𝔻𝕦𝕔𝕙𝕖𝕤𝕤 𝕆𝕗 𝕍𝕚𝕤𝕔�...

By choyee6

287K 26.3K 1.9K

13 Century နဲ့ လက်ရှိ Modern World အကြားက Time Travel အမျိုးအစားလေးပါ။ မှော်အတတ်ပညာတွေနဲ့ စိတ်ကူးယဉ်ဆန်ဆန် ရေ... More

Intro
Isaac Harold Kendrick
Minn Thit Kaung Yan (Kingsley)
🦋 1 🦋
🦋 2 🦋
🦋 3 🦋
🦋 4 🦋
🦋 5 🦋
🦋 6 🦋
🦋 7 🦋
🦋 8 🦋
🦋 9 🦋
🦋 10 🦋
🦋 11 🦋
🦋 12 🦋
Character Intro
🦋 13 🦋
🦋 14 🦋
🦋 15 🦋
🦋 16 🦋
🦋 17 🦋
🦋 18 🦋
ေခတၱရပ္နား (ခေတ္တရပ်နား)
နှစ်သစ်ဆုမွန်ကောင်း (ႏွစ္သစ္ဆုမြန္ေကာင္း)
🦋 19 🦋
🦋 20 🦋
🦋 21 🦋
🦋 22 🦋
🦋 23 🦋
New Fic Announcement
🦋 24 🦋
သိစေချင်သည့်အကြောင်းအရာ
Return
🦋 26 🦋
သေချာပေါက်ဖတ်ပေးပါ
🦋 27 🦋
🦋 28 🦋
🦋 29 🦋
🦋 30 🦋
🦋 Isaac Harold Kendrick🦋
🦋 31 🦋
🦋 32 🦋
🦋 33 🦋
Announcement
🦋 34 🦋
🦋 35 🦋
🦋 36 🦋
🦋 37 🦋 (Final)
S2 & Explanation
ခဏတာ နှုတ်ဆက်စာ
S2 Announcement
Book Announcements

🦋 25 🦋

4.3K 452 39
By choyee6

မိုခီတာဧ။္ နယ္နမိတ္အတြင္းေရာက္ခါနီးၿပီျဖစ္၍ လူသြားလူလာတစ္ခ်ိဳ႕႐ွိေနၿပီး ျမင္းမပါ၊ အေဆာင္အေယာင္မပါ၊ ဦးထုပ္ေဆာင္းကာ သာမာန္သာဝတ္စားထားေသာ မင္းသားအိုင္းဆက္ကို မွတ္မိသူကေတာ့႐ွားပါးၿပီး မင္းသားဧ။္ကုိယ္သင္းရနံ႔ေၾကာင့္သာ တစ္ခ်ဳိ႕ကလွည့္ၾကည့္ၾကေလဧ။္။ ေရစိုထားသည့္ အဝတ္အစားေတြက စိုထုိင္းထိုင္းျဖစ္ေနဆဲေပမို႔ ေလတခ်က္ေဝွ႕လိုက္တိုင္း လက္ဖဝါးေတြကို ခပ္တင္းတင္းဆုပ္လိုက္သည့္ မင္းသားအိုင္းဆက္ေၾကာင့္ ဟိုဟိုဒီဒီ ​ေကာင္းယံၾကည့္လိုက္ကာ လူမ႐ွိသည္ႏွင့္တၿပိဳင္နက္

"အ႐ွင့္သား ခ်မ္းေနလို႔လား"

ဟု ဆို၍ လက္ဖဝါးတစ္ဖက္ကို လွမ္းဆုပ္လိုက္သည္။ ေရခဲအလားေအးစက္ေနသည့္ အထိအေတြ႔ေၾကာင့္ မ်က္ႏွာကို လွမ္းၾကည့္လိုက္သည့္အခါတြင္လည္း ခပ္ရဲရဲျဖစ္လို႔ေနသည္။

"တကယ္အရမ္းေအးေနတာလား ကြၽန္ေတာ္မ်ိဳးက အဲ့ဒီေလာက္ေအးမေနဘူး"

"ငါ မ်က္ႏွာပူေရာ့လို႔...."

"ဘာျဖစ္လို႔မ်က္ႏွာပူရတာ....ေၾသာ္...ခုနေရကန္ထဲ"

ထိုေတာ့မွ အ႐ွင့္သားဧ။္ပံုစံကို ​ေကာင္းယံျပန္ၾကည့္ကာ ​ေအာ္ရယ္မိေတာ့သည္။ မိုခီတာက မိမိလာခဲ့ရာေခတ္လို ပြင့္လင္းမႈမ႐ွိသည့္ေနရာမို႔ စိတ္ဆႏၵျဖစ္ေပၚလာခဲ့သည့္အေပၚ မင္းသားကအ႐ွက္လြန္ကာ မ်က္ႏွာေတြရဲ၊ လက္ေတြပါေအးစက္ေနျခင္း။

"အဘယ္ေၾကာင့္ အဲ့ဒီေလာက္အထိ ရယ္ေနေရာ့သလဲ Kingsley "

"ရယ္ရတာေပါ့ အ႐ွင့္သားရဲ႕။ ဒါမ်ိဳးက ႐ွက္စရာမဟုတ္ပါဘူး။ အ႐ွင့္သားကို ​ေျပာျပသင္ျပေပးရေတာ့မယ္ ထင္တယ္။ Viscount ၿမိဳ႕စားႀကီးက အ႐ွက္သည္းေနၿပီ။ မထိမေတြ႔ဖူးတဲ့လူဆိုေတာ့..."

"ဒါဆို မင္းက သူမ်ားနဲ႔ထိေတြ႔ဖူးေရာ့တယ္ေပါ့"

မိမိကိုင္ထားသည့္လက္ကို ျဖဳတ္ခ်သည့္အျပင္ ဆတ္ခနဲလွည့္ေမးလာၿပီး ကုတ္က်ေနေသာ မ်က္ေမွာင္မ်ားၾကားက အလိုမက်ဟန္႐ွိသည့္ ​ေရႊအိုေရာင္မ်က္ဆန္ေလးမ်ား။ ေကာင္းယံ ပို၍ရယ္ေမာပစ္ကာ မင္းသားဧ။္လက္ေမာင္းကိုျပန္ခ်ိတ္လိုက္သည္။

"မဟုတ္ပါဘူး ကြၽန္ေတာ္မ်ိဳးတို႔ေခတ္မွာ ဒါေတြကပြင့္လင္းျမင္သာမႈ႐ွိတယ္။ ဘယ္သူနဲ႔မွလဲ ထိ​ေတြ႕ဖူးစရာမလိုပဲ သိလို႔ရတဲ့​ေနရာ​ေတြမွ အမ်ားႀကီး။ အဲ့ဒါေၾကာင့္ေလ အ႐ွင့္သားကို..."

"မလိုအပ္ေပဘူး။ ငါတို႔မွာလဲ သင္ျပေပးတဲ့သူ႐ွိတယ္။ အသက္ ၁၆ႏွစ္ျပည့္ၿပီးရင္ သင္ေပးတဲ့စာေပ႐ွိ​ေရာ့တယ္"

ေခ်ာင္းဟန္႔ကာေခါင္းကိုေမာ့၍ေျပာလာသည့္ မင္းသားအိုင္းဆက္ အမူအရာအေပၚ ေကာင္းယံျပံဳး၍ ေခါင္းညိတ္ျပလိုက္ေတာ့ မ်က္လံုး​ေထာင့္ကပ္ၿပီး ၾကည့္လာျပန္သည္။

"ဘာျဖစ္ေနျပန္ၿပီးတုန္း အ႐ွင့္သားရဲ႕"

"သင္ခဲ့တဲ့စာ​ေတြထဲမွာ တစ္ဖက္သားစိတ္ဆႏၵအပါပဲ ျပဳမူရင္ မေကာင္းမႈေျမာက္တယ္တဲ့။ ငါက မင္းကို....မင္းကိုမေမးပါပဲ..."

"အလိုတူပါတယ္ သေဘာက်ပါတယ္အ႐ွင့္သား ။ အ႐ွင့္သားနမ္းတာကို၊ အ႐ွင့္သားက အဆင့္တိုးခ်င္တာကို ကြၽန္ေတာ္မ်ိဳးက ႀကိဳက္တာေပါ့"

"မင္း......မင္း မေျပာရဲတာ ဘာတခုမွမ႐ွိေရာ့ဘူး "

မင္းသားအိုင္းဆက္ဧ။္ ရဲလက္စမ်က္ႏွာက ခရမ္းခ်ဥ္သီးလိုရဲတက္လာကာ ႐ွက္သြားတုိင္းျဖစ္ေလ့႐ွိသည့္ မ်က္ဆန္ေလးမ်ားလႈပ္ခတ္လာၿပီး မိမိထံက အၾကည့္ကိုပါ အေ႐ွ႕သို႔လဲႊပစ္လိုက္သည္။ ထို႔အျပင္ ေျခလွမ္းေတြကိုပါ အ႐ွိန္တင္ပစ္လာေတာ့ ျပန္၍ကန္ဆြဲထားလိုက္ရဧ။္။

"မေျပာေတာ့ဘူး။ မေျပာေတာ့ပါဘူး အ႐ွင့္သားရဲ႕ အျမန္မေလ်ွာက္ပါနဲ႔ ရဲတုိက္ဆီ ျပန္မ​​ေရာက္ခ်င္​ေသးဘူး။ စကားေတြေျပာဖို႔က်န္ေသးတယ္"

"ဘာေျပာခ်င္ေရာ့သလဲ"

"ကန္းထရစ္မင္းႀကီးအေၾကာင္းပါ"

"ငါ့ခမည္းေတာ္အေၾကာင္း"

"အ႐ွင္မင္းႀကီးက ကြၽန္ေတာ္မ်ိဳးကို မၾကည္ျဖဴဘူးမဟုတ္လား။ အ႐ွင့္သားနဲ႔ေမတၱာမ်ွေနတာကို မၾကည္ျဖဴဘူးေလ။ ကြၽန္ေတာ္မ်ိဳးကို သတ္ပစ္ႏုိင္ေျခ႐ွိလား"

"ခမည္းေတာ္က ငါနဲ႔ပတ္သတ္ၿပီး မင္းကိုမၾကည္ျဖဴတာေတာ့အမွန္ပါပဲ။ ဒါေပမဲ့ သုတ္သင္ပစ္ႏုိင္ေျခေတာ့ မ႐ွိ​ေရာ့ဘူး။ ငါတို႔​ေဝးကြာသြားဖို႔အတြက္ အေဝးကို​ေတာ့ပို႔ခ်င္ပို႔​ေပမယ္"

"အ႐ွင့္သားကဘယ္လိုသိလဲ"

"ခမည္းေတာ္ကိုယ္တုိင္က ရဲမက္ဘဝကေန စတင္ခဲ့သူေပမို႔ အေႁခြအရံေတြ၊ စစ္မက္ေတြအေပၚ အလိုမက်တာနဲ႔ သတ္ျဖတ္ျခင္းမလုပ္ေရာ့ဘူး Kingsley ။ အဲ့ဒါနဲ႔ပတ္သတ္ၿပီး တင္းၾကပ္တဲ့စည္းမ်ဥ္းပါ႐ွိေနတာ Elroy ရဲ႕စစ္မက္တစ္ေယာက္ကို ငါျမားနဲ႔ပစ္ခဲ့မိတဲ့ေန႔က မင္းလဲသိခဲ့လိမ့္မွာပါ"

"ကြၽန္ေတာ္မ်ိဳးသိခဲ့ပါတယ္။ မစတင္မီ ေသခ်ာေအာင္လုပ္ခ်င္တဲ့ သေဘာပါပဲ"

"ဘာအတြက္ ​ေသခ်ာခ်င္ေရာ့သလဲ Kingsley "

"ကြၽန္ေတာ္မ်ိဳး..."

