ဝန္းရဲ႕ မ်က္ႏွာေလးကိုျပန္ငုံ႔ၾကည့္
လိုက္ေတာ့ မ်က္လႊာခ်ထားတဲ့
ပါးျပင္ႏွစ္ဖက္က နီေစြးလို႔ေနၿပီ။
"ခါးေနေသးလား ထပ္နမ္းေပးရအုံးမလား "
"ဟင့္အင္း ရ ရၿပီ"
ကိုယ့္ကိုရဲရဲမၾကည့္ရဲေတာ့တဲ့ ကေလးကို
ထပ္နမ္းခ်င္စိတ္က ။
ကေလးက မ်က္ႏွာေတြ ရဲတက္လာတဲ့
အထိ႐ွက္ေနေတာ့လည္း....။
" ေဆးေသာက္ၿပီးၿပီးဆိုေတာ့ လွဲၿပီး
ေတာ့အိပ္လိုက္ေတာ့"
ဆံပင္ေလးေတြကို ပြတ္သပ္ၿပီးေျပာ
လိုက္ေတာ့ မ်က္ႏွာငယ္ေလးနဲ႔။
"ကိုကိုေရာ"
" ကိုယ္ ေအာက္ထပ္ဆင္းလိုက္ဦးမယ္
အလုပ္လုပ္စရာေတြ ႐ွိေသးတယ္
။အိမ္တံခါးေတြလည္းမပိတ္ရေသးဘူး"
"အခန္းထဲ laptopယူလာၿပီးဒီမွာပဲ
လုပ္ေလ"
"မီးလင္းေနရင္အိပ္မေပ်ာ္ပဲေနမယ္ ။
ခဏပဲ ၿပီးရင္မင္းေဘးမွာကိုယ္လာ
အိပ္မယ္"
မ်က္ႏွာေလးကခပ္ငယ္ငယ္။
" အရင္အိပ္ႏွင့္ေတာ့ေနာ္ လိမၼာတယ္"
ဘာမွျပန္မေျပာေပမယ့္လည္း မ်က္ႏွာ
ေလးကငယ္ေနလ်က္သာ။
တစ္ကယ္။ မူးလာလို႔႐ွိရင္ လူအနား
မွာပဲကပ္ခြၽဲခ်င္တဲ့ ေကာင္ေလး။
ေနမေကာင္းကလည္း ျဖစ္ေနေတာ့
အီေနတာ။
" အဲ့တာဆိုရင္လည္း ဝန္း အိပ္ေပ်ာ္
သြားတဲ့အထိ ေစာင့္ၾကည့္ၿပီးမွ ကိုယ္ေအာက္ထပ္ဆင္းမယ္ေလ ဘယ္လိုလဲ"
ကိုယ့္ကို တစ္ခ်က္ျပန္ၾကည့္လာၿပီး
ၿငိမ္သက္ေနတဲ့ပုံစံေလးက။
သူ႕စိတ္ထဲမွာ႐ွိေနတာေတြအကုန္ဖြင့္
ေျပာျပၿပီးငိုလို႔ဝသြားေတာ့လည္း
ကေလးက စိတ္ေပါ့သြားတဲ့ပုံ။
ဒီအတိုင္းေလး သူ႕ဘာသာေနေနရင္
ေတာင္ ခ်စ္ဖို႔ေကာင္းေနပါတယ္ဆိုမွ
အခုလိုအနားကပ္ၿပီးခြၽဲေနမွေတာ့
မူးလာတဲ့အခ်ိန္တိုင္း ဒီလိုမ်ိဳးေတြခြၽဲ
ေနရင္ ေ႐ွ႕ဆက္ကိုယ္ကေတာ့အႀကီးအက်ယ္ ဒုကၡပါပဲ။
ရင္ဘတ္ထဲကထိန္းခ်ဳပ္ရခက္ေနသည့္
ခံစားခ်က္ေတြကိုသိမ္းၿပီး သူ႕လက္ေလးတဖက္ကို ဆုပ္ကိုင္လိုက္ရသည္။
"သည္း"
ဝိုင္းစက္သြားသည့္ မ်က္ဝန္းေတြ။
" ဘယ္ ဘယ္လိုေခၚလိုက္တာလဲ ကိုကို"
သူ႕လက္ေလးကို ပိုတိုး၍ဆုပ္ကိုင္လိုက္ေတာ့။
" ေနာက္တေခါက္ေလာက္ထပ္
ေခၚေပးပါလား"
" အခုအိပ္ေတာ့မယ္ဆိုရင္ ထပ္ေခၚေပးမယ္"
" အိပ္ေတာ့မယ္ အခုပဲအိပ္ေတာ့မယ္"
ကုတင္ေပၚမွီၿပီးထိုင္ေနရာကေန ခ်က္
ခ်င္းလွဲခ်လိုက္ၿပီး ေစာင္ျခဳံေပးလိုက္
တဲ့အခ်ိန္ထိ ကိုယ့္ကိုအၾကည့္မလႊဲတဲ့
ေကာင္ေလး။
ၿငိမ္ၿငိမ္သက္သက္ေလး ေနေနေတာ့
လည္းျပဳံးမိရင္း ကေလးကို ျမန္ျမန္
