Hope
By Future1004
11.1K 1.1K 198
အစွန်းတဖက်ဆီမှာ ရှိနေတဲ့ မင်း နဲ့ ငါ ကို ဘယ်အရာကဟန်ချက်ညီစေမှာလဲ ? ဒါကတော့ Biblebuild ရဲ့ fic ‌နောက်တပုဒ်ပါ၊... More
Ep-1
Ep-2
Ep-3
Ep-4
Ep-5
Ep-6
Ep-7
Ep-8🥳🥳
Ep-9🥳🥳
ep-10
ep-11
ep-12🥳🥳
Attention
ep-13
ep-14
Ep-16
ep-17
ep-18
Time to say goodbye
ep-19
Ep-20
ep-21
ep-22
ep-23
ep-24💙🥳
ep-25
ep-26
ep-27
ep-28
ep-29
ep-30
ep-31(final)
message 💙
Thanks 🖤💙
ep-15
288 38 4
By Future1004
ရှေ့အပိုင်းအဆက်>>>>
Flashback start,
Build Pov
လမ်းကိုမကြည့်ဘဲ ကူးမိတော့ ကားတစ်စီးနဲ့ရုတ်တရတ်ဝင်တိုက်မိသလိုဖြစ်သွားပင်မယ့် ဘရိတ်အမြန်အုပ်လိုက်တဲ့ ကားဆရာကိုတော့ ကျေးဇူးတင်နေမိတယ်။
"မသေချင်သေးဘူးလေ၊ မေမေကိုတယောက်ထဲထားခဲ့ရမှာစိတ်မချသေးတာမို့ ၊ အသက်ကယ်ပေးတဲ့ကားဆရာကို ထိုင်တောင်ကန်တော့ချင်မိတယ် " လို့တောင်တွေးမိလိုက်တယ်။
ကားပေါ်က ဆင်းလာတဲ့သူက အသားဖြူဖြူ၊ စတိုင်ခပ်မိုက်မိုက်နဲ့ မို့ တော်တော်လေးချောတယ်လို့ထင်မိတယ်၊ အဲ့မို့ မထဘဲ သူမျက်နှာကိုငေးနေမိတယ်။
ဒါမယ့် မျက်နှာလေးနဲ့ မလိုက် အပေါက်ဆိုးသလို၊ ငွေစကား‌ေတွဘဲပြောနေတာမို့ အမှတ်တွေက minus အောက်တဖြေးဖြေးကျသွားခဲ့တယ်။
"Buiက လူတယောက်ရဲ့ပုံပန်းသွင်ပြင်ထက် သူတို့ရဲ့စိတ်ဓာတ်နဲ့ အပြောအဆိုတွေကိုဘဲ ကြည့်တတ်တာမို့ ရုပ်ချောပင်မယ့်လဲ ဒီလိုလူက သူပေါင်းသင်းသင့်တဲ့သူမဟုတ်ဘူးဆိုတာ သဘောပေါက်မိတယ် "
ဒါမယ့် သူ့မျက်နှာကိုတော့ တသက်မေ့မယ်လို့တော့မထင်မိဘူး ကျေးဇူးရှင်လို့ သတ်မှတ်မိသွားတာမို့ပါ။
Poတို့က သူ့ကိုမှတ်မိလားလို့ပြောပင်မယ့် အဲ့လူကို ရန်ရှာမှာဆိုးလို့ မမှတ်မိဘူးလို့ လိမ်ပြောခဲ့ရတယ်။
ဘာလို့ဆို ငါ့သူငယ်ချင်းတွေရဲ့ဒေါသကိုသိတာမို့လေ။
ပန်းချီပြိုင်ပွဲနေ့မှာ သူနဲ့အမှတ်မထင်ပြန်ဆုံရတော့ ဝမ်းသာမိတယ်၊ sticker လေးကိုတော့ မကပ်ပေးသွားပင်မယ့် sticker ပေးသွားတယ်ဆိုကတည်းက buiရဲ့ပန်းချီကို ကြိုက်တယ်လို့ပြောလို့ရသလို အနုပညာကို ခံစားတတ်တဲ့သူဘဲလို့ ထင်မှတ်မိတာမို့ သူဘယ်သူလဲဆိုတာ ပိုသိချင်မိတယ်။
အန်ကယ် Sumettikul ရဲ့party ပွဲညမှာ သူနဲ့ထပ်ဆုံခဲ့မိတယ်၊ သူကတော့ buiကို မမှတ်မိဘူးထင်တယ်၊ ခြံအပြင်ဘက်မှာမို့ အနဲငယ်မှောင်နေပင်မယ့် သူ့မျက်နှာလေးကိုတော့ အသေအချာမှတ်မိနေတယ်။
ခါတိုင်းလို လူငယ်ဆန်ဆန်မဝတ်ထားပင်မယ့် suitအပြည့်ဝတ်ထားတဲ့ သူပုံစံက ယောကျာ်းပီသကာ ခန့်ညားနေတာတော့အမှန်ဘဲ