ေျပာလက္စ စကားတို႔ကား ေရွ့တူရွုမွ လာ​ေနသည့္ လူတစ္စုေၾကာင့္ ရပ္တန္႔သြားရၿပီး ထိုလူစုထဲသို႔ေငးစိုက္ၾကည့္ေနမိဧ။္။

🌱🌱🌱🌱🌱🌱🌱🌱🌱🌱🌱🌱

Kingsley ဧ။္ႏႈတ္ကစကားတစ္လံုးမွ ထပ္မထြက္လာေတာ့ပဲ သူဆဲြကိုင္ထားခဲ့ေသာ မိမိလက္ကို အလ်ွင္အျမန္လႊတ္လိုက္ကာ တစ္ေနရာဆီသို႔ေငးၾကည့္ေနသည္။ အလ်ွင္အျမန္လႊတ္လိုက္ျခင္းက တိုင္းသူျပည္သူမ်ား လာ​ေနျခင္းေၾကာင့္ျဖစ္ၿပီး ေငးစိုက္ၾကည့္ေနရာကေတာ့ မိသားစုတစ္စုထံကိုပင္ျဖစ္ဧ။္။ ကုန္သည္မိသားစုျဖစ္ဟန္တူၿပီး မိခင္ျဖစ္သူႏွင့္ဖခင္ျဖစ္သူကို ပခံုးဖက္ထားေသာ သားတစ္ေယာက္ဧ။္ ျပံဳးေပ်ာ္ေနေသာပံုရိပ္။ Kingsley က သူဧ။္မိဘေတြကို သတိရသြားေရာ့ဟန္ပင္။

"Kingsley"

ဟု အသံျပဳ၍ သူဧ။္လက္ဖဝါးကို ဆုပ္ကုိင္သည့္အခါ အသာ႐ုန္းထြက္လာဧ။္။

"တုိင္းသူျပည္သားေတြျမင္လိမ့္မယ္ အ႐ွင့္သား"

"သူတို႔ ငါ့ကိုမမွတ္မိေရာ့ပါဘူး"

"မမွတ္မိလဲ ေယာက္က်ားေလးႏွစ္ေယာက္ လက္တဲြထားရင္ ဝိုင္းၾကည့္ၾကလိမ့္မယ္"

ခပ္ျမဴးျမဴးေလးေျဖေနေသာ္လည္း မ်က္ႏွာသိပ္မေကာင္းလွျခင္းေၾကာင့္ အိုင္းဆက္ပါပင့္သက္႐ိႈက္မိသည္။ သူဧ။္ မိသားစုဝင္မ်ားႏွင့္ ခဲြခြာလိုက္ရၿပီး ဘာမွန္းမသိေသာေနရာအသစ္မွာ လာေနေနရသည့္ Kingsley ဧ။္စိတ္ထဲ မည္မ်ွခံစားေနရမလဲဆိုတာ ေတြးၾကည့္လို႔ပင္မရႏုိင္။ သူလာခဲ့ရာေနရာက အသံုးအေဆာင္ေတြအေၾကာင္း ​ေျပာတာ မႀကိဳက္ေၾကာင္းေျပာခဲ့တာေတြ၊ တစ္ဖက္ကမၻာအေၾကာင္းတစ္ႀကိမ္မွ စိတ္ပါလက္ပါမေမးဖူးတာေတြ၊ သူဧ။္မိဘေတြအေၾကာင္း မေမးဖူးတာေတြ၊ ထိုမ်ွမကေသး ေနရပ္ကိုျပန္ခ်င္လားဟုပင္ မေမးခဲ့ဖူးတာေတြကို အုိင္းဆက္ျပန္ေတြးမိလာသည္။

မိမိကေမတၱာသက္ဝင္၍ ျပန္မည္ဆိုေသာစကားမၾကားလို၍ စမေျပာ၊မေမးခဲ့ျခင္းက သိပ္ကိုတစ္ကိုယ္ေကာင္းဆန္ခဲ့ေလၿပီထင္သည္။ ထို႔ေၾကာင့္

"မင္း တစ္ဖက္ကမၻာမွာ႐ွိ​ေနတဲ့ မိခင္၊ဖခင္ကို သိပ္လြမ္းဆြတ္ေနေရာ့မွာပဲ ေကာင္းယံ "

"အတုိင္းထက္အလြန္ပါပဲ အ႐ွင့္သား"

"မိခင္နဲ႔ဖခင္က ဘယ္လိုပံုစံေလးနဲ႔ ဘယ္လိုအက်င့္စ႐ိုက္ေတြ႐ွိၾကလဲ"

"ကြၽန္ေတာ္မ်ိဳးရဲ႕ဖခင္က သမိုင္းသုေတသီေလ၊ ​ေ႐ွးေဟာင္းေတြ ရာဇဝင္ၿမိဳ႕ေဟာင္းေတြကို သိပ္စိတ္ဝင္စားတယ္။ မိခင္ကေတာ့...."

ဟု အစခ်ီ၍ သူဧ။္မိခင္၊ဖခင္အေၾကာင္း အားရဝမ္းသာေျပာျပလာၿပီး မ်က္လံုးေတြပါျပံဳးေနသည့္ Kingsley က မည္မ်ွေတာင္ေပ်ာ္ေနေၾကာင္း ျမင္ယံုနဲ႔ပင္သိသာလွသည္။ ေျခဟန္လက္ဟန္မ်ားျဖင့္ သူတို႔ေနရာဧ။္အသံုးအေဆာင္ပံုစံေတြကိုပါ လုပ္ေနသည့္ Kingsley ကိုၾကည့္ေနရင္းက ​သနားလာကာ ေဘးပတ္ဝန္းက်င္တြင္လဲ လူသူမ႐ွိ​ေလသည္မို႔ ေပြ႔ဖက္လိုက္သည့္အခါ ၿငိမ္က်သြား႐ွာသည္။

"မင္း ျပန္ခ်င္ေနတယ္မဟုတ္လား ​ေကာင္းယံ ။ ငါ နည္းလမ္းရေအာင္႐ွာေပးပါ့မယ္ မင္းကိုသိပ္ခ်စ္ျမတ္ႏိုးေပမယ့္ တစ္ကိုယ္ေကာင္းဆန္ၿပီး မိခင္၊ဖခင္ထံ မျပန္နဲ႔၊ မင္းရဲ႕ကမၻာကို မလြမ္းဆြတ္နဲ႔၊ ငါ႐ွိရာမွာပဲေနလို႔ မေျပာရက္ေတာ့ဘူး။ တခုပဲကတိ​ေပး၊ ျပန္ဖို႔နည္းလမ္း ငါ႐ွာလို႔ေတြ႔ခဲ့ၿပီးရင္ တဖက္ကိုျပန္သြားၿပီးတဲ့အခါ၊ လြမ္းဆြတ္မႈေတြကို ေက်ေအာင္ေခ်ၿပီးတဲ့အခါ ငါ့ကိုတစ္လွည့္ျပန္လြမ္းဆြတ္ၿပီး ျပန္လာဖို႔ နည္းလမ္း႐ွာလွည့္မယ္မဟုတ္လား ေကာင္းယံ"

ဟု ေမး၍ Kingsley ဧ။္ ဆံႏြယ္ဝဲဝဲေလးမ်ားကို တို႔ထိပြတ္သတ္ေနမိသည္။ Kingsley ကလဲ မည္သည့္စကားမွမဆို မ်က္ရည္မ်ား ခ်က္ခ်င္းျပည့္အိုင္တက္လာက မိမိကိုသာစိုက္ၾကည့္ေနဧ။္။ ထို႔ေနာက္တြင္ေတာ့ ေခါင္းကိုအသာခါယမ္းျပလာကာ...

"နည္းလမ္း႐ွာစရာမလိုပါဘူး အ႐ွင့္သား။ ကြၽန္ေတာ္မ်ိဳးက အ႐ွင့္သား​ ေဘးနားမွာပဲ​ေန​ေတာ့မွာပါ"

"ငါ့ရဲ႕စိတ္ ေပ်ာ္ေမြ႔ရေအာင္ ႀကိတ္မွိတ္​ေျပာစရာ မလိုအပ္ေပဘူး ေကာင္းယံ ။ ဒီ​ေနရာမွာ မင္းရဲ႕တုိင္းျပည္မဟုတ္ပါပဲနဲ႔..."

"အဲ့ဒီႏုိင္ငံကလဲ ကြၽန္ေတာ္မ်ိဳးရဲ႕ေမြးရပ္ေျမမဟုတ္ပါဘူး အ႐ွင့္သား။ ေခၚယူေမြးစားခဲ့တဲ့မိဘေတြကို ဒီလိုစကားမ်ိဳးေျပာရင္ ေက်းဇူးမသိတတ္သူ၊ သားမုိက္လို႔ ေခါင္းစဥ္တပ္ၾကမလားမသိေပမယ့္  ကြၽန္ေတာ္မ်ိဳးရဲ႕သက္တမ္းတစ္ဝက္နီးပါးကို မိဘေတြရဲ႕နံေဘးမွာ ​ေစာင့္​ေ႐ွာက္ျမဳပ္ႏွံေနထုိင္ခဲ့ပါတယ္။ က်န္ေနေသးတဲ့ သက္တမ္းကိုေတာ့ ဘဝမွာေတြ႔ဆံုရတဲ့ ခ်စ္ႏွစ္သက္သူရဲ႕နံေဘးမွာ ထား႐ွိကုန္ဆံုးခ်င္ပါတယ္ အ႐ွင့္သား"

"အခုေျပာေနတာေတြက မင္းရဲ႕စိတ္ရင္းအမွန္ ဧကန္ဟုတ္ေပရဲ႕လား "