အိပ္ရေအာင္ ေစာင္ေသခ်ာျခဳံေပး
လိုက္ရသည္။
အမူးပါးေလးက သူလိုခ်င္တာမရမခ်င္း မ်က္လုံးေတြမွိတ္မည့္ ပုံမေပၚတာမလို႔။
"ေစာေစာအိပ္ေတာ့ေနာ္ ေကာင္းေသာညေလးျဖစ္ပါေစ"
ႏွစ္ကိုယ္ၾကား နီးကပ္ေနတဲ့အေနအထား
မွာ ။
"ကိုယ့္ရဲ႕အသည္းအသက္ေလး"
"ကိုကို႔"
သူ႕မ်က္ႏွာကို လက္ႏွစ္ဖက္နဲ႔ဖုံးၿပီး
အမူးမေျပေသးတဲ့ ေကာင္ေလးတစ္
ေယာက္ကအႀကီးအက်ယ္ သေဘာက်
ၿပီး႐ွက္ေနပါေတာ့တယ္။
အဲ့ဒီေလာက္ေတာင္ သေဘာက်တာလား။
"ခ်စ္တယ္ ကေလး"
သူ႕လက္ေတြကို ဆြဲယူလိုက္သည့္တိုင္
ေအာင္ ကိုယ့္ကိုရဲရဲ မၾကည့္ရဲေသးပဲ
႐ွက္ေနတုန္း။
"အၿမဲတမ္း အတြက္ေနာ္။ကြၽန္ေတာ္
ကတစ္လြဲေတြလုပ္တတ္ေတာ့ ကိုကို႔ကို
ဒုကၡေတြထပ္ေပးမိရင္လည္း အခ်စ္
မေလ်ာ့သြားနဲ႔ေနာ္"
ေစာင္ပုံထဲကေန ေခါင္းေလးသာေပၚၿပီး
အေလးအနက္ေျပာေနတဲ့ ကေလးကို
စကားနဲ႔ျပန္မေျဖေတာ့ပဲ နဖူးကိုငုံ႔နမ္းၿပီး အိပ္ရာဝင္အနမ္းေပးရလ်က္။
" အိပ္ေတာ့ မင္းအိပ္ေပ်ာ္သြားမွ
ကိုယ္ေအာက္ထပ္ဆင္းမယ္"
"အြန္း ကြၽန္ေတာ္ အိပ္ငိုက္ေနၿပီ ကိုကို"
ခပ္တိုးတိုးသာေျပာၿပီး မ်က္လုံးေတြ
မွိတ္သြားတဲ့ေကာင္ေလးက ေဆးေတြ
ေသာက္ထားတဲ့အ႐ွိန္ေၾကာင့္လား
ခ်က္ခ်င္းၿငိမ္သက္လို႔။
ကိုယ့္လက္ကိုမလႊတ္ေပးပဲနဲ႔ အိပ္ေပ်ာ္
သြားတဲ့ကေလးကို အေတာ္ၾကာထိုင္
ၾကည့္ရင္း
ခ်စ္ဖို႔ေကာင္းလိုက္တာ လို႔ပဲစိတ္ထဲက
ေနမသက္မသာနဲ႔ ညီးညဴရေတာ့တယ္။
ကိုယ္ေစာင့္ေပးေနတာမို႔လို႔ ေအးေအး
ခ်မ္းခ်မ္းနဲ႔ အိပ္ပါေတာ့။
ဒုကၡေတြေပးမိလို႔ အခ်စ္ေလ်ာ့မွာ
ေၾကာက္ေနတာလား။
မင္းဆီက ကိုယ္အလိုခ်င္ဆုံးေမတၱာကိုရထားၿပီးၿပီပဲ။ဒီဒုကၡေလးေတြဆိုတာ
ကို ကိုယ္လိုခ်င္လို႔ ထပ္ေပးပါအုံး။
မင္းနဲ႔ပတ္သက္ရင္ ကိုယ္ကဆင္ျခင္
ႏိုင္စြမ္းမဲ့တယ္လို႔ေျပာထားၿပီးသား။
ကိုယ့္ကိုအဲ့ေလာက္ထိ မတြယ္တာျပနဲ႔
ဒီအေျခအေနနဲ႔ မေရာင့္ရဲႏိုင္ပဲနဲ႔ ကိုယ္
မင္းကို အပိုင္သိမ္းမိလိမ့္မယ္။
----------
" ဒီအခ်ိန္ႀကီးဘာကိစၥလဲ သားသား"
" အေမအိပ္ေနၿပီလား ဒီအခ်ိန္ႀကီး
ဖုန္းဆက္လိုက္ရတယ္"
" အေမကအိပ္ေနၿပီေပါ့ ကဲ ဘာကိစၥ
လဲေျပာ အေရးမႀကီးပဲနဲ႔ေတာ့ ငါ့သား
ကဒီအခ်ိန္ႀကီး ဆက္မွာမဟုတ္ဘူး"
ေသာက္လက္စေဆးလိပ္ကို တစ္ခ်က္
႐ိႈက္ဖြာလိုက္ခ်ိန္
အေမ့ကို ဆက္ေျပာဖို႔စကားေတြ
စဥ္းစားေနရရင္း။