"တခါတွေ့ရင် မတော်တဆ၊ နှစ်ခါတွေ့ရင် ရေစက်၊ သုံးခါတွေ့ရင် ဖူးစာတဲ့ "
တကယ် သူနဲ့ဖူးစာပါတာလား၊ ဒါမယ့် အချစ်ရေးကိုဦးစားမပေးနိုင်သေးတာမို့ ခနလောက် ဥပေက္ခာပြုထားမိပင်မယ့်
ဖူးစာပါရင် ရှောင်လွှဲလို့မရဘူးဆိုသလိုဘဲ buiလက်ထပ်ရမယ့် Sumettikul group ရဲ့ သားက သူဖြစ်နေတယ်ဆိုတာ သိရတော့ အံ့ဩမိတယ်။
ဒါမယ့် မပျော်ရွှင်ပါဘူး၊ လူကြီးတွေစီစဉ်လို့ လက်ထပ်ရတာထက် တယောက်နဲ့တယောက်ချစ်ပြီးလက်ထပ်မှုမျိုးကို လိုလားတာမို့ လက်ထပ်ရမယ့်သူက Bible ဖြစ်နေတာကိုတော့ စိတ်ပျက်မိတယ်။
အဲ့မို့ သူနဲ့တတ်နိုင်သမျှ ဝေးအောင် buiဘက်က စည်းခြားခဲ့တယ်။ အဲ့စည်းတွေပိုဝေးသွားတဲ့အကြောင်းက Bible က လက်ထပ်ပွဲကို သဘောမတူဘူးဆိုတဲ့အရာဘဲ၊ သူ့ဆန္ဒကိုလိုက်လျောချင်ပင်မယ့်
ဖေဖေရဲ့တခုတည်းသော မျှော်လင့်ချက်ဖြစ်တဲ့ company ကိုလဲ အဆုံးရှုံးမခံနိုင်တဲ့အတွက် Bible နဲ့ နီးကပ်အောင် ကြိုးစားရမယ်ဆိုတာရယ်၊ သူကိုချစ်တဲ့စိတ်ကိုတော့ ထပ်မထိန်းချုပ်တော့ဘူးဆိုတဲ့ အ‌ေတွးကပြန်ဝင်လာခဲ့တယ်၊
ဒါမယ့်နီးကပ်ဖို့မပြောနဲ့ ပိုဝေးအောင် နံရံတွေက ခြားလာခဲ့တယ်၊ Bible မှာ ချစ်သူရှိတယ်ဆိုတာသိရတော့ သူခံစားချက်ကိုအပြည့်အဝနားလည်သလို ဖြည့်ဆည်းပေးချင်မိပင်မယ့် ဘာမှမတတ်နိုင်တဲ့အနေအထားမို့ တဖက်သတ်ခံစားချက်တွေကို တိတ်တိတ်လေးပြန်ရုတ်သိမ်းလိုက်ရတယ်။
တဖက်သတ်ချစ်ရတယ်ဆိုတာက သူရဲ့အထင်လွဲမှုတွေလောက်တော့ မနာကျင်ပါဘူး၊ သူ့ဘက်ကအချစ်ကိုပြန်ရဖို့မမျှော်လင့်ပင်မယ့် buiအပေါ်အထင်လွဲမှုတွေကိုတော့ မလိုချင်မိတာတော့အမှန်ဘဲ။
လက်ထပ်မယ့်ရက်နီးလေ ပိုစိမ်းကားပြီး ပြောင်းလဲလာတဲ့ Bible ကို ကြောက်မိပင်မယ့် သူ့ခံစားချက်ကိုအပြည့်အဝနားလည်သလို ဘာလို့ဒီလိုလုပ်နေတာလဲဆိုတာကိုလဲ သိတာမို့ ဘာဘဲဖြစ်ဖြစ်သည်းခံဖို့ဘဲ ဆုံးဖြတ်ထားတယ်။ ချစ်ရတဲ့သူနဲ့ဘဲ နေချင်ကြတာ လူတိုင်းဆန္ဒဘဲလေ ကိုယ့်ကိုမချစ်တဲ့သူနဲ့ လက်ထပ်ရတာက ဘယ်လောက်နာကျင်ရတယ်ဆိုတာ buiကိုယ်တိုင်လဲခံစားရတာမို့ သူရဲ့အရွဲ့တိုက်တတ်တဲ့စိတ်ကို နားလည်ပေးနိုင်တယ်။
Wedding နေ့မှာတော့ ဘာမှမတွေးနိုင်တော့ဘူး ချစ်ရတဲ့သူနဲ့လက်ထပ်တာကို ခုထိမယုံနိုင်သေးသလို ပျော်ရွှင်မိတာတော့အမှန်ဘဲ၊ အဲ့ဒါကို အတ္တလို့ ခေါ်ချင်ရင်လဲ ခေါ်လိုက်ပါတော့ တသက်မှာတခါဘဲရမယ့် ဒီလိုနေ့မျိုးကိုတော့ ဘာမှမတွေးဘဲ ‌ပျော်ရွှင်ချင်မိတယ်။ အစစ်အမှန်မဟုတ်ဘူးဆိုရင်တောင်မှပေါ့....