"မညာတမ္းဝန္ခံရရင္ေတာ့ အခြင့္႐ွိရင္ တစ္ႀကိမ္ေလာက္ျဖစ္ျဖစ္ မိဘေတြကို ​ေတြ႔ဆံုႏႈတ္ဆက္ခ်င္ပါတယ္။ ၿပီးေတာ့ကံၾကမၼာကျပန္ဖို႔ အေၾကာင္းဖန္ရင္ေတာ့ မလဲြမေသြျပန္ရမွာေပမယ့္ အဲ့ဒီအေၾကာင္းအရာကိုေတာ့ လူကဖန္တီးေပးဖို႔ မလိုအပ္တာမို႔ အ႐ွင့္သားက ႐ွာေပးစရာမလိုအပ္ပါဘူး။ ကံၾကမၼာကအ​ေၾကာင္းမဖန္ရင္ အ႐ွင့္သားရဲ႕နံေဘးမွာပဲ သက္ဆံုးတိုင္ေနသြားဖို႔ ဆႏၵ႐ွိပါတယ္။ ကြၽန္ေတာ္မ်ိဳးအတြက္ဆို အေဆာင္အေယာင္​​ေတြကိုသာမက အကုန္စြန္႔လႊတ္ရဲတယ္ဆိုတဲ့ အ႐ွင့္သားအတြက္ ကြၽန္ေတာ္မ်ိဳးကေရာ ဘာေၾကာင့္မ်ား ကြၽန္ေတာ္မ်ိဳး လုပ္ေပးႏိုင္တာေတြကို မလုပ္ႏုိင္ရမွာလဲ "

"ငါ မင္းကို သိပ္ခ်စ္ျမတ္ႏိုးရပါတယ္ ေကာင္းယံ"

ဟုဆိုကာ ပို၍ ခပ္တင္းတင္း​ေပြ႕ဖက္လိုက္​ေတာ့ ေကာင္းယံက မိမိႏႈတ္ခမ္းကို ခပ္ဖြဖြတစ္ခ်က္နမ္း႐ႈိက္ကာ ဤသို႔ဆိုလာသည္။

"ကြၽန္​ေတာ္မ်ိဳးအတြက္ ခဲြခြာရျခင္းက လြမ္းဆြတ္ရတာထက္ ပိုနာက်င္ရမယ္ထင္လို႔ အ႐ွင့္သားရဲ႕အနားက ဘယ္ေသာအခါမွထြက္မသြားလိုပါဘူး။ အဲ့ဒီ​ေလာက္အထိကို အ႐ွင့္သားအ​ေပၚ ကြၽန္ေတာ္မ်ိဳးက သိပ္ခ်စ္တာပါ"

🌱🌱🌱🌱🌱🌱🌱🌱🌱🌱🌱🌱🌱

ရဲတုိက္ႀကီးဧ။္ အဝင္ဝသို႔ေရာက္႐ွိလာခဲ့ၿပီး ထိုမွတစ္ဆင့္ ကန္းထရစ္မင္းႀကီး ေ႐ွ႕ေမွာက္သို႔အခစားဝင္ခဲ့ၾကသည္။ ကင္းေထာက္မသြားမီ တစ္ႀကိမ္ေတြ႔ဆံုခ်ိန္က မိမိႏွင့္မင္းသားအၾကားက ခ်စ္ႀကိဳက္မႈကို ဟန္႔တားလာျခင္းအေပၚ တနည္းအားျဖင့္ ၿခိမ္းေျခာက္ျခင္းအေပၚ ေကာင္းယံ ေၾကာက္စိတ္ဝင္မိေသာ္လည္း ဒီတစ္ႀကိမ္မွာေတာ့ မတူေပ။ခန္းမ​ေဆာင္ထဲဝင္၍ ပလႅင္​ကဲ့သို႔​ေသာ​​ေနရာတြင္ထုိင္၍ မိမိထံစူးရဲစြာၾကည့္ေနသည့္ ကန္းထရစ္မင္းႀကီးကို တန္ျပန္ၾကည့္ေလ်ွာက္လာကာ ဒူးေထာက္အခစားဝင္လိုက္သည္။

"ကြၽန္ေတာ္မ်ိဳး Kingsley အခစားဝင္ပါတယ္ အ႐ွင္မင္းႀကီး"
"ကြၽန္ေတာ္ဂါရဝျပဳပါတယ္ ခမည္းေတာ္"

"အင္း ကင္းေထာက္အတူသြားရတာ ​ေတာ္ေတာ္မွေပ်ာ္ေမြ႔ခဲ့ရဲ႕လား စစ္သူႀကီး"

"တစ္ဦးျခင္းစီရဲ႕ ယူဆခ်က္နဲ႔ဆုိင္ပါတယ္ အ႐ွင္မင္းႀကီး။ ကြၽန္ေတာ္မ်ိဳးတို႔အေနနဲ႔ကေတာ့ ကင္းေထာက္အတြက္စိတ္လႈပ္႐ွားမႈနဲ႔ ေပ်ာ္ေမြ႔ျခင္းကို ခံစားခဲ့ရေပမယ့္ ဒါကိုသေဘာမက်သူဆိုရင္ေတာ့ အတူသြားျခင္းအ​ေပၚ ေပ်ာ္ေမြ႔မွာမဟုတ္ပါဘူး"

"စစ္သူႀကီးကို စစ္မက္တစ္ေယာက္နဲ႔သြားပါလို႔ ငါအခုိင္အမာေျပာခဲ့ေပတယ္ အိုင္းဆက္နဲ႔သြားခဲ့တယ္ဆိုေတာ့ စစ္သူႀကီးအျမင္မွာ ငါ့သားေတာ္က မင္းသားတစ္ပါးမဟုတ္ပဲ စစ္မက္ေတြနဲ႔တန္းတူလို႔ ထင္ေနေပသလား"

"ဒါကလဲ တစ္ဦးျခင္းစီနဲ႔သက္ဆုိင္ျပန္ပါတယ္ အ႐ွင္မင္းႀကီး။ အ႐ွင္မင္းႀကီးအေနနဲ႔ဆို အ႐ွင့္သားက သားေတာ္တစ္ပါးျဖစ္ေပမယ့္ ကြၽန္ေတာ္မ်ိဳးတို႔နဲ႔ တုိင္းသူျပည္သားေတြအေနနဲ႔ ဆိုရင္ေတာ့ မင္းသားတစ္ပါးလဲဟုတ္တယ္၊ တုိင္းျပည္အေရးကိုကာကြယ္မယ့္ စစ္မက္ေခါင္းေဆာင္တစ္ေယာက္လို႔လဲ ျမင္ပါတယ္"

"မင္း​ေရာအိုင္းဆက္ပါ ပြင့္ပြင့္လင္းလင္း ေျပာလာခဲ့ၿပီဆိုေတာ့ ငါကလဲေျပာရေတာ့မွာေပါ့ တားျမစ္ဖို႔အတြက္ နည္းလမ္းမ်ိဳးစံု ငါလုပ္မွာပါ။ ဘယ္လိုမွမျဖစ္ႏုိင္တဲ့၊ မျဖစ္သင့္တဲ့ကိစၥဆိုတာ ႐ွင္း႐ွင္းလင္းလင္းသိေနမွာပါ Kingsley"

"ေလ်ွာက္တင္ပါတယ္ အ႐ွင္မင္းႀကီး..."

"ဒါကလဲ တစ္ဦးျခင္းအျမင္နဲ႔ သက္ဆုိင္ျပန္ၿပီလား"

"မဟုတ္ပါဘူး အ႐ွင္မင္းႀကီး။ ဒါက်ေတာ့ ကံၾကမၼာနဲ႔သက္ဆုိင္ပါတယ္။ သတ္မွတ္ေပးၿပီးသားဆိုရင္ မည္သူကမွတးဆီးလို႔မရပါဘူး အ႐ွင္မင္းႀကီး။ နမိတ္ေတြ တေဘာင္ေတြ႐ွိသည့္တိုင္ ဒါမ်ိဳးတစ္ႀကိမ္မွ မၾကံဳေတြ႔လာရတဲ့အတြက္ တစ္ကယ္ျဖစ္လာလိမ့္မယ္ဆိုတဲ့ သတ္မွတ္ခ်က္လဲ ႐ွိမေနတဲ့အတြက္ ေစာင့္ၾကည့္တာမ်ိဳးကပဲပိုၿပီး...."

"ဘယ္႐ွိလာဦးမလဲ။ ေတာ္ဝင္မ်ိဳးႏြယ္ေတြထဲကေန မ်ိဳးတူခ်စ္ႀကိဳက္စံုမက္တယ္ဆိုတာ အိုင္းဆက္ပဲ႐ွိေသးတာေလ"

"မွန္ပါတယ္ အ႐ွင္မင္းႀကီး ကြၽန္ေတာ္မ်ိဳးေျပာခ်င္တာ ဒါပါပဲ။ နမိတ္ေတြ၊အေဟာေတြ၊ တေဘာင္ေတြက အရင္ကတည္းက႐ွိခဲ့ေပမယ့္ မ်ိဳးတူစံုမက္တယ္ဆိုမွ ခုမွျဖစ္လာတာပါ။ ဒါေၾကာင့္ ကြၽန္ေတာ္မ်ိဳးတို႔ကို ေစာင့္ၾကည့္ေပးလွည့္ပါ အ႐ွင္မင္းႀကီး။ ဘာမွမျဖစ္လာဘူးဆိုရင္ အ႐ွင္မင္းႀကီးအေနနဲ႔ ခ်စ္တဲ့သူႏွစ္ေယာက္ၾကား ဝင္ခဲြမိတဲ့ လူဆိုး.. အဲ...လူယုတ္မာ...အမ္း...လူႀကီးျဖစ္သြားလိမ့္မွာပါ။ "

ထိုစကားလံုးေၾကာင့္ ကန္းထရစ္မင္းႀကီးက ဟက္ခနဲရယ္ကာ လက္သီးေတြကိုေတာ့ တင္းတင္းဆုပ္ထားသည္။

"ျဖစ္လာရင္ေရာ..."

"မျဖစ္လာရင္ေရာ အ႐ွင္မင္းႀကီး"

"ငါကမင္းကိုေမးေနတာ Kingsley ။ ျဖစ္လာရင္ေရာ..."

"မျဖစ္လာရင္​ေရာ....အ႐ွင္..."

"ေတာ္...ေတာ္...တိတ္စမ္း တိတ္လိုက္ေတာ့။ ငါ့ကိုေဒါသထြက္ေအာင္ မင္းက်ီစယ္ေနဝံ့သလား Kingsley"

"ကြၽန္ေတာ္မ်ိဳးမလုပ္ဝံ့ပါဘူး အ႐ွင္မင္းႀကီး။ မင္းသားအိုင္းဆက္ကိုအေလးထားသလို သူနဲ႔ပတ္သတ္သမ်ွကိုပါ အေလးထားပါတယ္။ ေဒါသထြက္ျခင္းက အသည္းကိုအားနည္းေစပါတယ္။ ေသာကေရာက္ျခင္းက အဆုတ္ကိုအားနည္းေစပါတယ္။ စိတ္ပူပန္မႈက အစာအိမ္ကိုထိခိုက္ေစပါတယ္။ စိတ္ဖိစီးမႈက ႏွလံုးနဲ႔ဦးေႏွာက္ကို ထိခိုက္ေစတတ္ၿပီး ျဖစ္မလာေသးတဲ့အရာကို ႀကိဳတင္ေတြးေၾကာက္ရြံေနျခင္းက ေက်ာက္ကပ္ကိုထိခိုက္ေစပါတယ္။ ဒါေၾကာင့္ က်န္းမာ​ေရးကို ​ေ႐ွး႐ွဴၿပီး ​ ေဒါသေတြကို ထိန္းခ်ဳပ္လွည့္ပါ အ႐ွင္မင္းႀကီး "

"မင္း....."