ဝန္း အိပ္ေပ်ာ္သြားမွ ေအာက္ထပ္ဆင္း
လာၿပီး အေမ့ကိုဖုန္းလာဆက္ရတာ။
"မနက္ျဖန္အေမအားရင္ အိမ္ကိုတစ္
ခ်က္ေလာက္ ဝင္လာေပးပါလား"
"ဘာအေရးတစ္ႀကီး ကိစၥ႐ွိလို႔လဲသား"
" အေမ့ သားငယ္ကိစၥ"
" ေျပာရဲလိုက္တာ မင္းစစ္ေၾကာင္း"
အေမက ခ်က္ခ်င္းမဆိုင္းမတြပါပဲ။
" အေမတို႔က သားကိစၥေတြကို မပိတ္
ပင္ေပမယ့္ သေဘာတူတယ္လို႔လဲ
မေျပာရေသးဘူးေနာ္ သား။မင္းက
အဲ့ေကာင္ေလးမွ အဲ့ေကာင္ေလး
ျဖစ္ေနလို႔ မင္းအေဖနဲ႔အေမက သားကို
ေျပာရမွာအားနာလို႔ ဘာမွမတားျမစ္
တာကို သတိထားအုံး"
"အေမ"
"ကိုယ့္အေမကိုေတာ့ သတိတရနဲ႔
လာေတြ႕ဖို႔ေတာ့မ႐ွိဘူး အဲ့ေကာင္ေလး
ျပန္ေခၚတာနဲ႔ တန္းၿပီးေတာ့ကိုပါသြား
တာပဲ။အေမကသတိရရင္ အိမ္ကိုလာ
ပါဦးလို႔လွမ္းေခၚရတယ္။ကဲ အခု
ဘာျဖစ္လည္းေျပာ အဲ့ဒီေကာင္ေလး
ဘာျဖစ္ျပန္ၿပီလဲ"
ကိုယ္ေျပာသမွ်ကို အေတာ္ၾကာသည္
အထိ ဂ႐ုတစ္စိုက္ နားေထာင္ေပးေနေသာ္လည္းကိုယ့္ အေမ့ဆီက တုံ႔ျပန္မႈ
ကိုမရေသး။
"အေမ "
"အဲဒီေကာင္ေလး အတြက္နဲ႔ အေမကို
ညႀကီးမိုးခ်ဳပ္ ေပးမအိပ္ပဲ နားပူနားဆာေတာင္ လုပ္တတ္ေနၿပီေပါ့ေလ သား"
အေမ့ရဲ႕ သက္ျပင္းခ်သံေတြကိုဖုန္းထဲ
ကေန ၾကားလိုက္သည္။
" အေမစဥ္းစားေပးမယ္ သိပ္ေတာ့
မေမွ်ာ္လင့္နဲ႔"
" ေက်းဇူး အေမ။ခ်စ္တယ္"
"ထူးထူးဆန္းဆန္း အဲ့ေကာင္ေလး
အတြက္နဲ႔ အေမကိုခ်စ္တယ္လို႔
ေတာင္ေျပာေနပါလား"
"အဲ့လို မဟုတ္ပါဘူး"
"သားကိုအေမ ေမြးထားတာ စစ္ေၾကာင္း"
"အဲ့ေကာင္ေလးကို မင္းအရမ္းခ်စ္
သလိုမ်ိဳး သူကလည္း သားအေပၚ
ေျပာင္းလဲလာပါေစလို႔အေမ ေမွ်ာ္လင့္တယ္"
အေမကလည္း ထူးထူးဆန္းဆန္း
ကိုယ့္ကို ၾသဝါဒစကားေတြေခြၽၿပီး
အေတာ္ၾကာ စကားေျပာၿပီးမွ ဖုန္းခ်
သြားေတာ့သည္။
အေျခအေနကေတာ့ အေမလာေပးမယ္
လို႔ အေကာင္းဘက္ကပဲေတြးထားတယ္။
ကိုယ့္ေ႐ွ႕မွာေမေမ ေမေမလို႔တစ္ခ်ိန္
လုံးေခၚေနၿပီးဖုန္းဆက္ေပးမယ္လို႔
ေျပာရင္ စကားေတာင္မေျပာရဲတဲ့
ေကာင္ေလးက အေမ့ကိုေတြ႕ရင္ ဘယ္ေလာက္ေတာင္ေပ်ာ္သြားမလဲ။အစ္မ
ေျပာခဲ့သလိုပဲ သူ႕သားခ်စ္တဲ့သူကို
အေမခ်စ္သြားပါေစလို႔ပဲ.....။
မိဘေမတၱာေလးမ်ားရရင္ မင္း
စိတ္ကေလး ေအးခ်မ္းသြားႏိုင္မလား။
••••••••••••••••••••••••••••••••••••••••••••••••••••••••••••••••••••••••••••••••••••••••