Buiရဲ first kissက buiချစ်ရတဲ့  Bible Wichapas Sumettikul ဆိုတဲ့လူသားလေးဖြစ်နေတာကို မျက်စိရှေ့မှာမြင်နေရတောင် မယုံနိင်သလို၊ အိမ်မက်လားလို့ထင်မိလောက်တောင် ကြည်နူးစရာအခိုက်အတန့်ဖြစ်‌နေမိတယ်၊ အပြန်အလှန်ချစ်ကြိုက်လို့ နမ်းမိတဲ့အနမ်းမဟုတ်ပင်မယ့် ငါရဲ့စစ်မှန်တဲ့အချစ်တွေပြည့်ဝနေတဲ့ အနမ်းတပွင့်ဖြစ်တာမို့ အမှတ်ရနေမယ့်အခိုက်အတန့်ဆိုတာကိုတော့ ဘယ်သူ့မှသိမယ်မထင်သလို မျက်စိရှေ့က ဒီလူသားကလဲ ဘယ်တော့မှမြင်မယ်မဟုတ်ဘူးဆိုတာ အသေအချာပြောရဲတယ်။
သူနဲ့လက်ထပ်ပြီးနောက်ပိုင်းလဲ buiဘက်ကအတတ်နိုင်ဆုံး သူ့ဆန္ဒကိုဖြည့်ဆည်းပေးဖို့ ကြိုးစားခဲ့တယ်၊ အန်ကယ်တို့ရှိတုန်းကလဲ သူအပေါ်ကောင်းကောင်းမွန်မွန်ဆက်ဆံသလို အန်ကယ်တို့ နိုင်ငံခြားထွက်သွားပြီးနောက်ပိုင်းလဲ သူ့အ‌ေပါ်ဘာမှပြောင်းလဲခြင်းမရှိဘဲ အရာရာဖြည့်ဆည်းပေးနေဆဲ
သူ့ဝါသနာပါတာလေး လုပ်လို့ရအောင် အန်ကယ်ကိုတောင်းဆိုကြည့်တော့ အန်ကယ်ဘက်ကထပ်ကမ်းလှမ်းလာခဲ့တယ်။
"Hello pa, ကျန်းမာရေးကောသက်သာရဲ့လား "
"သက်သာပါတယ် သားbuiရဲ့၊ ဟိုကောင် Wichapas ကော အလုပ်ကောင်းကောင်းလုပ်နေလား၊ သားအပေါ်ကောကောင်းကောင်းဆက်ဆံရဲ့လား၊ ဒယ်ဒီတို့ကို အားမနာနဲ့နော်၊ သားလိုချင်တာရှိရင်ပြော "
"ဟုတ်ကဲ့၊ buiလဲ paကိုတောင်းဆိုစရာတခုရှိလို့ ဖုန်းဆက်လိုက်တာပါ "
"ဟေထူးထူးဆန်းဆန်း၊ ဘာများတုန်း သားbuiရဲ့
ပြောသာပြော ဒယ်ဒီဖြည့်ဆည်းပေးမယ် "
"Bible ကိုလေ သူ့ဝါသနာပါတဲ့အလုပ်ကို လုပ်ဖို့ခွင့်ပြုပေးလို့ရမလား pa  "
"ဘာလို့အဲ့လိုတွေးတာလဲဆိုတာ မေးလို့ရလား "
"တကယ်တော့ buiလဲစီးပွားရေးကို ဝါသနာမပါဘူး၊ အနုပညာအလုပ်ဘဲလုပ်ချင်ခဲ့တာ၊ ဒါမယ့်အခြေအနေအရိပ်ရိပ်ကြောင့် ဝါသနာကိုစွန့်လွှတ်လိုက်ရလို့ အဲ့ခံစားချက်ကိုကောင်းကောင်းနားလည်တယ်၊ အဲ့မို့ bible ဝါသနာပါတာကိုလုပ်ခိုင်းလိုက်ပါလားနော်၊ bible ကတော်ပြီးသားမို့ အဲ့အလုပ်မှာလဲ အောင်မြင်မယ်ဆိုတာ buiအသေအချာပြောရဲတယ်၊ ခွင့်ပြုပေးပါနော် pa "
"သားbuiက ဒီလိုပြောတော့လဲ ခွင့်ပြုပေးပါ့မယ် ဒါမယ့်တခုတော့ သားဘက်က ဒယ်ဒီပြောတာကိုလဲ လိုက်လျောပေးရမယ် "