ခမည္းေတာ္ထံ ပံုမွန္အၾကည့္ျဖင့္သာၾကည့္႐ႈ၍ ဒူး​ေထာက္ထားရာကမထ​ေသာ္ျငား စကားအရာနဲ႔​ေတာ့ တစ္ခုမက်န္ေခ်ပေနေသာ Kingsley ဧ။္ ေနာက္ဆံုးစကားေနာက္မွာေတာ့ အိုင္းဆက္မွာဘဝတစ္ေလ်ွာက္ တႀကိမ္မွျဖစ္ေပၚျခင္းမ႐ွိသည့္ ျပံဳးစိျပံဳးစိလုပ္ခ်င္စိတ္မ်ားက တရစပ္ျဖစ္ေပၚလာၿပီး တကယ္မလုပ္မိေစရန္ သြားကိုတင္းတင္းေစ့၍ ေတာင့္ထားရေသာ္ျငား မိမိထံလွည့္ၾကည့္လာသည့္ Kingsley က မ်က္လံုးတစ္ဖက္မွိတ္ျပလာေသာအခါတြင္ေတာ့ ထိန္းခ်ဳပ္မရေတာ့။

ခပ္ျပံဳးျပံဳးလုပ္ေနသည့္ မိမိကိုၾကည့္ေနသည့္ ခမည္းေတာ္ဧ။္မ်က္ႏွာမွာ တစတစမည္းေမွာင္လာၿပီး လမ္းခရီးတြင္ Kingsley ေျပာခဲ့သည့္  မစတင္မီ ေသခ်ာေအာင္လုပ္ခ်င္တဲ့ သေဘာပါပဲ ဆိုေသာစကားလံုးရဲ႕ အဓိပၸယ္ကိုပါသိ႐ွိလာရသည္။

"အိုင္းဆက္...မင္းမွာေလ်ွာက္တင္စရာ ဘာမွမ႐ွိဘူးလား"

"ကင္းေထာက္နဲ႔ပတ္သတ္တာဆိုရင္ေတာ့ ကြၽန္ေတာ္ေနာက္ရက္မွေသခ်ာေျပာျပပါ့မယ္။ အျခားအေၾကာင္းအရာဆိုရင္ေတာ့ Kingsley ေျပာခဲ့တဲ့အတုိင္းပါပဲ"

"သိပ္ေကာင္း....အရမ္းေကာင္း ။ ေနာက္မွဆက္ေျပာမယ္။ ​ေလာေလာဆယ္ ငါ ကီရာတိုနဲ႕ အန္ခ်ီက ဘုရင္ေတြကိုဆင့္ေခၚထားတယ္။ ေရာက္ခါနီးေနၿပီမို႔ ကုိယ္လက္သန္႔စင္ၿပီး မင္း​ေရာ Kingsley ပါ ဒီကို ျပန္လာခဲ့ပါ"

ထို႔ေနာက္တြင္ေတာ့ ေနထိုင္ရာအသီးသီးျပန္ကာ ကိုယ္လက္သန္႔စင္ၿပီး အေဆာင္အေယာင္ အျပည့္အစံုဝတ္ဆင္၍ ရဲတုိက္ႀကီးဧ။္ခန္းမေဆာင္ဆီသို႔ ျပန္လာခဲ့ရာလမ္းတြင္ Kingsley ကေမးလာခဲ့သည္။

"ကီရာတိုနဲ႔အန္ခ်ီက ဘာေၾကာင့္လာမွာလဲအ႐ွင့္သား"

"အန္ခ်ီကေတာ့ ဆက္သရမယ့္ပ႑ာေလ်ာ့နည္းတာနဲ႔ စစ္မက္စုေဆာင္းေရးအတြက္ ျဖစ္ေရာ့တယ္။ ကီရာတိုဘုရင္ကေတာ့ တိုင္းျပည္သံုးခုအၾကား စစ္မက္စုေဆာင္းေရးနဲ႔ပတ္သတ္ၿပီး ခ်မွတ္ထားတဲ့စည္းမ်ဥ္​း​ေတြအရ မျဖစ္မေနလာရပံုပါပဲ"

တုိင္းျပည္ႏွစ္ခုဧ။္ဘုရင္ေတြကို ​ေတြ႔ဆံုရမည္အမွတ္ျဖင့္ အိုင္းဆက္လာခဲ့ရာက တကယ္တမ္းတြင္ေတာ့ ကီရာတိုဘုရင္ႏွင့္အတူ Aldorus ပါ ပါလာခဲ့ၿပီး အဓိကျဖစ္သည့္အန္ခ်ီကေတာ့ Elroy တစ္ေယာက္သာ ေရာက္လာခဲ့သည္။ Aldorus က မိမိကိုေတြ႔သည္ႏွင့္တၿပိဳင္နက္ ျပံဳးျပလာၿပီး Elroy ကေတာ့ သူႏွင့္ေျပာင္းျပန္ပင္။ယေန႔ ​ေတြ႔ဆံုရျခင္းအေၾကာင္းက မိမိထက္ခမည္းေတာ္ႏွင့္သာ ပတ္သတ္ျခင္းေၾကာင့္ ႏႈတ္ဆိတ္၍သာ နားေထာင္ေနခဲ့သည္။

"အန္ခ်ီဘုရင္က ငါကိုယ္ေတာ္ဆင့္ေခၚမႈကို မသိက်ိဳးကြၽံျပဳလိုက္တာလား မင္းသား Elroy "

"ခမည္းေတာ္က က်န္းမာေရးခ်ိဳ႕ယြင္းေနျခင္းေၾကာင့္ ခရီးေဝးမႏွင္ႏုိင္ေသးလို႔ပါ အ႐ွင္မင္းႀကီး။ ဘယ္ကိစၥကိုမဆို ကြၽန္ေတာ္မ်ိဳးနဲ႔ေျပာလို႔ရပါတယ္"

"ႏွစ္စဥ္ဆက္သရမယ့္ အခြန္ပ႑ာအေၾကာင္းကေန စတင္လိုက္ရေတာ့မွာေပါ့ "

"ေလ်ွာက္တင္ပါတယ္ အ႐ွင္မင္းႀကီး ။ ကြၽန္ေတာ္မ်ိဳးတို႔ရဲ႕ အန္ခ်ီကေန ဆက္သရမယ့္အခြန္ေၾကးကို မပ်က္တမ္းေပးေဆာင္လာတာ ႏွစ္အမ်ားႀကီး႐ွိခဲ့ပါၿပီ။ ဒါေပမဲ့ ယခုႏွစ္ပိုင္းမွာေတာ့ တုိင္းျပည္ကသီးႏွံထြက္ႏႈန္းက ေနထုိင္သူနဲ႔မေလာက္ဌတဲ့အတြက္ ေလ်ာ့ခ်ဆက္သလိုက္ၿပီး ေနာက္ႏွစ္ေတြအတြင္းလဲ ထိုနည္းလည္းေကာင္းပဲျဖစ္ေနမွာပါ"

"သတ္မွတ္ထားတဲ့ပမာဏာမဟုတ္ရင္ မင္းတို႔ရ႐ွိမယ့္ စစ္လက္နက္အ​ေရအတြက္ကလဲ ေလ်ာ့က်သြားေပလိမ့္မယ္"

"ဒါကို နားလည္ထားပါတယ္ အ႐ွင္မင္းႀကီး"

"စားနပ္ရိကၡာမေလာက္ဌျခင္းက စစ္မက္အသစ္ေတြစုေဆာင္းေနလို႔မ်ားလား မင္းသား Elroy"

"ဒီကိစၥကို မင္းသားအိုင္းဆက္ထံကေန အ႐ွင္မင္းႀကီးသိထားၿပီးေလာက္ၿပီလို႔ယူဆလို႔ ကြၽန္ေတာ္မ်ိဳးမႃငင္းဆိုလိုပါဘူး"

"စစ္မက္စုေဆာင္းရင္ တုိင္းျပည္ႀကီးသံုးခုရဲ႕ ဘုရင္ေတြနဲ႔ေတြ႔ဆံုေျပာၾကားရမယ္ဆိုတဲ့ သတ္မွတ္ခ်က္႐ွိေနတယ္ ။ ဒါကို မ်က္ကြယ္ျပဳလိုက္တာမ်ားလား"

"တုိင္းျပည္ႀကီးသံုးခုက တည္႐ွိခဲ့တာၾကာျမင့္ေနၿပီး စည္းမ်ဥ္းေတြေအာက္မွာ အတူတကြ႐ွိေနတာလဲ ၾကာေနခဲ့ပါၿပီ။ ဒါေပမဲ့ အရဲစြန္႔ေလ်ွာက္တင္ရမယ္ဆိုရင္ အန္ခ်ီရဲ႕အိမ္ေ႐ွ႕စံ ကြၽန္ေတာ္မ်ိဳးက ကြၽန္ေတာ္မ်ိဳးတစ္ခ်ိန္အုပ္ခ်ဳပ္ရမယ့္ တုိင္းျပည္ႀကီးကို အမွီအခိုကင္းကင္းနဲ႔ တည္ေဆာက္ခ်င္ပါတယ္။ ဒါေၾကာင့္ ပံုမွန္မဟုတ္တဲ့ အရာေတြလို႔ထင္ရေပမယ့္ အန္ခ်ီရဲ႕အေရးကိစၥကို ေ႐ွး႐ွဴလုပ္ေဆာင္ေနတာကို ကန္းထရစ္မင္းႀကီးအေနနဲ႔ နားလည္ေပးလွည့္ပါ"

"ပုန္ကန္ဖို႔ရာၾကံစည္တယ္လို႔​ေရာ သတ္မွတ္လိုက္ရမလား Elroy"

ထိုေမးခြန္းကိုေတာ့ Elroy က ခ်က္ခ်င္းမေျဖလာပဲ ၿငိမ္သက္ေနခဲ့ၿပီး ခဏအၾကာတြင္ေတာ့ ဦးေမာ့လာခဲ့သည္။

"အ႐ွင္မင္းႀကီးက အဲ့ဒီလိုယူဆလိုက္မယ္ဆိုရင္လဲ ကြၽန္ေတာ္မ်ိဳးတို႔ဘက္က ခုခံေျပာစရာမ႐ွိလွပါဘူး"

"​ေကာင္းၿပီ အန္ခ်ီဘုရင္ကို ေျပာလိုက္ပါ Elroy။ ကန္းထရစ္အုပ္ခ်ဳပ္တဲ့တုိင္းျပည္ဟာ ထိုးေဖာက္ဖို႔ရာမလြယ္ကူတာမို႔ အားအင္အကုန္မခံ ခံျပင္းမေနပဲ က်န္းမာေအာင္ေနၿပီး ငါဧ။္အေ႐ွ႕ကို အခစားဝင္လွည့္ပါဦးလို႔"

"ေျပာျပလိုက္ပါ့မယ္ အ႐ွင္မင္းႀကီး။ ကြၽန္ေတာ္မ်ိဳးမွာ ကိစၥရပ္ေလး႐ွိလို႔ ညစာကိုေတာ့ မစားသံုးေတာ့ပါဘူး "

"ေကာင္းပါၿပီ။ ဒါနဲ႔ မင္းသား Elroy..."