"ဘာများလဲ pa "
"ဒယ်ဒီလဲ bible ဝါသနာကိုမတားဆီးချင်ပါဘူး၊ ဒါမယ့် Sumettikul group ကို လက်ဆင့်ကမ်းပေးဖို့က bible အပြင်မရှိလို့ အတင်းအကြပ်လုပ်ရတာ၊
အခု လိုက်‌လျောပေးတာလဲ သားဘက်ကတောင်းဆိုလို့ဘဲ အဲ့မို့ bible က company မှာမလုပ်တော့ရင် Sumettikul group ကိုအုပ်ချုပ်ဖို့လစ်ဟာနေတဲ့နေရာကို သားbuiကတာဝန်ယူပေးရမယ် ဒါကလဲ ဒယ်ဒီတို့က သားbuiကို တကယ့်မိသားစုဝင်လို့သဘောထားလို့ တာဝန်ပေးတာနော် "
"ဟုတ်ကဲ့ပါ paပြောတာကို buiလက်ခံပါတယ် ဒါမယ့်...."
.
.
.
Bible ဆန္ဒကိုဖြည့်ဆည်းပေးဖို့အတွက် putta Company ကိုတော့ သားဦးဆောင်ဖို့ကမဖြစ်နိုင်တော့လို့ သားကို နားလည်ပေးပါနော် ‌ဖေဖေ..
ဒါမယ့် ဖေဖေရဲ့အယုံကြည်ရဆုံးဖြစ်တဲ့ Ptong ကိုဘဲ ယာယီCeoနေရာကို လွှဲပေးဖို့ဆုံးဖြတ်ခဲ့တယ်။
"Buiဘာတွေပြောနေတာလဲ၊ ဒီcompanyအတွက် buiဘယ်လောက်ကြိုးစားခဲ့ရတာလဲဆိုတာ သိရဲ့သားနဲ့ "
"အဲ့မို့ တခြားသူထက် Pကိုတောင်းဆိုနေတာပေါ့ "
"ငါမလုပ်နိုင်ဘူး "
"လုပ်ပါPရယ်၊ buiမရှိရင် ရှယ်ယာရှင်တွေက ဘုတ်အဖွဲ့ဝင်တွေနဲ့တိုင်ပင်ပြီး ceoအသစ်ရွေးမှာလေ တခြားသူထက် Pနဲ့ဘဲ စိတ်ချတာမို့ buiတောင်းဆိုတာကိုလက်ခံပေးပါနော် "
"အင်းပါ၊ မတတ်သာတဲ့အခြေအနေဆိုတော့ လုပ်ပေါ့ ဒါမယ့် ငါယာယီဘဲတာဝန်ယူနိုင်မယ် ပြီးရင်buiဘာသာတာဝန်ယူ "
"ဘာလို့လဲ Pရဲ့ "
"အော် Khun jakapan,ကျွန်တော်မျိုးအသက်ကိုဘယ်လောက်ထင်နေလို့လဲ၊ အရွယ်လွန်နေပြီ ဒီထက်အရွယ်မလွန်ခင်  ခရီးတွေဘာတွေသွားပြီး အေးဆေးအနားယူရင်း ဖူးစာရှင်လေးဘာလေးရှာပါရစေဦး "
"ဟားးးး buiက Pကိုအိမ်ထောင်မပြုတော့ဘူးတောင်ထင်နေတာ "
"ခွေးကောင်လေး မစနဲ့နော်၊ မကူညီဘဲနေလိုက်မယ် "
"Ok, okမစတော့ဘူး ကူညီပေးနော် "
ဆိုပြီးကပ်ချွဲလိုက်တော့တယ်၊ မေမေပြီးရင် Ptong ကဘဲ buiရဲ့အားအထားရဆုံး မိသားစုဝင်ဖြစ်တာမို့ အရာရာကိုရင်ဖွင့်တိုင်ပင်ဖြစ်သလို Pကလဲ အကြံဉာဏ်တွေပေးတတ်တာမို့ ယုံယုံကြည်ကြည်လွဲပေးနိုင်ခဲ့တယ်၊
Flashback end!