"နားေထာင္ေနပါတယ္ အ႐ွင္မင္းႀကီး"

"လာမယ့္ႏွစ္ရဲ႕အခြန္ပမာဏာဟာ ယခင္သတ္မွတ္ထားတဲ့ အေရအတြက္တုိင္း ဆက္သရမယ္။ ေလ်ာ့နည္းသြားခဲ့ရင္ မိုခီတာနဲ႔ကီရာတိုကသာ ရာဇဝင္ထဲ အဆံုးထိတည္ျမဲခဲ့တဲ့ တုိင္းျပည္​ေတြျဖစ္သြား​ေပလိမ့္မယ္"

"မွတ္ယူလိုက္ပါၿပီ အ႐ွင္မင္းႀကီး"

ခန္းမထဲမွတစ္လွမ္းျခင္း ထြက္ခြာသြားခဲ့ေသာ Elroy အေဝးေရာက္သြားၿပီးေနာက္ ကီရာတိုဘုရင္ႏွင့္ သူဧ။္ သားေတာ္အား ကန္းထရစ္မင္းႀကီးက ညစာအတြက္ျပင္ဆင္ထား​ေသာ ေနရာဆီသို႔ဦးေဆာင္ေခၚသြားသည္။ အိုင္းဆက္ကေတာ့ Aldorus အနားသို႔ကပ္လိုက္ၿပီးေနာက္

"မင္းပါလာေတာ့ အံ့ၾသသြားေရာ့တယ္ Aldorus"

"ရက္သတၱပတ္တစ္ပတ္ၿပီးရင္ လက္ဆက္ေတာ့မွာမို႔"

"အခ်ိန္လိုေသးတယ္လို႔ ေျပာခဲ့ေလသလား"

"ေျပာခဲ့ေပမယ့္ ေ႐ွ႕တိုးလိုက္တာ။ ကန္းထရစ္မင္းႀကီးက တက္ေရာက္မွာမို႔ မင္းေရာ၊ စစ္သူႀကီးပါလုိက္ခဲ့ပါ"

ခ်စ္ရသူႏွင့္လက္ဆက္ရေတာ့မည့္ Aldorus ဧ။္အျပံဳးေတြက အစြမ္းကုန္ပြင့္လန္း​ေနကာ အေတာ္ေလးကိုေပ်ာ္ေနသည့္ဟန္ပင္။ Kingsley ႐ွိရာသို႔ငဲ့ၾကည့္ေတာ့ မိမိထံျပံဳးျပေနသည္ကို ေတြ႔လိုက္ရၿပီး လူ​ေတြမျမင္​ေအာင္ ႀကိဳးစား၍ သူဧ။္လက္သန္းအဖ်ား​ေလးကို အသာကိုင္လိုက္သည့္အခါ သူကလဲ မိမိ​ေပးထားသည့္ လည္ပင္းမွဆဲြႀကိဳးေလးကို လွမ္းကိုင္လို႔ထားသည္။

(AN - မေန႔က တင္ရမယ့္ရက္ပါ မၿပီးလိုက္လို႔ အဟီး (မ်က္ႏွာခ်ိဳေသြးျခင္း 🤭) ။ ဗုဒၶဟူးေန႔မွာupdate လာပါမယ္)

6000 words

Unicode

မိုခီတာဧ။် နယ်နမိတ်အတွင်းရောက်ခါနီးပြီဖြစ်၍ လူသွားလူလာတစ်ချို့ရှိနေပြီး မြင်းမပါ၊ အဆောင်အယောင်မပါ၊ ဦးထုပ်ဆောင်းကာ သာမာန်သာဝတ်စားထားသော မင်းသားအိုင်းဆက်ကို မှတ်မိသူကတော့ရှားပါးပြီး မင်းသားဧ။်ကိုယ်သင်းရနံ့ကြောင့်သာ တစ်ချို့ကလှည့်ကြည့်ကြလေဧ။်။ ရေစိုထားသည့် အဝတ်အစားတွေက စိုထိုင်းထိုင်းဖြစ်နေဆဲပေမို့ လေတချက်ဝှေ့လိုက်တိုင်း လက်ဖဝါးတွေကို ခပ်တင်းတင်းဆုပ်လိုက်သည့် မင်းသားအိုင်းဆက်ကြောင့် ဟိုဟိုဒီဒီ ကောင်းယံကြည့်လိုက်ကာ လူမရှိသည်နှင့်တပြိုင်နက်

"အရှင့်သား ချမ်းနေလို့လား"

ဟု ဆို၍ လက်ဖဝါးတစ်ဖက်ကို လှမ်းဆုပ်လိုက်သည်။ ရေခဲအလားအေးစက်နေသည့် အထိအတွေ့ကြောင့် မျက်နှာကို လှမ်းကြည့်လိုက်သည့်အခါတွင်လည်း ခပ်ရဲရဲဖြစ်လို့နေသည်။

"တကယ်အရမ်းအေးနေတာလား ကျွန်တော်မျိုးက အဲ့ဒီလောက်အေးမနေဘူး"

"ငါ မျက်နှာပူရော့လို့...."

"ဘာဖြစ်လို့မျက်နှာပူရတာ....သြော်...ခုနရေကန်ထဲ"

ထိုတော့မှ အရှင့်သားဧ။်ပုံစံကို ကောင်းယံပြန်ကြည့်ကာ အော်ရယ်မိတော့သည်။ မိုခီတာက မိမိလာခဲ့ရာခေတ်လို ပွင့်လင်းမှုမရှိသည့်နေရာမို့ စိတ်ဆန္ဒဖြစ်ပေါ်လာခဲ့သည့်အပေါ် မင်းသားကအရှက်လွန်ကာ မျက်နှာတွေရဲ၊ လက်တွေပါအေးစက်နေခြင်း။

"အဘယ်ကြောင့် အဲ့ဒီလောက်အထိ ရယ်နေရော့သလဲ Kingsley "

"ရယ်ရတာပေါ့ အရှင့်သားရဲ့။ ဒါမျိုးက ရှက်စရာမဟုတ်ပါဘူး။ အရှင့်သားကို ပြောပြသင်ပြပေးရတော့မယ် ထင်တယ်။ Viscount မြို့စားကြီးက အရှက်သည်းနေပြီ။ မထိမတွေ့ဖူးတဲ့လူဆိုတော့..."

"ဒါဆို မင်းက သူများနဲ့ထိတွေ့ဖူးရော့တယ်ပေါ့"

မိမိကိုင်ထားသည့်လက်ကို ဖြုတ်ချသည့်အပြင် ဆတ်ခနဲလှည့်မေးလာပြီး ကုတ်ကျနေသော မျက်မှောင်များကြားက အလိုမကျဟန်ရှိသည့် ရွှေအိုရောင်မျက်ဆန်လေးများ။ ကောင်းယံ ပို၍ရယ်မောပစ်ကာ မင်းသားဧ။်လက်မောင်းကိုပြန်ချိတ်လိုက်သည်။

"မဟုတ်ပါဘူး ကျွန်တော်မျိုးတို့ခေတ်မှာ ဒါတွေကပွင့်လင်းမြင်သာမှုရှိတယ်။ ဘယ်သူနဲ့မှလဲ ထိတွေ့ဖူးစရာမလိုပဲ သိလို့ရတဲ့နေရာတွေမှ အများကြီး။ အဲ့ဒါကြောင့်လေ အရှင့်သားကို..."

"မလိုအပ်ပေဘူး။ ငါတို့မှာလဲ သင်ပြပေးတဲ့သူရှိတယ်။ အသက် ၁၆နှစ်ပြည့်ပြီးရင် သင်ပေးတဲ့စာပေရှိရော့တယ်"

ချောင်းဟန့်ကာခေါင်းကိုမော့၍ပြောလာသည့် မင်းသားအိုင်းဆက် အမူအရာအပေါ် ကောင်းယံပြုံး၍ ခေါင်းညိတ်ပြလိုက်တော့ မျက်လုံးထောင့်ကပ်ပြီး ကြည့်လာပြန်သည်။

"ဘာဖြစ်နေပြန်ပြီးတုန်း အရှင့်သားရဲ့"

"သင်ခဲ့တဲ့စာတွေထဲမှာ တစ်ဖက်သားစိတ်ဆန္ဒအပါပဲ ပြုမူရင် မကောင်းမှုမြောက်တယ်တဲ့။ ငါက မင်းကို....မင်းကိုမမေးပါပဲ..."

"အလိုတူပါတယ် သဘောကျပါတယ်အရှင့်သား ။ အရှင့်သားနမ်းတာကို၊ အရှင့်သားက အဆင့်တိုးချင်တာကို ကျွန်တော်မျိုးက ကြိုက်တာပေါ့"

"မင်း......မင်း မပြောရဲတာ ဘာတခုမှမရှိရော့ဘူး "

မင်းသားအိုင်းဆက်ဧ။် ရဲလက်စမျက်နှာက ခရမ်းချဉ်သီးလိုရဲတက်လာကာ ရှက်သွားတိုင်းဖြစ်လေ့ရှိသည့် မျက်ဆန်လေးများလှုပ်ခတ်လာပြီး မိမိထံက အကြည့်ကိုပါ အရှေ့သို့လွဲှပစ်လိုက်သည်။ ထို့အပြင် ခြေလှမ်းတွေကိုပါ အရှိန်တင်ပစ်လာတော့ ပြန်၍ကန်ဆွဲထားလိုက်ရဧ။်။

"မပြောတော့ဘူး။ မပြောတော့ပါဘူး အရှင့်သားရဲ့ အမြန်မလျှောက်ပါနဲ့ ရဲတိုက်ဆီ ပြန်မရောက်ချင်သေးဘူး။ စကားတွေပြောဖို့ကျန်သေးတယ်"

"ဘာပြောချင်ရော့သလဲ"

"ကန်းထရစ်မင်းကြီးအကြောင်းပါ"

"ငါ့ခမည်းတော်အကြောင်း"

"အရှင်မင်းကြီးက ကျွန်တော်မျိုးကို မကြည်ဖြူဘူးမဟုတ်လား။ အရှင့်သားနဲ့မေတ္တာမျှနေတာကို မကြည်ဖြူဘူးလေ။ ကျွန်တော်မျိုးကို သတ်ပစ်နိုင်ခြေရှိလား"

"ခမည်းတော်က ငါနဲ့ပတ်သတ်ပြီး မင်းကိုမကြည်ဖြူတာတော့အမှန်ပါပဲ။ ဒါပေမဲ့ သုတ်သင်ပစ်နိုင်ခြေတော့ မရှိရော့ဘူး။ ငါတို့ဝေးကွာသွားဖို့အတွက် အဝေးကိုတော့ပို့ချင်ပို့ပေမယ်"

"အရှင့်သားကဘယ်လိုသိလဲ"

"ခမည်းတော်ကိုယ်တိုင်က ရဲမက်ဘဝကနေ စတင်ခဲ့သူပေမို့ အခြွေအရံတွေ၊ စစ်မက်တွေအပေါ် အလိုမကျတာနဲ့ သတ်ဖြတ်ခြင်းမလုပ်ရော့ဘူး Kingsley ။ အဲ့ဒါနဲ့ပတ်သတ်ပြီး တင်းကြပ်တဲ့စည်းမျဉ်းပါရှိနေတာ Elroy ရဲ့စစ်မက်တစ်ယောက်ကို ငါမြားနဲ့ပစ်ခဲ့မိတဲ့နေ့က မင်းလဲသိခဲ့လိမ့်မှာပါ"

"ကျွန်တော်မျိုးသိခဲ့ပါတယ်။ မစတင်မီ သေချာအောင်လုပ်ချင်တဲ့ သဘောပါပဲ"

"ဘာအတွက် သေချာချင်ရော့သလဲ Kingsley "

"ကျွန်တော်မျိုး..."