ချစ်နေရတဲ့စိတ်ကို ဟန်ဆောင်ရတာကလဲ မလွယ်ဘူးဘဲ အရင်လို ငါ့ဘက်ကဖြည့်ဆည်းပေးနေရတုန်းကအခုလောက် မပင်ပန်းဖူးဘူး၊ ရုတ်တရတ်ပြောင်းလဲလာတဲ့ bible ကြောင့်ငါမျှော်လင့်ချက်တွေထားနေမိပြီ...ငါ့ရဲ့မျှော်လင့်ချက်ကကော ထင်ထားသလိုဖြစ်လာပါ့မလားဆိုတဲ့အတွေးနဲ့ နေရတာက တအားပင်ပန်းလွန်းတယ်
ဒီထက်မျှော်လင့်ချက်တွေမကြီးထွားခင် လက်လျော့လိုက်ဖို့ဆုံးဖြတ်လိုက်တယ်။ ဒါမယ့် သူ့ငါ့အပေါ်ကောင်းပေးလေ သူ့ဂရုစိုက်မှုကိုပိုလိုချင်လေဘဲ...နှလုံးသားအလိုဆန္ဒကို မထိန်းချုပ်နိုင်ပင်မယ့် မဖြစ်သင့်ဘူးဆိုတဲ့ ဦးနှောက်ရဲ့စွမ်းဆောင်ချက်ကပိုများနေတာမို့ သူနဲ့ငါရဲ့အကွာအဝေးကို ငါ့ဘက်ကသေချာချိန်ညှိမှ ဖြစ်မယ်...
*******
Voting ရက်ကပ်နေပြီမို့ vote ပေးခဲ့ပါဦးနော်💙
Top beautiful face in Asia Pacific မှာလဲ vote ခဲ့ဦးနော်
Ps, buiကို the most handsome bl actorsမှာ voteပေးဖို့မမေ့ပါနဲ့ဦးနော်၊ biblebuild အတွက်ကောဘဲ the most favorite bl couple မှာ vote ပေးဦးနော်
Zawgyi
ရှေ့အပိုင်းအဆက်>>>>
Flashback start,
Build Pov
လမ်းကိုမကြည့်ဘဲ လမ်းကူးမိတော့ ကားတစ်စီးနဲ့ရုတ်တရတ်ဝင်တိုက်မိသလိုဖြစ်သွားပင်မယ့် ဘရိတ်အမြန်အုပ်လိုက်တဲ့ ကားဆရာကိုတော့ ကျေးဇူးတင်နေမိတယ်။
ဒါမယ့် မျက်နှာလေးနဲ့ မလိုက် အပေါက်ဆိုးသလို၊ ငွေစကားတှေဘဲပွောနတောမို့ အမှတ်တွေက minus အောက်တဖြေးဖြေးကျသွားခဲ့တယ်။
အန်ကယ် Sumettikul ရဲ့party ပွဲညမှာ သူနဲ့ထပ်ဆုံခဲ့မိတယ်၊ သူကတော့ buiကို မမှတ်မိဘူးထင်တယ်၊ ခြံအပြင်ဘက်မှာမို့ အနဲငယ်မှောင်နေပင်မယ့် သူ့မျက်နှာလေးကိုတော့ အသေချာမှတ်မိနေတယ်။
"ဘာများလဲ pa "
.
.
.
"ငါမလုပ်နိုင်ဘူး "
"ဘာလို့လဲ Pရဲ့ "
Flashback end!
*******
Continue Reading
You'll Also Like
26.7K 549 46
This story may seem long but you will love it!! This story is completely for them who likes fanfiction and this is just a imagination/story No hate...
481K 5K 55
Akira, the brother of Issei hyoudou the biggest pervert in Kouh. Akira was abused and tricked by his brother but the lowest point in Akira's life was...
613K 9.6K 88
A text story set place in the golden trio era! You are the it girl of Slytherin, the glue holding your deranged friend group together, the girl no...
1.3M 58.9K 105
Maddison Sloan starts her residency at Seattle Grace Hospital and runs into old faces and new friends. "Ugh, men are idiots." OC x OC