ပြောလက်စ စကားတို့ကား ရှေ့တူရှုမှ လာနေသည့် လူတစ်စုကြောင့် ရပ်တန့်သွားရပြီး ထိုလူစုထဲသို့ငေးစိုက်ကြည့်နေမိဧ။်။

🌱🌱🌱🌱🌱🌱🌱🌱🌱🌱🌱🌱

Kingsley ဧ။်နှုတ်ကစကားတစ်လုံးမှ ထပ်မထွက်လာတော့ပဲ သူဆွဲကိုင်ထားခဲ့သော မိမိလက်ကို အလျှင်အမြန်လွှတ်လိုက်ကာ တစ်နေရာဆီသို့ငေးကြည့်နေသည်။ အလျှင်အမြန်လွှတ်လိုက်ခြင်းက တိုင်းသူပြည်သူများ လာနေခြင်းကြောင့်ဖြစ်ပြီး ငေးစိုက်ကြည့်နေရာကတော့ မိသားစုတစ်စုထံကိုပင်ဖြစ်ဧ။်။ ကုန်သည်မိသားစုဖြစ်ဟန်တူပြီး မိခင်ဖြစ်သူနှင့်ဖခင်ဖြစ်သူကို ပခုံးဖက်ထားသော သားတစ်ယောက်ဧ။် ပြုံးပျော်နေသောပုံရိပ်။ Kingsley က သူဧ။်မိဘတွေကို သတိရသွားရော့ဟန်ပင်။

"Kingsley"

ဟု အသံပြု၍ သူဧ။်လက်ဖဝါးကို ဆုပ်ကိုင်သည့်အခါ အသာရုန်းထွက်လာဧ။်။

"တိုင်းသူပြည်သားတွေမြင်လိမ့်မယ် အရှင့်သား"

"သူတို့ ငါ့ကိုမမှတ်မိရော့ပါဘူး"

"မမှတ်မိလဲ ယောက်ကျားလေးနှစ်ယောက် လက်တွဲထားရင် ဝိုင်းကြည့်ကြလိမ့်မယ်"

ခပ်မြူးမြူးလေးဖြေနေသော်လည်း မျက်နှာသိပ်မကောင်းလှခြင်းကြောင့် အိုင်းဆက်ပါပင့်သက်ရှိုက်မိသည်။ သူဧ။် မိသားစုဝင်များနှင့် ခွဲခွာလိုက်ရပြီး ဘာမှန်းမသိသောနေရာအသစ်မှာ လာနေနေရသည့် Kingsley ဧ။်စိတ်ထဲ မည်မျှခံစားနေရမလဲဆိုတာ တွေးကြည့်လို့ပင်မရနိုင်။ သူလာခဲ့ရာနေရာက အသုံးအဆောင်တွေအကြောင်း ပြောတာ မကြိုက်ကြောင်းပြောခဲ့တာတွေ၊ တစ်ဖက်ကမ္ဘာအကြောင်းတစ်ကြိမ်မှ စိတ်ပါလက်ပါမမေးဖူးတာတွေ၊ သူဧ။်မိဘတွေအကြောင်း မမေးဖူးတာတွေ၊ ထိုမျှမကသေး နေရပ်ကိုပြန်ချင်လားဟုပင် မမေးခဲ့ဖူးတာတွေကို အိုင်းဆက်ပြန်တွေးမိလာသည်။

မိမိကမေတ္တာသက်ဝင်၍ ပြန်မည်ဆိုသောစကားမကြားလို၍ စမပြော၊မမေးခဲ့ခြင်းက သိပ်ကိုတစ်ကိုယ်ကောင်းဆန်ခဲ့လေပြီထင်သည်။ ထို့ကြောင့်

"မင်း တစ်ဖက်ကမ္ဘာမှာရှိနေတဲ့ မိခင်၊ဖခင်ကို သိပ်လွမ်းဆွတ်နေရော့မှာပဲ ကောင်းယံ "

"အတိုင်းထက်အလွန်ပါပဲ အရှင့်သား"

"မိခင်နဲ့ဖခင်က ဘယ်လိုပုံစံလေးနဲ့ ဘယ်လိုအကျင့်စရိုက်တွေရှိကြလဲ"

"ကျွန်တော်မျိုးရဲ့ဖခင်က သမိုင်းသုတေသီလေ၊ ရှေးဟောင်းတွေ ရာဇဝင်မြို့ဟောင်းတွေကို သိပ်စိတ်ဝင်စားတယ်။ မိခင်ကတော့...."

ဟု အစချီ၍ သူဧ။်မိခင်၊ဖခင်အကြောင်း အားရဝမ်းသာပြောပြလာပြီး မျက်လုံးတွေပါပြုံးနေသည့် Kingsley က မည်မျှတောင်ပျော်နေကြောင်း မြင်ယုံနဲ့ပင်သိသာလှသည်။ ခြေဟန်လက်ဟန်များဖြင့် သူတို့နေရာဧ။်အသုံးအဆောင်ပုံစံတွေကိုပါ လုပ်နေသည့် Kingsley ကိုကြည့်နေရင်းက သနားလာကာ ဘေးပတ်ဝန်းကျင်တွင်လဲ လူသူမရှိလေသည်မို့ ပွေ့ဖက်လိုက်သည့်အခါ ငြိမ်ကျသွားရှာသည်။

"မင်း ပြန်ချင်နေတယ်မဟုတ်လား ကောင်းယံ ။ ငါ နည်းလမ်းရအောင်ရှာပေးပါ့မယ် မင်းကိုသိပ်ချစ်မြတ်နိုးပေမယ့် တစ်ကိုယ်ကောင်းဆန်ပြီး မိခင်၊ဖခင်ထံ မပြန်နဲ့၊ မင်းရဲ့ကမ္ဘာကို မလွမ်းဆွတ်နဲ့၊ ငါရှိရာမှာပဲနေလို့ မပြောရက်တော့ဘူး။ တခုပဲကတိပေး၊ ပြန်ဖို့နည်းလမ်း ငါရှာလို့တွေ့ခဲ့ပြီးရင် တဖက်ကိုပြန်သွားပြီးတဲ့အခါ၊ လွမ်းဆွတ်မှုတွေကို ကျေအောင်ချေပြီးတဲ့အခါ ငါ့ကိုတစ်လှည့်ပြန်လွမ်းဆွတ်ပြီး ပြန်လာဖို့ နည်းလမ်းရှာလှည့်မယ်မဟုတ်လား ကောင်းယံ"

ဟု မေး၍ Kingsley ဧ။် ဆံနွယ်ဝဲဝဲလေးများကို တို့ထိပွတ်သတ်နေမိသည်။ Kingsley ကလဲ မည်သည့်စကားမှမဆို မျက်ရည်များ ချက်ချင်းပြည့်အိုင်တက်လာက မိမိကိုသာစိုက်ကြည့်နေဧ။်။ ထို့နောက်တွင်တော့ ခေါင်းကိုအသာခါယမ်းပြလာကာ...

"နည်းလမ်းရှာစရာမလိုပါဘူး အရှင့်သား။ ကျွန်တော်မျိုးက အရှင့်သား ဘေးနားမှာပဲနေတော့မှာပါ"

"ငါ့ရဲ့စိတ် ပျော်မွေ့ရအောင် ကြိတ်မှိတ်ပြောစရာ မလိုအပ်ပေဘူး ကောင်းယံ ။ ဒီနေရာမှာ မင်းရဲ့တိုင်းပြည်မဟုတ်ပါပဲနဲ့..."

"အဲ့ဒီနိုင်ငံကလဲ ကျွန်တော်မျိုးရဲ့မွေးရပ်မြေမဟုတ်ပါဘူး အရှင့်သား။ ခေါ်ယူမွေးစားခဲ့တဲ့မိဘတွေကို ဒီလိုစကားမျိုးပြောရင် ကျေးဇူးမသိတတ်သူ၊ သားမိုက်လို့ ခေါင်းစဉ်တပ်ကြမလားမသိပေမယ့်  ကျွန်တော်မျိုးရဲ့သက်တမ်းတစ်ဝက်နီးပါးကို မိဘတွေရဲ့နံဘေးမှာ စောင့်ရှောက်မြုပ်နှံနေထိုင်ခဲ့ပါတယ်။ ကျန်နေသေးတဲ့ သက်တမ်းကိုတော့ ဘဝမှာတွေ့ဆုံရတဲ့ ချစ်နှစ်သက်သူရဲ့နံဘေးမှာ ထားရှိကုန်ဆုံးချင်ပါတယ် အရှင့်သား"

"အခုပြောနေတာတွေက မင်းရဲ့စိတ်ရင်းအမှန် ဧကန်ဟုတ်ပေရဲ့လား "

"မညာတမ်းဝန်ခံရရင်တော့ အခွင့်ရှိရင် တစ်ကြိမ်လောက်ဖြစ်ဖြစ် မိဘတွေကို တွေ့ဆုံနှုတ်ဆက်ချင်ပါတယ်။ ပြီးတော့ကံကြမ္မာကပြန်ဖို့ အကြောင်းဖန်ရင်တော့ မလွဲမသွေပြန်ရမှာပေမယ့် အဲ့ဒီအကြောင်းအရာကိုတော့ လူကဖန်တီးပေးဖို့ မလိုအပ်တာမို့ အရှင့်သားက ရှာပေးစရာမလိုအပ်ပါဘူး။ ကံကြမ္မာကအကြောင်းမဖန်ရင် အရှင့်သားရဲ့နံဘေးမှာပဲ သက်ဆုံးတိုင်နေသွားဖို့ ဆန္ဒရှိပါတယ်။ ကျွန်တော်မျိုးအတွက်ဆို အဆောင်အယောင်တွေကိုသာမက အကုန်စွန့်လွှတ်ရဲတယ်ဆိုတဲ့ အရှင့်သားအတွက် ကျွန်တော်မျိုးကရော ဘာကြောင့်များ ကျွန်တော်မျိုး လုပ်ပေးနိုင်တာတွေကို မလုပ်နိုင်ရမှာလဲ "

"ငါ မင်းကို သိပ်ချစ်မြတ်နိုးရပါတယ် ကောင်းယံ"

ဟုဆိုကာ ပို၍ ခပ်တင်းတင်းပွေ့ဖက်လိုက်တော့ ကောင်းယံက မိမိနှုတ်ခမ်းကို ခပ်ဖွဖွတစ်ချက်နမ်းရှိုက်ကာ ဤသို့ဆိုလာသည်။

"ကျွန်တော်မျိုးအတွက် ခွဲခွာရခြင်းက လွမ်းဆွတ်ရတာထက် ပိုနာကျင်ရမယ်ထင်လို့ အရှင့်သားရဲ့အနားက ဘယ်သောအခါမှထွက်မသွားလိုပါဘူး။ အဲ့ဒီလောက်အထိကို အရှင့်သားအပေါ် ကျွန်တော်မျိုးက သိပ်ချစ်တာပါ"

🌱🌱🌱🌱🌱🌱🌱🌱🌱🌱🌱🌱🌱

ရဲတိုက်ကြီးဧ။် အဝင်ဝသို့ရောက်ရှိလာခဲ့ပြီး ထိုမှတစ်ဆင့် ကန်းထရစ်မင်းကြီး ရှေ့မှောက်သို့အခစားဝင်ခဲ့ကြသည်။ ကင်းထောက်မသွားမီ တစ်ကြိမ်တွေ့ဆုံချိန်က မိမိနှင့်မင်းသားအကြားက ချစ်ကြိုက်မှုကို ဟန့်တားလာခြင်းအပေါ် တနည်းအားဖြင့် ခြိမ်းခြောက်ခြင်းအပေါ် ကောင်းယံ ကြောက်စိတ်ဝင်မိသော်လည်း ဒီတစ်ကြိမ်မှာတော့ မတူပေ။ခန်းမဆောင်ထဲဝင်၍ ပလ္လင်ကဲ့သို့သောနေရာတွင်ထိုင်၍ မိမိထံစူးရဲစွာကြည့်နေသည့် ကန်းထရစ်မင်းကြီးကို တန်ပြန်ကြည့်လျှောက်လာကာ ဒူးထောက်အခစားဝင်လိုက်သည်။

"ကျွန်တော်မျိုး Kingsley အခစားဝင်ပါတယ် အရှင်မင်းကြီး"
"ကျွန်တော်ဂါရဝပြုပါတယ် ခမည်းတော်"

"အင်း ကင်းထောက်အတူသွားရတာ တော်တော်မှပျော်မွေ့ခဲ့ရဲ့လား စစ်သူကြီး"

"တစ်ဦးခြင်းစီရဲ့ ယူဆချက်နဲ့ဆိုင်ပါတယ် အရှင်မင်းကြီး။ ကျွန်တော်မျိုးတို့အနေနဲ့ကတော့ ကင်းထောက်အတွက်စိတ်လှုပ်ရှားမှုနဲ့ ပျော်မွေ့ခြင်းကို ခံစားခဲ့ရပေမယ့် ဒါကိုသဘောမကျသူဆိုရင်တော့ အတူသွားခြင်းအပေါ် ပျော်မွေ့မှာမဟုတ်ပါဘူး"

"စစ်သူကြီးကို စစ်မက်တစ်ယောက်နဲ့သွားပါလို့ ငါအခိုင်အမာပြောခဲ့ပေတယ် အိုင်းဆက်နဲ့သွားခဲ့တယ်ဆိုတော့ စစ်သူကြီးအမြင်မှာ ငါ့သားတော်က မင်းသားတစ်ပါးမဟုတ်ပဲ စစ်မက်တွေနဲ့တန်းတူလို့ ထင်နေပေသလား"

"ဒါကလဲ တစ်ဦးခြင်းစီနဲ့သက်ဆိုင်ပြန်ပါတယ် အရှင်မင်းကြီး။ အရှင်မင်းကြီးအနေနဲ့ဆို အရှင့်သားက သားတော်တစ်ပါးဖြစ်ပေမယ့် ကျွန်တော်မျိုးတို့နဲ့ တိုင်းသူပြည်သားတွေအနေနဲ့ ဆိုရင်တော့ မင်းသားတစ်ပါးလဲဟုတ်တယ်၊ တိုင်းပြည်အရေးကိုကာကွယ်မယ့် စစ်မက်ခေါင်းဆောင်တစ်ယောက်လို့လဲ မြင်ပါတယ်"

"မင်းရောအိုင်းဆက်ပါ ပွင့်ပွင့်လင်းလင်း ပြောလာခဲ့ပြီဆိုတော့ ငါကလဲပြောရတော့မှာပေါ့ တားမြစ်ဖို့အတွက် နည်းလမ်းမျိုးစုံ ငါလုပ်မှာပါ။ ဘယ်လိုမှမဖြစ်နိုင်တဲ့၊ မဖြစ်သင့်တဲ့ကိစ္စဆိုတာ ရှင်းရှင်းလင်းလင်းသိနေမှာပါ Kingsley"

"လျှောက်တင်ပါတယ် အရှင်မင်းကြီး..."

"ဒါကလဲ တစ်ဦးခြင်းအမြင်နဲ့ သက်ဆိုင်ပြန်ပြီလား"

"မဟုတ်ပါဘူး အရှင်မင်းကြီး။ ဒါကျတော့ ကံကြမ္မာနဲ့သက်ဆိုင်ပါတယ်။ သတ်မှတ်ပေးပြီးသားဆိုရင် မည်သူကမှတးဆီးလို့မရပါဘူး အရှင်မင်းကြီး။ နမိတ်တွေ တဘောင်တွေရှိသည့်တိုင် ဒါမျိုးတစ်ကြိမ်မှ မကြုံတွေ့လာရတဲ့အတွက် တစ်ကယ်ဖြစ်လာလိမ့်မယ်ဆိုတဲ့ သတ်မှတ်ချက်လဲ ရှိမနေတဲ့အတွက် စောင့်ကြည့်တာမျိုးကပဲပိုပြီး...."

"ဘယ်ရှိလာဦးမလဲ။ တော်ဝင်မျိုးနွယ်တွေထဲကနေ မျိုးတူချစ်ကြိုက်စုံမက်တယ်ဆိုတာ အိုင်းဆက်ပဲရှိသေးတာလေ"

"မှန်ပါတယ် အရှင်မင်းကြီး ကျွန်တော်မျိုးပြောချင်တာ ဒါပါပဲ။ နမိတ်တွေ၊အဟောတွေ၊ တဘောင်တွေက အရင်ကတည်းကရှိခဲ့ပေမယ့် မျိုးတူစုံမက်တယ်ဆိုမှ ခုမှဖြစ်လာတာပါ။ ဒါကြောင့် ကျွန်တော်မျိုးတို့ကို စောင့်ကြည့်ပေးလှည့်ပါ အရှင်မင်းကြီး။ ဘာမှမဖြစ်လာဘူးဆိုရင် အရှင်မင်းကြီးအနေနဲ့ ချစ်တဲ့သူနှစ်ယောက်ကြား ဝင်ခွဲမိတဲ့ လူဆိုး.. အဲ...လူယုတ်မာ...အမ်း...လူကြီးဖြစ်သွားလိမ့်မှာပါ။ "

ထိုစကားလုံးကြောင့် ကန်းထရစ်မင်းကြီးက ဟက်ခနဲရယ်ကာ လက်သီးတွေကိုတော့ တင်းတင်းဆုပ်ထားသည်။

"ဖြစ်လာရင်ရော..."

"မဖြစ်လာရင်ရော အရှင်မင်းကြီး"

"ငါကမင်းကိုမေးနေတာ Kingsley ။ ဖြစ်လာရင်ရော..."

"မဖြစ်လာရင်ရော....အရှင်..."

"တော်...တော်...တိတ်စမ်း တိတ်လိုက်တော့။ ငါ့ကိုဒေါသထွက်အောင် မင်းကျီစယ်နေဝံ့သလား Kingsley"

"ကျွန်တော်မျိုးမလုပ်ဝံ့ပါဘူး အရှင်မင်းကြီး။ မင်းသားအိုင်းဆက်ကိုအလေးထားသလို သူနဲ့ပတ်သတ်သမျှကိုပါ အလေးထားပါတယ်။ ဒေါသထွက်ခြင်းက အသည်းကိုအားနည်းစေပါတယ်။ သောကရောက်ခြင်းက အဆုတ်ကိုအားနည်းစေပါတယ်။ စိတ်ပူပန်မှုက အစာအိမ်ကိုထိခိုက်စေပါတယ်။ စိတ်ဖိစီးမှုက နှလုံးနဲ့ဦးနှောက်ကို ထိခိုက်စေတတ်ပြီး ဖြစ်မလာသေးတဲ့အရာကို ကြိုတင်တွေးကြောက်ရွံနေခြင်းက ကျောက်ကပ်ကိုထိခိုက်စေပါတယ်။ ဒါကြောင့် ကျန်းမာရေးကို ရှေးရှူပြီး  ဒေါသတွေကို ထိန်းချုပ်လှည့်ပါ အရှင်မင်းကြီး "

"မင်း....."

ခမည်းတော်ထံ ပုံမှန်အကြည့်ဖြင့်သာကြည့်ရှု၍ ဒူးထောက်ထားရာကမထသော်ငြား စကားအရာနဲ့တော့ တစ်ခုမကျန်ချေပနေသော Kingsley ဧ။် နောက်ဆုံးစကားနောက်မှာတော့ အိုင်းဆက်မှာဘဝတစ်လျှောက် တကြိမ်မှဖြစ်ပေါ်ခြင်းမရှိသည့် ပြုံးစိပြုံးစိလုပ်ချင်စိတ်များက တရစပ်ဖြစ်ပေါ်လာပြီး တကယ်မလုပ်မိစေရန် သွားကိုတင်းတင်းစေ့၍ တောင့်ထားရသော်ငြား မိမိထံလှည့်ကြည့်လာသည့် Kingsley က မျက်လုံးတစ်ဖက်မှိတ်ပြလာသောအခါတွင်တော့ ထိန်းချုပ်မရတော့။

ခပ်ပြုံးပြုံးလုပ်နေသည့် မိမိကိုကြည့်နေသည့် ခမည်းတော်ဧ။်မျက်နှာမှာ တစတစမည်းမှောင်လာပြီး လမ်းခရီးတွင် Kingsley ပြောခဲ့သည့်  မစတင်မီ သေချာအောင်လုပ်ချင်တဲ့ သဘောပါပဲ ဆိုသောစကားလုံးရဲ့ အဓိပ္ပယ်ကိုပါသိရှိလာရသည်။

"အိုင်းဆက်...မင်းမှာလျှောက်တင်စရာ ဘာမှမရှိဘူးလား"

"ကင်းထောက်နဲ့ပတ်သတ်တာဆိုရင်တော့ ကျွန်တော်နောက်ရက်မှသေချာပြောပြပါ့မယ်။ အခြားအကြောင်းအရာဆိုရင်တော့ Kingsley ပြောခဲ့တဲ့အတိုင်းပါပဲ"

"သိပ်ကောင်း....အရမ်းကောင်း ။ နောက်မှဆက်ပြောမယ်။ လောလောဆယ် ငါ ကီရာတိုနဲ့ အန်ချီက ဘုရင်တွေကိုဆင့်ခေါ်ထားတယ်။ ရောက်ခါနီးနေပြီမို့ ကိုယ်လက်သန့်စင်ပြီး မင်းရော Kingsley ပါ ဒီကို ပြန်လာခဲ့ပါ"

ထို့နောက်တွင်တော့ နေထိုင်ရာအသီးသီးပြန်ကာ ကိုယ်လက်သန့်စင်ပြီး အဆောင်အယောင် အပြည့်အစုံဝတ်ဆင်၍ ရဲတိုက်ကြီးဧ။်ခန်းမဆောင်ဆီသို့ ပြန်လာခဲ့ရာလမ်းတွင် Kingsley ကမေးလာခဲ့သည်။

"ကီရာတိုနဲ့အန်ချီက ဘာကြောင့်လာမှာလဲအရှင့်သား"

"အန်ချီကတော့ ဆက်သရမယ့်ပဏ္ဍာလျော့နည်းတာနဲ့ စစ်မက်စုဆောင်းရေးအတွက် ဖြစ်ရော့တယ်။ ကီရာတိုဘုရင်ကတော့ တိုင်းပြည်သုံးခုအကြား စစ်မက်စုဆောင်းရေးနဲ့ပတ်သတ်ပြီး ချမှတ်ထားတဲ့စည်းမျဉ်းတွေအရ မဖြစ်မနေလာရပုံပါပဲ"

တိုင်းပြည်နှစ်ခုဧ။်ဘုရင်တွေကို တွေ့ဆုံရမည်အမှတ်ဖြင့် အိုင်းဆက်လာခဲ့ရာက တကယ်တမ်းတွင်တော့ ကီရာတိုဘုရင်နှင့်အတူ Aldorus ပါ ပါလာခဲ့ပြီး အဓိကဖြစ်သည့်အန်ချီကတော့ Elroy တစ်ယောက်သာ ရောက်လာခဲ့သည်။ Aldorus က မိမိကိုတွေ့သည်နှင့်တပြိုင်နက် ပြုံးပြလာပြီး Elroy ကတော့ သူနှင့်ပြောင်းပြန်ပင်။ယနေ့ တွေ့ဆုံရခြင်းအကြောင်းက မိမိထက်ခမည်းတော်နှင့်သာ ပတ်သတ်ခြင်းကြောင့် နှုတ်ဆိတ်၍သာ နားထောင်နေခဲ့သည်။

"အန်ချီဘုရင်က ငါကိုယ်တော်ဆင့်ခေါ်မှုကို မသိကျိုးကျွံပြုလိုက်တာလား မင်းသား Elroy "

"ခမည်းတော်က ကျန်းမာရေးချို့ယွင်းနေခြင်းကြောင့် ခရီးဝေးမနှင်နိုင်သေးလို့ပါ အရှင်မင်းကြီး။ ဘယ်ကိစ္စကိုမဆို ကျွန်တော်မျိုးနဲ့ပြောလို့ရပါတယ်"

"နှစ်စဉ်ဆက်သရမယ့် အခွန်ပဏ္ဍာအကြောင်းကနေ စတင်လိုက်ရတော့မှာပေါ့ "

"လျှောက်တင်ပါတယ် အရှင်မင်းကြီး ။ ကျွန်တော်မျိုးတို့ရဲ့ အန်ချီကနေ ဆက်သရမယ့်အခွန်ကြေးကို မပျက်တမ်းပေးဆောင်လာတာ နှစ်အများကြီးရှိခဲ့ပါပြီ။ ဒါပေမဲ့ ယခုနှစ်ပိုင်းမှာတော့ တိုင်းပြည်ကသီးနှံထွက်နှုန်းက နေထိုင်သူနဲ့မလောက်ဌတဲ့အတွက် လျော့ချဆက်သလိုက်ပြီး နောက်နှစ်တွေအတွင်းလဲ ထိုနည်းလည်းကောင်းပဲဖြစ်နေမှာပါ"

"သတ်မှတ်ထားတဲ့ပမာဏာမဟုတ်ရင် မင်းတို့ရရှိမယ့် စစ်လက်နက်အရေအတွက်ကလဲ လျော့ကျသွားပေလိမ့်မယ်"

"ဒါကို နားလည်ထားပါတယ် အရှင်မင်းကြီး"

"စားနပ်ရိက္ခာမလောက်ဌခြင်းက စစ်မက်အသစ်တွေစုဆောင်းနေလို့များလား မင်းသား Elroy"

"ဒီကိစ္စကို မင်းသားအိုင်းဆက်ထံကနေ အရှင်မင်းကြီးသိထားပြီးလောက်ပြီလို့ယူဆလို့ ကျွန်တော်မျိုးမငြင်းဆိုလိုပါဘူး"

"စစ်မက်စုဆောင်းရင် တိုင်းပြည်ကြီးသုံးခုရဲ့ ဘုရင်တွေနဲ့တွေ့ဆုံပြောကြားရမယ်ဆိုတဲ့ သတ်မှတ်ချက်ရှိနေတယ် ။ ဒါကို မျက်ကွယ်ပြုလိုက်တာများလား"

"တိုင်းပြည်ကြီးသုံးခုက တည်ရှိခဲ့တာကြာမြင့်နေပြီး စည်းမျဉ်းတွေအောက်မှာ အတူတကွရှိနေတာလဲ ကြာနေခဲ့ပါပြီ။ ဒါပေမဲ့ အရဲစွန့်လျှောက်တင်ရမယ်ဆိုရင် အန်ချီရဲ့အိမ်ရှေ့စံ ကျွန်တော်မျိုးက ကျွန်တော်မျိုးတစ်ချိန်အုပ်ချုပ်ရမယ့် တိုင်းပြည်ကြီးကို အမှီအခိုကင်းကင်းနဲ့ တည်ဆောက်ချင်ပါတယ်။ ဒါကြောင့် ပုံမှန်မဟုတ်တဲ့ အရာတွေလို့ထင်ရပေမယ့် အန်ချီရဲ့အရေးကိစ္စကို ရှေးရှူလုပ်ဆောင်နေတာကို ကန်းထရစ်မင်းကြီးအနေနဲ့ နားလည်ပေးလှည့်ပါ"

"ပုန်ကန်ဖို့ရာကြံစည်တယ်လို့ရော သတ်မှတ်လိုက်ရမလား Elroy"

ထိုမေးခွန်းကိုတော့ Elroy က ချက်ချင်းမဖြေလာပဲ ငြိမ်သက်နေခဲ့ပြီး ခဏအကြာတွင်တော့ ဦးမော့လာခဲ့သည်။

"အရှင်မင်းကြီးက အဲ့ဒီလိုယူဆလိုက်မယ်ဆိုရင်လဲ ကျွန်တော်မျိုးတို့ဘက်က ခုခံပြောစရာမရှိလှပါဘူး"

"ကောင်းပြီ အန်ချီဘုရင်ကို ပြောလိုက်ပါ Elroy။ ကန်းထရစ်အုပ်ချုပ်တဲ့တိုင်းပြည်ဟာ ထိုးဖောက်ဖို့ရာမလွယ်ကူတာမို့ အားအင်အကုန်မခံ ခံပြင်းမနေပဲ ကျန်းမာအောင်နေပြီး ငါဧ။်အရှေ့ကို အခစားဝင်လှည့်ပါဦးလို့"

"ပြောပြလိုက်ပါ့မယ် အရှင်မင်းကြီး။ ကျွန်တော်မျိုးမှာ ကိစ္စရပ်လေးရှိလို့ ညစာကိုတော့ မစားသုံးတော့ပါဘူး "

"ကောင်းပါပြီ။ ဒါနဲ့ မင်းသား Elroy..."

"နားထောင်နေပါတယ် အရှင်မင်းကြီး"

"လာမယ့်နှစ်ရဲ့အခွန်ပမာဏာဟာ ယခင်သတ်မှတ်ထားတဲ့ အရေအတွက်တိုင်း ဆက်သရမယ်။ လျော့နည်းသွားခဲ့ရင် မိုခီတာနဲ့ကီရာတိုကသာ ရာဇဝင်ထဲ အဆုံးထိတည်မြဲခဲ့တဲ့ တိုင်းပြည်တွေဖြစ်သွားပေလိမ့်မယ်"

"မှတ်ယူလိုက်ပါပြီ အရှင်မင်းကြီး"

ခန်းမထဲမှတစ်လှမ်းခြင်း ထွက်ခွာသွားခဲ့သော Elroy အဝေးရောက်သွားပြီးနောက် ကီရာတိုဘုရင်နှင့် သူဧ။် သားတော်အား ကန်းထရစ်မင်းကြီးက ညစာအတွက်ပြင်ဆင်ထားသော နေရာဆီသို့ဦးဆောင်ခေါ်သွားသည်။ အိုင်းဆက်ကတော့ Aldorus အနားသို့ကပ်လိုက်ပြီးနောက်

"မင်းပါလာတော့ အံ့သြသွားရော့တယ် Aldorus"

"ရက်သတ္တပတ်တစ်ပတ်ပြီးရင် လက်ဆက်တော့မှာမို့"

"အချိန်လိုသေးတယ်လို့ ပြောခဲ့လေသလား"

"ပြောခဲ့ပေမယ့် ရှေ့တိုးလိုက်တာ။ ကန်းထရစ်မင်းကြီးက တက်ရောက်မှာမို့ မင်းရော၊ စစ်သူကြီးပါလိုက်ခဲ့ပါ"

ချစ်ရသူနှင့်လက်ဆက်ရတော့မည့် Aldorus ဧ။်အပြုံးတွေက အစွမ်းကုန်ပွင့်လန်းနေကာ အတော်လေးကိုပျော်နေသည့်ဟန်ပင်။ Kingsley ရှိရာသို့ငဲ့ကြည့်တော့ မိမိထံပြုံးပြနေသည်ကို တွေ့လိုက်ရပြီး လူတွေမမြင်အောင် ကြိုးစား၍ သူဧ။်လက်သန်းအဖျားလေးကို အသာကိုင်လိုက်သည့်အခါ သူကလဲ မိမိပေးထားသည့် လည်ပင်းမှဆွဲကြိုးလေးကို လှမ်းကိုင်လို့ထားသည်။

(AN - မနေ့က တင်ရမယ့်ရက်ပါ မပြီးလိုက်လို့ အဟီး (မျက်နှာချိုသွေးခြင်း 🤭) ။ ဗုဒ္ဓဟူးနေ့မှာupdate လာပါမယ်)

6000 words

Continue Reading

You'll Also Like

39.6K 2.4K 22
𝐁𝐨𝐨𝐤 # 𝟏 𝐨𝐟 𝐓𝐡𝐞 𝐑𝐚𝐚𝐳 𝐬𝐞𝐫𝐢𝐞𝐬. Love or betrayal? Consumption of betrayals. Internal betrayal? Yes! Will they be overcome? Or W...
44.3K 698 16
DELULU & GUILT PLEASURE
1.6M 112K 26
#Book-2 in Lost Royalty series ( CAN BE READ STANDALONE ) Ekaksh Singh Ranawat The callous heartless , sole heir of Ranawat empire, which is spread...
103K 194 77
Erotic shots